You are on page 1of 2

ဘယ်လိုယုံကြည်ရမှာလဲ Blink Hacker Group

ရဲသူရိန်။ ဇန်န၀ါရီ လ ၃ ရက် ၂၀၁၁

ကျွန်တော်သည် ပြည်တွင်းမှ ကွန်ပျူတာပညာရပ်ကို စိတ်ဝင်စားတဲ့ ကွန်ပျူတာ ၀ါသနာရှင် လူငယ် တစ်ဦး


သာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဧရာဝတီဘလော့ဂ်မှတဆင့် ဟက်ကာအဖွဲ့၏ ပေးစာဆိုပြီး သတင်းတစ်ပုဒ်
ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းမှာ Blink Hacker Group ဆိုတဲ့ ဟက်ကာအဖွဲ့မှ စစ်အစိုးရနှင့် ၄င်းတို့ကိုကျားကန်
ပေးနေသော ဒေါက်တိုင်မီဒီယာများကို အင်တာနက်စစ်ပွဲ တစ်ရပ်ဆင်နွဲသွားမည်ဖြစ် ကြောင်း၊ သူတို့ အစီအစဉ်အရ
စစ်အစိုးရ၏ ဒေါက်တိုင်မီဒီယာ ၀က်ဘ်ဆိုက်များကို DDoS စနစ်ဖြင့် တိုက်ခိုက်ကာ ဖြိုချသွားမည်ဖြစ်ပြီး ၄င်းတို့နှင့်အတူ
ပါဝင်ဆင်နွဲရန် ဖိတ်ခေါ်ထားကြောင်း တွေ့ရှိရပါတယ်။

ကျွန်တော်အနေနဲ့လည်း အဲဒီအချိန်တုန်းက
Blink Hacker Group အဖွဲ့ရဲ့ကြေငြာချက်ကြောင့် ဒီကိစ္စ
ကိုတော်တော်လေးစိတ်ဝင်စားခဲ့ပါတယ်။သူတို့ရဲ့ ရေးသား
ချက် အရစစ်အစိုးရကို ကျားကန်ပေးနေတဲ့ ဒေါက်တိုင်
မီဒီယာတွေ တစ်ခုပြီးတစ်ခုဒုက္ခရောက်တော့မှာလို့တွေးမိ
ပါတယ်။ ကျွန်တော် ကိုယ်တိုင် ကတော့ နည်းပညာပိုင်းမှာ
သိပ်ပြီး မသိရှိသေးတာရယ် လေ့လာမှုအားနည်းတာတွေ
ကြောင့် Blink Hacker Group အဖွဲ့ နဲ့အတူပူးပေါင်းပါဝင်
မဆင်နွဲခဲ့ပါဘူး။ Blink Hacker Group အဖွဲ့ ရဲ့
လုပ်ဆောင်ချက်တွေကိုတော့ အမြဲစောင့်ကြည့်နေခဲ့မိပါ
တယ်။

ဒါပေမယ့် Blink Hacker Group အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရမယ်ဆိုရင် စစ်အစိုးရရဲ့ ကြေးမုံ


အွန်လိုင်းသတင်းစာ http://www.kyaymon.info/ ၀က်ဘ်ဆိုက်ကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် နေ့ ည ၈ နာရီမှာ
တိုက်ခိုက်မယ်ဆိုပြီး ကြေငြာထားသော်လည်း ကျွန်တော်ကိုယ်တိုင် ကြေးမုံ ၀က်ဘ်ဆိုက်ကို အဲ့ဒီနေ့က အကြိမ်ကြိမ် ဖွင့်၍
ကြည့်ရှု့ခဲ့သော်လည်း မည်သည့် ထူးခြားမှုမှ မရှိခဲ့သည်ကို တွေ့ရှိရပါတယ်။ အခု တခါလည်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၅
ရက်နေ့ ည ၈ နာရီအချိန်မှာ ကြံ့ဖွံ့ပါတီ၏ အွန်လိုင်း ၀ါဒဖြန့် ဆိုက်တစ်ခုဖြစ်တဲ့ www.khitlunge.net.mm ကို DDoS
ဖြင့် တိုကခိုက်မှာ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ကျွန်တော်လည်း ခေတ်လူငယ် ၀က်ဘ်ဆိုက်ကို ထပ်မံ
စောင့်ကြည့်ခဲ့ပါတယ်။ မည်သည့် ထူးခြားမှုကိုမှ မတွေ့ ရှိခဲ့ရပါဘူး။ ဒီနေ့မှာတော့ Blink Hacker Group ရဲ့
ဝက်ဘ်ဆိုက်မှာတော့ ဒုက္ခများနေသော ခေတ်လူငယ် ၀က်ဘ် ဆိုက်ဆိုပြီး ကြေငြာထားတာတွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်တွေးမိတာကတော့ ကျွန်တော်ကိုယ်တိုင်ပဲ နည်းပညာပိုင်းအရ လေ့လာမှု


အားနည်းတာတွေအပြင် မသိတာတွေပဲများနေလို့ Blink Hacker Group အဖွဲ့ရဲ့ တိုက်ခိုက်မှုကို မသိတာလား၊
ဒီတိုက်ခိုက်မှုတွေဟာ အမှန်တကယ်ရော တိုက်ခိုက်ခဲ့ရဲ့လား၊ တိုက်ခိုက်ခဲ့တယ်ဆိုရင်ကော ဘာလို့ ဒီဝက်ဘ်ဆိုက်
တွေဟာ Blink Hacker Group အဖွဲ့ကြေငြာထားတဲ့ အချိန်တွေမှာ သူတို့ပြောသလို ဘာလို့ မဖြစ်တာလဲ၊ ဒါမမဟုတ်
Blink Hacker Group အဖွဲ့ဆိုတာ စစ်အစိုးရကိုယ်တိုင်ခိုင်းစေနေတဲ့ ဟက်ကာ အဖွဲ့များလား စသည့်မေးခွန်းများစွာ
ကျွန်တော် တွေးထင်မိပါတယ်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တငွ် ရေးသားဖော်ပြထားပုံ


ွ် Blink Hacker Group အဖွဲ့နှင့် ပတ်သက်၍ ရဲရင့်ငယ် ၀က်ဘ်ဆိုဒ်တင

(http://www.yeyintnge.com/2010/12/blink-hacker-group_16.html)

Blink Hacker Group အဖွဲ့ဟာ စစ်အစိုးရရဲ့ ဒေါက်တိုင်မီဒီယာ ၀က်ဘ်ဆိုက်တွေကို တကယ် တိုက် ခိုက်
နေတယ် ၊ သူတို့ အဖွဲ့ရဲ့ စွမ်းဆောင်ချက်တွေဟာ တကယ်ပဲစစ်အစိုးရ ဒေါက်တိုင်မီဒီယာ ၀က်ဘ်ဆိုက်တွေကို ဒုက္ခ
ရောက်အောင် စွမ်းဆောင်နိုင်တယ်လို့ဆိုပြီး သူတို့ရဲ့ ၀က်ဘ်ဆိုက်မှာသာ ထပ်ခါတလဲလဲကြေငြာနေတာတွေ့ရပါ တယ်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကပေးတဲ့ အီးမေးလ်တစ်စောင်အရ Blink Hacker Group အဖွဲ့ဆိုတာ ဘယ်သူလည်း
ဆိုတဲ့သံသယ ပိုမိုကြီးမားလာခဲ့ပြီး သူတို့ကိုဆက်သွယ်ရမှာ ခပ်လန့်လန့်ဖြစ်နေရပါတယ်။

You might also like