You are on page 1of 1

ရက္ခအလင်းတန်း

(၂၂၆)
၂၂၆)နှစ်မြောက် ရခိုင်ပြည်အချူပ်အချာအာဏာကျဆုံးသောနေ့
သောနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

စာအမှတ် - ၁/၂၀၁၀။
၂၀၁၀။ ရက်စွဲ - ၃၁.
၃၁.၁၂.
၁၂.၂၀၁၀။

ရခိုင်လူမျိုးတို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက အချုပ်အချာအာဏာပိုင်ဆိုင်သော ရခိုင်ပြည်တွင် ကိုယ်ထီးကိုယ်


နန်းဖြင့် နေထိုင်လာခဲ့ကြရာမှ ရခိုင်သက္ကရာဇ် ၁၁၄၆ ခု ပြာသိုလပြည့်ကျော်(၇)ရက်၊ ခရစ်သက္ကရာဇ် ၁၇၈၄ ခု ဒီဇင်ဘာလ (၃၁)
ရက်နေ့တွင် ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း၏ မကြေညာသောစစ်ဖြင့် ချီတက်သိမ်းပိုက်ခဲ့ရာ ရခိုင်အချုပ်အချာအာဏာ ကျဆုံး
ခဲ့ရသည်။

၁၉၆၂ ခုနှစ်တွင် ရခိုင်အချုပ်အချာအာဏာသည် ဗမာပြည်သူတို့နှင့်အတူ စစ်အာဏာရှင်တို့လက်အောက် ထပ်မံကျ


ရောက်ခဲ့ရပြန်သည်။ ယနေ့ကဲ့သို့ ဒီမိုကရေစီ ဆိတ်သုဉ်းပြီး စစ်အာဏာရှင်စနစ်အောက် ထပ်မံကျရောက်နေသော ရခိုငပြည်
်ပြည်
အချုပ်အချာအာဏာကျဆုံးသည်(့ ၂၂၆)
၂၂၆)နှစ်မြောက်နေ့
နေ့တွ
တငွ် နအဖစစ်အစိုးရအား အောက်ပါအချက်အလက်များဖြင့် တောင်းဆို
လိုက်သည်။

၁။ ရခိုငယ
့် ဉ်ကျေးမှု၊ ရခိုင့်စာပေ၊ ရခိုင့်သမိုင်းကို ဖေါ်ထုတ်ခြင်းအား တားဆီးပိတ်ပင်နေမှုကို ရပ်တန့်ပေးရန်၊

၂။ ရခိုင်လူမျိုးတို့၏ မြေပေါ်မြေအောက် သဘာဝသယံဇာတများကို ထုတ်လုပ်ရောင်းချနေခြင်းအား ချက်ချင်း ရပ်ဆိုင်းရန်၊

၃။ ရခိုင်ယဉ်ကျေးမှုများကို ပျက်စီးစေရန်ရယ်ရွယ်ကာ ရခိုင်ပြည်သူလူထု၏ဆန္ဒကိုမရယူဘဲ ရခိုင်ရှေးဟောင်းယဉ်ကျေးမှု

အဆောက်အဦများရှိရာ နယ်မြေများအတွင်း ရထားလမ်းဖေါက်လုပ်နေမှုအား ချက်ချင်းရပ်ဆိုင်းပေးရန်၊

၎။ မတရားစွပ်စွဲချက်များဖြင့် သရက်ထောင်တွင်အကျဉ်းချခံနေရသော ရခိုင်သမိုင်းသုတေသီ အရှင်ပညာစာရအား ဖမ်းဆီး


ချုပ်နှောင်ထားခြင်းမှ ချက်ချင်းလွှတ်ပေးရန်၊

၅။ တိုင်းရင်းသားများ၏ တန်းတူညီမျှမှုကို အသိအမှတ်ပြုပြီး နအဖ စစ်အစိုးရ၏ “တိုင်းရင်သားစည်းလုံးညီညွတ်ရေး” ဆိုသည့်


စကားကို အပြောမဟုတ်ပဲ အလုပ်ဖြင့်သက်သေပြရန်၊

၆။ တိုင်းရင်းသားအားလုံး၏ မိမိကံကြမ္မာကို မိမတ


ိုက
့ သာ ဖန်တီးခွင့်အရေးကို လေးစားလိုက်နာရန်

၇။ စစ်အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်သို့ အမြန်ဆုံးပြောင်းလဲရန်

တို့ကို တောင်းဆိုလိုက်သည်။

ဤနေ့မှသည် ရှေ့ဆက်ပြီး ရခိုင်အချုပ်အချာအာဏာ ပြန်လည်တည်တန့်ရေးနှင့် ဒီမိုကရေစီရေးအတွက် ထိုတောင်း


ဆိုချက်များဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိစေရန် ဤကြေညာချက်ကို ထုတ်ပြန်အပ်ပါသည်။

ရက္ခအလင်းတန်း


  - arakanray21@gmail.com

You might also like