You are on page 1of 21

10.23.

2010

ဂီရိ မုန်တိုင်း သတင်း

Cyclone Giri explodes, socks Burma shore


Will Giri be a repeat of catastrophic Nargis?

အလံသစ်တင်တဲ့နေ့မှာ ဖြစ်လာတဲ့မုန်တိုင်း ဓါတ်ပုံနဲ့ အလံသစ်က အရောင်လေးတွေ ယှဉ်ကြည့်လို့ရအောင် တွဲဖေါ်ပြလိုက်ပါတယ်။


ရန်ကုန် ၊ အောက်တိုဘာ ၂၂၊ ၂၀၁၀။
င်္ဘလားပင်လယ်အော် အရှေ့မြောက်ပိုင်းကို အခြေပြုပြီးဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် အရှေ့မြောက်ပိုင်းဒေသသို့ ဦးတည်ပြီး
ရွှေ့လျှားခဲ့ရာမှ မြန်မာနိုင်ငံ အနောက်ပိုင်းရခိုင်ကမ်းရိုးတန်းဒေသ ကျောက်ဖြူမြို့နယ် အနီးမှ ဖြတ်သန်းခဲ့သည်ဟု မြန်မာနိုင်ငံ၏
သတင်းဌာနများက ကြေငြာခဲ့ပါသည်။

အရေးပေါ်ကြော်ငြာချက် ယနေ့ညနေ ၆နာရီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းဒေသရှိ ကျောက်ဖြူ၊ မြန်အောင်၊ အန်း၊ စစ်တွေ၊


ပုဏ္ဏားကျွန်းနှင့် မင်းပြားဒေသများတွင် တနာရီလျှင် မိုင် ၈၀ မှ ၁၀၀ အတွင်းတိုက်ခတ် နိုင်သည်ဟုဆိုပါသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၂ ပေအထိ မြင့်မားသော လှိုင်းလုံးကြီးများ ရခိုင်ကမ်းရိုးတန်း တလျှာက် ဖြစ်ပေါ်လာနိုင်သည် ဟုလည်းဆိုပါသည်။
ထို့အတူ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင်လည်း တနာရီကို ၄၅ မိုင်နှုန်းဖြင့် တိုက်ခတ်နိုင်သည်ဟုလည်း ဆိုပါသည်။
ဆက်လက်၍ မုန်တိုင်းသည် ချင်းပြည်နယ် ၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဘက်သို့ မိုးသက်မုန်တိုင်းအသွင်ဖြင့်
ရွှေ့လျှားလာနိုင်သည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်မေလက နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၀၀၀၀ သေဆုံးခဲ့ရပါသည်။ ထိုအရေးပေါ်ကြော်ငြာချက်ကို
ဆက်ကာဆက်ကာ ထုတ်ပြန်နေပြီး ရခိုင်နှင့် ဧရာဝတီတိုင်းရှိ လူထုများကို လိုအပ်ပါက ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြရန် နှီုးဆော်နေပါသည်။
နောက်ဆက်တွဲ ။ ။ ယခုအခါမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်လာပြီး ပြင်းအား အဆင့်လေးမှ ပြင်းအား အဆင့်တစ်သို့
လျှော့ကျသွားပြီး ညောင်ဦးမြို့အနီးသို့ ဗဟိုပြုနေသည်ဟု ဆိုပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)
http://saffrontoward.blogspot.com/2010/10/blog-post_23.html
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များရဲ့ သံလျင်ကျောက်တန်း ခရီးစဉ်

Saturday, October 23, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်ကြတဲ့ ဒေါ်မေ၀င်းမြင့်၊ ဦးခင်မောင်ရှိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်၊ လူငယ်တာဝန်ခံ (၁)


ကိုမျိုးညွန့်နဲ့ လူငယ်အဖွဲ့ဝင်များဟာ ၂၀၁၀ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက သန်လျင်နဲ့ ကျောက်တန်းမြို့နယ်များသို့ သွားရောက်ပြီး
နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင်များနဲ့ တွေ့ဆုံ နှုတ်ဆက်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အားပေးစကားများ ပြောကြားခဲ့သလို
မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနဲ့ တွေဆုံမှုများလည်း ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် ၁၅ ဦးနဲ့ မြို့နယ် ရပ်ကွက် ကျေးရွှာ အဖွဲ့ဝင် (၃) ဦးတို့ဟာ ဈေးအစရှိတဲ့
လူစည်ကားရာ နေရာများမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများနဲ့အတူ လူတိုင်း မဲပေးပိုင်ခွင့် ရှိသလို၊ မဲမပေးပဲ
နေပိုင်ခွင့်ရှိတယ်ဆိုတဲ့ စာရွက်များ ဝေငှခဲ့ပါတယ်။

အဲဒီလို ပြုလုပ်မှုကို နယ်မြေ အာဏာပိုင်များက တစုံတရာ ဟန့်တားမှု မရှိပေမယ့် အဖွဲ့ချုပ်ဝင်များ စာရွက်ဝေပြီးတဲ့နောက်မှာ လက်ခံရရှိတဲ့
ပြည်သူလူထုထံမှ စာရွက်များကို ပြန်လည် သိမ်းဆည်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ပြန်လည် သိမ်းဆည်းတဲ့အခါ
ပြည်သူအချို့က ကြောက်ရွံ့ပြီး ပြန်ပေးလိုက်သော်လည်း အချို့တော့ ဝေထားပြီးသား စာရွက်တွေ ပြန်ပေးစရာ အကြောင်း မရဘူးလို့ ပြန်လည်
ပြောဆိုကြခဲ့ကြောင်း မဲမပေးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့တဲ့ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်တဦးက ဆိုပါတယ်။
အခု လှုပ်ရှားမှုဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဥပဒေအရ မဲမပေးပဲ နေနိုင်ခွင့်ရှိတယ် ဆိုတဲ့ တီရှပ်အင်္ကျီများ ဝတ်ဆင်ကာ မဲမပေးရေး လှုပ်ရှားမှု
ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတယ်လို့ ယူဆရတဲ့ အဖွဲ့အစည်းတစ်ခုက လူငယ်များကလည်း I VOTE
(မဲ ပေးမယ်) လို့ ရေးထားတဲ့ တီရှပ်များ ဝတ်ဆင်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ လူစည်ကားရာ နေရာများမှာ
သွားလာလှုပ်ရှားခဲ့မှုများ ရှိခဲ့ရာ အာဏာပိုင်များမှ တစ်စုံတစ်ရာ နှောက်ယှက် ဟန့်တားခြင်း မရှိသလို စစ်အစိုးရအာဘော် ကြေးမုံ အွန်လိုင်း
အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲမပေးရေး လှုပ်ရှားမှုဟာ ဥပဒေကြောင်းအရ
တရားဝင်လုပ်ပိုင်ခွင့်ရှိကြောင်း မြန်မာပြည်သူများ ပိုမို နားလည် သဘောပေါက်လာကြတယ်လို့ သိရပါတယ်။
http://burmatoday.net/
(သတင်း - ဓါတ်ပုံ - ဒီမိုဝေယံ)

Posted in ဓါတ်ပုံ by ရဲရင့်(ကနေဒါ)

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံ အား အရှက်တရားကင်းမဲ့တဲ့ နအဖ စစ်အစိုးရ မှ ခိုးယူ အသုံးပြုထားခြင်း

အမျိုးသားညီလာခံမှသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)အထိ အတိုက်အခံပါတီများ၊ တိုင်းရင်းသား အင်အားစုက


ကန့်ကွက်နေသည့်ကြားမှပင် ငါ့မြင်းငါစိုင်းတဲ့ စစ်အစိုးရက အမျိုးသားညီလာခံကို အတင်းဇွတ်မှိတ်ဆွဲပြီး။ လာမယ့် မေလမှာ လူထု ဆန္ဒခံယူပွဲနဲ့
အတည်ပြုချက်ယူတော့မယ်တဲ့ဗျာ။ လူထုထောက်ခံသလား မထောက်ခံသလား ဘာမှမသိသေးပါပဲ ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း
ထပ်မံကြေညာလိုက်သေးသည်။

အော် .. ဇွတ်ဆိုမှ တကယ့် ဇွတ်အတင်းလုပ်တတ်တဲ့ တဇွတ်ထိုးအုပ်စုပဲဗျာ၊ အခုတော့ ပြည်သူ့ကို ကိုယ်စားပြုတဲ့


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်းမပါ။ ရွေးကောက်ပွဲ အနိုင်ရပါတီလည်းမပါဘဲ ရေးဆွဲခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကြီးကို ၄၇။ ၇၄ အခြေခံဥပဒေများထဲမှ ပြောင်းသင့်ပြောင်းထိုက်သည်များကို ပြုပြင်ပြောင်းလဲပြီး ဆွဲခဲ့တယ်တဲ့ခင်ဗျ။
ပြောင်းလိုက်တဲ့ထဲမှာ နိုင်ငံတော်ရဲ့မြို့တော်နဲ့ နိုင်ငံတော်အလံလဲ ပါသွားတယ်ဗျ။ ဇွတ်လုပ်ကြတဲ့ သူများ အချိန်ယူ အချိန်ဆွဲ ရေးဆွဲခဲ့တဲ့
အလံဟာ ဘယ်လိုပုံစံလဲ ဆိုတာ အားလုံးလည်း စိတ်ဝင်စားကြမယ် ထင်တယ်။ ကျနော်လည်း စိတ်ဝင်စား ကြည့်မိခဲ့တယ်ဗျ ...

ကဲ ... တွေ့ပါပြီဗျာ။ မူကြမ်းထဲက အခန်း (၁၃) နိုင်ငံတော် အလံ၊ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော် ဆိုပြီး စာမျက်နှာ (၁၇၅)မှာ
ဒီအလံပါပဲ၊

အော် ဒီအလံပုံကို နောက်တနေရာမှာလည်း တွေ့ဖူးသလိုပေါ့၊ မှတ်မိပါပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံနဲ့


တထပ်တည်းတူပါတယ်။ ဓါတ်ပုံများကို ထပ်ကြည့်နိုင်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရကို ၁၉၉၀ခုနှစ်။ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် မာနယ်ပလော၌ စတင်ဖွဲ့စည်းခဲ့သည်။
၁၉၉၂ ခုနှစ်ကတည်းက ၀ါ စိမ်း နီ သုံးရောင်ခြယ်၊ အလယ်တွင် ကြယ်ဖြူတပွင့်ဖြင့် စတင်တည်ထောင်ကတည်းက ဒီအလံတခုတည်းကိုပဲ
အတည်ပြု သတ်မှတ်ပြီး အသုံးပြုလာရာ ယနေ့တိုင်ဖြစ်သည်။

အလံ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ

မြန်မာနိုင်ငံလွတ်လပ်ရေး၊ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းအသုံးပြုခဲ့သော ၀ါ စိမ်း နီ အလံအား ဂုဏ်ပြုလျှက် “စစ်ကျွန်ဘ၀မှ


လွတ်မြောက်ရေးတိုက်ပွဲ” တွင် ၀ါ စိမ်း နီ အရောင်များအား အခြေခံ အဖြစ် အသုံးပြုခြင်းဖြစ်သည်။

အ၀ါရောင်မှာ ကြီးမြတ်ခြင်း၊ ဂုဏ်ရောင်ပြောင်ခြင်းနှင့် ဘာသာ သာသနာကို ရည်ညွန်းသည်။

အစိမ်းရောင်မှာ ဆန်ရေစပါးပေါများခြင်း၊ သာယာဝပြောခြင်းကို ရည်ညွန်းသည်။

အနီရောင်မှာ၊ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ သူရသတ္တိပြောင်မြောက်ခြင်းကို ရည်ညွန်းသည်။

အဖြူရောင်ကြယ်ဖြူကြီးမှာ ဖြူစင်ခြင်း၊ နယ်ချဲ့တော်လှန်ရေးနှင့် စစ်အာဏာရှင်စနစ် တော်လှန်ရေး၏ အထိမ်းအမှတ်ဖြစ်သည်။

အထက်ပါအချက်များကို ကြည့်ရင် မူရင်း အလံပိုင်ရှင်အစစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဖြစ်သည်။ ၁၉၉၀ ခုနှစ်
စတင် တည်ထောင်ကတည်းက စတင်အသုံးပြုခဲ့သော အလံ မူရင်းပိုင်ရှင် အစစ် ပေါ်လာသော အခါ .........

လက်ရှိ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်၍ ထောက်ခံမှုများရပါမှ အတည်ဖြစ်နိုင်သော နိုင်ငံတော် အခြေခံ ဥပဒေ (မူကြမ်း) ကို
ဝိုင်းရေးဆွဲခဲ့ကြတဲ့ ညီလာခံ ကိုယ်စားလှယ်ကြီးတွေ၊ တဇွတ်ထိုးသမားတွေ အုပ်စုဖွဲ့ အချိန်ဆွဲပြီး တစုအစည်းတည်း ၀ိုင်း၍ အလံခိုး ခဲ့ပါကြောင်း
လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ဘွင်းဘွင်းကြီးပေါ်နေပါတော့တယ်။

(ပြည်သူ့ အာဏာ ပြည်သူ့ ၌ တည်ပါစေသောဝ်)


ရေးသားသူ...မောင်ရေခဲ

ပေးပို့ ပေးသော မောင်ရေခဲ အားကျေးဇူးတင်ရှိပါသည်။


http://myatlayngon.blogspot.com/2010/10/blog-post_4554.html

ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအညီ လိုအပ်

ဧရာဝတီ Saturday, October 23, 2010

ဆိုင်ကလုန်း မုန်တိုင်းကြီး ဂီရိ ၀င်ရောက် တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်တွင်


အရေးပေါ် အကူအညီများ လိုအပ်နေပြီး လေတိုက်နှုန်းနှင့် ဒီရေမြင့်တက်မှုတို့ကြောင့် လူအသေအပျောက် ရှိနိုင်ကြောင်း သတင်းရရှိသည်။

“တမြို့လုံး မြို့ပျက်ကြီးတခုလို ဖြစ်နေတယ်။ ဈေးဆိုင်တွေလည်း


မဖွင့်ဘူး။ လမ်းတွေပေါ်မှာလည်း သစ်ပင်တွေ အတုံးအရုံး
လဲပြိုနေတယ်။ ကမ်းနားမှာရှိတဲ့ အိမ်တွေဆို လုံးဝလဲပြိုကုန်တယ်။
လောလောဆယ် ဆန်ဝယ်ဖို့ အခက်အခဲဖြစ်နေတယ်။ စားဖို့
သောက်ဖို့ အခက်အခဲ ဖြစ်နေတယ်။ သောက်ရေလိုတယ်” ဟု
ကျောက်ဖြူမြို့ပေါ် စေတီကုန်းရပ်ကွက်နေ ဒေသခံ တဦးက
ဧရာဝတီသို့ ပြောသည်။

မိုးလေ၀သ လေ့လာရေး အဖွဲ့အား ဦးဆောင်နေသူ


မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာန၏ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ ထွန်းလွင်က “မနေ့က ကျောက်ဖြူမှာ လေတိုက်နှုန်း
တနာရီ ၉၁ မိုင်နှုန်းနဲ့ ဖြတ်ခဲ့တယ်။ ကျောက်ဖြူနဲ့ တိုက်ရိုက်
( - Myanmar Climate Change Watch) အဆက်အသွယ်ရထားတယ်။ အိမ်နဲ့သစ်ပင်တွေ
အပျက်အစီးများပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးမှုရှိခဲ့ပြီး
လူအသေအပျောက်မရှိဘူး ပြောတယ်။ ရေက ၆ ပေ ၇ ပေလောက် ကမ်းနားပိုင်းမှာ တက်ခဲ့တယ်” ဟု ပြောသည်။

ယမန်နေ့ညပိုင်း ၀င်ရောက်တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်ဖြူမြို့ပေါ်တွင်ပင် ဒီရေ ၅ ပေခွဲခန့် တက်ခဲ့ပြီး


သစ်ပင်များပြိုလဲခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း ၁၀ နာရီခန့်အထိ လမ်းမများပေါ်တွင် ရေ ၂ ပေ၊ ၃ ပေနီးပါး ရှိနေသေးကြောင်း၊
ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက် ၁၁ ခုလုံးတွင် အိမ်အမိုးများလန်သွားခဲ့ကြောင်း ဒေသခံများကို ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

ကျောက်ဖြူမြို့နယ်အပါအ၀င် ကျောက်ဖြူဝန်းကျင်တခုလုံးတွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် ပြန်လည် ဆောက်လုပ်ရေး ပစ္စည်း


လိုအပ်သူ ဒုက္ခသည် သောင်းချီရှိနိုင်ကြောင်း သံတွဲခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ဆိုသည်။

ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက် ၁၁ ရပ်ကွက်တွင် လူပေါင်း တစ်သောင်းနီးပါးနေထိုင်သည်ဟု သိရှိရသည်။

ကျောက်ဖြူမြို့ပေါ်ရှိ ကညင်ကုန်းရပ်ကွက်၊ စေတီတော်ကုန်းရပ်ကွက်များ အပါအ၀င် ရပ်ကွက်များတွင် တထပ်အိမ်များ နစ်မြုပ်သွားသည်အထိ


မုန်တိုင်းဒီရေတက်ခဲ့ကြောင်း၊ မုန်တိုင်းကြောင့် ပုဇွန်ကန်၊ စပါးသိုလှောင်ရာနေရာများ၊ ကျောက်ဖြူမြို့ အမှတ် (၁) နှင့် အမှတ် (၂)
သင်္ဘောဆိပ်ကမ်း၊ လကွေ့သင်္ဘောဆိပ်ကမ်းများလည်း လုံးဝပျက်စီးသွားကြောင်း၊ ကျောက်ဖြူမြို့နယ်ကို ပတ်ထားသည့် ရေမဝင်အောင်
တားဆီးထားသော ရေငန်တာကြီးလည်း ကျိုးပေါက်သွားခဲ့ကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့မှ ငါးဖမ်းလုပ်ငန်းရှင်တဦးက မုန်တိုင်းသည် အလွန်ပြင်းထန်ပြီး ကျေးရွာများနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း၊


ကျေးရွာအများစုသည် ပင်လယ်ကမ်းခြေနှင့် နီးပြီး ပင်လယ်ဒီရေကြောင့် ထိခိုက်သေပျောက်မှု ရှိနိုင်ကြောင်း ပြောသည်။

“ကျနော့်မိတ်ဆွေတွေရှိတဲ့ ရွာတွေကို ဆက်သွယ်နေတယ်။ လုံးဝ ဆက်သွယ်လို့မရဘူး” ဟု ၄င်းက ဆိုသည်။

ကျောက်ဖြူဒေသခံများ၏ ပြောကြားချက်အရ ပင်လယ်ကမ်းခြေကို အခြေပြုနေထိုင်ကြသော ကျေးရွာ ရာနှင့်ချီရှိပြီး ကျေးရွာတရွာလျှင် အိမ်ခြေ


၁၀၀ ခန့်ရှိကြောင်း သိရသည်။

မုန်တိုင်းဝင်ပြီးနောက် ကြိုးဖုန်း အဆက်သွယ်များ အားလုံးပြတ်တောက်ခဲ့သော်လည်း ယခုအခါ ကမ်းရိုးတန်းဒေသသုံး CDMA 450 MHz


ဖုန်းများ အဆက်အသွယ်ပြုလုပ်၍ ရနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် စတင်ဖြစ်ထွန်းခဲ့ပြီး တဖြည်းဖြည်းနှင့် အားကောင်းလာကာ ရခိုင်ကမ်းရိုးတန်းသို့


ဝင်ရောက်လာခြင်း ဖြစ်သည်။

ဒေါက်တာ ထွန်းလွင်က “ည ၁၂ နာရီအထိ ရခိုင်ရိုးမကို မကျော်သေးဘူးလို့ ခန့််မှန်းတယ်။ မနက်ပိုင်းမှာတော့ ကုန်းတွင်းကို ၀င်ရောက်လာပြီး


အခု မန္တလေးတိုင်းပေါ်မှာ ရှိနေပါတယ်။ Category II အဆင့်ကနေ လျော့ကျသွားပါပြီ။ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ မိုးရွာသွန်းမှုတွေ
ရှိလာပါမယ်” ဟု နောက်ဆုံးအခြေအနေကို ခန့်မှန်းထားသည်။
၂၀၀၈ မေလ ဆန်းက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင် လူဦးရေ ၁၄၀၀၀၀ ၀န်းကျင် သေဆုံး ခဲ့ရသည်။

မြန်မာပြည် ငြိမ်းချမ်းမှ ဒုက္ခသည်များ ပြန်ပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

သန်းထိုက်ဦး Friday, October 22, 2010

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် တည်ငြိမ် အေးချမ်းမှသာလျှင် ထိုင်း-မြန်မာ


နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များကို ပြန်ပို့မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရုမ်းက ယနေ့ ပြောကြားလိုက်ကြောင်း သတင်း
ရရှိသည်။

မြန်မာနိုင်ငံ မြ၀တီမြို့တဖက်ကမ်း ထိုင်းနိုင်ငံ


တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းသို့
ရောက်ရှိနေစဉ် မစ္စတာ ကဆစ် ဖိရုမ်းက ယခုကဲ့သို့
ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်မှာ အေးချမ်းသွားမှ ကျနော်တို့ကို ပြန်ပို့မယ်၊


ကျနော်တို့ နေရပ်မှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ
ဆက်ဖြစ်နေရင် ပြန်မပို့သေးဘူးလို့ ပြောသွားပါတယ်” ဟု
မစ္စတာ ကဆစ် ဖိရုမ်းနှင့် တွေ့ဆုံခဲ့သည့် စခန်းကော်မတီ
တာဝန်ရှိသူတဦးက ပြောသည်။

မယ်လဒုက္ခသည် စခန်းသို့ ထိုင်းအစိုးရ တာဝန်ရှိသူများ၊


ကရင် ဒုက္ခသည် ကော်မတီ (KRC) နှင့်
အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တာဝန်ရှိသူများ
၁၁ - ( - Reuters) လိုက်ပါလာကြောင်း သိရသည်။

စက်တင်ဘာ လကုန်ပိုင်းက မစ္စတာ ကဆစ် ဖိရုမ်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲတခုတွင်


မြန်မာဒုက္ခသည်များကို ၂၀၁၀ ရွေးကောက်ပွဲပြီးပါက ပြန်ပို့မည်ဟု ပြောဆိုခဲ့ဖူးသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း ၁ သိန်း ၆ သောင်းခန့် ရှိကြောင်း၊ ၁၉၈၃ ခုနှစ်မှ စတင်၍
မြန်မာစစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ဆက်လက် ထွက်ပြေးနေကြဆဲဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များကို ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) က အခြေခံ စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊


ပဲ၊ ငါးပိ၊ ဆား အစရှိသည်တို့ကို ထောက်ပံ့ပေးခဲ့ပြီး တခြားလူမှု အဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ ထောက်ပံ့ပေးသည်။

TBBC အဖွဲ့သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း စာနာမှု အကူအညီများပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့များ


စုစည်းထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။

ရေလွှမ်းပျက်စီးခဲ့သော ကျွန်းချောင်းဈေး မပြင်ဆင်သေး

ဇာနည်မာန် Saturday, October 23, 2010

မိုးများ၍ တောင်ကျရေ စီးဝင်မှုကြောင့် ရေမြုပ်ပျက်စီးခဲ့သော မကွေးတိုင်း ပခုက္ကူခရိုင်၊ ကျွန်းချောင်းရှိ


ဈေးဆိုင်ခန်းများကို ဒေသခံ အာဏာပိုင်များက ယနေ့အထိ လာရောက် ပြင်ဆင်ပေးခြင်း မပြုသေးကြောင်း သတင်းရရှိသည်။

“အရင် ဓာတ်မြေသြဇာ စက်ရုံလည်နေတုန်းကတော့ စက်ရုံဈေး။ အခု စက်ရုံက မလည်တော့ဘူးဆိုတော့ စည်ပင်ဈေး ဖြစ်သွားပြီ။ ဒါကို
စည်ပင်ရော၊ အာဏာပိုင်ရော အခုထိ ဘယ်သူမှ လာမကြည့်ဘူး။ လာလည်း မပြင်ပေးတော့ ဈေးသည်တွေက ဘယ်လိုလုပ်ရမလဲ” ဟု
ကျွန်းချောင်းဈေးမှ ဆိုင်ရှင်တဦးက ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့ နံနက်က မိုးများစွာ ရွာသွန်းမှုကြောင့် ဈေးရှိရာနေရာတွင် တောင်ကျရေ ၅ ပေကျော်သည် အထိ ၀င်ရောက်ခဲ့ပြီး
ဆိုင်ခန်း ၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးမှုတန်ဖိုး ကျပ်သိန်း ၁၀၀၀ ၀န်းကျင် ရှိကြောင်း၊ ယခုအဖြစ်မျိုး တခါမှ မကြုံဘူးကြောင်း သူက
ဆိုသည်။

ဆက်လက်၍ ၎င်းက “ကြံခင်း-မုံရွာ ရထားလမ်းဖောက်တော့ လမ်းဖို့၊ ဘောင်တွေလုပ်နဲ့ ရေလမ်းကြောင်းတွေက ကျွန်းချောင်း ဈေးဘက်ကို


ရောက်လာတယ်။ ရေလွှဲလမ်းကြောင်း သေချာမလုပ်၊ မြို့ကလည်း တောင်စောင်းမှာဆိုတော့ အရင် မိုးရွာတုန်းက ဘာမှသိပ်မဖြစ်ပေမယ့် အခု
မိုးကြီးတော့ ဖြစ်လာပြီလေ” ဟု ပြောသည်။

တောင်ကျရေ စီးဆင်းမှုကြောင့် ကျွန်းချောင်းအနီးရှိ မျိုးစုရွာမှ နေအိမ် ၃ အိမ်လည်း ရေတွင် မျောပါပျက်စီးခဲ့ကြောင်း၊ သို့ရာတွင် လူ


အသေအပျောက် မရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။
တပတ်ကျော်ကြာမြင့်လာသည်အထိ သက်ဆိုင်ရာက အပျက်အစီးများကို လာရောက်ပြုပြင်ခြင်း မရှိသေးသည့်အတွက်
ပြုပြင်ဆောင်ရွက်ပေးရန်နှင့် ယခုကဲ့သို့ ပျက်စီးမှုမျိုး နောင်တွင် မဖြစ်စေရေးအတွက် ရေစီးဆင်းမှုကို ပြုပြင်ပေး စေလိုကြောင်း ကျွန်းချောင်း
ဈေးသူဈေးသားများက ဆိုသည်။

ပခုက္ကူမြို့မှ အနောက်တောင်ဘက် ၂၇ မိုင်အကွာ၊ ဧရာဝတီမြစ် အနောက်ဘက် ကမ်းနဖူးရှိ ကျွန်းချောင်း ဒေသသည် ယခင် ဓာတ်မြေသြဇာ
စက်ရုံ လည်ပတ်စဉ်က စည်ကားသော အရပ်ဖြစ်ခဲ့ပြီး ယခုမူ လျှပ်စစ် ဓာတ်အားပေးစက်ရုံတခုသာ လည်ပတ်လျက်ရှိသည်။

Saturday, October 23, 2010

ဧရာဝတီသတင်းထောက် ပေးပို့ချက်များ

ဧရာဝတီ သတင်းထောက်ရဲ့ ည ၁၁ နာရီအထိ ပေးပို့လာချက်တွေကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

စရဖသတင်းအရဖေါ်ပြပါရှိသည့် အထူးသတင်းများ ဂီရီမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြေပုံ ကန်ထောက်ကြီး ပေါက်တောမြိုနယ်များတွင်


မုန်းတိုင်းတိုက်ခတ်မှုကြောင့်ပြည်သ(ူ ၃၀၀)ကျော်ပျောက်ဆုံးနေတယ်။အကူညီများအထူးလိုအပ်နေ

ကျောက်ဖြူမြိုနယ်တွင်ငါးလပွေတာ ကြိုးတယ် ကုလားပိုက်ဆိပ် ပိန်ဖြူမော် တာကြိုးတယ် စပါးတွေပျက်စီးတယ်ငါးကန်းတွေပျက်စီး


ဆားပြင်ကွင်းရွာကွက်ပျက်စီး လယ်သမားတွေက စပါးရိုက်သိမ်းမယ်အချိန်ဆိုတော့ တော်တော်ပျက်စီးများတယ်
ပြည်သူများအထူးအကူညီလိုအပ်နေပါကြောင်းနိုင်ငံတစ်ဝန်းမိသားစုများအားအထူးအကူညီလိုအပ်နေပါသည်။ ဆက်လက်လိုက်နေဆဲ.....

အခုစစ်တွေမြိုပေါ်တွင်ရေတက်နေတယ်နော် တက်နေတာက ဆင်ကူးလမ်းရပ်ကွက် မင်းဘာကြီးလမ်းပေါ် လမ်းမကြီး


http://www.irrawaddy.org/bur/

ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး

မဇ္ဈိမသတင်းဌာန | စနေနေ့၊ အောက်တိုဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်

13Share

Object 1

vote
nowBuzz up!

ရန်ကုန်။ ။ မနေ့က တိုက်ခတ်သော ဂီရိ ဆိုင်ကလုန်း လမ်းကြောင်းတွင် အပျက်အစီး အများဆုံးမှာ မြေပုံ၊ ကျောက်ဖြူနှင့် မင်းပြားတို့ဖြစ်ပြီး
စစ်တွေ၊ အမ်း၊ ပေါက်တော၊ မာန်အောင်တို့တွင်လည်း လေပြင်းတိုက်ခဲ့ကြောင်း သိရသည်။

“မြေပုံကတော့ အများဆုံး ပျက်စီးတယ်လို့ သတင်းရထားပါတယ်၊ ဒီက အသင်းတွေကိုလဲ ကယ်ဆယ်ရေးမှာ ပါကြဖို့ နှိုးဆော်နေပါတယ်၊


အသင်းကလူတွေ ရခိုင်ကို ဆင်းကြမှာပါ၊ အခုတော့ ကားလမ်းတွေ ပိတ်ထားတယ်၊ သီတင်းကျွတ်နဲ့လဲ တိုက်နေလို့ ကားတွေ မထွက်တာ၊
ကားထွက်ရင် ချက်ချင်းသွားမယ်၊ သွားမယ့် ဒေသတွေကို ခွဲတမ်းချနေတယ်” ဟု ရန်ကုန်ရှိ ရခိုင်သဟာယအသင်း အတွင်းရေးမှူး ဦးထွန်းနိုင်က
ပြောသည်။

“ကျောက်ဖြူမှာ ရေတက်တာ လူအရပ်မြုပ်တယ်၊ အပင်တွေ အားလုံးကျိုးတယ်၊ ဓာတ်တိုင်တွေလဲ မရှိတော့ဘူး၊ မီးကတော့ တစ်လ


လောက်ကြာမယ်၊ အခုတော့ ကြက်ခြေနီတွေ လမ်းပေါ်မှာ သွားနေကြတာတွေ့တယ်၊ ဘာမှတော့ လုပ်တာ မတွေ့ဘူး” ဟု ကျောက်ဖြူမြို့ခံ
တဦးက ပြောသည်။

ကျောက်ဖြူတွင် ရပ်ကွက် ၁ဝ ခု ရှိပြီး အိမ်ခြေ ၃,ဝဝဝ ကျော်ရှိရာ အားလုံးနီးပါး ပျက်စီးသွားကြောင်းလည်း သူက ဆိုသည်။

“အသေအပျောက်တော့ ကျွန်တော် မကြားသေးဘူး၊ မြို့ကို ကာထားတဲ့ ဆည်ကတော့ အားလုံး ကျိုးပြီး ပျောက်သွားတယ်၊ ဘာမှ
မကျန်တော့ဘူး၊ ပျက်တာကတော့ မပြောတတ်အောင်ပဲ၊ အဲဒီလောက် ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး” ဟု ကျောက်ဖြူစေတီ
တောင်ရပ်ကွက်သား တဦးက ပြောသည်။

ကျောက်ဖြူရှိ အုန်းခြံ၊ ကွမ်းသီးခြံများ၊ ဆားကွင်းများ အားလုံး ပျက်စီးသွားကြောင်းလည်း သိရသည်။ အခြားမြို့များ ပျက်စီးမှုကို မသိရသေး။

လေဘေးသင့် မြို့ရွာပြည်သူများအတွက် ရန်ကုန် တာမွေ သမိန်ဗရမ်းလမ်း သဟာယ အသင်းတွင် လေဘေး ကယ်ဆယ်ရေးစခန်း ယနေ့
ဖွင့်လှစ်ထားပြီး လေဘေးရန်ပုံငွေ ကျပ်သိန်း ၁ဝဝ ခန့်ရနေသည်။

မနက်ဖြန် အောက်တိုဘာ ၂၄ တွင် ရွှေတိဂုံဘုရားအရှေ့မုခ် ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ရန်ကုန်ရှိ ရခိုင်လူမှုရေး အသင်းအဖွဲ့များကို ဖိတ်ကာ
လေဘေး ကယ်ဆယ်ရေးအတွက် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်တွင် ရခိုင်လူမှုရေး အသင်းအဖွဲ့ပေါင်း ၇ဝ ကျော် ရှိသည်။

ရန်ကုန် မြို့နယ်အလိုက် ရယက ၊ မယကတို့ မနေ့မနက်ကပင် ရခိုင် လေဘေးအတွက် အသံချဲ့စက်များဖြင့် အလှူခံနေကြောင်း မြို့ခံများက
ပြောသည်။

မယကမှ မြို့နယ်အလိုက် ကုမ္ပဏီများထံ ရခိုင်လေဘေးအတွက်ဟု အလှူကြို ကောက်ထားကြောင်း၊ ပစ္စည်းများကို လေယာဉ်ဖြင့် ပို့ပေးမည်ဟု


ကျောက်တံတား မယကရုံး တာဝန်ရှိသူက ပြောသည်။

ဆိုင်ကလုန်းသည် ကျောက်ဖြူမြို့အနီး ဝင်ရောက်ခဲ့ပြီး မုန်တိုင်း ဗဟိုချက်တွင် ရေပြင်မြေပြင်လေသည် တနာရီလျှင် မိုင် ၁ဝဝ မှ ၁၂ဝ အတွင်း
တိုက်ခဲ့ကြောင်း မြန်မာပြည် မိုးဇလထုတ်ပြန်ချက်တွင် ပါရှိသည်။

ထောင်ပြန် ၂ ဦး ရွေးကောက်ပွဲ သပိတ်မှောက်

ဆလိုင်းထွန်း | သောကြာနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၈ မိနစ်

Share

Object 2

vote
nowBuzz up!

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု ယခုလ ၂ဝ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လွတ်လာသည့်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း တွံတေးမြို့နယ် ဒုဥက္ကဋ္ဌ ဦးချစ်ဖေနှင့် မြို့နယ်စည်းအဖွဲ့ဝင် ကိုအောင်စိုးဝေက ပြောဆိုသည်။

၂ဝဝ၉ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာ ဖက်တရာစေတီ၌ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး


ဆုတောင်းပွဲကို ဦးဆောင်ပြုလုပ်ရာမှ ဖမ်းဆီးခံရကာ သာသနာတော် ညှိးနွမ်းစေမှုပုဒ်မ ၂၉၅ ဖြင့် ထောင်ဒဏ် ၁ နှစ်ခွဲစီ ကျခံခဲ့ပြီးနောက်
လွတ်ရက်စေ့သဖြင့် ပြန်လွတ်လာသူများ ဖြစ်သည်။

“ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့ (NLD ခေါင်းဆောင်များ) နဲ့လည်း မတွေ့သေးဘူး။ ရွေးကောက်ပွဲ သပိတ်မှောက်မယ်၊ အဆင်သင့်ပေါ့။


နဂိုကတည်းက ဆန့်ကျင်တယ်၊ သပိတ်မှောက်တယ်။ တရားမမှန်တဲ့ ဟာကို လက်မခံပါဘူး။ ဆက်လက်ဆန့်ကျင်မယ်၊ သပိတ်မှောက်မယ်။
ဒါပါပဲ” ဟု ဦးချစ်ဖေက မဇ္ဈိမကို ပြောသည်။

တွံတေးမြို့မှ သံဃာတော်တပါး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ ဦးမှာ အကျဉ်းထောင်များတွင် ကျခံနေရကာ ၎င်းတို့အားလုံး


ရွေးကောက်ပွဲမတိုင်မီ ပြန်လွတ်လာမည်ဟု ကိုအောင်စိုးဝေက မျှော်လင့်နေသည်။

“ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးဖို့ မျှော်လင့်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေ အပြစ်ဒဏ် နည်းကြတယ်။ ၁၂ လပိုင်းမှာ လွတ်မယ့်သူ
၂ ယောက် ရှိသေးတယ်လေ။ တနိုင်ငံလုံး ၁၁ဝဝဝ လွတ်မယ်လို့ ပြောတယ်။ နိုဝင်ဘာလ ၃ ရက်နေ့ကို လွတ်မယ်လို့ ထောင်ထဲမှာ ပြောတယ်။
နိုင်ငံရေး အကျဉ်းသား ပါမပါတော့ ပြောလို့မရဘူး” ဟု သူက ပြောသည်။

ကိုအောင်စိုးဝေသည် ပဲခူးတိုင်း ပြည်ထောင်မှ လွတ်လာကာ ယမန်နေ့ ညနေတွင်၎င်း၊ ဧရာဝတီတိုင်း ဘိုကလေးထောင်မှ လွတ်လာသည့်


ဦးချစ်ဖေမှာ ယနေ့နံနက်၎င်း နေအိမ်များဆီ ပြန်ရောက်ခဲ့ခြင်း ဖြစ်သည်။ နှစ်ဦးစလုံးမှာ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။
http://www.mizzimaburmese.com/

ဂီရိမုန်တိုင်း အားပျော့ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ၀င်ရောက်

By ကိုသားညွှန့်ဦး၊ ကိုကျော်ထင် စနေ, 23 အောက်တိုဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us

ဂီရိ ဆိုင်ကလုံးမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကုန်တွင်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းကို မုန်တိုင်းငယ်အဖြစ်


ဝင်ရောက်ချိန်မှာတော့ အားပျော့သွားပြီ ဖြစ်ပါတယ်။ မုန်တိုင်း ပြင်းပြင်းထန်ထန် သင့်ခဲ့တဲ့ ရခိုင်ဘက်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ
စတင်နေပါပြီ။ မုန်တိုင်းငယ်ဖြတ်သွားတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မြို့အချို့မှာ ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ကိုသားညွန့်ဦးက
စုံစမ်းမေးမြန်းထားပါတယ်။

ဂီရိ ဆိုင်ကလုံးမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ကုန်တွင်း မုန်တိုင်းငယ်အဖြစ် ၀င်ရောက်


လာချိန်မှာတော့ လေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၃၀ ကနေ အများဆုံး ၄၅ မိုင် အဆင့်အထိ အားပျော့သွားပြီလို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူမြို့အနီး ဖြတ်ဝင်ချိန်မှာတော့ လေတိုက်နှုန်း တနာရီကို မိုင် ၁၀၀ ၀န်းကျင်ရှိပြီး အချို့နေရာတွေမှာ
မုန်တိုင်းကြောင့် ဒီရေဟာ ၁၂ ပေအထိ မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ကျောက်ဖြူမြို့နယ် မြေပုံမြို့နယ်တွေမှာ ပြင်းပြင်းထန်ထန်
အပျက်အစီးတွေ ရှိခဲ့တယ်လို့သိရပါတယ်။ လူအသေအပျောက် အချို့ရှိပေမဲ့ အတိအကျကို မသိရသေးပါဘူး။ ကျောက်ဖြူနယ်ခံ တစ်ဦးကို
ဗွီအိုအေ သတင်းထောက် ကိုကျော်ထင်က ဆက်သွယ်မေးမြန်းတော့ ကျောက်ဖြူမှာ ကယ်ဆယ်ရေးစခန်းတွေ စတင်ဖွင့်လှစ်နေပြီလို့
သိရပါတယ်။

“မြေပုံမြို့နယ် ကျွန်းသာယာဘက်မှာ တကျွန်းလုံးနီးပါး ပျောက်သွားတယ်လို့ပြောတယ်။ ကယ်ဆယ်ရေးကတော့ ကျောက်ဖြူက


ကြက်ခြေနီကယ်ဆယ်ရေးတောင် အဲဒီကို ရောက်သွားပြီ။ အဲဒီကိုပဲ သွားနေပြီ။”

ကျောက်ဖြူမြို့နယ်ရဲ့ အပျက်အစီး အခြေအနေက ဘယ်လိုတွေ့ရသလဲ ခင်ဗျ။ -

“ကျနော်တို့ မှန်းထားတာကတော့ သစ်ပင် ၇၀ ရာခိုင်နှုန်း၊ အိမ်ခြေကတော့ ၄၀ ရာခိုင်နှုန်းလောက် ပျက်စီးမယ်။”

ဒုက္ခသည်တွေကျတော့ရော။ -

“နီးစပ်ရာ စာသင်ကျောင်းမှာပဲခင်ဗျ။ လောလောဆယ် ကျနော်တို့ ဒုက္ခသည်စခန်းတစ်ခုမှာ ၁,၀၀၀ ကျော်လောက် ရှိတယ်။”

သူတို့ရဲ့ စားဝတ်နေရေး၊ ဆေးဝါးကုသမှု အခြေအနေက ဘယ်လိုရှိလဲခင်ဗျ။ -

“လောလောဆယ်တော့ မနက်ကတော့ ဆန်အိတ် ၇၈ အိတ် လာလှူထားကြတယ်။ အခု ကျနော်တို့ ၁ နာရီမှာ ရန်ကုန်က ၀န်ကြီးရောက်တယ်။
ကယ်ဆယ်ရေးဝန်ကြီးလို့ပဲ ကြားတယ်။ ဘယ်သူလဲတော့ ကျနော်လည်း အတိအကျ မသိသေးဘူး။ ကယ်ဆယ်ရေးပစ္စည်းတွေ
ပါလာတယ်လို့တော့ ပြောတယ်။”

မနေ့က ရေ တော်တော်များများ တက်သွားလားခင်ဗျ။ -

“မနေ့က ၁ နာရီလောက်က ကျောက်ဖြူမြို့ရဲ့ မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာ ၁၂ ပေ ၁၃ ပေအထိ တက်တယ်။”

အသေအပျောက်ရော ကြားမိလားခင်ဗျ။ -

“လောလောဆယ်တော့ မြို့ပေါ်မှာတော့ တစ်ယောက်ပဲ ကြားသေးတယ်။ အပင်ထိပြီးသေတာ။”

အစိုးရအာဏာပိုင်တွေအပါအ၀င် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ကုလသမဂ္ဂ အေဂျင်စီတွေကလည်း မုန်တိုင်းသင့် ရခိုင်ဒေသမှာ


ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေက ခွင့်ပြုချက်ကို စောင့်ဆိုင်းနေ ရပါတယ်။
မင်္ဂလာမြန်မာ အဖွဲ့က တာဝန်ရှိသူ ဒေါက်တာ ဖုန်းဝင်းကတော့ ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေကိုတော့ ဒီကနေ့မှာပဲ စတင်နေပြီလို့
ပြောပါတယ်။

“ဒီကနေ့ ညနေတော့ လေယာဉ်ပျံတစီးနဲ့ ခေါက်ဆွဲခြောက်တွေ၊ ရေတွေတော့ ပို့နေပြီ။ ကယ်ဆယ်ရေးက အစိုးရဌာနက ပို့တာပေါ့နော်။


ကျနော်တို့တွေက အဖွဲ့တွေလွှတ်ဖို့ အဆင်သင့် လုပ်ထားတယ်။ MSF ရယ်၊ ACF ရယ် အဲဒါကလည်း ကျနော်တို့နဲ့ ညှိပြီးတော့ မေတ္တာဆိုတဲ့
ကချင်အဖွဲ့ရယ်၊ ညှိပြီးတော့ စစ်တွေကနေ ထွက်မယ်။ ရောက်သလောက်ပေါ့။ စစ်တွေနားမှာရှိတဲ့ မင်းပြားတို့၊ ပေါက်တောတို့ပေါ့။”

အထိအခိုက် အပျက်အစီးတွေ ဘယ်လောက်ကြားလဲ။ -

အိမ်တွေတော့ တော်တော်ပျက်တယ်ကြားတယ်။ လူ အသေအပျောက်နဲ့ လူ အထိအခိုက် ဒဏ်ရာရတဲ့ သတင်းကတော့ မရသေးဘူး။


ဘာဖြစ်လို့လဲဆိုတော့ စစ်တွေတမြို့လုံးက ဖုန်းတွေ ပျက်ကျနေတော့ မရဘူး။ အခုတော့ ပို့ဆောင်ရေး ၀န်ကြီးနဲ့ ကယ်ဆယ်ရေး ၀န်ကြီးက
လေယာဉ်ပျံနဲ့ တပတ်သွားမယ်ပြောတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ပဲ လိုက်လို့ရတယ်။ ကျနော်တို့ လိုက်လို့မရဘူး။”

တခြား ကုလသမဂ္ဂကရော အကူအညီတွေ စနေပြီးလား။ -

“သူတို့က ထုံးစံအတိုင်း ဒီနေ့မနက် ကျနော်တို့နဲ့လည်း အစည်းအဝေး လုပ်တယ်လေ။ ၁၀ နာရီမှာ။ သူတို့က အစိုးရကို စောင့်တာပေါ့။ အစိုးရကို
သူတို့ request လုပ်နေတယ်။ သူတို့ သွားခွင့်ရဖို့အတွက်။”

မုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းအလွန် မြန်မာနိုင်ငံအလယ်ပိုင်းကို ၀င်ရောက်ချိန်မှာ အားပျော့သွားပြီဆိုပေမဲ့ မုန်တိုင်းဖြတ်တဲ့ ဒေသအချို့မှာ


ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ကြားရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ညောင်ဦးမြို့နဲ့ ကျောက်ပန်းတောင်မြို့ ၀န်းကျင်တွေမှာ
ဖြစ်ပါတယ်။ အဲဒီဖက်ကိုတော့ ဆက်သွယ်ဖို့ ခက်နေပါတယ်။ နေရာအတော်များများမှာ အပင်ကြီးတွေ ပြိုလဲကုန်တယ်လို့ ရေနံချောင်း
နယ်ခံတစ်ဦးက ပြောပါတယ်။

“သစ်ပင်ကိုင်းတွေ တော်တော်လေး လဲတယ်၊ သစ်ပင်ကြီးတွေကိုပဲ လဲတယ်။ ကျနော်တို့မြို့လည်း တစ်ခုတော့ရှိတယ်။


ကုန်းပေါ်ပိုင်းတွေကျတော့ သစ်ပင်တွေပြိုလဲ၊ တယ်လီဖုန်းတိုင်တွေ လဲတာတွေဖြစ်တယ်။ ညောင်ဦးဘက်ကတော့ တယ်လီဖုန်းခေါ်မရဘူး။
အဆက်အသွယ်တွေ ပြတ်နေတယ်။”

ပထမဖြစ်တဲ့ မုန်တိုင်းအရှိန်နဲ့ မိုးသည်းပြီး ရေကြီးတာခံခဲ့ရတဲ့ မန္တလေးဘက်မှာတော့ အခုတကြိမ် မုန်တိုင်းအရှိန်ကြောင့် ဆိုးဆိုးရွားရွား


ခံရတာမရှိသေးဘူးလို့ ပြောရမှာပါ။ မုန်တိုင်းအရှိန်နဲ့ မိုးအနည်းငယ်တော့ ရွာနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“မန္တလေးမှာတော့ နေ့လည်း ၂ နာရီခွဲလောက်ကစပြီး လေ ခပ်ပြေပြေပဲ တိုက်ပါသေးတယ်။ ခုထိလည်း ပြေပြေပဲ တိုက်တယ်။ မိုးလည်း
သည်းကြီးမဲကြီးမဟုတ်ဘူး။ ခပ်ဖွဲဖွဲပဲ ရွာနေတာပါ။ မန္တလေးဘက်နား ၀န်းကျင်တော့ မကြားဘူး။ မြောင်ဘက်မှာ နည်းနည်းလည်း
လေပြင်းတယ်ကြားတယ်။ မြောက်တို့၊ စစ်ကိုင်တိုင်းဘက်က ဘုတလင် ကြားတယ်။ မုန်တိုင်းက ညောင်ဦးဘက်မှာ မနက်ခင်းက
ဗဟိုပြုနေတယ်ပြောတယ်။ အဲဒါကြောင့် ညောင်ဦး၊ ကျောက်ပန်းတောင်း ဆိုးတာဖြစ်မယ်။”

မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနကို ဆက်သွယ်မေးမြန်းတော့ မုန်တိုင်းဟာ အတော်လေး အားပျော့သွားပြီ ဖြစ်သလို နောက်ဆုံး


အခြေအနေတွေကိုတော့ မကြာခင် အစိုးရမီဒီယာတွေကနေ တရားဝင် ထုတ်ပြန်မယ်လို့ပဲ ဖြေကြားပါတယ်။ မကြာခင်မှာလည်း ကယ်ဆယ်ရေး
ဦးစီးဌာနဖက်ကနေ အပျက်အစီး အဆုံးအရှုံးစာရင်းတွေ ထုတ်ပြန်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့လည်း အချို့ကတော့ ရွေးကောက်ပွဲ
ကျင်းပမယ့်ရက် နီးနေတာမို့ ရွေးကောက်ပွဲရက် ရွှေ့ပေးရမှာ စိုးတာကြောင့် အစိုးရဖက်က ဒီစာရင်းတွေကို အမှန်အတိုင်း ထုတ်ပြန်ပါ့မလား
သံသယဖြစ်သူတွေလည်း ရှိပါတယ်။

http://www.voanews.com/burmese/news/

Strong cyclone rumbles into Myanmar 17 dead,50 Injuries and 20 missing


ဂီရီ မုန်တိုင်းကြောင့် ကျောက်ဖြူတွင် ၁၇ ဦး သေဆုံး ၅၀ ကျော်ဒဏ်ရာရပြီး ၂၀ ကျော်ပျောက်ဆုံး

တစ်နာရီ လေတိုက်နှုန်း မိုင် ၁၅၀ ခန့် ရှိသည့် ဂီရိ မုန်တိုင်းကြောင့် ရခိုင် ပြည်နယ်တွင် တံတား ကျိုး မြေပြိုမှု များ ဖြစ်ပွားလျှက် ရှိသည်။ဓာတ်ပုံ -
Colorado State University

ဂီရီမုန်တိုင်း ကြောင့် ကျောက်ဖြူတွင် အနည်းဆုံး ၁၇ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိသည် ဟု နေပြည်တော်မြို့ 


ကာကွယ်ရေး ၀န်ကြီးဌာန မှ အကြီး တန်း အရာ ရှိ တစ်ဦး က FNG သို့ အတည်ပြု ပြောကြားသည်။ သူက ဆက်လက်
ပြီး အခု ကူညီ ကယ်ဆယ်ရေး ၀န်ထမ်း တွေ ချက်ခြင်း လွှတ်နေပါပြီ လေကြောင်း၊ရေကြောင်း ၊ကြည်းကြောင်း နဲ့ ပါ
ဟု ပြောသည်။ ကျောက်ဖြူ မြို့ တွင် ကမ်းရိုး တမ်းသုံး 450 MHZ ဖုန်းများ ရှိသော် လည်း FNG မှ ခေါ် ဆိုမရ နိုင်ပါ။

ကျောက်ဖြူ တစ်မြို့ လုံး နီးပါး ပျက်စီးဆုံးရှုံး မှု ရှိသည် ဆိုသည် ကို လည်း မှိုင်းရာ ပြည့် ကျောင်းသား ဟောင်း
တစ်ဦး ဖြစ်သူ မန္တလေး မြို့ တွင် နေထိုင် သည့် ဦးအောင်စေရာပြည့် က အတည် ပြု ပြောဆို သည်။ရန် ကုန် မြို့ ရှိ ကျောက်ဖြူ မြို့ နယ် အသင်းမှ
တာဝန်ရှိ သူ တစ်ဦး အား FNG မှ ဆက်သွယ်မေးမြန်း ရာတွင်
အရေး ပေါ် အကူအညီ လိုအပ် ပြီး စိုက်ပျိုး သီးနှံ နှင့် ရေ လုပ်ငန်း များ စားနပ် ရိက္ခာ ဂို ဒေါင်များ ပါ ပျက်စီး
သွား သည် ဟု ပြောသည်။

သူက ” ဒီနေ့  ၁၂ နာရီမှာ မိုး က ရွာနေဆဲပဲ တစ်နေ့ လုံး ရေတက်နေတယ် ၊တစ်မြို့ လုံးပဲ အိမ်တွေ ၊ကျောင်း
တွေ အကုန် လုံး အမိုး လန် တယ်။ ဘယ်သူ မှ ဘယ်သူ့ ကို မကယ် နိုင် ဘူး အဆိုး ဆုံးက လှေ တွေ ရေထဲ
မျောပါ သွား လို့  ဘာမှ မလုပ် နိုင် ဘူး ၊ အနီး က ကျေးရွာ တွေ တော့ အဆက်အသွယ် လုံးဝ မရ ဘူး
သေလား ရှင် လား ဆိုတာ တောင် မသိဘူး ဖြစ်နေတယ် ဟု ပြောသည်။

ကျောက်ဖြူ မြို့ မြစ်နား တန်း ရပ်ကွက် တွင် အုန်းပင် နှင့် အခြား သစ်ပင် များ ပြိလဲ မှု ကြောင့် ၂ ဦး
သေဆုံးပြီး ၊အစိုးရ ရပ်ကွက် တွင် တစ်ဦး သေဆုံးသည်။

ရခိုင်ပြည် နယ်သို့ မုန်တိုင်း ၀င်ပြီ လေတိုက် နှုန်း တစ်နာရီ ၇၃ မိုင်ထိရှိ

October 22, 2010 freedom news group Leave a comment Go to comments

13

i
မဲပေးပါ

Powerful Cyclone Hits Western Burma

Updated : (12:00)PM Burma ရခိုင်


ပြည်နယ် သို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်း ၁၂၀ မိုင်ထိရှိ
Updated : (4:00 )PM Burma လေမုန် တိုင်း အရှိန်ကြောင့် စစ်တွေ တွင် နေအိမ် အမိုးများ လန်ထွက်
Updated : (3:30) PM Burma အသက် ၅၀ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦး လှေမှောက် ၍
သေဆုံး၊ ကျောက်ဖြူ လေဆိပ်တွင် သစ်ပင်ပြိုကျမှု ကြောင့် တစ်ဦး နှင့် ဖရုံကာ ကျွန်း တွင် လေမုန်းတိုင်
ဒဏ်ကြောင့် စပါး နှင့် အခြား စိုက်ပျိုး ပင် များ အကုန်ပျက်စီး
Updated : (2:30)PM Burma ကျောက်ဖြူ မီးသတ် မျှော်စင် ပြိုကျ၊ လေတိုက်နှုန်း ကြောင့် အထက (၁) ကျောင်း
ဆောင် အချို့ နှင့် အုတ်တံတိုင်း ပြိုကျ၊ အုန်းပင်များ ပြိုလဲ ၊ လျှပ်စစ်မီး များ ပြတ်တောက်
Updated : (1:30)PM Burma လေတိုက် နှုန်း ပိုမိုပြင်းထန် လာပြီး တစ်နာရီ ၇၃ မိုင်ထိရှိ
ယနေ့  နေ့ လည် ၁ နာရီ တွင် ဂီရီ အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်း သည် ကျောက်ဖြူ မြို့  အနီးသို့ ရောက်ရှိကာ တစ်နာရီလျှင်
လေတိုက်နှုန်း ၆၉ မိုင်ဖြင့် မိုးသည်းထန် စွာရွာ သွန်းပြီး မြစ်ချောင်း များ တွင် ဒီရေ တက်မှု များ နှင့် ကြုံတွေ့ နေသည် ဟု
သတင်းရရှိသည်။ ကျောက်ဖြု အခြေစိုက် ရေတပ် မှ ကယ်ဆယ် မှု များ ပြု လုပ်ရန် စီစဉ် ထားသော် လည်း ကျောက်ဖြူ မြို့ နယ်
ကြံ့ဖွံ့ ဥက္ကဌ မှ လူတတ် လုပ် မှု ကြောင့် မြို့ တွင်း သို့ မ၀င် သေး ဟု သိရှိရသည်။
မုန်တိုင်း မှာ အင်အားအကြီး ဆုံး အနီရောင် အဆင့်တွင် ရှိသည်။

ဆက်လက် ၍ သဘာဝ ဘေး နှင့် ပတ် သက် သည့် အခြား ဆက်စပ် သတင်းတစ် ခုမှာ စိုးရိမ် ရေမှတ် ကို ကျော်နေပြီဖြစ်
သည့် ရဲရွာ ရေအား လျှပ် စစ်ဆည် သည် Spill Way နှစ် ခု အား ရေကုဗမီတာ ၁၈ သိန်း(အင်းလျှားကန် နှစ်ဆ) ထိ ဖောက်ထုတ်
ရန် စီစဉ်ထားသည် ဟု သတင်း ရရှိသည်။

ထပ်မံ ရရှိသည့် သတင်း များ ကို ဆက်လက် ဖော်ပြပါမည်။။

http://freedomnewsgroup.com/

အလံပြောင်းလေတော့

ဒေါက်တာ မောင်ဘချစ်

အောက်တိုဘာ ၂၃၊ ၂၀၁၀

“ဒို့ပြည်ထောင်စု အလံတော်သည် x x x

ဗိုလ်ချုပ်ဈေးက ဝယ်ပါသည် x x x

နှစ်ကျပ်ခွဲပဲ ပေးရသည်၊ ဆေးဆိုးပန်းရိုက် ဖြစ်ပါသည် x x x

တူနယ် တူ့နဲ့ ဗြောင်”

“အောင်ဘု သီချင်းဖျက်မဆိုရဘူး”

“ဖျက်ဆိုတာမဟုတ်ဘူး မောင်ဘချစ်ရာ၊ ပြောင်းဆိုတာ၊ ဒီခေတ်ကြီးမှာ ပြောင်းတယ်လေ။ အိုဘားမား ပြောထားတယ်မဟုတ်လား

(Change) တဲ့။ ဒို့မြန်မာတွေကို အမေရိကန်တွေ မမီဘူးကွ”

“ဘာပြောင်းလဲ”

“အလံပြောင်းတယ်လေ”

“အင်း အလံပြောင်းတော့ အလောင်းပြန်တာပေါ့ကွ”

“ဘာလဲ မောင်ဘချစ်ရာ မင်းပြောတာနဲ့ ငါတောင် ကြောက်လာပြီ”


“အဟုတ်ကွ၊ မယုံမရှိနဲ့ ၁၉၇၄ တုန်းက ဦးသန့် ကွယ်လွန်တယ်”

“ဟုတ်တယ်လေ”

“အဲဒီအချိန်မှာ ဦးနေဝင်းက ၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အလံပြောင်းတယ်”

“ဒါတော့ ပြောင်းရမှာပေါ့”

“အေးကွ၊ ဒီလိုပြောင်းတော့ နိမိတ်ပဲဆိုရမယ်၊ ဦးသန့်အလောင်း ရောက်လာတယ်”

“အလောင်းပြန်လာတာပေါ့”

“အေး၊ အလံပြောင်းတော့ အလောင်းပြန်တယ်လို့ လူတွေပြောခဲ့ကြတယ်”

“မင်းကတော့ကွာ၊ အတော်လေး ဒုက္ခပေးတာပဲ၊ အရင်ကလည်း ပုဒ်မလေး၊ ပေးမှလုပ်တယ်လို့ ဒို့ဝန်ထမ်းတွေကို နာမည်ဖျက်ကြတာပဲ

မဟုတ်လား”

“ဒါကတော့ ဟုတ်လို့ကျော် ပုတ်လို့ပေါ်တာပဲဟ”

“အေး စောင့်ကြည့်ရတာပေါ့။ ဘယ်သူ့အလောင်းပျံမယ်ဆိုတာ။ သာမည ဆရာတော်အလောင်း ပျောက်သွားတာတော့

ကြားဖူးတယ်မဟုတ်လား”

“ကြားဖူးတယ်။ လူတစုက မှန်ခေါင်းကို ဖောက်ယူသွားကြတာ။ အဲဒီအလောင်းပျောက်ဖူးတာတော့ ရှိတယ်”

“ဆရာတော့်အလောင်း ပြန်လာရင်တော့ ကောင်းတာပေါ့။ နာဂစ်က အလောင်းတွေ ပြန်လာရင်တော့ ဧ”

“ဘာလဲ နာဂစ်က အလောင်းတွေ”

“နာဂစ်မှာ လူတွေ သေတယ်။ သေတဲ့လူတွေကိုမြှုပ်ရင် အပြစ်ရတယ်။ ဒါကြောင့် ဒီလိုပဲ ဆားရေထဲမှာ အကြာကြီးမျောနေတဲ့

အလောင်းတွေ အများကြီးပဲပေါ့”

“အင်း … ဝေါ့ ဝေါ့”

“မရွံပါနဲ့ကွာ မင်းလည်း တနေ့သေရမှာ အားလုံးအပုတ်ကောင်ပဲ”

“အပုတ်ကောင်မို့ ရွံတာပေါ့ကွ”

“အဲဒီအလောင်းတွေဟာ ဆားရေနဲ့ နေပူနဲ့ မည်းပြောင်နေတာပဲတဲ့။ မာကျစ်နေတာ မိချောင်းတွေတောင် မစားကြဘူးတဲ့”

မောင်ဘချစ်သည် ရေသောက်ပြီး တဝေါ့ဝေါ့နဲ့ဖြစ်နေသည့် အောင်ဘုကိုကြည့်ကာ စိတ်မချမ်းမသာ ဖြစ်နေသည်။

“အောင်ဘုရာ၊ လူသေကို ဒိလောက်ရွံရလား။ မင်း ကြီးဒေါ်သေတုန်းကတော့ ခေါင်းရင်းမှာ ဖဲရိုက်ပြီးတော့”

“ဒါက အလောင်းစောင့်မယ့်လူမှ မရှိတာပဲ၊ ငါက ဖဲရိုက်ချင်လို့ မဟုတ်ဘူး၊ ငါ ကြောက်တတ်တယ်ကွ”

“အေး ကြောက်မယ်ဆိုလည်း ကြောက်စရာပဲလေ၊ အဲဒီတုန်းက ကြောင်က ထခုန်တာ အားလုံး လန့်ပြေးတာပဲ”

“အေးကွာ။ ခုတော့ ကျော်သူတို့ရှိနေလို့ တော်သေးတာပေါ့”

“အင်း၊ ကျော်သူတို့ သန်းမြင့်အောင်တို့ရှိလို့ ရဲရဲသေရဲတာ။ ဒါတောင် အောင်ဝေး တယောက် ဒို့မြန်မာနိုင်ငံမှာမရှိတော့ အတော်လေး

အားငယ်တယ်”

“အောင်ဝေးက ဘာလုပ်လို့လဲ၊ သူလည်း ကျော်သူတို့လို သုဘရာဇာ လုပ်ပေးလို့လား”

“အေးကွ၊ ဒို့မြန်မာတွေ ကံကောင်းကြတယ်။ သေတဲ့အခါ မင်းသားက ကားမောင်းပို့တယ်။ စာရေးဆရာမ(သန်းမြင့်အောင်)က

ကြီးကြပ်တယ်။ နောက် ကဗျာဆရာအောင်ဝေးက ဆားဗစ်လုပ်တယ်”

“ဘာလဲ ဆားဗစ်ဆိုတာ”

“(Service)ပါကွာ သေတဲ့သူတွေကို ခရစ်ယာန်တွေကဆိုရင် သေတဲ့လူအကြောင်းပြောပြီး သီချင်းဆို (Service)လုပ်တာပေါ့ကွ။


အောင်ဝေးက ဒီလိုလုပ်တယ်”

“သူ ကဗျာတွေရွတ်လို့လား”

“ကဗျာတော့ မရွတ်သေးဘူးကွ၊ နောက်ဆို ရွတ်ချင်ရွတ်မှာ။ သူက ကွယ်လွန်သူအကြောင်းကို ရှင်းပြ ပြောဆိုတယ်လေ။

လာတဲ့လူတွေက သေသူကို နားလည်ကြဖို့ပေါ့”

“အေး ဒါလည်းကောင်းတာပဲလေ။ တခါက ပြဿနာတော့ ဖြစ်ဖူးတယ်”

“ဘယ်လိုလဲ”

“မိန်းမတယောက်ပေါ့။ သူက သေသူအလောင်းကို ကန်တော့ပြီး ထငိုတော့တာ။ ‘ရှင်က ကျွန်မကို သမီးနှစ်ယောက်နဲ့ ထားခဲ့ပြီပေါ့လေ ၊

ကျေးဇူးရှင်ကြီးရဲ့’ လို့ငိုတော့ လာတဲ့လူတွေ ဘာပြောရမှန်းမသိဘူး ပေါ့”

“အင်း လူတွေကတော့ ဒီလူကြည့်ရတာ ရိုးပုံရိုးလက်နဲ့ ခုတော့ ပုတ်လို့ပေါ်ပြီဆိုတာမျိုး စဉ်းစားနေကြမှာပါပဲ”

“ဒါပေါ့။ ဒါပေမယ့် အဲဒီမိန်းမက အလောင်းကို သေသေချာချာကြည့်ပြီး ဟင် ကျွန်မယောက်ျား လည်းမဟုတ်ဘူးဆိုပြီး

ထွက်သွားရှာတယ်။ ဒီတော့မှပဲ လူတွေ သက်ပြင်းချနိုင်တာပေါ့။ ကိုအောင်ဝေးလို လူတွေရှိရင် သေသူ့အကြောင်း သေသေချာချာပြောနိုင်တော့

မလွဲတော့ဘူးပေါ့”

“အေးဗျာ၊ မြန်မာစကားတခုတော့ ပြင်ချင်တယ်”

“ဘာကိုလဲ”

“အသေစောလို့နှမျောတယ်ဆိုတာနဲ့အတူ အသေနောက်ကျလို့ ကြောင့်ကျရတယ်လို့ ပြင်ချင်တာပဲ”

“မင်း စောင်းပြောနေတာ- နာတိတယ်နော်။ အလံပြောင်းတာကို လူတွေက ယတြာလို့လည်း ပြောနေကြတာပါပဲ”

“အေးဗျာ၊ ကြယ်တလုံးအလံဆိုတော့ 'လာပြီနော် ကြယ်တလုံး ဝုန်း’ ခနဲဖြစ်သွားအောင် လုပ်လို့လား”

“၂၁ ရက်ဆိုတော့ ၃။ သုံးနာရီမှာဆိုတော့ အင်္ဂါသားသမီး သူလည်း ၃ ပဲ၊ သုံးကျအောင် အလံချရသတဲ့”

“အင်္ဂါသားသမီးတွေကို အကျအဆင်းရှိအောင် လုပ်တာနဲ့တူတယ်”

“ဒါပေမယ့် စစ်ဆိုတာလည်း အင်္ဂါပဲ။ သူတို့ကိုးကွယ်တဲ့ဆင်ကလည်း အင်္ဂါပဲ မဟုတ်လား”

“အေးဗျာ၊ ဒါကိုတော့ စံဇာနီဘိုကို မေးကြည့်မှသိမှာပဲ”

x x x

“တကယ်တော့ ယတြာဆိုတာ သဘာဝကို လိမ်တာပဲကွ”

“ဘယ်လိုမျိုးလဲ”

“မပြောင်းချင်ဘူး။ ရာထူးက မပြုတ်ချင်ရင် ပြောင်းဖူးကို အစိမ်းစားရတယ်”

“ဘယ်လို”

“မပြုတ်ဘူး။ ပြောင်းဘူးပေါ့”

“ဟား ဟား ဟား”

“နောက် ယတြာတခုက ဘုရင်းကို နောက်ဆုတ်တက်ရတယ်”

“ဒါက”

“နောက်ပြန်တက်တဲ့ မင်းပေါ့။ နောက်ပြန်ပြီး တက်တယ်တဲ့”

“တယ်ဟုတ်ပါလား။ ခွေးပြေးဝက်ပြေးကိုတော့ ကြားဖူးတယ်”

“လုပ်စမ်းပါဦး”
“နေပြည်တော်မှာ ကားကြီးတွေနဲ့ ခွေးတွေ ဝက်တွေကို တင်သွားကြသတဲ့။ ပြီးတော့ လမ်းမှာ ရပ်ပြီး လွှတ်လိုက်တော့ ခွေးတွေဝက်တွေ

ပြေးတော့တာပေါ့။ ဒါကို နောက်က လိုက်မောင်းသေးတယ်။ ခွေးပြေး ဝက်ပြေးပြေးရမယ်ဆိုတာကို ယတြာခြေတာတဲ့”

“အင်း တရားမရှိလိုက်ကြတာ”

“ဟုတ်ပ။ ဒီနောက်ပိုင်းမှာ စစ်အာဏာရှင်တွေဟာ ခွေးပြေး ဝက်ပြေး ပြေးရမှာကို သိနေတယ်လို့ ဆိုနိုင်တာပဲ မဟုတ်လား”

“အေးလေ၊ သူတို့ကို လူတွေက အမုန်းတရားတွေသာ ပွားကြတာပါပဲ”

“သူတို့ဟာ ကြောက်တော့ မကြောက်ဘူး။ ဒူးတုန်နေတာပဲပေါ့”

x x x

ဆင်ကို ရှိခိုး၊ စစ်ကို ဗဟိုပြုထားသူများက အင်္ဂါသားသမီးတွေကို ကျဆုံးစေချင်သတဲ့။

အလံဟောင်းကို မီးရှို့မြေမြှုပ်လိုက်သတဲ့။

ဗုဒ္ဓလက်ထက်က ကြားဖူးပါသည်။

သင်္ကန်းပိုနေရင်။ လိုနေသူကို ပေးသည်။ ထိုသင်္ကန်းစုတ်လျှင် ရေလဲလုပ်သည်။ ရေလဲလုပ်လို့ မသင့်လျှင် ခြေသုတ်လုပ်သည်။

ခြေသုတ်လုပ်ဖို့မသင့်လျှင် နုတ်နုတ်စဉ်းကာ ပြာနဲ့ရောပြီး အကာတွေကို လိမ်းကျန်သတဲ့။ ဘာကိုမှ မဖြုန်းပါ။

အလံကိုမီးရှို့လို့ကော သူတို့တတွေ အလောင်းတွေ မဖြစ်ဘူးလား။ မြေမြှုပ်လို့ကော သေချိန်တန် သေရမှာပါ။ သွားချိန်တန်လျှင်

သွားရမှာပါ။ အလံပြောင်းပြီး အလောင်းပြန်မှာ မလွဲနိုင်ပါဘူး။ ။

ရှမ်းပြည်မြောက်ပိုင်းတွင် H1N1 ၀က်တုတ်ကွေး ဖြစ်ပွားဟု ဆို

မိုးမခအထောက်တော် ၀၀၃

အောက်တိုဘာ ၂၃၊ ၂၀၁၀

ယမန်နေ့က သိရှိရသည့် သတင်းတခုတွင် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးဆေးရုံကြီးက ဆရာဝန်ကြီးကိုယ်တိုင် H1N1


တုတ်ကွေးဖြစ်နေပြီး၊ ဆေးရုံရှိ ဆရာဝန်များ၊ သူနာပြုများကိုပါ ကူးစက်နေသည်ဟု ဆိုသည်။ ရှမ်းပြည်မြောက်ပိုင်း ဒေသအချို့တွင် တုတ်ကွေးဖြစ်
ဖျားနာမှုများ ဖြစ်ပွားလျက်ရှိရာ ၀က်တုတ်ကွေးဟု အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း ယခု လားရှိုးဆေးရုံကြီးတွင် ဖြစ်ပွားနေသည့်
တုတ်ကွေးမှာ ၀က်တုတ်ကွေးဖြစ်သည်ဟု ဆိုသည်။ လက်ရှိသတင်းများအရ ဆေးကုသမှုများ ပြုလုပ်နေပြီ ဖြစ်သော်လည်း
တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

http://moemaka.com/

ဗေဒင်ကိန်းခန်းအရယတြာချေပြီး အလံသစ်တင်ပွဲကျင်းပ

ဆူးပန်း၊ ကောင်းဝါ
သီတင်းကျွတ်လပြည့်။အောက်တိုဘာ ၂၃၊၂၀၁၀။
ဆူးပန်း(အောက်တိုဘာ-၂၃)။ ။ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးစီးခြင်း မရှိသေးသော်လည်း
စစ်အစိုးရကနေ နိုင်ငံတော်အလံဟောင်းကိုဖြုတ်ချ ကာ ဗေဒင်ကိန်းခန်းအရ
အလံသစ်တင်ပွဲအခန်းအနားကို အောက်တိုဘာ(၂၁)ရက် မွန်းလွှဲ(၃)နာရီအချိန်
နိုင်ငံတစ်ဝှမ်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အလားတူ
ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့မှာလဲ အလံသစ်တင်ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါနိုင်ငံတော်အလံသစ်တင်ပွဲအခန်းအနားကိုတက်ရောက်ခဲ့သူ
မြို့ခံတစ်ဦးကိုဆက်သွယ် မေးမြန်းရာတွင်အခုလိုပြောပါသည်။

"သူတို့သတ်မှတ်ထားတဲ့အချိန်အတိုင်းဘဲ။ ဗမာ(၃)နာရီထိုင်း(၃)နာရီခွဲတိတိဘဲ။
သူတို့လုပ်တာကအခန်းအနား ကြီးကမြို့နယ်ရုံးမှာလုပ်တယ်လေ။ စစ်တပ်ကရယ်
မြို့နယ်အာဏာပိုင်တွေရယ် ဝန်ထမ်းတွေစုစုပေါင်း(၁ဝဝ) လောက်တက်တယ်။
အဲဒီအလံဟောင်းကိုအင်္ဂါသား ဒုရဲအုပ်ဇော်ဦးချပြီးတော့ ဗုဒ္ဓွဟူးသား ဒုရဲအုပ်ဝင်းနိုင်ဦးက
တင်တယ်လေ။ သူ့တို့ကိုညွှန်ကြားထားတဲ့အစီအစဉ်မှာကိုကပါတယ်လေ။
အဟောင်းကိုမီးရှူံ့ပြီး မြေမြုပ်ရမယ် ဆိုတာက လူရှေ့တွေမှာလုပ်တာမတွေ့ရဘူး။
နောက်ကွယ်မှာလုပ်မယ်လို့ ယူဆတယ်ခင်ဗျာ့။"

နိုင်ငံတော်အလံသစ်တင်ပွဲအခန်းအနား အစီအရင်များသည် ဗေဒင်ကိန်းခန်းကိုမှီပြီး လုပ်ဆောင်ခဲ့သည် ဟုလည်းပြည်သူများအကြား


ပြောဆိုမှုတွေရှိခဲ့ပါသည်။ ဤဖြစ်စဉ်နဲ့ပက်သက်ပြီး နိုင်ငံကျော်နက္ခတ်ဗေဒင် ပညာရှင် တစ်ဦးဖြစ်သည့် ဆရာစံဇာဏီဗိုလ်ကို
ဆက်သွယ်မေးမြန်းခဲ့ရာတွင် အခုလိုသုံးသပ်ပြောဆိုခဲ့သည်။

"ဗေဒင်ကိန်းခန်းအရကတော့ ဒီနေ့ရက်ရာဇာကျတဲ့နေ့ဘဲလေ။ ဒီနေ့က(၂၁)ရက်နေ့ဒီအောက်တိုဘာမှာ တနင်္ဂနွေဂြိုဟ်ရယ် ဗုဒ္ဓွဟူးဂြိုဟ်ရယ်


သောကြာဂြိုဟ်ရယ်(၃)ခုပေါင်းထားတယ်လေ။ (၃)ခုပေါင်းထားပြီးတော့ ဒီ တူရာသီမှာတည်ရှိနေတဲ့အနေအထားရှိတယ်လေ။ ဒီနေ့ကိုတော့
သူတို့ကတော့ အပြောင်းအလဲတစ်ခုခုအတွက် ဒီ နေ့ရဲ့ဇာတာမှာ အင်္ဂါကအောက်ရတယ်။ ကြာသာပတေးအောက်ရတယ်။
သောကြာအောက်ရတယ်။ ဒါကတော့ အပြောင်းအလဲတစ်ခုခုအတွက် သူတို့စီစဉ်တဲ့သဘောပါဘဲ။ ဒီနိုင်ငံမှာတော့ နိုင်ငံအတွက်တော့
ကျွန်တော်တို့ မပြောတတ်ဘူးဗျ။ ဒီနေ့ကတော့ရက်ရာဇာဆိုတော့ ဒီနေ့လုပ်တဲ့ကိစ္စဟာ ကောင်းရင်လည်း အရမ်းကောင်း သွားနိုင်တယ်။
ဆိုးရင်လည်းအရမ်းဆိုးသွားနိုင်တဲ့ တုန့်ပြန်မှုတွေရှိတယ်လေ။ ဒါပေမဲ့ ပညာရှင်တစ်ယောက်က ဒီအချိန်ကိုသူတို့ပေးထားတာကတော့
ဘယ်သဘောနဲ့သူတို့ကိုဆောင်ပြီး ပေးထားတာလဲဆိုတာ ကျွန်တော်တို့ နားမလည်ပါဘူး။"

နိုင်ငံတော်အလံသစ်ကိုတင်ရာ၌ ယတြာကိန်းခန်းအရလုပ်ဆောင်နေသည်ဟု နက္ခဗေဒပညာရှင် အသိုင်း အဝိုင်းကနေ


သုံးသပ်ပြောဆိုမှုတွေလည်းရှိနေပါသည်။ နိုင်ငံတော်အလံသစ်တွင် အဝါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင်ခြယ်ထားပြီး အလယ်ဗဟိုတွင်
အဖြူရောင်ကြယ်ကြီးတလုံးပါရှိသည်။

အခုအသုံးပြုမည့်အလံသစ်သည် အင်္ဂလိပ်ခေတ်နှောင်းပိုင်း(၁၉၄၃-၁၉၄၅)ခုနှစ်တွေမှာအသုံးပြုခဲ့သည့် ဒို့ဗမာအစည်းအရုံး၏ သုံးရောင်ချယ်အလံ


ကို အခြေခံပြီး ကဒေါင်းနေရာ၌ ကြယ်ဖြူကိုအစားထိုးကာ နိုင်ငံတော်အလံအသစ်အဖြစ် အသုံးပြုခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

(၂ဝဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေး


စတင်ကျင်းပမည့်နေ့မှစ၍ အာဏာတည်မည်ဟုဆိုထားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အလံသစ်ကိုလည်း ၄င်းနေ့မှစ၍စတင်ပြောင်းလဲ အသုံးပြုရမည်ဟု ပြဌာန်းချက်ရှိသော်လည်း ယခုလို


ရွေးကောက်ပွဲမကျင်းပခင်မှာ နိုင်ငံတော်အလံဟောင်းကိုဖြုတ်ချပြီး အလံအသစ်ကိုပြောင်းလဲ အသုံးပြုနေခြင်း သည်
မိမိစိတ်ကြိုက်ရေးဆွဲထားသောအခြေခံဥပဒေကို မိမိပြန်လည်ချိုးဖေါက်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင်များမှ
သုံးသပ်မှုတွေလဲရှိနေပါသည်။

http://www.kaowao.org/

မန္တလေးတိုင်းအတွင်း မုန်တိုင်း မိုးသည်းထန်

2010-10-23

ဘင်္ဂလားပင်လယ်ကနေ ရခိုင်ပြည်နယ်ကို ဖြတ်ကျော် တိုက်ခိုက်လာတဲ့ ဂီရိ ဆိုင်ကလုံး မုန်တိုင်းဟာ ဒီကနေ့ မန္တလေးတိုင်းအတွင်း ဖြတ်သန်း
ဝင်ရောက်နေတာကြောင့် ကျောက်ပန်းတောင်းမြို့မှာ သစ်ပင်၊ ဓာတ်တိုင်တွေ ပြိုလဲကုန်တဲ့အပြင် မိုး အများအပြား ရွာနေပြီး
တခြားမြို့တွေမှာတော့ လေမပြင်းထန်တော့ပဲ မိုးအဆက်မပြတ် ရွာနေတယ်လို့ သိရပါတယ်။

(Photo: RFA Listener)

မိုးအဆက်မပြတ် ရွာသွန်းကာ အောက်တိုဘာ လဆန်းပိုင်းတွင် ဆည်ရေမထိန်းနိုင်တော့ပဲ ဖောက်လွှတ်ပစ်လိုက်၍ မန္တလေးတိုင်း


အချို့ဒေသများတွင် ရေလျှံနေပုံ ဖြစ်ပါသည်။ (Photo: RFA Listener)

အဆင့် (၂) သတ်မှတ်ထားတဲ့ ဂီရိ ဆိုင်ကလုံးမုန်တိုင်းဟာ မနေ့ညက ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ပြီး အားပျော့သွားပေမဲ့ ပျက်ပျယ်မသွားဘဲ
တနာရီ ၃၅ မိုင်နှုန်းလောက်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း အတွင်းကို ဒီကနေ့ မနက်စောစော ၅ နာရီကတည်းက စတင်
ဝင်ရောက်နေတယ်လို့ မိုးလေသဝ ခန့်မှန်းချက်တွေအရ သိရပါတယ်။

ဒီနေ့ ညနေ ၂ နာရီလောက်အထိ မုန်တိုင်းဖြတ်သွားတဲ့ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့က အခြေအနေကို အာရ်အက်ဖ်အေက ဆက်သွယ်


မေးမြန်းကြည့်တဲ့အခါ မြို့ခံတယောက်က အခုလို ပြောပါတယ်။
“လေက ငြိမ်သွားပြီးတော့ မိုးကတော့ မတရား သည်းနေတာ အခုအနေအထားပေါ့၊ မနက် တနာရီလောက်ကနေ စပြီးတော့ မုန်တိုင်း စပြီး
တိုက်တာပေါ့လေ။ ၉ နာရီလောက်အထိ မုန်တိုင်းတိုက်တုန်းပေါ့လေ။ အပျက်အစီးကတော့ ဓာတ်တိုင်တွေ လဲတယ်၊ ဖုံးကြိုးတွေ ဖုံးတိုင်တွေ
လဲတယ်။ သစ်ပင်ကြီးတွေ လဲတယ်။ တမြို့လုံး ဖြစ်နေတာဗျ။ လူအသေအပျောက် မရှိပါဘူး၊ အခုအချိန်အထိ ရွာနေတုန်း မိုးကတော့။ မီးတွေ
ဘာတွေလည်း ပြတ်သွားတယ်၊ တယ်လီဖုံးတွေလည်း ပြတ်သွားတယ် ကြိုး တယ်လီဖုံးတွေပေါ့•

စဥ့်ကူးနဲ့ မိတ္ထီလာမြို့မှာတော့ လေတိုက်အား နည်းပေမဲ့ မိုးကတော့ အဆက်မပြတ် ရွာနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ညနေ ၃
နာရီလောက်မှာ မန္တလေးမြို့ရောက် မုန်တိုင်းအခြေအနေနဲ့ ပတ်သက်လို့ မြို့ခံတယောက်က အခုလို ပြောပြပါတယ်။

“မနက်ပိုင်းက မထူးခြားဘူး။ မိုး တအားရွာတာပဲ ရှိတာ။ လေက အခုမှ ထန်လာတယ်။ မနက် မိုးမလင်းခင် လေးငါးနာရီ ကတည်းက ရွာနေတာ
အခုအချိန်အထိ မတိတ်သေးဘူး။ ရပ်ကွက်တွေထဲမှာ မိုးရွာလို့ မိုးရေဝင်တဲ့ အနေအထားတွေက အားလုံး တပြေးညီ ဖြစ်နေတာ”

လွန်ခဲ့တဲ့ သီတင်းပတ်ကလည်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် မန္တလေးတိုင်းအတွင်းက ဆည်တွေ ရေ မထိန်းသိမ်းနိုင်တော့ဘဲ


ဖောက်ချလိုက်တဲ့အတွက် ဒေသခံ အမြောက်အမြား ရေဘေးသင့်ပြီး ဒုက္ခ ရောက်ခဲ့ကြရပါတယ်။ ဒီမုန်တိုင်းကြောင့်ဒုက္ခသည်တွေကိုအဓမ္မ
ပြန်ပို့မည်မဟုတ်

2010-10-23

စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို မြန်မာပြည်ဘက် ပြန်ပို့မယ်ဆိုပြီး သတင်းတွေ


ထွက်နေချိန်မှာ အောက်တိုဘာလ (၂၂) ရက်နေ့က ထိုင်း နိုင်ငံခြားရေးဝန်ကြီး ခဆစ်ဖိရုမ်း ဟာ မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်းကို
သွားရောက် လည်ပတ်ပြီး စခန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ဒုက္ခသည်တွေကို အဓမ္မ ပြန်ပို့မှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။

မယ်လ ဒုက္ခသည်စခန်း တာဝန်ခံ စောထွန်းထွန်းကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။ နောက်ထပ် အခုလို


မိုးအဆက်မပြတ်ရွာရင် အလားတူ အန္တရာယ်မျိုး ရင်ဆိုင် ရနိုင်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်က မုန်တိုင်း နောက်ဆက်တွဲ အခြေအနေ

2010-10-23

ကျောက်ဖြူမြို့နယ်အတွင်း မနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြို့ပေါ်မှာ လူတဦး သေဆုံးခဲ့သလို မြို့နယ်တွင်း
ပျက်စီးမှု အများအပြား ရှိခဲ့ပြီး အရေးပေါ် ကူညီမှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်တွင်းမှာ ကူညီမှုတွေ ပေးနေတဲ့ ကိုသီဟကို အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့်က


ဆက်သွယ်မေးမြန်းထားပါတယ်။
ဂီရိ မုန်တိုင်းကြောင့် စစ်တွေမြို့မှာတော့ သစ်ပင်တချို့ ပြိုလဲတာတွေရှိပြီး တယ်လီဖုန်းလိုင်းတွေ ခေတ္တ ပြတ်တောက်သွားခဲ့တယ်လို့
သိရပါတယ်။

စစ်တွေမြို့ပေါ်က ဒီကနေ့ အခြေအနေကို ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ခုလို ပြောပြပါတယ်။

“ကျနော်တို့ သိသလောက် လမ်းမကြီးဘက်မှာ အလက (၆) ရှေ့မှာ သစ်ပင်ကြီးတွေ နည်းနည်းလေး ပြိုလဲတာတော့ ရှိပါတယ်။ နောက်
ဆရာတော် ဦးဥတ္တမ နေခဲ့တဲ့ ရွှေဇာလီကျောင်းရှေ့က ညောင်ပင်ကြီးတပင် ပြိုပါတယ်။ ကျနော်က ကမ်းနားမှာ နေတဲ့သူပါ။ လေက စစ်တွေမြို့ရဲ့
မြောက်ဘက်က တိုက်တာ။ ပင်လယ်ကို ပြောင်းပြန် ပင်လယ်ဘက်ကို လေတိုက်တာကိုး။ အဲဒီလေကြောင့်ပဲ ထင်ပါတယ်။ လှိုင်းတို့ဘာတို့
ရေတို့က လေအားနဲ့ပဲ သိပ်မတက်ဘူး။ သူတို့ မှန်းတဲ့ ဆယ်ပေတို့ဘာတို့လောက် မရှိဘူး။ ရေက ပုံမှန်ပဲ Sea Level ထက် နည်းနည်းလေးပဲ
များမှာပေါ့။ ကျနော်တို့ ဖုန်းတောင်မှ ခုမှ နည်းနည်းလေး ပြန်ကောင်းတာ။ CDMA ဖုန်းတွေကတော့ ဘာကြောင့်မှန်း မသိဘူး လောလောဆယ်
လုံးဝ သုံးမရဘူး”

ဂီရိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်ဖြူမြို့မှာ အပျက်အစီးတချို့ ရှိခဲ့ပေမယ့် လူအသေအပျောက် ရှိ မရှိ ဆိုတာကို ခုချိန်ထိ
ဆက်သွယ်စုံစမ်းလို့ မရသေးပါဘူး။

ရခိုင်ပြည်နယ်အတွင်း ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ အခြေအနေတွေ ပိုသိရအောင် သံတွဲမြို့ကို RFA က ဆက်သွယ် မေးမြန်းရာမှာ မြို့ခံတဦးက
အခုလို ပြောပြပါတယ်။

“သံတွဲမှာ မိုးကတော့ အများကြီး ရွာတယ်။ လေကတော့ တနာရီ ၁၅ မိုင်လောက်ပဲ တိုက်တယ်ထင်တယ်။ မုန်တိုင်းက ခနခန
ကြေညာထားတော့လေ အသိပေးနေတော့ ငါးလှေတွေ စက်လှေတွေတော့ မထွက်ပါဘူး။ ကျောက်ဖြူမြို့က အခြေအနေကတော့ သတင်း
အတိအကျ မရသေးပါဘူး။ လေမုန်တိုင်း ဝင်တိုက်သွားတယ်လို့ ကြားပါတယ်”

သံတွဲမြို့ခံတဦး ပြောသွားတာပါ။
NLD ဗဟိုအဖွဲ့ ကလေးမြို့မှာ တင်ပြဆွေးနွေးနေ

2010-10-23

ချင်းပြည်နယ်ကို စည်းရုံးရေးခရီးထွက် နေတဲ့ NLD ဗဟိုအဖွဲ့ ဟာ ဒီကနေ့ ကလေးမြို့မှာ ရောက်ရှိနေပြီး ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံမှာ
ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပါတီက ပြင်ဆင်ထားတာတွေကို တင်ပြဆွေးနွေးနေ တယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့
ဥပဒေအကြံပေး ဦးအောင်သိန်းက ပြောပါတယ်။

(RFA Map)

ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)

ဆွေးနွေးပွဲကို ဒီကနေ့  ညနေပိုင်း ၃ နာရီက ဒေါက်တာသိန်းဝင်းရဲ့ နေအိမ်မှာ ကျင်းပခဲ့တာပါ။ ဆွေးနွေးပွဲကို ကလေး၊ ကလေးဝ၊ မင်းခင်း၊ တမူး
စတဲ့ ချင်းပြည်နယ် လေးမြို့နယ်က NLD ပါတီဝင်တွေ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ NLD ပါတီအနေနဲ့ နယ်လှည့်စည်းရုံးရေး ခရီးစဉ်တွေ
ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး ဦးအောင်သိန်းက အခုလို ပြောပါတယ်။

“ပြည်နယ်နဲ့ တိုင်းတွေကို ကျနော်တို့ ဒီက လူကြီးတွေ လွှတ်ပြီးတော့ NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပါ၊ ထိတွေ့မှုတွေ လုပ်ပါ၊
စုစည်းမှုတွေ လုပ်ထားပါ ဆိုတာ အဟောသိကံ အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ လူပင်ပမ်းခံ အန္တရာယ်ကြားထဲက နေပြီးတော့ အကြောင်းမဲ့
လုပ်ခိုင်းနေတာ မဟုတ်ပါဘူး။ အဓိပ္ပါယ်ရှိတဲ့ အဓိပ္ပါယ် အသွင်ဆောင်နိုင်တဲ့ အရေးကိစ္စတွေ ပေါ်ပေါက်လာတဲ့အခါမှာ ကိုယ့် NLD အဖွဲ့ဝင်တွေနဲ့
စုစုစည်းစည်းနဲ့ လုပ်ဆောင်သွားကြဖို့အတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေဖို့၊ ခတ်ကွင်း ပြင်ဆင်ထားကြဖို့ ဆိုတဲ သဘောထားတွေကို
ချပြပြီးတော့ ဆွေးနွေးပြောဆိုနေတာ ဖြစ်ပါတယ်”

ချင်းပြည်နယ် စည်းရုံးရေး ခရီးစဉ်ကို မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ ဦးအောင်သိန်းတို့ ဦးဆောင်ပြီး လူငယ်အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့


သိရပါတယ်။

တောင်သူလယ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်ပေးဖို့ တောင်းဆို

2010-10-23

ခရမ်းမြို့နယ်အတွင်းက တောင်သူ လယ်သမား တရာကျော်ဟာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး တောင်သူလယ်သမား သမဂ္ဂ


ဖွဲ့စည်းခွင့် ပေးဖို့နဲ့ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုလိုက်ကြတယ်လို့ သိရပါတယ်။

(Photo: AFP)
လယ်သမားတဦး ကဋ္ဋဲတရဉြ်ူးဖင့် လယ်ထန်ြနေပုံဖစ်ပသည်။ (Photo: AFP)

ခရမ်းမြှို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်စည်း အဖွဲ့ဝင် ဦးမြအေး နေအိမ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၉ နာရီမှာ
တွေ့ဆုံကြပြီးနောက် အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တောင်သူလယ်သမားသမဂ္ဂ ပေါ်ပေါက်ရေးအတွက် လှုပ်ရှား ဆောင်ရွက်နေတဲ့ တာဝန်ခံ ကိုမင်းသိန်းက အာအက်ဖ်အေကို အခုလို


ပြောပါတယ်။

“မြေလွတ် မြေရိုင်းများ၊ အဲ့ဒီဥစ္စာတွေကို တကယ့် အနစ်နာခံထားရတဲ့ တောင်သူလယ်သမားများ၊ အဲ့ဒါကို ပြန်ပေးဖို့ရယ်၊ နောက်တချက်


တောင်သူလယ်သမား သမဂ္ဂ ပေါ်ပေါက်ရေးပေါ့နော်။ တောင်ယာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲ ရှိတဲ့အတွက် ကျနော်တို့က
တောင်သူလယ်သမား သမဂ္ဂက ပေါ်ပေါက်မှ ဖြစ်မယ် မပေါ်ပေါက်လို့မရဘူး၊ အဲ့ဒါကို တောင်းဆိုတာ”

ဒီ တောင်းဆိုချက်တွေကို ဗိုလ်ချူပ်မှူးကြီး သန်းရွှေ အပါအဝင် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြမယ့် ပါတီတွေကို ပေးပို့သွားမှာ ဖြစ်သလို
ရွေးကောက်ပွဲပြီးနောက်ပိုင်း နောင်တက်လာမယ့် အစိုးရသစ် တရပ်အနေနဲ့ တောင်သူလယ်သမားတွေရဲ့ ကိစ္စတွေကို ဖြေရှင်းပေးဖို့
တောင်းဆိုလိုက်တာလည်း ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ခရမ်းမြို့နယ်အတွင်း သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧကပေါင်း သုံးရာကျော် ရှိနေပြီး မူလ လယ်ပိုင်ရှင်တွေနဲ့ လယ်လုပ်ကိုင်သူတွေ


နစ်နာနေကြရတဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ်လို့လည်း ကိုမင်းသိန်းက ဆက်ပြောပါတယ်။

“အနှစ် ၂၀ ရှိပြီ၊ လယ်သမားကြီး ဦးလှထွန်း ဆိုရင်။ သူ့လယ်ကို သိမ်းပြီးတော့ သူ့ကို သီးစားပြန်ချတယ်။ အဲ့ဒါမျိုးတွေလည်း အများကြီး ရှိတယ်၊
အားလုံး ၃၅၀ ကျော်မယ်။ စားကျက်မြေတွေ ဆိုပြီးတော့ သူတို့က ပြန်ယူထားတာ။ အဲဒါကို ကိုးခရိုင် စိမ်းလန်းစိုပြေရေး ဘာညာ ဆိုပြီး ဒီ မယက
တို့ ဘာတို့ပေါ့၊ အကုန်လုံး သူတို့ယူပြီးတော့ သူတို့ရဲ့ နီးစပ်ရာကို သီးစား ပြန်ချတယ်။ အခု လက်ရှိအထိ သူတို့ ယူထားသေးတယ်။
မြေစာရင်းပိုင်မြေတို့၊ ရဲပိုင်မြေတို့၊ သူတို့ လယ်ပိုင်တွေ ဆိုပြီးတော့။ အဲ့ဒီတော့ ဒီ အသိမ်းခံရတဲ့ လယ်သမားတွေရယ်၊ လယ်လုပ်ငန်းကို
ကျွမ်းကျင်စွာ လုပ်ကိုင်နေတဲ့ အလုပ်သမားက နာတာပေါ့ဗျ။ အဲ့ဒါတွေကိုလည်း မည်သည့်ပါတီကမှ ဒါတွေကို လုပ်ပေးမယ်ဆိုတာ
မပါသေးဘူးဗျ။ မပါတော့ ဒါတွေကို ကျနော်တို့က လုပ်ပေးပါလို့ နောက်အစိုးရကို တောင်းဆိုတာ”

လယ်ယာမြေတွေ သိမ်းဆည်းခံထားရမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ လယ်သမားတွေနဲ့


ထပ်မံ တွေ့ဆုံကြဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ဂီရိ ဆိုက်ကလုန်းမုန်တိုင်း အားလျော့သွား
2010-10-23
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ၀င်ရောက်လာခဲ့တဲ့ ဂီရိ ဆိုက်ကလုန်းမုန်တိုင်းရဲ့ အလားအလာ အနေအထားနဲ့ ပတ်သက်ပြီး အငြိမ်းစား
မိုးလေ၀သဌာန ညွှန်ကြားရေးမှူး ဦးထွန်းလွင်ကို ကိုကျော်ကျော်အောင်က သောကြာနေ့ ည (၁၀) နာရီခွဲက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ရန်ကုန် ပုစွန်တောင်မြို့နယ်ရှိစင်ကာပူကျောင်းတိုက် အနီးတွင် ရွေးကောက်ပွဲ သပိတ်မှောက်ရန် သံဃာနှင့် လူပရိသတ်စုဝေးလျက်


ရှိ////ရွှေတိဂုံခြေရင်းပတ်လည်တွင် လုံထိန်းတပ်ဖွဲ့ဝင်များ နေရယူထားကာ နံနက်ပိုင်းကရွှေတိဂုံဘုရားအနီးရောက်ရှိနေ သော သံဃာ ၂ ပါးကို
ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

You might also like