You are on page 1of 5

သူခိုး

ရေးသားသူ - မင်းကရုဏာ

ကျနော်ဟာ သူခိုး တစ်ယောက်ပါ။ နာမည်ကတော့


ထရိုဂျန်လို့ ခေါ်တယ်။ နာမည်ကြားတော့ ရှေးခေတ်စစ်ပွဲမှာ သုံးခဲ့တဲ့
မြင်းရုပ်ကြီးလို့ မထင်လိုက်နဲ့ဦး။ ကျနော်က ခေတ်မှီတဲ့ အိုင်တီခေတ်
သူခိုးပါ။ ဒါပေမယ့် ဘယ်သူ့ပစ္စည်းကိုမှ ကိုယ်ထိလက်ရောက် မခိုးဘူးဖူး။
အင်း ဒါဆို ထောက်လှမ်းရေးလို့ ပြောလို့ရမလား။ အို.... .....ကျုပ်နာမည်
ပျက်တယ်။ ထောက်လှမ်းရေးဆိုတဲ့ကောင်တွေက ရဟန်း မသိ ၊ ဘုရား
မရှိ မဟုတ်လား။ တော်ပြီ ကျုပ်သူခိုးဘ၀က မှ ထောက်လှမ်းရေးထက်
မြတ်ဦးမယ်။
ကျုပ်ကိုယ်ကျုပ် သူခိုးလို့ပဲ ခေါ်မယ်။ ဒါပေမယ့် ကျုပ်က
သခင်ခိုင်းတာ လုပ်ရသူပါ။ ကျုပ်သခင်က ကျုပ်ဖန်ဆင်းရှင်ပေါ့။
ဖန်ဆင်းရှင်ဆိုတာ ကြောက်ဖို့ကောင်းတယ်လို့ ကျုပ်သိထားတယ်လေ။
ဒါကြောင့် ကျုပ်သူအာဏာကို မဖီဆန်နိုင်ဘူး။
ဒါနဲ့ ကျုပ်တာဝန်ကို ပြောရဦးမယ်။ ကျုပ်ကို သခင်က
ပညာရေး ပါရဂူတစ်ယောက်ရဲ့ အလုပ်ခန်းကို စောင့်ကြည့်ဖို့ G.mail
ဆိုတာနဲ့ လွှတ်လိုက်ရော။ ပညာရေး ပါရဂူကလည်း အလုပ်ခပ်များများ
ဆိုတော့ ကျုပ်ပါလာတဲ့ G.mail ဆိုတဲ့ ရထားကို အမှတ်တမဲ့
ဖွင့်လိုက်မိတယ်။ ကျုပ်လည်းသူ့ရဲ့ Hard Disk လို့ခေါ်တဲ့ မြို့ကြီးရဲ့
ချောင်တစ်ခုမှာ အပီအပြင် အိမ်ဆောက်ပြီး နေတာပေါ့။ ပြီးတော့ ကျုပ်က
ပါရဂူကြီး တနေ့တနေ့ ဘာတွေလုပ်လဲ ဆိုတာကို ကျုပ်သခင်ကို သတင်း
ပို့ရတယ်လေ။ အို..သူအလုပ်ခန်းထဲမှာ ဘာပဲလုပ်လုပ် ကျုပ်က အကုန်
သတင်းပို့ရတာ။
အင်း..ကျုပ်ပို့တဲ့ သတင်းထဲကမှ ကျုပ်ဆရာသခင်က
စောင့်ကြည့်ပြီး သူလိုချင်တာကို ယူတော်မူတယ်။ ကျုပ်သခင်က ကျုပ်ကို
ဖန်ဆင်းတာ မကြာသေးဘူးလေ။ ရက်ပိုင်းလောက်ပဲ ရှိသေးတာ။ အို
ဖန်ဆင်းတယ်ဆိုတာထက် အခြားသူဆီက ကျုပ်ကိုပွားယူတာပါ။ ကျုပ်
သခင် ဒီလောက်တော့ မစွံပါဘူး။ ဒါကိုတော့ ကျုပ်သိတယ်။
ကျုပ်လာရာ ဒေသကတော့ မြန်မာနိုင်ငံကပေါ့။ ကျုပ်
ဆရာသခင်က ဆိုဗီယက် ကပြန်လာတာ မကြာသေးဘူးဆိုပဲ။
ဘာသွားလုပ်တာလဲတော့ သိပါဘူး။ ကျုပ်ကို ဆရာသခင်က ဖန်ဆင်း
လိုက်လဲ ပြီးရော ကျုပ်အသက်ဝင်လာတာပေါ့။ အရင်ဆုံး ရှုလိုက်တဲ့
လေမှာ ညှီနံ့လိုလို ပါလာသေးရဲ့။ အိုး…သွေးညှီနံ့ပဲ။ ဒါတော့ ကျုပ်
ကောင်းကောင်း သိတယ်။
အဲကျုပ်က အခု ပါရဂူကြီးရဲ့ အလုပ်အခန်းထဲမှာ။ သူက
တနေ့တနေ့ အီးမေးတွေ စာပြန်၊ စာပို့နဲ့ အလုပ်ကို ရှုပ်နေတာပဲ။
တခါတလေ ပညာရေးနဲ့ ပတ်သတ်တဲ့စာတွေ ရေးနေလေရဲ့။ တခါ
တလေလဲ Gtalk ပြော နေတယ်လေ။ အင်း စကားပြောကတော့ ပညာ
တတ် ပီသပါပေတယ်။ ယဉ်ကျေးတယ်။ အသုံးအနှုန်းလဲ အတော်
သတိထားတယ်။ အလိမ္မာ စာမှာရှိ မဟုတ်လား။ အင်း ဒီလိုပြောတော့
ကျုပ်ဇာတိက လူမိုက်ကြီးတွေကို ပြေး သတိရပြန်ရော။
တခါတလေလဲ ကျုပ်ပြုံးမိတဲ့ အခါတော့ရှိတာပေါ့။
တာဝန်တွေ ထမ်းဆောင်ရင်းကလေ။ ပါရဂူကြီးက အလုပ်လုပ်ရင်
လက်ညှိုးတစ်ချောင်းထဲကို သုံးပြီး လုပ်နေတယ်လေ။ ဟိုရက်ပိုင်းကလဲ
ကျုပ်အတော်လေး နားလိုက်ရတယ်လေ။ ပါရဂူကြီး ခရီးထွက်နေတာကို၊
Gmail ကိုလဲ Auto Reply လုပ်ထားလိုက်တယ်လေ။ ကျုပ်လဲ အဲဒီ
ရက်ပိုင်း အတွင်းမှာ ကိုယ်အလေးချိန်အတော် တက်သွားသေးတယ်။
ဝိတ် ပြန်ချရဦးမယ်။
ကျုပ်ဆရာသခင်နဲ့ ကျုပ်ကတော့ ကျုပ်ကိုလွှတ်လိုက်ပြီးကထဲ
ပြန်တွေ့ဖို့ မရှိတော့ပါဘူး။ ဟိုသီချင်းထဲကလို "မဆုံးသောလမ်း.."
ဖြစ်ပြီပေါ့နော်။ ပါရဂူကြီး ကျုပ်ကို သတိမထားမိခင် အထိတော့ ကျုပ်
အသက်ရှင်ခွင့် ရဦးမှာပါ။ သူသိသွားရင်တော့ ကျုပ်ဘ၀ ဆုံးတဲ့ နေ့ပေါ့ဗျာ။
ကံသာအမိ ကံသာအဖပေါ့။
ကျုပ် လုပ်သာလုပ်နေရတယ်။ ကျုပ်ဆရာကတော့ သူလိုချင်
တာတွေ ဘာမှပုံမရဘူး။ ဒါကြောင့် ကျုပ်ကို လစာမပို့တော့ ဘူးလေ။
နဂိုကမှ မြန်မာကျပ်ငွေကို နိုင်ငံခြားငွေနဲ့ လဲစားနေရတာ မလောက်လို့။
အခုတော့ သွားပြီ။
ဒီလိုဆို ကျုပ်မသေခင် ဆုတွေတောင်းဦးမှ။ ရှေ့နေဖိုး တတ်
နိုင်ရင်တော့ သေတမ်းစာ ရေးလိုက်ချင်သေး။

အခုတော့

ဗိုင်းရပ်စ် တစ်ကောင်၏ ဆုတောင်း

- အရှင်ဘုရား ကျွန်ုပ် ဗိုင်းရပ်စ် မောင်ထရိုဂျန်သည် နောင်ဘ၀၌


လူ့အဖြစ်သို့ ရောက်ရလိုပါ၏။
- ယုတ်မာသော သွေးညှီနံ့ရသော သခင်ဆိုးထံ၌ ဗိုင်းရပ်စ် မဖြစ်ရလိုပါ။
- လူသားတွေကို အကျိုးပြုနိုင်သော ပါရဂူကြီးလို ဖြစ်ရလိုပါ၏။
- ကျုပ်လာရာတိုင်းပြည်ကြီးလဲ အေးချမ်းပါစေသား။
အဓိဌာန်.......ကျွန်ုပ်သည် ကျွန်ုပ် ပါရဂူကြီး၏ အလုပ်ခန်းထဲ
ရှိစဉ်ခါက အများပြည်သူကောင်းကျိုးကို ရည်ရွယ်ကာ အချို့သော အချက်
အလက်များအား ကျွန်ုပ်သခင်ထံသို့ မပေးပို့ခဲ့ပါ။ ဤမှန်သော ဗိုင်းရပ်စ်
အဓိဌာန်ကြောင့် ကျုပ်သေပြီးလျှင် လူ့ဘ၀သို့ ရောက်ရပါလို၏။
မသေခဲ့လျှင်လည်း ကျုပ်အား လူလောက ကောင်းကျိုးကို
ဆောင်ကျဉ်းနိုင်သော ပိုးတစ်ကောင်အဖြစ်သို့ တမဟုတ်ချင်း ပြောင်းလဲ
ပေးတော်မူပါ အရှင်ဘုရား။

မောင်ထရိုဂျန်
ခေတ္တ.. Personal Computer

You might also like