You are on page 1of 1

“ပြည်သူလူထုသို့ပန်ကြားလွှာ”

ပြည်သူလူထုအပေါင်းတို့-

မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်အာဏာသိမ်းစစ်ကောင်စီအစိုးရလက်ထက်မှ ယနေ့အချိန်ထိ စစ်အာဏာရှင်အဆက်ဆက် အုပ်ချုပ်မှုအောက် တွင်


ဒုက္ခအမျိုးမျိုးဖြင့်ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီးဖြစ်ပါသည်။

၂၀၁၀ ခုနှစ်နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန်ရည်ရွယ်၍ ပြုလုပ်သော


ဒီမိုကရေစီဟန်ပြရွေးကောက်ပွဲသာဖြစ်သည်ကို ပြည်သူအပေါင်းတို့မှ သိရှိနားလည်ကြမည်ဖြစ်ပါသည်။

ဆန္ဒမဲပေးခြင်းဆိုသည်မှာ မိမိသဘောဆန္ဒအလျောက် လွတ်လပ်စွာဆုံးဖြတ်ရွေးချယ်ခြင်း၊ မိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခြင်းဖြစ်သည်။ ကြိုက်ခြင်း


/မကြိုက်ခြင်း ၊သဘောတူခြင်း /ကန့်ကွက်ခြင်းတို့ကို ဖော်ထုတ်ပြသနိုင်ရန် မည်သည့်အရာနှင့်မျှ ပိတ်ပင်တားဆီး၍မရသော မွေးရာပါအခွင့်အရေးဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာချက် အပိုဒ် (၂၁) အရသော်လည်းကောင်း၊ စစ်အစိုးရမှ ရေးဆွဲပြဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံ


ဥပဒေပါ အခန်း (၉) ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ -(၃၉၁)၊ပုဒ်မခွဲ(က)အရသော်လည်းကောင်း၊ “အရွယ်ရောက်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်”
ဟုတိကျစွာ ဖော်ပြထားပါသည်။ စစ်အစိုးရကိုယ်တိုင် ထုတ်ပြန်ထားသောပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁) ၊ပုဒ်မ(၂) ၊အပိုဒ်
(ဎ)ရွေးကောက်မူဆိုင်ရာအခွင့်အရေးတွင် “ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများ အဖြစ် ပါဝင်ယှဉ်ပြိုင် နိုင်သောအခွင့်အရေး၊
ပါဝင်ယှဉ်ပြိုင်ခြင်းမပြုသောအခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ်မှ နုတ်ထွက်နိုင်သောအခွင့်အရေး၊ရွေးကောက်ပွဲတွင်
မဲပေးနိုင်သောအခွင့်အရေး (သို့မဟုတ်) မဲပေးခြင်းမပြုဘဲ နေနိုင်သောအခွင့်အရေး” ဟုဖော်ပြထားပြီးဖြစ်ပါသည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း(၁၃) ၊ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်ပြစ်ဒဏ်များ ခေါင်းစဉ် ပါ ပုဒ်မ(၅၇)၌” မည်သူမဆို


ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် တင်မြှောက် ပိုင်ခွင့်တို့ကို ကျင့်သုံးခြင်းမပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ
သုံးခြင်း ၊ လိမ်လည်လှည့်ဖျားခြင်း၊ လာဘ်ပေးခြင်း (သို့မဟုတ်) လာဘ်ယူခြင်းတို့ကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျင် ၊ထိုသူအား တစ်နှစ်ထက်မပိုသော
ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် “ဟု ဖော်ပြထားပြီးဖြစ် ပါသည်။

ပြည်သူလူထုအပေါင်းတို့ -

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှရွေးကောက်ပွဲအားသပိတ် မှောက်ကြောင်း


၂၀၁၀ ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့တွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပြီး ပြည်သူလူထုအားရွေးကောက်ပွဲအားသပိတ်မှောက်ကြရန် ရှင်းလင်းပြောဆို ပန်ကြား
ထားပြီးဖြစ်ပါသည်။ တရားဝင်ပါတီအဖြစ်ဖွဲ့စည်းတည်ထောင်ခွင့်ရထားသော နိုင်ငံရေးပါတီ အချို့မှ ကိုယ်စားလှယ်လောင်းများ သည်ပင်လျင်
တရားမျှတမှုမရှိသည့်ဥပဒေများကြောင့် ၀င်ရောက်ရွေးချယ်ခံတော့မည် မဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

ပြည်သူလူထုများအနေဖြင့်လည်း တိုင်းပြည်၏ကံကြမ္မာနှင့် မိမိတို့အနာဂတ်အတွက် မိမိတို့လိုချင်သောအရများကို ရွေးချယ်ပိုင်ခွင့်မရရှိပဲ၊ မိမိတို့


ဘေးအန္တာရယ် ကျရောက်စေမည့် ရွေးချယ်မှုများအားလက်မခံ ၊ ပူးပေါင်းပါဝင်မှုမလုပ်ကြောင်းကန့်ကွက် ဆန္ဒပြမှုဖြင့် ပြည်သူလူထု တစ်ရပ်လုံး ၏ သဘောထားကို
ထုတ်ဖော်ပြသရပါမည်။

 မဲရုံသို့ဆန္ဒမဲသွားရောက်မပေးခြင်း
 ဆန္ဒမဲပေးပိုင်ခွင့်အား နည်းအမျိုးမျိုးဖြင့် ဟန့်တားနှောက်ယှက်ဖျက်ဆီးခြင်း ၊ လိမ်လည်မှုပြုခြင်း ၊ ဖိအားပေးခြင်း၊
ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ပြုလုပ်သူများကို စောင့်ကြည့်ဖော်ထုတ်တိုင်ကြားမှုများပြုလုပ်ခြင်း
 စစ်အာဏာရှင် သြဇာအောက်၌ တိုက်ရိုက်ရောက်ရှိနေသူ ပြည်သူများအနေဖြင့် အတင်းအကျပ်ဖိအားပေးမှုများကြောင့် မဲထည့်ရလျင်
မိမိဆန္ဒမဲပြားများအား ပယ်မဲဖြစ်အောင် ပြုလုပ်ခြင်း ၊
 ၂၀၁၀ စာလုံးပေါ်တွင် ကြက်ခြေခတ်အမှတ်အသား (2010 ) အား မိမိသွားလာလှုပ်ရှားရာနေရာ များတွင် နည်းလမ်း
မျိုးစုံသုံးပြီးပေါ်လွင်အောင် ရေးခြယ်ပြုလုပ်ခြင်း ဖြင့် ကြိုတင် ဆန္ဒပြကန့်ကွက်ကြောင်းကို ထုတ်ဖော်ပြသ၍ စစ်ကျွန်ဘ၀မှ လွတ်မြောက်ပြီး
မိမိတို့နှင့် ထိုက်တန်သော အစိုးရအားလွတ်လပ်စွာ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် သွေးစည်း ညီညွတ်စွာလုပ်ဆောင်ကြရန်
တိုက်တွန်း နှိုးဆော်အပ်ပါသည်။

Generation wave

“ဤပန်ကြားလွှာအား လက်ဆင့်ကမ်းဖြန့်ဝေခြင်ဖြင့် လက်တွဲတိုက်ပွဲဝင်ကြပါစို့”

You might also like