You are on page 1of 67

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်း၊ အဖွဲ့ချုပ်သတင်း ဓာတ်ပုံများ..

(ဒီဇင်ဘာ ၁၀ရက်)

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း


မှတက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက်တွေ့ဆုံပါတယ်..မနက် ၁၀နာရီမှာ စတင် ဆွေးနွေးခဲ့ပြီး ၁၂နာရီခွဲမှာ
ပြီးဆုံးကြောင်းသိရှိရပါတယ်..။
ဆက်လက်ပြီး အဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ ၆၂ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး အခမ်းအနားသို့ တက်ရောက်ပြီး နိုင်ငံရေးအကျဉ်းကျခံနေရသူများရဲ့
မိသားစုများနဲ့ တွေ့ဆုံခဲ့ပါတယ်..။

Object 1

ဓာတ်ပုံများ (ဒီမိုဝေယံပြည်တွင်း)
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ပန်းခြံအား ပြန်လည် ပြင်ဆင်နေပြီး နေအိမ်ခြံဝင်း သံဇကာများ ပြန်လည်ကာရံနေတဲ့ ပုံများဖြစ်ပါတယ်..။

သတင်း၊ ဓာတ်ပုံများ.... ဒီမိုဝေယံ(ပြည်တွင်း)နဲ့ ညီမငယ်အား ကျေးဇူးတင်ပါသည်..။

Posted by ဒီမိုဝေယံ at Saturday, December 11, 2010


အလုံမြို့နယ်မှာ ယနေ့ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အခမ်းအနား.(ဓာတ်ပ)ုံ
ကိုလူမော်လတ် ပေးပို့ပါသည်.. ဗီဒီယို ဖိုင်များ ဆက်လက်တင်ပေးပါမည်..။

Posted by ဒီမိုဝေယံ at Saturday, December 11, 2010

http://www.demowaiyan.co.cc/

Friday, December 10, 2010

ယနေ့တွင်အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲခဲ့သောပန်းချီကားများ စတင်ရောင်းချ

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ဖြင့် နေခဲ့ရစဉ် သူကိုယ်တိုင်ရေးဆွဲခဲ့သော ပန်းချီကားများကို သူမ၏စိတ်ကူးဖြင့်


ပုံဖော်ခဲ့သည် ဟုသိရှိရ ပါသည်.။ထိုပန်းချီကား တချပ်လျှင် ခံစားချက် တစ်ခုစီ ရေးဆွဲခဲ့ သည်ဟု၍ လည်းသိရပါသည်၊ ထိုပန်းချီကား များအားသူမကိုယ်တိုင်
ကွန်ပြူတာဖြင့်ရေးဆွဲခဲ့ခြင်းလည်းဖြစ်ပါသည်.။

ပို့စ်ကတ်များကို နွေဦး၊ ဆောင်းဦး၊ နွေရာသီ၊ ဆောင်းရာသီ၊ ဇာပန်ထိုး ပညာ၊ ပန်းနုရောင်ပန်းများ၊ အနီရောင်ပန်းများ ဟူ၍အမည်များပေးထားပြီး
ပို့စ်ကတ်နောက်ကျောတွင် ပို့စ်ကတ်နှင့် သက်ဆိုင်သော အကြောင်းအရာများကို သူမနေအိမ် အကျယ်ချုပ် ကျခံနေရစဉ် အတွင်း ရေးဆွဲထားသည် ဆိုသော
စာများ ရေးထိုးထားပြီး အောက်တွင် “အောင်ဆန်းစုကြည်” ဟု ရေးထိုး ထားသည်။

ပို့စ်ကတ် တခုလျှင် ကျပ် (၁၀၀၀) တစ်ထောင်ဖြင့် စတင် ရောင်းချမည်ဟုသိရပါသည် ရရှိသောငွေ များကိုနိုင်ငံရေး အကျဉ်းသား မိသားစုများအား ကူညီရေး၊ HIV/
AIDS ဝေဒနာရှင်များအား စောင့်ရှောက်ရေး စသည့် လူမှုရေးကိစ္စရပ်များ အတွက် အသုံးပြုမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်.။၎င်းပို့စ်ကတ်များကို
လည်းနေရာ အနှံဖြန့်ချိ ရောင်းချသွားမည်လို့ လည်းသိရှိရပါသည်.။

သတင်း ပေးပို့ ပေးသော သူငယ်ချင်း အားကျေးဇူးတင်ရှိပါသည်.။

ဓာတ်ပ.ုံ ..AP
Posted by မြတ်လေးငုံ at Friday, December 10, 2010
http://myatlayngon.blogspot.com/

NLD မှ “အန်ကယ်ကြီး” များကို အမေရိကန်အစိုးရ ပြင်းပြင်းထန်ထန် ဝေဖန်

နရီလင်းလက် Friday, 10 December 2010 18:16

အမေရိကန် သံတမန်တဦး၏ လျှို့ဝှက် အစီအရင်ခံစာတစောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ “အန်ကယ်ကြီး” များ၏ ခေါင်းဆောင်မှုအား


ပြင်းပြင်းထန်ထန် ဝေဖန်ထားကြောင်း ဝီကီလိစ်က ဖွင့်ချလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူ လူထုက ထောက်ခံအားပေးနေသော်လည်း သူ၏ NLD ပါတီသည် အလားတူ ထောက်ခံမှုရရှိသည်ဟု မဆိုနိုင်ကြောင်း
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးတွင် ၂၀၀၈ ခုနှစ်အထိ အမှုထမ်းသွားသည့် အမေရိကန် သံတမန်၏ လျှို့ဝှက်အစီရင်ခံစာ တွင်ပါရှိသည်။

အမေရိကန်အစိုးရ၏ လျှို့ဝှက် အချက်အလက်များကို


ဖွင့်ချနေသည့် ၀ီကီလိစ်မှ ပေါက်ကြားလာသော မြန်မာနိုင်ငံနှင့်
ပတ်သက်သည့် အချက်အလက်များထဲတွင် NLD ပါတီကို
စိတ်ပျက်စွာ ဝေဖန် ပြောဆို ရေးသားထားသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုကြားမှာ
ရေပန်းစားပြီး ချစ်ခင်မှုရနေပါတယ်။ ဒါပေမယ့် သူ့ ပါတီကတော့
အလားတူ ထောက်ခံမှု မရဘူး။ ပါတီခေါင်းဆောင်
အန်ကယ်ကြီးတွေရဲ့ ရိုးတွင်းခြင်ဆီခမ်းနေတဲ့
ခေါင်းဆောင်မှုတွေကို ပြည်သူလူထုက တော်တော်လေး
စိတ်ပျက်နေကြပါပြီ” ဟု အဆိုပါ သံတမန်၏ သတင်းပို့ချက်တွင်
အပြစ်တင် ဝေဖန် ထားသည်ကို တွေ့ရသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကာလက


လူထုအုံကြွမှုတွင် ပါဝင်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင်များကို NLD မှ လူကြီးတချို့က အဆိုပါ
၁၁ NLD NLD အရေးအခင်းနှင့် ပတ်သက်၍ မထောက်ခံသည့်အပြင်
( -) လူသိရှင်ကြား အပြစ်တင် ဝေဖန်မှုများပင် ပြုလုပ်ခဲ့သည်ဟု
ဖော်ပြထားသည်။

“၈၈ ကျောင်းသား ခေါင်းဆောင်တွေဟာ NLD ပါတီကို ကမ်းလှမ်းခဲ့ပေမယ့် ဘာမှ ဖြစ်မလာခဲ့ဘူး။ အဲဒီ အန်ကယ်ကြီးတွေဟာ မြန်မာပြည်သူလူထုရဲ့ လူမှု
စီးပွားရေး တိုးတက်ရာ တိုးတက်ကြောင်းကို စိတ်ဝင်တစား မရှိပါဘူး။ ဒါကြောင့်လည်း မြန်မာ လူမျိုးတွေကြားမှာ NLD ကိုအရေးပါတယ်လို့ သဘော မထားကြဘူး”
ဟု အဆိုပါ ဝီကီလိစ်တွင် ပါရှိသည်။

NLD မှ အန်ကယ်ကြီးများသည် ၁၉၉၀ ရွေးကောက်ပွဲတွင် မည်သို့ အနိုင်ရရှိခဲ့သည်ကိုသာ အချိန်ဖြုန်း ဆွေးနွေးလျက်ရှိပြီး အကောင်အထည် ဖော်မရသည့်
စိတ်ကူးယဉ်ဆန်သော အတွေးအခေါ်များအား တိုင်ပင် ဆွေးနွေးနေကြသည် ဟုလည်း ဆိုသည်။

NLD ပါတီသည် အထက်အောက်ပုံစံဖြင့် တင်းကျပ်စွာ ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊ အတွေးသစ်၊ ဉာဏ်သစ်များ ရှာဖွေခြင်း မရှိသည့်အပြင်
အန်ကယ်ကြီးများက ငယ်ရွယ်တက်ကြွသည့် လူငယ်များပေါ်ထွက်လာပါက အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မှုများ ရှိခဲ့ကြောင်း၊ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကို
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ NLD လူငယ်များက လာရောက် ပြောပြခြင်းများ ရှိကြောင်း ဝီကီလိစ်က ဖော်ပြထားသည်။

“NLD လူကြီးတွေက အောက်ခြေက လှုပ်ရှားတဲ့သူ၊ ငယ်ရွယ်တက်ကြွပြီး နည်းပညာ၊ အင်တာနက် ကျွမ်းကျင်တဲ့ သူတွေ၊ ဘလော့ဂါ ကို ထပ်ခါတလဲလဲ
ငြင်းဆန်ခဲ့တယ်” ဟုလည်း ၎င်းမှတ်တမ်းတွင် ပါရှိသည်။

တိုင်းရင်းသား အရေးကိစ္စနှင့် ပတ်သက်၍ စစ်အစိုးနှင့် NLD စကားပြောရန် အရေးကြီးသည်ဟုသာ ပြောဆိုနေခဲ့ပြီး တိုင်းရင်းသား အဖွဲ့အစည်းများနှင့်
ပူးတွဲလုပ်ဆောင်ရန်ကိုမူ မပြောဆိုကြောင်း၊ ထို့အပြင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စကားပြောဆိုရန် လည်း NLD က လက်လွှတ်ခဲ့ကြောင်း
ရေးသားထားသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော် အမတ်လောင်းများ စုစည်းထားသော CRPP မှ တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း NLD မှ
အန်ကယ်ကြီးများက အဆင်မပြေကြောင်း အမေရိကန် သံတမန်၏ သတင်းပေးပို့ချက်၌ ပါရှိသည်။

အမေရိကန် သံတမန် ပေးပို့ခဲ့သည့် မှတ်တမ်းအရ NLD ပါတီအပေါ် ဝေဖန်ပြောဆိုထားသည်များ ရှိသော်လည်း၊ ၂၀၀၈ ခုနှစ် NLD ခေါင်းဆောင် ဦးဝင်းတင်
လွတ်မြောက်လာပြီး နောက်တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုများ ရှိခဲ့ကြောင်း၊ အမေရိကန် သံရုံးက ဝေဖန် ပြောဆိုထားသည့် “အန်ကယ်ကြီး” များသည်လည်း
သံရုံးသို့ သွားရောက်ခြင်း မရှိတော့ကြောင်း ပါတီ သတင်းရပ်ကွက် များ၏ အဆိုအရ သိရသည်။
လေ့လာသုံးသပ်သူများက အဆိုပါ “အန်ကယ်ကြီးများ” ဆိုသည်မှာ NLD ပါတီ ခေါင်းဆောင်များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် အသက်အရွယ်
အလွန်အိုမင်းနေသူ ပါတီခေါင်းဆောင်များကို ရည်ညွှန်းသည်ဟု ဆိုကြသည်။

ယင်းကဲ့သို့ အန်ကယ်ကြီးများ ဟု သတ်မှတ်ထားသူတို့သည် NLD ပါတီက ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ချက် ချပြီးနောက် ပါတီရုံးခန်းသို့
မလာကြတော့ကြောင်းလည်း သိရသည်။

ထို့အပြင် အကျဉ်းကျ ခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ကိုမင်းကိုနိုင်တို့ ထံမှ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောဆိုမှုများ
ကိုလည်း အမေရိကန် သံတမန်၏ သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။

၂၀၁၀ ရွေးကောက်ပွဲကို ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ၀င်ရောက်သင့်သည်ဟု ပြောဆိုခဲ့သော်လည်း ကိုမင်းကိုနိုင်ကမူ မထောက်ခံခဲ့ကြောင်း


ရေးသားထား။

မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်ပေါ်လာစေရန် အဓိက အားနည်းချက်မှာ ဒီမိုကရေစီအင်အားစုများ အချင်းချင်း ညီညွတ်မှု မရှိသောကြောင့်ဟုလည်း ဝီကီလိစ်တွင်
ဝေဖန် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်ချီကားပို့စ်ကတ်များ စတင်ရောင်းချ

ဧရာဝတီ Friday, 10 December 2010 15:41

နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကား ၇ ကားကို ပို့စ်ကတ် အဖြစ် ယနေ့ စတင်
ရောင်းချနေပြီဖြစ်သည်။

ပို့စ်ကတ် တခုလျှင် ကျပ် ၁ ထောင်ဖြင့် စတင်


ရောင်းချခြင်းဖြစ်ပြီး ရရှိသောငွေများကို နိုင်ငံရေး အကျဉ်းသား
မိသားစုများအား ကူညီရေး၊ HIV/ AIDS ဝေဒနာရှင်များအား
စောင့်ရှောက်ရေး စသည့် လူမှုရေး ကိစ္စရပ်များအတွက်
အသုံးပြုမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
လူငယ်တဦးက ပြောသည်။

ပို့စ်ကတ်များကို ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့်


အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းတို့ တွေ့ဆုံချိန်
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအတွင်း လာရောက်
သတင်းယူနေကြသော ပြည်တွင်းပြည်ပ သတင်းထောက်
များအား စတင်ရောင်းချခြင်းဖြစ်ပြီး သတင်းထောက် များက
အလုအယက် ၀ယ်ယူခဲ့ကြသည်။

ပို့စ်ကတ်များကို နွေဦး၊ ဆောင်းဦး၊ နွေရာသီ၊ ဆောင်းရာသီ၊


( -) ဇာပန်ထိုး ပညာ၊ ပန်းနုရောင်ပန်းများ၊ အနီရောင်ပန်းများ ဟူ၍
အမည်များပေးထားပြီး ပို့စ်ကတ်နောက်ကျောတွင် ပို့စ်ကတ်နှင့် သက်ဆိုင်သော အကြောင်းအရာ၊ နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် အတွင်း ရေးဆွဲထားသည်
ဆိုသော စာများ ရေးထိုးထားပြီး အောက်တွင် “အောင်ဆန်းစုကြည်” ဟု ရေးထိုး ထားသည်။

ရာသီအကြောင်း ရေးဆွဲထားသော ပို့စ်ကတ်များ နောက်တွင် “ဤပန်းချီကားသည် ရာသီ စီးရီးထဲမှ တခုဖြစ်ပြီး ကျမ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်
ကွန်ပျူတာဖြင့် ရေးဆွဲထားခြင်း ဖြစ်သည် (This is one of the “seasons” series that I draw on my computer during my last term of house arrest)”
ဟု ရေးသားထားသည်။

အနီရောင်ပန်းများ ဆိုသောပို့စ်ကတ် နောက်ကျောတွင် “ကွန်ပျူတာဖြင့် ပထမဆုံး ပန်းချီဆွဲရန် ကြိုးစားခဲ့ခြင်း (My first attempt at drawing on the
computer) ဆိုသော စာသားကို ရေး ထားကာ ပန်းနုရောင် ပန်းများ ဆိုသော ပို့စ်ကတ် နောက်ကျောတွင်မူ “ကျမ၏ ပန်းများ စီးရီးထဲမှ တစိတ်တပိုင်း (Part of my
“Flowers” series)” ဟု ရေးထားသည်။

ဇာပန်းထိုးခြင်းပညာဆိုသော ပန်းချီကားတွင်လည်း “ကျမ ကလေး ဘ၀က အလွန်ညံ့ဖျင်းခဲ့သော ဇာပန်းထိုးပညာကို အမှတ်ရသည့် အနေဖြင့် (I called this
“Embroidery” because it reminds me of the cross stitch lessons
at which I was so bad when I was a little girl) ဟူ၍ ရေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပို့်စ်ကတ် ပန်းချီကားများကို ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချခြင်းဖြင့် လူမှုရေး ရန်ပုံငွေရှာမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ


အဖွဲ့ချုပ် (NLD) လူငယ်တာဝန်ခံတဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် အဆင့်မြင့်အရာရှိနှင့် တွေ့

ဧရာဝတီ Friday, 10 December 2010 15:10

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နံနက်က ၂ နာရီကျော် ကြာအောင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်
အမေရိကန် အဆင့်မြင့်အရာရှိနှင့် ဒေါ်အောင်ဆန်းစုကြည်
အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို
အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု
ကော်မတီဝင် များတို့သည် ယနေ့ နံနက် ၁၀ နာရီမှ မွန်းတည့်
၁၂ နာရီကျော်အထိ တွေ့ဆုံ စကားပြောခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က
စီးပွားရေးပိတ်ဆို့မှု အပါအ၀င် မြန်မာ့နိုင်ငံရေးနှင့်
ပတ်သက်သော အကြောင်းအရာ များကို ဆွေးနွေးဖြစ်ခဲ့ကြောင်း
သတင်းထောက်များအား ရှင်းလင်းပြော ကြားသည်။

“အမေရိကန်နဲ့ မြန်မာအကြား နွေးနွေးထွေးထွေး


ဆက်ဆံရေးရှိတယ်။ စီးပွားရေး ပိတ်ဆို့မှု အပါအ၀င် ကိစ္စ
တော်တော် များများ ဆွေးနွေးဖြစ်တယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၁ျ
( -) မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းကမူ မြန်မာနိုင်ငံသို့ လာရောက်သော
ခရီးစဉ်သည် ကောင်းမွန်သော ခရီးစဉ်ဖြစ်ခဲ့ကြောင်း၊ သို့ရာတွင် ရလဒ်များအား အထူးဂရုပြု စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပြောဆိုသည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း သည် နေပြည်တော်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ရဲချုပ် ခင်ရီအပါအဝင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့်
တွေ့ဆုံခဲ့သေးကြောင်း စစ်အစိုးရပိုင် သတင်းစာများက ယနေ့ ထုတ်ပြန်သည်။

ဆိပ်ခံတံတားသစ် တည်ဆောက်ခွင့် အေးရှားဝေါလ် အများဆုံးရရှိ

နရီလင်းလက် Friday, 10 December 2010 13:19

ရန်ကုန်နှင့် သီလဝါ ဆိပ်ခံတံတားသစ် အစင်း ၄၀ တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် အေးရှားဝေါလ် ကုမ္ပဏီက အစင်းရေ အများဆုံး ၁၃ စင်း
တည်ဆောက်ခွင့် ရကြောင်း သိရသည်။

ဆိပ်ကမ်းလုပ်ငန်း၊ လမ်းပြုပြင်ဖောက်လုပ်မှုနှင့်
လွှဲပြောင်းပေးရေးလုပ်ငန်းများ၊
ရေအားလျှပ်စစ်စီမံကိန်းကြီးများကို လော်စစ် ဟန်၏သား
ဦးထွန်းမြင့်နိုင် ပိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီက
လုပ်ကိုင်ခွင့်များရရှိနေသည်။

သီလ၀ါ ဆိပ်ကမ်းသစ် တည်ဆောက်ခွင့်ကို စစ်တပ်ပိုင်


မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ထူးကုမ္ပဏီ၊ မက်စ်မြန်မာ၊
ရွှေတောင်တန်း ကုမ္ပဏီအပါအဝင် တခြား ကုမ္ပဏီကြီးများ
တည်ဆောက်ခွင့် ရရှိသော်လည်း ရန်ကုန် ဆိပ်ကမ်း
ဒေသဘက်တွင် အေးရှားဝေါလ်က
တည်ဆောက်ခွင့်အများဆုံးရရှိခြင်းဟု မြန်မာ့ဆိပ်ကမ်း
အာဏာပိုင်နှင့်နီးစပ်သူများထံမှ သိရသည်။

“အေးရှားဝေါလ်က ဆိပ်ကမ်းတွေထဲမှာ လုပ်ပိုင်ခွင့်နဲ့


ပတ်သက်ရင် အခွင့်အရေးရတာ အများဆုံးပဲ။
၁ ရန်ကုန်ဆိပ်ကမ်းထဲမှာဆို ကုန်စည် ကိုင်တွယ်မှု အများဆုံးက
အေးရှားဝေါလ်ဆိပ်ကမ်းပဲ။ ဆိပ်ကမ်းအလိုက် ကုန်သေတ္တာကိုင်တွယ်ရတဲ့ ပမာဏကို စာရင်းပြုစုထားတဲ့ ထဲမှာ ဒီနှစ် ကုန်စည် ရာခိုင်နှုန်းက ၄၅ နဲ့ ၅၀
ထဲမှာရှိတယ်” ဟု မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် တဦးက ပြောသည်။

စစ်အစိုးရသည် လာမည့် ၂၀၁၁ ခုနှစ်တွင် ဆိပ်ကမ်းလုပ်ငန်းများ တိုးချဲ့နိုင်ရန်၊ ကုန်စည်ကိုင်တွယ်မှု ပမာဏပိုမို များပြားလာ စေရန် ရည်ရွယ်ချက်ဖြင့်
ရန်ကုန်မြစ်နှင့် လှိုင်မြစ် တောက်လျှောက်နေရာတွင် ဆိပ်ကမ်းသစ်များ တည်ဆောက်ရန် ရည်ရွယ် ချက်ဖြင့် ယင်းကဲ့သို့ တည်ဆောက်ခွင့်ပေးလိုက်ခြင်းဖြစ်သည်
ဟု သူက ဆိုသည်။

“မြန်မာဆိပ်ကမ်းတွေထဲမှာဆို အေးရှားဝေါလ်ပိုင်တဲ့ ဆိပ်ကမ်းတွေက ထိပ်ဆုံးကပဲ။ ၀န်ဆောင်မှု ကောင်းတယ်။ ပြီးတော့ နေရာကောင်းပြီး ကုန်တင်ကုန်ချလွယ်တဲ့


သီရိမင်္ဂလာဈေးနားမှာ ယူထားတယ်။ ကွန်တိန်နာတင် သင်္ဘောတွေ အများဆုံး ကပ်တာများတယ်” ဟု ဆိပ်ကမ်း လုပ်ငန်းလုပ်ကိုင်နေသည့် ၀န်ထမ်းတဦးက
ပြောသည်။

ဆိပ်ကမ်းသစ်များ တည်ဆောက်ပြီးနောက်တွင် ကုန်သေတ္တာ ကိုင်တွယ်ရမှု ပမာဏ ပိုမိုများပြားလာနိုင်သော်လည်း ရန်ကုန်ဆိပ်ကမ်းများသည် ရန်ကုန်မြစ်၏


ရေကြောင်း အနေအထားအရ ရေစူး နိမ့်သောကြောင့် ကုန်တန်ချိန်များစွာ တင်ဆောင်လာသည့် သင်္ဘောကြီးများ ၀င်ထွက်ရန် ခက်ခဲမှုကို
အရင်ဖြေရှင်းသင့်သည်ဟု ရေကြောင်း အင်ဂျင်နီယာတဦးက ပြောသည်။

ယခု ရန်ကုန်ဆိပ်ကမ်းဒေသတွင် ဆိပ်ခံတံတား ၁၆ စင်းနှင့် သီလ၀ါ ဆိပ်ကမ်းဒေသတွင် ၆ စင်း စုစုပေါင်း ၂၂ စင်းမှ တနှစ်အ တွင်း ကုန်သေတ္တာ ကိုင်တွယ်မှု
သန်း ၂၀ ကျော်ရှိသည်ဟု သိရသည်။

အာဏာပိုင်များသည် လာမည့် ၂၀၁၁ ခုနှစ် အတွက် ကြိုတင်စီမံကိန်းများဖြင့် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း နေခြင်းသည် စီးပွားရေးပုံစံသစ်ကို
ဖော်ဆောင်သော မှန်ကန်သည့် နည်းလမ်းတခု မဟုတ်ကြောင်း၊ လုပ်ကိုင် နေသည့် နည်းလမ်းများကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ပါက အစိုးရ၊
ပုဂ္ဂလိက ခွဲခြားရန်ပင် မလိုကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လအတွင်းက အေးရှားဝေါလ် ကုမ္ပဏီမှ ဦးထွန်းမြင့်နိုင်သည် ရွှေလီ ၂ နှင့် ဘီးလင်း ရေအားလျှပ်စစ် စီမံကိန်းတို့တွင် BOT စနစ်ဖြင့်
လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ရန်ကုန် - ကူမင်း အမြန်ရထားလမ်း သစ်တည်ဆောက်မှုတွင်လည်း လမ်းအပိုင်းအလိုက် တည်ဆောက်ခွင့်နှင့် မြစ်ဆုံ ရေအားလျှပ်စစ်
စီမံကိန်းကို ရရှိထားခဲ့သည်။

“တရုတ်နဲ့ စပ်ဆက်တဲ့ လုပ်ငန်းမှန်သမျှ အေးရှားဝေါလ်က ရတာများတယ်။ အမြန်ရထားလမ်း ဆိုလည်း တရုတ်နဲ့ မြန်မာ ပေါင်း လုပ်တာပဲ။ လမ်းပိုင်းအနေနဲ့
ကူမင်း-ရန်ကုန်လမ်း တောက်လျှောက်ဖောက်မှာကို သူတို့က နေပြည်တော်-ရန်ကုန် အမြန်လမ်းပိုင်း လုပ်ခွင့်ရမှာ။ ရထားနဲ့ ကျန်တဲ့ လိုအပ်တဲ့
ပစ္စည်းတွေအကုန်လုံးကို တရုတ်က အကုန် ပေးထားပြီးပြီ”ဟု အေးရှားဝေါလ် ကုမ္ပဏီနှင့် နီးစပ်သူ တဦးက ပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှုလုပ်ငန်း များ၊ မြန်မာ့သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကို ဝန်ဆောင်မှု ပေးနေသည့်
အလုံဆိပ်ကမ်းနှင့် သီလ၀ါ ဆိပ်ကမ်းကို အေးရှားဝေါလ် ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက် ခွင့်ရရှိ ထားသည်။

အမေရိကန်အစိုးရက ၂၀၀၇ ခုနှစ် အောက်တိုဘာလ မှ စတင်ပြီး စစ်အစိုးရ အဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ၎င်းတို့နှင့် နီးစပ် သည့် စီးပွားရေး
လုပ်ငန်းရှင်ကြီးများအား တဦးချင်း ပစ်မှတ်ထား၍ ဒဏ်ခတ် ပိတ်ဆို့ထားသူများထဲတွင် ဦးထွန်းမြင့်နိုင်သည် တဦး အပါ အ၀င်ဖြစ်သည်။

ဝီကီလိစ် ထောက်ခံသူများ ဆိုက်ဘာစစ်ပွဲ စတင်

ရန်ပိုင် Friday, 10 December 2010 12:06

ဝီကီလိစ် (WikiLeaks) ကို ထောက်ခံသည့် ဟက်ကာ တက်ကြွလှုပ်ရှားသူ (Hacktivist) များက အကြွေးဝယ်စနစ် (Credit) ကတ် ကုမ္ပဏီများ ဖြစ်သည့်
မာစတာကတ်နှင့် ဗီဇာကတ်ကုမ္ပဏီများ၏ ၀က်ဘ်ဆိုဒ်များကို ဒီဇင်ဘာလ ၈ ရက်နေ့က တိုက်ခိုက်လိုက်ခြင်းဖြင့် ဆိုက်ဘာစစ်ပွဲ (Cyberwar) ကို
စတင်လိုက်သည်။

ထိုတိုက်ခိုက်မှုကို လက်တုံ့ပြန်မှု စစ်ဆင်ရေး (Operation


Payback) ဟု အမည်ပေးထားကြောင်း၊ အဆိုပါ ခရက်ဒစ်ကတ်
ကုမ္ပဏီများသည် အမေရိကန်အစိုးရနှင့် ပူးပေါင်းပြီး ၀ီကီလိစ်ကို
ဖိအားပေးခဲ့သည့်အတွက် ဖြစ်ကြောင်း၊ ထို့အပြင်
အင်တာနက်ငွေပေးချေရေး ကုမ္ပဏီများဖြစ်သည့် PayPal နှင့်
အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးဖြစ်သည့် Amazon တို့ကိုပါ
တိုက်ခိုက်ခဲ့သည်။

မကြာသေးမီက အဖမ်းခံခဲ့သည့် ၀ီကီလိစ် တည်ထောင်သူ


ဂျူလီယန် အက်စ်ဆန်း (Julian Assange) အပ်နှံထားသည့်
ငွေများကို ထုတ်ယူခွင့်ပိတ်လိုက်သည့် ဆွစ်ဇာလန်နိုင်ငံရှိ
PostFinance ဘဏ်နှင့် ၎င်းအား မုဒိန်းမှုဖြင့် စွပ်စွဲ
အမှုတင်ခဲ့သည့် ဆွီဒင်နိုင်ငံအခြေစိုက် ရှေ့နေများရုံးရှိ
အင်တာနက် ၀က်ဘ်ဆိုဒ်များလည်း DDoS စနစ်ဖြင့်
တိုက်ခိုက်ခြင်းခံခဲ့ရသည်။

DDoS ( - Reuters) ယင်း လက်တုံ့ပြန်မှု စစ်ဆင်ရေးကို ၎င်းတို့ပြုလုပ်ခဲ့ခြင်း


ဖြစ်ကြောင်း ဝီကီလိစ်ကို ထောက်ခံသူ Hacktivist များက အင်တာနက်လူမှုကွန်ရက် တခုဖြစ်သော တွစ်တာ (Twitter) မှတဆင့် ကြေညာခဲ့ပြီး ၀ီကီလိစ်၏
“ရန်သူများ” ကို ဆက်လက် တိုက်ခိုက်မည်ဟုလည်း ပြောဆိုထားသည်။

ဝီကီလိစ် ဝက်ဘ်ဆိုဒ်နှင့် ဆိုဒ်ကိုယ်ပွားများသည်လည်း ဝီကီလိစ်ကို ဆန့်ကျင်သည့် အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဆိုဒ်ခွဲပေါင်း ၁၃၀၀ အထိ တိုးချဲ့ထားရကြောင်း
တွေ့ရသည်။

ဝီကီလိစ်သည် အမေရိကန်အစိုးရ၏ အီရတ်စစ်ပွဲအတွင်း လျှို့ဝှက်ချက်များ၊ စစ်ဘက်ဆိုင်ရာ ပင်တဂွန်စစ်ဌာနချုပ်၏ လျှို့ဝှက်ချက်များ၊ အာဖဂန်နစ္စတန်


စစ်ပွဲအတွင်းက ဖမ်းဆီးရမိခဲ့သည့် အစွန်းရောက် အယ်လ်ကိုင်ဒါး အဖွဲ့ဝင်များကို အမေရိကန်အစိုးရ အာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှုများကို လွန်ခဲ့သည့်
အောက်တိုဘာလကတည်းက ဖွင့်ချလာခဲ့ရာ ပြီးခဲ့သည့်လအတွင်းမှ စပြီး နိုင်ငံတကာ ခေါင်းဆောင်များ၏ အတွင်းရေးများ၊ သံတမန်ရေးရာ လျှို့ဝှက်ပေးစာများ၊
နိုင်ငံရေးလျှို့ဝှက်ချက်များ ပါဝင်လာခြင်းဖြစ်သည်။

နိုင်ငံတကာရှိ အမေရိကန်သံရုံးများက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့် လျှို့ဝှက် အစီရင်ခံစာများ၊ အာဖဂန်နစ္စတန် စစ်ပွဲနှင့် ပတ်သက်သည့်


အမေရိကန်နှင့် တခြားသော ကမ္ဘာ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အတွင်း လျှို့ဝှက်ပြောကြားချက်များ၊ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ကုလသမဂ္ဂရှိ ၎င်း၏
ဝန်ထမ်းများကို ကုလသမဂ္ဂအတွင်း စုံစမ်းထောက်လှမ်းရန် ညွှန်ကြားမှုများကိုပါ ဝီကီလိစ်က ဖွင့်ချခြင်းဖြင့် ပိုမိုပြင်းထန်လာသည်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲက အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်လာသည့်အတွက် အခြေခံဥပဒေကို ပြုပြင်၍


ဝီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းအား အရေးယူအပြစ်ပေးရန် တောင်းဆိုခဲ့သည်။

ဂျူလီယန် အက်စ်ဆန်းသည် သြစတြေးလျ နိုင်ငံသားဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုမှု၊ ဖြားယောင်း သွေးဆောင်မှုများဖြင့် ဆွီဒင်အစိုးရကလည်း


အလိုရှိနေသည့်အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်က ဖမ်းဝရမ်း ထုတ်ထားခဲ့သည်။

ဒီဇင်ဘာ ၇ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် မစ္စတာ အက်စ်ဆန်းက လန်ဒန်မြို့တော်ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းမှု ပြုလုပ်ပြီး အဖမ်းခံခဲ့သည်။

သြစတေးလျ နိုင်ငံခြားရေး ၀န်ကြီး ကီဗင် ရပ်ဒ်က ထိုသို့ သံတမန်ရေးဆိုင်ရာ အချက်အလက်ပေါင်း ၂ သိန်း ၅ သောင်း ပေါက်ကြားမှုတွင် ၎င်း၏ နိုင်ငံသား
ဂျုလီယန် အက်စ်ဆန်း၌ အပြစ်မရှိကြောင်း၊ အမေရိကန်အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဝီကီလိစ်မှ ပေါက်ကြားလာသည့် သံတမန်ရေးဆိုင်ရာ အချက်အလက်များတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက်ပေါင်း ၁၈၆၄ ခု ရှိ ကြောင်း၊
ထိုအချက်အလက်များတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာယူနိုက်တက်အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊
စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများသည် အာဆီယံအတွင်းမှ လျှို့ဝှက်ချက်များကို တရုတ်နိုင်ငံသို့
လက်ထောက်ချနေခြင်း စသည့် အကြောင်းများ ပါဝင်သည်။

မြန်မာ စစ်အစိုးရ သတင်းစာများတွင် ယခင်က အမေရိကန်နိုင်ငံနှင့် ပတ်သက်လျှင် အသေးစိတ် ဖော်ပြခဲ့သော်လည်း ဂျူလီယန် အက်စ်ဆန်း အဖမ်းခံရသည့်
သတင်းကို ဖော်ပြသည်မှအပ အမေရိကန်အစိုးရနှင့် ၀ီကီလိစ်၏ ပြဿနာများကိုမူ ဖော်ပြခြင်းမရှိသေးပေ။

ဝီကီလိစ် - အိုင်တီနည်းပညာနှင့် နိုင်ငံရေး စစ်မျက်နှာသစ်

ခက်ထန် Thursday, 09 December 2010 17:27 ဆောင်းပါး

“စာနယ်ဇင်း ပညာသည် တိုက်ခိုက်မှု မဟုတ်၊ ဝီကီလိစ် (WikiLeaks) သည် စစ်ပွဲမဟုတ်” ဟု ဟပ်ဖင်တန်ပို့စ်တွင် ဆောင်းပါးရှင် ဂျို့စ် မူးလ်က ရေးသည်။

သို့သော် မီဒီယာသစ် (New Media) ဟု သတ်မှတ်ထားသော ဝီကီလိစ် ဝက်ဘ်ဆိုဒ်၏ ဖွင့်ချမှုများကို အမေရိကန် အစိုးရက အမျိုးသားလုံခြုံရေးကို ထိပါးစေသော
“တိုက်ခိုက်မှု” ဟု မြင်လာပြီး ဝီကီလိစ်ကို ထောက်ခံသူ ဆန့်ကျင်သူများ အပြန်လှန် နည်းပညာတိုက်ခိုက်မှုများ၊ ဥပဒေကြောင်းအရ စွဲချက်တင်နိုင်ရန်၊ ခုခံနိုင်ရန်
ကြိုးပမ်းမှုများအပါအဝင် “စစ်ပွဲတခု” အသွင် ဆောင်လျက်ရှိပေသည်။

လော့စ် အိန်ဂျယ်လိစ် သတင်းစာကလည်း “ဝီကီလိစ်


အငြင်းပွားမှုသည် ဆိုက်ဘာစစ်ပွဲကို မီးမွှေးလိုက်ပြီ” ဟု
ရေးသည်။

၂၀၀၆ ခုနှစ်တွင် စတင်ခဲ့သည့် “အစိုးရများကို ဖွင့်ချမည်” ဟု


ကြွေးကြော်ထားသော ဝီကီလိစ်၏ စာရွက်စာတမ်းများ
ပေါက်ကြားစေမှု ပြဿနာသည် ၂၀၁၀ ပြည့်နှစ် အကုန်တွင်
အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

လိင်ပိုင်းဆိုင်ရာ အဓမ္မမှုဖြင့် စွပ်စွဲခံထားရသူ၊ ဝီကီလိစ်၏


ဒါရိုက်တာနှင့် ပြောရေးဆိုခွင့်ရှိသူ သြစတြေးလျ နိုင်ငံသား
ဂျူလီယန် အက်စ်ဆန်းက ဒီဇင်ဘာ ၇ ရက်နေ့တွင်
လန်ဒန်မြို့၌ ဖမ်းဆီးခံလိုက်သည်။

အက်စ်ဆန်း အဖမ်းခံရပြီး ဝီကီလိစ် ဝက်ဘ်ဆိုဒ် အဆက်မပြတ်


တိုက်ခိုက်ခံနေရသည့်တိုင် ကမ္ဘာတဝန်းရှိ အမေရိကန် သံတမန်ကွန်ရက်မှ လျှို့ဝှက် ပေးစာများ ဆက်လက် ဖွင့်ချနေဆဲဖြစ်သည်။

ဝီကီလိစ် အငြင်းပွားမှုများကြောင့် ဟက်ကာ တက်ကြွလှုပ်ရှားသူ (ဟက်တီးဗစ် - Hacktivist) များသည် ဝီကီလိစ်ကို ထောက်ခံသူနှင့် ဆန့်ကျင်သူဟူ၍
အုပ်စုကွဲသွားပြီး အင်တာနက် နည်းပညာများဖြင့် အပြင်းအထန် တိုက်ခိုက်သည့် အဆင့်သို့ ရောက်ရှိလာသည်။

ဝီကီလိစ်ကို ထောက်ခံသည့် ဟက်တီးဗစ်များက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အများပြည်သူ သိခွင့်ရှိသည့် အခွင့်အရေးနှင့် ၎င်းတို့အပေါ် ဖိနှိပ်မှုကို
တုံ့ပြန်သည့်ဘက်မှ ရပ်တည်၍ ဝီကီလိစ်ကို ဆန့်ကျင်သည့် ဟက်တီးဗစ်များက နိုင်ငံတော် လုံခြုံရေးနှင့် စီးပွားရေးလုပ်ငန်းများ ထိုးဖောက်ခြင်းကို
ကာကွယ်သည့်ဘက်မှ ရပ်တည်နေကြသည်။

ဝီကီလိစ်ကို ဆန့်ကျင်သူများက ဝီကီလိစ် ဝက်ဘ်ဆိုဒ်ကို အဆက်မပြတ် တိုက်ခိုက်သဖြင့် ကိုယ်ပွားဆိုဒ် (Mirror Site) များ ပွားထားရရာ ရာဂဏန်းမှ
ရက်ပိုင်းအတွင်း ထောင်ဂဏန်းအထိ တိုးပွားလာခဲ့သည်။ ကိုယ်ပွားဆိုက်များကို တင်ထားသည့် DNS (Domain name System) များသည် လုံခြုံရေး
ခြိမ်းခြောက်မှုများကြောင့် တခုပြီးတခု ပိတ်ပစ်နေရသည်။ ယခုအခါ ဝီကီလိစ် ဆိုဒ်ပွားပေါင်း ၁၃၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

ဝီကီလိစ်သည် ဝက်ဘ်ဆိုဒ်ရပ်တည်ရေးအတွက် အလှူခံစနစ်ကို ပေပယ်၊ ဗီဇာနှင့် မာစတာကတ် စသည့် အွန်လိုင်းငွေချေစနစ်များ၊ ဆွစ်ဇာလန်မှ ဘဏ်တခုတို့နှင့်
ချိတ်ဆက်ထားခဲ့သော်လည်း လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှု ဂယက်ကြောင့် ဥပဒေနှင့် ငြိစွန်းနိုင်သည်ဟုဆိုကာ ဝီကီလိစ်နှင့် တခုပြီးတခု
အဆက်အသွယ် ဖြတ်ခဲ့ကြသည်။

ထို့ကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာများက ဗီဇာနှင့် မာစတာကတ် ဝက်ဘ်ဆိုဒ်များကို တိုက်ခိုက်ခဲ့ကြပြီး ပေပယ်နှင့်
ဆွစ်ဇာလန်ရှိ ဘဏ်ကိုလည်း ပစ်မှတ်ထားနေကြသည်။ ယင်းသို့ တိုက်ခိုက်မှုမျိုးသည် မျိုးဆက်သစ်များအား အင်တာနက်ကို အလွဲသုံးသည့် အန္တရာယ်ကို
နည်းပေးလမ်းပြသလို ဖြစ်နေသည်ဟု အင်တာနက် လုံခြုံရေး ကျွမ်းကျင်သူများက ဝေဖန်ကြသည်။

ဝီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းကို ထောက်ခံသူများက “လက်တုံ့ပြန်မှု စစ်ဆင်ရေး” (Operation Payback) အဖြစ် ဆန့်ကျင်ဘက်များကို
နည်းပညာဖြင့် တိုက်ခိုက်လျက်ရှိကြသည်။

နောက်ဆုံးသတင်းများအရ Operation Payback ၏ တစိတ်တပိုင်းအဖြစ် အလက်စကာ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့် ၂၀၀၈ တွင် သမ္မလောင်းအဖြစ်
အရွေးခံခဲ့သူ ဆာရာ ပေါ်လင်၏ ဝက်ဘ်ဆိုဒ်နှင့် ခရက်ဒစ်ကတ် အကောင့်ကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ် အစောပိုင်းကလည်း ဆာရာ ပေါ်လင်၏
ယာဟူးမေးလ်ထဲရှိ အကြောင်းအရာများကို ဝီကီလိစ်က ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။

ဝီကီလိစ်ကို ထောက်ခံသည့် ဟက်ကာနှင့် ဆန့်ကျင်သည့် ဟက်ကာများ အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ ၁၉ ရာစုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စု


အနောက်ဘက်ခြမ်း (Wild West) တွင် ပြိုင်ဘက် သေနတ်သမားများ အပြန်အလှန်ပစ်ခတ်ကြသကဲ့သို့ ရှိပြီး နှစ်ဘက်လုံး အထိနာကြသည်ဟု ယူအက်စ် တူဒေး
သတင်းစာက ခိုင်းနှိုင်းထားသည်။
ထိုင်းအခြေစိုက် မြန်မာ အိုင်တီပညာရှင် ကိုထက်ခိုင်ကမူ ဝီကီလိစ်၏ လုပ်ရပ်ကို အပြုသဘောင်ဆောင်သည်ဟု မြင်ကြောင်း ထင်မြင်ချက်ပေးသည်။

“ဝီကီလိစ်က ဒီလို ဖွင့်ချပေး၊ တင်ပေးတာဟာ အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်။ အချက်အလက်တွေကို ကိုင်ထားပြီး တိတ်တိတ် ရောင်းစားနေတာထက် ဒီလို
အများသိအောင် ဖွင့်ချပေးလိုက်တာဟာ အပြစ်မြောက်တယ်လို့ မယူဆပါဘူး၊ အရင်လည်း အစိုးရ ကျောထောက်နောက်ပေးတဲ့ အဖွဲ့တွေက
ဟက်နေကြတာပဲလေ။ ပြဿနာက ဘယ်သူက ဟက်သလဲ၊ ဘာကြောင့် ဟက်သလဲ ဆိုတာအရေးကြီးတာပါပဲ” ဟု ကိုထက်ခိုင်က ပြောသည်။

ဝီကီလိစ်သည် အာဖရိက အဆိပ်အတောက် စွန့်ပစ်မှု၊ စက်တင်ဘာ ၉/၁၁ အကြမ်းဖက်မှုတွင် ပင်တဂွန်စစ်ဌာနချုပ်နှင့် နယူးယောက် မြို့တော်ရဲဌာနတို့
အပြန်အလှန် သတင်းပေးပို့မှုကို အမျိုးသား လုံခြုံရေး အေဂျင်စီက ကြားဖြတ်ခိုးယူ ဖတ်ရှုမှုများ၊ အာဖဂန်နစ္စတန်နှင့် အီရတ်စစ်ပွဲမှတ်တမ်းများမှသည်
ကမ္ဘာတဝန်းရှိ အမေရိကန် သံရုံးများ၏ ပေးစာများအထိ ဖွင့်ချခဲ့သည်။

ယင်းသို့ ဖွင့်ချမှုကြောင့် အမေရိကန် သံတမန် ဆက်ဆံရေးအပါအဝင် ထိခိုက်မှုများ ရှိခဲ့သည်။ အမေရိကန် သံတမန်များ၏ သက်ဆိုင်ရာ နိုင်ငံများအပေါ်
အလွတ်သဘော ပြောဆိုသည့် လျှို့ဝှက် မှတ်ချက်များက အရှက်ရစရာ၊ မျက်နှာပူစရာ၊ ဒေါသထွက်စရာများ ဖြစ်နေခဲ့သည်။

ကုလသမဂ္ဂတွင် သူလျှိုလုပ်ပေးရန် ညွှန်ကြားမှု ပေါက်ကြားသွား၍ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဝေဖန်ခံရသည်။သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး


ကယ်ဗင် ရပ်ဒ် (Kevin Rudd) က သံတမန်ရေးရာ စာရွက်စာတမ်းများ ပေါက်ကြားမှုအတွက် ဂျူလီယန် အက်စ်ဆန်းအစား အမေရိကန် အစိုးရကို
ပြစ်တင်ဝေဖန်သည်။

အမေရိကန်ရှိ ဘဏ်ကြီးတခု၏ လျှို့ဝှက်စာတမ်းများ ဖွင့်ချမည်ဟု ဆိုသဖြင့် အမေရိကဘဏ်၏ စတော့ရှယ်ယာ ဈေးနှုန်းများ ချက်ချင်း ထိုးကျသွားသည်။

မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့သည် အာဆီယံတွင် တရုတ်အတွက် သတင်းပေးလုပ်နေသည်ဟု စင်ကာပူ၏ ပြောကြားချက်၊
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ သန်းတထောင်ဖြင့် ဝယ်ယူရန် စဉ်းစားခဲ့ဖူးသည်ဟူသော
ပေါက်ကြားချက်များလည်း ပါဝင်ခဲ့သည်။

ယင်းသို့ အန္တရာယ်များသည့် ပေါက်ကြားနေမှုများ၊ ဆက်လက်ပေါက်ကြားရန် ရှိနေချက်များကြောင့် ဝီကီလိစ်ကို ရပ်တန့်သွားအောင် ကြိုးစားနေခြင်းနှင့်


ပတ်သက်၍ ကိုထက်ခိုင်က “ဝီကိလိစ်ဝက်ဘ်ဆိုဒ် ဘယ်တော့ရပ်မလဲ၊ ဒေါင်းသွားမလဲဆိုတာ နည်းပညာအရ တိုက်ခိုက်တဲ့သူရော ခုခံကာကွယ်တဲ့သူရော
ဘယ်သူမှ အားသာတာ မရှိဘူး။ ဝီကီလိစ်ဆာဗာက ဆွစ်ဇာလန်မှာ ထိုင်ထားးတယ်။ တကယ်က ဘယ်သူတွေ ဒီဆာဗာ ရပ်သွား၊ ပိတ်သွားအောင်
ဖိအားပေးနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေတယ်” ဟု ဆိုသည်။

မြန်မာပြည်နှင့် သက်ဆိုင်သည့် အချက်အလက်တချို့ ရှိနေကြောင်း သတင်းများ ထွက်လာပြီးနောက် ပြည်တွင်းမှ အင်တာနက်သုံးစွဲသူများကလည်း


ကိုယ်ပွားဆိုဒ်များမှတဆင့်ဝင်၍ ဝီကီလိစ်ကို မွှေနှောက် ကြည့်ရှုကြကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဝီကီလိစ် မူရင်းဆိုဒ်ကို
ပိတ်ဆို့ထားသော်လည်း ကိုယ်ပွားဆိုဒ်များမှတဆင့် ဝင်ရောက်ကြည့်ရှု၍ ရနေသေးသည်။

မည်သို့ပင်ဖြစ်စေ ဝီကီလိစ်သည် လက်ဝယ်ရှိနေသော လျှို့ဝှက် စာရွက်စာတမ်းများကို ဆက်လက် ဖွင့်ချသွားမည်ဟု တွစ်တာမှတဆင့် ယခုတပတ်အတွင်း


ကြေညာထားပြီးဖြစ်သည်။

ဘီဘီစီကမူ ဝီကီလိစ် ပြဿနာသည် အစိုးရများ၏ အမျိုးသား လုံခြုံရေးဆိုင်ရာနှင့် ပြည်သူလူထု၏ သိပိုင်ခွင့်ရှိသည့် ပွင့်လင်းမြင်သာမှု နှစ်ခုတို့၏ ချိန်ခွင်လျှာကို
စိန်ခေါ်ချက်ဖြစ်ကြောင်း သုံးသပ်ထားသည်။

ကိုထက်ခိုင်က နည်းပညာနှင့် နိုင်ငံရေး ရှုပ်ထွေးလာမှုကို “ဟက်ကာတွေ၊ အိုင်တီ အက်တီဗစ်တွေက ဟက်ကြတယ်၊ ဝီကီလိစ်ကတဆင့် ဖောက်ချတယ်၊ ဒီအထိက
နည်းပညာအပိုင်း။ ပြဿနာမရှိသေးဘူး။ ဒါပေမယ့် သူတို့ဖွင့်ချလိုက်တာမှာ နိုင်ငံရေးနဲ့ နွှယ်နေတယ်။ ဒါဟာ ပြဿနာအသစ်ပဲ။ နည်းပညာနဲ့ နိုင်ငံရေး
ရောထွေးသွားပြီ။ ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတာ လောလောဆယ် နည်းလမ်းမမြင်သေးဘူး” ဟု သုံးသပ်ချက်ပေးသည်။

လူ့အခွင့်အရေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ တွေ့ဆုံ

ဧရာဝတီ Friday, 10 December 2010 15:31 သတင်းတိုများ

ယနေ့ကျရောက်သည့် ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ NLD ရုံးတွင် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး
အကျဉ်းသား မိသားစုများ တွေ့ဆုံခဲ့သည်။ နိုင်ငံရေး အကျဉ်းသား မိသားစုများ အပါအဝင် လူမှုရေး လုပ်ငန်းများ၌ ထောက်ပံ့ ကူညီရန် ရန်ပုံငွေ ရှာဖွေသည့်
အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လက်ရာ ကွန်ပျူတာ ပန်းချီကားများကို ပို့စ်ကတ်အဖြစ် ထုတ်ဝေ၍ တခု ကျပ် ၁၀၀၀ ဖြင့် စတင်
ရောင်းချနေပြီဖြစ်ကြောင်းလည်း သိရသည်။

ကွန်ဒိုလီ
ဇာရိုက်စ်
က
ဂမ္ဘာရီ
ကို
ရာထူးမွ
ဖယ္ရွား
ခံရရန်
ကြိုးပမ်း
ခဲ့ကြော
င်း
ဝီကီလိစ်
ဖွင့်ချ
အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးေ
ဟာင်း မစ္စ
ကွန်ဒိုလီဇာရိုက်စ်က
မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂ အထူး
အကြံပေး
ပုဂ္ဂိုလ်ဟောင်း
မစ္စတာ အီဘရာဟင်
ဂမ္ဘာရီကို
၎ရာထူးမွ
ဖယ်ရှားရန်
ကြိုးပမ်းခဲ့ကြောင်း
ဝီကီလိစ်က
ဖွင့်ချလိုက်သည်။

http://www.irrawaddy.org/bur/

Friday, December 10, 2010

NLD ရုံးချုပ်တွင် ကမ္ဘာ့လူ့အခွင့်အရေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပ

ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို ရန်ကုန် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
ရုံးချုပ်တွင်ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဧရာဝတီသတင်းထောက် ပေးပို့သော
ဓာတ်ပုံတချို့ကို ဖော်ပြပေးလိုက်ပါသည်။

နိုင်ငံရေး တက်တူး (tattoo)


ရန်ကုန်မြို့ စံပြငါးဈေးက အလုပ်သမားတယောက် ရင်ဘတ်မှာ
ဆေးမင်ကြောင် ထိုးထားတာ ဗိုလ်ချုပ်အောင်ဆန်းပုံ။

တချို့က ဗိုလ်ချုပ်အောင်ဆန်းပုံကို တယ်လီဖုန်း ဖန်သားပြင်မှာ ထားတယ်။ ဂျီတော့သမား(Gtalk အသုံးပြုသူ)တချို့လည်း ဗိုလ်ချုပ်အောင်ဆန်းပုံ တင်ကြတယ်။


အခါအားလျော်စွာ ပုံတွေ ပြောင်းကြတယ်။

ရင်ဘတ်မှာ တက်တူး ထိုးတာကတော့ ပြောင်းလဲဖို့ အကုန်အကျ များလွန်းတယ်။ အကုန်အကျ ခံနိုင်တယ် ဆိုရင်တောင် မြို့ကြီးပြကြီး ဆေးခန်းကြီးတွေမှာပဲ
ပြောင်းလို့ ဖျက်လို့ ရနိုင်တယ်။
ဒီ အမျိုးသားရဲ့ တက်တူးကို ကြည့်ပြီး တခု ပြောနိုင်တာကတော့ ဒီနေ့ခေတ် လူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြည်ညိုနေတုန်းပဲ ဆိုတဲ့ အချက်ပါ။

နိုင်ငံရေး သင်္ကေတ တက်တူးတွေကို မြင်ရခဲပါတယ်။ ပေါ်လာပြန်တော့လည်း ရှေ့ဆင့်နောက်ဆင့်။ အပေါ်က AP သတင်းဌာဓာတ်ပုံဟာ မနေ့က


ကြာသပတေးနေ့မှာ ရိုက်ထားတာလို့ ဆိုတယ်။ အောက်ကပုံကတော့ အင်္ဂါနေ့ကပုံ။

မိခင်ဖြစ်သူ ခေါင်းဆောင်နေတဲ့ NLD ရဲ့ အလံပုံ လက်မောင်းမှာ


ထိုးထားတာ။
ဖြစ်ကတတ်ဆန်း မဟုတ်ဘဲ ပုံစံကျနေတယ်။ ကျောင်းသားတွေကို ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းက မြန်မာနိုင်ငံကို သင်္ကေတ ပြုတဲ့ ကြယ်ကို ပင့်တင်ထားတဲ့
အနေအထား။
NLD အလံအတွက် ဒီဇိုင်းဆွဲတုန်းက အဲဒီလို သဘောမျိုး ဆွဲတယ်လို့ ကြားဖူးတယ်။ နောက်တော့ ဒီဇိုင်းဆရာ အဆင့်ဆင့် ပုံတူပွားကြတာ ကြယ်က အောက်ကို
နည်းနည်း ရောက်သွားတယ်။ တချို့ အလံတွေမှာတော့ ကြယ်ကို ခပ်ကြီးကြီး တပ်ထားတယ်။

ကင်(မ်) ရဲ့ လက်မောင်းက အလံအတွက် အနီရောင် တမျိုးထဲ သုံးထားတယ်လို့ ယူဆရပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ဆေးမင်ကြောင် ထိုးတာ
အမျိုးသားရော အမျိုးသမီးတွေရော ကြိုက်နေကြပုံပါပဲ။ မင်ကြောင် ထိုးသူ အများစုက ပုံသေးသေးလေးတွေကို ရွေးကြပါတယ်။

မြန်မာပြည်မှာ အမျိုးသမီးတွေလည်း ဆေးမင်ကြောင် ထိုးလာပြီလို့ ဧရာဝတီမှာ ဖော်ပြပြီးပါပြီ။ နရီလင်းလက် ရေးတဲ့ သတင်း - မြန်မာ မိန်းကလေးများကြား
တက်တူး ဖက်ရှင် ခေတ်စားလာ ဖြစ်ပါတယ်။

http://www.irrawaddyblog.com/

ဒုတိယပင်လုံ တပ်မတော်ပါမှ အောင်မြင်မည်ဟု အမေရိကန်သံကိုပြော

မျိုးသန့် | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၁ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာအတိုက်အခံ ခေါင်းဆောင်များ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ဒုတိယ ပင်လုံ ညီလာခံမှာ
တပ်မတော်ပါဝင်မှ အောင်မြင်မည်ဟု ဝန်ခံခဲ့ပြီး ပါဝင် ဆွေးနွေးစေလိုကြောင်း ပြောခဲ့ကြသည်ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“ဒုတိယ ပင်လုံညီလာခံက ပြည်ထောင်စု စိတ်ဓာတ်ကို အတည်ပြုဖို့ ဖြစ်တယ်၊ အဲဒါ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ဆန့်ကျင်ဖို့မဟုတ်ဘူး၊ ဘယ်အဖွဲ့အစည်းကိုမှ
ဆန့်ကျင်ဖို့ ရည်ရွယ်တာမရှိဘူး၊ တကယ့်တကယ် လက်တွေ့ သဘောအရ ပြောမယ်ဆိုရင် တပ်မတော်လဲ ပါဝင်ဆောင်ရွက်မှ အောင်မြင်မယ်၊ တပ်မတော်ကိုလဲ
ပါဝင်စေချင်တယ်၊ အတူတူ လက်တွဲပြီး ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

မစ္စတာယွန်း၏ ၄ ရက် ခရီးစဉ် နောက်ဆုံးနေ့တွင် NLD CRPP ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် တနာရီကျော်ကြာ တွေ့ဆုံ
ဆွေးနွေးခဲ့ကြသည်။ ထို့အစည်းအဝေးအပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပျြျု
ကော်မတီဝင်များ ထပ်မံ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းအတွက် NLD တရားဝင် ဆက်လက် ရပ်တည်ပိုင်ခွင့်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး
ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

တပ်မတော်၊ ဒီမိုကရေစီ အင်အားစုများနှင့် လက်နက်ကိုင်အဖွဲ့များ အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲသည် အမျိုးသား ပြန်လည်
သင့်မြတ်ရေး ဖြစ်ထွန်းစေနိုင်သော ဒုတိယ ပင်လုံပင်ဖြစ်ကြောင်း CRPP အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ပြောသည်။

“အခြေခံ သဘောတူညီချက် ရအောင်၊ အဲလို သဘောတူညီချက် ရရင်၊ တပ်မတော်ဘက်ကလဲ သူတို့ ပြင်စရာရှိတာ သူတို့ပြင်ရမယ်၊ နိုင်ငံရေးပါတီ တွေကိုလဲ
သိက္ခာရှိရှိ ရပ်တည်နိုင်ခွင့် လုပ်ပိုင်ခွင့်တွေ ပေးရမယ်၊ အားလုံး ပါဝင်ဆွေးနွေးပြီးရတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးက အဓိက ပဲပေါ့၊ အဲဒါ ဒုတိယ
ပင်လုံညီလာခံပဲပေါ့” ဟု ဒုဗိုလ်မှူးကြီး (ငြိမ်း) ဦးအေးသာအောင်က ပြောသည်။

ဆွေးနွေးပွဲ တက်ရောက်သည့် CRPP အဖွဲ့ဝင် ဦးထောင်ကိုထန်းကလည်း ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် တိုင်းရင်းသားများနှင့် ပြည်သူတရပ်လုံးက


စိုးရိမ်နေကြသည်ကို ကမ္ဘာ့နိုင်ငံများက ကူညီပေးစေလိုကြောင်း ဆွေးနွေးပွဲတွင်
တင်ပြခဲ့သည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

မေလတွင်းက မြန်မာနိုင်ငံလာခဲ့သော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ်နောက် အဆင့်မြင့်ဆုံး အမေရိကန်
အစိုးရ ကိုယ်စားလှယ် မစ္စတာယွန်း ဒီဇင်ဘာ ၉ ရက်တွင် နေပြည်တော်သွားကာ
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ဗံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ ရဲချုပ်
ခင်ရီအပါအဝင် အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သည်။

သံတမန် သတင်းရပ်ကွက်တခုအရ မစ္စတာယွန်းက သိပံ္ဗနှင့် နည်းပညာဝန်ကြီး


ဦးသောင်းကို အမေရိကန် သံတမန် ကြေးနန်းများ ဝီကီလိခ်ဝက်ဆိုက်တွင်
ပေါက်ကြားပုံကို ရှင်းလင်း ပြောကြားကြောင်း သိရသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံး ထုတ်ပြန်ချက်တွင် မြန်မာနိင်ငံတွင် လူ့အခွင့်အရေး တိုးတက်


ကောင်းမွန်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အပါအဝင် အဓိက စိုးရိမ်မကင်းဖြစ်နေသော ကိစ္စရပ်များအတွက်
အမေရိကန်အနေဖြင့် မြန်မာစစ်အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုကြောင်း ထပ်မံပြောကြားခဲ့သည်ဟု ပါရှိသည်။

မြန်မာဘက်က တုံ့ပြန်မှုကို မသိရသော်လည်း မြန်မာ - အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များအတွက်
ဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။

အမေရိကန် ကိုယ်စားလှယ်၏ ခရီးစဉ် ပထမဆုံးနေ့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ကျားဖြူပါတီမှလွဲ၍ ကျန်သည့် အရွေးခံ ပါတီသစ်များနှင့် တွေ့ဆုံခဲ့သည်။ ကျားဖြူနှင့်
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)ကဲ့သို့ အရွေးခံ ပါတီသစ်တချို့က ၂၁ ရာစု ပင်လုံညီလာခံကိစ္စကို စောလွန်းသည်ဟု မကြာခင်က ကန့်ကွက်ထားသည်။

လူ့အခွင့်အရေးနေ့ နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် NLD ဆွေးနွေး

ဖနိဒါ | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၅ မိနစ်

ချင်းမိုင(် မဇ္စျိမ)။ ။ ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ၆၂ ကြိမ်မြောက် အထိမ်းအမှတ် ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ရုံးတွင် နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

“အမြင်ကွဲတာတွေ ပေါင်းဖက် စစ်ပွဲတွေကို အဆုံးသတ် ငြိမ်းချမ်းရေးကို ဖော်ဆောင်”ဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် ယနေ့ မွန်းလွဲ ၁
နာရီမှ ၃ နာရီထိ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊


ဗဟိုဦးစီးကော်မတီဝင်များ၊ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်များ၊
ဗဟိုလူမှုအဖွဲ့ဝင်များ တက်ရောက်ရာ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက
အကျဉ်းသားအခက်အခဲများနှင့် အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရမှုများကို
တင်ပြခဲ့သည်ဟု ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

“ထူးခြားစွာ ထွက်လာတာက ထောင်ထဲမှာ အကျဉ်းသားတွေရဲ့ မပြည့်စုံတဲ့


အခြေအနေတွေ၊ အကျဉ်းသားတွေကို ပံ့ပိုးကူညီမှု အများကြီး လိုနေသေးတာတွေ။
အိုင်စီအာစီက ခုနောက်ပိုင်း ထောင်ထဲမှာ ဝင်မစစ်နိုင်တော့ အကျဉ်းသားတွေ
ခံစားရတာတွေ ပိုပြီးကြီးမားလာတယ်ဆိုတာ ပေါ်လွင်လာတယ်။ ဒီဆွေးနွေးပွဲမှာ
ဖော်ပြလိုက်နိုင်တယ်ခင်ဗျ”ဟု သူကမဇ္စျိမကို ပြောသည်။

NLD
အကျဉ်းသားမိသားစုဝင် ၁၅ဝ ခန့် တက်ရောက်ခဲ့ပြီး အကျဉ်းသားများ၏ ကျန်းမာရေးချို့တဲ့မှုများကို စစ်အစိုးရ မဆောင်ရွက်ပေးမှုများ၊ ထောင်ဝင်စာတွေ့ရန်
ထောက်ပံ့ကြေးမလုံလောက်ခြင်း၊ ခရီးဝေးလံမှုစသည့် အခက်အခဲများ ဆွေးနွေးတင်ပြခဲ့သည်ဟု အကျဉ်းကျ ၈၈ မျိုးဆက်ကျောင်းသား ကိုပဏ္ဍိတ်ထွန်း၏ မိခင်
ဒေါ်ညွန့်ညွန့်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အားပေးစကားနှင့် ဥပဒေကြောင်းအရ အကျဉ်းသား ရပိုင်ခွင့်များကို ရှေ့နေ ဦးဉာဏ်ဝင်းက ရှင်းလင်းတင်ပြချက်၊


ဗဟိုလူမှုအထောက်အကူပြု အဖွဲ့ဝင် ဦးနိုင်းနိုင်း၏ အကျဉ်းသားမိသားစုများ ကူညီထောက်ပံ့မှုအကြောင်း တင်ပြချက်များက ခွန်အားဖြစ်စေကြောင်း
ဒေါ်ညွန့်ညွန့်ဦးက ဆက်ပြောသည်။

“ဒေါ်စု ခေါ်တွေ့တယ်ဆိုကထဲက အားရှိစရာကောင်းပါတယ်။ ဒေါ်စုပြောတဲ့စကားတွေက စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။ ဒေါ်စုကတော့ သူ့အနေနဲ့


အတတ်နိုင်ဆုံး နည်းလမ်းတွေနဲ့ ကူညီမယ့်အကြောင်း၊ အခက်အခဲတွေကို ဥပဒေအရ အာဏာပိုင်တွေဆီ တင်ပြဖို့ NLD မှာ တိုင်ပင်ပြီး လုပ်သွားဖို့ ပြောပါတယ်”ဟု
သူက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းသားမိသားစုများ တင်ပြချက်များကို မှတ်တမ်းပြုစေပြီး အားပေးစကား ပြောကာ အကျဉ်းသား မိသားစုများအနေဖြင့်


အကျဉ်းသား လက်စွဲ ဥပဒေစာအုပ်များဖတ်ပြီး ကိုယ့်ရပိုင်ခွင့်များကို ဥပဒေကြောင်းအရ စစ်အစိုးရထံ တောင်းဆိုရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

ရန်ကုန် အလုံမြို့နယ်ရုံးတွင်လည်း လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို အဖွဲ့ဝင်များနှင့် ပြည်သူ ၃ဝဝ ခန့် တက်ရောက်ကာ စာပေဟောပြောပွဲလုပ်ခဲ့သည်ဟု
အကြမ်းမဖက် အမျိုးသားရေး လူငယ်လှုပ်ရှားမှု ဦးဆောင်သူ အလုံ NLD လူငယ် ကိုလူမော်လတ်က ပြောသည်။

“ကုလသမဂ္ဂရဲ့ နေ့ထူးနေ့မြတ်တွေနဲ့ ပတ်သက်တဲ့ စာရွက်တွေ၊ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းတွေ ဝေတယ်။ ပြည်သူတွေ လူ့အခွင့်အရေး နားလည်လာအောင်
ကြိုးစားပြီး လူထုလုပ်ငန်းအနေနဲ့ လုပ်ခဲ့တာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ကဗျာဆရာ ဖျာပုံ နီလုံဦးက လူ့အခွင့်အရေးပါကြေညာစာတမ်းနှင့်မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးအခြေအနေများ


နှိုင်းယှဉ်ကာဟောပြောခဲ့ပြီးနောက် ကဗျာဆရာ သူရိဇံက လူ့အခွင့်အရေးနေ့အတွက် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေမှုများကို သူကိုယ်တိုင် ရေးစပ်ထားသည့်ကဗျာကို
ရွတ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် မရှိခြင်း၊ အကျဉ်းသာ


း အခွင့်အရေး ချိုးဖောက်ခံနေရခြင်း၊ နယ်စပ်ဒေသများတွင် စစ်ပွဲကြောင့်
ပြောင်းရွှေ့ခံနေရခြင်း၊ ကလေးစစ်သား အရေး၊ လယ်ယာမြေများ သိမ်းယူခြင်း စသည့်
လူ့အခွင့်အရေး ချိုးဖောက်ခံမှုများနှင့် ကြုံတွေ့နေရသည်။

လက်ရှိ နိုင်ငံရေး အကျဉ်းသားများထဲမှ ၈၈ မျိုးဆက် တဦးဖြစ်သူ မနီလာသိန်း


သရက်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေပြီးယခုလ ၆ ရက်က မိသားစု ထောင်ဝင်စာ
သွားတွေ့သည်ကိုလည်း ပိတ်ခံထားရသည်။

၂ဝဝ၇ သြဂုတ် ၂၂ ရက်က လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး


လမ်းလျှောက် ဆန္ဒပြရာမှ ခင်ပွန်းဖြစ်သူ ကိုဂျင်မီနှင့်အတူ စစ်အစိုးရက ဖမ်းဆီးကာ ၆၅
နှစ်စီ ထောင်ဒဏ် ချမှတ်ခဲ့သည်။

အလားတူ ယခုလ ၈ ရက်က နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်


စောင့်ရှောက်ရေး အဖွဲ့(CPJ) က ၁၉၉၆နောက်ပိုင်း ၂၈ နိုင်ငံအနက် မြန်မာက
သတင်းသမားများ အကျဉ်းချမှုတွင် စတုတ္ထ အဆိုးဆုံးနေရာတွင် ရှိနေကြောင်း
ထုတ်ပြန်ထားသည်။

၂ဝ၁ဝ အတွင်း တကမ္ဘာလုံးတွင် ဖမ်းဆီးခံရသူ သတင်းသမား ၁၄၅ဦးအနက် မြန်မာနိုင်ငံတွင် ၁၃ ဦး ရှိပြီး တရုတ်နှင့် အီရန်တို့က ၃၄ ဦးစီ ဖမ်းထားသဖြင့်
တကမ္ဘာလုံး၏ ထက်ဝက်ခန့် ဖြစ်နေပြီး အဆိုးဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။

၁၉၄၈ ဒီဇင်ဘာ ၁ဝ ရက်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက ချမှတ်ခဲ့ပြီး ထိုနေ့ကို
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

ချင်းအမျိုးသားအလံ CNF အဆိုပြု

ဆလိုင်းထွန်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ချင်းတမျိုးသား ကိုယ်စားပြုမည့် အလံတခု


ဖြစ်ပေါ်လာစေရေးအတွက် ကမ္ဘာတဝှန်းရှိ ချင်းလူမျိုးများထံ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး CNF က လိုက်လံပြသကာ
စည်းရုံးလျှက်ရှိသည်။

မလေးရှား၊ နော်ဝေ၊ ဒိန်းမတ်၊ ထိုင်း၊ စင်္ကာပူ၊ ကနေဒါ အပါအဝင် ၁ဝ နိုင်ငံရှိ


ချင်းလူမျိုးများကို ရှင်းလင်းခဲ့အပြီး ယခုအခါ အမေရိကန်နိုင်ငံ ဒေသအနှံ့ CNF
ဗဟိုကော်မဝင်အချို့က ပြီးခဲ့သည့်လမှစ၍ ရှင်းလင်းပွဲများ ပြုလုပ်နေသည်။

“ လူမျိုးကို အသိအမှတ်ပြုတဲ့ အလံတခုအောက်မှာ နေချင်တယ်။ တမျိုးသားလုံး

- CNF
လွှမ်းခြုံတဲ့ အလံတခု ရှိသင့်တယ်လို့ ထင်တယ်။ အခုအလံကိုလည်း ချင်းတမျိုးသားလုံးကို ကိုယ်စားပြုတဲ့ အလံအဖြစ် ရည်မှန်းထားတာပေါ့နော်။ ဒီအလံရဲ့
သင်္ကေတနဲ့ အရောင် ကိုယ်စားပြုမှုတွေကိုလည်း ချင်းလူမျိုးတွေ
ကြိုက်မယ်လို့ ထင်ပါတယ်’’ ဟု CNF ပြန်ကြားရေး တာဝန်ခံ ပူးထက်နီက မဇ္ဈိမကို ပြောသည်။

အလံတွင် အနီ၊ အဖြူနှင့် အပြာ အရောင် သုံးရောင်ကို အလျားလိုက် အောက်ခံထားပြီး အောက်ချင်းငှက် မောင်နှံပုံကို အလယ်၌ ထည့်ထားသည်။ အနီသည်
ရဲရင့်ခြင်း၊ အဖြူသည် စင်ကြယ်ခြင်း၊ အပြာမှာ သန့်ရှင်းမွန်မြတ်ခြင်းနှင့် အောက်ချင်းငှက် ပုံများမှာ သစ္စာရှိခြင်းကို ကိုယ်စားပြုသည်ဟု သိရသည်။

’’အားလုံးရဲ့ အလံ၊ တခုလုံးကို ပေါင်းခြုံနိုင်တဲ့ အလံတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ တခုတူတာက ချင်းတွေက အောက်ချင်းငှက်ကို အမှတ်သင်္ကေတအဖြစ်
ထားတာတော့ တူတယ်။ Chin National Flag ဆိုတာ မရှိသေးပါဘူး။ အမျိုးမျိုး သုံးတာပဲ။ ချင်းအမျိုးသား နေ့ဆိုရင် ပြည်တွင်းထဲမှာ အလံသီးသန့်ရယ်တော့
မရှိဘူး။
အမှတ်သင်္ကေတကို အောက်ချင်းငှက်ပဲ သုံးကြတယ်’’ ဟု ပူးထက်နီက ဆိုသည်။

၂ဝဝ၈ ဒီဇင်ဘာတွင် ကျင်းပသည့် စတုတ္ထအကြိမ် CNF ညီလာခံ၌ ယင်းအလံကို ရွေးချယ်ခဲ့ပြီး၊ CNF ဒေသဆိုင်ရာ ကော်မတီများ သုံးစွဲခဲ့သည်။

ယခင်က မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံများတွင် နေထိုင်သည့် ချင်းလူမျိုးများကို ကိုယ်စားပြုကာ ၃ နိုင်ငံ၊ ၃ လူမျိုးအဖြစ် ဖော်ကြူးသည့်အနေဖြင့်
ယခုအရောင်များအလယ် အဖြူရောင် ၆ ထောင့်ကြယ်ကို CNF
အသုံးပြုခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ချင်းပြည်နယ် ယဉ်ကျေးမှု ဦးစီးဌာနက အပြာ၊ အနီ၊ အစိမ်း အရောင်များ အောက်ခံထားပြီး၊ အလယ်၌
အောက်ချင်းငှက်၊ ဘေးတွင် ၉ မြို့နယ် ကိုယ်စားပြု ကြယ် ၉ လုံး ပါရှိသည့် အလံတခုကို ပြည်နယ်အလံအဖြစ် သတ်မှတ်ပေးခဲ့သေးသည်။

CNF အဆိုပြုမှုနှင့် ပတ်သက်၍ ချင်းအမျိုးသားအလံ လိုအပ်နေပြီး၊ ချင်းပြည်သူများကသာ အဓိက ဆုံးဖြတ်မည်ဟု ပြည်တွင်းရှိ ချင်းနိုင်ငံရေးပါတီ
ခေါင်းဆောင်များကလည်း ပြောဆိုသည်။

“ချင်းတိုင်းရင်းသားအားလုံး ကိုယ်စားပြုမယ့် အလံ ရှိသင့်တာပေါ့။ ကျနော်တို့ ညီညွတ်တဲ့ဟာ လိုအပ်တာပေါ့။ အလံတခုအောက်မှာ ညီညွတ်တာ ပြနိုင်ရင်
အကောင်းဆုံးပေါ့။ ဘယ်သူပဲလုပ်လုပ် ကောင်းတဲ့ဟာဆို အားပေးတယ်။ အလံတခုထဲ ရှိဖို့ဆိုတာက တဦးတယောက် လုပ်ဆောင်ချက်နဲ့ အောင်မြင်မယ်
မထင်ဘူး။ လူအများ ကြိုက်မှပဲ ဖြစ်မှာ” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရ ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က မဇ္ဈိမကို ပြောသည်။

ချင်းတိုးတက်ရေးပါတီ CPP ဥက္ကဋ္ဌ ဦးနိုးထန်ကပ်ကလည်း “ရှိသင့်တာပေါ့။ လူမျိုးတစုက အလံမရှိတာ မကောင်းဘူး။ ရှိကို ရှိသင့်တယ်။ အတတ်နိုင်ဆုံး
ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြည်တွင်းပြည်ပနဲ့၊ ချင်းပါတီ ၂ ခုရှိတော့ သူတို့ရဲ့အမြင် မတောင်းရင် ကြာကြာမခံဘူး၊ အောင်မြင်မှာ မဟုတ်ဘူး။ ဒါကြောင့် ချင်းအမည်နဲ့
နိုင်ငံရေးပါတီတွေကို တိုင်ပင်ဖို့ လိုတယ်” ဟု ဆိုသည်။

နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲတွင် CPP က အမတ်လောင်း ၃၈ ဦး ဝင်ပြိုင်ခဲ့ရာ ၁၁ ဦး အနိုင်ရရှိပြီး၊ CNP က ၂၂ ဦး ယှဉ်ပြိုင်ခဲ့ရာ ၉ ဦး အနိုင်ရရှိခဲ့သည်။

“ကျောင်းသားဘဝမှာ အောက်ချင်းငှက်ကို အားလုံး လက်ခံပြီးသား။ အလံမှာ ငှက်ကလေးကို ကျနော်တို့ သုံးနေကျပါ။ ကြိုပြီးတော့ စဉ်းစားမထားပေမယ့်
အလံပေါ်မှာ အောက်ချင်းငှက်ထားတာ ကောင်းတယ်လို့ ထင်တယ်။ တခြား နောက်ခံရောင်တွေတော့ ဒီအချိန်မှာ ဘာလုပ်ဖို့ ကောင်းမယ်ဆိုတာ
မစဉ်းစားတတ်သေးဘူး” ဟု ၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် ဇိုမီးအမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က ပြောသည်။ သို့သော် တဖွဲ့တမျိုး လိုက်လုပ်ပါက
အချင်းချင်း ကွဲပြားနိုင်သဖြင့်
စိုးရိမ်သည်ဟုလည်း သူက ဆိုသည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် CNF ကို ၁၉၈၈ ခု မေလတွင် ဖွဲ့စည်းခဲ့သည်။

ကျောက်ဆည်ဒေါ်မြရီ ကွယ်လွန်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၀၀ နာရီ ၅၆ မိနစ်

ဖက်ဆစ်တော်လှန်ရေးသမိုင်းတွင် ထင်ရှားသော အမျိုးသမီးနိုင်ငံရေးသမားကြီး သခင်မဒေါ်မြရီ


(ခ) မခင်စီသည် ၉၂ နှစ်အရွယ် ဒီဇင်ဘာ ၉ ရက် ညနေ ၄ နာရီခွဲတွင် ကျောက်ဆည်မြို့၌
နာတာရှည်ရောဂါဖြင့် ကွယ်လွန်သည်။

ဒေါ်မြရီသည် ဒုတိယကမ္ဘာစစ်တွင်း အိန္ဒိယနိုင်ငံ ကာလကတ္တားအခြေစိုက် သခင်သိန်းဖေ


(သိန်းဖေမြင်)့ ၏ ဆန်းဒေးဗီလာဘုံရိပ်သာတွင် တဦးတည်းသော အမျိုးသမီး ရဲဘော်ဖြစ်ရုံမက
အုပ်ချုပ်မှု ဗဟိုကလပ်စည်းတွင်လည်း လေထီးကိုကျော်ရင် (စစ်ပြီးခေတ် မန္တလေးတက္ကသိုလ်
ပါမောက္ခချုပ်)၊ ရဲဘော်ဂိုရှယ် (စစ်ပြီးခေတ် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တယောက်)
တို့နှင့်အတူ တာဝန်ယူခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် လေယာဉ်မှ ကြဲဖြန့်သည့်
လေနတ်သား စာစောင်တွင်လည်း ရေးသားခဲ့သည်။

ထိုရိပ်သာတွင် ဂျပန်ခေတ် မြန်မာပြည်မှ တိတ်တဆိတ်ခေါ်လာသော လူငယ်များကို စစ်သင်တန်း


နိုင်ငံရေးသင်တန်းများပေးကာ မဟာမိတ်တပ်များနှင့်အတူ လေထီးဆင်းပြီး
ဖက်ဆစ်တော်လှန်ရေးတွင် ကူညီစေခဲ့သည်။ ထိုလှုပ်ရှားမှုအတွေ့အကြုံများကို သိန်းဖေမြင့်၏
နာမည်ကျော် စစ်အတွင်းခရီးသည်နှင့် မဟာမိတ်နှင့်ဗမာ့တမန်စာအုပ်များ၊
ဝမ်းအိုဝမ်းကျော်ဝင်းမောင်၊ လေထီးဦးအုန်းမောင်စသည့် လေထီးရဲဘော်များ၏ မှတ်တမ်းများတွင်
ဖော်ပြပြီး ဖြစ်သည်။

၁၁
ဒေါ်မြရီကို ၁၁-၄-၁၉၁၈ နေ့တွင် ကျောက်ဆည်မြို့၌ မွေးဖွားသည်။ အသက် ၂ဝ တွင် မူလတန်း ကျောင်းဆရာမ လုပ်ရင်း တို့ဗမာ အစည်းအရုံးတွင်
ကူညီခဲ့သည်။ ကလောင်အမည် 'မြဝတ်ရည်' ဖြင့် နဂါးနီ အသင်းတွင် ဆောင်းပါးများရေးခဲ့သည်။ ဂျပန်ခေတ် အာရှလူငယ် ခရိုင် အမျိုးသမီး ဥက္ကဋ္ဌ၊ ခရိုင် ရိက္ခာ
တာဝန်ခံ အဖြစ် ဘီဒီအေတပ်သား စုဆောင်းရေး တာဝန်များ ယူခဲ့သည်။ သခင်တင်မြနှင့် မန္တလေး၊ စစ်ကိုင်းနယ်များတွင် ဖက်ဆစ် ဂျပန် တော်လှန်ရေး
သင်တန်းများ လျှို့ဝှက်ပို့ချခဲ့သည်။ ဂျပန်မိက အစော်ကားမခံရခင် သတ်သေရန် အဆိပ်ပုလင်းနှင့် ဓားမြှောင်ဆောင်ထားလေ့ရှိသည် ဆိုသည်။

ဒေါ်မြရီ၏ ရည်းစား သခင် တင်ရွှေ အိန္ဒိယမှ မြန်မာပြည် ပြန်လာပြီး


လေထီးရဲဘော်စုဆောင်းစဉ် ကျိုက်လပ်နယ်တွင် သခင်စိုးက သူတို့ကို
မင်္ဂလာဆောင်ပေးလိုက်သည်။ လွတ်လပ်ရေးရစ ဝန်ကြီး၊ မဆလခေတ်
သံအမတ်ကြီးဖြစ်လာသည့် ကိုညိုထွန်း၊ ကိုကျော်ရင်တို့နှင့်အတူ ရခိုင်ရိုးမကို
သက်စွန့်ဆံဖျား ခြေကျင်ကူးပီး ဂွ မှ စစ်သင်္ဘောဖြင့် အိန္ဒိယပြန်ခဲ့သည်။

စစ်ကြီးပြီး မြန်မာပြည်ပြန်လာကာ ကျောက်ဆည်တွင် ပြည့်တန်ဆာ


ပပျောက်ရေးနှင့် အမျိုးသမီး ကွန်ဂရက် ဥက္ကဋ္ဌ တာဝန် ယူခဲ့သလို
ကျောက်ဆည် အမျိုးသမီးအဖွဲ့များ စုပေါင်းပြီး အမျိုးသား တော်လှန်ရေး
ကျောက်တိုင် စိုက်ထူခဲ့သည်။ ၁၉၄၈ တွင် သခင် တင်ရွှေနှင့်အတူ တောခိုကာ
သခင် တင်ရွှေ ကျဆုံးသည့်အခါ မြို့ပြန်လာပြီး ကျောင်းဆရာမ ပြန်လုပ်ရင်း
လူမှုရေး လုပ်ငန်းများလုပ်ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယဆင့်
ချီးမြှင့်ခံရသည်။ လေထီးရဲဘော် သမ္မတမန်းဝင်းမောင်ထံ တောတွင်းမှ
မိလာသည့် ဗိုလ်မှူးချစ်ကောင်း သေဒဏ်မှလွတ်ရေး တောင်းဆိုသည်ကို
လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးသည့်အတွက် မန်းဝင်းမောင်ကို
၁၁ ဦးကျော်ငြိမ်းတို့ အုပ်စုက မကြေလည်ဖြစ်ခဲ့သည်။

သက်ရှိ အဘိဓာန်ပမာ နိုင်ငံရေးအတွေ့အကြုံများ ဝေငှပေးခဲ့သည် ။ သူ့မွေးနေ့ကို မောင်စူးစမ်း စသည့် လုပ်ဖော်ကိုင်ဘက်ဟောင်းများ သွားလေ့ရှိသလို


လူထုဒေါ်အမာမွေးနေ့တွင်လည်း ရဲဘော်ဟောင်းများ၊ မျိုးဆက်သစ်လူငယ်များနှင့် တွေ့ဆုံလေ့ရှိသည်။ ဒေါ်မြရီက ``ကိုယ်တို့ ရဲ့  အကောင်းဆုံး အရွယ် တွေကို
တိုင်းပြည်အတွက် ပေးလှူပြီး လုပ်ခဲ့ကြတာ။ သေချင်းပေါင်း ရှင်ချင်းပေါင်းတွေ သေဖော် ရှင်ဖက်တွေ လုပ်ခဲ့ကိုင်ခဲ့ကြတာ။ တိုင်းပြည်လွတ်လပ်ရေးအတွက်
ကိုယ်တို့ လုပ်ခဲ့ကြတယ်။ ဘွဲ့ ထူး ဂုဏ်ထူးတွေ ဘာမှ ကိုယ်မလျှောက်ခဲ့ဘူး၊ လျှောက်မှ ရတာမျိုးကို ကိုယ်တသက်လုံး မလျှေက်ဘူး။ ကိုယ့်ဘ၀ကို
ကိုယ်ကျေနပ်တယ်၊ ကိုယ့်ကို လူတွေက ချစ်ခင်လေးစားကြတယ်။ သည်နေ့အထိ ကိုယ့်အိမ်နီးချင်း မိတ်ဆွေတွေက ဟင်းခွက်ပို့တုန်း´´ ဟု သူ့ဘဝကို
သုံးသပ်ခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက် ညနေ ၃ နာရီတွင် သဂြို င်္ဟ်မည်ဟု သိရသည်။ သား ၁ ယောက်၊ သမီး ၂ယောက်ကျန်ရစ်သည်။

မန္တလေး အခွန်လွတ်ဈေး ဖျက်သိမ်းခံရ


သိန်းဇော် | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ခြံထွက်သီးနှံရောင်းချသည့် မန္တလေးတိုင်း ချမ်းအေးသာဇံမြို့ရှိ ဈေးသည် ၁၀၀ ခန့် ရောင်းချသည့် ဦးဖိုးသာဝင်း အခွန်လွတ်ဈေးကို
မြို့နယ်စည်ပင်က ဒီဇင်ဘာ ၄ ရက်နေ့က ဖျက်ခဲ့ကြောင်း
ဒေသခံများက ပြောသည်။

“ဈေးရဲ့ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်မှာ စောင့်ပြီး လာရောင်းတဲ့ ဈေးသည်တွေကို စပြီးဖမ်းတယ်။ ဈေးသည်တွေက ဆေးရုံကြီး မြောက်ဘက်ခြမ်း သွားရောင်းတယ်။
အဲဒီမှာ စည်ပင်ကားနဲ့ ရဲအယောက် ၅ဝ လောက် လာသိမ်းတယ်၊ ဈေးသည်တွေရဲ့ ဗန်းတွေကို သိမ်းသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ
မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ဈေးသည်များက အနီးရှိ မန္တလေးဆေးရုံကြီး မြောက်ဘက်သို့ ရွှေ့ပြောင်းရောင်းချရာတွင်လည်း လိုက်လံ ဖမ်းဆီးခံရပြန်သည်။ ယခုအခါ ဈေးသည်များမှာ


လိုက်လံလှည့်လည် ရောင်းချမှုသာ ပြုလုပ်နေကြရသည်။

အခွန်လွတ် ဈေးသူ/ဈေးသား ၂၇ ဦးက နေပြည်တော်သို့ တိုက်ရိုက် တိုင်ကြားရန် စီစဉ်နေကြသည်။

ဈေးသည်များ အပြောအရ မြို့နယ်စည်ပင်မှတဆင့် တိုင်စာပေးဖို့ရာ စည်ပင်က ပယ်ချခဲ့သည်ဟု ဆိုသည်။


၂ဝဝဝ ပြည့်နှစ် ဧပြီလတွင် ယင်းဈေးကို ဒေသအာဏာပိုင်များကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

အလားတူပင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌လည်း အမှတ် (၁) ဆိပ်ကမ်း တိုးချဲ့ရန်အတွက် အနီးရှိ လူနေဆိုင်ခန်း ၄ဝ ခန့်ကို ဒေသအာဏာပိုင်များက
ဖျက်ခိုင်းသဖြင့် ပြီးခဲ့သည့်လကုန်ပိုင်းတွင် ကိုယ်တိုင် ဖျက်ပေးခဲ့ရသည်။

ခရိုင် ခယက ကောင်စီက ဆိုင်ရှင်အချို့ကို ကျပ် ၅ သောင်း၊ အချို့ကို မြို့အစွန် ငလပွေ့ရပ်ကွက်၌ မြေကွက်တကွက်စီ ပေးခဲ့သော်လည်း ဆိုင်ရှင်များက
ကာလတန်ဖိုးထက် နည်းလွန်းလှသည်ဟု ပြောသည်။

အုတ်၊ ပျဉ်ထောင်ကာနှင့် သွပ်မိုးဆိုင်ခန်းများအတွက် မြေကွက်များကို မြို့နယ်စည်ပင်ဌာနမှ ကျပ် ၈ သိန်းမှ ၁၀ သိန်းအထိ ပေးဝယ်ခဲ့ရသည်ဟု ၎င်းတို့က
ဆိုသည်။

“ကိုယ့်ပိုက်ဆံနဲ့ မြေဝယ်ပြီး ဆောက်ထားတာပါ။ အခုလို ဆိုင်ခန်းတွေကို ဖျက်ခိုင်းတာကတော့ သဘာဝ မကျပါဘူး။ ” ဟု ဆိုင်ခန်းပိုင်ရှင် အမျိုးသားတဦးက
မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူနှင့် ၇ မိုင် ဝေးသည့် မဒေးကျွန်း၌ နိုင်ငံတကာ ရေနက်ဆိပ်ကမ်း ဆောက်လုပ်လျက်ရှိရာ ဆောက်လုပ်ရေး ပစ္စည်းတင် သင်္ဘောများ
ဆိုက်ကပ်ရန်အတွက် ကျောက်ဖြူဆိပ်ကမ်း တိုးချဲ့နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆိုင်ခန်းဖျက်သိမ်းမှုသာမက လယ်မြေ အိမ်ယာများ အတင်းအကျပ် ဖယ်ရှားမှုများ ရှိနေသဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့်
အစိုးရတရပ် တည်ရှိရန် လိုအပ်ကြောင်း ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်င)ံ HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

“ကောင်းမွန်တဲ့ အစိုးရ၊ လူ့အခွင့်အရေး လေးစားတဲ့ အစိုးရ၊ တရားမျှတမှုကို လေးစားတဲ့ တရားစီရင်ရေးတွေ ရှိမှသာ လူ့အခွင့်အရေးကို ကာကွယ်နိုင်မယ်။
ပိုမိုမှန်ကန်တဲ့ အစိုးရဆိုရင်တော့ လုပ်ဆောင်နိုင်မယ်” ဟု သူက ပြောသည်။ သို့သော် အာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာသို့
မကြောက်မရွံ့ တိုင်ကြားလျှင် အရေးယူမှု ဆောင်ရွက်လာပါက ဟန်ချက်မျှတသည့် လူ့အခွင့်အရေး တိုက်ပွဲများ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။

ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က အောင်ပွဲ ခံနိုင်ခဲ့ကြတာလဲ?


ဘိုဘိုကျော်ငြိမ်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၅၉ မိနစ်

ကျနော်တို့ ဗမာလူမျိုးတွေဟာ သူရဲကောင်း ကိုးကွယ်ချင်တဲ့ စိတ်ရှိကြတယ်။ ဒါကြောင့်သူရဲကောင်းမျှော်တဲ့ (မင်း)လောင်းမျှော်တဲ့ အကျင့်ကလေးဟာလဲ


တွယ်ကပ်ပါလာကြပြန်တယ်။ ဒီ (စိတ)် ဒီအကျင့်စရိုက်တွေကြောင့် လူအများဟာ ကိုယ့်အားကိုယ်ကိုးချင်တဲ့ စိတ်တွေနည်းပါးလာကြပြီး စကြာဝတေးမင်း
မြင်းပျံကြီးစီးပြီး လာကယ်မယ့်နေ့ကိုပဲ စိတ်ကူးယဉ်နေကြတယ်လို့ ခံစားရမိတယ်။

ဒါကြောင့် ဒေါ်စုမွေးနေ့ရောက်ရင် ကမ္ဘာတဝှမ်း ဧည့်သည်တော်ကြီးတွေကိုဖိတ်၊ ထမင်းစားပွဲကြီးတွေ ကျင်းပကြ၊ ဓာတ်ပုံစုံစုံ ရိုက်ပြီး အင်တာနက်ပေါ်


အပြိုင်အဆိုင် တင်ကြ၊ အန်တီစု ..အမေစုရဲ့… ဆိုပြီး ငိုကြယိုကြ၊ ကဗျာတွေသီကုံးဖွဲ့ဆိုကြပေါ့။ အဲ အာဇာနည်နေ့ ရောက်ပြန်ရင်တခါ ဗိုလ်ချုပ်ကို
လွမ်းကြပြန်ရော။ အို…..ဖခင်ဗိုလ်ချုပ်ရဲ့… အာဇာနည်ကြီးရဲ့ …. ကယ်တင်ရှင်ကြီးရဲ့….. ဆိုပြီး တခါ ငိုကြ..ယိုကြ..တမ်းတ ကြပြန်ရော။ အဲပြီးသွားရင်
ကိုယ်အိမ်ကိုယ်ပြန်ကြပြီး ကိုယ့်ဘဝ ကိုယ်လျှောက်ကြ၊ ကြုံရင် ကြည့်မရတဲ့သူ ကိုခလုတ်တိုက်သွားကြ၊ ဒါမှမဟုတ် နာမည်ရအောင် စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေကို
အင်တာနက်ပေါ် တက်ဆဲလိုက်ကြနဲ့ တနှစ်ကုန်သွားပြန်ပေါ့။ စစ်အာဏာရှင် စံနစ်က လွတ်မြောက်အောင် (ငါ) တို့ဘာလုပ်ရမယ်၊ ဘာတွေလိုအပ်တယ်၊
ဘာတွေပြင်ဆင်ရမယ်၊ ဘယ်လိုရင်ဆိုင်မယ်၊ ဘယ်လိုဗျူဟာနဲ့ အနိုင်တိုက်မယ် ဆိုတာ တွေကို စိတ်မဝင်စားကြဘူး။

ဒေါ်စု အိမ်တွင်း အထိန်းသိမ်းခံဘဝက လွတ်မြောက်တဲ့နေ့ရယ်၊ နောက်တနေ့ လူထုနဲ့ တွေ့ဆုံတဲ့နေ့မှာ လူထုက Objective


သောင်းသောင်းဖြဖြ ကြိုဆိုတာဟာ လူထုရဲ့ အသည်းကြားမှာ ဒေါ်စုရှိနေသေးတယ် ဆိုတာကို ပြလိုက်တာပဲ။
Analysisျ
မျက်ရည်ကျလောက်အောင် အားရစရာ ကောင်းလှပါတယ်။ ဒေါ်စုရဲ့ ဖခင် ကျုပ်တို့ ဗိုလ်ချုပ် ရွှေတိဂုံမှာ
မိန့်ခွန်းခြွေတဲ့နေ့နဲ့ နေသူရိန် အစည်းအဝေးပွဲတွေကို ပြေးသတိရမိတယ်။ လူထုထောက်ခံမှုရတာဟာ ပထမအပိုင်းပဲ
ရှိပါသေးတယ်၊ ဒုတိယအပိုင်းက ဒီထောက်ခံမှုကို အခြေခံ (အား)ယူပြီး ဒုတိယ လွတ်လပ်ရေးကို ဆွတ်ခူးနိုင်ဖို့ကျန်သေးတယ်။ ဒေါ်စုကိုယ်တိုင်က
အားလုံးပါဝင်ကြရမယ် ကျမတယောက်ထဲနဲ့မဖြစ်ဖူးလို့ ဆိုခဲ့ပြီ။ တွေးတတ်ရင် အလုံးစုံကို ဒေါ်စုပုခုံးပေါ် ဝိုင်းတင်ကြတာ မတရားပါဘူး။ သမ္မတကနေဒီ ပြောခဲ့တဲ့
နာမည်ကြီး စကားစု ရှိပါတယ်။ “တိုင်းပြည်ကငါ့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာကိုမမေးပါနဲ့၊ ငါကတိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာကိုသာ
မေးပါတဲ့”။ မှတ်သားစရာလေးပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ဦးဆောင်နိုင်ခဲ့တဲ့ လွတ်လပ်ရေး ဖခင်ဖြစ်တာကြောင့် လေးစားတာ ချစ်ခင်တာ သဘာဝကျပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကို ရအောင် ဦးဆောင် တိုက်ယူနိုင်ခဲ့တဲ့ မျိုးချစ်ခေါင်းဆောင် လွတ်လပ်ရေး ဗိသုကာ နိုင်ငံ့သူရဲကောင်းဆိုတာ ဘယ်သူမှ
မငြင်းနိုင်တဲ့ အချက်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲကောင်းအပြင် တခေတ်မှာ တယောက်သာ ပေါ်ပေါက်တတ်တဲ့ တကယ့် လူတော်လူကောင်း ထူးခြားတဲ့
ခေါင်းဆောင်ကောင်းတဦးဖြစ်ပြန်တယ်။

လောကမှာ အကျိုးတရားနဲ့ အကြောင်းတရား ဆိုတာ ဒွန်တွဲနေတာပဲ မဟုတ်ပါလား။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ဖဆပလ အဖွဲ့ကြီး
အင်္ဂလိပ်လက်က လွတ်လပ်ရေးကို ရအောင် တိုက်နိုင်ခဲ့တဲ့ (အကျိုးတရား) အနောက်မှာ (အကြောင်းတရား)တွေ အများကြီးရှိသလို ဗိုလ်ချုပ်တို့ဆီက အတုယူစရာ
အကျင့်အကြံ အရည်အချင်းနဲ့ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှု - (စံ) နဲ့ စနစ် - နည်းပရိယာယ် - အမြောက်အမြားရှိပါတယ်။

ကျနော်တို့ ဗမာလူမျိုးအများစုဟာ သူရဲကောင်း ကိုးကွယ်ချင်တဲ့ အကျင့်ကြောင့် ပုဂ္ဂိုလ်ရေး ချီးကျူးတေး တွေကိုသာ ဖွဲ့ဆိုကျုးရင့်လိုကြတယ်။ အတွင်းကျကျ
ဆည်းပူးပြီး လေ့လာသုံးသပ်မှု Analysis မှာ အားနည်းတာကို ဉာဏ်ရှိသူတွေ သတိပြုမိကြမှာပါ။ ဒါကြောင့် ခေတ်သစ် နိုင်ငံရေး စာရေးသူ အများစုကို
လေ့လာကြည့်ရင် Objective Analysis လို့ခေါ်ရမယ့် ဓမ္မဒိဋ္ဌာန်ကျကျ သုံးသပ်မှုဟာ ရှားပါးလှ တယ်လို့ထင်မိပြန်တယ်။

ဗိုလ်ချုပ်တို့ ခေတ်က မျိုးချစ်တော်လှန်ရေးသမားတွေ ဘာကြောင့် လွတ်လပ်ရေးကို အနိုင်တိုက်နိုင်ခဲ့ကြသလဲ ဆိုတာကို လေ့လာသုံးသပ်ပြီး ဗိုလ်ချုပ်တို့ရဲ့


တိုက်နည်း တိုက်ဟန် တိုက်ကွက် နည်းဗျူဟာ မဟာဗျူဟာတွေကို လေ့လာ သဘောပေါက်ပြီး အတုယူ နိုင်မှ ဗိုလ်ချုပ်တို့ခေတ်ကလို အောင်ပွဲခံနိုင်လိမ့်မယ် လို့
ထင်မြင် ယုံကြည်တာကြောင့် ဒီဆောင်းပါးကို ရေးရတာပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ အချိန် (Time) နဲ့ယှဉ်ပြီး မှတ်ကျောက်အတင်ခံနိုင်တဲ့ စစ်မှန်တဲ့ ခေါင်းဆောင် ဆိုတာကို အရင် အသိအမှတ်ပြုပါရစေ။

ကျနော်ဘာကို ဆိုလိုတာဘာလဲ။

ဥပမာ မော်စီတုံး ဟာ အသက်ရှိစဉ် ကာလမှာ တရုတ်ပြည်ကြီးမှာ ဘုရားတဆူတမျှ တန်ခိုးကြီးထွားခဲ့ပါတယ် ဒါပေမဲ့ ယနေ့တရုတ်စာသင်ကျောင်းတွေမှာ


မော်စီတုံး အကြောင်း စာတပိုဒ်ပဲ သင်ကြရတော့တယ်။ အာဏာနဲ့ ရမ်းခဲ့တာတွေ သတ်ခဲ့တာတွေ ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ မော်ဟာ ဘုရားမဟုတ်ဖူးဆိုတာ
တရုတ်တွေ သိသွားကြရပြီ။ သို့သော်လဲ မော်ဟာ တရုတ်တော်လှန်ရေးမှာ အရေးပါတဲ့နေရာက ပါခဲ့တယ်ဆိုတာ ဟာငြင်းမရတဲ့အချက်ပါပဲ။ ဒါကြောင့်
ရာဇဝင်မှာ နေရာမှန် ပြန်ရောက်သွားရတာပါ။ ထို့နည်းအတူ စတာလင်ဟာ သက်ရှိ အထင်အရှားရှိစဉ်က မော်ကိုပင် ကြိုးဆွဲနိုင်ခဲ့တဲ့ ဘုရားတဆူပါပဲ။
ရုရှားတွေသာမက ကမ္ဘာ့ကွန်မြူနစ်တွေရဲ့ ဘုရားတဆူပေါ့။ ဒါပေမဲ့ သေပြီးမကြာမီမှာပဲ ကရူးရှက်ရဲ့ ကျေးဇူးကြောင့် ဒို့ဘုရားဟာ လူသတ်သမား (mass
murderer) ကြီးဆိုတာ ကမ္ဘာက သိခွင့်ရခဲ့ကြရတယ်။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ကြိုက်တဲ့(အချိန)် ကြိုက်တဲ့ခေတ်မှာ လေ့လာကြပါ စံတင်ကြည့်ပါ။ မပြောင်းလဲစေရပါဘူး။


ခေါင်းထောင်လျက်ပဲ….လေးစားလျက်ပဲ။ ရဲရဲပြောရဲပါတယ်၊ လက်ရှိစစ်အစိုးရဟာ ဗိုလ်ချုပ်ကို ဒေါ်စုရဲ့ ဖခင်ဆိုပြီး အလေးမပေးချင်ဘူးလို့ထင်မိတယ်၊ ဒါပေမဲ့
ဗိုလ်ချုပ်ကိုပြည်သူတွေရဲ့ အသည်းကြားက ဆွဲနှုတ်လို့မရပါဘူး။

ဘာကြောင့်လဲ။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့အဓိက လက်နက်ဟာ အမှန်တရားကို လက်ကိုင်ထားတဲ့ မလိမ်မညာတဲ့ ရိုးသားဖြူစင်မှု (Honesty)၊ တိုင်းပြည်နဲ့ လူမျိုး အပေါ်ထားတဲ့
စေတနာနဲ့ မျိုးချစ်စိတ်ကြောင့်ပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီ ရိုးသားဖြူစင်မှု (Honesty) နဲ့ သူရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေအပြင် ပြိုင်ဖက်တွေကိုပါ အနိုင်ယူ စည်းရုံး
နိုင်ခဲ့တယ်။

ဒီစိတ်ဓာတ်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ အားလုံးကို ဗြောင်ဗြောင်တင်းတင်း.. ခုခေတ် အကြိုက်စကားနဲ့ ပြောရရင်တော့ ဖုံးကွယ်ခြင်း အလျင်းမရှိတဲ့


Transparency အပြည့်နဲ့ တိုင်းပြည်တာဝန် ကိုထမ်းဆောင်ခဲ့တယ်၊ တာဝန်ခံရဲတယ်။

အားရစရာ ရှိတာက ဗိုလ်ချုပ်သမီးဟာလဲ ဖခင်နည်းတူ ရိုးသားဖြူစင် (Honest) ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့နိုင်ငံရေးဘဝ ကို လေ့လာရင် (၂) ပိုင်းတွေ့နိုင်ပါတယ်။ ပထမအပိုင်းက ၁၉၃၆ ကျောင်းသားသပိတ် ခေါင်းဆောင်ဘဝစပြီး
ဖဆပလအဖွဲ့ကြီးကို ထူထောင်နိုင်ခဲ့တဲ့ ခေါင်းဆောင် တည်ဆောက်မှုဘဝ ဖြစ်ပြီး ဒုတိယဘဝမှာ ပြိုင်ဘက်မရှိ ခေါင်းဆောင်ဖြစ်ပြီးမှ မိမိရရှိလာတဲ့
ခေါင်းဆောင်မှုနဲ့ နေရာ၊ ပြည်သူရဲ့ထောက်ခံမှု (ပြည်သူ့အာဏာ)ကို အရင်းပြုပြီး မိမိရည်မှန်းချက်ကို အကောင်အထည်ဖေါ်တဲ့ ဘဝ၊ လွတ်လပ်ရေးကို
အရတိုက်နိုင်ခဲ့တဲ့ ဘဝလို့ဆိုနိုင်ပါတယ်။

ပထမနိုင်ငံရေးဘဝ - ကျောင်းသားသမဂ္ဂ

ဗိုလ်ချုပ်အောင်ဆန်းဟာ ကောလိပ်ကျောင်းသားဘဝ၊ ကျောင်းသားခေါင်းဆောင်ဘဝမှာ ကျောက်ရိုင်းသာသာ ရှိသေးချိန်မှာတောင် ပင်ရင်းဇာတိက


ပေါ်လွင်ခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ရှေ့တန်းကနေရာယူပြီး တာဝန်ယူ ခေါင်းဆောင်ချင်တဲ့လူမျိုးဖြစ်တယ် ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကောလိပ်ရောက်သည့် အချိန်မှာ ကျောင်းသားသမဂ္ဂဟာ အင်္ဂလိပ် အလိုတော်ရိ ကျောင်းသားတွေရဲ့ လက်ထဲမှာ ကျရောက်လျက်


ရှိပါတယ်။ ၁၉၃၄-၃၅ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲမှာ အမျိုးသားရေး နိုးကြားမှုရှိ၍ နိုင်ငံရေးစိတ်ဓာတ် ရှိတဲ့ ကျောင်းသားတစု ဝင်အရွေးခံကြတယ်။
ကိုအောင်ဆန်း ကိုသီဟန် ကိုကျော်ငြိမ်း ကိုသိန်းဖေ တို့ဖြစ်ကြတယ် (ဦးသိန်းဖေမြင့်၏ကျော်ငြိမ်း စာမျက်နှာ(၂၅))

အရွေးမခံရခင်ကထဲက ကိုအောင်ဆန်းက ကိုကျော်ငြိမ်းကို ငါအတွင်းရေးမှူး လုပ်မယ်လို့ ကြို အသိပေးထားတယ်။ (ဦးကျော်ငြိမ်း၏ ကိုယ်ရေးမှတ်တမ်းမှ)


ကံဆိုးချင်တော့ အဲဒီနှစ်မှာ ကိုကျော်ငြိမ်းနဲ့ ကိုသိန်းဖေတို့ပဲ အရွေးခံရခဲ့တယ်။ အောက်တိုဘာ ကျောင်းပိတ်ရက်မှာ ဒုဥက္ကဋ္ဌ နေရာလစ်လပ်သွားတော့ ၅ဦးအဖွဲ့
(ကိုန-ု ကိုအောင်ဆန်း-ကိုအုန်း-ကိုကျော်ငြိမ်း-ကိုသိန်းဖေ) တိုက်တွန်းချက်အရ ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုနု ဝင်ပြိုင်ရာ ယှဉ်ပြိုင်သူမရှိ အရွေးခံခဲ့ရပါတယ်။
(ကျောင်းသား လှုပ်ရှားမှု သမိုင်း (အောင်ထွန်း) -စာမျက်နှာ(၆၁))

၁၉၃၅-၁၉၃၆ တကသ အမှုဆောင် အဖွဲ့မှာတော့ နိုင်ငံရေး ကျောင်းသားများက ရွေးကောက်ပွဲမှာ အနိုင်ရ အုပ်စိုးထားနိုင်ခဲ့ကြပေပြီ။ ၁၉၃၅-၃၆ တကသ
အမှုဆောင် အဖွဲ့ကို ရာဇဝင် အမှတ်တရဖြစ်စေရန် တင်ပြပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ တက္ကသိုလ်သမဂ္ဂဟာ နောင် တိုင်းပြည် ခေါင်းဆောင်ဖြစ်လာကြမယ့်
ခေါင်းဆောင်များကို မွေးဖွားပေးရာဌာန ဖြစ်လာတာကြောင့်ပါ။

၁။ ကိုနု ဥက္ကဋ္ဌ (နောင်ဝန်ကြီးချုပ်)


၂။ ကိုရာရှစ် ဒုဥက္ကဋ္ဌ (နောင်ဝန်ကြီး)
၃၊ ကိုသီဟန် အတွင်းရေးမှူး (နောင်ဝန်ကြီး)
၎။ ကိုအောင်ဆန်း အိုးဝေစာတည်းအယ်ဒီတာ (နောင်ဗိုလ်ချုပ်အောင်ဆန်း)
၅။ ကိုအုန်း ငွေထိန်း (နောင်သံအမတ်)
၆။ ကိုထွန်းအုံ စာကြည့်တိုက်မှူး (နောင် ရန်ကုန်မြူနီစပယ်မင်းကြီး)
ရ။ ကိုသာလှ နိုင်ငံခြားဆက်သွယ်ရေး (နောင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်)
ဂ။ ကိုဘဆက် အားကစားမှူး (နောင်နိုင်ငံခြားရေးဌာန)
၉။ ကိုထွန်းတင် ပေါင်းသင်းဆက်ဆံရေးမှူး (နောင် လျှပ်စစ်ဘုတ်ဥက္ကဋ္ဌ)

တို့ဖြစ်ကြတယ်။ ( ကျောင်းသားလှုပ်ရှားမှုသမိုင်း - စာမျက်နှာ (၆၂))

၁၉၃၆ မှာ ဥက္ကဋ္ဌ ကိုနု ကျောင်းထုတ်ခံရခြင်း နဲ့ အိုးဝေမဂ္ဂဇင်းတွင် ငရဲခွေးကြီး လွတ်နေပြီ (Hell Hound at large) ဆောင်းပါးရှင် နာမည်ကို မဖေါ်နိုင်ဆိုတဲ့အမှုနဲ့
အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်းပါ ကျောင်းထုတ်ခံရမှုကြောင့် သမဂ္ဂခေါင်းဆောင်များ ဦးဆောင်ပြီး ၁၉၃၆ကျောင်းသားသပိတ်ကို ဖေါ်ထုတ်ခဲ့ကြပါတယ်။
ဤသပိတ်ဟာ ၁၉၂ဝခု ကျောင်းသားသပိတ်နောက် ဒုတိယ ကျောင်းသားသပိတ်ဖြစ်ပြီး ဗမာနိုင်ငံရဲ့ လွတ်လပ်ရေးကို ဦးဆောင်မယ့် လူငယ်ခေါင်းဆောင်များကို
မွေးဖွား စုစည်းပေးခဲ့တဲ့ မှတ်ကျောက် ဆိုရင်လဲ မမှားပါ။

ဤကျောင်းသားသပိတ်ရဲ့ထူးခြားချက်မှာ ရန်ကုန်တက္ကသိုလ်တွင်သာ (ဝ)ကွက်၍ အုံကြွခဲ့ကြတာမဟုတ်၊ တနိုင်ငံလုံး ပြန့်နှံ့ကာ တက္ကသိုလ်ကျောင်းသား များနဲ့


အထက်တန်းကျောင်းသားများ အဆက်အသွယ်ရကြကာ ကျောင်းသားအချင်းချင်းဆက်သွယ်မှု ကွန်ယက် ( Communication Network )
ကိုဖေါ်ထုတ်နိုင်ခဲ့ကြပါတယ်။ ဤဆက်သွယ်မှုမှ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ကို ဖေါ်ထုတ်နိုင်ခဲ့ကြတယ်။

ဗျူဟာအမြင်က ကြည့်ရင် နောင်လွတ်လပ်ရေးခေါင်းဆောင်ဖြစ်လာကြမယ့် ကျောင်းသားခေါင်းဆောင် လူငယ်များ ဤကျောင်းသားသပိတ်မှာ လူထုစည်းရုံးရေး -


အဖွဲ့အစည်းထူထောင်ရေး - လူထုနှင့် ဆက်သွယ်ရေး - ခေါင်းဆောင်မှုပညာတို့ကို စစ်မြေပြင်မှာ လက်တွေ့သင်ကြားရသလို နဖူးတွေ့ ဒူးတွေ့
တတ်မြောက်ခဲ့ကြရတယ်။

အဖွဲ့အစည်းတခုကို တည်ထောင်ရုံသာမက အဖွဲ့စည်းအတွင်း အားပြိုင်မှု (Factional Politics) နှင့် နိုင်ငံရေး အခွင့်အရေးအသုံးချတတ်မှု (Political
Manipulations) တွေကိုပါ ကောင်းကောင်းနားလည်လာကြတယ်။

အရေးကြီးတဲ့ နောက်တချက်က နိုင်ငံရေးလုပ်ကြရင်း တဦးကိုတဦး ယုံကြည်လေးစားမှု တည်ဆောက်ပေးတဲ့ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို


အလုပ်ကမွေးဖွားပေးလိုက်တယ်။

စုပေါင်းခေါင်းဆောင်မှု

အုပ်စုအလိုက်ဦးဆောင်မှုကိုလဲပဲ ဒီကျောင်းသားခေါင်းဆောင်တစု ကောင်းကောင်းသဘောပေါက်ကြတယ်။ ဒါကြောင့် (အတွင်းအုပ်စ)ု ဆိုတာကို ဖွဲ့ခဲ့ကြတယ်။


ဒီအတွင်းအုပ်စုကပဲ သမဂ္ဂကြီးထွားရေး ကို ခေါင်းဆောင်မှုပေးခဲ့တယ်။
ဥပမာ ၁၉၃၅ စာမေးပွဲပြီးတော့ ကိုကျော်ငြိမ်းဟာ အိုင်စီအက် ဖြစ်ဖို့ ရည်မှန်းချက်နဲ့ ကျောင်းထားပေးတဲ့ ဦးလေးအလိုကျ တတိယနှစ် ဂုဏ်ထူးတန်းအတွက်
စာကြိုးစားနေရတယ်။ သမဂ္ဂ အလုပ်အမှုဆောင်ပင် ဝင်မလုပ်နိုင်တော့။ သို့သော် ကိုသာလှကို သမဂ္ဂမှာ ဝင်လုပ်ဖို့ စည်းရုံးကြတော့ ကိုသာလှက
အံ့အားသင့်နေတယ်။ ဒါ ကိုကျော်ငြိမ်းနေရာလို့ ဆိုခဲ့တယ်။ ခင်ဗျားကို ကိုကျော်ငြိမ်း က အဆိုပြုတာဗျလို့ပြောမှ လက်ခံခဲ့တယ်။ (ဒေါက်တာသာလှ ကိုယ်တိုင်ရေး
မှတ်တမ်းမှ) - အလားအလာရှိသော လူတော်များကို ရွေးစုပြီး ပြုစုပျိုးထောင်ပေးကြတယ်။ ထို့နည်းတူစွာ နိုင်ငံရေး အကွက်များ အုပ်စုတိုက်ပွဲပညာများကို
ကိုအောင်ဆန်း - ကိုကျော်ငြိမ်းတို့ ကိုရာရှစ်ထံမှ ပညာရခဲ့ကြတယ် (ဦးကျော်ငြိမ်း ကိုယ်တိုင်ပြောပြချက်) (မှတ်ချက်။ ကိုရာရှစ်ဟာ တကသရဲ့ ပထမဦးဆုံး
အတွင်းရေးမှူး ဖြစ်ပြီး ကိုအောင်ဆန်းတို့ထက် (၃) နှစ်ကြီးတယ်၊ (ကျောင်းသားသမဂ္ဂသမိုင်း စာမျက်နှာ ၁၅၁ ) ၁၉၃၁ ခု ကျောင်းသားသမဂ္ဂပေါ်ပေါက်လာအပြီး
သ္ခင်ဗစိန်နှင့် ကိုရာရှစ်တို့ အထင်ပေါ်ဆုံး ကျောင်းသား ခေါင်းဆောင်များဖြစ်လာကြတယ်)

၁၉၃၆ ကျောင်းသားလှုပ်ရှားမှု မှ နောင်တနေ့ခေါင်းဆောင်ဖြစ်မယ့် လူငယ်များ အတုယူနိုင်ရန် ဖြစ်စဉ် (၂)ခု ကို ဆွေးနွေးပါရစေ။ Mr Butwell ရဲ့စာအုပ် U Nu of
Burma - Chapter 3 – The 1936 Student Strike ကို ကိုးကားပါတယ်။ မစ္စတာဘတ်ဝဲလ် က ကိုရာရှစ်ကို ကိုးကားပြီးရေးခဲ့တာက

“ကိုနုဟာ အသေးစိပ်ကိစ္စတွေကိုစိတ်မဝင်စားပါ။ သို့သော် စကားပြောကောင်း၍ လူထု စိတ်ပါလာအောင် ထောက်ခံလာအောင် ပြောနိုင်တယ်။ (မှတ်ချက် ။


အင်္ဂလိပ်လိုတော့ ဒါကို Charisma ဟု ခေါ်ကြတယ၊် စာရေးသူကတော့ (ဘုန်း) လို့ခေါ်ချင်တယ်)် ဒါကြောင့် ဆွေးနွေးမှုတာဝန် နဲ့ နေ့တဓူဝ အဖွဲ့အစည်း
ဆောင်ရွက်မှုတာဝန်တို့ဟာ အောင်ဆန်း၊ ကျော်ငြိမ်းနှင့် ကျနော့ထံ ကျရောက်ခဲ့ပါတယ်။

လူတိုင်းကိုယ်စီမှာ အားသာချက် အားနဲချက်ဆိုတာရှိကြစမြဲပဲ။ တဦးရဲ့အားနဲချက်ကို တဦးရဲ့ အားသာချက်နဲ့ ဖြည့်ဆည်းလိုက်တဲ့အခါ (အုပ်စုအား)


(အုပ်စုခေါင်းဆောင်မ)ှု ဆိုတာ ပေါ်လာရပါတယ်။ နောက်သတိပြုရန် အချက်မှာ သူသာသည် ငါနာသည် စိတ်မထားကြ မနာလို စိတ်မဖြစ်ကြ ။

ကျနော့ အမြင်အရပြောရရင် ဗိုလ်ချုပ်အောင်ဆန်း ဟာ ဦးနုရဲ့ Charisma ကို ကောင်းကောင်း သဘောပေါက်တယ်။ ဒါကြောင့် တို့ဗမာအစည်းအရုံးကိုဝင်ဖို့
အတင်းဆွဲခေါ်လာသလို ဖဆပလ အမတ်ဝင်ရွေးဖို့ ဦးနုက အကြောက်အကန်ငြင်းနေတော့ “The country is doomed” တိုင်းပြည်တော့ (ဒုက္ခဖြစ်ပ)ီ
ဆိုပြီးညည်းတွားလိုက်တာပဲ ။”

နောက်ဖြစ်စဉ်လေးတခုမှာ ကိုနုနဲ့ ကိုရာရှစ်တို့ ဟင်္သာတမှာ စည်းရုံးရေးထွက်ကြတော့ ကိုရာရှစ်က အိပ်ရာဝင်သွားပြီ။ ကိုနုတယောက်ပဲ ပရိသတ်နဲ့ကျန်ခဲ့တယ်။


ပြောရင်း ဆွေးနွေးရင်း တက္ကသိုလ်ထုံးကို ရောက်သွားတယ်။ ဒါပေမဲ့ ဒီ တက္ကသိုလ်ထုံး မှာ ဘာတွေများ မှားနေသလဲ၊ ဘာတွေ ပြင်ရမှာလဲလို့ အမေးခံရတော့ ကိုနု
မဖြေနိုင်ဘူး။ ကိုနုက ပရိသတ်ကို မညာဘူး၊ မလှည့်စားဘူး၊ ကျနော် မသိဘူး အားလုံးကိုသိတဲ့ ကိုရာရှစ်ကိုခေါ်ပေးမယ် ဆိုပြီး ဖြေလိုက်တယ်။ ကိုနု
ဒီလောက်အထိပွင့်လင်းတာကို ကိုရာရှစ်က အံ့အားသင့်မယုံနိုင်ဘူး။ ဒါပေမဲ့ ကိုနုက ငါတို့အမှန်အတိုင်း ရိုးသား ရမယ် (we must be honest) လို့ဖြေခဲ့တယ်။
ဒါဟာ လူကောင်း - ခေါင်းဆောင် ကောင်း ဖြစ်တာကို သက်သေပြလိုက်တာပဲ။ ယ္ခုခေတ် ကိုယ်မသိတာကို ဝန်မခံချင်တဲ့ တတ်ယောင်ကား တွေနဲ့ ကွာလိုက်ပါပြီ။
လူငယ်လေးတွေကို သတိပြု အတုယူ စေချင်တာပါ။ ခေါင်းဆောင်မှုမှာ (မူ) ဆိုတာ အရေးကြီးလှပါတယ်။

ကိုအောင်ဆန်းဟာ ကျောင်းသားသမဂ္ဂ ထဲမှာ တကသ ရော ဗကသ မှာပါ ဥက္ကဋ္ဌ အဖြစ်နဲ့ ဆက်ခေါင်းဆောင်မှု ပေးခဲ့တာကြောင့် ရှေ့မီနောက်မျီ
ကျောင်းသား တော်များများနဲ့ ရင်းနှီး အကျွမ်းဝင်ခွင့်ရခဲ့ရတယ်၊၊ ၁၉၃၆ ကျောင်းသားလှုပ်ရှားမှုမှာ ကိုနု ကိုကျော်ငြိမ်း ကိုသိန်းဖေ ကိုရာရှစ် ကိုလှဖေ
(ဗိုလ်လက်ျာ) ကိုခင်မောင်ကလေး တို့နဲ့ ရင်းနှီးခဲ့ရတယ်။ ထို့ပြင် နောင် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဖြစ်လာပြီး ဗိုလ်ချုပ်နဲ့ မယားညီအကို ဖြစ်လာမယ့်
ျ
ျ
ကိုသန်းထွန်း (သ္ခင်သန်းထွန်း) ကို ကိုကျော်ငြိမ်း ရဲ့ မိတ်ဆက်ပေးမှုကြောင့် သိကျွမ်းခဲ့ရပြန်တယ်။ ကိုကျော်ငြိမ်းနဲ့ ကိုသန်းထွန်းတို့က
ပျဉ်းမနားသား အချင်းချင်း မန္တလေးတက္ကသိုလ်မှာ ကထဲက သိခဲ့ကြရတယ်။ ၁၃ဝဝပြည့်အရေးတော်ပုံမှာ နာမည်ကြီးလာကြမယ့် ကိုဗဟိန်း
(နောင်ကွန်မြူနစ် ခေါင်းဆောင်)၊ ကိုဗဆွေ (နောင်ဆိုရှယ်လစ်ခေါင်းဆောင်) တို့နဲ့လဲ ကျောင်းသားသမဂ္ဂ ဘဝမှာ ခင်မင်ရင်းနှီးခဲ့ရပြန်တယ်။ ဗိုလ်ရန်နိုင်
ဗိုလ်ဇေယျတို့ဟာလဲ ကျောင်းသားသမဂ္ဂက တက်လာကြသူတွေပါပဲ။

မှတ်သားစရာ နဲ့ သုံးသပ်မှု

အင်္ဂလိပ်ဟာ ကိုလိုနီ ကျူးကျော်စော်ကားသူတွေ ဖြစ်လင့်ကစား သူတို့နိုင်ငံမှာ ဒီမီုကရေစီ ကျင့်သုံးတာကြောင့် civil society လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတွေကို
တည်ထောင်ခွင့်ပြုတယ်။ ဒါကြောင့် ဗိုလ်ချုပ်တို့ခေတ်က လူငယ်တွေဟာ သမဂ္ဂတွေထောင်ပြီး ဦးဆောင်ခွင့်ရခဲ့ကြတယ်။ ဒါကြောင့် အဖွဲ့အစည်းနဲ့
သိုင်းသိုင်းသိုင်းဝိုင်းဝိုင်း လုပ်ဆောင်ခွင့် ရခဲ့ကြတယ်။ အတွင်းအုပ်စုကို တည်ထောင်နိုင်ခဲ့ကြတယ်။

၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးကထဲက ဗိုလ်ချုပ်နေဝင်းဟာ နိုင်ငံရေးပါတီတွေကို နှိမ်နှင်း၊ စစ်တပ်ကလွဲလို့ civil society လို့ ခေါ်နိုင်တဲ့ အဖွဲ့အစည်းမှန်သမျှကို
စံနစ်တကျ ရိုက်ချိုးဖျက်စီးခဲ့တာ ၁၉၆၂ နောက် ဗမာပြည်မှာ လူလုပ်ရသူတိုင်း စစ်တပ်နဲ့ မဆလကလွဲလို့ အဖွဲ့အစည်းနဲ့ လုပ်ခွင့်ကိုမရကြတော့ပါ။ ဒါကြောင့်
အဖွဲ့အစည်းထောင်ပြီး အင်အားယူရမည်ကိုမသိကြသလို အဖွဲ့အစည်း ဘယ်လို ထောင်ပြီး ဘယ်လိုကြီးထွားအောင် လုပ်ရမှာကို မသိကြလို့ သုံးသပ်မိပါတယ်။

၁၉၈၈ အရေးတော်ပုံကြီး အတွင်းက မင်းကိုနိုင် ကိုကိုကြီး မိုးသီးဇွန် ဝင်းမိုး အောင်နိုင် စတဲ့ ဗကသ ခေါင်းဆောင်များ ထွန်းပေါ်လာကြသော်လဲ
ဗိုလ်ချုပ်တို့ခေတ်ကလို လွတ်လွတ်လပ်လပ် ဦးဆောင်နိုင်တဲ့ အချိန်ရေရှည် မရခဲ့ကြပါ။ ထို့ပြင် ရှစ်လေးလုံး အုံကြွမှုကြီးကို ဖေါ်ထုတ်ဦးဆောင်ခဲ့ကြတဲ့
ကျောင်းသားခေါင်းဆောင်များ ဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ ဒေါ်စုတို့နဲ့ ပူးတွဲလုပ်ဆောင်ခွင့် အချိန်မရခဲ့ကြ။ စစ်တပ်က
ပေါင်းစည်းခွင့်နှင့်ပေါင်းစည်းချိန်မပေးခဲ့။ အတိုက်အခံဆိုတာက ဦးနေဝင်း (၂၆) နှစ် အုပ်စိုးပြီးချိန်မှာ ယဲ့ယဲ့သာ ကျန်တာမို့ ရှစ်လေးလုံး ဗြုန်းစားကြီးပေါ်လာပြီး
အခွင့်အရေး အကောင်းဆုံးအချိန်မှာ အာဏာကို (လု) ယူလိုက်သင့်တယ်၊ မ(လု)ယူ နိုင်ခဲ့ကြ ။ စစ်အစိုးရက ဒုတိယအကြိမ် အာဏာသိမ်းအပြီး ဖိနှိပ်ဖြိုခွဲချိန်
ရောက်လာပြီမို့ ကျောင်းသားအများစု အဝေးရောက်ကုန်ကြပြီး ကျောင်းသား တပ်မတော်လဲ နှစ်ခြမ်းကွဲ၊ အများစု တကမ္ဘာလုံးပြန့်ကြဲ အစိပ်စိပ်အမွှာမွှာ
ဖြစ်ကုန်ကြတော့ အဖွဲ့အစည်း တည်ထောင်ပြီး အင်အားကို ပြန်မတည်ဆောက်နိုင်ကြတော့ပါ။ အဖွဲ့အစည်းနဲ့တိုက်မှ အင်အားရှိမည်ကိုမသိကြ၊
အဖွဲ့အစည်းနှင့်မလုပ်တတ်တာတွေ ပါပါတယ်။

နိုင်ငံရေးဆိုတာအင်မတန် ရှုပ်ထွေးသလို သိမ်မွေ့ နက်နဲလှပါတယ် ။

မဆလ စံနစ်ကြီးပြိုကွဲသွားပေမယ့် သူ့ရဲ့အမွေဆိုးဖြစ်တဲ့ “ မဆလစိတ်ဓာတ်ဆိုး“ ကြီးဟာ ဗမာတွေအကြားမှာ ယနေ့အထိ စစ်တပ်အတွင်းမှာရော အတိုက်ခံတွေ


အကြားမှာပါ ရှင်သန်လျက်ပါပဲ။

အဖွဲ့အစည်းနဲ့ နိုင်ငံရေး အတွေ့အကြုံ မရှိတဲ့အပေါ်မှာ မဆလစိတ်ဓာတ်က ဖိစီးလိုက်တော့ ရှစ်လေးလုံးလူငယ် တွေခမျာ ရှင်သန်တိုးတက်ခွင့်မရတော့ဘူးလို့


ယေဘုယျအားဖြင့် သုံးသပ် နိုင်ပါတယ်။

နောက်သိသာထင်ရှားတဲ့ အချက်က capacity လိုခေါ်နိုင်တဲ့ (အသိစွမ်းအား) ပါပဲ

ရင်နာဖို့ကောင်းတာက ဗိုလ်ချုပ်တို့ ခေတ်က ကိုလိုနီ(ကျွန)် ပညာရေးဖြစ်ပေမယ့် အဆင့်အတန်းရှိတယ်။ ဟိုခေတ်က ကောလိပ်ကျောင်းသားဆိုရင် အင်္ဂလိပ်စာကို


ပိုင်ပိုင်နင်းနင်း ရေးနိုင်ပြောနိုင်ပြီ။ ဆရာတွေက ဖိဖိစီးစီး သင်တာကြောင့်တကြောင်း၊ အင်္ဂလိပ်စာ နိုင်နင်းတာကြောင့်တကြောင်း စာဖတ်အားကောင်းကြတယ်
ဗဟုသုတကြွယ်ကြပြန်တယ် ။ အတွေးအခေါ် (အသိစွမ်းအား) capacity မြင့်ကြတယ် လို့ဆိုနိုင်တယ် ။

ပါလီမန်ဒီမိုကရေစီခေတ်ကျော်ပြီးသည့်တိုင် ဗမာနိုင်ငံရဲ့ ပညာရေးဟာမြင့်မားခဲ့ပါသေးတယ်။ စစ်အစိုးရတက်ကာစ ကာလအထိ ရှင်သန်လျက်ရှိပါတယ်။ ၁၉၅ဝ


ခုနှစ်များမှာ ရာဇဝင် ပါမောက္ခ ဒေါက်တာကျော်သက် အင်္ဂလိပ်လို သင်ကြားပို့ချနေတာကို (YouTube) မှာရှာဖွေကြည့်ရှုနိုင်ကြပါတယ်။ ကျနော်
စက်မှုတက္ကသိုလ်ရောက်တော့ (၁၉၆၈ခု) ဆရာတွေဟာ အမေရိကန် နိုင်ငံ ကျောင်းကောင်းတွေဖြစ်တဲ့ MIT- Harvard မှ ဘွဲ့ရသူတွေနဲ့ ပြည့်လျက်ပါ။ ဖဆပလ
အစိုးရဟာ ရသမျှ အခွင့်ရေးတွေကို ယူပြီး နိုင်ငံခြားပညာတော်သင်တွေ လွှတ် ခဲ့တာကိုး။

စစ်အစိုးရတက်အပြီး တကသ တပ်ဦးကျောင်းသားဟောင်း ဒေါက်တာညီညီ ဒုဝန်ကြီးအဖြစ်မှာ စနစ်သစ်ပညာရေး ဆိုပြီး ဆိုရှယ်လစ်စံနစ် ပညာရေးစံနစ်သစ်ကို


စတင်အကောင် အထည်ဖော်ချိန်ကစပြီး ဗမာပြည်ရဲ့ ပညာရေးစံနစ်ဟာ ထိုးကျခဲ့ရတယ်။ အရင်က အနောက်နိုင်ငံတွေ ရဲ့ ထုံးတမ်းစဉ်လာအတိုင်း Liberal arts
ပညာရေးကို ဦးစားပေးခဲ့တယ်။ ဘီအေ ဘီအက်စ်စီ အဆင့်မှာ အခြေခံပညာရပ်တွေကို ဖက်စုံကသင်ပေးတာပေါ့။ ဒေါက်တာ ညီညီတို့ခေတ်မှာတော့
ရွှေဉာဏ်တော် စူးရောက်ပြီး ဆိုရှယ်လစ်ပညာရေးအတိုင်း (အထူးပြု) Specialization ကို ဦးစားပေးရမယ်ဆိုပြီး စံနစ်တခုလုံး ပြောင်းလဲခဲ့ကြပါတယ်။ အဓိက
ထိခိုက်တာကတော့ critical thinking လို့ခေါ်တဲ့ လွတ်လွတ်လပ်လပ် ချင့်ချိန် တွေးခေါ်ခြင်းပညာရပ်ဟာ တိမ်ကောခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

၁၉၆၂ ဇူလိုင် (၇) ရက် ကျောင်းသားထုနဲ့ ထိပ်တိုက်တွေ့ အပြီးမှာ စစ်အစိုးရဟာ ကျောင်းသားတွေကို မရှိမဖြစ်တဲ့ တိုင်းပြည် ရတနာတွေလို့ မမြင်တော့ဘူး။
ပြဿနာကောင်တွေလို့ မြင်စပြုလာပြီ။ ဒါကြောင့် နောင်ခေတ်ခေါင်းဆောင်တွေ ပညာတတ်တွေ မွေးဖို့ထက် ကျောင်းသားတွေကို ကိုင်တွယ်နိုင်ဖို့
အားသန်ကြိုးစားလာတော့တယ်။

ထို့ပြင် ဦးနေဝင်းဟာသူ့ရဲ့ အုပ်ချုပ်သက်တမ်း (၂၆) နှစ်မှာ အရှေ့နဲ့အနောက် စစ်အေး တိုက်ပွဲကိုအခွင့်ကောင်းယူပြီး isolation policy လို့ခေါ်တဲ့
တကိုယ်တည်းသီးခြားနေတဲ့ ပေါ်လစီ ကိုကျင့်သုံးခဲ့ပြီး တတိုင်းပြည်လုံးကိုလဲ သတင်းမှောင်ချခဲ့ပါတယ်။ ဒါကြောင့် (အသိဉာဏ်) ဖွံ့ဖြိုးရေးဟာ ထိုးကျ
လာခဲ့ရတယ်။

ကွယ်လွန်သူ ဦးတင်မောင်ဝင်းပြောပြလို့ သိရတာပါ။ ရှစ်လေးလုံးအုံကြွမှုကြီးအပြီး ကျောင်းသား တွေစုပြုံပြီး ထွက်လာကြတော့ လူငယ်ကျောင်းသားတစုက


စိတ်ဓာတ် ထက်သန်စွာနဲ့ ဦးတွတ်…. ကျနော်တို့ကို အက်(၁၅) (F-15) လေယာဉ်ရှာပေးပါ၊ စစ်တပ်ကိုအသေခံ ဗုံးကြဲမယ် လို့တောင်းဆိုခဲ့ကြတယ်။
စိတ်ဓာတ်ကိုချီးကျူးစရာကောင်းလှပေမယ့် ဒီလို စစ်လေယာဉ်တွေ ဘယ်လောက်ဈေးကြီးတယ်၊ ဒီလေယာဉ်တွေ ပျံနိုင်ဖို့ နောက်က
ဘယ်လောက်ပံ့ပိုးရတယ်ဆိုတဲ့အချက်တွေကို မစဉ်းစားမိတာဟာ (အသိဉာဏ်စွမ်းအား) မပြည့်စုံသေးသောကြောင့်လို့ ငြင်းချက်ထုတ်နိုင်ပါတယ်။
(အသိဉာဏ်စွမ်းအား) နဲရင် ရိုးရိုးအအ တွေဖြစ်ကုန်တာပေါ့။

ဗုဒ္ဓတရားတော်မှာ အဝိဇ္ဇာ လွှမ်းနေရင် တဏှာကိုလဲမပယ်နိုင်၊ တွယ်တာမှုကိုလဲ မကျော်နိုင်ပဲ သံသရာကမထွက်နိုင်သလို အသိဉာဏ်စွမ်းအားသည်လဲ နိုင်ငံရေးမှာ


အရေးပါလှပါတယ်။ နိုင်ငံရေး အဝိဇ္ဇာလို့ပြောလို့ရပါတယ်။ ဒီ (အသိဉာဏ်စွမ်းအား) အပေါ် အများကြီး မူတည်ပါတယ်။ ဒိအပြင် (အသိဉာဏ်စွမ်းအာား)
ရှိတဲ့သူတွေဟာ အသိပညာရဲ့ ထိန်းသိမ်းမှုကြောင့် ရမ်းရမ်းကားကားဆဲဆိုခြင်း တဖက်သတ် တိုက်ခိုက်ခြင်း မတရား စွပ်စွဲစော်ကားခြင်းတို့ကို
ရှောင်ရှားကြပါတယ်။ မိမိရဲ့ဂုဏ်သိက္ခာ မိမိအပေါ်ယုံကြည်မှု (credibility) ထိခိုက်မှာကို ကြောက်ရွံ့သတိရှိကြပါတယ်။ မိမိရဲ့ (မူ) principle မှသွေဖည်မှာကို
စိုးရိမ်ကြပါတယ်။ ဒါ့ကြောင့် အပြောအဆို အရေးအသားမှအစ (သတိ) ရှိကြ၊ (မူ) ရှိကြပါတယ်။

ကျနော်ဥပမာလေး တခုကိုတင်ပြပါရစေ။

၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် မှာ အတူတူပါဝင်ခဲ့ကြတဲ့ ကိုကျော်ငြိမ်းနဲ့ နောင်လူထုဒေါ်အမာဖြစ်လာကြမယ့် မအမာ တို့ဟာ ပုဂ္ဂိုလ်ရေးသက်သက်ပဲလား
ဝါဒရေးကြောင့်ပဲလားမသိ၊ တယောက်ကိုတယောက် ကြည့်မရခဲ့ကြပါ။ ဒါပေမဲ့ ဦးကျော်ငြိမ်းဟာ ၁၉၃၆ ခုကျောင်းသားသပိတ် အကြောင်းရေးပြတော့ ရာဇဝင်ကို
အမှန်အတိုင်း (မူ) Principle အရ အရှိကိုအရှိအတိုင်း ရေးပြခဲ့ပါတယ်။

“လူထုတရားပွဲတွင် ယောက်ျား များနှင့် ယှဉ်၍ ရဲရဲတောက် ရင်ဘောင်တန်း တရားဟော ကောင်းသူ ကျောင်းသူ ခေါင်းဆောင်များမှာ မအမာ-ဘီအေအောက်တန်း
(ယ္ခုလူထုဦးလှဇနီး)၊ မမကြီး (ယ္ခုအထက်တန်းကျောင်းဆရာမကြီး-မြူမင်းကြီးဟောင်း ဦးထွန်းအုံ၏ဇနီး)၊ မခင်မြ (ယ္ခု ဒေါက်တာဒေါ်ခင်မြ-ပညာရေးတက္ကသိုလ)် ၊
မအုံး (ယ္ခု မန္တလေးတက္ကသိုလ် ပါဠိ ဌာန ပင်စင်စား ပါမောက္ခ - အမ်အေဒေါ်အုံး) တို့ပါဝင်သည်။ ကျန်သပိတ်မှောက် ကျောင်းသူများမှာ စင်မြင့်ပေါ်၌
တရားဟောမကောင်းသော်လည်း ရဲရဲတောက်တွေချည်းဖြစ်ကြပါသည်။”
(ဦးကျော်ငြိမ်း၏ကိုယ်ရေးမှတ်တမ်းမှ )

ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဘက်ဖြစ်ခဲ့သော်လဲ ရာဇဝင် အချက်အလက် ကိုရေးရာမှာ အာဃာတမရှိ အမှန်အတိုင်း ရေးပြခဲ့တယ်။
(မူ) Principle ကိုအလေးထားတာကတကြောင်း ၊ self-respect ဟုခေါ်သော မိမိကိုယ်ကို မိမိ လေးစားတာကြောင့်လဲဖြစ်တယ်။

သို့သော် အသိဉာဏ်စွမ်းအားနဲသော လက်ဝဲ တယူသန်အချို့သည် ဦးကျော်ငြိမ်းကို မုန်းတာနဲ့ ရာဇဝင် အချက်တွေကိုပါ ပြင်ချင်ကြတယ်။

ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့ တိုင်း (၆)မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ခွဲဝေခဲ့ကြပါတယ် (သ္ခင် တင်မြ၏
ဖက်ဆစ် တော်လှန်ရေးဌာနချုပ်နှင့်တိုင်း(၁ဝ)တိုင်း - စာမျက်နှာ ၄၄) ဒါလူတိုင်းအသိပါ။

သို့သော် ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားကဗမာပြည်စာအုပ်မှာ “ဦးဗဆွေ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံ ဖြစ်သည် ”လို့ သမိုင်းကိုလိမ်ညာရေးခဲ့တယ်


(စာမျက်နှာ ၃၅)။ ကျနော် မှတ်မိသလောက် ကွန်မြူနစ်တွေ ပြုစုထုတ်ဝေခဲ့တဲ့ (လွတ်လပ်ရေး ရွှေရတုသဘင်) စာအုပ်မှာလည်း ဤနည်းတူရေးသားခဲ့ကြတယ်။

ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅မှာပဲ) “စစ်တိုင်းများ ၏ နိုင်ငံရေးမှူးများမှာ ကွန်မြူနစ် ပါတီမှချည်းဖြစ်သည်” လို့ လိုရာဆွဲ ကောက်ချက်ချပြန်တယ်။
ဒီတုန်းက သ္ခင်ချစ်ဟာ ပြည်သူ့အရေး တော်ပုံပါတီ ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီး နောင် ကွန်မြူနစ်ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူဖြစ်တယ်။
ဦးကျော်ငြိမ်းလဲ ပြည်သူ့အရေးတော်ပုံပါတီကဖြစ်တယ်။ ဒီလိုရာဇဝင် အချက်အလက်ကိုလိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာ တာဝန်မဲ့
ရေးသားချက်သာဖြစ်တယ်။

ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်း တယောက်ကိုသာ ကွန်မြူနစ် အမျက် ကွန်မြူနစ် အငြိုးနဲ့ ရာဇဝင် အချက်အလက် ကို ပြင်ဆင်တင်ပြခဲ့တာမဟုတ်။

ဖတပလ (ဖက်စစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး) အဖွဲ့ကြီးကိုဖွဲ့ကြတော့ အဓိကအင်အားဖြစ်တဲ့ ကွန်မြူနစ်ပါတီ ပြည်သူ့အရေးတော်ပုံပါတီနဲ့


ဗမာ့တပ်မတော်က ကိုယ်စားလှယ် ခေါင်းဆောင် (၃) ဦးစီ - ပေါင်း(၉)ဦးပါတဲ့ ဗဟိုဦးစီးအဖွဲ့နဲ့စတင်ဖွဲ့စည်းခဲ့တာပါ။ ကွန်မြူနစ်ပါတီမှ သ္ခင်စိုး - သ္ခင်သန်းထွန်း -
သ္ခင်တင်မြ၊ ပြည်သူ့ရေးတော်ပုံပါတီမှ ဦိးကျော်ငြိမ်း - ဦးဗဆွေ - သ္ခင်ချစ်၊ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း - ဗိုလ်လက်ျာ - ဗိုလ်နေဝင်းတို့ဖြစ်ကြပါတယ်။
(သ္ခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း (၁ဝ)တိုင်း - စာမျက်နှာ ၄ဝ)
ဤအချက်ကို ရာဇဝင်စိတ်ဝင်စားသူတိုင်း သိကြပါသည်၊ သိသင့်ပါသည်။ စာအုပ်ပေါင်း မြောက်မြားစွာတွင်လည်း ဖေါ်ပြထားပြီး ဖြစ်ပါသည်။ အရေးပါသော ရာဇဝင်
အချက်တချက်ပင်ဖြစ်သည်။

ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သ္ခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သ္ခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း သ္ခင်တင်မြအစား သ္ခင်ဗဟိန်းကို


ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ် (ဝင်းတင့်ထွန်း စာအုပ် စာမျက်နှာ ၃၂ ကိုကြည့်ပါ)။ ဒီလိုရာဇဝင်ကိုရေးရာမှာ ကိုယ်ဖြစ်ချင်ရာကို
တကယ့်အဖြစ်မှန်နဲ့ အစားထိုးလို့ မရသလို လိုရာကို ဖြစ်သလို မရေးကောင်းပါ။ (မှတ်ချက်။ ကိုဗဟိန်းကို ဗိုလ်ချုပ်က ဆွေးနွေးပွဲစဖိတ်သော်လဲ
နေမကောင်းလို့မပါနိုင်လို့ သ္ခင်တင်မြက အမှတ် (၆ဝ) - ဧပြီလ (၁) ရက် -၂ဝ၁ဝ ထုတ် Northern Star ဂျာနယ်မှာ ရေးပြမှ ဇာတ်ရည်လည်ရပါတယ်)

နောက် ဥပမာတခု ထပ်တင်ပြပါရစေ။

ဆိုရှယ်လစ်ပါတီထောင်ကာစက အရေးပါခဲ့တဲ့ နိုင်ငံရေးသမားတဦးက ဦးကိုကိုကြီးပါ။ ဆိုရယ်လစ်ပါတီမှာ ဦးကိုကိုကြီးတို့က မာ့က(စ်


် )ဆစ် Marxists များဖြစ်၍
ဦးကျော်ငြိမ်း၊ ဦးဗဆွေ တို့က ဆိုရှယ်လစ်စံနစ်ကို ဒီမိုကရေစီနည်းအရ ထူထောင်လိုတဲ့ ဆိုရှယ်ဒီမိုကရက် (Social Democrat) များဖြစ်ကြတယ်။ အုပ်စု တိုက်ပွဲများ
ဖြစ်ကာ ဦးကိုကိုကြီးတို့အုပ်စု ဆိုရှယ်လစ်ပါတီမှ ထွက်ခဲ့ကြရတယ်။ နိုင်ငံရေးအရ နာမယ်ဆိုရင် နာစရာတွေ ရှိခဲ့ကြပါတယ်။ သို့သော် ဦးကိုကိုကြီးရဲ့ မြေးဖြစ်သူ
ဒေါက်တာကျော်ဇော်ဝင်း ပါရဂူဘွဲ့အတွက် ပြုစုရေးသားတဲ့ ဗမာပြည် ဆိုရှယ်လစ်ပါတီသမိုင်း (A History of Burma Socialist Party 1930-1964) စာတန်းကို
ဖတ်ကြည့်ကြပါ။ လူပုဂ္ဂိုလ်တိုက်ခိုက်ခြင်းသော်လည်းကောင်း၊ ရာဇဝင် အချက်အလက်ကို လိမ်ညာရန် ကြိုးစားခြင်းသော်လည်းကောင်း မတွေ့ရပါ။

မော်စီတုံးကွယ်လွန်အပြီး တရုတ်ပြည်ကြီးတွင် အသိဉာဏ်စွမ်းအားနည်းတဲ့ မော်ရဲ့ဇနီး ချန်ချင်းဦးဆောင်တဲ့ (၄)ဦးဂိုဏ်းသာ အာဏာရခဲ့ရင် တရုတ်တွေ


မြောက်ကိုရီးယားပြည်သူတွေလို ဆင်းရဲတွင်းနက်နေနိုင်တယ်။ အသိဉာဏ်မြင့်မားလှတဲ့ တိန်လျောက်ပိန်လို ခေါင်းဆောင်ကြောင့်သာ ယနေ့တရုတ်တွေ ကမ္ဘာမှာ
ခေါင်းထောင် နိုင်ခဲ့ကြရတာကို မမေ့သင့်ပါ။

တချိန်က ဗမာတွေဟာလဲ အရှေ့တောင်အာရှမှာ ဗမာကွလို့ မော်ကြွားနိုင်ခဲ့ဖူးပါတယ်။ ခေါင်းဆောင်သူများရဲ့ စေတနာနဲ့ အသိဉာဏ်စွမ်းအား ကွာခြားမှုပဲ


မဟုတ်ပါလား။

ယ္ခုဒေါ်စုရဲ့ မိန့်ခွန်းများ - မီဒီယာတွေနဲ့ တွေ့ဆုံခန်းတွေကို နားဆင်ကြည့်ကြပါ။ စေတနာနဲ့ အသိဉာဏ်စွမ်းအား ရဲ့ အကျိုးတရား ထင်ပေါ်လှပါတယ်။

နောက် အသိဉာဏ်စွမ်းအား (capacity) နဲ့ပတ်သက်လို့ သတိပြုစေချင်တာက အသိဉာဏ်စွမ်းအားဆိုတာ ကျောင်းစာသက်သက်သော်လည်းကောင်း စင်မီနာများ


တက်ရုံနဲ့သော်လည်းကောင်း အဆင့်အတန်းတက် မလာနိုင်ပါ။ လေ့လာမှုအားလိုရုံမက လက်တွေ့ အလုပ်အတွေ့အကြုံ၊ ဘဝအတွေ့အကြုံများနဲ့ ပေါင်းစပ်မှသာ
ပြီးပြည့်စုံလာပြီး အဆင့်အတန်းမြင့်မားလာနိုင်ပါတယ်။ ဥပမာ ဗိုလ်ချုပ်တို့ လူတစုကိုကြည့်ရင် တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်ပြီးမှ သ္ခင်ခေါင်းဆောင်
(သို့) ယူဂျီခေါင်းဆောင်၊ ထိုမှတဆင့် ဂျပန်ခေတ် ဗိုလ်ချုပ် (သိ)ု့ ဝန်ကြီး ။ နိုင်ငံရေးနယ်ပယ်မှာ တဆင့်ထက်တဆင့်မြင့်တက်ကာ နောက်ဆုံး ဖဆပလ
လွတ်လပ်ရေးခေါင်းဆောင်များ ဖြစ်လာကြရတယ်။

ထိုနည်းတူစွာ တရုတ်ပြည်သမိုင်းကိုကြည့်ရင်လဲ ချူအင်လိုင်းသည်လည်းကောင်း၊ တိန်လျောက်ပိန် သည်လည်းကောင်း ကျောင်းသားလူငယ်ဘဝမှာ


ပြင်သစ်ပြည်ကို ပညာတော်သင် ထွက်ခဲ့ကြသော်လဲ စာကိုဖြောင့်အောင် မသင်ကြရ၊ ပါတီအကျိုးအတွက်ဆောင်ရွက်ကြရင်း တရုတ်ပြည် ပြန်ခေါ်ခံရကာ ပါတီ
တာဝန်တွေကို ထမ်းဆောင်ရင်း တာဝန်အဆင့်များ မြင့်သထက်မြင့်လာကာ နောက်ဆုံးဝန်ကြီးချုပ်/ဒုဝန်ကြီးချုပ် ဘဝရောက်ခဲ့ကြရတယ်။ (မှတ်ချက်- The eldest
son by Han Su Ying နှင့် My father Deng Xiaoping – The war years by Deng Rong တို့ကိုဖတ်ကြည့်ကြပါ)

ဗိုလ်ချုပ်တို့ခေတ်က ထိပ်တန်းခေါင်းဆောင်များဖြစ်တဲ့ ကိုအောင်ဆန်း ကိုနု သ္ခင်စိုး သ္ခင်သန်းထွန်း ဂိုရှယ် ကိုကျော်ငြိမ်း သ္ခင်သိန်းဖေ ကိုရာရှစ် ကိုဗဟိန်း
ကိုဗဆွေတို့ဟာ စာဖတ်အားကောင်းပြီး စာတန်းတခုကို လက်တန်းရေးနိုင်တဲ့ အရည်အချင်းပြည့် (အသိဉာဏ်စွမ်းအား) မြင့်မားတဲ့ ပညာတတ်များဖြစ်ကြရုံမက
အောက်ခြေစည်းရုံးရေးကို ကောင်းကောင်းနောကြေတဲ့ အရွေးကောက်ခံခေါင်းဆောင်များ၊ ပါတီထူထောင်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်များ ဖြစ်ကြတယ် ။

ကနေ့အဖြစ်ကို ကြည့်ကြရင် (အထူးသဖြင့် ပြင်ပတွင)် နိုင်ငံရေးအရ မူလတန်း သာသာ ရှိသော သူများကလဲ မိမိကိုယ်မိမိ ခေါင်းဆောင်ကြီးလို့ထင်သူကထင်၊
၈၈၈၈ မှာ ငါတို့ကမှခေါင်းဆောင်အစစ်ဟု ကြွေးကြော်သူကကြွေးကြော်၊ စာအုပ်လေးအုပ်နှစ်ဆယ်သာသာလောက် ဖတ်ပြီးတာနှင့် မိမိအထင်ကို ရာဇဝင် အဖြစ်
ရေးသူကရေး၊ မြှောက်ပေး သူများက မြှောက်ပေး။

ပြည်တွင်းမှာလဲ နိုင်ငံရေးနားမလည်တဲ့ အင်ဂျီအို နဲ့ စီ်းပွားရေးသမားများက နေ့တွင်းညတွင်းချင်း နိုင်ငံရေးသမား အမတ်လောင်းများ ဖြစ်လိုဖြစ်၊ ..ျ
..ျ
မနေ့ကမှ ပုခုံးအပေါ်က အပွင့်တွေနဲ့ စစ်ယူနီဖေါင်း ဝတ်ထားသူများကလဲ မောင့်ကျက်သရေခေါင်းပေါင်းတလူလူနှင့်
ျ
အရပ်သားနိုင်ငံရေးခေါင်းဆောင်ကြီးတွေဖြစ်၊ လမ်းမတော် ဖိုးတုတ်နဲ့ အလီဘာဘာ လူမိုက်အုပ်စု ဖွတ်ကြီးအဖွဲ့ကလဲ ရုတ်တရက် တရားဝင်
နိုင်ငံရေး ပေါ်ပင် ပါတီဝင်များ ဖြစ်လိုဖြစ် နဲ့ ပလို့ဂျိ ဆိုပြီး ကြိမ်တို့ကာ ပေါ်လာလိုက်တဲ့ ခေတ်ပေါ် နိုင်ငံရေးသမားတွေ ….ဒုနဲ့ဒေး။

နိုင်ငံရေးသမားဆိုတာ တံဆိပ်တပ်..အလံထောင်..ကြွေးကျော်ရုံနဲ့ နိုင်ငံရေးသမား စစ်စစ် နိုင်ငံရေးသမားကောင်း ဖြစ်မလာပါဘူး။

နိုင်ငံရေးသမား စစ်စစ်ဆိုတာ တိုင်းပြည်နှင့်လူမျိုးကို ချစ်သည့်စိတ်ကို အခြေခံကာ ယုံကြည်ချက်၊ ခံယူချက် ရှိရပါမယ်။ အတွင်း စိတ်ဓာတ် ခိုင်မာရပါမယ်။
မိမိလျှောက်လိုတဲ့ ဦးတည်ချက် - လမ်းစဉ် - ရည်မှန်းချက် - ဖေါ်ဆောင်လိုတဲ့ ပေါ်လစီ - တွေကို မိမိကိုယ်တိုင်သိမှ - လူထုကိုချပြ ဦးဆောင်မှုပေးနိုင်ပါမယ်။
ဒါတွေပြည့်စုံဖ-ို့ အသိဉာဏ်စွမ်းအား - လိုလာပြန်တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ သူအထင်ကြီးတဲ့ ဒေါက်တာဗမော် လေသံနဲ့ ဌာန်ကရိုဏ်း ကျကျ အင်္ဂလိပ် စကား ပြောကျင့်ခဲ့ရတယ် (ဦးသိန်းဖေမြင့်၏ကျော်ငြိမ်း
စာမျက်နှာ ၃၉)။ အင်္ဂလိပ်ကို အထင်ကြီးလို့မဟုတ်၊ ခေါင်းဆောင်ဆိုတာ မိမိအတွေး မိမိအမြင် မိမိ ယုံကြည်ချက်ကို အများလူထုသိအောင် ချပြဖို့လိုတယ်။
ပရိသတ်အလယ်မှာ ရဲရဲပြောတတ်ဖို့လိုတယ်။ အင်္ဂလိပ်စာဟာ ကမ္ဘာသိစာဖြစ်နေလို့ အင်္ဂလိပ်စာကို လက်နက်အဖြစ်သုံးရမှာကို သိလို့ ဖြစ်တယ်။

တခါ ကျောင်းသားတဦးက ကိုကျော်ငြိမ်းကိုအပြစ်တင်စကားပြောလာတယ်။ ကိုအောင်ဆန်းက မခံ ကိုကျော်ငြိမ်းအခန်းခေါ်သွားပြီး စာအုပ်ပုံအကြားငုံ့ဖတ်နေတဲ့


ကျောင်းသားကိုလက်ညိုးထိုးပြီး အဲဒါ ကျော်ငြိမ်း တိုင်းပြည်အတွက် ကုန်းဖတ်နေတာကွလို့ ကာကွယ်ခဲ့တယ်။ ဘာလုပ်လုပ် တိုင်းပြည်အတွက်လို့ စိတ်ထဲမှာ
ရှိခဲ့ကြတယ်။ ဗဟုသုတ ကြွယ်ရန်စာဖတ်ကြတယ်၊ သဘောတရားရေးတွေ လေ့လာဆွေးနွေးကြတယ်၊ တရားဟောစည်းရုံးရေးဆင်းကြတယ်၊
အားလုံးတိုင်းပြည်အတွက် သူ့ကျွန်ဘဝက လွတ်ဖို့။

ယ္ခုခေတ် ခေါင်းဆောင် ဖြစ်ချင်သူများ (ပြည်ပ) ၊နိုင်ငံ့အာဏာ ယူထားသူများ နဲ့ကွာခြားလှပါပြီ။

နိုင်ငံရေးစိတ်ဓာတ် - တိုင်းပြည် နှင့်လူမျိုးအပေါ် ထားတဲ့ စေတနာကွာခြားပါပြီ။


စေတနာ နဲ့ တိုင်းပြည်ချစ်စိတ် တို့ဟာ ဗီဇ လို့ပြောနိုင်တယ်၊ နှလုံးသားမှစီးဆင်းလာတယ်။

(မူ) နှင့် (ယုံကြည်ချက်) တို့ ဟာ (အသိဉာဏ်စွမ်းအား) အပေါ် မူတည်ပြန်တယ်။

အတိုချုပ်ရသော်

ဗိုလ်ချုပ်တို့ခေတ်က ကျောင်းသားခေါင်းဆောင် သ္ခင်ပေါက်စများဟာ သူ့ကျွန်မခံလိုစိတ် တိုင်းပြည်ချစ်စိတ် အရင်းတည်ပြီး နိုင်ငံရေးလုပ်ခဲ့ကြတယ်။


အဖွဲ့အစည်းတွင်း စနစ်တကျ စည်းကမ်းတကျ လုပ်ဆောင်ခွင့်ရှိခဲ့ကြရုံမက မဲနဲ့အရွေးကောက်ခံရတဲ့ ကျောင်းသားခေါင်းဆောင်အဖြစ် ရပ်တည်ကြရလို့ တာဝန်နဲ့
ဝတ္တရားကို နားလည်သလို အဖွဲ့အစည်းတွင်း အုပ်စုအားပြိုင်မှုအကြောင်းကို လက်တွေ့ ဖြေရှင်းကြရလို့ အပေးအယူ အကြောင်း ကောင်းကောင်းကြီး
နားလည်ခွင့်ရခဲ့ကြတယ်။ တပြည်လုံး ပြန့်သွားတဲ့ကျောင်းသားသပိတ်ကြီးကို ဖေါ်ထုတ်နိုင်စွမ်းရှိလို့ ကျောင်းသားကွန်ယက် တည်ဆောက်နိုင်ကြရုံမက ထိုခေတ်
နိုင်ငံရေးသမားကြီးများနှင့် ထိတွေ့ဆက်ဆံခွင့်ရခဲ့ကြတယ်။

ကျောင်းသားသမဂ္ဂဟာ နောင်တိုင်းပြည် လွတ်လပ်ရေးကို အရယူပေးမယ့် ခေါင်းဆောင်များကို မွေးထုတ်ပေးရာ ဘူမိလက်သံ မှန်သော မဏ္ဍိုင် တခု ဖြစ်တယ်။
ကျောင်းသားခေါင်းဆောင်များကလဲ အစွမ်းအစ ရှိတဲ့ စာဖတ်အား လေ့လာအား ကောင်းတဲ့ အသိဉာဏ် (capacity) မြင့်မားပြီး (မူ) ရှိတဲ့ တိုင်းပြည်ချစ်တဲ့
လူငယ်များ ဖြစ်ကြောင်း သတိပြုစေချင်ပါတယ်။

လူငယ်အပေါင်း အမျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ် တိုးပွား၍ အသိဉာဏ်စွမ်းအားမြင့်မားကြပါစေသောဝ်။

ဘိုကျော်ငြိမ်း
ဇင်းမယ် (ချင်းမိုင)်

ကိုးကားစာအုပ်စာတမ်းများ

ကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ထွန်း)
ဦးသိန်းဖေမြင့်ရဲ့ ကျော်ငြိမ်း
ဦးနုရဲ့ တာတေစနေသား
U Nu of Burma by Mr Butwell
Aung San of Burma by Aung San Suu Kyi
ဦးကျော်ငြိမ်း ကိုယ်တွေ့မှတ်တမ်း
ဒေါက်တာသာလှ ကိုယ်တွေ့မှတ်တမ်း
သ္ခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း(၁ဝ)တိုင်း
A History of Burma Socialist Party 1930-1964 by Dr Kyaw Zaw Win
ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားကဗမာပြည်
The eldest son by Han Su Ying
My father Deng Xiaoping – The war years by Deng Rong

နောက်ဆက်တွဲ

ဒုတိယပိုင်းမှာ ဗိုလ်ချုပ် ကျောင်းသားခေါင်းဆောင်ဘဝက နိုင်ငံရေးသမားဘဝ သို့ ကူးပြောင်းသွားပုံ ကို ဆက်လက် ဖေါ်ပြသွားပြီး အတိုက်အခိုက် အပြိုင်အဆိုင်
များကြားက ပြိုင်ဘက်မရှိ အမျိုးသားခေါင်းဆောင်ဘဝ သို့ ရောက်လာပုံ ဗိုလ်ချုပ်ရဲ့ လေ့လာစရာ နိုင်ငံရေးအကွက်တွေကို ဆည်းပူး ဖေါ်ထုတ်ရင်း..

တတိယအပိုင်းမှာ…. အမျိုးသားခေါင်းဆောင် အဆင့်ရောက်မှ အင်္ဂလိပ် ကိုလိုနီတို့နဲ့ ဉာဏ်ချင်းယှဉ်ပြီး လွပ်လပ်ရေးကို မည်သို့ အကွက်ကျကျ


တိုက်ယူနိုင်ခဲ့ပုံတို့ကိုတင်ပြဆွေးနွေးပါရစေ။
****************

ရာဇဝင် မှတ်တမ်းအတွက် ၁၉၃၆ သပိတ်မှောက်ကောင်စီ စာရင်းကို တင်ပြပါရစေ။


ကျောင်းသားလှုပ်ရှားမှုသမိုင်း (စာမျက်နှာ ၇၈) ကိုညွှန်းပါတယ်။

၁။ ကိုရာရှစ် ဥက္ကဋ္ဌ
၂။ ကိုကျော်ငြိမ်း အတွင်းရေးမှုး
၃။ ကိုအုန်း
၎။ ကိုသီဟန်
၅။ ကိုလှဖေ (ဗိုလ်လက်ျာ)
၆။ ကိုထွန်းအုံ
၇။ ကိုထွန်းတင်
၈။ ကိုတီကေဘွန်း
၉။ ကိုအေးချို
၁ဝ။ကိုညိုမြ (ကိုသိန်းတင်)
၁၁။ကိုသာလှ
၁၂။သရဲကိုဘအေး
၁၃။ကိုညိုထွန်း
၁၄။မအမာ (လူထုဒေါ်အမာ)
၁၅။ကိုစိုးမောင်
၁၆။မအုန်း
၁၇။မမကြီး
၁၈။မခင်မြ
၁၉။ကိုလှမောင် (ရမည်းသင်း)
၂ဝ။ကိုညွန့်
၂၁။ကိုခင်မောင်
၂၂။ကိုသိန်းဖေ
၂၃။ကိုအောင်ဆန်း
၂၄။ကိုနု
၂၅။မခင်ကြီး အပါအဝင် (၂၉)ဦး

(မှတ်ချက်။ ကျောင်းသားသမဂ္ဂသမိုင်း စာအုပ်အရ ကိုရာရှစ်ဟာ သပိတ်မှောက်ကောင်စီဥက္ကဋ္ဌဖြစ်ပြီး ကိုကျော်ငြိမ်းဟာ အတွင်းရေးမှူးဖြစ်တယ်။ ဦးကျော်ငြိမ်းနဲ့


ဒေါက်တာသာလှတို့ရဲ့ ကိုယ်ရေးမှတ်တမ်းအရ ကိုနု ဥက္ကဋ္ဌ၊ ကိုရာရှစ် ဒုဥက္ကဋ္ဌ၊ ကိုကျော်ငြိမ်း အတွင်းရေးမှူး အဖြစ် အရွေးခံရတယ်လို့
ရေးသားမှတ်တမ်းတင်ခဲ့ကြတယ်)

ဒုတိယပင်လုံ အကောင်အထည် ဖော်ရေးတွင် ကနဦးလိုအပ်သည်က


မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၉ မိနစ်

အောက်တိုဘာ ၂၄ တွင် ဇိုမီးအမျိုးသားကွန်ဂရက်က ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုင်းရင်းသား အရေးကိစ္စများ အဖြေရှာရန်အတွက် ဒုတိယ ပင်လုံ
ညီလာခံ ခေါ်ယူရေး “ကလေးမြို့ ကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့သည်။ မြန်မာအစိုးရ အဆက်ဆက်လက်ထက် အကောင်အထည်မဖော်နိုင်ခဲ့သည့် ၁၉၄၇
ပင်လုံစာချုပ်ကို အခြေခံ၍ ဒုတိယ ပင်လုံညီလာခံခေါ်ယူရန် ကြိုးပမ်းလိုခြင်း ဖြစ်သည်။ ထိုကြေညာချက်ကို NLD နှင့် အဖျက်သိမ်းခံ တိုင်းရင်းသားပါတီများက
ထောက်ခံခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသားခေါင်းဆောင်များ လွှဲအပ်လာသည့်တာဝန်ကို ၂၁ ရာစုနှင့် ကိုက်ညီသော ၂၁ ရာစု


ပင်လုံညီလာခံ ခေါ်ယူရေးဟု ချဲ့ထွင်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်ကို ပြည်တွင်းပြည်ပ ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုတော်တော်များများက
ကြိုဆိုခဲ့ကြသည်။ လွတ်လပ်မျှတပြီး ငြိမ်းချမ်းတိုးတက်သော နိုင်ငံဖြစ်လာစေရန် အဆိုပါ ညီလာခံ ခေါ်ယူကျင်းပလိုခြင်း ရည်ရွယ်ချက်များမှာ
သံသယမဖြစ်ထိုက်အောင်ပင် ကောင်းမွန်လှသည်။

မည်မျှကောင်းမွန်သည်ဖြစ်စေ လက်ရှိနိုင်ငံရေး အနေအထားက ဒုတိယပင်လုံညီလာခံ အကောင်အထည်ဖော်နိုင်မှုနှင့် ရလာနိုင်သည့်


လက်တွေ့အကျိုးဆက်များအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

လက်ရှိအနေအထားတွင် ဒုတိယ ပင်လုံ ညီလာခံတွင် စစ်တပ်အနေဖြင့် ပါဝင်ရန် အကြောင်းမရှိပေ။ ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေးတွင် စစ်အစိုးရ ပါဝင်နိုင်ရန်
တံခါးအနည်းငယ် ဟပေးထားသည် ဆိုနိုင်သော်လည်း စစ်အစိုးရကို ဆွဲဆောင်နိုင်စွမ်း သိပ်မရှိပေ။ စစ်ဘက်မှ မပါဝင်ပဲ အတိုက်အခံပြုနေလျှင်လည်း ဒုတိယ
ပင်လုံညီလာခံမှ အားရစရာ အသီးအပွင့်များထွက်လာမည် မဟုတ်ပေ။

ထို့ပြင် ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေးသည် အခြေခံအားဖြင့် ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် သဘောပင်ဖြစ်ပြီး
၎င်းတို့၏ တရားဝင်မှုကို စိန်ခေါ်လိုက်သကဲ့သို့ ရှိသည်။ ထို့ကြောင့် အခြေခံဥပဒေရေးဆွဲ၍ ရွေးကောက်ပွဲ ကျင်းပကာ တရားဝင်မှုရရှိရန် ကြိုးစားနေသည့်
စစ်အစိုးရအနေဖြင့် ဒုတိယ ပင်လုံ ညီလာခံကို ထောက်ခံလိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင် စစ်အစိုးရ ဥပဒေကို ဆန့်ကျင် ကျင်းပရမည့် ဒုတိယ ပင်လုံ
ညီလာခံကြောင့် ရွေးကောက်ပွဲဝင်ပါတီများအတွက်လည်း ဒုတိယ ပင်လုံကိစ္စ မည်သည့်ဘက်တွင် ရပ်တည်မည်ကို မဖြစ်မနေ ရွေးရမည့် အနေအထားမျိုး
တွန်းပို့နေသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အနေအထားအရလည်း လုံးဝဆန့်ကျင်သည့် ဘက်နှစ်ဘက်သာ ရှိသကဲ့သို့ ဖြစ်နေပြီး နိုင်ငံရေးတွင် ပါဝင်မည့်သူများ ဘက်တခုသာ
ရွေးစရာရှိသည့် အခြေအနေကလည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အထောက်အကူပြုမည့် အနေအထားမျိုး မဟုတ်ပေ။

ဒုတိယ ပင်လုံ ညီလာခံ ကိစ္စကို ပြောဆိုနေကြမည့်အစား နိုင်ငံရေး အင်အားစုအားလုံး ခဏခြေတလှမ်းဆုတ်ကာ မြန်မာ့နိုင်ငံရေးအခြေအနေ


တိုးတက်လာရေးအတွက် ဒုတိယ ပင်လုံမှ လက်တွေ့ကျသော ရလဒ်များ ထွက်လာအောင် မည်ကဲ့သို့ အခြေအနေမျိုး လိုအပ်သည်ကို စဉ်းစားသင့်ပေသည်။
သို့မဟုတ်ပါက ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေးသည် နိုင်ငံတကာကို ပြရုံသက်သက် အကျိုးမရှိသည့် နောက်ထပ် တောင်းဆိုချက် တခုသာ ဖြစ်နေပေလိမ့်မည်။

စစ်ဘက်အနေဖြင့်လည်း အရေးကြီးသည့် ကိစ္စရပ်များတွင် အရေးကြီးအင်အားစု အနေဖြင့် ပါဝင်ချင်နေပေလိမ့်မည်။ ထို့ပြင် ဒုတိယ ပင်လုံ ညီလာခံ ခေါ်ယူရေး
ခြေလှမ်းများကို တရားဝင် နိုင်ငံရေး ဘောင်အတွင်းကသာ လျှောက်လှမ်းရန် လိုအပ်သည်။ သို့မဟုတ်လျှင် ဒုတိယ ပင်လုံသည် မည်မျှ တရားမျှတနေသည် ဖြစ်စေ
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အစိုးရ၏ တရားဝင်မှုကို ခြိမ်းခြောက်မှုနောက်တခု အဖြစ်သာ စစ်အစိုးရက ဘာသာပြန်ပေလိမ့်မည်။

နိဂုံးချုပ်ရလျှင် ဒုတိယ ပင်လုံသည် သဘောထား တူညီသော နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများ အတွက် အငြင်းပွားစရာ ကိစ္စများကို လျှော့ချပေးမည်
ဖြစ်သော်လည်း ညီလာခံ ရလဒ်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးတွင် အားနည်းပေလိမ့်မည်။

၉ လေးလုံး ဆရာတော် ဦးနေမိန္ဒ ပျံလွန်တော်မူ


မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၃၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မွန်ပြည်နယ် မော်လမြိုင်ထောင်၌ ပြစ်ဒဏ် နှစ် ၂ဝ ကျနေသည့် နိုင်ငံရေး လှုပ်ရှားသူ အရှင်နေမိန္ဒ (ခ) ဦးမျိုးမင်း (ခ) ဦးနေဝင်းသည်
အနာရောဂါ စွဲကပ်ရာမှ ယခုလ ၈ ရက်နေ့တွင် ပျံလွန်တော်မူကြောင်း ဒကာ၊ ဒါယိကာမ အသိုင်းအဝိုင်းက ဆိုသည်။

သက်တော် ၅ဝ နှစ်၊ ဝါတော် နှစ် ၃ဝ ရှိ ဆရာတော် အရှင်နေမိန္ဒသည် ၉ လေးလုံး (၉ ရက် ၉ လ ၁၉၉၉ ခုနှစ)် တွင် လူထုလှုပ်ရှားမှု ပေါ်ပေါက်စေရန် လှုံ့ဆော်စာ
ဖြန့်ဝေမှုဖြင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခဲ့ခြင်း ဖြစ်သည်။

“ပါးစပ်ထဲမှာ အဖုအပိန့်တွေ ပေါက်နေတော့ ဆွမ်းမစားနိုင်ဘူး။ ရေလည်း မသောက်ဘူးလို့ သိရပါတယ်။ အဲဒါကို ထောင်အာဏာပိုင်တွေက ဆေးဝါးကုသမှု
မပေးခဲ့ဘူး။ ထောင်ကျနေတဲ့ ဆရာတော်အနေနဲ့ မိသားစုဝင်တွေက ထောင်ဝင်စာတွေ့ဖို့ အခက်အခဲတွေ ရှိခဲ့တယ်” ဟု ဆရာတော်ကို ကြည်ညိုလေးစားသူ
ဒါယိကာမ တဦးက မဇ္ဈိမကို ပြောသည်။

ဆရာတော်သည် ၁၉၉၉ ခုနှစ် နှောင်းပိုင်းတွင် အဖမ်းခံခဲ့ရပြီး လဝက အရေးပေါ် ပြဋ္ဌာန်းမှု ပုဒ်မ ၁၇ (၁) ၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) တို့ဖြင့်
ပြစ်ဒဏ်ကျခဲ့သည်။ ၂ဝဝဝ ခုနှစ် နှစ်ဆန်းပိုင်းတွင် အင်းစိန်ထောင်မှ မော်လမြိုင်ထောင်သို့ ပြောင်းရွှေ့ခံရသည်။

အကျဉ်းသားများ၏ ရပိုင်ခွင့်များကို ဆရာတော်သည် မော်လမြိုင်ထောင်ထဲတွင် ဦးဆောင်တိုက်ပွဲ ဝင်ခဲ့သည်ဟု ယင်းထောင်အတွင် ၇ နှစ်ခန့် အတူနေခဲ့ဖူးသူ


ကဗျာဆရာ ငြိမ်းသစ်က ပြောသည်။

ဆရာတော်၏ ရုပ်ကလာပ်ကိုမူ ယခုလ ၉ ရက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး ဖြစ်သည်။

http://www.mizzimaburmese.com/home.html

သတင်း

• မြန်မာသတင်း

• နိုင်ငံတကာသတင်း

• သတင်းသုံးသပ်ချက်

• ၂၀၁၀ ရွေးကောက်ပွဲ

အစီအစဉ်များ

• ဒီမိုကရေစီရေးရာ

• စီးပွားရေး

• အမေရိကန်နိုင်ငံရေး

• သိပ္ပံ နဲ့ နည်းပညာ

• ကျန်းမာရေး

• အမျိုးသမီး

• အနုပညာမိုးကောင်းကင်

• လူငယ်ကဏ္ဍ

• သက်ကြီးစကား

• တပ်မှူးတပ်သား ပြောစကား

• ဘလော့ဂါ

• တိုက်ရိုက်လေလှိုင်း

• မြန်မာပြည်မှပေးစာ

• တီဗွီ သတင်း

• အထူးသတင်း

Interactive

• ဗွီအိုအေ ဘလော့

• Facebook

• YouTube

• Twitter

Services

• Email သတင်းလွှာ

• ပေါ့ဒ်ကတ်စ်

• RSS

External Links

• Asia News in English

• Music Mix

• Radio Free Asia


• သတင်း

သတင်း RSS Feed

မြန်မာနိုင်ငံအရေး အမေရိကန် အထူးအာရုံစိုက်နေ

By ကိုကျော်ကျော်သိန်း သောကြာ, 10 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ် ပေါစ်နာ (Michael Posner) က
မြန်မာဒုက္ခသည်တွေ အရေးကို စူးစမ်းဖို့အတွက် လာမယ့်သီတင်းပတ်ကျရင် ထိုင်း-မြန်မာနယ်စပ်ကို သွားရောက်မယ်လို့ ပြောကြားလိုက်ပါတယ်။ အမေရိကန်က
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်
ပီဂျေခရော်လီ (P.J. Crowley) က ဒီဇင်ဘာ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်မြောက်ရေး အမေရိကန်က ဘာဆက်လုပ်မလဲဆိုတဲ့ အမေးကို လက်ထောက်


ဝန်ကြီး မစ္စတာ ပေါ့စ်နာ က အခုလို ပြောကြားသွားပါတယ်။

“အရှေ့အာရှရေးရာဌာနက ကျနော့် လုပ်ဖော်ကိုင်ဖက်တချို့ ဒီကိစ္စအတွက် စဉ်းစားနေကြတယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကျနော်တို့ သံရုံးနဲ့ ညှိနှိုင်းပြီး
နောက်တဆင့် ဘာလုပ်ရမယ်ဆိုတာကို နည်းလမ်းရှာနေကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း နောက်အပတ်ကျရင် ထိုင်း-မြန်မာနယ်စပ်သွားပြီး
မြန်မာနိုင်ငံပြဿနာရဲ့ ကွင်းဆက်နောက်တခုဖြစ်တဲ့ ဒုက္ခသည်ကိစ္စကို လေ့လာစူးစမ်းဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ဟာ မြန်မာကိစ္စမှာ
ဘာဆက်လုပ်ရမယ်ဆိုတာကို သိပ်ကို အာရုံစူးစိုက်နေကြပါတယ်။”

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်လ် ပေါ့စ်နာ ပြောသွားတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံခြားရေးဌာန ပြောခွင့်ရ P.J. Crowley
ကတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းမယ် မရုပ်သိမ်းဘူးဆိုတာဟာ မြန်မာအာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ်မှာ
မူတည်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမယ့် နည်းလမ်းကို သူတို့ရွေးထားတာကတော့ မှန်ပါတယ်၊ ဆက်ဆံရေးပုံစံပြောင်းဖို့လည်း
အဆင်သင့်လုပ်ထားပါတယ်၊ ဒါပေမဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို လောလောဆယ် ရုပ်သိမ်းရလောက်အောင် မြန်မာဘက်က တိုးတက်လုပ်ဆောင်ချက်တွေ
ရှိလာမှဖြစ်နိုင်မှာပါလို့ ပြောသွားပါတယ်

ဂမ်ဘာရီကို ဖယ်ရှားဖို့ အမေရိကန်လုပ်ဆောင်ခဲ့


သောကြာ, 10 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

WikiLeaks ၀က်ဘ်ဆိုက်ဒ်က ဖွင့်ချခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မှတ်တမ်းတခုအရ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်းကို


အမေရိကန် ပြည်ထောင်စုက ရာထူးကနေ ဖယ်ရှားဖို့ ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားတဲ့ Ibrahim Gambari ကို ရာထူးက ဖယ်ရှားဖို့ အမေရိကန်ရဲ့ ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်ကို အဲဒီအချိန်က
နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Condoleeza Rice က ပြောဆိုခဲ့ကြောင်း ၂၀၀၈ ခုနှစ်တုန်းက လျို့ဝှက်မှတ်တမ်းက ဖော်ပြခဲ့တာပါ။

အစိုးရနဲ့ အတိုက်အခံတို့ကြား အထူးသဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်စေဖို့နဲ့ နိုင်ငံရေး


အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စတွေလို အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ အထူးကိုယ်စားလှယ်ဟာ တိုးတက်အောင် မဆောင်ရွက်နိုင်ဘူးဆိုပြီး မှတ်တမ်းထဲမှာ
ဖော်ပြခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ဟောင်း ဂမ်ဘာရီ ကို ဗွီအိုအေက ဆက်သွယ်မေးမြန်း ရာမှာတော့ ဒီမှတ်တမ်းနဲ့ ပတ်သက်လို့ တစုံတရာ
မှတ်ချက်မပေးခဲ့ပေမဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်းရဲ့ ပြောဆိုချက်အပြီး ၁ နှစ်ခွဲလောက် အကြာအထိ သူရာထူးမှာ ဆက်လက်တာဝန်ယူခဲ့ကြောင်း
တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ၈ ကြိမ် တွေ့ဆုံခဲ့ဖူးသလို စစ်အစိုးရ အာဏာပိုင်တွေနဲ့လည်း ၁၀ ကြိမ်တွေ့ခဲ့တယ်လို့လည်း
ကာကွယ်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တာဝန်ယူထားရာကနေ ဆူဒန်နိုင်ငံ ဒါဖောဒေသအတွက် ကုလသမဂ္ဂနဲ့ အာဖရိကယူနီယံတို့ရဲ့ ငြိမ်းချမ်းရေး


ထိန်းသိမ်းရေး လုပ်ငန်းစဉ်မှာ တာဝန်ယူဖို့အတွက်ကိုတော့ လွန်ခဲ့တဲ့ တနှစ်လောက်ကပဲ သူ့ကို ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ပါတယ်။

လွတ်လပ်မှုနဲ့ လူ့အခွင့်ရေးကာကွယ်ဖို့ ဘန်ကီမွန်း တိုက်တွန်း


သောကြာ, 10 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာနဲ့အ၀န်း လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး တွေကို


ကာကွယ်စောင့်ရှောက်သွားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ထပ်မံတိုက်တွန်းလိုက်ပါတယ်။ သွေးထွက်သံယို အကြမ်းဖက်မှုတွေနဲ့
လိင်ပိုင်းဆိုင်ရာကိစ္စတွေအပေါ် အခြေခံပြီး ရာဇ၀တ်မှုအဖြစ် ပြစ်ဒဏ်ခတ်နေတာတွေ အဆုံးသတ်စေဖို့လည်း သောကြာနေ့က နယူးယောက်မြို့မှာကျင်းပတဲ့
အခမ်းအနားအတွင်း အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာပါ။

လူတိုင်း တန်းတူအခွင့်အရေး ရရှိဖို့နဲ့၊ အာဖရိကတိုက်က နိုင်ငံ အများအပြားအပါအ၀င် နိုင်ငံပေါင်း ၇၀ ကျော်မှာ လိင်တူချင်း ဆက်ဆံမှုတွေဟာ ရာဇ၀တ်မှုအဖြစ်
လက်ခံထားတာတွေဟာ မမှန်ကန်ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ်၊ လူမှုရေးအရဖြစ်ဖြစ် လက်မခံနိုင်တာကြောင့် ဖမ်းဆီးထိန်းသိမ်းတာ၊
ခြိမ်းခြောက်တာ၊ ညှင်းပမ်းနှိပ်စက်တာတွေ လုပ်စရာ အကြောင်းမရှိဘူးလို့လည်း ပြောပါတယ်။ လိင်တူဆက်ဆံသူတွေအပေါ် ရာဇ၀တ်သားတွေအဖြစ်
ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ အာဖရိကနိုင်ငံက ခေါင်းဆောင်တွေကို တောင်းဆိုထားကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာပါ။

မှန်ကန်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ အခွင့်အလန်းရသမျှ သူရောက်လေရာနေရာမှာ ဆက်လက် ပြောဆိုသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။


ခြိမ်းခြောက်မှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ တချို့ဆို အသက်ဆုံးရှုံးမှုတွေအထိ ကြုံခဲ့ကြရတဲ့ လူ့အခွင့်အရေး အကာအကွယ် ပေးသူတွေကို အလေးထား
အာရုံစိုက်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ကို ကုလသမဂ္ဂက လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အီရန် လက်နက်မှောင်ခိုမှု စုံစမ်းဖို့ အမေရိကန်တိုက်တွန်း


သောကြာ, 10 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အီရန်နိုင်ငံရဲ့ တရားမ၀င် လက်နက်မှောင်ခိုမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်တယ်လို့ အီရန်နိုင်ငံနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲအတွင်းမှာ


အနောက်နိုင်ငံတွေက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး လက်နက်မှောင်ခို ရောင်းချမှုတွေမှာ
အီရန်နိုင်ငံပါဝင်နိုင်ဖွယ်ရှိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Susan Rise က
ဆွေးနွေးပွဲအတွင်း တိုက်တွန်းသွားပါတယ်။ အီရန်နိုင်ငံကလို့ ယုံကြည်ရတဲ့ ဖေါက်ခွဲရေးပစ္စည်း တန်ချိန်ပေါင်း ၇ တန်ကို အီတလီ အရာရှိတွေ သိမ်းဆည်းရမိခဲ့တဲ့
စက်တင်ဘာလက အဖြစ်အပျက်ကို သံအမတ်ကြီး Susan Rice က ထောက်ပြပြီး ပြောဆိုသွားတာပါ။

အလားတူပဲ အောက်တိုဘာလကလည်း နိုင်ဂျီးရီးယားနိုင်ငံမှာ တားမြစ်ထားတဲ့ လက်နက်ပစ္စည်းတွေ တင်ပို့ဖို့ကြိုးစားမှုနဲ့ အီရန်နိုင်ငံသား တယောက်


စွပ်စွဲခံရတဲ့အဖြစ်ကိုလည်း သူက ထောက်ပြပါတယ်။ ဒီအဖြစ်အပျက်တွေကို သက်သေအဖြစ်သုံးပြီး အီရန်နိုင်ငံက အခုလို တရားမ၀င် လက်နက်မှောင်ခိုမှုနဲ့
လက်နက် ရောင်းဝယ်မှုတွေ အကြီးအကျယ်လုပ်နေတာကို လုံခြုံရေးကောင်စီအနေနဲ့ တားမြစ်နိုင်လိမ့်မယ်လို့ သံအမတ်ကြီး Rice ကပြောပါတယ်။

အီရန်နိုင်ငံဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ရှောင်ကွင်းပြီး ရှုပ်ထွေးတဲ့ လမ်းကြောင်းပေါင်းစုံကနေ လက်နက်တွေကို တိုးပြီး ရောင်းဝယ်တာတွေ


လုပ်နေတယ်ဆိုတာကို လက်နက် သိမ်းဆည်းရမိတဲ့ ဖြစ်ရပ်တွေက ဖော်ပြနေတယ်လို့ ပြင်သစ်ကိုယ်စားလှယ် Martin Briens ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး
ပြင်သစ်သတင်း အေဂျင်စီ AFP ကလည်း ဖော်ပြပါတယ်။

အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ နျူကလီးယားလုပ်ငန်းတွေကြောင့် ကုလသမဂ္ဂက အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု လေးကြိမ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အီရန်နိုင်ငံဟာ


နျူကလီးလက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ အနောက်နိုင်ငံတွေက ယုံကြည်နေကြပါတယ်။ အီရန်ကတော့ သူ့ရဲ့ နျူကလီးယားအစီအစဉ်တွေရဲ့
ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ ပြောဆိုနေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ


By ဇော်ဝင်းလှိုင် သောကြာ, 10 ဒီဇင်ဘာ 2010
ဓာတ်ပုံ AP

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun တို့
တွေ့ဆုံနေစဉ် (ဒီဇင်ဘာလ ၁၀၊ ၂၀၁၀)

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အမေရိကန်အစိုးရရဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံခြင်းရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ အင်္ဂါနေ့ကတည်းက မြန်မာနိုင်ငံကို ၄ ရက်ကြာ တရားဝင်ခရီး


ရောက်ရှိနေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း (Joseph Yun) ဟာ ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် NLD ခေါင်းဆောင်တွေ၊ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီဝင်တွေနဲ့ ဒီကနေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ
တွေ့ဆုံခဲ့ပါတယ်။ ဂျိုးဆက်ဖ် ယွန်း ဟာ သူ့ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့
ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း ဟာ ဒီကနေ့ မနက် ၁၀ က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့တကြိမ်၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့တကြိမ်၊ နောက် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီဝင်တွေနဲ့တကြိမ်၊
စုစုပေါင်း ၃ ကြိမ်ခွဲပြီး သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

အဲဒီလို တွေ့ဆုံကြတဲ့အခါ ဆွေးနွေးဖြစ်တဲ့အကြောင်းအရာ အသေးစိတ်ကို နှစ်ဖက်စလုံးက ထုတ်ပြန်ကြေညာခြင်း မရှိပေမဲ့ ဆွေးနွေးပွဲမှာ အမျိုးသား


ပြန်လည်သင့်မြတ်ရေး ရအောင် ဆက်လက်ကြိုးပမ်းသွားမယ့်အကြောင်း ဂျိုးဆက်ဖ် ယွန်း ကို ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ တင်ပြဆွေးနွေးခဲ့တယ်လို့
ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့အကြောင်းအရာ အကျဉ်းချုပ်ကို NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိဖို့အတွက် ဆက်လက်ပြီးတော့ တိုးမြှင့်ကြိုးပမ်းသွားမယ်လို့ သူ စီစဉ်ထားတဲ့ အကြောင်းတွေကို


ရှင်းပြပါတယ်။ အဲဒီမှာ ဒီဘက်က ဧည့်သည်ဘက်ကလည်း သူဟာ နိုင်ငံရေးပါတီတချို့နဲ့လည်း တွေ့ဆုံပြီး ဖြစ်တဲ့အကြောင်း၊ မနေ့ကလည်း နေပြည်တော်မှာ
သက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်တဲ့အကြောင်း၊ အဲဒီနောက် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ပတ်သက်လို့ သူ့ဘက်က တင်ပြနိုင်တဲ့ အနေအထား
အခြေအနေတွေကို ဆွေးနွေးပါတယ်တဲ့။ အဲဒီမှာ အပြန်အလှန်အနေနဲ့ ဖလှယ်ကြတယ်လို့ ဆိုပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ဆိုတဲ့ agenda
အောက်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကိစ္စတွေ ပါပါတယ်။ ပြီးတော့ ပါတီတွေရဲ့ တရားဝင်ပေါ့ဗျာ ဆက်လက် ရပ်တည်နေပိုင်ခွင့် ကိစ္စတွေလည်း
ပါတယ်။ နောက် sanction ကိစ္စတို့ဘာတို့လည်း ပါတယ်လို့ အကြမ်းမျဉ်း အဲဒီလို သိပါတယ်။”

CRPP အဖွဲ့နဲ့ သီးခြား တွေ့ဆုံတဲ့အခါမှာတော့ ဒုတိယပင်လုံညီလာခံ ကျင်းပရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို CRPP အတွင်းရေးမှူး ဦးအေးသာအောင်
ရှင်းလင်းပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို တွေ့ဆုံ ဆွေးနွေးမှုပြီးတဲ့အခါ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
ခရီးစဉ်နဲ့ပတ်သက်လို့ အပြင်မှာစောင့်နေကြတဲ့ သတင်းထောက်တွေကို စကား အနည်းငယ် ပြောကြားခဲ့ပါတယ်။

သူပြောသွားတာကတော့ - “သူ့အနေနဲ့ မြန်မာပြည်ကို လာခဲ့ရတဲ့ အကြောင်းရင်းကတော့ NLD အပါအ၀င် သက်ဆိုင်သူအားလုံးနဲ့ တွေ့ရအောင်


လာခဲ့တာဖြစ်တဲ့အကြောင်း၊ သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို အများကြီး သိရှိခဲ့ရတဲ့အကြောင်းနဲ့ အမေရိကန်နိုင်ငံကို ပြန်သွားပြီး
သူမြန်မာနိုင်ငံအတွင်းရှိနေစဉ် ၃ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ပြန်လည် သုံးသပ်ရပါမယ်တဲ့။ နောက် အနာဂတ်မှာ အတူ ပူးပေါင်း လုပ်ဆောင်နိုင်မယ်လို့
သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း၊” - ပြောသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် အမေရိကန်ဘက်က ကူညီနိုင်မယ့်ကိစ္စတွေကိုလည်း သူ့အနေနဲ့


ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း မစ္စတာ ဂျိုးဆက်ဖ် ယွန်း က ဆက်ပြောပါတယ်။

“သူအနေနဲ့ မြန်မာ့အရေးကို ဘယ်လို အခန်းကဏ္ဍက ကူညီနိုင်မယ်ဆိုတာကို လေ့လာပါ့မယ်တဲ့၊ မြန်မာနိုင်ငံသားတွေကလည်း အရမ်းကို ကူညီကြပါတယ်တဲ့၊


မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်တဲ့ ခြေလှမ်းတွေကို စလှမ်းနိုင်မယ်ဆိုရင် အောင်မြင်မှု ရနိုင်ပါမယ်။” - လို့ ပြောသွားတာပါ။

တခြား ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ CRPP အဖွဲ့ဝင်တွေ စတဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အသေးစိတ်
အချက်အလက်တွေကိုတော့ ဂျိုးဆက်ဖ် ယွန်း က ပြောဆိုသွားခြင်း မရှိပါဘူး။ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့
အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ - သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အခရာကျတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့
ဆက်လက် ဆွေနွေးဖို့၊ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလွန် လက်ရှိအနေအထားနဲ့ပတ်သက်ပြီး သာမန် ပြည်သူတွေရဲ့ အမြင်တွေကို သိရှိနိုင်ဖို့အတွက် သူ့အနေနဲ့
အခုလို မြန်မာပြည်ကို လာရောက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း ဟာ မြန်မာအစိုးရ၊ လူနည်းစု လူမျိုးစုဝင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ လိုလားသော


ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် တွေ့ဆုံခဲ့ပါတယ်လို့လည်း အဲဒီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ ဂျိုးဆက်ဖ် ယွန်း ဟာ နေပြည်တော်ကိုသွားပြီး စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ရဲချုပ် ဗိုလ်ချုပ်ခင်ရီ အပါအ၀င် တခြား စစ်အစိုးရ
အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မေလတုန်းကတော့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell မြန်မာနိုင်ငံကို သွားရောက်ပြီး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စစ်အစိုးရ အရာရှိတွေနဲ့ တွေဆုံခဲ့ပါတယ်။

အခုလာတဲ့ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီး ရောက်လာတဲ့
ပထမဆုံး အဆင့်မြင့် အမေရိကန်အရာရှိဖြစ်ပါတယ်။

မစ္စတာ ဂျိုးဆက်ဖ် ယွန်း ဟာ ဒီကနေ့ညနေမှာ ရန်ကုန်ကနေ ပြန်လည် ထွက်ခွာမယ်လို့ သိရပါတယ်။

မိမိအခွင့်အရေးကို ရဲရဲဝံ့ဝံ့ တောင်းဆိုကြဖို့ ဒေါ်စု တိုက်တွန်း


By ဇော်ဝင်းလှိုင် သောကြာ, 10 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

နိုင်ငံရေးအရ အကျဉ်းကျနေရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကပါ သူတို့မှာ ဥပဒေအရ ဘယ်လိုအခွင့်အရေးတွေ ရှိတယ်ဆိုတာ မသိကြတဲ့အတွက်


လုပ်သမျှကို ခံနေကြရတယ်။ ဒါကြောင့် ဥပဒေကို လေးစားလိုက်နာသူတွေအနေနဲ့ မိမိရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးတွေကို ရဲရဲဝံ့ဝံ့ တောင်းဆိုရဲရမယ်လို့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို


ပြောကြားသွားတာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရောက်နေတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို ဒီကနေ့ NLD ရုံးချုပ်မှာ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ဆုံးရှုံးနေရတဲ့
လူ့အခွင့်အရေးတွေ ပိုမိုသိမြင်လာအောင်နဲ့ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားထောင်ပြီး အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်လွားရမလဲ
ဆိုတဲ့နည်းလမ်းတွေ ရှာဖို့ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို ကူညီနိုင်ဖို့အတွက် NLD
ဘက်က အကူညီပေးရေးလုပ်ငန်းတွေ စတင်အကောင်အထည် ဖော်နေပြီလို့ ပြောပါတယ်။

နိုင်ငံရေးအရ အကျဉ်းကျနေသူတွေနဲ့ သူတို့ မိသားစုဝင်တွေဟာ ဥပဒေအရ ဘယ်လိုအခွင့်အရေးမျိုး ရှိတယ်ဆိုတာ မသိတဲ့အတွက် လုပ်သမျှကို


ခံနေကြတာကြောင့် ကိုယ့်အခွင့်အရေးတွေရအောင် ဥပဒေဘောင်အတွင်းက လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားပါတယ်။

“ကျမတို့ပြည်သူတွေ၊ နိုင်ငံရေးအကျဉ်းကျခံနေရတဲ့ ကျမတို့ရဲ့ ရဲဘော်ရဲဘက်တွေရော၊ အကျဉ်းကျမိသားစုတွေရော ဥပဒေအရ ၀ိုင်းပြီးတော့ အခွင့်အရေးတွေ


ရှိတယ်ဆိုတာကို မသိကြဘူး။ မသိတဲ့အခါကျတော့ လုပ်သမျှကို ခံနေရတဲ့သဘောပေါ့နော်။ အဲဒီတော့ ကျမကတော့ ဥပဒေဘောင်အတွင်းက နေပြီးတော့
ကိုယ်လုပ်နိုင်တာကို လုပ်ရမယ်။ လုပ်သမျှခံနေဖို့ မဖြစ်ဘူး။ ကျမတို့က ဥပဒေစိုးမိုးရေးကို ကူညီတယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ ဥပဒေဘောင်အတွင်းက
ရပိုင်ခွင့်အတွက်တော့ ဆောင်ရွက်ရဲရမယ်။ တောင်းဆိုရဲရမယ်။ တောင်းဆိုရဲ ရမယ်ဆိုတာ ပါးစပ်တင်မဟုတ်ဘူး။ ဥပဒေ လမ်းကြောင်းအရ
ဘယ်လိုလုပ်ရမလဲဆိုတာ အဲဒါတွေ သိဖို့လိုပါတယ်။”

အကျဉ်းကျ မိသားစုဝင်တွေကို ကျန်းမာရေး၊ ဥပဒေဆိုင်ရာ အကူအညီပေးရေးနဲ့ ပညာရေး စတဲ့ကဏ္ဍတွေမှာ ကူညီနိုင်ဖို့အတွက် NLD


လူမှုအထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ဆောင်နေတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အဓိကကတော့ ကျန်းမာရေးပဲ။ ဥပဒေဆိုင်ရာ ကူညီရေး။ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသား မိသားစုများရဲ့ သားသမီးများ ကလေးများရဲ့ ပညာရေး
အဲဒီသုံးခုကို ကျမတို့ တတ်နိုင်သမျှ လုပ်ပေးပါတယ်။ အဲဒီဟာမှာ ကျမတို့ ယုံကြည်မှုတခု ရှိပါတယ်။ ကိုယ့်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူဟာ
ငွေရေးကြေးရေး မတတ်နိုင်လို့ ကျန်းမာရေး ဂရုမစိုက်နိုင်ဘူးဆိုတာ မရှိစေရဘူး။ အဲဒါကြောင့် ကျန်းမာရေးကို ကျမတို့ ထောက်ပံ့တယ်။”

NLD အဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို အကျိုးဆောင်ခ မယူဘဲ လိုက်လံကူညီပေးနေပါတယ်။ အထူးသဖြင့်တော့


နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ကျနေကြတဲ့ အကျဉ်းသားတွေရဲ့ သားသမီးတွေ ပညာဆက်သင်နိုင်ရေး အတွက်လည်း NLD က ထောက်ပံ့နေတဲ့အကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါကြောင့် အခုလို အခက်အခဲကြုံနေကြတဲ့ မိသားစုဝင်တွေကို တယောက်နဲ့တယောက် လက်တွဲပြီး ဖေးမကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း


ပြောကြားပါတယ်။

“နိုင်ငံရေး လုပ်ပိုင်ခွင့်ဆိုတာကလည်း လူ့အခွင့်အရေးကိစ္စပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ ကျမတို့ အခုလို လူ့အခွင့်အရေးနေ့မှာ လူ့အခွင့်အရေးအတွက်


အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်များနဲ့ ဒီပုဂ္ဂိုလ်များရဲ့ မိသားစုတွေကို ဘယ်လို ကျမတို့ ကူညီပံ့ပိုးနိုင်မလဲ ဆိုတာကို အဖြေရှာဖို့ ကျမတို့ ကျင်းပတာပါ။ အဲဒါကြောင့်
အားလုံးဝိုင်းပြီးတော့ အကူအညီပေးလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။”

NLD ပါတီအနေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို ကျန်းမာရေး၊ ပညာရေးကိစ္စတွေ အပါအ၀င် လစဉ် ထောက်ပံ့ကြေးတွေကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသားမိသားစုဝင်တွေ ဥပဒေရေးရာ ခံစားခွင့်နဲ့ပတ်သက်လို့ NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်၊
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ရှင်းလင်း ပြောပြခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို NLD ခေါင်းဆောင်တွေ၊ တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံအကျဉ်သား မိသားစုဝင် ၅၀၀
လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာအပေါ် တရုတ်စိတ်ပျက်ဟု ၀ိကီလိခ်စ်က ထုတ်ဖော်
By ဦးတင်မောင်သန်း သောကြာ, 10 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အစိုးရအတွင်း ကန့်သတ်ထုတ်ဝေတဲ့ အမေရိကန်အစိုးရရဲ့ ထောင်နဲ့ချီကို ဖောက်ချနေတဲ့ ၀ီကီလိခ်စ် အင်တာနက် ၀က်ဆိုက်မှာ ဒီရက်ပိုင်းအတွင်း


မြန်မာစစ်အစိုးရအပေါ် တရုတ်နိုင်ငံရဲ့ ခါတိုင်းကြားနေကျမဟုတ်တဲ့ သဘောထားတွေကို တွေ့ရပါတယ်။ တရုတ်အစိုးရဟာ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေအပေါ်
တကယ်ပဲ လိုလိုလားလား ထောက်ခံနေပါသလား။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ လုပ်နေတာတွေအပေါ် တရုတ်နိုင်ငံက လူအမြင်မှာ ထောက်ခံပေမဲ့ တကယ့်နောက်ကွယ်မှာတော့ စိတ်ပျက်နေတယ် ဆိုတာကို ၀ီကီလိခ်စ် ကနေ
ထွက်ပေါ်လာတဲ့ အမေရိကန် သံရုံး ကြေးနန်းစာတွေက ပြသနေတယ်လို့ ဗြိတိန်နိုင်ငံက ဂါးဒီးယန်း သတင်းစာကြီး နဲ့ ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ်
သတင်းစာကြီးတွေ အပါအ၀င် ကမ္ဘာ့ သတင်းမီဒီယာတွေမှာ တင်ပြနေကြပါတယ်။ တရုတ်က တကယ်တော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စိတ်မရှည်နိုင်တော့ဘူးလို့
ဂါးဒီးယန်း က ပြောပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေဟာ မြန်မာနိုင်ငံကို ဆိုးသထက် ပိုဆိုးအောင် လုပ်နေတယ်ဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက
သံတမန်ချင်း တွေ့ဆုံပွဲတွေမှာ အသိအမှတ်ပြု ပြောကြားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တရုတ်က တိုက်တွန်းခဲ့ပေမဲ့
ဗိုလ်ချုပ်ကြီးတွေက နားမထောင်ခဲ့ကြပါဘူး။ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ သုတေသန အမြင်ဖလှယ်ပွဲတွေကို သွားရောက်တက်လေ့ရှိတဲ့ ဗဟု အဖွဲ့က
ကိုအောင်သူငြိမ်းက အခုလို ပြောပါတယ်။

“အမြဲတမ်း သူတို့စိုးရိမ်နေတာက သိသာတာက ၂၀၀၇ သံဃာ့လှုပ်ရှားမှု နောက်ပိုင်းပေါ့နော်။ နောက်တခါ ပြန်ဆူနိုင်သလား။ နောက်တခါ အခြေအနေက
ဘယ်လိုဖြစ်မလဲပေါ့။ အခုဆိုရင်လည်း ထိုင်းမြန်မာ နယ်စပ်တိုက်ပွဲတွေက ဘယ်လိုရှိသလဲပေါ့။ ဒါတွေနဲ့ပတ်သက်လို့ အမြဲတမ်း စိုးရိမ်နေတဲ့ အနေအထားတော့
ရှိပါတယ်။”

ခေတ်ပြိုင် နိုင်ငံတကာ လေ့လာရေးဌာနလို့ အဓိပ္ပါယ်ရတဲ့ China Institutes for Contemporary International Relations ဟာ တရုတ် နိုင်ငံခြားရေး
ဝန်ကြီးဌာနနဲ့ ပတ်သက်ဆက်ဆံမှုရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့က ပညာရှင် Zhai Kun ကတော့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးတွေ ထိန်းချုပ်ထားနိုင်တယ် ဆိုတာက
အပေါ်ယံ သဘောသာ ဖြစ်ပြီး တကယ့် တကယ်မှာက ပြဿနာတွေက အများကြီး ရှိနေတယ်လို့ ပြောကြားတာကိုလည်း အမေရိကန် သံရုံး ကြေးနန်းစာတွေမှာ
ဖော်ပြထားတယ်လို့ Asia Times က ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးတွေဟာ အာဏာနဲ့ သူတို့ရဲ့ စီးပွားရေးတွေ လက်လွှတ်ရမှာကို ကြောက်ရွံ့နေတယ်လို့ တရုတ် သံအမတ်ကြီးက ဆိုတာကို ၀ီကီလိခ်စ်
ကြေးနန်းစာတွေမှာ တွေ့ရတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ဒါကြောင့် အာဏာကနေ ဗိုလ်ချုပ်ကြီးတွေ ခွာသွားစေချင်တယ်ဆိုရင် အမေရိကန် အနေနဲ့
ဗိုလ်ချုပ်ကြီးတွေကို ဝေဖန်နေတာက လုံလောက်နေပြီ ဖြစ်တာမို့ သူတို့တွေရဲ့ ပုဂ္ဂိုလ်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေး မထိခိုက်စေရဘူး ဆိုတာကို
အာမခံပေးသင့်တယ်လို့ အဲဒီအဖွဲ့က တခြား ပညာရှင်တစ်ယောက် ဖြစ်တဲ့ Zhang Xuegang က အမေရိကန်တွေကို ပြောခဲ့ပါတယ်။ ဒါမှသာ ဒီမိုကရေစီ
အကူးအပြောင်းက တဖြည်းဖြည်း ဖြစ်လာနိုင်တယ်လို့ သူက ထင်ပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံ တိုက်ရိုက် စကားပြောဖို့ကိုလည်း တရုတ်နိုင်ငံခြားရေး
ဝန်ကြီးဌာနက အမေရိကန်ကို အားပေးခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား လူမျိုးတွေရဲ့ အရေးကိစ္စမှာတော့ တရုတ်ရဲ့ ရပ်တည်ချက်က စစ်အစိုးရ ရပ်တည်ချက်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့


ရပ်တည်ချက်နဲ့ ပို နီးစပ်နိုင်တာကို ၀ီကီလိခ်စ် ကြေးနန်းစာတွေက ပြသနေပါတယ်လို့ Asia Times အင်တာနက် မဂ္ဂဇင်းက သုံးသပ်ထားပါတယ်။
တိုင်းရင်းသားကိစ္စတွေကို ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့ တရုတ်က စစ်အစိုးရကို ဖြေရှင်းစေချင်ပါတယ်။ ကိုအောင်သူငြိမ်းကလည်း တရုတ်
ပညာရှင်တွေနဲ့ ဆက်ဆံခဲ့တဲ့ သူ့ အတွေ့အကြုံကို ခုလို ဆက်ပြောပြပါတယ်။

“တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ကတော့ သုံးသပ်ချက်က ၂ မျိုး ရှိတယ်ပေါ့နော်။ သူတို့ အာဏာပိုင်တွေနဲ့ စကားပြောကြည့်တဲ့အခါ တမျိုးကတော့ သူက official
line လို့လည်း ပြောလို့ရမယ်။ လက်ရှိ စစ်အစိုးရလုပ်နေတဲ့ လမ်းပြမြေပုံအတိုင်း ဆက်သွား။ တိုင်းရင်းသားတွေကပဲ တဖြည်းဖြည်းနဲ့တော့ အခွင့်အရေးတွေ
ရလိမ့်မယ် ဆိုတဲ့ ပြောတာမျိုးလည်း ရှိတယ်။ ဒါပေမဲ့လည်း တချို့အုပ်စုတွေကျတော့လည်း တိုင်းရင်းသားတွေရဲ့ အနေအထားက ဥပမာအားဖြင့် ကချင်နဲ့နီးစပ်တဲ့
အုပ်စုတွေဆိုရင် ကချင်ဘက်က စာနာမှုရှိတဲ့အနေအထားမျိုး ရှိတယ်ပေါ့။ တရုတ်နိုင်ငံမှာလည်း တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတွေရှိတယ်။
အုပ်ချုပ်ရေးဇုံတွေရှိတယ်။ အနည်းဆုံး အဲဒီလောက် အခွင့်အရေးတော့ ရသင့်တယ်ဆိုတဲ့ဟာမျိုးတော့ တရုတ်အာဏာပိုင်တွေက အမြင်ရှိတယ်။”

လက်ရှိ အစိုးရ လုပ်နေတာတွေဟာ မြန်မာပြည်မှာရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ပါ့မလား ဆိုတာ တရုတ် အစိုးရက သံသယရှိတဲ့အကြောင်း
တရုတ်သံတမန်တွေက ပြောတာကို သတင်းတွေက ကိုးကားထားတဲ့ အမေရိကန်သံရုံးရဲ့ ကြေးနန်းစာတွေမှာ တွေ့ရပါတယ်။ ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် အဖွဲ့ဝင် ကိုညိုအုန်းမြင့်ကလည်း တရုတ်တွေနဲ့ ဆက်ဆံခဲ့တဲ့ သူ့အတွေ့အကြုံက သိရှိရတာတွေကို ခုလို ပြန်ပြောပြပါတယ်။

“ပညာရှင်တွေရော၊ အစိုးရထဲမှာ အလယ်အလတ်ကျတဲ့ အရာရှိတွေနဲ့ ပြောကြည့်တဲ့အခါ နအဖ လုပ်နေတဲ့ စီးပွားရေးစနစ်မှာ ပြုပြင်ပြောင်းလဲမှုတွေ


အရမ်းလိုတယ်၊ နောက်တခါ မြန်မာပြည်မှာ good governance လို့ခေါ်တဲ့ ကောင်းမွန်တဲ့အစိုးရတခုပေါ့နော်။ ဥပဒေနဲ့အညီ အုပ်ချုပ်နိုင်တာ
အားနည်းတဲ့အတွက်ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုမှာ အနှောက်အယှက် ဖြစ်တယ်ဆိုတာ သူတို့မြင်တယ်။”

ကြေးနန်းစာတွေမှာ တင်ပြထားတဲ့ အမြင်တွေကို အမေရိကန် အစိုးရရဲ့ မူဝါဒ ချမှတ်တဲ့အဆင့်မှာ စဉ်းစားခဲ့သလား ဆိုတာကတော့ သေချာ မသိကြရပါဘူး။

တရုတ်အတိုက်အခံ လူရှောင်ဘိုကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ပေးပွဲအခမ်းအနား ကျင်းပ


သောကြာ, 10 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon
• Yahoo! Buzz

• del.icio.us

တရုတ်နိုင်ငံက ဝေဖန်တိုက်ခိုက်နေတဲ့ကြားကပဲ နိုဘဲလ်ဆုကော်မတီက ၂၀၁၀ အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို တရုတ်အတိုက်အခံ လူရှောင်ဘိုကို ဒီကနေ့
နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဆုပေးပွဲ အခမ်းအနား ကျင်းပပြီး ပေးအပ်ခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်းက တက်ရောက်လာကြတဲ့ ဂုဏ်သရေရှိ ပုရိသတ်တွေ မတ်တက်ရပ်
ဂုဏ်ပြုပြီး လက်ခုပ်သြဘာတွေ ပေးနေချိန်မှာပဲ နော်ဝေး နိုဘဲလ် ကော်မတီဥက္ကဌ သော်ဘွန်းဂျက်ကလင် က နိုဘဲငြိမ်းချမ်းရေးဆု လက်မှတ်ကို
လူရှောင်ဘိုအတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံပေါ်မှာ တင်ပေးခဲ့ပါတယ်။

ဒီအခမ်းအနားဟာ အလိမ်အညာတွေနဲ့ပြည့်နေတဲ့ နိုင်ငံရေးဇာတ်ခုံတခုလို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဝေဖန်လိုက်ပြီး တရုတ် ရုပ်သံတွေမှာ


ဒီအခမ်းအနားကို ပြသခွင့် ပိတ်ပင်ခဲ့ပါတယ်။ လူရှောင်ဘိုဟာ အကျဉ်းကျခံနေရတဲ့အတွက် ကိုယ်တိုင် လာမယူနိုင်တာမို့ ၀မ်းနည်းကြောင်းနဲ့
ဒီအချက်ကိုကြည့်တာနဲ့တင် သူ့ကိုဒီဆုပေးဖို့ လိုအပ်ပြီး တကယ်လည်း သူဟာ ဒီဆုနဲ့ သင့်လျော်တယ်ဆိုတာ ပြနေတယ်လို့ မစ္စတာ ဂျက်ကလင်က
အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူရှောင်ဘိုရဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ချီးကျူးခဲ့ပါတယ်။

လူရှောင်ဘိုကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားတာမို့ အခမ်းအနားမှာ သူ့အတွက် ထိုင်ခုံလွတ် ထားပေးခဲ့တာပါ။ သူ့ရဲ့ ဇနီးဖြစ်သူကိုလည်း
နေအိမ်အကျယ်ချုပ် ချထားတာမို့ ကိုယ်စား မတက်ရောက်နိုင်ပါဘူး။ ၁၉၉၁ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရခဲ့တဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကိုယ်တိုင် ဆု သွားရောက် မယူနိုင်ခဲ့ပါဘူး။ တရုတ်နိုင်ငံဟာ စီးပွားရေးမှာ တိုးတက်ခိုင်မာလာခဲ့ပေမဲ့ တရုတ်အစိုးရက နိုင်ငံကို
ဘယ်လိုအုပ်ချုပ်သင့်တယ်လို့ အကြံဉာဏ်ပေးခဲ့သူကို ထောင်ဒဏ် ၁၁ နှစ်ချမှတ် အရေးယူတာမျိုးနဲ့ အစိုးရရဲ့ အားနည်းချက်ကို ထင်ထင်ရှားရှား ပြသနေတယ်လို့
နိုဘဲလ် ကော်မတီဥက္ကဌ ဂျက်ကလင်က ဝေဖန်လိုက်ပါတယ်။

http://www.voanews.com/burmese/

တရုတ် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ကို ပြန်လွှတ်ပေးရန်တောင်းဆို


December 10, 2010 freedom news group Leave a comment Go to comments

တရုတ် လူ အခွင့် အရေး လှုံ့ ဆော် သူ လျှူရှောင်ဘို တက်ရောက် ပြီး ဆုမယူနိုင်သဖြင့် နိုဘဲလ် ဆုပေးပွဲ တွင် လစ်လပ် နေသည့် နေရာ

နှစ် စဉ်ကျင်းပနေတဲ့ နိုဘဲလ်ဆုပေး


အပ်ချီးမြင့် ပွဲ အခမ်းအနား ကို ဒီနှစ်
မှာ လည်း နော်ဝေ နိုင်ငံ အော်စလို မြို့ 
မှာ ကျင်း ပခဲ့ပါတယ်။

ဒီအခမ်းအနား မှာ တော့ ယခု နှစ်အတွက်


ငြိမ်းချမ်းရေး ဆုချီးမြှင့် ခံရတဲ့ တရုတ်လူ့ အ
ခွင့် အရေး လှုပ်ရှားသူ နဲ့  စာရေးဆရာ
လျှူရှောင်ဘို ဟာ တရုတ်အစိုးရက ဖမ်းဆီး
ထောင်ချထားတဲ့ အတွက် တက်ရောက်
ပြီး နိုဘဲလ် ဆု မယူ နိုင်တဲ့ အတွက် သူ့ ကိုယ်
စား အခြား တစ်ယောက် က တက်ရောက်လက်
ခံ ရယူပေးရပါတယ်။ တရုတ် အစိုးရဟာ
သူ့ ဇနီး ဖြစ်သူ ကို လည်း နေအိမ် အကျယ်
ချုပ် ချမှတ် ထားပါ တယ်။
ဒီအခမ်း အနား နော်ဝေ နိုဘဲလ် ဆုချီးမြှင့် ရေး ကော်မတီ ဥက္ကဌ ၊ အခမ်းအနား ကို တက် ရောက် လာ
တဲ့ အမေရိကန် အောက်လွှတ်တော် ခေါ်ဆောင် နန်စီ ပယ်လိုစီ နဲ့ အခြား နိုင်ငံတကာ ခေါင်းဆောင်
များ က မတရားဖမ်းဆီး အပြစ်ပေး ခြင်းခံထားရတဲ့ လျှူရှောင်ဘို ကို ပြန်လွှတ်ပေး ရန် တောင်း ဆို ခဲ့ပါတယ်။

တရုတ် အစိုးရက တော့ နော်ဝေ နိုင်ငံ နဲ့  နိုဘဲလ် ဆု ကျင်းပရေး ကော်မတီ ကို ပြင်းပြင်းထန်ထန် ဝေ
ဖန် ခဲ့ပြီး နိုဘဲလ် ဆု ပေးပွဲ ကို တက်ရောက် မယ် လို့ သတင်းရထား တဲ့ နိုင်ငံတွင်း က တက်ကြွှ သူ
၁၀၀ ကျော် လောက် ကို လည်း ဒီရက် ပိုင်း အတွင်းမှာ ဖမ်းဆီးခဲ့ပါတယ်။

အသက် ၅၄ နှစ် ရှိပြီ ဖြစ်တဲ့ လျှူရှောင် ဘို ဟာ အကျဉ်းချခံထားရတာ ၁၁ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။

လီဇီအောဘို သည် မြန်မာ နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် နှင့် ရှရုား နိုင်ငံမှ ဆာခါရော ဗ် တို့ ကဲ့ လိုပင်
တက်ရောက် ရယူနိုင်ခြင်း မရှိ ဟု သိရသည်။
လူ့အခွင့်အရေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ တွေ့ဆုံ
December 10, 2010 freedom news group Leave a comment Go to comments

1
0

မဲပေးပါ

အောင်မြင်၊ ၊ ၆၂ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ
လူအခွင့်အရေးနေ့အခမ်းအနား ကို ရွှေဂုံတိုင်ရှိ အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ကြောင်းသတင်း
ရရှိသည်။ အဆိုအပါအခမ်းအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့်နိုင်ငံရေး
အကျဉ်းကျခံနေရသောမိသားစုဝင် ၁၀၀ခန့်တက်ရောက်
ကြောင်း FNG သတင်းထောက်မှသတင်းပေးပို့ပါသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခမ်းအနားတွင် ဒီမိုကရေစီမိခင်ဒေါ်ဆန်းစုကြည်မှတက်ရောက်လာကြသော နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များနှင့်


ပါတီဝင်များ၊ပြည်သူများကို အခြေခံလူတယောက်ရရှိပိုင်ခွင့်ရှိသော လူ့အခွင့်အရေးကြောင်းပြောပြပြီး“ ကိုယ်လုပ်နိုင်တာလုပ်ရမယ်၊ လူသားတယောက်အတွက်
ဥကဒေအရရပိုင်ခွင့်တွေရှိတယ်။ နိုင်ငံရေးအကျဉ်းကျခံနေရတဲ့ ကျွန်မတို့ရဲ့ရဲဘော်ရဲဘက်တွေရော အကျဉ်းကျမိသားစုတွေကော

ဥပဒေအရ ဘာအခွင့်အရေးတွေရှိတယ်ဆိုတာမသိကြဘူး ၊မသိတဲ့အခါကျတော့လုပ်သမျှကို ခံနေရတဲ့


သဘောပေါ့လေဒါကြောင့်ကျွန်မတို့ကဥပေဒဘောင်အတွင်းကနေကိုယ်လုပ်နိုင်တာလုပ်ရမယ် ဥပေဒစိုးမိုးရေးကိုယုံကြည်တယ်ဆိုရင်ဥပေဒေဘောင်အတွင်းကနေ
ရပိုင်ခွင့်တွေကို တောင်းဆိုရဲရမယ် “လို့ပြောကြားရင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကို ရင်းရင်းနှီးနှီးအာပေးစကားပြောခဲ့ကြောင်း သတင်းရရှိပါသည်။

ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရွှေဂုံတိုင်မြို့နယ်ရှိ NLD ရုံးတွင် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား မိသားစုများ
တွေ့ဆုံခဲ့သည်။ နိုင်ငံရေး အကျဉ်းသား မိသားစုများ အပါအဝင် လူမှုရေး လုပ်ငန်းများ၌ ထောက်ပံ့ ကူညီရန် ရန်ပုံငွေ ရှာဖွေသည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်
လက်ရာ ကွန်ပျူတာ ပန်းချီကားများကို ပို့စ်ကတ်အဖြစ် ထုတ်ဝေ၍ တခု ကျပ် ၁၀၀၀ ဖြင့် စတင် ရောင်းချနေပြီဖြစ်ကြောင်းလည်း သိရသည်။

အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ တချို့ကို တရုတ်နိုင်ငံတွငပိ


် တ်ပင်
December 10, 2010 freedom news group Leave a comment Go to comments

1
1

မဲပေးပါ

ရဲကျော်အောင်၊ ၊ဘီဂျင်း (စီအင်အင်) –


နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင်ကျင်းပသော
နိုဘယ်ငြိမ်းချမ်းရေးဆု ပေးပွဲ အခမ်းနားနှင့်
ပတ်သက်သော စီအင်အင် သတင်းနှင့် ရုပ်မြင်သံကြား
သတင်းများကို တရုတ်နိုင်ငံတွင် ပိတ်ပင်သော စာရင်းများထဲတွင်ပါဝင်သည်။
အကျဉ်းကျခံ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် လီဇီအောဘို သတင်းဖြစ်သည်။ ဘေဂျင်း ဗျူရို စီအင်အင် သတင်းဌာ၏ အုပ်ချူပ်ရေး အကြီးအကဲ ဂျိမ်းမီ ဖလောခရုဇ်ကို
တင်ပြမေးမြန်းထားသည်။

၁၁ နှစ် အကျဉ်းကျခံနေရသော လီ နှင့် ပတ်သက်သော သတင်းသည် တရုတ်နိုင်ငံအား မတည်ငြိမ်မှုကို ဖြစ်စေသဖြင့် ထိုသတင်းတွေကို ဂြိုဟ်တု မှတဆင့်
ဖြတ်တောက်ထားခြင်းကို လုပ်ဆောင်စီမံထားသည်ဟုလည်း တွေ့ဆုံမေးမြန်းခန်းတွင်ဖော်ပြထားသည်။ နိုဘယ်ငြိမ်းချမ်းရေးဆု နှင့်ပတ်သက်သော သတင်းများ၊
Wikikeaks သတင်းတို့ကို ပိတ်ပင်တားမြစ်နိုင်အောင်ပြုလုပ်ထားသည်ဟုလည်း ဖော်ပြထားသည်။

လီဇီအောဘို သည် မြန်မာ နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် နှင့် ရှရုား နိုင်ငံမှ ဆာခါရော ဗ် တို့ ကဲ့ လိုပင်
တက်ရောက် ရယူနိုင်ခြင်း မရှိ ဟု သိရသည်။

ကိုးကား– http://edition.cnn.com/2010/WORLD/asiapcf/12/09/china.media.blocked/index.html

သက်ကျားအို NLD များ အလုပ်မဖြစ် ဟု အမေရိကန် သံပြော (၀ီကီလိခ)်


December 10, 2010 freedom news group Leave a comment Go to comments

8
1

i
Most Popular ContentAll | Today | This Week | This Month

• Rated 171↑ 6↓ (177 မဲပေးရန်)

• Rated 161↑ 21↓ (182 မဲပေးရန်)

• () Rated 155↑ 1↓ (156 မဲပေးရန်)

create your own rating

မဲပေးပါ

မောက္ခပညာရေး အင်တာနက် စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။


ရန်ကုန် အနောက်မြောက်ဖက် မိုင် ၃၀၀ ကျော် (ကီလိုမီတာ ၄၈၀) ဝေးသော တောင်ခြေနေရာများတွင် မြေအောက် နျူကလီးယားဒုံးကျဉ်တည်ဆောက်မှု
အထောက် အထားများ မြင်တွေ့ရကြောင်း ၀ီကီလိခ်စ်မှ

ဖြန့်ချသော အမေရိကန် သံရုံး လျှို့ဝှက်ကေဘယ်များတွင် ဖော်ပြထားသည်။

တောင်ကုန်းထိပ်မှ အောက် ပေ၅၀၀ ခန့်အနက် မြေအောက်တွင် အခိုင်အမာတည်ဆောက်မှုများရှိနေကြောင်း၊ မြန်မာ အလုပ်သမားများကို မြောက်ကိုရီး


အယောက် ၃၀၀ မှ ကူညီလုပ်ဆောင်ပေးနေကြောင်း ပါရှိသည်။

အမည်မဖော်လိုသော မြန်မာ အရာရှိတစ်ဦးက ဩစတြေးလျသံအမတ်ကို


ပြောကြားချက်ဖြစ်သည့် ‘မြန်မာ အစိုးရအနေဖြင့် နျူကလီးယား တည်ဆောက်မှုတွင် ရုရှားကို software ထရိန်နင်ပေးခြင်းကိုသာ အားကိုး အားထားပြုကြောင်း၊
ရုရှားက စီးပွားရေးဆန်ဆန်ပုံစံ ဆက်ဆံနေသဖြင့် သိပ်တိုးတက်မှုမရှိကြောင်း၊ မြန်မာ အစိုးရက တောင်းသလောက် နိုင်ကြောင်း ပါရှိသည်။ ထို့ကြောင့် hardware
လုပ်ငန်း အကောင်အထည် ဖော်မှုများအတွက် မြောက်ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း’ ဆိုသော သတင်းကိုလည်း အမေရိကန်သံရုံးကေဘယ်တွင်
ပါရှိသည်။

ပိုပြီး ထိတ်လန့်ဖွယ်ကောင်းလွန်းသည်မှာ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ရှိ အမေရိကန်သံရုံးကို ယူရေနီယံ လာရောင်းလို့ သံရုံးမှ


ဝယ်ထားလိုက်ရကြောင်းပါရှိသည်။ ထိုစီးပွားရေးလုပ်ငန်းရှင်က ၁၉၉၂ ခုနှစ် တရုတ် တက္ကသိုလ် တစ်ခုမှ စမ်းသပ်စစ်ဆေးပြီး
ရေဒီယိုသတ္တိကြွပေါင်ဒါဖြစ်ဖြစ်ကြောင်း သက်သေအထောက်အထားပါရှိတဲ့ ကော်ပီလက်မှတ် (photocopied certificate ) ဖြင့် ပုလင်းငယ်တစ်လုံးထဲထည့်ပြီး
သယ်ယူလာခြင်းဖြစ်သည်။ သူက “ခင်ဗျားတို့ အမေရိကန်သံရုံးက ယူရေနီယံဝယ်ယူဖို့ စိတ်မ၀င်စားရင် ထိုင်းဖြစ်ဖြစ် အခြားနိုင်ငံတွေဖြစ်ဖြစ် ရောင်းပစ်ဖို့
ကြိုးစားမှာ” ဟု ပြောကြားကြောင်း ပါရှိသည်။

အလုပ်မဖြစ်သော အန်ကယ်ကြီးများ

၂၀၀၈ ခုနှစ် ဇူလိုင်လ ရန်ကုန်ရှိ အမေရိကန်သံရုံးပေးပို့သော လျှို့ဝှက်ကေဘယ်တွင်လည်း NLD ပါတီမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး
ပါလီမန်ထိုင်ခုံအများစု ရရှိဖို့ စောင့်ဆိုင်းနေသော်လည်း၊ လက်တွေ့မှာ လုံးဝ မဖြစ်နိုင် သေးကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လူထုက လေးစားထောက်ခံမှုရှိသည်မှာ သံသယမရှိသော်လည်း၊ သူမပါတီမှာ အားလုံးလက်ခံနိုင်လောက်သော စွဲမက်ဖွယ်


အနေအထားမျိုးမရှိကြောင်း၊ ရိုးတွင်းချဉ်ဆီခန်းနေသော အန်ကယ်ကြီးများကသာ NLD ကို ပါတီဘော့စ်များအဖြစ် ထိန်းချုပ်ထားသည်မှာ စိတ်ပျက်ဖွယ်
ဖြစ်ကြောင်း၊ ပါတီမှ တက်ကြွသော လူငယ်သွေးသစ်များကိုလည်း ထုတ်ပစ်ကြောင်း၊ စက်တင်ဘာလှုပ်ရှားမှုတွင် ဆန္ဒပြလှုပ်ရှားသူများက NLD ကို
စိတ်ပျက်ခဲ့ကြကြောင်း ပေးပို့ထားသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများကြား သဘောထား ကွဲမှုများရှိနေကြောင်း၊ အထူးသဖြင့် အင်းစိန်ထောင်အတွင်းရှိနေတုန်း


ရွေးကောက်ပွဲ ဆန့်ကျင်သူ မင်းကိုနိုင်နှင့် ထောက်ခံသူ ကိုကိုကြီး တို့အကြား ပြဿနာများရှိခဲ့ကြောင်းစသည့် အချက်အလက်များစွာကို ၀ီကီလီမှဖွင့်ချထားသည်။

သတင်း Gurdian (http://www.guardian.co.uk/world/us-embassy-cables-documents/161881)

တရုတ် က မြန်မာ စစ်အစိုးရ ကို သီးမခံ နိုင်တော့(၀ီကီလိခ)်


December 10, 2010 freedom news group Leave a comment Go to comments

15
0

မဲပေးပါ

US embassy cables: China losing patience with Burma

တရုတ် က မြန်မာ စစ်အစိုးရ၏ ဦးဏှောက် မရှိ ပုံ အတွက် သည်းမခံ နိုင်တော့ ကြောင်း ကို မြန်မာ ၀ီကီလိခ် တွင်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ယနေ့ ထပ်မံ ဖွင့်ချ သည့် ၀ီကီလိခ် ၏ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ ကြေးနန်း
တစ်ခု တွင် မြန်မာ စစ်အစိုးရက ညူကလီးယား လက် နက် ထုတ် လုပ်ရန် နိုင်ရန် လိုအပ်
သည့် ယူရေနီယမ် သန့် စင် စက်ရုံ တစ်ခု ကိုလျှို့ ဝှက် တည် ဆောက် နေပြီ ဖြစ်ကြောင်း
ကြေးနန်း ရှစ် စောင် ဖြင့် အတိအကျ သတင်းပို့ ချက် များ ကို ဖော် ထုတ် ခဲ့သည်။

ထို လျှို့ ဝှက် ညူကလီးယား ထုတ်လုပ် ရေး စက် ရုံတွင် မြောက် ကိုရီးယား အလုပ်သမား
၃၀၀ ခန့် ရှိ ပြီး မကွေး တိုင်း မင်းဘူး မြို့ အနီး တွင် လှို့  ၀ှက် တည် ဆောက် ထားကာယူ
ရေနီယံ သန့် စင် စက် ရုံ့ အနီး သို့ မည် သူမှ ဖြတ် သန်း မသွား ရန် တားမြစ်ထားသည်
ဟု ဖော်ပြထားသည်။

နောက်ထပ် ကြေးနန်း တစ်ခု တွင် မူ မြန်မာ စစ်အစိုးရ ၏ ဥာဏ် မရှိ သည့် လုပ်ရပ် များ
အတွက် ဆက်ဆံ လိုစိတ် မရှိ ပုံ နိုင်ငံရေး ပြုပြင် ပြောင်း လဲမှု နှေးကွေးသည့် အတွက်
သည်း မခံ နိုင်တော့ကြောင်း ကို တရုတ် သံအမတ် ကြီး ကွမ် မူ က အမေရိကန် နိုင်ငံ
ဆိုင်ရာ မြန်မာ သံအမတ်ကြီး ရှာရီ ဗီလာ ရိုဆာ နှင့် နေ့ လည် စာ စား ချိန် တွင် ပြော
ဆွေး နွေး သုံး သပ် ခဲ့သည်။

မြန်မာ စစ်အစိုးရသည် ၎င်း တို့ အာဏာ တည် မြဲ ရန် သာ ပြုလုပ် နေပြီး ကြောင်း
ထို လုပ်ရပ် သည် တိုင်းပြည် ကုန်းကောက် စရာပင် ရှိ မှာ မဟုတ်ကြောင်း ကို သံအမတ်
နှစ်ဦး ဆွေးနွေး ခဲ့သည် များ ကို အမေရိကန် သံရုံး ၏ ၀ါရှင် တန် ကြေးနန်း ပေါက်ကြား
မှု ဉ် ၀ီကီလိခ် က ဖော် ပြ ခဲ့သည်။

http://freedomnewsgroup.com/

ဗိုလ်ချူပ်ရင်သွေးများ (နှစ် ၆၀ က စာမှတ်တမ်း)


ခရီးသည်အယ်ဒီတာ
(အာရ်အက်ဖ်အေ ရေဒီယိုက တဆင့် မေစာ ပြန်လည်တင်ပြသည်)
ဒီဇင်ဘာ ၁၀၊ ၂၀၁၀
လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်နီးပါးက စာပေမှတ်တမ်းတစောင်ကျေးဇူးကြောင့် နိုင်ငံ့ခေါင်းဆောင် တဦးရဲ့ သမိုင်းအစ ခြေရာခံမိခဲ့ပုံကို ပြင်ပကလောင်ရှင်
မေစာက (RFA) လွတ်လပ်တဲ့ အာရှအသံ စာဝိုင်း ပေဝိုင်း စကားဝိုင်း အစီအစဉ်မှာ ဆွေးနွေးတင်ပြထားတာကို တဆင့် ဖော်ပြလိုက်ပါတယ်။

မင်္ဂလာပါ။
ဗိုလ်ချုပ်အောင်ဆန်းတို့ ကွယ်လွန်ပြီး ငါးနှစ်အကြာ၊ တနည်းပြောရရင် လွတ်လပ်ရေးရပြီး လေးနှစ်အကြာမှာ ဗိုလ်ချုပ်တို့ မိသားစုအကြောင်း
ဆောင်းပါးတစောင် ၁၉၅၂ ဇန်နဝါရီလထုတ် သွေးသောက်မဂ္ဂဇင်းထဲမှာ ဖော်ပြဖူးပါတယ်။ ရေးသူက “ခရီးသည်အယ်ဒီတာ” ။ ဆောင်းပါးနာမည်က “ဗိုလ်ချုပ်၏
ရင်သွေးများ”တဲ့။ သွေးသောက်မဂ္ဂဇင်းအယ်ဒီတာက ဗိုလ်ချုပ်ရဲ့ ကျန်ရစ်သူမိသားစု နေထိုင်တဲ့ ရန်ကုန် ကန်တော်ကြီး တာဝါလိန်းလမ်းက အိမ်ကိုသွားပါတယ်။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နဲ့ ကလေးသုံးယောက်ကို တွေ့ပါတယ်။ ကလေးတွေနဲ့ စကားပြောဖြစ်ဆိုဖြစ်ပုံကို တင်ပြရင်း ကလေးတွေရဲ့ စရိုက်လက္ခဏာတွေကို
မှတ်တမ်းပြုထားပါတယ်။
ဖတ်ရင်းဖတ်ရင်းက အတွေးပွားကြည်နူးရတဲ့ဆောင်းပါးတစောင်လို့ ဆိုရပါလိမ့်မယ်။ ၁၉၅၂ခု ကာလက ဗိုလ်ချုပ်ရဲ့ ကျန်ရစ်သူရင်သွေးတွေရဲ့ အပြုအမူ
အပြောအဆိုကို မြင်ယောင်ကြားယောင်ရင်း ဒီနေ့ နိုင်ငံရေးလောကမှာ အမျိုးသားခေါင်းဆောင်လို့ အပြောအဆို အသတ်အမှတ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
အပြုအမူ အပြောအဆိုနဲ့ ယှဉ်စရာဖြစ်လာရပါတယ်။ ရှေးရှေးက ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မခြားမနားလှပါလား။
အင်ဂလိပ်ကဗျာဆရာကြီး ဝီလျံဝါ့ဒ်စဝါ့သ်ရဲ့ “ကလေးဆိုတာ လူကြီးရဲ့ဖခင်ပဲ”လို့တိုက်ရိုက် ဘာသာပြန်ရမယ့် စာသားကို ပြေးသတိရပါတယ်။ ငယ်ငယ်ကတည်းက
ဇာတိပြတတ်တဲ့ လူ့သဘောကို အာရုံ ဝင်စားမိပါတယ်ရှင်။

ဒီဆောင်းပါးရေးစဉ်က ကလေးတွေက တကယ့် ငယ်ငယ်လေးတွေပါ။ အောင်ဆန်းဦးက ၈နှစ်၊ အောင်ဆန်းလင်း က ၇နှစ်၊ အောင်ဆန်းစုကြည်က


၆နှစ်ပဲ ရှိပါသေးတယ်။ စကားပြောပလားဆိုရင် အောင်ဆန်းစုကြည်က သူ့ကိုယ်သူ မမစု မမစု လို့ ရည်ညွှန်းပြီး ပြောတတ်ပါတယ်။ ဒါကြောင့် ဒီစကားဝိုင်းမှာ
သူ့အကြောင်းပြောရင် ခရီးသည်အယ်ဒီတာ နည်းတူ မမစုလို့ပဲ သုံးခွင့်ပြုစေချင်ပါတယ်။
မောင်နှမသုံးယောက်မှာ စရိုက်လက္ခဏာတွေက တမျိုးစီ။
ဆောင်းပါးထဲမှာ သားကြီး အောင်ဆန်းဦးက မလှုပ် တလှုပ်ပါ။ မေးတဲ့သူက မေးနိုင်မှ စကားသံထွက်တာပါ။ အဖေနဲ့အမေ ဘယ်သူ့ကိုချစ်သလဲ
မေးတဲ့အခါ ဘယ်လိုမှ မဖြေဘဲ ရယ်နေသတဲ့။ ဒါကြောင့် သူ့အမူအရာ သူ့အသံကို များများ မကြားရပါဘူး။
အောင်ဆန်းလင်းကတော့ သွက်သွက်လက်လက်ရှိလှပါတယ်။ ကြံကြံဖန်ဖန်တွေးပြီး ရယ်ရယ်မောမော ပြောတတ်ပါတယ်။ ပြောပုံနေပုံ ဗိုလ်ချုပ်နဲ့
တူတယ်လို့ ခရီးသည်အယ်ဒီတာက မြင်ပါတယ်။ အဖေနဲ့အမေမှာ သူက အမေထက် အဖေကို ပိုချစ်တဲ့ကလေး။
“ဖေဖေ့ချစ်တယ်၊ ဖေဖေက တခါဘဲရိုက်တယ်” တဲ့။ ရိုက်တာက ရေလုသောက်လို့ ရိုက်တာ။ တခါလေး ရိုက်ဖူးတာပေမယ့် လေးငါးနှစ် ကြာအောင်
မှတ်တတ်တဲ့ကလေး။ ပြောပါသေးတယ်။
“ကျနော်တော့ အိမ်ထောင်ရေးကို မကြိုက် ဘူး။ စီးပွားရေးပဲ ကြိုက်တယ်”တဲ့။
အောင်ဆန်းလင်းက အဲဒီလို ပြောတော့ မမစုက သူ့အကိုအကြောင်း သူက သွက်သွက်လက်လက်ရှင်းပြပါတယ်။
“သူကလေ မိန်းမယူရင် ခလေးမွေးရမယ်။ ဒီခလေးကိုကျွေးရတာဟာ ဒုက္ခပဲ တဲ့။ မေမေတောင်မှ မမစုတို့ကို ကျွေးနေရတာ ဒုက္ခများတယ်တဲ့။ ကနွဲ့ကရ
ချစ်စရာအမူအရာကလေးနှင့် ရှင်းပြသည်” လို့ အယ်ဒီတာက ကောက်ချက်ချပါတယ်။
အဖေနဲ့အမေ ဘယ်သူ့ကို ချစ်သလဲဆိုတဲ့အမေးကိုဖြေတဲ့အခါ “မမစုကတော့ ဖေဖေ့ရော မေမေ့ရော ချစ်တာဘဲ” တဲ့။ ကြာကြာ အတူ
မနေလိုက်ရပေမယ့် အဖေ့အပေါ် မမစုရဲ့အချစ်က ခိုင်လှပါတယ်။
စရိုက်လက္ခဏာတွေမတူသလို ရည်မှန်းချက်တွေက မတူပြန်ပါဘူး။
အရုပ်ဆွဲ အရုပ်လုပ် ဝါသနာပါတဲ့ အောင်ဆန်းဦးကတော့ ကြီးလာရင် အင်ဂျင်နီယာလုပ်ဖို့မှန်းသတဲ့။ အောင်ဆန်းလင်းက စီးပွားရေးဝါသနာပါပါသတဲ့။
မမစုက ဘယ်လိုမှ ထုတ်မပြောပေမယ့် အမျိုးသမီးများတိုးတက်ရေးနဲ့ ဆိုင်တဲ့ အစိုးရလုပ်ငန်းဘက်ဝင်မယ်လို့ ခရီးသည် အယ်ဒီတာက ဟောကိန်းထုတ်ပါတယ်။
မတူတာတွေရှိသလို မမစုတို့မောင်နှမသုံးယောက်မှာ စရိုက်တူတာတွေလဲ ရှိပါတယ်။
ပထမတူတဲ့အချက်က မြန်မာ့ရိုးရာ ယဉ်ေကျးမှုကို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခဲ့ကြတာပါ။ စားတဲ့ သောက်တဲ့ အခါ ကြီးသူကို ငယ်သူက ဦးချပြီးမှ
စားကြပါသတဲ့။ အကြီးဆုံးသား အောင်ဆန်းဦးပန်းကန်မှာ ထမင်းဟင်း အရင်ထည့်၊ နောက်မှ အောင်ဆန်းလင်းနဲ့ မမစုရဲ့ ပန်းကန်တွေထဲမှာ ကြီးစဉ်ငယ်လိုက်
ထည့်ရပါသတဲ့။
ဒုတိယအချက်ကတော့ ဦးစောစံဘိုးသင်းကို ချစ်ခင် ရိုသေကြတဲ့နေရာမှာ ။
ဦးစောစံဘိုးသင်းဆိုတာက ဗိုလ်ချုပ်နဲ့အတူ လက်တွဲခဲ့တဲ့ ဝန်ကြီးဟောင်း ကရင် တိုင်းရင်းသားကြီ:ပါ။ ဗိုလ်ချုပ်ရဲ့မိသားစုအပေါ် သံယောဇဉ်ကြီးလှတဲ့
ဦးစောစံဘိုးသင်းက ဗိုလ်ချုပ်မရှိတဲ့ နောက်မှာ ဗိုလ်ချုပ်ကတော်နဲ့ ကလေးတွေဆီကို မကြာမကြာ အလည်အပတ် ရောက်တတ်ပါတယ်။ ကလေးတွေကို
ပုံပြောပြတတ်ပါသတဲ့။ ကလေးတွေကလဲ “ဆင်ကြီး” ရယ်လို့ တရင်းတနှီးခေါ် တတ်ပါသတဲ့။ တိုင်းရင်းသားတွေအပေါ် ချစ်ခင်ရိုသေစိတ်ဟာ
အဲဒီအရွယ်ကတည်းက မမစုမှာအမြစ်တွယ်ခဲ့ပြီလို့ ဆိုရင် မလွန်တန်ရာလို့ ယူဆပါတယ်။
တတိယ တူညီကြတဲ့အချက်ကတော့ ဝေဖန်ဆန်းစစ်တတ်တဲ့အကျင့် ရှိခဲ့ကြတာပါပဲ။
နိုင်ငံခြားကလာတဲ့ ကလေးဖတ်စာအုပ်တွေဖတ်ရှုနေကြပေမယ့် အဲဒီအရွယ်ကတည်းက မျက်စိမှိတ် လက်ခံတဲ့ အကျင့်မရှိခဲ့ပါဘူး။
မိဘစကားနားမထောင်တဲ့ ဇာတ်ကောင်တဦးရဲ့ အောင်မြင်မှုကို အသားပေးရေးထားရင် ရှုတ်ချတတ်ပါတယ်။ မိဘစကားနားမထောင်ဘဲ ချမ်းသာသွားတာမျိုး
မချမ်းသာချင်ပါဘူးလို့ ဆိုကြပါသတဲ့။
တခါမှာတော့ လူကြီးတွေက မိထွေးမကောင်းကြောင်း စကားလက်ဆုံကျနေကြပါသတဲ့၊ အဲဒီအချိန်မှာ မောင်နှမ ရောက်လာပြီး လူကြီးတွေဝိုင်းထဲမှာ
ဝင်ပြောပါသတဲ့။
ပြောပုံက “အံမယ် မိထွေးတိုင်း မဆိုးပါဘူး။ အီဘရာဟင်လင်ကွန်းရဲ့ မိထွေး ဘယ့်နဲ့ လုပ်မလဲ” တဲ့။
ထုံးတမ်းစဉ်လာ အပြောအဆိုပေမယ့် အကြောင်းယုတ်တိမခိုင်မာရင် လက်မခံတတ်တဲ့အမူအရာကို မြင်နေရပါပြီ။
ဗိုလ်ချုပ်ရင်သွေးတွေမှာ တူညီကြတဲ့ နောက်ဆုံးတချက်။ ဒါကို နောက်ဆုံးထား အစီရင်ခံရပေမယ့် အရေးအကြီးဆုံးလို့ ဆိုချင်ပါတယ်။
အရေးအကြီးဆုံးမို့ ခရီးသည်အယ်ဒီတာရဲ့စကားကိုပဲ အလုံးစုံ ကိုးကားဆိုပါရစေ။
“သူတို့သည် လိမ်လည်ပြောခြင်း၊ မိဘစကား နားမထောင်ခြင်းတို့ကို အလွန်မုန်းကြသည်။ ကြောက်စိတ်ကို ပယ်ကြသည်။” တဲ့။
ဒီအထဲက မိဘစကားနားမထောင်တာနဲ့ ပတ်သက်လို့ ဆိုပြီးသားမို့ အကျယ်မချဲ့တော့ပါဘူး။ လိမ်ပြောတာကို မကြိုက်တဲ့ စရိုက်ဝါသနာနဲ့
ပတ်သက်လို့ဆိုရင်လဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ဖူး ကြားဖူးသူများ သိပြီးတဲ့ အတိုင်းပါပဲ။ အရောင်းအဝယ်လုပ်ရာမှာ အမြတ်များများရလိုတဲ့အတွက်
ဝယ်ရင်းဈေးကို ပိုပြောတာကိုတောင် လက်မခံတဲ့ ဗိုလ်ချုပ်ရဲ့အပြုအမူ အပြောအဆိုကို သတိရမိမှာပါ။ ဗိုလ်ချုပ်ရင်သွေးတွေမှာ ငှက်ပျောပင်စိုက် မိလိုက်ဖပါ
ဒီလိုစရိုက်မျိုးရှိလာတာလို့ တွေးနိုင်ပါတယ်။
နောက်တော့ ကြောက်စိတ်ကို ပယ်ကြတဲ့ဗီဇ။ မြန်မာ့နိုင်ငံရေးလောကထဲကို ဝင်လာကတည်းက ဒေါ်အောင်ဆန်းစုကြည်ဆီက
များများကြားရတဲ့တရားဟာ ကြောက်စိတ်ဆန့်ကျင်ရေးတရားပါပဲ။ ၁၉၃၃ ခုက အမေရိကန်သမတ ရုစဗဲ့ ဆိုခဲ့သလိုပေါ့။
“လောကမှာ တခုတည်းသော ကြောက်စရာက ကြောက်စိတ်ကြီးပဲ မဟုတ်လား”။
ဒီကြောက်စိတ်ကြောင့် အဖိနှိပ်ခံရ၊ အနှိပ်စက်ခံရ၊ အဓမ္မမှုမှန်သမျှ ခေါင်းငုံ့ခံရတာတွေ မြင်နေကြုံနေရတော့ နိုင်ငံရေးခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ဒီတရားကို နာနာဟောပါတယ်။ ဟောရုံနဲ့ အားမရသေးဘဲ စာတစောင် ပေတဖွဲ့ ပြုစုပါတယ်။
“ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး” တဲ့။
နောက်ပြီး တရားဆိုတာက သိရုံနဲ့ ဘာထူးမှာတုံး။ သိလဲသိ ရှိလဲရှိမှ။ ဟောလဲဟော ကျင့်လဲကျင့်မှ။ သိတဲ့တရား ဟောတဲ့တရားက တရားအရာ
မြောက်တာပါ။ မြန်မာ့နိုင်ငံရေး လောကထဲ ကျင်လည်နေတဲ့ မမစုက မကြောက်တရားကို သိလဲသိ ရှိလဲရှိ၊ ဟောလဲ ဟော။ ကျင့်လဲကျင့်။ ဒီသတ္တိ ဒီစရိုက်ဟာ
ငယ်ငယ်တုန်းကတည်းက သတ္တိပါလား၊ စရိုက်ပါလား။
ခရီးသည်အယ်ဒီတာသာ စာနဲ့ပေနဲ့ မှတ်တမ်းမတင်ခဲ့ရင် ခေါင်းဆောင်တဦးရဲ့ သမိုင်းအစကို အခုလို ခြေရာကောက်နိုင်မယ် မဟုတ်ပါဘူး။ နှုတ်တရာ
စာတလုံး ဆိုတဲ့အတိုင်း စာပေရဲ့ကျေးဇူးကြီးလှပါကလား လို့ ဆင်ခြင်မိကြောင်းပါရှင်။ ။
စာပေမြင့်ပြီး လူမျိုးတင့်ပါစေ။

ကမ္ဘာကြီးနဲ့ တယောက် - ၀ီကီလိခ်ရဲ့အဆန်းန်


လောကဓာတ်ခန်းသာဂိ
ဒီဇင်ဘာ ၁၀၊ ၂၀၁၀
ဒီနှစ်ရဲ့ နှောင်းပိုင်းမှာ အမေရိကန်အစိုးရရဲ့ လျို့ဝှက်ချက်တွေကို ဖောက်ချသူဟာ သာမန်ရိုးကျ သတင်းစာသမား မဟုတ်ဘူး။ အကြမ်းဖက်အုပ်စုတွေ
မဟုတ်ဘူး။ အာဏာရှင်နိုင်ငံတွေ မဟုတ်ဘူး။ ၂၁ ရာစုသစ် အင်တာနက်အက်တီဗစ်စ် ဂျူလီယာအဆန်း ဖြစ်တယ်။ ၀ီကီလိခ်ဆိုတဲ့ အင်တာနက်
စာမျက်နှာဆိုတာက ရာစုသစ်ရဲ့ မီဒီယာသစ်တခု ဖြစ်တယ်။ အကျိုးအမြတ်အတွက်မဟုတ်ဘဲ သတင်းအချက်အလက်များ လူထုထံ အချုပ်အချယ်
အကန့်အသတ်မဲ့ လွတ်လပ်စွာ စီးဆင်းရေးအတွက် ထကြွတဲ့ လှုပ်ရှားမှုဖြစ်တယ်။

ဝီကီလိခ်ထံကို အစိုးရတွေ၊ ကော်ပိုရိတ်ကြီးတွေရဲ့ လျို့ဝှက်ချက်တွေ၊ ခြေပုန်းခုတ်မှုတွေကို အရောက်ပေးပို့သူတွေက အစိုးရတွေ၊


ကော်ပိုရိတ်ကြီးတွေထဲက ၀န်ထမ်းတွေ ကိုယ်တိုင်ပါပဲ။ ဒါတွေကို ဖော်ချ ဖောက်ထုတ် ဖော်ကောင်လုပ်တာကလည်း သူတို့ သဘောနဲ့ သူတို့ ထကြွမှု ဖြစ်နေတယ်။
ဘာအကျိုးအမြတ်မှ မရှိဘူး။
အခုတလော မိုးမီးလောင်နေတဲ့ ၀ီကီလိခ်ရဲ့ ပေါက်ကြားမှုကြီးတွေကို အဆန်းန်လက်ထဲကို အရောက် ပို့ဆောင်ပေးသူ၊ ဖောက်ချပေးလိုက်သူက အသက် ၂၂
အရွက် အမေရိကန်တပ်မတော်သား၊ ကွန်ပျူတာပညာရှင် လူငယ်တဦး၊ လိင်တူ ဆက်ဆံသူ မန်နင်း ဆိုသူ ဖြစ်တယ်။ အခုသူ့ကို အမေရိကန်အစိုးရက
စစ်ခုံရုံးတင်ဖို့ ပြင်နေပြီ။ ကယ်လီဖိုးနီးယားရဲ့ ဘာကလေးမြို့ကတော့ အက်တီဗစ်တို့ရဲ့ (ထကြွသူများ) အိမ်ယာဆိုတော့ သူ့ကို မြို့တော်ဂုဏ်ထူးဆောင်အဖြစ်
ဂုဏ်ပြူဖို့ အဆိုတင်နေကြလေရဲ့။ အမေရိကန်နဲ့ ကမ္ဘာက ပြည်သူတွေထံ အမှန်တရားကို ရဲရင့်စွာ ထုတ်ဖော်လို့ ဆိုပဲ။
အဆန်းန်ကို ဗြိတိန်မှာ ဖမ်းထားတယ်။ သူက သြစတြေးလျနိုင်ငံသား။ ဖမ်းထားတဲ့အမှုက ဆွီဒင်မှာ အမျိုးသမီး ၂ ဦးနဲ့ လိင်ဆက်ဆံမှု လုပ်တာမှာ ကာကွယ်မှု
(ကွန်ဒွန)် မသုံးစွဲလို့ ဆိုပဲ။ ဒါကို နိုင်ငံတကာပုလိပ်အဖွဲ့ (အင်တာပိ)ု ကိုယ်တိုင်က ၀ရမ်းထုတ်ြပီး ဖမ်းတာ ဖြစ်တယ်။ သူ့ကို ဥပဒေကြောင်းအရ
ဝီကီလိခ်လုပ်ရပ်အတွက် တရားစွဲတာ ဖမ်းဆီးတာ မလုပ်နိုင်သေးတော့ အခုလို အနောက်က အစိုးရတွေက အဆန်န်း ချက်အောက်ကို ထိုးကြတယ်လို့ ပြောတာပဲ။
အစိုးရတွေရဲ့ လျို့ဝှက်ချက်တွေအပြင် နိုင်ငံတကာကော်ပိုရိတ်ကြီးတွေရဲ့ နောက်ကွယ်က အကြောင်းတွေကိုပါ ဖောက်ချဦးမယ်လို့
သတင်းထွက်နေတော့ အာဏာပိုင်တွေ၊ အစိုးရတွေ၊ နိုင်ငံရေးသမားတွေ နဲ့ အရင်းရှင်ကြီးတွေဟာ ဘယ်လောက်အထိ ဆောက်တည်ရာ မရဖြစ်ပြီး အဆန်းန်ကို
ဖြစ်တဲ့နည်းနဲ့ ဖိနှိပ်ကန့်သတ်ဖို့ အစွမ်းကုန် ကြိုးစားကြပုံကတော့ အံ့သြကုန်နိုင်ဖွယ် …။
အမေရိကန် နိုင်ငံရေးသမားတွေက သူ့ကို အင်တာနက်အကြမ်းဖက်သမားလို့ စွပ်စွဲတယ်။ တွေ့ရာ သင်းချိုင်း ဒါးမဆိုင်းပဲ တဲ့။ အမေရိကန်က
ဝက်ဆိုက်တွေ၊ ဒီအန်န်အက်စ်ဆိုတဲ့ ၀က်ဆိုက်လမ်းညွန်တွေ၊ ၀က်ဆာဗာတွေက ၀ီကီလိခ်ကို သပိတ်မှောက်တယ်။ ပိတ်ဆို့တယ်။ သူ့ကို ငွေကြေး ဖြတ်တောက်ဖို့
Paypal, Amazon, Visa & Master လုပ်ငန်းတွေက ဆောင်ရွက်တယ်။ အဲသလိုမျိုး အင်တာနက် ထကြွသူတဦးရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို လုပ်ကြံဖို့
ဝိုင်းလုပ်ကြပုံကို ယူအင်န်က လူ့အခွင့်အရေးနဲ့ သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာ ပြောခွင့်ရသူတဦးက ပြစ်တင် ဝေဖန် ထောက်ပြရတဲ့ အထိတောင် ဖြစ်ကုန်တယ်။
(ရှက်ဖွယ)်
သူရဲ့ ဖွင့်ချမှုတွေကလည်း ကမ္ဘာကြီးတခုလုံး တုန်သွားတာ အမှန်ပါ။ မြန်မာပြည်လို နိုင်ငံက နူကလီးယားကိစ္စတွေတောင် ပါဆိုပဲ။
ကျန်တာတွေကတော့ ပြောမနေနဲ့တော့။ သို့သော် ပြောချင်တာက အစိုးရတွေ၊ နိုင်ငံရေးသမားတွေ၊ အရင်းရှင်ကြီးတွေဟာ သူတို့ရဲ့ အရိုးအထိ လှီးခံရမယ့်
အဖြစ်ကို တိုးတော့မယ်ဆိုတဲ့အခါ ဒါကို အပြတ်လက်တုန့်ပြန်ဖို့ ကြိုးစားတာက လက်ကုန်ပဲ။ နူကလီးယားလဲမရှိ၊ အသေခံအကြမ်းဖက်သမားလဲ မဟုတ်၊
လက်နက်ကိုင်သူလည်း မဟုတ်တဲ့ အင်တာနက်ထကြွသူဟာ ပြေးစရာ တောင် မြေမရှိတော့ဘူး။ ၀က်ဆိုက်တောင် ထားစရာ မရှိတော့လို့ ဂူးဂဲကနေ ဒိုမိန်းနဲ့ ရှာလို့
မရတော့ အိုင်ပီအက်ဒရက်စ်နဲ့ လိုက်ရှာရတဲ့ အဖြစ်။ (http://213.251.145.96)
အခု ၁ ရက် ၂ ရက် အတွင်းမှာ ၀ီကီလိခ်ကို အမေရိကားအပြင်ဖက်၊ ဥရောပလို နိုင်ငံတွေက အင်တာနက်အက်တီဗစ်စ်တွေ အဖွဲ့တွေက နေစရာ၊
နားစရာ ၀က်ဆိုက် ဇရပ်တွေ ထိုးပေးထားတယ်။ ငွေကြေး အလှူခံလို့ မရဘူး ဆိုလို့ ဥရောပက ဘဏ်အချို့က ငွေကို လက်ခံပေးတယ်။ သူဆက်လုပ်ရမယ့်
အလုပ်တွေ ဆက်ဖောက်ရမယ့် ပေါက်ကြားမှုတွေကို လက်ဆင့်ကမ်း ဖော်ထုတ်ဖို့ ပြင်ဆင်နေကြတယ်။ ပြီးတော့ အင်တာနက်ပေါ်က ဟက်ကာ + အက်တီဗစ် =
ဟက်ကစ်ဗစ်စ်တွေကလည်း အဆန်းန်အတွက် သွေးစည်းညီညွတ်မှုတွေ နဲ့ လက်တုန့်ပြန်မယ်လို့ စစ်ကြေညာလိုက်တယ်။ ဆိုင်ဘာဝါး - အင်တာနက် နည်းပညာ
စစ်တုန့်ပြန်မယ်။ အင်တာနက်စစ်သွေးကြွတွေလို့ အမေရိကန်နိုင်ငံရေးသမားတွေက ပြောတော့မှာပေါ့လေ။
ဟက်ကစ်ဗစ်စ်တွေက အခု တန်ပြန်ထိုးစစ်မှာ အဆန်းန်ကို ပိတ်ဆို့တဲ့ မာစတာကဒ်၊ ဗီဇာကဒ်နဲ့ ပေးပေါ ငွေပေးချေစနစ်တွေရဲ့ ၀က်ဆိုက်တွေကို
ပြန်လည် ပိတ်ဆို့ တိုက်ခိုက်နေကြတာ အခု ၂ ရက် ရှိသွားပြီ။ ကမ္ဘာတ၀ှမ်းက အင်တာနက်ထကြွသူတွေဆိုတာ ဆယ်ကျော်သက်တွေသာမက မိဘတွေ၊
လူလတ်တန်းစား ပညာတတ်မိသားစုတွေ အထိ ပါဝင်တယ်လို့ ဆိုတယ်။
အဆန်းန်ဘက်က သတင်းတွေ အာဘော်တွေကို ပြောဆိုတင်ဆက်ပေးနေတဲ့ သာမန်ရိုးကျ သတင်းဌာနဆိုလို့ နယူးယောက်တိုင်း၊ ဂါဒီယန်း
တို့လောက်ကသာ ဖြစ်တယ်။ အရင်းရှင်ကြီးတွေ၊ နိုင်ငံရေးသမားတွေ လက်ခုပ်ထဲက သတင်းတွေ မီဒီယာတွေ သတင်းသမားတွေဆိုတာက အဆန်းန်းကို
အကောင်းပြောဖို့တောင် ပါးစပ်မဟရဲကြဘူး။ အလုပ်ရှင်တွေ၊ အာဏာရှင်တွေ၊ ငွေရှင်တွေ ငြိုငြင်သွားမှာ စိုးလို့။
တွေးကြည့်ရင် တရားရစရာပါပဲ။ ဘယ်ရာစုပဲ ရောက်ရောက်ပါ၊ သတင်းနဲ့ အချက်အလက် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုတာဟာ လွတ်လပ်မှု
ဘယ်လောက်ပဲ ရှိတယ် ပြောပြော၊ အကန့်အသတ်တွေ ဆင်ဆာတွေ ဆိုတာ ရှိတာချည်းပဲ ဆိုတဲ့ အချက်။ အင်တာနက်ထကြွသူ၊ သတင်းစာနယ်ဇင်းသမား၊
နိုင်ငံရေး တက်ကြွသူတွေ ဆိုတာ အဲသည်လို သက်ဝင်ယုံကြည်မှုနဲ့ ပတ်သက်ပြီး အဆုံးစွန် ရွေးစရာအချိန်ရောက်ရင် ရွေးကြရတာချည်းပါပဲ။ အဲသည်မှာ
ကမ္ဘာကြီးက တဖက်၊ ကိုယ်က တဖက် ဖြစ်ချင် ဖြစ်သွား၊ ရွေးရတာချည်း။ ကိုယ့်နောက်မှာ ကိုယ့်လိုပဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး
မိုက်တွင်းနက်သူတွေဆိုတာ ကျဉ်းထဲ ကြပ်ထဲရောက်မှ တွေ့ကြရမှာ။ တွေ့ချင်မှလည်း တွေ့ကြရမှာ။
ကဲ … ဂျီူလီယာနီအဆန်းန် သင်တို့တတွေဟာ ခေတ်သစ် ရော်ဘင်ဟုဒ်တွေလား၊ ရာစုသစ် ငတက်ပြားတွေလား။ အာဏာရှင်တွေ၊ အစိုးရတွေ၊
အရင်းရှင်တွေကို အာဏာဖီဆန်၊ အာခံသူ ၂၁ ရာစု အင်တာနက်သူုပုန်ကြီးတွေလား။ အစွမ်းရောက် စစ်သွေးကြွတွေလို အင်တာနက်အကြမ်းဖက်သမားတွေလား။
အချိန်နဲ့ သမိုင်းက ဆက်လက် စောင့်ကြည့် ဆုံးဖြတ်ကြယုံသာ။ ။

ဗေဒင်၊ အမှားပြင်ဆင်ချက်၊ ကုမ္ပဏီ


အဝေးကြည့်မှန်ပြောင်း (ရန်ကုန)်

ဒီဇင်ဘာ ၉၊ ၂၀၁၀ အင်္ဂါနေ့ ရက်စွဲနဲ့ ထုတ်တဲ့ စောင့်ကြည့် (News Watch)


သတင်းဂျာနယ်ကို ၀ယ်ဖတ်မိတယ်။ ဂျာနယ်ထဲ ပါတဲ့ တချို့ကို မျှဝေလိုက်ပါတယ်။

ကုန်မနီ လို့ မြန်မာဆန်ဆန် ဖတ်စေ

ကုမ္ပဏီ (company) ဆိုတာ ရန်ကုန်မှာ ခလုတ်တိုက်မိရလောက်အောင် ပေါနေပါပြီ။ ဒီစကားလုံးက မွေးစား စကားလုံးပါ။ ဒါကို ဘိုရူး တချို့က ကန်ပနီ လို့
အသံထွက်ကြတယ်။ အဲဒီအကြောင်းကို ဟောဒီမှာ ရေးထားပါတယ်။
ဒီတိုင်းပြည်မှာ ဘိုသံ စစ်စစ် ထွက်ချင်သူတွေကို ပြောချင်လို့
ဖြစ်မယ်။ အသံ မတူလဲ ဘာဖြစ်တုန်း။ အင်္ဂလိပ်စကားကို ဂျပန်ကလဲ သူ့အသံထွက်နဲ့သူ၊ တရုတ.် . ကုလား.. ကလဲ အလားတူ.. နားလည်ရင် ပြီးတာဘဲ ဆိုတဲ့ မူ
နဲ့လေ..။ သရော်တော်တော် ပြောသွားတာလေး ကြိုက်လို့ ဖတ်ရအောင် ထည့်ပေးတာပါ။

လိုတိုရှင်း လူထုစိန်ဝင်း

လူထုစိန်ဝင်းရဲ့ ဆောင်းပါးက မတူတာတွေကို သည်းခံပြီး လက်တွဲကြဖို့ တိုက်တွန်းထားတာပါ။ တထိုင်ထဲ ဖတ်ရလောက်အောင် ခပ်တိုတို ရေးထားတာကြောင့်
ဖတ်သင့်ပါတယ်။ ဂျာနယ်ဆိုင်ရှေ့ရောက်ရင် သုံးလေးစောင်လောက်ဝယ်၊ ဖတ်စရာတွေက တထပ်ကြီး ဖြစ်နေရော။ အချိန်က နည်း၊ ဖတ်စရာက များ တဲ့
ခေတ်ဆိုတော့ လိုရင်းကို တိုတို ရှင်းရှင်း ရေးတဲ့ ဆောင်းပါးတွေကို ပိုပြီး ဖတ်ဖြစ်ကြမယ် ထင်ပါတယ်။ နာမည်ကျော် သတင်းစာဆရာ လူထုစိန်ဝင်းရဲ့ စာတွေ
မဖတ်ဖူးသူတွေအတွက်၊ ပြီးတော့ သူ့ရဲ့ ပရိသတ် နဲ့ စာ အစုံဖတ်တဲ့ ပရိသတ်များအတွက် ထည့်ပေးလိုက်ပါတယ်။

နွဲ့ယဉ်ဝင်းရဲ့ စကားလက်ဆောင်

အသက် ၆၀ ကျော်နေပေမယ့် အဆိုတော်ကြီး နွဲ့ယဉ်ဝင်းက ဂီတ ကို မပြတ် လေ့လာနေတုန်းပါပဲ တဲ့။ အဆိုတော် ခြေတက်တွေအတွက်
သူ့သဘောထားလေးတွေ ဖတ်ရပါမယ်။ သူ့စိတ်ရင်းအမှန်ဆိုရင်.. ကြည်နူးစရာ မုဒိတာ စကားလေးတွေပေါ့..။ ဖြစ်သင့်တာလေးတွေလဲ အနည်းအပါး
ထည့်ပြောသွားလေသေး။ လာပြန်ပြီ.. နန်းဆုရတီစိုး..

မပြီးဆုံးနိုင်တဲ့ ဘော်ဒီဂတ် မာရသွန် ရှင်းတမ်းရှည်နဲ့။ ဟိုဂျာနယ်ကို ပြောလိုက် ဒီ ဂျာနယ်ကိုပြောလိုက်နဲ့.. သူ့ခမြာ ပိုက်ပိုက် တော်တော် ကုန်ရှာမယ်..။ အဟိ..
ဘာမှ စိတ်ဝင်စားစရာ မရှိတော့တဲ့ သတင်းကို ပါပြီးရင်း ပါရင်း ဖြစ်အောင် .. ကြံရ ဖန်ရ တာလဲ ပင်ပန်းသားနော့..။ အမယ် ဓါတ်ပုံ လှလှလေးနဲ့ကွဲ့။
ဂျာနယ်ထဲမှာ လေ..။ သနားပါတယ်..။

အမှားပြင်ဆင်ချက်

ဟိုနေ့က ကားတွေ နေပြည်တော်လမ်း မှာ မှောက်တာတွေနဲ့ ပတ်သက်တဲ့ သတင်းဘဲလေ..။ ခု စောင့်ကြည့် က ဂျာနယ်တွေ ယာဉ်တိမ်းမှောက်မှုသတင်းကို
အမှားမှားအယွင်းယွင်း ဖေါ်ပြလို့ ကာယကံရှင် မိသားစု စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းရေးလာပြန်တယ်..။ သေသူတွေရဲ့ပုံတွေနဲ့ ဝေေ၀ဆာဆာပါဘဲ။

ခက်တာက လူစိတ်ဝင်စားအောင် ရေးကြရာမှာ


မူတွေဘောင်တွေနဲ့ ကျဉ်းကြပ်လွန်းတော့ တကယ် အများစိတ် ၀င်စားမဲ့ သတင်း.. ဥပမာ .. အပ်ချလောင်းမဲ အကြောင်း ရေးမရသလု.ိ . ဗိုလ်ခင်ညွန့်
အကြောင်းလဲ ထည့်လို့မရ ဆိုတော့ သူများနဲ့မတူပြီးရော ဟိုဟာ..ဒီဟာ.. ရောကာ မွှေကာ ရေးရင်းနဲ့ ပုဂ္ဂလိက ထိခိုက်မှုတွေ ဖြစ်ကုန်ရတာပေါ့..။
ဒါတွေကျတော့ အကာအကွယ် မဲ့သကိုး..။ မှားရေးလဲ အဖမ်းတော့မခံရ.. သိတ်ထက်တဲ့သူနဲ့ တွေ့ရင် ခတ်ပါးပါးလေး တောင်းပန်လိုက်ယုံနဲ့ ပြီးသကိုး..။

ဝမ့်စွေ ၀မ့်စွေ့ ၀မ့်ဝမ့်စွေ့

အသိတယောက်နဲ့ စကားပြောရင်း တို့တိုင်းပြည်လဲ တဖြည်းဖြည်း ယူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်လာနေပြီလို ညည်းမိတယ်..။ သူက


ဘာပြောလဲသိလား.. မင်း.. ကြည့်လိုက.် . ဂျာနယ်တွေမှာ သတင်းစာမှာ တရုတ်စာ သင်တန်းတွေ တနေ့တခြားများလာတာတွေ့ရမယ် တဲ.့ .။ ဒါနဲ့ သတိ
ထားကြည့်လိုက်တော့.. ဟုတ်ပါ့.. အင်္ဂလိပ်စာ သင်တန်းတွေထက်တောင် လက်စောင်းထက်သေး.. ဟေးဟေး..။ ကိုင်း.. မြည်းရအောင် နမူနာ ကြော်ငြာ တခု
ထည့်ပေးလိုက်တာ..။ နောက်ထပ် ကြော်ငြာတခု

ဟိုနေ့က 7day News ဂျာနယ် ကာတွန်းတွေထဲက တကွက်ကို အတိအကျ ဖေါ်ညွှန်းတဲ့ ကြော်ငြာ ပါပဲ။ အမျိုးသမီးသီးသန့် လက္ခဏာ ဗေဒင် ဟောခန်း တဲ့။
အောင်မယ်လေး.. ဗေဒင်ကြော်ငြာတွေ များမှများ..။ ဒီခေတ် မြန်မာပြည်က အမျိုးသမီးတွေ ချစ်ရေး မညီကြတာများ ပြောပါတယ်။ တခါတလေ.. ဂျာနယ်
တစောင်ထဲမှာ.. မူမတူ ဆရာကွဲ ကြော်ငြာ ၃ - ၄ ခု ပါလားပါရဲ့..။ ဗေဒင်ကြော်ငြာဘေးမှာ ထည့်သင့်တဲ့ ကြော်ငြာထဲမှာ မှန်ဘောင် ဆိုင် ကြော်ငြာလည်း ပါမယ်
ထင်တယ်နော်။

နိုင်ငံခြားသတင်း ၂ ပုဒ်

စိတ်ဝင်စားဖို့တော့ ကောင်းသား.. ကြီးလိုက်တဲ့ အတွင်းခံ.. ဂေါ်ဇီလာဆိုက်ကြီးဗျား..။ ဒါတွေကို ဘယ်သူတွေ ၀ယ်မှာလဲ၊ မွဲဆေးဖော်တာလားလို့


မထင်လိုက်နဲ့အုံး။ ရောင်းမလောက် ဆိုပဲ။ နောက်တပုဒ်ကတော့ ခွေး အလုပ်လက်မဲ့တွေ အကြောင်းကို ပြောချင်တာနဲ့ တူပါရဲ့နော်.. ဒစ်ဂျစ်တယ်ခွေး တဲ.့ .
အံ့ပါရဲ့..။ နိုင်ငံရပ်ခြားသတင်းတွေ ထည့်ပေးလိုက်တာက ဒီမှာ ရှိတဲ့ လူဦးရေ အများစုကြီး အတွက် အင်တာနက် ဆိုတာ မမီတဲ့ပန်းလေး တပွင့် ဖြစ်နေဆဲဘဲ
ဆိုတာကို သိစေချင်လို့ပါ..။

ဒီဇင်ဘာ ၁၀၊ ၂၀၁၀ - ပြည်တွင်းဂျာနယ်ဒိုင်ဂျက်


ဂျာနယ်ဂြိုဟ်သာဂိ
ရန်ကုန် ကွန်ပျူတာနဲ့ နည်းပညာဈေးကွက်
ဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှု လာပြီ
အင်တာနက်သုံးနိုင်သော ဖုံးများ နေပြည်တော်ဆီမှာ အရင်ဆုံးရမည်
အနိုင်ရပါတီတွေက ပြည်သူတွေအတွက် ဘာလုပ်ပေးမှာလဲ
တဦးလျင် ကျပ် ၁၀၀ နဲ့ ဒီမိုကရက်တစ်ပါတီ မြန်မာက ပါတီဝင်စုဆောင်းနေပြီ
ယာဉ်မတော်တဆမှု သရုပ်ဆောင် ခင်စိုးပိုင် ယာဘက်မျက်စိပျက်စီး
ကုလအထူးကိုယ်စားလှယ် နိုင်ငံရေးပါတီများနှင့် ဖျက်သိမ်းထားသော အင်န်အယ်ဒီနဲ့ တွေ့ဆုံ
နိုင်ငံတော်အစိုးရက ဗီဇာစီမံပေးမှုကြောင့် ဒေါ်စုသားငယ် မြန်မာပြည်သို့ ရောက်ရရှာ
မြန်မာပြည် အဝေးပြေးလမ်းပေါ်တွင် ကားများမှောက်၊ မိသားစုများ၊ မိတ်ဆွေများ အစုလိုက် သေဆုံး
မြန်မာပြည်မှာ ဥရောပစံချိန်မီ အအေးခန်းစက်ရုံ ၁၃ ရုံ ထားရှိမည်။ အီးယူသို့ သဘာဝငါးဖမ်းပို့ ဈေးကွက် တည်ရှိနေပြီ။

ကျောက်ဆည်မြို့နယ်၊ ညောင်ရွှေကွင်းတွင် သမိုင်းဝင် ရှင်ပင်ရွှေဆပ်သွားဘုရား ပေါ်ထွက်လာ

ထိုင်းမှ မြန်မာသို့ ကုန်စည်ဝင်ရောက်မှု ပုံမှန်မဖြစ်သေး


အင်တာနက်ဆိုင်အချို့ လုံခြုံရေး စိစစ် တိုးမြှင့်လာပြီ
အင်န်ဒီအက်ဖ်ပါတီက ဘဏ္ဍာရေးမှူး ဦးကြည်မြင့် နှုတ်ထွက်ပြီ
နှစ် ၉၀ ပြည့် ရန်ကုန်တက္ကသိုလ် အမှတ်တရ ဆောင်းပါးများ - ရန်မျိုးသိန်း၊ ရွှေကူမေနှင်း
တောင်ဒဂုံ ဒေါ်ဖြူဖြူသင်းနေအိမ်မှာ ဧည့်စာရင်းတိုင်ပြီး ဆက်လက်နေထိုင်နိုင်ပြီ
ကားများ အမြန်မောင်း၍ ယာဉ်များ တိုက်ကြရ၊ ပြီးခဲသည့် ၄လ အတွင်း ယာဉ်တိုက်မှု ၃၀၀ ရှိ
လွတ်လပ်ရေးနေ့မှာ ပြိုင်ကားပြိုင်ကြမည်
ကွယ်လွန်သူ စာပေမိခင် လူထုဒေါ်အမာ ၉၅ နှစ်ပြည့် မွေးနေ့ ကျင်းပ
မြန်မာ့ရွှေဈေး မြန်မာဈေး ၆ သိန်း ၇ သောင်း ( ဒေါ်လာ ၇၀၀) ကမ္ဘာရွှေဈေးက ဒေါ်လာ ၁၄၀၀
ရန်ကုန် ဓာတ်ဆီဆိုင်များမှာ ၀ှီးတက် နှင့် ကားလိုင်စင် စစ်ပြီးမှ ဆီရောင်း
- သည်နေရာမှာ ဖတ်နိုင်ပါပြီ -

http://moemaka.com

ထောင်ပေါင်းများစွာသော လေဘေးသင့် ပြည်သူများ အမိုးအကာ မရှိဘဲ ဆက်လက်နေထိုင်နေရဆဲ

12/10/2010

Adjust font size:

ဝါးဈေး ဓနိဈေးများ အဆမတန် မြင့်တက်နေသဖြင့် ထောင်ပေါင်းများစွာသော ဂီရိ လေဘေးသင့် ပြည်သူများမှာ ပြိုပျက်သွားသော အိမ်များကို ပြန်မပြင်နိုင်သဖြင့်
အမိုးအကာ မရှိသော ယာယီတဲများတွင် ဆက်လက် နေထိုင်နေရဆဲ ဖြစ်ကြောင်း လေဘေးသင့် ပြည်သူများက ပြောသည်။

မြေပုံမြို့နယ် တောင်စိုင်ကမ်းမှ ကျောင်းဆရာ တစ်ဦးးက သူတို့ ဒေသတွင်


လေဘေးသင့်ပြည်သူများ ကြုံတွေ့နေရသော အခက်အခဲကို ယခုကဲ့သို့
ပြောသည်။

“ တောင်စိုင်ကမ်းမှာ ရွာပေါင်း ၄၀ ကျော်ရှိပါတယ်။ ၀ါးဈေး ဓနိဈေးက


အဆမတန်မြင့်တက်နေတော့ ဘယ်သူမှ အိမ်မပြင်နိုင်ဘဲ ဖြစ်နေပါတယ်။
တောင်စိုင်ကမ်းလို့ ဆိုပေမယ့် ၀ါးက အထူးရှားနေပြီး ၀ါး ၁၀၀ ကို ကျပ်
သုံးသောင်းရှိနေပါတယ်။ ကျပ်သုံးသောင်းနဲ့တောင် ရောင်းမယ့်သူက မရှိဘူး
ဖြစ်နေပါတယ်။ ဓနိကတော့ အပျစ် ၁၀၀၀ ကို သုံးသောင်းခွဲရှိပါတယ်။ ခုလို
ဈေးကြီးနေတဲ့ အတွက် ဘယ်သူမှ အိမ်မပြင်နိုင်တော့ တဲထိုးပြီး
နေထိုင်နေကြရတုန်း ဖြစ်ပါတယ်။”

ယခုကဲ့သို့ အမိုးအကာ ရရန် လေဘေးသင့် ပြည်သူများ အခက်အခဲတွေ့နေသော်လည် အစိုးရနှင့် တခြား အန်ဂျီအိုများမှ မိုးကာ၊ ရွက်ဖျင်တဲနှင့် တာပလိမ်
အစများကို ကူညီပေးခြင်း မရှိသေးကြောင်း သိရသည်။

တခြား အမျိုးသမီး တစ်ဦးကလည်း “ ကျွန်မတို့ဆီမှာ ဘယ်အဖွဲ့ကမှ အမိုးအကာ အကူအညီပေးတာ မရှိသေးဘူး။ ဆင်းရဲတဲ့ ပြည်သူတွေဟာ ဘယ်သူမှ
ကိုယ့်အိမ်ကိုယ် မမိုးနိုင် မကာနိုင်ဘဲ ဖြစ်နေပါတယ်။ ဆန်စတဲ့
ရိက္ခာတွေတော့ အနည်း အကျဉ်းရပါတယ်။
အခုဆောင်းရောက်လာပြီဆိုတော့ အမိုးအကာက အဓိက
လိုအပ်နေပါတယ်။ ကျန်းမာရေး အတွက် လူတိုင်း စိုးရိမ်နေကြပါတယ်”
ဟု ပြောသည်။

အဆိုပါ အမိုးအကာများ ရရှိရေးနှင့် ပတ်သက်ပြီး မင်္ဂလာမြန်မာ


အန်ဂျီအိုမှ ဒေါက်တာ ဖြိုးဝင်းကို ဆက်သွယ်မေးမြန်းရာ သူက
ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့က ကျောက်ဖြူနဲ့ မြေပုံမြို့နယ်တွေမှာ လေဘေး


ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ ဒါပေမယ့် အမိုးအကာ
ရရှိရေးကိုတော့ ယာယီရော အမြဲတန်းရော ခုချိန်ထိ ဘာမှ မဆောင်ရွက်နိုင်သေးဘူး။ ကျွန်တော်တို့ ဆောင်ရွက်ပေးမယ် ဆိုပီး ပြောထားပါတယ်။ အဓိက အားဖြင့်
ဒေသအတွင်းမှာ လူတွေ အသုံးပြုနေတဲ့ ၀ါး၊ သစ်၊ ဓနိတွေကို ထောက်ပံ့ ပေးဖို့တော့ ပြောထားပါတယ်။ UNDP နဲ့လည်း ပြောထားပါတယ်။ ဒါပေမယ့်
အခုအချိန်ထိ အကောင်အထည်ဖေါ် မဆောင်ရွက်နိုင်သေးဘူး။ ဂီရိအတွက် ရတဲ့ ငွေက သိပ်နည်းတော့ လေဘေး အတွက် လိုအပ်တာတွေကို
မဆောင်ရွက်ပေးနိုင်ဘဲ ဖြစ်နေပါတယ်။”

သို့သော်လည်း အမိုးအကာများ ရရှိရန် ဆက်လက် ကြိုးစားဆောင်ရွက်နေကြောင်း သူက ပြောသည်။

ယခုကဲ့သို့ လေမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ နှစ်လနီးပါးရှိလာပြီ ဖြစ်သော်လည်း ယခုအချိန်ထိ အမိုးအကာများ မရရှိဘဲ ဖြစ်နေသဖြင့် လေဘေးသင့်
ပြည်သူများ၏ ကျန်းမာရေးမှာ စိုးရိမ် စရာ ဖြစ်လာနေကြောင်း သိရသည်။ အထူးသဖြင့် ဆောင်းရောက်လာပြီ ဖြစ်သဖြင့် လေဘေးသင့် ပြည်သူများ အမိုးအကာ
မရရှိပါက ပိုမိုပြီး အခက်အခဲ တွေ့လာနိုင်ကြောင်း လေဘေး ကယ်ဆယ်ရေး လုပ်သူများက ပြောသည်။
မယားကြိုက်သည့် ပါတီ မဲမပေးရာမှ ယောင်္ကျားဖြစ်သူ အိမ်ပေါ်မှ နှင်ချခံရ

12/10/2010

Adjust font size:

နိုဝင်္ဘာ ၇ ရက်နေ့က ပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် လင်ယောင်္ကျား ဖြစ်သူက ဇနီးမယား အကြိုက်ကို မလိုက်ဘဲ တခြားပါတီ တစ်ခုကို
မဲပေးခဲ့သဖြင့် ဇနီးဖြစ်သူက လင်ယောင်္ကျား ဖြစ်သူကို အိမ်ပေါ်မှ နှင်ချလိုက်ကြောင်း ရန်ကုန်တိုင်းစ် ဂျာနယ်တွင် ဖေါ်ပြသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ လင်မယား နှစ်ဦးမှာ ဇနီးက မဲပေးထည့်ခိုင်းသည့် ပါတီကို လင်ယောင်္ကျားဖြစ်သူက မဲမပေးသည့် အတွက် ယခုအချိန်ထိ ပြန်မပေါင်းဘဲ
ကွဲနေကြကြောင်း အဆိုပါ ဂျာနယ်က ဖေါ်ပြသည်။

အဆိုပါ လင်မယားမှာ စစ်တွေမြို့ ရွာကြီးမြောက် ရပ်ကွက် စက်ရုံလမ်းမှ ဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေး (၄၃)နှစ် မှ သူမ၏ မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းများ အားလုံးမှာ စစ်တွေမြို့နယ်မှ ကိုယ်စားပြု ၀င် ရောက်ယှဉ်ပြိုင်သည့် ရခိုင်
တိုင်းရင်းသားများ တိုးတက်ရေးပါတီကို ကြိုက်နှစ်သက်သဖြင့် အဆိုပါ ပါတီအား မဲပေးရန် မဲမထည့်မှီ တရက်အလိုကပင် ယောင်္ကျားဖြစ်သူကို
ပြောကြားထားကြောင်း သိရသည်။

လင်ယောက်ျား ဖြစ်သူမှလည်း အဆိုပါ ပါတီကို မဲပေးရန် အကြမ်းအားဖြင့် သဘောတူညီခဲ့ကြောင်း ဒေါ်သန်းသန်းအေးက ပြောကြောင်း ဂျာနယ်က ဖေါ်ပြသည်။

မဲထည့်သည့်နေ့တွင် ဒေါ်သန်းသန်းအေးနှင့် လင်ယောက်ျားတို့ မှာ မိမိတို့ မဲပေးရမည့် မဲဆန္ဒ နယ်မြေသို့ သွားရောက်မဲပေးကြပြီး ယောက်ျားဖြစ်သူမှာ
ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီကို မဲမပေးဘဲ တခြားပါတီတစ်ခုကို အမှတ်ခြစ်၍ မဲပေးခဲ့သည်ဟု သိရသည်။

သို့အတွက် ကတိ မတည်သည့် အပြင် သူမ၏စိတ် အလိုကို မလိုက်သဖြင့် ယောင်္ကျား ဖြစ်သူကို ဒေါ်သန်းသန်းနုမှ အိမ်ပေါ်မှ နှင်ချ လိုက်ခြင်းဖြစ်ကြောင်း
သိရသည်။

လင်ယောက်ျား ဖြစ်သူမှ မိမိမှာ ကတိ မတည်ခဲ့သည့် အတွက် မှားကြောင်းနှင့် အိမ်သို့ ပြန်လာလိုကြောင်း လူကြုံဖြင့် စာလွှာ သတင်းစကား မျာပါးသော်လည်း
မယားဖြစ်သူမှ ရခိုင်တိုင်းရင်းသားများ ပါတီကို မဲမပေးခဲ့သဖြင့် စိတ်နာနေဆဲ ဖြစ်ကာ ယနေ့တိုင် မပေါင်း သင်းဘဲ ရှိနေသေးကြောင်း သိရသည်။

“ ယောင်္ကျားဖြစ်သူက ကြံ့ဖွံ့ပါတီကို မဲပေးခဲ့ပုံရပါတယ်။ အမျိုးသမီးက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ချစ်တာထက် ကြံ့ဖွတ်ပါတီကို


မုန်းနေတဲ့အတွက် ခုလို သူယောင်္ကျားက သူမမုန်းတဲ့ ပါတီ အပေါ် မဲပေးခဲ့တာကြောင့် ခုလို အိမ်ပေါ်က နှင်ချလိုက်တာ ဖြစ်နိုင်ပါတယ်” ဟု စစ်တွေက သီချင်းရေး
ဆရာ တစ်ဦးက ကောက်ချ ချက်ပြောကြားသည်။

http://www.narinjara.com/burmese.asp

သျှမ်းနှစ်သစ်ကူးပွဲ၌ အပစ်ရပ် ၃ ဖွဲ့တွေ့ဆုံ နှစ် ၂၀ ခရီး ပြန်လည်သုံးသပ်

Friday, 10 December 2010 15:55 သျှမ်းသံတော်ဆင့်

ဒီဇင်ဘာ ၁ ရက် မှ ၇ ရက်နေ့အထိကျင်းပသော မိုင်းလားမြို့သျှမ်းနှစ်သစ်ကူးပွဲတော်အခါ အခွင့်ကောင်း ရယူကာ ဝ၊ သျှမ်း နှင့် မိုင်းလားစစ်ရေးမဟာမိတ်အဖွဲ့


တွေ့ဆုံ၍ အပစ်ရပ်ကာလ နှစ် ၂၀ ခရီးပြန်လည်သုံးသပ် ဆွေးနွေး ခဲ့ကြသည် ဟု စုံစမ်းသိရှိပါသည်။

“အထူးဆွေးနွေးခဲ့ရတဲ့အချက်အလက်တွေကတော့- အမြင်ကျယ်တဲ့ ခေါင်းဆောင်ကြီးတွေက အမြဲသတိပေးပေမယ့် ကျနော်တို့က အရေးတယူမလုပ်ခဲ့ရဘူး။


အနှစ် ၂၀ လုံးလုံး ကျနော်တို့ပေါ့လျော့ခဲ့မိတယ်။ အခုလို နအဖ ဘက်က အတင်းအကြပ်ဖိအားပေး လာတာကို ကျေးဇူးတင်ရမလိုဖြစ်နေပြီ” ဟု
ဆွေးနွေးပွဲတက်ရောက်သူမဟာမိတ်အဖွဲ့ ၀င်တဦးကပြောပြပါသည်။
နှစ်သစ်ကြိုသည့် မီးပန်းအလှ

နအဖကသာ ဖိအားမပေးခဲ့လျှင် နောက် အနှစ် ၂၀ အတွင်း တိုက်စရာမလိုဘဲ ဘ၀မေ့မှုဖြင့် ပြိုကွဲပျက်စီးသွားနိုင်မည် ဖြစ်ပြီး ဤ ကဲ့သို့ဖိအားပေးလာသောကြောင့်
မေ့မေ့လျော့လျော့ ဖြစ်နေခဲ့သည့် ပင်လုံကို ပြန်လည်သတိရလာစေသည့် အပြင် ဆုံးရှုံးနေသည့် လူ့အခွင့်အရေးများ ပြန်လည်ရယူဖို့
စိတ်အားထက်သန်လာကြောင်း ဆက်၍ပြောပြပါသည်။

အထူးဒေသ ၄ မိုင်းလား၌ပထမဆုံးအကြိမ်ကျင်းပသော ၂၁၀၅ ခု သျှမ်းနှစ်သစ်ကူးပွဲတော်ကာလ ဝ ပြည်သွေးစည်းညီ ညွတ်ရေး တပ်မတော် UWSA ၊


အသွင်ပြောင်းရေးငြင်းဆန်သော သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ SSA-N နှင့် မိုင်းလားတပ်ဖွဲ့ NDAA-ESS ခေါင်းဆောင်များ
တွေ့ဆုံဆွေးနွေးရာမှနိုင်ငံရေးပြန်လည်နိုးကြားတက်ကြွလာခဲ့ခြင်း ဖြစ်သည်။

“အခုအခြေအနေမှာ တရုတ်ဘက်ကလဲ နအဖရောတိုင်းရင်းသားကိုပါ တိုက်ခိုက်ပစ်ခတ်တာ မလုပ်ဖို့ဖိအားပေးသလို နှစ်ဦး နှစ်ဘက်


လက်တွဲဆောင်ရွက်သွားဖို့လည်း တိုက်တွန်းနေတယ်။ ဆိုတော့ တရုတ်မငြိုငြင်ရအောင် နအဖက “ ကြာမညှိုးခြောက် ရေမနှောက်ဘဲ ငါးလဲဖမ်းမိစေ” “
မြွေမသေ-ဒုတ်မကျိုး” နည်းကို သုံးသွားမယ့်အနေအထားမှာ ရှိတယ်။ ဆိုတော့ ကျနော်တို့ ဘက်ကလဲ နိုးနိုး ကြားကြား
သတိကြီးကြီးထားရမယ့်အခြေအနေဖြစ်တယ်” - နှစ်သစ်ကူးပွဲ တက်ရောက်သူ ၀ ကိုယ်စားလှယ် တဦးကပြောပြသည်။

ထို့အတွက် စစ်အစိုးရက စစ်ရေး နိုင်ငံရေး စီးပွါးရေး အဘက်ဘက်ကို သွယ်ဝိုက်နည်းဖြင့် ပိတ်ပင်ထားသည်ကို တွေ့ရကြောင်း၊ ကိုးကန့်အရေးအခင်းကဲ့သို့
အချိန်တိုအတွင်းဝင်ရောက်တိုက်ခိုက်ပြီး တရုတ်အငိုက်သိမ်းပိုက်ရယူဖို့ အခွင့်အလမ်းရှိပါက ရယူ ဖို့ရန် နအဖတွင်ဆန္ဒရှိကြောင်း နယ်စပ်နေ
ထိုအလွတ်သဘောဆွေးနွေးပွဲတွင် သုံးသပ်ကြ သည်။

မိုင်းလား နှစ်သစ်ကူးပွဲပရိတ်သတ်

“စစ်ရေးဆိုရင် အဆက်မပြတ်အင်အားတိုးချဲ့ခြိမ်းခြောက်ထားတယ်။ စီးပွါးရေးဆိုရင် တိုင်းရင်းသားတပ်ဖွဲ့တွေ ၀င်ငွေပြတ်သွား အောင်လုပ်တယ်။


မူးယစ်ဆေးရောင်းဝယ်ရေး ပိတ်တယ်။ ဖမ်းတယ်။ သူ့လက်အောက်ခံပြည်သူ့စစ် တွေကိုတော့ လွတ်လွတ် လပ်လပ် မူးယစ်ဆေးဝါး ရောင်းဝယ်ခွင့်ပြုထားတယ်။
နိုင်ငံရေးအရ အပစ်ရပ်အဖွဲ့တွေကို မူးယစ်ဆေးဝါးနဲ့အိုးမဲသုတ်မယ်။ နိုင်ငံတကာမှာ မျက်နှာပန်းမရအောင်လုပ်မယ်။ လွှတ်တော်ကနေတိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့တွေကို တရားမဝင်/ ဥပဒေ ပြင်ပ အဖွဲ့အစည်း အဖြစ်ကြေငြာမယ်။ ဒီနည်းသုံးသွားဘို့များတယ် ” ဟု အဆိုပါပုဂ္ဂိုလ်က ထောက်ပြသည်။
ထိုကြောင့် တိုင်းရင်းသားများ၏ နိုင်ငံရေးအရထွန်းလင်းတောက်ပလာရန် ပဏာမဖြစ်ကြောင်း၊ သျှမ်းပြည်၌ သျှမ်းလူမျိုးမှာ အစဉ် အလာနှင့်
လူဦးရေအများဆုံးအုပ်စုဖြစ်သဖြင့် သျှမ်းလက်နက်တပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် SSA မြောက်ပိုင်းနှင့်တောင်ပိုင်းတို့က နိုင်ငံ ရေးအရပူးပေါင်းဖို့လိုအပ်ကြောင်း၊
သို့မှသာကျန်တိုင်းရင်းသားတပ်ဖွဲ့များက ထိရောက်စွာ ပူးပေါင်းလှုပ်ရှားနိုင်မည်ဖြစ်ကြောင်း - ဆက်၍ပြောပြပါသည်။

၇ ရက်ကြာကျင်းပသည့် မိုင်းလားမြို့ သျှမ်းနှစ်ကူးပွဲကာလ အခွင့်ကောင်းယူကာဆွေးနွေးပွဲလုပ်ခဲ့သည့်ခေါင်းဆောင် များမှာ ဝ ပြည်သွေးစည်းညီညွတ်ရေး


တပ်မတော် UWSA မှ ကျောက်ကျုံးတန်းဦးဆောင်သော ဝ တပ်ဖွဲ့ကိုယ်စား လှယ်၊ သျှမ်းပြည်တပ် မတော် SSA-N တပ်မဟာ ၁ အုပ်ချုပ်ရေးမှူး ဒုဗိုလ်မှူးကြီးဆိုင်ဖှ
နှင့် မိုင်းလားတပ်ဖွဲ့ NDAA-ESS မှ ဒု- ဥက္ကဌ ခွန်ဆန်လူ၊ စ၀် ဆန်းပေနှင့် အတွင်းရေးမှူး စ၀်ဆိုင်လား၊ ခွန်စိုင်းတစ် တို့ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရဲတပ်ဖွဲ့ဇနီး နယ်စပ်ငွေလှဲလှယ်သူထံမှ ငွေထုပ်လုပြေး

Friday, 10 December 2010 14:42 မွေခေါဝ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ငွေထုပ်လုယူ ထွက်ပြေးသွားသော ရဲသားဇနီးအား ရဲစခန်းမှ အရေးယူ ဆောင်ရွက် ခြင်းမရှိသည့်အပြင် ယူသွားသောငွေလည်း
ပိုင်ရှင်ထံပြန်လည် ပေးအပ်ခြင်းမရှိကြောင်း စုံစမ်းသိရှိရ ပါသည်။

“ရဲစခန်းမှာ အမှုဖွင့်ထားပေမဲ့ ဒီနေ့ထိ အရေးယူဆောင်ရွက်ပေးတာလဲမရှိဘူး။ ပြစ်ဒဏ်မပေးရင်လဲ ငွေပြန်ရရင် တော် သေးတယ်။ အခုကငွေလဲပြန်မရဘူး။


တရုတ်ငွေနှစ်သောင်းတောင်မှ” ဟု ငွေပိုင်ရှင်အသိုင်းအ၀ိုင်းတစ်ဦးက ပြောပါ သည်။

ဒီဇင်ဘာ ၈ ရက် ညနေ ၅း၃၀ နာရီ နမ့်ခမ်းမြို့ ကောင်းနောင်မိုရပ် ယာဉ်ထိန်းရဲစခန်းမျက်နှာချင်းဆိုင်ရှိ တရုတ်ယွမ်ငွေ နှင့် မြန်မာကျပ်ငွေလှဲလှယ်သူတဦးထံမှ
မစ်ခ(် နှာခေါင်းပါးစပ်ပိတ)် စွတ်ထားသော အမျိုးသမီးတစ်ဦး မော်တော်ဆိုင် ကယ်ဖြင့် မြန်မာငွေမှတရုတ်ငွေလှဲရန် ရောက်ရှိလာကြောင်း ကောင်းနောင်မိုရပ်နေ
နမ့်ခမ်းသားတစ်ဦးက ဤကဲ့သို့ ပြောပါသည်။

“ပထမတော့ တစ်သိန်းလှဲမယ်။ နောက်တော့သုံးသိန်းလှဲမယ်ပေါ့။ ငွေလှဲသူ နန်းအေးမွေး ငွေအိတ်ထုတ်လာတော့ ငွေအိတ်မြင်တာနဲ့ ချက်ချင်လုယူပြီး


ဆိုင်ကယ်မောင်းပြေးသွားတယ်။ ငွေပိုင်ရှင်က အသက် ၃၀ လောက်ရှိပြီ။ နောင်မရပ်မှာနေတာ”

နန်းအေးမွေးက အော်ဟစ်အကူအညီတောင်းရာ ဘေးပတ်ဝန်းကျင်ရှိလူများက ဆိုင်ကယ်ဖြင့် သူမနောက်လိုက်ရာ ဟိုကတ်နှင့်နောင်ဇန့်ရပ်ကြားတွင်


သူမအားလိုက်မှီဖမ်းဆီးမိကြောင်း၊ သူမအားရိုက်နှက်စစ်ဆေးပြီး ရဲစခန်းသို့ ခေါ် ဆောင်သွားကြောင်း ၎င်းကဆက်လက်ပြောပါသည်။

“သူမဟာ ရဲသားရဲ့ဇနီးဖြစ်ကြောင်းပြောတယ်။ သူများလုပ်ခိုင်းလို့လုပ်ရတယ်ပြောတယ်။ သူလုယူထွက်ပြေးတဲ့ ပိုက်ဆံအိတ်တော့


ဘယ်မှာလွှင့်ပစ်လိုက်မှန်းမသိဘူး။ ရိုက်နက်မေးမြန်းလဲမပြောဘူး။ မလွန်ဆန်နိုင်လို့လုပ်ရတာလို့ ဘဲပြောတယ်” ဟု ကောင်းနောင်မိုရပ်နေ
နောက်နမ့်ခမ်းသားတစ်ဦးက ပြောပါသည်။

ရဲများကရှာဖွေရာ သူမထံမှ တရုတ်ယွမ်ငွေ ၆၀၀ သာတွေ့ရှိကြောင်း၊ သူမ လုယူလာသည့် ပိုက်ဆံလည်း မည်သည့် နေရာ၌ ပစ်ထားသည်ကိုမပြောကြောင်း၊
စစ်ဆေးတွေ့ရှိမိသည့် ငွေ ၆၀၀ ကိုလည်း အာဏာပိုင်က နန်းအေးမွေးအား ပြန်လည်ပေးအပ်ခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြောပါသည်။

ငွေထုတ်လုယူထွက်ပြေးသွားသူမှာ ကောင်းနောင်မိုရပ်ရှိ သစ္စာမိုးလက်ဖက်ရည်ဆိုင်ပိုင်ရှင် စစ်ထွက် ဦးဥာဏ်မြင့် (ကွယ်လွန)် ၏သမီး၊ ရဲသားမင်းထွန်းနိုင(် ၃၀


နှစ)် ၏ ဇနီး မမိုးသူဇာ (၂၈ နှစ)် ဆိုသူဖြစ်သည်။

http://www.mongloi.org/burmese/

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဒုလက်ထောက်ဝန်ကြီးတို့ စီးပွားရေးပိတ်ဆို့မှုကိစ္စ ဆွေးနွေး

2010-12-10

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းဟာ ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီကျော်ကြာ တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့
ဆွေးနွေးခဲ့ပါတယ်။
Photo: AFP

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက်
နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း (ယာ) တို့ ဒီဇင်ဘာ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။
(Photo: AFP)

ဒီဆွေးနွေးပွဲဟာ မိမိတို့ ပါတီအတွက် အရေးပါတဲ့ ဆွေးနွေးပွဲတခု ဖြစ်တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ပြည်သူလူထုကို သူပြောထားပြီး ဖြစ်တဲ့အတိုင်း


ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်တယ် ဆိုတဲ့အကြောင်း ဟိုဖက်က လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ကလည်းပဲ အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံ
ဆက်ဆံရေး ဆက်လက်ပြီးတော့ ကောင်းမွန်ဖို့အတွက် သူကြိုးစားဖို့ ရှိတဲ့အကြောင်း၊ သူတို့ကတော့ အမေရိကန် နိုင်ငံကတော့ ခုထိ နှစ်လမ်းသွား two track
ပေါ်လစီကိုပဲ ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တဲ့အကြောင်း သူတို့ဖက်ကလည်း တင်ပြပါတယ်။”

ဒီကနေ့ ဆွေးနွေးကြတဲ့အထဲမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှု ကိစ္စတွေလည်း ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို


ပြောပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ဖော် မပြောပါဘူး။

မိမိတို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း၊ မိမိတို့နဲ့ အမေရိကန် ပြည်ထောင်စုအကြား ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေး ဖြစ်ပေါ်လာလိမ့်မယ်လို့


ယုံကြည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ဆွေးနွေးခဲ့တာတွေဟာ အလွန်


အကျိုးရှိကြောင်းနဲ့ ဒီဆွေးနွေးပွဲ ကနေ အများကြီး လေ့လာ သိရှိခွင့် ရခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

မစ္စတာ ဂျိုးဇက်ယွန်းဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက် လာရောက် တွေ့ဆုံတဲ့ ပထမဦးဆုံး အမေရိကန် အဆင့်မြင့်
သံအရာရှိဖြစ်ပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီကနေ့
ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီကြေညာချက်မှာ မစ္စတာဂျိုးဇက်ယွန်းရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံက အရေးပါတဲ့ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ ရွေးကောက်ပွဲအလွန်


လက်ရှိ အနေအထားတွေနဲ့ ပတ်သက်ပြီး သာမန် ပြည်သူတွေရဲ့ အမြင်တွေကို သိရှိနိုင်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

မစ္စတာဂျိုးဇက်ယွန်းဟာ အခု ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရအပြင် လူမျိုးစုတိုင်းရင်းသားတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ လိုလားတဲ့


ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် တွေ့ဆုံခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

စစ်အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံရာမှာ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စတွေကို ပြောဆိုခဲ့တဲ့အပြင်


အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်နေတဲ့ ကိစ္စရပ်တွေမှာ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ ဖြစ်ထွန်းလာဖို့အတွက် တိုက်ရိုက် တွေ့ဆုံဆွေးနွေးဖို့ တံခါး
ဖွင့်ထားကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီဝင်တွေနဲ့ အချိန်ယူ တွေ့ဆုံခဲ့ချိန်မှာလည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းသာယာပြီး ကြွယ်ဝတဲ့
“ဒီမိုကရက်တစ် မြန်မာနိုင်ငံ” ပေါ်ထွန်းရေးကို လိုလား ကြောင်း အလေးအနက် ပြောဆိုခဲ့ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ထွန်းဖို့အတွက်
အတွေးအမြင်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာဂျိုးဇက်ယွန်းဟာ အခုနှစ် မေလက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ပြီးရင်
အဆင့်အမြင့်ဆုံး အမေရိကန်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး ဗန်ကောက်မြို့ရောက်RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ်

2010-12-10

RFA က အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ ‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ မေးဖြေခန်း ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်မှာ နိုင်ငံကျော်
တေးသံရှင်တွေ ဖြစ်ကြတဲ့ ဒေါ်မာမာအေး (အမေရိကန်) ၊ အဆိုတော် လားရှိုး သိန်းအောင် (ခေါ်) ဂျင်မီဂျက်၊ ရှမ်းတိုင်းရင်းသား အဆိုတော် စခဟ (ထိုင်း)၊
မိုင်အိုက်ဖုန်း (ထိုင်း-မြန်မာနယ်စပ်)နဲ့ ဦးဌေးတင့် (နယ်သာလန်) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
(Photo: AFP)

နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်
းစုကြည်
(ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

မြန်မာ နျူကလီးယားအစီအစဉ်သံသယ WikiLeaks ဖော်ပြ

2010-12-10

မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ လျှို့ဝှက် နျူကလီးယား အစီအစဉ်တခု လုပ်ဆောင်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက ၂၀၀၄


ခုနှစ်လောက်တည်းက သံသယ ရှိနေကြောင်း WikiLeaks အဖွဲ့က ဖြန့်ဝေလိုက်တဲ့ သံတမန်ရေးဆိုင်ရာ လျှို့ဝှက်မှတ်တမ်းတွေအရ သိရပါတယ်။

(Image: RFA)

မြန်မာစစ်အစိုးရ၏ နေပြည်တော်တွင် မြောက်ကိုရီးယား ပညာရှင်များက မြေအောက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ပေးသော သတင်းကို QQ.com တရုတ်
သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: RFA)

ရန်ကုန်မြို့က အမေရိကန်သံရုံးရဲ့ ၂၀၀၄ ခုနှစ် သြဂုတ်လ ရက်စွဲနဲ့ လျှို့ဝှက် ကြေးနန်းစာတွေကို WikiLeaks အဖွဲ့က ဒီဇင်ဘာ ၉ ရက် မနေ့က အင်တာနက်
စာမျက်နှာတွေမှာ ပေါက်ကြား ဖော်ပြခဲ့တာပါ။

အဲဒီ ကြေးနန်းစာတွေမှာ အမည်မဖော်တဲ့ သတင်းပေးပို့သူတဦးကို ကိုးကားပြီး ရေးသားထားရာမှာ မြန်မာနိုင်ငံရဲ့ မြေအောက်လုပ်ငန်းခွင်တခုမှာ


မြောက်ကိုရီးယားနိုင်ငံသား ၃၀၀ လောက် အလုပ်လုပ်ကိုင်နေတာတွေကို သူ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီမြောက်ကိုရီးယားတွေဟာ မြန်မာအလုပ်သမားတွေရဲ့ အကူအညီနဲ့ တောင်တတောင်ရဲ့ ဘေးဖက် အဝင်ဝ လိုင်ခေါင်းကနေ တောင်ထိပ်အထိ ပေ ၅၀၀ အမြင့်ရှိမဲ့
အားဖြည့်ကွန်ကရစ် အသုံးပြုတဲ့ မြေအောက် အဆောက်အအုံတခု ဆောက်လုပ်နေကြတယ်လို့ အဲဒီလျှို့ဝှက်ကြေးနန်းမှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် အဲဒီမြောက်ကိုရီးယားတွေဟာ ဘယ်နိုင်ငံက လာတယ်လို့ မသိရတဲ့ ဒုံးကျည် အစိတ်အပိုင်းတွေကို တပ်ဆင်နေကြတယ်လို့ သတင်းပေးသူက ဆိုကြောင်းနဲ့
ဒီ သတင်းအချက်အလက် တခုတည်းနဲ့တော့ မြောက်ကိုရီးယား စစ်တပ်တတပ် မြန်မာစစ်အစိုးရနဲ့ ပတ်သက်နေတယ်ဆိုတဲ့ သက်သေအထောက်အထား အဖြစ်
ယူဆလို့ မရကြောင်း အဲဒီလျှို့ဝှက်ကြေးနန်းမှာ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးနေ့အခမ်းအနားများ မြန်မာနိုင်ငံ မြို့များမှာ ကျင်းပ

2010-12-10

ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ ၆၂ ကြိမ်မြောက် ကမ္ဘာ့ လူ့အခွင့်အရေးနေ့ကို လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ရက် HRDP အဖွဲ့က ဦးဆောင်ပြီး
ဧရာဝတီတိုင်း ဘိုကလေးမြို့နဲ့ ပဲခူးတိုင်း ပြည်မြို့တွေမှာ ပြုလုပ်ခဲ့ပါတယ်။

(Photo: RFA)

ရန်ကုန်မြို့၊ အလုံမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: RFA)

ဘိုကလေးမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားကို HRDP အဖွဲ့က ဒေါ်မြင့်မြင့်မူက ဦးဆောင်ကျင်းပပြီး လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးစစ်သား
ပပျောက်ရေး၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂက ထုတ်ဝေထားတဲ့ လူ့အခွင့်အရေး ပညာပေး စာစောင်တွေလည်း ဝေငှခဲ့ပါတယ်။ အဲဒီပွဲကို ဒေသဆိုင်ရာ အလွှာအသီးသီးက ပြည်သူတွေ
စုစုပေါင်း အယောက် အစိတ်လောက် တက်ရောက်ခဲ့ကြတယ်လို့ ဒေါ်မြင့်မြင့်မူက RFA ကို ပြောပါတယ်။

“ကျွန်မတို့ ဒီမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ ပြောတယ်၊ နောက် အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်တာတွေ ပြောတယ်၊ နောက် သဘာဝ ပတ်ဝန်းကျင်
ဆိုင်ရာတွေ ပြောကြတယ်။ နောက် ကလေးစစ်သားကိစ္စ၊ ILO ကိစ္စ ပတ်သက်တာတွေ အကုန်ပြောကြတာ ဆွေးနွေးကြတာပေါ့နော်။ ကျွန်မတို့ ဒီ
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းလည်း ကျွန်မတို့ ရှိတယ်၊ ILO စာတမ်းတွေ ရှိတယ်ပေါ့နော်။ အဲဒါတွေတော့ တက်ရောက်လာတဲ့
ပုဂ္ဂိုလ်တွေကို ပေးလိုက်တယ်လေ။ အောက်ခြေလူတန်းစား များတာပေါ့နော်။ ဒီ မြင်းကကုန်းတို့၊ ကဒုံတို့၊ ဧရာတို့ပေါ့နော်။”

အဲဒီပွဲကို တက်ရောက်ခဲ့သူတွေထဲမှာ ကဒုံ၊ ကနိ၊ ဧရာ၊ မြင်းကကုန်း စတဲ့ ကျေးလက်နေ ပြည်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ်မှာ ဒီနေ့မနက်ပိုင်းက လူ့အခွင့်အရေးနေ့အခမ်းအနား ကျင်းပတဲ့ တချိန်တည်းမှာပဲ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ


(မြန်မာနိုင်င)ံ ဆိုတဲ့ အဖွဲ့ကို တရားဝင် ဖွဲ့စည်းခွင့်ပြုဖို့ စုပေါင်း လက်မှတ်ထိုးပြီး တင်လိုက်တယ်လို့ သိရပါတယ်။

ဒီနေ့ လူ့အခွင့်အရေး အခမ်းအနားကို ဒဂုံမြို့သစ် တောင်ပိုင်းက လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ဝင် ဒေါ်ခင်အေးရဲ့ အိမ်မှာ မနက်က
ကျင်းပခဲ့တာပါ။ အဖွဲ့ တရားဝင် ဖွဲ့စည်းဖို့ စုပေါင်း လက်မှတ်ရေးထိုးပြီး အာဏာပိုင်တွေထံ တင်ပြခဲ့တယ်လို့ ဒေါ်ခင်အေးက RFA ကို ပြောပါတယ်။

“ဒီနေ့က ကျွန်မတို့ လူ့အခွင့်အရေး ဖွဲ့စည်းခွင့် လျှောက်လွှာ ကျွန်မတို့ တင်တယ်လေ။ စိတ်ဝင်စားတဲ့ လူတွေပေါ့၊ အဖွဲ့ဝင်တွေ အားလုံး စုပေါင်းပြီး လက်မှတ်တွေ
ထိုးပါတယ်။ ကျွန်မတို့လေ ဟို နေပြည်တော်ကို တင်တာရှင့်။ တင်တာတော့ ကျွန်မတို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဆိုပြီးတော့
ဒီခေါင်းစဉ်အောက်ကနေပြီးတော့ ဒီမိုကရက်တစ်ကလည်း ပါတယ်၊ သုံးခွက လယ်သမားတွေလည်း ပါတယ်၊ နောက် စိတ်ဝင်စားတဲ့ ပြည်သူတွေလည်း ပါတယ်။”

ဒီနေ့မနက် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း
ရွေးကောက်တင်မြှောက်ခံရတဲ့ ဒဂုံမြို့သစ် (၇) ရပ်ကွက်က ကိုယ်စားလှယ် ဦးတင့်ဆွေနဲ့ အဖွဲ့ဝင်တွေ အပါအဝင် နယ်ဒေသတွေက လယ်သမားတွေလည်း
တက်ရောက်ခဲ့ပြီး၊ အင်အား ၁၀၀ နီးပါးလောက် ရှိတယ်လို့ သိရပါတယ်။

အလားတူပဲ ရန်ကုန်တိုင်း တွံတေးမြို့နယ်က တကိုယ်တော်လှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်ဖေ အပါအဝင် NLD အဖွဲ့ဝင်တွေနဲ့ အခြား
ဒီမိုကရေစီမြတ်နိုးသူ စုစုပေါင်း ၄၈ ဦးက လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့
လု့အခွင့်အရေး ဆောင်ရွက်မှုတွေကို ထောက်ခံကြောင်း လက်မှတ်ထိုးပြီး၊ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

အာရှ အစိုးရများ လူ့အခွင့်အရေး ပျက်ကွက်နေ

2010-12-10

အာရှတိုက် နိုင်ငံပေါင်း ၁၁ နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီဇင်ဘာ
၁၀ ရက် ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
(Photo: AFP)

သံခြေချင်းဖြင့် မီးရထားလမ်း အလုပ်ကြမ်း လုပ်နေသော အကျဉ်းသားနှစ်ဦး ဖြစ်ပါသည်။ (Photo: AFP)

အဲဒီ ၁၁ နိုင်ငံကတော့ အာဆီယံ အဖွဲ့ဝင်တွေ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကမောဒီးယား၊ အင်ဒိုနီးရှားနဲ့ တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊၊ ပါကစ္စတ
ပါကစ္စတန်၊ နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ တောင်ကိုရီးယား နိုင်ငံတို့ ဖြစ်ပါတယ်။

ဒီ ၁၁ နိုင်ငံက အစိုးရတွေဟာ ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ရမယ့် တာဝန်တွေ ပျက်ကွက်နေတဲ့အတွက် အခုလို အစီရင်ခံစာ ထုတ်ပြန်ရတာ
ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တရားစီရင်ရေး နယ်ပယ်တွေမှာ ချွတ်ယွင်းချက်တွေ အကြီးအကျယ် တွေ့ရှိရတယ်လို့ AHRC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရားစီရင်ရေး ကိစ္စတွေမှာ လွတ်လပ်မှု မရှိတာတွေ တွေ့ရသလို ဥပဒေရေးရာ ဖွဲ့စည်းပုံတွေမှာလည်း ပြဿနာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တရားစီရင်ရေး အာဏာ ကိုယ်နှိုက်သည်ပင်လျှင် အုပ်ချုပ်မှုအာဏာနဲ့ ဥပဒေပြုအာဏာရဲ့ ကန့်သတ်မှုတွေကို ခံနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေ ရှိနေပေမယ့် ဒီချိုးဖောက်မှုတွေကို ဥပေဒကြောင်းအရ စုံစမ်းစစ်ဆေးရေး ကိစ္စတွေကို တားမြစ်


ပိတ်ပင်ထားတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်သူတွေဟာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ကို ပြည့်ပြည့်ဝဝကြီး ရရှိနေကြတယ်လို့လည်း သုံးသပ်ထားပါတယ်။

အာရှနိုင်ငံအတော်များများက ရဲစခန်းတွေ ရဲဌာနတွေမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး နှိပ်စက်ညှဉ်းပန်းတဲ့ လုပ်နည်းလုပ်ဟန်ကို


အစိုးရတွေ ကိုယ်တိုင်က တရားဝင် ခွင့်ပြုထားသလို ဖြစ်နေပြီလို့လည်း ဖော်ပြထားပါတယ်။

ဒီအတောအတွင်း တရုတ်ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လျူရှောက်ဘိုအပါအဝင် မြန်မာနိုင်ငံနဲ့ အီရန်နိုင်ငံက အကျဉ်းကျခံနေရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို


ထောက်ခံကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီနှစ် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ကမာတဝန်းက လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေကို အထူး ဂုဏ်ပြုပါကြောင်း ဗြိတိသျှ
နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လူ့အခွင့်အရေးကိစ္စဟာ ဗြိတိန်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အဓိက အခန်းကဏ္ဍက ပါဝင်ကြောင်းနဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေသူတွေ အတွက် မိမိတို့
အခိုင်အမာ ရပ်တည်ဖို့ သံန္နိဋ္ဌာန်ချမှတ်ကြရမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

တရုတ်ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လျူရှောက်ဘိုကို ပြန်လွှတ်ပေးဖို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ထပ်မံတောင်းဆိုလိုက်သလို မြန်မာနိုင်ငံမှာ


အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့လည်း မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အလားတူပဲ အီရန်၊ ဗီယက်နမ်နဲ့ ကာဂျစ်စတန်နိုင်ငံမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ညှဉ်းပန်း နှိပ်စက်နေတာတွေ ထောင်သွင်း အကျဉ်းချနေတာတွေကို
ရပ်တန့်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အကျဉ်းသားမိသားစုတွေကို ပိုမိုကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ကတိပြု

2010-12-10

ဒီကနေ့ ကျရောက်တဲ့ ၆၂ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရွှေဂုံတိုင်လမ်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ
ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။

(Photo: AFP)

ရန်ကုန်မြို့၊ ရွှေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းကျတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းကျ မိသားစုဝင်တွေက သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း


ဒီအခက်အခဲတွေကို ဝိုင်းဝန်း အဖြေရှာနိုင်မဲ့ နည်းလမ်းတွေကို ရှင်းပြဆွေးနွေးခဲ့တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“အခမ်းအနား စလျှင်စချင်းပဲ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေကို
တရင်းတနှီး နှုတ်ဆက်ပြီးတော့ အားပေးစကား ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အားပေးစကား ပြောဖို့တောင် မလိုတဲ့ တကဲ့ ကြံ့ကြံ့ခံတဲ့ သတ္တိခဲတွေ
ဖြစ်ပါတယ်။ မိသားစုဝင်တွေဟာအခုလို တွေ့ရတဲ့အတွက်လည်း မိသားစုဝင်တွေရဲ့ အားတက်မှုကိုပေါ့လေ၊ သူလည်း အားရမိပါတယ်တဲ့။ ဒါပေမဲ့ ဒီလိုပဲ
ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်သွားကြရတာဟာ မိသားစုတွေ ပုံစံနဲ့ တယောက် တယောက်ကို အကျိုးအကြောင်းတွေ သိနိုင်ဖို့အတွက် ဒီနေ့ တွေ့ဆုံကြတာပါတဲ့။
အဲဒီတော့ အခက်အခဲတွေ ရှိရင်လည်း ပြောပါတဲ့။ ဒီဖက်က ကူညီဖြေရှင်းပေးနိုင်တာတွေ ကူညီ ဖြေရှင်းပေးမယ်၊ အဲလို ဖွင့်ပြီး ပြောပါတယ်ခင်ဗျ။”

အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဥပဒေအရ လုပ်ဆောင်နိုင်မဲ့ နည်းလမ်းတွေကို ရှင်းလင်း ပြောဆိုခဲ့ကြောင်းနဲ့


လူမှုအထောက်အကူလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဦးနိုင်းနိုင်းက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဦးဝင်းထိန်တို့လည်း ဝင်ရောက် ဆွေးနွေး ရှင်းပြကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့ အခမ်းအနားကို အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင်တွေ ၊ တိုင်းနဲ့ပြည်နယ် အသီးသီးက NLD အဖွဲ့ဝင်တွေ ၊ CRPP အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသား
ခေါင်းဆောင်တွေ အပြင် အကျဉ်းသားမိသားစု ၈၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဦးအုန်းကြိုင်နဲ့ RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

အမေရိကန် ဒုလက်ထောက် ဝန်ကြီးနှင့် စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

2010-12-10

အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun ဟာ နေပြည်တော်မှာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၊ ရဲချုပ် ဗိုလ်မှူးချုပ်
ခင်ရီတို့နဲ့ ဒီဇင်ဘာ ၉ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Photo: AFP

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း (ဝဲ) နှင့် မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း (ယာ)
တို့ ဒီဇင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

စစ်အစိုးရ သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ အမေရိကန် ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ၂ နိုင်ငံ


ဆက်ဆံရေးနဲ့ ၂ ဖက် အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အပြီးနဲ့
မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ အပြီး မြန်မာ့နိုင်ငံရေး အခြေအနေကို လေ့လာဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

Mr. Yun အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့
ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရေး မြန်မာအာဏာပိုင်တွေကို တောင်းဆိုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက
ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ဖော်ပြောခဲ့ပါတယ်။
ဒီမိုကရေစီပြောင်းလဲရေးလုပ်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

2010-12-10

မြန်မာနဲ့ ဖီဂျီနိုင်ငံတွေမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဆေအိဂျိ မအဲဟာရက ဒီဇင်ဘာ ၉ ရက် မနေ့က
တိုက်တွန်းလိုက်ပါတယ်။

Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ဒီဇင်ဘာ ၉ နှင့် ၁၀ ရက်တွင် ကျင်းပသော တတိယအကြိမ်မြောက် ဒီမိုကရေစီ ညီလာခံတွင် တက်ရောက်သော
နိုင်ငံခေါင်းဆောင်များ ဖြစ်ပါသည်။ (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာရှ ဒီမိုကရေစီ ညီလာခံမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပြီး ဂျပန်နိုင်ငံအနေနဲ့ အာရှဒေသတွင်း ဒီလို
ပြောင်းလဲရေး ဆောင်ရွက်မှုတွေအပေါ် ကူညီအားပေးဖို့ ရှိကြောင်း၊ ဂျပန်နိုင်ငံတွင်း ရွေးကောက်ပွဲတွေမှာ ဒီနိုင်ငံတွေက အရာရှိတွေကို ဖိတ်ကြားလေ့လာစေမဲ့
အစီအစဉ်တွေလည်း ရှိကြောင်း ပြောပါတယ်။

မြန်မာနဲ့ ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ ဖီဂျီတို့ဟာ စစ်တပ်က အာဏာသိမ်းပြီး စစ်အစိုးရတွေက အုပ်ချုပ်နေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

အလားတူပဲ ညီလာခံကို တက်ရောက်နေတဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ သံတမန်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Judith McHale ကလည်း
ဒီညီလာခံဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်ကြောင်း၊ မြန်မာ အာဏာပိုင်တွေနဲ့ အမေရိကန် ၂
နိုင်ငံဆက်ဆံရေးကနေ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းကြွယ်ဝတဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေး အားပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု မညီမမျှ ဖြစ်နေတာဟာ ဒေသတွင်းလုံခြုံရေးကို ထိပါးလာနိုင်တယ်လို့ အင်ဒိုနီးရှားသမတ Susilo Yodhoyono က


သတိပေးလိုက်ပါတယ်။

ဒေသဖွံ့ဖြိုးရေးတွေမှာ စီးပွားရေး တိုးတက်မှုတွေသာ အဓိကထားကြကြောင်း၊ ဒါပေမဲ့ တဖက်မှာလည်း နိုင်ငံရေး ဖွံ့ဖြိုးပြောင်းလဲမှု ကွာဟလာတာကို ကျော်လွှား
ဖြေရှင်းကြဖို့လည်း အရေးတကြီး လိုအပ်နေကြောင်း သမတ ယိုဒိုယိုနိုက ပြောပါတယ်။

နိုင်ငံရေး ဖွံ့ဖြိုးမှု ကွာဟလာတာကို အသေအချာ မကိုင်တွယ်ရင် ရေရှည်မှာ စီးပွားရေး လူမှုရေးဖွံ့ဖြိုးမှုကို ထိခိုက်လာပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ဒေသတွင်း
လုံခြုံရေး ထိပါးလာတာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဘာလီမှာ ကျင်းပနေတဲ့ ဒီမိုကရေစီ ညီလာခံကို ဒေသတွင်းနိုင်ငံ ၇၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်နေပြီး ၂ ရက်ကြာ ကျင်းပမယ်လို့ သိရပါတယ်။

ဒီညီလာခံကို ဘရုနိုင်းစော်ဘွား၊ အရှေ့တီမော ဝန်ကြီးချုပ်၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတို့လည်း တက်ရောက်တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေးတိုးတက်ဖို့ မစ္စတာကင်းတားနား တိုက်တွန်း

2010-12-10

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့အတွက် လိုအပ်ချက် အားလုံး ဆောင်ရွက်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့မှာ ပြောကြားပါတယ်။
(Photo: AAPP)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ
နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP)

ဒီကနေ့မှာ ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် RFA က ဆက်သွယ်မေးမြန်းရာမှာ မစ္စတာကင်တားနားက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လာမဲ့ အနာဂတ်ကာလမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ မျှော်လင့်ပါတယ်။ ဒီအတွက် လိုအပ်ချက်အားလုံးကို ဆောင်ရွက်ဖို့
လိုပါတယ်။ ဒီမိုကရေစီစနစ်ဟာ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးတာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဖို့ လုပ်ဆောင်နေတဲ့ အဆင့်တိုင်းမှာ ၁၉၄၈
ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ပြဌာန်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေ အပြည့်အဝ ခံစားခွင့်ရှိဖို့ အကောင်အထည်
ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်လို့ မစ္စတာကင်တားနားက ပြောပါတယ်။

မစ္စတာ ကင်တားနားနဲ့ ဆက်သွယ်မေးမြန်းပြီး RFA မှ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

http://www.rfa.org/burmese

နီ… ဝါ… စိမ်း… တူတံစဉ် နှင့် ဒီဇင်ဘာစိတ်ဓါတ်(၂)

Posted by admin on December 10th, 2010

ထောင်အတူ ကျခံခဲ့ကြသော ရဲဘော်များကိုတော့ မမှတ်မိတော့ပါ။ U S A ရောက် ကိုစိုး ညွန့် (PG 74 ) မှတ်တမ်းပေးပို့လိုက်တော့


ဝမ်းသာမိပြီးဖေါ်ပြလိုက်ပါသည်။ မန္တလေး ဆောင်နှင့် ဗဟိုကွန်ဗိုကေးရှင်းဆောင်မှ ခေါင်းဆောင်များ၊ အခြားသီးသန့်လှုပ်ရှား ရဲဘော်များမှာ…

(၁) ကိုကြည်ဝင်း (ဒု-သင်္ချာ ဝ-သ ဗဟို ဥက္ကဋ္ဌ )

(၂) ကိုစိုးတင့် (ပ-လုပ်သားကောလိပ် ပထမဆုံး ဗဟို ဥက္ကဋ္ဌ)

(၃) ကိုစိုးညွန် -့ ပြောင်ကြီး (စ-ဘောဂဗေဒ -အတွင်းရေးမှုး စီးပွားရေးတက္ကသိုလ-် ဗဟို ဒု-ဥက္ကဋ္ဌ )

(၄) ကိုသက်လှိုင် (နောက်ဆုံးနှစ-် မြို့ ပြ-စက်မှုတက္ကသိုလ်…ဗဟိ-ု အတွင်းရေးမှုး )

(၅) ကိုတင်မောင်ဦး (ဆလိုင်းတင်မောင်ဦး တ-သတ္တဗေဒ လွတ်မြောက်နေ- တရားပြေးကြေညာခံရ )

(၆) ဦး သီလစာရ (သရက်တောကျောင်းတိုက်…ဒေါ်လာ ဒေါ်ညာ ဟု နာမည်ကြီး ဆရာတော် )

(ရ) ဦးလာဘ ( အတွင်းရေးမှူး ဘဏ္ဍာ)

(၈) ဦး……………(…………………………)

(၉) ဦး……………(…………………………)

(၁ဝ) ဦး……………(…………………………)

(၁၁) မသင်္ဂီမြင့် (ကျူတာ စီးပွားရေး တက္ကသိုလ် …ပြန်လွှတ် )

(၁၂) မဌေးဌေးဝင်း (မိနော်) မဆလ ဆန့်ကျင်ရေးတရားဟောရာတွင် နာမည်ကြီးသည့် အသက် (၁၆) နှစ် မပြည့်သေးသည့်၊ အလယ်တန်းကျောင်းသူ၊
ထောင်ထဲတွင် တဦး တည်းကျန်ခဲ့သူ။)

(၁၃) ကိုကြည်လွင် (တ-သင်္ချာ ဘဏ္ဍာရေးမှူးဗဟို )

(၁၄) ကိုမောင်မောင်တိတ် (စ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)

(၁၅) ကိုစောလှငွေ (စ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)

(၁၆) ကိုသောင်းအေး (တ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင် )

(၁၇) ကိုမြင့်ဟန် (စ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)


(၁၈) ကိုတင်စိုး (တ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)

(၁၉) ကိုတင်စိုး (ခွေးသိုး) (စ-ဓါတု ဗဟို ထောက်ပံ့ရေးတာဝန်ခံ )

(၂ဝ) ကိုဌေးအောင် (သရဲလေး) (စ-မြန်မာစာ ဗဟို ပြန်ကြားရေး )

(၂၁) ကိုစိုင်းသိုက်နန်း (စ-ဘူမိဗေဒ ဗဟို လုံခြုံရေး)

(၂၂) ကိုထွန်းထွန်း (ဗကြည် ) (စ-ရူပဗေဒ ဗဟို လုံခြုံရေး )

(၂၃) ကိုဇော်ငြိမ်းလတ် (စ-သတ္တဗေဒ ဗဟို သတင်းပြန်ကြား)

(၂ ) ကိုအေးသိန်းအောင် (ရာကျော်) (စ-သင်္ချာ ဗဟိုလုံခြုံရေး )

(၂၅) ကိုမာန်းလ်ဗါလ်ထွန်း (ချင်း) စ-ရူပဗေဒ ဗဟို စည်းရုံး )

(၂၆) ကိုတင့်ဆွေ (ဒေါလ်ဖင်) (စ-သမိုင်း ဗဟို လုံခြုံရေး )

(၂၇) ကိုတင့်ဆွေ ( စ- သတ္တဗဟို )

(၂၈)ကိုသိန်းထွန်း (ဒု-ပညာရေး ဗဟို )

(၂၉) ကိုသိန်းဝင်း (စ-စက်မှုတက္ကသိုလ် ဗဟိ)ု

(၃ဝ) ကိုသန်းလွင် (ဘုန်းကြီး သန်းလွင)် (စ-ဂျီ ဒီ အိုင် စီ အီး စီ မန္တလေးဆောင် )

(၃၁) (ဦး) တွံတေးသိန်းဝင်း (အထက်တန်းရှေ့နေကြီး)

(၃၂) ဦးကျော်လင်း (အထက်တန်းရှေ့ကြီး အင်းစိန)်

(၃၃) ဦးရဲထွန်း (အထက်တန်းရှေ့နေကြီး ဒေါက်တာာဘမော် သားမက် )

(၃) ကိုထွန်းကျော်ငြိမ်း (ဒေါက်တာ) တ.က.သ ဝင်းရှိ ဦးသန့် ဈာပနအားလာရောက် ဂါရဝ ပြုသူများကို စေတနာ့ဝန်ထမ်း၊
အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ပေးနေပြီး တ.က.သဝင်းအတွင်းဦးသန့် ဈာပနမြှုတ်နှံရန် မိမိတို့ နှင့်သဘောထားတူသူ။

(၃၅) ကိုဘိုဘိုကျော်ငြိမ်း(အင်္ဂျင်နီယာ) အကိုနှင့်အတူကူညီပေးနေသူ။

(၃၆) ကိုအင်ဒရူး (ဝ-သ ပန်းချီအသင်း… ပြန်ကြားရေးအဖွဲ့ ဝင်များ)ါ

(၃၇) ကိုရဲမြင့် (မန္တလေး-ဝ-သ ပန်းချီအသင်း ပြန်ကြားရေးအဖွဲ့ ဝင်များ)

(၃၈) ကိုတင်မောင်ဦး (ဗလ) ဝ-သ ပန်းချီအသင်း ပြန်ကြားရေးအဖွဲ့ဝင်များ)

(၃၉) ကိုမျိုးမြင့် (ပဲခူး) ဝ-သ ပန်းချီအသင်း-ပြန်ကြားရေးအဖွဲ့ ဝင်များ)

(၄ဝ) ကိုသောင်းတင် (ငတောက်) ( ရူပဗေဒ- ဗဟို လုံခြုံရေး)

(၄၁) ကိုကျော်စိုး (သင်္ချာ-ကိုကိုးကျွန်းပြန် ကို ဗဖူးညွန့် ညီ )

(၄၂) ကိုရဲမြင့်သန်း (ကိုရဲထွတ)် ( မဟာသိပ္ပံ )

(၄၃) ဦးစိန်ဟန် ( ဦးသန့် ဂူ ကြီးကြပ်ဆောက်ပေးသည့် ပန်းရံဆရာကြီး )

(၄၄) ကိုသောင်းဟန် ( ဝ-သ အနုပညာ အတွင်းရေးမှုး)

(၄၅) ကိုဝင်းနောင် (ပဲခူးရိုးမပြန်)

(၄၆) ကိုငြိမ်းဝေသစ် (ကဗျာဆရာ-အညာသား)

(…)………………………………..

စုစုပေါင်း ၅၂ ဦးဖြစ်ပါသည်။ ကိုဆလိုင်းတင်မောင်ဦး၊ကိုထွန်းအောင်ကျော် (မ က ဒ တ ဥက္ကဌ ဟောင်း)တို့ ၂ ဦးမှာ နယ်စပ်သို့ ထွက်လာခဲ့ကြသောကြောင့်


လွတ်မြောက်ခဲ့ပါ သော်လည်း တရားခံပြေးများအဖြစ် ကြေငြာခံခဲ့ရသည်။ အခြားမမိသေးကျောင်းသား တို့ကိုလည်း
တရားခံပြေးများအဖြစ်ကြေငြာခြင်းခံခဲ့ရပါသည်။

ထောင်ထဲမှာကျန်နေသော၊ ထောင်ချခြင်းခံခဲ့ရသော မိမိတို့မှာ…. ဘဝရဲ့တစိတ်တပိုင်း

လုပ်ဆောင်ခဲ့ရသည်ကို ကျေနပ်ခဲ့ကြပါသည်။ ပိုင်ပိုင်နိုင်နိုင်ထိထိမိမိ.. လုပ်နိုင်ခဲ့ကြသည် ဟုလည်း ထင်မှတ်နေကြပါသည်။ ပုဂ္ဂိုလ်ရေးအရကော၊


နိုင်ငံရေးအရရော၊ ဘာသာရေး အရပါ ကြည်ညိုချစ်ခင်လေးစားကာ၊ မိမိတို့နှလုံးသားများ၊ ရင်ထဲကသတ်မှတ်ထားသည့် ကမ္ဘာ့ ငြိမ်းရေးဖခင်ကြီး ဦးသန့် ဈာပနကို
နိုင်ငံတော်ဈာပနအဖြစ် ဆောင်ရွက်ခဲ့နိုင်ရုံမ က သမိုင်းအစဉ်အလာကြီးမားသည် တကသ လွင်ပြင်ထဲတွင်လည်း အာဇာနည်ကုန်းရှိ (မြောက်ကိုးရီးယားမှ
ဗုံးမခွဲမီက) ဗိုလ်ချုပ်အောင်ဆန်း၏ အုပ်ဂူအတိုင်း၊ ဒီဇိုင်းအတိ အ ကျနှင့် ကိုလတ်ကြီး (RIT) တို့နှင့် တိုင်ပင်ကာ ပြုလုပ်နိုင်ခဲ့ကြသည်။

ဤ တကသ လွင်ပြင်မှာပင် ဦးသန့် ပုံတူပန်းချီကားကြီး နောက်ခံထားပြီး ရင်ဖွင့်သံစင် မြင့်ကြီးကို ညီငယ်ကျောင်းသားများနှင့်အတူ ဆောက်နိုင်ခဲ့ကြသည်။ မဆလ
ဆန်ကျင် ရေး တရားများလည်း လွတ်လပ်စွာဟောပြောနိုင်သာမက ကျောင်းသား၊ သံဃာ၊ အလုပ် သမားကိုစည်းရုံးလှုံဆော်နိုင်ခဲ့ကြသည့်…
ပီတိကြည်နူးမှုများရခဲ့သောကြောင့်ဖြစ်သည်။

အသက်မသေသေးဘဲ ရှင်နေရခြင်း၊ ထောင်ကျရခြင်းပင်လျှင် မိမိတို့အတွက် ကံကြမ္မာ လေးက အလုပ်သမားအရေးအခင်းများ။ နောက် ၆ လ ကြာ မိမိတို့ ဦးသန့်
ဈာပန အ ရေးခင်းကား ရင်တုန်ပန်းတုန် စရာပင်။ ဇွန် ၆ ရက်နေ့က ဆင်မလိုက်သင်္ဘောကျင်းတွင် ပြစ်ခတ်သွားသော သေနတ်သံများနှင့်
ဘဝပျက်သွားသောအလုပ်သမားများတို့…. အ ဖြစ်အပျက်များကလည်း မြင်နေဆဲ ကြားနေဆဲ မို့ … မတတ်နိုင်ပါ။ မိမိတို့ အလှည့် ရောက်တော့လည်း
အတတ်နိုင်ဆုံး သမိုင်းပေးတာဝန်ကို ယူခဲ့ကြရသည်။

ထိုအချိန်တုန်းက မိမိတို့အသက်တွေမှာ ၂၅ နှစ်ပင် မပြည့်တတ်သေး။ ထောင်ကျပြီးရင် ထောင်ထဲကအဆောင်တွေမှာ အလုပ်သမားခေါင်းဆောင်များနှင့်


လည်းတွေ့ရဦးမည်။ အတွေ့အကြုံများလည်း ဖလှယ်နိုင်ကြဦးမည်ဟုလည်း တွေးထားကြသည်။ ယခု အ ဆောင် ၃ အထူးဆောင် အပေါ်ထပ်တွင် မိမိတို့
မန္တလေးဆောင်မှ စီအီးစီများ၊ ဗဟိုမှ စီ အီးစီများအပြင် အရပ်သားတချို့ ရှေ့နေ၊ ဆရာဝန်၊အင်ဂျင်နီယာ၊ ဝ-သ တက္ကသိုလ်မှ ကျောင်းတက်နေသူများ၊ စုစုပေါင်း
၃ဝ နီးပါးရှိသည်။

ထောင်ကျပြီးလျှင်ထောင်ဝင်စာ ၂ ပတ်တခါတွေ့ရတော့မည်။ ထောင်ဝင်စာတွေ့ရလျှင် အပြင်က မိသားစုများ၊ သူငယ်ချင်းများအကြောင်း ကြားရတော့မှာမို့


ပျော်ရွှင်စိတ်လေး များလည်း ရှိနေသေးသည်။……မိမိတို့ စိတ်ပညာ အဓိကမှကျောင်းသားကျောင်းသား(၅)ဦးတို့ မှာနယ်ကကျောင်းသားများ

ဖြစ်သောကြောင့်ထောင်ဝင်စာအခက်အခဲများရှိနေကြသည်၊သို့ သော် ရန်ကုန်မြို့ ပေါ်မှကျောင်းသား

အကြံအဖန်ကောင်းမှုများကြောင့်ထောင်ဝင်စာများလာပို့ သည်ကိုရခဲ့ကြသည်။…စုံပုံကာဝိုင်းစားသောက်

ခဲ့ကြသည်။….တချို့ ကတော့…သီးသန့် စားသောက်ကြသည်။…မိမိ တို့ အခြင်းခြင်းလည်းနားလည်မှုရှိ

ခဲ့ကြသည်။….မိသားစုများကပေးပို့ ကြသည်မှာတဦးတယောက်စာသာဖြစ်သည်မဟုတ်ပါလား၊

မိသားစုထမင်းဝိုင်းထက်ပင်…ပိုမြိန်နေသလိုလ.ို .ခံစားနေမိသေးတော့သည်။…အဲ့သည်တုန်းက..ပဲ

ပုံစံ ဟင်းကကောင်းသေးသည်။ယခုခေတ် ဆိုလျှင်တော့ (ရှယ)် ဖြစ်လေမလား….ရေကျဲပေမဲ.့ .ပဲနဲနဲပြစ်

နေသေးသည်။….ပဲဟင်းပေါ်တွင်ရေပေါ် ဆီ လေးများလည်းဝေ့ နေတတ်သေးသည်။….ရေပေါ်ဆီလေး

များကိုလု၍ခတ်တတ်သောသူ..(၂)ယောက်(၃)ယောက် ရှိသေးသည်။ ….အော်…ရေပ်ါဆီ လူတန်းစား

ဆိုတာ…ဒီလို မျိုးများ လားဟု ပြုံးပြီး…ရုတ်တရက်တွေးမိခဲ့သေးသည်။

(၃)ဆောင်နှင့်တိုက(် ၁)၊(၂)၊(်(၅) ၊(၆) တို့ တွင်တချို့ ကျန်နေသေးသည်။သူတို့ လည်းထောင်ကျသွားပြီ

ဖြစ်လို့ မိမိတို့ နေသောအဆောင်ဆီသို့ ပြောင်းလာကြဦးမည်ဟု သိထားကြပါသည်။

စိတ်လေးတွေလဲနဲနဲပေါ့  သွားကြပါပြီ။( ) နှစ်၊(၅ )၊(၆)၊(ရ)၊(၈)၊(၉)၊(၁ဝ) နှစ် နှင့် အထက်ကျသူ

များကျန်ခဲ့သည်။မိမိတို့ ကဲ့သို့လက်ရှိကျောင်းတက်နေသူများကိုနဲနဲလေးညှာဟန်ရှိသည်။အပြင်မှနိုင်ငံ

ရေးအစဉ်လာရှိသူများ၊နိုင်ငံရေးသမားဟောင်းကြီးများ၏သားသမီးများ၊သခင်သားမီးများကတော့ထောင်

ဒါဏ် ပိုကြီးသည်။…ဘယ်လောက်ဘဲဖြစ်ဖြစ်…သူတို့ လည်းဂုဏ်ယူဝင့်ကြွားကျေနပ်နေကြပါသည်။

ဆက်လက်တင်ဆက်ပါအုံးမယ်…

မောင်မောင်တိတ်

http://www.naytthit.net/

You might also like