You are on page 1of 33

ယနေ့ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုအဖွဲ့ချုပ်ရုံးရှေ့မှာ ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ အကြိုဈေးရောင်းပွဲတော်အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး..
ယနေ့မနက်၉နာရီက ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဈေးရောင်းပွဲ အခမ်းအနားအား လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်..။ ယနေ့မှ၍ လွတ်လပ်ရေးနေ့ထိ မြို့နယ်အသီးသီးမှ အဖွဲ့ချုပ်ဝင်များမှ လာရောက်
ရောင်းချမှာဖြစ်ပါတယ်...။ မည်သူမဆိုလာရောက် ဝယ်ယူအားပေးနိုင်ပြီး ရရှိသည့် အမြတ်ငွေများအား အဖွဲ့ချုပ်ရံပုံငွေအတွက် အသုံးပြုမှာ ဖြစ်ပါတယ်..။
ထိုနောက် ဒေါ်အောင်ဆန်းစုကြည်မှ မြို့နယ်အသီးသီးရဲ့ဈေးအရောင်းဆိုင်တွေကိုလိုက်ကြည့်ပြီး စာအုပ်များအား ၀ယ်ယူအားပေးခဲ့ကြောင်း သိရှိရပါတယ်။

သတင်း၊ ဓာတ်ပုံ .. ဒီမိုဝေယံ

Posted by ဒီမိုဝေယံ at Sunday, January 02, 2011 0 comments

Labels: ဓာတ်ပ,ုံ အမေစုသတင်းများ


မင်္ဂလာရှိတဲ့ တစ်လေးလုံးနေ့

နှစ်သစ်မှာ မြန်မာပြည်သူတွေရဲ့ မေတ္တာနဲ့ ကျက်သရေအပေါင်း ခညောင်းတဲ့ ကျွန်တော်တို့ အမေစု..


Object 2

မင်္ဂလာရှိတဲ့ တစ်လေးလုံးနေ့
၁.၁.၂၀၁၁ (စနေနေ့) သည် ကျွန်တော်အတွက် အဖိုးမဖြတ်နိုင်သော မင်္ဂလာတရားနှင့် ပြည့်စုံသော နေ့ရက်တစ်ရက်ပင် ဖြစ်တော့သည်။ ထိုနေ့ရက်သည်
ကျွန်တော်၏ဘ၀၊ ကျွန်တော်၏ လျှောက်လှမ်းနေသော လူသားအကျိုးပြု လမ်းမပေါ်သို့ ဆွဲခေါ်လမ်းပြပေးခဲ့သော ကျွန်တော်၏ ဓူဝံကြယ်၊ ကျွန်တော်၏ မဟေသီ
ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ကမ္ဘာမြေပြင်ပေါ်သို့ စတင်ရောက်ရှိလာသော နေ့တစ်နေ့လည်း ဖြစ်သည်။ နှစ်သစ်မင်္ဂလာနေ့ရက်တွင် မွေးဖွားခဲ့သော
ကျွန်တော်ဘ၀ရဲ့ ကောင်းကျိုးအသစ် အသစ်တွေကို ဖန်တီးပေးခဲ့သော ရွှေဇီးကွက်တည်းဟူသော လူမှုအကျိုးဆောင် အမျိုးသမီးတစ်ဦး မွေးဖွားသန့်စင်လာသော
နေ့ရက်တစ်ရက်လည်း ဖြစ်သည်။

နံနက်စောစောပိုင်း (၄း၀၀) နာရီတွင် အိပ်ယာမှထပြီးနောက် မေတ္တာပို့သ၊ ဘုရားရှစ်ခိုး၊ ပုတီးစိပ်အပြီး ကျွန်တော်ရဲ့ အိမ်ပြင်သို့ထွက်ကာ ပတ်ဝန်းကျင်ကို
လေ့လာလိုက်သည့်အခါ အလွန်ကို သာယာလှပစိုပြေ အေးချမ်းမှုကို ခံစားလိုက်မိသည်။ ကျေးငှက်များရဲ့ တေးသီသံကို ကြားလိုက်သည်။ မင်္ဂလာရှိသော
အတိတ်နိမိတ်ပင် ဖြစ်တော့သည်။ နံနက် (၇း၃၀) နာရီအချိန်မှစ၍ တဖွဲဖွဲနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်များ၊ အသင်းသူ/သားများနှင့် စိုပြေလာသည်။

မွေးနေ့ပွဲ အခမ်းအနားစချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီထိ သတ်မှတ် ထားသော်လည်း နံနက် (၇း၀၀) နာရီ / (၇း၃၀) နာရီအချိန်မှစ၍
ဧည့်ပရိသတ်များ စည်ကား လာမှုသည် ထူးခြားလှတော့သည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ လူမှုရေးသမားများနှင့် စည်ကားလှ တော့သည်။

နံနက် (၈း၃၅) နာရီတွင် ကျွန်တော်ဆီ တယ်လီဖုန်းသံ မြည်လာတော့သည်။ “ဒေါ်အောင်ဆန်းစုကြည် လာနေပြီတဲ့” အလွန်အံ့သြမိသည်။ ၀မ်းသာမိသည်။
ပရိသတ်အားလုံးလည်း အပြုံးမျက်နှာများ၊ ၀မ်းသာမှုများ၊ နွေးထွေးမှု မဟာအင်အားများ တိုးပွားလာခဲ့တော့သည်။ ဟုတ်သည် … အမေ ဒေါ်စု (၈း၅၀) နာရီတွင်
ရောက်ရှိလာတော့သည်။ အမေစုကို မွေးနေ့ရှင် ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် ကျွန်တော်ရဲ့ မိခင် ဖခင်၊ မိတ်ဆွေသင်္ဂဟများ၊ အမေစုကို
လေးစားကြည်ညိုသူအားလုံး ၀မ်းမြောက်စွာ ကြိုဆိုဂါရ၀ပြုကြသည်။

အမေစုသည် ကျွန်တော်ရဲ့ ပိတ်ပင်ထားခံရသော အနုပညာလုပ်ငန်းရပ်များ၊ ဖန်တီးရိုက်ကူး ထားမှုများ၊ ရေးဆွဲထားချက်များကို စိတ်ပါဝင်စားစွာ


လိုက်လံကြည့်ရှုအားပေးခဲ့သည်။ အမေစုသည် ကျွန်တော်ဖန်တီး ပြသထားသော “တရံရောအခါက” ဟူသောရုပ်ရှင်နှင့် ပတ်သက်သည့် ပါဖော်မန့်
သရုပ်ပြအခန်းကိုလည်း စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့သည်။ ကျွန်တော်ရဲ့ ငြိမ်သက်နေသော အနုပညာလုပ်ငန်းများ ပြန်လည်အသက်ဝင် လှုပ်ရှားမှုကို
ခံစားမိတော့သည်။
ဒါ . . . အမေ့ရဲ့ ပါဝါ
အမေ့ရဲ့ စွမ်းအား
အမေ့ရဲ့ နွေးထွေးမှု
အမေ့ရဲ့ ကြင်နာမှု
အမေ့ရဲ့ အားပေးမှုတို့ကြောင့်ပင် ဖြစ်တော့သည်။
ကြွရောက်လာကြသော အနုပညာနှင့် ပါတ်သက်သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် ကျွန်တော်အား အားပေးသူ၊ ကြင်နာသူ၊ ဂရုပြုကြသူများ၊
ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန)် အသင်းသူ/သားများ၊ လူမှုရေးသမားများ၊ ဂီတပညာရှင်ကြီးများနှင့် စာပေပညာရှင်များ အပါအ၀င် အသက် (၉၀)
ကျော်ပြီဖြစ်သော်လည်း Kyaw Thu’s Art Zone ရှိ လှေကားအတက်အဆင်းများတွင် ဖန်တီးပြသထားသော အနုပညာပြချက်များကို စိတ်ပါဝင်စားစွာ
တက်ကြွစွာဖြင့် လာရောက်အားပေးသော ဆရာကြီး ပါရဂူ၊ ပန်းချီပညာရှင်များနှင့် ဆရာကြီး မောင်ဒီ၊ ရုပ်ရှင်ပညာရှင်ကြီးများဖြစ်သော ဒါရိုက်တာကြီး
ဦးအောင်မြင့်မြတ်နှင့်တကွ ကျွန်တော်၏ အနုပညာ ဖန်တီးမှု၊ ကျွန်တော်ရဲ့ လူမှုရေးစွမ်းဆောင်မှုတို့ကို လေးစားအားပေးမှုများကို ထပ်ဆင့် ထပ်ဆင့်
အားပေးချီးမြှင့် အသိအမှတ်ပြုသော အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သားများ၊ လူငယ် မျိုးဆက်သစ်များ၊ အနာဂတ်ခေါင်းဆောင် လူငယ်
လူရွယ်များအားလုံးကို အထူးလေးစား ဂါရ၀ဖြင့် နှလုံးသားထက်တွင် မှတ်တမ်းတင်လိုက်ရသော “တစ်လေးလုံး” မင်္ဂလာရှိသောနေ့မြတ် တစ်ရက်ပင်
ဖြစ်ပါတော့သည်။
ကျော်သူ
အကိုကြီးကိုကျော်သူအား ကျေးဇူးတင်ပါသည်။

တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်များ
အဘဆရာကြီး ပါရဂူ

အဆိုတော် တေးရေးဆရာကိုရဲလွင်

ရွှေအမြူတေဦးဝင်းငြိမ်း
အဆိုတော် ဆောင်းဦးလှိုင်

Sunday, January 2, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ခေါင်းဆောင်များတွေ့ဆုံပွဲအား ဧရာဝတီဘလော့(ဂ်)ပါ ရေးသားချက်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်..

ဓာတ်ပုံ ဒီမိုဝေယံ
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့ကဝင်ဒါမီယာရှိ အဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး၏ နေအိမ်၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊
ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်၊ NDF လူငယ်အဖွဲ့ဝင် ကိုမြင့်ငွေ နှင့် ကိုမျိုးဇော်အောင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဆိုပါသတင်းနဲ့ ပတ်သတ်ပြီး http://www.irrawaddyblog.com/2010/12/ndf.html မှာဖော်ပြပါရှိတဲ့ နိုင်ငံရေးဟာ ကြောက်စရာ ကောင်းပါတယ်။


နှစ်ပေါင်းများစွာ ကျောချင်းကပ်ခဲ့ပေမယ့် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကြောင့် လမ်းခွဲကြ၊ ပြစ်တင် ဝေဖန်ကြနဲ့ မျက်နှာချင်း မဆိုင်နိုင်အောင်
ဖြစ်သွားကြပါတယ်။ ကြားရတဲ့ သတင်းတွေအရ NLD ရုံးချုပ်မှာ ဆုံတွေ့ကြမှာကို ကန့်ကွက်ကြလို့ ဦးတင်ဦး အိမ်မှာ တွေ့ဖို့ စီစဉ်ပေးရတယ်လို့ ဆိုပါတယ်။

NDF ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် မတွေ့ခင်ကလည်း အထစ်အငေါ့တွေ ရှိကြောင်း သိရပါသေးတယ်။ ဦးခင်မောင်ဆွေတို့က


ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လိုကြောင်း အကြောင်းကြားစာပို့တာကို ဒေါ်အောင်ဆန်းစုကြည်က မသိခဲ့ပါဘူးတဲ့။ ရေဒီယိုကတဆင့် NDF က ပြောတော့မှ
ဒေါ်အောင်ဆန်းစုကြည်က သိသွားပြီး တွေ့ကြတဲ့ အစီအစဉ် ဖြစ်ပါတယ်တဲ့။ (ဧရာဝတီ ဘလော့ဂ်စာမျက်နှာမှ)

အဆိုပါ သတင်းနဲ့ ပတ်သတ်ပြီး အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ပြလိုက်ရပါတယ်..

မေး။....။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့က NDF ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခင်မောင်ဆွေတို့ တွေ့ဆုံကြတဲ့ နေရာမှာ တစ်ချို့ အင်တာနက် စာမျက်နှာတွေမှာ
ပါရှိနေတာကတော့ အဖွဲ့ချုပ်ရုံးမှာ ဆုံတွေ့ကြဖို့ စီစဉ်တာကို ကန့်ကွက်ကြလို့ နေရာပြောင်းလိုက်ရတဲ့ သတင်းနဲ့ ဦးခင်မောင်ဆွေတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့လိုကြောင်း အကြောင်းကြားစာပို့တာကို ဒေါ်အောင်ဆန်းစုကြည် သိခွင့်မရပဲ ရေဒီယိုမှ NDF ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည် ကြားသိမှ
တွေ့ခွင်ရတယ်လို့ ရေးသားဖော်ပြချက်တွေ မှာပါရှိနေပါတယ်..။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို ပြောပြပေးစေလိုပါတယ်..။

ရှေ့နေကြီးဦးဥာဏ်ဝင်း.။..။ မဟုတ်ပါဘူး.. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကို ဒေါက်တာဝင်းနိုင်ကို ဦးသိန်းဦးကိုယ်တိုင် ကြိုတင် အကြောင်းကြားပါတယ်။


နောက်တစ်ခုက အဖွဲ့ချုပ်ရုံးချုပ်မှာ ဆုံတွေ့ဖို့ ကန့်ကွက်တယ် ဆိုတာလည်း မဟုတ်ပါဘူး.. ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဘယ်မှာတွေ့သင်တယ်ဆိုတာနဲ့
တွေ့မယ့်နေရာကို အဲ့ဒီ့နေ့ မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ဆုံးဖြတ်တာပါ။ အဲ့ဒီ့နေ့က NDF လူငယ်နှစ်ဦးဖြစ်တဲ့ မကွေးကိုမြင့်ငွေနဲ့
ကိုမျိုးဇော်အောင် တို့နဲ့အရင်ဆွေးနွေးပြီး နောက်မှ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်တို့နဲ့တွေ့တာပါ..။ နိုင်ငံရေးအကြောင်းဘာမှ မပြောဖြစ်ပဲ
လူမှုရေးအကြောင်းတွေပဲ ပြောဖြစ်တာပါ..။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်တို့နဲ့ ပဲဆွေးနွေးတာပါ.. အန်ကယ်ဦးတင်ဦးမပါပါဘူး။ နှစ်ဘက်လုံးက
နိုင်ငံရေးအကြောင်း လုံးဝမဆွေးနွေးပါဘူး။ ဒေါ်အောင်ဆန်းကြည်လည်း နိုင်ငံရေးအကြောင်း မဆွေးနွေးသလို သူတို့ဖက်ကလည်း မဆွေးနွေးပါဘူး..

မေး ။....။နောက်တစ်ခု သိချင်တာက NDF ကအမြဲပြောနေတဲ့ အဖွဲ့ချုပ်ရွေးကောက်ပွဲ ဝင်ဖို့မဝင်ဖို့ ဆုံးဖြတ်တဲ့ နေ့က အစည်းအဝေးမစခင်မှာ အန်ကယ်က
ရွေးကောက်ပွဲမဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် မပြောခိုင်းပဲ.. ပြောပါတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အန်ကယ် တစ်စုံတစ်ခု ပြောပြပေးနိုင်မလားခင်ဗျာ..

ရှေ့နေကြီးဦးဥာဏ်ဝင်း.။..။ ဒီဥစ္စာကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောခိုင်းတဲ့ဟာကို အန်ကယ် ပြောတာကိုး ဒေါ်စုပြောခိုင်းတဲ့ဟာ ပြောတော့ ဘာမှဖြေရှင်းစရာ


မရှိဘူးလေ.. ဘာမှ အမှားအယွင်းမှ မရှိတာလေ .. ဟုပြောဆိုသွားပါတယ်...။

မည်သူကိုမျှ ထိခိုက်စေလို၍ မဟုတ်ပါ.. အဖြစ်မှန်ကို သိစေရန် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်..။

ဒီမိုဝေယံ

http://www.demowaiyan.co.cc/
Written on January 2, 2011 at 9:13 am by Moe Moe Kyaw

ရသေ့တောင်မြို့နယ် ပြည်သူ့လွတ်တော် အမတ်အား တရားစွဲ

Filed under သတင်း no comments

မိုးမိုးကျော် (Arakan Review)

ဇန်န၀ါရီလ (၁)၊ ၂၀၁၀။

ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ၀င်ရောက် ရွေးချယ်ခံရသော ဦးလှမောင်အား
ကြံ့ဖွံ့ပါတီမှ ဦးသိန်းမောင်က မဲလိမ်မှုနှင့် နေပြည်တော်တွင် တရားစွဲထားကြောင်းနှင့် အချိန်မီ လာရောက် မဖြေရှင်းပါက လွတ်တော်အမတ် အဖြစ်မှ ရပ်စဲ
မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“အမှန်အတိုင်းဆိုရင် သူနဲ့မဆိုင်ဘူးလေ။ မဲလိမ်တယ်ဆိုရင်တောင် ရွေးကာက်ပွဲ ကော်မရှင်နဲ့သာ ဆိုင်တာပါ” ဟု ဦးလှမောင်၏ ဆွေမျိုးတဦးက ပြောပြသည်။

နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှ ဆင့်ခေါ်စာတွင် ဦးလှမောင်အား ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် နေပြည်တော်သို့ လာရောက် ဖြေရှင်းရန်၊ မဖြေရှင်းလျှင်
လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ တရားဝင် ရုပ်သိမ်းပြီး အခြားတဦးနှင့် အစားထိုးမည်ဟု ပါရှိကြောင်း ဦးလှမောင်၏ မိတ်ဆွေ အသိုင်းအ၀ိုင်းမှ တဆင့်
သိရှိရသည်။

“ဇန်န၀ါရီလ (၁၃) ရက်နေ့မတိုင်မီတော့ အယူခံတင်ရမယ်။ အယူခံလည်း မတင်၊ လူကိုယ်တိုင်လည်း သွား မဖြေရှင်းဘူးဆိုရင်တော့ ရုပ်သိမ်းခြင်း ခံရမှာပါ” ဟု
အဆိုပါ ဦးလှမောင် မိတ်ဆွေမှ ပြောပြသည်။ သူက ဆက်ပြီး “ကြံ့ဖွံ့ပါတီက ဦးသိန်းမောင်က ပြဿနာ လာရှာတယ်။ ငါ ဗိုလ်မှူးကွ၊ မင်းက မဲလိမ်တယ်။ မင်းကို
တရားစွဲမယ်။ ဒီနေရာမှ ငါပဲ အမတ်ဖြစ်ရမယ်” ဟု ပြောပြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ လွတ်တော်အမတ် ဦးလှမောင်နှင့် ၀င်ရောက် အရွေးခံသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီမှ
ဦးသိန်းမောင်မှာ တပ်မတော်မှ ဗိုလ်မှူးဟောင်း တဦးဖြစ်ပြီး နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဦးလှမောင်အား မဲ (၂၀) ဖြင့် ရှုံးနိမ့်
သွားခဲ့ကြောင်း သိရှိရသည်။

Sunday, January 2, 2011

မယားချစ်တဲ့ တပ်ချုပ်ကြီး

တပ်ချုပ်ကြီးတို့များ အိမ်သူသက်ထား ဇနီးမယားကို


ချစ်တတ်ခင်တတ်လိုက်တာ။ ဒီကမ္ဘာမှာ ပြိုင်စံရှားပါပဲခင်ဗျာ။ မယားချစ်နိုဗယ်လ်ဆုများ ရွေးချယ်မယ်ဆိုရင် ဒီကအမ္ဘာမှာ တပ်ချုပ်ကြီးကို မီမယ့်သူ မရှိဘူးလို့
ကျနော် မွန်ဇော်နိုင်က ရဲရဲကြီးအာမခံဝံ့ပါရဲ့။ မယားချစ်နိုဗယ်လ်ဆုရှင် တပ်ချုပ်ကြီးလို့ ကမ္ဘာက မသိရတာ နာလိုက်တာ။

စကားစပ်မိလို့ပြောရဦးမယ်။ တပ်ချုပ်ကြီးအကြောင်း ခရေစေ့တွင်းကျ စေ့စေ့စပ်စပ် ရေးသားပြုစုထားတဲ့ “Unmasking Burma Tyrant” အတ္ထုပ္ပတ္တိမှာ


ကြိုင်ကြိုင်အပေါ်ထားရှိတဲ့ တပ်ချုပ်ကြီးရဲ့ ချစ်မေတ္တာကြီးမားပုံကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့ခြင်းမရှိဘူးခင်ဗျ။ ဒီအကြောင်းကို စာရေးသူ Bendict Rogers အား
Irrawaddy က သတင်းစကား ပါးပေးစေချင်ပါတယ်ခင်ဗျာ။

ကြည့်ကြပါဦးဗျာ။ တလောက ဗိုလ်သင်တန်းဆင်းပွဲ ဗိုလ်ရှုသဘင် ပရိသတ်ကြီးထဲမှာခင်ဗျ။ ဗိုလ်ချုပ်ကြီး၊ ငယ်တွေဟာ၊ ကြယ်ပွင့်တွေ၊ ဘားတွေ၊


အနီပတ်ဦးထုပ်ကြီးတွေ ကိုယ်စီကိုယ်စီနဲ့ခင်ဗျ။ ဗိုလ်လောင်းများ အလေးပြုတာကို စစ်စိတ် စစ်သွေး စစ်မာန် ကေသရာဇာခြင်္သေ့ဟန်နဲ့ ခန့်ညား
ဝင့်ကြွားစွာခံယူရမှာ မဟုတ်ပါလားခင်ဗျာ။

ခုတော့ အဲဒီလိုမြင်ကွင်းမျိုး မဟုတ်ပေဘူးဗျို့။ လား..လား.. ပရိသတ်ရဲ့ထိပ်ဆုံးတန်း အလယ်တည့်တည့် ထိတ်ထိတ်ကြဲထိုင်ခုံမှာက တပ်ချုပ်ကြီးရဲ့


ချစ်ကလျာသက်ထား မဟေသီဧကရီ ဒေ၀ီကြိုင်ကြိုင်ရယ်ဗျ။ ထားတော့ ထားပါတော့။ သက်ဦးဆံပိုင် ပဒေသရာဇ် ဧကရာဇ်ခေတ်မှာ ရှင်မင်းဘုရားကြီးနဲ့
မိဖုရားခေါင်ကြီးတို့ဟာ ရာဇာပလ္လင်မှာ ယှဉ်ကာတွဲကာ ကန်တော့ခံခဲ့ကြတဲ့ အစဉ်အလာရှိခဲ့ဘူးလေတော့ ရှိစေတော့..ရှိပါစေတော့လို့ အောင့်အည်းသည်းခ
ံမြိုသိပ်ခဲ့ပါရဲ့။
ဒါပေမယ့် မိဖုရားကြီးမျှသာမက သမီးတော်တွေ၊ သမီးတော်တွေမျှသာမက မြေးတော်ကြီး၊ မြေးတော်လတ်၊ မြေးတော်ပေါက်စ၊ မြေးတော်ပူတူတူး
တသီတတန်းတွေကပါ။ ထိပ်ဆုံးတန်းအထင်ကရ အလယ်ဗဟိုနေရာမှာ ဘာကိုမျှမထီတဲ့ ဘာမထီဟန်နဲ့ ထိုင်နေလိုက်ကြတာကိုတွေ့ရတော့
လွန်လွန်းမနေဘူးလား တပ်ချုပ်ကြီးခင်ဗျာ။

စစ်ခေါင်းဆောင်နံပါတ်တစ်ဖြစ်မလား၊ နှစ,် သုံးဖြစ်မလားဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က သမီးတော်တစ်ပါးရဲ့နံဘေးကခုံတလုံးမှာ


ကျုံကျုံယုံ့ယုံ့ကလေးရယ်ဗျ။ ဒါတင်ဘယ်ကပါ့မလဲ။ ရန်သူကိုဘာမထီတဲ့ သီဟသူရဘွဲ့တံဆိပ်ရ စစ်သူရဲကောင်းကြီးကလည်း တဘက်စွန်းထိုင်ခုံက
သမီးတော်တစ်ပါးရဲ့နံဘေးထိုင်ခုံမှာ။ ဟိုစဉ်ဟိုခါတုန်းကဆိုရင် မျက်နှာကြောတင်းလိုက်ပုံက ပြတ်ထွက်မတတ်။ ထိုးတော့ကြိတ်တော့မလို။ ပါးရိုက်ပစ်တော့မလို။
အဲဒီ သီဟသူရကြီးခမျာ ယခုတော့သူ့ကိုသူ ဘာကောင်ရယ်, ညာကောင်ရယ်မှန်းတောင် မသိရှာတဲ့ပုံမျိုး၊ မျက်စိသူငယ် မျက်နှာငယ်ကလေးနဲ့ ထိုင်လျက်ပါ။

ဟုတ်ပါတယ်။ သီဟသူရကြီးဟာ အရပ်ဝတ်တွေကို လက်အောက်ငယ်သားလို သဘောထား။ ခိုင်းလိုရာခိုင်း၊ စေလိုရာစေ၊ အောက်တန်းစားတွေ၊ အလေ့ကျတွေ၊


လမ်းဘေးတွေ၊ မတူမတန်တွေ၊ အထင်အမြင်သေးစရာတွေ။ သို့ကလို တသက်လုံးကြည့်ခဲ့ မြင်ခဲ့ သဘောထားခဲ့၊ နှိမ်ထားခဲ့တာ။ ယခုတော့ စစ်ယူနီဖေါင်းဝတ်
ဗိုလ်ချုပ်ကြီး ငယ်တွေရဲ့ကြားမှာ တိုက်ပုံပုဆိုးဝတ် အရပ်သားအဖြစ် အူကြောင်ကြောင် ငေါင်တောင်တောင်နဲ့ နေနေရတာ။ သူကိုယ်တိုင် အရှင်လတ်လတ်ပုဆိုးနဲ့၊
တိုက်ပုံနဲ့၊ အရပ်သားစစ်စစ်ကြီး ဖြစ်သွားပါပကော။

ဒါထက်ပိုလို့ဆိုးတာက သီဟသူရကြီးခမျာ၊ ဗိုလ်ချုပ်ကြီး ငယ်တွေရဲ့အထက်က အကြီးအကဲလား။ ဒါမှမဟုတ် ဗိုလ်ချုပ်တွေရဲ့ အမိန့်ကိုနာခံရတဲ့


လက်အောက်ငယ်သားပေလား။ သူကိုယ်တိုင်က ဝေခွဲပိုင်းခြားသိနိုင်ဖို့ ခက်ခဲနေပုံပါပဲ။

အဲဒီလို မယားချစ်တပ်ချုပ်ကြီးရဲ့ အချစ်သံယောဇဉ်ကြောင့် ကျနော်တို့ဗိုလ်ချုပ်ကြီးငယ်တို့ဟာ မိဖုရားခေါင်ကြီးကိုသာမက သားတော်၊ ထိပ်ခေါင်တင်သမီးတော်နဲ့


မြေးတော်တို့ တပြုံလုံးကိုပါ ဦးထိပ်တင်ပြီး salute ရိုက်နေရတဲ့အဖြစ်က တပ်မတော်ကြီးရဲ့ ဂုဏ်သိက္ခာကိုလည်းထိခိုက်၊ ဗိုလ်ချုပ်တွေရဲ့ စစ်စိတ်၊ စစ်သွေး၊
စစ်မာန်ကိုလည်း ယုတ်လျော့စေရာ အထင်သေးစရာ ဖြစ်ရပါတယ်ဗျာ။

မယားချစ် တပ်ချုပ်ကြီးရဲ့ချစ်စိတ် ခင်စိတ်က ဒီမျှလောက်နဲ့ပင် အတောသတ်မှာ မဟုတ်ဘူးဆိုတာ တွေ့နေရပြန်သေးတယ်ခင်ဗျ။ မကြာခင်ကမ


ှတော်ကောက်လိုက်တဲ့ သမက်ထွေးလေးပူပူနွေးနွးကို တရုတ်ပြည်ကြီးရဲ့ သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီလေ။ သမက်ကလေးက စစ်ဗိုလ်လူထွက် မိုးပေါ်ကျ
အရပ်ဘက်အရာရှိငယ်လေး..။ နိုင်ငံရေးတို့ ကမ္ဘာ့နိုင်ငံရေးတို့ဆိုတာကိုတောင ၊ကြားမှကြားဖူးရဲ့လား..။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေ သုခမိန်တွေ
ကမ္ဘာ့နိုင်ငံရေး ကျားကွက်ကစားရာက သံရေးတမန်ရေး..ဆိုတာတွေကတော့.. ဆိုတာတွေကတော့.. ဝေလာဝေးပေါ့ဗျာ။ တရုတ်ပြည်လို ကမ္ဘာ့စူပါပါဝါကြီးရဲ့
သံခင်းတမန်ခင်းမှာ ကိုယ့်နိုင်ငံအတွက် ကောင်းကျိုးတွေသယ်ပိုး ရွက်ဆောင်နိုင်ဖို့ဆိုတာ အလွယ်ကလေးမှ မဟုတ်တာ။ စဉ်းစားသာကြည့်ကြပါတော့ဗျာ။

ကြူကြူမွှေးသမက်တော်ကို ကမ္ဘာ့စူပါ ပါဝါကြီးရဲ့ သံအမတ်ကြီးအဖြစ်တောင်ခန့်အပ်ရဲရင် သမီးတော်တပါး, ပါးဟာလည်း၊ ဂန္ဒီ၊ နေရူးကြီးတို့ရဲ့ ကမ္ဘာ့အကြီးဆုံး
ဒီမိုကရေစီနိုင်ငံရဲ့ သံအမတ်ကြီး ဖြစ်မလာဘူးလို့ ဘယ်သူကပြောရဲမှာလဲဗျာ။ ကဲ..ဒီလိုဆိုရင်ဖိုးအေချစ်မြေးကလေးကရော တနေ့မိုးပေါ်ကျ`ဥုံဖွ´ ဗိုလ်ချုပ်မှူးကြီး
ဖြစ်မလာဘူးလို့ ဘယ်သူပြောရဲလဲ။

အဲ.. ကျနော် မွန်ဇော်နိုင်တို့ အလွန်ဂုဏ်ယူ ၀င့်ကြွားချင်လှတဲ့ သမိုင်းအစဉ်အလာ အလွန်ကြီးမားတဲ့ တပ်မတော်ကြီးကတော့ တပ်ချုပ်ကြီးရဲ့ မယားချစ်စိတ်ကြောင့်
ရေတိမ်နစ်ရတော့မယ်ထင်ပါရဲ့ဗျာ။ ။

မွန်ဇော်နိုင်
http://www.irrawaddyblog.com/

အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ

Reference ID Created Released Classification Origin

09KYIV1942 2009-11-09 12:12 2010-12-09 21:09 SECRET Embassy Kyiv

VZCZCXYZ0001
PP RUEHWEB
DE RUEHKV #1942/01 3131205
ZNY SSSSS ZZH
P 091205Z NOV 09
FM AMEMBASSY KYIV
TO RUEHC/SECSTATE WASHDC PRIORITY 8754
INFO RHMFISS/DEPT OF ENERGY WASHINGTON DC
RHEHAAA/NSC WASHDC
RUEKJCS/OSD WASHINGTON DC
S E C R E T KYIV 001942
SIPDIS
NSC FOR JOYCE CONNERY
DOE FOR ANDREW BIENIAWSKI
EO 12958 DECL: 11/05/2019
TAGS PARM, PREL, KNUC, UP
SUBJECT: U.S.-UKRAINE NONPROLIFERATION MEETINGS SEPTEMBER 23-24, 2009
Classified By: Political Counselor Colin Cleary, Reason 1.4 (b, d)

အကြောင်းအရာ။ ။ အမေရိကန်- ယူကရိန်း အဏုမြူမပြန့်ပွားရေး ဆွေးနွေးပွဲများ စက်တင်ဘာ ၂၃-၂၄ ၊ ၂ဝဝ၉


လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ နိုင်ငံရေး ကောင်စစ်ဝန် ကိုလင် ကလီယာရီ (Colin Cleary) အကြောင်းပြချက် 1.4 (b, d)

၁။ (S) အကျဉ်းချုပ် - အမေရိကန်-ယူကရိန်း အဏုမြူ မပြန့်ပွားရေး နှစ်စဉ် ဆွေးနွေးပွဲငယ်၏ အဓိကအချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ယူကရိန်းက ယူရေနီယံသုံး လောင်စာများ (HEU spent fuel) ကို ရုရှားသို့ လွှဲပြောင်းပေးရေး ကိစ္စနှင့် ပတ်သက်၍ မတင် မကျ အဖြေပေးသည်။ ယူကရိန်းက
၁၉၉၄ တွင် ဘူဒါပက်မြို့မှာ ပေးခဲ့သော လုံခြုံရေး အာမခံချက်ထက် ပို၍ နောက်ထပ် အာမခံချက်များကို တောင်းခဲ့ပြီး အမေရိကန်နှင့် ဒုံးကျည်ကာကွယ်ရေး
ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လုပ်သွားရန် စိတ်ဝင်စားသည်။ --စကဒ်ဒုံးကျည် (SCUD Missiles) ဖျက်သိမ်းရေး နားလည်မှု စာချွန်လွှာကို ဝန်ကြီးဌာန
အားလုံးက သဘောတူပြီးဖြစ်ကြောင်း၊ နောက်ဆုံး အတည်ပြုချက်အတွက် အစိုးရ အဖွဲ့သို့ တင်ထားကြောင်းနှင့် မကြာမီ အဆင်သင့် ဖြစ်မည့်အကြောင်း
ယူကရိန်းဘက်မှ တင်ပြသည်။ -- နောက်ထပ် ဒုံးကျည်ပစ် မဲလင့် လောင်စာရည် (melange liquid rocket propellant) ဖျက်သိမ်းရေးအတွက်
အထောက်အပံ့ပေးရန် ယူကရိန်းက အမေရိကန်ကို မေတ္တာရပ်ခံခဲ့သည်။ သို့သော် အမေရိကန်ဘက်က စကဒ်ဒုံးကျည်နှင့် စကဒ်ဒုံးကျည်သုံး မဲလင့် လောင်စာရည်
ဖျက်သိမ်းရေးကို ပထမ ဦးစွာဆွေးနွေးမည် ဖြစ်ကြောင်း၊ နောက်မှ မဲလင့်လောင်စာရည် ဖျက်သိမ်းရေးအကြောင်းကို ဆွေးနွေးမည် ဖြစ်ကြာင်း ပြောခဲ့သည်။--
ယူကရိန်းက အက်စ် အက်စ် (၂၄) (SS-24) ဖျက်သိမ်းရေးအတွက် အမေရိကန် ထံမှ နောက်ထပ်ငွေကြေး အထောက်အပံ့တောင်းရာ၌ အမေရိကန်ဘက်က
စဉ်းစားပြီး အကြောင်းပြန်ပေးမည်ဟု ပြောခဲ့ သည်။ --အမေရိကန်ဘက်က ယူကရိန်း၏ ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေး အဖွဲ့ဝင် အဆင့် (၁) အဖြစ် ဆော်ဒီ
အာရေဗျ နိုင်ငံကို ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ အချက်အလက်များကို သိလိုကြောင်း၊ သို့မှသာ ဆော်ဒီအာရေဗျသို့ MTCR Category I items ပို့ပေးခြင်း
ပြဿနာတို့နှင့် ပတ်သက်၍ နိုဝင်ဘာလတွင် ကျင်းပမည့် ရီယိုဒီ ဂျနဲရိုး ဒုံးကျည် နည်းပညာ ထိန်းချုပ်ရေးအဖွဲ့ဝင်နိုင်ငံများ စုံညီစည်းဝေးပွဲမှာ အပြန်အလှန်
ကောင်းစွာဆွေးနွေး နိုင်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ --ယူကရိန်းက နောက်နောင်မှာ မြန်မာနိုင်ငံသို့ လက်နက် တင်ပို့တော့မည် မဟုတ်ကြောင်း၊ အမေရိကန်၏
ဂြိုဟ်တုဓာတ်ပုံမှာ ဖော်ပြခဲ့သည့် တောင်ပိုင်း ဆူဒန်သို့ တီ-၇၂ တင့်ကားများ (T-72 tanks) ပို့သည် ဆိုခြင်းမှာ မဟုတ် ကြောင်း ပြောခဲ့သည်။ အမေရိကန်ဘက်က
တင့်ကားပို့ခြင်းအတွက် ဒဏ်ခတ်မှုလုပ်မည်၊ မလုပ်မည်ကို စဉ်းစားစရာ ရှိကြောင်း၊ ဂြိုဟ်တုဓာတ်ပုံမှာပုံမှာပါသည့်အတိုင်း မှန-် မမှန်ဟူသော အချက်ပေါ်မှာ
မူတည်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့ သည်။ -- ယူကရိန်းက အီရန်၏ ဒုံးကျည်အစီအစဉ်အတွက် သံမဏိ ပစ္စည်းများ တင်ပို့သည့်ကိစ္စကို စုံစမ်းစစ်ဆေးပေး မည်ဟု
ပြောသော်လည်း အမေရိကန်ဘက်က ယူကရိန်းအစိုးရ အနေဖြင့် ဤပြဿနာကို ကိုယ်တိုင် မဖြေရှင်းနိုင်ပါက အမေရိကန်အနေနှင့် ပါဝင်ပတ်သက်သူများကို
မိမိကိုယ်တိုင် အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ --(၂) နှစ်တာ ဆွေးနွေးပွဲများလုပ်ပြီးနောက် အမေရိကန်နှင့် ယူကရိန်းတို့သည် ရေဒီယို
ဓာတ်ကြွပစ္စည်းများ ရှင်းလင်းဖယ်ရှားရေး နှင့် သိုလှောင်သိမ်းဆည်းခြင်းဆိုင်ရာ သဘောတူစာချုပ်ကို စက်တင်ဘာ ၂၄ တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
--အမေရိကန်ဘက်က ယူကရိန်းအား နေတိုးငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ လက်နက်ငယ်များ ဖျက်ဆီး ရေး စီမံချက်လုပ်ငန်း (NATO Partnership for
Peace Small Arms/Light Weapons destruction project) အရ နောက်ထပ် လက်နက်ငယ်များဖျက်ဆီးရေးကို သဘောတူရန်လည်း တိုက်တွန်းခဲ့သည်။
(အကျဉ်းချုပ်- ပြီး)

၂။ (S) တရားဝင် ဆွေးနွေးပွဲမလုပ်မီ နှစ်ဦးတွေ့ဆုံပွဲ၌ နီကိုနင်ကို (Nykonenko) က ဗင်တိုင်ပင်ကို ကိယက်ဗ်မြို့မှာ ကြိုဆို ခဲ့သည်။ နီကိုနင်ကိုက ယူကရိန်းသည်
ဗင်တိုင်ပင် (Van Diepen) ၏ အဏုမြူလက်နက် မပြန့်ပွားရေး စိတ်ဓာတ်ထက်သန် မှုကို ကောင်းစွာသိရှိခဲ့ပြီး ဖြစ်ကြောင်း၊
အမေရိကန်ပြည်ထောင်စုအနေနှင့်လည်း ယူကရိန်းကို ထက်သန်သော အဏုမြူ လက်နက်ဖျက်သိမ်းရေး ဆွေးနွေးဘက် အဖြစ် ယုံကြည်မှုကို ပြသသည်ဟု
မိမိတို့မှတ်ယူကြောင်း ပြောခဲ့သည်။

နှစ်ဖက်စလုံးက ဆွေးနွေးပွဲအစီအစဉ်ကို ပြန်လည်စစ်ဆေးကြပြီးနောက် လုံခြုံရေးအာမခံချက်၊ ယူရေနီယံသုံး လောင်စာ များပြန်ပို့ရေးနှင့် ဖျက်ဆီးရေး၊


နေတိုးငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ လက်နက်ငယ်များ ဖျက်ဆီးရေး စီမံချက် လုပ်ငန်း၊ စကဒ် ဒုံးကျည်ဖျက်သိမ်းရေး၊ ဒုံးကျည်ကာကွယ်ရေး၊ အီရန်သို့
ယူကရိန်း၏ သံမဏိ အထူးပစ္စည်းများ တင်ပို့ ခြင်း၊ တောင်ပိုင်း ဆူဒန်သို့ ယူကရိန်း၏ တီ-၇၂ တင့်ကားများတင်ပို့ ခြင်း ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
နှစ်ဦးတွေ့ဆုံ ဆွေးနွေးပွဲမှ ပတ်သက်ရာ အကြောင်းအချို့ကိုလည်း အောက်ဖော်ပြပါအတိုင်း ပုံမှန်ဆွေးနွေးပွဲ အစီအစဉ် ဖတ်ကြား ရာ၌
ထည့်သွင်းဖတ်ကြားခဲ့သည်။

အဆင့်မြင့် ယူရေနီယံ (HEU)

၃။ (C) နှစ်ဦးတွေ့ဆုံဆွေးနွေးပွဲ၌ ဗင်တိုင်ပင်က ယူကရိန်းအနေနှင့် ကိယက်ဗ်မြို့မှ ယူရေနီယံသုံး လောင်စာများကို စက်တင်ဘာလကုန် နောက်ဆုံးထား၍


ရုရှားသို့ပို့ရေးကို အတည်ပြုပေးရန် အထူးအရေးကြီးကြောင်း ပြောခဲ့သည်။ အကယ်၍ ထိုကာလတွင် အတည်မပြုဖြစ်ဘဲ ၂ဝ၁၁ နှစ်ဆန်းအထိ အတည်မပြုနိုင်ပါက
ယူကရိန်းအနေနှင့် ဤ ပစ္စည်းကို သိမ်းဆည်းထားရခြင်းအတွက် ကုန်ကျစရိတ်နှင့် အန္တရာယ်ရှိမှုကို ဆက်လက်ခံနေရဦးမည် ဖြစ်ကြောင်း၊ ဤသုံးစွဲပြီး
လောင်စာများသည် စီးပွားရေးအရ တန်ဖိုးမရှိသော်လည်း အကြမ်းဖက်သမားအတွက် တန်ဖိုးရှိကြောင်း၊ လာမည့်နှစ် အဏုမြူလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲသို့
ယူကရိန်းကို ဖိတ်ကြားထားပြီးဖြစ်သဖြင့် ယူကရိန်းအနေနှင့် မိမိ၏ အဏုမြူပစ္စည်းများ သိုလှောင် ထိန်းသိမ်းထားမှု အခြေအနေကို အစီရင်ခံရန် အရေးကြီးကြောင်း
သူက ဆက် ရှင်းပြခဲ့သည်။ နီကိုနင်ကိုက ယူကရိန်း၏ ၂ဝဝ၈ ဖေဖေါ်ဝါရီလက ရပ်တည်ချက်သည် ပြောင်းလဲခြင်းမရှိကြောင်း ပြန်လှန်ပြောဆိုခဲ့ရာ ကျွန်ုပ်တို့
အနေနှင့် ၂ဝ၁ဝ နှစ်ဆန်းတွင် တင်ပြမည့် ယူကရိန်း၏ အမျိုးသား သိပ္ပံပညာ အကယ်ဒမီ အစီရင်ခံစာကို စောင့်ရမည်သာဖြစ်သည်။

၎။ (C) နောက်နေ့ အစည်းအဝေး၌ ယူကရိန်း အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (NSDC) မှ ဗလာဒီမာ ရိုင်ယက်ဆက် (Vladimir Ryabtsev) က
နည်းပညာဆိုင်ရာ ပြဿနာများကို ဖြေရှင်းပြီး၍ သုံးစွဲပြီးလောင်စာများကို တင်ပို့ရန် ဆုံးဖြတ်ချက်ကိုလည်း ချပြီးဖြစ်ကြောင်း၊ မတင်ပို့ဖြစ်သေးခြင်းအကြောင်းမှာ
သုံးစွဲပြီး လောင်စာများ ပြန်လည် ပြုပြင်ရာမှ ထွက်လာသော အညစ်အကြေးများ ပြဿနာအတွက် ကုန်ကျစရိတ် ဒေါ်လာ (၈ဝဝ, ဝဝဝ) ကို ရုရှားအား
မည်သူကပေးမည်ကို မသိရသေးခြင်းကြောင့် ဖြစ်ကြောင်း၊ ဤကုန်ကျစရိတ် ထုတ်ပေးရေးအတွက် ယူကရိန်းတွင် ဘတ်ဂျက်ငွေအလုံအလောက်မရှိကြောင်း
ရှင်းပြခဲ့သည်။ ကိယက်ဗ်မြို့သံရုံးမှ စွမ်းအင်ဌာန (DOE) အရာရှိ ဝိန်းလိခ်ျ (Wayne Leach) က မိမိတို့ အမေရိကန်ဘက်က ဤအချက်ကို ဝါရှင်တန်သို့
ပို့မေးမည်ဖြစ်ကြောင်းနှင့် မကြာမီ အကြောင်းပြန်ကြားမည် ဖြစ်ကြောင်း ပြောသည်။ (မှတ်ချက် -စွမ်းအင်ဌာန DOE သို့ အခြားသတင်းရပ်ကွက် များမှ သီးခြားပေးပို့
သော သတင်းများအရဆိုလျှင် သုံးပြီးလောင်စာများပြန်ပို့ရေးကိစ္စသည် သမ္မတနှင့် အမျိုးသားလုံခြုံရေး နှင့် ကာကွယ်ရေး ကောင်စီ (NSDC) ၏ လက်ထဲမှာသာ
ရှိနေသေးကြောင်းနှင့် ဤကိစ္စကို ယူကရိန်းရှိ ရုရှားလုပ် အခြား အဆင့်မြင့် ယူရေနီယံများကိစ္စနှင့် တပါတည်း ဖြေရှင်းရန် ကြိုးစားလျက်ရှိကြောင်းသိရသည်။
ဤတွင် တွေ့ရှိရသည်မှာ ရိုင်ယက်ဆက် (Vladimir Ryabtsev) သည် ဆွေးနွေးပွဲနှင့်ပတ်သက်၍ တစုံတရာ ဂဃနဏ သိထားပုံမရခြင်းပင် ဖြစ် သည်။
စွမ်းအင်ဌာန၏ ကမ္ဘာ့ခြိမ်းခြောက်မှုများ လျော့ပါးရေး လုပ်ငန်း အစီအစဉ် (Global Threat Reduction Initiative program) မှာ ဤကဲ့သို့သော ပြန်ပို့ရေးနှင့်
ဆက်နွယ်နေသော လောင်စာ အညစ်အကြေးများ ကိစ္စအတွက် ငွေထုတ်ပေး ရန် အခွင့်အာဏာ မရှိသည်ကို ယူကရိန်းအစိုးရ သိထားသည်မှာ
ကြာလှပြီဖြစ်သည်။)

ဒုံးကျည်ကာကွယ်ရေး

၅။(U) စုံညီဆွေးနွေးပွဲမတိုင်မီ နှစ်ဦးတွေ့ဆုံဆွေးနွေးပွဲ၌ နီကိုနင်ကိုက ယူကရိန်းသည် ဥရောပရှိ အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေး စီမံကိန်းကို စိတ်ဝင်တစား
ဖတ်ပြီးခဲ့ကြောင်း ဗင်တိုင်ပင်ကို ပြောခဲ့သည်။ ယူကရိန်းမှာ ဒုံးကျည်ကာကွယ် ရေး ကျွမ်းကျင်မှု နည်းပညာရှိပြီး ဒုံးကျည်ကာကွယ်ရေး
ပူးပေါင်းဆောင်ရွက်မှုကိုလည်း စိတ်ဝင်စားကြောင်း၊ ဤပူးပေါင်း ဆောင်ရွက်သည် ဥရောပလုံခြုံရေး အစီအစဉ်တွင် ယူကရိန်း၏ အခန်းကဏ္ဍကို
ပြန်လည်သတ်မှတ်ရေးအတွက် အထောက်အကူပြုပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ အမေရိကန်ဆီမှ ထောက်ခံကြောင်း အချက်ပြမှုရရှိရေးသည်
ယူကရိန်းအဖို့ 'အလွန်အရေးကြီး'သည်ဟု ဆိုပါသည်။ နိုင်ငံတကာလုံခြုံရေး ကိစ္စများဆိုင်ရာ ဒုနိုင်ငံခြားရေးဝန်ကြီး ဗာ့စ်ဘောင်း (Vershbow) ဦးဆောင်မည့်
လာမည့် သီတင်းပတ် ဆွေးနွေးပွဲများတွင် ယူကရိန်းနှင့် ဒုံးကျည် ကာကွယ်ရေးကိစ္စ ဆွေးနွေးရန် မျှော်နေမည်ဖြစ်ကြောင်း ဗင်တိုင်ပင်က ပြန်လည်
ပြောကြားခဲ့သည်။

လုံခြုံရေး အာမခံချက်များ

၆။ (S) နှစ်ဦးတွေ့ဆုံဆွေးနွေးပွဲ၌ နီကိုနင်ကို တင်ပြခဲ့သော အကြောင်းအရာသည်ကား ၁၉၉၄ ဘူဒါပက်ကြေညာ ချက်တွင် အမေရိကန် ပေးထားခဲ့သော
လုံခြုံရေးအာမခံချက် ထက်ပို၍ နောက်ထပ် လုံခြုံရေးအာမခံချက် ပေးရန် မေတ္တာ ရပ်ခံခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ဂျော်ဂျီယာကို ရုရှား
ကျူးကျော်ပြီးနောက်ပိုင်းတွင် ယူကရိန်းအနေနှင့် လုံခြုံမှု ခြိမ်း ခြောက်ခံရသည်ဟု ခံစားရကြောင်း ပြောသည်။ ယူကရိန်းသည် နေတိုးအဖွဲ့ထဲသို့ မဝင်ရသေးမချင်း
လုံခြုံရေးဟာကွက်ကို ဖြည့်ရန်လိုအပ်နေကြောင်း၊ ဘူဒါပက်သဘောတူချက်ကို ထပ်မံအတည်ပြုကြောင်း အမေရိကန်၏ ၂ဝဝ၉ သြဂုတ်လက အသိပေးချက်ကို
လက်ခံရရှိပြီးဖြစ်သော်လည်း ယူကရိန်းအနေနှင့် ဤကိစ္စကို အသေးစိတ် ဆွေးနွေးလို ကြောင်း၊ အမေရိကန်၏ ဦးဆောင်မှုဖြင့် အပြန်အလှန်
လုံခြုံရေးအာမခံချက်သစ် တခုကို ရှာနိုင်မည်ဟု ယူကရိန်းက မျှော်လင့်နေလျက်ရှိကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ ကျွမ်းကျင်ပညာရှင်အဆင့် ဆွေးနွေးပွဲကို
စတင်မည်ဆိုပါက ယူကရိန်းအစိုးရအနေနှင့် ကျေးဇူးတင်မည် ဖြစ်ကြောင်း၊ ဤကဲ့သို့သော ဆွေးနွေးပွဲမျိုး ကျင်းပသည့်သတင်းသည် ယူကရိန်း ပြည်သူတို့နှင့်
အိမ်နီးချင်းနိုင်ငံများအဖို့ မင်္ဂလာသတင်း ဖြစ်ကြောင်း သူကဆို ပါသည်။ သူက စာရွက်ဖြင့် ရေး သားထားခြင်းမဟုတ်သော လုံခြုံရေးအာမခံချက် အသစ်တခုကို
တင်ပြသည်။ ဥပဒေဖြင့် ရေးဆွဲပြဋ္ဌာန်းထားသော အာမခံ ချက်များသည် အကောင်းဆုံးဖြစ်သော်လည်း ဤသို့အာဏာတည်ရေးသည် အလွန်ခက်ခဲသည်ဟု
သူနားလည်ကြောင်း သူက နိဂုံးချုပ်အနေနှင့် ပြောသွားခဲ့သည်။

၇။(U) ဗင်တိုင်ပင်က အမေရိကန်ပြည်ထောင်စု၏ ဘူဒါပက် ကတိကဝတ်သည် သက်တမ်းရှိနေဆဲ ဖြစ်ကြောင်း၊ ဒီဇင်ဘာ လ စတတ်သဘောတူညီချက် စာချုပ်
(START Treaty) ကုန်ဆုံးပျက်ပြယ်သွားသည်နှင့်အတူ လိုက်ပါပျက်ပြယ်သွားခြင်း မရှိကြောင်း ပြောသည်။ START Treaty ၏ နောက်ဆက်တွဲ
သဘောတူစာချုပ်နှင့်ဆက်စပ်နေသော ဤအကြောင်း အရာနှင့် ပြဿနာများအကြောင်း နောက်ထပ်ဆွေးနွေးချက်များကို နောက်လာမည့် စာပိုဒ် (၅၃-၅၄) တို့တွင်
ကြည့်ပါ။

စကဒ်ဒုံးကျည် ဖျက်သိမ်းရေး

၈။ (S) နီကိုနင်ကိုက စကဒ်ဒုံးကျည် အစီအစဉ်ကို တင်ပြခဲ့သည်။ ဤလုပ်ငန်းသည် ယူကရိန်း၏ ဦးစားပေးလုပ်ငန်း တရပ် ဖြစ်သည်ဟု ဆိုသည်။
ကာကွယ်ရေးဆိုင်ရာ စီးပွားရေးဝန်ကြီးဌာန၏ ဒု ညွှန်ကြားရေးမှူး ဆာဂီအီ နိုဗော့စ် ယိုလော့ဗ် (Sergiy Novosyolov) က ကျွန်ုပ်တို့သည် ပွဲဦးထွက်အဆင့် (၂ဝဝ၉
ဇူလိုင်လတွင်းက အမေရိကန်၏ စကဒ်ဒုံး ကျည်များနှင့် ဒုံးကျည်နှင့်ဆိုင်သော ပစ္စည်းကရိယာများ နေရာချထားပုံစာရင်း၊ နေရာအသီးသီး နှင့် ဆိုင်သော စာရွက်
စာတမ်းများနှင့် ဖြည့်စွက်ချက်များ၊ စကဒ်ဒုံးကျည်နှင့် အခြားဒုံးကျည်များ ပစ်လွှတ်ရာ၌ သုံးသည့် မဲလင့် လောင်စာရည် အချို့ကို ဖျက်ဆီးပစ်ရန် အမေရိကန်၏
သဘောတူချက်) ကို အောင်မြင်ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ စကဒ်ဒုံးကျည်ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဝန်ကြီးဌာနအားလုံးက
အတည်ပြုပြီးဖြစ်ရာ ဝန်ကြီးအဖွဲ့သို့ တင်သွင်းထားကြောင်း၊ မကြာမီတွင် အဆင်သင့်ဖြစ်မည် ဖြစ်ကြောင်း ဆာဂီအီ နိုဗော့စ်ယိုလော့ဗ်က ဆက်လက်ရှင်းပြ ခဲ့သည်။
ထို့ပြင် ယူကရိန်း ကန်ထရိုက်လုပ်ငန်းရှင်လောင်းများ စာရင်းကို အမေရိကန်သံရုံးသို့ပို့ထားပြီးဖြစ်ကြောင်းနှင့် ယူကရိန်းအစိုးရ အနေနှင့်လည်း ကုန်ကျစားရိတ်များ၊
အချိန်ဇယားများ၊ လုပ်ငန်းပမာဏ၊ ဖျက်သိမ်းမည့်နေရာသို့ ဒုံးကျည် များကို သယ်ယူပို့ဆောင်ရေး ကိစ္စ တို့အပြင် စီမံချက်လုပ်ငန်းအကောင်အထည်ဖေါ်ရေးနှင့်
ဆက်နွယ်နေသော နည်း ပညာနှင့် ထောက်ပံရေး ဆိုင်ရာကိစ္စများကိုပါ ဆွေးနွေးရန် အသင့်ဖြစ်နေကြောင်းကိုလည်း သူကပြောပြခဲ့သည်။

၉။(S) အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီမှ အလက်ဇန္ဒာ ဒေါ့ဆင်ကို (Alexander Dotsenko) က နားလည် မှု စာချွန်လွှာကို


အတည်ပြုလက်မှတ်ထိုးရန် ကာကွယ်ရေးဝန်ကြီးအား အာဏာအပ်နှင်းခြင်းမပြုမီ ဝန်ကြီးအဖွဲ့ စဉ်းစားရမည့် ဥပဒေရေးရာ ကိစ္စရပ်များစွာရှိကြောင်းကိုလည်း
ဖြည့်စွက်ပြောခဲ့သည်။ ကန်ထရိုက် လုပ်ငန်းရှင်များ ရွေးချယ်ရေးအတွက် အစီအစဉ်သတ်မှတ်ရေး၊ အခွန်လွတ်ငြိမ်းခွင့် ပေးခြင်းကိစ္စ၊ သတ်မှတ်အချိန်အတွင်း
ကန်ထရိုက် သဘောတူချက်များနှင့်အညီ လုပ်ငန်းအားလုံးပြီးမြောက်ရေးအတွက် ကန်ထရိုက်လုပ်ငန်းရှင်များ၏ လုပ်ငန်းလုပ်ဆောင် ချက်ကို စောင့်ကြည့်ရေးစနစ်
အပါအဝင် ဖျက်သိမ်းရေးလုပ်ငန်း၏ အသေးစိတ်အချက် များကို ဆွေးနွေးမည့် ကျွမ်းကျင် ပညာရှင်များအစည်းအဝေး အစီအစဉ်တရပ်ကို
ကျွန်ုပ်တို့ချမှတ်ပေးရမည် ဖြစ်ကြောင်းကိုလည်း သူကပြောခဲ့သည်။

၁ဝ။ (S) ဇွန-် ဇူလိုင် ၂ဝဝ၉၊ လုပ်ငန်းနေရာများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပြုစုရာ၌ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန၏
လိုလေသေးမရှိအောင် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားကြောင်း ဗင်တိုင်ပင် က ထုတ်ဖေါ်ပြောကြားခဲ့သည်။ စီမံချက်လုပ်ငန်း၏
ဖျက်သိမ်းရေးအဆင့်သို့တက်လှမ်းရေးကို အမေရိကန်တို့က စိတ်ဝင် စားကြောင်း ဖေါ်ပြပြီးလျှင် နားလည်မှုစာချွန်လွှာကိုလည်း မကြာမီအတည်ပြုပေးလိမ့်မည်ဟု
မျှော်လင့်ကြောင်းကိုလည်း ပြောခဲ့သည်။ နိုင်ငံတကာ ဆက်ဆံရေးနှင့် လုံခြုံရေးကွန်ရက်အဖွဲ့ (ISN) ၏ အဏုမြူ မပြန့်ပွားရေးနှင့် လက်နက်ဖျက် သိမ်းရေး
ရန်ပုံငွေအဖွဲ့ Nonproliferation and Disarmament Fund (NDF) ရုံးမှ ပေါလ်ဗန်ဆန် (Paul Van-Son) က ယူကရိန်း တင်ပြသော
နည်းပညာဆိုင်ရာဆွေးနွေးပွဲများကို မူအားဖြင့် သဘောတူကြောင်းဖော်ပြပြီး နားလည်မှု စာချွန် လွှာကို ပထမဦးစွာ လက်မှတ်ရေးထိုးရန်လိုကြောင်း အလေးတင်း
ပြောကြားခဲ့သည်။ ထို့ပြင် နောက်ထပ် မဲလင့် လောင်စာများ ဖျက်သိမ်းရေးသည် ယူကရိန်းအတွက် အရေးပါပုံကို အမေရိကန်တို့က နားလည်ကြောင်း သို့ရာတွင်
နောက်ထပ် မဲလင့်လောင်စာများ ဖျက်သိမ်းရေးတွင် အမေရိကန်၏ နောက်လာမည့်ခန်းကဏ္ဍတစုံတရာ အကြောင်းကို မဆွေးနွေးမီ ကျွန်ုပ်တို့အနေနှင့်
စကဒ်ဒုံးကျည်များ၊ ၎င်းနှင့် ဆက်နွယ်နေသော ပစ္စည်းကိရိယာများနှင့် မဲလင့်လောင် စာများ ဖျက်သိမ်းခြင်းကို နားလည်မှုစာချွန်လွှာနှင့်အညီဖျက်သိမ်းရေးမှာ ဦးစွာ
အလေးထားသင့်ကြောင်းကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။

မဲလင့်လောင်စာများ ဖျက်သိမ်းရေး

၁၁။ (S) ဒုံးကျည်လောင်စာ တန် (၁၆, ဝဝဝ) ကျော်အပြင် သိုလှောင်ကန်များ တဖြည်းဖြည်းယိုယွင်း ပျက်စီးလာနေခြင်းနှင့် ပတ်သက်၍ ယူကရိန်းမှာ
မဲလင့်ပြဿနာ အကြီးအကျယ်ရှိနေကြောင်း နီကိုနင်ကိုက ပြောခဲ့သည်။ အမေရိကန်က စကဒ် ဒုံးကျည်ဖျက်သိမ်းရေးလုပ်ငန်း၏ တစိတ်တဒေသအဖြစ် တန်(၁,
၄၄ဝ) ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ကူညီပေးခဲ့ပြီး ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) ကလည်း တန် (၃, ဝဝဝ) ဖျက်သိမ်းပေးရန်
စက်တင်ဘာ ၁၆ တွင် သဘောတူခဲ့သော်လည်း ယူကရိန်းတို့က ကျန်လောင်စာများ ဖယ်ရှားရှင်းလင်းရေးအတွက် အမေရိကန်၏ နောက်ထပ် အကူအညီကို
စိတ်ဝင်စားကြသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုံးကျည်လောင်စာ ကျွမ်းကျင်သူ တဦးဖြစ်သူ အလက်ဇန္ဒာ နီလော့ဗ် (Alexander Nilov) က တန် (၃, ဝဝဝ) ကို
ရထားဖြင့် ရုရှားသို့တင်ပို့မည်ဖြစ်ကြောင်း၊ ရုရှား၌ (OSCE) ငှားထားသော ရုရှားကန်ထရိုက် လုပ်ငန်းရှင်တဦးက လောင်စာများကို ဖျက်သိမ်းပေးမည် ဖြစ်ကြောင်း
ရှင်းပြသည်။ ပထမအသုတ် မဲလင့်လောင်စာများတင်ထားသော ရထားသည် ယူကရိန်းမှ နိုဝင်ဘာ ၁ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး တနှစ်အတွင်း
လုပ်ငန်းပြီးဆုံးမည်ဖြစ်ကြောင်း၊ စစ်သုံးပစ္စည်းကို ရုရှားသို့ ဤသို့တင်ပို့ခြင်းသည် ယူကရိန်း၏ ပို့ကုန် ထိန်းချုပ်ခြင်းဥပဒေနှင့် အညီဖြစ်ကြောင်းလည်း သူက
ဆက်လက် ပြောကြားခဲ့သည်။

၁၂။ (S) စကဒ်ဒုံးကျည် လောင်စာဆီ တန် (၁, ၄၄ဝ) ကို ဖျက်သိမ်းရေးအတွက် ရာဒဲခစ် (Radekhiv) နယ်မြေရှိ ပိုလန် နယ်လှည့်
စက်ရုံအသုံးပြုရေးနှင့်ပတ်သက်သော နည်းပညာ စွမ်းရည်၊ ကုန်ကျစားရိတ်တို့ကို အဏုမြူ မပြန့်ပွားရေး နှင့် လက်နက်ဖျက်သိမ်းရေး ရန်ပုံငွေအဖွဲ့ (NDF) ၏
ကန်ထရိုက် လုပ်ငန်းရှင်များက တွက်ချက်နေလျက်ရှိသည်ဟု ဗန် ဆန် (Van-Son) က ပြောပြခဲ့သည်။ စကဒ်ဒုံးကျည်နှင့်ပတ်သက်သော မဲလင့်လောင်စာများ
ဖျက်သိမ်းရေး ဆွေးနွေးပွဲများ နောက်ထပ် မလုပ်မီ စကဒ်ဒုံးကျည်ဖျက်သိမ်းရေး နားလည်မှုစာချွန်လွှာကို အပြီးသတ်ရန်လိုကြောင်း သူက အလေးပေး
ပြောကြားခဲ့သည်။ ယူကရိန်းရှိ မဲလင့်စီမံချက်လုပ်ငန်းတခုစီအတွက် နောက်ထပ်ငွေကြေး ထောက်ပံ့မှုများ အကြောင်း မစဉ်းစားမီ အမေရိကန်တို့အနေနှင့်
ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) မှ မဲလင့် လောင်စာ ဖျက်သိမ်းရေး စီမံချက်လုပ်ငန်း၏ လုပ်ငန်းတိုးတက်မှုကို အကဲဖြတ်လိုသည်
သာမက အဏုမြူ မပြန့်ပွားရေး နှင့် လက်နက်ဖျက်သိမ်းရေး ရန်ပုံငွေအဖွဲ့ (NDF) မှ စကဒ်ဒုံးကျည်ဆိုင်ရာ စီမံချက်လုပ်ငန်း၏ လုပ်ငန်း တိုးတက်မှုကိုပါ
အကဲဖြတ်လိုကြောင်း သူက နိဂုံးချုပ် ပြောကြားခဲ့သည်။

၁၃။ (S) စကဒ်ဒုံးကျည်ဖျက်သိမ်းရေးလုပ်ငန်း၏ အစိတ်အပိုင်းအဖြစ် နောက်ထပ် မဲလင့်လောင်စာများ ဖျက်သိမ်းရေးကို စဉ်းစားပေးရန် အမေရိကန်အား


ထပ်လောင်း မေတ္တာရပ်ခံလိုက်ပြီး ယူကရိန်းသည် ၁၉၉၈ တွင် သဘောတူခဲ့ သည့်အတိုင်း ဒုံးကျည်များ၊ ပစ္စည်းကိရိယာများနှင့်ပတ်သက်၍ ၂ဝဝ၅
နောက်ဆုံးထား၍ ဖျက်သိမ်းပေးရန် တာဝန်ကို ဆောင်ရွက်ပြီးခဲ့ကြောင်းပြောကြားခဲ့သည်။ (မှတ်ချက်- ယူကရိန်းမှာ လောလောဆယ်အားဖြင့် စကဒ်ဒုံးကျည် (၅၄)
စင်းရှိနေပြီး ၁၉၉၈ တွင် ယူကရိန်းနှင့် အမေရိကန်တို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးစဉ်က (၁၁၇) စင်း ရှိခဲ့ကြောင်း ဒေါ့ဆင်ကို (Dotsenko) က
ဖေါ်ပြခဲ့သည်။ ၂ဝဝ၅ မတိုင်ခင် ကပင် ယူကရိန်းသည် ကိုယ်ပိုင်ရန်ပုံငွေဖြင့် စကဒ်ဒုံးကျည် ထက်ဝက်ကို ဖျက်သိမ်းခဲ့ကြောင်း၊ အမရိကန်အနေ နှင့် ၁၉၉၆
ဒုံးကျည်အရေအတွက်ပေါ်အခြေခံ၍ နောက်ထပ် မဲလင့်လောင်စာများဖျက်သိမ်းရေးကို စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။) ဥရောပ လုံခြုံရေးနှင့်
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) ၏ ဖျက်သိမ်းရေး လုပ်ငန်းအပြီးမှာပင် မဲလင့်လောင်စာ တန် (၁၃, ဝဝဝ) ကျန်နေဦးမည် ဖြစ်ကြောင်း ထောက်ပြပြီး
အမေရိကန် အနေနှင့် နောက်ထပ် မဲလင့်လောင်စာ ဖျက်သိမ်းရေး ကိစ္စကို လာမည့်အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းပေးပါရန်လည်း မေတ္တာရပ်ခံခဲ့သည်။

(အက်စ် အက်စ-် ၂၄) ဒုံးကျည်လောင်စာများ ဖယ်ထုတ်ရှင်းလင်းရေးနှင့် ပစ်စင်များ ဖျက်သိမ်းရေး

၁၄။ (S) ယူကရိန်း၏ ဘဏ္ဍာရေးအခက်အခဲကြောင့် အက်စ် အက်စ-် ၂၄ ဒုံးကျည်လောင်စာများကို ပစ်စင်များထဲမှ ဖယ်ထုတ်ရှင်းလင်းရေးသည် အလွန်
နှောင့်နှေးကြန့်ကြာနေပြီ ဖြစ်ကြောင်း နီကိုနင်ကိုက ပြောကြားခဲ့သည်။ ယူက ရိန်းသည် လောင်စာများကို ရှင်းလင်းရာ၌ "သေတ္တာနက်" (Black box) နည်းကို
တလျှောက်လုံး သုံးလာခဲ့ကြောင်း၊ အမေရိကန်အနေနှင့်လည်း မည်သည့်နည်းကို ယူကရိန်းသုံးသည်ဖြစ်စေ၊ ပစ်စင်တခုစီအတွက် ရှင်းလင်းရေးကုန်ကျ စရိတ်ကို
ထုတ်ပေးခဲ့ကြောင်း၊ ပြီးခဲ့သော အစည်းဝေးများမှာကဲ့သို့ပင် ယူကရိန်းက (အက်စ် အက်စ်၂၄) ဒုံးကျည် ရှင်းလင်းရေးအတွက် အမေရိကန်ထံမှ နောက်ထပ်
အထောက်အပံ့တောင်းခဲ့ကြောင်း (ပတ်ဝန်းကျင်ဘေးကင်း စွာဖြင့် လောင်စာဆီ ရှင်းလင်းရေးတွင် ဒုံးကျည်ပစ်စင်တခုစီအတွက် ဒေါ်လာ ၂၅ဝ, ဝဝဝ နှင့်
ဒုံးကျည်ဖျက်သိမ်းရေးတွင် တစင်းလျှင် ဒေါ်လာ ၁၅, ဝဝဝ နှုန်း ဖြစ်သည်) ပြောကြားခဲ့သည်။ ဤလုပ်ငန်းကို ဆောင်ရွက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုဖြင့်
ခြိမ်းခြောက်မှု လျှော့ပါးရေး လုပ်ငန်းအစီအစဉ် (Cooperative Threat Reduction program) အရ နောက်ထပ် အကူအညီပေးရန် အမေရိကန်
ကွန်ဂရက်လွှတ်တော်သို့ တောင်းခံသော စာအကြောင်းကို နီကိုနင်ကို က ဖေါ်ပြရှင်းလင်းခဲ့သည်။

၁၅။ (S) အနံ့အသက်ဆိုးများ ကာကွယ်ရေး ဗျူရို VCI Bureau ၏ START Treaty သဘောတူစာချုပ်ရုံးမှ နေးလ် ကို့ခ်ျ (Neil Couch) က အမေရိကန်သည် နန်း-
လူဂါ ပူးပေါင်းဆောင်ရွက်မှုဖြင့် ခြိမ်းခြောက်မှု လျော့ပါးရေး လုပ်ငန်းအစီအစဉ် (Nunn-Lugar Cooperative Threat Reduction program) ၏
အစိတ်အပိုင်းဖြစ်သည့် စီးပွားရေးအရလည်း တတ်နိုင်၊ နည်း ပညာအရလည်း စိတ်ချရသော ဒုံးကျည်သုံးလောင်စာများ ရှင်းလင်းဖယ်ရှားရေးနှင့်
ပစ်စင်များဖျက်သိမ်းရေးကို အလေး အနက်ထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂ဝဝ၉ ဒီဇင်ဘာလကုန်တွင် (START) သဘောတူ စာချုပ်
ပြီးဆုံးသွားသည်ဖြစ်စေ၊ မပြီးဆုံးသေးသည်ဖြစ်စေ ကာကွယ်ရေးဌာနသည် (အက်စ် အက်စ် ၂၄) ဖျက်သိမ်းရေး အစီအစဉ်ကို အလေးအနက်ထားကြောင်း၊
သို့ရာတွင် အလားတူ ဒုံးကျည် စနစ်ဖျက်သိမ်းရေးအတွက် ရုရှားကိုပေးသော ရန်ပုံငွေထက် ပို၍ ယူကရိန်းကို ပေးမည် မဟုတ်ကြောင်းကိုလည်း သူက
ဆက်လက်ပြောကြားသည်။

၁၆။ (S) ယူကရိန်း၏ အမျိုးသား အာကာသ အေဂျင်စီမှ ဆာဂေး ဘီရင် (Sergei Birin) က ယူကရိန်းသည် ဤလုပ်ငန်း ကို ဒုံးကျည်ပစ်စင် (၁ဝ) စင်ဖြင့်
စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုံးကျည် (၁) စင်းကို ဖျက်သိမ်းရာ၌ ပစ်စင်ရှိရာ အဆောက်အဦး များ အသုံးစရိတ် ဒေါ်လာ (၁၅, ဝဝဝ) အပြင် လောင်စာများ
ရှင်းထုတ်ရန် ဒေါ်လာ (၂၅ဝ, ဝဝဝ) လိုအပ်ကြောင်း၊ ယူကရိန်းအနေနှင့် ဤလုပ်ငန်းပြီးမြောက်ရန် နောက်ထပ် ဒေါ်လာ (၆) သန်း လိုအပ်ကြောင်းနှင့် ယူကရိန်း၏
တောင်းခံမှု နှင့် ပတ်သက်၍ အမေရိကန်၏ ပြန်ကြားချက်ကို စောင့်နေရှိကြောင်း ရှင်းပြခဲ့သည်။ ယူကရိန်းသည် ဒုံးကျည်လောင် စာ
ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းကို အရှိန်တိုးမြှင့်ဆောင်ရွက်ရေး အတွက် ဒေါ်လာ သန်း (၅ဝ) လျာထားခဲ့ကြောင်း၊ သို့ရာ တွင် လုပ်ငန်း ဆက်လုပ်ရန်အတွက်
ငွေကြေး မလုံလောက်သဖြင့် ပက်လိုရက် ဒုံးကျည်စခန်း (Pavlohrad missile facility) ၏ လုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း သူက ဆက်ပြောပြခဲ့သည်။
နီကိုနင်ကိုက ရုရှား၏ ကုန်ကျစရိတ် သည် ယူကရိန်းထက် နည်းရခြင်းမှာ ပစ်စင်မှ လောင်စာများ ကို ရှင်းထုတ်ရာ၌ ပတ်ဝန်းကျင်အတွက် ဘေးကင်းသည်ဟု
ယူကရိန်းအနေနှင့် မယူဆသော နည်းကို သုံးနေခြင်းကြောင့် ဖြစ်ကြောင်း၊ ယူကရိန်းသည် ဤနည်းကို မသုံးမပြုနိုင် ကြောင်း၊ အကြောင်းမှာ ယူကရိန်းသည်
ဥရောပ၏ အလယ်ခေါင်မှာ ရှိနေပြီး ဤလုပ်ငန်းလုပ်နေသော ဒုံးကျည်စခန်း များကလည်း လူနေထူထပ်သော နေရာများနှင့် နီးနေသောကြောင့် ဖြစ်ကြောင်း
ပြောကြားခဲ့သည်။ ဖျက်သိမ်းရေး လုပ်ငန်း ကို ပတ်ဝန်းကျင်အဖို့ ဘေးကင်းသော နည်းလမ်းဖြင့် ဆောင်ရွက်ရမည်ဟု ၁၉၉၃ အမေရိကန်-ယူကရိန်းတို့၏ (CTR)
သဘောတူချက်မှာ ဆိုထားကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။

၁၇။ (S) ကို့ခ်ျ (Couch) က START သဘောတူစာချုပ်၏ နှစ်ဦးနှစ်ဖက် နာခံရေးနှင့် စစ်ဆေးရေးကော်မရှင် START Treaty Joint Compliance and Inspection
Commission (JCIC) မှာ ဆွေးနွေးပွဲအများအပြားကို (၄) နှစ်ကြာ လုပ်ပြီး နောက်တွင် ယူကရိန်းက ဒုံးကျည်ပစ်စင်များတွင် (၈) စင်တီမီတာ အပေါက်များ
ဖောက်ပေးရန်သဘောတူခဲ့ကြောင်း၊ ဤသို့ဖောက်ပေးရခြင်းသည် ၎င်းတို့ကို ပြန်မသုံးနိုင်စေရန် ဖြစ်ကြောင်း၊ သို့ရာတွင် လောင်စာများကို ရှင်းလင်းပြီး နောက် တွင်
စီးပွားရေးအရ သုံးနိုင်ကြောင်း ပြန်ပြောင်း ပြောပြခဲ့သည်။ ယူကရိန်းအနေနှင့် ပစ်စင်များကို ဖိချေပြီး သို့မဟုတ် ထက်ပိုင်းချိုးပြီး ဖြစ်နေလောက်ပြီဖြစ်ကြောင်း သူက
ဆက်ပြောခဲ့သည်။ ဘီရင်က ယူကရိန်းသည် မိမိ၏ ရှင်းလင်းရေး နည်းကို ပြုပြင်ပြီးနောက်တွင် အစမ်းသဘောဖြင့် ဒုံးကျည်ပစ်စင် (၁ဝ) ခုအနက် (၄) ခု၏
လောင်စာများကို ဖျက်သိမ်းခဲ့ပြီဖြစ်ကြောင်း၊ ပထမဦးဆုံး ဒုံးကျည်ပစ်စင်၌ လောင်စာ အချို့ကျန်နေခဲ့သေးရာ ၎င်းတို့ကို မီးရှို့ပစ်ခဲ့ရကြောင်း၊ မီးရှို့လိုက် ခြင်းကြောင့်
အပေါက်ကြီးများဖြစ် သွားခဲ့ရာ (JCIC) မှာသဘောတူခဲ့သည့်အတိုင်း သည့်ထက်ငယ်သော အပေါက်များ ဖောက်ပေးရန် မလိုတော့ကြောင်း၊ နောက်
ဒုံးကျည်ပစ်စင်များကို ရှင်းထုတ်ရာ၌ လောင်စာဆီ အကျန်နည်းသွားကြောင်း၊ ထို့ကြောင့် လောင်စာဆီများ ရှင်းထုတ်ရေးနှင့်ပတ်သက်၍ ယူကရိန်းအနေနှင့်
ထိရောက်သော နည်းလမ်းတခု တွေ့လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၁၈။ (S) ဗင်တိုင်ပင်က ယူကရိန်းသည် ဤသတင်းပတ်အတွင်းတွင် (အက်စ် အက်စ် ၂၄) ဖျက်သိမ်းရေးနှင့်ပတ်သက် ၍ (DTRA) နှင့် အသေးစိတ်ကျသော
နည်းပညာဆိုင်ရာ ဆွေးနွေးမှုများလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မိမိအနေနှင့် (DTRA) ဆီမှ အသေးစိတ် အစီရင်ခံချက်ယူနိုင်ရေးနှင့် သက်ဆိုင်သော အဆင့်သို့
ယူကရိန်း၏ သဘောထား များကို တင်ပြပေးမည် ဖြစ်ကြောင်း၊ ထိုအဆင့်က ယူကရိန်း၏ အကူအညီတောင်းခံမှု အသစ်များကို စဉ်းစားပေးလိမ့်မည် ဖြစ်ကြောင်းနှင့်
ပြန်ကြားချက်ကို ယူကရိန်းဆီ ပို့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဏုမြူအန္တရာယ် လျော့ပါးရေးဌာန (NRRC)

၁၉။ (C) ကို့ခ်ျက အမေရိကန်နှင့် ယူကရိန်းတို့အကြားတွင် အဏုမြူအန္တရာယ် လျော့ပါးရေးဌာန (NRRC) နှင့် ပတ်သက်၍ အဆက်အသွယ် မလုပ်ခဲ့သည်မှာ
သီတင်းပတ်များစွာ ကြာခဲ့ပြီဖြစ်ကြောင်း ပြောသည်။ အမေရိကန်က ဝါရှင်တန်နှင့် ကိယက်ဗ်တို့၏ ဆက်ဆံရေး ကောင်းမွန်နေဆဲဟု သတ်မှတ်ထားကြောင်း၊
သို့ရာတွင် ပြဿနာ ရှိနေသည်မှာ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ယူကရိန်း၏ မြေပြင်စခန်းတွင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နီကိုနင်ကို က အဆက် အသွယ်
တိုးမြှင့်ရေးအတွက် အမေရိကန်၏ ကူညီမှုကို တန်ဖိုးထားပါကြောင်း၊ ယူကရိန်းဘက်ကလည်း ဤလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊
ယူကရိန်းအင်ဂျင်နီယာများက လက်ရှိပြဿနာနှင့် ပတ်သက်၍ ဆောင်ရွက်နေကြ ကြောင်းနှင့် မကြာမီ အဆက်အသွယ်ပြန်ရလာမည်ဟု မျှော်လင့်ကြောင်း
ပြောကြားခဲ့သည်။
ဝပ်ဆင်နာအား အစီအစဉ် (Wassenaar Arrangement)

၂၀။ (C) နီကိုနင်ကိုက ယူကရိန်းသည် မိမိ၏ ပို့ကုန် စစ်ပစ္စည်းများ စာရင်းကို ထိန်းချုပ်ခြင်းဥပဒေနှင့် အညီ ပြန်လည် ပြင်ဆင်ထားကြောင်း၊ ထို့အပြင်
ကိစ္စနှစ်မျိုးသုံး ပစ္စည်းများ၏ စာရင်းကိုလည်း ပြန်ပြင်ထားကြောင်း၊ ဤစာရင်းက အေဂျင်စီ ပေါင်းစုံ၏ အတည်ပြုချက်ကို စောင့်နေကြောင်း၊ တွင်ခုံနှင့်
(ဝပ်ဆင်နာအား) သို့မဟုတ် MTCR lists စာရင်းမှာ မပါသော်လည်း EU lists စာရင်းမှာပါသော) သင်တန်း အပါအဝင် အခြားအမျိုးအမည်များ
ထိန်းချုပ်မှုတိုးမြှင့်ရန် ယူကရိန်းက ဆောင်ရွက်လျက်ရှိကြောင်း၊ ယူကရိန်းသည် ပို့ကုန်များကို အတည်ပြုချက်ပေးရေး ကိစ္စတွင် အကောင်းဆုံးသော
လမ်းညွှန်ချက်များကို ကျင့်သုံးနေကြောင်း ပြောကြားခဲ့သည်။ ဗင်ဒိုင်ပင်က ပို့ကုန် ထိန်းချုပ်ရေး အစီအစဉ်များကို ထိထိရောက်ရောက်
အကောင်အထည်ဖေါ်ရေးအတွက် အမျိုးသားဥပဒေ ပြဋ္ဌာန်းပေးရန် အရေးကြီး ကြောင်း ပြောခဲ့သည်။

ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေးအစီအစဉ် Missile Technology Control Regime (MTCR)

၂၁။ (C) ယူကရိန်းအစိုးရ ပို့ကုန်ထိန်းချုပ်ရေးဌာနမှ တက်တယာနာ ဗစ်ဇီဂေါ့ဗ်စကာ (Tetyana Vidzigovska) က ၂ဝဝ၉ ကင်ဘာရာ စုံညီအစည်းအဝေးက
သဘောတူခဲ့သော MTCR ၏ ထပ်တိုးကန့်သတ်ချက်များကို ယူကရိန်း က လိုက်နာခဲ့ကြောင်း၊ ယူကရိန်းအစိုးရသည် ဤထပ်တိုး ကန့်သတ်ချက်များကို ၂ဝဝ၉
စက်တင်ဘာ ၁၉ တွင် အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းအစိုးရသည် (MTCR) ၏ ထိန်းချုပ် မှုမရှိသော ပစ္စည်းအမျိုးအမည်များကို
ဂရုတစိုက်လေ့လာနေကြောင်း၊ သင်တန်းနှင့် သိမ်မွေ့နက်နဲသော နည်းပညာ များအပေါ် ထိန်းချုပ်မှု တိုးမြှင့်ရန် စဉ်းစားလျက်ရှိကြောင်းနှင့် အီရန်သို့ တင်ပို့သော
ပစ္စည်းများကို (MTCR) စာရင်း နှင့်အညီ ထိန်းချုပ်မှုကိုလည်း လုပ်နေကြောင်း သူမက ရှင်းပြခဲ့သည်။ ဗင်တိုင်ပင်က ယူကရိန်းတင်ပြသော နောက်ဆုံးပေါ် သတင်း
အချက်အလက်များအတွက် ကျေးဇူးတင်ကြောင်းနှင့် အမေရိကန်ကလည်း (MTCR) ၏ ထပ်တိုး ကန့်သတ်ချက်များကို လိုက်နာရေးအတွက် အေဂျင်စီပေါင်းစုံထံမှ
အတည်ပြုချက်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၂။ (S) ယူကရိန်း အမျိုးသား အာကာသ အေဂျင်စီမှ ဘိုးရစ် အက်တမာနင်ကို (Boris Atamanenko) က ယူကရိန်း သည် ဒုံးကျည်နည်းပညာ
ထိန်းချုပ်ရေးအစီအစဉ် အဆင့် (၁) အကြောင်းအရာများကို အမေရိကန်၊ ရုရှား၊ ဂျာမနီ နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့၊ အဆင့် (၂) အကြောင်းအရာများကို
အမေရိကန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ ကိုရီးယား သမ္မတနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံများသို့ အရင်နှစ်အတွင်းက ပို့ပေးခဲ့ကြောင်း၊ ယူကရိန်းသည်
ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေးအစီအစဉ် (MTCR) သို့ပေးထားသော မိမိ၏ ကတိကဝတ်များနှင့်အညီ ဆော်ဒီအာရေဗျ နိုင်ငံသို့ အဆင့် (၁) အကြောင်းအရာများ
ပို့ပေးရန်ကြံရွယ်ခဲ့ကြောင်းကို (MTCR) မိတ်ဖက်အဖွဲ့ဝင်များကို ၂ဝဝ၉ ဧပြီတွင် အသိပေး (POC Document 86) ခဲ့ရာ မည်သည့် အဖွဲ့ဝင်နိုင်ငံများကမျှ
ကန့်ကွက်ခြင်း သို့မဟုတ် နောက်ထပ် သတင်းအချက်အလက်များကို တရားဝင်တောင်းခြင်းမရှိကြောင်း ဖေါ်ပြခဲ့သည်။ ဗင်တိုင်ပင်က ဆော်ဒီ အာရေဗျနိုင်ငံသို့
ယူကရိန်းက အဆင့် (၁) အကြောင်းအရာများကို အမှန်တကယ်ပင် ပို့ပေးခဲ့ကြောင်း အတည်ပြုရန် ကြိုးစားခဲ့သည်။ ပို့ပေးရန် ရည်ရွယ်ချက်ကို
အသိပေးခြင်းမရှိကြောင်း၊ သို့ရာတွင် အလက်ဇန္ဒာအက်တမာနင်ကို၏ တုံ့ပြန်မှုကြောင့် ဤနေရာတွင် ရှုပ်ထွေးမှုဖြစ်ပွားခဲ့ကြောင်း ပြောခဲ့သည်။

၂၃။ (S) ဗင်တိုင်ပင်က (MTCR) အဆင့် (၁) အကြောင်းအရာများကို ဆော်ဒီအာရေဗျသို့ ပို့ပေးသည်ဟူသော ဤ မလို လားအပ်သော သတင်းကြောင့်
အမေရိကန်အနေနှင့် များစွာစိတ်ပျက်မိကြောင်း၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုလျှင် (MTCR) အဆင့် (၁) အကြောင်းအရာများကို ပို့ပေးခြင်းသည်
ဖျက်အားပြင်းလက်နက်များ ပို့ပေးသည့် အဖြစ်သို့ ရောက်နိုင်ကြောင်း၊ (MTCR) ၏ လမ်းညွှန်ချက်များ၌ ဤကဲ့သို့သော ပို့ပေးမှုမျိုးကို ရှားရှားပါးပါးသာ
လုပ်ရမည်ဟု အတိအကျဖော်ပြထားကြောင်း ပြောခဲ့သည်။ (MTCR)၏ အဓိက ရည်ရွယ်ချက်မှာ (MTCR) အဆင့် (၁) အကြောင်းအရာများကို (MTCR)
အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသို့ ပို့ပေးခြင်းမပြုအောင် တားမြစ်ရန် ကြောင်းပြောကြားခဲ့သည်။ ဗင်တိုင်ပင်က ဆက်လက်၍ ယူကရိန်းသည် အိန္ဒိယနိုင်ငံသို့
(MTCR) အဆင့် (၁) ကို ပို့ပေးကြောင်း အဖွဲ့ဝင်နိုင်ငံများကို အသိပေးခဲ့ရာ အမေရိကန်က ကန့်ကွက်ခဲ့ကြောင်း၊ သို့ရာတွင် ယူကရိန်းက ပို့ပေးပြီးဖြစ်နေကြောင်း၊
(MTCR) ၏ အခြား အဖွဲ့ဝင်တဦး ကန့်ကွက်နေသည့် ကြားက ပို့ပေးဖြစ်အောင် ပို့ပေးသော ကိစ္စတွင် အိန္ဒိယသို့ပို့ပေးခြင်းသည် ပထမဦးဆုံး ကိစ္စ ဖြစ်ကြောင်း၊
ယူကရိန်းက ဆော်ဒီအာရေဗျသို့ အဆင့် (၁) အကြောင်းအရာများကို ပို့ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပွား သော ကိစ္စဖြစ်ကြောင်း ဗင်တိုင်ပင်က ပြောကြားခဲ့သည်။
ဤသို့ပို့ပေးခြင်းကို အမေရိကန်အနေနှင့် ကန့်ကွက်ကြောင်း၊ အကြောင်းမှာ အဖွဲ့ဝင်တဦး အနေနှင့် ကျွန်ုပ်တို့မှာ ကန့်ကွက်ခွင့်ရှိခြင်းကြောင့်ဖြစ်ကြောင်း၊
အမှန်တကယ် မည်သို့စဉ်းစား မိ၍ ဆော်ဒီအာရေဗျသို့ ပို့ပေးသနည်း၊ သို့မဟုတ် မည်သည့်အကြောင်းအရာများကို ပို့ပေးသနည်း ဆိုသည်တို့ကို
မိမိမသိရသေးခင်မှာ မိမိ အနေနှင့် နောက်ထပ် ထင်မြင်ချက် ပေးမည်မဟုတ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

၂၄။ (S) ဗင်တိုင်ပင်က ယခုပြောနေခြင်းသည် ဆော်ဒီအာရေဗျသို့ အဆင့် (၁) ကို ပို့ပေးခြင်းကိစ္စနှင့်ပတ်သက်၍ သတင်း အချက်အလက်များကို တရားဝင်
တောင်းနေခြင်းဖြစ်သည်ဟု ယူကရိန်းအနေနှင့် မှတ်စေလိုကြောင်း၊ နိုဝင်ဘာတွင် ကျင်းပမည့် (MTCR) ၏ရိုင်ယို ဒီဂျနဲရိုး စုံညီအစည်းအဝေးမတိုင်မီမှာ ကြိုတင်၍
ဤသတင်း အချက်များ အမေရိကန်ကို ပေးရန်လည်း မေတ္တာရပ်ခံကြောင်း၊ သို့မှသာ စုံညီအစည်းအဝေးမှာ ဆော်ဒီ ကိစ္စကို နှစ်ဦးနှစ်ဖက် ဆွေး
နွေးနိုင်ကြမည့်အပြင် (MTCR) အဆင့် (၁) ပို့ပေးခြင်းကိစ္စနှင့်ပတ်သက်၍လည်း အများ သဘောထားကို ဆွေးနွေး နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ပို့ပြီးခဲ့ခြင်း
ရှ-ိ မရှိ ရှုပ်ထွေး နေသဖြင့် ယူကရိန်းအနေနှင့် ဤကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဆက်လက်ရှင်းပြပေးရန် ဗင်တိုင်ပင်က မေတ္တာရပ်ခံခဲ့သည်။

၂၅။ (C) ဒုတိယနေ့တွင် အက်တမာနင်ကိုက (MTCR) အဆင့် (၁) အကြောင်းအရာများကို ဆော်ဒီအာရေဗျသို့ မပို့ ပေးရသေးကြောင်း၊ သို့ရာတွင် ပို့ပေးမည့်
စီမံချက်လုပ်ငန်းကို စနေပြီဖြစ်ကြောင်း၊ ဒုံးကျည်ပြဿနာများကို ပေါ်ပေါက် စေမည့် မည်သည့်နည်းပညာပို့ပေးမှုကိုမှ ယူကရိန်းက လုပ်မည်မဟုတ်ကြောင်း
ရှင်းပြခဲ့သည်။ ထို့ပြင် ဧပြီလ ပါရီမြို့ (MTCR RPOC) အစည်းအဝေး၌ အမေရိကန် (ISN ဒါရိုက်တာ ဒါဟမ် Durham) နှင့် ယူကေတို့က ယူကရိန်းအစိုးရ
ကိုယ်စားလှယ်များထံ ချဉ်းကပ်ပြီး ရောင်းချမှုနှင့်ပတ်သက်သော သတင်းအချက်အလက်များကို တောင်းခံခဲ့ကြောင်း၊ သို့ရာတွင် ရောင်းချမည့်ကိစ္စနှင့်ပတ်သက်၍
ပြဿနာရှိသည်ဟု မပြောခဲ့ကြောင်း၊ ဤသတင်း အချက်အလက်များနှင့်ပတ် သက်၍ အမေရိကန်ထံမှသော်လည်းကောင်း၊ ယူကေထံမှသော်လည်းကောင်း
တရားဝင်တောင်းခံစာများကို ယူကရိန်း မရရှိခဲ့ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ထို့နောက် ဗင်တိုင်ပင်က (MTCR) စုံညီအစည်းအဝေးမှာ ဤကိစ္စကို ကောင်းစွာ
ဆွေးနွေးနိုင်ရေးအတွက် ပို့ပေးရန်ပြင်နေသော ပစ္စည်းကရိယာ ၊ နည်းပညာများနှင့် ပတ်သက်သော သတင်းအချက် အလက်များကို 'တရားဝင်' မေတ္တာရပ်ခံ
တောင်းဆိုပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။(ကိယက်ဗ် သံရုံးကလည်း နောက်ပိုင်းမှာ စာအားဖြင့် တရားဝင် မေတ္တာရပ်ခံတောင်းဆိုခဲ့သည့်အပြင်
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးနိုင် ရေး အတွက်လည်း မေတ္တာရပ်ခံခဲ့သည်။

လက်နက်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ် Arms Trade Treaty (ATT)

၂၆။ (S) နီကိုနင်ကိုက ယူကရိန်းသည် လက်နက်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ် (ATT) ၏ ၂ဝဝ၉ အလုပ်အဖွဲ့ ဆွေးနွေးပွဲများမှာ ပါခဲ့ကြောင်း၊ ၂ဝ၁ဝ
ဖေဖေါ်ဝါရီလ ဆွေးနွေးပွဲများကို စောင့်မျှော်လျှက်ရှိကြောင်း၊ ယူကရိန်းသည် မိမိကိုယ်မိမိ ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်းများ တရားဝင်ထုတ်လုပ်မှုကို
သဘောတူစာချုပ်က မထိခိုက်စေသရွေ့ ကာလပတ်လုံး ၎င်း၏ တိုးတက်မှုကို အားပေးသွားမည်ဖြစ်ကြောင်း၊ ပို့ကုန်ထိန်းချုပ်ရေး အစီအစဉ် များ၏
ပြင်ပရှိနိုင်ငံများကို (ATT) က ဆွဲဆောင်နိုင်လိမ့်မည်ဟု ယူကရိန်းက ယုံကြည်ကြောင်း၊ ရုရှားက ယူကရိန်း၏ သဘောထားနှင့်ပတ်သက်၍ သဘောမတူခဲ့ကြောင်း၊
သို့ဖြစ်၍ ရုရှားနှင့်ပြေလည်မှုရရေးအတွက် အများသဘောတူသော နည်းနာတရပ်လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်၊ ရုရှား၊
တရုတ်နိုင်ငံတို့ မပါဘဲ ချမှတ်သော မည်သည့်စာချုပ်မဆို အင်အားနည်းနေမည် ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့သည်။

၂၇။ (S) ဗင်တိုင်ပင်က အမေရိကန်ပြည်ထောင်စုသည် လက်နက်တင်ပို့မှုနှင့်ပတ်သက်၍ တရားမဝင် လက်နက်ရောင်းဝယ်မှု လျှော့ချရေး၊ နိုင်ငံအားလုံးမှာ


အမြင့်ဆုံးစံချိန်ကို လိုက်မီသည့် အမျိုးသားရေးစနစ်များနှင့် ပြည်တွင်းထိန်းချုပ်မှုရှိရေး တာဝန်ကြီးများကိုအားပေးကြောင်း၊ ဤရည်မှန်းချက်များသို့
ရှေ့ရှုဆောင်ရွက်ရာ၌ ကျွန်ုပ်တို့သည် သမားရိုးကျ လက်နက်များ တင်ပို့ခြင်းနှင့် ပတ်သက်သော စံချိန်များ လျှော့ချခြင်းကို ဆက်လက်ဆန့်ကျင်သွားမည်
ဖြစ်ကြောင်းနှင့် ပြည်တွင်းမှာ လက်နက်ငယ်များ ပိုင်ဆိုင်ထားမှုကို ထိခိုက်မှုမရှိအောင် ဆက်လက်အာမခံချက်ပေးသွား မည်ဖြစ်ကြောင်း၊ ထို့နောက် ဆက်လက်၍
ဤရည်မှန်းချက်များ အထမြောက်ရေးအတွက် (ATT) နှင့်ဆိုင်သော လုပ်ငန်းများကို အများသဘောတူညီမှု အခြေခံပေါ်မှာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ယူကေ အနေနှင့် အများသဘောတူ ဆုံးဖြတ်ချက်ချခြင်းကို လက်ခံသည့် အနေအထားသို့ ပြန်ရောက်ရန် လိုကြောင်း၊ ယူကေ သည် ကုလသမဂ္ဂ ပထမကော်မီတီ
အစည်းအဝေး ကျင်းပနေချိန်မှာ ဆုံးဖြတ်ချက်ချစရာ ကိစ္စတခုကို တင်သွင်းရန် စီစဉ်ခဲ့ကြောင်း၊ ဆုံးဖြတ်ချက်တရပ် ကျလာရေးတွင် အများသဘောတူ ဆုံးဖြတ်ရန်
မရှိမဖြစ်လိုအပ်ကြောင်း ပြသနိုင်ရန်အတွက် အမေရိကန်အနေနှင့် ယူကရိန်း၏ အကူ အညီကို လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ နီကိုနင် ကိုက
လက်နက်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ် (ATT) တရပ် ဖြစ်ပေါ်လာရေးနှင့်ပတ်သက်၍ အမေရိကန်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်းပြောကြားပြီး၊
တိုင်းပြည် နှစ်ခု တို့သည် (ရုရှား၊ တရုတ်တို့နှင့် အတူ) ဘုံမဟာဗျူဟာတရပ် ချမှတ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

လက်နက်တင်ပို့မှုများ

၂၈။ (S) ဗင်တိုင်ပင်က အမေရိကန်အနေနှင့် ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဆွေးနွေးလိုသော ကိစ္စနှစ်ခုရှိကြောင်း၊ ၎င်းတို့မှာ (၁) မြန်မာနိုင်ငံနှင့် တောင်ပိုင်းဆူဒန်သို့
လက်နက်များတင်ပို့ရာ၌ ယူကရိန်းအစိုးရ၏ ရည်ရွယ်ချက်ရှိရှိ ပါဝင်ခဲ့ခြင်းနှင့် ဤသို့ ပါဝင်ခြင်းသည် အမေရိကန်နှင့် ဖီလာဖြစ်နေကြောင်း။

(၂) ယူကရိန်းအစိုးရက ခွင့်ပြုခြင်းမရှိဟု ယူဆရသော ယူကရိန်းနိုင်ငံသားများ၏ လက်နက်တင်ပို့မှုတို့ဖြစ်ကြောင်း၊ ဒုတိယ တင်ပို့မှုဖြစ်သော တရားမဝင်တင်ပို့မှု ကို
ရပ်တန့်စေရေးအတွက် အမေရိကန်က ယူကရိန်းနှင့် ပူးပေါင်းဆောင်ရွက်လို ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ

၂၉။ (S) နီကိုနင်ကိုက ယူကရိန်းသည် အမေရိကန်၏ သတိပေးချက်ကို လက်ခံရရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံသို့ လက်နက် တင်ပို့ခြင်း မရှိတော့ကြောင်း၊
ယူကရိန်းသည် လက်ရှိ သဘောတူစာချုပ်များကို အပြီးသတ်လက်မှတ်ရေးထိုးပြီးရုံသာရှိ သေးကြောင်း၊ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ၂ဝဝ၅ က စ၍
လျှော့ချလာခဲ့ကြောင်း၊ အမေရိကန်၏ သတိပေးခဲ့မှုများကြောင့် မြန်မာနိုင်ငံသို့ ယူကရိန်း၏ လက်နက်တင်ပို့မှုသည် 'လုံးဝမရှိ သလောက်' ဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့
သော (၂) နှစ်ခွဲအတွင်း မြန်မာနိုင်ငံနှင့် စာချုပ်သစ်များ မချုပ်ဆိုခဲ့ကြောင်း၊ လက်ရှိ တင်ပို့သော ပစ္စည်းများ သည် အပိုပစ္စည်းများသာဖြစ်ကြောင်း၊
ကြွင်းကျန်နေသော လုပ်ငန်းသည် အလွန်သေးလွန်းလှသဖြင့် သက်ဆိုင်ရာ ကုမ္ပဏီက အလုပ်သမားအားလုံးကို မြန်မာနိုင်ငံမှ ပြန်ခေါ်ခဲ့ပြီးဖြစ်ကြောင်း
ပြောကြားခဲ့သည်။

၃ဝ။ (S) ISN/CATR ၏ လက်ထောက်ညွှန်ကြားရေးမှူး ဘရိုင်ယန် ဘက်ခ်မင်း (Brian Bachman) က သတင်းအချက် အလက်များအတွက် နီကိုနင်ကို ကို
ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ခြင်းအတွက် အမေရိကန်က စိတ်ပူနေခဲ့ကြောင်း၊ သို့ရာတွင် ယူကရိန်းက ယခု
အပိုပစ္စည်းအနည်းအကျဉ်းမျှသာ တင်ပို့လျက်ရှိပြီး အင်္ဂါစုံ လက်နက် များ တင်ပို့ခြင်းမရှိတော့သည်ကို အစီရင်ခံချက်များအရ သိခဲ့ရသည်ကို ကျေနပ်မိကြောင်း
ပြောကြားခဲ့သည်။

တောင်ပိုင်းဆူဒန်

၃၁။ (S) ဇွန်လ နှောင်းပိုင်း သို့မဟုတ် ဇူလိုင်လဆန်းပိုင်းမှာ ကင်ညာသို့ပို့ရန်စီစဉ်ထားသော (တီ ၇၂) တင့်ကားများ၊ (BM-1 GRAD ) သံချပ်ကာယာဉ်များ၊
လက်နက်ငယ်များနှင့် အခြားစစ်သုံး ကိရိယာများကို ကင်ညာ ကာကွယ်ရေး ဝန်ကြီးဌာနက တောင်ပိုင်း ဆူဒန်အတွက် ဝယ်နေခြင်းဖြစ်ကြောင်း ၂ဝဝ၈ ဇူလိုင်တွင်
အမေရိကန်က ယူကရိန်းကို သတိပေးသောအခါ ယူကရိန်းက လက်နက်များသည် ကင်ညာအစိုးရအတွက် ဖြစ်သည်ဟု အမေရိကန်ကို အာမခံ ခဲ့ကြောင်း၊
ကင်ညာအစိုးရထံမှ နောက်ဆုံးအသုံးပြုမည့်သူ လက်မှတ်နှင့် အစောပိုင်း တင်ပို့ခဲ့သော တင့်ကားများ အတွက် လက်ခံဖြတ်ပိုင်းများကို အမေရိကန်ကို
ပြခဲ့သည့်အကြောင်း ဗင်တိုင်ပင်က ပြန်ပြောင်းပြောပြခဲ့သည်။ ကျွန်ုပ်တို့ဆွေးနွေးပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံမှ နောက်ထပ် စစ်လက်နက်များ
တင်ဆောင်လာသော (M/V Faina) သင်္ဘော ပြန်ပေးဆွဲခံရပြီး တင်လာသော ပစ္စည်းများသည် တောင်ပိုင်းဆူဒန်သို့လည်း ရည်ရွယ်သည်ဟု ပေါ်လာခဲ့ကြောင်း
ဗင်တိုင်ပင်က ပြောပြကာ ယူကရိန်းအစိုးရအနေနှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ခဲ့ခြင်း ရှ-မရှ
ိ မေးခဲ့သည်။

၃၂။ (S) ယူကရိန်းနိုင်ငံ၏ ပို့ကုန် ထိန်းချုပ်ရေးဌာနမှ ဗယ်လာရီ လိုင်ဆင်ကို (Valeriy Lysenko) က (တီ ၇၂) တင့်ကား များသည် ကင်ညာနိုင်ငံအတွက်
တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ယူကရိန်းသည် မည်သည့် စစ်လက်နက်ပစ္စည်းမှ တောင်ပိုင်း ဆူဒန်သို့ မတင်ပို့ခဲ့ကြောင်း၊ ယူကရိန်း၏ ကန်ထရိုက်စာချုပ်အားလုံးကို
စစ်ဆေးခဲ့ကြောင်း ပြောကြားသည်။

၃၃။ (S) ဗင်တိုင်ပင်က တောင်ပိုင်းဆူဒန်အစိုးရ အမည်ကို ရှင်းရှင်းလင်းလင်းရေးမှတ်ထားသော ကန်ထရိုက်စာချုပ်ကို ယူကရိန်းဘက်သို့ ပေးလိုက်ပြီးနောက်


တင်ပို့သော ပစ္စည်းများသည် ကင်ညာနိုင်ငံအတွက်ဖြစ်သည်ဟု ယူကရိန်း အစိုးရ အနေနှင့် ပြောဦးမည်လားဟု မေးခဲ့သည်။ ဤကိစ္စနှင့်သက်ဆိုင်သော
လိုင်ဆင်ကို (Lysenko) က ကန်ထရိုက်စာချုပ် သည် စစ်မှန်မှု ရှိပါသလားဟု မေးခွန်းထုတ်လိုက်ပြီးနောက် အမေရိကန်မှာ သည့်ထက်ခိုင်လုံသော
အထောက်အထားရှိပါ သလားဟုလည်း မေးခဲ့သည်။ ဗင်တိုင်ပင်က ယူကရိန်းအစိုးရက မိမိကို ဤသို့ နောက်ထပ်အထောက်အထားပြခိုင်း သည်ကို
ဝမ်းနည်းကြောင်းပြောကြားရင်း (တီ ၇၂) တင့်ကားများ ကင်ညာ နိုင်ငံမှာ မြေပြင်သို့ ချနေပုံ၊ ထိုနေရာမှ နေ၍ အခြားနေရာသို့ပို့ရန် မီးရထားပေါ်တင်နေပုံ၊
နောက်ဆုံး၌ တောင်ပိုင်း ဆူဒန်နိုင်ငံမှာ ချနေပုံ ကြည်လင်ပြတ်သား သော ဂြိုဟ်တုဓာတ်ပုံများ ယူကရိန်းများကို ပြသခဲ့သည်။ ဤတွင် ယူကရိန်းဘက်မှာ
ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။

၃၄။ (S) ဗင်တိုင်ပင်က နှစ်ဖက်စလုံးမှာ မိမိတို့၏ အချုပ်အချာအာဏာဆိုင်ရာ အခွင့်အရေးအရ မတူခြားနားသော ပို့ကုန် ထိန်းချုပ်ရေး မူဝါဒများ ရှိထားနိုင်သည်ဟု
မိမိအသိအမှတ် ပြုပါကြောင်း၊ သို့ရာတွင် အမှန်အတိုင်း မပြောခြင်းသည် မိမိ၏ မဟာဗျူဟာ အပေါင်းအဖော်တဦးထံမှ အမေရိကန်ပြည်ထောင်စုအနေနှင့်
မျှော်လင့်မထားခဲ့သော ကိစ္စဖြစ်ကြောင်း၊ မုသား ပြောခြင်းမှနေ၍ ယူကရိန်းအနေနှင့် ဘာတခုမျှ ရနိုင်စရာမရှိဘဲ ဆုံးရှုံးမှုသာ များလိမ့်မည် ဖြစ်ကြောင်း
သတိပေးခဲ့သည်။ တောင်ပိုင်းဆူဒန်သည် အမေရိကန်၏ အကြမ်းဖက်ဝါဒီများ စာရင်းဝင်ဖြစ်ရာ အမေရိကန်အနေနှင့် တင်ပို့သောနိုင်ငံအပေါ် ဒဏ်ခတ်မှု
ချမှတ်မည်၊ မချမှတ်မည်ကို စဉ်စားစရာရှိကြောင်း၊ အမေရိကန်တို့ စဉ်းစားချင့်ချိန်နေသော အချက်တချက်က ယူကရိန်းအစိုးရ မှန်ကန်မှု ရှ-မရှ
ိဟူသော
အချက်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၃၅။ (S) လိုင်ဆင်ကိုက ယူကရိန်းအနေနှင့် အမေရိကန်၏ သတင်းအချက်အလက်များကို လေ့လာမည်၊ ယူကရိန်းမှာ ကင်ညာနှင့်သာ အဆက်အဆံရှိပြီး
တောင်ပိုင်းဆူဒန်နှင့် အဆက်အဆံမရှိဟု ပြတ်ပြတ်သားသား ပြောပြီးနောက် တတိယနိုင်ငံ တနိုင်ငံ၏ လုပ်ရပ်နှင့်ပတ်သက်၍ ယူကရိန်းမှာ တာဝန်ရှိသည်ဟု
ဆွဲထည့်၍မရကြောင်း၊ ဤ ကိစ္စသည် အမေရိကန်နှင့် ယူကရိန်းတို့ ဖြေရှင်းစရာ ဘုံပြဿနာတခုဖြစ်ကြောင်း ပြောခဲ့သည်။ မည်သို့ဖြစ်ပွားခဲ့သည်ကို
ရှာဖွေဖေါ်ထုတ်ရာ၌ ယူကရိန်းထောက်လှမ်းရေးအဖွဲ့များ ပါဝင်ရန် လိုကောင်းလိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နီကိုနင်ကိုက ယူကရိန်းအနေနှင့်
အပေါင်းအဖော် ဆက်ဆံရေးရှိသည်နှင့်အညီ ဤကိစ္စကို စုံစမ်းလေ့လာမည် ဖြစ်ကြောင်း၊ သို့မှသာ အမေရိကန်အနေနှင့် ယူကရိန်းသည် ယုံကြည်စိတ်ချရသော
အပေါင်းအဖော်တဦးဖြစ်သည်ကို သိသွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်၏ ပဲ့ထိန်း ဒုံးကျည်များ (Ballistic Missiles) အတွက် တင်ပို့သော ယူကရိန်း၏ သတ္တုထည် အထူးပစ္စည်းများ
၃၆။ ဗင်တိုင်ပင်က XXXXX အပါအဝင် ယူကရိန်းနိုင်ငံသားများက ယူကရိန်း၏ ပို့ကုန် ထိန်းချုပ်ရေးမူဝါဒနှင့် ဖီလာပြုကာ ပစ်လွှတ်လောင်စာရည်သုံး
ဒုံးကျည်စနစ်များမှာ အသုံးပြုသည့် ဘောဘယ်ယာရင်ကဲ့သို့သော သတ္တုထည် အထူးပစ္စည်း များနှင့် အခြားအရေးကြီး ပစ္စည်းများကို အီရန်၏ ပဲ့ထိန်းဒုံးကျည်
(Ballistic Missiles) အစီအစဉ်အတွက် ဖြည့်တင်းပေး နေကြောင်း၊ ဤလုပ်ရပ်များသည် ယူကရိန်းအစိုးရ မသိဘဲ ဖြစ်ပွားနေခြင်း ဖြစ်နိုင်ကြောင်း၊
ယူကရိန်းထုတ်လုပ်သူများထံမှ ဝယ်ယူရရှိနိုင်သော သံမဏိပစ္စည်းများ၏ အရည်အသွေး မြင့်မားနေမှုကြောင့် အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်သည် XXXXX
အပါအဝင် ယူကရိန်းနိုင်ငံသားများထံမှ ပစ္စည်းများကို ဆက်လက် ဝယ်ယူနေသည်ကို အမေရိကန်အနေနှင့် အလွန်ရတက်မအေး ဖြစ်နေရကြောင်း ပြောခဲ့သည်။
ထို့နောက် ဆက်လက်၍ ဗင်တိုင်ပင်က ဤကဲ့သို့သော သံမဏိပစ္စည်း များကို အီရန်အနေနှင့် ပြည်တွင်းမှာ ထုတ် လုပ်ရန် နှစ်ပေါင်းများစွာကပင်
အခက်အခဲတွေ့နေခဲ့ကြောင်း ပြောကြားပြီး နောက် ဗင်တိုင်ဗင်က အောက်ပါအချက် အလက်များကို စာရွက်စာတမ်းမဟုတ်သော နည်းဖြင့်ပြသခဲ့သည်။

-- ယူကရိန်းကုမ္ပဏီများက အီရန်၏ ပဲ့ထိန်း ဒုံးကျည်အစီအစဉ်သို့ အရေးကြီးပစ္စည်းများကို ရောင်းခဲ့ကြောင်း အမေရိကန် နှင့် ယူကရိန်းတို့


ဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း။

-- ပစ်လွှတ်လောင်စာရည်သုံး ဒုံးကျည်စနစ်များမှာ အသုံးပြုသည့် ဘောဘယ်ယာရင်ကဲ့သို့သော သတ္တုထည် အထူးပစ္စည်း များနှင့် အခြားအရေးကြီး ပစ္စည်းများကို


အီရန်၏ ပဲ့ထိန်း ဒုံးကျည် အစီအစဉ်အတွက် XXXXXXX အပါအဝင် ယူကရိန်း နိုင်ငံသားများက ဖြည့်တင်းပေးနေသည့် ကိစ္စကို အထူးသဖြင့် ၂ဝဝ၂ နှင့် ၂ဝဝ၇
ခုနှစ်များအတွင်း ကျွန်ုပ်တို့က တင်ပြခဲ့ကြောင်း။

-- ဒုံးကျည်နည်းပညာ ထိန်းချုပ်ရေးအစီအစဉ်(MTCR) အရ ထိန်းချုပ်ထားသော ပစ္စည်းများကို အီရန်သို့ တင်ပို့မှု အတွက် XXXXXXX အပေါ်


အမေရိကန်ပြည်ထောင်စုက ၂ဝဝ၄ စက်တင်ဘာတွင် ဒဏ်ခတ်မှု ချမှတ်ခဲ့ကြောင်း။

-- အီရန်၏ ပဲ့ထိန်း ဒုံးကျည်အစီအစဉ်အတွက် (MTCR) အရထိန်းချုပ်ထားသော (Scud) နှင့် (NoDong) ပစ်လွှတ် လောင်စာသုံးစည်များ ထုတ်လုပ်ရာမှာ
အသုံးပြုသော (08X22HGT titanium stabilized duplex stainless steel) နှင့် (MTCR) ၏ထိန်းချုပ်မှုမရှိသော်လည်း (Scud) အင်ဂျင် အစိတ်အပိုင်းများ
ထုတ်လုပ်ရာမှာ အသုံးပြုသော သံမဏိအမျိုး အစားတမျိုး ဖြစ်သည့် (CR18NI10TI) အပါအဝင် နောက်ထပ် ပစ္စည်းများကို XXXXXX က ဆက်လက်ပေးသွင်းနေ
သည်ကို ကျွန်ုပ်တို့က ၂ဝဝ၆ မေလတွင် သင်တို့ကို အသိပေးခဲ့ကြောင်း။

-- ယူကရိန်းထုတ်လုပ်သူများထံမှ ဝယ်ယူရရှိနိုင်သော သံမဏိပစ္စည်းများ၏ အရည်အသွေး မြင့်မားနေမှု ကြောင့် အီရန်၏ ပဲ့ထိန်း ဒုံးကျည်အစီအစဉ်သည် XXXXX
အပါအဝင် ယူကရိန်းနိုင်ငံသားများထံမှ ပစ္စည်းများကို ဆက်လက် ဝယ်ယူနေ သည်ကို အမေရိကန်အနေနှင့် အလွန်ရတက်မအေး ဖြစ်နေရကြောင်း။

-- ဤကဲ့သို့သော သံမဏိပစ္စည်းများကို အီရန်အနေနှင့် ပြည်တွင်းမှာ ထုတ်လုပ်ရန် နှစ်ပေါင်းများစွာကပင် အခက်အခဲတွေ့ နေခဲ့ကြောင်း။ အီရန်


ဒုံးကျည်အစီအစဉ်၏ အသက်ရှူပေါက်သည် AISI 4340 နှင့် AISI 4130 steels သံမဏိပစ္စည်းများ ကဲ့သို့သော ခေတ်မီပစ္စည်းများ ရရှိနိုင်ရေးပင် ဖြစ်ကြောင်း
သိသာစေသည့် သတင်းအချက်အလက်များကို ၂ဝဝ၆ နှောင်းပိုင်းတွင် ကျွန်ုပ်တို့က (MTCR) လုပ်ဖေါ်ကိုင်ဘက်များကို ပေးခဲ့သည်ကို မှတ်မိနေလိမ့်ဦးမည်
ဖြစ်ကြောင်း။

-- အီရန်၏ လောင်စာအခဲသုံး ပဲ့ထိန်း ဒုံးကျည် အစီအစဉ်က ဒုံးကျည်ပစ်စင် ထုတ်လုပ်ရာ၌ ဤသံမဏိ နှစ်မျိုးစလုံးကို အသုံးပြုနေခြင်းဖြစ်ကြောင်း။

-- ထို့ကြောင့် သင်တို့၏ ပို့ကုန် ထိန်းချုပ်ရေး လုပ်ငန်းများတွင် နိုးနိုးကြားကြားရှိနေကြရန်၊ ယူကရိန်း ကုမ္ပဏီ များက အီရန် ပဲ့ထိန်း ဒုံးကျည်လုပ်ငန်းများအတွက်
အထူးသတ္တုပစ္စည်းများကို ထောက်ပံ့နေသူ များအဖြစ် ဆောင်ရွက် ပေးနေခြင်းမရှိရအောင် သင့်တော်သော် အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်
တိုက်တွန်းကြောင်း။

(၃၇) (S) နီကိုနင်ကိုက ယူကရိန်းအနေနှင့် ဤကိစ္စကို စုံစမ်းလေ့လာပြီး အသေးစိတ်သတင်းအချက်အလက်များ အမေရိကန်ကို


ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဗင်တိုင်ပင်က အကယ်၍ ယူကရိန်းအနေနှင့် ဤပြဿနာကို မိမိကိုယ်တိုင် မဖြေရှင်းနိုင်ဟု ဆိုပါလျှင် အမေရိကန်အနေနှင့်
သံမဏိကုမ္ပဏီအပါအဝင် ပါဝင်ပတ်သက်သူများကို ဒဏ်ခတ်ခြင်းနှင့်၊ အခြားအစီအစဉ်များဖြင့် အရေးယူရန် စဉ်းစားမည် ဖြစ်ကြောင်း၊ အီရန်၏ ဒုံးကျည်များသည်
အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် မဟာမိတ် တပ်များကို ခြိမ်းခြောက်နေကြောင်း၊ သို့ဖြစ်၍ မိမိကိုယ်မိမိ ကာကွယ်ရေးအတွက် အမေရိကန်အနေနှင့်
ဤပို့ကုန်များကို ဟန့်တားရမည်ဖြစ်ကြောင်း၊ ယူကရိန်း သံမဏိကုမ္ပဏီများအနေနှင့် အနောက်နိုင်ငံများနှင့် ကုန်သွယ်မှုမှနေ၍ အကျိုးအမြတ်များရနေကြောင်း၊
သို့ရာတွင် နည်း (၂) မျိုးစလုံးဖြင့် မရနိုင်ကြောင်း (အီရန်ကဲ့သို့ ဆိုးသွမ်းတိုင်းပြည်မှ တရားမဝင် အမြတ်အစွန်း အနည်းငယ်အတွက် အနောက်တိုင်းမှရရှိနေသော
အမြတ်ကြီးများ ဆုံးရှုံးအောင်လုပ်ခြင်းသည် သူတို့အတွက် အကျိုး မရှိကြောင်း) ပြောကြားခဲ့သည်။

အီရန်၏ မာလက်- အက်ရှ်တာ စက်မှုတက္ကသိုလ် (Malek-Ashtar University of Technology) မှာ ယူကရိန်းတို့က သင်တန်းများပေးသော ကိစ္စ

(၃၈) (S) ဗင်ဒိုင်ပင်က ၂ဝဝ၉ နှစ်ဆန်းပိုင်းကစ၍ ခါတိုင်းနှစ်များနည်းတူပင် အီရန်၏ မာလက်-အက်ရှ်တာ စက်မှု တက္ကသိုလ်က ယူကရိန်းနိုင်ငံ အပါအဝင်
နိုင်ငံတကာမှ သိပ္ပံပညာရှင်များကို ဖိတ်ခေါ်ကာ အီရန်နိုင်ငံတွင် သင်တန်းများ ပေးစေခဲ့ကြောင်း၊ မာလက်-အက်ရှ်တာ စက်မှုတက္ကသိုလ်သည် အီရန်
ကာကွယ်ရေးနှင့် လက်နိုင်ငံကိုင်တပ်များ ထောက်ပံ့ ရေးဝန်ကြီးဌာန (Ministry of Defense and Armed Forces Logistics (MODAFL) ၏ လက်အောက်ခံဖြစ်ပြီး
အီရန် ကာကွယ်ရေး စက်မှုလုပ်ငန်းများအဖွဲ့ (DIO) နှင့် လေကြောင်းအာကာသယာဉ် တည်ဆောက်ရေး စက်မှုလုပ်ငန်းများ အဖွဲ့အစည်း (AIO) တို့မှ
ကိုယ်စားလှယ်များကို နည်းပညာညွှန်ကြားချက်များပေးကြောင်း၊ ယူကရိန်း ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ မာလက်-အက်ရှ်တာ စက်မှုတက္ကသိုလ်အတွက်
သို့မဟုတ် အီရန်၏ ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်နေသော အခြား အီရန်အဖွဲ့အစည်းများအတွက် အရေးကြီးသော နည်းပညာ၊ သင်တန်းနှင့် အခြားအထောက်
အပံ့များ မပေးအောင် ဆောင်ရွက်ရန် အမေရိကန်က ယူကရိန်းအား တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ယူကရိန်းအစိုးရ၏
လုပ်ဆောင်ချက်များအကြောင်းကို မေးခဲ့သည်။ နီကိုနင်ကိုက အမေရိကန်၏ သတင်းအချက်အလက် များကို ရရှိပြီး ဖြစ်ကြောင်း၊ ဤသတင်းအချက်အလက်များကို
စိစစ်သုံးသပ် နေဆဲဖြစ်ကြောင်း ပြောခဲ့သည်။

ပရိုးဟားစ်-ပါကစ္စတန် (Prohres-Pakistan)

(၃၉) ဗင်တိုင်ပင်က ယူကရိန်း၏ ပရိုဟားစ် (Prohres) မှ (gyrotheodolites) များကို ဝယ်ယူရာ၌ ပါကစ္စတန် အမျိုးသား အင်ဂျင်နီယာနှင့် သိပ္ပံပညာ ကော်မရှင်
Pakistan’s National Engineering and Scientific Commission (NESCOM) နှင့် ပတ်သက်နေပုံ သတင်းအချက်အလက်များကို ကျွန်ုပ်တို့က ယူကရိန်းထံ
မကြာသေးမီက ပေးပို့ထားကြောင်း ပြော ကြားခဲ့သည်။ ဤကိစ္စကို စုံစမ်းလေ့လာပေးပါရန်နှင့် ဒုံးကျည်နှင့်ပတ်သက်သော ဤပစ္စည်း ကရိယာများ ပို့ပေးမှုကို
တားဆီးရေးအတွက် အရေးယူဆောင်ရွက်မှုများ လုပ်ပေးရန် ယူကရိန်းအား တိုက်တွန်းခဲ့သည်။ နီကိုနင်ကိုက အမေရိကန်ထံမှ သတင်းအချက်အလက်များကို
မကြာမီက ရထားကြောင်းနှင့် ဤကိစ္စကို စိစစ်သုံးသပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

---------

၎ဝ။ (S) ဗင်တိုင်ပင်က ဤကိစ္စသည် ကြာခဲ့ပြီဖြစ်ကြောင်း ပြောကြားပြီးနောက် လတ်တလော အချက်အလက်များ ပေးပါ ရန် ယူကရိန်းကို မေတ္တာရပ်ခံခဲ့သည်။
သူက ဤကိစ္စနှင့်ပတ်သက်သော နောက်ထပ်သတင်း အချက်အလက်များကို လည်း ပေးခဲ့သည်။

-- ကျွန်ုပ်တို့မှာ ယခု သတင်းအချက်အလက်သစ်များ ရှိကြောင်း၊ ၎င်းသတင်းအချက်အလက်များအရ သိရသည်မှာ ၂ဝဝ၉ သြဂုတ်လတွင် XXXXX သည်
တရုတ်ပြည်၏ (Changda Corporation) ချင်ဒါး ကော်ပိုရေးရှင်းမှ ကိုယ်စား လှယ်များနှင့် ပူးပေါင်းကာ (gyrotheodolites) များထုတ်လုပ်ရေးနှင့်ပတ်သက်၍
တရုတ်ပြည်၏ (Shaanxi Cangsong Machinery Plant) စက်ရုံဖက်စပ်လုပ်ငန်းတခု တည်ထောင်ခဲ့ကြောင်း။

-- (The Shannxi Cangsong Machinery Plant) သည် တရုတ်ပြည် အာကာသယာဉ်တည်ဆောက်ရေး သိပံ္ပပညာ နှင့် နည်းပညာ ကော်ပိုရေးရှင်း ဒသမ
အကယ်ဒမီ (China Aerospace Science and Technology Corporation Tenth Academy) ၏ လက်အောက်ခံဖြစ်ပြီး တရုတ်ပြည်၏ ပဲ့ထိန်း
ဒုံးကျည်များအတွက် ပဲ့ထိန်းစနစ် (inertial guidance systems) များကို ထုတ်လုပ်ပေးကြောင်း။

-- ဤပစ္စည်းများကို ဒုံးကျည်နှင့်ပတ်သက်၍ အသုံးပြုဖွယ်ရှိခြင်း၊ XXXXX ပူးပေါင်းလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီ ၏ အနေအထားတို့ကြောင့်


ဤပူးပေါင်းဆောင်ရွက်မှုကို တရုတ်ပြည်၏ (MTCR) အဆင့် (၁) ဒုံးကျည်အစီအစဉ် အတွက် အထောက်အကူပြုပေးရန် အသုံးချနိုင်သည်ဟု ကျွန်ုပ်တို့
စိတ်ပူမိကြောင်း။

-- XXXXXXXX နှင့် ဒုံးကျည်နှင့်ပတ်သက်သော တရုတ်ပြည်ကုမ္ပဏီများ၏ ဆက်ဆံရေးကို ဆက်လက်စုံစမ်း လေ့လာပေး ပါရန်နှင့် တရုတ်ပြည်၏ (MTCR) အဆင့်
(၁) ဒုံးကျည်အစီအစဉ်အတွက် ပစ္စည်း သို့မဟုတ် နည်းပညာ ထောက်ပံ့သူ အဖြစ် XXXX က ဆောင်ရွက်ပေးခြင်း မရှိအောင် သင့်တော်သော အစီအစဉ်များချမှတ်
ဆောင်ရွက်ပေးရန် သင်တို့ကို တိုက်တွန်းလိုကြောင်း။

၄၁။ နီကိုနင်ကိုက ယူကရိန်းသည် ဤကိစ္စနှင့်ပတ်သက်သော အမေရိကန်၏ သတင်းအချက်အလက်များကို စိစစ်သုံးသပ် နေလျက်ရှိကြောင်း ပြောကြားခဲ့သည်။


(မှတ်ချက်-ဆွေးနွေးပွဲများအပြီးတွင် ယူကရိန်းက ဤကိစ္စနှင့်ပတ်သက်၍ စာဖြင့်ရေး သားထားသော နောက်ဆုံးရ သတင်းကို ဤသို့ပေးခဲ့သည်။ "XXXXXX သည်
(China Great Wall) နှင့် ဆွေးနွေးပြီး နောက် ယခင်ပေးထားသော (UGT-S gyrotheodolite) တခု ပြုပြင်ရေးအတွက် လိုင်စင် ထောက်ခံချက်တခု ရခဲ့သည်။
သို့ရာတွင် XXXXXXXXXXX သည် (MTCR) ထိန်းချုပ်ထားသော (DOZ stellar sensors) များ ပို့ပေးရန် တရုတ်ပြည် ဒုံးကျည် နည်းပညာ အကယ်ဒမီ (China
Academy of Launch Vehicle Technology) နှင့် ဆွေးနွေးခြင်းမရှိခဲ့ချေ။"

အဏုမြူလက်နက်များ မှောင်ခိုရောင်းဝယ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံကြီး ၈ နိုင်ငံ၏ တကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု၊ တိုက်ဖျက်မှု (G8 Global
Partnership/Combating Nuclear Smuggling)

၄၂။ (U) အဏုမြူထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတော်ကော်မီတီ (State Committee for Nuclear Regulation) မှ ဗစ်တာ ရိုင်ယာဇန့်ဆက် (Viktor Ryazantsev)၊
အရေးပေါ်အခြေအနေများ ဆိုင်ရာ ဝန်ကြီးဌာန (Ministry for Emergency Situations) မှ မီကိုလာ ပရော့စ်ကူရာ (Mykola Proskura) ၊ နိုင်ငံတော်
နယ်ခြားစောင့်တပ်မှ အိုလီခ်ဆန်ဒါ ပါချင်ကို (Oleksandr Panchenko) တို့က ယူကရိန်းအစိုးရနှင့် အမေရိကန်တို့ ၂ဝဝ၆ ဇန်နဝါရီတွင် ချမှတ်ခဲ့သော အဏုမြူ
လက်နက်များ မှောင်ခို ရောင်းဝယ်မှု တားဆီးရေး အကူအညီ စီမံချက်လုပ်ငန်းဖြစ်သော U.S. Nuclear Smuggling Outreach Initiative (NSOI)
လုပ်ငန်းတလျှောက်လုံးမှာ ဆောင်ရွက်ခဲ့သော တိုးတက်မှုများနှင့် ပတ်သက် ၍ အသေးစိတ်အစီရင်ခံစာများကို တင်ပြခဲ့ကြသည်။ ဤပုဂ္ဂိုလ်အသီးသီးက
ဤလုပ်ငန်းများနှင့် ပတ်သက်၍ တိုးတက်မှု ကြီးများကို အစီရင်ခံတင်ပြကြပြီး အခြားကူညီသူများ၏ လုပ်ငန်း အကောင်အထည်ဖော်မှုကိုရော လုပ်ငန်းထဲ
ပါဝင်မှုကိုပါ အဆင်ပြေအောင်ဆောင်ရွက်ပေးသော အမေရိကန်၏ အကူအညီကို များစွာတန်ဖိုးထားကြောင်း ဖေါ်ပြခဲ့ကြသည်။

၄၃။ (U) (NSOI) ၏ ညှိနှိုင်းရေးမှူး မိုက် စတက်ဖို့ (Mike Stafford) က နှစ်ဖက်စလုံးသည် ဤစီမံချက်လုပ်ငန်းများတွင် သိသာ ထင်ရှားသော တိုးတက်မှုများကို
ဆောင်ရွက်ခဲ့ကြသည်ဟူသော အချက်ကို သဘောတူကြောင်း ပြောပြီးနောက် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာသည် (NSOI) နှင့်ပတ်သက်၍
အခြားအစိုးရများ၏ ဆောင်ရွက်မှုများ အတွက် နမူနာစံပြဖြစ်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့နောက် စတက်ဖို့က ဤတိုးတက်မှုများ အရေးကြီးသည်
သာမက ၂ဝဝ၆ ဇန်နဝါရီက နှစ်ဦးနှစ်ဖက် သဘောတူချမှတ်ခဲ့သော ပူးတွဲလှုပ်ရှားမှု အစီအစဉ်များကို သဘော တူထားသည့် လုပ်ငန်းအဆင့်များအလိုက်
အထောက်အကူပြုလုပ်ငန်းများဖြင့် အကောင်အထည်ဖေါ်ရာမှာလည်း တိုးတက်မှုများကို စောင့်ကြည့်ရန်အရေးကြီးကြောင်း၊ ပူးတွဲလှုပ်ရှားမှု လုပ်ငန်း အဆင့် (၃ဝ)
အနက် (၂၇) ဆင့် ပြီးမြောက်ခဲ့ပြီ သို့မဟုတ် တိုးတက်မှု ရှိနေကြောင်း ဖော်ပြထားသည့် နောက်ဆုံး အခြေအနေ အစီရင်ခံချက်တရပ်ကို ယူကရိန်းသံရုံးမှ နေ၍
အမေရိကန်အစိုးရက ဤသီတင်းပတ် အစောပိုင်းမှာ ရရှိခဲ့ကြောင်း၊ ဤတိုးတက်မှုများအတွက် ယူကရိန်းအစိုးရကို ဂုဏ်ပြုပါကြောင်း၊ လုပ်ငန်း
ဆက်လက်အကောင်အထည်ဖော်ဆောင်နေပုံနှင့် ပတ်သက်၍ အမေရိကန်ဘက်သို့ မပြတ်သတင်းပို့ပေးရန် နီကိုနင်ကို၏ သဘောတူညီမှုကိုလည်း
အသိအမှတ်ပြုကြောင်း ပြော ကြားခဲ့သည်။ ထို့နောက် စတက်ဖို့က ရုရှားနှင့်စပ်နေသော ယူကရိန်း၏ အစိမ်းရောင်နယ်စပ်မှာ စောင့်ကြည့်ရေးကို ကူညီရန်အတွက်
(NSOI) က ၂ဝဝ၉ ဘတ်ဂျက်ထဲမှ ဒေါ်လာ (၉၃၅, ဝဝဝ) သတ်မှတ်ခွင့်ပြုလိုက်ကြောင်း ကြေညာပြီး အဏုမြူလက်နက် မှောင်ခို ရောင်းဝယ်မှုများနှင့် ပတ်သက်၍
အရေးယူဆောင်ရွက်ရာ၌ ယူကရိန်း၏ စွမ်းရည်ကို မြှင့်တင်ရန် ရက်တိုသင်တန်းတခု ပေးဖို့ အဏုမြူလက်နက်များ မှောင်ခိုရောင်းဝယ်မှု တားဆီးရေး
အစီအစဉ်ကိုယ်စား အကြံပြုတင်ပြခဲ့သည်။ ထို့နောက် တောင်းခံထားသော ရေဒီယိုဓာတ်ကြွမှု စောင့်ကြည့်ရေး ရွှေ့ပြောင်း နိုင်သောယာဉ် (mobile radiation
monitoring van) ကို မည်သည့်အချိန်မှာ ပို့ပေးမည့်အကြောင်း ဖင်လန် အစိုးရထံ စုံစမ်းမေးမြန်းပေးပါရန် ယူကရိန်း၏ မေတ္တာရပ်ခံချက်ကို သဘောတူပါကြောင်း
ပြောကြားခဲ့သည်။ (သည့်နောက်ပိုင်းတွင် ဖင်လန် အစိုးရ၏ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က ယာဉ်ကို ဒီဇင်ဘာလအတွင်းမှာ ပို့ပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း
အကြောင်းပြန်ခဲ့သည်။)

၄၄။ (U) (ISN/CTR) ကိုယ်စား စတက်ဖို့က ယူကရိန်း၏ သိပ္ပံနှင့် နည်းပညာဌာန [Science and Technology Center Ukraine (STCU)] အတွက် ယာယီ
တည်နေရာပေးထားခြင်းအတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားရင်း ဌာနချုပ် ဆောက်လုပ်ရေးနှင့်ပတ်သက်သော သတင်းအချက်အလက်များကို
မှန်တမ်းပေးပို့ပါရန် မေတ္တာရပ်ခံခဲ့သည်။ နီကိုနင်ကိုက မကြာသေးခင်က ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး Global Partnership (GP) အလုပ်အဖွဲ့
အစည်းအဝေးမှာ ယူကရိန်းဘက်က အကြံပြု တင်ပြထားခဲ့သော နောက်ဆက်တွဲ အကူအညီပေးရေး လုပ်ငန်းစီမံချက် (၃) ခု အကြောင်းကို အလေးအနက်ထား၍
ဖေါ်ပြလိုက်ပြီး ချာနိုဘိုင်း ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေ (Chernobyl Shelter Fund) အတွက် (GP) အဖွဲ့ဝင်များ၏ ငွေကြေးထည့်ဝင်မှုကို (GP) ကြည့်၍
၎င်းတို့သန္နိဋ္ဌာန် ပိုင်းဖြတ်ထားမှုကို မတိုင်းတာသင့် ကြောင်း ယူကရိန်း၏ မေတ္တာရပ်ခံချက်ကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။ စတက်ဖို့က ယူကရိန်း
မေတ္တာရပ်ခံပြီး နောက်ပိုင်းမှာ ဤကိစ္စနှင့်ပတ်သက်၍ စုံစမ်းလေ့လာခဲ့ကြောင်း၊ အမေရိကန်အစိုးရနှင့် အခြားသော (GP) အဖွဲ့ဝင်များက ရန်ပုံငွေထည့်ဝင်ခြင်းကို
(GP) အတွင်း ဆောင်ရွက်ချက်အဖြစ် ထည့်တွက်နေကြသည်ကို သိရှိခဲ့ရကြောင်း၊ အမေရိကန် အစိုးရအနေနှင့် ဤလုပ်ထုံးလုပ်နည်းကို ပြောင်းလိုသည်
မဟုတ်သဖြင့် အခြားသူများကိုလည်း ပြောင်းရန်တိုက်တွန်းမည် မဟုတ်ကြောင်း၊ အကူအညီကိုရေတွက်ခြင်းသာ အဓိကကျကြောင်း ပြောကြားခဲ့သည်။

အီလက်ထရွန် (Electron)

၄၅။ (U) ပရော့စ်ကူရာ (Proskura) က အမေရိကန်နှင့် ယူကရိန်းတို့သည် (Electron Gaz Plant.) စက်ရုံနှင့် (Kavetskiy Institute) မှ ရေဒီယိုဓာတ် သတ္တုကြွ
ပစ္စည်းများကို ရှင်းလင်းဖယ်ရှားရေး၊ သိမ်းဆည်း သိုလှောင်ထားရေးကိစ္စနှင့် ပတ် သက်၍ (၂) နှစ်ကြာဆွေးနွေးခဲ့ကြပြီးနောက် စက်တင်ဘာ ၂၄ တွင်
စာချုပ်တခုကို လက်မှတ်ရေးထိုး ခဲ့ကြကြောင်း၊ ယူကရိန်းက ကန်ထရိုက်လုပ်ငန်းရှင် ရွေးထားပြီးဖြစ်ကြောင်း၊ ယူကရိန်း၏ အဏုမြူထိန်းချုပ်ရေးအဖွဲ့ အနေနှင့်
ဤလုပ်ငန်းကို ဟန့်တားစရာ အကြောင်းမရှိကြောင်း ပြောကြားခဲ့သည်။
၄၆။ (C) လိခ်ျ (Leach) က ဤသဘောတူစာချုပ်သည် အဏုမြူလက်နက် မပြန့်ပွားရေးနှင့်ပတ်သက်၍ ယူကရိန်း ၏ အလေးအနက်ထားမှုကို
ပြသရာရောက်နေကြောင်း၊ နှစ်ဖက်စလုံးက ဤနှစ်နေရာရှိ ပစ္စည်းများ လုံခြုံမှုရှိရေး အတွက် စတင် ဆောင်ရွက်ရမည်ဖြစ်ပြီး သည့်နောက်တွင် ကိယက်ဗ်မြို့ရှိ
(Institute of Physics) မှ ပစ္စည်းများကို တမျိုးပြီး တမျိုး ဖယ်ရှားရှင်းလင်းသွားရမည် ဖြစ်ကြောင်း၊ ပစ္စည်းအမျိုးမျိုးနှင့်ပတ်သက်၍လည်းကောင်း (Electron Gaz)
မှ ပို၍ ခက်ခဲသော အခြေအနေ အမျိုးမျိုးနှင့်ပတ်သက်၍လည်းကောင်း မည်သို့ဖြေရှင်းရမည်ကို နှစ်ဖက်စလုံး နည်းလမ်းများ ရှာထားရမည် ဖြစ်ကြောင်း
ပြောကြားပြီး စီမံချက်ကို လုပ်သွားရင်း နှစ်ဖက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကာ ပြဿနာများ ဖြေရှင်းသွားရန်လိုကြောင်း နိဂုံးချုပ် ပြောကြားခဲ့သည်။

နေတိုး ငြိမ်းချမ်းရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၏ လက်နက်ဖျက်ဆီးရေး စီမံချက်လုပ်ငန်း


(NATO Partnership for Peace Destruction Project)

၄၇။ (U) (PM/WRA) ၏လက်ထောက် ညွှန်ကြားရေးမှူး စတီဗင်ကော့စတနာ (Steven Costner) က နှစ်ဖက်စလုံး က နောက်နေ့တွင် နည်းပညာဆိုင်ရာ
ကိစ္စများကို အသေးစိတ်ဆွေးနွေးကြမည်ဖြစ်သော်လည်း မိမိအနေနှင့် အများရှေ့တွင် လုပ်ငန်းအကျဉ်းချုပ်ကို တင်ပြလိုကြောင်း၊ စီမံချက်၏ အဆင်-၁
့ (Phase I)
အဖြစ် အငယ်စား၊ အပေါ့စားလက်နက် (SA/LW) တန် (၄ဝဝ, ဝဝဝ) အနက် တန် (၁၅, ဝဝဝ) ကို စတင် ဖျက်ဆီးပစ်ရန် စီမံကိန်းရေးဆွဲထားသော (NATO နှင့်
အမေရိကန်တို့က ခေါင်းဆောင်နိုင်ငံအဖြစ် ပြန်လည် ပြင်ဆင်ထားသော စီမံချက်လုပ်ငန်း၏) မူလအဆင်(့ ၁) လုပ်ငန်း တွင် အမေရိကန်အစိုးရက
လက်နက်အားလုံးကို မဖျက်ဆီးရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် လက်ရှိ ရန်ပုံငွေကုန်သွား လျှင် ၂ဝ၁ဝ မတ်လကုန်လောက်တွင် စီမံချက်လုပ်ငန်းကို
ရပ်ဆိုင်းလိုက်ရတော့မည် ဖြစ်ကြောင်း၊ ဤပြန်လည် ပြင်ဆင်ထားသော စီမံကိန်းအရ ခဲယမ်းမီးကျောက် တန် (၆, ဝဝဝ) ကို ဖျက်ဆီးပစ်ရန် ဖြစ်ကြောင်း၊
သတင်းကောင်းမှာ နောက်ဆုံး၌ ခဲယမ်းမီးကျောက် ဖျက်ဆီးမှုလုပ်ငန်းကို စလုပ်ဖြစ်ခဲ့ပြီး ယနေ့အထိ တန် (၆ဝဝ) ခန့်ကို ဖျက်ဆီးပြီး ဖြစ်ကာ ရရှိနေသော
ဘဏ်တိုးကြောင့် နေတိုး ထိန်းသိမ်းရေးနှင့် ထောက်ပံ့ရေး အေဂျင်စီအဖွဲ့က နောက်ထပ် တန် (၂, ဝဝဝ) ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု တွက်ချက်ခဲ့သည်။
(စုစုပေါင်းဆိုလျှင် တန် ၈,ဝဝဝ) ဟူသော သတင်းပင် ဖြစ် ကြောင်း၊ အခြား ရန်ပုံငွေထည့်ဝင်သူများအနေနှင့် အတိုးငွေကို ဤသို့သုံးစွဲ ခြင်းနှင့်ပတ်သက်၍
အတည်ပြု ထောက်ခံပေး ရန် လိုလိမ့်မည် ဖြစ်ကြောင်း၊ တရားဝင်အတည်ပြုပေးမည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ပြင် ခဲယမ်းဖျက်ဆီးခြင်းမှ ပေါ် ထွက်လာသော
အကြွင်းအကျန်များအတွက် မီးပြင်းဖိုများကို အောက်တိုဘာလတွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ယနေ့အထိ တန်ချိန် (၁၃၄,
ဝဝဝ) ကို ဖျက်ဆီးပြီး ဖြစ်ကြောင်း၊ ယူကရိန်းအစိုးရကလည်း ဖျက်ဆီးမှု လုပ်ငန်းကို (၁) နှစ်ခွဲရပ်ဆိုင်းထားပြီး နောက်ပိုင်းမှာ နောက်ထပ် တန် (၅၄, ဝဝဝ) ကို
ဖျက်ဆီးမည်ဟု ကတိ ပေးထားကြောင်း၊ ဤသို့ဆိုပါက စုစုပေါင်း (SA/LW) တန် (၁၉ဝ, ဝဝဝ) ခန့်ကို ဖျက်ဆီးပြီး ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း၊ သို့ရာ တွင်
စီမံချက်လုပ်ငန်းမှာ ဖျက်ဆီးရန် ရည်မှန်းထားသည်ထက် ဖျက်ဆီးနိုင်ခဲ့သော လက်နက် အလက်ပေါင်း (၂၁ဝ, ဝဝဝ) လျော့နည်းကြောင်း ပြောကြားခဲ့သည်။

၄၈။ (U) ကို့စတနာ (Costner) က (SA/LW) လက်ကျန်စာရင်းမှာပါသော လက်နက်များကို အမေရိကန်က သုံးမရတော့ သော လက်နက်များအဖြစ်
ကျေနပ်လက်ခံနိုင်ပါက ဤစာရင်းကို ရောင်းရန် လက်နက်စာရင်းမိတ္တူပွား အဖြစ် ပြောင်း၍ ရနိုင-် မရနိုင် သိလိုပါသည်ဟူသော ယူကရိန်း၏ တင်ပြချက်ကို
အမေရိကန်အစိုးရက အလေးထားပါကြောင်း၊ သဘော တူညီချက်ရပါက အမေရိကန်အစိုးရနှင့် နေတိုးတို့က လက်နက်ဖျက်ဆီးခြင်း စီမံချက်လုပ်ငန်းကို
ဆက်လက် ဆောင်ရွက် ကာ၊ မူလသတ်မှတ်ထားသည့်အတိုင်း ခဲယမ်းမီးကျောက် တန် (၁၅, ဝဝဝ) ကို ဖျက်ဆီးသွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် သူက
အမေရိကန်ဥပဒေသည် ဤကိစ္စနှင့်ပတ်သက်၍ တင်းကြပ်ကြောင်း၊ လက်နက်ကျွမ်းကျင်သူများကလည်း နောက် နေ့မှာ ရောက်နိုင်ချင်မှ
ရောက်နိုင်မည်ဖြစ်ကြောင်း အလေးအနက် ပြောကြားကာ ဤကိစ္စတွင် နှစ်ဖက် ရွေးစရာ (၂) လမ်း ရှိကြောင်း၊ ၎င်းတို့မှာ (၁) ယူကရိန်းအနေနှင့် မူလ
သဘောတူထားသည့်အတိုင်း လက်နက်များကို ဖျက်ဆီးသွားရန် (၂) စီမံချက်လုပ်ငန်းကို အထက်မှာ ဖေါ်ပြခဲ့သည့်အတိုင်း ရပ်ဆိုင်းထားရန် တို့ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

၄၉။ (U) နီကိုနင်ကိုက ဖျက်ဆီးပစ်သော ခဲယမ်းမီးကျောက်ပမာဏ စုစုပေါင်းသည် တန် (၈, ဝဝဝ) အထိတိုးလာလိမ့်မည် ဟူသော သတင်းကောင်းကို
တန်ဖိုးထားပါကြောင်း ဖေါ်ပြခဲ့ပြီးနောက် နောက်နေ့တွင် ကျွမ်းကျင်သူများက ဖြေရှင်းနည်း ရရှိကာ၊ ဖျက်ဆီးရေးမှာ ဆက်လက်အကူအညီ ပေးသွားနိုင်လိမ့်မည်ဟု
မိမိယုံကြည်ကြောင်းကိုလည်း ဖေါ်ပြခဲ့သည်။ (မှတ်ချက်- နောက်နေ့တွင် ယူကရိန်းကျွမ်းကျင်သူများက လက်နက်လက်ကျန်များကို စာရင်းမိတ္တူပွားထဲ
ထည့်မည့်အစား မူလ သဘောတူထားသည့်အတိုင်း ဖျက်ဆီးရန် ယူကရိန်းအစိုးရ၏ ခွင့်ပြုချက်ရအောင် ဝန်ကြီးများ အဖွဲ့ကို မိမိတို့က အကြံပြုတင်ပြခဲ့ကြောင်း၊
အကယ်၍ ဝန်ကြီးများအဖွဲ့၏ အတည်ပြုချက်ရပါက စီမံချက်လုပ်ငန်းကို ဆက်လက်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။)

ဇီဝခြိမ်းခြောက်မှု လျော့ပါးရေး လုပ်ငန်း (Biological Threat Reduction Initiative)

၅ဝ။ (U) ကျန်းမာရေး ဝန်ကြီးဌာနမှ လဒ္ဒမီလာ မူဟာစကား (Ludmilla Muherska) က ယူကရိန်း၏ ဒေသဆိုင်ရာ ဆေးရုံဓာတ်ခွဲခန်း (၁၈) ခု ကို အဆင့်
တိုးမြှင့်သည့် လုပ်ငန်းများအကြောင်း အသေးစိတ်တင်ပြခဲ့သည်။ ထို့အပြင် ကျန်းမာ ရေး ဝန်ကြီးဌာနသည် ကာကွယ်ရေးဝန်ကြီးဌာန၊ အခြား လုံခြုံရေးဌာများနှင့်
ပူးပေါင်းကာ ဓာတ်ခွဲခန်းများတွင် လုံခြုံရေးကို တိုးမြင့်ခဲ့ကြောင်း၊ ယူကရိန်းအဖို့ ဇီဝခြိမ်းခြောက်မှု လျော့ပါးရေးနှင့် ဤလုပ်ငန်းကို ပြီးမြောက်အောင်
ဆောင်ရွက်နိုင်ရေး အတွက် နောက်ထပ် အကူအညီများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

၅၁။ (U) ဗင်တိုင်ပင်က (DoD/CTR) ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဗဟို ရည်ညွှန်း ဓာတ်ခွဲခန်း [Central Reference Laboratory (CRL)]
တခန်းအတွက် နေရာသစ်တခုကို မြန်မြန်ထက်ထက် ရှာပေးပါရန် ယူကရိန်းအား မေတ္တာရပ်ခံပြီး ယူကရိန်းအနေနှင့် ဤဓာတ်ခွဲခန်းရရှိသည်နှင့် ရောဂါဖြစ်စေသော
အကြောင်းရင်းများ၊ အထူးသဖြင့် အန္တရာယ်ကြီးသော အကြောင်းရင်း များကို အခိုင်အမာ ဖေါ်ထုတ်သွားရန်လိုအပ်ကြောင်း အလေးတင်း ပြောကြားခဲ့သည်။

၅၂။ (U) မူဟာစကားက ယူကရိန်းသည် ဤရှုပ်ထွေးခက်ခဲ့သော လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိနေပါ ကြောင်း၊ (CTR) အတွက်
နေရာအတော်များများကို ထည့်သွင်း စဉ်းစားကြည့်နေပါကြောင်း၊ အချို့နေရာများသည် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေထဲမှာ ရှိနေပြီး ဤနေရာတခုခုကို ရွေးပါက
ဤနေရာကို ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် လိုမည်ဖြစ်ကြောင်း၊ နေရာ တခုခု မကြာခင်မှာ ရွေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း
ပြောကြားခဲ့သည်။

ဘေးပန်း ဆွေးနွေးပွဲများ - လုံခြုံရေး အာမခံချက် ဆိုင်ရာနှင့် (START) ဆိုင်ရာ နောက်ဆက်တွဲ ဆွေးနွေးပွဲများ


Security Assurances and START Follow-On

၅၃။ (S) အဏုမြူလက်နက် မပြန့်ပွားရေး ဆွေးနွေးပွဲ အစီအစဉ်များတွင် နီကိုနင်ကိုက လက်ထောက် ညွှန်ကြားရေးမှူး နေးလ် ကို့ခ်ျနှင့် (၃) ကြိမ် ဆွေးနွေးကာ
(START) နောက်ဆက်တွဲ သဘောတူစာချုပ်တွင် ပါဝင်လိုကြောင်း ယူကရိန်း ဆန္ဒနှင့် ကိယက်ဗ်၏ လုံခြုံရေး ပြဿနာများ အကြောင်းတို့ကို ရှင်းပြခဲ့သည်။
နီကိုနင်ကိုက သူသည် (START) နောက် ဆက်တွဲဆွေးနွေးပွဲများအတွက် ယူကရိန်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ကိုယ်စားလှယ်တဦးအနေနှင့် သူသည်
အမေရိကန် ကိုယ်စားလှယ်နှင့် ဆွေးနွေးလိုကြောင်း၊ ရုရှားနှင့် ဆက်ဆံရေး မပြေပြစ်သည့်တိုင် သူသည် ရုရှားသံအမတ် အန်တိုနော့ (Antonov) နှင့် (၄)
ကြိမ်တွေ့ဆုံခဲ့ကြောင်း၊ အမေရိကန် အစိုးရက အဘယ့်ကြောင့် အလားတူ ဆွေးနွေးခွင့် မပေးသည်ကို သူနားမလည်ကြောင်း၊ သူသည် ဂေါ့တင်မိုလာ (A/S
Gottemoeller) နှင့် မည်သည့်အချိန်၊ မည်သည့် နေရာမှာ ဖြစ်စေ တွေ့ဆုံလိုကြောင်း ပြောပြီးနောက် ယခင်က (START) မှာ ယူကရိန်း ပါဝင်ခဲ့သော
ကြားဝင်ဆောင်ရွက် ပေးသူ အခန်းကဏ္ဍများကို သာဓကများအဖြစ်ဖေါ်ပြကာ (START) နောက်ဆက်တွဲ သဘောတူစာချုပ်တွင် အမေရိကန် နှင့် ရုရှားတို့အကြား
ကြားဝင်ဆောင်ရွက်ပေးသူ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးလိုကြောင်း ယခင်က ပြောဖူးခဲ့သော စကားကို ထပ်လောင်းပြောကြားခဲ့သည်။ နောက်ဆုံး၌
နီကိုနင်ကိုက (START) နောက်ဆက်တွဲ သဘောတူစာချုပ်တွင် အထူးသဖြင့် (START) အကောင်အထည်ဖေါ်ရေးနှင့် ယေဘုယျအားဖြင့် အဏုမြူလက်နက်
မပြန့်ပွားရေးတွင် ယူကရိန်း ၏ အကျိုးပြုချက်များကို ထည့်သွင်းဖေါ်ပြပေးရန် မေတ္တာရပ်ခံခဲ့သည်။ ထို့ပြင် သူက ယူကရိန်းကို ဘယ်လာရု့စ်၊ ကာဇက် စတန်တို့နှင့်
တတန်းတစားတည်းထား၍ ထည့်သွင်းထားသည်မှာ တရားမျှတမှု မရှိကြောင်း၊ အကြောင်းမှာ (CIS) အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ရုရှားပြောသည့် အတိုင်းသာ
လိုက်လုပ်ကြခြင်းကြောင့်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

၅၄။ (S) ကို့ခ်ျက နီကိုနင်ကိုအား အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒမ်းနှင့် ရုရှားဖက်ဒရေးရှင်းတို့ က ပေးထားခဲ့သော ဘူဒါပက်
လုံခြုံရေးအာမခံချက်သည် ၂ဝဝ၉ ဒီဇင်ဘာမှာ ပျက်ပြယ်သွားမည့် (START) သဘောတူစာချုပ်နှင့် အတူ ပျက်ပြယ်သွားမည်မဟုတ်ကြောင်း၊ ၂ဝဝ၈ မဟာဗျူဟာ
ပူးပေါင်း ဆောင်ရွက်မှုဆိုင် ရာ အမေရိကန်- ယူကရိန်း သဘောတူစာချုပ် (2008 United States-Ukraine Charter on Strategic Partnership) သည်လည်း
အသက်ဝင်နေဆဲဖြစ်ကြောင်း၊ ကိယက်ဗ်မြို့မှာ မကြာသေးမီက ဒုသမ္မတ ဘိုင်ဒင် ပြောကြားခဲ့သော မိန့်ခွန်း ကလည်း ယူကရိန်း၏ လုံခြုံရေးအတွက် အမေရိကန်၏
ကတိကဝတ်ကို အတည်ပြုထားကြောင်း ပြန်ပြောင်းပြောပြကာ ယူကရိန်းအနေနှင့် အဘယ့်ကြောင့် နောက်ထပ် ဥပဒေအာဏာတည်သော လုံခြုံရေးအာမခံချက်
လိုအပ်နေသည် ဆိုခြင်း ကို ရှင်းပြရန် မေတ္တာရပ်ခံခဲ့သည်။ ဤအာမခံချက်အားလုံး ရှိနေပါလျက် ယူကရိန်းအနေနှင့် နောက်ထပ် ဘာများ လိုပါသေးသနည်းဟု
မေးခဲ့သည်။ နီကိုနင်ကိုက ယူကရိန်းသည် အမေရိကန်၏ ကတိကဝတ်များနှင့် ပတ်သက်၍ သံသယ မရှိကြောင်း၊ သို့ရာတွင် ရုရှား၏ ကတိနှင့်ပတ်သက်၍မူ
အလွန်စိတ်မအေး ဖြစ်ရကြောင်း၊ ထို့နောက် ရုရှား-ဂျော်ဂျီယာ ပဋိပက္ခနှင့် ယူကရိန်းနိုင်ငံထဲမှာ ရုရှားလူဦးရေ အများအပြား ရှိလာနေခြင်းတို့ကို ကိုးကားဖေါ်ပြလျက်
အကယ်၍ အမေရိကန် ပြည်ထောင်စုက ယူကရိန်းနှင့် လုံခြုံရေး အာမခံချက်အသစ်တခုကို သဘောတူစာချုပ် ချုပ်ဆိုမည်ဆိုပါက ရုရှားကလည်း
ဤသဘောတူစာချုပ်တွင် ပါဝင် သဘောတူ လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိကြောင်း၊ ဤအချက်သည် ယူကရိန်း၏ ဆန္ဒအစစ်အမှန်ဖြစ်ကြောင်း၊ အမေရိကန်နှင့်
သဘောတူစာချုပ် ချုပ်ဆိုခြင်းသည် ရုရှားကိုပါ ဆွဲခေါ်သည့် ယန္တရားတခု ဖြစ်သည်ဟု ယူကရိန်းက မြင်မိကြောင်း၊ ဤကဲ့သို့သော သဘောတူစာချုပ်မျိုးသည်
ယူကရိန်း လူ့အဖွဲ့ အစည်း၏ အနောက်နိုင်ငံများအပေါ် လိုလားသည့်အပိုင်း နှင့် ရုရှားလိုလားသည့် အပိုင်းဟူသော အပိုင်း (၂) ပိုင်းလုံးကိုပါ ကျေနပ်စေလိမ့်မည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နီကိုနင်ကိုက ဆီဗတ်စ်တိုပို (Sevastopol) ရှိ ရုရှား၏ ပင်လယ်နက် ရေတပ် အခြေစိုက်စခန်းကိစ္စကို တင်ပြကာ ထိုရေတပ်
အခြေစိုက်စခန်းမှာ ရုရှားက စစ်သားဦးရေ မည်မျှများများ ထား သည်ကို ယူကရိန်းအနေနှင့် မသိနိုင်ကြောင်း၊ ရုရှားသည် ရေတပ်အခြေစိုက်စခန်း အငှားစာချုပ်အရ
ခွင့်ပြုထားသော ဦးရေထက်ပို၍ စစ်သားများကို ထားရှိသည်ဟု မိမိယုံကြည်ကြောင်း၊ ရုရှားက ၎င်း၏ (CFE) ကတိကဝတ်များကို ဆိုင်းငံ့ ထားခြင်းကြောင့်
ယူကရိန်းအဖို့ ဤပြဿနာသည် အထူးအရေးကြီးနေသော ပြဿနာ ဖြစ်နေကြောင်း ပြောခဲ့သည်။ ရုရှား တို့သည် ယူကရိန်းကို စစ်ရေးအရတိုက်ခိုက်ရေးအတွက်
ဤပင်လယ်နက် အခြေစိုက်စခန်းကို ခြေနင်းခုံအဖြစ် အသုံးချ နိုင်သည်ဟု နီကိုနင်ကိုက အမှန်တကယ်ပင် ရတက်မအေး ဖြစ်နေပါသည်။ (မှတ်ချက်-
ကာကွယ်ရေးဌာန ထောက်လှမ်း ရေး အေဂျင်စီ (Defense Intelligence Agency) ၌ ပိုင်းခြားသုံးသပ်သူများနှင့် ဤကိစ္စကို စိစစ်ကြည့်သော အခါ၌ ပင်လယ်နက်
ရေတပ် အခြေစိုက်စခန်းမှာ ရုရှားစစ်အင်အားများ တိုးချဲ့ထားကြောင်း မတွေ့ရှိရပါ။ လောလောဆယ်၌ (DIA) က ရနိုင်သမျှ သတင်းအချက်အလက်များကို ပို၍
နှံ့နှံ့စပ်စပ် စိစစ်သုံးသပ်လျက် ရှိသည်။)

၅၅။ (U) ပါဝင်တက်ရောက်သူများ

အမေရိကန်ပြည်ထောင်စု -

ISN ယာယီတာဝန်ခံ လက်ထောက် အတွင်းဝန် (Acting Assistant Secretary) ဗင် တိုင်ပင် Vann Van Diepen XXXXXXXXXXXX

၅၆။ ISN ယာယီတာဝန်ခံ လက်ထောက် အတွင်းဝန် (Acting Assistant Secretary) ဗင် တိုင်ပင် Vann Van Diepen ဤကြေးနန်းကို ရှင်းလင်းခွင့်ပြုပေးသည်။

PETTIT

ပဲခူးအနောက်ပိုင်း မတ်ပဲခင်းများ ပျက်စီးနေ

အောင်ထက် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များ၏ အဓိကစိုက်ပျိုးသီးနှံ မတ်ပဲခင်းများ ယခုနှစ်တွင် အများအပြား ပျက်စီးပြီး
အထွက်နှုန်းလျော့နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီနှင့် ပြည်ခရိုင်အတွင်း မြို့နယ် ၁၄ မြို့နယ်ရှိ မတ်ပဲခင်း အားလုံးလိုလို ပိုးကျနေပြီး၊ ပျက်စီးမှု ပမာဏမှာ စိုက်ဧက၏
လေးပုံတပုံခန့်အထိပင် ရှိနိုင်ကြောင်း ဒေသခံများက ဆိုသည်။

“အပင်ပေါက်စ အရွက်တွေ စိမ်းညို့နေတဲ့အချိန်


တလသားမှာ ပိုးကျတာ။ အရွက်တွေ ဝါခြောက်ပြီး အပင်တွေ သေကုန်တယ်” ဟု
မင်းလှမြို့နယ်အပိုင် ထောက်ကြံ့ကွင်း ကျေးရွာမှာ မတ်ပဲစိုက်တောင်သူ တဦးက
မဇ္ဈိမကို ပြောသည်။ မတ်ပဲပင်များတွင် ပိုးကျသောကြောင့် ပိုးသတ်ဆေးများ
သုံးစွဲသော်လည်း အပင်များ ဆက်လက်သေဆုံးနေသည်ဟု ဆိုသည်။

ပိုးအမည်ကိုမူ မြစ်ဖုရောဂါပိုး၊ ရွက်ခြောက်ရောဂါပိုး၊ မှိုရောဂါပိုး၊ ထိပ်နာကျရောဂါပိုး၊


မြစ်ပုပ်ရောဂါပိုး စသဖြင့် ဒေသအလိုက် ကွဲပြားစွာ ခေါ်ဝေါ်နေကြသည်။

“ဒီနှစ်က ပိုဆိုးမယ်။ အရင် တဧက ၁၂ တင်းလောက် ထွက်တဲ့အခင်း အခုနှစ် ၇ တင်း၊ ၈


တင်း ရရင် ကံကောင်းလို့ပဲ” ဟု အခင်းဖြစ်ရာ ဒေသတွင်းမှ တောင်သူတဦးက
ပြောသည်။ စိုက်ပျိုးချိန်မှန်၊ ရာသီမှန်သော်လည်း ပဲပင်သေနှုန်း တစတစများလာသည့်
အနေအထားကို တောင်သူလယ်သမားများ စိုးရိမ်နေကြသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ပဲအထွက် ကျဆင်းလာခဲ့ရာမှ ယခုနှစ်တွင်


ပိုမိုဆိုးရွားမည်ဖြစ်ကြောင်း အုတ်ဖို တောင်သူများက ခန့်မှန်းကြသည်။ ၂၂ ေေေေေေေေေေေ ၂ ေ
( -
ပဲခူးတိုင်း အနောက်ခြမ်း မတ်ပဲစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှ )
NLD ပါတီဝင် ဒေါ်ခင်ဝိုင်းက “မတ်ပဲက ၂ လလောက်နဲ့ သီးပြီး ဆန်ထက်လည်း
ဈေးကောင်းရတော့ လယ်သမားတွေ စိုက်ကြတယ်။ ဒီပဲခူးတိုင်း အနောက်အခြမ်းမှာ ဒီအချိန်ဆိုရင် လယ်သမားတွေအားလုံး ပဲစိုက်ကြတယ်” ဟု မဇ္ဈိမကို
ပြောသည်။
အစိုးရ စိုက်ပျိုးရေးဌာနများသို့ အကူအညီတောင်းသော်လည်း ကွင်းဆင်းစစ်ဆေးမှု မရှိဘဲ၊ ဌာနမှ ရောင်းချသည့် ပိုးသတ်ဆေးမျိုးစုံကိုသာ ရောင်းချကြောင်းနှင့်
ဝယ်ယူအသုံးပြုသော်လည်း ပိုးမသေဘဲ အပင်များသာ ဆက်လက်သေဆုံးနေကြောင်း အုတ်ဖိုမြို့နယ်၊ ထူးကုန်းကျေးရွာ မတ်ပဲစိုက်တောင်သူများ အဆိုအရ
သိရသည်။

မတ်ပဲကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင် သက်လျင်မိုးစပါးရိတ်သိမ်းပြီး မိုးနှောင်းကာလ (အောက်တိုဘာလ နှောင်းပိုင်း) မှစ၍ စိုက်ပျိုးသည်။


မိုးနှောင်းကာလတွင် စိုက်ပျိုးဖြစ်ထွန်းသော သီးနှံဖြစ်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင် မိုးစပါးရိတ်သိမ်းပြီး ထွန်ရေးမဲ့စနစ်ဖြစ်သော ခုတ်ဖုံးစနစ်သာမက
ရေလိုက်စနစ်များဖြင့် စိုက်ပျိုးကြသည်။

မတ်ပဲ တဧကအတွက် မျိုး၊ ဓာတ်မြေသြဇာစရိတ်၊ သူရင်းငှားခ အပါအဝင် စိုက်ပျိုးစရိတ်


ကျပ် တသိန်းကျော် ကုန်ကျသည်။ ပုံမှန်အားဖြင့် တဧကထွက်နှုန်း ပျမ်းမျှ ၁ဝ တင်း
ဝန်းကျင်နှင့် အထက်တွင် ရှိပြီး ဒိုင်သွင်းဈေး တတင်း ကျပ် ၂ သောင်းခန့် ပြန်ရသဖြင့်
အထွက်ကောင်းပါက တဧကကျပ် ၁ သိန်းခန့် အမြတ်အစွန်းကျန်သည်။

လက်ရှိ မတ်ပဲပင်များ သေဆုံးမှုကို အဖွဲ့အစည်းများ၊ ပညာရှင်များက ကွင်းဆင်းမှု


မရှိသလို သုံးသပ်ပြောဆိုမှု အမျိုးမျိုးလည်း တွေ့ရသည်။ မြေဆီအစိုဓာတ်များ၍
မြေသားကျပ်ခြင်းကြောင့် အရွက်များ ဝါကျင့်သေဆုံးခြင်းဟု တောင်သူများက
ယူဆနေသကဲ့သို့ ဓာတုဓာတ်မြေသြဇာများကြောင့် သဘာဝပတ်ဝန်းကျင်
ဖောက်ပြန်ခြင်းဟု ယူဆသည့် ပညာရှင်များ တွေ့ရသည်။

“နှစ်ပေါင်းများစွာ ပိုးသတ်ဆေးမျိုးစုံ သုံးစွဲလာကြတဲ့ ဆိုးကျိုးပဲ။ မြေတွေ


အချဉ်ပေါက်ကုန်ပြီ။ မြေအချဉ်ဓာတ် များနေရင် မြေအစိုဓာတ် မထိန်းနိုင်ဘူး။
မြေကန်းတယ်ခေါ်တယ်။ မြေပြင်ရမယ်။ ပထမတန်းစား မြေပြန်ဖြစ်ဖို့
၂၂ေေေေေေေေေေေ တ ၂၂ ထိုက်သင့်သလောက် အချိန်ယူရမယ်။ ဒီလိုမြေမှာ မတ်ပဲမှ မဟုတ်ဘူး၊ စပါးစိုက်လည်း
( - အထွက်လျော့မှာပဲ” ဟု စိုက်ပျိုးရေးပညာရှင် အရာရှိတဦးက သုံးသပ်သည်။
)
နောက်ချေး၊ ကောက်ရိုးဆွေး၊ ပဲမှော်၊ ကုက္ကိုလ်ရွက်ကဲ့သို့ သဘာဝ မြေသြဇာ
ပြောင်းသုံးပြီး ဘာကာရှီနည်း ခေါ် အနုဇီဝပိုး မွေးမြူခြင်းဖြင့် မြေပြုပြင်ရမည်ဟု သူက ဆက်ပြောသည်။ လယ်မြေအသုံးမပြုဘဲ ယင်းသို့ ပြုပြင်ရန်မှာ
တောင်သူများအတွက် အကြီးမားဆုံး အခက်အခဲဟု ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ပဲတင်ပို့မှုတွင် ကနေဒါနိုင်ငံနောက် ဒုတိယနေရာတွင် ရှိသည်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေး နှစ်တွင် မြန်မာနိုင်ငံမှ ပဲအမျိုးမျိုးတန်ချိန် ၁၂
သိန်း ထွက်ရှိခဲ့ပြီး၊ ယင်းအနက် မတ်ပဲ ထွက်ရှိမှုမှာ တဝက်တိတိ (တန်ချိန် ခြောက်သိန်းကျော်) ရှိခဲ့သည်။

ရှမ်းဒီမိုကရက်တစ်ပါတီ စီးပွားရေးလုပ်ငန်း အစုရှယ်ယာ ၁,၀၀၀,၀၀၀ ရောင်းမည်

By မသိင်္ဂီထိုက် တနင်္ဂနွေ, 02 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ရွေးကောက်ပွဲအပြီး နိုင်ငံရေးပါတီတွေ တဘက်တလမ်းက စီးပွားရေးလုပ်ဖို့ စိုင်းပြင်းနေချိန်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပါတီပိုင် စီးပွားရေး
လုပ်ငန်းကနေ အစုရှယ်ယာပေါင်း ၁,၀၀၀,၀၀၀ ရောင်းချဖို့ ရှိနေပါတယ်။ ဒီအစုရှယ်ယာတွေကို ပါတီဝင်တွေကိုပဲ ရောင်းချမှာပါ။ အခုတော့ ကျားဖြူပါတီလို့
လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပါတီဝင်အင်အား စုစုပေါင်း ၁၀၀,၀၀၀ လောက်ထိ ရှိလာပြီလို့ ပါတီ ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။
အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပါတီပိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ကျားဖြူ အများပိုင်ကုမ္ပဏီ တည်ထောင်ဖို့ ပြင်ဆင်နေတာပါ။ ဒီကုမ္ပဏီကနေ
ပါတီဝင်တွေကို အစုရှယ်ယာတွေ ရောင်းချမှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စိုင်းပြင်းနေတဲ့ တချိန်တည်းမှာပဲ ပါတီဝင် လျှောက်လွှာတွေလည်း
လက်ခံ ရရှိနေတယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆောင်ဆီက ပြောပါတယ်။

“ကျနော်တို့ ပါတီဝင်ကို ရောင်းမှာဗျ။ ရွေးကောက်ပွဲပြီးတော့ အခုအချိန်ထိ ဆိုရင်တော့ စာရင်းအရ ၁၀၀,၀၀၀ လောက်တော့ ပါတီဝင် လျှောက်လွှာတွေ
ရနေပါတယ်။”

ရွေးကောက်ပွဲ အပြီးမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပါတီပိုင် စီးပွားရေး လုပ်မယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ တခြား နိုင်ငံရေး
ပါတီတွေကလည်း ပါတီ ရေရှည် ရပ်တည်ရေးအတွက် စီးပွားရေး လုပ်ကိုင်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ကြပါတယ်။

အခု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက အများပိုင် စီးပွားရေး လုပ်ငန်းစု ထူထောင်ခွင့်အတွက် မြို့နယ်အလိုက် ပြင်ဆင်နေကြပါပြီ။ အစုရှယ်ယာ
တစုကို ကျပ်ငွေ ၁၀,၀၀၀ နဲ့ အစုရှယ်ယာပေါင်း ၁,၀၀၀,၀၀၀ ရောင်းချမှာ ဖြစ်ပါတယ်။ ပါတီဝင်တဦးကို အများဆုံး အစုရှယ်ယာ ၁,၀၀၀ အထိ ရောင်းချမှာ
ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ အများဆုံးကတော့ .၁ သတ်မှတ်ထားတယ်။ ၁,၀၀၀,၀၀၀ ရဲ့ .၁ ပေါ့။ ငွေအမြန်ပေါ်တဲ့ ကူးသန်းရောင်းဝယ်ရေးတို့၊ သတ္တုတူးဖော်ရေးတို့၊


ဆောက်လုပ်ရေးတို့ အဲဒီအတွက်တော့ ကျနော်တို့ အကြံအစည် ရှိပါတယ်။”

တဘက်မှာလည်း ပေါ်ပေါက်လာမယ့် လွှတ်တော်တွေထဲမှာ ဥပဒေပြုကြမယ့် လွှတ်တော်အမတ်တွေ ကိုယ်တိုင် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်လာရင်


မြန်မာ့နိုင်ငံရေး စီးပွားရေးမှာ ဘက်လိုက်မှုတွေ၊ မတရားမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကတော့ သူတို့ရဲ့ ကျားဖြူ အများပိုင် ကုမ္ပဏီအတွက် စီးပွားရေး ကော်မတီတရပ် ဖွဲ့စည်းကောင်း ဖွဲ့စည်းရလိမ့်မယ်လို့
ပြောဆိုပေမဲ့ တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ဒီစီးပွားရေးလုပ်ငန်း အကျိုးအမြတ်တွေရဲ့ ၂၅% ကို ပါတီရန်ပုံငွေအဖြစ် ထားရှိမယ်လို့ ဦးဆောင်ဆီက
ပြောပါတယ်။

“အဲဒီက အမြတ်ကို ကျနော်တို့ တွက်လို့ရပြီဆိုရင် ၇၅% ကို Share Holder တွေ ပြန်ခွဲပြီးတော့ ၂၅% ကိုတော့ ကျနော်တို့က ပါတီတခုလုံးရဲ့ ရန်ပုံငွေအဖြစ်
သုံးစွဲသွားဖို့ အစီအစဉ် ရှိပါတယ်။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကာလအတွင်း စစ်အစိုးရ ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို
အသွင်ပြောင်းထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့က လွဲရင် ကျန်တဲ့ နိုင်ငံရေး ပါတီတွေမှာ ရွေးကောက်ပွဲ မဲဆွယ်စရိတ် အပါအ၀င် စရိတ်စက
ကြီးမြင့်လှတဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေးတွေ အတွက် ဘဏ္ဍာရေး အခက်အခဲ တွေ့ခဲ့ကြတာပါ။

ရွေးကောက်ပွဲမှာ အမတ်နေရာ ၇၀% ကျော် အနိုင်ရထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကတော့
စီးပွားရေး လုပ်ငန်းတွေ ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၇ နေရာနဲ့ တတိယ အများဆုံး အနိုင်ရထားတဲ့
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကလည်း အခု ရှမ်းပြည်နယ်အတွင်းက မြို့နယ်အသီးသီးမှာ ပါတီပိုင် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စီစဉ်နေတာ
ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရဆီကတော့ ကုမ္ပဏီထူထောင် လုပ်ပိုင်ခွင့် ရရှိရေး ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ထိုင်တောင်ပိုင်း ဗုံးပေါက်ကွဲ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေ

စနေ, 01 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖောက်ခွဲဗုံးရှင်းလင်းရေး ရဲသား ၂ ယောက်ဟာ မသင်္ကာစရာ ဖောက်ခွဲရေးပစ္စည်း တခုကို စနက်တံဖြုတ်ဖို့ ကြိုးစားနေစဉ်မှာ


အဝေးလက်ကိုင်ဖုန်းကနေ ထိန်းချုပ်ဖောက်ခွဲမှုကြောင့် သေဆုံးသွားပါတယ်။ အကြမ်းဖက်မှုတွေရှိနေတဲ့ နိုင်ငံတောင်ပိုင်း နာရာသီဝတ်ခရိုင်က ဈေးတခုမှာ
စနေနေ့က ပေါက်ကွဲမှုကြောင့် နောက်ထပ်ရဲအရာရှိ ၄ ယောက်အပါအဝင် ၈ ယောက် ဒဏ်ရာရသွားတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

ဆယ်ကျော်သက် လူငယ် ၂ ယောက် သံသယဖြစ်စရာ မော်တော်ဆိုင်ကယ်တစင်း ရပ်ထားခဲ့တဲ့အကြောင်း ဟင်းသီးဟင်းရွက်ရောင်းသူက သက်ဆိုင်ရာကို


အကြောင်းကြားတာလို့ ရဲကပြောပြပါတယ်။ အဲဒီနေရာတဝိုက်ကို ရဲက ရှင်းလင်းခဲ့ပေမဲ့ ဆိုင်ကယ်ထဲမှာ ဖွက်ထားတဲ့ ဗုံးကိုစနက်တံဖြုတ်ဖို့ ကြိုးစားနေစဉ်မှာ
ပေါက်ကွဲသွားတာ ဖြစ်ပါတယ်။

ခုလို နှစ်သစ်ကူးနေ့မှာဖြစ်တဲ့ ပေါက်ကွဲမှုဟာ ထိုင်းအာဏာပိုင်တွေအပေါ် တနှစ်ပတ်လုံး ဆန့်ကျင်ပြုလုပ်မယ့် စီမံကိန်းရဲ့ တစိတ်တဒေသ ဖြစ်တဲ့အကြောင်း


အစ္စလာမ်သောင်းကျန်းသူတွေက ခြိမ်းခြောက်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မူစလင် အများစုနေထိုင်ကြတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၂၀၀၄
ခုနှစ်ကစပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက မူစလင်ရော ဗုဒ္ဒဘာသာဝင်ပါ စုစုပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ရပါတယ်။

http://www.voanews.com/burmese/news/

တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်

January 2, 2011 freedom news group Leave a comment Go to comments

မွန်ပြည်နယ် အတွင်းရှိ ခြေလျှင် တပ်ရင်း အချို့ ကို ကရင်ပြည်နယ်တွင်း သို့ ဒီဇင်ဘာလ


နောက်ဆုံးပတ် က စတင်ကာ ပြောင်းရွှေ့ မှု ပြုလုပ် ထားပြီး၊ ရန်ကုန်တိုင်း အတွင်း သို့ 
ပဲခူး တိုင်းမှ တပ်များ ပိုမိုချထားကာ ၊ ဧရာဝတီ တိုင်း နှင့် မကွေး တိုင်း မှ ခြေလျှင် တပ်
ရင်း နှင့် ခြေမြန်တပ်မ များ မှာ ထပ်မံ တိုးချဲ့ သည့် စစ်ဌာနချုပ် လက်အောက်ခံ တပ်များ
အဖြစ်ပြောင်းရွှေ့ ရမည် ဟု သိရသည်။

မြန်မာ နိုင်ငံတွင်း ရှိ စစ်တပ် ပြောင်းရွှေ့ မှု များနှင့် ပတ် သက်၍ ရန်ကုန် မြို့ မှ အငြိမ်းစား
ဗိုလ်မှုးကြီး တစ်ဦးက “အရင်က ရှေ့ တန်း ထွက်တာလေ၊အော်ပရေးရှင်း ပြီးရင် ကိုယ့်တပ်
ကိုယ်ပြန်လာပေါ့ ခု ဒီလို မဟုတ် ဘူး အခု တပ်ပါပြောင်းရတာ တပ်သားလေးတွေ ရောသူ
တို့ မိသားစု တွေ နဲ့ ကလေးတွေ ပါ ဒုက္ခရောက်ကြတယ်” ဟု Freedom News Group
သို့ ပြောသည်။

ခြေလျှင် တပ် များ ပြောင်းရွှေ့ ခဲ့သည့် ဖျာပုံ၊မြောင်းမြ၊ဘိုကလေး၊အိမ်မဲ နှင့် လပွတ္တာတို့ တွင်


ရေတပ် က ၀င်ရောက် နေရာယူထားပြီး ရခိုင်ပြည်နယ် တွင်းမှ တပ်အင်အား အချို့ ကို ချင်း
ပြည်နယ် နှင့် ကချင်ပြည်နယ် သို့ ပြောင်းရွှေ့ ချထား လိုက်သည် ဟု သိရသည်။

နအဖ စစ်အစိုးရသည် တပ်များ အပြောင်းအရွှေ့ ပြုလုပ်ရုံသာမက စစ်တပ် ၏ ဖွဲ့ စည်းပုံ နှင့်


အမိန့် ပေး စနစ် များ ကို ပါပြန်လည် ပြင်ဆင် သည် ဟု အတည်မပြု နိုင်သည့် သတင်းများအရ
သိရသည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ အတွင်း ရှမ်းပြည်နယ် ဉ် စစ်ဌာနချုပ် တစ်ခု ထပ်မံ တိုးချဲ့ရာ တပ်သား
အင်အား ငါးထောင် ခန့် ကို မြန်မာပြည်နေ ရာ အနှံအပြား မှ နေ၍ ထိုစစ်တိုင်းသစ် ရှိရာ သို့ 
ပြောင်းရွှေ့ စေခဲ့သည် ဟု သိရသည်။
ထိုင်းဘဏ် နှင့် မြန်မာ ဘဏ်နှစ်ခု ကုန်သွယ်ရေး လုပ်ငန်းများ အတွကပူ်းပေါင်း

January 2, 2011 freedom news group Leave a comment Go to comments

1
0

မဲပေးပါ

မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်နှင့် မြန်မာ့ ရင်းနှီးမြုပ်နှံမှု နှင့် ကူးသန်းရောင်း ၀ယ်ရေး ဘဏ်
တို့ သည် ထိုင်းဘဏ် တစ်ခု နှင့် ပူးပေါင်း၍ ငွေပေးငွေယူရှင်း တမ်း များ ကုန် သွယ်မှု လုပ်ငန်းများ
တွင် ပူးပေါင်းဆောင် ရွက် သွား မည် ဟု သိရသည်။ထိုင်း နှင့် မြန်မာ နိုင်ငံ တို့ ၏ နယ်စပ် ကုန် သွယ်ရေး တွင် မူလက လက်ငင်းငွေချေစနစ် ဖြင့်သာ
ကျင့်သုံးသော်လည်း နောက် ပိုင်းတွင် ဘဏ်များ မှ ငွေပေးချေ သည့် စနစ် ကို ကျင့် သုံးတော့ မည်
ဟု သိရသည်။

ထိုင်း နှင့် မြန်မာ နယ်စပ် ကုန် သွယ်ရေး တွင် တရားမ၀င် ကုန်သွယ် မှု များ လည်း ရှိပြီး နယ်စပ်ကုန်
သွယ်ရေး တွင် ထိုင်း က မြန်မာ ကို အသာစီးရလျှက်ရှိသည်။ ယမန်နေ့ က ထိုင်းဝန်ကြီး ချုပ် အဘီဆစ်
သည် မြန်မာ နိုင်ငံနှင့် ကပ် လျှက် ရှိ သည့် ထိုင်းနယ် စပ် မြို့  မဲဆောက် သို့ ရောက်ရှိ ခဲ့သည်။

ထိုင်း နိုင်ငံ နှင့် မြန်မာ နိုင်ငံ ကုန်သွယ်ရာ အဓိက မြို့ ဖြစ်သည့် မြ၀တီ နယ်စပ် ဂိတ်ကို မြန်မာ ဘက်က
လွန်ခဲ့သည့် ငါးလ ကတည်းက ပိတ်ထားသည်။

ယခု ကဲ့သို့ ဘဏ်များ ပူးပေါင်းဆောင်ရွက်မှု သည် ဧရာဝတီ၊ကျောက်ဖယား၊မဲခေါင် စီးပွားရေး ပူး


ပေါင်းဆောင် ရွက်မှု သဘောတူညီချက် ကြောင့် ဖြစ်သည်။

http://freedomnewsgroup.com/

Sunday, 02 January 2011

၂၀၁၀ အမှတ်တရ လှုပ်ရှားမှုများ မိုးမခတင်ဆက်ခဲ့သမျှ


သြရသ
ဇန်န၀ါရီ ၂၊ ၂၀၁၁
၂၀၁၀ ခုနှစ်အတွင်းမှာ မိုးမခက ပြည်တွင်း ပြည်ပသတင်းတင်ဆက်မှုများအပြင် မြန်မာကွန်မြူနီတီအတွင်း လှုပ်ရှားမှုများကို လက်လှမ်းမီသမျှ
အစီရင်ခံတက်ဆက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း ကျနော်တို့ မှတ်မိသမျှ ကွန်မြူနီတီလှုပ်ရှားမှုတွေကတော့ -

ပြည်သူ့ဂုဏ်ရည် ၂၀၁၀ ဂုဏ်ပြုချီးမြှင့်ခြင်း လှုပ်ရှားမှု


၂၀၀၉ ဒီဇင်ဘာလမှာ အမေရိကန်ရောက် မြန်မာမိသားစုတွေနေထိုင်ရာ မြို့နယ်များ စုဝေးကြပြီးတော့ မြန်မာပြည်တွင်းက ကိုယ်ထူကိုယ်
လူမှုလုပ်ငန်းစွမ်းဆောင်သူတွေ၊ အဖွဲ့အစည်းတွေကို စာရင်းပြုစုကြတယ်။ လက်လှမ်းမီရာ မြန်မာကွန်မြူနီတီအတွင်းမှာ စာရင်းတောင်းခံကြပါတယ်။
မြို့နယ်အလိုက် လုပ်အားပေးများ၊ စေတနာရှင်များရဲ့ ဆန္ဒမဲများ၊ အင်တာနက်ပရိသတ်များရဲ့ မဲဆန္ဒများနဲ့ နောက်ဆုံး ဆန်ခါတင်သူ - ကိုကျော်သူ၊
ကိုဇာဂနာ၊ မဖြူဖြူသင်း၊ ဦးအေးမြင့်နဲ့ ဆရာတော်ဘုရားကြီး ဦးဉာဏိသရတို့ အထဲက မဲအများဆုံး ရရှိသူ နာရေးကူညီမှုအသင်းက ကိုကျော်သူကို ပထမဦးဆုံး
ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုဆုချီးမြှင့်နိုင်ခဲ့ပါတယ်။ ၂၀၁၀ ဧပြီလမှာ လော့စ်အိန်ဂျလိစ်မှာ မြို့နယ်ပေါင်း ၁၅ မြို့နယ်ပူးပေါင်းပြီး ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ရဲ့
နောက်ဆုံးဆန်ခါတင်သူတွေအားလုံးကို ဂုဏ်ထူးဆောင်မြန်မာများအဖြစ် မှတ်တမ်းတင်ခဲ့တာကို တွေ့ရပါတယ်။
၂၀၁၁ အတွက် ပြည်သူ့ဂုဏ်ရည် ဒုတိယအကြိမ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၁ ခုနှစ် မေလမှာ ဆန်ဖရန်စစ္စကိုမှ ကျင်းပမယ်လို့ သိရပါတယ်။
အဲသည်အတွက် ဂုဏ်ယူဖွယ်ရာ မြန်မာများ၊ အသင်းအဖွဲ့များ စာရင်းပြုစုခြင်းတို့ စတင်နေပြီး၊ မြို့နယ်များအလိုက် ရန်ပုံငွေ ရှာဖွေပွဲများ ပြုလုပ်လျက် ရှိပါတယ်။

၂၀၁၁ စစ်အစိုးရ၏ ရွေးကောက်ပွဲ သပိတ်မှောက် ကန့်ကွက်သည့် လှုပ်ရှားမှု


ပြည်တွင်းမှာ ၂၀၁၀ မတ်လက စတင်ပြီးတော့၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံတင်ရန်၊ ရွေးကောက်ပွဲဝင်ကြရန် စစ်အစိုးရက စတင်လှုပ်ရှားလာခဲ့ပါတယ်။
စစ်အစိုးရထောက်ခံသူများနဲ့ အခြားနိုင်ငံရေးလှုပ်ရှားသူများက ရွေးကောက်ပွဲကို ၀င်ရန်ပြင်ဆင်ခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဒီမိုကရေစီရေး
အတိုက်အခံပါတီ အင်န်အယ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာခဲ့ပါတယ်။
အဲသည်အချိန်ကစပြီးတော့ မြန်မာပြည်တွင်းမှာ ရွေးကောက်ပွဲဝင်ရောက်ရေး၊ ရွေးကောက်ပွဲအနိုင်ရရှိရေး လှုပ်ရှားမှုများ ပေါ်ထွန်းလာခဲ့ပြီး
အင်န်အယ်ဒီနဲ့ မဟာမိတ် နိုင်ငံရေးအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့များကလည်း တဖက်က သပိတ်မှောက်ရေး လှုံဆော်ခဲ့ကြတာကို တွေ့ရပါတယ်။ ပြည်ပက
မြန်မာမိသားစုအများစုကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို လက်ခံခြင်း မရှိဘူး၊ ဆန့်ကျင် သပိတ်မှောက်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပ၊
ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ သြစတြေးလျ၊ မလေးရှား၊ တောင်ကိုရီးယား၊ တောင်အာဖရိက စတဲ့ မြန်မာအများ စုဝေးနေထိုင်ရာ နိုင်ငံများမှာ စစ်အစိုးရနဲ့
စစ်အစိုးရရွေးကောက်ပွဲ ကို ကန့်ကွက်ဆန္ဒပြပွဲများနဲ့ တုန့်ပြန်ခဲ့ကြပါတယ်။
ရွေးကောက်ပွဲ ကျင်းပအပြီး ရက်သတ္တပတ်အတွင်းမှာပဲ စစ်အစိုးရရွေးကောက်ပွဲဟာ မတရားမှုများနဲ့ လိမ်ညာကျင်းပခြင်းကြောင့် နိုင်ငံတကာနဲ့
မြန်မာပြည်သူတွေ ရှေ့မှောက်မှာ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။

အရုဏ်ဦးမှာ ဖူးသည့်ကြာ သရုပ်ဆောင်များ ပြည်ပတွင် ကန့်ကွက်ခံရခြင်း


၂၀၁၀ ဇူလိုင်လကုန်က စတင်ပြီး အမေရိကန်၊ ဗြိတိန်က မြန်မာမိသားစုတွေက စစ်အစိုးရရဲ့ ၀ါဒဖြန့်ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေ
ပြည်ပဖျော်ဖြေရေးခရီး ထွက်လာစဉ်မှာ သူတို့ရဲ့ ရပ်တည်ချက်တွေကို ကန့်ကွက်ဆန္ဒပြခြင်း၊ ရှုတ်ချခြင်းတို့ စတင်ပြုလုပ်ခဲ့ကြပါတယ်။
ယခင်ကတည်းက မြန်မာသရုပ်ဆောင်တွေ အနုပညာရှင်တွေက စစ်အစိုးရ၀ါဒဖြန့်ကားတွေ၊ ရုပ်သံတွေမှာ သရုပ်ဆောင်ခဲ့ကြပေမယ့် ဒီတခါမှာတော့
ပြည်ပမှာ မြန်မာအများအပြားရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပြည်တွင်းမှာလို နှုတ်ဆိတ်နေမှုမျိုး မကြုံကြရဘဲနဲ့ သူတို့ကို ဝေဖန်ကန့်ကွက်မှုတွေနဲ့
ရင်ဆိုင်ကြရတာဖြစ်ပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ၊ စီးပွားရေးတွေ၊ စစ်အုပ်စု မိသားစုဝင်တွေကို ပြည်ပမှာ
ကန့်ကွက်ဆန္ဒပြနေကြဖြစ်နေရာကနေ စစ်အစိုးရရဲ့ ၀ါဒဖြန့်လုပ်ငန်းတွေ၊ သရုပ်ဆောင်တွေကိုပါ ပြည်ပရောက် မြန်မာမိသားစုတွေက လက်မခံဘူးဆိုတာကို
ထုတ်ဖော်ပြသခဲ့တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။
အမေရိကန်၊ ဗြိတိန်က မြန်မာတွေ စလိုက်တဲ့ လှုပ်ရှားမှုဟာ သြစတြေးလျကိုပါ ကူးစက်သွားခဲ့ပြီးတော့ ၀ါဒဖြန့်သရုပ်ဆောင်တွေကို ဖိတ်ခေါ်ကြိုဆိုခြင်း
မပြုနိုင်ဘူးဆိုတဲ့ တုန့်ပြန်မှုတွေ ပေါ်ထွက်ခဲ့သလို၊ ပြည်တွင်းက ဖျော်ဖြေသူတွေမှာ စစ်အစိုးရ ကို မလွန်ဆန်နိုင်လို့ အလိုကျ လိုက်လျောနေရတာပါဆိုတဲ့
ကာကွယ်ပြောဆိုပေးမှုတွေကိုလည်း တွေ့ခဲ့ရပါတယ်။
၂၀၁၀ အောက်တိုဘာ လဆန်းမှာ အမေရိကန်အစိုးရက အဆိုပါ သရုပ်ဆောင်တွေပါတဲ့ ဖျော်ဖြေရေးအဖွဲ့တခုလုံးကို ဗီဇာရုတ်သိမ်းပြီး
ပြည်တော်ပြန်စေခဲ့ခြင်းနဲ့ အဆုံးသတ်ခဲ့တာကို တွေ့ရပါတယ်။

မြန်မာမိသားစုများရဲ့ မြန်မာပြည်သဘာဝဘေးဒဏ်သင့်သူများထံ ကူညီရေးလှုပ်ရှားမှု


၂၀၀၈ နာဂစ်မှာ မြန်မာစစ်အစိုးရက ပြည်တွင်းနဲ့ ပြည်ပက မြန်မာစေတနာရှင်တွေ၊ အလှူရှင်တွေနဲ့ လုပ်အားပေးတွေကို ကန့်သတ် ချုပ်ချယ်ခြင်း၊ ဖိနှိပ်
တားမြစ်ခြင်း၊ မတရားသဖြင့် အရေးယူခြင်း၊ မဟုတ်တန်းတရား စွပ်စွဲပြစ်တင်ခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် နိုင်ငံတကာမှာ မြန်မာစစ်အစိုးရနဲ့
စစ်အုပ်စု အပေါင်းအပါတွေအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ အခမ်းကဏ္ဍဟာ အလွန်နိမ့်ကျပြီး အယုံအကြည်လုံးဝမရှိမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် နွေရာသီကာလမှာ မြန်မာပြည်အနှံ့ အပူချိန်မြင့်မားပြီး ရေရှားပါးခြင်း၊ အပူဒဏ်ခံရခြင်းတို့နဲ့ မြန်မာပြည်သူအများအပြား သေကျေခြင်း၊
ဖျားနာခြင်း ရင်ဆိုင်ကြရပြန်တဲ့အခါမှာလည်း ပြည်တွင်းပြည်ပက မြန်မာမိသားစုတွေက တခဲနက်တည်း ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ကူညီခြင်း၊
အားပေးစောင့်ရှောက်ခြင်း၊ လှူဒါန်း စောင့်ရှောက်မှုများ ပြုလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ စစ်အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက်
ပြင်ဆင်လုပ်ကိုင်နေချိန်ဖြစ်နေလို့ အရင်တုန်းကလို ဖိနှိပ်ချုပ်ချယ် တားမြစ်မှုများ အကြီးအကျယ်လုပ်ခဲ့တာ မတွေ့ရပါဘူး။
ထိုအတူ ကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း၊ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့် ဦးဆောင်တဲ့ စေတနာ့ဝန်ထမ်းများ၊ အင်န်အယ်ဒီ
လူမှုထောက်ကူအဖွဲ့က ပါတီခေါင်းဆောင်များ၊ လူငယ်များရဲ့ လှုပ်ရှားမှုတွေက စနစ်တကျနဲ့ သတိကြီးစွာထားပြီး လှုမှုရေးလုပ်ငန်းများကို ကျယ်ပြန့်စွာ
အောင်မြင်အောင် လုပ်ဆောင် ကူညီပေးခဲ့တာကို တွေ့ရပါတယ်။
အထူးသဖြင့် အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ စင်္ကာပူ၊ ထိုင်းတို့မှာ ဈေးရောင်းပွဲတွေ၊ အလှူခံပွဲတော်တွေနဲ့ မြန်မာပြည်တွင်းက
သဘာဝဘေးဒဏ်သင့်သူတွေကို ကူညီ စောင့်ရှောက်ဖို့ အလှူဒါနလုပ်ငန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။
မြန်မာပြည် မိုးရာသီမှာ ရခိုင်ကမ်းရိုးတန်းဒေသကို ဂီရိမုန်တိုင်း ၀င်ရောက်တိုက်ခိုက်ပြီးနောက်မှာလည်း ပြည်တွင်းပြည်ပက မြန်မာတွေ
တိုင်းရင်းသားတွေက ကိုယ်ထူကိုယ်ထ ကူညီစောင့်ရှောက်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားကြတဲ့
ရခိုင်အမျိုးသားအသင်းတွေ၊(ရခိုင်သဟာယအသင်း၊ ကျောက်ဖြူအသင်း စတဲ့ …) က အလှူရှင်တွေနဲ့ လက်တွဲပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြသလို
အင်န်အယ်ဒီပါတီက ပါတီဝင်များ၊ ခေါင်းဆောင်များကလည်း ကူညီစောင့်ရှောက်ရေး လုပ်ငန်းများကို ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းနဲ့ အလားအလာများ


၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲက ရတဲ့ သင်ခန်းစာတွေနဲ့ ကျင်းပခဲ့တယ်လို့ ဆိုကြပါတယ်။ အစကတည်းက
အရှုံးမပေးလိုတဲ့အတွက် သည်တခါရွေးကောက်ပွဲမှာတော့ ဖြစ်တဲ့နည်းနဲ့ အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။
သူတို့စိတ်တိုင်းကျ အနိုင်ယူလိုက်တဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ လွှတ်တော်ခေါ်ယူတာတွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ကြံ့ဖွံ့ကြီးစိုးတဲ့ အရပ်သားတပိုင်း၊
စစ်အာဏာရှင်ဇက်ချုပ်တဲ့ စစ်သားတပိုင်း နဲ့ မြန်မာပြည်အုပ်ချူပ်ရေးယန္တရားကို အသက်သွင်းဖို့ စစ်အုပ်စုက ဆက်လက် ခြေလှမ်းတော့မယ်လို့ ဆိုနိုင်ပါတယ်။
စစ်အစိုးရကိုယ်ပိုင် စီးပွားရေးယန္တရားကြီးတခုလုံးကို ၂၀၁၀ မှာ ရွေးကောက်ပွဲနဲ့ အပြိုင် တည်ဆောက်ခဲ့ပြီး ဖြစ်တာကြောင့် ဂျိုကာဖဲတွေအားလုံး သူတို့လက်ထဲလို့
ဆိုရမလိုပါ။
စာနယ်ဇင်းသမားတွေက (ပြည်တွင်း ပြည်ပက) စစ်အစိုးရရဲ့ စည်းကမ်းရှိသော အချုပ်အချယ်မကင်းတဲ့ ကန့်သတ်လွတ်လပ်မှုလောင်းရိပ်ကနေတဆင့်
သတင်းပေး၊ သတင်းယူ တင်ဆက်ပေးနိုင်ခဲ့တာကို အလွန်ဂုဏ်ယူနေပုံရပြီး၊ လွှတ်တော်ကို ၀န်းယံမယ့် အခြားနိုင်ငံရေးသမားများကလည်း စစ်အစိုးရနဲ့
သွေးတိုးစမ်းနိုင်ငံရေး ကစားပွဲ ဆင်နွှဲရမှာကို အလွန် တက်ကြွနေပုံ ရနေပါတယ်။
အဲသည်အခြေအနေတွေကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့အခါ ဦးဝင်းတင်ပြောသလို သတ္တလောကကြီးတခုလုံးက ခြောက်သွေ့
နွမ်းလျနေရာက မိုးကြီး ရွာချလိုက်လို့ အကုန်လုံး ပေါင်းတွေ မြက်တွေ ကအစ သစ်ပင် ပန်းမန်တွေ အဆုံး တခဲနက်ကြီး တက်ကြွ လန်းဆန်းမှုတွေကို
တွေ့လိုက်ကြရပါတယ်။
ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်ဘက်တော်သားများ နှစ်ဖက်စလုံးက သတိကြီးစွာနဲ့ နိုင်ငံရေးစာမျက်နှာသစ်တွေ ဖွင့်လှစ်ပြီး
ရင်ဆိုင်ကြတော့မှာဖြစ်တယ်လို့ ကာယကံရှင်တွေကော၊ နိုင်ငံတကာမိသားစုများကပါ မျှော်လင့်စောင့်စားကြမယ့် နှစ်သစ်ဟာ ၂၀၁၁ ဖြစ်တယ်လို့ ထင်ပါတယ်။
စစ်အစိုးရ သူတို့ စေတနာမှန်တယ်ဆိုတာ ပြချင်ရင်၊ သို့မဟုတ် သူတို့တိုင်းပြည်ကြီးတခုလုံးကို ခါးပိုက်ထဲ ဆောင်ထားလိုက်ပြီ ဆိုတာပြချင်တယ် ဆိုရင်ဖြင့်
နယ်စပ်အနှံ့က ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေမှာ သူတို့ဖက်က တဖက်သတ် အပစ်အခတ်ရပ်လိုက်ဖို့ လိုပါတယ်။ ပြီးတော့ နိုင်ငံအနှံ့ အကျဉ်းထောင်တွေထဲက
နိုင်ငံရေးအကျဉ်းသားတွေသာမက တိုင်းပြည်ရဲ့ အထွေထွေအကြပ်အတည်းကြီးတွေရဲ့ သားကောင်ဖြစ်ရသူ အကျဉ်းသားတွေ အကျဉ်းသူတွေ အားလုံးကို
ချွင်းချက်မရှိ လွတ်ပေးဖို့ လိုနေပါတယ်။
တိုင်းပြည်ကြီးကို ဒီမိုကရေစီပြည်ထောင်စုကြီးအဖြစ် ထူထောင်ဖို့ အားလုံးရဲ့ အင်အားတွေ စိတ်ဓာတ်တွေ စည်းလုံးချစ်ခင်မှုတွေ လိုပါတယ်။
စစ်အာဏာရှင်တွေဖက်မှာကတော့ နိုင်ငံရဲ့ သယံဇာတများ၊ စီးပွားရေးလုပ်ငန်းများ၊ အုပ်ချုပ်ရေး ယန္တရားများ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တပ်မတော်နဲ့
လက်ဝေခံလူတန်းစားများ ရှိနေပြီး ဖြစ်ပါတယ်။ အဲသည်ကြားထဲက နိုင်ငံရေးအကျဉ်းသားတွေ၊ နယ်စပ်ဒေသက တိုင်းရင်းသားပြည်သူတွေ၊ ပြည်တွင်းစစ်တွေကို
နိုင်ငံရေး ဓားစာခံအဖြစ် ဆက်လက် ဆုပ်ကိုင်ပြီး စစ်အာဏာရှင်တို့ ဆက်သွားနေဦးမှာလား။ တဖက်သတ်အကြမ်းဖက်မှုတွေ၊ လုပ်ကြံဖန်တီးမှုတွေနဲ့
ဆက်စခန်းသွားဦးမှာလား။
မျှော် …။ ။
ဧရာဝတီ မဂ္ဂဇင်း၊ ရွေးကောက်ပွဲ ဆန့်ကျင်သူတို့ကို Voice ဂျာနယ်က ဝေဖန်
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၊ ၂၀၁၁

ဇန်န၀ါရီ ၃ ရက်နေ့ ရက်စွဲတပ် The Voice ဂျာနယ်ရှိ ဆောင်းပါး ၂ ပုဒ်တွင် ဧရာဝတီ မဂ္ဂဇင်း နှင့် ရွေးကောက်ပွဲ ဆန့်ကျင်ရေးသမားတို့ကို ဝေဖန် ရေးသားထားသည်။

ဆရာ မောင်စူးစမ်း၏ ဆောင်းပါးတို။


ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် အစွန်းရောက်သူများ၊ ပြုတ်မနူးများ ဖြစ်သည်ဟု ထိုဆောင်းပါးတွင် ဆိုထားသည်။ "မနူးမနပ် နိုင်ငံရေးဖြစ်သည်ကို လူအများက
သိရှိကြသည်" ဟု ရေးထားသည်။ှ

"ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါလျက် အားလုံးပါဝင်သော နိုင်ငံရေးဖြစ်စဉ် ဆိုပြီး ခေါင်းစဉ် ပြောင်းလဲပြောဆု"သော်


ိ လည်း နောက်ကျသွားပြီ၊ မှားသွားပြီဟု
သုံးသပ်ထားသည်။

T
he Voice ဂျာနယ်၏ ပဲ့ကိုင် ဒေါက်တာ နေ၀င်းမောင် (ကလောင်အမည် အောင်ထွဋ)် ၏ ဆောင်းပါး။

သူ၏ ဆောင်းပါးတွင် ဧရာဝတီ မဂ္ဂဇင်းက သူ့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ရေရှည် ပြုလုပ်ခဲ့သည်ကို ၀မ်းနည်းစွာ တွေ့ရသည်ဟု ရေးထားသည်။

သူ့ကို တိုက်ခိုက်သူ အရေအတွက်မှာ လက်တဖက်စာပင် မပြည့်ကြောင်း၊ နောင်နှစ်ပေါင်း ၂၀ ခန့် ကြာလျှင် သူ၏ အယူအဆများကို ပို၍
သဘောပေါက်လာကြလိမ့်မည်ဖြစ်ကြောင်းလည်း ရေးထားသည်။

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၆)


တင်မိုး
ဇန်န၀ါရီ ၂၊ ၁၊ ၂၀၁၁
(၁)
“ဘန်ကောက်”ဆိုတဲ့အသံ ကြားခဲ့ဖူးတာကြာပြီ။ ကလေးဘ၀ထဲက။ အလှူပွဲ၊ ရှင်ပြုပွဲ ပွဲလမ်းသဘင်တိုင်းမှာ လူကြီးသူမများ ဘန်ကောက်လုံချည် တရွှမ်းရွှမ်း။
ဘန်ကောက်လုံချည် ပိုးထည်ကို လက်တဆုပ် နဲ့ ဆုပ်လို့ရသတဲ့။ ဆူးချုံပေါ် ပစ်တင်လိုက်ရင် ဆူးမငြိဘဲ လျှောခနဲကျသတဲ့။
ရေနံရောင်၊ နံ့သာရောင်၊ မြင်းချေးရောင်စတဲ့ အရောင်စုံ ဘန်ကောက်ပိုးထည်လုံချည်များ ပွဲနေပွဲထိုင်မှာ ခပ်ကြွားကြွား။ မောင့်ကျက်သရေခေါင်းပေါင်းနဲ့
လိုက်ဖက်လှပေသား။ ဒုတိယကမ္ဘာစစ်မတိုင်မီနဲ့ စစ်ပြီးစ ကာလများ။

စစ်ပြီးစမဂ္ဂဇင်းတွေ ၀တ္ထုတွေဖတ်၊ စာရေးဆရာတွေကို စိတ်ဝင်စားလာမိတယ်။ ကဗျာနုနုရွရွ လှလှပပ ရေးတတ်တဲ့ ဒဂုန်တာရာက ဘန်ကောက်လုံချည်


အမြဲဝတ်သတဲ့။ ဘန်ကောက်လုံချည် ခါးက မချဘူး..တဲ့။

အမြဲကြားနေရတဲ့အသံ။ ဘန်ကောက်…ဘန်ကောက်။ ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်။ အခုမှပဲ ရောက်တော့တယ်။ စုလစ်မွမ်းချွန်တွေနဲ့။


ကွန်ကရစ်တိုက်တွေနဲ့။ မိုးပျံတံတားတွေနဲ့။ ဘုရားကျောင်းကန် ဘုံပျံနန်းတွေနဲ့။ ကနုတ်ကပီ နရီဂဇာ အဆင်တန်ဆာတွေနဲ့။ သီတာ၊ ရာမ၊ ဒဿဂီရိတွေနဲ့။ အို…
ဆန်းကြယ်လှပ ကြွကြွမောက်မောက် ရွှေမြို့တော် ဘန်ကောက်တဲ့လေ။

(၂)
ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ “လိပ်ကမ္ဘာမကြီး” ပုံပြင်ထဲကလို “ရသမျှငါး မယ်ဒွေးဈေးသင်ဖို့ချည်း” ဆိုသလို ကျွန်တော့်အဖို့မှာလဲ တွေ့သမျှ ကြုံသမျှ
ကဗျာဖွဲ့ဖို့ချည်းပါပဲ။ သက္ကရာဇ် ၂၀၀၀ ဒီဇင်ဘာလက ထွက်ခဲ့တဲ့ စာပေခရီးကလဲ ခရီးရှည်တခု။ နိုဝင်ဘာကတည်းက အမေရိကားကထွက်လာ။ ဥရောပ
ဘယ်လ်ဂျီယမ်မှာ တထောက်ဝင်နား။ ပြီးတော့ ချိုင်းနားအဲယားလိုင်းနဲ့ သြစတြေးလျ ဆစ်ဒနီရောက်။ ဆစ်ဒနီကဆက်တဲ့ အကြိုပန်းတပွေ့နဲ့ ချမ်းမြေ့ရွှင်လန်း
စာပေပန်းတွေဖြန့်ကြဲ၊ မဲလဘုန်း၊ ကင်ဘာရာ မှာလဲ ထပ်ဆင့်နွှဲ။ ပြီးတော့ တိုကျိုမြို့တော်ခရီးဆက်။ တိုကျိုပြီးတော့ နာဂိုယာမှာ စာပေတံခါးအဖွင့်။ အိုဆာကာ။
ကျိုတို၊ ဟာမမတ်စု စတဲ့ လှပတဲ့နေရာတွေကို နှင်းလွှာရုံလှပ်အကြည့်၊ ပီတိတွေလျှမ်းလျှမ်း ထ၊ ထိုမှအပြန် တိုင်ပေလေဆိပ် တငေးငေးပြီး အတွေးမျှင်
စိတ်ကူးယဉ်တွေ တည်ဆောက်၊ ဘန်ကောက်သို့ ရောက်လာပါပေရော။

ခရစ်ယာန်တည်းခိုရိပ်သာ၊ ဆွစ္စလော့ဂ်ျဟိုတယ်၊ စိန့်ဂျိန်းဟိုတယ်နဲ့ ခေတ်ပြိုင်ရိပ်သာမှာ နားနားနေနေ အပန်းဖြေနေခိုက် ဆောင်းနေပြင်းပြင်းမှာ


လေညင်းကလေးကို တောင့်တရင်း ကဗျာတွေ ဖွဲ့မိပြန်ပါတယ်။

ဖွဲ့မိပုံက

၃။
“ဘန်ကောက်ည”

ဘန်ကောက်ည၏
လှပဆန်းတင့်၊ စိန်ပွင့်ကြယ်ပွင့်
ပန်းရောင်ပန်းပွင့်၊ မိုးမြင့်တိုက်များ
ဖားလျားရွက်ဝေ၊ သပြေလိုလို
ပျဉ်းမလိုနှင့်၊ ကုက္ကိုယောင်ယောင်
မြစိမ်းရောင်တို့၊ မြောက်တောင်ယိမ်းနွဲ့
စိမ်းလဲ့ဝါးရုံ၊ ခေတ်ပုံစံမြောက်
ဈေးကြီးဆောက်လျက်
ထိုးဖောက်ခေတ်သစ်၊ ပဒေသရာဇ်နံ့
သင်းပျံ့ယစ်ဖွယ်၊ မိန်းမငယ်တို့
ဆေးခြယ်မြှူဆွ။ ဘန်ကောက်ည။

ဟိုတယ်ကြီးမား၊ မိုးပျံရထား
စည်ကားအုတ်ကျက်၊ တခဲနက်တည့်
ကားဆက်စီတန်း၊ လမ်းမပြည့်ကျပ်
ဖိနပ်စီးကြက်၊ ကပွဲတက်ဖို့
လျှပ်လက်သည့်အလား၊ ဖြတ်၍သွားကြ
လမ်းကြားမှာဈေး၊ လမ်းဘေးဆိုင်တန်း
လမ်းလျှောက်ရင်းစား၊ အငှားကားရှုပ်
တုတ်တုတ်မြည်ကျူး၊ ညဥ့်ဦးယံကျော်
မော်တော်ဆိုင်ကယ်၊ တုံ့လှယ်ပြေးလွှား
ဖန်သားမှန်သား၊ ဂျပန်ကားစုံ
မနားမရပ်၊ တောင်ပံခတ်သည်
လွပ်လပ်ပျော်သော ဘန်ကောက်ည…။

၎။
အင်း…ဘန်ကောက်ညကို ကဗျာဆေးခြယ်သမိတယ်။ အိုက်စပ်ဖျင်းဖျင်းဆောင်းတွင်း ဘန်ကောက်မှာ ကဗျာဆရာတယောက် ဟိုရောက်သည်ရောက် စိတ်ကူးရင်း
“ဘုရားသာရှိ တရားမရှိ” ဆိုတဲ့ ကဗျာ ဖွဲ့ဖြစ်ပြန်ပါတယ်။ အဲဒီကဗျာကတော့ ဒီလိုပါ။

“ဘုရားသာရှိ တရားမရှိ”
ဆီလုံရပ် ဆွစ္စလော့ဂ်ျမှ
အသော့မြန်စွာ ထွက်ခွာသိမ်း
စန့်ဂျိမ်းဟိုတယ်ပြောင်းခဲ့တယ်။

ဆုခုမ်ဗစ်လမ်းတဲ့
ယောက်လမ်းနဲ့ခပ်ဆင်ဆင်
အာရှအသွင်ဆိုင်တန်းကလေးတွေ
လမ်းနံဘေးမှာခင်း
ထမင်းအ၀စား
တက္ကဆီကားတွေ ဆိုင်ကယ်တွေနဲ့
မြိုင်လယ်ဗွေမှာ သစ်ပင်ပန်းမာလ်
ဝေဆာဆာ
ပျော်စရာစခန်းပါပဲ။

ကောင်းကင်လမ်းမှာ ရထားပြေး
အများငေးရတဲ့ အင်ပိုရီယမ်
ဆူညံညံ ကားသံတွေကြားထဲ
သမီးလက်တွဲ မြေးလက်ဆွဲလို့
မရဲတရဲနဲ့ လမ်းဖြတ်ကူး
မရောက်ဖူးတဲ့ဒေသမို့
ဆွေပြ မျိုးပြ အလည်ထွက်သလိုပါ။

အရှေ့တောင်အာရှမှာ
မြန်မာက နောက်ကျန်
ရန်ကုန်က သေးနုပ်
သိဂုင်္တ္တရ ကုန်းမြေပေါ်က
ရွှေတိဂုံစေတီတော်သာ မရှိခဲ့ရင်
ဇာတိပျောက် မာန်ပျောက်
ခေါက်ရိုးကျေ ကျပ်တန်နွမ်းလို
မျက်နှာပန်းလှနိုင်မှာမဟုတ်။

ရွှေတိဂုံနဲ့ ပုဂံ
မြန်မာမှာ ကျန်သေးလို့
ဇာတိမာန်မစို့တစို့
နှစ်ချို့ကလေးတွေ့နိုင်သေးတယ်
ခေတ်အရေးမှာတော့
တစ်မပြေးနိုင်တော့ပါတကား။

အလျှံတောက်နေတဲ့
ဘန်ကောက်ဆိုတဲ့မြို့ကြီး
စစ်မီးလဲမလောင်ဖူး
စစ်ရူးတွေလဲ မလွှမ်းမိုး
ရှေးရိုးပဒေသရာဇ်
ဘုရင်စနစ်ပင်ဖြစ်သော်လဲ
ဒီခေတ်မှာအမှီလိုက်
အကြည်ဆိုက်နေနိုင်မှုကြောင့်
သာဓုခေါ်ခဲ့ရပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံချင်းတော့ တူပါရဲ့
ကံကြမ္မာမတူတော့
မြန်မာဟူသမျှ မှေးမှိန်
ဂုဏ်သိက္ခာ သေးသိမ်ပြီး
ခွေးအိမ်မှာ စံရတဲ့အဆင့်ပါကလား။

ငါတို့မြန်မာနိုင်ငံ
သယံဇာတ ပေါကြွယ်ဝ
ဥတုရာသီကလဲမျှတ
စိတ်နေလဲ လှပါရဲ့။
ဘ၀ပေး ကုသိုလ်
ဘာတွေများလိုနေလို့
မပုတိုက နသိုးမွေး
အကုသိုလ်ကအကျိုးပေးနေရပါလိမ့်။

ဘုရားသာရှိပေမဲ့
အမှားအတိနဲ့
တရားမရှိတဲ့နိုင်ငံရယ်လို့
အမှန်အတိုင်း မှတ်ချက်ချကြလျှင်
ဒေါသအမျက်
ခံနိုင်ခက်ကြလေမလား မသိ။ ။

တင်မိုး
၃၁၊ ၁၊ ၂၀၀၁

ခေတ်ပြိုင်ဂျာနယ် အတွဲ (၉၄)၊ မတ် ၂၀၀၁

လူဆိုး သူခိုး ကြီးစိုးတော့မှာဖြစ်ကြောင်း ထပ်လောင်းသက်သေထူ။

ရွှေပြည်စိုး
ဇန်န၀ါရီ ၁၊ ၂၀၁၁
လူဆိုးသူခိုး ကြီးစိုးတော့မယ့် ဒို့နိုင်ငံအပိုင်း (၁) နဲ့ (၂)မှာ နအဖ စစ်အစိုးရကျောထောက် နောက်ခံပြု ထားတဲ့ “ကြံ့ဖွတ်ပါတီ” အနိုင်ရအောင် နအဖစစ်
အာဏာပိုင်များ၊ ရွေးကောက်ပွဲကော်မရှင်များ၊ မဲရုံမှူး များ၊ ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူးများ… စသူတို့က ဘယ် ကမ္ဘာ၊ ဘယ်နိုင်ငံ၊ ဘယ်ရွေးကောက်ပွဲမှာမှ
မရှိခဲ့ဘူးတဲ့ မဲလိမ်၊ မဲခိုး၊ မဲဖျောက်၊ မဲကြိုတင်ကောက်……စတဲ့ ကလိမ်ကကျစ်နည်းပေါင်းစုံ သုံးတဲ့အပြင် သက်ဆိုင်ရာ အာဏာပိုင်များက အာဏာ၊ အသပြာနဲ့
အကျပ်ကိုင် နည်းမျိုးစုံ အသုံးပြုခြင်းကြောင့် အနိုင်ရသွားကြောင်း၊ ဒီလို မတရားအနိုင်ကျင့်ယူတာကို ကြံ့ဖွတ်ပါတီနဲ့ ပြိုင်ဘက်ပါတီများက မကျေနပ်လို့
သက်ဆိုင်ရာ ရဲစခန်းတွေမှာ တိုင်ကြ၊ အမှုဖွင့်ကြ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထဲ နအဖ ဥက္ကဌထံ တိုင်ကြား ကြတဲ့အပြင် သတင်းစာရှင်းလင်းပွဲများနဲ့
ပွက်လောရိုက် နေပုံများကိုတင်ပြထားပါတယ်။
ခု တင်ပြမယ့် အပိုင်း (၃) မှာတော့ ကြံ့ဖွတ် ပါတီနဲ့ အပေါင်းပါများရဲ့ မဲမသမာများ လုပ်တာ မှန်ကန် ကြောင်း သက်သေထူသွားမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲရက်အတွင်း။
ရွေးကောက်ပွဲစတင်ကျင်းပတဲ့ နိုဝင်ဘာလ (၇) ရက်နေ့ကတည်းက “ကြံ့ဖွတ်ပါတီ” က ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် မဲခိုး၊ မဲလိမ်၊မဲဖျောက်၊ မဲကြိုတင်
ကောက်……စတဲ့ မဲမသမာမှုတွေ လုပ်နေကြောင်း ပြစ် တင်ဝေဖန်သံ ဆူညံနေပါတယ်။ တဆက်တည်းမှာပဲ “ရွေးကောက်ပွဲ ရလဒ်ကို လက်မှတ်မထိုးဘူး၊ ရွေး
ကောက်ပွဲ ရလဒါကို အသိအမှတ်မပြုဘူး” လို့ ပြောဆို တဲ့ ပါတီများနဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ တောင်း ဆိုတဲ့ ပါတီတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။
ဆိတ်ဆိတ်နေ ဝန်ခံခြင်းဖြစ်။
တနိုင်ငံလုံးရှိ ကြံ့ဖွတ်ပါတီနဲ့ အပြိုင် ရွေး ကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ဒီမိုကရက်တစ် ပါတီ အားလုံးက ကြံ့ဖွတ်ပါတီက မဲလိမ်၊ မဲခိုး၊ မဲဖျောက်၊
ကြိုတင်မ…
ဲ …စတဲ့ မဲမသမာမှု မျိုးစုံကို ကျူးလွန်ကြောင်း သတင်းစာရှင်းလင်းပွဲများက တဆင့်တကမ္ဘာလုံးသိ အောင် ရှင်းလင်းပြောကြား ဝေဖန်ရှုတ်ချကြပါတယ်၊
နိုင်ငံတကာကလဲ နအဖ စစ်အစိုးရနဲ့ ကြံ့ဖွတ်ပါတီရဲ့ မရိုး သားတဲ့ လုပ်ရပ်တွေကို ဝိုင်းဝန်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် ကြံ့ဖွတ်ပါတီက “မဲမလိမ်၊ မဲမခိုး၊
မဲမဖျောက်၊ မဲကြိုတင်မကောက်……စတဲ့ မဲ့မသမာမှုတွေကို မကျူး လွန်ပါဘူး၊ ပြိုင်ဘက်ပါတီက စွပ်စွဲတာတွေပာာလဲ မပာုတ်ဘူး၊ မမှန်ဘူး” လို့ ကြံ့ဖွတ်ပါတီ
ဘက်က တယောက်မှ မငြင်းပယ်၊ မကန့်ကွက်ကြပါ။ အဲလိုပြန် မငြင်းပယ်၊ ပြန်မကန့်ကွက်တာကို ထောက်တော့ ကြံ့ဖွတ်ပါတီများက မဲလိမ်၊ မဲခိုး၊ မဲဖျောက်၊
မဲကြိုတင် ကောက်……စတဲ့ မသမာနည်းမျိုးစုံတွေ သုံးကြောင်း အလိုလိုဝန်ခံရာ ရောက်နေပါတယ်။ သူတို့မတရား လုပ် နေတာကို ပြည်တွင်းပြည်ပက
လူတိုင်းသိနေပြီးသား ဖြစ်နေလို့ ဘယ်လိုငြင်းရဲပါတော့မလဲ။
အကယ်၍ ကြံ့ဖွတ်ပါတီက မဲမလိမ်၊ မဲမခိုး၊ မဲမဖျောက်၊ မဲကြိုတင်မကောက်……စတဲ့ မဲမသမာမှုတွေ မလုပ်ပါက သူတို့ကို စွပ်စွဲသူတွေကို ဖမ်းဆီးထောင်ချ လို့
တယောက်မှကျန်မှာ မပာုတ်ဘူး။ ဒီနေ့အထိ ကြံ့ဖွတ်ပါတီ ဘက်က အဲ့ဒီစွပ်စွဲချက်တွေကို ဘာမှ မတုံ့ပြန်၊ မကန့်ကွက်၊ မငြင်းဆိုတာကို ထောက်တော့
ဒီမိုကရက်တစ်ပါတီတွေ ဘက်ကစွပ်စွဲတာ ပာုတ်မှန် ကြောင်း ဝန်ခံပြီးသားဖြစ်နေပါတယ်။
လူဆိုးသူခိုး ဖြစ်ကြောင်း နအဖ သက်သေထူ။
ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီက မဲလိမ်၊ မဲခိုး၊ မဲဖျောက်……စတဲ့ မဲမသမာမှုတွေလုပ်တယ် လို့ ဒီမိုကရက်တစ်ပါတီတွေက အရပ်ထဲမှာရော၊ သတင်းစာ
ရှင်းလင်းပွဲတွေက တဆင့်ပါ ဆူဆူညံညံ ပြစ်တင်ဝေဖန် နေချိန်၊ နိုင်ငံတကာကလဲ ပြစ်တင်ရှုတ်ချနေချိန်မှာပဲ အရှက်မရှိတဲ့၊ လိမ်ညာမှုအပေါင်း သရဖူဆောင်းတဲ့
နအဖ စစ်အစိုးရနဲ့ ကြံ့ဖွတ်ပါတီက စွပ်စွဲချက်တွေကို မငြင်းဆန် ရုံမက “ကြံ့ဖွတ်ပါတီ” က ရွေးကောက်ပွဲမှာ ( ၇၆) ရာခိုင် နှုန်း ကျော်နဲ့အနိုင် ရရှိကြောင်း
မျက်နှာပြောင်တိုက်ပြီး နအဖ သတင်းစာတွေထဲမှာ ကြေညာပါတယ်။ (ဒီဗွီဘီ၊ ၁၈-၁၁-၂၀၁၀)
ဒါကိုကြည့်ခြင်းအားဖြင့် ကြံ့ဖွတ်ပါတီနဲ့ နိုင်ငံ တော်ရွေးကောက်ပွဲ ကော်မရှင် သာမက နိုင်ငံတော် နအဖစစ်အစိုးရကပါ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုး၊ မဲဖျောက်……
စတဲ့ မဲမသမာမှုတွေ အားလုံးလုပ်တာ မှန်ကန်ကြောင်း သက်သေထူတာဖြစ်ပါတယ်။
ယခင်ကာလများက နအဖ စစ်အစိုးရ (သို့) နအဖ အာဏာပိုင် အဆင့်ဆင့်တို့ရဲ့ မတရားလုပ်မှုများကို နည်း နည်းလေး ဝေဖန်ပြောဆိုမိသူကို လူမှုရေးအရ၊ ဥမဒေ
ကြောင်းအရ စစ်ဆေးမေးမြန်းခြင်းမရှိပဲ၊ သက် သေ အထောက်အထား ခိုင်လုံခြင်းမရှိဘဲ၊ ရှေ့ နေနဲ့ခု ခံကာ ကွယ်ခွင့်မပြုခဲ့၊ နိုင်ငံတော် သိက္ခာကျအောင် လုပ်တယ်
ဖြစ်အောင်၊ နိုင်ငံတော်လုံခြုံရေးထိပါးတယ် ဖြစ်အောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားအောင် လုပ်တယ်ဖြစ်အောင်နဲ့ အနည်းဆုံး တာဝန် ဝတ္တရား
နှောက်ယှက်တယ် ဖြစ်အောင် နှစ်ရှည် လများ ထောင် ကျအောင် ပုဒ်မကြီးတွေ တပ်စွဲရုံမက အမျိုးမျိုးခြိန်းခြောက်ပြီး လက်မှတ်ထိုးခိုင်း၊ ဝန်ခံခိုင်းပြီး
စီရင်ချက်ချမှတ်လေ့ရှိပါတယ်။
ဒါပေမယ့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ တော့ ဒီမိုကရက်တစ်ပါတီတွေက နအဖရဲ့ ကိုယ်ပွား နိုင်ငံတော် ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲလိမ်၊ မဲခိုး၊ မဲဖျောက်……
စတဲ့ မသမာမှုတွေကို မြန်မာရော ကမ္ဘာပါ သိအောင် နည်းမျိုးစုံနဲ့ ဗြောင်ဝေဖန်ပြောဆိုနေကြပေ မယ့် နအဖစစ်အစိုးရ ကိုယ်တိုင်နဲ့ နိုင်ငံတော်ရွေး ကောက်ပွဲ
ကော်မရှင်တို့က ဘာမှ မလုပ်ရဲ၊ အရေးမယူရဲ ဖြစ်နေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့လုပ်ရပ် တွေက လိမ်ညာပြီး ဖုံးဖိလို့မရတဲ့ အခြေနေတွေဆိုးနေ၊
တရားလွန်နေတာကြောင့် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ စတင်ကျင်းပတဲ့နေ့က လေ့လာစောင့်ကြည့်ခွင့်ရတဲ့ နိုင်ငံခြားသံရုံး အချို့ ရဲ့လေ့လာ စောင့်ကြည့်သူတွေ
ကိုယ်တိုင်က “ဒီရွေးကောက်ပွဲပာာ တဘက်စောင်းနင်း ဖြစ်နေတယ်၊ တရားမျှတမှုမရှိ၊ လွတ်လပ်မှုမရှိဘူး” လို့ တရားဝင်ဝေဖန်နေကြတာ ရှိတဲ့အတွက်ကြောင့်လဲ
ဖြစ် ပါတယ်။ သို့မပာုတ်ပါက ပြည်တွင်းက သူတို့ကို ဝေဖန် သူတွေကို အမျိုးမျိုးစွပ်စွဲပြီး ဘဝတုံးအောင် လုပ်ဖြစ်မှာ သေချာတယ်။
ကြံ့ဖွတ်ပါတီကို စွဲချက်တင်။
နအဖ စစ်အစိုးရရဲ့ ကိုယ်ပွား “ရွေးကောက်ပွဲ ကော်မရှင်” က သူတို့လုပ်ချင်တိုင်းလုပ်လို့ ရအောင်၊ အခြားပါတီတွေက သူတို့ကိုပြန် မကန်ရဲအောင် မတရား
စည်းမျဉ်းဥပဒေတွေ ပြဌာန်းထားပါတယ်။ ဥပမာ- “ကြံ့ ဖွတ်ပါတီ” ကို မကျေနပ်လို့ တိုင်ရင် ဆောင်ရွက်ခံ “တမှု ကို ကျပ်ငွေ (၁၀) သိန်းတင်ရမယ်၊ (၂ မှုတင်ရင်
သိန်း၂၀) တင်ပြီး ငွေပြန်မပေး” လို့ အမှုစွဲချက် မတင်နိုင် အောင် လုပ်ထားတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကြံ့ဖွတ်ပါတီက မတရားလုပ်လွန်အားကြီး
လို့ မခံမရပ်နိုင်ဖြစ်ကာ ငွေအကုန်ခံကာ တရားစွဲသူများ ရှိနေပါပြီ။
ဥပမာ- NDF ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက “မန္တလေးက တသီးပုဂ္ဂလ ကိုယ်စား လှယ် ဦးစိန်လှ၊ ဖားကန့်ဒေသက ဒေါ်ဘောက်ဂျာတို့က
နေပြည်တော်ဆီသွား တရားစွဲလွှာတင်နေပြီ၊ ၎င်းတို့ပါတီ ကအနည်းဆုံး ကိုယ်စားလှယ် (၄) ဦးကိုတရားစွဲဖို့ ပြင်ဆင်နေပြီ၊ တချို့ ကိုယ်စားလှယ်တွေက တရားစွဲ
စာရိတ် (၁၀) သိန်းရှာနေပြီ ဖြစ်ကြောင်း” ပြောကြားခဲ့ပါ တယ်။ (ဒီဗွီဘီ၊ ၂၀-၁၂-၂၀၁၀)
၎င်းပြင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင် NDF ပါတီမှ ရှေ့ နေ ဦးသိန်ဇော်ညွနတ
့ို့ကလဲ သက်ဆိုရာ ရဲစခန်းမှာ
ကြံ့ဖွတ်ပါတီရဲ့ မဲမသမာမှုများကို တိုင်ကြားထားကြောင်း သိရပါတယ်။ (ဧရာဝတီ၊ ၁၁-၁၂-၂၀၁၀)
ခုဆိုရင် “ကြံ့ဖွတ်ပါတီ”က မဲလိမ်၊ မဲခိုး၊ မ ဖျောက်၊ မဲကြိုကောက်……စတဲ့ မဲမသမာမှုတွေ လုပ် ထားတာကြောင့် ထပ်လောင်းသက်သေထူ ထားပါ တယ်။ ဒါ့ပြင်
နအဖနဲ့ ရွေးကောက်ပွဲကော်မရှင်ကလဲ အတိုက်အခံပါတီများရဲ့ ပြောကြား၊ တိုင်းကြားစွပ်စွဲထား ချက်တွေကို ဘာမှမတုံ့ပြန်ပဲ ရေငုံနေခြင်းဖြင့် ကြံ့ဖွတ် ပါတီပာာ
အများပြောနေသလို လူဆိုး၊ သူခိုး လုပ်ရပ်တွေ ကိုလုပ်နေတာ မှန်ကန်ကြောင်း ထပ်လောင်းသက်သေ ထူပေးနေပါတယ်။
ဒါကြောင့် နအဖရဲ့ ကျောထောက်နောက်ခံပြု ထားတဲ့ ကြံ့ဖွတ်ပါတီ ပာာ လူဆိုး သူခိုးပါတီအဖြစ် မကြာမီ ကြီးစိုးတော့မှာ ဖြစ်ကြောင်းအများသိစေရန် ထပ်လောင်း၍
သက်သေထူပေးရခြင်းဖြစ်ပါတယ်။
http://www.moemaka.com/

မိုဒယ် ရွှေစင်က ဦးတေဇကားကို တမင်ဝင်တိုက်

by Yeyint Nge on Sunday, January 2, 2011 at 10:03am

မိုးမခ အထောက်တော်၊ ရန်ကုန် ဇန်န၀ါရီ ၂၊ ၂၀၁၁

လွန်ခဲ့ သည့် လအနည်းငယ်က မြန်မာငွေ သိန်းရာကျော်တန် လီမိတက် ဖုန်းဟန်းဆက် သုံးစွဲနိုင်ခြင်း၊ ပြည်ပသို့ ဈေး ၀ယ်ထွက်လျ င် ဒေါ်လာ ၉ သောင်းခွဲ
တသိန်းသုံးစွဲတယ်လို့ ပြောဆိုခြင်းတို့ကြောင့် သတင်းဂျာနယ်များမှာ အာရုံစိုက် ဖေါ်ပြခံရတဲ့ မော်ဒယ် ရွှေစင်က ဒီဇင်ဘာ နောက်ဆုံးပတ်က မြန်မာနိုင်ငံတွင်
အထင်ရှားဆုံး သူဋ္ဌေးကြီးဖြစ်သူ ဦးတေဇ ပိုင်ကား ကို သိမ်ကြီးဈေးဒီရုံတွင် တမင်ကလာ ၀င်တိုက်ပြီး ပျက်စီးစေခဲ့သည်ဟု အဆိုပါ အသိုင်း အ၀ိုင်းနှင့်
နီးစပ်သူတဦးက ပြောပါတယ်။

ြ ဖစ်ပျက်ပုံမှာ ထိုနေ့က ဦးတေဇမှာ သိမ်ကြီးဈေးဒီရုံ အပေါ်ထပ်ရှိ အနှိပ်ခန်းတွင် ရှိနေပြီး မော်ဒယ်ရွှေစင်က ဦး တေဇပိုင်ကားကို သူရဲ့ကားနဲ့
ရှေ့ထိုးနောက်ဆုတ်လုပ်ပြီး တိုက်ခဲ့ရာမှ အနီးအနားရှိ ကား၃ စီးပါမတော်တဆ ထိခိုက်မိသဖြင့် လျော်ပေးခဲ့တယ်လို့ အဆိုပါ နီးစပ်သူကပြောပါတယ်။

“ြ ကည့်ရတာ ဦးတေဇကို ဘာစိတ်ဆိုးလဲ မသိဘူး၊ လူကို မလုပ်ရဲတော့ကားကို တခုခုပျက်စီးအောင်လုပ်တာ လို့ထင်တယ်။ အဲဒီအဖြစ်အပျက်ကို သူ(ထူ
့း)
ကုမ္ပဏီက ၀န်ထမ်းလူယုံတွေကို မေးကြည့်တော့ သူတို့က အဲဒီအဖြစ်အပျက်ကို ပြောဖို့ရှောင်ပြီး မော်ဒယ်ရွှေစင်ကိုပဲ အကျင့်စာရိတ္တမကောင်းတဲ့ သဘောမျိုး
အပုပ်ချကြတယ်”

လို့ အဆိုပါ ပြောပြသူက ဆိုပါတယ်။

လွန်ခဲ့သည့် မော်ဒယ် ရွှေစင် ကိုင်ဆောင်သည့် သိန်း ၃၆၀ တန် ဖုန်းဟန်းဆက်၊ ညနေခင်း စီးသည့် နာမည်ကြီးအမျိုးအစား ဇိမ်ခံကား၊ ရှုတင်ရိုက်သည့်အခါ စီးဖို့
ဇိမ်ခံကား ၊ ပြည်ပကို ဈေးဝယ်ထွက်တဲ့အခါ မြန်မာငွေကျပ်သိန်း ၉၀၀ ၊ ၁၀၀ ၀ လောက်သာ သုံးတယ်ဆိုသည့် ဖြေကြားချက်များက သူ့၏ အလုပ်အကိုင် ၀င်ငွေနှင့်
သုံးစွဲသည့်ငွေတို့ မမျှတသည့် သဘောမျိုး ပြည်တွင်း သတင်း ဂျာနယ် တချို့ကရေးသားခဲ့တာကို တွေ့ရပါတယ်။

ထင်ရှားသည့် စီး ပွားရေး လုပ်ငန်းရှင်ကြီးများ၏ ထောက်ပံ့မှု (စပွန်ဆာ) ကြောင့်သာ အထက်ဖေါ်ပြသကဲ့ သို့ သုံးစွဲနိုင်သည့် သဘော ဖြစ်သည်ကို ဂျာနယ်များတွင်
မရေးပြလည်း စာဖတ်သူများက ကြိုတင်နားလည်ခဲ့ကြပါတယ်။ အဲ ဒီလို သတင်းတွေ ထွက်ပေါ်ပြီး လအနည်းငယ် အကြာမှာ ယခုလို မော်ဒယ်ရွှေစင်နှင့်
လုပ်ငန်းရှင် တေဇတို့၏ သတင်း ထွက် ပေါ်လာတာဖြစ်ပါတယ်။

ထူးကုမ္ပဏီများ အုပ်စုပိုင်ဆိုင်သူ ဦးတေဇမှာ နအဖ အစိုးရ လက်ထက်တွင် စစ်အစိုးရလိုအပ်သည့် စစ်လက်နက် ပစ္စည်းများ၊ ဟယ်လီကော့ပတာများ
ဝယ်ယူပေးခြင်းဖြင့် ချမ်းသာလာသူဖြစ်ပြီး စစ်အစိုးရအဖွဲ့၏ ထိပ်ဆုံးခေါင်းဆောင်၃ ဦးစလုံး အိမ်သို့ တံခါးမရှိ ဓါးမရှိဝင်ထွက် နိုင်သူဖြစ်ပြီး စစ်အစိုးရ
ခေါင်းဆောင်ပိုင်း၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ပေးနေသူ၊ အကျိုးအမြတ်များကို ခွဲပေး ဆက်သပေးသူ အဖြစ် ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက
သိရှိထားကြပါတယ်။

ကျော်သူရဲ့ ပန်းချီပြပွဲ ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး

2011-01-01

ဒီကနေ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အနုပညာရှင် ဦးကျော်သူက (Kyaw Thu Art Zone) ဆိုတဲ့ အမည်နဲ့ သူကိုယ်တိုင် ဖန်တီးထားတဲ့ ပန်းချီနဲ့
ဓာတ်ပုံအနုပညာ ပြပွဲကို သူ့နေအိမ်မှာ ပြုလုပ်ခဲ့ပြီး အဲဒီပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အားပေးခဲ့ပါတယ်။

RFA
၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ ပန်းချီနှင့် ဓာတ်ပုံ
အနုပညာပြပွဲတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (Photo: RFA)
ဒီပွဲမှာ ငြိမ်းချမ်းရေးကို ရည်ရွယ်တဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အမှတ်တရနဲ့ သူ ကြုံခဲ့ဖူးတဲ့ ရုပ်ရှင်လောကအကြောင်း ရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့
ဓာတ်ပုံတွေကို ပြသခဲ့တယ်လို့ ဦးကျော်သူ က RFA ကို ပြောပါတယ်။

“၁ ရက် ၁လ ၂၀၁၁ မှာ ကျနော့် အမျိုးသမီးရဲ့မွေးနေ့ ဆိုတော့ ကျနော် ဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြပွဲလေး Kyaw Thu Art Zone
ဆိုတဲ့နာမည်နဲ့ လုပ်တယ်။ လုပ်တာကို ဒေါ်စု မနက်က လာပြီး အားပေးသွားတယ်။ ကမ္ဘာ့လူသားတွေ၊ မြန်မာပြည်သူပြည်သားတွေ ငြိမ်းချမ်းဖို့အတွက်
အဓိကထားပြီး ရေးဆွဲထားတာတွေပေါ့။ စက်တင်ဘာ သံဃာ့ကိစ္စ ကျနော် အမှတ်ရတာလေးတွေ ဆွဲထားပါတယ်။ နောက် ရုပ်ရှင်လောကကို တင်စားပြီး ကျနော်
Performance သဘောလေး ရုပ်ရှင်ကင်မရာနဲ့ လုပ်ထားတာလေးတွေ ပြပါတယ်”

ဦးကျော်သူရဲ့ အနုပညာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဆီဆေးနဲ့ ကောက်ကြောင်းတချို့ ရေးဆွဲပေးသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာရောက်


အားပေးတဲ့အတွက် နှစ်သစ်မှာ မင်္ဂလာရှိပြီး အားတက်ရကြောင်းနဲ့ ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်း ကြိုးပမ်းကြဖို့ ဦးကျော်သူက လူငယ်တွေကို
တိုက်တွန်းလိုက်ပါတယ်။

“အမေစုက ဆီဆေးနဲ့ ဆွဲပေးသွားတယ်။ အဲဒါကို သား ဆက်ပြီးတော့ ဆွဲလိုက်ပါ တဲ့။ ဒေါ်စုလည်း ကျနော့်ကို လာပြီး အားပေးချီးမြှင့်သွားတယ်။ အဲဒါကို ကျနော်
အရမ်း ဝမ်းသာပါတယ်။ ကျနော် ပြည်သူပြည်သား အားလုံး ငြိမ်းချမ်းဖို့အတွက် လုပ်တဲ့ပွဲကို အခုလို အမေစု လာ အားပေးတာကို ကျနော် အများကြီး
ကျေနပ်အားရတယ် ဝမ်းလည်းသာပါတယ်။ တိုင်းရင်းသားအားလုံး ချစ်ကြည်ညီညွတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ရရှိမယ်ဆိုရင် ဒါ တဦးတယောက်ချင်းရဲ့ ငြိမ်းချမ်းရေး
ရရှိမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အများ စည်းလုံးညီညွတ်စွာ ငြိမ်းချမ်းဖို့အတွက် ကြိုးပမ်းကြပါလို့ ကျနော် တိုက်တွန်းလိုပါတယ်”

ရုပ်ရှင်ရိုက်ကူးခွင့်၊ ထုတ်လုပ် ဖြန့်ချိခွင့်တွေ ပိတ်ပင်ခံထားရတဲ့ ဦးကျော်သူဟာ လူမှုရေးလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေသလို အနုပညာတွေကိုလည်း


ဖန်တီး ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။

၂ဝ၁၁ ကို ငြိမ်းချမ်းတဲ့နှစ်အဖြစ် KIO မျှော်လင့်

2011-01-02

၂၀၁၁ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ နှစ်တနှစ် ဖြစ်လာဖို့ မျှော်လင့်ပါတယ်လို့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ KIO ကချင်လွတ်မြောက်ရေး အဖွဲ့က
ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တာကြောင့် စစ်အစိုးရနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာ KIO အဖွဲ့က
အခုလို ထုတ်ဖော် ပြောဆိုလိုက်တာပါ။

KIA ဒုတိယ ကာကွယ်ရေးဦးစီး ဗိုလ်မှူးချုပ်ဂွမ်မော်ကို အာအက်ဖ်အေ အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။


က




်ေ

ြး

န်



က
်။


ံဖို
င်

ူရ
န်

၂ဝ၁ဝ မြန်မာ့ပန်းချီ၊ ဒီဇိုင်းနဲ့ ကဗျာလောက

2011-01-02

၂၀၁၀ မှာ လူငယ် ပန်းချီဆရာတွေ လူငယ်ဂရက်ဖစ် ဖန်တီးသူတွေ လူငယ် ကဗျာဆရာတွေ အနုပညာ ရပ်ဝန်းထဲ ၀င်ရောက်လာပါတယ်။ နည်းပညာသစ်နဲ့
အနုပညာရေစီးကြောင်း အပြောင်းအလဲ ဖြစ်ရပေမယ့် ပွင့်လင်းမြင်သာတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ အနုပညာ ဖန်တီးမှုအားက ဒီ့ထက် ပို လှပ လန်းဆန်းမယ်လို့
ရှုမြင်သူလည်း ရှိပါတယ်။

ရောက်တော့မယ့် ၂၀၁၁ ခု မတိုင်ခင် ကျန်ရစ်တော့မယ့် ၂၀၁၀ အတွင်း မြန်မာ့ပန်းချီ၊ ဂရက်ဖစ်ဒီဇိုင်းနဲ့ ကဗျာလောက အကြောင်း တစေ့တစောင်းကို
ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

စု


်း

င်




က
်။


ံဖို
င်

ူရ
န်

၂ဝ၁ဝ ခုနှစ် မြန်မာ ဂီတနဲ့ ရုပ်ရှင်

2011-01-01

၂ဝ၁ဝ၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဂီတနဲ့ ရုပ်ရှင်လောက မြင်ကွင်းနဲ့ ၂ဝ၁၁ ခုနှစ်မှာ ကြုံတွေ့ရနိုင်တဲ့ အလားအလာတွေနဲ့ ပတ်သက်လို့ အဆိုတော် ဇော်ဝင်းထွဋ်၊
ခင်မောင်တိုး၊ ဆောင်းဦးလှိုင်၊ မာရဇ္ဇ၊ ဂျေမီနဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုလွင်မိုးတို့ရဲ့ ပြောပြချက်တွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်း
တင်ပြထားပါတယ်။

(Photo Courtesy of LA Organizers)

စစ်အစိုးရ၏ ဝါဒဖြန့် ‘အရုဏ်ဦးမှာ ဖူးသည့်ကြာ’ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သူ ဝိုင်းစုခိုင်သိန်း ပါဝင်သည့် ဖျော်ဖြေပွဲကို လော့အိန်ဂျယ်လိစ်မြို့တွင်
စက်တင်ဘာ ၁၁ ရက်နေ့က ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေသည့် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ ဖြစ်ပါသည်။ (Photo Courtesy of LA Organizers)

စု


်း

င်




က
်။


ံဖို
င်

ူရ
န်

http://www.rfa.org/burmese

ဒီကေဘီအေ ထံ ထွက်ပြေးရောက်ရှိလာတဲ့ နအဖ တပ်သား ဘာဘူ(ရုပ်သ)ံ

Posted by admin on January 1, 2011 0 Comment

http://www.youtube.com/watch?v=pATADSDb8wo&feature=player_embedded

တစ်ခြမ်းပဲ့စေတနာ (သု)ိ့ နောက်ခံပုံရိပ်

Posted by admin on January 2, 2011 0 Comment

တပ်မတော် (ရေ) မှာ နှစ်ကာလအတန်ကြာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ကျနော် ဟာ စစ်တပ်အကြောင်း၊ စစ်တပ် ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊
စစ်သည်တွေ အကြောင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတတွေ များစွာရ ခဲ့ပါတယ်။ အထူးသဖြင့် စစ်ခေါင်းဆောင်ကြီးတွေရဲ့သားသမီးဖြစ်သူ အရာရှိတွေရဲ့
စိတ်နေ သဘောထားနဲ့ လုပ်ရပ်ကိုအများပြည်သူ သိခွင့်ရအောင် လက်လှမ်းမီသမျှ တင်ပြလိုပါတယ်။

အဲဒီအကြောင်းတွေကို မပြောမီကျနော် မေတ္တာရပ်ခံ လိုတာကတော့ စစ်တပ်ကိုလေ့လာ သုံးသပ်တဲ့အခါမှာ ကမ်းကုန် အောင် ရက်စက်ယုတ်မာ


မှားယွင်းဖေါက်ပြန်တဲ့ စစ်အာဏာရှင်စနစ်ရဲ့ သရုပ်သကန်နဲ့ စစ်မှုထမ်းတဦးချင်းရဲ့ စိတ်ဓါတ်၊ လုပ်ရပ်တွေကို တပြေးညီထားပြီး မကြည့်ကြဖို့ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ စစ်သားတွေဟာလည်း လူသားတွေဖြစ် နေလို့ ပါပဲ။ သူတို့ဟာ အကြောင်းအမျိုးမျိုးနဲ့ တပ်ထဲကိုရောက်လာကြပြီး
စစ်အာဏာရှင်တွေအလိုကျ ပုံစံသွင်းတားခံထားကြရ ပေ့မဲ့ သူလိုကိုယ်လိုလူသားသဘာဝ ဗီဇလက္ခဏာတွေ ရှိနေကြသူတွေပါ။ ပညာရှင်များ အဆိုအရ
လူသားတဦးရဲ့ စိတ် ပိုင်းဆိုင်းရာ ဖော်ပြချက်ကို အမိစိတ်၊ အဖစိတ်၊ ပတ်ဝန်းကျင်စိတ်နဲ့ သတ္တ၀ါဗီဇ စိတ်တွေက အစိတ်အပိုင်းအနည်းအများ လိုက်ပြီး
လွမ်းမိုးပြဋ္ဌာန်းတယ်လို့  ဆိုပါတယ်။

စစ်တပ်ထဲမှာ စိတ်ထားဖြူစင်ပြီး ယဉ်ကျေးသိမ့်မွေ့သူတွေရှိသလို ကြမ်းတမ်းရိုင်းပြပြီး ကောက်ကျစ်သူတွေလည်း ဒုနဲ့ဒေး ပါ။ အရာရှိရယ်မှ မဟုတ်ဘဲ


အလွာတိုင်းမှာ ဒိလိုပဲရှိနေကြပါတယ်။ တူညီတဲ့ အချက်ကတော့ စစ်မှုထမ်းအားလုံး အထက် အမိန့်ကို တသွေမတိမ်း လိုက်နာဆောင်ရွက်ကြရပါတယ်။
ကျနော်ပြောပြပေးမဲ့ လူကြီးသားသမ်ီး အရာရှိတွေထဲမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ စစ်သည်တွေအပေါ်မှာ ညီရင်းအစ်ကို သဘောထားပြီး
တန်းတူတွေအပေါ်လေး စားသမှုပြုသူ ရှိသလို မိဘအရှိန်အ၀ါကို ခုတုံးလုပ်ပြီး မာန်တံခွန်ထူ တစ်ဖက်သားကို လူလိုမဆက်ဆံ သူတွေလည်း ရှိပါတယ်။ သူတို့
တွေဟာ ဥပဒေရဲ့အထက်မှာ လွတ်လပ်စွာ ရပ်တည်လှုပ်ရှားနိုင်တဲ့ အခွင့်ထူးခံ လူအလွှာတရပ် ဖြစ်ပါတယ်။

ကျနော်တွေ့ကြုံဆက်ဆံရတဲ့ အထက်ပါပုဂ္ဂိုလ်တွေထဲမှာ အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းရဲ့ သားတဦးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး


မောင်အေးရဲ့သားမက်တော်စပ်သူ ရေ (၃၇၄၇) ဗိုလ်မှုးပြည်အောင်ရဲ့ အကြောင်းကို ဦးစွာတင်ပြ လိုပါတယ်။
သူဟာဗိုလ်ကြီးအဆင့်နဲ့ ရေတပ်ထောက်လှမ်းရေးတပ်မှာ တပ်ဖွဲ့မှုးတာဝန်ထမ်းဆောင်ခဲ့ပြီး ထောက်လှမ်းရေးအဖွဲ့တွေ နှိပ် ကွပ်မခံရမီ (၆) လခန့် အလိုလောက်မှာ
အခြားတပ်ဖွဲ့တခု ပြောင်းရွှေ့သွားပါတယ်။ သူမပြောင်းမီမှာ ထောက်လှမ်းရေး တပ်က ဆရာကြီးအချို့ကိုခေါ်ပြီး မကြာမီ ထောက်လှမ်းရေးတွေ
နှိပ်ကွပ်ခံရတော့မယ် သတိဝိရိယနဲ့ နေကြလို့ မှာကြား သွားကြောင်း သိရပါတယ်။

၂၀၀၄ ခုနှစ် အကုန်ပိုင်းမှာတော့ သူဟာ သံလျင်မြို့အောက်နားက သီလ၀ါမှာရှိတဲ အမှတ် (၁) ဗျူဟာစစ်ရေယာဉ်စုကို စစ်ဦးစီးမှူး (ဒုတိယတန်း) G.2 အဖြစ်နဲ့
ရောက်ရှိလာပါတယ်။ အဲဒီအချိန်မှာ သူက ယာယီအစမ်းခန့် ဗိုလ်မှူးဖြစ်ပြီး ဗျူ ဟာမှူးကတော့ ရေ (၁၂၈၂) ဗိုလ်မှူးကြီး သူရသက်ဆွေ ဖြစ်ပါတယ်။
ဗိုလ်မှူးပြည်အောင် မတိုင်မီက အဲဒီ G2 နေရာကို စိနီယာဗိုလ်မှူး တဦးကို ခန့်အပ်လေ့ရှိပါတယ်။ ဘာကြောင့်ဆိုတော့ ဗျူဟာစစ်ရေယာဉ်စု အုပ်ချုပ်မှုအောက်က
စစ်ရေ ယာဉ်မှူးတွေဟာ ဒုတိယဗိုလ်မှုးကြီး အဆင့်ထိရှိပြီး ဗျူဟာရုံးမှာက ဗျူဟာမှူးပြီးရင် G2 က လုပ်ပိုင်ခွင့် အရှိဆုံးမို့ပါ။ ဌာန ချုပ်တွေမှာတော့
ဌာနချုပ်မှူးပြီးရင် ဒုဌာနချုပ်မှူး၊ G1 စသည်ဖြင့် အဆင့်ဆင့် ရှိတာကြောင့် G2 လုပ်ပိုင်ခွင့်သိပ်မရှိပါဘူး။

ဗိုလ်မှူးပြည်အောင် G2 တာဝန်ထမ်းဆောင်ချိန်ကစပြီး ဗျူဟာရုံးမှာထူးခြားတဲ့ ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာပါတယ်။ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း


ကိုယ်တိုင်ရုံး အခြေအနေကို လာကြည့်သွားပြီး လိုအပ်တဲ့ စာရေးကိရိယတွေနဲ့ ရုံး သုံးပစ္စည်းတွေလှူဒါန်းပါတယ်။
ဗျူဟာမှာ စစ်ဦးဌာန(ဦး)၊ စစ်ရေးဌာန(ရေး)၊ စစ်ထောက်ဌာန (ထောက်)၊ စက် မှုလက်မှုဌာန (စက်) ရယ်လို့ရှိကြပြီး ဌာန တခုချင်းကို ဗိုလ်မှူးတဦးစီ
အုပ်ချုပ်ပါတယ်။ အဲဒိအထဲမှာ ဗိုလ်မှူးပြည် အောင်ကဂျူနီယာ အကျဆုံးပါ။ သို့သော်လည်း ၀န်းကြီးနောက်က ပါလာတဲ့အလှူရှင်တွေ လှူဒါန်းသွားတဲ့
ပစ္စည်းအများစုကို ဦးရုံးက ယူသွားပါတယ်။ ဒါ့အပြင်ဗိုလ်မှူး ပြည်အောင်က သူ့ရုံးမှာရှိတဲ့စစ်သည်တွေကို ယူနီဖေါင်း အကောင်းစားတွေ ချုပ်ပေးပါသေးတယ်။
သူစင်္ကာပူမှာသွားပြီး ဆေးကုသခံက အပြန်မှာလည်း လက်ဆောင်တွေ ၀ယ်လာပြီး သူ့ရုံးကလူ တွေကိုပဲ ဝေငှပေးပါတယ်။ (မှတ်ချက်။ ထောက်လှမ်းရေးအဖွဲ့တွေ
အသဲအသန် အဖမ်းခံနေရတဲ့ချိန်မှာ ဗိုလ်မှူးပြည်အောင် တယောက်ဒူးနာတယ် ဆိုပြီး စင်္ကာပူ ကိုသွားကာ လအတန်ကြာ ဆေးကုသမူခံယူပါတယ်။)

အကျည်းတန် အရုပ်ဆိုးဆုံးကတော့ ရုံးခန်းကြမ်းပြင်ကို ကြွေပြားခင်းတဲ့ကိစ္စပါပဲ။ ဗျူဟာ စစ်ရေယာဉ်စု ရုံးကို တည် ဆောက်ထားပုံက အင်္ဂလိပ်အက္ခရာ(E) နဲ့
ခပ်ဆင်ဆင် ခက်ရင်းခွပုံသဏ္ဌာန်ပါ။ အလယ်မှာ ဗျူဟာမှူးရုံးခန်းရှိပြီး တဖက် ခြမ်းမှာ G2 ရုံးခန်း G3 ရုံးခန်း၊ ဦးရုံးနဲ့ အစည်းအဝေးခန်းမ ရှိပါတယ်။
အခြားတဖက်မှာတော့ အရာရှိစားရိပ်သာ၊ AQ2 ရုံး ခန်း၊ AQ3 ရုံးခန်း၊ ရေးရုံး၊ ထောက်ရုံး၊ စက်မှုဌာန၊ ဆေးခန်းနဲ့ တာဝန်မှူးကြီးရုံးခန်းတို့ ဖြစ်ပါတယ်။
ဗျူဟာရုံးကြီးတခုလုံး ကိုပြုပြင်မွမ်းမံဖို့ ဗိုလ်မှူးပြည်အောင်က အစီအမံလုပ်ပါတယ်။ လက်တွေပြုပြင်တဲ့ အခါမှာ အလယ် ဗဟိုမှာရှိတဲ့ ဗျူဟာမှူးရုံးခန်းကစပြီး G2
ရုံးခန်းရှိတဲ့ ဖက်ခြမ်းကိုသာ ကြွေပြားခင်းပြီး နံရံဆေးသုတ် ပါတော့တယ်။ ကျန် တဲ့ဖက်အခြမ်းကိုတော့ အရာရှိစားရိပ်သာကလွဲပြီး အခြားရုံးတွေအားလုံးကို
ရှေးမူမပျက်နဂိုအတိုင်းထားပါတယ်။ ဗျူဟာ မှူးရုံးခန်းနဲ့ G2 ရုံးခန်းကိုတော့ အပိုဆုအနေနဲ့ လေအေးစက် တပ်ဆင်ပါတယ်။ လျှပ်စစ်မီးက မမှန်လေတော့တပ်
ဖိုင်မီး စက်ကို အမြဲစက်မောင်း ထားရပါတယ်။

အဲဒီအခြေအနေတွေကြောင့် ရုံးမှာထပ်ပြီးတိုးလာတဲ့ စည်းကမ်းချက်အသစ်က ကြွေပြားခင်းထားတဲ့ အခန်းထဲကိုဝင်ရင် ဖိနပ်မစီးရတဲ့။ ဟာသနှောတတ်တဲ့


သူငယ်ချင်းတဦး ကတော့ အဆင်မပြေလှတဲ့မြင်ကွင်းကိုကြည့်ပြီး ဇရပ်နဲ့ ကျောင်း ပေါင်းပြီး ဆောက်ထားတဲ့ရုံးလို့ မှတ်ချက်ပြုလိုက်ပါတယ်။ ရုံးအဆောက်အဦရဲ့
ဧရိယာတ၀က်မှာ ဇရပ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနိုင်ပေမဲ့ ကျန်တ၀က်ကိုတော့ သာသနာမြေလို အတားအဆီး သတ်မှတ်ချက်တွေ
လုပ်ထားတာကို ရည်ညွှန်းပုံရပါတယ်။
တကယ်ပါပဲ ကျနော်တို့တတွေ စစ်ရုံးချုပ်ကိုသွားတာတောင် ဘယ်အခန်းဝင်ဝင် ဖိနပ်မချွတ်ရပါဘူး။ ဗိုလ်ကြီးတဦးက စိတ်ရူးပေါက်ပြီးလုပ်ထားတဲ့ ဒီမြင်ကွင်းကို
ဗျူဟာမှူး ဗိုလ်မှူးကြီး တဦးက ဘာမှမဝေဖန်ဝံ့သလို တပ်စစ်ဆေးလာရောက် တဲ့ ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း ကလည်း မသိသလို ရေငုံနှုတ်ပိတ်
နေပါတယ်။

ခေါင်းဆောင်ကောင်းပီသစွာနဲ့ တပ်မတော်ကြီး တခုလုံးကို ကျောသားရင်သား မခွဲခြားဘဲ တသွေးတည်းတသားတည်း တန်းတူရည်တူ အုပ်ချုပ်နေပါတယ်ဆိုတဲ့


တပ်မတော်ဒုတိယ ထိပ်သီးကြီးရဲ့ သားမက်လည်းဖြစ် လူထု ကောင်းကျိုးစီး ပွားကို အမြဲရှေ့ရှု၊ ဆောင်ရွက်နေပါတယ်ဆိုတဲ့ ပြည်ခိုင်ဖြိုး ခေါင်းဆောင်ကြီးတဦးရဲ့
ရင်နှစ်သည်းချာ သားလည်းဖြစ်လေ တဲ့ တပ်မတော်အရာရှိတဦးက တပ်မတော်အပေါ်ထားတဲ့ စေတနာကို သေးငယ်တဲ့ ရုံးကလေးတရုံးမှာပဲ ထင်းရှာပေါ် လွင်စွာ
မြင်လိုက်ရပြီမို့ သူတို့တတွေ ဦးဆောင်မဲ့ တပ်မတော်ကြီးရဲ့ အနာဂတ်အရေးကို တွေးကြည့်ရင်ဖြင့် တကယ့်ကို ရင်းလေးစရာ…။

တပ်ကြပ်ကြီး – နေမင်းသူ

တစ်ခြမ်းပဲ့စေတနာ (သု)ိ့ နောက်ခံပုံရိပ်

Posted by admin on January 2, 2011 0 Comment

တပ်မတော် (ရေ) မှာ နှစ်ကာလအတန်ကြာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ကျနော် ဟာ စစ်တပ်အကြောင်း၊ စစ်တပ် ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊
စစ်သည်တွေ အကြောင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတတွေ များစွာရ ခဲ့ပါတယ်။ အထူးသဖြင့် စစ်ခေါင်းဆောင်ကြီးတွေရဲ့သားသမီးဖြစ်သူ အရာရှိတွေရဲ့
စိတ်နေ သဘောထားနဲ့ လုပ်ရပ်ကိုအများပြည်သူ သိခွင့်ရအောင် လက်လှမ်းမီသမျှ တင်ပြလိုပါတယ်။

အဲဒီအကြောင်းတွေကို မပြောမီကျနော် မေတ္တာရပ်ခံ လိုတာကတော့ စစ်တပ်ကိုလေ့လာ သုံးသပ်တဲ့အခါမှာ ကမ်းကုန် အောင် ရက်စက်ယုတ်မာ


မှားယွင်းဖေါက်ပြန်တဲ့ စစ်အာဏာရှင်စနစ်ရဲ့ သရုပ်သကန်နဲ့ စစ်မှုထမ်းတဦးချင်းရဲ့ စိတ်ဓါတ်၊ လုပ်ရပ်တွေကို တပြေးညီထားပြီး မကြည့်ကြဖို့ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ စစ်သားတွေဟာလည်း လူသားတွေဖြစ် နေလို့ ပါပဲ။ သူတို့ဟာ အကြောင်းအမျိုးမျိုးနဲ့ တပ်ထဲကိုရောက်လာကြပြီး
စစ်အာဏာရှင်တွေအလိုကျ ပုံစံသွင်းတားခံထားကြရ ပေ့မဲ့ သူလိုကိုယ်လိုလူသားသဘာဝ ဗီဇလက္ခဏာတွေ ရှိနေကြသူတွေပါ။ ပညာရှင်များ အဆိုအရ
လူသားတဦးရဲ့ စိတ် ပိုင်းဆိုင်းရာ ဖော်ပြချက်ကို အမိစိတ်၊ အဖစိတ်၊ ပတ်ဝန်းကျင်စိတ်နဲ့ သတ္တ၀ါဗီဇ စိတ်တွေက အစိတ်အပိုင်းအနည်းအများ လိုက်ပြီး
လွမ်းမိုးပြဋ္ဌာန်းတယ်လို့  ဆိုပါတယ်။

စစ်တပ်ထဲမှာ စိတ်ထားဖြူစင်ပြီး ယဉ်ကျေးသိမ့်မွေ့သူတွေရှိသလို ကြမ်းတမ်းရိုင်းပြပြီး ကောက်ကျစ်သူတွေလည်း ဒုနဲ့ဒေး ပါ။ အရာရှိရယ်မှ မဟုတ်ဘဲ


အလွာတိုင်းမှာ ဒိလိုပဲရှိနေကြပါတယ်။ တူညီတဲ့ အချက်ကတော့ စစ်မှုထမ်းအားလုံး အထက် အမိန့်ကို တသွေမတိမ်း လိုက်နာဆောင်ရွက်ကြရပါတယ်။
ကျနော်ပြောပြပေးမဲ့ လူကြီးသားသမ်ီး အရာရှိတွေထဲမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ စစ်သည်တွေအပေါ်မှာ ညီရင်းအစ်ကို သဘောထားပြီး
တန်းတူတွေအပေါ်လေး စားသမှုပြုသူ ရှိသလို မိဘအရှိန်အ၀ါကို ခုတုံးလုပ်ပြီး မာန်တံခွန်ထူ တစ်ဖက်သားကို လူလိုမဆက်ဆံ သူတွေလည်း ရှိပါတယ်။ သူတို့
တွေဟာ ဥပဒေရဲ့အထက်မှာ လွတ်လပ်စွာ ရပ်တည်လှုပ်ရှားနိုင်တဲ့ အခွင့်ထူးခံ လူအလွှာတရပ် ဖြစ်ပါတယ်။

ကျနော်တွေ့ကြုံဆက်ဆံရတဲ့ အထက်ပါပုဂ္ဂိုလ်တွေထဲမှာ အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းရဲ့ သားတဦးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး


မောင်အေးရဲ့သားမက်တော်စပ်သူ ရေ (၃၇၄၇) ဗိုလ်မှုးပြည်အောင်ရဲ့ အကြောင်းကို ဦးစွာတင်ပြ လိုပါတယ်။
သူဟာဗိုလ်ကြီးအဆင့်နဲ့ ရေတပ်ထောက်လှမ်းရေးတပ်မှာ တပ်ဖွဲ့မှုးတာဝန်ထမ်းဆောင်ခဲ့ပြီး ထောက်လှမ်းရေးအဖွဲ့တွေ နှိပ် ကွပ်မခံရမီ (၆) လခန့် အလိုလောက်မှာ
အခြားတပ်ဖွဲ့တခု ပြောင်းရွှေ့သွားပါတယ်။ သူမပြောင်းမီမှာ ထောက်လှမ်းရေး တပ်က ဆရာကြီးအချို့ကိုခေါ်ပြီး မကြာမီ ထောက်လှမ်းရေးတွေ
နှိပ်ကွပ်ခံရတော့မယ် သတိဝိရိယနဲ့ နေကြလို့ မှာကြား သွားကြောင်း သိရပါတယ်။

၂၀၀၄ ခုနှစ် အကုန်ပိုင်းမှာတော့ သူဟာ သံလျင်မြို့အောက်နားက သီလ၀ါမှာရှိတဲ အမှတ် (၁) ဗျူဟာစစ်ရေယာဉ်စုကို စစ်ဦးစီးမှူး (ဒုတိယတန်း) G.2 အဖြစ်နဲ့
ရောက်ရှိလာပါတယ်။ အဲဒီအချိန်မှာ သူက ယာယီအစမ်းခန့် ဗိုလ်မှူးဖြစ်ပြီး ဗျူ ဟာမှူးကတော့ ရေ (၁၂၈၂) ဗိုလ်မှူးကြီး သူရသက်ဆွေ ဖြစ်ပါတယ်။
ဗိုလ်မှူးပြည်အောင် မတိုင်မီက အဲဒီ G2 နေရာကို စိနီယာဗိုလ်မှူး တဦးကို ခန့်အပ်လေ့ရှိပါတယ်။ ဘာကြောင့်ဆိုတော့ ဗျူဟာစစ်ရေယာဉ်စု အုပ်ချုပ်မှုအောက်က
စစ်ရေ ယာဉ်မှူးတွေဟာ ဒုတိယဗိုလ်မှုးကြီး အဆင့်ထိရှိပြီး ဗျူဟာရုံးမှာက ဗျူဟာမှူးပြီးရင် G2 က လုပ်ပိုင်ခွင့် အရှိဆုံးမို့ပါ။ ဌာန ချုပ်တွေမှာတော့
ဌာနချုပ်မှူးပြီးရင် ဒုဌာနချုပ်မှူး၊ G1 စသည်ဖြင့် အဆင့်ဆင့် ရှိတာကြောင့် G2 လုပ်ပိုင်ခွင့်သိပ်မရှိပါဘူး။

ဗိုလ်မှူးပြည်အောင် G2 တာဝန်ထမ်းဆောင်ချိန်ကစပြီး ဗျူဟာရုံးမှာထူးခြားတဲ့ ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာပါတယ်။ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း


ကိုယ်တိုင်ရုံး အခြေအနေကို လာကြည့်သွားပြီး လိုအပ်တဲ့ စာရေးကိရိယတွေနဲ့ ရုံး သုံးပစ္စည်းတွေလှူဒါန်းပါတယ်။
ဗျူဟာမှာ စစ်ဦးဌာန(ဦး)၊ စစ်ရေးဌာန(ရေး)၊ စစ်ထောက်ဌာန (ထောက်)၊ စက် မှုလက်မှုဌာန (စက်) ရယ်လို့ရှိကြပြီး ဌာန တခုချင်းကို ဗိုလ်မှူးတဦးစီ
အုပ်ချုပ်ပါတယ်။ အဲဒိအထဲမှာ ဗိုလ်မှူးပြည် အောင်ကဂျူနီယာ အကျဆုံးပါ။ သို့သော်လည်း ၀န်းကြီးနောက်က ပါလာတဲ့အလှူရှင်တွေ လှူဒါန်းသွားတဲ့
ပစ္စည်းအများစုကို ဦးရုံးက ယူသွားပါတယ်။ ဒါ့အပြင်ဗိုလ်မှူး ပြည်အောင်က သူ့ရုံးမှာရှိတဲ့စစ်သည်တွေကို ယူနီဖေါင်း အကောင်းစားတွေ ချုပ်ပေးပါသေးတယ်။
သူစင်္ကာပူမှာသွားပြီး ဆေးကုသခံက အပြန်မှာလည်း လက်ဆောင်တွေ ၀ယ်လာပြီး သူ့ရုံးကလူ တွေကိုပဲ ဝေငှပေးပါတယ်။ (မှတ်ချက်။ ထောက်လှမ်းရေးအဖွဲ့တွေ
အသဲအသန် အဖမ်းခံနေရတဲ့ချိန်မှာ ဗိုလ်မှူးပြည်အောင် တယောက်ဒူးနာတယ် ဆိုပြီး စင်္ကာပူ ကိုသွားကာ လအတန်ကြာ ဆေးကုသမူခံယူပါတယ်။)

အကျည်းတန် အရုပ်ဆိုးဆုံးကတော့ ရုံးခန်းကြမ်းပြင်ကို ကြွေပြားခင်းတဲ့ကိစ္စပါပဲ။ ဗျူဟာ စစ်ရေယာဉ်စု ရုံးကို တည် ဆောက်ထားပုံက အင်္ဂလိပ်အက္ခရာ(E) နဲ့
ခပ်ဆင်ဆင် ခက်ရင်းခွပုံသဏ္ဌာန်ပါ။ အလယ်မှာ ဗျူဟာမှူးရုံးခန်းရှိပြီး တဖက် ခြမ်းမှာ G2 ရုံးခန်း G3 ရုံးခန်း၊ ဦးရုံးနဲ့ အစည်းအဝေးခန်းမ ရှိပါတယ်။
အခြားတဖက်မှာတော့ အရာရှိစားရိပ်သာ၊ AQ2 ရုံး ခန်း၊ AQ3 ရုံးခန်း၊ ရေးရုံး၊ ထောက်ရုံး၊ စက်မှုဌာန၊ ဆေးခန်းနဲ့ တာဝန်မှူးကြီးရုံးခန်းတို့ ဖြစ်ပါတယ်။
ဗျူဟာရုံးကြီးတခုလုံး ကိုပြုပြင်မွမ်းမံဖို့ ဗိုလ်မှူးပြည်အောင်က အစီအမံလုပ်ပါတယ်။ လက်တွေပြုပြင်တဲ့ အခါမှာ အလယ် ဗဟိုမှာရှိတဲ့ ဗျူဟာမှူးရုံးခန်းကစပြီး G2
ရုံးခန်းရှိတဲ့ ဖက်ခြမ်းကိုသာ ကြွေပြားခင်းပြီး နံရံဆေးသုတ် ပါတော့တယ်။ ကျန် တဲ့ဖက်အခြမ်းကိုတော့ အရာရှိစားရိပ်သာကလွဲပြီး အခြားရုံးတွေအားလုံးကို
ရှေးမူမပျက်နဂိုအတိုင်းထားပါတယ်။ ဗျူဟာ မှူးရုံးခန်းနဲ့ G2 ရုံးခန်းကိုတော့ အပိုဆုအနေနဲ့ လေအေးစက် တပ်ဆင်ပါတယ်။ လျှပ်စစ်မီးက မမှန်လေတော့တပ်
ဖိုင်မီး စက်ကို အမြဲစက်မောင်း ထားရပါတယ်။

အဲဒီအခြေအနေတွေကြောင့် ရုံးမှာထပ်ပြီးတိုးလာတဲ့ စည်းကမ်းချက်အသစ်က ကြွေပြားခင်းထားတဲ့ အခန်းထဲကိုဝင်ရင် ဖိနပ်မစီးရတဲ့။ ဟာသနှောတတ်တဲ့


သူငယ်ချင်းတဦး ကတော့ အဆင်မပြေလှတဲ့မြင်ကွင်းကိုကြည့်ပြီး ဇရပ်နဲ့ ကျောင်း ပေါင်းပြီး ဆောက်ထားတဲ့ရုံးလို့ မှတ်ချက်ပြုလိုက်ပါတယ်။ ရုံးအဆောက်အဦရဲ့
ဧရိယာတ၀က်မှာ ဇရပ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနိုင်ပေမဲ့ ကျန်တ၀က်ကိုတော့ သာသနာမြေလို အတားအဆီး သတ်မှတ်ချက်တွေ
လုပ်ထားတာကို ရည်ညွှန်းပုံရပါတယ်။
တကယ်ပါပဲ ကျနော်တို့တတွေ စစ်ရုံးချုပ်ကိုသွားတာတောင် ဘယ်အခန်းဝင်ဝင် ဖိနပ်မချွတ်ရပါဘူး။ ဗိုလ်ကြီးတဦးက စိတ်ရူးပေါက်ပြီးလုပ်ထားတဲ့ ဒီမြင်ကွင်းကို
ဗျူဟာမှူး ဗိုလ်မှူးကြီး တဦးက ဘာမှမဝေဖန်ဝံ့သလို တပ်စစ်ဆေးလာရောက် တဲ့ ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း ကလည်း မသိသလို ရေငုံနှုတ်ပိတ်
နေပါတယ်။

ခေါင်းဆောင်ကောင်းပီသစွာနဲ့ တပ်မတော်ကြီး တခုလုံးကို ကျောသားရင်သား မခွဲခြားဘဲ တသွေးတည်းတသားတည်း တန်းတူရည်တူ အုပ်ချုပ်နေပါတယ်ဆိုတဲ့


တပ်မတော်ဒုတိယ ထိပ်သီးကြီးရဲ့ သားမက်လည်းဖြစ် လူထု ကောင်းကျိုးစီး ပွားကို အမြဲရှေ့ရှု၊ ဆောင်ရွက်နေပါတယ်ဆိုတဲ့ ပြည်ခိုင်ဖြိုး ခေါင်းဆောင်ကြီးတဦးရဲ့
ရင်နှစ်သည်းချာ သားလည်းဖြစ်လေ တဲ့ တပ်မတော်အရာရှိတဦးက တပ်မတော်အပေါ်ထားတဲ့ စေတနာကို သေးငယ်တဲ့ ရုံးကလေးတရုံးမှာပဲ ထင်းရှာပေါ် လွင်စွာ
မြင်လိုက်ရပြီမို့ သူတို့တတွေ ဦးဆောင်မဲ့ တပ်မတော်ကြီးရဲ့ အနာဂတ်အရေးကို တွေးကြည့်ရင်ဖြင့် တကယ့်ကို ရင်းလေးစရာ…။

တပ်ကြပ်ကြီး – နေမင်းသူ

http://www.naytthit.net/

ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ ဆိုင်က လူသတ်မှု

တောင်ငူမြို့ ခပေါင်းတံတားအဆင်း အုတ်တွင်း မြို့နယ်ပိုင်နယ်မြေအတွင်း ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် ဖွင့်လှစ်ထားသော ဗိုလ်ချုပ်တင်အေးရဲ့ တူ၊


တူမဖွင့်လှစ်ထားတဲ့ KTV ဆိုင်တွင် ၂၅.၁၂.၂၀၁၀ ရက်နေ့ ညပိုင်း ရ နာရီလောက် အချိန်တွင် ဆိုင်အတွင်းစားသောက်နေကြသော ကိုဇော်ဇော်ဝင်း၊
ကိုစိုးသိန်းတို့သူငယ်ချင်း ၄ ယောက်တို့အဖွဲ့နှင့် ဆိုင်ရှိစားပွဲထိုးနှင့်စကားများကြ ရာ ဆိုင်ရှင်ဖြစ်သူ ဗိုလ်ချုပ်တင်အေး ဧ။် တူ၊တူမ ကမျက်စပြစ်၍ ရိုက်သတ်ပစ်
ဟု ပြောကာ တစ်ဆိုင်လုံး ၀ိုင်းရိုက်ကြသဖြင့် ကိုဇော်ဇော် ၀င်း ဦးခေါင်းဒဏ်ရာ ရသေဆုံးသွားပါတယ်။ ကိုစိုးသိန်းကတော့ ခေါင်းမှဒဏ်ရာကို ၈ချက်ချုပ်လိုက်ပြီး
ဆေးရုံကမဆင်းရသေးပါဘူး။ လက်ရှိစားပွဲထိုး ၄ ယောက်ကိုအဖမ်းပြထားပါတယ်။

အနီးအနားဝန်းကျင်ဧ။်ပြောပြချက်အရ ဆိုင်ရှင် ဗိုလ်ချုပ်တင်အေးဧ။်တူ၊တူမတို့ကအခုဖြစ်ပွားခဲ့တဲ့လူသတ်မှုက ဦးလေးရဲ့ဝိတ်ကိုအသုးံ ချပြီး


အစွမ်းကုန်လွတ်မြောက်အောင်လုပ်သွားမယ်လို့သိရပါတယ်။

သေဆုးံသူကိုဇော်ဇော်ဝင်းရဲ့အလောင်းကို၂၇ရက်နေ့နေ့လည်၂နာရီခွဲအချိန်တွင်သဂြိုလ်လိုက်တယ်လို့သိရပါတယ်။
အုတ်တွင်း ရဲစခန်းမှူး က ဒီအမှုကိုရှင်း ခက်နေတယ်လို့ ကြားသိရပါတယ်။
လူသတ်မှုဖြစ်ပွားခဲ့တဲ့ ဗိုလ်ချုပ်တင်အေးရဲ့တူ၊တူမ ပိုင်ဆိုင်တဲ့ အောဆွိ KTV ဆိုင်တွင် အမျိုးသားများအတွက် လိုချင်တာအကုန်ရတဲ့နေရာ လည်းဖြစ်ပါတယ်။
ပေးပို့သော အောင်မောင်း 8888(ပြည်တွင်း)အားကျေးဇူးတင်ရှိပါသည်။
http://www.dawnmanhon.com/2010/12/ktv.html

Sunday, January 02, 2011

နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်

၂၀၁၀ ဒီဇင်ဘာ ၃၀ ရက်နေ့က ရန်ကုန်ရှိနေအိမ်တွင် သူ၏ခွေးလေးကိုချီပွေ့ထားစဉ်(မိုင်အိနိချိ)

လွန်ခဲ့သည့် နိုဝင်ဘာလကလွတ်မြောက်လာပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် “မြန်မာပြည်မှစာ” ကော်လံကို


တဖန်ပြန်လည်ရေးသားပေးခြင်းဖြင့် ၁၃ နှစ်ကျော် ဤစာမျက်နှာများပေါ်မှ ကွယ်ပျောက်နေခြင်းကို အဆုံးသတ်စေ ပါတော့ မည်။

သူ့ကော်လံတွင် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်ဆန်သောအစိုးရ အား စိန်ခေါ်မှုများကို ရင်ဆိုင်လျက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုများ အတွက်


ရှေ့ရှုကာ တိုက်တွန်းရေးသားသွားမည်ဟု ရည်ရွယ်ထားပါသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မိုင်အိနိချိသတင်းထောက်နှင့် တွေ့ဆုံရာတွင် သူ၏လစဉ်ကော်လံကို ပြန်လည်ရေး သား ပေးမည်ဟု


သဘောတူခဲ့ပါသည်။

ဒီဇင်ဘာနှောင်းပိုင်းတွင် အခြားဓာတ်ပုံသတင်းထောက်နှင့်တွေ့စဉ် “မြန်မာပြည်ကစာ”ကော်လံသစ်များ အတွက် ပထမဦးဆုံး ဆောင်းပါး ကို ပရိသတ်များအတွက်


နှုတ်ခွန်းဆက်နှင့်အတူ ပေးလိုက်ပါသည်။

“ မိုင်အိနိချိစာဘတ်ပရိသတ်များအားလုံးမှာ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းများ ပြည့်ဝသည့် နှစ်သစ်တခုဖြစ်ကြပါ စေရန်


ကောင်းမွန်သောဆန္ဒများစွာဖြင့် ဆုမွန်ကောင်းတောင်း လိုက်ပါသည်” …
ဒေါ်အောင်ဆန်းစုကြည်

နှစ်တနှစ်၏အစသည် အတိတ်ဖြစ်ရပ်များကို ပြန်လည်သစ်လွင်ခြင်း၊ ပြန်လည်နိုးကြားစေခြင်း၊ သန္နိဋ္ဌာန်ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့်


အမှတ်ရခြင်းတို့၏အချိန်သမယဖြစ်ပေသည်။

၂၀၁၀ ကို ကျွန်မပြန်လည်ကြည့်မိပါသည်။ ရေညစ်များထဲတွင် အားလုံးပျောက်ကွယ်သွားသကဲ့သို့ ယင်းနှစ်၏အပိုင်းအစများသည်


မမှတ်မိနိုင်လောက်အောင်ပင်ဖြစ်ရပါသည်။ ၂၀၁၀ ၏ပထမနေ့ရက် ကို ကျွန်မ မည်ကဲ့သို့ အသုံးချခဲ့ပါသလဲ။ ကျွန်မ မမှတ်မိနိုင်ပါ။

သို့သော် ကွန်မပြောနိုင်သည်ကတော့ သက်တောင့်သက်သာမဟုတ်နိုင်ခဲ့ပါ။ ကျွန်မအိမ်ကို ပြင်ဆင် ရန် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့ပါသည်။
ရက်သတ္တပတ်အနည်းငယ် ကြာလာတော့ မြူနီစီပယ်အာဏာပိုင်တွေ၏အမိန့်ကြောင့် ရပ်ဆိုင်းခဲ့ရပါသည်။

ထိုအမိန့်ကို ပြန်လည်ရုတ်သိမ်းရန် ကျွန်မ၏ရှေ့နေများကြိုးစားဆောင်ရွက်နေချိန်မှာ ကတ္ထူပုံးများ၊ အမျိုးအမည်မခွဲခြားနိုင်သည့် ပစ္စည်းများကိုထုပ်ပိုးထားသည့်


သက္ကလပ်စောင်ထူထုပ်များ၊ သေတ္တာ မျိုးစုံများနှင့် ယိမ်းယိုင်နေသော စာအုပ်ပုံများကြားတွင် လပေါင်းများစွာ ကျွန်မနေထိုင်ခဲ့ရပါသည်။

မြင့်မားသည့်စာအုပ်စင်၊ ထီးထီးကြီးဖြစ်နေသည့်စားပွဲများနှင့် ဖုထစ်နေသောအထုပ်အပိုးများကြားတွင် ညပ်နေသည့်ကျွန်မအိပ်ရာထက်မှ အပေါ်ကိုကြည့်လိုက်လျှင်


မျက်နှာကျက် အပေါက်အပြဲများကို ကောင်းစွာမြင်တွေ့နေရပါသည်။ ထိုမြင်ကွင်းသည် သဘာဝ၏ဟောင်းနွမ်းပျက်ယွင်းမှု သင်္ခါရတရား ကို
အာရုံဝင်စားဆင်ခြင်နိုင်ရန် အချိန်များစွာပေးဆောင်ခဲ့ပါသည်။

ရာသီဥတုအေးသောအခါ ပြည့်ကျပ်နေသည့်အခန်းမှာ နွေးနွေးထွေးထွေးရှိနေသယောင်ပါ။ မြို့ပြအ တွင်း တောစခန်းချရသလိုပုံစံ နေထိုင်ရခြင်းသည်


တခုခုအတွက် စွန့်စားခန်းလို ထင်မြင်နိုင်ပါသည်။ သို့ရာတွင် ရာသီဥတု ပို၍ပို၍ပူလာသောအခါ ကြည်နူးဆွတ်ပျံ့ဘွယ်အာရုံများ လွင့်ပါးပျောက်ကွယ်
သွားခဲ့ရပါသည်။ အထူးသဖြင့် အိပ်ခန်း၏ပြတင်းပေါက်များအပြင်တွင် ဆင်ထားသည့်ငြမ်းများကြောင့် ပြတင်းပေါက်များမဖွင့်နိုင်သောအခါ အိုက်စပ်ပူလောင်မှုဖြင့်
အိပ်မပျော်ခြင်းကို ညပေါင်းများစွာ ခံစားခဲ့ရပါသည်။ ကျွန်မသည် အကောင်းဆုံးကျန်းမာရေးအခြေအနေကို မခံစားနိုင်ခဲ့ပါ။

၂၀၁၀ ၏ ပထမ ၃ လပတ်သည် ကိုယ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာမရှိခဲ့ရသည့်ကာလဖြစ်ရုံ မက စိတ်လှုပ်ရှားမှုလွန်ကဲခဲ့ရသောအချိန်လည်းဖြစ်ပါသည်။


ယမန်နှစ်က အင်းစိန်တရားရုံးမှာ ကျွန်မ အပေါ်ချမှတ်သည့်ပြစ်ဒဏ်ကို အယူခံဝင်ရေးတိုင်ပင်ဆွေးနွေးရန်အတွက် ကျွန်မ၏ရှေ့နေများ အခါ အားလျော်စွာ
ကျွန်မထံလာရောက်ခဲ့ကြပါသည်။ ဥပဒေလုပ်ထုံးလုပ်နည်းများ အားလုံးသည် စိတ်ဝင် စားစရာကောင်းသည်ကို ကျွန်မသိမြင်လာရပါသည်။
အတွေ့အကြုံရင့်ကျက်ပြီး စွမ်းရည်ပြည့် ကျွန်မ ၏ ရှေ့နေကြီးများထံမှ များစွာသင်ယူခဲ့ပါသည်။

၁၉၉၅ ခုနှစ်မှစ၍ “ဥပဒေစိုးမိုးရေး”ကိုကိုင်စွဲထားလျက်၊ ကျွန်မတို့နိုင်ငံတွင် “ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူများ၏ရပိုင်ခွင့်များ”အတွက်


ကာကွယ်ပေးနေကြသော သူတို့တတွေနှင့် အမျိုး သားဒီမိုကရေစီအဖွဲ့၏ ဥပဒေကော်မီတီတို့ကို ကျွန်မ လွန်စွာဂုဏ်ယူမိပါသည်။

ထိုရှေ့နေများအနက်မှ ဦးဥာဏ်ဝင်းသည် အဲန်အယ်လ်ဒီအလုပ်အမှုဆောင်ကော်မီတီဝင်တဦးဖြစ်နေ

သည့်အတွက် ကျွန်မ၏အိမ်ပြင်ပတွင်ဖြစ်ပျက်နေသော နိုင်ငံရေးအကြောင်းများကို များစွာသိမြင် လေ့လာနိုင်ခဲ့ပါသည်။


ပါတီ၏အဆုံးအဖြတ်ပေးရမည့်လုပ်ငန်းစဉ်တွင်လည်း အတိုင်းအတာတခု အတွက် ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းအတွက်အရေးကြီးတဲ့နှစ်အတွင်းမှာ အသိပညာစိန်ခေါ်မှုများ သည် ကျွန်မအဘို့ ကျန်မာရေးထက်


လွန်စွာအရေးကြီးလျက်ရှိနေပါသည်။

မြန်မာ့နှစ်ကူးချိန်ကျရောက်မည့် ဧပြီလလယ်လောက်မှာတော့ ကျွန်မ၏အိမ်ကိုပြန်လည်ပြင်ဆင်ခွင့် ဆက်လက်ပြုလုပ်နိုင်ကြောင်း


တရားရုံးကအမိန့်ချမှတ်ပေးခဲ့ပါသည်။ ပြင်ပကမ္ဘာနှင့်အဆက်အသွယ် ပြတ် အသံတိတ်ဆိတ်နေရသည့်နေရာကလေးသည် အလုပ်သမားများ
နေရာအပြည့်လွှမ်းလျက် အသံနှင့်လှုပ်ရှားမှုများ အဆက်မပြတ်ထွက်ပေါ်ခဲ့ပါသည်။

လုပ်စရာတွေအများကြီးရှိခဲ့ပါသည်။ အဓိကအနေကတော့ ခေါင်မိုးကိုပြင်ရန်ဖြစ်ပါသည်။ နှစ်ပေါင်းများ စွာ မုတ်သုန်လများတွင် ကျွန်မ၏ အိပ်ရာရွှေ့ခဲ့ရပါတယ်။


ခွက်တွေ၊ ပလုံးတွေနှင့်ပုံးတွေသည် စစ်တုရင် ကစားတပွဲကအရုပ်များလို မိုးယိုမှုများကိုဖမ်းဆီးရန် ကျွန်မ၏ အိပ်ခန်း တွင်း ကြိုးစားနေရာယူ ထားကာ အိပ်ရာ(နှင့်
အကယ်၍ အိပ်ရာပေါ်မှာ ကျွန်မရှိခဲ့လျှင်လည်း ကွန်မကိုပါ) စွတ်စိုမှုအန္တရာယ်မှ အကာအကွယ်ပေးခဲ့ကြပါတယ်။၊ အခုတော့ ခေါင်မိုးမှာ အသံစုံထွက်ပေါ်နေပါပြီ။

နောက်မိုးရေတွေကို ကျွန်မတည်ငြိမ်စွာ စောင့်မျှော်နိုင်ပါပြီ။ မြန်မာစကားမှာတော့ အမိုးကောင်းပါက လုံခြုံမှုရှိသည်ဟုတင်စားပါသည်။ ထိပ်ပိုင်းမှာ


အားလုံးကောင်းလျှင် ထွက်ပေါက်တလျှောက်အားလုံး ကောင်းကောင်းမွန်မွန်ဖြစ်မည်ဟူသည့် ဆိုရိုးကိုထင်ဟပ်စေပါသည်။

ပြင်ဆင်ခြင်းနှင့်အသစ်ပြုပြင်ခြင်းများသည် အနာဂတ်မှာ ကိုယ်ပိုင်းဆိုင်ရာသက်တောင့်သက်သာမှုကို ပိုရှိစေမည်ဟု ဆိုရမှာပါ။ သို့ရာတွင် ပြုပြင်ခြင်းအတွက်


သက်မဲ့ရုပ်ပိုင်းဆိုင်ရာထက်စာလျှင် ဖြစ်နိုင် သည့်လူသားချင်းဆက်ဆံရာမှာ ပိုမိုအရေးပါပါလိမ့်မည်။

အိမ်ပြင်ဆင်ခြင်းသည် ဧပြီလမှစက်တင်ဘာလအထိ ကြားတွင် ၃ ပတ်နားလျက် ၅ လနီးပါး အချိန် ကြာခဲ့ပါသည်။ ထိုအတွင်း


ကျွန်မတို့၏အလုပ်သမားများ၏ဘဝများနှင့်အနေအထားများကို ကျွန်မ နေ့စဉ် တွေ့ကြုံရင်းနှီးခွင့်ရရှိခဲ့ပါသည်။ ကျွန်မတို့နိုင်ငံ၏လုပ်သားအင်အားစုတွေ
ကိုင်တွယ်ဖြေရှင်း ရမည့်အခက်အခဲများနှင့် သူတို့ရဲ့မြော်လင့်ချက်များနှင့်ပြင်းပြသည့်ဆန္ဒများ၏ ပိုမိုထင်ရှားသည့် အမြင်များကို ကောင်းစွာနားလည်
သဘောပေါက်ခွင့် ရရှိခဲ့ပါသည်။

အိမ်ပြင်ခြင်းအစီအစဉ်၏ အခြားအကျိုးဆက်တခုမှာ အထူးစုံစမ်းရေးတပ်ဖွဲ့ဝင်များ၊ ခြံဝန်းအတွင်း လုံခြုံရေးတာဝန်ယူနေရသူများနှင့် မကြာခဏ


တိုင်ပင်ဆွေးနွေးကြရခြင်းပင်ဖြစ်ပါသည်။ လူများနှင့် ပစ္စည်းများ ခြံတွင်းသို့သွင်းရခြင်းအတွက် ညှိနှိုင်းရသည်မှာ နေ့စဉ်နီးပါးဖြစ်ပါသည်။ ထိုစဉ် အခက်
အခဲအတားအဆီးများကို နှစ်ဘက်က အကျိုးအကြောင်းနှင့် အလျှော့အတင်းပြုလုပ်ပေးခြင်းဖြင့် ပြေလည်နိုင်သည်ကို တွေ့ခဲ့ကြရပါသည်။

၂၀၁၀ သည် ကျွန်မအိမ်အတွက် ကောင်းမွန်တိုးတက်မှုများဖြစ်စေခဲ့သည့် နှစ်တနှစ်ဖြစ်ခဲ့ပါသည်။

သို့ရာတွင် ကျွန်မတို့နိုင်ငံသားများနေထိုင်ရာအိမ်ဖြစ်သည့် ကျွန်မတို့တိုင်းပြည်အတွက် ထိုနှစ်သည် ဘာတွေယူဆောင်ပေးခဲ့သလဲ ဆိုသည်မှာ


ပိုမိုအလေးထားရမည့် ဖြစ်ရပ်ဖြစ်ပါသည်။ နောင်တချိန်မှာ ပြောပါဦးမည်။

ကျွန်မအား အနှစ် ၂၀ ကျော် ချစ်ကြည်ရင်းနှီးမှုနှင့်အားပေးခဲ့သည့် “မိုင်အိနိချိ သတင်းစာ”ကို အထူး ကျေးဇူးတင်ကြောင်းကို ဖော်ပြရန် အတွက် ၄င်း၊ “မိုင်အိနိချိ
သတင်းစာ”၏ ပရိသတ်အား မျှဝေရန် အတွက်၎င်း၊ ကျွန်မခင်ပွန်းအတွက် အထူး အရေးပါစေခဲ့သည့်ကဗျာ ကျွန်မနှစ်သက်သည့် ယင်း ကဗျာဥာဏ်၏
ကောက်နှုတ်ချက်ကို ဖော်ပြခြင်းဖြင့် ကျွန်မလွတ်မြောက် လာခဲ့ပြီးမှ ပထမဦး ဆုံးရေးတဲ့ ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

ဒါပေမင့် … ဒီနေ့ ကောင်းစွာနေထိုင်ခဲ့ကြပါတယ် …

လွန်ခဲ့တဲ့နေ့တိုင်းကို ပျော်ရွှင်ခြင်းအိပ်မက်နှင့် …

မနက်ဖန်တိုင်းကို မြော်လင့်ခြင်းရဲ့အမြင် ဖြစ်စေပါတယ် …

ဒါကြောင့် … ယနေ့ကို ကောင်းစွာ သုံးသပ်ကြည့်ရှုပါ …

(Vedic Hymn ကိုအခြေပြုသော The Salutation to the Dawn မှ )

(ဒေါ်)အောင်ဆန်းစုကြည်
(Mainichi Japan)

ဇန္နဝါရီ ၁ ၊ ၂၀၁၁

(ဇန္နဝါရီ ၁ ၊ ၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဖော်ပြထားသော ဒေါ်အောင်ဆန်းစုကြည်၏ Looking Back, Looking Forward ဆောင်းပါးကို
ပြန်ဆိုပါသည်။)
http://www.dawnmanhon.com/ မှ

You might also like