You are on page 1of 50

မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ မြတ်ခိုင်နှင့် နအဖအာဘော်များရေးသော ငါးမင်းဆွေတို့ ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်အောင် လုပ်ကြံကြပြီ။

ယနေ့ မနက်တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၄င်း (ငါးမင်းဆွေ) ရေးသားခဲ့သော မော်နီတာ ဂျာနယ်ပါ
ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေးပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း
အော်ဟစ်တောင်းဆိုခဲ့ပါသည်။

ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။
ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့်
(အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၄င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။

ငါးမင်းဆွေမှ ၄င်းရေးသားခဲ့သော ဆောင်းပါးမိတ္တူများကို


ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား
လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ
သတင်းထောက်တစ်ဦးမှ ထိုမိတ္တူဆောင်းပါးကို
တောင်းရာ ပြည်ပ နိုင်ငံခြားသတင်းဌာနမှ ဆိုရင်
မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အကြောင်းစုံအား
ဆက်လက်စုံစမ်းရာ ငါးမင်းဆွေ ရေးသားသော
ဆောင်းပါးခေါင်းစဉ်တွင် ဒေါ်စုကြည်ဟု
သုံးနှုံးထားသည်ကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက
မကျေနပ်ကြကြောင်း၊ ပြည်သူများမှလည်း
မကျေနပ်ကြကြောင်း သိရပါသည်။

အဲ့ဒီနောက်

ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရုံးအဖွဲ့မှုး ဦးဝင်းထိန်မှ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။ ဦးဝင်းထိန်မှ ဒေါ်စုကြည်ဆိုသည့် အသုံးအနှုံးအား ပြောင်းလဲရေးသားရန်၊ ၄င်းတို့
အဖွဲ့ချုပ်ခေါင်းဆောင်အား ယင်းကဲ့သို့ ခေါ်ဆိုခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း၊ နအဖစစ်အစိုးရအကြိုက် ရေးသားနေသောသူနှင့် ၄င်းတို့၏ ခေါင်းဆောင်အား ပေးမတွေ့နိုင်ကြောင်း၊
ဦးဝင်းထိန်မှ ၄င်းထောင်ကျနေစဉ်အတွင်း ငါးမင်းဆွေ ရေးသားသော ဆောင်းပါးများတွင် နအဖကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မကောင်းကြောင်းများ လုပ်ကြံရေးသားထားသည်ကို ဖတ်ရကြောင်း ပြောဆိုခဲ့ပါသည်။

ထိုသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်နှင့် ငါးမင်းဆွေတို့ တွေ့ဆုံရှင်းလင်းနေကြသည်ကို မြတ်ခိုင်၏သား ဇေယျာမြတ်ခိုင်နှင့် လျှပ်တပြက်အဖွဲ့သားများမှ


ဗီဒီယိုနှင့်ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့ခဲ့ရပါသည်။
ပြီးခဲ့သည့်
တစ်ပတ်မှ
စတင်၍

ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံနှင့် သတင်းများကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်ဂျာနယ်များ အပိတ်ခံရအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို


လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ။ သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၄င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက်
သတင်းယူနေသည်ကို တွေ့ရပါသည်။

အကြောင်းအရင်းကို စုံစမ်းကြည့်ရာ သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) မှ ထောက်လှမ်းရေးနှင့် သတင်းတပ်ဖွဲ့မှ ရဲထောက်လှမ်းရေးများအား ဒေါ်အောင်ဆန်းစုကြည် သတင်းယူခြင်း၊


ဓါတ်ပုံရိုက်ခြင်း လုပ်ရမည် သို့ သော် အနှောင့်အယှက်မပေးရဟု ညွှန်ကြားပြောဆိုထားသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းသို့ ၀င်ရောက်သတင်းယူ၍ မရသောကြောင့်
မြတ်ခိုင်နှင့် သူ့သား ဇေယျာမြတ်ခိုင်တို့အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ ငွေကြေးနှင့် အခွင့်အရေးများပေး၍ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းသတင်းများ
ယူခိုင်းထားကြောင်းသိရပါသည်။

မြတ်ခိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေနေသော မော်နီတာဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို ကြီးမားစွာ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့သော်လည်း ထုတ်ဝေမှု
ယာယီရပ်ဆိုင်းခံရသော ဂျာနယ် ၉ စောင်တွင် မပါဝင်ခဲ့ပေ။ သို့သော် လူအများပြောဆိုစရာဖြစ်မည်ဆိုသဖြင့် ၄င်း၏ ဂျာနယ်တစ်စောင်ဖြစ်သော လျှပ်တပြက်ဂျာနယ်ကို ထုတ်ဝေမှု
ယာယီရပ်ဆိုင်းခံရသည်ဟု သတင်းလွှင့်ခဲ့ပါသည်။

ဟံသာဝတီ
ဦးဝင်းတင်
ရေးသားသော
(ဘာလဲဟဲ့
လူ့ငရဲ)
စာအုပ်ပါ

ထောင်တွင်းအကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ရေးသားထားသည်ကို တန်ပြန်သောအားဖြင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မြတ်ခိုင်အား ၄င်း၏ဂျာနယ်တွင်


မြန်မာပြည်မှ ထောင်များမှာ လွန်စွာကောင်းကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာရှိမှုကြောင့် ထောင်ကျအကျဉ်းသားများမှာ ကောင်းမွန်စွာနေရကြောင်း ရေးသားခိုင်းမှုကို အလွန်အကျွံ
ကူညီရေးသားပေးခဲ့သော ဂျာနယ်လစ်ဆိုးတစ်ယောက် ဖြစ်ပါသောကြောင့် မြတ်ခိုင်နှင့် သူ၏အဖွဲ့သားများ၊ ငါးမင်းဆွေတို့ကဲ့သို့သော သူများအား သတိကြီးမားစွာနှင့် ရှောင်ရှားကြပါလို့
အသိ ပေးတင်ပြလိုက်ပါတယ်။

(မြန်မာပြည်သားတစ်ဦး)။

မျှဝေပေးပို့ပေးတဲ့ ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်..

Posted by ဒီမိုဝေယံ at Thursday, November 25, 2010


http://www.demowaiyan.co.cc/2010/11/blog-post_25.html
သားနစ်ဦးနှင့်သူ့အမေ

Thursday, November 25, 2010


http://www.irrawaddyblog.com/

အကြီးကတော့ Alexander Aris ခေါ် မြင့်ဆန်းအောင်ပါ။သားအကြီးကတော့ သူ့ အဖေလို Academic တယောက်ပါပဲ။ အရင်က ကနေဒါက တက္ကသိုလ်တခုမှာ ဆရာလုပ်တယ်လို့ 
အင်တာဗျူးတခုမှာ ဖတ်ဖူးပါတယ်။ အခုတော့ အမေရိကားမှာ ရောက်နေတယ်လို့  ကြားပါတယ်။

ကိုထိန်လင်းလက်သမားလုပ်တယ်လ.ို ကြားရပါတယ်။သူလူငယ်ဘဝကိုဖြတ်သန်းလာရတဲ့အချိန်မှာ အဖေဆုံးအမေက အနားမှာ ကောင်းကောင်း မပံ့ပိုးနိုင်တော့ ဒီလို မျိုးရိုးက ဒီလို


ဘဝရောက်ရတယ်ဆိုတာ တကယ်စိတ်မကောင်းပါဘူး

ဒါတွေကို ကြည့် ရင် အမေစုရခဲ့တဲ့ ငွေကြေးတွေကို သူ.မိသားစုအတွက် မသုံးခဲ့ဘူး တိုင်းပြည်အတွက် သုံးခဲ့တယ် သုံးဖိ.ု စုထားခဲ့တယ်ဆိုတာ နှစ်ခါစဉ်းစားစရာမလိုပါဘူး
နိုင်ငံငွေကိုသုံးပြီး ကိုယ့်ကိုကိုယ်မြင့်လှပြီလ.ို ထင်နေတဲ့သူတွေန.ဲ ယှဉ်ရင် သူလုပ်တဲ့ လက်သမားအလုပ်လေးက ဘယ်လောက်ဂုဏ်ယူစရာကောင်းတယ်ဆိုတာ ရှင်းရှင်းလေးမြင်ရပါတယ်

တိုက်ခိုက်တာမဟုတ်ပါဘူး ယှဉ်ပြတာပါ ယှဉ်ပြရင်တော့ ကွဲလွဲချက်တွေကတော့ ထင်းနေမှာပါပဲ။

ကိုထိန်လင်းကိုလည်း အထူးပဲလေးစားမိပါတယ်... အမေကိုဘယ်လို စိတ်ချမ်းသာအောင် လုပ်ပေးမယ်ဆိုတဲ့စိတ်က မွန်မြတ်ပါတယ်... သူတို့ခမျာ


အမေနဲ့ဘယ်လောက်နေချင်ရှာလိမ့်မလဲ... သူတို့ကလည်း မြန်မာပြည်အတွက် အမေနဲ့ရင်းထားရတာပါ... ဒီလောက်အနစ်နာခံပေးဆပ်နေတဲ့ ဗိုလ်ချုပ်တို့မိသားစုကို
ကာကွယ်မပေးနိုင်တာကို စဉ်းစားမိရင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ အရမ်းရှက်မိပါတယ်... အမေစုကိုလည်း ဘာလုပ်ပေးပါ ညာလုပ်ပေးပါဆိုပြီး မတောင်းဆိုရက်တော့ပါဘူး...
သားတွေနဲ့အတူ အမေ့ရဲ့ကျန်နေတဲ့ ဘဝအစိတ်အပိုင်းကို အေးချမ်းစွာနဲ့ပဲဖြတ်သန်းပါတော့အမေ... အမေ့အတွက်က သိပ်ကိုမတရားရာကျနေပါပြီ...

အမေ့ကိုကျေးဇူးတင်နေမှာပါ... အမေ့ရဲ့စေတနာစကားတွေဆိုတာ နားထောင်လို့ကိုမဝပါဘူးအမေ... ဘာဖြစ်လို့လဲဆို သားတို့တစ်သက် ဒီလိုစကားတွေမကြားဖူးခဲ့လို့ပါ...


အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ အမှောင်ကမ္ဘာမှာ အမေ့စကားတွေက နေလိုလလို အလင်းရောင်ပေးပါတယ်... အသိဥာဏ်လဲပွင့်လင်းရပါတယ်...
ဒီလိုဆုံးမစကားလေးတွေတော့ အမေဘယ်နေရာရောက်ရောက် အမြဲတမ်း ကြားပါရစေအမေ...

အမေ့ဘဝ ရှေ့ဆက်အေးချမ်းပါစေ... လုံခြုံပါစေ... အမေ့ရဲ့ဘုန်းတန်ခိုး နေလိုလလို ထွန်းတောက်ပါစေ...

TRUE-MMCP

http://www.yeyintnge.com/2010/11/blog-post_9738.html

ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲဝင်ပါတီ ခေါင်းဆောင်များ တွေ့ဆုံ

ရန်ပိုင် Thursday, 25 November 2010 18:01

User Rating: /1

Rate
Poor ●
Best

ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ခေါင်းဆောင်များ ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်တွင် တွေ့ဆုံ ဆွေးနွေးကြောင်း သိရ သည်။

ထိုသို့တွေ့ဆုံရာတွင် ခိုင်မာသည့် ဒီမိုကရေစီ နိုင်ငံအဖြစ် ပေါ်ထွန်းလာရန်


NLD ပါတီတခုတည်း လုပ်ဆောင်၍ မဖြစ်နိုင်ကြောင်း၊ဒီမိုကရေစီ
ကွန်ရက်အသွင်ဖြင့် နိုင်ငံရေးပါတီအားလုံး အတူလက်တွဲ
ဆောင်ရွက်ရမည်ဆိုသည့် အခြေခံပေါ်တွင် ဆွေးနွေးကြ ကြောင်း
NLD ပါတီ ဗဟို အလုပ်အမှုဆောင် တဦး ဖြစ်သူ ဦးအုန်းကြိုင်က
ပြောသည်။

“ဒီမိုကရေစီဆိုတာ အဓိကကတော့ ပြည်သူလူထုပဲ၊ အဲ့ဒီ


သဘောတရားတွေ ပြည့်ဝမှ ခိုင်မာတဲ့ ဒီမိုကရေစီ နိုင်ငံပေါ် လာမယ်”ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ၎င်းက ဆိုသည်။

လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု


နယ်ပယ်များမှ စတင်ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ ကြ ကြောင်း
ဦးအုန်းကြိုင်ကပြောပြသည်။

ဆွေးနွေးပွဲသို့ NLD ပါတီမှ ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး


ဒေါ်အောင်ဆန်းစုကြည်၊ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ် ၀င်း၊ ဦးအုန်းကြိုင်၊
ဗိုလ်ကြီး ၀င်းထိန်တို့ တက်ရောက်ပြီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ
NLD ( -) ဦးသုဝေ၊ အတွင်းရေးမှူး များဖြစ် သည့် ဒေါ်သန်းသန်းနု၊
ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေ၊ ဦးနေဖူးဘဆွေ တို့ ပါဝင်ကြောင်း
သိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ခေါင်းဆောင်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှုများကို သဘောတူကြောင်း၊ ရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်


ပြည်သူလူထု လက်ရှိဖြစ်ပေါ်ခံစားနေရသည့် အခက်အခဲ အနေအထားကို သဘော ပေါက်ကြောင်း ပြောသည်ဟု ဦးအုန်းကြိုင်က ဆက်လက်ပြောဆိုသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနုကလည်း“ပူးပေါင်းဆောင်ရွက်ရေးမှာ လွယ်ကူတဲ့နည်းလမ်းတွေက စဖို့ ဆွေးနွေးတယ်၊ ပြီးရင်ကျမတို့က ပါတီမှာ ချပြမယ်၊


ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ဆီကို အကြောင်းပြန်မယ်”ဟု ဆိုသည်

မြန်မာနိုင်ငံတွင် ပညာရေး၊ လူမှုရေးပိုင်းတွင် နိမ့်ကျနေသည့်အပြင် စာပေ၊ ယဉ်ကျေးမှုများ ပျောက်ကွယ်နေကြောင်း၊ ရှင်သန်စေ ရန် ပြန်လည် လုပ်ဆောင်ရေး ဆွေးနွေးကြောင်း၊
ထို့အပြင် လူငယ်များ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း ၎င်းကပြော သည်။

ရွေးကောက်ပွဲ မသမာမှုများနှင့် ပတ်သက်၍မူ အများသိပြီးသော ကိစ္စရပ်များ ဖြစ်၍ ပါတီနှစ်ရပ်စလုံး အနေဖြင့် အသေးစိတ် ဆွေး နွေးခြင်းမရှိဘဲ ယေဘုယျ အားဖြင့်သာ ဆွေးနွေးကြောင်း
ဒေါ်သန်းသန်းနုက ဆက်ပြောသည်။

မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးသည် နိုင်ငံရေးသမားများ အားလုံး၊ ပါတီများအားလုံး စုစည်းညီညွတ်ရမည်ဖြစ်သည် ကို သဘောတူကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်
အနေဖြင့် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်မည်နည်း ဆို သည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းကလည်း ဆိုသည်။

“အားလုံးက ၀ိုင်းဝန်းလုပ်ဆောင်ဖို့၊ အကြံဉာဏ်ပေးဖို့၊ နိုင်ငံရေးသမားတွေကို ပြည်သူတွေက အားကိုးတယ်ဆိုတဲ့ အကြောင်း လည်း ဆိုတယ်”ဟု ၎င်းကပြောသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လွှတ်တော် သုံးရပ်တွင် ၄၇ နေရာဝင်ရောက် ယှဉ်ပြိုင်ရာ ၃ နေရာသာ


အနိုင်ရရှိခဲ့သည်။
ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေတို့၏ ဖခင်များသည် တချိန်က မြန်မာ့လွတ်လပ်ရေးတွင် ဒေါ်အောင်ဆန်း စုကြည် ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ
ကြိုးပမ်းဆောင်ရွက်ခဲ့သူများ ဖြစ်သည်။ ထိုအမျိုးသမီး ၃ ဦးသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း စစ်အာဏာ မသိမ်းခင်အထိ
နိုင်ငံရေးလောကတွင် ၀န်ကြီးချုပ်၊ ဒု ၀န်ကြီးချုပ် လုပ်ခဲ့သည့် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့၏ သမီးများဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင် မီဒီယာများက“မင်းသမီး သုံးပါး”ဟု တင်စားဖော်ပြခဲ့သည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ရာတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)အပြင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ၊ ကိုတင်မောင်အေး၊ ၈၈


မျိုးဆက်ကျောင်းသားများ အင်အားစုမှ ကိုမြတ်စံ၊ ကိုတိုးကျော်လှိုင်၊ ကိုကျော်ထွေး တို့ လည်း လာရောက် ဆွေးနွေးကြ ကြောင်း သိရသည်။

ထာဝရနှင်းဆီအငြိမ့် ပြက်လုံးများ လူကြိုက်များ

နရီလင်းလက် Thursday, 25 November 2010 13:35

User Rating: /1

Rate
Poor ●
Best

မြန်မာပြည်တွင် လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ပြည်သူလူထု၏ နေ့စဉ်ဘဝကို ထင်ဟပ်စေသော ပြက်လုံးများကြောင့် ထာဝရ နှင်းဆီ အငြိမ့်ကို လူကြိုက်များနေကြောင်း
သိရှိရသည်။

တန်ဆောင်တိုင် ပွဲတော်အတွက် တင်ဆက်သည့် ယင်းအငြိမ့်တွင် သရုပ်ဆောင် ထွန်းထွန်းက လူရွှင်တော် အဖြစ်နှင့် “ဖုန်းတွေဟာ အလွန် ပေါပါသည်၊ ခေါ်ဆို သော်လည်း
လိုင်းကကျပ်ပေသည်၊ ဈေးကြီးပေမယ့် ဆက်ရ အလွန်ခက်သည်” စ သည်ဖြင့် သီဆိုလိုက်သည့်အချိန်တွင် ပရိသတ် လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်ကို တွေ့ရသည်။

နိုဝင်ဘာ ၂၁ ရက် တန်ဆောင်မုန်း လပြည့်နေ့က သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ (၁) ၌ ဒါရိုက်တာ


မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်သော ထာဝရ နှင်းဆီအငြိမ့်တွင် မင်းသမီးအဖြစ် မေကဗျာ၊ ဂျင်းနီ၊
မိုးယုစံနှင့် ဖူးစုံတို့က လည်းကောင်း၊ လူရွှင်တော်များ အဖြစ် သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊
ရဲလေး၊ ထွန်းထွန်းနှင့် မိုးမိုးတို့ကလည်းကောင်း ကပြဖျော်ဖြေခဲ့သည်။

နေတိုး၏ “မှန်ရာကို သစ္စာဆိုပါမည်။ လမ်းတွေကို အလွယ်ခင်းပါသည်။ ဒါပေမယ့်လည်း တခု တော့


ပြောချင်သည် တခြမ်းပဲ ခင်း ... တော့ သွားရ အလွန်ခက်သည်” ပြက်လုံးကိုလည်း ပရိသတ် အားပေး
နှစ်ခြိုက်ခဲ့ကြောင်း တွေ့ရသည်။

လူရွှင်တော် အဖြစ် ပါဝင် ဖျော်ဖြေခဲ့သည့် ကျော်ကျော်ဗိုက “ပြက်လုံးတွေအတွက်ကတော့ ကိုယ့်


ပတ်ဝန်းကျင်ကို ကြည့်ပြီးပဲ အားထုတ်ရတာပေါ့။ ဘယ်လို အနေအထား ဖြစ်အောင်ဆိုပြီး
ရည်ရွယ်ချက်နဲ့ လုပ်တာတော့ မဟုတ်ဘူးပေါ့။ ကိုယ့် ပတ်ဝန်းကျင် ဘေးနားမှာ ရှိနေတဲ့ လူတွေ
ပြောပြကြတာတွေ၊ ကြားတာတွေကို မှတ်သားပြီး ကိုယ့်ဟာနဲ့ကိုယ် အကောင်းဆုံး လုပ်လိုက်တာပါ။
ကျနော်တို့ အနေနဲ့ ပရိသတ်တွေ ရယ်ဖို့ပဲ အာရုံစိုက်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
( - swesonemedia.org)
ပရိသတ်နှင့် တိုက်ရိုက် ထိတွေ့ခွင့်ရသည့် အတွက် ၀မ်းသာသည့်အပြင် ထာဝရ နှင်းဆီအငြိမ့်၏ ပြည်တွင်း ဖျော်ဖြေမှု နောက် ဆုံးပွဲ ဖြစ်သောကြောင့် ပရိသတ် အားပေးမှု ပိုမို
ရရှိခဲ့သည်ဟု သူက ဆက်ပြောသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) အား ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ ပြန်လည် မဖြေဆို ခဲ့ပေ။

ထာဝရနှင်းဆီ အငြိမ့်ခွင်တွင် မြန်မာနိုင်ငံတွင် မီးပျက်သောကြောင့် မှောင်မည်း နေသဖြင့် စကြဝဠာ အပြင်ဘက်က လှမ်းကြည့် လိုက်လျှင် ကမ္ဘာ့နိုင်ငံ အသီးသီး အလယ်၌ ထင်ရှားနေမည်
ဆိုသော ပြက်လုံး၊ ဆင်ဆာ ဖြတ်တောက်မှုကို လျှော့ပေါ့ပေးရန် တောင်းဆိုသည့် ပြက်လုံး၊ ၂၀၁၀ ရွေးကောက်ပွဲကို သရော်ထားသည့် ပြက်လုံးများ၊ စစ်စိုးရ၏ စီးပွားရေး ဦးပိုင်မှ
ချုပ်ကိုင်ထားသည့် လုပ်ငန်းများကို သရော်ထားသည့် ပြက်လုံးများ ပါဝင်သည်။

ထိုနေ့က “တပြည်လုံးတွင်သာယာမည်” အမည်ရှိ ပြဇာတ်နှင့် စတင်ဖျော်ဖြေခဲ့ပြီး တေးဂီတ ဖျော်ဖြေပွဲများနှင့် ထာဝရနှင်းဆီ အငြိမ့် ဖျော်ဖြေမှုတို့ တင်ဆက်ခဲ့ကြောင်း သိရသည်။

“ဦးမျိုးမင်းက ဒီအငြိမ့်ကို နားတော့မယ်ဆိုတော့ ဒါကို ဦးဆောင်မယ့်သူ ရွေးမယ်၊ အဲဒီမှာ လူရွှင်တော်တွေ တယောက်ချင်းစီ အလှည့်ကျ ၀င်ရွေးတဲ့ပုံစံ ပြက်လုံးထုတ်တာ။ အဲဒီမှာ
နေတိုးက ဦးက အငြိမ့်သားတွေအတွက် မွေးမြူရေး လုပ်ထားတယ် ဆိုတော့ အဲဒီမွေးမြူရေးတွေကို ဒီထဲက အဖွဲ့ဝင်တွေ လုပ်ရမှာလား မေးတော့ တယောက်က မဟုတ်ဘူး အဲဒါက ဦး
ပိုင်တဲ့ ကုမ္ပဏီကပဲ လုပ်မှာပါဆိုပြီး ... တခုခုဆို ဦးပိုင်တယ်ချည်းပဲ ပြောတာ” ဟု သွားရောက်ကြည့်ရှုခဲ့သည့် မဂ္ဂဇင်း အယ်ဒီတာ တဦးက ပြောသည်။

၎င်းက ဆက်လက်၍ “နောက်ဆုံး ကျော်ကျော်ဗိုက အခုဆို အဖွဲ့ဝင်တွေ ယှဉ်ပြိုင်ပြီးတော့ ပါတီ ခေါင်းဆောင်ကို ရွေးတော့ မယ်၊ ကြေညာမယ်ပေါ့။ တက်ကြွနေတာပေါ့။ အဲဒီမှာ ပါတီ
ခေါင်းဆောင် လုပ်မယ့်သူက မောင်မျိုးမင်း (ရင်တွင်းဖြစ်) ပဲ ဖြစ်ပါတယ်လို့ ကြေညာတော့ အားလုံးက ဒေါကန်ပြီး ဘာလို့သူပဲ ဖြစ်ရတာလဲဆိုပြီး မေးကြတာ။ အဲဒီမှာ သူကချင်လို့
သူထောင်ထားတာ၊ သူပဲ မလုပ်လို့ ဘယ်သူလုပ်မှာလဲ ဆိုပြီး ပြောတဲ့ ပြက်လုံးပါ” ဟု ဆိုသည်။

အဆိုပါ ဖျော်ဖြေပွဲ၏ ၀င်ကြေး လက်မှတ်များကို ကျပ် ၁၅၀၀၀၊ ကျပ် ၁၀၀၀၀၊ ကျပ် ၅၀၀၀ ဟူ၍ သတ်မှတ်ထားပြီး လက်မှတ် ၀ယ်ယူ ထားသော်လည်း ပရိသတ် အလွန်များသောကြောင့်
မတ်တပ်ရပ် ကြည့်ရှုခဲ့ ရကြောင်း သတင်းထောက်တဦးက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တည်သလို ပုံစံနဲ့လည်း ပြက်လုံးထုတ်တယ်။ အမေရယ် မီးတွေ ပျက်တယ်၊ တိုက်တာ တွေဆိုလည်း မပြင်ဘူး ဒီအတိုင်း ထားတယ်ဆိုတော့၊
အမွေအနှစ်ကို ထိန်းသိမ်းတာဆိုပြီး အမေလုပ်တဲ့ ကျော်ကျော်ဗိုလ်က ပြန်ပြောတယ်။ ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့၊ ဘာပဲပြောပြော အမေကတော့ တခုပဲ ပြောချင်ပါတယ်ဆိုပြီး
ဝိုင်းစုခိုင်သိန်းရဲ့ အပြစ်မပြင်ပါဘူး ချစ်ချင်တာပဲရှိတယ် သီချင်းကို ဆိုကြတယ်” ဟု သူက ရှင်းပြသည်။

ရုံပြည့် ရုံလျှံ အားပေးကြသောကြောင့် လက်မှတ်ဝယ်ယူ ထားသော်လည်း မတ်တပ်ရပ်ကြည့် ရှုခဲ့ရသည်များ ရှိသည့်အပြင်၊ ၀ယ်ယူထားသည့် လက်မှတ်တန်းတွင်
နေရာမရရှိသည်များဖြစ်ခဲ့သည်ဟု သိရသည်။

“ရိုက်ထားတဲ့ ဗီဒီယို အပိုင်းလေးကို ကြည့်ပြီး အားလည်းရတယ်၊ သဘောကျတယ်။ အနုပညာသမား ဆိုတာက ပြည်သူက မွေးတာ ဖြစ်တဲ့အတွက် ပြည်သူ့ဘက်က ရပ်တည်ပေးတဲ့
သဘောတွေပါတယ်။ အဲဒီနေ့ ပွဲတုန်းက ရိုက်ထားတဲ့ အခွေတွေကို သိမ်းသွားတယ် ကြားတယ်။ ဒါဟာ အနုပညာသမားတွေရဲ့ တင်ပြချက် အရမ်းမှန်သွားတော့ ပြည်သူတွေ အများကြီး
သိသွားမှာ စိုးလို့ လုပ်တဲ့ပုံစံပေါ့” ဟု ထိုင်းနိုင်ငံ အခြေစိုက် သီးညီနောင် အဖွဲ့မှ လူရွှင်တော် ကြယ်သီးက ပြောသည်။

၎င်းက ဆက်လက်၍ “ ပြည်တွင်းမှာ ဒီလို လုပ်ရတာလည်း အခက်အခဲ အများကြီးရှိတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဖြတ် ခဲ့တာ ဆိုတော့ အရမ်းခက်ခဲတာ သိတယ်။ ပြည်သူချစ်တဲ့
မင်းသားတွေကနေ လူရွှင်တော်လုပ်ကြတယ်၊ ပြီးတော့ ဒီလိုတွေ လုပ်တယ်ဆိုတော့ ပရိသတ် ပိုအားပေးကြတာပေါ့” ဟု ဆိုသည်။

ထာဝရနှင်းဆီအငြိမ့်မှ ပြက်လုံးများသည် ပြည်သူလူထုနှင့် တသားတည်း ကျခဲ့ကြောင်း ကြည့်ရှု့ခဲ့သည့် ပရိသတ်များက ပြောဆို နေကြသည်။


တိုင်းရင်းသားပါတီများ ကြံ့ဖွံ့နှင့်ပူးပေါင်းမည် မဟုတ်

ခင်ဦးသာ Thursday, 25 November 2010 18:48

User Rating: /1

Rate
Poor ●
Best

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရွေးကောက်ပွဲ၌ အနိုင်ရထားသော တိုင်းရင်းသားပါတီ ကိုယ်စားလှယ် များအား ၎င်းတို့နှင့် ပူးပေါင်းရန် လိုက်လံ စည်းရုံးနေ
သော်လည်း အယုံအကြည် မရှိ၍ ပူးပေါင်းရန် ဆန္ဒမရှိ ကြောင်း ပြောသည်။

ထို့အပြင် လွှတ်တော်ထဲတွင် အတိုက်အခံအဖြစ်သာ ရပ်တည်သွားမည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် ယခုလတ်တလော ကာလ၌ သက်ဆိုင်ရာ ဒေသအသီးသီးတွင် အနိုင်ရထားသည့် တိုင်းရင်းသားပါတီများကို ၎င်းတို့နှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရန်
စည်းရုံးလျက် ရှိရာ ဒီမိုကရေစီ မကျသဖြင့် မပူးပေါင်းနိုင်ကြောင်း ချင်း တိုးတက်ရေးပါတီ (CPP) ၏ ဥက္ကဋ္ဌ ဦးလုံစီက ဧရာဝတီကို ပြောသည်။

“သူတို့နဲ့ ပူးပေါင်းစရာ အကြောင်းမရှိပါဘူး။ အတိုက်အခံပဲ လုပ်သွားမယ်။ သူတို့က ဒီမိုကရေစီမှ မကျတာ။ ကျနော်တို့က ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတာပါ” ဟု သူက ဆိုသည်။

ချင်းပြည်နယ်တွင် အနိုင်ရထားသော ကြံ့ဖွံ့ကိုယ်စားလှယ်များက ချင်းပါတီမှ ကိုယ်စားလှယ် တချို့ကို စည်းရုံးခဲ့


သော်လည်း စနစ်တကျ တွေ့ဆုံဆွေးနွေးခြင်း မရှိသေးဟု ၎င်းကဆိုသည်။

ကြံ့ဖွံ့ပါတီ ခေါင်းဆောင် စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ၀န်ကြီးတချို့သည် နိုဝင်ဘာလ ၂၂ ရက်နေ့မှ စ၍ ရခိုင် ပြည်နယ်အတွင်း မဲဆန္ဒနယ် အများစု၌ အနိုင်ရထားသော
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ကိုယ်စားလှယ် များကို အလွတ်သဘော လှည့်လည်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ကျနော်တို့က ပူးပေါင်းဖို့ သဘောတူတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပူးပေါင်း လုပ်မယ်ဆိုရင်တော့ မူအားဖြင့် လက်ခံပါတယ်။ ပါတီအတွက်ရော၊
ရခိုင်ဒေသ၊ ရခိုင်ပြည်သူတွေ အတွက်ပါ ထိခိုက်စေမယ့် အရာတွေကိုတော့ ကန့်ကွက်သွားမှာပါ။ နိုင်ငံရေးအရတော့ ပူးပေါင်းဖို့ မရှိပါဘူး” ဟု RNDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ
အေးမောင်က ပြောသည်။

RNDP မှ အနိုင်ရ ကိုယ်စားလှယ်များအား ကြံ့ဖွံ့ပါတီမှ အနိုင်ရထားသော ကိုယ်စားလှယ်များ ဖြစ်ကြသည့် အမှတ် (၁) စက်မှု ၀န်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ရေးဝန်ကြီး
ဦးသိန်းဆွေတို့သည် နိုဝင်ဘာလ ၂၃ ရက်နေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

“သူတို့နဲ့ မတွေ့ခင် ကျနော်တို့ကို ကော်မရှင်က ပြောပါတယ်။ သူတို့ကို ကြံ့ဖွံ့ပါတီက အနိုင်ရ ကိုယ်စားလှယ်တွေလို့ သဘော မထားဘဲ လက်ရှိ နိုင်ငံ့တာဝန် ယူထားတဲ့ လူတွေလို့ မြင်ပြီး
ဆွေးနွေးဖို့ ပြောဆိုပါတယ်” ဟု RNDP မှ ကိုယ်စားလှယ် တဦးက ပြောသည်။

RNDP ပါတီသည် တိုင်းရင်းသား ပါတီများအနက် ရာခိုင်နှုန်းအများဆုံး အနိုင်ရထားသည့် နိုင်ငံရေးပါတီ တခုဖြစ်သည်။ တိုင်းရင်းသား ပါတီများထဲ၌ ရခိုင်၊ ရှမ်း၊ မွန်၊ ချင်း စသည့်
ပါတီများသည် ၎င်းတို့ ဒေသများ၌ ကြံ့ဖွံ့ပါတီအား အနိုင်ရထားသည့် ပါတီများဖြစ်သည်။

ထိုသို့ အနိုင်ရထားသည့် ပါတီများအား ကြံ့ဖွံ့ပါတီမှ လိုက်လံ စည်းရုံးနေခြင်းသည် ပါတီတွင်း ပြိုကွဲရေး၊ တိုင်းရင်းသားများ အချင်းချင်း သွေးကွဲစေရေးအတွက် အစီအစဉ်များသာ
ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ အနေဖြင့် စည်းရုံးမှု ရှိရေးနှင့် စစ်အစိုးရကျောထောက် နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီ၏ လုပ်ရပ်ကို သတိထား စောင့်ကြည့်ရန်
အရေးကြီးကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

“သူတို့က ပူးပေါင်းမယ်ဆိုတာ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်တာပါ။ မပူးပေါင်းပါဘူး၊ ဒါပေမယ့် ဒီမိုကရေစီ ရရေးအတွက် တူတာလေးတွေ ရှိရင်တော့ ပူးပေါင်းလုပ်သွားမှာပါ၊ ယုံတော့
သိပ်မယုံဘူး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။ မွန်အနိုင်ရ ကိုယ်စားလှယ်များကိုမူ လာရောက် စည်းရုံးခြင်း မရှိသေးကြောင်းလည်းသူက
ဆိုသည်။

ကရင်ပြည်နယ်တွင် အနိုင်ရထားသည့် ကရင်တိုင်းရင်းသား ပါတီများကိုလည်း ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် သာသနာရေးဝန်ကြီး


သူရဦးမြင့်မောင်တို့က ပြီးခဲ့သည့်သီတင်းပတ်အတွင်း တောင်ကလေး ဆရာတော်မှ တဆင့် သွားရောက် ဆွေးနွေးခဲ့ကြောင်း၊ သို့သော် ပူးပေါင်းရန်အတွက် သဘောတူညီမှု မရခဲ့ကြောင်း
သိရသည်။

တောင်ကလေး ဆရာတော် အရှင်ဦးပညာသာမိသည် ကရင်နိုင်ငံရေးပါတီများအား အကြံပေးနေသော ဆရာတော်တပါး ဖြစ်ကြောင်း သိရသည်။

“ပါတီချင်းပူးပေါင်းဖို့ အစီအစဉ်တော့ မရှိပါဘူး။ ဒါပေမယ့် အုပ်ချုပ်ရေး ပိုင်းကိုတော့ ပူးပေါင်း လုပ်သွားရမှာပါ။ ဒေသခံ တိုင်းရင်းသားတွေ တိုးတက်မယ့် ကိစ္စတချို့ဆိုရင်တော့
ပေါင်းလုပ်ရမယ် ထင်တယ်” ဟု ကရင် တိုင်းရင်းသား ပါတီတခုဖြစ်သည့် ဖလုံ - စဝေါ် ဒီမိုကရက်တစ် ပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ်ကျားဖြူပါတီ (SNDP ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ကလည်း၎င်းတို့ပါတီ အနေဖြင့် မည်သည့် ပါတီနှင့်မှ မပူးပေါင်းဟု ဆိုသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီ အများစုသည် ကြံ့ဖွံ့ပါတီနှင့် ပူးပေါင်းရန် ဆန္ဒမရှိဟု ပြောဆိုကြသော်လည်း တိုင်းရင်းသားပါတီအချင်းချင်း၊ ဒီမိုကရက်တစ်အင်အားစု များနှင့်မူ
ဒီမိုကရေစီအရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်ကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်များ က ပြောကြသည်။

ကြံ့ဖွံ့ပါတီအနေဖြင့် ရွေးကောက်ပွဲ၌ မဲမသမာမှုပေါင်း များစွာကို အသုံးပြုကာ အနိုင်ယူခဲ့၍ ဒီမိုကရက်တစ် အင်အားစုများက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုကြောင်း
ပြောဆိုနေသဖြင့် တိုင်းရင်းသားတို့၏ ထောက်ခံမှု ရရှိရေးအတွက် ယခုကဲ့သို့ အရေးတကြီး လိုက်လံစည်းရုံးနေခြင်း ဖြစ်နိုင်ကြောင်း၊ တိုင်းရင်းသားများအား စည်းရုံး၍ မရပါက ဖိအားပေး
အကျပ်ကိုင်မှုများ ဆက်လက် လုပ်ဆောင်လာ နိုင်ကြောင်း နိုင်ငံရေး အကဲခတ်သူ တချို့က ပြောသည်။

ကြံ့ဖွံ့ပါတီသည် ပေါ်ပေါက်လာမည့် လွှတ်တော်၌ နေရာ အများဆုံး ရရှိထား၍ ၎င်းတို့၏ အာဏာ ဆက်လက်ကြီးထွား လာဦးမည်ဖြစ်၍ စုပေါင်းကာကွယ်ရန် အရေးကြီးကြောင်း ပါတီ
ခေါင်းဆောင်များက ဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်များသည် လွှတ်တော်ထဲ၌ တိုင်းရင်းသားအရေး၊ မြန်မာပြည်သူများ အားလုံး ဒီမိုကရေစီရရှိရေး တို့ကို ပြောဆိုသွားမည့် အပြင် ဒုတိယ ပင်လုံညီလာခံ
ပေါ်ပေါက်ရေးကိုလည်း အလေးထား လုပ်ဆောင် သွားကြ မည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း၍ အမျိုးသား ရင်ကြားစေ့ရေးကို
ဆောင်ရွက်သွားမည်ဟု ဆိုကြသည်။

မဲမသမာမှုအတွက် ပါတီ ၂ ခု ရဲစခန်းတွင် အမှုဖွင့်

မင်းနိုင်သူ Thursday, 25 November 2010 18:20

User Rating: /1
Rate
Poor ●
Best

ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းများအတွင်း မမှန်မကန် လုပ်ရပ်များနှင့် စပ်လျဉ်း၍ ပါတီ ၂ ခု က သက်ဆိုင်ရာ ရဲစခန်းများတွင် ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲဆို နေပြီဖြစ်ကြောင်း
သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် (UMFNP) နှင့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီတို့က ယခု သတင်းပတ်အတွင်း သက်ဆိုင်ရာ ရဲစခန်းများတွင်
အမှုဖွင့် တိုင်ကြားခဲ့ရာ ယမန်နေ့မှစတင်၍ အမှုကို လက်ခံစစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။

“ပေါက်ခေါင်း၊ ပြည်၊ ရွှေတောင်၊ အင်းမ ရဲစခန်းတွေမှာ တင်ထားတဲ့ အမှုတွေကို မနေ့က စတင် စစ်ဆေးနေပါပြီ။ ကျနော်တို့ တင်ပြတဲ့ သက်သေတွေကို စ စစ်ပါတယ်” ဟု UMFNP
ပါတီခေါင်းဆောင် ဦးအေးလွင်က ပြောသည်။

ရန်ကုန်တိုင်း သုံးခွ၊ ခရမ်းနှင့် ကိုကိုးကျွန်း စသည့် ၃ မြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် NDF ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ရှေ့နေ
ဦးသိန်းဇော်ညွန့်၏ တိုင်တန်း ချက်ကိုလည်း သုံးခွမြို့နယ် ရဲစခန်းက ယမန်နေ့က စတင်စစ်ဆေးနေကြောင်း သိရသည်။

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက “ဦးသိန်းဇော်ညွန့် တင်ထားတဲ့ အမှုတွေကို စစ်ဆေးနေပါပြီ။ ကျနော်တို့ ပါတီရဲ့ တခြား လွှတ်တော် ကိုယ်စားလှယ် လောင်းတွေလည်း သူတို့
ဆန္ဒသဘောအရ ရဲစခန်းမှာ အမှုဖွင့်ချင်တယ်ဆိုရင် ရုံးချုပ်ကနေ ဥပဒေ အကြံပေးမှုတွေ ပြုလုပ်ပေးဖို့ ရှိပါတယ်” ဟု ဆိုသည်။

NDF ပါတီ၏ တခြားသော လွှတ်တော် ကိုယ်စားလှယ်လောင်း ၅ ဦး ခန့်ကလည်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ကြမည့် အလားအလာ ရှိနေကြာင်း သိရသည်။

ယခုပါတီ ၂ ခုက ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပါ ပြစ်မှုပုဒ်မခွဲ ၅၉၊ ပုဒ်မခွဲ ၆၄ တို့အရ အမှုဖွင့်နေ ကြခြင်းဖြစ်သည်။ ပြစ်မှု ထင်ရှားပါက မသမာမှုပြုလုပ်ခဲ့သူများအနေနှင့် ၁
နှစ်ထက်မပိုသော ထောင်ဒဏ် (သို့မဟုတ)် ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ် (သို့မဟုတ)် ဒဏ် ၂ ရပ်စလုံး ချမှတ်ခံရမည်ဖြစ်သည်။

သို့သော် အဆိုပါ ဥပဒေများဖြင့် အမှုဖွင့် တိုင်ကြားပါက ရွေးကောက်ပွဲ ကျင်းပနေစဉ်နှင့် ကျင်းပအပြီး ၁၅ ရက် အတွင်း၌သာ တိုင်တန်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ မတရား မှုများနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပအပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ငွေ ၁၀ သိန်းတင်၍
ကန့်ကွက်လွှာ တင်နိုင်ကြောင်း ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၅ တွင် ဖော်ပြထားသည်။ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် အများစုက ယင်းနည်းလမ်းကို ဆောင်ရွက်လိုခြင်း
မရှိကြပေ။

ပထမဆုံး ပြိုင်ကား ပြပွဲ ကျင်းပမည်

လွင်ကို Thursday, 25 November 2010 14:57

User Rating: /1

Rate
Poor ●
Best

မြန်မာနိုင်ငံ၌ ပထမဆုံး ပြိုင်ကား ပြပွဲကို ရန်ကုန်မြို့သုဝဏ္ဏ အားကစားရုံ အနီးရှိ Top Ruby Land Racing Karts Club တွင်၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပမည်
ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပြိုင်ကားပြပွဲတွင် ဂျပန်နိုင်ငံနှင့် အီတလီနိုင်ငံတို့မှ ထုတ်လုပ်သော


ပြိုင်ကားများကို ပြသသွားမည် ဖြစ်ကြောင်း Top Ruby Land Racing
Karts Club တာဝန်ရှိသူ တဦးက ပြောသည်။

“ကားပြပွဲမှာ အီတလီနဲ့ ဂျပန်နိုင်ငံထုတ် ကားတွေ ပြသွားမှာပါ။


ဂျပန်နိုင်ငံထုတ် YAMAHA ၊ KAWASAKI ၊ HOMAR ဆိုတဲ့ ပြိုင် ကားတွေ
ပြသွားမယ်။ ပြသမယ့်ကား အစီးရေက ၁၅ စီး လောက်ရှိမယ်”ဟု Top
Ruby Land Racing Karts Club မှ ဦးအောင်နိုင်ဦး က ပြောဆိုသည်။

အဆိုပါပြိုင်ကားပြပွဲတွင် ပြပွဲလာရောက်သူများ ဝယ်ယူနိုင်ရန်လည်း


စီစဉ်ထားပြီး ဈေးနှုန်းများမှာ အနည်းဆုံး ကျပ် ၃၅ သိန်းမှ ကျပ် သိန်း
၁၀၀ အထိ သတ်မှတ်ထားကြောင်းလည်း ၎င်းက ဆိုသည်။

ယင်း ကားပြပွဲကို ယခုလ ၂၇ ရက်နေ့တွင် ခင်းကျင်းပြသနိုင်ရန်


စီစဉ်ထားသော်လည်း ပြည်တွင်းသို့ ပြိုင်ကားများ ရောက်ရှိမှု
နှောင့်နှေးနေသည့်အတွက် ရက်ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း
သိရသည်။

Top Ruby Land Racing Karts Club ( Galaxy ) ( ယခု ပြိုင်ကားပြပွဲတွင် ဒုတိယအကြိမ် ကလေး ကားမောင်းပြိုင်ပွဲ ကိုပါ

- weekly eleven) ကျင်းပသွားမည်ဖြစ်ကြောင်းလည်း Top Ruby Land Racing Karts Club


မှ သင်တန်း ဆရာတဦးက ဆိုသည်။

ကလေး ကားမောင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်မည့် ကလေးများကို အသက် ၆ နှစ် မှ ၁၄ နှစ် ကြား သတ်မှတ်ထားပြီး ပြိုင်ပွဲ ဝင်ကြေးကို ကျပ် သုံးသောင်း သတ်မှတ် ထားကြောင်း ၎င်းက
ပြောသည်။

“ဒီလိုပြိုင်ပွဲတွေကို ဝင်ပြိုင်မယ့်သူက နေ့စဉ် အလေ့အကျင့်ရှိပြီး သူတယောက်ဖြစ်ရမယ်။ သာမန် လူတန်းစားတွေ အတွက်တော့ ဝင်ပြိုင်ဖို့မလွယ်ပါဘူး။ ဒီပြိုင်ကားကွင်းက ပိုက်ဆံရှိ
သူတွေအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ထားတာပါ။ ပြိုင်ကားကွင်း က ကားတွေ ကတော့ နည်းနည်းညံ့တယ်”ဟု အဆိုပါ ပြိုင်ကားကွင်းတွင် လေ့ကျင့်မောင်းနှင်ဖူးသူ တဦးက ဆိုသည်။

ကားပြိုင်ပွဲများကို၂၀၁၀ ပြည့်နှစ်အတွင်း ဖေဖော်ဝါရီ ၁၄ ရက်၊ ဧပြီ ၁၈ ရက်၊ ဇွန် ၂၀ ရက်၊ သြဂုတ် ၂၂ ရက်၊ အောက်တိုဘာ ၂၄ ရက်နှင့် ဒီဇင်ဘာ ၁၉ ရက် စုစုပေါင်း ၆ ကြိမ် ကျင်းပရန်
စီစဉ်ထားသော်လည်း ဖေဖော်ဝါရီလ အတွင်းတွင်သာ ကျင်းပနိုင်ခဲ့သည်။

Top Ruby Land Racing Karts Club သည် ယခင်က Galaxy ပြိုင်ကားမောင်းကွင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကွင်းအရှည် မီတာ ၁၂၅၀
ကျော် ရှည်လျားကာ ဧရိယာ ၆.၅ ဧက ကျယ်ဝန်းပြီး 2 stroke ကား ၁၅ စီး၊ 4 stroke ကား ၅ စီးတို့ဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင် Top Ruby Land Racing Karts
Club အဖြစ် အမည် ပြောင်းလဲ ခဲ့ကြောင်း သိရသည်။
SSA တောင်ပိုင်းနှင့် စစ်အစိုးရ တိုက်ပွဲဖြစ်၊ ၂ ဦး ကျဆုံး

သန်းထိုက်ဦး Thursday, 25 November 2010 17:20

User Rating: /1

Rate
Poor ●
Best

နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ယခုတပတ် အင်္ဂါနေ့ မနက်က တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ နအဖ ဘက်က တပ်ကြပ်ကြီးအဆင့် အပါအ၀င် ၂ ဦး
ကျဆုံး၍ ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ဒေသ တ၀ိုက်တွင် နအဖ၏ ခြေလျင်တပ် ရင်း (ခလရ) ၆၅ တပ် ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

SSA-S တပ်သားများသည် ယင်း ဒေသ တ၀ိုက်တွင် ကင်းလှည့်နေစဉ် နအဖ တပ်ဖွဲ့ဝင်များနှင့် နာရီဝက်ခန့် အကြာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA-S ၏ ပြောခွင့်ရပုဂ္ဂိုလ်
စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲတွင် နအဖ ဘက်မှ ၂ ဦးကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ SSA-S တပ်သား ၁ ဦး ထိခိုက် ဒဏ်ရာ၍ သေဆုံးမှု မရှိကြောင်း ၎င်းက ဆိုသည်။

ယင်း တိုက်ပွဲဖြစ်ပွားခဲ့သော ဒေသသည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်စပ်မှ ခန့်မှန်းခြေ ၈ မိုင်ခန့် အကွာအဝေး တွင် ရှိကြောင်း သိရသည်။ သို့သော် တိုက်ပွဲဖြစ်ပွားမှုကြောင့်
ထိုင်းနိုင်ငံ ဘက်ကမ်းသို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုကို မသိရှိရသေးပေ။

ထို့အပြင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှ မိုင်းလားသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ခွင့် မပြုရန် စစ်အစိုးရဘက်က ယခု ရက်ပိုင်း အတွင်း ညွန်ကြားထားကြောင်း သျှမ်းသံတော်ဆင့်
သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“မိုင်းလားနဲ့ ကျိုင်းတုံကြား ဆက်သွယ်ထားတဲ့ နမ့်လွေချောင်းကူး တံတားမှာ နယ်စပ်ဂိတ်ရှိတယ်၊ နအဖ ထိန်းချုပ်နယ်မြေနဲ့ မိုင်းလား ထိန်းချုပ်နယ်မြေ နယ်ခြား၊ အဲဒီ အ၀င်အထွက်ကို
စားသောက်ကုန် ပစ္စည်းတွေ တင်တဲ့ ကုန်တင်ကားတွေဆို ၀င်ခွင့် မပေးဘူး၊ ခရီးသည်တင်ကားတွေ မပါဘူး”ဟု ၎င်းက ဆိုသည်။

ကုန်ပစ္စည်း တင်ပို့ခွင့် ပိတ်ထားခြင်းသည် မိုင်းလားအဖွဲ့ကို စစ်ရေးအရ ဖိအားပေးရန် စစ်အစိုးရဘက်က အစပျိုးလိုက်ခြင်း ဖြစ် သည်ဟု စစ်ရေးလေ့လာသူ တချို့က သုံးသပ်
ပြောဆိုကြသည်။

SSA-S ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းကမူ“နယ်ခြားစောင့်တပ် အဖွဲ့ လက်မခံတဲ့ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို သူတို့ က(နအဖ) တရားဝင် အနေနဲ့ မတရားအသင်းဆိုပြီးတော့
ထုတ်ပြန်ကြေညာတာ မရှိပေမယ့် သူတို့ စိတ်ထဲမှာတော့ အပစ် အခတ် ရပ်စဲရေး ယူထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကို သူတို့က တရားမ၀င်တော့ဘူးလို့ပဲ သဘောထားတော့မယ် ထင်
တယ်။ ဒါကြောင့်မို့ သူတို့ကလည်း နည်းလမ်း အမျိုးမျိုးကို သုံးပြီးတော့ ဖိအားပေးတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ်လျက်ရှိသည့် မိုင်းလားမြို့သည် အပစ်ရပ် အဖွဲ့တဖွဲ့ဖြစ်သော မိုင်းလား တပ်ဖွဲ့ (NDAA) အထူးဒေသ (၄) အခြေစိုက်ရာ မြို့ဖြစ်ပြီး နယ်ခြားစောင့်တပ်
ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် အဖွဲ့ဖြစ်သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန် ထားကြပြီး လက်ရှိ အခြေအနေအတိုင်း ဆက်လက်
နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ် ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း
အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

လွှတ်တော်ထဲဝင်သော်လည်း မဲ မသမာမှုကို ဆက်တိုက်မည်ဟုဆို

ခင်ဦးသာ Thursday, 25 November 2010 13:40

User Rating: /1

Rate
Poor ●
Best

ရွေးကောက်ပွဲတွင် နေရာအနည်းငယ်သာ အနိုင်ရခဲ့သော တိုင်းရင်းသားပါတီ ခေါင်းဆောင်များက ပေါ်ပေါက်လာမည့် လွှတ်တော်အတွင်း ရသလောက် အခြေအနေတွင် ဝင်ရောက်
ပြောဆို ဆွေးနွေးမည်ဖြစ်ပြီး ရွေးကောက်ပွဲ မဲ မသမာမှုများ အပေါ်လည်း ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ပါတီ အနေနဲ့ ရွေးကောက်ပွဲရလဒ်တွေ တရားမမျှတတာတွေကိုလည်းပဲ ဥပဒေကြောင်းအရ ဆောင်ရွက်သွားမှာ ဖြစ်သလို လွှတ်တော်ထဲမှာလည်း ပြုပြင်ရမယ့် ဥပဒေ တွေကို
ဆွေးနွေး ပြောဆိုသွားမယ်။ တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေး ရဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့တွေကို ပြောဆိုသွားမယ်” ဟု ရခိုင်တိုင်းရင်သားများ တိုးတက်ရေးပါတီ (RNDP)
ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

မကြာမီပေါ်ပေါက်လာမည့် လွှတ်တော်၌ စစ်အစိုးရ ကိုယ်စားပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ်များက အမတ်နေရာ အများစုကို
ယူထားသည့်အပြင် တပ်မတော်သား အမတ်က ၂၅ ရာခိုင်နှုန်း နေရာ ရရှိနေမည်ဖြစ်ကြောင်း၊ လွှတ်တော်တခုလုံး၌ စစ်အစိုးရ ကိုယ်စားလှယ် များက ဦးဆောင်သွားမည် ဖြစ်သော
ကြောင့် တိုင်းရင်းသား ကိုယ်စားလှယ်များက ညီညွတ်ရန် အရေးကြီးကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ဆိုသည်။

“၈၀ ရာခိုင်နှုန်းလောက်ကို ကြံ့ဖွံ့က အနိုင်ယူထားတော့ ကျနော်တို့တိုင်းရင်းသား ကိုယ်စားလှယ်တွေ အတွက် ပြောဆို ဆွေးနွေးပိုင်ခွင့် အပြည့်မရတာ သေချာပါတယ်” ဟု
ချင်းတိုးတက်ရေးပါတီ (CPP) ၏ ဥက္ကဋ္ဌ ဦးလုံစီက ဧရာဝတီကို ပြောသည်။

CPP ပါတီသည် လွှတ်တော် ၃ ရပ်၌ ၃၈ နေရာ ၀င်ပြိုင်ရာတွင် ၁၂ နေရာ အနိုင်ရကြောင်း ၎င်းကဆိုသည်။

ရရှိသည့် အခြေအနေပေါ် မူတည်၍ ချင်း တိုင်းရင်းသားများ၏ အခွင့်အရေးကို ပြောဆိုသွားမည် ဖြစ်ကြောင်း၊ ချင်းအမျိုး


သား ပါတီအပြင် တခြား တိုင်းရင်းသားပါတီ များနှင့် ပူးပေါင်းကာ တိုင်းရင်းသားများ အရေးကိုပါ ပြောဆိုသွားမည်ဖြစ်ကြောင်း ဦးလုံစီက ဆက်ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြောဆိုဆွေးနွေးခွင့် အပြည့်မရသော်လည်း အတိုင်းအတာတခုအထိ ရမည်ဟု မျှော်လင့်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။

လွှတ်တော်ထဲတွင် ရခိုင်ပြည်နယ်အတွက် လျှပ်စစ်ကဏ္ဍကို ပထမ ဦးစားပေး ပြောဆိုသွားမည်ဟု ဒေါက်တာ အေးမောင်က ဆိုသော်လည်း လျှပ်စစ်ကဏ္ဍ၏ အဓိက အရေးပါသော
လုပ်ပိုင်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံအရ ဗဟိုမှ ချုပ်ကိုင်ထားကြောင်း တွေ့ရသည်။

RNDP ပါတီသည် လွှတ်တော် ၃ ရပ်၌ ၄၄ နေရာဝင်ပြိုင်ရာ ၃၅ နေရာ အနိုင်ရရှိခဲ့သည်။


၂၀၀၈ ဖွဲ့စည်းပုံနှင့်ရွေးကောက်ပွဲ ရလဒ်အရ လာမည့်လွှတ်တော်၌ စစ်သားကိုယ်စားလှယ်နှင့် ကြံ့ဖွံ့ကိုယ်စားလှယ် အရေအတွက်သည် ပြည်သူ့လွှတ်တော်တွင် ၈၅ ရာခိုင်နှုန်းနီးပါး၊
အမျိုးသားလွှတ်တော်တွင် ၈၂ ဒသမ ၅၈ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၈၀ ရာခိုင်နှုန်းကျော် နေရာရရှိမည်ဖြစ်သောကြောင့် လွှတ်တော် ၃ ရပ်စလုံး၌ ကြံ့ဖွံ့နှင့် စစ်တပ်
ကိုယ်စားလှယ်များသည် ၈၂ ရာခိုင်နှုန်းခန့် လွှမ်းမိုးထားမည် ဖြစ်သည်။

“ရွေးကောက်ပွဲရလဒ်က မတရားဘူးဆိုတာ သိပေမယ့် အချိန်ကုန်၊ ငွေကုန်ခံပြီး မလုပ်တော့ဘူး။ လွှတ်တော်ထဲ ရောက်မှ ပြောစရာရှိတာ ပြောမယ်။ အဓိက တိုင်းရင်းသားတန်းတူ
အခွင့်အရေးနဲ့ ရှမ်းတိုင်းရင်းသား အရေးတွေကို ပြောဆို သွားမယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က ပြောသည်။

ကျားဖြူ ပါတီသည် လွှတ်တော် ၃ ရပ်စလုံး၌ ၁၅၇ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ၅၇ နေရာ အနိုင်ရခဲ့သည်။

“ဖွဲ့စည်းပုံအရ ပြောဆိုခွင့်နည်းပေမယ့် ရသလောက်ပြောဆိုသွားမယ်။ အဓိက ရှမ်းတိုင်းရင်းသား တိုးတက်ရေးအတွက် လုပ်သွားမယ်” ဟုလည်း ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းကလည်း “ ရွေးကောက်ပွဲ ရလဒ်က ဘာမှ မတရားဘူး။ တဘက်က လက်ခံထားကြသလို တဘက်ကလည်းပဲ
မတရားမှုတွေကို ဖော်ထုတ်ပေးဖို့ လိုတယ်။ သပိတ်မှောက်ကြမယ် ဆိုလည်း မှောက်ကြတာပေါ့” ဟု ပြောသည်။

လွှတ်တော်၌ ကြံ့ဖွံ့နှင့် စစ်တပ်က ဦးစီးနေရာ ယူထား၍ တိုင်းရင်းသားများအတွက် ပြောဆိုဆွေးနွေးရန် လွတ်လပ်မှု မရှိသည်မှာ သေချာကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဒီမိုကရက်တစ် အင်အားစုများ စည်းလုံး ညီညွတ်စွာ ပြောဆို ဆွေနွေးရန် အရေးပါကြောင်းလည်း ဦးနိုင်ငွေသိန်းက ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် လွှတ်တော် ၃ ရပ်၌ အမတ်နေရာ ၃၄ နေရာ ပြိုင်ခဲ့ရာတွင် ၁၆ နေရာ အနိုင်ရခဲ့သည်။

မိမိတို့ဒေသများတွင် အနိုင်ရထားသော တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် ဒီမိုကရက်တစ်ပါတီများမှ ကိုယ်စားလှယ် စုစုပေါင်းသည် ၂၀ ရာခိုင်နှုန်း ၀န်းကျင်သာရှိ၍


ပြောဆိုခွင့် အလွန်နည်းမည်ဟုလည်း ပါတီခေါင်းဆောင်များက ဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်များသည် လွှတ်တော်ထဲ၌ တိုင်းရင်းသားအရေး၊ မြန်မာပြည်သူများ အားလုံး ဒီမိုကရေစီရရှိရေး တို့ကို ပြောဆိုသွားမည့် အပြင် ဒုတိယ ပင်လုံညီလာခံ
ပေါ်ပေါက်ရေးကိုလည်း အလေးထား လုပ်ဆောင် သွားကြ မည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း၍ အမျိုးသား ရင်ကြားစေ့ရေးကို
လုပ်ဆောင်သွားကြမည် ဟု ဆိုကြသည်။

အကျဉ်းထောင် အသီးသီး၌ ကျန်ရှိနေသေးသော တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးကိုလည်း လုပ်ဆောင်သွားမည်ဟု အဆိုပါ


တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

ရွေးကောက်ပွဲ၌စစ်အစိုးရ၏ ကြံ့ဖွံ့ပါတီသည် နည်းလမ်းစုံဖြင့် အနိုင်ယူခဲ့ခြင်းကို ပါတီတချို့က ကော်မရှင်အဆင့်ဆင့်သို့ တင်ပြ ထားသော်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိသည့်
အပြင် ပုဒ်မ ၆၄ ဖြင့် အရေးယူမည်ဟုသာ ကော်မရှင်က စစ်အစိုးရ မီဒီယာများ၌ ပြန်လည်ရေးသား သတိပေး ထားသည်။ ရွေးကောက်ပွဲ ရလဒ်အား နိုင်ငံတကာ အစိုးရများကလည်း
အသိအမှတ် မပြုဟု ပြောဆိုနေကြသည်။

http://www.irrawaddy.org/bur/

ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက် ဓါးနဲ့လိုက်ခုတ်ပါရောလား။

Thursday, November 25, 2010

အရင်တစ်ပတ် မြို့တက်တုန်းက မြန်မာစားသောက်ဆိုင်မှာ စီးပွါးရေးသမားတစ်ယောက်နဲ့တွေ့တော့ ဝမ်းသာအားရနဲ့မေးတယ်လေ ခင်ဗျားငါးမင်းဆွေကိုသိလား ....


ကျုပ်နဲ့ဘယ်လိုအလုပ်တွဲလုပ်ဘူးတယ်..ဘာတယ် ညာတယ်ပေါ့ဗျာ ....

အေးဗျာ.... ငါးမင်းဆွေတော့မသိဘူး ..... မြန်မာပြည်က သယံဇာတတွေကျွန်းသစ်တွေကိုရေလမ်းကြောင်းကနေ စင်ကပူကို ခိုးထုတ်နေတဲ့မှောင်ခိုဘုရင် ... ချဲဘုရင် ...
ဖားမင်းဆွေကိုတော့ သိတယ်ဗျ ...ဒီလူက မဆလဆေတ်တုန်းက ဝရမ်းထုတ်ခံရတဲ့လူပေါ့စစ်တပ်လည်း အာဏာသိမ်းပြီးရော မှောင်ခိုလုပ်ငန်း ချဲလုပ်ငန်းနဲ့ကြီးပွါးလာတာပေါ့ ..အမယ်
ပိုင်တာကတော့မပြောနဲ့ဗျာ ...ပင်လယ်ပြင်မှာ စစ်သင်္ဘော ဘယ်နေရာမှာဘယ်လိုရှိနေသလဲဆိုတာကအစအကုန်သိ ...သူ့မှေင်ခိုလှေ စစ်သင်္ဘောနဲ့ ညိတယ်ဆိုတာတစ်ခါမှမရှိဘူး
...နောက်တော့ လိုင်းလှေတွေထောင်တယ် ... ဘိတ်၊ ကော့သောင်း၊ မော်လမြိုင်ရန်ကုန်ပေါ့ဗျာ၊ အဲဒီလိုင်းလှေတွေလည်း အလှည့်ကျ စင်္ကာပူကို ကျွန်းသစ်တွေခိုးထုပ်တာပေါ့ ...

အေးပေါ့ဗျာ ... သတင်းစာထဲမှာနိုင်ငံတော် နိုင်ငံတော်ဆိုပြီးအရေးကောင်းလို့ကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက် ဓါးနဲ့လိုက်ခုတ်ပါရောလားဗျာ။

အပြေးကောင်းလို့လွတ်သွားတာ ခုတ်တဲ့လူကတော့ ရုံးရောက် ဂတ်ရောက်ပေါ့ဗျာ။အဲဒီလို ကျိုက္ခမီသားတွေအရမ်းချစ်တဲ့ ဖားမင်းဆွေကိုတော့


ကောင်းကောင်းသိတယ်ဗျလို့ပြောချလိုက်တော့ ကို့လူမျက်နှာကိုမဲလို့ အမြင်ကတ်ကတ်နဲ့ ဒင်းရှေ့မှာထားထားတဲ့ဘီယာခွက်ကို ကောက်ကိုင်ပြီးတစ်ခြားဝိုင်းမှာသွားထိုင်ကာ
တစ်ခါတည်းအကုန်မော့သောက်ပြစ်ပလိုက်တာ အားပါးပါးအရသာကိုရှိလို့ .... ဒါတောင် ငရင်ကျိုက်တို့အကုန်မပြောသေးဘူး ပြောရင် မိန်းမတွေဒင်းဘယ်လိုရှုပ်တယ်ဆိုတာကအစ
ပါကုန်မှာစိုးလို့ ....

ကျွန်တော်က ဦးသန်းရွှေကြီးဆီသွားပြီး အဲလို စာလေးတစောင်လောက် ပေးလို့ရမလား မသိဘူးဗျာ။ ရရင်တော့ ရေးချင်လိုက်တာ။ ဗ၄ တမျက်နှာတည်းရေးပါ့မယ်။ အများကြီး
မဟုတ်ပါဘူး။ စစ်သုံးစားရိတ်လေးလျှော့ပြီး လူထုအတွက် နည်းနည်းလေးပိုသုံးပေးဖို့ လောက်ပါပဲ၊ ပြီးတော့ အဲ့ဒီ ငါးမင်းဆွေ ဆိုတဲ့သူကိုလည်း မေးချင်တယ်ဗျာ။
ဒေါ်အောင်ဆန်းစုကြည်ကနေပြီးစီးပွားရေး ပိတ်ဆို့ဖို့ ပြောလို့ အမေရိကန်နှင့်တကွ အနောက်အုပ်စုက စီးပွားရေး ပိတ်ဆို့တာလား သူတို့ဟာသူတို့ သူတို့ လွှတ်တော်နဲ့ သူတို့
ဆုံးဖြတ်ပြီး ပိတ်တာလား။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီး မစ္စတာအိုဘားမားရယ် မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံလှည့်ပါ လို့ခေါ်လိုက်ရင် အမေရိကန်စီးပွားရေး
လုပ်ငန်းရှင်တွေက လာကြမယ်တဲ့လား။ မေးလိုက်ချင်စမ်းပါဘိဗျာ။အဲ့ဒီလူကိုကြည့်ရတာ သနားမိတယ် ။ ရွဲ့ပြောတာ မဟုတ်ရပါဘူးဗျာ တကယ် သနားမိတာပါ ။ သူကသာ
ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိဖွင့် နားဖွင့်ပေးဖို့ပြောနေတာ တကယ် ဖွင့်ဖို့လိုနေတာက သူ ။ သူ့ကိုယ်သူ အသုံးချခံလူတယောက်လို့လည်း မြင်ပုံမရရှာဘူး ။ နောက်ပြီး
သူ့ကိုယ်သူလည်း တော်တော်အထင်ရောက်နေဟန်တူတယ်ဗျ ။ တနေ့နေ့တော့ အမြင်မှန်ရပါစေဗျာ
TRUE-MMCP (from YY CBox)

တောင်ဒဂုံ ဂေဟာ ဝေဒနာရှင်များ နေထိုင်ခွင့်ဆက်တိုးပေး

ကိုဝိုင်း | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၉ မိနစ်

Object 1

4Share

vote

nowBuzz up!

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ဒဂုံမြို့နယ် HIV/AIDS ကုသ စောင့်ရှောက်ရေး ဂေဟာမှ ဝေဒနာရှင်များကို နောက်ထပ် တပတ် နေထိုင်ခွင့် ဧည့်စာရင်း
ထပ်ပေးလိုက်ကြောင်း ဝေဒနာရှင် ဦးထင်အောင်က ပြောသည်။

“ဧည့်စာရင်း ကိစ္စ အဆင်ပြေသွားပါပြီခင်ဗျ။ ၇ ရက်ပဲလေ။ ခါတိုင်းလည်း ၇ ရက်ပဲ ” ဟု


ဦးထင်အောင်က မဇ္ဈိမကို ပြောသည်။

ယနေ့ညနေ ၇ နာရီခန့်တွင် ရယက ရုံး၌ ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ဦးထင်အောင်အပါအဝင် NLD မှ


တောင်ဒဂုံ လူငယ်တာဝန်ခံနှစ်ဦးတို့ တွေ့ဆုံကြပြီးနောက် ဧည့်တိုင် နေထိုင်ခွင့် ပြန်ရသည်။

ယခုလ ၁၈ ရက်က မယက ဥက္ကဋ္ဌ ဦးကိုကိုလှိုင်က ဦးထင်အောင်ကို ခေါ်ယူခြိမ်းခြောက်ပြီး ယနေ့


နောက်ဆုံးထား၍ သာကေတ အထူးကုဆေးရုံသို့ ပြောင်းရွှေ့ရန်နှင့် ဆေးရုံမတက်လိုပါက
နေရပ်ပြန်ရန် သတိပေးခဲ့သည်။

ဝေဒနာရှင် ၈၄ ဦးရှိသည့် ဂေဟာ ဖွင့်သည်မှာ ၅ နှစ်ကျော်ပြီ ဖြစ်သော်လည်း ယခုလ ၁၇ ရက်


ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးပြီး နောက်မှ ဆေးရုံတက်ရန် ညွှန်ကြားချက်
ထွက်လာခဲ့သည်။

နိုင်ငံပိုင် ဆေးရုံတချို့တွင် ဆက်ဆံရေး နွေးထွေးမှု မရှိခြင်းနှင့် HIV ပိုး တန့်သွားစေသည့် ART


ဆေးမှလွဲ၍ အခြားဆေးဝါးနှင့် ဆေးပစ္စည်း အသုံးအဆောင်များ ကိုယ်ပိုင်ငွေဖြင့် ဝယ်ခဲ့ရဖူး၍
ဝေဒနာရှင်များ မပြောင်းလိုကြပေ။ HIV/AIDS ေေေေ
“ဆေးရုံမှာ ဆေးဝါး၊ ငွေကြေး အဲဒါတွေ လုံလုံလောက်လောက် ရမယ် မထင်လို့ကို ဘယ်သူမှ မသွားတာပါ။ ဒီမှာကျတော့ ခရီးစရိတ်ကအစ ပေးတယ်။ စိတ်ဓာတ်ခိုင်အောင်လို့ လေ့ကျင့်
ပြုစုပေးတာတို့ ကွာတာပေါ့နော်” ဟု ဂေဟာတွင် ၃ နှစ်ကြာ နေထိုင်နေသော ဦးထင်အောင်က ပြောသည်။

ဂေဟာတွင် စောင့်ရှောက်မှု ခံယူနေသူများထဲတွင် အသက်ကြီးဆုံး ၅၁ နှစ်မှ မိခင်မှတဆင့် ကူးစက်သော ၁ဝ နှစ်အောက် ကလေးများထိ ရှိကြောင်း၊ အထက်မြန်မာပြည်နှင့်
ဧရာဝတီတိုင်းက များကြောင်း သိရသည်။

နေအိမ် တလုံးထဲတွင် ဝေဒနာရှင်များ စုနေခြင်းသည် “ကျန်းမာရေးနှင့် မညီညွတ်” သဖြင့် ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလှမြင့်နှင့်အဖွဲ့ ဂေဟာသို့ သုံးကြိမ် သွားရောက်
ဆွေးနွေးခဲ့သည်ဟု ရန်ကုန် သတင်းစာများတွင် ထုတ်ပြန်ထားသည်။ မြန်မာ့အလင်းက ဂေဟာတွင် အဆုတ်ရောဂါ ရှိသူ ၃ဝ ခန့် ရှိသည်ဟုလည်း ရေးသည်။

ဂေဟာအုပ်ချုပ်ရေး အဖွဲ့မှ ကိုရာဇာကမူ ဆေးဝါးကျွမ်းကျင် သင်တန်း၊ သူနာပြုသင်တန်းများ တက်ထားသော လူငယ်များက သမားတော်ကြီးများ ညွှန်ကြားချက်နှင့်အညီ
ဆောင်ရွက်နေပြီး တီဘီရောဂါဖြစ်နေသူ အနည်းအကျဉ်းသာ ရှိသည်ဟု ပြန်လည်ချေပသည်။

လူနာရှင်များ၏ ဆန္ဒအတိုင်း လိုက်နာမှာဖြစ်ကြောင်းလည်း ကိုရာဇာက ပြောသည်။

မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင်များကို အထူးကုဆေးရုံ (၃ဝ) တွင် လက်ခံကုသပေးနေပြီး ပြည်တွင်း NGO ၁၁ ဖွဲ့နှင့် နိုင်ငံတကာ NGO ၂၁ ဖွဲ့တို့ကလည်း ကုသနေသည်ဟု
မြန်မာ့အလင်းက ဆိုသည်။
ထို့ပြင် မြောက်ဥက္ကလာပ ဝေဘာဂီ၊ မင်္ဂလာဒုံ၊ သာကေတ စသည့်ဆေးရုံများတွင် အတွင်း/ပြင် ဝေဒနာရှင် ၃၄၅ ဦးကုသပေးနေသည်ဟုလည်း ဖော်ပြထားသည်။

ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ HIV/ AIDS အဖွဲ့အစည်းများက မြန်မာတနိုင်ငံလုံးတွင် HIV ပိုးကူးစက်သူ ၂၃ဝ,ဝဝဝ ခန့်ရှိသည်ဟု ၂ဝဝ၇ က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပါတီနှင့် ပူးပေါင်းလိုကြောင်း ဝန်ကြီးနှစ်ဦး ပြော

သိန်းဇော် | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၃ မိနစ်

Object 2

Share

vote

nowBuzz up!

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်နယ်လွှတ်တော်ထဲတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း နအဖ ဝန်ကြီးနှစ်ဦးက RNDP ခေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ စစ်တွေမြို့ရှိ
အမတ် ၃ ဦးကို ပြောခဲ့ကြောင်း RNDP က ပြောသည်။

အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေက အမတ် ၄၆-၄၇ ဦးရှိမည့် ပြည်နယ် လွှတ်တော်ထဲတွင် ၁၈ ဦးဖြင့် အများဆုံး နေရာရရှိသည့် RNDP မှ
အမတ် ၃ ဦးကို ယခုလ ၂၂ ရက်နေ့တွင် စစ်တွေ၌ တွေ့ဆုံခဲ့ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

’’သူတို့ပြောတာက လွှတ်တော်မှာ လိုအပ်တဲ့ဟာတွေကို ပူးပေါင်းလို့ လုပ်မယ်ဆိုပြီးတော့


ဆွေးနွေးတာပါ။ သူတို့ ဆွေးနွေးတာပါ။ သဘောတူညီမှု မရသေးဘူး။ မိတ်ဖြစ်ဆွေဖြစ်
ဆွေးနွေးတာ။ ကျနော်တို့ အဖြေ မပေးလိုက်သေးဘူး။ အဖြေမပေးဆိုတာက EC အစည်းအဝေး
ထိုင်ပြီးမှ ဆုံးဖြတ်နိုင်မှာလို့ ပြန်ပြောလိုက်တယ်။ သူတို့က RNDP ဟာ ရခိုင်ပြည်မှာ
အများဆုံးရတာကြောင့် ဂုဏ်ယူတယ်လို့ ပြောတယ်’’ ဟု ကိုယ်တိုင် တွေ့ဆုံခဲ့သည့် RNDP
ပြည်သူ့လွှတ်တော်အမတ် ဦးမောင်ညိုက မဇ္ဈိမကို ပြောသည်။

RNDP နှင့် ဝန်ကြီးများ တွေ့ဆုံနိုင်ရန်အတွက် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က


စီစဉ်ပေးခဲ့သည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော်အတွက်
ဝန်ကြီးဦးအောင်သောင်းသည် မန္တလေးတိုင်း တောင်သာမြို့နယ်မှ၎င်း၊ ပို့ဆောင်ရေးဝန်ကြီး
ဦးသိန်းဆွေမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှနေ၍ ရွေးကောက်ပွဲဝင်ခဲ့ရာ အနိုင်ရရှိခဲ့ကြသည်။

RNDP အမတ်များက ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သဖြင့် မွေးမြူရေးနှင့်


လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများ တွင်ကျယ်လာလျှင် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ရန်
အလားအလာရှိကြောင်း တင်ပြခဲ့သည်ဟု တွေ့ဆုံပွဲသို့ သွားရောက်ခဲ့သည့် RNDP ဥက္ကဋ္ဌ
ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

“ ဖွံ့ဖြိုးမှုလုပ်ငန်းကို အလွယ်တကူနဲ့ အလျင်အမြန် လုပ်နိုင်တယ်။ ပင်လယ်ရေနက်ဆိပ်ကမ်း ရှိတယ်။ လျှပ်စစ်ဓာတ်အားကိုသာ ၂၄ နာရီရရင် ပင်လယ်ကမ်းနီးကမ်းဝေး


ငါးဖမ်းလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စက်မှုဇုန်တွေ၊ မွေးမြူရေးဇုန်တွေ ပေါ်လာနိုင်တယ်၊ ဘင်္ဂလားဒေ့ခ်ျနဲ့ အိန္ဒိယ ဈေးကွက်တွေ ဝင်လာနိုင်တယ်လို့ တင်ပြခဲ့တယ်” ဟု သူက ပြောသည်။

ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသာမက မည်သည့်ကိစ္စမဆို ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စု အကျိုးအတွက် ထောက်ခံမည်ဖြစ်ပြီး၊ လူထုကို ထိခိုက်မည့် ကိစ္စမျိုးဖြစ်လျှင်
ကန့်ကွက်သွားမည်ဟု RNDP က ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် RNDP သည် ပြည်နယ်တဝှန်း မဲဆန္ဒနယ် ၄၄ နေရာ ဝင်ပြိုင်ခဲ့ရာ ၃၄ နေရာ အနိုင်ရခဲ့ရာ၊ အမျိုးသားလွှတ်တော်တွင် ၇ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၉ ဦး၊
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ၁၈ နှင့် လူမျိုးစုလွှတ်တော်တွင် ၁ ဦး ရရှိခဲ့သည်။

ပြည်နယ်လွှတ်တော်တွင် RNDP က ၁၈ နေရာရရှိပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကမူ ၁၃ နေရာ ရရှိသည်။

လိုင်ဇာက ကုန်မသယ်ရ

ဖနိဒါ | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၄ မိနစ်

Object 3

Share

vote

nowBuzz up!

ချင်းမိုင်(မဇ္စျိမ)။ ။ စစ်အစိုးရက ကေအိုင်အို ဌာနချုပ် မြန်မာ-တရုတ်နယ်စပ် လိုင်ဇာမှ မြစ်ကြီးနားသို့ ကုန်ပို့မှုကို မနေ့ညမှစ၍ ပိတ်ပင်လိုက်သည်။

ပုံမှန်အားဖြင့် တရုတ်ဘက်မှ လာသော သစ်သီးဝလံ၊ စက်ပစ္စည်းနှင့် မီးဖိုချောင်သုံး ပစ္စည်းများ လိုင်ဇာကို ဖြတ်သန်းကာ ကချင်ပြည်နယ် အခြားဒေသများသို့ ဖြန့်ဖြူးသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်ရှိ စစ်ဘက်ရေးရာ


လုံခြုံရေး တပ်ဖွဲ့နှင့် ရဲများက လိုင်ဇာတောင်ဘက် ၆ မိုင်ကွာရှိ လဂျားယန် ဂိတ်တွင်
မော်တော်ယာဉ်များကို စစ်ဆေးပြီး ကုန်ပစ္စည်းများ သိမ်းသည်။ လဂျားယန်ဂိတ်သည် မြစ်ကြီးနားနှင့်
ဗန်းမော်လမ်း နောက်ဆုံးဂိတ် ဖြစ်သည်။

“နအဖတပ်က လိုင်ဇာဘက်က တင်လာတဲ့ ကုန်ပစ္စည်းတွေ ဖြတ်ခွင့်မပြုတာ။ တရုတ်ဘက်ကလာတဲ့


ဘာပစ္စည်းမှ တင်လို့မရဘူး။ ပန်းသီးကအစ အကုန်မတင်ရဘူး”ဟု လိုင်ဇာ ကားဂိတ်မှ
ကချင်အရာရှိတဦးက ပြောသည်။

ကုန်စည်များသိမ်းကာ လူနှင့် မော်တော်ယာဉ်များသာ ဖြတ်သန်းခွင့်ပြုသည်။ နယ်စပ်မှ


အခွန်မဆောင်ဘဲ သွင်းသော ကုန်ဖမ်းမှု ယခင်နှစ်များက လုပ်ဖူးသော်လည်း ယခုအခါ အခွန်ဆောင်
မဆောင် မစစ်ပဲ သိမ်းသည်ဟု ကေအိုင်အို သတင်းရပ်ကွက်က ပြောသည်။

ပိတ်ပင်မှုက ကေအိုင်အို ဝင်ငွေထိခိုက်စေနိုင်သည် ဆိုသော်လည်း အသေးစိတ်ပြောရန်


ငြင်းဆန်သည်။

မြစ်ကြီးနား ကားကြီးဝင်းမှ တာဝန်ရှိသူတဦးကလည်း “ဒီနေ့က စပြီး သွားခွင့်မပြုတော့ဘူး။


လိုင်ဇာဘက်က ကုန်စည်တွေ လောလောဆယ် ပိတ်ထားတယ်။ ခုကုန်တွေ တော်တော်များများ - Photo: Mizzima
သောင်တင်နေကြတယ် ” ဟုပြောသည်။

ကေအိုင်အို ဆက်ဆံရေးရုံးများ ရုတ်သိမ်းရန် မြောက်ပိုင်းတိုင်း စရဖက ပြောဆိုခဲ့ပြီးနောက် ကေအိုင်အိုက နောက်ဆုံးထား ရုတ်သိမ်းရန် ညွန်ကြားထားသည့် ယနေ့တွင်ပင် စသိမ်းသည်။

မနေ့ညပိုင်းကလည်း ဗလမင်းထင်တံတား အဝင် ဝိုင်းမော်ဘက်ခြမ်း အကောက်ဂိတ်တွင် ကား ၁ဝ စီးခန့် ဖမ်းခဲ့ကြောင်း လိုင်ဇာ ကားသမားတဦးက ပြောသည်။

မြစ်ကြီးနား-လိုင်ဇာကားလမ်းတလျှောက် နအဖတပ်ဂိတ်ကြီး ၈ ခုနှင့် ရဲဂိတ် ၃ ဂိတ်ရှိပြီး လဂျားယန်၊ ဝိုင်းမော်၊ ဗလမင်းထင်၊ မလိခတံတားဂိတ် စသည့် ဂိတ်ပေါင်း ၁၃ ခုရှိကြောင်း
သိရသည်။

အဲရန်ကုန် မရေမရာ အကြောင်းပြချက်ဖြင့် နားရ

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၆ မိနစ်

Object 4

Share

vote

nowBuzz up!

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်အဲဝေး လေကြောင်း ဒီဇင်ဘာ ၃ ရက်အထိသာ ပြေးဆွဲတော့မှာဖြစ်ပြီး ရက်အကန့်အသတ်မရှိ ရပ်နားတော့မည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ပြည်တွင်းပြေး ပုဂ္ဂလိက လေကြောင်းလိုင်းတခုဖြစ်သော ရန်ကုန်အဲဝေး၏ ခရီးသွားကုမ္ပဏီများသို့ ပို့သော ထုတ်ပြန်ချက်တွင် အာဏာပိုင်များက လေယာဉ်ပြေးဆွဲခွင့် လက်မှတ်
သက်တမ်း တိုးမပေးသေးသောကြောင့်ဟု ပါသည်။ နောက်ပိုင်းလက်မှတ်များအတွက် အခြား လေကြောင်းလိုင်းများကို လွှဲပြောင်းရန်လည်း မှာကြားထားသည်။

မြန်မာ့လေကြောင်း သတင်းရပ်ကွက်အရ ရန်ကုန်အဲဝေးပိုင်ရှင်အစစ်မှာ ဝ' ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ


ပေါက်ယူချမ်းသားမက် ဦးအိုက်ဟောက်ဟု ဆိုသည်။ စစ်အစိုးရက UWSA စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်လာခြင်း
ပြယုဂ်တခုဟု ထင်ကြေး ပေးကြသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော UWSA မှာ အမြဲတမ်း စစ်သည်အင်အား


အနည်းဆုံး နှစ်သောင်းရှိပြီး စစ်အစိုးရ နယ်ခြားစောင့်တပ် မပြောင်းဘဲ ငြင်းဆန်ထားသည်။ သူတို့ထိန်းချုပ်ရာနယ်မြေတွင်
လုံခြုံရေးမကောင်းဆိုကာ စစ်အစိုးရက ရွေးကောက်ပွဲ မကျင်းပဘဲ ချန်ထားခဲ့သည်။

၂ဝဝ၈ နိုဝင်ဘာလ ၁၃ တွင် အမေရိကန်မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ နာမည်ပျက် စီးပွားရေး လုပ်ငန်းများနှင့်


လုပ်ငန်းရှင်များစာရင်းတွင် ရန်ကုန်အဲဝေးလည်း ပါသည်။

လေကြောင်းကုမ္ပဏီကို သတင်းပို့ချိန်အထိ ဆက်သွယ်မရဘဲ ဖြစ်နေသည်။

ရန်ကုန်အဲဝေးကို ၁၉၉၆ တွင် ထိုင်း Krong-Sombat Co နှင့် မြန်မာ့ လေကြောင်းလိုင်းတို့ ဖက်စပ်


တည်ထောင်ခဲ့ပြီး တည်ထောင်ပြီး
တနှစ်အကြာတွင် မေဖလားဝါး
ကုမ္ပဏီက ရှယ်ယာဝင်အဖြစ်
ပါလာခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဌာနက
ထုတ်ပြန်သော
မူးယစ်ဆေးဝါးမှရသည့် ငွေကြေးကို
ငွေဖြူပြောင်းသည့် စာရင်းဝင် မေဖလားဝါးမှာ ၂ဝဝ၃ တွင် မြန်မာအစိုးရ ဖျက်သိမ်းခံရသည်။

ရန်ကုန်အဲဝေးတွင် ဖော်ကာ ATR 72-210s အမျိုးအစား လေယာဉ် ၂ စီးရှိသည်။

ရန်ကုန်အဲဝေး ဖျက်သိမ်းလျှင် နိုင်ငံပိုင် မြန်မာ့လေကြောင်းနှင့် ပုဂ္ဂလိကပိုင် အဲပုဂံနှင့် အဲမန္တလေးတို့


ကျန်ရစ်မည်။

ATR 72-210s (photo ::


http://www.yangon-airways.com)
ဦးသုဝေတို့က ဒေါ်စုနှင့် ကျန်းမာ၊ ပညာ ပူးပေါင်းမည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၄ မိနစ်

Object 5

Share

vote

nowBuzz up!

ရန်ကုန် (မဇ္ဈိမ)။ ။ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများတွင် ဒေါ်ဆောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ယနေ့ ပြောဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ဥက္ကဋ္ဌ ဦးသုဝေ ခေါင်းဆောင်သော ၈ ဦးအဖွဲ့က ရန်ကုန်မြို့


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် တွေ့ဆုံခဲ့ပြီး
ပူးပေါင်းဆောင်ရွက်ရေး သဘောတူခဲ့ခြင်း ဖြစ်သည်။

“ ကျနော်တို့ပါတီက ဦးနေဖူးဗဆွေက တနင်္သာရီတိုင်းမှာ ဝင်ပြိုင်ခဲ့တယ်။ အဲဒီတိုင်းမှာ ဖြစ်နေတဲ့


အနေအထားတွေကို သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြတယ်။ ဒါကြောင့် ပညာရေးနဲ့
ကျန်းမာရေးကို အရင်ဆုံး အကောင်အထည် ဖော်ကြဖို့ကို သဘောတူတာ ဖြစ်တယ်’’ ဟု
ဦးသုဝေက မဇ္ဈိမကို ပြောသည်။

တနင်္သာရီတွင် ပညာရေးနှင့် ကျန်းမာရေး နိမ့်ကျမှုများကို ကိုယ်တိုင် တွေ့ခဲ့သူ ဦးနေဖူးဗဆွေ


(ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သား) က ရှင်းလင်း ပြောကြားခဲ့ရာမှ ယင်းတိုင်းဒေသတွင် ကနဦး
အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

“အကောင်အထည် ဖော်မယ့် ကာလကတော့ တပတ် အတွင်းလို့ ပြောပါတယ်။ တနင်္သာရီတိုင်းမှာ


NLD လူငယ်တွေ ရှိတယ်။ အခုလည်း သူတို့က ရန်ကုန်ကို ရောက်နေတယ်လေ။ ဒါ့ကြောင့် အဲဒီ
တိုင်းဒေသကို အရင်ဆုံး လုပ်ဖို့ စီစဉ်တာ ဖြစ်မယ်။ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ
ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်က ပြန်ပြီး ဆက်သွယ်မှာပါ’’ ဟု ဦးသုဝေက ဆိုသည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်ကလည်း ''အဲဒီကိစ္စအတွက် ရက်ကိုတော့ အတိအကျ မသိရသေးဘူး။ အမြန်ဆုံး ဆောင်ရွက်ဖို့ လုပ်နေတယ်'' ဟု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလ ၁၃ ရက်နေ့တွင် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် DPM နှင့် တွေ့ဆုံမှုသည် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီနှင့်
စတင်တွေ့ဆုံခြင်း ဖြစ်သည်။

ဦးသုဝေနှင့်အတူ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဗဆွေ၊ ဦးအောင်ငြိမ်း၊ ဦးနေဖူးဗဆွေ၊ ဦးလှဋ္ဌေးနှင့်


ဦးထွန်းလှိုင် စသည့် DPM ခေါင်းဆောင်များ အန်အယ်ဒီရုံးသို့ သွားရောက်ခဲ့ပြီး၊ NLD ဘက်မှ ဒေါ်အောင်ဆန်းစုကြည်၊
ဦးတင်ဦး၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ပါတီခေါင်းဆောင်အချို့ တက်ရောက် ဆွေးနွေးခဲ့သည်။

ယခုလ ၁၉ ရက်နေ့တွင် ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်း ၁၂ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို


တွေ့ဆုံခဲ့ရာ NLD ၏ လူမှုရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောဆိုခဲ့ကြသေးသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် စုစုပေါင်း ၃၇ ပါတီ ဝင်ပြိုင်ရာ DPM သည် ပါတီဥက္ကဋ္ဌ ဦးသုဝေ သာမက အတွင်းရေးမှူးချုပ်
ဒေါ်သန်းသန်းနု၊ အတွင်းရေးမှူးများဖြစ်သော ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ဒေါ်နေရည်ဗဆွေတို့ပါ ရှုံးနိမ့်ခဲ့ကြသည်။ တိုင်းနှင့်
ပြည်နယ်အတွက် အမတ်နေရာ ၃ နေရာ ရရှိခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဆီသို့ စာပို့ပြီး အသိပေးတင်ပြထားသည့်စာ

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၀၅ မိနစ်

Object 6

Share

vote

nowBuzz up!

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဆီသို့ စာပို့ပြီး အသိပေးတင်ပြထားသည့်စာ


http://www.mizzimaburmese.com/

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နှုတ်ထွက်

By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 25 နိုဝင်ဘာ 2010


ဓာတ်ပုံ AP

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Tae-young။ နိုဝင်ဘာ ၂၅၊ ၂၀၁၀။

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားပိုင် ကျွန်းကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကိုင်တွယ်ပုံကို ဝေဖန်ခံခဲ့ရတဲ့အတွက်


တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နှုတ်ထွက်လိုက်ပါတယ်။ ၂ နိုင်ငံကြား တင်းမာမှုတွေ တိုးလာချိန်မှာ တောင်ကိုရီးယား အစိုးရက ကာကွယ်ရေး ၀န်ကြီးရဲ့ ဆုံးဖြတ်ချက်ကို အခုလို
ကြေညာလိုက်တာပါ။

တချိန်တည်းမှာပဲ မြောက်ကိုရီးယားဘက်က အင်္ဂါနေ့က တိုက်ခိုက်ခဲ့လို့ တောင်ကိုရီးယား နိုင်ငံသား ၄ ယောက် သေဆုံးခဲ့ရတဲ့ ယောင်ဗြောင်းကျွန်းမှာ တောင်ကိုရီးယား
တပ်ဖွဲ့ဝင်အင်အား သိသိသာသာ တိုးချထားလိုက်ပါတယ်။ ဒါ့အပြင် ၂ နိုင်ငံ အငြင်းပွားနေကြတဲ့ ရေပိုင်နက်အတွင်း တခြားကျွန်းငယ် ၄ ခုမှာလည်း တောင်ကိုရီးယား တပ်ဖွဲ့တွေ
ဖြန့်ကျက် နေရာယူထားပါတယ်။

မြောက်ကိုရီးယားရဲ့ နောက်ထပ် တိုက်ခိုက်လာမယ့် အန္တရာယ်ကို ပိုပြီး ဖိဖိစီးစီး တုံ့ပြန်နိုင်ရေးအတွက် ထိတွေ့ဆက်ဆံရေးမူကို ပြန်လည်သုံးသပ်ဖို့ လိုတယ်လို့ တောင်ကိုရီးယား
အတိုက်အခံတွေက တောင်းဆိုနေကြပါတယ်။

တောင်ကိုရီးယားနိုင်ငံက စစ်ရေးအရ ရန်စတာတွေကို မဆင်မခြင် ဆက်လုပ်နေမယ်ဆိုရင် နယ်စပ်ရှိ လူနေထူထပ်တဲ့ ကျွန်းကို လက်နက်ကြီးတွေနဲ့ ထပ်ပြီး တိုက်ခိုက်မယ်လို့
မြောက်ကိုရီးယားနိုင်ငံက သတိပေးလိုက်ပါတယ်။

ကိုရီးယားကျွန်းဆွယ် အနောက်ဘက်မှာ တနင်္ဂနွေနေ့ စတင်မယ့် အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ် စစ်ရေးလေ့ကျင့်မှုအတွက် စိုင်းပြင်းနေချိန်မှာ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA
သတင်းဌာနကတဆင့် သတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ ကိုရီးယား ကျွန်းဆွယ်အကြား မဟာဗျူဟာကျတဲ့ ရေပိုင်နက်အနီး ဧရာမ အမေရိကန် လေယာဉ်တင် စစ်သင်္ဘောကြီး USS George Washington ပါဝင်မယ့် ပူးတွဲ
စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက စိုးရိမ်မကင်း ဖြစ်ရကြောင်းနဲ့ အခြေအနေ တည်ငြိမ်ရေး ၂ ဘက် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါလို့ ဒီနေ့ အလေးအနက်
ပြောဆိုလိုက်ပါတယ်။

တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ စီစဉ်ထားတဲ့ စည်းဝေးပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။ တောင်ကိုရီးယားဘက်က ဆက်ပြီး ရန်စတာတွေ လုပ်နေဦးမယ်ဆိုရင်
မြောက်ကိုရီးယားဘက်ကနေ ဒုတိယအကျော့တင် မကဘဲ တတိယအကျော့ ထပ်ပြီး တိုက်ခိုက်ဖို့ ချီတုံချတုံ စဉ်းစားနေမှာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တောင်ဒဂုံက HIV ဝေဒနာရှင်များ ဧည့်စာရင်း တိုင်ခွင့်ရ

By ဦးမိုးဇော် ကြာသပတေး, 25 နိုဝင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

တောင်ဒဂုံမြို့နယ်မှာ ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားတဲ့ HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာမှာ ဆေးကုသမှု ခံယူနေကြတဲ့
လူနာ ၉၀ ကျော်ကို ဒီနေ့ညနေပိုင်းမှာ ရပ်ကွက် အာဏာပိုင်တွေက ဧည့်စာရင်း ထပ်ပြီး ထုတ်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့တပတ်က ဒီဂေဟာကို ဒေါ်အောင်ဆန်းစုကြည်
သွားရောက်တွေ့ဆုံ အားပေးပြီးတဲ့နောက်မှာ အာဏာပိုင်တွေက ဧည့်စာရင်း တိုင်ကြားတာကို လက်မခံဘဲ လူနာတွေကို အဲဒီနေရာကနေ ပြောင်းရွှေ့ဖို့ စေခိုင်းခဲ့တဲ့ အခြေအနေတွေ
ဖြစ်ပေါ်ခဲ့ပါတယ်။ အခုလတ်တလောမှာတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားတယ်ဆိုတဲ့ အနေအထားမှာ ရှိနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဖြူဖြူသင်း ဦးဆောင်
ဖွင့်လှစ်ထားတဲ့ HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာရဲ့ နောက်ဆုံး အခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဖြူဖြူသင်းနဲ့ လူငယ်တွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာကို ဒီလ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်
သွားရောက် အားပေးစကား ပြောကြားပြီးတဲ့နောက် အာဏာပိုင်တွေဘက်က အဲဒီမှာရှိတဲ့ လူနာတွေကို ဧည့်စာရင်း ထပ်မံ ထုတ်မပေးတော့ဘဲ အဲဒီနေရာကနေ ပြောင်းရွှေ့ဖို့အတွက်
ဆွေးနွေးလာခဲ့ပါတယ်။

ဒီလ ၂၀ ရက်နေ့မှာတော့ တပတ်တခါ ထုတ်ပေးတဲ့ ဧည့်စာရင်းကို ထပ်မံ တိုးမပေးတော့ဘဲ အဲဒီဂေဟာမှာ ဒီလ ၂၅ ရက်နေ့အထိ ဆက်လက် နေထိုင်မယ်ဆိုရင် အရေးယူသွားမှာ
ဖြစ်တယ်လို့ အာဏာပိုင်တွေဘက်က ပြောကြားခဲ့ပါတယ်။ နောက်ရက်တွေမှာတော့ ကျန်းမာရေးဌာနက အရာရှိတွေက လူမှုစောင့်ရှောက်ရေး ဂေဟာက တာဝန်ရှိသူတွေကို ခေါ်ယူပြီး
လူနာတွေကို အစိုးရက ဖွင့်လှစ်ထားတဲ့ သာကေတ ဆေးရုံကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့သလို အစိုးရ သတင်းစာတွေမှာလည်း ဒီလို နေအိမ်တခုတည်းမှာ ဝေဒနာရှင်တွေ စုဝေး
နေထိုင်တာကြောင့် ပတ်ဝန်းကျင်ကိုပါ ရောဂါကူးစက်နိုင်တယ် ဆိုတာမျိုး ဖော်ပြခဲ့ပါတယ်။

ဒီနေ့မှာတော့ ရပ်ကွက် အာဏာပိုင်တွေက ဂေဟာမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူ ၉၀ ကျော်ကို ဧည့်စာရင်း ပြန်လည် ထုတ်ပေးလိုက်တယ်လို့ ဧည့်စာရင်း တိုင်ကြားရာမှာ
ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ကိုကျော်သီဟက အခုလို ပြောပါတယ်။

“ဧည့်စာရင်းက ပြန်ပေးလိုက်ပြီ။ သူတို့ ညှိနှိုင်းပြီးတော့ ၇ ရက်စာ ပေးလိုက်တယ်။ အရင်ကလည်း တပတ်စာပဲ ပေးတာလေ။ အခု အဲဒါ ၁ ရက်နေ့အထိပေါ့။ အားလုံး
ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ အကုန်လုံး ၀မ်းသာနေတာပေါ့၊ လူနာတွေ အကုန်လုံး၊ ကျနော်တို့ရော အကုန်လုံးပေါ့။ အားလုံး ၉၀ ကျော်ပေါ့။”

လတ်တလော အခြေအနေမှာတော့ ဒီဂေဟာမှာ ဆေးကုသ ခံယူနေသူတွေဟာ တပတ် ဆက်လက်နေထိုင်ခွင့် ရကြမှာ ဖြစ်ပါတယ်။ အခုလို အာဏာပိုင်တွေဘက်က လိုက်လျောလာတဲ့
အပေါ်မှာ ဒီဂေဟာကို ဦးဆောင်ဖွင့်လှစ်သူ မဖြူဖြူသင်းက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒါဟာ အာဏာပိုင်တွေနဲ့ သူတို့အကြားမှာ အပြည့်အ၀ နားလည်မှု ရရှိတာ ဟုတ်မဟုတ်
ဆိုတာတော့ မသေချာဘူးလို့ ဆိုပါတယ်။

“အခုလို လိုက်လျောလိုက်တဲ့ အပေါ်မှာတော့ ကျမတို့ အနေနဲ့ ကြိုဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အခုဆို တော်တော်များများတော့ စိတ်သက်သာရာ ရတာပေါ့။ အရင်တုန်းကဆိုရင်
ကျမတို့အားလုံး ပြည်သူလူထုတွေရော စိုးရိမ်နေကြတယ်။ ၀ိုင်းပြီး အားလုံးက စိုးရိမ်နေကြတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစကတည်းကလည်း ကျမအနေနဲ့ မြင်တာတော့ မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူနာတွေဆိုတာ နဂိုကတည်းကမှ အားနည်းနေတယ်။ ဒီလို
ပြဿနာမျိုး၊ ဒီလိုဒုက္ခမျိုး ကြုံတယ်ဆိုရင် သူတို့မှာ ခံနိုင်ရည် မရှိပါဘူး။ အခုဖြစ်တဲ့ ကိစ္စကတော့ သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်ပေါ့၊ အောက်ခြေ၀န်ထမ်း အဆင့်ဆင့်ရဲ့
လုပ်ကိုင်ဆောင်ရွက်မှုပေါ့၊ အားလုံးနဲ့ ပြေလည်မှု ရသလားဆိုတော့ ကျမတို့ အနေနဲ့ ပြောလို့မရသေးပါဘူး။”

မဖြူဖြူသင်းကတော့ HIV/AIDS လူမှုစောင့်ရှောက်ရေး လုပ်ငန်းကို ဒီ့ထက် တိုးမြှင့်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဒီရောဂါ ကူးစက် ပြန့်ပွားနေတာဟာ အမျိုးသားရေး
ပြဿနာတရပ် ဖြစ်နေတာကြောင့် ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အခု ပြောင်းရွှေ့ခိုင်းနေတဲ့ တောင်ဒဂုံမြို့နယ်က HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာဟာ ၂၀၀၅ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီဂေဟာကို မြန်မာပြည်အနှံ့က HIV/AIDS
ဝေဒနာရှင်တွေ လာရောက် ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။ သူတို့တွေဟာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေချိန်မှာ ရပ်ကွက် အာဏာပိုင်တွေဆီကနေ ဧည့်စာရင်း တိုင်ကြားပြီး
နေထိုင်နေကြတာ ဖြစ်ပါတယ်။

ကူညီရေးလုပ်ငန်း အတူလုပ်ဖို့ ဒေါ်စုနဲ့ ဒီမိုကရက်တစ်ပါတီ သဘောတူ

By ဦးဇော်ဝင်းလှိုင် ကြာသပတေး, 25 နိုဝင်ဘာ 2010

ဓာတ်ပုံ AP

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ သတင်းထောက်များအား ရှင်းလင်း ပြောကြားနေစဉ်။ နိုဝင်ဘာ ၂၅၊ ၂၀၁၀။

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ အပါအ၀င် နိုင်ငံရေးပါတီ တချို့နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ NLD ရုံးချုပ်မှာ
တွေ့ဆုံခဲ့ပါတယ်။ NLD ပါတီက ဘယ်လို ဆက်လက်ရပ်တည်မယ် ဆိုတာ မသေချာသေးတဲ့အတွက် နိုင်ငံရေး လုပ်ငန်းတွေကို ဘယ်လို ဆက်ပြီး လုပ်ဆောင်ကြမယ် ဆိုတာလည်း
မသေချာသေးပါဘူး။ ဒါပေမဲ့ လူမှုရေး လုပ်ငန်းတွေကိုတော့ မကြာခင်မှာ စတင်ပူးပေါင်း လုပ်ဆောင်ကြဖို့တော့ ဆွေးနွေးခဲ့တယ်လို့ ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။ အပြည့်အစုံကို
ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်ပိုင်း သူ့ပါတီအတွင်းက ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတာတွေအပြင် တိုင်းရင်းသား


ခေါင်းဆောင်တွေ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ တသီးပုဂ္ဂလ အမတ်တွေ၊ သံတမန်တွေနဲ့ နေ့စဉ်ဆိုသလို တွေ့ဆုံနေတာပါ။ ဒီကနေ့တော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇
ရက် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်က ခေါင်းဆောင်တွေနဲ့ ဒီကနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
“ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ခေါင်းဆောင်များနဲ့ မနက် ၁၀ နာရီခွဲလောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ခန်းမထဲမှာ တွေ့ဆုံပါတယ်။ အဖွဲ့ချုပ်ဘက်က ဥက္ကဋ္ဌ
ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ကျနော်၊ ဦးဝင်းတင်တို့ တက်ရောက်ပါတယ်။”

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့ကြတဲ့ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေကတော့ ပါတီဥက္ကဋ္ဌ ဦးသုဝေ၊ ပါတီအတွင်းရေးမှူးတွေ ဖြစ်ကြတဲ့ ဒေါ်သန်းသန်းနု၊
ဒေါ်နေခြည်ဘဆွေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးညွန့်လှိုင်နဲ့ နေဘလုဘဆွေတို့အပြင် တခြား အဖွဲ့ဝင်တွေ လိုက်ပါသွားကြတယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တစ်ပါတီ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် အခုလို လွတ်မြောက်လာတဲ့အတွက် သွားနှုတ်ဆက်ရင်း မြန်မာနိုင်ငံမှာ လူထုက လိုချင်နေတဲ့ အပြောင်းအလဲ
ဖော်ဆောင်နိုင်ဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုက အရေးပါကြောင်းနဲ့ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက အခုလို
ပြောပြပါတယ်။

“ကျနော်တို့က သူ့ကို သွားပြီး နှုတ်ဆက်တာ။ သူ ၀မ်းသာတဲ့ အကြောင်းလည်း ပြောတာပေါ့။ အခြေအနေလေးတွေကို ကျနော်က ရှင်းပြတယ်။ အခုဆိုရင် သူထွက်လာတဲ့အခါ
ပြည်သူလူထုက ၀မ်းပန်းတသာနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုတယ်ပေါ့။ အဲဒါဟာ တိုင်းပြည်အတွက် အလင်းရောင်တခုပါပဲလို့။ တိုင်းပြည်ကလည်း ဘာလိုချင်လဲဆိုတော့ တကယ်ကောင်းတဲ့
အပြောင်းအလဲတခုကို လိုချင်တယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်လို ဖြစ်လာတာပေါ့လို့ ကျနော် သူ့ကို ပြောပြတယ်။

“နိုင်ငံရေးကိစ္စနဲ့ ပတ်သက်လို့ကတော့ ရည်ရွယ်ချက်တူတယ်၊ လုပ်ငန်းစဉ်တူတယ် ဆိုရင် အတူတွဲလုပ်ပါမယ်လို့။ တူတဲ့ကိစ္စတွေမှာတော့ အားလုံးပါဝင်ပြီး တွဲလုပ်နိုင်ပါတယ်လို့


ပြောပြတယ်။”

နိုင်ငံရေး ကိစ္စတွေမှာတော့ NLD ရဲ့ ရပ်တည်ချက် ဘယ်လိုဖြစ်မယ်မှန်း သူတို့ဘက်က မသိသေးပေမဲ့ တူညီတဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားဖို့နဲ့ မကြာခင်မှာ အမြန်ဆုံး
အကောင်အထည်ဖော် လုပ်ဆောင်နိုင်မယ့် လူမှုရေး လုပ်ငန်းတွေကို ဆွေးနွေးဖြစ်တဲ့ အကြောင်းလည်း ဦးသုဝေက ဆက်ပြောပါတယ်။

“နိုင်ငံရေးကျတော့ သူတို့ရဲ့ ရပ်တည်ချက်က မသေချာသေးတော့ နိုင်ငံရေးက ခြေလှမ်း ဘယ်စလှမ်းရမယ်ဆိုတာ မပြောတတ်သေးဘူးပေါ့။ ဒါပေမဲ့ လူမှုရေး လုပ်ငန်းတွေကျတော့
ကျနော်တို့ စလုပ်ဖို့ သဘောတူလိုက်ပါတယ်။ လူမှုရေးမှာတော့ တနိုင်ငံလုံး လုပ်လို့ရပါတယ်လို့ ပြောပြပါတယ်။ အခုဆိုရင် တနင်္သာရီတိုင်းမှာ ပညာရေး လုပ်ငန်းတို့၊ ကျန်းမာရေး
လုပ်ငန်းတို့မှာ အတူတကွလုပ်ဖို့။ စပြီးလုပ်မှာပေါ့။ စီမံကိန်းကို တပတ်အတွင်းမှာ ချမယ်လို့ သူပြောပါတယ်။”

NLD အနေနဲ့ နိုင်ငံရေးအရ ဆက်လက်ရပ်တည်ဖို့ ကိစ္စအတွက် ဥပဒေလမ်းကြောင်းအရ ဆက်လက် ရင်ဆိုင်နေဆဲ ဖြစ်ပေမဲ့ ဘယ်ပါတီ အဖွဲ့အစည်းနဲ့မဆို သူတို့ဘက်ကတော့
ဆက်ဆံသွားမယ့် အကြောင်းလည်း ဦးသုဝေက ပြောပါတယ်။

“ဆက်ဆံတာကတော့ ဘယ်သူနဲ့မဆို ဆက်ဆံရမှာပဲလေ။ သူတို့က ဒုတိယ ပင်လုံညီလာခံကိစ္စ ပြောတာရှိတယ်။ အဲဒါမျိုးကျတော့ ကျနော်ကပြောတယ်၊ အဲဒါဟာ အင်မတန်မှ
သိမ်မွေ့တဲ့ ပြဿနာဖြစ်တယ်၊ ပြီးတော့ ခက်လည်းခက်တယ်၊ အဲဒါကို အချိန်ယူရမယ်၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ နားလည်မှုရှိအောင်၊ ပြည်ထောင်စုစိတ်ဓာတ် ရှိအောင်၊
ဒါတွေကတော့ ကြိုက်ပါတယ်လို့။ ဒါပေမဲ့ အဲဒီဟာကြီးကို ရှေ့တန်းတင်ရင် အခက်အခဲတွေ ရှိမယ်။ တခြားလုပ်ငန်းတွေပါ လုပ်ရခက်သွားတာ ရှိပါတယ်လို့၊ ဖက်ဒရယ်ကိစ္စ၊ ပင်လုံညီလာခံ
စပြီးတော့ အာဏာသိမ်းတဲ့ အထိအောင် ကျနော် ရှင်းပြလိုက်တယ်။ အဲတော့ ကျနော်ပြောပြတဲ့ အချက်တွေကို သူက စဉ်းစားပါ့မယ်လို့တော့ ပြောတယ်။”

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၈ မျိုးဆက် ကျောင်းသားအင်အားစု၊ နောက် ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ စတဲ့ အဖွဲ့အစည်းတွေနဲ့
တွေ့ဆုံပြီး နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းတွေကို ဆွေးနွေးဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၈ နာရီလောက်တုန်းကတော့ အင်းစိန် ရွာမက ခရစ္စယာန်ဘာသာဝင် ၂၀ လောက် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လာပြီး ဆုတောင်းပေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်ဂိတ်တခုပိတ်

By နူးပန် ကြာသပတေး, 25 နိုဝင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

တရုတ်၊ မြန်မာနယ်စပ် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်အနီးက ကုန်အ၀င်အထွက် ဂိတ်ကို မြန်မာအာဏာပိုင်တွေက ဒီကနေ့ ပိတ်လိုက်ပါတယ်။ ဒီလို ပိတ်ပင်မှုကြောင့်
KIO ရဲ့ စီးပွားရေးသာမက လူထုရဲ့ စီးပွားရေးပါ ထိခိုက်လိမ့်မယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။ KIO အဖွဲ့ဟာ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့
အပစ်ရပ် အဖွဲ့တခု ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မနူးပန်က သတင်းပို့ထားပါတယ်။

ဒီကနေ့မှာပဲ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးက မြန်မာစစ်အစိုးရတပ် လဂျားယန် ဂိတ်ကြီးကနေ လိုင်ဇာက တရုတ်ကုန်ပစ္စည်း တင်သွင်းခွင့် အကန့်သတ်မရှိ
ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ပိတ်ပင်တာဟာ ဒီတပတ် တနင်္လာနေ့ညနေမှာ မြန်မာစစ်တပ် နဖော့ဘွမ် အခြေစိုက် ဒု-ဗိုလ်မှူးကြီး လှထွန်း ဦးဆောင်တဲ့ ခမရ ၃၂၁ ခြေမြန်တပ်ရင်းက တပ်သားတွေက မနီးမဝေး
မြင်နေရတဲ့ KIA တပ်မ အခြေစိုက်တဲ့ ဖာလပ်ဘွမ်ကို KIO သတ်မှတ်ထားတဲ့ နေရာထက် တမိုင်ကျော် ကျူးကျော်ဝင်လာရာမှာ လုံခြုံရေးမိုင်းထိပြီး ၂ ယောက် ဒဏ်ရာရ၊ ၁ ယောက်
သေဆုံးမှုဖြစ်ပြီး ပိတ်ပင်လာတာ ဖြစ်ပါတယ်။

အခုလို တပ်သားတွေ ထိခိုက်မှုနဲ့ ပတ်သက်ပြီးလည်း ဒီကနေ့မှာ မြစ်ကြီးနားက ဗျူဟာမှူးလည်း လာရောက်စစ်ဆေးမှု ခရီးစဉ်နဲ့အတူ ဂိတ်မှာလည်း ကုန်ဝင်ခွင့်ကို ဒီမနက် ၆ နာရီကနေ
ပိတ်လိုက်တာဖြစ်ပြီး ဘယ်အချိန် ပြန်ဖွင့်မယ်လဲ မသိရတဲ့အတွက် ကုန်ကားသမားတွေက အခက်တွေ့နေကြတယ်လို့ လဂျားယန် ဒေသခံတယောက်က ကချင်လို ပြောပါတယ်။

“လိုင်ဇာက ထွက်လာတဲ့ ကားတွေအားလုံး လုံးဝ တရုတ်ပစ္စည်း မတင်ခိုင်းဘူး။ ကားတွေ ကိုယ်အလွတ်တွေပဲ။ နောက်ပြီး စိုက်ခင်းအလုပ်သမား တရုတ်တွေကိုလည်း လုံးဝ မ၀င်ခိုင်းဘူး။
အထက်က ပိတ်ထားတာလို့ ပြောတယ်။ လ၀ကကို မေးကြည့်တော့ အထက်က အမိန့်လို့ ပြောတယ်။ ပြောတာတော့ မနေ့ကကတည်းကတဲ့။ ကားသမားတွေ ဒီနေ့မှာ ပစ္စည်းတင်လို့
မရတော့ဘူး၊ ဘာမှမတင်နဲ့လို့ ပြောတယ်တဲ့။ တချို့ကိုတော့ တပတ်လောက် ကြာမယ်ပြောပြီး တကယ် ဘယ်လောက်ထိကြာအောင် ပိတ်မယ်ဆိုတာလည်း မသိဘူး။”

KIO ကတော့ သူတို့နယ်မြေထဲ ကျူးကျော် ၀င်ရောက်လာပြီး အခုလို ဖြစ်လာအောင် စစ်အစိုးရက စမ်းသပ်တဲ့ သဘောနဲ့ အခုလို ဖြစ်ပွားခဲ့ပြီး နောက်မှာလည်း ပိုမို တင်းမာလာနိုင်ဖွယ်
ရှိတယ်လို့ အရာရှိတွေက ပြောဆိုနေပါတယ်။

တရုတ်ကုန်တွေ ကချင်ပြည်နယ်တွင်း ၀င်ခွင့် ပိတ်လိုက်တာ နောက်ဆက်တွဲ စစ်အစိုးရနဲ့ KIO ရဲ့ ဆက်ဆံရေး တဖြည်းဖြည်းနဲ့ ပိုမို တင်းမာလာတဲ့ သဘောနဲ့ KIO ရဲ့ စီးပွားရေး
ထိခိုက်စေတဲ့အတွက် ပိတ်တာဖြစ်ပေမဲ့ လူထုကို ပိုထိခိုက်စေတယ်လို့ တရုတ်နယ်စပ်က ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်က ကိုအောင်ဝါက ပြောပါတယ်။

“ဒီဟာတွေက တဖြည်းဖြည်းနဲ့ နအဖကနေ KIO ကို ဖိအားပေးလာတဲ့ သဘောမျိုး ဖြစ်တယ်။ ကုန်စည် အသွားအလာ ပိတ်ပင်တဲ့ နောက်ပိုင်းတော့ အထူးသဖြင့် ကချင်ပြည်သူလူထုက
အခက်အခဲနဲ့ ကြုံနေရမယ်၊ ကုန်ပစ္စည်းတွေ ရှားပါးလာမယ်၊ ပစ္စည်းတွေ ဈေးတက်လာမယ်။ နောက်တခုက ကချင်ပြည်မှာ ရထားလမ်း တခုတည်းကိုသာ ပြည်မနဲ့ အဆက်အသွယ်
ရှိနေတယ်။ ကားလမ်းက အနည်းအကျဉ်းပဲ ရှိတယ်ဆိုတော့ ပစ္စည်း အသွားအလာတွေက ပိုမို ခက်ခဲလာမယ်။

“ကုန်စည်ပိတ်ပင်တာကြောင့်မို့ KIO ကိုတော့ သိပ်ကြီး ထိခိုက်မှုတော့ မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူက နယ်စပ်နဲ့ အဓိက အသွားအလာတွေ ရှိနေတယ်။ နောက်တခုက
ကုန်ပစ္စည်းလည်း သူ့ဟာနဲ့သူ အသွားအလာတွေ ရှိနေတယ်။ အဓိက ထိခိုက်မှာကတော့ ပြည်သူလူထုကိုပဲ ဖြစ်ပါတယ်။”

ဒီတပတ်အတွင်းမှာပဲ KIO နယ်မြေထဲ အ၀င်အထွက်ရှိနေတဲ့ ကုန်ကားတွေကို မြန်မာစစ်အစိုးရ ဂိတွေက ဖမ်းဆီး စစ်ဆေးနေပြီး ၇ စီးထက်မနည်းလည်း ဖမ်းဆီးလိုက်ပြီလို့ နယ်စပ်
ဒေသခံတွေက ပြောပါတယ်။
မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ် လက်မခံတဲ့ KIO ကို စက်တင်ဘာလက စလို့ စီးပွားရေး၊ ဆက်သွယ်ရေးနဲ့ သွားလာမှုတွေကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အဖမ်းအဆီးတွေ ရှိလာတာတွေ တဆက်တည်း ဖြစ်လာပြီး အခုနောက်ဆုံး ကြားနေရတာကတော့ မြန်မာနိုင်ငံမှာ ရှိသမျှ KIO ရဲ့ ဆက်သွယ်ညွှန်ကြားရေး ရုံးတွေကို ၃
နေရာကလွဲလို့ ၃၀ ခန့်ကိုလည်း ဒီကနေ့ နောက်ဆုံး ရုပ်သိမ်းခိုင်းလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရနဲ့ KIO စစ်ဖြစ်မဖြစ် အခြေအနေကိုတော့ စစ်အစိုးရ တပ်ဘက်မှာ ပိုပြီး မူတည်နေပြီး လောလောဆယ်မှာတော့ KIO ဘက်က ပိုမိုသတိထား စောင့်ကြည့်နေရတဲ့
အခြေအနေ ဖြစ်နေပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြန်မာ တိုးမြင့်လာ

By ဦးဇော်ဝင်းလှိုင် ကြာသပတေး, 25 နိုဝင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အရှေ့တောင်အာရှ အတွင်းက အိမ်နီးချင်း နိုင်ငံတွေမှာ သုံးစွဲနေတဲ့ မူးယစ်ဆေးဝါး အများစုကို မြန်မာနိုင်ငံက ထုတ်လုပ်နေတာဖြစ်ပြီး လွန်ခဲ့တဲ့ တနှစ်အတွင်း မြန်မာနိုင်ငံက
မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ မြင့်တက်လာသလို အိမ်နီးချင်း နိုင်ငံတွေက သုံးစွဲမှုနှုန်းဟာလည်း ပိုများလာတာကို တွေ့ရတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု
နှိမ်နှင်းရေး အဖွဲ့က ပြောပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ၂၀၁၀ ခုနှစ်အတွက် အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ
ကုလသမဂ္ဂ တာဝန်ရှိသူတွေက အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ အမ်ဖက်တမင်း (Amphetamine) လို့ခေါ်တဲ့ စိတ်ကြွဆေးတွေနဲ့ တခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှု အရှိန်ဟာ ၂၀၀၉ ခုနှစ် အစီရင်ခံစာ ထုတ်ပြန်တုန်းက
နှိုင်းယှဉ်လိုက်ရင် ရာခိုင်နှုန်းအားဖြင့် သိသိသာသာ မြင့်တက်လာတာကို တွေ့ရတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံးရဲ့ အရှေ့အာရှဆိုင်ရာ
ပူးပေါင်းလုပ်ဆောင်ရေး တာဝန်ခံ မစ်စ် ဒီပီကာ နာရူကာ (Ms. Deepika Naruka) က ပြောပါတယ်။

“သိကြတဲ့ အတိုင်းပါပဲ၊ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ မက်သမ်ဖက်တာမင်း ဆေးပြားတွေ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို
ကြည့်လိုက်မယ်ဆိုရင် ၂၀၀၉ ခုနှစ်မှာ မက်သမ်ဖက်တာမင်း ဆေးပြားပေါင်း ၂၃.၉ သန်းလောက် မြန်မာနိုင်ငံထဲမှာ ဖမ်းမိခဲ့ပါတယ်တဲ့။ အဲဒီ ၂၀၀၉ ခုနှစ်က ရရှိထားတဲ့ စာရင်းဇယားတွေ
အရကလည်း အဲဒီ ဆေးပြားတွေကို ထုတ်လုပ်တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ဖမ်းမိခဲ့တာကို တွေ့ရပါတယ်။” လို့ ပြောသွားပါတယ်။

အဲဒီ ဖမ်းမိတဲ့ မက်သမ်ဖက်တာမင်း စိတ်ကြွဆေးပြား အများစုဟာ မြန်မာနိုင်ငံထဲမှာ သုံးစွဲဖို့အတွက် မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံတွေကို တင်ပို့ဖို့အတွက် ဖြစ်တယ်ဆိုတာကို
တွေ့ခဲ့ရတယ်လို့ မစ်စ် ဒီပီကာ နာရူကာက ဆက်ပြောပါတယ်။

“ဒီစိတ်ကြွဆေးပြားတွေကို ရှမ်းပြည်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အဓိကထား ထုတ်လုပ်တာကို တွေ့ရှိရတယ်။” လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေဟာ အိမ်နီးချင်း နိုင်ငံတွေကို တင်ပို့နိုင်ဖို့အတွက် သူတို့အချင်းချင်း ပူးပေါင်း လုပ်ဆောင်ကြတာ ရှိသလို အာဏာပိုင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်ကြတယ်
ဆိုတာကိုလည်း တွေ့ရှိရတယ်လို့ UNODC ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနေကိုယ်စားလှယ် ဂယ်ရီ လူးဝစ်စ် (Gary Lewis) က အခုလို ပြောသွားပါတယ်။

“နိုင်ငံရေးအရ ရှုပ်ထွေးပြီး အဂတိ လိုက်စားမှု တော်တော်များများ ဖြစ်နေတဲ့ ဒီဒေသထဲမှာ တချို့ကတော့ သူတို့အချင်းချင်း ပူးပေါင်း လုပ်ဆောင်ကြတာမျိုး ရှိပြီး တချို့ကတော့ အစိုးရနဲ့
ပူးပေါင်းလုပ်ဆောင်တာကို တွေ့ရပါတယ်။ အဲဒီလို အစိုးရ အာဏာပိုင်တွေဘက်က အဂတိ လိုက်စားမှုတွေရှိတယ် ဆိုတာကိုလည်း မြန်မာ အာဏာပိုင်တွေဘက်က ၀န်ခံ
ပြောဆိုထားပါတယ်။ ဒါကြောင့် ဒီဒေသတွေမှာ ဘက်ပေါင်းစုံက လှုပ်ရှားနေကြတယ် ဆိုတာကို တွေ့ရပါတယ်။”

အစီရင်ခံစာထဲမှာ အဓိက အလေးပေး ပြောသွားတာကတော့ ဗီယက်နမ် နိုင်ငံကလွဲလို့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံ တခုဖြစ်တဲ့ ထိုင်းနိုင်ငံ အပါအ၀င် ဒေသတွင်း နိုင်ငံတွေမှာ
မက်သမ်ဖက်တာမင်းလို စိတ်ကြွဆေး သုံးစွဲမှုနှုန်းဟာ လွန်ခဲ့တဲ့ တနှစ်အတွင်း ပိုများလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စိတ်ကြွဆေး ဖမ်းမိတဲ့ အရေအတွက်ဟာလည်း ဒီနိုင်ငံတွေမှာ ပိုများလာတာကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ခုနှစ်အတွင်း ထုတ်လုပ်မှုအရှိန် ပိုများလာတယ်လို့
ယေဘုယျအားဖြင့် သုံးသပ်လို့ ရတယ်လို့ ဆိုပါတယ်။

UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး အနေနဲ့ကတော့ ဒီ စိတ်ကြွဆေးပြား ထုတ်လုပ်မှု လျှော့ချရေး အပါအ၀င် ဘိန်းစိုက်ပျိုးသူတွေ အနေနဲ့ တခြား
ဘိန်းအစားထိုး သီးနှံတွေ စိုက်ပျိုးနိုင်ရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေ အပါအ၀င် အိမ်နီးချင်း နိုင်ငံတွေနဲ့ အတူ လက်တွဲ လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ဂယ်ရီ
လူးဝစ်စ်က ပြောပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး တစည လိုလား

By ဦးဇော်ဝင်းလှိုင် ဗုဒ္ဓဟူး, 24 နိုဝင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အမတ်နေရာ စုစုပေါင်း ၆၄ နေရာ အနိုင်ရခဲ့တဲ့ တစည တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေအတွက်
ပါတီအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်ဖို့ ဘယ်ပါတီ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်
ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပြီးနောက် တစညပါတီကလည်း အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က
တင်ပြပေးထားပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအ၀င် ဘယ်လိုပါတီမျိုးနဲ့မဆို လက်တွဲ လုပ်ဆောင်ဖို့ သူ့ဘက်က အဆင်သင့်ရှိတဲ့ အကြောင်း
နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီး နောက်ပိုင်း လူထုကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာရော သတင်းဌာနတွေနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းတွေမှာပါ ဒေါ်အောင်ဆန်းစုကြည်က
အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ အမတ်နေရာ အများဆုံး အနိုင်ရခဲ့ပြီး အစိုးရဖွဲ့မယ်လို့ အများက မျှော်လင့်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒီကိစ္စနဲ့
ပတ်သက်လို့ တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေမဲ့လည်း စစ်အစိုးရနဲ့ နီးစပ်မှု ရှိတယ်လို့ အများက ယူဆထားတဲ့ တစညပါတီကတော့ နိုင်ငံရေးပါတီတိုင်းကို လုပ်ဖော်ကိုင်ဘက်လို
သဘောထားပြီး အမျိုးသား ရင်ကြားစေ့ရေးကိစ္စ အပါအ၀င် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက
ပြောပါတယ်။

“ကျနော်တို့ပါတီ အနေနဲ့ ရှိနေတဲ့ နိုင်ငံရေး ပါတီတွေကို တန်းတူရည်တူ သဘောထားမယ်၊ ဒီနိုင်ငံရေး ပါတီတွေကလည်း အားလုံး ဒီမိုကရေစီ ခရီးလမ်းမှာ တလှေတည်းစီး၊
တခရီးတည်းသွားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်တယ် စသဖြင့်။ နောက်တခါ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ တမျိုးသားလုံးရဲ့ အကျိုးစီးပွားအတွက် ဖြစ်လာမယ်ဆိုရင်
ကျနော်တို့ပါတီ အနေနဲ့ကလည်း ဘယ်ပါတီနဲ့ဖြစ်ဖြစ် ပူးပေါင်းပြီး ဆောင်ရွက်သွားမယ် ဆိုတဲ့ဟာ ကျနော်တို့ထားတဲ့ သဘောထား ရှိပါတယ်။

“တကယ်လို့ ရည်ရွယ်ချက် လုပ်ငန်း မတူရင်လည်း ကိုယ့်ပါတီ အသီးသီး ကိုယ့်ဘာသာ ဆောင်ရွက်သွားကြမယ်၊ တူညီတယ် ဆိုရင်တော့လည်း အားလုံး ပူးပေါင်းပြီးတော့
ဆောင်ရွက်ကြမယ်ဆိုတဲ့ သဘောထားဟာ ရှေးဦးမဆွကတည်းက ကျနော်တို့ပါတီ အနေနဲ့ ချမှတ်ထားတဲ့ နိုင်ငံရေး ပါတီတွေနဲ့ ပတ်သက်တဲ့ သဘောထား ဖြစ်ပါတယ်။
လောလောဆယ်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင်ပါတီ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကတော့ ကျနော်တို့လည်း ဥပဒေပညာရှင် မဟုတ်တော့ ပြောလို့မရတဲ့
အခြေအနေတော့ ရှိပါတယ်။”

တစညပါတီ အနေနဲ့လည်း ရွေးကောက်ပွဲနောက်ပိုင်း လုပ်ဆောင်ဖို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေထဲမှာ အမျိုးသား ရင်ကြားစေ့ရေးကိစ္စ ပါဝင်တယ်လို့ ဦးဟန်ရွှေက ဆက်ပြောပါတယ်။

“ကျနော်တို့မှာလည်း မူအနေနဲ့ကတော့ ကျနော်တို့ ပါတီက ရွေးကောက်ပွဲအလွန် ကာလမှာ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ထားတာ ပထမလုပ်ငန်းက တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပေါ့ဗျာ၊ ကျနော်တို့က ဒီလို သုံးနှုန်းပါတယ်၊ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာလည်း အနှစ်သာရ အတူတူပါပဲ။ ကျနော်တို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို
ဆောင်ရွက်သွားမယ် ဆိုပြီးတော့ ခံယူပြီးတော့ ရွေးကောက်ပွဲအလွန် ကာလမှာ ဆောင်ရွက်မယ့် လုပ်ငန်းအဖြစ်နဲ့ ကျနော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အတိအလင်း
ဖော်ပြခဲ့ပါတယ်။

“ဒါနဲ့ပတ်သက်လို့ ကျနော်တို့ပါတီရဲ့ သဘောထားက ပါတီစုံစနစ်ကို သွားမယ် ဆိုကတည်းက ပါတီစုံစနစ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးပါတီတွေ အပေါ်မှာ ထားတဲ့ သဘောထားကို
ချမှတ်ထားပြီး ဖြစ်ပါတယ်။”

အမျိုးသား ရင်ကြားစေ့ရေးပဲပြောပြော၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပဲ ပြောပြော တစညပါတီ အနေနဲ့ကတော့ ရှေ့လုပ်ငန်းစဉ်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံက
ပြဋ္ဌာန်းထားတာတွေနဲ့အညီ ဆက်လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဦးဟန်ရွှေက ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဏ္ဍိုင်ထားပြီးတော့ သွားတဲ့ နိုင်ငံရေးကို လက်ခံတာကိုး။ လက်ခံတဲ့ အခါကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ထားတဲ့
လမ်းကြောင်းအတိုင်းပဲ လိုက်ပါ ဆောင်ရွက်သွားမယ့် အနေအထား ရှိတယ်လို့ ပြောချင်ပါတယ်။ သို့သော် တဘက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူက ဆန္ဒမဲပေးပြီး
အတည်ပြုထားတော့ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဒီအနှစ်သာရက ရှိနေတာကိုး။ ရှိနေတော့ ကျနော်တို့က အဲဒီကို မဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးပဲ သွားရလိမ့်မယ်လို့ ယူဆပါတယ်။”

ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အသစ် ခေါ်ယူတဲ့ အခါမှာတော့ တူညီတဲ့ လုပ်ငန်းတွေကို လွှတ်တော်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့
ဦးဟန်ရွှေက ပြောပါတယ်။

http://www.voanews.com/burmese/news

စစ်ဗိုလ်ချုပ်ကြီးများအား နိုင်ငံတကာခုံရုံးသို့ ပို့မည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်လက်မခံ

November 25, 2010 freedom news group Leave a comment Go to comments

24

မဲပေးပါ

“I’ve never said I want them to be brought into the international court,” Aung San Suu Kyi said.

စစ်ခေါင်းဆောင် များ အား သည်ဟိဂ် အစရှိ တဲ့ ခုံရုံး တင် ဖို့ ဒေါ်စု မထောက်ခံ

FNG၊ ၊လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအား


ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ တင်ပို့ တရာစွဲ ဆိုမည့် အစီအစဉ်ကို
လက်မခံနိုင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က New York Time သတင်းစာ နှင့်တွေ့ဆုံမေးမြန်း
ခန်းတွင် ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က နအဖစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် နိုင်ငံတကာရာဇ၀တ်


ခုံရုံးမှာတင်ဖို့ ပြည်ပရောက်အတိုက်အခံ တွေရဲ့ကြိုးစားမှုကို သူမအနေဖြင့် ဘယ်တုန်းကမျှ မထောက်ခံခဲ့ကြောင်း
ပြောကြားခဲ့သည်။ “ကျမဘယ်တုန်းကမှ သူတို့ကို နိုင်ငံတကာခုံရုံးတင်ဖို့မပြောခဲ့ပါဘူး။ ကျမအနေနဲ့ ဒီကိစ္စကြောင့် သူတို့အတွက်လှုံခြုံမှု၊ကြောက်ရွှံ့စိုးရိမ်မှုတခုဖြစ်ရမှာကို
မလိုလားပါဘူး။ ပြီးတော့ ကျမတို့ဟာ သူတို့နဲ့ပုဂ္ဂိုလ်ရေးအရ
ဘာ ပြဿနာမှ မရှိသလို၊ ကျမအနေနဲ့ သူတို့ကိုမကောင်းကြံဖို့စိတ်ထားမျိုးလည်း မရှိတာကတော့အမှန်ပါ။´´

ထို့အပြင် ဆက်လက်၍ သူမက နိုင်ငံတကာက မြန်မာ့အရေးကို ထောက်ခံသူများ ပြောဆိုနေကြသော


အစိုးရအပြောင်းအလဲနှင့် ပတ်သက်၍ လည်း သဘောမတူ ကြောင်းပြောဆိုခဲ့သည်။ “အခြေခံ
တန်ဖိုးပါပြောင်းမှ ဖြစ်မှာပါ။ အခြေခံတန်ဖိုး မပြောင်းသေးလျှင် အစိုးရတွေ တစ်ခုပြီး တစ်ခု
ပြောင်းလဲသော်ငြားလည်း ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး။ အစိုးရအပြောင်းအလဲဆိုတာ
ယာယီသဘောပါ။ အခြေခံတန်ဖိုးထားမှုတွေပါ ပြောင်းမှ ရေရှည်သဘောကို ဆောင်မှာပါ။
ကျမတို့က ကျမတိုတိုင်းပြည်အတွက် တန်ဖိုးထားမှု စံတွေကိုသာ ပြောင်းလဲစေချင်တာပါ´´ ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောပြခဲ့ပါတယ်။

US Campaign for Burma၊ Burma Campaign UK။ Burma Democratic Concern နှင့်
Burma Partnership တို့ကဲ့သို့သော ပြည်ပရောက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများက
မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ခုံရုံးသို့ ပို့ဆောင်နိုင်ရန် အားထုတ်ကြိုးပမ်းခဲ့ကြပြီး
ယခု နောက်ဆုံးအနေနှင့် ကုလသမဂ္ဂ ဦးဆောင်သည့် စုံစမ်းစစ်ဆေး ရေး ကော်မရှင်
Commission of Inquire (CoI) ကိုဖွဲ့စည်းရန် အပြင်းအထန် အားထုတ်ကြိုးပမ်းခဲ့ကြသည်။
အဆိုပါ CoI ကို အနောက်နိုင်ငံတချို့ကသာ ထောက်ခံခဲ့ကြပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့်
ဂျာမနီ နိုင်ငံတို့က မထောက်ခံနိုင်ကြောင့် တရားဝင်ပြောဆိုထားသည်။

မူရင်း သတင်း စာမျက်နှာ ရှိရာ သို့ သွားရန် ဤနေရာတွင် ကလစ် နှိပ်ပါ

စစ်အစိုးရ ယိုးစွပ် ဗုံးတရား ခံ ဓာတ်ပုံ အင်တာနက် ဆိုင်များမကပ်မနေရ

November 25, 2010 freedom news group Leave a comment Go to comments

မဲပေးပါ

အသက် ၈၀ ကျော် အဖွားကြီး သိုးမွေး ထိုးသလို ဗုံး တပ်ဆင် မှု ကို စိမ်ပြေနပြေ ပြုလုပ်နေသည့် နအဖ ယိုးစွပ် ဗုံးသမား နှစ်ဦး

ရန်ကုန် မြို့တော်ခန်းမ အနီး မဟာဗန္ဓုလ ပန်းခြံလမ်း ပေါ် က အင်တာ နက် ကဖေးဆိုင် တစ်ခု ဖြစ်တဲ့
Net Sky မှာ မပေါက်ကွဲ သေးတဲ့ ဗုံးတွေ တွေ့ ရှိပြီး နောက် အာဏာပိုင်များ က CCTV ကင်မရာကနေ
မှတ်တမ်း ယူထား တဲ့ ဗုံး သံသယ ရှိ သူ နှစ်ဦး ရဲ့ ပုံ ကို အင်တာနက် ဆိုင်များ မှာ မကပ်မနေရ လိုက်လံ
ကပ်ခိုင်း တယ် လို့ ရန်ကုန် က အင်တာနက် ကဖေး ဆိုင် ပိုင် ရှင် တစ်ဦးက Freedom News Group
ကို ပြောပါတယ်။အာဏာပိုင်များ က အင်တာ နက် ဆိုင်တွေ မှာ ဒီလို ဓာတ်ပုံတွေ ကို ကပ်ခိုင်းထား ရုံတင် မက ဘဲ
CCTV ကင်မရာတွေ ပါ တပ်ဆင်ထား ဖို့ ညွှန်ကြား ထားပါတယ်။

ရန်ကုန်မြို့ က အင်တာနက် သုံးစွဲ သူ တစ်ဦးက တော့ လူငယ် တွေအင်တာနက် မှာ နိုင်ငံရေး


အကြောင်း ရေးသား ဖော်ပြကြာတာ ၊ဆွေးနွေးကြတာ တွေ ကို တစ်နည်း တစ်ဖုံ နဲ့ ဟန့် တား
ချင် လို့ ကြံ့ဖွတ် အဖွဲ့ ဝင်တွေ က ဦးဆောင် လှုပ်ရှား တာ ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။
ဗုံးတွေ့ ရှိ ခဲ့တယ် လို့ သတင်းထွက်ပေါ်ခဲ့တဲ့ အင်တာ နက် ဆိုင်ဟာ လည်း ယခင်က မြန်မာ နိုင်
ငံ ရဲတပ်ဖွဲ့ ရဲ့ အိမ်ရှင်မ ဂျာနယ် ထုတ်ဝေခဲ့ရာ နေရာ လည်း ဖြစ်ပါတယ်။

ဘိန်းဘုရင် အိုကြီး ၏ နောက်ဆုံး နေ့ များ


November 25, 2010 freedom news group Leave a comment Go to comments

19

မဲပေးပါ

The Last Days of Senior Drug lord by Tin Kyaw Kyaw Soe

တင်ကျော်ကျော်စိုး ၊ ၊မြန်မာ ပြည်သူ လူထု


တစ်ရပ် လုံးက နိုင်ငံရေး အပြောင်း အလဲ ကို အာရုံ
စိုက်နေ ချိန် တွင် နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေး
အင်ပါယာ နှစ် ခု ၏ အရှင် သခင် နှစ်ဦး ၏ တိုက်ပွဲ များ
က ပြင်းထန်လွန်းလှ သည် ဟု ရန်ကုန် မြို့ မှာ နာမည်
ကျော် ခရီးသွား ဧဂျင်စီ တစ်ခု ၏ အကြီးအကဲ တစ်ဦး
ဖြစ်သူက FreedomNews Group သို့ ပြောသည်။
ဦးတေဇ ဟု လူသည့် များသည် စစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ သမက် သည် လော်စစ်ဟန်
ဟု လူသည့်များ သည့် ဘိန်း ဘုရင် အို ကြီး
၏ စီးပွားရေး အင်ပါယာ ကို
အလုံး အရင်း ဖြစ် နယ်ချဲ့ နေသည်မှာ ယမ်းငွေ့ မထွက် သော မြို့ပြ စစ်ပွဲ တစ်ခု ပင် ဖြစ်သည်။

ရန်ကုန် မြို့ သံလျှင် ရှိ သီလ၀ါ ကုန်သေတ္တာ ဆိပ်ကမ်း၊ကမ်းလွန် ရေနံ လုပ်ကွက် တစ်ချို့ ၊ Asia World
ဆောက်လုပ်ရေး ၊ ကြယ်ငါးပွင့် ဟိုတယ်များ ၊ ခရီးသွားလာရေး လုပ်ငန်း နှင့် ရန်ကုန် လေကြောင်းလိုင်း အပြင်
အခြား လူသိသိပ် မများ သေးသည့် စီးပွားရေ လုပ်ငန်း များ ကို ပိုင် ဆိုင်သည့် လော်စစ်ဟန် နှင့်
သားဖြစ်သူ စတီဗင် လော် တို့ ၏ စီးပွား ရေး လုပ်ငန်းများ မှာ ဗိုလ်ချုပ်မှုးကြီး တို့ မိသားစု ၏ မျက်စေ့ကျ ခြင်း ကို ခံနေရပြီ
ဖြစ်သည်။

လော်စစ်ဟန် ရော ဦးတေဇ နှစ်ဦး စလုံး ပါ ၎င်း တို့ ပိုင်ဆိုင် ထားသည့် ဓန ဥစ္စာများ သည် တရား မ၀င်သလို
၎င်းတို့ နှစ်ဦး စလုံး၏ စီးပွားရေး လုပ်ငန်းများမှာ လည်း အနောက် နိုင်ငံများ က ဓာတ်ခတ် ပိတ် ဆို့ ထားမှု ခံရသည်။

တူညီသည် မှာ ၎င်းတို့ နှစ်ဦး စလုံး ၏ စီးပွားရေး လည်ပတ် ရှင်သန် ရာအတွက် ငွေမည်းမှ ငွေဖြူ အဖြစ်
ခ၀ါ ချမှု သည် စင်္ကာပူ ဘဏ် များ မှ တစ်ဆင့် လုပ်ခြင်း ဖြစ်ပြီး နိုင်ငံတကာငွေ ပေးငွေ ယူရှင်းတမ်းများ
မှာ လည်း အဆိုပါ ဘဏ်များ မှ ပင် စီစဉ်ပေးခြင်း ဖြစ်သည်။

ထိုသို့ ဒဏ်ခတ် ထားပါလျှက် ချင်း အတူ အနောက်နိုင်ငံနှင့် ဥရောပ တိုက် သားများက Air Bagan ကို မရွေးချယ်
ပဲ Yangon Airways ကိုရွေးချယ် ခြင်းသည် ဗိုလ်ချုပ်မှုး ကြီး၏ သမက်တော် အတွက် မျက်စေ့ စပါးမွေး ဆူး
စရာ ဖြစ်လာသည် မှာ ဧကန် မလွဲ ပင် …

Asia World လုပ်ငန်းစုကြီး ၏ မန်နေဂျင်း ဒါရိုက်တာ တစ်ယောက် ဖြစ်သည့် လော်စစ်ဟန် ၏


သား ဖြစ်သူ စတီဗင်လော မှာ ရှမ်း အရှေ့ မြောက်မှာ မြန်မာ စစ်အစိုးရ အားထောင်ထား ခြားနားနေသူ များ အား စာနာ
မှုရရှိသည် ဟု သတင်းများ ထွက်ပေါ်ပြီး နောက် ဘိန်းဘုရင် အိုကြီး တို့ သားအဖ မှာ နည်းမျိုးစုံဖြင့် ဖိအားပေး
ခံနေရသည် ဟု FNG ၏ စုံစမ်း မှုများ မှ သိရှိရသည်။ထို့ ပြင် အနှီ ဘိန်း ဘုရင် အို ကြီးသည် ၂၀၀၄ ခုနှစ်က
ရာထူးမှာ ဖယ်ရှား ခံရသည့် စစ်ထောက်လှမ်းရေး ဟောင်း များ ကို လည်း အကြင်နာ ပိုသေးသည် ဟု
သိရသည်။ ဤသည် မှာ ဖြစ်နိုင် သည့် သာဓက တစ်ခု မှာ စစ်ထောက်လှမ်း ရေး အကြီး အကဲ ဟောင်း
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ၀ရမ်းပြေး လော်စစ်ဟန် ဘ၀ ကို ပြည်ဖုံးကား ချပြီး ရန်ကုန် တွင်
လူတစ်ဦး သူ တစ်လုံး ဖြစ် စေခဲ့သည် မဟုတ်ပါလား။

နိုင်ငံတကာ အတွေ့ အကြုံ ရှိသောထို စီးပွားရေး လုပ်ငန်းရှင် နှစ်ဦးမှာ အနာဂတ် တွင် သပိတ်ဝင်

အိတ်ဝင် ဖြစ်မည့် လေကြောင်း ပို့ ဆောင်ရေး နယ်ပယ် တွင် ပိုပြီး ပြိုင်ဆိုင် မှု ပြင်းထန်လာသည် မှာ နိုင်ငံခြားခရီး
သွားများ မြန်မာ နိုင်ငံ သို့ ပိုမို လည် ပတ်လာချိန် တွင် ဖြစ်သည် ဟု မန္တလေး မြို့ မှ ခရီးသွားလာရေး ဧဂျင်
စီ တစ်ခု မှ ဒါရိုက်တာ တစ်ဦး ကပြောသည်။

“မြန်မာ နိုင်ငံ ကို ကမ္ဘာ လှည့် တွေ ပိုလာတော့ မယ်။ ဒီဈေး ကွက် ကို Air Bagan က လက်ဝါးကြီး
အုပ်ထားချင်တယ်။ Air Bagan က သူ့ နောက် မှာ ဗိုလ်ချုပ်မှုးကြီး တို့ မိသားစု ရှိတော့ Yangon Airway
က ဘာပြန် လုပ် နိုင်မှာ လဲ ဟု သူကပြောသည်။

ရန်ကုန်မြို့ ရှိ နိုင်ငံတကာ ငွေကြေး ဈေးကွက် တွင် နာမည် ကြီးပြီး ဟန်းဆက် မော်ဒယ် နိမ့် ကလေး တစ်လုံးဖြင့်
တစ်နေ့ သိန်းရာချီ မြတ်နေ သူ တစ်ဦးက “နအဖ က ပြောပြီး သားလေး စီးပွား ရေး လုပ်ငန်းများ တိုင်းရင်း
သား တွေ လက်ဝယ်ရောက်ရေး ဆိုတာ လော်စစ်ဟန် က တိုင်းရင်းသား မှ မဟုတ်တာ တရုတ် စစ်စစ်ကြီး
ဟု ဆိုသည်။

မြန်မာ စစ်ထောက်လှမ်းရေး အရာရှိ ဟောင်း တစ် ကမူ “စစ်တပ် က အလို ကြီးထွား လာမယ့် ကိစ္စတွေ
သူတို့ ကို ပခုံးချင်းယှဉ် မယ့် ကိစ္စတွေ ဆို ဘယ်တော့ မှ အလှ ကြည့်နေတာ မဟုတ် ဘူး” ဟု သူ၏
အတွေ့ အကြုံ နှင့် ယှဉ် ၍ ပြောပြသည်။

မည်သို့ ပင် ဆိုစေကာမူ ခရီးသွားရာသီ ဖြစ်သည့် အတွက် Yangon Airways ရပ်တန့် ခြင်းမှာ သတင်း
ကောင်း တစ်ခု တော့ မဟုတ်ချေ။ မြန်မာ နိုင်ငံ သို့ လာရောက်လည် ပတ်သည့် ခရီးသွား အများစုမှာ
ဒေသတွင်း နိုင်ငံ များ သို့ ပါ တစ်ဆက်စပ်တည်း သွားရောက် လည်ပတ် သူများ ဖြစ်သောကြောင့်
Yangon Airways ခရီးစဉ် ရပ်တန့် ခြင်းသည် နိုင်ငံ ၏ အရှိန် ရလာခါစ ကမ္ဘာ လှည့် ခရီးသွား လုပ်ငန်း
ကို ပါ နစ် နေစနိုင်သည်။

ရန်ကုန် မြို့ ရှိ Travel & Tours ဧဂျင်စီ တစ်ခု မှ တာဝန်ရှိ သူ တစ်ဦးက ခရီးသွားအေ့ဂျင်စီတွေ
နိုင်ငံခြားသားဧည့်သည်တွေအတွက်ဒီဇင်ဘာလမှာကြိုတင်စီစဉ်ထားတဲ့ပြည်တွင်းလေကြောင်း
လိုင်းခရီးစဉ်အတွက် တိုးအော်ပရေတာတွေ အသဲအသန် လုပ်နေရတယ် ဟု ပြောသည်။

Freedom News Group မှ စုံစမ်း သိရှိ ရသည် မှာ Asia World လုပ်ငန်းစုကြီး ၏ ရင်းနှီးမြုပ်နှံမှု များ ကို
မျက်စေ့ ကျနေသည် မှာ ဦးတေဇ တစ်ယောက် တော့ မဟုတ်ပဲ စစ်တပ် ၏ စီးပွားရေး ဦးပိုင် နှင့်
Max Myanmar Zaw Zaw တို့ လည်း ပါဝင်သည်။ Asia World ဆိပ်ကမ်း နှင့် အနီး အနား တွင်
ထူး ၊ Max Myanmar နှင့် စီးပွားရေး ဦးပိုင် တို့ က မြေကွက် များ ထပ်မံ ယူထားပြီး Asia World
နှင့် အပြိုင် သီလ၀ါသင်္ဘောဆိပ်များ ၊ Container Plant များ ထပ်မံ ဖောက်လုပ်နေကြခြင်းသည်
ခောတ်ပျက် သူဌေး သစ်ကလေးများက၊ စိန်စီထား သော ရွှေ သေနတ် နှစ် လက် ကို မော်တော်ကား
ထဲတွင် တစ်လက် ခေါင်းအုံး အောက်တွင် တစ်လက် အဆင်သင့် ဆောင်ထားလေ့ရှိသည့်
ဘိန်းဘုရင် အိုကြီး ကို စီးပွားရေးအံတု ခြင်း ပင် ဖြစ်သည်။

ထူး ထရေး ဒင်း မှ အကြီးတန်း အရာ ရှိ တစ်ဦး က FNG သို့ ပြောရာတွင် သူ၏ သူဌေးသည် “ယောက္ခမတော်
ကြီး ဘ၀ တစ်ပါး မပြောင်း ခင် သူ နှင့် အဓိက စီးပွား ပြိုင် ဘက် ဖြစ်နေသည့် ဘိန်းဘုရင် အိုကြီး ကို
တတိယ တန်း စီးပွားရေး ကလပ် တစ်ခု သို့ တန်းဆင်း ကစား သွားသည် မြင်ချင် နေပုံရသည်မှာ
အသေအချာ ပင်ြhttp://freedomnewsgroup.com/

ဖစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ခေါင်းဆောင်များကို နိုင်ငံရေးပါတီများ တွေ့ဆုံ


ဓာတ်ပုံသတင်း

နိုဝင်ဘာ ၂၅၊ ၂၀၁၀ NLD ရုံးရှေ့တွင် ယနေ့ နံနက်ပိုင်းက တွေ့ရသော


ဒေါ်နေရည်ဘဆွေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးသုဝေ၊ သတင်းထောက်များ နှင့် ဦးဝင်းတင် (ဓာတ်ပ-ုံ AP)
မစ်ရှီဂန်မှပေးသောစာ အမှတ် ၃၆
အောင်ဝေး

နိုဝင်ဘာ ၂၅၊ ၂၀၁၀

“---သားသုံးသား စစ်သား-ဘုရားသား-ကျောင်းသား ပေါင်းစည်းရေး ဆိုတာ၊ စိတ်ကူးယဉ်သက်သက် မဟုတ်ဘူး---”

မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့မာပါရဲ့ဗျာ။ ဒီတစ်ခါတော့ ပြည်တွင်းက ကြားရတဲ့ သတင်းတွေအပေါ်အခြေခံပြီး၊ ကျနော် ထင်တာမြင်တာလေး တချို့ ပြောပရစေ။

ပထမဆုံးကတော့ တပ်မတော်သတင်းပါ။ သတင်းကတော့ သတင်းကောင်း မဟုတ်ဘူးပေါ့ဗျာ။ ဒီလို တပ်မတော်ရဲ့ မကောင်းသတင်းနဲ့ အတူ၊ ပြည်သူတွေက တပ်မတော်အပေါ်
မကျေမနပ်ဖြစ်တာတွေ အကြောင်း ပြောလိုက်ရင်၊ တပ်မတော်ထဲက ကောင်းတဲ့ သူတွေ၊ ကောင်းတဲ့ အစိတ်အပိုင်းတွေကို ထိခိုက် နစ်နာစေတာမျိုး၊ စော်ကားမိသလိုမျိုး
ဖြစ်သွားမှာကိုတော့ ကျနော် အားနာပါတယ် ကိုဒေါင်း။

ဒါပေမဲ့၊ မတတ်နိုင်ဘူးဗျာ။ တပ်မတော်ရဲ့ မကောင်းသတင်းက မပြောလို့လည်း မရ၊ ထိမ်ချန်ထားလို့ကလည်း မဖြစ် ဆိုတော့၊ အားနာနာနဲ့ပဲ ကျနော်ပြောရတော့မယ်။
မကြာသေးခင်က ဖြစ်ခဲ့တဲ့ ပဲခူးက ဇိုင်းဂနိုင်း လူသတ်ပွဲ အကြောင်းပါ။ ဒီလုပ်ရပ်ကြောင့် ပြည်သူတွေဘက်က တပ်မတော်အပေါ်မှာ ယုံကြည်ကိုးစားမျှော်လင့်မှုတွေ အတော့်ကို လျော့ပါး
ပျောက်ဆုံးသွားတာတော့ အမှန်ပဲ ကိုဒေါင်း။

ဖြစ်ရပ်နဲ့ ဖြစ်စဉ် အသေးစိတ်ကို လူတိုင်း သိပြီးသားပါ။ ဇိုင်းဂနိုင်း လူသတ်ပွဲကို နအဖစစ်အုပ်စု မီဒီယာတွေက ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်မျိုးပါ ဆိုပြီး၊ ကျနော်တို့
ပြည်သူတွေ တစ်ရပ်လုံးကို မထီမဲ့မြင်ပြု စော်ကားလိုက်ပြန်တယ်လေ။

ကျနော်တို့ တိုင်းပြည်မှာ စစ်တပ်က လူတွေကို ကြက်ကလေး၊ ငှက်ကလေးတွေလို သဘောထားပြီး၊ သေနတ် တကိုင်ကို င်၊ လက်ယားတိုင်း လွယ်လွယ် ပစ်သတ်နေတာကတော့
ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စပဲ။

တပ်မတော်ဆိုတာကတော့ဗျာ ကျနော်တို့ တိုင်းပြည်မှာ ၁၉၆၂ တော်လှန်ရေးကောင်စီ စစ်အာဏာ သိမ်းခဲ့တဲ့ အချိန်က စပြီး ၁၉၆၂ ရန်ကုန်တက္ကသိုလ် ဆဲဗင်းဂျူလိုင်
အရေးအခင်းကနေ မနေ့တစ်နေ့က ဖြစ်ခဲ့တဲ့ ၂ဝဝ၇စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအထိ ခေတ်အဆက်ဆက် လူထု အုံကြွမှုတွေ၊ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတိုင်း စစ်တပ်ကပဲ
ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက် သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ် နှိမ်နင်းခဲ့တာပါပဲ။

ဒါဘာကို ပြနေသလဲဆိုရင် စစ်အာရှင်အစိုးရရဲ့ လူသတ်ဝါဒကို ပြတာပဲဗျာ။ ဒါ သူတို့ဘက်ကတော့ သူတို့စစ်တပ် လမ်းစဉ်ပေါ့ဗျာ။ ပြည်သူ့အမြင်မှာတော့


လူသတ်လမ်းစဉ်ပေါ့ဗျာ။ ဒီပြစ်မှုတွေကို နှစ်ပေါင်းများစွာ ဆက်တိုက်ဆိုသလို ကျူးလွန်နေတာက စစ်အုပ်စုရဲ့ ထိပ်တန်းခေါင်းဆောင်ပိုင်းတွေပဲဗျာ။ စစ်အာဏာရှင်
လက်တစ်ဆုပ်စာပဲဗျာ။ တပ်မတော်ကြီး တစ်ခုလုံးတော့ မဟုတ်ဘူး ကိုဒေါင်း။ စစ်အာဏာရှင်တစ်ဦး သို့မဟုတ် တစ်စုကြောင့်ပဲ တပ်မတော်ဟာ အကြီးအကျယ် နာမည်ပျက်ရရှာတယ်
မဟုတ်လား ကိုဒေါင်း။

အရင်က စစ်အာဏာရှင်နဲ့ အခု စစ်အာဏာရှင်၊ လူချင်း ဘယ်လိုပဲ ကွဲကွဲ၊ သူတို့ရဲ့ တူညီတဲ့ တစ်ခုတည်းသော ဝါဒကတော့ လူသတ်ဝါဒပဲ။ သူတို့ရဲ့ ဘုံလမ်းစဉ်ကတော့
လူသတ်လမ်းစဉ်ပဲ။ သူတို့ဟာ အာဏာကို ချုပ်ကိုင်ထားပြီး လူတွေကို တွင်တွင်သတ်နေကြတယ်။ သူတို့ဟာ လူတွေကို တွင်တွင်သတ်ပြီး အာဏာကို ချုပ်ကိုင်ထားကြတယ်။

ဒီတော့ မဆလလက်ထက် လူထုအရေးတော်ပုံတွေကို စစ်တပ်နဲ့ အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့တယ်။ နဝတ၊ နအဖလက်ထက် လူထုအရေးတော်ပုံတွေကို လည်းစစ်တပ်နဲ့ပဲ
အကြမ်းဖက်ဖြိုခွဲ နှိမ်နင်းခဲ့တယ်။ ဒီတော့ မြန်မာပြည်မှာ စစ်တပ်ဟာ နာမည်ဆိုးနဲ့ ထင်ရှားတဲ့ အမည်းစက်ကြီးလို ဖြစ်လာတယ်။

ဒီတော့ ပြည်သူလူထုက တပ်မတော်အပေါ်မှာ မရွံ့မရဲ ဖြစ်လာကြတယ်။ အားမလိုအားမရဖြစ်တဲ့သူ ဖြစ်ကြတယ်။ နှမျောတသ ယူကျုံးမရဖြစ်သူတွေလည်း ရှိတယ်။
တချို့ဆိုရင် စစ်တပ်ကို လုံးလုံး နာကြည်းမုန်းတီးသွားကြတယ်။

ဗိုလ်ကြီးအုန်းကျော်မြင့်တို့၊ ဗိုလ်ကြီးမြင့်ထူးတို့၊ ဗိုလ်ကြီးဝင်းဘိုတို့လို ပြည်သူ့အတွက် အသက် ပေးသွားကြတဲ့ တပ်မတော်သား သူရဲကောင်းတွေ၊ ရှစ်လေးလုံး


အရေးတော်ပုံတုန်းက ကျောင်းသားပြည်သူတွေနဲ့ လက်တွဲခဲ့တဲ့ ကြည်း-ရေ-လေ တပ်မတော်သားတွေ၊ ခုနောက်ပိုင်း ဗိုလ်မှူးဝင်းနိုင်ကျော်တို့၊ ဗိုလ်မှူးစိုင်းသိန်းဝင်းတို့လို
ပြည်သူ့ဘက်ကရပ်တည်တဲ့ တပ်မတော်သားတွေ၊ သမိုင်းမှာ ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့ပေမဲ့၊ ကိုဒေါင်းရေ-အခု ဖြစ်နေတာက၊ ပဲခူး-ဇိုင်းဂနိုင်း လူသတ်ပွဲလို တပ်မတော်ရဲ့
လုပ်ရပ်ဆိုး၊ သတင်းဆိုးတွေက ကြီးစိုးပြည့်လျှံနေလေတော့၊ တပ်မတော်ထဲက ကောင်းတဲ့ အစိတ်အပိုင်းတွေ၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေက အခိုက်အတန့် မှေးမှိန်
ပျောက်ကွယ်နေရတယ်ဗျာ။ အမှောင်ဖုံးအုပ်ခံနေရတယ်ဗျာ။

တကယ်က ပြည်သူတွေကို သတ်နေတာ စစ်တပ် မဟုတ်ပါဘူး။ တပ်မတော် မဟုတ်ပါဘူး။ စစ်အာဏာရှင်က သတ်နေတာပါ။ စစ်အာဏာရှင်ဆိုတဲ့ သူအမိန့်ပေးတာကို
တပ်မတော်သားတွေ ခံနေရတာပါ။ တပ်မတော်သားတွေလည်း စစ်ကျွန်၊ စစ်အာဏာရှင်ရဲ့ ကျွန် ဖြစ်နေရတာပါပဲ။ သူတို့လည်း ပြည်သူတွေလို ဖိနှိပ် ချုပ်ချယ်ခံနေရတာ အတူတူပါပဲ။

ဘာပဲ ဖြစ်ဖြစ် တပ်မတော်ရဲ့ ကောင်းမြတ်တဲ့ အောင်ဆန်းလမ်းစဉ်ဟာ ဒီနေ့အခိုက် အတန့်မှာ စစ်အာဏာရှင်ရဲ့ ကြိုးကိုင် ချယ်လှယ်မှုအောက် ရောက်ပြီး ငုပ်လျှိုးနေရပေမဲ့၊
တစ်နေ့နေ့မှာ တပ်မတော်ရဲ့ ဒီ အောင်ဆန်းလမ်းစဉ် မုချ ပြန်လည်ပေါ်ပေါက်လာရမယ် ဆိုတာကိုတော့ ကျနော်တို့ ယုံကြည်ထားဖို့ လိုတယ် ကိုဒေါင်း။ ဒီလိုဖြစ်လာဖို့
တပ်မတော်သားတွေလည်း စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ ပြည်သူတွေနဲ့ အတူလက်တွဲ ရုန်းကန်ဖို့ လိုတယ် ကိုဒေါင်း။

တပ်မတော်သားတွေ စစ်ကျွန်ဘဝက မလွတ်မြောက်ဘဲနဲ့ ကျနော်တို့ ပြည်သူတွေ လွတ်မြောက်မယ် ဆိုတာ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုပဲ လို့ ကျနော်မြင်တယ် ကိုဒေါင်း။
ကျနော့်အမြင် မှားရင်လည်း၊ ပညာရှင်အများ ပြင်ပေးကြပါ။

ဒါကြောင့် ရွှေဝါရောင်တော်လှန်ရေးတုန်းက ကျနော်တို့ ယုံယုံကြည်ကြည် ကြွေးကြော်ခဲ့ကြတဲ့ သားသုံးသား စစ်သား-ဘုရားသား-ကျောင်းသား ပေါင်းစည်းရေး ဆိုတာ၊


စိတ်ကူးယဉ်သက်သက် မဟုတ်ဘူးလို့ ကျနော်ပြောချင်တယ်။ သားသုံးသား ပေါင်းစည်းမယ့် တစ်နေ့ကိုလည်း ကျနော်မျှော်လင့်တယ်။

ဘယ်အချိန်လဲဆိုရင်တော့ ကိုဒေါင်း - အချိန်ကာလကို အချိန်ကာလကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်။

အားလုံးကို သတိတရနဲ့ -

အောင်ဝေး
စက်တင်ဘာ၂၁-၂ဝ၁ဝ။

[မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

ဖဲကြိုးဖြူတို့ဖြင့် ကမ္ဘာကြီးအား ငြိမ်းချမ်းစေ

အင်ကြင်းမေ

နိုဝင်ဘာလ ၂၅၊ ၂၀၁၀

(၁)

တိုက်ဆိုင်မှုလို့ပဲ ပြောရမလား။

ဒီ နိုဝင်ဘာလထဲမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနှင့်သက်ဆိုင်တဲ့ကိစ္စ အတော်များများကို ကျမတို့ ကူညီဖြေရှင်းပေးခဲ့ရတယ်။ တကယ်ဆိုရင် ဒီလမှာ

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ရှိတယ်ဆိုတာ မေ့နေကြတာလား၊ မသိချင်ယောင်ဆောင်နေကြတာလား ဆိုတာကိုတော့ ကျူးလွန်သူ

ကာယကံရှင်တွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။

အဲ့ဒီနေ့က ကျမလည်းရုံးမှာ အစည်းအဝေးပြီးစ ထမင်းစားမယ့်အချိန်၊ ကျမတို့ လုပ်ဖော်ကိုင်ဖက် ညီအမ တယောက် ဖုန်းခေါ်လာတယ်။

“အမရေ … အမျိုးသမီးတယောက် ဒုက္ခရောက်လို့ အကူအညီပေးပါ” ဆိုလို့ ကျမလည်း “ဘာကေ့စ်ဖြစ်တာလဲ၊ ဘယ်နားမှာလဲ” မေးမြန်းနေတုန်း

သူငယ်ချင်းရဲ့အပြောကြောင့် … “အကြောင်းစုံကို နောက်မှရှင်းပြမယ် … အခု မဲဆောက်ပန်းခြံကို အမြန်လိုက်လာခဲ့ပါ” ဆိုပြီး ခေါ်လိုက်တာကြောင့် ကျမ ရုံးကိုအကြောင်းကြားခဲ့ပြီး

ခပ်သုတ်သုတ် ထွက်လိုက်သွားတယ်။

ပန်းခြံကိုရောက်တဲ့အချိန် ဆယ်ကျော်သက်အရွယ်ထင်ရတဲ့ ကလေးမလေးတယောက်ကို အဝတ်အစား ခတ်နွမ်းနွမ်းလေးနဲ့ ကြောက်လန့်နေတဲ့ပုံကလေးနှင့် တွေ့ရတယ်။

ကျမလည်း လမ်းမကြီးဘေးမှာဆိုတော့ ဘာမှမမေးတော့ဘဲ ကျမတို့ဖွင့်လှစ်ထားတဲ့ ဆေ့ဖ်ဟောက်စ် (Safe House) အမျိုးသမီးဂေဟာရှိရာကို ကျမတို့ သူငယ်ချင်းနှစ်ယောက်

ကလေးမလေးကို ခေါ်ဆောင်လာခဲ့ကြတယ်။

ပိန်ပိန်ပါးပါး ချိနဲ့နဲ့ လမ်းလျှောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေရှာတဲ့ ကောင်မလေးကို ရောက်မဆိုက်ဘဲ မေးခွန်းတွေ မမေးချင်ပေမယ့် အလုပ်သဘောအရ သိချင်တဲ့

အချက်အလက်တွေကို မေးခဲ့ရပါတယ်။

(၂)

သူက ဒီလို စပြောပါတယ်။

သမီးနာမည်က သဇင်ပါ။ အသက်က ၁၄ နှစ်ရှိပါပြီ၊ သမီးမှာ မိဘတွေ မရှိတော့ပါဘူး။ ငယ်စဉ်ကတည်းက အဖေနဲ့အမေက သမီးကို မွေးစားမိဘတွေ လက်ထဲပေးခဲ့တာ။

မွေးစား မိဘတွေကလည်း သမီးကို သိပ်မချစ်ကြဘူးထင်ပါရဲ့။ အမြဲတမ်းပဲ သမီးကို အကြောင်းမရှိ အကြောင်းရှာ ရိုက်နှက်တယ်၊ သမီးဘယ်လောက်ပဲ ကောင်းအောင်နေနေ အပြစ်ရှာပြီး

ဆူကြတယ်။

သမီးကတော့ သူတို့မွေးစားတာ သမီးကိုခိုင်းဖို့တင်မကဘဲ နှိပ်စက်ဖို့ပါ ဖြစ်ပုံရတယ်လို့ တောင်တွေးနေမိတဲ့ အထိပါပဲ။ ဒါပေမယ့် မွေးစားအဖွားကတော့ သမီးကို

သူ့မြေးအရင်းလို ချစ်ရှာတယ်၊ မွေးစားအဖေကတော့ သမီးကို မချစ်ဆုံးနဲ့ တူပါတယ်။


ဘယ်လောက်ပဲ မောင်လေးတွေနဲ့ ညီမလေးတွေကို ထိန်းကျောင်းပေးပေး သမီးအပြစ် မကင်းတာ များတယ်။ တခါတလေသမီးကို ရိုက်နေရင် အဖွားက “နင်တို့ဟယ် …

သူ့ကိုနှိပ်စက်ရင် ငါသေမှ နှိပ်စက်ကြပါ၊ ကလေးမှာ ဘာအပြစ်မှမရှိပါဘူး” လို့ ငိုရင်းသမီးကိုဖက်ပြီး ဝင်လည်းဆွဲ ပြောလည်းပြော လုပ်တတ်ပါတယ်။ ဒါပေမယ့် ဒါကလည်း

အဖွားရှိတုန်းလေ။ အဖွားမရှိတော့ သမီး ဘယ်လိုမှ နေလို့မရတော့ဘူး၊ ကျောင်းထားပေးတာကိုတော့ သမီး ကျေးဇူးမမေ့ပါဘူး။

ထမင်းဆိုတာလည်း အဝ မစားရပါဘူး။ အမြဲတမ်း ဆူပူကြိမ်းမောင်းတာ ခံရင်းနဲ့ပဲ စားခဲ့ရတာ များပါတယ်။ ဒါတွေကြောင့်ပဲ အဖွားလည်းမရှိတော့တဲ့နောက် သမီးဘယ်လိုမှ

နေမပျော်တာနဲ့ အိမ်နီးချင်း အဒေါ်ကြီးရဲ့ အကူအညီနဲ့ အခုလို ထွက်လာခဲ့မိတာပါ။

အစကတော့ တကယ်ပဲ အလုပ်ရမယ်ထင်ခဲ့တာလေ၊ နောက်တော့မှ သမီးတို့ ရောင်းစားခံလိုက်ရတာလို့ သိရတယ်။

သမီးကိုခေါ်သွားတဲ့ အိမ်မှာလည်း သမီးလိုအရွယ် ကောင်မလေးတွေ အများကြီးရှိတယ်၊ သူတို့က အစကတော့ သမီးကို သနားကြည့် ကြည့်ကြတယ်၊ သမီးလည်း ဘုမသိ

ဘမသိနဲ့ အမတို့ ဘာလုပ်တာလဲဆိုတော့ ညီမလေး အခု အားမွေးထား ညကျရင် အလုပ်ဆင်းရတော့မယ်လို့ ပြောတယ်၊ ဘာအလုပ်လဲဆိုတာကိုတော့ သူတို့ကလည်း မပြောသလို

သမီးလည်း မမေးမိခဲ့ပါဘူး။ အဲ့လိုမမေးမိတဲ့အတွက် သမီးဘဝ အရှင်လတ်လတ် ငရဲခန်းပို့ခံရတာပါပဲ ဆရာမရယ်”

(၃)

သမီးလည်း အစက စားသောက်ဆိုင်တခုခုရဲ့ စားပွဲထိုးလားလို့ ထင်ယောင်မှားတော့ ဖြစ်မိသား။ ဒါပေမယ့် အယောက် ၃၀ နီးပါးရှိတဲ့ မိန်းကလေးတွေကို အိမ်တအိမ်မှာ

စုပြီးထားတာ ဆိုတော့ စိတ်ထဲ တမျိုးကြီးတော့ ခံစားရတယ်။ မိန်းကလေးအများစုကလည်း ရုပ်ချောချောလေးတွေပဲ။ အသက်နည်းနည်းကြီးတယ်လို့ထင်တဲ့ အမျိုးသမီးတွေတောင်

ကြည့်လို့ ကောင်းနေတယ်။

ညဘက်ကျတော့ သမီးကို အသက်ကြီးကြီး လူတယောက်နဲ့ အခန်းတခုတည်းမှာ ဝတ်ကောင်းစားလှဝတ်ပြီး ထည့်ပေးလိုက်တယ်။ ပထမဆုံးနေ့ဆိုတော့ ဘာလို့ အဲ့လို

နေခိုင်းတာပါလိမ့်ဆိုတာ စဉ်းစားလို့မရဘူး၊ အဲ့ဒီလူကြီးက အရက်ခိုးတွေဝေနေတာ၊ မျက်နှာတခုလုံး ရမ္မက်ခိုးတွေထနေတာ မြင်လိုက်တော့မှ ငါ့ဘဝတော့ ပျက်ပါပြီဆိုတာ

သိလိုက်ရတော့တယ်။

သမီးလည်း ကြောက်လွန်းလို့ ရှိခိုးတောင်းပန်ပြီး ပြောပေမယ့် မရတော့ပါဘူး။

ညည်းကို ငွေတွေ အများကြီးပေးပြီး လာနေရတာ ပြန်လို့မရတော့ဘူးလို့ ပြောတယ်။

သမီးလည်း မလုပ်ပါနဲ့ဦးရယ် … သမီးကအခုမှ အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်လို့ ရှိခိုး ငိုယိုပြီး တောင်းပန်ပေမယ့် သမီးဘဝ ပျက်ခဲ့ရတယ်။ အားကိုရာမဲ့အဖြစ်ရဆုံး ည၊

ရင်ထဲမှာ ကြိတ်မှိတ်ငိုကြွေးရဆုံး ညတွေကို ဖြတ်သန်းရင်း လိင်အဖျော်ဖြေခံဘဝကို ရောက်မှန်းမသိ ရောက်ခဲ့ရတယ်။

သမီးဘဝပျက်ခဲ့ရပြီဆိုတော့ ကျွေးတာစား ပေးတာယူရင်း ခိုင်းသမျှ လုပ်ပေးနေရပေမယ့် တညကို သမီးတို့ ဘယ်လောက်ငွေကြေးရတယ်ဆိုတာ မသိပါဘူး။ မုန့်ဖိုးလည်း

မပေးဘူး၊ အဝတ်အစားကောင်းတွေ၊ အသုံးအဆောင်တွေတော့ ဝယ်ပေးပါတယ်။

မရိုသေစကားပြောရရင်တော့ သမီးကို တချို့လူတွေက ရိုးရိုးဆက်ဆံတာမဟုတ်ဘဲ လွန်လွန်ကျူးကျူးကို ဆက်ဆံကြတဲ့အတွက်ကြောင့် သမီး ရေရှည်မခံနိုင်တော့ဘူး၊

အခုသမီးကို နေမကောင်းလို့ နည်းနည်းပါးပါး လျှော့ခိုင်းတယ်၊ ဒီလို နေသိပ်မကောင်းဖြစ်လာတာကိုကပဲ သမီးရဲ့ကံလို့ ပြောရမလားမသိတော့ဘူး၊ သမီး ဘာဆက်လုပ်သင့်သလဲ

စဉ်းစားချိန်လေး ရလာလို့လေ။

သမီးဘယ်လိုမှ မနေချင်တော့တာကြောင့် ဒီအိမ်ကနေထွက်ပြေးဖို့ ကြိုးစားမိခဲ့တယ်။ တနေ့ အခွင့်ကြုံတုန်း သမီးထွက်ပြေးလိုက်တာ ပန်းခြံလို့ထင်ရတဲ့

နေရာရောက်သွားတယ်၊ ပုန်းနေပေမယ့် ကံမကောင်းတော့ သူဌေးရဲ့တပည့်တွေက ပြန်မိသွားပြီး သမီးကိုရိုက်ပါလေရော။

ကလေးမလေးက သူ့ဇာတ်ကြောင်းတွေကို ရင်ထဲကအတိုင်း တခုပြီးတခု ပြောပြနေတာပါ။

ကျမရော၊ ကျမ သူငယ်ချင်းရောကတော့ အသက်တောင် မရှူမိတော့သလိုပဲ။

(၄)

သမီးကို အိမ်နီးချင်း အဒေါ်ကြီးက နောက်ထပ်အဖော်တယောက်နဲ့အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို အလုပ်သွင်းပေးမယ်ဆိုပြီး ခေါ်ဆောင်လာခဲ့တာ

မဲဆောက်ကားဂိတ်လို့ထင်ရတဲ့ အနားမှာ သမီးနဲ့အတူ အရွယ်တူ ကောင်မလေးတယောက်ကိုပါ လူကြီးတယောက်လက်ထဲကို အပ်လိုက်တာ၊ အဲ့ဒီလူကြီးက သမီးတို့ကို ခေါ်လာပေးတဲ့

အဒေါ်ကြီးကို သမီးတို့မမြင်ဘူးတဲ့ ငွေတွေ အများကြီးပေးလိုက်တာ၊ အဲ့ဒါတွေကို သမီး အမှတ်ရနေသေးတယ်။

သမီး အခုလို ဘဝပျက်ရမယ်ဆိုတာသိခဲ့ရင် မွေးစားအဖေ ဘယ်လောက်ရိုက်ရိုက် ကြိတ်မှိတ်ပြီး ခံနေခဲ့မှာပါ။ အခုလိုအဖြစ်ဆိုးနဲ့ ကြုံရမယ်မှန်းသိခဲ့ရင် အိမ်နီးချင်း အဒေါ်ကြီး

ဘယ်လောက် အဆွယ်ကောင်းကောင်း လိုက်ခဲ့ဖြစ်မှာ မဟုတ်ပါဘူး။

အိမ်နီးချင်း အဒေါ်ကြီးကို အစက သမီးကိုသနားနေတာလို့ပဲ ထင်နေခဲ့တာပေါ့။ နောက်ဆုံးမှ သမီးဘဝ ရေနစ်တာကို ဝါးကူလို့ထိုးလိုက်သူပါလားဆိုတာ

သိလိုက်ရတော့တယ်။ အဲ့လိုသိလိုက်ရတဲ့အချိန်မှာတော့ သမီး သိပ်ကိုနောက်ကျသွားပြီ ဆရာမရယ်။

ကလေးမရဲ့အဖြစ်တွေကို နားထောင်နေရင်း စိတ်ထဲလည်း မကောင်းဖြစ်မိတယ်။ ဘာကြောင့်များ အရွယ်မရောက်သေးတဲ့ ကလေးတွေကို အလိုဆန္ဒမရှိဘဲ အခုလို အလုပ်

လုပ်စေရတာလဲ၊ ဘယ်လိုလူတွေကများ သားသမီးချင်း ကိုယ်ချင်းမစာ အခုလို လုပ်ခဲ့ကြတာလဲ၊ ဘာကြောင့် အမျိုးကောင်းသမီးလေးတွေ လွယ်လွယ်ကူကူနှင့် ဘဝပျက်ခဲ့ရတာလဲ စတဲ့

… စတဲ့ မေးခွန်းတွေကိုတော့ ကျမ ရင်ထဲမှာ ကိုယ့်ဘာသာပဲ မေးနေမိတယ်။


တချက် တချက် ကျမရဲ့မေးခွန်းတွေ ဟိုရောက် ဒီရောက်ဖြစ်သွားတာ သူငယ်ချင်းက ရိတ်မိပြီး “အမ ပင်ပန်းနေရင် ကျမ ဆက်မေးရမလား” ဆိုတော့ “ရပါတယ် … ညီမ၊

ဒီနေ့အဖို့ မေးခွန်းတွေ ထပ်မမေးသင့်တော့ဘူးထင်တယ်” လို့ ပြောပြီး စကားဖြတ်လိုက်ကြတယ်။ ပြီးတော့ ကျမတို့သူငယ်ချင်းတွေ ဒီကလေးမလေးကို ဆေးခန်းပြဖို့

တိုင်ပင်ဖြစ်ကြပါတယ်။

(၅)

နောက်တနေ့ မယ်တော်ဆေးခန်းကို ကလေးမလေးအတွက် ဆေးစစ်ပေးဖို့ ရောက်ခဲ့ရပြန်တယ်။ ဘယ်နှစ်ကြိမ်မှန်းမသိ ရောက်ပြီးရင်းရောက်ဖြစ်နေတာကြောင့် တာဝန်ကျ

ဆရာမလေးတွေနှင့်တောင် ရင်းနှီးနေပါပြီ။ ကလေးမလေးအကြောင်းကို တိုရင်းလိုရှင်း ပြောပြလိုက်တယ်။

တာဝန်ကျဆရာ ဆရာမကလည်း ကလေးမလေးကို သွေးစစ်ဖို့ လိုအပ်တဲ့ဆေးဝါး ကုသမှုတွေ လုပ်ပေးပါတော့တယ်။

ဆေးခန်းအဖြေထွက်ဆိုချက်ကို သိလိုက်ရတော့ ကျမ တော်တော် စိတ်မကောင်း ဖြစ်မိတယ်။ ကလေးမလေးမှာ AIDS ရောဂါ ကူးစက်ခံနေရပြီလေ၊ သူမရဲ့ မိန်းမကိုယ်

တဝိုက်မှာလည်း အနာတွေပေါက်နေလို့ ဆေးကုသခဲ့ရတယ်။

ကျမလည်း တခါတလေ ရုံးဆင်းချိန် “သမီးနေကောင်းလား၊ ဘာစားချင်လဲ” စသဖြင့် သွားမေးတဲ့နေ့တွေဆိုရင် ပျာပျာသလဲ အခန်းထဲက အပြေးတပိုင်းထွက်လာတဲ့

မျက်နှာလေးကို မြင်ရတာ သူမဘဝအတွက် လုံခြုံတဲ့ အရိပ်အာဝါသတခုကို ရှာတွေ့သွားလို့ စိတ်ချသွားတဲ့ ပုံမျိုးလေး၊ တော်သေးရဲ့လို့ပဲ အောက်မေ့ရတော့မှာပါ။

“သမီးနေကောင်းသွားရင် ဘာလုပ်မလဲ မြန်မာပြည်ကို ပြန်ချင်သလား” ဆိုတော့ “သမီး မပြန်ရဲဘူး ဆရာမ၊ ဒီအဖြစ်တွေကို အဖေတို့သိရင်လည်း သမီးကို သတ်ကြလိမ့်မယ်၊

ဒီမှာသမီး ကျောင်းနေခွင့်ရရင်တော့ နေချင်တယ်” လို့ ပြောရှာတယ်။

အခုတော့ သဇင်လေးကို အေ့စ်ဝေဒနာသည်တွေနေထိုင်တဲ့ ဂေဟာလေးကို ပို့ပေးလိုက်ပါပြီ။

ကျောင်းနေမယ်ဆိုလည်း သူမရဲ့ဘဝလေး အေးချမ်းပျော်ရွှင်စွာနဲ့ နေနိုင်ပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ကျမကတော့ သဇင်လေးရဲ့အနာဂတ်လေး တစုံတရာ လုံခြုံသွားသလို သဇင်လိုပဲ နောက်ထပ်ကျန်နေခဲ့တဲ့ အမျိုးသမီးလေးတွေရဲ့ ဘဝတွေလည်း လုံခြုံမှုတွေရှိစေဖို့အတွက်

တတ်စွမ်းသမျှ ကြိုးစားပြီး ကူညီလုပ်ကိုင်ပေးနေဦးမှာပါ။

(၆)

မနေ့ညက ကျမ အိပ်မပျော်ဖြစ်ခဲ့တယ်။ အိမ်သားတွေကတောင် အလုပ်ပင်ပန်းလို့လား မျက်နှာလည်းမကောင်းဘူးလို့ မေးကြပေမယ့် မေးခွန်းတွေကို ကျမ ပြန်မဖြေမိဘဲ

နှုတ်ဆိတ်နေမိတယ်။

မနက်ဖြန်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့လေ။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့၊ ဖဲကြိုးဖြူနေ့ မဟုတ်လား။

ဘယ်လိုပဲ ကျမတို့တတ်စွမ်းသမျှ လုပ်ကိုင်ပေးနေကြတယ်ဆိုဆို အမျိုးသမီးလေးတွေရဲ့ ဘဝတွေ မပျက်စီးသင့်ဘဲ စက္ကန့်နှင့်အမျှ ပျက်စီးနေကြရဆဲ ဖြစ်နေရတာတွေ။

တနေ့တခြား တောင် ပိုပိုပြီး ဆိုးသည်ထက် ဆိုးနေကြရရှာတာတွေ တွေးကြည့်နေမိရင်း သက်ပြင်းတွေ အကြိမ်ကြိမ် ချမိနေတော့တယ်။

ဒီနှစ်တော့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ ကျမတို့ စကားဝိုင်းတွေ ပြုလုပ်ကြရမယ်ဆိုရင် အဲ့ဒီစကားဝိုင်းတွေမှာ ကျမတို့ ဘယ်လို

မက်ဆေ့ခ်ျတွေ ပေးကြမလဲ။

ဘယ်လို ကူညီဖြေရှင်းမှုတွေလုပ်ပေးရင် အမျိုးကောင်းသားသမီးလေးတွေ ဒီထက်ပိုလို့ အနာဂတ်တွေ လုံခြုံလှပစေနိုင်မလဲ ကျမတို့ သေသေချာချာပဲ

အဖြေရှာဖွေကြရပါလိမ့်မယ်။ ဒါတွေဟာ ကျမတို့ အမျိုးသမီးထုအတွက်သာမက လူသားထုတရပ်လုံးအတွက် စိန်ခေါ်မှု တရပ်ပဲလို့ ကျမ ပြောချင်ပါတယ်။

ကျမတို့တွေ ဒီထက်ပိုလို့ အလုပ်တွေ အများကြီး လုပ်ဆောင်ကြရပါလိမ့်မယ်။

ကမ္ဘာကြီး ငြိမ်းချမ်းဖို့၊ ကျမတို့အမျိုးသမီးထုတွေ ငြိမ်းချမ်းဖို့၊ ကမ္ဘာ့လူသားတွေ ငြိမ်းချမ်းဖို့ ကျမတို့တွေ ဒီထက်ပိုလို့ အလုပ်တွေအများကြီး အစွမ်းရှိသမျှ

လုပ်ဆောင်ကြရပါလိမ့်မယ်။

ဖဲကြိုးဖြူလေးတွေတပ်ဆင်ပြီး တာဝန်သိမှု၊ တာဝန်ယူမှုတွေနှင့် ဝိုင်းဝန်းကူညီ ဖြေရှင်းကြပါစို့။

၂၅ - ၁၁-၀၉ (ည - ၁၁း၄၅ မိနစ်)

သရုပ်ဖော် - အောင်ထက်
http://www.moemaka.com/

ကေအိုင်အို အခြေစိုက်ရာ လိုင်ဇာဂိတ်မှ တရုတ်ကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။


နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၀ ခုနှစ်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့မှတဆင့် တရုတ် ကုန်ပစ္စည်းများ တင် သွင်းခွင့်ကို ယနေ့နံနက်ကစတင်၍ စစ်အစိုးရက ပိတ်ပင်လိုက်ပြီး
ဖမ်းဆီးမှုများ ရှိနေသည်ဟု နယ်စပ်သတင်း များအရ သိရသည်။

ယင်းတရုတ်ကုန်များကို လိုင်ဇာမှတဆင့် မြစ်ကြီးနားနှင့် ဗန်းမော်မြို့များသို့ တင်ပို့နေခြင်းဖြစ်ကာ ယနေ့တင်သွင်း ခွင့် ပိတ်ပင်လိုက်သည့်အကြောင်းကို လိုင်ဇာကားဂိတ်မှ တာဝန်ကျ
အမျိုးသမီး တဦးက ယခုလိုပြောသည်။

“ခရီးသည်တော့ သွားလို့ရတယ်။ ကုန်ကားတွေ သွားလို့မရဘူး။ ကုန်ကနည်းနည်းမှ မတင်ခိုင်း ဘူးတဲ့။ လိုင်ဇာကပစ္စည်း နည်းနည်းမှမတင်ခဲ့ပါနဲ့တဲ့။ မနေ့တုန်းကဆိုရင် ပစ္စည်းတင်တဲ့ကား
ခြောက်စီး၊ ခုနှစ် စီးလောက်ဖမ်းလိုက်တယ်လို့ကြားတယ်။ ဗမာဂိတ်ပေါ့။ နေပြည်တော်ကနေ လာဖမ်းတယ်လို့ ကြားတာပဲ။”

လိုင်ဇာမြို့ခံ ကုန်သည်တဦးကလည်း ယင်းကိစ္စမှန်ကန်ကြောင်းနှင့် စားသောက်ကုန်အပါအ၀င် အထည်အလိပ် နှင့် စက်ပစ္စည်းများသာမက မည်သည့်ပစ္စည်းမျှတင်သွင်းခွင့်မရှိတော့ဟု


ယခုလို ပြောသည်။

“တရုတ်ပစ္စည်းမှန်သမျှအကုန်လုံးပိတ်တယ်လို့ပြောတယ်။ဘာမှကိုမသယ်ခိုင်းတာတဲ့။တနိုင်စာလောက် တော့ ရမယ်ထင်ပါတယ်။ အဲလိုမျိုး ကားအစီးလိုက်ကြီးတွေသယ်တာတော့


မရတော့ဘူး။”

နယ်စပ်လိုင်ဇာမြို့မှ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များသို့သွားရာလမ်း၌ လဂျားယန်နှင့် ရွှေညောင်ပင် ဌာနပေါင်း စုံဂိတ်ကြီး နှစ်ခုရှိပြီး ယင်းဂိတ်နှစ်ခုကြားတွင် ရံဖန်ရံခါ
အရေးပေါ်ဂိတ်ငယ်လေးများဖွင့်၍ စစ်ဆေးမှုများပြုလုပ် လေ့ရှိသည်။

KIO အနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ထားသည့်အပြင် လက်ရှိ စစ်အစိုးရအား တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ရေး
မဟာမိတ် ပြုလုပ်ခဲ့သည့်နောက် မကြာခင်က မြို့ပေါ်ဆက်ဆံရေးရုံးများ ပြန်လည် ရုတ်သိမ်းခဲ့ရ သည်ဟု KIO ဌာနချုပ်မှ အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။

ယခုလိုပိတ်ပင်ခြင်းသည် စစ်အစိုးရက နိုင်ငံရေး၊ စစ်ရေးအပြင် စီးပွားရေး နည်းလမ်းအရ ဖိအားပေးခြင်း ဖြစ်နိုင် သလို တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအား ကန်ဗိုက်တီး
ဖက်သို့ ပြောင်းလဲလို၍ ဖြစ်နိုင်သည် ဟု ထိုအရာရှိက ယခုလိုသုံးသပ်ပြောဆိုသည်။

“ဒီတော့ လိုင်ဇာလမ်းကို သူတို့ကပြန်ပိတ်ချင်တာပေါ့။ တခုရှိတာက ဒီလိုင်ဇာလမ်းက ကုန်တွေ အ၀င် အထွက်များနေလို့ရှိရင် ကျနော်တို့လည်း အခွန်တွေဘာတွေကောက်ဆိုတော့
စီးပွားရေး အခြေအနေ တွေ ဘဏ္ဍာရေး အခြေအနေတွေ အဆင်ပြေနေတဲ့အပေါ်မှာသူတို့က အဲတာကိုလည်း နည်းနည်း ကြပ်ချင်တဲ့သဘောရှိတယ်။”

ကန်ဗိုက်တီးဒေသသည် လက်ရှိ KIO ထိန်းချုပ်ရာဒေသ၏ မြောက်ဖက်တွင်ရှိပြီး နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ကိုလက်ခံထားသည့် ကချင်အပစ်ရပ်တပ်ဖွဲ့တခု ထိန်းချုပ်နယ်မြေဖြစ်၍
ယင်း လမ်းကြောင်းကို လွန်ခဲ့သည့် (၂)နှစ် ခန့်ကစတင်ဖွင့်လှစ်ခဲ့သည်။

သို့သော် ယင်းလမ်းသည်တောင်တက်လမ်းဖြစ်သည့်အပြင် လမ်းကြမ်းသည့်အတွက် ကုန်သည် များ သွားလာမှု နည်းပါးပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်က ယင်းလမ်းကြောင်းအား သွားရောက်စစ်ဆေးခဲ့သည်ဟု သတင်း ရသည်။

တရုတ်မြန်မာနယ်စပ် လွယ်ကျယ်မှဗန်းမော်၊ လိုင်ဇာမှ မြစ်ကြီးနားနှင့် ဗန်းမော်အပြင် ကန်ဗိုက်တီးမှ မြစ်ကြီး နားမြို့များသို့ ကုန်သွယ်ရေးလမ်းကြောင်းသုံးခုရှိသည်။

မြန်မာနိုင်ငံသားဟု ယူဆရသူ သုံးဦးကို ထိုင်းအာဏာပိုင် အသေဖမ်းမိ


သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းနယ်စပ်မြို့ဖြစ်သည့် မယ်ဆိုင်တွင် မြန်မာနိုင်ငံသားဟု ယူဆရသူ သုံးဦးအား ဆိုင်ကယ်ခိုးမှုဖြင့် အပစ်သတ် ခံလိုက်ရသည်ဟု ထိုင်းရဲအုပ်တဦးက ပြောသည်။

ယခု အပစ်သတ်ခံရသူ သုံးဦးသည် ဆိုင်ကယ်ခိုးသူအုပ်စုမှဖြစ်ပြီး ထိုင်းတောင်ပေါ်သားနှင့် မြန်မာနိုင်ငံ သားများ ဖြစ်သည်ဟု မယ်ဆိုင်မြို့ရှိ ရဲအုပ်က ထိုင်းဘာသာဖြင့် ယခုလိုပြောသည်။

“သေချာတယ် ဘာဘတ်(မှတ်ပုံတင်)မှ မရှိဘူး။ မှတ်ပုံတင်လည်းမရှိဘူး၊ နယ်ခြားဖြတ်သန်းတဲ့ လက် မှတ်လည်းမရှိဘူး။ ညဘက်မှ ခိုးဝင်လာတာ။ တယောက်ကတော့ တောင်ပေါ်သား
လက်မှတ် ရှိတယ်။ နောက်တယောက်ကတော့ ဗမာဆိုတာ သေချာတယ်။ ခုနအစောပိုင်းတုန်းက သေသွားတဲ့ တယောက် ကလည်း ဗမာဆိုတာ သေချာတယ်။ ဘာလက်မှတ်မှ မရှိဘူး။”

ယခုတလအတွင်း ဆိုင်ကယ်အစီးနှစ်ဆယ်ပျောက်ပြီး ယမန်နေ့က တစီးထံမံပျောက်ရာမှ ထိုင်း အာဏာပိုင်များ လိုက်လံဖမ်းဆီးရာ ၎င်းတို့ ပြန်လည်ခုခံသဖြင့် အသေဖမ်းလိုက်ခြင်း
ဖြစ်သည်ဟု ယင်းရဲအုပ်က ပြောသည်။

“မနေ့တုန်းက တစီးရတယ်။ ဟွန်ဒါ dream ဆိုင်ကယ်တစီးတွေ့တယ်ဘေးနားမှာ။ ဒီလ ပျောက်သွား တာ အစီး ၂၀ ကျော်တယ်။ ရဲကို ဓားနဲ့ပြန်ခံခံတယ်ဆိုပြီးတော့ ပစ်သတ်လိုက်တာ။”

အသတ်ခံရသူများ၏ အလောင်းကို သွားရောက်ကြည့်ခဲ့သူ မယ်ဆိုင်မြို့ရှိ မြန်မာနိုင်ငံသား ကိုမောင်က “မနေ့ က ညနေပိုင်းမှာမှသိတာ။ ကျနော်တို့ ဒီလိုတပ်ကုမ္ပဏီဘေးနားမှာ ဖာမီကို
တက်တဲ့လမ်းပေါ့၊ တောင် ပေါ်ကို တက်တဲလမ်းပေါ့။ အဲဒီလမ်းဘေးမှာ ကျနော်တို့မယ်ဆိုင်မြို့ရဲ့ ပစ်တဲ့ အမှိုက်ပုံရှိတယ်။ အဲ အမှိုက်ပုံနားမှာ အသက် ၂၂ ပတ်ဝန်းနဲ့ ၂၅ ပတ်ဝန်းကျင်
နှစ်ယောက်ပေါ့။ သေနတ်ဒဏ်ရာ အ မြောက်အများနဲ့ ကိုးလုံးကျည်နဲ့ အပစ်ခံရတယ်။ နောက်တယောက်လည်း ထို့နည်းလည်းကောင်းပဲ နဖူးအပစ်ခံရတယ်။ ဓားနဲ့
သူတို့ပြန်ခုခံတယ်လို့ပြောတယ်။ ယိုးဒယားရဲကို ပြန်ခုခံတယ်ဆိုပြီးမှ ဓားနဲ့ပေါ့။”ဟု ပြောသည်။

ထိုင်းအာဏာပိုင်က ဆိုင်ကယ်ခိုးမှုဖြင့် အပစ်သတ်ခံရသူများသည် မြန်မာနိုင်ငံသားဟု ပြောဆိုသော် လည်း ၎င်း တို့သည် မြန်မာနိုင်ငံသားများ မဖြစ်နိုင်ကြောင်း ကိုမောင်က ပြောသည်။

“သူတို့ထိုင်းရဲကတော့ ဒါမြန်မာပေါ့လေ။ ဆိုင်ကယ်လာခိုးလို့ ညဘက်မှာ ပစ်တယ်ဆိုတော့။ ဘေးမှာ လည်း ဘာအထောက်အထားမှမရှိဘူး။ နာမည်တွေလည်း မသိဘူးဗျာ။
ရုပ်တွေကလည် စုတ်ပြတ် သတ်နေပြီ။ ဘာအထောက်အထားမှလည်းမရှိတော့ ကိုယ့်နိုင်ငံသားဆိုတာ ကိုယ်အတည် မပြုနိုင်ဘူး လေ။ ဒါပေမယ့် မြန်မာဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။
ပုံစံကြည့်ရတာတော့ မြန်မာတော့ မဟုတ် လောက်ပါဘူး။”

ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့နယ်အတွင်းတွင် ကား၊ ဆိုင်ကယ် ခိုးဂိုဏ်းနှင့် မူးယစ်ဆေးဝါး သယ်ယူ သူများနှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအကြား မကြာခဏ ပစ်ခတ်မှုဖြစ်ပွားလေ့ရှိပြီး
ယင်းပစ်ခတ်မှုမှ အသေဖမ်းဆီးရမိ သူများကို မြန်မာနိုင်ငံသားများဖြစ်ကြောင်း ထိုင်းရဲအုပ်က ပြောသည်။

http://www.nmg-news.com/nmg/newspage.html

ကေအိုင်အိုဋ္ဌာနချုပ် လိုင်ဇာမြို့ ကုန်ကားအ၀င်ပိတ်ပြီ

Thursday, 25 November 2010 18:34 သျှမ်းသံတော်ဆင့်

နယ်ခြားစောင့်တပ် လက်မခံသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့သို့ ကုန်တင်ယာဉ်များ သွားလာမှုကို နိုဝင်္ဘာ ၂၃ ရက်နေ့က စ၍
နအဖစစ်တပ်က ပိတ်လိုက်ကြောင်း သိရသည်။
ထိုသို့ ကုန်ကား အသွားအလာ ပိတ်လိုက်သဖြင့် ယခုအခါ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များမှ ကုန်ကားများ လိုင်ဇာမြို့သို့ လာရောက်မှု မရှိတော့ကြောင်း လိုင်ဇာမြို့ခံတစ်ဦးက
သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လိုင်ဇာမြို့ (ဓါတ်ပုံ -1.bp.blogspot.com)

“လောလောဆယ် ကုန်ကားအ၀င်အထွက်က မရှိဘူး ပိတ်ထားတယ် မ၀င်ဘူးဖြစ်နေတာ


ကုန်ပဲပိတ်တာပါ လူစီးတွေ က တော့ သွားနေတုန်းပဲ လူစီးလည်း ကျဲသွားတာပေါ့
ဗန်းမော်ကားသိပ်မရှိဘူး တစ်နေကုန်နေမှ တစ်စီးနှစ်စီးတောင်မရှိဘူး ကုန်ကားကတော့
ကြိုကြားကြိုကြားကယ်ရီကဲ့တဲ့ ကားပဲရှိတော့တယ်” ဟု မြို့ခံက ပြောသည်။

ကားအ၀င်ပိတ်ရသည့် အကြောင်းအရင်းကို အတိအကျမသိရသော်လည်း ယနေ့လိုင်ဇာမြို့၌


ကေအိုင်အိုအဖွဲ့ ကရာချီရှိသည့် ဧည့်သည်များနှင့်အတူ လက်ဆုံကောက်သစ်စားပွဲကျင်းပနေရာ
ထိုကိစ္စကြောင့် ပိတ်ခြင်းဖြစ် နိုင်ကြောင်း ဒေသခံ များက ယူဆနေသည်။
“ကေအိုင်အိုက ဧည့်သည်တွေ အများကြီး ဖိတ်ပြီးကောက်သစ်စားပွဲလုပ်နေတယ် အဲဒါကြောင့်
နအဖဘက် ကနေ ပိတ်လိုက်တာပေါ့ ဒါပြီးရင်ပြန်ဖွင့်ပေးမလား မသိဘူး” ဟု သူက ဆက်ပြောသည်။

နအဖ၏နယ်ခြားစောင့်တပ် အဆိုကို ကေအိုင်အိုက ငြင်းဆန်ပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖတို့


အကြား ဆက်ဆံရေး တစ်စတစ်စ တင်းမာလာနေရာ ယခုအခါ နှစ်ဘက်ဆက်သွယ်ရေး
ပြတ်တောက်သည် အထိ တင်းမာလျှက်ရှိသည်။

ယခင် နှစ်ဘက်ဆက်ဆံရေးကောင်းမွန်စဉ်က တရုတ်နယ်စပ် လိုင်ဇာမြို့သည် ကုန်စည်ကူးသန်းမှု ကောင်းမွန်ပြီး မြစ်ကြီး နားနှင့် ဗန်းမော်မြို့များမှ နေ့စဉ် လာရောက်သည့်
ကုန်ကားအစီးရေ ၅၀ ခန့်ရှိကြောင်း သိရသည်။

လယ်ပိုင်းခန့်မှစ၍ ကချင်ပြည်နယ်အတွင်း နအဖစစ်တပ်များ၏ စစ်ရေးလှုပ်ရှားမှုများ ပိုမိုတွေ့မြင်လာရပြီး ကချင်ပြည်နယ်အတွင်းရှိ မြို့များတွင် ဖွင့်လှစ်ထားသော ကေအိုင်အို


ဆက်ဆံရေးရုံးများကို နအဖက ရုပ်သိမ်းရန် ညွန်ကြားခဲ့သည်။

မိဘ နှစ်ပါးအားပစ်သတ်၍ အသက် ၁၆ နှစ်ကလေးမအား နအဖ စစ်သားမုဒိန်းကျင့်

Thursday, 25 November 2010 22:35 သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးကနောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကိုပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား
မုဒိန်းကျင့်ပြီးခဲ့သည်ဟု စုံစမ်းသိရှိရ ပါသည်။

“စနေနေ့ကလေ ဗမာစစ်သားက ကောင်မလေးကိုဆွဲခေါ်သွားတော့ မိဘတွေဝင်တားလို့ အဲဒီစစ်သားက မိဘ နှစ်ယောက် စလုံး ကိုသေနတ်နဲ့ ပစ်တော့ပွဲချင်းပြီးသေတာ။
ကောင်မလေးကိုဆွဲဖမ်းပြီး တခြားနေရာသွား မုဒိန်းကျင့်တယ်။ အဲ့ကောင် အိပ်ပျော် နေတုန်းကောင်မလေးက ထွက်ပြေးပြီးရွာလူကြီးတွေဆီ ငိုကြီးချက်မနဲ့သွား တိုင်တယ်” - ဟု
လင်းခေး ဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။

နိုဝင်ဘာ ၂၁ ရက် လင်းခေးမြို့ပြင် (မိုင်းပန်အထွက်လမ်း) နမ့်အွန်ရွာ အခြေစိုက် ခမရ ၅၇၈ ရဲဘော်တဦး ဟွေ့ဆင်မ် ကျေးရွာနေ ဦးအာရိယ နှင့် ဒေါ်ခမ်းတို့၏အိမ်ပေါ်
ညအချိန်အတင်းတိုးဝင်၍ သမီး (အမည်မဖေါ်လိ)ု ဖြစ်သူအား အဓမ္မပြုကျင့် ရန် ကြံစည်စဉ် ဖခင်က၀င်တားရာ ဖခင်အားဦးစွာပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် မိန်းခ လေးငယ်အား
အိမ်ပေါ်မှဆွဲခေါ်သဖြင့် မိခင်ဖြစ်သူက လိုက်ဆွဲရာ အိမ်အနီးချောင်းဘေးတွင် မိခင်ကိုပါ ထပ်မံ ပစ်သတ်ခဲ့ကြောင်း လင်းခေး ဒေသခံများက ပြောပြပါသည်။

“အခု အဲ့ဒီ့ကလေးမ ရွာမှာရှိတဲ့ သူ့အဒေါ်အိမ်မှာဘဲရှိနေတယ်။ စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်နေတယ်။ တပ်ဘက်သတင်း အရ အဲဒီ ဗမာစစ်သားက စိတ်မနှံ့ဘူးတဲ့။ နောက်ပြီးတော့
သူ့ကို သတ်ပစ်လိုက်ပြီ လို့လဲ ဆိုပြီး နအဖတပ်ကအရပ်ထဲ သတင်း လွှင့်ထားတယ်” - အမည်မဖေါ်လိုသည့် လင်းခေးဈေးသည်တဦးက ပြောပါသည်။

နိုဝင်ဘာ ၂၂ ရက် တွင(် ယခင်လင်းခေးဗျူဟာမှူးဟောင်း) မိုင်းပန် စကခ (၁၇) မှူး ဗိုလ်မှူးချုပ်တင်ရွှေကသတင်းမပေါက် ကြား ရန် နစ်နာကြေး နှင့် အတူ နှုတ်ပိတ်ခ ကျပ် ငွေသိန်း ၂
ပေးသွားကြောင်း နီးစပ်သည့်သူ တဦးက ပြောပြပါသည်။ ထို့အတူရွာသားများ လင်းခေး ဈေးဆင်းဝယ်မှုကိုလည်း ပိတ်ပင်တားမြစ်ထားကြောင်း လင်းခေး ဒေသခံများက
ပြောပြသည်။

မိန်းခလေး၏ ကျန်းမာရေးနှင့်ပတ်သက်၍ လင်းခေးမြို့ ဆေးရုံဆရာဝန်တဦးနှင့် ဆက်သွယ်မေးမြန်းရာတစုံတရာမှတ်ချက် ပေးပိုင်ခွင့်မရှိဟုဆိုကာ ဖုန်းချသွားခဲ့ပါသည်။

အဆိုပါကလေးမ၏ မိဘနှစ်ပါးရုပ်အလောင်းအား ၂၃ ရက်နေ့က ဟွေ့ဆင်မ် ကျေးရွာသင်္ချိုင်း၌ မီးသဂြိုဟ် လိုက်ပြီဖြစ်ပြီး မုဒိန်းကျင့်ခံရသူ မိန်းခလေးမှာလည်း


မိဘအတွက်ရက်လည်ဆွမ်းသွတ်ရန် ဆေးရုံမှဆင်းကာ ဆွေမျိုးများထံသွားရောက် ခိုလှုံနေကြောင်း နီးစပ်သည့်အသိုင်းဝိုင်းက ပြောပြပါသည်။

အခုဖြစ်စဉ်သည် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲအပြီး တလမပြည့်မှီ ဒုတိယအကြိမ် မုဒိန်းကျင့်မှုဖြစ်သည်။

သျှမ်းပြည် (မြောက်ပိုင်း) တွင် လူမျိုးအလိုက် ပြည်သူ့စစ်ကောက်

Thursday, 25 November 2010 18:37 သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် မုံးပေါ်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံ ကချင်၊ သျှမ်းနှင့် တရုတ်လူမျိုး များအား လူဦးရေ သတ်မှတ်ကာ ပြည်သူ့စစ် စုဆောင်းနေကြောင်း
သိရသည်။

မုံးပေါ်ပြည်သူ့စစ်အဖွဲ့၏ လက်နက်ကိုင် အင်အားကို လူ ၃၀၀ အထိ တိုးချဲ့ဖွဲ့စည်းနေရာ လွန်ခဲ့သည့်လပိုင်းကကျေးရွာ အလိုက် လူသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ပြီး
ယခုနောက်ထပ်တစ်ကြိမ် လူမျိုးအလိုက်ထပ်မံစုဆောင်း ခြင်းဖြစ်သည်။

၎င်းပြည်သူ့စစ်အဖွဲ့နှင့်နီးစပ်သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောရာတွင် “အရင်တစ်ခေါက်ရွာ အလိုက်စုတာ လိုတဲ့အင်အားကို ထပ်တောင်းတာ ကချင် ၊ သျှမ်း ၊ တရုတ်
လူမျိုးအလိုက် သွားလုပ်ရမယ် လူပျိုလူလွတ်ဆို ထွက်ပြေးလို့ မယူဘူးတဲ့ အိမ်ထောင်ရှိတဲ့ လူပဲယူမယ်တဲ့ ” ဟု သူက ဆိုသည်။

မုံးပေါ်ဒေသအတွင်း ကချင်ရွာအများအပြားရှိသည့်အတွက် ကချင်လူမျိုး ၄၀ ၊ သျှမ်း ၂၀ နှင့် တရုတ် ၁၀ ယောက်စီ တောင်းခံထားကြောင်း သိရသည်။

ယခုကောက်ခံသည့် လူအင်အားကို ဒီဇင်ဘာလကုန် နောက်ဆုံး စာရင်းပေးသွင်းရမည် ဖြစ်ပြီး လာမည့်နှစ် ဇန်န၀ါရီလ ဆန်းပိုင်းတွင် ၄င်းပြည်သူ့စစ်အဖွဲ့ အခြေပြုရာ မိုင်ဖန်ကျေးရွာ၌
စစ်သင်တန်းတက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။
မုံးပေါ်ပြည်သူ့စစ်ခေါင်းဆောင်မှာ ဦးကိန်မိုင်ဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်သစ်များက ခေါင်းဆောင်များအတွက် ထင်းခုတ်၊ သစ်ခုတ်၊ မီးသွေးဖုတ်၍ ငွေရှာပေးရကြောင်း သိရသည်။

ရွေးကောက်ပွဲအပြီးမြို့နယ်အချို့၏သျှမ်းနှစ်သစ်ကူးအနေအထားကွဲပြား

Thursday, 25 November 2010 18:30 မွေခေါဝ်

ရွေးကောက်ပွဲပြီးသော်လည်း နှစ်စဉ်ကျင်းပလေ့ရှိသော သျှမ်းနှစ်သစ်ကူးပွဲတော်အတွက် အာဏာပိုင်များထံမှ မြို့နယ် အချို့၌ ပွဲမိန့်မရသောကြောင့်


ရိုးရာပွဲတော်ကျင်းပရန်အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။

“ရွေးကောက်ပွဲပြီးတော့ အပြောင်းအလဲများဖြစ်မလားပေါ့။ ဒါပေမယ့်ဘာမှမထူးဘူး အရင်နှစ်တွေကလိုဘဲ။ ဒီနှစ် လဲပွဲမိန့်မရတော့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပဖို့မလွယ်ဘူး။


နှစ်သစ်ဆွမ်းကပ်တာဘဲ လုပ်ရတော့မယ်။ ည ၁၀ နာရီ နောက်ပိုင်း ညအပြင်မထွက်ရ အမိန့်တောင်ထုတ်ထားသေးတယ်။ လူစုလူဝေးဆိုကြောက်လို့နေမှာပေါ့ ” ဟု တန့်ယန်း
လူငယ်တစ်ဦးက ပြောပါသည်။

နမ့်ခမ်းမြို့တွင်မူ မယကရုံးသို့ ပွဲမိန့်တင်ထားပြီးဖြစ်ကြောင်း၊ မယကရုံးက တစ်စုံတစ်ရာအကြောင်းပြန်ခြင်းမရှိသော် လည်း နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက်ကျင်းပလာခဲ့ကြောင်း


နမ့်ခမ်းဒေသခံတစ်ဦးကလည်း ပြောပါသည်။

နမ့်ခမ်းသျှမ်းနှစ်သစ်ကူးပွဲတော်

“လားရှိုးမှာတော့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ၂၃ ရက်နေ့က (၁၂)ရပ်ကွက် ခိုလောင်းရွာ သျှမ်းစာပေနှင့် ယဉ်ကျေးမှုရုံးမှာ အစည်းအဝေးလုပ်ပြီးပြီ။ ကြံ့ဖွံ့လွှတ်တော်အမတ်


ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဆရာစိုင်းခမ်းလှိုင်လဲ တက်ရောက်တယ်။ အားလုံး ၃၀-၄၀ လောက်တက်ကြတယ်”ဟု လားရှိုးဒေသခံတစ်ဦးက ပြောပါသည်။

သျှမ်းနှစ်သစ်ကူးပွဲတော်တွင် ရဟန်းသံဃာတော်များကိုဆွမ်းကပ်လှူဒါန်းခြင်း၊ အသက် ၈၀ ကျော်ဘိုးဘွားများအား ကန်တော့ခြင်း၊ ဆယ်တန်းအောင်


ဂုဏ်ထူးရှင်ကျောင်းသားလူငယ်များအား ဆုချီးမြှင့်ခြင်း၊ ကျွေးမွေးဧည့်ခံခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကျင်းပခြင်းစသည့် အစီအစဉ်များရှိသည်ဟု ၎င်းကဆက်လက်ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့၌လည်း သျှမ်းနှစ်သစ်ကူးနေ့လုပ်မည်ဖြစ်ကြောင်း၊ နားကောင်းမှူးနှင့် ပုံပါကျင်တွင်မူ ကျင်းပနိုင်ခြင်းမရှိသည့် အခြေအနေရှိကြောင်း


မိုင်းတုံဒေသခံတစ်ဦးက ဤကဲ့သို့ပြောပါသည်။

“မိုင်းတုံမှာတော့ သျှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်းကို ဦးဆောင်တဲ့သူတွေလဲ ကြံ့ဖွံ့ကဘဲဆိုတော့ လုပ်နိုင်ချေရှိတယ်။ အရင်နှစ်တွေမှာ နားကောင်းမှူးနဲ့ပုံပါကျင်ကတော့ ပေါင်းလုပ်နေကျ။


အခုညအပြင်မထွက်ရအမိန့်ကြောင့် မလုပ်ဖြစ် ဘူးထင်တယ်”

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌လည်း သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပမည့်အကြောင်းကို ပင်လုံဒေသခံအိမ်ရှင်မတစ် ဦးက ဤကဲ့သို့ပြောပါသည်။

“ပင်လုံမှာ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပမယ်။ နှစ်သစ်ကြိုတဲ့တန်ဆောင်မုန်းလကွယ်ညနဲ့ နတ်တော်လဆန်း တစ်ရက်နေ့/ည တစ်ရက်နဲ့နှစ်ညလုပ်မယ်လို့ စီစဉ်ထားတယ်။ အခု


ညပိုင်းမှာ တုတ်ဆူး(ပွဲတော်ရန်ပုံငွေအလှူခံထွက)် သီချင်းဆိုထွက်နေကြပြီ ”

သျှမ်းနှစ်သစ်ကူးပွဲတော်ကို ပြည်တွင်းသာမက ပြည်ပရောက်သျှမ်းတိုင်းရင်းသားများလည်း အစဉ်အလာမပျက်ကျင်းပ ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ ၆ ရက်(နတ်တော်လဆန်း ၁ ရက်)နေ့ဆိုလျှင်


၂၁၀၅ ခုရောက်မည်ဖြစ်သည်။

http://www.mongloi.org/burmese/

ရွေးကောက်ပွဲအတွင်း အမျိုးသမီးနှင့် ကလေးများ ဒုက္ခရောက်ရကြောင်း WLB က ပြောဆို

Submitted by Karen Information Center on Thursday, 25 November 2010No Comment

နိုဝင်ဘာလ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စ)ီ

မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း စတင်ဖြစ်ပွားခဲ့သည့် နယ်စပ်တိုက်ပွဲကြောင့် အမျိုးသ မီးနှင့် ကလေးများ ပိုမို ဒုက္ခရောက်ခဲ့ရသည်ဟု
အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)က ယနေ့ကျရောက်သည့် အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့၌ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်သည်။

WLB၏ အထွေထွေ အတွင်းရေးမှူး(၁)ဖြစ်သူ မတင်တင်နွယ်က “၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် ကောင်းတဲ့ အလားအလာ မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ တက်လာမယ့်
ဘယ်အစိုးရကလည်း အမျိုးသမီးနဲ့ ဘ၀အတွက် ဘာမှ လုပ်ပေး နိုင်မှာ မဟုတ်ပါဘူး။ တချိန်တည်းမှာပဲ နိုင်ငံရေး အခင်းအကျင်းကြောင့်ပဲ ရွေးကောက်ပွဲဖြစ်တဲ့ကာလမှာ နယ်စပ်မှာ
တိုက်ပွဲ တွေ ဖြစ်တယ်။ ပြီးတော့ အမျိုးသမီးနဲ့ ကလေးတွေအတွက် ပိုပြီးတော့ လုံခြုံမှုမဲ့တယ်။ ဒုက္ခတွေ ပိုပြီး ဆိုးဆိုးရွားရွား ခံစားရ တယ်။ ဒါကို ထောက်ပြချင်တယ်။”ဟု ကေအိုင်စီကို
ပြောသည်။

နိုဝင်ဘာလ ၈ရက်နေ့တွင် နယ်ခြားစောင့်တပ်နှင့် ရွေးကောက်ပွဲကို လက်မခံသည့် ဗိုလ်မှူးချုပ်စောလားဘွယ် ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်ခံ
(၉၀၂)တပ်ရင်းနှင့် မြ၀တီမြို့အခြေစိုက် စစ်အစိုးရတပ်တို့နှင့် ဖြစ်ပွားခဲ့သည့် တိုက် ပွဲကြောင့် သောင်းချီသည့် မြ၀တီလူထုများ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာသည့်အထဲတွင်
အမျိုးသမီးနှင့် ကလေး အများအပြား ပါဝင်ခဲ့သည်။

“စစ်ဖြစ်ပွားတယ်ဆိုတာ အကြမ်းဖက်မှုတခုပါပဲလေ။ စစ်ပွဲရဲ့ ရိုက်ခတ်မှုကြောင့် ကလေးနဲ့ အမျိုးသမီးတွေ ပိုခံရတာပါ။ နောက် မြန်မာပြည် အထူးသဖြင့် တိုင်းရင်းသားဒေသအတွင်းမှာ
ဒီလို စစ်ပွဲတွေ ဖြစ်လာတိုင်း ဒီကလေးနဲ့ အမျိုးသမီးက ပိုခံရတာပါ။ ဒီ လိုအမျိုးသမီးနဲ့ ကလေးအပေါ် အကြမ်းဖက်မှု ရှိနေသရွေ့တော့ ပပျောက်ဖို့အတွက် ကျမတို့လည်း
ဆက်လုပ်ရမှာပဲ”ဟု WLB ၏ သဘာပတိအဖွဲ့ဝင် နန်းဒါးအဲ့ကလယ်က ပြောဆိုသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ နအဖတပ်များ၏ ရွာတွင်း ပစ်ခတ်မှုကြောင့် နိုဝင်ဘာလ ၉ရက်နေ့တွင် ကြာ အင်းကျေးရွာမှ ၁၃နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး
ယောက်ျားလေးတဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်အပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှ မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲသည် လွပ်လပ်ပြီး တရားမျှတမှု မရှိ ကြောင်း ရှုတ်ချလိုက်သည်ကို WLB အနေဖြင့်
ကြိုဆိုကြောင်းနှင့် အာဆီယ(ံ ASEAN) အပါအ၀င် နိုင်ငံတကာအစိုးရများအနေ ဖြင့်လည်း မြန်မာအမျိုးသမီးများ၏ဘ၀ အကြမ်းဖက်ခံရမှု ဆက်လက်ကျရောက်နိုင်မည့်
ရွေးကောက်ပွဲရလဒ်အား အသိအမှတ် မပြုရန် WLB က တိုက်တွန်းထားသည်။

ထို့အပြင် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားအင်အားစုများနှင့် တွေ့ဆုံဆွေးမှုများ မလုပ်ဘဲ ၎င်း တို့၏ လမ်းပြမြေပုံအတိုင်း


ဆက်လက်အကောင်အထည်ဖော်ပါက မြန်မာနိုင်ငံ၏ အခြေအနေသည် ပို၍ ဆိုးရွားနိုင်ပြီး အမျိုး သမီးနှင့် ကလေးများ၏ ဘ၀လုံခြုံမှုကိုလည်း ပိုမိုထိခိုက်စေသည့်အတွက် WLB
အဖွဲ့ချုပ်မှ စိုးရိမ်ကြောင်း ပါရှိသည်။

စစ်အစိုးရသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေး သဘောတူစာချုပ်(CEDAW)ကို


လက်မှတ်ထိုးခဲ့သော်လည်း မြန်မာနိုင်ငံ၌ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို ဆက်လက်ကျူးလွန်နေသည်ဟုလည်း ထည့်သွင်းထားသည်။

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့တွင် မြန်မာတိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်း(၁၃)ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့သည့် WLB အနေဖြင့် ၎င်းတို့အခြေစိုက်ရာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့်
အိန္ဒိယနယ်စပ်များတွင် ယခုနှစ် နိုင်ငံတကာ အမျိုးသမီးအပေါ် အကြမ်း ဖက်မှုပပျောက်ရေးနေ့ကို စကားဝိုင်းများ၊ ဟောပြောပွဲများဖြင့် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ၁၉၉၆ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့တွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ၈၃ကြိမ်မြောက် အထွေထွေညီလာခံ
မျက်နှာစုံညီ အစည်းအဝေးတွင် ဆုံးဖြတ်သတ်မှတ်ခဲ့သည်။

DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်းကြောင်းတွင် ခြေကုပ်ယူထား

Submitted by Karen Information Center on Thursday, 25 November 2010No Comment

နိုဝင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စ)ီ

အင်အား ၁၀၀နီးပါးရှိ နအဖ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသရှိ နယ်မြေခံတပ်များအား လစာလာ ပေးရန်အတွက် ယနေ့မနက် ရောက်ရှိလာရာ
၎င်းတို့လာရာ လမ်းကြောင်းများကို ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့များက ခြေ ကုပ်နေရာယူထားသောကြောင့် နအဖစစ်တပ်များ တက်လာရန် အခက်ကြုံနေရသည်ဟု သိရသည်။

ဒီကေဘီအေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောစတီးက “အခု သူတို့ (နအဖ)ဖလူးရွာကို ရောက်ပြီးလို့ သိရတယ်။ တပ်ရင်းတစ် ရင်းပဲတဲ့။ အင်အား (၇၀-၈၀)ကျော်လောက် ရှိတယ်။
အခုသူတို့ လာမယ့်လမ်းကြောင်းတလျှောက်မှာ ကျနော်တို့လူတွေ အကုန် လုံး စောင့်နေတယ်ဆိုတော့ တက်လာဖို့ အခက်တွေ့နေတယ်။ ကျနော်တို့နယ်မြေထဲကို ၀င်လာရင်တော့
ထိပ်တိုက်ပဲ။ လမ်းအခြေ အနေကို ကြည့်ရင်းလာရတယ်ဆိုတော့ ဒီည သူတို့တပ်တွေ ရှိတဲ့နေရာကို ရောက်ချင်မှ ရောက်မယ်။”ဟု ပြောသည်။

ဝေါ်လေဒေသရှိ နအဖစစ်တပ် စကခ(၈)လက်အောက်ခံတပ်ရင်းများနှင့် တိုင်းတပ်များအား ထုံးစံအတိုင်း လမကုန်ခင် လစာလာ ပေးရန်အတွက် တနင်္သာရီတိုင်းအခြေစိုက် စကခ(၈)
လက်အောက်ခံ ခလရ(၆၂)တပ်ရင်းသည် ဘုရားသုံးဆူမြို့နယ် သံဖြူဇရပ်မှ မြ၀တီသို့ ယမန်နေ့က ရောက်ရှိလာပြီး ယနေ့မနက်တွင် မြ၀တီမှတဆင့် ဝေါ်လေဒေသ ဖလူးကျေးရွာသို့
စစ်ကား ၃စီးဖြင့် ရောက် ရှိလာသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ နအဖစစ်တပ်များ တက်လာနိုင်မည့်လမ်းကြောင်းများဖြစ်သော ပလောတပို၊ တခေါ်ထူ၊ ကျောက်ခက်၊ ဘလယ်ဒို၊ သေဘောဘိုး၊ လေးဝေါ်၊ ဆုံဆည်းမြိုင်၊
အူကလေ့ထာ့စသည့်နေရာများတွင် ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ၀င်ရောက်နေရာယူထားပြီးဖြစ်ကြောင်း သိရသည်။

ဝေါ်လေဒေသတွင် နအဖစစ်တပ်မှ လှုပ်ရှားတပ်များဖြစ်ကြသော စကခ(၈)လက်အောက်ခံ ခမရ(၄၀၁)၊ (၄၀၄)၊ (၄၀၉)တပ်ရင်း များနှင့် တိုင်းတပ်မှ ခလရ(၉၇)တပ်ရင်းတို့သည် ယခုလို
ဝင်ရောက်လာသော ခလရ(၆၂)တပ်ရင်းအတွက် လုံခြုံရေးယူပေးနိုင်ခြင်း မရှိကြောင်း ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ တပ်ကြပ်ကြီး စောထီးခုက ယခုလို ပြောသည်။

“ဒီမှာရှိ နအဖ လှုပ်ရှားတဲ့တပ်တွေက လှုပ်ရှားတပ်ပဲ အမည်ခံပဲဖြစ်နေတယ်။ တချိန်လုံး စခန်းထဲမှာပဲ ပုန်းအောင်းနေတယ်။ သူတို့ အတွက်လည်း သူတို့က
လုံခြုံရေးယူထားရတယ်ဆိုတော့ အခု တက်လာတဲ့ တပ်ရင်းကို ဘယ်လိုလုပ်လာပြီးတော့ လုံခြုံရေးလာ ယူပေးနိုင်မှာလဲ။”ဟု ကေအိုင်စီကို ပြောသည်။

ဝေါ်လေဒေသ ဘုရင့်နောင်ကုန်း၊ ကနဲလေး၊ မောခီးတို့တွင် လှုပ်ရှားနေသော နအဖ စကခ(၈)နှင့် တိုင်းတပ်မှ တပ်ရင်းများသည် ယခုလဆန်းပိုင်းက နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ကြား
အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထီးတပလယ်ကျေးရွာ တောင်ကုန်းရှိ ခလရ(၉၇)တပ်ရင်းသည် ရိက္ခာပြတ်လပ်မည့် အခြေအနေတွင် ရှိသည်ဟုလည်း သိရသည်။

http://www.kicnews.org/
http://burmese.dvb.no/
ပါလီမန်ထဲမှာ တိုက်ယူမတဲ့လား

ရခိုင်အမျိုးသားတို့အဖို့ သူတို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကာကွယ်ဖို့ ထိန်းသိမ်းဖို့ ဘာမှမတတ်နိုင်ဘဲ စစ်အစိုးရ လုပ်ချင်တိုင်း လုပ်နေတာကို ထိုင်ကြည့်နေရပါတယ်။
အခုရွေးကောက်ပွဲမှာ အမတ်နေရာတချို့ ရ ထားတဲ့ ရခိုင်ပါတီလည်း ဒီကိစ္စအတွက် ဘာလုပ်နိုင်သလဲလို့ ကြည့်လိုက်တော့ အမတ်မင်းများလည်း ဘာသံ မှ မထွက်သလို
ဘာမှမလုပ်နိုင်တာကို မြင်ရပါတယ်။ ရွေးကောက်ပွဲပြီးလို့ အမတ်တွေ ဖြစ်လာရင် ကိုယ့်ပြည် နယ်ထဲမှာ ပြည်နယ်ရဲ့ကောင်းကျိုးကို ဆောင်ရွက်နိုင်မယ်လို့ ထင်ထားတဲ့ တွက်ကိန်းဟာ
တက်တက်စင် အောင် လွဲနေတယ်ဆိုတာကို အထင်အရှား မြင်ရပါတယ်။ ဒါဟာ အပြစ်တင်နေတာ မဟုတ်ပါဘူး။ တွက်ရေး က စက်သူဌေး၊ တွက်ကြည့်မှ စက်မရှိဆိုတာလို
ဖြစ်နေတာကို ထောက်ပြခြင်းဖြစ်ပါတယ်။ တခါ ရခိုင်အမတ် မင်းတွေ ဘာမှပြောရဲလို့ မြန်မာအမတ်မင်းများက ကူပြီး ဒီကိစ္စကို ဝိုင်းဝန်းပေးတယ်ဆိုတာလည်း မကြားရပါ ဘူး။

စစ်အစိုးရအနေနဲ့လည်း မလုပ်သင့်တာ မလုပ်ထိုက်တာကို ခွဲခြားသိမြင်ဖို့ လိုပါတယ်။ တခုကလည်း မြန်မာနိုင် ငံဆိုတာ တိုင်းရင်းလူမျိုးပေါင်းစုံနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ
စစ်အာဏာရှင်များက အသိအမှတ်ပြုပုံ မ ပေါ်ပါဘူး။ မြန်မာလွှမ်းမိုးရေးကိုသာ တစိုက်မတ်မတ် လုပ်နေတယ်ဆိုတာ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အခြေအနေတွေကို
ပြန်ကြည့်တာနဲ့လည်း သိနိုင်ပါတယ်။ တိုင်းပြည်တပြည် တိုးတက်ဖို့ဆိုတာက တည်ငြိမ် အေးချမ်းဖို့ လိုပါတယ်။ တည်ငြိမ်တယ်ဆိုတာ အကြောက်တရားကြောင့် လူတွေဘာမှာ
ပြန်မပြောရဲဘဲ တည် ငြိမ်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ဒီမိုကရေစီ ဖြန့်ကျက်မှု၊ တရားမျှမှုတွေကြောင့် တည်ငြိမ်တာမျိုးကို ဆို လိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးစုံနေထိုင်တဲ့
တိုင်းပြည်တပြည်ရယ်လို့ ဖြစ်လာတာဟာ နှစ်ပေါင်းတ ထောင်ခန့် ရှိပြီလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှ ပေါ်ပေါက်လာတဲ့ စင်္ကာပူလို မြို့ပြနိုင်ငံ
အသစ်ကလေး တခုတောင် သူ့နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေတဲ့ အိန္ဒိနွယ်ဖွားတွေ၊ တရုတ်နွယ် ဖွားတွေ၊ မူလကတည်းက ရှိခဲ့တဲ့ မလေးနွယ်ဖွားတွေ အားလုံးအတွက်
ရုပ်ပိုင်းဆိုင်ရာအရ တိုးတက်အောင် ဖွံ့ ဖြိုးအောင် ဆောင်ရွက်ပေးနေတာ အားလုံး မျက်မြင်ပဲဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖျဉ်းပြောရရင် စင်္ကာပူ ဟာ တည်ငြိမ်တယ် အေးချမ်းတယ်လို့
ပြောရမှာပါပဲ။ ဒီမိုကရေစီ ဖြန့်ကျက်မှု အားမကောင်းသေးတာ၊ ခွင့်ပြုမှု အလွန်နည်းသေးတာကတော့ ခြွင်းချက်လို့ ဆိုနိုင်ပါတယ်။

လူမျိုးတိုင်းဟာ သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာယဉ်ကျေးမှု၊ ရှေးဟောင်းအမွေ ... စတာတွေနဲ့ ပတ်သက် လို့ မြတ်နိုးတန်ဖိုးထားကြပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဥပမာတခုကို
ပြောလိုပါတယ်။ အင်္ဂလိပ်ကိုလိုနီလက် ထက်တုန်းက ဘုရားပေါ်ကို အင်္ဂလိပ်အုပ်စိုးသူ အာဏာပိုင်တွေ ဘွတ်ဖိနပ်စီးပြီး တက်လာတဲ့အတွက် မြန်မာ တွေဘက်မှာ စွေ့စွေ့ခုန်
မဖြစ်ခဲ့ဘူးလား၊ ရိုင်းလိုက်တဲ့ ကုလားဖြူတွေ၊ ငဒို့လူမျိုးကို စော်ကားလေခြင်းဆိုပြီး ဒေါသထွက်ခဲ့ကြတယ်မဟုတ်လား၊ အဲဒီဘုရားပေါ်မှာ ကိုလိုနီအရှင်သခင်တွေ ဖိနပ်စီးပြီး
တက်ရာကနေတ ဆင့် အမျိုးသားရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တယ်ဆိုတာကို မမေ့ကြသေးဖူးလို့ ထင်ပါတယ်။ ဒါတောင် ကိုလိုနီအုပ်ချုပ်သူ အင်္ဂလိပ်တွေဟာ ဘွတ်ဖိနပ်စီးပြီး
ဘုရားပေါ် တက်ရုံသာ တက်ခဲ့ခြင်းဖြစ်ပါတယ်။ ဘုရား တွေကို ဖြိုချဖျက်ဆီးတာမျိုး မလုပ်ခဲ့ပါဘူး။

အခုမှာက ရခိုင်အမျိုးသားတွေရဲ့ရှေးဟောင်းအမွေအနှစ်တွေကို ရထားလမ်းဖောက်ဖို့ဆိုတဲ့ အကြောင်းပြချက် နဲ့ စစ်အစိုးရက ဘူဒိုဇာတွေနဲ့ ထိုးပြီး ဖျက်ဆီးနေတာကို ရခိုင်အမျိုးသားတွေ
မချိတင်ကဲဖြစ်မှာ အမှန်ပါပဲ။ ဒေါ သထွက်ကြမှာလည်း အသေအချာပါပဲ။ မြန်မာပြည်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ တိုင်း ပြည်ဆိုတာ အထက်မှာလည်း ပြောခဲ့ပြီးပါပြီ။
အဲတာကြောင့် မြန်မာတွေ ကိုယ်ရဲ့ယဉ်ကျေးမှု ရှေးဟောင်းအ မွေအနှစ်တွေကို မြတ်နိုးသလို တခြားသောတိုင်းရင်းသားလူမျိုးများလည်း သူတိုရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု အမွေ အနှစ်တွေကို
မြတ်နိုးလိမ့်မယ်ဆိုတာ အထူးသံသယဖြစ်စရာမလိုပါဖူး။ အခုလို မြန်မာစစ်အစိုးရက ရခိုင်အမျိုး သားတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်လိုဖျက်ဆီး လုပ်နေတာဟာ
ရခိုင်အမျိုးသားတွေ ဘက်က ဘယ်လိုမြင်မလဲ၊ ရခိုင်တွေဟာ မြန်မာတွေရဲ့လက်အောက်မှာ ကိုလိုနီကျွန်ဘဝသဖွယ် နေထိုင်နေ ရလို့ အခုလိုမျိုး အဖြစ်တွေကို ရင်ဆိုင်နေရတာလို့
သူတို့ဘက်က မြင်မှာမလွဲပါဘူး။ ဒီလို အကျိုးဆက်တွေ ကြောင့် မြန်မာမုန်းတီးရေးစိတ်များလည်း တဟုန်းဟုန်းနဲ့ မြင့်တက်လာပါလိမ့်မယ်။ ဒီလိုမျိုးသာ ဖြစ်နေကြပြီ ဆိုရင်
အနာဂတ်မြန်မာပြည်မှာ တည်ငြိမ်အေးချမ်းဖို့ လွယ်ကူပါ့မလား၊ ဖွံ့ဖြိုးတိုးတက်ဖို့ကော ဖြစ်နိုင်ပါ့မလား။

ဒါ့အပြင် အခြားသော ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရခိုင်ကမ်းလွန်ပင်လယ်ပြင်က ထွက်ရှိ လာမယ့် သဘာဝဓာတ်ငွေ့တွေကို ရခိုင်လူမျိုးတွေ ဈေးချိုချိုနဲ့
သုံးစွဲခွင့်ရပါ့မလား ဆိုတာကလည်း မေးရမယ့် မေးခွန်းတခု ဖြစ်လာပါတယ်။ တရုတ်ပြည်ကို တိုက်ရိုက်တင်ပို့ဖို့ ပိုက်လိုင်းတွေ ဆောက်နေတယ်မဟုတ်လား။ ပြောရမယ်ဆိုရင်
အဲဒီသဘာဝဓာတ်ငွေ့တွေကို ဒေသခံ ရခိုင်အမျိုးသားတွေ သုံးစွဲခွင့်ရမှာမဟုတ်သလို မြန်မာ အပါအဝင် တခြားသော တိုင်းရင်းသားများလည်း အဖိုးအခနည်းနည်းနဲ့ သုံးစွဲခွင့်ရဖို့ဆိုတာ
ငရဲပြည်က အပ်တ စင်းနဲ့ နတ်ပြည်က အပ်တစင်းလိုပါပဲ။

နောက်တချက်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက စစ်တွေမြို့မှာ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား လုပ်မှာကို စစ်အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ ဦးဥတ္တမဟာ
ရခိုင့်အာဇာနည်တပါးဖြစ်သလို မြန်မာတနိုင်ငံ လုံးရဲ့ ပထမဆုံးသော အာဇာနည်တဦး ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါကို ဘာသဘောနဲ့ စစ် အာဏာပိုင်တွေက
တားမြစ်တာလဲ။ ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားရေးစိတ်ဓာတ်တွေ ပိုမိုမြင့်တက် လာမှာကို ချိုးနှိမ်တဲ့သဘောနဲ့ ရည်စူးပြီး တားမြစ်တယ်လို့သာ စွပ်စွဲရတော့မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အခုဖြစ်နေသလို အလားတူ အဖြစ်အပျက်မျိုးတွေ တခြားသော တိုင်းရင်းသားဒေသတွေမှာ ဖြစ်ခဲ့တာ ရှိနေပါသေးတယ်။ ဥပမာတခုကို ပြောရမယ်ဆိုရင် အခုလက်ရှိ
စစ်အစိုးရလက်ထက်မှာ ရှမ်းပြည်က ကျိုင်းတုံဟော်နန်းကိုလည်း အလာတူပါပဲ၊ ဘူဒိုဇာနဲ့ ထိုးချဖျက်ဆီးခဲ့ပါတယ်။ အာဏာပိုင်တွေ အကြောင်းပြ တာကတော့ အဲသလို ဖျက်ဆီးရတာဟာ
ခရီးသွားနဲ့ ဧည့်ကြိုလုပ်ငန်းအတွက် ခေတ်မီဟော်တယ် တည် ဆောက်ဖို့ဆိုပြီး အကြောင်းပြခြင်းဖြစ်ပါတယ်။ ဒီအကြောင်းပြချက်ဟာ မခိုင်လုံပါဘူး။

ကျိုင်းတုံဟော်နန်းဟာ တချိန်တုန်းက ရှမ်းပဒေသရာဇ် စော်ဘွားတွေ နေထိုင်ခဲ့တဲ့ ဟော်နန်းဖြစ်ပါတယ်။ အခု ခေတ်မှာ စော်ဘွားဆိုတာ မရှိတော့ပေမယ့် ဒီအဆောက်အဦဟာ
ရှမ်းအမျိုးသားများအတွက် ရှေးဟောင်းရိုး ရာ အမွေအနှစ်များထဲက တခုဖြစ်ပါတယ်။ နောင်လာနောက်သား ရှမ်းမျိုးဆက်သစ်လူငယ်များ သမိုင်းရေး ဆိုင်ရာအရ
ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ဆက်လက်တည်ရှိသင့်တဲ့ အဆောက်အဦလည်း ဖြစ်ပါတယ်။ နိုင်ငံ ခြားသား ခရီးသွားများအတွက် ဟော်တယ်ဆောက်တာ လွတ်ရာကျွတ်ရာ
တနေရာရာမှာ ဆောက်လို့ရပါ တယ်။ ငေါ့တော့တော့ပြောရရင် အဲဒီနေရာမှာမှ ဟော်တယ်မဆောက်ရင် တိုးရစ်တွေက လာမတည်းတော့ ဘူးလို့ အဆိုတင်ထားလို့လား၊
မြန်မာတွေလက်အောက်မှာ ကိုလိုနီသဖွယ်နေနရလို့ အခုလို စော်ကားခံရတာ လို့ ရှမ်းအမျိုးသားတွေဘက်က မြင်မှာမလွဲပါဘူး။ အခုတော့ လူမျိုးတမျိုးအတွက် အစားထိုးလို့ မရနိုင်တဲ့ သ
မိုင်းဆိုင်ရာ အမွေအနှစ်တွေကို လက်လွတ်စပယ် လုပ်နေတယ်လို့သာ ပြောပါရစေ။

တကယ်တမ်းပြောမယ်ဆိုရင် အစိုးရဆိုတာမျိုးဟာ လူမျိုးတိုင်းရဲ့ရှေးဟောင်းသမိုင်းအမွေအနှစ်တွေကို မဖျက် ဆီးသင့်တဲ့အပြင် ထိန်းသိမ်းစောင့်ရှောက်ထားဖို့တောင် ကူညီဖို့


လိုအပ်ပါတယ်။ ဒီနေရာမှာ ရှေးဟောင်းအမွေ အနှစ်ဆိုရင် ထိန်းသိမ်းထား၊ ခေတ်သစ်အဆောက်အဦဆိုရင် ဖျက်ချခွင့်ရှိတယ်လို့ ဆိုလိုတာလည်းမဟုတ်ပါ။ ဥပမာတခုပြောရရင်
ချင်းပြည်နယ်မှာရှိတဲ့ ချင်းအမျိုးသားများ ကိုးကွယ်ရာဖြစ်တဲ့ အခုခေတ်မှ တည်ဆောက် တဲ့ ခရစ်ယာန်ဘုရားကျောင်းများကို ဖြိုချဖျက်ဆီး မီးရှို့တဲ့ လုပ်ရပ်မျိုးကို စစ်တပ်က အကြိမ်များစွာ
ပြုလုပ်ခဲ့ပါ တယ်။ ဒီလိုမျိုး လုပ်ရပ်တွေဟာလည်း မလုပ်သင့်တဲ့ လုပ်ရပ်လို့ ဆိုပါရစေ။ ဒါမျိုးတွေ ချင်းပြည်နယ် နေရာအ နှံ့အပြားမှာ ဖြစ်ပျက်ခဲ့ပါတယ်။ အလွန်အင်မတန်
ဝမ်းနည်းဖွယ်ကောင်းတဲ့ လုပ်ရပ်များပါ။

နောက်ဆက်ပြီး ပြောလိုတာကတော့ ဥပမာဆိုရရင် မြန်မာလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ မြန်မာပြည် အ လယ်ပိုင်းက ရှေးဟောင်းပုဂံဘုရားတွေကို တရုတ်စီးပွားရေး


ကုမ္ပဏီကြီးတခုက ရထားလမ်းဖောက်တာနဲ့ မ လွတ်လို့ ဒါမှမဟုတ် တရုတ်ပြည်ကို သွယ်တန်းနေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်တဲ့ လမ်းပေါ် မှာရောက်နေလို့ဆိုပြီး
ဘူဒိုဇာတွေနဲ့ ထိုးချဖျက်ဆီးတော့မယ်ဆိုရင် မြန်မာလူမျိုးတွေ စိတ်ထဲမှာ ဘယ်လိုများ ရှိပါ့မလဲ။ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ ခံပြင်းခြင်းများနဲ့ အတူ တရုတ်မုန်းတီးစိတ်တွေလည်း
တဟုန်းဟုန်း တောက်လောင်လာလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

ကိုယ့်လူမျိုးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်မြတ်နိုးတာ၊ ထိန်းသိမ်းလိုတာ လူမျိုးတိုင်းရဲ့ အ ခွင့်အရေးတခုပါ။ အဲသလိုပါပဲ။ ကိုယ့်ရဲ့ယဉ်ကျေးမှု


ရှေးဟောင်းအမွေအနှစ်တွေကို ကိုယ်ချစ်မြတ်နိုးသလို တ ခြားသော တိုင်းရင်းသားလူမျိုးများလည်း သူတို့ရဲ့သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တွေ ကို ချစ်လိမ့်မယ်၊
မြတ်နိုးလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

အခုလို တိုင်းရင်းသားတွေရဲ့ ရှေးဟောင်းအမွေအနှစ်တွေ၊ ယဉ်ကျေးမှုလက်ရာတွေကို မြန်မာစစ်အာဏာပိုင် တွေက ဖျက်ဆီးနေတဲ့အတွက် တိုင်းရင်းသားတွေရဲ့စိတ်ထဲမှာ


မြန်မာလူမျိုးမုန်းတီးရေးတွေ ဘယ်လောက် များ အထပ်ထပ် ကိန်းအောင်းနေမလဲဆိုတာ တွက်မကြည့်ရဲလောက်အောင် ဖြစ်မိပါတယ်။

ကိုင်း ... ရွေးကောက်ပွဲကြီးကတော့ ပြီးလို့သွားပါပြီ၊ အနာဂတ်မှာ အမတ်မင်းများ ဘာတွေလုပ်နိုင်မလဲဆိုတာ ကတော့ မသိသေးပေမယ့် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခုလို
အခြေအနေတွေကို ဘယ်သူမှ အကာအ ကွယ်မပေးနိုင်ဘူးဆိုတာ ထင်ထင်ရှားရှား မြင်နေရပါတယ်။ ပါလီမန်ထဲမှာ တိုက်ယူမယ်ဆိုတဲ့ ပုဂ္ဂိုလ်များ ဘာ များပြောခြင်ကြပါသလဲ။

ဇော်မင်း
(၂၅ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁ဝ ခုနှစ)်

http://drlunswe.blogspot.com/

နအဖတွေရဲ့  လုပ်ကြံဇာတ်လမ်းတွေကတော့ သြချလောက်ရဲ့ ၊ တရားခံ ရှာတဲ့နေရာမှာလည်း ထိုးစရာ လက်ညှိုးတောင် မလောက်ပါလား။


နအဖရဲတွေဟာ ရန်ကုန်မြို့ တော်ခန်းမနားက Internet Café အင်တာနက်ကဖေးဆိုင် ချိန်ကိုက်ဗုံးရှာတွေ့ ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဟိုလူ ဖမ်းရမလို ဒီလူဖမ်းရမလိုနဲ့ 
ဖြစ်နေပါတယ်။

ဒီလို ဗုံးပေါက်မှုတွေ ခဏခဏ ဖြစ်နေတယ်ဆိုတဲ့ထဲက သင်္ကြန်ပွဲတော်အတွင်း ကန်တော်ကြီး ဗုံးပေါက်ကွဲတုန်းကလည်း ဘာမှ မသိရှိသူ မသက်ဆိုင်သူတွေကို ဖမ်းဆီးခဲ့လို့ 
အစွပ်စွဲခံရပြီး ဖမ်းဆီးခံခဲ့ရတဲ့သူတွေရဲ့  မိသားစုတွေက ပြန်ပြီးလွတ်ပေးဖို့  တောင်းဆိုခဲ့တဲ့အခါမှာတော့ နအဖတွေ မဟုတ်မမှန်ဘဲ ဖမ်းဆီးမိတာကို သိသိသာသာကြီးဖြစ်နေတာတောင်
နောက်ဆုံး ငွေကြေးတောင်းလို့  ပေးလိုက်ရပြီးမှ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို မဟုတ်မမှန် ဖမ်းဆီးမိတာကို မည်သူ့ ကိုမှ မပြောဆိုဖို့  ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဒီလိုမျိုး မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းဆီး ပြီးတော့ ညဉ်းပမ်းနှိပ်စက် မေးမြန်းပြီး အတင်းအဓမ္မ၀န်ခံခိုင်း၊ နောက်ဆုံး ညဉ်းပမ်းနှိပ်စက်တဲ့ ဒဏ်မခံနိုင်တော့ လောလောဆယ်မှာတော့
တရားခံမဟုတ်ဘဲ တရားခံအတုဘ၀ကို ရောက်ရှိကြရသူတွေလည်း ရှိခဲ့ရပါတယ်။

သက်သေအထောက်အထား ခိုင်မာမှုမရှိဘဲ ဟိုလူ့ စွပ်စွဲ ဒီလူ့ စွပ်စွဲ၊ အဖွဲ့ အစည်းပေါင်းစုံကို စွပ်စွဲနဲ့  နောက်ဆုံး ရဲချူပ်ခင်ရီတို့  ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းတို့ 
သတင်းစာရှင်းလင်းပွဲလုပ်လို့  ရအောင်၊ အများပြည်သူကို လိမ်ညာလို့ ရအောင်၊ နအဖ သန်းရွှေရဲ့  ပြစ်တင်ကြိမ်းမောင်းခံရခြင်းကနေ သက်သာအောင် တွေ့ တဲ့သူကို တရားခံဆိုပြီး
လက်ညှိုးထိုးပုံချ၊ ဓါတ်ပြားဟောင်းကြီး ထပ်ကာတစ်လဲလဲ ဖွင့်ပြသလို အဖွဲ့ အစည်းတွေကို အမည်တပ်နဲ့  နောက်ဆုံးကျတော့ တိုင်းပြည်နဲ့  လူမျိုးအပေါ် တကယ်တမ်း
အကြမ်းဖက်နေသူတွေက ပြောင်းပြန်ပြောဆိုနေပါတော့တယ်။

၁၉၈၈ နောက်ပိုင်းနှစ်တုန်းလည်း ရန်ကုန်မြို့ တော်ခန်းမ ဗုံးဖောက်ခွဲသူဆိုပြီး ဓါတ်ပုံလေးတစ်ပုံ သတင်းထဲမှာ ဖေါ်ပြခဲ့ပါတယ်။ အဆိုပါဓါတ်ပုံပိုင်ရှင်က အဲ့ဒီအချိန်မှာ မြန်မာပြည်မှာတောင်
မရှိခဲ့ပါဖူး။ သတင်းထဲပါလာလို့  အံ့သြတကြီးနဲ့  ပြောဆိုပြီး အာဏာရူးတွေရဲ့  လုပ်ကြံဖန်တီးမှုတွေကို မယုံနိုင်လောက်အောင်ပါလားလို့  သူက ပြောဆိုခဲ့ပါတယ်။

မကြာသေးခင်က နအတွေ ပြောဆိုခဲ့တဲ့ ရန်ကုန်မြို့ တော်ခန်းမနားက Internet Café အင်တာနက်ကဖေးဆိုင် ချိန်ကိုက်ဗုံးရှာတွေ့  ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့  ပတ်သက်ပြီး၊
အင်တာနက်ကဖေးဆိုင်တွေကို ခေါ်ယူတွေ့ ဆုံပြီး ဓါတ်ပုံတွေ လာပြပါတယ်။ မသင်္ကာတဲ့သူ နှစ်ယောက်ပုံဆိုပြီး နအဖရဲတွေက လာပြတဲ့ ဓါတ်ပုံတွေပါ။ ပြီးတော့ ပြောပါသေးတယ်၊
ဒီချိန်ကိုက်ဗုံးထောင်တဲ့သူက အင်တာနက်ဆိုင်ကို ဗုံးထောင်ပြီးတဲ့ရက် နောက်နေ့ ထပ်လာပါသေးတယ်တဲ့။

တွေ့ ရင် အကြောင်းကြားပါတဲ့ ရဲစခန်းဖုံးနံပါတ်တောင် ပေးထားခဲ့သေးတယ်။ တော်တော့ကို ယုတ္တိရှိတဲ့ ပြောဆိုချက်ပါဘဲလို့  လှောင်ပြောင်စရာပါဘဲ။ အင်တာနက်ဆိုင်ကို ရိုးရိုးသားသား
လာရောက်သုံးစွဲနေသူတွေကို နအဖက တမင်သက်သက် ပြသနာရှာတာပါဘဲ။
အခုလည်း အင်တာနက်ကဖေးဆိုင် ချိန်ကိုက်ဗုံး ရှာဖွေတွေ့ ရှိမှုနဲ့  ပတ်သက်ပြီး ရန်ကုန်မြို့  UNDP (ကုလသမဂ္ဂ ဖွံ့ ဖြိုးမှုအစီအစဉ်) ရဲ့  မြန်မာဝန်ထမ်းတစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို
့ သိရှိရပါတယ်။ အင်တာနက်ဆိုင်ဝန်ထမ်းများအားလုံးက ဒီကိစ္စဟာ မဟုတ်မမှန်ပါဖူးဆိုတာ အချက်အလက်တွေနဲ့ ရှင်းပြပြောဆိုခဲ့တယ် ထို့ အပြင် UNDP ရဲ့ 
ကိုယ်စားလှယ်တာဝန်ရှိသူကလည်း နအဖရဲတွေကို မဟုတ်မမှန်ကြောင်း ရှင်းပြပြောဆိုခဲ့တယ်။ ဒီလို ၀ိုင်းဝန်းရှင်းပြနိုင်ခဲ့လို့ သာ စွပ်စွဲခံရတဲ့အခြေအနေကနေ
ဘေးအန္တရာယ်ကင်းသွားရတယ်။

ဒီဖြစ်တဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ရင်တော့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာပြည်ရဲ့  သတင်းတွေကို ပြည်သူတွေက မိမိတို့  တတ်နိုင်တဲ့ဘက်ကနေ
ဖေါ်ထုတ်တင်ပြနေတာတွေကို မလိုလားတဲ့ နအဖအာဏာရူးတွေဟာ အင်တာနက်ကဖေးဆိုင်တွေကိုလည်း ကန့် သတ်တားမြစ်မှုတွေ မျိုးစုံလုပ်၊ အင်တာနက်ကိုလည်း အလွယ်တကူ
သုံးစွဲမရအောင် အင်တာနက်ဆက်သွယ်မှုဈေးတွေ မြှင့်တာကတစ်မျိုး၊ အမြန်နှုန်းတွေကို နှေးချ၊ အင်တာနက်စာမျက်နှာတွေကို ပိတ်ဆို့ ၊ အင်တာနက်ကွန်နက်ရှင်တွေကို ဖြတ်တောက်
စသဖြင့် ယုတ်မာနေရုံမက အင်တာနက်ကဖေးဆိုင်တွေမှာ လာရောက်သုံးစွဲနေကြတဲ့ ပြည်သူတွေကို မသုံးစွဲရဲအောင် အခုလို ချိန်ကိုက်ဗုံးတွေ့ တယ် CCTV ကနေ ရတယ်ဆိုပြီး
ဓါတ်ပုံတွေ ထုတ်ပြနဲ့  လုပ်ကြံဖန်တီးနေတာဘဲ ဖြစ်ပါတော့တယ်။

သန်းရွှေရဲ့  သမီး သန္တာရွေ မင်္ဂလာဆောင်အတွက် ငှားရမ်းခဲ့တဲ့ စိန်ရွှေရတနာတွေကို ကြိုင်ကြိုင်က ပြန်ပေးရမှာစိုးပြီး ပိုင်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှုကို
မဖေါ်ထုတ်ရဲဘဲ အခုထိ ဖုံးကွယ်ထားတာကို နအဖရဲတွေ တကယ်တမ်း အရည်အချင်းရှိတယ် တရားဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားဖူးဆိုရင် အမြန်ဆုံး ဖေါ်ထုတ်ပြပါလား။

အင်တာနက်ကဖေးဆိုင်မှာ ချိန်ကိုက်ဗုံးတွေ့ တယ်ဆိုတဲ့ သတင်းနဲ့  ဟိုလူလိုလို ဒီလူလိုလို စွပ်စွဲလိုက် ဖမ်းဆီးမေးမြန်းလိုက်နဲ့  လုပ်နေတာထက် ပြည်သူလူထုက အများကြီး
စိတ်ဝင်တစား သိချင်နေတဲ့ အဖြစ်အပျက်ပါဘဲ။

You might also like