You are on page 1of 9

လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ

၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်။ ဒီဇင်ဘာ ၁၈ မှ ၂၃ ရက်အထိ

အင်တာနက် ဝက်ဘ်ဆိုက်ပေါ်မှာ တပတ်အတွင်း ဖော်ပြခဲ့သော သတင်းနှင့် အခြား ဖတ်စရာ မှတ်စရာများကို


စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။

မိမိ၏ အီးမေးလ်လိပ်စာပေးပို့၍ သတင်းလွှာ မှာကြားနိုင်ပါသည်။

သတင်းလွှာမှာကြားရန်

သတင်းလွှာကို ဆက်လက် အလိုမရှိတော့ပဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။

သတင်းလွှာရပ်ဆိုင်းရန်

မြန်မာစာလုံးထည့်သွင်းရန်

RFA သတင်းလွှာကို ဖတ်ရှုရန်အတွက် မိမိ၏ ကွန်ပျူတာတွင် Zawgyi-One မြန်မာစာလုံး ရှိထားရမည်


ဖြစ်ပါသည်။ ထို့ပြင်၊ ယခင် သတင်းဟောင်းများ ဖတ်ရှုရန်အတွက် BIT မြန်မာစာလုံးလည်း လိုအပ်နိုင်ဖွယ်
ရှိပါသည်။ Zawgyi-One စာလုံးနှင့် BIT စာလုံးများကို ယခု သတင်းလွှာနှင့်အတူ ပူးတွဲ ပေးပို့ထားသည့်အပြင်
ရယူနိုင်သည့် နေရာကိုလည်း ဖော်ပြထားပါသည်။ ဇော်ဂျီမြန်မာစာလုံးရယူရန်

အင်တာနက်စာမျက်နှာ လျှို့ဝှက်ကြည့်ရှုရန် နည်းလမ်းများ

RFA ဝက်ဘ်ဆိုက်ကို ပိတ်ဆို့ခံထားရသော မြန်မာပြည်တွင်းမှ စာဖတ်သူများအတွက် သတင်းလွှာ၏


နောက်ဆုံးတွင် အင်တာနက် စာမျက်နှာများအား လျှို့ဝှက်ကြည့်ရှုနည်းကို ဖော်ပြထားပါသည်။သို့မဟုတ်
အောက်ဖော်ပြပါ ဝက်ဘ်ဆိုက်များမှတဆင့် လျှို့ဝှက်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါသည်။
ဤလိပ်စာတခုခုကို မောက်စ်ဖြင့် နှိပ်၍ ဖြစ်စေ၊ သို့မဟုတ် ထိုလိပ်စာကို ကော်ပီလုပ်ကာ မိမိ၏ အင်တာနက်
ဘရောက်ဇာတွင် ကူးထည့်၍ဖြစ်စေ RFA မြန်မာဝက်ဘ်ဆိုက်ကို အခြားသူမသိစေပဲ ဖတ်ရှုနိုင်ပါသည်။

https://ac.dearabba.org/rd/burmese/
https://eb.dogalparklar.com/rd/burmese/
https://ec.isofa.org/rd/burmese/

အကယ်၍ အင်တာနက် ဆက်သွယ်နှုန်း နှေးကွေးသော ကွန်ပျူတာမှ ဖတ်ရှုမည်ဆိုပါက ဓာတ်ပုံများမပါပဲ


စာသားချည်းဆိုလျှင် ပိုမို မြန်ဆန်ပါသည်။ မိမိ၏ အင်တာနက်စာမျက်နှာ လက်ယာဖက် အထက်ပိုင်းတွင် ရှိသော
‘စာသားသက်သက်’ ကို နှိပ်လိုက်လျှင် ပုံများမပါတော့ပဲ စာများသာ ပေါ်လာမည် ဖြစ်ပါသည်။

1
အထူးဖတ်စရာ

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးနဲ့ ၂၁ ပင်လုံ


2010-12-19

အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်


ရဲ့ လုံခြုံရေးနဲ့ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်နိုင်တဲ့ အလားအလာတွေကို ဆွေးနွေးထားကြပါတယ်။

စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားရေး
2010-12-12

အခုတပတ် ဦးသစ်ဆင်း စီစဉ်တင်ဆက် တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ


စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားရေးအတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နိုင်ကြရေးနဲ့ ပတ်သက်ပြီး
ဆွေးနွေးထားကြပါတယ်။

နေႛစဉ်သတင်းမဵား

ပြင်းထန်သည့် အအေးလှိုင်း မြန်မာနိုင်ငံကို ဖြတ်သန်းဖွယ်


2010-12-23

မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု


ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ
ပြောကြားပါတယ်။

UWSA ၅ ရက်ကြာ ခရိုင်ညီလာခံကျင်းပပြီးစီး


2010-12-23

ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (ဝသပ) UWSA ရဲ့ ခရိုင်အဆင့် ညီလာခံကို မိုင်းမောခရိုင်မှာ ၅


ရက်ကြာ ကျင်းပပြီး၊ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ အဲဒီ ညီလာခံကို ပါတီဝင်
ကိုယ်စားလှယ် အင်အား ၂၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီနှင့် ရွေးကောက်ပွဲဝင် ပါတီအချို့ အပြန်အလှန်တရားစွဲ


2010-12-23

ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ


SNDP တို့ ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် တရားစွဲဆိုနေကြတယ်လို့
သိရပါတယ်။

NLD ရုံးချုပ်မှာ ပင်လုံစိတ်ဓာတ် ဟောပြောပွဲကျင်းပ


2010-12-23

NLD ပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြိုးပမ်း အကောင်အထည်ဖော်နေတဲ့ ဒုတိယအကြိမ်


ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ၊ ပင်လုံစိတ်ဓာတ်ဆိုတဲ့ အကြောင်းတွေကို NLD ပါတီခေါင်းဆောင်
နှစ်ဦးဖြစ်တဲ့ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင်တို့က NLD ရွှေဂုံတိုင်ရုံးချုပ်မှာ ဒီကနေ့

2
ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းက ဟောပြောခဲ့ကြောင်း NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို
ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုရှားသံအမတ်ကြီး လာရောက်တွေ့ဆုံ


2010-12-23

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ


ရုရှားသံအမတ်ကြီး မစ်ခေးလ် အမ်.ဂျီလက်ဇ်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက် ၁၀ နာရီက လာရောက်
တွေ့ဆုံဆွေးနွေးကြောင်း NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

မြန်မာဗိုလ်ချုပ်များ ခုံရုံးတင် မခံနိုင်ကြောင်း အမေရိကန် လျှို့ဝှက် အစီရင်ခံစာ ပေါက်ကြား


2010-12-23

ထိပ်ပိုင်း မြန်မာဗိုလ်ချုပ်တွေအားလုံး လိုချင်နေတာက မလွှဲမရှောင်သာလို့ ကိုယ့်သဘောနဲ့ကိုယ်


ရာထူးကနေ ဆင်းပေးရမယ်ဆိုရင် သူတို့နဲ့ သူတို့မိသားစု အားလုံး ပိုင်ဆိုင်မှုတွေကို
ဆက်လက်ထိန်းထားပြီး တရားစွဲ အရေးယူမခံရဘို့ ဆိုတဲ့ အာမခံချက်မျိုးပဲ ဖြစ်တယ်လို့ မကြာခင်က
ပေါက်ကြားခဲ့တဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး လက်ရှိ သံရုံးယာယီတာဝန်ခံ လယ်ရီ-ဒင်ဂါး ရေးသားတဲ့
လျှို့ဝှက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သုခ ကုသိုလ်ဖြစ် ဆေးခန်းအတွက် UAE ရောက် မြန်မာများ ငွေလှူဒါန်း


2010-12-22

အာရပ်စော်ဘွားများနိုင်ငံ (UAE) ကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေက ရုပ်ရှင် သရုပ်ဆောင်


ကိုကျော်သူ ဦးဆောင်တဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းက မျက်စိခွဲစိတ်ကုသခန်း အတွက် အလှူငွေ
အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် လှူဒါန်းကြတယ်လို့ သိရပါတယ်။

လွှတ်တော်အတွက် NDF ပါတီ စတင်ပြင်ဆင်


2010-12-22

NDF ပါတီဟာ မကြာခင် ခေါ်ယူတော့မဲ့ လွှတ်တော်အတွင်း ဥပဒေကြမ်းတွေ တင်သွင်းနိုင်ရေးအတွက်


ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီလို့ ပါတီခေါင်းဆောင်တွေက RFA ကို ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့
ပြောပါတယ်။

နိုင်ငံခြား သတင်းဌာနများ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံ


2010-12-22

အမေရိကန် ပြည်ထောင်စုက နာမည်ကျော် Forbes မဂ္ဂဇင်းနဲ့ New Yorker မဂ္ဂဇင်းတွေ အပါအဝင်၊


စပိန်နိုင်ငံ ရုပ်မြင်သံကြားဌာနတခုကလည်း NLD ရုံးချုပ်ရှိရာ ရွှေဂုံတိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို
ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့ လာရောက် တွေ့ဆုံ မေးမြန်းကြကြောင်း NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်
ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

3
ကရင်ပြည်နယ်မှာ စစ်တပ်နှင့် DKBA တိုက်ပွဲငယ်များဖြစ်ဆဲ
2010-12-21

မြန်မာ စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်တွေအကြား နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲတွေ


ပြင်းထန်နေပြီး၊ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့မှာလည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေ
ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်က RFA ကို ပြောပါတယ်။

ဂီရိမုန်တိုင်းဘေးအတွက် ယူရို ၃ သန်း EU လှူဒါန်း


2010-12-21

ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်းသင့် ပြည်သူတွေအတွက် ဥရောပသမဂ္ဂ ကော်မရှင်က ယူငွေ ၃ သန်း


ထောက်ပံ့ ကူညီမယ်လို့ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အလုပ်ပွဲစားက အဓမ္မစစ်သားစုဆောင်းမှု ILO ကို တိုင်ကြား


2010-12-21

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ရပ်ကွက်အမှတ် ၁၄၀ နေ ဒေါ်မိုးရီ ရဲ သား ကိုခန့်ချောကို အတင်းအဓမ္မ


စစ်သားအဖြစ် စုဆောင်းခဲ့တဲ့အတွက် မိသားစုက ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့မှာ ILO ကို
တိုင်ကြားလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

သင်္ကြန်မဏ္ဍပ်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ကိုစည်သူဇေယျကို ထောင် ၈ နှစ် ပြစ်ဒဏ်ချ


2010-12-21

ပြီးခဲ့တဲ့ သင်္ကြန်က ရန်ကုန်မြို့ ကန်တော်ကြီးစောင်း X2O ( အိပ်ခ်စ် တူးအို) ရေကစားမဏ္ဍပ်ရှေ့


ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံရိုက် သတင်းယူတဲ့အတွက်ဆိုပြီး ဖမ်းဆီးထားတဲ့ ကိုစည်သူဇေယျနဲ့ သူ့ဖခင်
ဦးဇေယျတို့ နှစ်ဦးမှာ သားဖြစ်တဲ့ ကိုစည်သူဇေယျကို ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ စွဲချက်နှစ်ခုအတွက်
ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။

ကမ္ဘာ့ကြက်ခြေနီအဖွဲ့တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ


2010-12-21

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ရန်ကုန်ရုံးခွဲ


တာဝန်ရှိသူတွေ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက်
တွေ့ဆုံ ဆွေးနွေးကြောင်း သိရပါတယ်။

သံဃာများ ပညာသင်ကြားရေး သာသနာ့ဦးသျှောင်အဖွဲ့ ထောက်ပံ့ရန်စီစဉ်


2010-12-21

အမေရိကန်ပြည်ထောင်စု အခြေစိုက် သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ


အဖွဲ့ချုပ် အနေနဲ့ သံဃာတော်တွေအတွက် ပညာသင်ထောက်ပံ့ကြေး ဆုငွေချီးမြှင့်ဖို့ စီစဉ်
လုပ်ဆောင်နေတယ်လို့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးဝိလာသက RFA ကို ဒီဇင်ဘာ ၂၀ ရက် မနေ့က
မိန့်ကြားပါတယ်။

4
ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယား သမတဟောင်း၏ ဇနီးတို့ စာရေးသား
2010-12-21

နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို


ဂုဏ်ပြု နှုတ်ဆက်တဲ့အနေနဲ့ ကွယ်လွန်သူ တောင်ကိုရီးယား သမတဟောင်း ကင်မ်ဒဲဂျုန်ရဲ့ ဇနီး မစ္စ
ယီဟီဟိုက ဒီဇင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ စာရေးသား ပေးပို့ခဲ့ပါတယ်။ သူ့ခင်ပွန်း တောင်ကိုးရီးယား
သမတဟောင်း ကင်မ်ဒဲဂျုန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန် လေးစားကြောင်း
ရေးသားထားတဲ့အပြင် ဒုက္ခဆင်းရဲအပေါင်းကို ရင်ဆိုင် ကျော်ဖြတ် အောင်နိုင်သူ တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို
ချီးကျူးထားပါတယ်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု ထက်ဝက်ကျော် ကျဆင်း


2010-12-20

အခုနှစ် ၉ လတာအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ဆန်တင်ပို့မှုဟာ ၆၅ ရာခိုင်နှုန်းအထိ ကျဆင်း သွားတယ်လို့


မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့က နောက်ဆုံး ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

သြစတြေးလျသံအမတ်သစ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြိုဆို


2010-12-20

လာမဲ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလက စတင်မဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ် ၃


နှစ်သက်တမ်းအတွက် သြစတြေးလျ နိုင်ငံခြားရေးရာနဲ့ ကူးသန်းရောင်းဝယ်ရေးဌာန ထိပ်တန်းအရာရှိ Ms.
Bronte Moules ကို ခန့်အပ်လိုက်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ဒီကနေ့
ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

အိုင်အယ်အိုအရာရှိက လယ်သမားများကိုတွေ့ဆုံမေးမြန်း
2010-12-20

အိုင်အယ်အိုအရာရှိ မစ္စတာစတိဗ် မာရှယ်ဟာ အောင်လံမြို့နယ်က လယ်သမားတွေနဲ့ ဒီဇင်ဘာ ၁၉ ရက်


မနေ့က သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

၈၈ မျိုးဆက် ခေါင်းဆောင် မနီလာသိန်း ထောင်ပြောင်းပေးရေး တောင်းဆို


2010-12-20

သရက်ထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် မနီလာသိန်းဟာထောင်


ပြောင်းပေးဖို့ တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်၊

ဗိုလ်ချုပ်မှူးကြီးနှင့် တိုက်ရိုက်ဆွေးနွေးဖို့ အမေရိကန်ကို တရုတ်ပြောကြားခဲ့


2010-12-20

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်အကြားမှာ ဆွေးနွေးမှုတွေ


ရှိခဲ့ကြောင်း မကြာသေးခင်က WikiLeaks က ပေါက်ကြား ဖော်ပြတဲ့ အမေရိကန် သံတမန်ရေးရာ လျှို့ဝှက်
ကြေးနန်းတွေအရ သိရပါတယ်။

5
ဒေါ်အောင်ဆန်းစုကြည်ကို အိုင်အယ်အိုအရာရှိ တွေ့ဆုံရှင်းပြ
2010-12-20

ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၂ နာရီလောက်က အိုင်အယ်အို ညှိနှိုင်းရေးအရာရှိ မစ္စတာ စတိဗ်


မာရှယ်ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း အိုင်အယ်အို အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်နေတာတွေကို
ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြ ဆွေးနွေးခဲ့တယ်လို့ မစ္စတာ စတိဗ် မာရှယ်က RFA ကို ပြောပါတယ်။

ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားများ
2010-12-19

စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ရာသီဥတုနဲ့ ထောင်တွင်း အခြေအနေ


ဆိုးဝါးမှုတွေကြောင့် ကျန်းမာရေးအခြေအနေ ဆိုးဝါးနေကြပေမဲ့ လုံလောက်တဲ့ ဆေးကုသမှု မရကြဘူးလို့ သိရပါတယ်။

NLD မုန်တိုင်းကူညီရေးအဖွဲ့ မြေပုံနယ်က တိုင်းရင်းသားတွေကို ကူညီ


2010-12-19

ဂီရိမုန်တိုင်း ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကျောက်ဖြူမြို့ကို ရောက်ရှိနေတဲ့ NLD နဲ့ CRPP အဖွဲ့ဝင်တွေဟာ


မြေပုံမြို့နယ် အတွင်းက ချင်းတိုင်းရင်းသား အများစု နေထိုင်ရာ ရွာတရွာကို ဒီကနေ့သွားရောက်ပြီး ဆန်၊ အမိုးအကာနဲ့
ဆေးဝါးတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

တရုတ်သြဇာ လွှမ်းမိုးမှု အိန္ဒိယ စိုးရိမ်


2010-12-19

“သဘာဝဓာတ်ငွေ့ ဝယ်ယူရရှိရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရရဲ့ လိမ်ညာလှည့်ဖျားတာကို မိမိတို့


ခံနေရတယ်” ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာန အရာရှိတဦးက အမေရိကန် ကောင်စစ်ဝန်ကို
ပြောဆိုခဲ့ကြောင်း အခုရက်ပိုင်းအတွင်း WikiLeaks အဖွဲ့က နောက်ထပ် ပေါက်ကြားလိုက်တဲ့
အမေရိကန်သံရုံး လျှို့ဝှက်ကြေးနန်း မှတ်တမ်းတခု မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီ
2010-12-19

နေအိမ်အကျယ်ချုပ်ဘဝမှာ ပန်းချီရေးဆွဲခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့


ဆက်စပ်ပြီး ပန်းချီအနုပညာခံစားမှု အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ကုလ အချိန်ပြည့် အထူးကိုယ်စားလှယ် ခန့်အပ်ရေး


2010-12-19

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချိန်ပြည့် အထူးကိုယ်စားလှယ် ခန့်အပ်နိုင်ရေးအတွက် ကုလသမဂ္ဂ


လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ တချို့က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

6
နယ်စပ် ကုန်သွယ်ရေးစခန်းတွေ တိုးချဲ့ဖွင့်လှစ်မယ်လို့ စစ်အစိုးရ ကြေညာ
2010-12-19

ထိုင်း၊ တရုတ်နဲ့ အိန္ဒိယ သုံးနိုင်ငံနယ်စပ်မှာ နယ်စပ် ကုန်သွယ်ရေးစခန်း ၇ ခု ထပ်မံ တိုးချဲ့


ဖွင့်လှစ်သွားမယ်လို့ မြန်မာစစ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားဝင်
ကြေညာလိုက်ပါတယ်။

ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးဆိုးဝါး


2010-12-18

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော်


တပါးဖြစ်တဲ့ အရှင်ဂန္ဘီရ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။

ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်


2010-12-18

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ချွတ်ယွင်းချက် အားနည်းချက်တွေ အများအပြား ရှိနေပေမယ့် ရွေးကောက်ပွဲ


ကျင်းပတာနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာတွေ ဟာ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ
ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

NLD ဗဟို ဥပဒေ အထောက်အကူပြုအဖွဲ့ တိုးချဲ့ဖွဲ့စည်း


2010-12-18

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က


ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ အဖွဲ့ဝင် ၁၃ ဦးအထိ တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာ့ညူကလီးယားကိစ္စ လာရောက်စစ်ဆေးဖို့ IAEA တောင်းဆို


2010-12-18

မြန်မာနိုင်ငံမှာ ညူကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သံသယဖြစ်စရာ နေရာတွေကို လာရောက်စစ်ဆေးခွင့်


ပြုဖို့အတွက် IAEA ခေါ် ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီက မကြာသေးခင် လပိုင်းတွေအ တွင်း စစ်အစိုးရကို
စာရေးသား တောင်းဆိုထားကြောင်း ဒီကနေ့ ထုတ်ဝေတဲ့ Wall Street Journal သတင်းစာက ရေးသားလိုက်ပါတယ်။

ရန်ကုန် အင်တာနက်ဆိုင်တချို့ အပိတ်ခံရ


2010-12-18

အင်တာနက်ဆိုင်တွေကနေ မြန်မာစစ် အစိုးရပိုင် MPT အင်တာနက်ဆာဗာကို တိုက်ခိုက်နေတယ်ဆိုပြီး


ရန်ကုန်မြို့က အင်တာနက်ကဖေး တချို့ကို အာဏာ ပိုင်တွေက ယာယီ ပိတ်လိုက်တယ်လို့ သိရပါတယ်။

7
အမေရိကန်သမတဟောင်းရဲ့ ဇနီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြော
2010-12-18

အမေရိကန် သမတဟောင်း George W Bush ရဲ့ ဇနီး Mrs. Laura Bush ဟာ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်
စကားပြောခဲတ
့ ယ်လို့ သိရပါတယ်။

NLD ခေါင်းဆောင်ပိုင်း ပြင်ဆင်ဖွဲ့စည်းမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


2010-12-18

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်ပိုင်းကို လူငယ်ခေါင်းဆောင်တွေနဲ့ အစားထိုး


ပြင်ဆင်ဖွဲ့စည်းဖို့ အစီအစဉ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

Radio Free Asia


2025 M Street NW, Suite 300,
Washington DC 20036, USA
202-530-4900 | burweb@rfa.org | RFA Jobs © 2005 Radio Free Asia

အင်တာနက်စာမျက်နှာများကို လျှို့ဝှက် ကြည့်ရှုနည်း

လွတ်လပ်တဲ့ အာရှအသံ (RFA) ရဲ့ အင်တာနက် စာမျက်နှာများကို မြန်မာပြည်တွင်းက ကြည့်လို့ မရအောင်


ပိတ်ဆို့ထားပါလိမ့်မယ်။ ဥပမာဆိုရင်၊ http://www.rfa.org/burmese ကို မကြည့်နိုင်အောင် လုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့၊
အဲဒီ အင်တာနက်စာမျက်နှာကို တိုက်ရိုက်မသွားပဲ proxy server လို့ ခေါ်တဲ့ ကြားခံကွန်ပျူတာ ဆာဗာစနစ်ကို အသုံးပြုပြီး
ကြည့်ရှုနိုင်တဲ့ နည်းလမ်းရှိပါတယ်။

အဲဒီလို ကြားခံ ကွန်ပျူတာဆာဗာကတဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ထားတဲ့ အင်တာနက် စာမျက်နှာတွေကို


ကြည့်နိုင်တဲ့အပြင် ဘယ်သူဘယ်ဝါမှန်းလည်း မသိနိုင်ပါဘူး။ ကွန်ပျူတာ အသုံးပြုသူဟာ ကြားခံကွန်ပျူတာထဲကို
ဝင်ပြီးတဲ့နောက် ကိုယ်ယောင်ဖျောက်ပြီးတော့ တခြား ပိတ်ဆို့ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို သွားတဲ့
သဘောမျိုးပါ။

ဘယ်လိုရှာဖွေမလဲ

အခုလို ကြားခံဆောင်ရွက်ပေးမဲ့ ကွန်ပျူတာ ဆာဗာတွေကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ


ရှိပါတယ်။

Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံးပြီး ရှာရမှာ ဖြစ်ပါတယ်။ ရှာရမဲ့ စာလုံးတွေကတော့ nph-
proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ကို ရိုက်ထည့်ပြီး ရှာကြည့်ပါ။

တခြားနည်းတခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့ စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ်။

အဲဒီလို ရှာလိုက်တဲ့အခါမှာ ကြားခံ ကွန်ပျူတာ ဆာဗာအဖြစ် လက်ခံဆောင်ရွက်ပေးမဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို


တွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ် ကြားခံကွန်ပျူတာဆီကို သွားနိုင်တဲ့ link လမ်းကြောင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ

8
ဝက်ဘ်ဆိုက်တခုခုကို ဝင်ပြီးတဲ့အခါမှာ ကိုယ်သွားလိုတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာကို ထည့်သွင်းရမဲ့
ကွက်လပ်တခုကို တွေ့ရပါလိမ့်မယ်။

ပိတ်ဆို့ခံထားရတဲ့ အင်တာနက် ဝက်ဘ်ဆိုကရ


်ဲ့ လိပ်စာURLကို အဲဒီကွက်လပ်ထဲမှာ ရိုက်ထည့်လိုက်ရင် ကိုယ်သွားချင်တဲ့
ဝက်ဘ်ဆိုက်ကို ရောက်သွားပါလိမ့်မယ်။

ဥပမာအားဖြင့်၊ လွတ်လပ်တဲ့ အာရှအသံ RFA ရဲ့ မြန်မာဘာသာစာမျက်နှာ လိပ်စာ www.rfa.org/burmese ဖြစ်ပါတယ်။

ကြားခံ ကွန်ပျူတာ ဆာဗာတချို့ကတော့ ရှေ့က http:// ဆိုတာကိုပါ ရိုက်ထည့်ရပါတယ်။ ဥပမာဆိုရင်၊


http://www.rfa.org/burmese လို့ ရိုက်ရပါတယ်။

တခြား ဖြတ်လမ်းနည်းအနေနဲ့ အောက်မှာ အဆင်သင့်ပြထားတဲ့ Link အဆက်အသွယ်တွေကို နှိပ်လိုက်ရင်လည်း ကြားခံ


ကွန်ပျူတာ ဆာဗာတခုထဲကို သွားနိုင်ပါတယ်။ ဒါပေမဲ့၊ ဒီလို လူသိရှင်ကြား ကြေညာထားတဲ့ အင်တာနက်လိပ်စာတှေကို
အာဏာပိုင်တွေက ပိတ်ဆို့ထားပြီးသား ဖြစ်နိုင်ပါတယ်။ အဲဒီလို ဆိုရင်တော့ စောစောက ရှင်းပြခဲ့တဲ့နည်းအတိုင်း ကိုယ့်ဖာသာ
ရှာကြည့်ပြီး လုပ်လိုက်ရင် လွယ်လွယ်လေးပါ။

http://www.stupidcensorship.com/

http://proxify.com/ This is free but there is also a version available for a fee.

http://www.zensur.freerk.com/nada/

Proxy Server လို့ခေါ်တဲ့ ကြားခံ ကွန်ပျူတာ ဆာဗာတွေရဲ့ လိပ်စာက အမြဲတမ်း ပြောင်းလဲနေပါတယ်။ ဒါပေမဲ့
အခုနည်းတွေအတိုင်း ရှာကြည့်ပြီး ပြင်ပကမ္ဘာကြီးထဲက အင်တာနက်လောကကို လွတ်လွတ်လပ်လပ်
သွားလာလည်ပတ်နိုင်ပါတယ်။

You might also like