You are on page 1of 41

Tuesday, January 4, 2011

လက်ပစ်ဗုံး ၂ လုံးနှင့် ဆန္ဒပြသူကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးသွား

ထိုင်းနိုင်ငံ မဲဆောက် ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ဆန္ဒပြနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင် တဦးကို
ထိုင်း အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ယနေ့နံက် ၈ နာရီက DKBA ၉၉၉ တပ်မဟာ တပ်ရင်း ၄ မှ အသက် ၃၆ နှစ်အရွယ် စောသံမဏိ (ခေါ်) စောထိန်လင်းသည် မြဝတီမှ လက်ပစ် ဗုံး ၂ လုံး ယူဆောင်လာကာ မဲဆောက်
UN ရုံးရှေ့သို့ အငှား မော်တော်ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဆိုင်ကယ်မောင်းသမားကို ဓားစာခံပြုလုပ်၍ လက်ပစ်ဗုံးကလစ် များကို ဖြုတ်ကာ မြန်မာပြည် ဒီမိုကရေစီ နိုင်ငံအဖြစ်
ပြောင်းလဲပေးရန် အချက် ၄ ချက်ကို တောင်းဆို ဆန္ဒပြခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဖြစ်၍ မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီစနစ် မပေါ်ထွန်း နိုင်သည့်အတွက် မြန်မာနိုင်ငံကို ဒီမိုကရေစီ
နိုင်ငံအဖြစ် ပြုပြင်ပြောင်း လဲပေးရန် UN ရုံးသို့ လာရောက်တောင်းဆိုခြင်းဖြစ်သည်ဟု စောသံမဏိက ပြောသည်။
စောသံမဏိ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ မဲဆောက် UN ရုံး တာဝန်ရှိသူများက လာရောက် လက်ခံ စကားပြောခြင်း မပြုသည့်အတွက် အခြေအနေကို မဲဆောက်မြို့ပိုင် နိုင်ကီ
တီဆတ် တိုမိုဆတ် က ၁ နာရီနီးပါး အချိန်ယူ၍ ၀င်ရောက်စေ့စပ်ညှိနှိုင်း ပေးခဲ့ရာ နံနက် ၉ နာ ရီခန့်တွင် စောသံမဏိက လက်နက်ချ အဖမ်းခံခဲ့သည်။

လက်နက်မချမီ စောသံမဏိက ၎င်းကို မြန်မာနိုင်ငံဘက် ပြန်မပို့ရန်နှင့် DKBA ထံ လွှဲပြောင်းခြင်းမပြုရန် တောင်းဆိုချက်များကို မဲဆောက်မြို့ပိုင်က သဘောတူညီခဲ့ပြီး တရားမ၀င်
လက်နက်ကိုင်ဆောင်မှု တခုတည်းကိုသာ အရေးယူမည်ဟု မဲဆောက် မြို့ပိုင်က ဒေသခံ သတင်းထောက် များကို ပြောကြားသည်။

စောသံမဏိသည် အလွယ်တကူ လက်နက်ချခဲ့သည့်အတွက် ပြစ်ဒဏ်ကို လျှော့ပေါ့စဉ်းစားပေးမည် ဖြစ်ကြောင်း မဲဆောက်မြို့ပိုင်နှင့် မဲဆောက်ရဲစခန်းမှ တာဝန်ရှိရဲမှူးတဦးက ပြောသည်။
စောသံမဏိကို မဲဆောက်မြို့ရှိ ရဲစခန်းတွင် တရားမ၀င် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထားပြီး ၎င်းအမှုနှင့် ပတ်သက်၍ စောသံမဏိဘက်က လိုက်လံဆောင်ရွက်
ပေးမည့်သူများ မရှိဟု သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ လွတ်လပ်ရေး

ဒီနေ့ လွတ်လပ်ရေးနေ့မှာ FaceBook သုံးသူတွေကြား ပျံ့နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ရဲ့ မိန်ခွန်း ကောက်နှုတ်ချက်။
မိန့်ခွန်း ပြောတဲ့နေ့စွဲ၊ နေရာ ဖော်ပြမထား။
--------------------------------------

"လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။

ဘာဖြစ်လို့လဲ ဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးပြသလဲ ဆိုရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း
ပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ကြတဲ့ သူတွေ များကြတယ်။

တချို့ကလဲ လွတ်လပ်ရေး ရပြီ ဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ ကျွန်တော် အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။

ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး... ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး ရတုန်းက... အဲဒီတုန်းက ဆိုလို့ရှိရင် လွတ်လပ်ရေး ရပြီဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ
ကျွန်တော်တွေ့ခဲ့တယ်။

ဘာတွေ့သလဲ ဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ... လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာ သွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေ လှန်းကြတယ်။ ဒီတော့
လမ်းသွားလမ်းလာ လုပ်တဲ့သူတွေ အတော်ခွကျတယ်။ အဲဒါလွတ်လပ်ရေးမဟုတ်ဘူး"

"လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့ နေရာမှာ
အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးတဲ"့

"ပဒေသာပင် ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ် ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။

အဲဒီတော့ လွတ်လပ်ရေးပင် ရသော်ရငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ ရပြီး မနက်ဖြန်ခါ
တခြားလက် ပြန်ပါသွားမှာပဲ"

"စကား ခပ်ရိုင်းရိုင်း ပြောရမယ် ဆိုရင် အတော့်ကို ကြိုးစားနိုင်မှ လုပ်နိုင်မှ... အတော့်ကို ကုန်းနိုင်မှ ရုန်းနိုင်မှ အနှစ် နှစ်ဆယ်လောက် ရှိတဲ့ အခါမှာ တော်ကာကျမယ်။

ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညက စပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာ ဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် အခြားလွတ်လပ်တဲ့
နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ငါးလှမ်း ဆယ်လှမ်း လိုက်လှမ်းနိုင်မှ...

အဲဒီကို လိုက်နိုင်တဲ့ အခါကျမှ နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်တန်သည် အားဖြင့် အဲလို ညီတူ တန်းတူ ဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ
လွတ်လပ်တယ် ဆိုပေမယ့် ဟိုလူမြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ ခင်ဗျားတို့ကို အတိအလင်း
နားလည်ထား စေချင်တယ်။

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဧရာဝတီ Tuesday, 04 January 2011 18:43

မြန်မာနိုင်ငံတွင် စစ်မှန်သော လွတ်လပ်ရေး ပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများ အားလုံး ညီညွတ်စွာဖြင့် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)


ရုံးချုပ်တွင် ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့
အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း
ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်မှန်သော လွတ်လပ်ရေးသည် စစ်မှန်သော လူ့အခွင့်အရေးအပေါ်


အခြေခံ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယနေ့ မြန်မာပြည်သူလူထုသည်
စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိုးရိမ် ကြောင့်ကြမှုများ၊
မလုံခြုံမှုများကို ခံစားနေရပြီး ယုံကြည်ချက်အတွက် ထောင်သွင်း
အကျဉ်းချထားခြင်း ခံရသော နိုင်ငံရေးအကျဉ်းသားများ ရှိနေကြောင်း၊
ယနေ့ လွတ်လပ်ရေး အချိန်အခါ သမယတွင် လွတ်လပ်ရေး
ရယူပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရရန်
လိုအပ်သကဲ့သို့ ယခုလက်ရှိ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသော
နိုင်ငံရေး အကျဉ်းသားများကိုလည်း မမေ့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ

NLD ၆၆ ( -)
ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော လွတ်လပ်ရေးရရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ် ဆိုရင် ကိုယ်ကနေ စပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေ ဘာလုပ်နေလဲ ဆိုတာ မကြည့်ပါနဲ့။ ကိုယ်ဘာလုပ်နေလဲ ဆိုတာ
ပြန်ပြီးတော့ဆင်ခြင်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အထွေထွေအခက်အခဲများ ကြုံတွေ့နေရပြီး ပြည်သူ
အများစုက နေ့စဉ်နှင့်အမျှ အထူး စိုးရိမ်ပူပန် ကြောင့်ကြနေရကာ အနာဂတ် မျှော်လင့်ချက် ပျောက်ကွယ် နေသကဲ့သို့ ခံစားနေရသည်ဟု ပြောသည်။

“နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့၊ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ပြေလည်ဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များပါဝင်တဲ့ တွေ့ဆုံဆွေး
နွေးပဲဖြစ်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်ဖို့ နအဖ ကို တိုက်တွန်းချက်ပါတဲ့ NLD ကြေညာချက်ကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်” ဟု NLD ဗဟို အလုပ်အမှုဆောင်
တဦးက ဆိုသည်။

၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့စီးပွားရေး သုံးသပ်ချက် စာတမ်းကို ထုတ်ပြန်ခဲ့ပြီး မြန်မာ့စီးပွားရေး အကျပ်အတည်းမှ
လွန်မြောက်နိုင်သော နည်းလမ်းများအနေဖြင့် လူမျိုးအားလုံး တန်းတူညီမျှ အလုပ်လုပ်နိုင်ရန် အခွင့်အလမ်း ရရှိစေရေး၊ ၀င်ငွေအဆင့် အတန်းမြင့်မားကာ ဆင်းရဲနွမ်းပါးမှု လျော့နည်း
ပပျောက်ရေး၊ ဒေသ အလိုက်နှင့် လူမျိုးများအကြား တည်ရှိနေသည့် လူမှုရေး စီးပွားရေး မညီမျှမှုများ လျော့နည်းစေရေး ဆောင်ရွက်ရမည်ဟု သုံးသပ်ဖော်ပြထားသည်။

အဆိုပါစာတမ်း၌ မြန်မာနိုင်ငံတွင် ပြည်တွင်း လှည့်လည်သုံးစွဲငွေ အဖြစ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလက ကျပ်ကုဋေပေါင်း ၁၈၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကျပ်ကုဋေ ၎
သိန်းကျော်အထိ များပြားလာခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားကြောင်း၊ လက်ရှိတွင် လွတ်လပ်သော စီးပွားရေးစနစ်
ကျင့်သုံးသည်ဟု ဆိုသော်လည်း အခွင့်ထူးခံအသိုင်းအ၀န်းကို စီးပွားရေး အခွင့်အလမ်းများ ပေးအပ်သော ပုဂ္ဂလိက လက်ဝါးကြီးအုပ် စနစ်ကိုသာ အသုံးပြုနေကြောင်း၊ ပညာရေးနှင့်
ကျန်းမာရေးတွင် ကျခံ သုံးစွဲမှုမှာ လွန်စွာ နည်းပါးကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်သူ့အရေးကို မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားများ လွန်ကဲစွာ တည်ဆောက်
သဖြင့် စိုက်ပျိုးမြေများ အကြီးအကျယ် ထိခိုက်နေကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ယင်းစာတမ်းတွင်ပင် အစိုးရဘတ်ဂျက် လိုငွေပြမှုကို


ထိန်းသိမ်းရန် ငွေစက္ကူသစ်များ ထပ်မံရိုက်နှိပ်ခြင်း မပြုဘဲ အစိုးရ
ငွေချေးစာချုပ်များ ပိုမိုရောင်းချခြင်း၊ အခွန်ငွေကို အလေအလွင့်မရှိစေရန်
ကောက်ခံခြင်းများ ပြုလုပ်၍ ထိရောက်စွာ သုံးစွဲသင့်ကြောင်း
အကြံပြုထားသည်။

NLD အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးဆက်အား သုံးသပ်ရန်


လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လူသား အရင်းအမြစ်နှင့်
ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တိုးမြှင့်ကာ တရားဥပဒေ စိုးမိုးရေး၊
ပွင့်လင်းမြင်သာသော၊ တာဝန်ခံသော၊ အကျင့်ပျက်လာဘ်စားမှု
ကင်းသော၊ ထက်မြက်ထိရောက်သော မျှတပြီး
တမျိုးသားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်ရန်
လိုအပ်ကြောင်း ထိုစီးပွားရေးသုံးသပ်ချက် ကြေညာ စာတမ်းတွင်
ဖော်ပြထားသည်။

ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့


NLD အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊
တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီများ၊
သတင်းမီဒီယာများ အပါအဝင် အင်အား အင်အားရာဂဏန်းချီ၍ NLD ၆၆ ( -)
တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနား တက်ရောက် လာသူများကို စစ်အစိုးရ ရဲများက ဓာတ်ပုံရိုက်ကူးခြင်း၊ မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခြင်းများ


ပြုလုပ်ခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အခမ်းအနားအပြီး နိုင်ငံရေးအကျဉ်းသားနှင့် မိသားစုဝင်များကို ကူညီစောင့်ရှောက်မှုပေး လိုသော စေတနာရှင်များအား နိုင်ငံရေးအကျဉ်းသား အမည်ပါသော မဲလိပ်များ နှိုက်ယူ
မဲဖောက်ကာ တာဝန်ယူစေသည့် အစီအစဉ် ကျင်းပသည်။

ဒေါ်အောင်ဆန်းစုကြည်က လှိုင်သာယာမြို့နယ်မှ နိုင်ငံရေးအကျဉ်းသား တဦး၏ မိသားစုကို ကူညီရန် မဲပေါက်ခဲ့သည်။ အလားတူ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD
ပါတီမှ ခွဲထွက်ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကလည်း ၎င်း ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးတို့ဖြင့် ရင်းနှီးရယူခဲ့သည့် ရလဒ်ဖြစ်သဖြင့် ဤအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း NDF ပါတီ


တာဝန်ရှိသူများက ဆိုသည်။

လွတ်လပ်ရေးအား ပိုင်ဆိုင်ခြင်းနှင့်အတူ ထိမ်းသိမ်းဖို့ရန် တာဝန်လည်း မြန်မာပြည်သူများ ထံတွင်ရှိကြောင်း၊ လွတ်လပ်ရေးတွင် အခွင့်အရေးများ ရှိသကဲ့သို့ တာဝန်များလည်းရှိကြောင်း၊
NDF သည် ငြိမ်းချမ်းသောနည်း၊ စီးပွား ရေးဖွံ့ဖြိုး တိုးတက်သော လမ်းကြောင်းမှ အမျိုးသား ရင်ကြားစေ့ရေး ပန်းတိုင်သို့ အရောက်ချီတက်ပြီး ထိုမှ တဆင့် ဒီမိုကရေစီ လူ့ဘောင်သို့
ချီတက်ရန် မျှော်မှန်ကြောင်း အဆိုပါ အခမ်းအနားတွင် NDF ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကပြောသည်။

လွတ်လပ်သော နိုင်ငံတခုရှိ ပြည်သူများတွင် ဆင်းရဲမွဲတေမှု၊


အလုပ်လက်မဲ့ ဖြစ်မှု၊ ခိုကိုးရာမဲ့မှု၊ ပညာမတတ်မှု၊ ကျန်းမာရေး ချို့တဲ့မှု
စသည့် လူမှုရေး နာကျင်မှုများ ရှိနေပါက အနှစ်သာရ ပြည့်ဝသည့်
လွတ်လပ်မှု မဖြစ်နိုင်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုက
ခံယူထားကြောင်း NDF က ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့
သ၀ဏ်လွှာ ထုတ်ပြန်သည်။

၎င်း အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ NDF ပါတီဝင်များ


ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြပြီး
သဘာပတိအဖြစ် နိုင်ငံရေးဦးဆောင်သူ ဦးခင်မောင်ဆွေမှ
ဆောင်ရွက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး


အနိုင် ရရှိခဲ့သော်လည်း သဃန်းကျွန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းညွန့်အား ပါတီမှ ထုတ်ပယ်ထားသည့်အတွက်
အနိုင်ရ ကိုယ်စားလှယ် ၁၅ ဦး ရှိသည့် ပါတီဖြစ်သည်။

ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင်လည်း


NLD ၆၆ ( -) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့
သဝဏ်လွှာပါရှိပြီး ယင်းသဝဏ်လွှာ၌ စစ်အုပ်ချုပ်ရေး
ယူထားသည့်ကာလအတွင်း တပ်မတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများကို ဘက်စုံ တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ တည်ဆောက်ပေးနိုင်မှုများသည်
သမိုင်း မှတ်တိုင်အဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်း၊ ပြည်သူများအပေါ်၌ စေတနာကြီးမားပြီး တာဝန်ကျေသည့် တပ်မတော် ဖြစ်ကြောင်း ပါရှိသည်။

“မြန်မာနိုင်ငံကို အင်အားချည့်နဲ့ သွားစေရန်အတွက် တခုတည်းသော နည်းလမ်းမှာ ပြည်ထောင်စုပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ယိုယွင်း ပျက်စီးရေးပင် ဖြစ်ပေသည်။
ထိုအချက်ကို ဖော်ဆောင်ရန်အတွက် နိုင်ငံရေး သစ္စာတရား နည်းပါး သူတို့ကို အသိမဲ့သော်လည်းကောင်း၊ သိပါလျက်သော်လည်းကောင်း စည်းရုံးသိမ်းသွင်း အသုံးချကာ
တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းကို ဖျက်လိုဖျက်ဆီး ကြံစည်အားထုတ် လုပ်ဆောင်လာနိုင်ပေသည်” ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏ သဝဏ်လွှာတွင်
ထည့်သွင်းပြောဆိုထားသည်။

ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ရာ အစဉ်အလာကောင်း ဖြစ်သည် ဟူ၍လည်း ၎င်း
သဝဏ်လွှာတွင် ပါရှိသည်။

ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်းနှင့် မြတ်ကျော့ ရေးသားသည်။

ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ

ဆက်လင်း Tuesday, 04 January 2011 16:00

စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု
ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ယင်းကဲ့သို့ တယ်လီဖုန်းများကို ကြားဖြတ်ခိုးယူ နားထောင်ရန်


စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာဌာနက နည်းပညာပိုင်း အကောင်
အထည်ဖော် ပေးရကြောင်း သိရသည်။

ဖုန်းများ ခိုးယူနားထောင်သည့် လုပ်ငန်းကို စရဖ အဖွဲ့ဝင် ၂၀ ကျော်နှင့်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ၁ ဦးတို့က
အလှည့်ကျနှုန်း ၂၄ နာရီ တာဝန် ယူသွားရမည် ဖြစ်ကြောင်း၊ သို့ရာတွင်
မည်သည့်နေရာတွင် အခြေစိုက်စခန်း ထားရှိမည်ကို ရွေးချယ်နေဆဲ
ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။

ဖုန်းများကို ခိုးယူနားထောင်ရာတွင် GSM နှင့် CDMA စသည့် မိုဘိုင်း


ဖုန်းများသာပါဝင်ပြီး ကြိုးဖုန်းများ မပါဝင်ဟု သိရသည်။

ဖုန်း ခိုးယူနားထောင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ စရဖ က


စာရင်းပေးထား သူများထဲတွင် နိုင်ငံရေးနယ်ပယ်မှ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) အမှုဆောင် လူကြီးများအပြင် ၂၀၁၀ ရွေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့နှင့်
() ( - AP) တသီးပုဂ္ဂလ လွှတ်တော်အမတ် တချို့တို့၏ ဖုန်းများလည်း ပါဝင်သည်ဟု
သူက ဆက်ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် နှင့် ဦးနေအောင်တို့အပြင် တခြားစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၆၀
ကျော်တို့၏ ဖုန်းနံပါတ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အနိုင်ရ လွှတ်တော်အမတ်များ ဖြစ်သည့် ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးဝင်းမြင့်၊ ဦးကိုကိုကြီးတို့၏
ဖုန်းနံပါတ်များလည်း ပါဝင်နေကြောင်း သိရသည်။

လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ မဖြူဖြူသင်း၊ ဒေါ်ရွှေဇီးကွက်နှင့် အနုပညာနယ်ပယ်မှ ဒါရိုက်တာ
မောင်မျိုးမင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ချိုတူးဇော်၊ အဆိုတော် အနဂ္ဂ၊ ရန်ရန်ချန်း၊ ကျားပေါက်နှင့် တခြားဟစ်ပ်ဟော့ပ်အဆိုတော်အချို့တို့ ပါဝင်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောပြသည်။

၎င်းပြင် Eleven Media Group မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန်းထွဋ်အောင်၊ The Voice ဂျာနယ်မှ ဒေါက်တာ နေ၀င်းမောင်၊ 7Days သတင်း ဂျာနယ် အယ်ဒီတာချုပ်
ဦးသောင်းစုငြိမ်း၊ Yangon Media Group မှ အယ်ဒီတာချုပ် ကိုကို (စက်မှုတက္ကသိုလ)် နှင့် နိုင်ငံခြား သတင်းထောက်များ ဖြစ်သော ဒေါ်အေးအေးဝင်း၊ ဦးအောင်လှထွန်းတို့၏
ဖုန်းများသည် လည်း ကြားဖြတ်နားထောင်မည့် စာရင်းတွင် ပါဝင်ကြောင်း တွေ့ရသည်။

တယ်လီဖုန်း ကြားဖြတ်နားထောင်မည့်သူများ စာရင်းတွင် ကြံ့ဖွံ့ပါတီအနိုင်ရ အမတ်များ၊ စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်နေသဖြင့် ယခုအစီအစဉ်နှင့်
ပတ်သက်၍ စရဖ အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် တိုက်ရိုက် ညွှန်ကြားခြင်း ဖြစ်နိုင်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူက ခန့်မှန်းပြောဆိုသည်။

ယခင် ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အာဏာရှိစဉ် စစ်ထောက်လှမ်းရေး ခေတ်က ယင်းကဲ့သို့ တယ်လီဖုန်းများ ကြားဖြတ်ခိုးယူ နားထောင်သည့် အစီအစဉ်
ရှိခဲ့သော်လည်း စစ်ထောက်လှမ်းရေး အဖွဲ့ဖျက်သိမ်းခဲ့သည့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် ယင်းအစီအစဉ် ပျက်ပြယ်သွားခဲ့သည်။

“အရင် စစ်ထောက်လှမ်းရေး ခေတ်တုန်းကတော့ တယ်လီဖုန်းက ရှားတယ်။ သူတို့ခိုးနားထောင်တာက အလုပ်ဖြစ်တယ်။ အခုနောက်ပိုင်းက ဖုန်းတွေက ပေါလာတော့
တော်တော်များများလည်း ဖုန်းတွေ ပြောင်းကိုင်လာတော့ သူတို့အစီအစဉ်က အောင်မြင်မယ် မထင်ဘူး” ဟု ဆက်သွယ်ရေး အရာရှိ တဦးက ပြောသည်။

မြန်မာ စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွ လှုပ်ရှားသူများကို အမြဲတစေ စောင့်ကြည့်နေလေ့ရှိပြီး တယ်လီဖုန်း
မှတ်တမ်းများကို သက်သေခံချက်များပြုလုပ်ကာ တရားစွဲဆို၍ ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်လေ့ရှိသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး ကာလတွင်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ၊ သတင်းစာ ဆရာများနှင့် ကျောင်းသားလူငယ်တို့၏ တယ်လီဖုန်း အလုံး ၂၀၀
ခန့်ကို အကြောင်းပြချက်မရှိဘဲ ပိတ်ပင်ခဲ့သည်။

NLD ရန်ပုံငွေ ဈေးရောင်းပွဲ ကျပ်သိန်း ၂၀၀ ကျော်ဖိုးရောင်းရ

စိုင်းဇွမ်ဆိုင်း Tuesday, 04 January 2011 17:30


နိုင်ငံရေး အကျဉ်းသားများ ကူညီရေးနှင့် လူမှုအထောက် အကူပြုရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပသည့် ဈေးရောင်းပွဲတော်သို့ လူပေါင်း
ထောင်နှင့်ချီ၍ လာရောက်ခဲ့ပြီး ကျပ်သိန်း ၂၀၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရွှေဂုံတိုင် NLD ရုံးချုပ်တွင်


ကျင်းပခဲ့သည့် ဈေးရောင်း ပွဲတော်သည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း
ပထမဆုံး ပြန်လည် ပြုလုပ်သည့်ပွဲ ဖြစ်ကြောင်း၊ ယခု ပွဲသည်
ဈေးရောင်းသည်နှင့် မတူဘဲ အလှူအတန်းတခု ကျင်းပသည့် ပုံစံမျိုးနှင့်
ပိုတူကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုရာဇာက ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ရက်မှာ ရောင်းရတာကတော့ သိန်း ၁၀၀ ကျော်မယ်။


ဒီနေ့နဲ့ဆိုရင် သိန်း ၂၀၀ ဖိုးလောက် ရောင်းရတယ်။ ဒီကနေ ရတဲ့အကျိုး
အမြတ်တွေကို လူကြီးတွေက အချိုးကျ ပြန်ခွဲပြီး လူမှုရေး လုပ်ငန်းတွေမှာ
အသုံးပြုသွားဖို့ ရှိတယ်” ဟု ကိုရာဇာက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး


ဦးအေးသာအောင်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ
မတိုင်မီကာလများတွင် NLD သည် လူမှုအခြေပြု လုပ်ငန်းများ အတွက်
ပင်နီတိုက်ပုံများ၊ NLD အမှတ်တရ ရင်ထိုးတံဆိပ်များကို ရောင်းချ၍
လူမှုရေး လုပ်ငန်းများ အတွက် အသုံးပြုခဲ့သည်ဟု ပြောပြသည်။

ဦးအေးသာအောင်က ဆက်လက်၍ “ဒီနှစ်အတွက် ထူးခြားတာကတော့


ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းတင်တို့က သူတို့ရထားတဲ့ လက်ဆောင်ပစ္စည်းတွေကို လူမှုရေးလုပ်ငန်း ရန်ပုံငွေအတွက် ဈေးပွဲတော်မှာ ပြန်ရောင်းတယ်ဆိုတဲ့ ကိစ္စပါပဲ။
အရင်နှစ်တွေတုန်းကတော့ ဒါမျိုး မရှိခဲ့ဘူးလေ” ဟု ဆိုသည်။

ဈေးရောင်းပွဲတော်တွင် NLD ပါတီတွင်းမှ ဌာနအလိုက် ရောင်းချခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်း ၂၀ ခန့် ပါဝင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲထားသည့် ပို့စ်ကတ်များ အပါအဝင်
ဓာတ်ပုံ၊ သော့ချိတ်၊ စာအုပ်စာတမ်းများနှင့် တိုင်းရင်းသား ဝတ်စုံများကို ရောင်းချခဲ့ကြောင်းလည်း သိရှိရသည်။

ကိုရာဇာက “လာရောင်းကြတာကတော့ မြို့နယ်၊ ပြည်နယ်အလိုက်က NLD အဖွဲ့ဝင်တွေ၊ ကျနော်တို့ လူငယ်အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ ခြံအမှတ် ၅၄ လို့ နာမည်ပေးထားတဲ့ အန်တီစု
ပါဝင်တဲ့ အရောင်းဌာနတွေကနေ ရောင်းချကြတယ်။ ခြံအမှတ် ၅၄ အဖွဲ့ကတော့ အန်တီစုနဲ့ သက်ဆိုင်တဲ့ ပို့စ်ကတ်၊ ပြက္ခဒိန်၊ သော့ချိတ်တွေ ရောင်းချတယ်။ သူတို့ကတော့
ရောင်းအကောင်းဆုံးပဲ” ဟု ပြောသည်။

ဈေးရောင်းပွဲတော်သို့ သွားရောက်ခဲ့သူ ရန်ကုန်မြို့ခံတဦးက “လူတွေ တော်တော်သွားကြတယ်။ အားပေးတဲ့ သူတွေလည်း များတယ်။ အန်တီစုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အများကြီး
ရောင်းရတယ်။ တခြားပစ္စည်းတွေ ဥပမာ တိုင်းရင်းသား အဝတ်အထည်တို့ စာအုပ်တွေ ဘာတွေကိုလည်း ဈေးပွဲတော်မှာ ရောင်းကြတယ်။ ဒါပေမယ့် အန်တီစုပုံပါတဲ့ ပြက္ခဒိန်တို့၊
သူဆွဲထားတဲ့ ပန်းချီပို့စ်ကတ်တွေ၊ သော့ချိတ်လေးတွေကို အများဆုံး ဝယ်ကြတယ်။ တချို့တွေဆိုရင် သော့ချိတ်တွေဝယ်ပြီး ဖုန်းမှာ ချက်ခြင်း တပ်လိုက်ကြတာမျိုးလည်း ရှိတယ်” ဟု
ဆိုသည်။

ရန်ကုန် အခြေစိုက် သတင်းထောက်တဦးကလည်း “သူတို့ရောင်းတဲ့ ဈေးနှုန်းတွေက တအားကြီး ဈေးကြီးတာမျိုး မဟုတ်တော့ ဈေးရောင်းပွဲ သွားကြတဲ့သူတိုင်းနီးပါး ဝယ်ကြတယ်။
ပြီးတော့ ခုကာလကလည်း ဒေါ်စုပုံနဲ့ ဗိုလ်ချုပ်ပုံတွေကို လွတ်လွတ်လပ်လပ် သဘောမျိုး ဝယ်ခွင့်ရနေတဲ့ အခါကျတော့ လူတွေ တော်တော်ဝယ်ကြပါတယ်။ တခြားနေရာတွေမှာ
ရောင်းလို့မရတော့ ဝယ်နိုင်ကြတာပေါ့”ဟု ပြောသည်။

ယခု ဈေးရောင်းပွဲတော်၏ အကျိုးအမြတ်များကို နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ရေး၊ HIV/AIDS ဝေဒနာရှင်များ ပြုစုရေး၊ သဘာဝ ဘေးဒဏ်ခံရသော
ဒေသများအတွက် ကူညီရေးတို့၌ ပြန်လည် အသုံးပြုသွားမည်ဟုလည်း သိရှိရသည်။

NLD သည် လူမှုအခြေပြု လုပ်ငန်းများအဖြစ် HIV/AIDS ဝေဒနာရှင်များကို ဂေဟာ သုံးခုဖွင့်လှစ်၍ စောင့်ရှောက်ခြင်း၊ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကဲ့သို့သော သဘာဝဘေးဒဏ်ခံ
ဒေသများကို ထောက်ပံ့ကူညီခြင်း၊ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

လက်ရှိ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော်တို့ကို အမြန်ဆုံးလွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အပါအဝင် အခြားသော
အဖွဲ့အစည်းများက ယမန်နေ့က တောင်းဆိုခဲ့ကြသည်။

နေပြည်တော် စားသောက်ဆိုင်များ ည ၉ နာရီပိတ်ရန်အမိန့်ထုတ်

စည်သူ Tuesday, 04 January 2011 19:13

နေပြည်တော်ခရိုင်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အပါအ၀င် ဆိုင်များကို ည ၉ နာရီပိတ်ရန် အမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။

အဆိုပါ ဒေသန္တရ အမိန့်ကို နေပြည်တော်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုန်ပြန်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်ခဲ့ကြောင်း
သိရသည်။

“ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်ပါမကျန် ည ၉ နာရီ ပိတ်ရမယ်။ ဇန်န၀ါရီ ၄ ရက်နေ့ကတော့ ည ၆ နာရီပိတ်ရမယ်” ဟု သတင်းတပ်ဖွဲ့
(ပျဉ်းမနား) မှ အရာရှိ တဦးက ပြောသည်။

ထိုကဲ့သို့ သတ်မှတ်ချိန် ကျော်လွန်ရောင်းချသည့် ဆိုင်များကို လိုင်စင် ပိတ်သိမ်းသည်အထိ အရေး ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ ဆိုင်များကို အချိန် သတ်မှတ် ပိတ်ခိုင်းခြင်းကို ယမန်နှစ် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ အပြီးတွင်လည်း ထုတ်ပြန်ခဲ့သေးကြောင်း သိရသည်။

“ရွေးကောက်ပွဲတုန်းကတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့်ပါ။ အခု ပိတ်ခိုင်းတာက ဘာကြောင့် ဆိုတာ မသိပါဘူး။လွတ်လပ်ရေးနေ့မှာတော့ ဒီလိုလုပ်ခဲပါတယ်” ဟု ယင်းက
သတင်းတပ်ဖွဲ့ အရာရှိက ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလက ယခုကဲ့သို့ ဆိုင်ခန်းများ ပိတ်ခိုင်းစဉ် သတ်မှတ်ချိန်အမီ မပိတ်သည့် လက်ဖက်ရည်ဆိုင် တဆိုင်အား အရေးယူခဲ့ကြောင်း ပျဉ်းမနား အခြေစိုက် ရယက တဦးက
ပြောသည်။

“နိုဝင်ဘာ ၆ ရက်နေ့က ည ၆ နာရီ ပိတ်ခိုင်းတာကို နောက်ကျတဲ့ ပေါင်းလောင်း အားကစားရုံ ရှေ့က ရာစုသစ် လက်ဖက်ရည် ဆိုင်ကို ပိတ်သိမ်းတဲ့အထိ အရေးယူခဲ့ပါတယ်” ဟု သူက
ဆိုသည်။

ယင်း ရာစုသစ် လက်ဖက်ရည်ဆိုင်သည် ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနားလာစဉ်က မိန့်ခွန်း ပြောခဲ့သည့် ဆိုင်ဖြစ်သည့်အတွက် အာဏာပိုင်များက အငြိုးဖြင့် ပိတ်ခိုင်းခြင်း
ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြသည်။
၂၀၁၁ က ညစ်ပတ်စွာ ကြိုဆိုပါ၏

ဘီရုမာ Tuesday, 04 January 2011 17:42 ကာတွန်း

Object 1 Object 2
0

စေတနာနှင့် ရောင်းသော ဈေး

ကြည်ဝေ Tuesday, 04 January 2011 18:54 ဆောင်းပါး

ကြိတ်ကြိတ် တိုးနေသော လူကြားထဲမှ အတင်းတိုးထွက် လာသည့် အသားညိုညိုနှင့် အမျိုးသမီးက သူနှင့်မျက်မှန်း တန်းမိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
ဗဟိုအမျိုးသမီး အဖွဲ့မှ အဖွဲ့ဝင်တဦးအား ဖက်လျက် သားဖြစ်သူရှိရာ ပူတာအိုထောင်သို့ ထောင်ဝင်စာ သွားတွေ့နိုင်တော့မည် ဖြစ်ကြောင်း ပြောနေသည်။

သူ၏ သားဖြစ်သူ အသက် ၂၀ ၀န်းကျင်အရွယ် မျိုးကျော်ဇင်မှာ


ကချင်ပြည်နယ်၊ ပူတာအိုထောင်တွင် ထောင်ဒဏ် ၁၇ နှစ်ကျခံနေရသူ
နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သည်။ မျိုးကျော်ဇင်၏မိခင်မှာ ရန်ကုန်မြို့
လှိုင်သာယာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အ၀တ်အငှားလျှော်သူ
လက်လုပ်လက်စား မိခင်တဦး ဖြစ်သည့်အတွက် သားဖြစ်သူထံသို့
ထောင်ဝင်စာသွားတွေ့ရန် မလွယ်ကူလှပေ။

ယခုအခါ NLD ၏ ပံ့ပိုးကူညီမှုကြောင့် သားဖြစ်သူရှိရာ ပူတာအိုထောင်သို့


ထောင်ဝင်စာ သွားတွေ့နိုင်တော့မည် ဖြစ်သည့်အတွက်
မိခင်တဦးအနေဖြင့် ၀မ်းသာဝမ်းနည်းဖြစ်မိကြောင်း ပြောသည်။

“ကျမသားကို သွားတွေ့တော့မယ်။ သူ ထောင်ကျသွားတာ ၃ နှစ်ရှိပြီ။


အခုလို အဖွဲ့ချုပ်ကပံ့ပိုးကူညီပေးတာ ကျေးဇူးတင်တယ်။
အရမ်းဝမ်းသာမိပါတယ်။ အခုလို ကူညီပေးတာ ကျမတို့အတွက်
အများကြီး အထောက်အကူဖြစ်ပါတယ်” ဟု မျိုးကျော်ဇင်၏ မိခင်က
ဆိုသည်။

သူကဲ့သို့သော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှာ NLD ရုံးချုပ်


NLD ( -) အောက်ထပ် ခန်းမထဲတွင် ပြည့်လျက်ရှိပြီး မိမိတို့၏ သားချင်းများအား
မည်သူတို့က တာဝန်ယူရန် မဲအလှည့်ကျမည်ဆိုသည်ကို ရင်ခုန်စွာဖြင့်
စောင့်မျှော်နားထောင်လျက်ရှိသည်။

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအပြီးတွင် NLD အဖွဲ့ဝင်များနှင့် စေတနာရှင်များက နိုင်ငံရေးအကျဉ်းသားများ၏ အမည်ပါ ရင်ထိုးတံဆိပ်များကို မဲဖောက်ပြီး
မဲကျသူအား ထောင်ဒဏ်ကျခံနေရစဉ် ထောက်ပံ့ပေးမည်ဟု တာဝန်ယူကြသည်။

လှိုင်သာယာမှ နိုင်ငံရေးအကျဉ်းသား စိုးမင်းမင်း၏ အမည်ကို ဒေါ်အောင်ဆန်းစုကြည်က မဲကျသောကြောင့် ၀မ်းသာဝမ်းနည်းဖြစ်မိကြောင်း မိခင်ဖြစ်သူ ဒေါ်စိမ်းက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က မဲပေါက်တဲ့အတွက်လည်း ၀မ်းသာမိတယ်။ အထူးပြောချင်တာက အခုလို NLD အဖွဲ့ချုပ်နဲ့ စေတနာရှင်တွေက စုပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေရော၊
HIV/AIDS ဝေဒနာရှင်တွေကိုရော ကူညီပံ့ပိုးနိုင်ဖို့အတွက် ကြိုးစားကြတာကိုလည်း နိုင်ငံရေး အကျဉ်းသားတယောက်ရဲ့ မိခင်အနေနဲ့ ၀မ်းသာ ဂုဏ်ယူမိပါတယ်” ဟု ဒေါ်စိမ်းက
ပြောသည်။

NLD ရုံးချုပ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲကို ဇန်န၀ါရီလ ၂ ရက်နေ့မှ ဇန်န၀ါရီလ ၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့သည်။ အဆိုပါ ဈေးရောင်းပွဲကို
ဇန်န၀ါရီလ ၂ ရက်နေ့ နံနက် ၉နာရီတွင် ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဈေးရောင်းပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ NLD ဗဟို လူမှု အထောက်အကူပြုအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်ဦးက “၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲရဲ့ အဓိက
ရည်ရွယ်ချက်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူမှုရေးကိစ္စတွေမှာ ဆောင်ရွက်ဖို့ ရန်ပုံငွေရရှိဖို့ အတွက်ပဲ။ အဲဒီလို ရန်ပုံငွေရရှိဖို့ ပြည်နယ်နဲ့ တိုင်း၊ ဥပမာ ကရင်၊ မွန်၊ ရှမ်း၊
ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်ပေါင်း ၂၀ ကျော်က လာပြီးတော့ သူတို့ရဲ့ ဒေသထွက်ကုန်တွေ ရောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူလက်ဆောင်ရထားတဲ့ ပစ္စည်းတွေထဲမှာ
တချို့ပစ္စည်းတွေကို ရောင်းချပေးတယ်။ ရလာတဲ့ အကျိုးအမြတ်တွေကိုမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အားလုံးရဲ့
ရန်ပုံငွေအဖြစ်ထည့်ဝင်မှာဖြစ်တယ်” ဟု ရှင်းပြသည်။

NLD ရုံးချုပ်တွင် ကျင်းပခဲ့သော အဆိုပါဈေးရောင်းပွဲ၌ ဆိုင်ခန်းပေါင်း ၂၀ ကျော်ခန့်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ပန်းချီကားများ၊ ပန်းချီဆရာတို့၏ ပန်းချီကားများ၊
ဒေါ်အောင်ဆန်းစုကြည်ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ၊ ဆွဲကြိုး၊ သော့ချိတ်များ၊ ကရင်၊ မွန်၊ ရှမ်း စသည့်တိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများအပြင် ဒေသထွက်
အစားအစာများ၊ ဖုန်းအိတ်၊ လက်ကိုင်အိတ်များ၊ ဖိနပ်များ၊ အပင်များနှင့် စာအုပ်များရောင်းချသည့် ဆိုင်များအပြင် အအေးဆိုင်၊ ကော်ဖီဆိုင်၊၀တ်သားတုတ်ထိုးဆိုင်၊ ကျောက်ကျောဆိုင်
စသည်တို့ကိုလည်း တွေ့ရသည်။

အဆိုပါ ဈေးရောင်းပွဲမှ ရရှိမည့် အမြတ်ငွေများအား NLD ဗဟို လူမှုထောက်ကူပြုအဖွဲ့သို့ လှူဒါန်းမည်ဟု သိရသည်။

NLD ဗဟို လူမှုထောက်ကူပြုအဖွဲ့မှ ဦးလှသိန်းက “ကျွန်တော်တို့ တော်တော်လေး အောင်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာပြီးတော့ အားပေးတဲ့လူတွေကိုက ရန်ပုံငွေလှူတယ်၊ ဒီက
လက်ဆောင်ပစ္စည်းတခု ရယူတယ်ဆိုတဲ့ သဘောကိုပဲ အမှတ်တရအဖြစ် လာကြတာပဲ” ဟု ပြောသည်။

ဗဟို လူမှုထောက်ကူပြုအဖွဲ့သည် ၂၀၀၂ ခုနှစ်ကတည်းက နိုင်ငံရေးအကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များအား ကူညီထောက်ပံ့နေသည့် အဖွဲ့ဖြစ်သည်။

အဆိုပါ ဈေးရောင်းပွဲ ပထမနေ့ စတင်ကတည်းက လာရောက် ကြည့်ရှုသူများ၊ ၀ယ်ယူသူများဖြင့် စည်းကားခဲ့သည်။

“ကျမတို့က သေချာအားပေးချင်လို့ကို လာခဲ့ကြတာပါ။ ရုံးကိုဝင်ရင် ဓာတ်ပုံရိုက်ခံရမယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် အားပေးချင်တဲ့စိတ်က ပိုများနေတော့ မကြောက်တော့ဘူး” ဟု
ဒဂုံတက္ကသိုလ်မှ ကျောင်းသူတဦးက ပြောသည်။

ဈေးရောင်းပွဲတော် ရက်များအတွင်း လာရောက်အားပေးကြသူများမှာ အရွယ်စုံ၊ နယ်ပယ်အသီးသီးအစုံမှ ဖြစ်ကြောင်း တွေ့ရသည်။

“ပထမနေ့မှာတင်ပဲ တော်တော်လေး ရောင်းရတယ်။ ဒီနေ့ နောက်ဆုံးရက်မှာတောင် ရောင်းဖို့ မကျန်တော့ဘူး။ ဒုတိယရက်မှာ အကုန် ကုန်တဲ့သူတွေလည်းရှိတော့ ဒီနေ့မှာ ဆိုင်တချို့က
မထွက်ကြတော့ဘူး။ ကုန်ကုန်ပြီ။ ပြည်သူလူထုက အားပေးကြပါတယ်။အဲဒါကြောင့် ရောင်းကောင်းတာ ဖြစ်ပါတယ်” ဟု NLD ဗဟိုအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်တဦးက ဆိုပါသည်။

ဈေးရောင်းပွဲတော်တွင် ၃ ရက်တာအတွင်း စုစုပေါင်း ငွေကျပ် သိန်း ၂၀၀ ကျော် ရခဲ့ကြောင်းလည်း သိရပါသည်။


http://bur.irrawaddy.org/

ဒီမိုကရေစီ၊ပြည်သူ့လူ့အဖွဲ့အစည်းများနှင့်ပတ်သက်သည့်အချို့သောရောင်ပြန်ဟပ်မှုများနှင့်အတွေးစများ

(ယခုစာစုမှာ တိုင်းရင်းသားလူငယ့်အသံဂျာနယ်တွင်ဖော်ပြထားသော ရှမ်းတိုင်းရင်းသားလူငယ် ဟာန်၏ဆောင်းပါး ဖြစ်ပါသည်။ မူရင်းဂျာနယ်မှာ


မျက်နှာဖုံးနှင့်စာရွက်အချို့စုတ်ပြတ်ပျက်စီးနေပြီး ထုတ်ဝေသောရက်စွဲကိုပင် ရှာမရတော့ပါ။ သို့ရာတွင် Civil Society နှင့်ပတ်သက်၍ လူငယ်တစ်ဦး၏ ရိုးရှင်းလွယ်ကူပြေပြစ်စွာ
အဓိပ္ပါယ်ဖွင့်ဆိုထားပုံကို အထင်ကြီး လေးစားမိသဖြင့် ၀ါသနာတူမိတ်ဆွေများဖတ်ရှုနိုင်ပါရန် ကူးယူမျှဝေအပ်ပါသည်)

မည်သည့်ပုံစံ၊အသွင်သဏ္ဍာန်ဖြင့်လာသည်ဖြစ်စေ အာဏာရှင်စနစ်သည် ယနေ့ကမ္ဘာအတွက် လက်ခံနိုင်ဖွယ်မရှိ တော့ပြီ။ ဒီမိုကရေစီစနစ်သည်သာလျှင် ပေါ်ပေါက်ခဲ့သမျှ၊


တည်ရှိနေသမျှစနစ်များထဲတွင် အကောင်းဆုံးဖြစ်သည်ဟု ကမ္ဘာပေါ်ရှိလူအများက တိုး၍တိုး၍ လက်ခံလာကြပြီဖြစ်သည်။ပြည်ထောင်စုမြန်မာနိုင်ငံမှ ပြည်သူများသည်လည်း
ဒီမိုကရေစီကိုလိုလားတောင့်တလျှက်ရှိသည် ဆိုသည်ကို ထပ်မံရှင်းလင်းဖို့ရာမလိုတော့ပေ။ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုဖြစ်ပေါ်လာအောင် ကြိုးစားနေသောအဖွဲ့တိုင်းလိုလိုပင်
၎င်းးတို့၏ရည်မှန်းချက်၊ဦးတည်ချက်များတွင် ဒီမိုကရေစီပေါ်ထွန်းရေးကိုထည့်သွင်းထားကြသည်။

ကျွန်ုပ်တို့အားလုံး ဒီမိုကရေစီကို အလိုရှိနေကြသည်။

ဤနေရာ၊ဤအချိန်မျိုးတွင် အရေးတကြီးမေးမြန်းဆွေနွေးရန် လိုအပ်နေသောမေူခွန်းကား မည်ကဲ့သို့သော ဒီမိကရေစီစနစ်မျိုးကို ကျွှန်ုပ်တို့ အလိုရှိကြသနည်း၊


မည်ကဲ့သို့သောနည်းလမ်းများဖြင့် ဒီမိုကရေစီပေါ်ပေါက်လာအောင် လုပ်မည်နည်း ဟူသောမေးခွန်းများပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးအစားတူ ကုန်ပစ္စည်းများထဲတွင်ပင်
ကွဲပြားသောတံဆိပ်နှင့် အရည်အသွေး အမျိုးမျိုးရှိသကဲ့သို့ ဒီမိုကရေစီတွင်လည်း ကွဲပြားပုံစံနှင့် အနှစ်သာရများရှိ နေကြသော ကြောင့်ဖြစ်သည်။

တချို့ကလည်း ဒီမိုကရေစီရလျှင် မြန်မာနိုင်ငံ၏ ပြဿနာများအားလုံး ညတွင်ချင်း ပြေလည်သွားမည့်ပုံစံနှင့် စိတ်ကူးယဉ်အတွေးမျိုး တွေးကြသည်။ မှတ်မှတ်ရရ ဒီမိုကရေစီ
လှုပ်ရှားသူများ အသိုင်းအ၀ိုင်းတွင် လူကြီးဟု သတ်မှတ်ခံထား ရသူတဦးက ဘာမှမလုပ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းအောင်မြင်တော့မည့် အလား ပြောသွားဖူးသည်ကို
အမှတ်ရမိသည်။

များသောအားဖြင့် ကျွန်ုပ်တို့သည် ယနေ့ကမ္ဘာတွင် အတွေ့ရများပြီး ၄င်း၏ကတိက၀တ်အတိုင်း အကောင်အထည် ဖော်နိုင်ခြင်းမရှိသော လစ်ဘရယ် ဒီမိုကရေစီစနစ်နှင့်သာ


ရင်းနှီးကျွမ်းဝင်ကြသည် ကများသည်။ ထို့ကြောင့် ဒီမိုကရေစီကို နိုင်ငံအားအုပ်ချုပ်မည့် အစိုးရအဖွဲ့ကို ရွေးချယ်တင်မြှောက်ရန်အတွက် ရွေးကောက်ပွဲရှိခြင်း၊ အုပ်ချုပ်ရေး၊ တရားရေးနှင့်
ဥပဒေပြုရေး စသည့်ဌာနများအကြား အာဏာခွဲဝေမှုရှိခြင်း၊အချိန်တန်လျင်ရွေးကောက် ပွဲတွင်မဲပေးခြင်းနှင့်အခွန်ပေး ခြင်းဟူ၍သာ နားလည်ထားကြလေသည်။ ယင်းတို့မှာ
လစ်ဘရယ်ဒီမိုကရေစီ၏ အင်္ဂါရပ်များဖြစ်ကြသည်။

သို့ရာတွင် အထက်ပါ ကြန်အင်လက္ခဏာများသည် ဒီမိုကရေစီတရပ်လုံး ကို ကိုယ်စားမပြုချေ။ ဒီမိုကရေစီ၏ အနှစ်သာရအရင်းအား ပြည်သူများ၏အရေးနှင့်အကျိုးအတွက်ပြည်သူများ


ကိုယ်တိုင်ပါဝင်လုပ်ဆောင်၊ အုပ်ချုပ်ခြင်းပင်ဖြစ်လေသည်။ ဂရိတို့၏မြို့ပြနိုင်ငံများ ထွန်းကားချိန်တွင် မိမိတို့မြို့၏အရေးကိစ္စများ အတွက်မကြာခဏအစည်းအဝေးခေါ်ယူကာ
အချင်းချင်းဆွေးနွေး၊ တိုင်ပင်၍ အားလုံးက သဘောတူညီသည့် ဆုံးဖြတ်ချက်များချမှတ်ကြ (မဲပေးခြင်းမဟုတ်သည်ကိုသတိပြုရန်) ပြီး တာဝန်များခွဲဝေ၊ ထမ်းဆောင်မှုများ ရှိခဲ့ကြသည်။
ထိုဖြစ်ရပ်များကို ကြည့်၍ဂရိတို့သည် အနှစ်သာရအပြည့်ဝဆုံးသော ဒီမိုကရေစီကို ဖော်ဆောင်ခဲ့ကြသည်ဟု သုံးသပ်နိုင်သည်။

သို့ရာတွင် လစ်ဘရယ်ဒီမိုကရေစီစနစ်၏ ဖခင်ဟုခေါ်ဆိုနိုင်သည့် ဂျွန်လော့ခ် John Locke နှင့် ဂျိမ်းစ်မယ်ဒီဆင် James Madison တို့က ယခုနောက်ပိုင်းပေါ်ပေါက်လာသော
နိုင်ငံများသည် ဂရိတို့၏မြို့ပြနိုင်ငံများထက် ကြီးမားသည်၊ ထိုခေတ်သစ်နိုင်ငံများအတွင်း ဂရိတို့၏ တိုက်ရိုက်ဒီမိုကရေစီစနစ်အတိုင်း ကျင့်သုံးရန် မဖြစ်နိုင်ဟုဆိုကာ ရွေးကောက်ခံ၊
ကိုယ်စားပြု လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အဆိုပြုခဲ့ကြလေသည်။

လစ်ဘရယ်ဝါဒသည် လူ့အခွင့်အရေး၊ လွပ်လပ်ခွင့်တို့နှင့် ပတ်သက်၍ လူသားတို့အားကောင်းကျိုးများစွာ ပြုခဲ့သော်လည်း အထက်ပါလစ်ဘရယ် ဒီမိုကရေစီသည် ယနေ့အခါတွင်


အကျပ်တွေ့နေပြီဖြစ်ပြီး လူတော်များများ၏ မေးခွန်းထုတ်မှုနှင့် တိုက်ခိုက်မှုကိုခံနေရပြီး ဖြစ်သည်။ ထိုလစ်ဘရယ်ဒီမိုကရေစီသည် ကိုယ်စားပြုမှုကို အလွန်အမင်း အဓိကထားလွန်းသည်။
ထို့ကြောင့် ပြည်သူများမှာ နိုင်ငံ၏အရေးသည် မိမိ၏အရေးဟု မခံစားကြတော့ဘဲ ပွဲကြည့်ပရိသက်သဖွယ်ဖြစ်လာသည်က များနေသည်။ အများစုမှာ နိုင်ငံရေး သို့မဟုတ်
နိုင်ငံ့ရေးရာကိစ္စရပ်များကို ၄င်းတို့ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များဟုခေါ်သော နိုင်ငံရေးသမားများ၏လက်ထဲတွင်ပင်ပုံအပ်ထားလိုက် ကြဟန်တူသည်။ ထို့ကြောင့်
နိုင်ငံရေးသမားများကလည်း ဖြစ်ချင်တိုင်းဖြစ်နေကြသည်။ လာဘ်စားမှုများ၊ အရည်အချင်းမရှိ ခြင်းများ၊ မဲဆွယ်စဉ်က ပြည်သူများအား
ပေးထားခဲ့သည့်ကတိများအတိုင်းမဆောင်ရွက်နိုင်ခြင်းများ၊ ပြည်သူအကျိုးထက် ၎င်းတို့မဲဆွယ်စဉ်က ကုန်ကျစရိတ်များကို ထောက်ပံ့ပေးခဲ့သည့် (လှူဒါန်းသည်ဟုလည်း
လှပအောင်ခေါ်ဆိုနိုင်ပါသည်) ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ အကျိုးအတွက် ရှေးရှုဆောင်ရွက်ခြင်းများကို ဒီမိုကရေစီဟုခေါ်သော နိုင်ငံတော် တော်များများတွင်
တွေ့မြင်နိုင်သည်။ ထိုကဲ့သို့ဖြစ်ရပ်များကို ဒီမိုကရေစီ၏ ဖခင်နိုင်ငံကြီဟု အသိအမှတ်ပြုခံနေရသည့် အမေရိကန်ပြည်ထောင်စုတွင်ပင် မျက်ဝါးထင်ထင်တွေ့မြင်နေရသည်ဖြစ်သည်။
၎င်းကို လက်ရှိထင်ရှားသည့် ဖီလစ်ပိုင် လူမှုရေးပညာရှင် ဝေါလ်ဒဲန် ဘဲလို Walden Bello က “လစ်ဘရယ်ဒီမိုကရေစီ၏ ပြိုကွဲခန်း”ဟု တင်စားခဲ့သည်။

ဤသို့ဆိုလျှင် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များကို ဒီမိုကရေစီထံပါး၌အပ်နှံထား၍ မရတော့ပြီလော၊ ဒီမိုကရေစီ ခေတ်ကြီး၏ ဇာတ်သိမ်းခန်း စတင်ခဲ့ပြီလော၊ အာဏာရှင်တို့၏
ဖနောင့်အောက်သို့ လှည့်ပြန်ရတော့မည်လား။

လမ်းစများကာ မကုန်သေးပါ။

ကျွန်ုပ်တို့၏ မျှော်လင့်ချက်သစ်ပင်များ ရှင်သန်ရန်အတွက် အခြေအနေနှင့် အခွင့်အလမ်းကောင်းများကား ရှိနေပါသေးသည်။

သို့ရာတွင် လွယ်လွယ်နဲ့တော့မရပါ။ အချိန်တန်လျှင် ခေါင်းဆောင်၊ အစိုးရရွေးရန်အတွက် မဲသွားထည့်ရုံနှင့် အခွန်ပေးဆောင်ရုံသာလိုအပ်သော၊ သက်တောင့်သက်သာရှိလှသော


လစ်ဘရယ်ဒီမိုကရေစီနှင့်သာ ဆက်လက်၍ နှစ်ပါး သွားရန်ကား မရတော့။ အလုပ်ဖြစ်မည် မဟုတ်တော့။ ဤနေရာတွင် ရွေးကောက်ခံ၊ ကိုယ်စားပြုဒီမိုကရေစီစနစ်အား စွန့်ပယ်သင့်ပြီဟု
အဆိုပြုခြင်းမဟုတ်ပါ။ ၎င်းတခုတည်းကိုသာ အားမထားရန် ဆိုလိုခြင်းသာဖြစ်သည်။

ကျွန်ုပ်တို့အနေဖြင့် ဒီမိုကရေစီစနစ်ကို တကယ်တမ်းအလုပ် ဖြစ်စေလိုသည်ဆိုပါက လူအများ၏ ပါဝင် ဆောင်ရွက်မှုနှုန်းသည် လစ်ဘရယ်ဒီမိုကရေစီစနစ်မှာထက် ပိုမိုများပြားရန်


လိုအပ်သည်ကား သေချာပါသည်။ အထူသဖြင့် ပိုမိုရှုပ်ထေွး၍ကျယ်ပြန့်နက်နဲသော ပြဿနာများနှင့်ကြုံတွေ့နေရသည့် ခေတ်သစ်ကမ္ဘာကြီးတွင် ခေါင်းဆောင်တစ်ဦးတစ် ယောက် (သိ)ု့
အစိုးရအဖွဲ့တစ်ဖွဲ့ကိုသာ အားထား၍မရနိုင်တော့။ ထိုပြဿနာများ ၊အခက်အခဲများသည် အလွန်ပင်တော် သည့် လူတစ်ဦးတစ်ယောက် (သိ)ု့ အဖွဲ့တစ်ဖွဲ့၏
ဖြေရှင်းနိုင်သည့်စွမ်းရည်ထက် ပိုမိုခက်ခဲရှုပ်ထွေးကြလေသည်။ လူအများ၊ ပြည်သူအများ စုပေါင်းစဉ်းစားဖြေရှင်းမှ တော်ကာကျပေမည်။

သို့ဆိုလျှင် ပြည်သူများအနေဖြင့် နိုင်ငံရေး (သိ)ု့ နိုင်ငံ၏ အရေးကိစ္စများတွင် မည်ကဲ့သို့ပါဝင်ဆောင်ရွက်လာမည် နည်း။ ရှုထောင့်အမျိုးမျိုးမှ အဖြေအမျိုးမျိုးပေါ်ထွက်လာနိုင်ပါသည်။
ထိုအဖြေများစွာအနက်မှ ဗမာဘာသာဖြင့် ပြည်သူအ ခြေပြုအဖွဲ့အစည်များ (သိ)ု့ ပြည်သူ့လူ့အဖွဲ့အစည်းများဟု အကြမ်းဖျမ်းဘာသာပြန်ထားသော (Civil Society) ၏
သဘောတရားသည် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ကျွန်ုပ်အနေဖြင့် ယူဆပါသည်။

(Civil Society)

လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ကျော်များအတွင်း ပြည်သူ့လူ့အဖွဲ့အစည်းများ (Civil Society) ဟူသော စကားလုံး၊ စကားစုကို ကမ္ဘာတလွှားရှိ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်များအတွင်း
ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့၊ ကြားသိနိုင်ပြီး အဆိုပါ Civil Society ၏ အတွေးအခေါ်၊ သဘောတရား၊ အနက်အဓိပ္ပါယ်၊ သီအိုရီ နှင့် ၎င်း၏ အကျိုးသက်ရောက်မှုများအပေါ်
ပြောဆိုသုံးသပ်ဆွေးနွေးမှုများ၊ ငြင်းခုံမှုများ၊ ရေးသားချက်များ၊ ဆန်းစစ်ချက်များ ပလူပျံအောင်ပေါ်ပေါက်ခဲ့သည်။

စင်စစ်အားဖြင့် ပေါ်ပေါက်ခဲ့သည် ဆိုခြင်းထက် ပြန်လည်၍တခေတ်ဆန်းလာသည်ဟု ဆိုခြင်းကပို၍ ဆီလျော်မှု ရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယင်းစကားလုံး၊


အတွေးအခေါ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၀) ကျော်အတွင်းမှ စတင်၍ပေါ်ပေါက်ခဲ့ခြင်းမဟုတ်ဘဲ ရှေးဂရိခေတ် (အရစ္စတိုတယ်လ် Aristotle လက်ထက်)
မှစတင်၍ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး ၁၅၈၀ ကာလပတ်ဝန်းကျင်အထိ ရှင်သန်ပြောင်းလဲလာခဲ့ကာ ယင်းနောက်ပိုင်းမှာမှ ထူးဆန်းစွာပျောက်ကွယ်သွားခဲ့၍ လွန်ခဲ့သောနှစ်ပေါင်း၂၀ကျော်
ကာလများအတွင်းမှ ပြန်လည်ဆန်းသစ်လာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ဆန်းသစ်လာပုံမှာ တမူထူးခြားမှုရှိသည်။ အကြောင်းမှာ အခြားသောအတွေးအခေါ်၊ သဘောတရားများကဲ့သို့ သီအိုရီမှ
စတင်ခဲ့ခြင်းမဟုတ်ဘဲ လက်တွေ့အဖြစ်အပျက်များမှ စတင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

အတိအကျဆိုရသော် ၁၉၇၀နှင့် ၈၀ ပတ်ဝန်းကျင်ကာလများ၌ တင်းကျပ်သောအာဏာရှင် ကွန်မြူနစ်အစိုးရ အုပ်ချုပ်မှုများကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြသည့် ပိုလန်၊


ချက်ကိုဆလိုဗက်ကီးယား၊ ဟန်ဂေရီ အစရှိသည့် အရှေ့ဥ ရောပနိုင်ငံများမှ ပြည်သူများ၏အောင်မြင်မှုမှ စတင်ခဲ့လေသည်။

ထိုစဉ်က အရှေ့ဥရောပနိုင်ငံများရှိ ပြည်သူများ၏ တော်လှန်လှုပ်ရှားမှု၊ အောင်မြင်မှုများကို ရှင်းပြရန်နှင့် ဆန်းစစ် ချိန်ထိုးရန် မည်သည့်နိုင်ငံရေးဆိုင်ရာသီအိုရီများမဆို မတတ်နိုင်ဘဲ
ရှိနေခဲ့သည်။ နောက်ပိုင်းတွင်မှ ဂျာမန်နှင့် အီတလီ တွေးခေါ်ပညာရှင်များဖြစ်သော ကားလ်မတ်ခ် Kael Marx နှင့် အင်တိုနီယို ဂရမ်ဇီ Antonio Gramsic တို့လက်ထက်အထိ
ရေးသားဆန်းစစ်မှုများပြုခဲ့သည့် Civil Society ၏ သဘောတရား၊ သီအိုရီများဖြင့် ချိန်ထိုးကာရှင်းပြခဲ့ကြသည်။ ထိုအချိန်မှ စ၍ ကမ္ဘာတ၀န်းလုံးတွင် Civil Society
အတွေးအခေါ်များပြန်လည်၍ ရေပန်းစားလာခဲ့သည်ဟု ဆိုလျှင်လည်း မမှားပေ။

သို့ဆိုလျှင် Civil Society ဟူသည်ကား မည်ကဲ့သို့နည်း၊ မည်ကဲ့သို့သော အနက်အဓိပ္ပါယ်မျိုး ရှိသနည်း။

“မေးရန်မလွယ်ပေမယ့် အဖြေခက် ” ဟူသော စိုင်းခမ်းလိတ်၏ သီချင်းစာသားသည် အထက်ပါမေးခွန်းနှင့် တိုက်ရိုက်အကြုံးဝင်မှု ရှိပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ယင်း Civil Society ဟူသောစကားလုံး၊ သဘောတရားအပေါ် အသီးသီးသော ပညာ ရှင်များ၊ လေ့လာသူများက ကွဲပြားခြားနားစွာ ဖွင့်ဆိုသတ်မှတ်ကြပြီး
၎င်းတို့အားလုံးကို စုစည်း၍ဘုံအနက်အဓိပ္ပါယ်ဖွင့်ဆို ရန် ခက်ခဲသောကြောင့် ဖြစ်သည်။ ထို့ပြင် Civil Society ၏ သမိုင်းကြောင်းသည် အလွန်ရှည်လျားပြီး ၎င်းအသုံးအနှုန်း
စတင်ပေါ်ပေါက်ခဲ့သည့်အချိန်မှ စ၍ ယနေ့အချိန်ထိ ယင်း၏အဓိပ္ပါယ်သည်လည်း ကာလနှင့် ၎င်းအပေါ်စဉ်းစားသုံးသပ် သော လူပုဂ္ဂိုလ်များအပေါ်မူတည်၍
ရွေ့လျားပြောင်းလဲလာခဲ့သည်။ မည်သို့ဆိုစေကာမူ ယင်းအားရှင်းလင်းရန် ကြိုးစားရ ပေလိမ့်မည်။

အထက်တွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း Civil Society အပေါ်ကွဲပြားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ များစွာရှိလေသည်။ သို့ရာတွင် ကျွန်ုပ်အနေဖြင့် ပထမဦးစွာ Kettering Foundation ၏
နယက (President)ဖြစ်သူ David Mathews ၏ရှင်းလင်းပြီး နားလည်ရန်လွယ်ကူသော ဖွင့်ဆိုချက်ကို ငှားရမ်းအသုံး ပြုပါမည်။ David Mathews အနေဖြင့် Civil Society သည်နိုင်ငံရေး
(မှတ်ချက်- ယနေ့ ကျွန်ုပ်တို့တွေ နေကျနိုင်ငံရေးမျိုး မဟုတ်ပါ) ပင်ဖြစ်သည် ဟု ယူဆထားပြီး အောက်ပါအပိုဒ်သည် David Mathews ၏ဖွင့်ဆိုချက်ကိုဆီလျော့်အောင်
ဘာသာပြန်ထားခြင်း ဖြစ်သည်။

(လူသားများ၏ သမိုင်းတွင် နိုင်ငံရေးကို စတင်ဖန်တီးတီထွင်လိုက်သည့် အစောဆုံးကျေးရွာများကို စိတ်ကူးကြည့်ကြပါစို့။ အဆိုပါ ကျေးရွာများသည် မြေငလျင်၊ မီး၊ လေမုန်တိုင်း
စသည်တို့ကဲ့သော သဘာဝဘေးဒဏ်ကြောင့် မကြာမကြာ ပျက်စီးခြင်းဒဏ်ကို ခံရပေလိမ့်မည်။ ထိုရွာများစွာ အနက်မှ ရွာတရွာသည် မကြာမကြာ ရေလျှံလေ့ရှိသော မြစ်ကမ်းပါးတွင်
ရှိနေသည် ဆိုပါစို့။ ဖြစ်နိုင်ချေရှိသည်မှာ ပထမဦးဆုံးအနေဖြင့် ရွာသားများက မြစ်ရေလျှံရခြင်း၏ အကြောင်းရင်းကို စတင်တွေးတော စဉ်းစားကြပေလိမ့်မည်။ ၄င်းတို့၏ စားဝတ်နေရေး၊
သွားလာရေးတို့ အတွက်ထောက်ကူမှုပြုသော မိတ်ဆွေမြစ်ချောင်းကြီးသည် အဘယ့်ကြောင့် စိတ်ဆိုးလာပြီး ၄င်းတို့၏ရွာအား ဖျက်ဆီးပစ်ရသနည်းဟု အကြောင်းရင်းကို နားလည်ရန်
ကြိုစားပေလိမ့်မည်။ မြစ်စောင့်နတ်က စိတ်ဆိုးသဖြင့် ရေလျှံအောင်လုပ်ခြင်း ဖြစ်သည်။ ထိုမြစ်စောင့်နတ်ကို စားသောက်ဖွယ်ရာများဖြင့် ပူဇော်ပသမှ ဖြစ်မည်ဟူသည့် အဖြေကို
ရလာနိုင်သည်။ ထိုဖြစ်ရပ်အား “သာသနာ၊ ဘာသာရေး” ကို စတင်ဖန်တီးခြင်းဟု သတ်မှတ်နိုင်သည်။ ယင်းနောက်ပိုင်းတွင် မြစ်ရေမှာ လျှံမြဲလျှံနေပြီး မိသားစုဝင်များက ၄င်းတို့၏
ဆွေးမျိုးသားချင်းများကို လိုက်လံကယ်ဆယ် မှုလုပ်နိုင်သည်။ ထိုအခြင်းအရာကို လူမှုရေးဝန်ဆောင်မှုလုပ်ငန်း (Social Servics)(သ့)ို ကူညီစွန့်ကြဲဖေးမမှု (Charity) ဆိုင်ရာလုပ်ငန်းများ၏
မူလအစအဖြစ် သတ်မှတ်နိုင်သည်။ နောက်ဆုံးတွင် လူတဦးတယောက် (သိ)ု့ လူတစုမှ ငါတို့ရွာပြောင်းရလိမ့်မယ်ဟု ဆိုနိုင်သည်။ ၄င်းမှာ စုပေါင်းဆုံးဖြတ်ချက်ချ မှတ်ခြင်း (Collective
Decision) ၏ အစဦးပိုင်းဖြစ်ပြီး ၄င်း၏နောက်တွင် အများ၏ကောင်းကျိုးအတွက် ရည်ရွယ်သည့် စုပေါင်းလှုပ်ရှားဆောင်ရွက်မှု (Collective Action) က လိုက်လာသည်။ အဆိုပါ
ဆုံးဖြတ်ချက်ချမှတ်သည့် ဖြစ်စဉ်နှင့် ဆုံးဖြတ်ချက်အား အကောင်းထည်ဖော်သည့် ဖြစ်စဉ်တွင် ရွာသားများအကြား ပတ်သက်ဆက်နွယ်ပုံ ( Relationship)မှာ မိသားစုဝင်များအကြား
ပတ်သက်ဆက်နွယ်ပုံ ထက်ပိုမိုသည်။ အဆိုပါရွားသားများအကြား ပတ်သက်နွယ်မှုကို အခြားသောလူမှုရေးဆိုင်ရာ ပတ်သက်ဆက်နွယ် မှုများနှင့်ကွဲပြားစေရန် ပြည်သူများ၏
ပတ်သက်ဆက်နွယ်မှု (Public Relation-ship) ဟုခေါ်ဆိုနိုင်သည်။ ထို့နောက် ကျေးရွာရွှေ့ပြောင်းရန်အတွက် အတူတကွ ဆွေးနွေး၊ ဆုံးဖြတ်ချက်ချမှတ်ပြီး အတူတကွ
လုပ်ဆောင်ကြသော လူစုကိုပြည်သူလူထုတရပ် (A Public) ဟု သတ်မှတ်နိုင်သည်။ ထိုပြည်သူလူထု၏ အဖွဲ့များကို နိုင်ငံသား (Citizen) ဟုလည်း ခေါ်ဆိုနိုင်သည်။ ထိုပြည်သူလူထုကို
နိုင်ငံသား၏ လူအဖွဲ့အစည်း (Society of citizens) သို့မဟုတ် ပြည်သူ့လူ့အဖွဲ့အစည်း (Civil Society) ဟုလည်း ခေါ်ဆိုနိုင်သည်။

အထက်ပါပုံပြင်တွင် နိုင်ငံရေးဆိုသည်မှာ အများ၏ကောင်းကျိုးအပေါ် သက်ရောက်မှုရှိနိုင်သော ပြဿနာများကို ဖြေရှင်းရန်အတွက် စုပေါင်းဆောင်ရွက်ရာမှ ဖြစ်ပေါ်လာသော


လူမှုရေးဆိုင်ရာစီစဉ်ဆောင်ရွက် ခြင်း (Social Organizatoin) ကိုဆိုလိုသည်။ နောက်ပိုင်းကာလများတွင်မှ ထိုရွာများရွှေ့ပြောင်းရာ၌ ကူညီရန်အတွက် အစိုးရများ ပေါ်ပေါက်လာသည်။
သို့ရာတွင် အစိုးရသည် နိုင်ငံရေး၏ အစိတ်အပိုင်းတရပ်သာလျှင် ဖြစ်ပြီး နိုင်ငံရေးတရပ်လုံး မဟုတ်ပေ။ အစိုးရများကို ပြည်သူ့အဖွဲ့အစည်းများ (Civil Societies)
အားအထောက်အကူပြုရန်အတွက် ဖန်တီးထားခြင်းသာ ဖြစ်သည်။ အစိုးရနှင့် (Civil Societies) သည် ဆန့်ကျင်ဘက်များ မဟုတ်ဘဲ အပြန်အလှန်ထောက်ကူမှုရှိသည့် အဖွ(ဲ့ ၂)
ရပ်သာလျှင်ဖြစ်သည်။

ထို့ပြင် David Mathews က Civil Societies အား ပိုမိုတိုတောင်းစွာ အောက်ပါအတိုင်း ဖွင့်ဆိုထားးသည်။(Civil Societies) ဆိုသည်မှာ တသီးပုဂ္ဂလဖြစ်သော မိသားစုများ၊ မိတ်ဆွေ
အပေါင်းအသင်းများ နှင့် အစိုးရနယ်ပယ်များ အကြားတည်ရှိသည့် လူ့ဘောင်၏အစိတ်အပိုင်းတရပ် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအတွင်းကြည့်မည်ဆိုလျှင် ချတ်ခ်ျ
(ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း)များ၊ ပြည်သူ့အသင်းအဖွဲ့များ၊ အိမ်နီးနားချင်းများဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်း များကို (Civil Societies) အဖြစ် မြင်တွေ့နိုင်သည်။
ထို့ပြင်ကမ္ဘာ့အခြေအနေများကို စားသောက်ဆိုင်တဆိုင်တွင် ချိန်းတွေ့ဆွေးနွေးကြသော အုပ်စုများ၊ အမှိုက်စွန့်ရန် နေရာသတ်မှတ်မည့်အရေးကိစ္စအတွက်
ပြုလုပ်သောမြို့နေပြည်သူများ၏ အစည်းအဝေးများအဖြစ်လည်း မြင်တွေ့နိုင်သည်။ ထိုကဲ့သို့သော လူဘောင်၊ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းများကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့နှင့်
သုတေသန ပညာရှင်များသည် ရပ်ရွာအသိုင်အ၀ိုင်းများ၊ နိုင်ငံများအနေဖြင့် မည်မျှထိခရီးပေါက်ရောက်မှုရှိသည်ကို သိရှိနိုင်သည်။

ထို့နောက် အရှေ့ဥရောပနိုင်ငံများအတွင်းရှိ Civil Societies လှုပ်ရှားမှုများပေါ် များစွာသြဇာလွမ်းမိုးမှု ရှိသည့် မာခ့်စ်ဝါဒီ (Marxist) ဖြစ်သူ Antonio Gramsci ၏ အတွေးအခေါ်ကို
ကြည့်မည်ဆိုပါက Gramsci အနေဖြင့် လူ့အဖွဲ့အစည်းကြီးအား အစိတ်အပိုင်းကြီး (၃) ရပ်အဖြစ် ခွဲခြားထားသည်ကို တွေ့နိုင်သည်။ ၄င်းတို့မှာ-

နိုင်ငံရေးဆိုင်ရာ လူ့အဖွဲ့အစည်း Political Society၊

ပြည်သူ့လူ့အဖွဲ့အစည်း Civil Society နှင့်

စီးပွားရေးနယ်ပယ်တို့ ဖြစ်ကြသည်။

Gramsci အနေဖြင့် နိုင်ငံကိုအုပ်ချုပ်နေသော ကွန်မြူနစ်ပါတီတို့၏ ပါတီအစိုးရ (Party-State) နှင့် ၄င်း၏ယန္တရားများကို နိုင်ငံရေးဆိုင်ရာ လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး
လူဘောင်တရပ်လုံး အပေါ်တင်းကျပ်စွာ ချုပ်ချယ်အုပ်ချုပ်နေသော နိုင်ငံတော်အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှုကို တန်ပြန်တိုက်ခိုက်ရန်အတွက် Civil Society များအနေဖြင့်
အတွေးအခေါ်သဘောတရား ပိုင်းဆိုင်ရာ (Ideo Logical) အရ ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဟု အဆိုပြုခဲ့သည်။ ထိုကဲ့သို့ ယှဉ်ပြိုင်တိုက်ခိုက်မှုကို ပြည်သူများ၏ပါဝင်မှု ပိုမိုများပြားလာစေခြင်း၊
Civil Society အတွင်းရှိ အလုပ်သမားသမဂ္ဂများ၊ ချက်ခ်ျများကဲ့သို့သော လူမှုအဆောက်အအုံများ အားကောင်းလာအောင် ဆောင်ရွက်ခြင်းတို့ဖြင့် ပြုလုပ်နိုင်ပြီး ထို Civil Society
များအင်အားကောင်းလာပါက ကြီးမားသောပြောင်းလဲမှုဖြစ်ပေါ်လာလိမ့်မည် ဟု အဆိုပြုခဲ့သည်။

၎င်း၏အတွေးအခေါ်များကို အရှေ့ဥရောပနိုင်ငံများအတွင်းရှိ Civil Society လှုပ်ရှားမှုများက လက်ကိုင်ပြုခဲ့ကြလေသည်။

(Civil Society အပေါ် ပိုမိုစုံလင်သော အမြင်များဖြင့် ယှဉ်ထိုးလေ့လာနိုင်ရန်အတွက် လေ့လာသူများ၊ ပညာရှင်များ အသီးသီးတို့၏ သုံးသပ်ချက်များကို လေ့လာရန် အကြုံပြုပါသည်။
သေချာသည် တခုမှာကား အမျိုးမျိုးသောသုံးသပ်ချက်များ၊ မေးခွန်းထုတ်မှုများ၊ ငြင်းခုံချက်များ ပေါ်ထွက်နေဦးမည် ဖြစ်သည်။ ဥပမာအားဖြင့် Civil Society တွင်
ပုဂ္ဂလိကစီးပွားရေးကဏ္ဍများ၊ နိုင်ငံရေးပါတီများ ပါဝင်မှုရှိမရှိ ဟူသောမေးခွန်းမျိုး။)

အတိုချုံးအားဖြင့် ပြန်ကြည့်မည်ဆိုလျှင်

Civil Society သည် နိုင်ငံတော်အစိုးရ၏ ထိန်းချုပ်မှုအောက်၌ ရှိမနေသော မိမိတို့၏သဘောဆန္ဒနှင့် ရည်းမှန်းချက်အရ လာရောက်စုစည်း ထားကြသည့် လွတ်လပ်တော်အဖွဲ့အစည်းများ၊
အစုအရုံးများ ၊ အစုအဖွဲ့များကို ဆိုလိုပြီး ထိုအဖွဲ့အစည်းများသည် မိမိတို့၏ကောင်းကျိုးနှင့် ရည်မှန်းချက်အတွက် ဖြစ်စေ၊ အများ၏ ကောင်းကျိုးနှင့် ရည်မှန်းချက်အတွက်ဖြစ်စေ
အတူတကွ တိုင်ပင်ဆွေးနွေး၍ လုပ်ဆောင်ကြသည်။ ထိုအဖွဲ့အစည်းများ၊ ကွန်ယက်များ အနေဖြင့်အားကောင်းလာပါက နိုင်ငံတော်အစိုးရ၏အာဏာအား ကန့်သတ်ထိန်းညှိထားနိုင်ခြင်း
(သိ)ု့ တရားမျှတမှုမရှိ သောအစိုးရများကို ဖြုတ်ချနိုင်ခြင်းအထိ စွမ်းဆောင်လာနိုင်သည် ဟု သုံးသပ်သည်။

အဘယ်ကြောင့် Civil Society ကို စိတ်ဝင်စားရသနည်း။

မြန်မာနိုင်ငံ၏ အရေးနှင့် မည်ကဲ့သို့ပတ်သက်မှုရှိသနည်း။

၁၉၆၀ မှ ၈၀ ကျော်ကာလများအထိ အရှေ့ဥရောပတွင် Civil Societies များက အလွန်တင်းကျပ်သော အာဏာရှင်ကွန်မြူနစ်အစိုးရများအား ဖြုတ်ချနိုင်ခဲ့သည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။
ထို့ပြင် ထိုင်းနိုင်ငံ၊ ဖီလစ်ပိုင်နိုင်ငံနှင့် လက်တင်အမေရိကတိုက်မှ နိုင်ငံများတွင်လည်း Civil Societies များ၏ ဦးဆောင်မှုဖြင့် အာဏာရှင်များကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ်သို့
အောင်မြင်စွာတက်လှမ်းခဲ့သည်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ Civil Society ၏ အတွေးအခေါ်သည် ပြည်သူများ၏ပါဝင်မှုကို အားပေးသဖြင့် အချို့သောသုံးသပ်သူများက Civil
Society မရှိသော ဒီမိုကရေစီသည် အနှစ်မရှိဟု သုံးသပ်ကြသည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် Civil Society သည် အပြန်အလှန်ဆက်စပ်မှိခို မှုရှိနေပြီး ခွဲခြား၍မရဟု ဆိုကြသည်။
အချို့ကလည်း အရှေ့ဥရောပနိုင်ငံများနှင့်လက်တင်နိုင်ငံများမှ သက်သေပြခဲ့သည့်အတိုင်း Civil Society သည် ဒီမိုကရေစီစနစ်သို့ ကူပြောင်းရာတွင် လိုအပ်ချက်တရပ်ဖြစ်သည် ဟု
ဆိုကြသည်။

မျှမျှတတ စဉ်းစားသုံးသပ်ရသော် အာဏာရှင်အစိုးရများ ပြုတ်ကျစေသည့် အကြောင်းခြင်းရာများ (factors) သည် တခုထက်မကဘဲ မြောက်များစွာ ရှိနိုင်ပါသည်။ သို့ရာတွင် Civil
Societies များက အရေးကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်နေသည် ဟုဆိုလျှင်လည်း မမှားပေ။

သို့ဆိုလျှင် ဆက်လက်တွေးတောစဉ်းစားရန်လိုအပ်သော မေးခွန်းများကား--

အဆိုပါနိုင်ငံများတွင် မည့်သည့်အကြောင်းခြင်းရာများက Civil Societies များကို အောင်ပွဲများ ဆောင်ကြဉ်းပေးစေခဲ့သနည်း။

ပြည်ထောင်စုမြန်မာနိုင်ငံရေး ပြောင်းလဲရှိလာအောင် Civil Society များက လုပ်ဆောင်နိုင်စွမ်းရှိနိုင်၊ မရှိနိုင် (သို့မဟုတ)် Civil Society ၏ အခန်းကဏ္ဍမှာ မည်ကဲ့သို့ ဖြစ်နိုင်ခြေရှိသနည်း။

မြန်မာနိုင်ငံတွင်း Civil Society များအားကောင်းလာအောင် မည်သည့်လှုမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းအချက်များ (Political, economic, social and
cultural factors) လိုအပ်သနည်း၊

တနည်းအားဖြင့် Civil Society အတွေးအခေါ်သည် မြန်မာနိုင်ငံနှင့် ဟပ်စပ်မှုရ/ှိ မရှိ ဆိုသည့်အချက်ပင် ဖြစ်လေသည်။

ဟာန်(ရှမ်းလူငယ်)

Shin Goun Gwep


တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည် ဆိုသောခံယူချက်ကိုအမှားဟုကန့်ကွက်သည်။
ထိုအယူဝါဒသည် သီပေါမင်းနန်းကျပြီးမှစဉ်းစားဆင်ချင်မိခဲ့ ကြသော အရင်းရှင်နယ်ချဲ့ ခေတ်မှဟောင်းနွမ်းဆွေးမြေ့ ခဲ့ ပြီဖြစ်သောအယူဝါဒဖြစ်သည်။
ယခုခေတ်ယခုမျက်မှောက်ကာလသည်ကမ္ဘာနိုင်ငံအများစုသည်စီးပွါးရေးကိုသာအခြေခံသည်။စီးပွါးရေးခိုင်မာတောင့် တင်းလာသည်နှင့် အမျှ
တိုင်းပြည်သည်အလိုအလျှောက်အင်အားပြည့် စုံလာမည်သာဖြစ်သည်။ယခုလတ်တလောမြင်တွေ့ နိုင်သည်မှာ
မြောက်ကိုရီးယား အီရန်…စစ်ရေးဖြင့် တိုင်းပြည်အင်အားရှိအောင်တည်ဆောက်နေသည်။
သို့ သော်ပြည်သူအပေါင်းမှာဆင်းရဲတွင်း၌နစ်သည်ထက်နစ်ယုံမှတပါးတိုင်းပြည်တိုးတက်လာဖို့ မရှိ။
စစ်ရေးအရတပ်မတော်ကြီးအင်အားပြည့် စုံလာသည်ဆိုပါဦး.အနီးအနားနိုင်ငံများတွင်၎င်း အဝေးမှနိုင်ငံကြီးများသည်၎င်းကြူးကျော်လာရောက်သိမ်းပိုက်စရာလက္ခဏာမရှိ။
ကြူးကျော်သိမ်းပိုက်သည်ပဲထာဦး ကမ္ဘာ့ နိုင်ငံများမှလည်းလက်ပိုက်ကြည့် နေမည်မဟုတ်။လက်ပိုက်ကြည့် နေကြသည်ပဲထားဦး တစ်ကယ့် စစ်ပွဲကြီးတစ်ပွဲတိုက်ဘို
့ရာဤတိုင်းပြည်သည်ငွေကြေးအလုံအလောက်ပြည့် စုံကြွယ်ဝနေပါပြီလား။
(ရှင်ဂွမ်းဂွ)ိ
ဒုတိယကမ္ဘာစစ်အပြီးနိုင်ငံများ၏အခင်းအကျင်းကိုပြန်ကြည့် လိုက်လျှင် အကြမ်းအားဖြင့် သုံးမျိုးသုံးစားရှိသည်ကိုတွေ့ ရမည်။ဆိုဗီယက်ယူနီယံ တရုတ်ပြည်သူ
့သမ္မတနိုင်ငံစသောဆိုရှယ်လစ်နိုင်ငံများကသူတို့ ၏သက်ဆိုင်ရာအဖွဲ့ အစည်းများကိုနိုင်ငံတော် အာဏာဆိုသောအင်အားတစ်ခုတည်းနှင့် အားကောင်းမောင်းသန်ဆွဲခဲ့ သည်။
နိုင်ငံရေးအရအာဏာပိုင်စနစ်ကျင့် သုံးသော်လည်းစီးပွါးရေးအရဈေးကွက်စနစ်ကိုကျင့် သုံးသောနိုင်ငံများကမူနိုင်ငံတော်အာဏာပါမကဈေးကွက်ဆိုသောဒုတိယအင်အားပါတွဲဖက်ရုံးကန်ခဲ
့သည်။တောင်ကိုရီးယား စင်ကာပူ ဖိလစ်ပိုင် စသောအာရှနိုင်ငံများ….
ဖွံ့ ဖြိုးပြီးနိုင်ငံများအပါအဝင်ကမ္ဘာ့ နိုင်ငံအတော်များများကမူဆိုခဲ့ သည့် အားနှစ်အားအပြင်တတိယအင်အားပါ အားဖြည့် ပြီးရုံးကန်ခဲ့ သည်။တတိယအားမှာ ..အရပ်ဘက်လူ့ အဖွဲ့ အစည်း.
(Civil Society)
ဆိုသောအားဖြစ်သည်။နိုင်ငံရေးပါတီများအပါအဝင်ဘိဇနက်မဟုတ်သောအမြတ်အတွက်မဟုတ်သည့် အဖွဲ့ အစည်း(Non-profit Organization)အားလုံးအကြုံးဝင်သည်။သာရေးနာရေး
ပရဟိတအဖွဲ့ အစည်းများ လူမှူ့ ဝန်ဆောင်မှူ့ အဖွဲ့ များ NGO များဖြစ်သည်။အဆိုပါအရပ်ဘက်လူ့ အဖွဲ့ အစည်း၏ရည်ရွယ်ချက်က ရှိနှင့် ပြီးသောအင်အား (နိုင်ငံတော်အာဏာ နှင်
့ဈေးကွက်)ကိုကဏ္ဍကောစလုတ်ဖို့ မဟုတ်
အားဖြည့် ပေးဖို့ ပင်ဖြစ်သည်။
သဘာဝကျစွာပင် စစ်ပြီးခေတ်ဖွံ့ ဖျိုးရေးပြိုင်ပွဲကြီးတွင်အား ၃ မျိုးနှင့် ရုန်းသောနိုင်ငံများကရှေ့ သို့ ချွန်ထွက်လာပြီးအားနှစ်မျိုးသာရှိသောနိုင်ငံများကတရွတ်တိုက်ပါလာကာ
အားတစ်ခုတည်းနှင့် သာရုန်းကန်သော ဤကဲ့ သို့ သောနိုင်ငံများသည်နောက်တွင်အပြတ်အသတ်ပြတ်ကျန်ခဲ့ သည်ကိုယခုလက်တွေ့  တွေ့ မြင်ကြပြီဖြစ်သည်။
အထူးသဖြင့်  လွန်ခဲ့ သော ၂၂ နှစ် ၁၉၈၉ ဘာလင်တံတိုင်းကြီးပြိုကျအပြီးတွင်ဤအချက်မှာပို၍ပို၍ထင်ရှားလာသည်။
ကျမတို့ ဗမာနိုင်ငံသည် ၁၉၆၂ ကတည်းကဆိုရှယ်လစ်လမ်းကြောင်းပေါ်ေ၇ာက်သွားခဲ့ သည်ဖြစ်၍အားတစ်ခုတည်းနှင့် သာဆွဲခဲ့ သည်။၁၉၈၈ နောက်ပိုင်းစစ်အစိုးရဦးဆောင်မှူ့ ဖြင်
့ဒုတိယအား( ဈေးကွက်)ကိုစတင်အကောင်အထည်ဖေါ်ပါသော်လည်း
--------- ------၊ ? ? ? ? ? ?/
ရှင်ဂွမ်းဂွိ

နေကြာ အဓမ္မစိုက်ရသဖြင့် တောင်သူများ စိတ်ပျက်

အောင်ထက် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း သာယာဝတီခရိုင်ရှိ ဒေသအများအပြားတွင် "ဒေသစားသုံးဆီ ဖူလုံရေး" အမည်တပ်၍ အာဏာပိုင်များက နေကြာပင်များ အဓမ္မစိုက်ခိုင်းနေသဖြင့်
စိတ်ပျက်ရကြောင်း ဒေသခံ တောင်သူများ အဆိုအရ သိရသည်။

စိုက်ပျိုးရေးဌာနက ဒေသ အာဏာပိုင်များမှတဆင့် နေကြာပင်မျိုးများကို တဧကလျှင် တပြည်နှုန်း မဖြစ်မနေ စိုက်ခိုင်းကာ၊ တပြည်လျှင် ကျပ်တထောင်နှုန်းဖြင့် မယူမနေရ ယူနေရသည်။
စီးပွားရေးအရ တွက်ခြေကိုက်သည့် ပဲစိုက်ပျိုးချိန်တွင် ယင်းသို့ နေကြာ စိုက်ပျိုးခိုင်းသည်မှာ ၄-၅ နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်၍ လယ်သမားများ စိတ်အနှောင့်အယှက် ဖြစ်နေခြင်း ဖြစ်သည်။

"စိုက်ချိန်တန်ရင် လာတယ်။ လယ်သမားတိုင်း မယူမနေရဆိုပြီး လိုက်ပေးတာ။ နေကြာက မဖြစ်ဘူး။ ကိုက်လည်း မကိုက်ဘ"ူး ဟု အုတ်ဖိုမြို့နယ် မတောင့်တ ကျေးရွာမှ
တောင်သူအဘွားအို တဦးက မဇ္ဈိမကို ပြောသည်။

မိုးစပါးအပြီး ပဲစိုက်ပျိုးချိန်တွင် ပဲခင်းအတွင်း နေကြာပင်များကို ရောနှော စိုက်ပျိုးခိုင်းခြင်းကြောင့် ပဲခင်းများအကြား နေကြာအရိပ်ခိုပြီး ကြွက်များ၊ ပုရစ်များ များပြားလာကြောင်းနှင့်
ပဲခင်းအများအပြားပါ ပျက်စီးသဖြင့် မစိုက်လိုကြောင်း တောင်သူများအဆိုအရ သိရသည်။

ဒေသစားသုံးဆီ ဖူလုံရေးအတွက်ဟု ဆိုသော်လည်း ယင်းနေကြာမျိုးများမှာ ခရိုင်အဆင့်၊ တိုင်းအဆင့် ဒေသအာဏာပိုင်များ၏ ရန်ပုံငွေ ရှာဖွေမှုဖြစ်ကြောင်း ဒေသခံများက
ယုံကြည်နေသည်။

"မရှိလို့ အခွင့်အရေး တောင်းချင်ရင် တောင်းလိုက်။ လယ်သမား ပဲစိုက်လို့ ဒါတွေ ကူညီပေးပါဆို ပေးရုံပဲ။ ဒါကြီး ဘယ်သွားစိုက်မလဲ။ ပဲပင်တွေတောင် မနည်းရှင်အောင် စိုက်နေရတာ။
အမယ်လေး.. တခါတလေဆို စပါးရောင်းပြီး ပေးရတယ်" ဟု မင်းလှမြို့နယ် ကျေးရွာတရွာနေ တောင်သူတဦးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သာယာဝတီခရိုင်အတွင်း မြို့နယ် ၈ မြို့နယ်အနက်မှ အုတ်ဖိုမြို့နယ် မယကရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဒေသစားသုံးဆီ ဖူလုံရေးအတွက်
ခရိုင်အဆင့်၊ တိုင်းအဆင့် ညွှန်ကြားချက် ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

အချို့ကျေးရွာများတွင် ရပ်မိရပ်ဖများနှင့် ညှိနှိုင်းကာ မျိုးနေကြာကို တောင်သူများကို မပေးဘဲ ဆီစက်များသို့ အရှုံးခံ သွင်းခြင်းမျိုး ရှိနေကာ၊ မယကသို့ နေကြာဖိုးသွင်းချိန်၌ လိုအပ်သည့်
ငွေကြေးကို အချိုးကျ စုပေါင်း စိုက်ထည့်ပေးသည့် နည်းဖြင့် ဖြေရှင်းသူများလည်း ရှိနေသည်။

"၂ ဧက စိုက်တာ တခွဲ (၈ ပြည်) လောက်ပဲ ရတယ်။ အဲဒါလေးတွေကို နည်းနည်းပါးပါး ပြာတီး (သန့်စင်) ပြီး ရေအိုးလေးနဲ့ ထည့်ထားပြီး ပြရတယ်။ မျိုးတော့ မဝယ်နိုင်ဘူး...။
အမေကြီးမှာ ရှိတယ်၊ စိုက်ဆို စိုက်ပေးမယ်..။ လယ်အများကြီး လုပ်လာတာ ဒါလေးတော့ ရတယ်လို့ တောင်းပန်ရတယ်" ဟု အဘွားအိုက ဆိုသည်။

လက်ရှိတွင် တောင်သူများ၏ လက်တွင်းသို့ မျိုးနေကြာများ မရောက်သေးသော်လည်း အာဏာပိုင်များက ဝေငှရန် စီစဉ်နေပြီး၊ ယခုနှစ်တွင် ရွေးကောက်ပွဲကြောင့် အတင်းအဓမ္မ
စိုက်ပျိုးသည့် အစီအစဉ်ကို နောက်ဆုတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

(မျိုးသိဏ်း တည်းဖြတ်သည်။)

နိုင်ငံရေး အကျဉ်းသား ကူညီရမည့်သူကို အန်အယ်ဒီ မဲနှိုက်ရွေးချယ်

ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၈ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ နိုင်ငံရေးအကျဉ်းသား ၃ဝဝ ကျော်၏ မိသားစုများအတွက် စေတနာ့ဝန်ထမ်းတဦးစီ ထားရှိမည့် အစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့ရုံးချုပ်တွင်
ယနေ့ကျင်းပသည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ ထည့်သွင်းပြုလုပ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသား တဦးချင်းစီ၏ အမည်၊ လိပ်စာနှင့် လက်ရှိ ထောင်အမည်များ ရေးသားထားသည့် ရင်ထိုးပြားများ ပြုလုပ်ကာ အန်အယ်ဒီ ပါတီဝင်များနှင့် စေတနာရှင်များက
မဲနှိုက်ယူပြီး ပေါက်သည့် အကျဉ်းသား၏ မိသားစုထံ ဆက်သွယ်ကာ အားပေးကူညီသွားမည့် အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ကိုယ်နှိုက်မိတဲ့ အကျဉ်းသားမိသားစုကို ငွေကုန်ကြေးကျခံပြီး ကူညီဆောင်ရွက်ဖို့ လိုတယ်လို့ မဖော်ညွှန်းပါဘူး။ ကိုယ်တာဝန်ယူမယ့်သူ သိပြီဆိုရင် သူ့ရဲ့ မိသားစုကို ချိတ်ဆက်
ဆက်သွယ်ပြီးတော့ နှုတ်၏ ဆောင်မခြင်းနဲ့ အားပေးစကား ပြောတယ်။ သူတို့အခက်အခဲတွေကို
တတ်နိုင်သလောက် ကူညီဖြေရှင်းပေးတဲ့ စေတနာနဲ့ ညှိနှိုင်းဆွေးနွေး အကြံဥာဏ်ပေးတယ်ဆိုရင်ပဲ
အားတက်စရာပါ” ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“ထောင်ထဲမှာရောက်နေတဲ့ လူရော၊ မိသားစုပါ တအား အားတက်တာပေါ့။ ကျနော်ကိုယ်တိုင်


ခံစားခဲ့ရတယ်။ အဲဒီလို တယောက်ယောက်က သတိရလို့ ငါးပိတဗူး ပေးသွားတယ်ဆိုရင်ပဲ
သိပ်ဝမ်းသာတယ်၊ အရမ်းအားတက်တာ။ အဲဒီ စိတ်ဓာတ်ခုခံအား ကောင်းဖို့ အလွန်အရေးကြီးတယ်။
ထောင်ထဲမှာ အားအကိုးရဆုံးက စိတ်ဓာတ်ကြံ့ခိုင်ဖို့ပဲ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ
သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၂ဝဝ ခန့်ရှိကြောင်း ထိုင်းအခြေစိုက် AAPP ခေါ်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက
ကြေညာထားသော်လည်း အန်အယ်ဒီတွင် ပြုစုထားသည့် လူဦးရေ စာရင်း ၆ဝဝ ကျော်အနက်
ယနေ့တွင် ၃ဝဝ ကျော်ကို မဲနှိုက်ကာ တဦးချင်းစီ တာဝန်ယူကြခြင်း ဖြစ်သည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန် လှိုင်သာယာမြို့နယ်မှ ကိုစိုးမင်းမင်း၊


ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က ပူတာအိုထောင်ရှိ မန္တလေးတိုင်းစည်း ဒေါ်ဝင်းမြမြ၊ ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့ဝင် ဒေါ်လဲ့လဲ့က သရက်ထောင်ရှိ ၈၈ ကျောင်းသူ မနီလာသိန်းနှင့်
ရန်ကုန်တိုင်း အမျိုးသမီး တာဝန်ခံ ဒေါ်မေဝင်းမြင့်က သရက်ထောင်ရှိ ရှမ်းပြည်တပ်မတော် SSA မှ ကိုရွှေအုန်းအတွက် ကူညီသွားမည်။

ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသူ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက အန်အယ်ဒီ၏ ယခုအစီအစဉ်သည် ကြီးမြတ်သည့်


လုပ်ဆောင်ချက်ဟု ပြောဆိုလိုက်သည်။

“အရမ်းကောင်းတဲ့ အစီအစဉ်ပါ။ နာဂစ်ကို စောင့်ရှောက်ခဲ့တာတောင် ထောင်ထဲမှာ ရှိခဲ့တယ်။ အခုလို လုပ်တာ အင်မတန်ကို ကြီးမြတ်တဲ့ စိတ်ထားရှိလို့ လုပ်နိုင်တာပါ။
ကျေးဇူးတင်ပါတယ်” ဟု သူက မဇ္စျိမကို ပြောပြသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ အထမြောက်အောင်မြင်စေရန် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ရဟန်းသံဃာ၊ ကျောင်းသားခေါင်းဆောင်များ၊


တိုင်းရင်းသား ခေါင်းဆောင်များကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် တိုင်းရင်းသား လူမျိုးများ မပါဝင်ဘဲ ဒီမိုကရေစီနိုင်ငံ မတည်ဆောက်နိုင်ကြောင်း သူက ပြောဆိုသည်။

အန်အယ်ဒီ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင်များ၊ သံတမန်များ၊ CRPP အဖွဲ့ဝင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးပါတီဝင်
အချို့နှင့် ဧည့်ပရိသတ် စုစုပေါင်း လူတထောင်ကျော် တက်ရောက်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များကို ကူညီရန် ရည်ရွယ်၍ ယခုလ ၂ ရက်နေ့မှစ၍ ယနေ့ထိ ရုံးချုပ်ရှေ့ ပြုလုပ်သည့် ဈေးရောင်းပွဲမှ ရန်ပုံငွေ ကျပ်သိန်း ၄ဝ ခန့်
အမြတ်ငွေ ရထားသည်ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။

အလားတူ လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့ရှိ ပါတီတိုင်းစည်း ဥက္ကဋ္ဌ ဦးသိန်းတန် နေအိမ်၌ ကျင်းပရာ အဖွဲ့ဝင်များနှင့် ပါတီလူငယ် ၂ဝဝ ခန့် တက်ရောက်ခဲ့ပြီး
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၈ စက္ကန့်ကြာ ငြိမ်သက်အလေးပြုခဲ့ကြောင်း ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က ပြောသည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “အမိနိုင်ငံတော်ကြီး လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို
စိုးစဉ်းမျှပင် လွှမ်းမိုးချုပ်ကိုင်မှု မခံရစေရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားအပေါင်းက နိုင်ငံရေး သတိကြီးစွာဖြင့် တားဆီး ကာကွယ်သွားကြရန်’’ တိုက်တွန်း နှိုးဆော်ထားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကျမတို့ရဲ့နိုင်ငံ၊ ကျမတို့ရဲ့ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ’’ ဟု


အဖွဲ့ချုပ်ရုံး အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

မြန်မာ့အရေး ကုလဝင်ရန် ဗုံးကိုင်ဆန္ဒပြသူ အဖမ်းခံရ

ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ လက်ပစ်ဗုံးနှစ်လုံး ကိုင်ဆောင်ထားသူ ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးသည် မြန်မာ့ဒီမိုကရေစီရေးတွင် ကုလသမဂ္ဂ ကြားဝင်ပေးရန် ထိုင်းနိုင်ငံ တာ့ခရိုင်
မဲဆောက်မြို့ရှိ ကုလရုံးရှေ့၌ ယနေ့မနက် ဆန္ဒပြရာ ဖမ်းဆီးခံရကြောင်း မြို့ခံများ အဆိုအရ သိရသည်။

၃၆ နှစ်အရွယ် ဆန္ဒပြသူ စောသံမဏိ ခေါ် စောထိန်လင်း (ဘားအံဇာတိ) သည် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသွားသော ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ဒီကေဘီအေ
အမှတ် ၉၉၉ တပ်မဟာ လက်အောက်ခံ တပ်မှူးမြတ်ခိုင်၏ တပ်ရင်း ၄ ၊ ဆက်သွယ်ရေးတပ်မှဟု ထွက်ဆိုကြောင်း မျက်မြင်သက်သေ မြို့ခံများအဆိုအရ သိရခြင်း ဖြစ်သည်။

“ဒီမနက်ပဲ မြဝတီကနေ ကူးလာတယ်။


မဲဆောက်ရောက်တော့ ဆိုင်ကယ်တက္ကစီ စီးပြီး ယူအန်ရုံးရှေ့ကို သွားတာ။ ဆိုင်ကယ်သမားကို
ဓားစာခံလုပ်လိုက်တယ်။ လက်ပစ်ဗုံးနှစ်လုံးကို ပင်ဖြုတ်လိုက်ပြီး ဆန္ဒပြတာ။ သူ့လက်ကို သူ့ဘာသာ
လက်ထိပ်ခတ်ထားပေမယ့် တဖက်ပဲ ခတ်လျက်ဖြစ်နေတာ” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

အခြား မြို့ခံတဦးကလည်း “ယူအန်အရာရှိတွေကလည်း ဟိုးအဝေးက နေတယ်၊ အတွေ့မခံဘူးဗျ။


ထိုင်းရဲတွေကတော့ စနိုက်ဘာ Sniper တွေနဲ့ ဆွဲတော့မယ့် အနေအထား ဖြစ်နေတော့
မဲဆောက်မြို့ပိုင်က သွေးထွက်သံယို မဖြစ်ချင်လို့ သွားညှိကြည့်တယ်။ နောက်ဆုံး သူက
အမိခံတယ်ပေါ့” ဟု ပြောသည်။

စစ်အစိုးရနှင့် ဒီကေဘီအေထံသို့ မအပ်နှံရေးနှင့် ထိုင်းတာဝန်ရှိသူများထံ အဖမ်းခံမည်ဖြစ်ပြီး


သီးသန့်ထားပေးရန် သဘောတူခဲ့ပြီးနောက် ဆန္ဒပြသူကို မဲဆောက်ရဲစခန်း၌
ချုပ်နှောင်ထားကြောင်းနှင့် အသာတကြည် အဖမ်းခံသဖြင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့်သာ
ရဲက တရားစွဲမည်ဖြစ်ကြောင်း သူက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ ဒုက္ခသည်မဟာမင်းကြီးရုံး UNHCR ရှေ့၌ မြန်မာဒုက္ခသည်များက


ယခင်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ဖူးသော်လည်း ယခုကဲ့သို့ လက်ပစ်ဗုံးဖြင့် ဆန္ဒပြမှုမှာမူ ပထမဆုံး
ဖြစ်သည်။
ယနေ့ဆန္ဒပြသူက ဒီကေဘီအေကို နယ်ခြားစောင့်တပ်အသွင်ဖြင့် စစ်အစိုးရ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် မနေလိုဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိရန်နှင့် တိုင်းရင်းသားများ၏
ရပိုင်ခွင့်များကို စစ်အစိုးရက ဖြေရှင်းပေးနိုင်မည် မဟုတ်သဖြင့် ကုလသမဂ္ဂက ကြားဝင် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

၂ဝ၁ဝ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသဖြင့် လက်မခံနိုင်ကြောင်းနှင့် စစ်အစိုးရ၏


စိတ်ကြိုက်ရေးဆွဲထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံကိုလည်း လက်မခံကြောင်း သူက ပြောဆိုခဲ့သည်။

ဒီကေဘီအေ ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်သည် မြိုင်ကြီးငူဆရာတော်


ဦးသုဇန၏ ဦးဆောင်မှုဖြင့် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ကာ
စစ်အစိုးရနှင့် ပူးပေါင်းခဲ့ပြီးနောက် ယခုအခါ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်ပြီဖြစ်သည်။

သို့သော် ဗိုလ်နှုတ်ခမ်းမွှေးဟု လူသိများသည့် ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သော ဒီကေဘီအေ


တပ်မဟာ ၅ ကမူ လက်မခံဘဲ တိုက်ပွဲများ ဖြစ်နေသည်မှာ တလကျော်ပြီဖြစ်သည်။

ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့နယ်၊ ကော့ကရိတ်မြို့နယ် ဝေါလေဒေသ ကနဲလေး၊ မြဝတီမြို့နယ်


ဖလူးလေး၊ ဖလူးကြီး၊ ရသေ့တောင် စသည့် နေရာများရှိ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်၊
ဖုတ်ဖရာ့၊ အုန်းဖန်နှင့် ထာ့ဆောင်ယန်း မြို့နယ်တို့တွင် ဒုက္ခသည်အသစ် ၈ဝဝဝ ကျော်
ရောက်နေကြောင်း ဒုက္ခသည်များကို ကူညီနေသည့် အဖွဲ့များက ဆိုသည်။

“ထိုင်းရွာတွေထဲမှာပေါ့ အသိတွေအိမ်၊ တောင်ယာတဲတွေမှာ လိုက်နေကြတာပေါ့။ မဲဆောက်


ဧရိယာမှာ ၁၇ဝဝ ကျော်တာပေါ့။ ခွင်လေးခုသတ်မှတ်ထားတယ်။ လွန်ခဲ့တဲ့ ၄ ရက်က စာရင်းအရ
အားလုံးပေါင်း ၈၂ဝဝ ကျော်တယ်လေ” ဟု မဲဆောက်ခွင်မှ ဒုက္ခသည်များကို တာဝန်ခံ ကူညီနေသည့် ကိုနေဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံနေကြသည့် ကရင်လူမျိုးများ အပါအဝင် စခန်း ၉ ခု၌ ဒုက္ခသည် စုစုပေါင်း တသိန်းခန့်ရှိကြောင်း ဒုက္ခသည်များကို
ကူညီနေသည့် Thailand Burma Border Consordium-TBBC အဖွဲ့က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။

http://www.mizzimaburmese.com/home.html

စစ်မှန်တဲ့ လွတ်လပ်ရေးအတွက် ညီညွတ်ကြဖို့ ဒေါ်စု တိုက်တွန်း

By ဦးဇော်ဝင်းလှိုင် အင်္ဂါ, 04 ဇန်နဝါရီ 2011

ဓာတ်ပုံ ASSOCIATED PRESS

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား NLD ရုံးချုပ်တွင် ကျင်းပနေစဉ်။ ဇန်န၀ါရီ ၄၊ ၂၀၁၁။

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင် ကြိုးပမ်းမှုနဲ့ ဗြိတိသျှ အုပ်ချုပ်မှု လက်အောက်ကနေ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့က မြန်မာနိုင်ငံ လွတ်လပ်ရေး
ရခဲ့တာမို့ ဒီနေ့ဟာ နှစ်ပေါင်း ၆၃ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး လွတ်လပ်ဖို့အတွက် အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြဖို့ လိုအပ်ပြီး ကိုယ်ကိုယ်တိုင်ကလည်း
ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ ဒီကနေ့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ ၆၃ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က
ပြောပါတယ်။

ဒီကနေ့ ရန်ကုန် NLD ရုံးချုပ်မှာ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခဲ့သလို နိုင်ငံရေးနဲ့ စီးပွားရေး ကြေညာစာတမ်းတွေကို NLD ပါတီက ထုတ်ပြန်ခဲ့ပြီး စေတနာရှင်တွေ အနေနဲ့
နိုင်ငံရေး အကျဉ်းသားတွေကို တဖက်တလမ်းက ကူညီထောက်ပံ့နိုင်မယ့် အစီအစဉ်တွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က
တင်ပြပေးထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၃ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တာပါ။ လွတ်လပ်ရေးဆိုတာ
အားလုံးနဲ့ သက်ဆိုင်တာကြောင့် စစ်မှန်တဲ့ လွတ်လပ်ရေး ရဖို့အတွက် အားလုံးက ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုတဲ့အကြောင်း NLD အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“ဒီလွတ်လပ်ရေးကို အားလုံးရဖို့ ဆိုတာက ကျမတို့ ညီညွတ်ဖို့ လိုပါတယ်။ ဒါဟာ တကယ်တော့လည်း ထူးထူးထွေထွေ ရှင်းပြဖို့လိုတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျမတို့
အနေနဲ့ မကြာခဏ သတိပေးရပါတယ်။ လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင် ကိုယ်ကစပြီး ကြိုးစားရမယ်။ တခြားလူတွေ ဘာလုပ်နေသလဲ ဆိုတာ မကြည့်ပါနဲ့။ ဒါလည်း
ထပ်တလဲလဲ ပြောနေရတဲ့ ကိစ္စပါ။”

ဒါ့အပြင် တိုင်းသူပြည်သားတွေ စိုးရိမ်သောကတွေက ကင်းဝေးပြီး တကယ့်လွတ်လပ်တဲ့ အရသာကို ခံစားနိုင်အောင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အားလုံးက ၀ိုင်းဝန်း
လုပ်ဆောင်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အခမ်းအနား သဘာပတိဖြစ်တဲ့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း လွတ်လပ်ရေး ရဖို့အတွက် ဗိုလ်ချုပ်ဆောင်ဆန်း ဦးဆောင်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပင်လုံညီလာခံခေါ်ပြီး
ပြည်ထောင်စု တိုင်းရင်းသားတွေ အားလုံး သွေးစည်းညီညွတ်မှုရအောင် လုပ်ဆောင်ခဲ့တာကြောင့် ဖြစ်တယ်ဆိုတဲ့ သမိုင်းကြောင်းကို အစချီ ပြောကြားပြီး လက်ရှိ အမျိုးသား
ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်တဲ့ နေရာမှာလည်း တိုင်းရင်းသားတွေ အားလုံး စည်းလုံး ညီညွတ်မှုရှိဖို့ လိုတဲ့အကြောင်း ဆက်ပြောသွားတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က
ပြောပါတယ်။

“အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေးပါတီတွေ အားလုံး ကြိုးပမ်းနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးမှာလည်း တိုင်းရင်းသားများ ညီညွတ်ရေးဟာ အလွန်
အရေးပါတယ်။ ဒါကြောင့် တိုင်းရင်းသား ညီညွတ်ရေးကို ရှေ့ခေါင်းဆောင်များရဲ့ ကျင့်ထုံးအတိုင်းပဲ ဆက်လက်ပြီးတော့ ကျနော်တို့ ကြိုးပမ်းသွားကြရမယ်။

“နောက် မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်တယ်။ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံမှာ လွတ်လပ်ရေးရပြီး ၆၃ နှစ် ရောက်တဲ့တိုင်အောင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး
ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေတာဟာ မဖြစ်ကောင်းတဲ့ အခြေအနေပဲ ဖြစ်တယ်။ ဒါကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် နိုင်ငံရေးအရ စည်းလုံးညီညွတ်အောင် အမျိုးသား ညီညွတ်ရေး
တည်ဆောက်ဖို့ လိုတယ်။ ဒါကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင် ကြိုးပမ်းပြီးတော့ တိုင်းရင်းသားတွေ အားလုံး တစိတ်တ၀မ်းတည်း ညှိနှိုင်းကြဖို့ လိုအပ်တယ်လို့
သဘာပတိဖြစ်တဲ့ ဦးတင်ဦးက မိန့်ခွန်း ပြောပါတယ်။”

ဒီကနေ့မှာပဲ NLD က နိုင်ငံရေး ကြေညာချက်နဲ့ စီးပွားရေး သုံးသပ်ချက် စာတမ်းတို့ကို ထုတ်ပြန်ခဲ့ပါတယ်။ NLD က ထုတ်ပြန်တဲ့ နိုင်ငံရေး ကြေညာစာတမ်းပါ အကြောင်းအရာတွေကို
ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မှန်မှန်ကန်ကန် အရှိအတိုင်း ရှုမြင်နိုင်မှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမယ်လို့ အဲဒီလို သမိုင်းနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေ တင်ပြပြီးနောက်
အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် နိုင်ငံရေး အဓိပ္ပာယ် ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးပွဲများ အထမြောက် အောင်မြင်ဖို့ လိုအပ်တယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့
ဖွံ့ဖြိုးရေးကောင်စီဟာ တာဝန်ရှိတာနဲ့အညီ အောက်ပါ နိုင်ငံရေး အခြေအနေကောင်းများကို ဖန်တီးပေးဖို့ လိုအပ်တယ်။

“အဲဒါတွေကတော့ ဒီမိုကရေစီ အင်အားစုများဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရမယ်။ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့
အထွေထွေ အကျပ်အတည်းများကို ဖြေရှင်းနိုင်ဖို့အတွက် အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရမယ်။ တိုင်းရင်းသား လူမျိုးများ မပါဝင်ဘဲနဲ့ စစ်မှန်တဲ့
ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့် အမျိုးသား ရင်ကြားစေ့ရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ကြပါလို့
အခုလို လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်ကြီးမှာ လေးနက်စွာ တောင်းဆိုကြောင်း တင်ပြထားပါတယ်။”

စီးပွားရေး သုံးသပ်ချက် စာတမ်းထဲမှာတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ အင်မတန် ဆိုးရွားနေတာကြောင့် ပြည်သူအများစုဟာ အထွေထွေ ကုန်ဈေးနှုန်း
ကြီးမားတဲ့ဒဏ်ကို ခံနေကြရတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုနဲ့ ရင်ဆိုင်နေကြရတာ၊ အခုလို ကုန်ဈေးနှုန်း ကြီးနေရခြင်းရဲ့ အကြောင်းရင်းဟာ အစိုးရက ငွေစက္ကူတွေကို
အထိန်းအကွပ်မရှိ ရိုက်နှိပ် ထုတ်ဝေနေတဲ့ အတွက်ကြောင့် ဖြစ်တယ်၊ နောက် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးတယ် ဆိုပေမဲ့ အခွင့်ထူးခံ လူတချို့ကိုသာ စီးပွားရေး
အခွင့်အလမ်းတွေ ပေးနေတာကြောင့် လက်ဝါးကြီးအုပ် စီးပွားရေးစနစ် ဖြစ်ထွန်းနေတာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက် တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို ဈေးနှိမ်ပြီး အတင်းအဓမ္မ ၀ယ်ယူနေတာကြောင့် လယ်သမားတွေ လုပ်ငန်း ထိခိုက်နေတဲ့အကြောင်း၊ သဘာဝ ပတ်ဝန်းကျင်
ထိခိုက်မှုကို ထည့်သွင်း မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံတွေ တည်ဆောက်နေတာကြောင့်လည်း တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးမြေတွေကို ထိခိုက်စေသလို ကျန်းမာရေးနဲ့
ပညာရေးဆိုင်ရာ အသုံးစရိတ်တွေ အင်မတန် နည်းနေတာကြောင့် လူသားစွမ်းအင် ဖွံ့ဖြိုးမှု နိမ့်ကျနေတယ်လို့ အဲဒီ စီးပွားရေး သုံးသပ်ချက် စာတမ်းမှာ ဖော်ပြထားပါတယ်။

အခမ်းအနားပြီးတဲ့ နောက်မှာတော့ NLD က လက်ရှိ ကူညီ ထောက်ပံ့ပေးနေတဲ့ နိုင်ငံရေး အကျဉ်းသား ၁,၀၀၀ ကျော်ကို တခြား စေတနာရှိသူတွေလည်း ကူညီထောက်ပံ့နိုင်အောင်
သူတို့ရဲ့ ဓာတ်ပုံနဲ့ နေရပ်လိပ်စာတွေပါတဲ့ ရင်ထိုးတွေကို ဖလားထဲထည့်ပြီး ကံစမ်းမဲသဘောမျိုး မဲနှိုက်ပြီး ကူညီထောက်ပံ့ ပေးနိုင်တဲ့ အစီအစဉ်ကိုလည်း လုပ်ဆောင်ခဲ့တဲ့အကြောင်း
ဦးအုန်းကြိုင်က ပြောပြပါတယ်။

ဒီကနေ့ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေ၊ ၀ါရင့် နိုင်ငံရေးသမားကြီးတွေ၊
နိုင်ငံခြား သံတမန်တွေ၊ တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ပြည်နယ် တိုင်း အသီးသီးက ကိုယ်စားလှယ်တွေ အပါအ၀င် ဧည့်ပရိသတ် ၁,၀၀၀ လောက်
တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားတွေ လွတ်လပ်ရေး အနှစ်သာရ အပြည့်အ၀ မခံစားနိုင်ကြသေး

By မသင်းသီရိ အင်္ဂါ, 04 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာပြည်သူ ပြည်သားတွေ အနေနဲ့ လွတ်လပ်ရေးရဲ့ အနှစ်အရသာကို တကယ် အပြည့်အ၀ မခံစားကြရသေးသလို မြန်မာနိုင်ငံအတွက် လူထုစိတ်ကြိုက် တင်မြှောက်တဲ့
အစိုးရတရပ်ရှိဖို့ လိုတယ်လို့ ၀ါရင့် နိုင်ငံရေးသမားကြီးတွေက ဒီကနေ့ ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မှာ ဒီကနေ့ မနက်ပိုင်း ကျင်းပခဲ့တဲ့
ဝါရင့် နိုင်ငံရေးသမားကြီးတွေရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားတွင်း အခုလို သုံးသပ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ၀င်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ တချို့ကတော့
အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ ဒီကနေ့ လွတ်လပ်ရေးနေ့ ကြေညာစာတမ်းတစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို
ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

လွတ်လပ်ရေး ရခဲ့တာ ၆၃ နှစ်ပြည့်ပြီ ဖြစ်ပေမဲ့ လွတ်လပ်ရေးရဲ့ စစ်မှန်တဲ့ အရသာတွေကို ပြည်သူလူထု မခံစားနိုင်သေးဘူးလို့ ၀ါရင့် နိုင်ငံရေးသမားကြီးတွေက သုံးသပ်လိုက်သလို
ဒီနေ့မှာတော့ ဒီမိုကရေစီ အနှစ်သာရများ ဆိုပြီး ၁၉၄၈ ခုနှစ်က လွတ်လပ်ရေး ကျောက်တိုင်မှာ ရေးထိုးထားတဲ့ သစ္စာအဓိဋ္ဌာန် ၉ ချက်ကို ဒီနေ့ကျင်းပတဲ့ လွတ်လပ်ရေးနေ့
အခမ်းအနားမှာ ၀ါရင့် နိုင်ငံရေးသမားကြီးတွေက ဖြန့်ဝေလိုက်ပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက ၀ါရင့် နိုင်ငံရေးသမားများ အဖွဲ့ရဲ့ သဘာပတိ သခင်သိန်းဖေ အိမ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနား အတွင်းမှာ လူထုအတွက် စိတ်ကြိုက်တင်မြှောက်တဲ့၊ လူထုအတွက်
အကျိုးရှိမယ့် အစိုးရတရပ်ဖြစ်ဖို့ လိုတယ် ဆိုတာကိုလည်း သုံးသပ်ခဲ့ကြတယ်လို့ ၀ါရင့် နိုင်ငံရေးသမားကြီး တဦးဖြစ်တဲ့ သခင်ချန်ထွန်းက ပြောပါတယ်။

“လွတ်လပ်ရေးရဲ့ အရသာက လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့်ဆိုတာ သေချာ ဖော်ပြထားပါတယ်။ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ အခွင့်အရေးတွေ ဘာတွေက
အကုန်ရှိရမယ် ဆိုတာကို။ အဓိကကတော့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ လုပ်ပြီးတော့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရ ဖြစ်ပေါ်ရေးပဲ၊ အဓိက
ဘဘတို့ လိုချင်တာတော့ ဒါပဲ။ စစ်တပ်က စစ်တပ်အလုပ် လုပ်လေ။ တပ်မတော်က တပ်မတော် အနေနဲ့ သူ့ဟာသူ ရှိတဲ့ တာဝန် ၀တ္တရားတွေ ထမ်းဆောင်ပေါ့။ ပြည်သူလူထုကတော့
ပြည်သူလူထု မဲဆန္ဒနဲ့ ရွေးချယ်တင်မြှောက်တဲ့ အစိုးရ၊ အဲဒီဟာပဲ လိုချင်တယ်၊ အဓိကကတော့ ဒါပါပဲ။”
ဒီနေ့ သခင်သိန်းဖေအိမ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့အတူ
တခြား အဖွဲ့ဝင်တွေအပြင် ပရိသတ်အားလုံး ၁၅၀ နီးပါးလောက် တက်ရောက်ခဲ့ပါတယ်။

၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကလည်း ဒီနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားတခုကို
ကျင်းပခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ဒီနေ့ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့ အစည်းအဝေးကိုတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အပြင် ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီနဲ့အတူ အမျိုးသားဝံသာနု ပါတီတွေကလည်း လာရောက်
ပူးပေါင်း တက်ရောက်ခဲ့ပါတယ်။

အဲဒီမှာ နိုင်ငံရေးပါတီတွေက ဒီနေ့ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် သူတို့ရဲ့အဆို ဆုံးဖြတ်ချက် ၂ ခုကို သဘောတူခဲ့ကြတယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)
ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“ကျနော်တို့တိုင်းပြည်ရဲ့ အခြေအနေဟာ နိုင်ငံရေးပါတီတွေ အားလုံး၊ ခေါင်းဆောင်တွေ အားလုံးဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်နေပြီ။ အဲဒါကြောင့် အစိုးရကနေ
ဦးစီးပြီးတော့ ညီညွတ်ရေးကို လုပ်ပါ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ပါဆိုတဲ့ အဆိုတခုပေါ့။ ဒုတိယအဆိုကတော့ ကျနော်တို့ တိုင်းပြည်အတွက်၊ ပြည်သူလူထု အတွက်က
အင်မတန် နစ်နာနေတဲ့ အမေရိကန်နဲ့ EU က ဆုံးဖြတ်ထားတဲ့ Sanction ကိစ္စပေါ့၊ အဲဒီ Sanction ဟာ နစ်နာလွန်းတဲ့ အတွက်ကြောင့် အဲဒီ Sanction ကို ပြန်လည်ရုပ်သိမ်းပေးပါ ဆိုတဲ့
အဆို ၂ ခုပေါ့။ အဲဒါကို အများသဘောတူ ဆုံးဖြတ်လိုက်ကြတယ်။”

အခုလို လွတ်လပ်ရေးနေ့မှာ အနောက်နိုင်ငံကြီးတွေရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိ ဆက်ဆံနေတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့အတွက် သူတို့
နိုင်ငံရေးပါတီတွေ တောင်းဆိုတာဟာ တိုင်းပြည်မှာ အစိုးရနဲ့ လက်ရှိ တင်းမာနေတဲ့ အခြေအနေတွေ လျော့ကျလာဖို့အတွက် ဖြစ်တယ်လို့ ဦးသုဝေက ပြောပါတယ်။

“ဒီ Sanction ရဲ့ ရည်ရွယ်ချက်က တည်ဆဲအစိုးရ သူတို့ရဲ့ အမူအယာတွေ ပြောင်းသွားအောင်၊ သူတို့ရဲ့ လမ်းစဉ်တွေ ပြောင်းသွားအောင်၊ တည်ဆဲအစိုးရလည်း ပြုတ်နိုင်ရင်
ပြုတ်သွားအောင်ပေါ့ဗျာ၊ ဒီလို ရည်ရွယ်တာပေါ့။ ဒါပေမဲ့ အဲဒီ ရည်ရွယ်ချက်ကို ဒီ Sanction လုပ်နေတဲ့ အခါမှာ Sanction လုပ်တာနဲ့ ဒါကြီးတွေက လုံးဝ ပြောင်းသွားတာလည်း
မတွေ့ဘူးပေါ့။ ဒါကြောင့် ဒီအစိုးရက လမ်းစဉ်တွေ အခုလက်ရှိ ပြောင်းသွားတာတော့ မဟုတ်ဘူး။ သို့သော် Sanction ရုပ်လိုက်ရင်လည်း ဒီအစိုးရရဲ့ အခြေအနေဟာ
ပြောင်းသွားနိုင်တယ်ပေါ့။

“အခုတော့ တဘက်နဲ့ တဘက်က ရန်သူလို ဖြစ်နေတဲ့အတွက် သူကတင်းရင် ငါက တင်းမယ်ဆိုတဲ့ သဘောမျိုးတွေ ဖြစ်နေတယ်။ အဲဒါကြောင့် အခြေအနေအရ ရုပ်သိမ်းရင်
ပိုကောင်းမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။”

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရ ရုံးစိုက်တဲ့ ပျဉ်းမနား နေပြည်တော်မှာလည်း ဒီနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့အတူ အလံသစ်တင်ပွဲ အခမ်းအနားတွေကို ကျင်းပပါတယ်။ နိုင်ငံတော်အဆင့်
အခမ်းအနားတွေမို့ လွန်ခဲ့တဲ့ရက်တွေ ကတည်းက ပျဉ်းမနားနဲ့ နေပြည်တော် တ၀ိုက်မှာ လုံခြုံရေးတွေကို တော်တော်လေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ နေပြည်တော် မြို့ခံတဦးက
ပြောပါတယ်။

“အတွင်းရေးမှူး ၁ က ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ အလံတင် အခမ်းအနားကို အရပ်ဝတ် အရပ်စားနဲ့ တက်သွားတာတို့၊ စီးပွားရေး လုပ်ငန်းရှင်တွေ အကုန်လုံး တက်ရောက်တာတို့
တွေ့ရပါတယ်။ နိုင်ငံတော်အဆင့် အခမ်းအနား ကျင်းပတာဆိုတော့ ဌာနဆိုင်ရာ ၀န်ထမ်းတွေပါ သွားရတယ်။ လုံခြုံရေး အခြေအနေကတော့ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိကို
စားသောက်ဆိုင်တွေ ည ၉ နာရီ ပိတ်ခိုင်းတာတို့၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်မှာ ညနေ ၆ နာရီမှာ ပိတ်ခိုင်းတာတို့၊ အရင်လိုပဲ ရဲလုံခြုံရေး လှည့်ကင်းကားတွေ ပတ်သွားနေတာတို့ ဒါမျိုးတွေ
ရှိတယ်ခင်ဗျ။

“အရပ်သူ အရပ်သားတွေကတော့ ခုနပြောတာတွေ မလုပ်မိဖို့ပဲပေါ့။ ၆ နာရီပိတ်ဆို ၆ နာရီ ပိတ်ကြတာတို့၊ ၉ နာရီပိတ်ဆို ၉ နာရီ ပိတ်ကြတာတို့၊ တချို့ ရယကတွေ ဘာတွေကတော့
သူတို့ရပ်ကွက် အတွင်းမှာ မှာတာတွေတော့ ရှိတာပေါ့။ နိုင်ငံတော်အလံကို မထောင်မနေရ ထောင်ရမယ်တို့၊ တချို့ရပ်ကွက်တွေကတော့ မထောင်တာလည်း ရှိတယ်။ တချို့ရပ်ကွက်တွေ
ကျတော့လည်း မထောင်မနေရ၊ ထောင်ရတာတွေ ရှိတယ်။”

ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့အတူ နေပြည်တော်မှာ လုံခြုံရေး တင်းကျပ်မှု အခြေအနေတွေကို နေပြည်တော်က မြို့ခံတဦး ပြောပြခဲ့တာ
ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရုံးရှေ့ ဆန္ဒပြ

By မအေးအေးမာ အင်္ဂါ, 04 ဇန်နဝါရီ 2011

DKBA တပ်သား စောသံမဏိ မဲဆောက် UNHCR ရုံးရှေ့တွင် ဆန္ဒပြနေစဉ်။ ဇန်န၀ါရီ ၄၊ ၂၀၁၁။

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ထိုင်း၊ မြန်မာ နယ်စပ် မဲဆောက်မြို့မှာ မြ၀တီဘက်ကနေ ကူးလာတဲ့ မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တဦးဟာ လက်ပစ်ဗုံးတွေကို စနက်တံဖြုတ် ကိုင်ဆောင်ပြီး မြန်မာပြည်
နိုင်ငံရေးကို ကုလသမဂ္ဂက ၀င်ရောက်ပြီး အသေအချာ ဖြေရှင်းပေးဖို့ တောင်းဆိုရင်း ဆန္ဒပြခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေဘက်က အခြေအနေကို စနစ်တကျ
ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဒီလို လက်နက်နဲ့ ဆန္ဒပြတာကြောင့် ထိုင်းဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ
ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်အဖြစ် အတင်းအကျပ် အသွင်ပြောင်းခိုင်းတာကို လက်မခံနိုင်တဲ့ တိုင်းရင်းသားတွေဟာ လက်နက်ကိုင်ပြီး


စစ်အစိုးရနဲ့ တိုက်ပွဲဖြစ်နေတာ ထိုင်း၊ မြန်မာ နယ်စပ် ကရင်ပြည်နယ်မှာ ၂ လနီးပါး ကြာပြီ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူခဲ့တဲ့ DKBA တပ်ဖွဲ့က တချို့ကို
နယ်ခြားစောင့်တပ်အဖြစ် အတင်းအကျပ် အသွင်ပြောင်းခိုင်းခဲ့ပေမဲ့ တချို့ကတော့ နယ်ခြားစောင့်တပ်ကို လက်မခံနိုင်ကြောင့် စစ်အစိုးရတပ်တွေနဲ့ ဆက်လက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

၎ ရက်နေ့ မနက်ပိုင်းမှာတော့ မြ၀တီဘက်ကနေလာတဲ့ အရင် DKBA ကိုးသုံးလုံးတပ်က တပ်ဖွဲ့ဝင်ဖြစ်ပြီး အခု နယ်ခြားစောင့်တပ် လုပ်နေရတဲ့ တပ်သား စောသံမဏိဟာ ထိုင်း
အငှားဆိုင်ကယ်သမားကို ခေါ်လာပြီး မဲဆောက်က UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့ ရောက်တဲ့ အချိန်မှာတော့ ဆိုင်ကယ်သမားလက်နဲ့ သူ့လက်ကို ပူးတွဲ လက်ထိပ်ခတ်ပြီး
လက်ပစ်ဗုံးတွေကို စနက်တံ ဖြုတ်လိုက်ပါတယ်။ သူ့ကို ထိုင်းအာဏာပိုင်တွေက ရှင်းလင်းရေး လုပ်ဖို့အထိ ပြင်ဆင်ခဲ့ပေမဲ့ မဲဆောက်မြို့ပိုင် ရောက်ရှိလာပြီး ညှိနှိုင်းမှုတွေ လုပ်ခဲ့ရာမှာ
သူ့တောင်းဆိုချက်တွေကို စောသံမဏိက အခုလို ပြောပြပါတယ်။

သူ့တောင်းဆိုချက်ထဲမှာ စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ အတင်းအကျပ် စုဆောင်းနေတာတွေကို လက်မခံနိုင်ကြောင်း၊ စစ်အစိုးရလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ကို
လက်မခံနိုင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ကြောင်းနဲ့ မြန်မာ့နိုင်ငံရေးကို ကုလသမဂ္ဂက သေချာ ဖြေရှင်းပေးဖို့ တောင်းဆိုသွားပါတယ်။

သူဟာ လက်ရှိ စစ်အစိုးရ ခိုင်းထားတဲ့ နယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင်တဦး ဖြစ်နေတာကြောင့် သူ့ဆန္ဒကို ထုတ်ဖော်သွားခြင်းသာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂက မဖြေရှင်းပေးတဲ့
အပေါ်မှာ သူ့သဘောထားကို ပြောသွားခြင်းသာ ဖြစ်ကြောင်း လက်ရှိ မြန်မာစစ်အစိုးရနဲ့ တိုက်ပွဲဝင်နေတဲ့ DKBA တပ်မှူး ဗိုလ်စန်းအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့က ဘယ်လိုမြင်လဲဆိုတော့ သူခံစားရတာတွေ ရင်ဖွင့်တယ်ပေါ့၊ ဒီစစ်ကလည်း ကာလ ကြာရှည်သွားမယ်၊ ဒါကြောင့် UN ရုံးရှေ့မှာ သူ့အနေနဲ့ ရင်ဖွင့်သွားတာ။ ဖြစ်နိုင်ရင်
ကုလသမဂ္ဂ အဖွဲ့အစည်းကနေ ၀င်ရောက်ဖြေရှင်းလို့ရရင် အမြန်ဆုံး ဖြေရှင်းပေးဖို့၊ အဲဒီလို တောင်းဆို ဆန္ဒပြတာ၊ အဲဒီလိုပဲ ကျနော်မြင်တယ်။”

အခုဆိုရင် ကရင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အလားအလာတွေ ရှိနေပြီး စစ်တပ်ဘက်က အင်အားတွေ တိုးလာနေကြောင်း ဖလူးကြီး၊ ဖလူးလေးနဲ့ မင်းလက်ပံ
ရွာသားတွေကလည်း ပြောပါတယ်။

“မင်းလက်ပံ ရွာထဲကို စစ်ကား ၇ စီးလောက် ထပ်တက်လာတယ်။ ဘယ်တပ်လဲတော့ မသိဘူး။”

အခုဆိုရင် တိုက်ပွဲတွေ ပြီးဆုံးသွားမယ့် အခြေအနေ မဟုတ်ဘဲ အကျဉ်းသားတွေကိုပါ ပေါ်တာတွေအဖြစ် ခေါ်ဆောင်လာတာကို တွေ့ရကြောင်း DKBA ဘက်ကလည်း ပြောပါတယ်။

“တပ်တိုးတယ်၊ အရင်တပ်တွေ ဖြုတ်ပြီးတော့ တပ်ပြန်ချိန်းတယ်။ အခုက စတက်နေပြီ။ ပြီးတော့ တောင်ကလေး ထောင်သားတွေနဲ့ မော်လမြိုင် ထောင်သားတွေကို ၀န်ထမ်းအဖြစ်နဲ့ သုံးဖို့၊
အယောက်ပေါင်း ရာနဲ့ချီပြီး ပါလာတယ်။ လက်ရှိ ရောက်နေပြီ။”

တိုက်ပွဲတွေကြောင့် ပြည်သူတွေ နစ်နာနေရတယ်၊ အိုးအိမ်တွေ စွန့်ခွာခဲ့ရတယ်၊ အတင်းအကျပ် လုပ်အားပေး ခိုင်းစေခံရတယ်၊ တိုက်ပွဲတွေကို မလိုလားဘဲ စစ်တိုက်နေရတာဟာ
မြန်မာပြည်မှာ နိုင်ငံရေး ပြဿနာတွေကို သေချာ မဖြေရှင်းနိုင်တာကြောင့်လို့ DKBA က ပြောပါတယ်။ ဒီအတွက် ကမ္ဘာ့ကုလသမဂ္ဂက မြန်မာ့အရေးကို အလေးထား
ဖြေရှင်းပေးသင့်တယ်လို့လည်း တောင်းဆိုသွားပါတယ်။

“ကျနော်တို့က မတိုက်ချင်ဘူး။ ကရင်အမျိုးသား အချင်းချင်းလည်း မတိုက်ချင်သလို မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အချင်းချင်းလည်း လူမျိုးရေး အဓိကရုဏ်း မဖြစ်စေချင်ဘူး။
ဖြစ်နိုင်မယ်ဆိုရင် အခုလက်ရှိ ကုလသမဂ္ဂ အနေနဲ့သော်လည်းကောင်း၊ လုံခြုံရေးကောင်စီ အနေနဲ့သော်လည်းကောင်း ကျနော်တို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲအတွက် အမြန်ဆုံး
ငြိမ်းသွားအောင် ၀င်ရောက် ဖြေရှင်းပေးဖို့၊ အဲဒီလို တောင်းဆိုချင်တာ။”

ထိုင်း၊ မြန်မာ နယ်စပ် မဲဆောက်မြို့က ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးရှေ့မှာ လက်ပစ်ဗုံးတွေ ကိုင်ပြီး ဆန္ဒပြသူ နယ်ခြားစောင့်တပ်သား စောသံမဏိရဲ့
တောင်းဆိုချက်တွေထဲက တခုကတော့ သူ့ကို မြန်မာပြည် ပြန်မပို့ဘဲ နိုင်ငံတကာခုံရုံးကို တင်ပြီး အရေးယူပါလို့ ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ပြဿနာကို အေးဆေးစွာ
ဖြေရှင်းနိုင်ခဲ့ပြီး အထိအခိုက် မရှိတာကြောင့် သူ့ကို သက်ညှာစွာ အရေးယူ ဆောင်ရွက်ပေးဖို့ မဲဆောက်မြို့ပိုင်ကလည်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ ၀န်ထမ်းတွေကတော့ ဒီဖြစ်ရပ်ကြောင့် အတော်ထိတ်လန့်မှု ဖြစ်ခဲ့ပြီး စောသံမဏိရဲ့ လုပ်ရပ်ကို အံ့သြမှုတွေ ဖြစ်နေကြရပါတယ်။ စောသံမဏိရဲ့ တောင်းဆိုချက်တွေဟာ
လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာနဲ့ လိုအပ်ချက်တွေ ဖြစ်တာကြောင့် ကုလသမဂ္ဂက အလေးထား ဆောင်ရွက်ပေးဖို့ သင့်ပြီလို့လည်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက မှတ်ချက်ပေး
ပြောဆိုနေကြပါတယ်။

အိုင်ဗရီကို့စ် သမ္မတကို လွတ်ငြိမ်းချမ်းသာခွင့် ကမ်းလှမ်း

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 04 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အိုင်ဗရီကို့စ်နိုင်ငံမှာ အာဏာကို မစွန့်လွှတ်ဘဲ တင်းခံနေတဲ့ သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) ကို အာဖရိက ခေါင်းဆောင်တွေ မနေ့က ဒုတိယအကြိမ် သွားပြီး
တွေ့ဆုံခဲ့ကြပါတယ်။

နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ အလ်ဆင်း ၀ါတာရာ (Alassane Ouattara) ကို အာဏာလွှဲပေးရင် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုပြီး အာဖရိက
ခေါင်းဆောင်တွေက သမ္မတ ဘက်ဂ်ဘိုကို ကမ်းလှမ်းခဲ့ကြတာပါ။

ဘီနင်၊ ကိတ်ဗာ့ဒ်နဲ့ ဆီရာလီယွန်း နိုင်ငံတွေက သမ္မတ ၃ ဦးနဲ့အတူ ကင်ညာဝန်ကြီးချုပ် ရွိုင်လာ အိုဒင်းဂါ (Raila Odinga) လည်း မနေ့က တွေ့ဆုံ ပြောဆိုခဲ့ကြတဲ့အထဲ ပါဝင်ခဲ့တာပါ။

အာဖရိက ခေါင်းဆောင်တွေရဲ့ အခုလို ကမ်းလှမ်းချက်ကို လက်ခံပြီး အာဏာလွှဲပေးဖို့ သမ္မတ ဘက်ဂ်ဘိုက သဘောတူမယ်ဆိုရင် သူ့ရဲ့ လုံခြုံရေးအတွက် အာမခံချက် ရမှာပါလို့
ကင်ညာဝန်ကြီးချုပ်ရုံးရဲ့ အရာရှိတဦးက ပြောပါတယ်။

အာဖရိက ခေါင်းဆောင်တွေဟာ သမ္မတ ဘက်ဂ်ဘိုနဲ့ ပြိုင်ဘက်ဖြစ်တဲ့ အလ်ဆင်း ၀ါတာရာနဲ့လည်း တွေ့ဆုံခဲ့ကြပါသေးတယ်။ မစ္စတာ ၀ါတာရာ သတင်းထောက်တွေကို
ပြောတာကတော့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ သံတမန်ရေးနည်းတွေ အသုံးပြုတဲ့ အချိန်က ပြီးဆုံးသွားပါပြီလို့ ဆိုပါတယ်။

“ကျနော်တို့အတွက်တော့ ဆွေးနွေးမှုတွေက ပြီးသွားခဲ့ပါပြီ။ အာဖရိက ခေါင်းဆောင်တွေ လုပ်စရာရှိတာ ဆက်ပြီးလုပ်ကြဖို့ ကျနော်တို့ အကြံပေးခဲ့ပါတယ်။ သူတို့မှာလည်း လုပ်စရာတွေက
အများကြီးပါ။ သူတို့ရဲ့ အခုလို ကြိုးပမ်းခဲ့မှုတွေ အားလုံးအတွက် ကျနော်တို့က အထူးကျေးဇူးတင်ပါတယ်။ အခုကိစ္စက ခက်ခဲတဲ့ အခြေအနေပါ။ ဒါပေမဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ၊
သံတမန် နည်းလမ်းတွေနဲ့ ကြိုးပမ်းမှုတွေက ကျနော်တို့အတွက် နောက်ဆုံး ဖြေရှင်းမှုကို ဆောင်ကြဉ်းပေးနိုင်မှာပါ။” လို့ မစ္စတာ ၀ါတာရာက ပြင်သစ်လို ပြောသွားခဲ့တာပါ။

အမေရိကန် အရာရှိတွေကလည်း မစ္စတာ ဘက်ဂ်ဘို အာဏာစွန့်လွှတ်ပေးမယ် ဆိုရင် အမေရိကန် ပြည်ထောင်စုကို ပြောင်းရွှေ့လာဖို့ ဖြစ်နိုင်မယ်ဆိုတဲ့ အချက် အပါအ၀င် သူ့အတွက်
ဂုဏ်သိက္ခာရှိမယ့် ထွက်ပေါက်တခုကို ဖန်တီးပေးဖို့ အမေရိကန်ဘက်က ဆန္ဒရှိနေတုန်းပါပဲလို့ မနေ့တုန်းက ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း သမ္မတ ဘက်ဂ်ဘိုအတွက် အခွင့်အလမ်းတွေက ခပ်မြန်မြန်နဲ့ ကုန်နေပြီလို့လည်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

အခုနောက်ဆုံး သိရတာကတော့ အိုင်ဗရီကို့စ်မှာ ဒုတိယအကြိမ် ဆွေးနွေးပြီးတော့ ပြန်လာခဲ့ကြတဲ့ အာဖရိက ခေါင်းဆောင်တွေက နောက်တဆင့် ဘာလုပ်ကြမလဲဆိုတဲ့ ကိစ္စကို
ဆွေးနွေးနေကြပါတယ်။

နျူကလီးယား လုပ်ငန်းတွေ လေ့လာဖို့ သံတမန်တွေကို အီရန်ဖိတ်ကြား

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 04 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အီရန်နိုင်ငံက နျူကလီးယားဆိုင်ရာ လုပ်ငန်းတွေကို အခုလအတွင်းမှာ လေ့လာကြည့်ရှုဖို့ နိုင်ငံခြား သံတမန်တွေကို ဖိတ်ခေါ်ထားတယ် ဆိုတဲ့ကိစ္စ ဟုတ်မှန်ကြောင်း အီရန်ဘက်က
အတည်ပြုချက် ပေးပါတယ်။

အီရန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ရာမင် မဲမင်ပါရစ် (Ramin Mehmanparast) ဒီကနေ့ ပြောတဲ့အထဲမှာ သူတို့ရဲ့ ဖိတ်ခေါ်ထားတဲ့ သံတမန်တွေကို တိုးချဲ့ထားတယ်၊
EU ဥရောပသမဂ္ဂ နိုင်ငံတချို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေထဲက တချို့ ကိုယ်စားလှယ်တွေနဲ့ ဂျာမဏီနိုင်ငံ အပါအ၀င် ဘက်မလိုက်နိုင်ငံများ အုပ်စုက
ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

နျူကလီးယား လုပ်ငန်းတွေကို လေ့လာကြည့်ရှုရေး အစီအစဉ်က အီရန်နဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဝင် နိုင်ငံတွေနဲ့ ဂျာမဏီနိုင်ငံတို့ ဆွေးနွေးမှုတွေ မတိုင်ခင် စီစဉ်ထားတာပါ။
အဲဒီဆွေးနွေးမှုမှာ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလတုန်းက တူရကီနိုင်ငံမှာ အီရန်ကလုပ်မယ့် နျူကလီးယား အစီအစဉ်အကြောင်း ပြောကြမှာပါ။

အီရန်ရဲ့ အခုဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ကို ဖိတ်၊ မဖိတ် ဆိုတာတော့ အီရန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မပြောပါဘူး။ ဒါပေမဲ့ ခပ်စောစောပိုင်းက ထွက်လာတဲ့ AP
သတင်းမှာတော့ အမေရိကန်ကို မဖိတ်ထားဘူးလို့ ဆိုပါတယ်။ အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အပြင်းထန်ဆုံး ဝေဖန်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

AP သတင်းမှာပဲ ဖော်ပြထားတာက အခုလာမယ့် ဇန်န၀ါရီလ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ အီရန်ရဲ့ နျူကလီးယား လုပ်ငန်းတွေကို လှည့်လည်ကြည့်ရှုဖို့ အရွေးချယ် ခံထားရတဲ့
ကိုယ်စားလှယ်တွေကို အီရန် အကြီးတန်း သံတမန်တဦးဖြစ်တဲ့ အလီ အာဆာ ဆိုလ်တာနီ (Ali Asghar Soltanieh) က ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကတော့ အီရန်ရဲ့ ဖိတ်ကြားချက်ကို လက်ခံရရှိတယ်လို့ ဒီကနေ့ အတည်ပြုချက် ပေးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကိုယ်စားလှယ် လွှတ်မယ်၊ မလွှတ်ဘူး ဆိုတာကိုတော့
မပြောပါဘူး။

http://www.voanews.com/burmese/news

BGF ရဲဘော်တစ်ဦး မဲဆောက် ကုလသမဂ္ဂ ဒုက္ခသည် ရုံးရှေ့ ဗုံးကိုငဆန္ဒ


် ပြ

January 4, 2011 freedom news group Leave a comment Go to comments

16
2

i
မဲပေးပါ

ဒီကေဘီအေ နယ်ခြားစောင့်တပ် ဖွဲ့ မှာ စောသံမဏိက မဲဆောက် UNHCR ရုံးရှေ့ တွင် လက်ပစ်ဗုံး ကိုင်ပြီး ဆန္ဒပြမှု အား မဲဆောက်မြို့ ပိုင်က လာရောက် ညှိုနှိုင်းပေးနေစဉ်
ကုလ UNHCR ရုံးမှ ဌာနေကိုယ်စားလှယ် နှင့် မဲဆောက်မြို့ ပိုင်

အောင်မြင်၊ ၊၆၃ကြိမ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဖြစ်သည့် ယနေ့မနက်၇နာရီခွဲ


အချိန်ခန့်တွင် ထိုင်းနိုင်ငံမဲဆောက်မြို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံးရှေ့တွင် ဒီကေဘီအေ
နယ်ခြားစောင့်အသွင်ပြောင်း တပ်မှ ရဲဘော်တဦး လက်ဗစ်ဗုံး၂လုံးဖြင့်ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း FNG မှသတင်းရရှိသည်။

အဆိုပါရဲဘော်သည် ဆိုင်ကယ်တက္ကစီငှားပြီး UNHCR


ရုံးရှေ့သို့ရောက်ရှိပြီး ပါလာသော လက်ထိပ်တစုံဖြင့် ထိုင်းလူမျိုးဆိုင်ကယ်တက္ကစီသမားနှင့်တွဲခတ်ပြီး စနစ်တန်ဖြုတ်ထားသော လက်ပစ်ဗုံး၂လုံးကိုင်ဆောင်ကာ
သူရဲ့ဆန္ဒကိုထုတ်ဖေါ်ပြောဆိုခဲ့သည်။ “ ၂၀၁၀ရွေးကောက်ပွဲ ဟာအတုအယောင်ဖြစ်သောကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှအရေးယူဆောင်ရွက်နိုင်ရန်
ယ္ခုကဲ့သို့ဆန္ဒပြရခြင်းဖြစ်ကြောင်း” သတင်းထောက်များကို
ပြောကြားခဲ့သည်။ သူရဲ့တောင်းချက်များကို ရေးသားဖေါ်ပြခဲ့သည်။

ဆန္ဒပြရာနေရာသို့ မဲဆောက် UNHCR တာဝန်ရှိသူများနှင့် မဲဆောက်မြို့ပိုင် ကစ်တိဆတ်သိုးမွန်းဆတ် ရောက်ရှိလာသောအချိန်တွင် ကိုင်ဆောင်ထားသော လစ်ပစ်ဗုံးတလုံးကို


ထိုင်းအထူးရဲတပ်ဖွဲ့
အားပေးအပ်ခဲ့သည်။မဲဆောက်မြို့ပိုင်မှဆန္ဒပြကရင်ရဲဘော်အားမည်သည့်တောင်းဆိုများလုပ်
ချင်ပါသလည်းဟုမေးမြန်းရာမိမိအခုလိုဆန္ဒပြရသည်မှာစစ်အစိုးရရွေးကောက်ပွဲသည်အတုအယောင်
ဖြစ်သောကြောင့် ကုလသမဂ္ဂမှအရေးယူဆောင်ရွက်ရန် အတွက်ဆန္ဒပြရခြင်းဖြစ်ကြောင်း ၊မိမိကိုနိုင်ငံတကာ
တရားသို့ပို့ဆောင်ပေးရန်တောင်းဆိုခဲ့သည်။
မြန်မာ နိုင်ငံရေး အခြေအနေကြောင့် နေ့ စဉ် ရတက် မအေး ဖြစ်ရသည် မဲဆောက်မြို့ပိုင် ကစ်တိဆတ်သိုးမွန်းဆတ်

ကုလသမဂ္ဂကသာဆောင်ရွက်နိုင်ကြောင်းနှင့် သွားလိုသည့်နေရာကို အရေးမယူဘဲလိုက်ပို့ပေးမည်ဟု ဂတိပေးညှိနိုင်းဖြေရှင်းခဲ့သည်။ ဆန္ဒပြကရင်ရဲဘော်ကိုDKBA


ရှိရာနေရာသို့သွားလိုသလားဟုလည်း
မေးမြန်းခဲ့သည်။ အဆိုပါရဲဘော်မှ မည်သည့်နေရာမှသွားလိုဆန္ဒမရှိကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်မပို့ရန်သာတောင်းဆိုခဲ့ပြီး ကျန်ရှိနေသေးသော လက်ပစ်ဗုံးအား
ထိုင်းအထူးရဲတပ်ဖွဲ့သို့ပေးအပ်ပြီး
အဖမ်းခံကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲပြီးပြီးခြင်း အတုအယောင်၂၀၁၀ရွေးကောက်ပွဲကို လက်မခံသော တိုင်းရင်းသားလက်နက်ကို DKBA မှစတင်တော်လှန်ပြီး


တိုက်ပွဲများနေ့စဉ်နီးပါးဖြစ်ပွားနေသည်။ နယ်ခြားစောင့်တပ်အဖွဲ့အတွင်းမှလည်းDKBAနှင့်KNU တပ်ရင်းများဆီသို့ပြန်လည်ကူးပြောင်းလာမှုများ
လည်းဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီး နယ်ခြားစောင့်တပ်မှ UNHCR ရုံးရှေ့တွင် ယ္ခုလိုဆန္ဒပြမှုမှာပထမဆုံးဖြစ်ပြီး နယ်ခြားစောင့်တပ်များအတွင်းတွင်လည်း
ရဲဘော်များ၏မကျေနပ်မှုများဖြစ်ပွားနေကြောင်း သိရသည်။

မဲဆောက် မြို့ သို့ ယခင် နှစ် ဒီဇင်ဘာလ က ၀န်ကြီးချုပ် အဘီဆစ် နှင့် ထိုင်းဘုရင့် သမီးတော် သီရိဒုံ
လာရောက် လည်ပတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အတွက် ကူညီမည့်သူများကို မဲနှိုက်ရွေးချယ်ပွဲ


အန်အယ်ဒီရုံးချုပ် တွင် ပြုလုပ်
မိုးမခ အထောက်တော် ၀၀၅၊ ရန်ကုန်
ဇန်န၀ါရီ ၅၊ ၂၀၁၁
နိုင်ငံရေး အကျဉ်းသားများနှင့် ဌင်းတို့၏ မိသားစုများကို အားပေးကူညီစောင့်ရှောက် ရန်အတွက် စေတနာ့ဝန်ထမ်း တစ်ဦးစီထားရှိ ကူညီမည့် အစီအစဉ်ကို ယနေ့
အန်အယ်ဒီရုံးချုပ် တွင်ကျင်းပ ပြုလုပ်သည့် လွတ်လပ်ရေးနေ့အခန်းအနားတွင် မဲနှိုက်ရွေးချယ်ခဲ့ကြောင်းသိရသည်။
နိုင်ငံရေးအကျဉ်းသားတစ်ဦးစီ၏ အမည်၊ နေရပ် နှင့် ရောက်ရှိနေသည့် အကျဉ်းထောင်အမည်ကို ရေးထိုးထားသော ရင်ထိုးတံဆိပ်များကို လွတ်လပ်ရေးပွဲသို့
လာရောက်သော အန်အယ်ဒီအဖွဲ့ဝင်များ နှင့်စေတနာရှင်များမှ မဲနှိုက်ကာပေါက်သည့် အကျဉ်းသားများရဲ့ မိသားစုများကို ဆက်သွယ်အားပေး ကူညီသါားရန်ပြုလုပ်ထားသည့်
အစီအစဉ်ဖြစ်သည်။

ထိုသို့မဲနှိုက်ယူရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ ကိုစိုးမင်းမင်း ၊

ဗဟိုအလုပ်မှုဆောင် ဦးဝင်းတင်မှ ပူတာအိုထောင်ရှိ မန္တလေးတိုင်းစည်း ဒေါ်ဝင်းမြမြ၊


ရန်ကုန်တိုင်း အမျိုးသမီးတာဝန်ခံ ဒေါ်မေ၀င်းမြင့်မှ သရက်ထောင်ရှိ ရှမ်းပြည်တပ်မတော် အက်စအက်စ်အေမှ ကိုရွှေအုန်း ခေါ် ကိုရွှေဘုန်း၊ ဗဟိုအလုပ်မှုဆောင်
ကော်မတီဝင် ဦးသန်းထွန်းမှ မန္တလေးထောင်ရှိ ကိုအောင်ကိုကိုလွင် ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလွင်မှ လှိုင်သာယာရှိ ကိုအောင်ကျော်မိုး အားလည်းကောင်း အသီးသီး
တာဝန်ယူသွားမည်ဖြစ်သည်။

ယခုလိုနိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေးအတွက် မဲနှိုက်တာနှင့် ပတ်သတ်ပြီး `ကောင်းတယ်၊ အမှန်က ကျတော်တို့က လုပ်ချင်တာ အကျဉ်းသား


၂၀၀၀ကျော်အတွက် လုပ်ချင်တာ၊ အခုကတစ်ချို့ အကျဉ်းသားတွေက မရတာလဲရှိတယ်။ မနိုင်တာလဲ ရှိတယ်။ ဒါကြောင့် နိုင်သလောက် အဖွဲ့ချုပ်ထဲမှာ ရောက်နေတဲ့
နိုင်ငံရေးအကျဉ်းသား ခြောက်ရာကျော်ကို စလုပ်ထားတယ်။နောင်လဲ တိုးချဲ့လုပ်သွားဦးမယ်။´လို့ အန်အယ်ဒီ ဗဟိုကော်မတီဝင် ဦးဝင်းတင်က ပြောပြခဲ့သည်။

အန်အယ်ဒီတွင် ပြုစုထားသော လက်ရှိစာရင်းအရ နိုင်ငံရေး အကျဉ်းသား ၆၀၀ကျော်ရှိသည့်အနက် ယနေ့တွင်၃၀၀ကျော်ကို မဲနှိုက်ကာတစ်ဦးချင်းအလိုက် တာဝန်ယူကြခြင်း


ဖြစ်သည်။လက်ရှိ ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ ခေါ်နိုင်ငံေ၇း အကျဉ်းသားကူညီစောင့်ရှောက်ရေး အသင်းနှင့် လူ့အခွင့်အရေး အဖွဲ့များ၏ ထုတ်ပြန် ကြေငြာချက်အရ မြန်မာနိုင်ငံတွင်
နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ခန့် ရှိကြောင်း သိရသည်။
`အပြောင်းအလဲလိုလားတဲ့ နိုင်ငံသ-ူ သားပေါင်း သန်း၅၀ကျော်မှာ တော်လှန်ဆန့်ကျင်သူ ၂၀၀၀ကျော်ကို အကူအညီမပေးနိုင်ကြဘူးဆိုတာ သိပ်ပြီးကြားလို့
မကောင်းဘူးပေါ့ မြန်မာနိုင်ငံတွင်းမှာ စိတ်ဓါတ်အရဘဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော်ကို ၀န်းရံမယ့်အား ၂၀၀၀ကျော် မရှိနိုင်သေးတာတော့ အတော်ကို အားနည်းတယ်လို့
မြင်တယ် လို့နိုင်ငံရေးအကျဉ်းသား ဟောင်း တစ်ဦးကသူ့၏အမြင်ကို ပြောပြခဲ့သည်။

နိုင်ငံရေးအကျဉ်းသားတွေနဲ့ သင့်မိသားစုတွေ မိတ်ဆွေဖွဲ့ကြပါစို့


သြရသ
ဇန်န၀ါရီ ၅၊ ၂၀၁၁
မိုးမခပရိသတ်များနဲ့ ပြည်ပရောက် မြန်မာမိသားစုများခင်ဗျား
ကျနော် မိုးမခကနေတဆင့် မေတ္တာရပ်ခံစာလေးတစောင် ပေးလိုက်ပါတယ်။ ဇီဝိတဒါန ကုသိုလ်ခေါင်းလောင်းလေး ထိုးလိုက်ပါတယ်။ မနေ့က အင်န်အယ်ဒီမှာ အဖွဲ့ချူပ်မှာ
နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော် စာရင်းကို မဲနှိုက်ပါတယ်။ သူတို့တတွေကို ကျနော်တို့တတွေက မိသားစုဝင်တွေ၊ သားချင်းတွေလို ဆွေမျိုးစပ်ကြဖို့ပါ။ မိတ်ဆွေဖွဲ့ကြဖို့ပါ။ မဲပေါက်တဲ့
နိုင်ငံရေးအကျဉ်းသားနဲ့ မိသားစုကို ကျနော်တို့က စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကူညီအားပေးကြဖို့ပါ။ ဆက်လက်ပြီးတော့ ပွေ့ဖက်စောင့်ရှောက်ဖို့ပါ။ မိသားစုတွေ နှလုံးသားချင်း
ရင်းနှီးပြီးတော့ မိသားစုကွန်ယက်၊ မိတ်ဆွေကွန်ယက်ဖွဲ့ ကြဖို့ပါ။

ကျနော်စာရေးနေတဲ့အချိန်မှာ လူ ၂၀၀ ကျော်ကို ကျနော်တို့ မြန်မာမိသားစု အသီးသီးက မဲနှိုက်လိုက်ကြပြီ လို့ ဆိုတယ်။ နောက်ထပ် ၄၀၀ ကျော် သင်တို့ မိသားစုစာရင်း၊
မိတ်ဆွေ စာရင်းသွင်းဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒေါ်စုက စလို့ အင်န်အယ်ဒီပါတီဝင်တွေ ကိုယ်တိုင်မဲနှိုက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတဦးစီကို ကူညီ အားပေးဖို့ တာဝန်ယူနေကြပြီ
ဖြစ်ပါတယ်။ ၁ ယောက်စ လို့ အယောက် ၁၀၀၊ အယောက် ၆၀၀၊ အယောက် ၂၂၀၀ ကို ကျနော်တို့ မိသားစုတွေ မိတ်ဆွေတွေအဖြစ် စာရင်းသွင်း အားပေးကြဖို့ လိုအပ်နေပါပြီ။ ၀ိုင်းကြပါ
ခင်ဗျား။
ပြည်ပရောက် မြန်မာမိသားစုများခင်ဗျား ...
သင်တို့ ဆွေမျိုးသားချင်း၊ မိဘ၊ သားသမီးတွေဆီကို ဖုံးလှမ်းဆက်ပါ။ အင်န်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး
မိတ်ဆွေများစာရင်းမှာ ၀င်ရောက် လက်တွဲလိုက်ကြပါ။
သင်တို့မိသားစုလက်နဲ့ နှိုက်လိုက်တဲ့ မဲဟာ သာမန် မဲလက်မှတ်ကလေး မဟုတ်ဘူး။
အသည်းကြားက မဲပြားလေးတပြားပါ။
အဲသည်မဲပြားပေါ်က အမည်ဟာ မြန်မာသူရဲကောင်းတဦးပါ။
လူ့အသက်တချောင်းပါ။
စွန့်လွှတ်သူတဦးရဲ့ မိသားစုတွေနဲ့ ကမ်းချိတ်တဲ့ လက်တဖက်ပါ။
ဒီမိုကရေစီရေး အလင်းတန်းတခု ပါ ခင်ဗျား။
ပြီးတော့ ကျနောတို့ ခင်ဗျားတို့အားလုံး အတူထူထောင်ကြမယ့် အနာဂတ်မြန်မာပြည်ကြီး ဖြစ်ပါတယ် ခင်ဗျား။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးနဲ့တကွ အင်န်အယ်ဒီပါတီ၊ မဟာမိတ် ပါတီ၊ တိုင်းရင်းသားတွေ၊ ၈၈ မျိုးဆက်တွေ၊ ရွှေဝါရောင်သံဃာတော်တွေ၊
ကျောင်းသားလူငယ်တွေ … အားလုံး အားလုံးက ထိုးလိုက်တဲ့ ခေါင်းလောင်းသံပါ။ အားလုံးအတွက် ထိုးလိုက်တဲ့ ကုသိုလ်ဖြစ် ခေါင်းလောင်းသံတွေပါ။
စဉ်းစားကြည့်ပါ။ မြင်ယောင်ကြည့်လိုက်ပါ။
“ကျနော်နံမယ် သြရသ ပါ …
ကျနော် အင်းစိန်ထောင်မှာ နေပါတယ်။
ကျနော့်မိတ်ဆွေတွေက မိုးမခ၀ိုင်းတော်သားတွေ ဖြစ်တယ် …”

နိုင်ငံရေး အကျဉ်းသားတို့အတွက် ရွှေတိဂုံရင်ပြင်တွင် ၀တ်ပြုဆုတောင်း


မိုးမခအထောက်တော် ၀၀၅၊ ရန်ကုန်

ဇန်န၀ါရီ ၅၊ ၂၀၁၁

အကျဉ်းကျခံ နိုင်ငံေ၇းအကျဉ်းသားများအတွက် ၀တ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၄ရက်နေ့ မနက် ဆယ်နာရီ လေးဆယ့်ငါးမိနစ်တွင် အန်အယ်ဒီအဖွဲ့ဝင်
တစ်ချို့နှင့် အကျဉ်းသူဟောင်း တစ်ချို့ တို့မှ ရွှေတိဂုံဘုရား အင်္ဂါထောင့်မှ စတင်ဆီမီးပူဇော် ထွန်းညှိဆုတောင်းခဲ့သည်။

`ကျမတို့လိုပဲ ထောင်ထဲကလူတွေ အမြန်ဆုံးလွတ်မြောက်အောင် ဆုတောင်းပေးရတာပါ။ ဒီလိုလုပ်ရတာ စိတ်ထဲမှာ ၀မ်းလဲသာတယ်၊ ၀မ်းလဲနည်းတယ်။ တစ်မျိုးကြီးခံစားရတယ်´လို့


တောင်ဒဂုံမြို့နယ်မှ နိုင်ငံရေး အကျဉ်းသူဟောင်းတယောက်က ပြောပြသည်။

ထိုဝတ်ပြုဆုတောင်းပွဲတွင် ဖယောင်းတိုင်ပေါင်း ၂၂၀၀ကျော် ထွန်းညှိခဲ့ပြီး လာရောက် ၀တ်ပြုဆုတောင်းသူ လေးဆယ်ခန့်ရှိသည်ဟု သတင်းရရှိသည်။

မင်္ဂလာနှင့် နိုင်ငံရေး ၂၀
မောင်လူရေး
ဇန်န၀ါရီ ၄၊ ၂၀၁၁
ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး၊ အထူးသိတတ်စေတာ ကတညုတာမင်္ဂလာ။
တစုံတယောက်၏ ကျေးဇူးကြွေးကို သိရှိသည်မှာ မင်္ဂလာရှိသည်ဟု ဆိုလတည်း။
ကျွန်ုပ်တို့ဘဝတလျောက်၌ မိဘ၊ ဆရာ၊ ညီအစ်ကိုမောင်နှမ၊ မိတ်ဆွေတို့မှစ၍ ကျေးဇူးရှင်များကား များပြားလှ ဘိတောင်း။ ဤမင်္ဂလာက ကျွန်ုပ်တို့ကို သူတို့၏
ကျေးဇူးကြွေးကို ပြန်ပေးဖို့ အထူးသတိပေးလေသည်။

ကောင်းမှုကောင်းရာလုပ်ငန်းများကို အမှတ်ရခြင်းသည်ပင် ကျေးဇူးသိခြင်းကတညုတာဟု သူတော်ကောင်း ပညာရှိကြီးများက ဆိုမိန့်သည်။ အဘဲ့ကြောင့်ဟူမူ


ကောင်းမှုကောင်းရာလုပ်ငန်းဟူသည် သက်ရှိသတ္တဝါများကို ကောင်းကျိုးကိုသာ ဖြစ်စေတတ်သောကြောင့်တည်း။
ယခုအခါ ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင်၏ ပျက်စီးယိုယွင်းနေသည့်ဖြစ်စဉ်ကြီးထဲတွင် အံ့သြတုန်လှုပ်စွာ အသက်ရှင်နေထိုင်နေကြရပါသည်။ ကျွန်ုပ်တို့သည်
သဘာဝတရားကြီးကို စော်ကားချင်တိုင်း စော်ကားခဲ့ကြ သည်။
ဇာတ်တော်တစ်ခု၌ ဘုရားလောင်းကုန်သည်က သစ်ပင်တစ်ပင်ကို ခုတ်ဖြတ်ရန်အားထုတ်နေကြသော သူ၏ နောက်လိုက်တို့ကို -
“အို မိတ်ဆွေတို့ - သူ၏ အရိပ်အောက်ထိုင်၍ ဖြစ်စေ၊ အိပ်စက်၍ ဖြစ်စေ၊ ခိုဝင်နားနေဖူးပါက ထိုသူသည် ၎င်းသစ်ပင်၏ အကိုင်းအခက်တို့ကို မချိုးမဖျက်သင့်ပါ။
ထိုသစ်ပင်သည် ခိုဝင်နားနေဖူးသူကို ကျေးဇူးပြုခဲ့သော ကြောင့် ထိုသစ်ပင်ကို ခုတ်ဖြတ်ချိုးဖျက်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်ဖြစ်ပါသည်” ဟု ပြောကြားခဲ့သည်။
ဤဇာတ်တော်ကို ထောက်ရှုကြည့်လျှင် ရှေးကပုဂ္ဂိုလ်များသည် သဘာဝပတ်ဝန်းကျင်ကို သာမာန်အသိဖြင့် မဟုတ်ဘဲ ကျေးဇူးရှင်အနေဖြင့်ပင် စောင့်ရှောက်ခဲ့ကြခြင်းကို
သိနိုင်ပေသည်။ ယနေ့သစ်မုဆိုးများကတော့ ရှေး က မခုတ်ဘဲ စောင့်ရှောက်သူများ၏ ကျေးဇူးကို အောက်မှမေ့မိပါလေစ။ သူတို့သည် ကမ္ဘာမြေပေါ်က စက်ဆုပ်
ရွံရှာဖွယ်အကောင်းဆုံးလူမသားများဆိုသည်ကိုရော သိမှ သိပါလေစ။
မြတ်စွာဘုရားရှင်က လောကမှာ တွေ့ကြုံရန်ခဲယဉ်းသော လူနှစ်မျိုးရှိသည်ဟု ဟောကြားခဲ့သည်-
(၁) အကူအညီကိုဖြစ်စေ၊ အခြားပစ္စည်းဝတ္ထုတစုံတရာကိုဖြစ်စေ၊ ဖေါ်ရွေရက်ရောစွာ ရှေးဦးစတင်ကျေးဇူးပြုသူ။
(၂) ကိုယ့်ကို တိုက်ရိုက်ကျေးဇူးပြုခဲ့၊ ကိုယ့်ကို တိုက်ရိုက်ဦးတည်ပြုလုပ်သည်မဟုတ်သော်လည်း ကိုယ် ရယူခံ စားခဲ့သော ကျေးဇူးတရားကို သိရှိနားလည်သူတို့ဖြစ်သည်။
ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်လိုပါက ကျေးဇူးပြုသူကို သိရုံတင်မကဘဲ ကိုယ်ကိုယ်တိုင် ကျေးဇူးပြုသူ တစ်ယောက်ဖြစ်အောင် ကြိုးစား နေထိုင်သင့်ကြောင်း ဘုရားစသော
သူတော်ကောင်းများက ဆုံးမကြပါသည်။
၂၀၁၀ မြန်မာ့နိုင်ငံရေးမျက်နှာစာ၌ အသက်ပါပါ အချက်ပါပါတက်ကာ တက်ကာပြောဆိုနေကြသော တိုင်းချစ် ပြည်ချစ်နိုင်ငံရေးသမားများ တရားဝင်ပေါ်ပေါက်လာကြပေပြီ။
မနေ့တနေ့ကထိ နိုင်ငံရေးသည် မှောင်ခိုပစ္စည်း ဖြစ်၏။ မြွေပွေးဖြစ်၏။ ထိလျှင် ပေါက်သတ်ခံရနိုင်သည်။ လူသတ်မှု၊ မုဒိမ်းမှုတို့ထက် အပြစ်ကြီး၏။ နှစ်အရာ အထောင်
ထောင်တန်းကျနိုင်၏။ နိုင်ငံရေးဆိုသဟာ ပြည်ဖျက်လုပ်ရပ်ဖြစ်သမို့ နိုင်ငံရေးသမားတို့၏ လုပ်ရပ်မှန် သမျှ ရပ်ကြည့်မနေအပ်၍ တာဝန်သိစိတ်ဖြင့်
ဝိုင်းဝန်းဖမ်းဆီးသတ်ဖြတ်လိုက်ရပါသည်ဆိုသည့် ဂိုဏ်းတော် သားများကို ဦးဆောင်ကြသူတို့ပင်လျှင် ယနေ့တော့ ပြည်သူအတွက် အသက်နှင်းပြီး နိုင်ငံ့အရေးကို
အသားကုန်ဗျင်းတော့မည်ဟု သံကုန်ဟစ်နေကြပေပြီ။ နိုင်ငံရေးမှ မလုပ်ရလျှင်မနေ သေရပါတော့မည်ဟု ဆိုနေကြပေပြီ။ အံ့ဖွယ်အခါတော် ကာလမွန်ကြီးပါပေ။
သို့သော် ယင်းတို့ ဘဇာ့အရေးလုပ်လေခဲ့သနည်းဟု မေးမိငြားအံ-့ နိုင်ငံရေးတော့ နိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး (အမျိုးသမီးနိုင်ငံရေးလည်းရှိအုံးမည် ဟု
ကတ်တတ်တတ်မတွေးပါနှင)့် ဟု မျက်လုံးမျက်ဆံ ပြူးပြူးကြီးနှင့် ဖြေပေလိမ့်မည်။
မနေ့တနေ့လေးက အမျိုးသားနိုင်ငံရေးသည် မြင့်မြတ်၏ဟု အဓိပ္ပါယ်ဖွင့်၏။ မှန်၏၊ အမျိုးသားနိုင်ငံရေးကြောင့် မြင့်သောတိုက်တာကြီးများပိုင်ဆိုင်၍ မြတ်သောစည်းစိမ်ကို
ခံစားစံစား နေရပေပြီ။ ပါတီနိုင်ငံရေးကား စုပ်ပဲ့သည်ဟု ဆိုလေသည်။ အရိုးအရင်းလောက်သာ စုပ်ရမည် ဖြစ်သောကြောင့် ပဲ့သည်ဟုဆိုလေသလား၊ မသိပေ။
ယနေ့ နိုင်ငံတော်ကို ယင်းတို့ အသားကုန်ချစ်ခွင့်ကြီးရအောင် ဘယ်သူတွေက ကျေးဇူးပြုလိုက်သနည်း။ သိဘို့ကောင်းလှ၏။ မဟုတ်လျှင် မင်္ဂလာကန်း၍ အစဉ်အလာတွေ
ဟန်းတော့မည်။
နိုင်ငံကို ချစ်ကြသူမှန်သမျှ၊ နိုင်ငံ့အရေး တွေးပူသူမှန်သမျှ၊ နိုင်ငံကောင်းစားရေး လိုလားသူမှန်သမျှ၊ တရားမျှတမှုကို တောင်းဆိုသူမှန်သမျှ၊ လူ့အခွင့်အရေးကို
တောင်းဆိုသူမှန်သမျှနည်းမျိုးစုံနှင့် ညှင်းပမ်းနှိပ်စက် ဖမ်းဆီးထောင်ချ သတ်ဖြတ်ကြသူများနှင့် အညှင်းခံ၊ အနှိပ်စက်ခံ၊ အဖမ်းဆီးခံ၊ အထောင်ချခံ၊ အသတ်ဖြတ်ခံကြရသူများသည်
ယင်းတို့၏ ကျေးဇူးရှင်များ ဖြစ်ကြတော့၏။ သို့သော် ကျေးဇူးရှင်အစစ်ကို ထပ်မံပိုင်းခြားကြည့်လျှင်-
၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးထွက်ပေါက်မဟုတ်သေး။ ပြစ်မှုလျော်ကြေးဟုလည်း ဆိုနိုင်သည်။ သို့မဟုတ် ပြစ်မှုများ၏ ထွက်ရပ်လမ်းဟုလည်း ဆိုနိုင်သည်။
သို့ဆိုပါက-
ယနေ့ရောက်ရှိနေသော မြန်မာ့နိုင်ငံ့ရေးအခြေအနေ၏ကျေးဇူးရှင်သည် ပြစ်မှုအကျူးလွန်ခံရသူ နိုင်ငံရေး အကျဉ်းသားများ၊ အကျဉ်းကျဝိညာဉ်များနှင့်
ယင်းတို့၏မိသားစုဝင်များ၊ မိတ်ဆွေများသာ ဖြစ်ကြောင်းပါခင်ဗျား။

ပြည်သူ့ဂုဏ်ရည်ကြောင့် အလုပ်ပိုလုပ်နိုင်ကြောင်း ဦးကျော်သူ ပြောကြား


မိုးမခအထောက်တော် အမှတ် ၀၀၈
ဒီဇင်ဘာ ၄၊ ၂၀၁၀
ပြည်ပရောက် မြန်မာပြည်သားများ ချီးမြှင့်သည့် ဂုဏ်ပြုဆုသည် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် သူ့အတွက် “မဟာ အားဆေးတစ်ခွက်” ဖြစ်ကြောင်း နာရေးကူညီမှုအသင်း
(ရန်ကုန်) ၏ ခေါင်းဆောင် ဦးကျော်သူက ပြောလိုက်သည်။

ယခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ရန် စီစဉ်ပြင်ဆင်နေချိန်တွင် ဦးကျော်သူက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“မနှစ်က ကျွန်တော့်ကို ပေးလိုက်တဲ့ အင်အား၊ စွမ်းအားတွေ ဖြစ်သော ပြည်သူ့ဂုဏ်ရည် ဆိုတ...


ဲ့ မဟာ အားဆေးတစ်ခွက်ကို သောက်သုံးပြီးသည့် အချိန်ကာလမှ အစပြုပြီး
ကျွန်တော် ထပ်မံ ထပ်ဆင့် လူမှုရေး အင်အားများ မွေးဖွား ပေါ်ပေါက်လာခဲ့ရပါတယ်” ဟု ပြည်သူ့ဂုဏ်ရည်အဖွဲ့သို့ ပေးပို့သော စာတွင် ဦးကျော်သူက ရေးသားထားသည်။

(စာကို ဤနေရာ တွင် ဖတ်နိုင်သည်။)

ယခုနှစ်အတွက် မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း လုပ်ဆောင်သူ တဦး သို့မဟုတ် အဖွဲ့ တဖွဲ့ကို ဆုပေးအပ်ရန် အဆိုပြုလိုပါက
http://2011.citizenofburma.org/ တွင် အမည်စာရင်း တင်သွင်းနိုင်သည်။

ထို ၀က်ဆိုက်တွင် ဆုနှင့် ပတ်သက်သည့် အချက်အလက်များကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သည်။

ဆုချီးမြှင့်ပွဲကို အမေရိကန်နိုင်ငံ မြို့ကြီးများတွင် အလှည့်ကျ ပြုလုပ်နိုင်ရန် စီစဉ်ထားသည်။

ပြီးခဲ့သည့်နှစ်က လော့စ်အိန်ဂျလိစ် မြို့တွင် ဆုပေးပွဲ ပြုလုပ်ခဲ့သည်။

ခုနှစ် မေလတွင် ပြုလုပ်မည့် ဆုပေးပွဲကို တာဝန်ယူ စီစဉ်မည့်မြို့မှာ ဆန်ဖရန်စစ္စကို ဖြစ်သည်။

မူစယ် ဈေးလယ်ခေါင်မှာ စည်ပင်အရာရှိကြီးက လက်အောက်ဝန်ထမ်းများကို ဆဲဆို ထိုးကြိတ်

Tuesday, 04 January 2011 18:13 သျှမ်းသံတော်ဆင့်

မူစယ်မြို့နယ် စည်ပင်အရာရှိဖြစ်သူ ဗိုလ်ကြီးဋ္ဌေးဝင်းက ဈေးခေါင်းနှင့်စည်ပင်ဦးစီးအရာရှိ နှစ်ဦးအား ရိုင်းပြစွာဆဲဆို ကြိမ်း မောင်း၍ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သည့် ဖြစ်ရပ် ယခုလ
၂ ရက်နေ့ ညနေ ၃ နာရီခန့်က မူစယ်ဈေးအတွင်း ဖြစ်ပွားခဲ့သည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် မူစယ်မြို့၌ လာရောက်ဖြေဖျော်မည့် အဆိုတော်အာဇာနည်၏ စတိတ်ရှိုးဆိုင်းဘုတ်ကို ဈေး အတွင်းချိတ်သည့် ကိစ္စနှင့် ပတ်သက်၍ စည်ပင်အရာရှိက
လက်အောက်ဝန်ထမ်းများဖြစ်သည့် ဈေးခေါင်းနှင့် ဦးစီးအရာရှိ ကို ဆဲဆိုထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း စည်ပင်ဝန်ထမ်းအသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အဆိုတော် အာဇာနည် ၊ အေသင်ချိုရွေ စတဲ့အဆိုတော်တွေ စတိတ်ရှိုး ဆိုင်းဘုတ်ထောင်တဲ့ ကိစ္စဗျ ရုံးမှာ စာတင်ပြီးပါပြီ ဆိုင်ဘုတ်တတ်ဆင်ခွင့်ကျပြီးသားပါ အဲဒီဗိုလ်ကြီးရဲ့
မှတ်ချက်ကျပြီးသားပါ အဲဒီကိုသူအရက်မူးလာပြီး တော့ ဦးစီးအရာရှိနဲ့ ဈေးခေါင်းကို ခေါ်ပြီးထိုးကြိတ်တာပေါ့နော်” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ စည်ပင်အရာရှိ၏ လုပ်ရပ်ကြောင့် တစ်ဈေးလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ဈေးပတ်ဝန်းကျင်မှ လူအများ လာရောက် ကြည့်ရှုကြသဖြင့် ယာဉ်ကြောပိတ်ဆို့သည် အထိ
ဖြစ်ခဲ့ရကြောင်း ဈေးသည် တစ်ဦးကလည်း ပြောသည်။

“ညဈေးခင်းတဲ့အချိန် လူရှုပ်နေတဲ့အချိန်ဆိုတော့ လူတွေက တအားဝိုင်းကြည့်နေတာပေါ့ ဗိုလ်ကြီးကလည်း အသံက တော်တော်စွာတယ်ဗျ တအားအော်ဟစ် ဆဲဆိုနေတာဆိုတော့


မိုက်မိုက်ရိုင်းရိုင်း မကြားဝံ့မနာသာ ပေါ့နော် သူတို့ရုံးခန်းမှာ ဖြေရှင်းလို့ရတဲ့ဟာကို ဈေးလည်ခေါင်မှာဖြေရှင်းတော့ လူတွေကပိတ်ပြီး ယာဉ်ကြောတောင် ပိတ်သွားတယ်”ဟု ဈေး သည်က
ဆိုသည်။

ဖြစ်ပွားပုံကို စောစောက စည်ပင်နှင့်နီးစပ်သူတစ်ဦးက ဆက်ပြောရာတွင် “ ဆိုင်းဘုတ်ကို ဈေးမှာ မချိတ်ရဘူးလို့ ဗိုလ်ကြီး က ပထမတစ်ခေါက်ပြောတော့ ဆိုင်းဘုတ်ကို ဈေးခေါင်းက
ဖြုတ်ချလိုက်တယ် နောက်တစ်ရက်ကျတော့ ဦးစီးအရာရှိက သူဗိုလ်ကြီးကို ပြောပြီးပြီ ဆိုင်းဘုတ်ချိတ်လို့ရပြီ ဆိုတော့ ဈေးခေါင်းက ပြန်ချိတ်ပေးပါတယ် အဲဒါကို အရက်မူးလာတဲ့
အခါကျတော့ ဖြုတ်ချခိုင်းတာကို တတ်ရကောင်းလားဆိုပြီး ဦးစီးနဲ့ ဈေးခေါင်းကို ဆဲဆိုထိုးကြိတ်တာ ” ဟု ပြောသည်။

စစ်ဘက်အရာရှိများကို အရပ်ဘက်အုပ်ချုပ်ရေးဋ္ဌာနသို့ ပြောင်းရွေ့နေရာ ချထားမှုများ ပြုလုပ်လျှက်ရှိရာ အဆိုပါ စစ်ဘက်အရာရှိများသည် အရပ်ဘက်ဝန်ထမ်းများအပေါ်


အနိုင်ကျင့်မှုများရှိနေကြောင်း သိရသည်။

တရုတ်ကိုအလည်သွားသည့် မူစယ်က အမျိုးသမီးနှစ်ဦး ယာဉ်တိုက်သေဆုံး

Tuesday, 04 January 2011 18:10 သျှမ်းသံတော်ဆင့်

၂၀၁၁ နှစ်ဆန်း ၁ ရက်နေ့ ည ၁၀ နာရီခန့်က တရုတ်နိုင်ငံ ရွေလီမြို့၌ ဖြစ်ပွားသော ယာဉ်တိုက်မှု တစ်ခုတွင် မူစယ် မြို့ ဟိုမွန်ရပ်ကွက်မှ ကချင်အမျိုးသမီး နှစ်ဦး
သေဆုံးသွားကြောင်းသိရသည်။

၎င်းအမျိုးသမီးနှစ်ဦးသည် အသက် ၂၁ နှစ်အရွယ်စီရှိသည့် နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူများဖြစ်သည်။


ကမ္ဘာ့နှစ်သစ်ကူးနေ့က သေဆုံးသွားသူ ၂ ဦး အပါအ၀င် မူစယ်မြို့မှ အခြားအမျိုးသမီး ၁ ဦး ၊ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး ၊ ပေါင်း ၆ ဦးတို့က ကားတစ်စီးတည်းအတူ ရွေလီမြို့၌
လည်ပတ်ကြခြင်းဖြစ်သည်။

၎င်းတို့ ၆ ဦး စီးနှင်းလာသည့် ကားနှင့် အခြားကားတစ်စီး ရင်ဆိုင်တိုက်မိရာမှ ကားတစ်စီးထဲ လိုက်ပါလာသူ လူ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း
ယင်းဖြစ်ရပ်တွင် အကူအညီပေးခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကားပေါ်မှာအားလုံး ၆ ယောက်ပါတယ် တရုတ်ပြည်က ကောင်လေးက ၃ ယောက် မူစယ်ဘက်က ကောင်မလေးက ၃ ယောက် နှစ်ဆန်းတစ်ရက်နေ့က လူငယ်သဘာဝလည်ပြီးတော့
ရွေလီကနေ မူစယ်ကို ပြန်လာကြတာ ”

“ရွေလီနဲ့ဂျယ်ဂေါင် ကြားမှာအ၀ိုင်းပတ်ကြီးရှိတယ် အ၀ိုင်းမှာ မပတ်ပဲနဲ့ ဒီဘက်လမ်းကြောက နေမောင်းလိုက်တဲ့ အခါကျ တော့ ဟိုဘက်က လာတဲ့ ကားနဲ့သူတို့
ကားမျက်နှာချင်းဆိုင်တိုက်ပြီးတော့မှ သူတို့ကားပေါ်ပါတဲ့ တရုတ်ပြည်က ၂ ယောက် ကချင်အမျိုးသမီးလေးက ၂ ယောက် ဆုံးသွားတယ် ” လို့ သူက ပြောသည်။

ည ၁၀ နာရီကျော်သဖြင့် ဂျယ်ဂေါင် - မူစယ် အ၀င်အထွက်ဂိတ်မှီစေရန် ကားအမြန်မောင်းသည်က တစ်ကြောင်း ယာဉ် ကြောမှားသည်က တစ်ကြောင်း ယာဉ်မောင်း အရက်မူးသဖြင့်
သူငယ်ချင်းတစ်ယောက်ဝင်မောင်းသည့်ဖြစ်ရပ်များ ကြောင့် ယာဉ်တိုက်မှု ဖြစ်ရကြောင်း သူက ဆိုသည်။

“ဂျယ်ခေါင် မမှီမှာစိုးလို့ အမြန်မောင်းလာတာလည်းပါတယ် လမ်းကြောမှားမောင်းတာကြောင့် ပိုဆိုးသွားတယ် မျက်နှာ ချင်းဆိုင်လာတဲ့ ကားက ဘာမှမဖြစ်ပဲနဲ့


ပါဂျရိုပုံစံမျိုးဖြစ်နေတဲ့အတွက် သေတဲ့ဘက်က စလွန်းကားဆိုတော့ အဲဒီကား အောက်ကို ၀င်သွားတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ ” လို့ ဆိုသည်။

မူစယ်ဂရုဏာလူမှုရေးအသင်းက အဆိုပါ သေဆုံးသွားသည့် ကချင်အမျိုးသမီး ၂ ဦးအား ယမန်နေ့က သဂြီင်္ုလ်ပေးခဲ့ ကြောင်း သိရသည်။

ဒဏ်ရာရရှိသူနှစ်ဦးအနက် မြန်မာဘက်မှ အမျိုးသမီးမှာ ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ရွေလီဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး၊ စီးပွားရေး ကြေညာချက်များ NLD ထုတ်ပြန်

2011-01-04

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက် ၁၁ နာရီမှာ ရန်ကုန် ရွှေဂုံတိုင်လမ်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သလို။ လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ CRPP အဖွဲ့ဝင်တွေ စတဲ့ နိုင်ငံရေး
ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနားကို ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်
(အလယ်) တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ချိတ်ဆက်ထားတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ စိတ်ပါဝင်စားသူ ဧည့်ပရိသတ်တွေ
တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒုဥက္ကဋ္ဌ ဦးတင်ဦးက တိုင်းသူပြည်သားတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေ ချုပ်ငြိမ်းစေဖို့ စစ်အစိုးရအပါအဝင် ဒီကနေ့
အင်အားစုတွေအားလုံး ညှိနှိုင်းပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပြပါတယ်။

ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်လပ်ရေးရဲ့ အရသာကို တိုင်းသူပြည်သားတွေ အပြည့် အဝ ခံစားနိုင်ရေး အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ဖို့
အရေးကြီးကြောင်း တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အထူး အစီအစဉ်တရပ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွတ်လပ်ရေးနေ့ ကြေညာစာတမ်းတစောင် ထုတ်ပြန်ခဲ့သလို။ နိုင်ငံ စီးပွားရေး
သုံးသပ်ချက် စာတမ်းတစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကြေညာချက် နှစ်စောင်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့ RFA ရုံးကို ရောက်နေတဲ့ ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။


က




်ေ

ြး

န်



က



ံဖို
င်

ူရ
န်

ပြည်တွင်း အဖွဲ့အစည်းအသီးသီး လွတ်လပ်ရေးနေ့ကျင်းပ

2011-01-04

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးစီးပြီး မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ဒီနေ့ ဇန်နဝါရီ ၄ ရက်
မနက်ပိုင်းက ကျင်းပခဲ့ကြပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်နှစ်ဦး NLD လက်ပတ်နီများ စည်းနှောင် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ ဒီကနေ့ မနက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရေနံချောင်းမြို့က မကွေးတိုင်း အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေးရဲ့
အိမ်မှာ ကျင်းပ ခဲ့ပြီး လူ ၇၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့အခမ်းအနားမှာ အဓိက ၂၁ ရာစု ပင်လုံညီလာခံ အကြောင်းနဲ့ ဂုဏ်ပြုပွဲတခု ကျင်းပခဲ့တယ်လို့
ဒေါ်ခင်စောဌေးက ပြောပါတယ်။

အလားတူ လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်မှာ ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျောက်ပန်းတောင်း
မြို့နယ် အဖွဲ့ဝင် ဦးမြင့်လွင်ရဲ့ အိမ်မှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့မနက် အခမ်းအနားကို လူ ၅၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ ကျောက်ပန်းတောင်း မြို့နယ်စည်း ကော်မီတီဝင်
ဦးတင့်ဝေက ပြောပါတယ်။

ဧရာဝတီ တိုင်း ပုသိမ်မြို့မှာတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကွန်ရက် (HRWDN) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပူးပေါင်းပြီး လွတ်လပ်ရေး အခမ်းအနားကို
ပုသိမ် ကန်သာယာကွင်းက ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် အခမ်း အနားကို လူ ၄၀ လောက် ပူးပေါင်းပါဝင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရင်ထိုးတွေ
ဝတ်ဆင်ပြီး စက်ဘီးစီး ချီတက်ခဲ့တာလို့သိရပါတယ်။

အခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ HRWDN အဖွဲ့က ကိုမြင့်နိုင်က လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းကို မမေ့ကြဖို့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လူငယ်တွေကို
အဓိကထား ပြောခဲ့တယ် လို့သိရပါတယ်။

ဒီကနေ့မနက် ပုသိမ်မြို့မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို အရပ်ဝတ် အာဏာပိုင်တွေ က ပူးပေါင်းပါဝင်ခဲ့တဲ့ အမျိုးသမီးတွေကို အနီးကပ် ဓာတ်ပုံရိုက်ယူပြီး အနှောင့်အယှက်
ပေးခဲ့တယ်လို့ကို မြင့်နိုင်က ပြောပါတယ်။

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို ဒီမိုကရက်တစ်ပါတီ-မြန်မာ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု စတဲ့ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကလည်း ဒီကနေ့
ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။

ဒီမိုကရက်တစ်ပါတီ-မြန်မာရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဗိုလ်တထောင်မြို့နယ် ၅၂ လမ်းမှာ ရှိတဲ့ ပါတီရုံးချုပ်မှာ ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင်တွေနဲ့ တခြားနိုင်ငံရေး ပါတီတွေက
ပုဂ္ဂိုလ်တွေအပါအဝင် လူ ၁၅၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရ ပါတယ်။ အခမ်းအနားမှာ ညီညွတ်ရေးနဲ့ ပြစ်ဒဏ်ခတ်မှု ရုပ်သိမ်းပေးရေး အချက် ၂ ချက်ကို အဆိုပြု
တိုက်တွန်းခဲ့တယ်လို့ ပါတီခေါင်းဆောင် ဦးသုဝေက ပြောပါတယ်။

အလားတူ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီကလည်း လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ တာမွေမြို့နယ်က ပါတီရုံးချုပ်မှာ ဒီနေ့မနက်ပိုင်း ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနား ပြည်ထောင်စုဒီမိုကရေစီ ပါတီနဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအခမ်းအနားမှာ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာ ရရှိခဲ့ပေမဲ့ ပြည်သူတရပ်လုံးကတော့
တကယ့်လွတ်လပ်ရေး အနှစ်သာရကို ခံစားခွင့် မရရှိသေးကြောင်း မှတ်ချက်ပြုခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ-မြန်မာ ရုံးချုပ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့ ပတ်သက်လို့ ပါတီခေါင်းဆောင် ဦသုဝေ ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်
မေးမြန်းထားပါတယ်။


က




်ေ

ြး

န်



က



ံဖို
င်

ူရ
န်

ထိုင်းနယ်စပ် မဲဆောက်မှာ DKBA တပ်သား လက်ပစ်ဗုံးကိုင်ဆန္ဒပြ

2011-01-04

ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက် ၈ နာရီလောက်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးခွဲ ရှေ့မှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အဖြစ်
ပြောင်းလဲခဲ့သူ DKBA ၉ သုံးလုံး တပ်ရင်းက စောထိန်လင်း ခေါ် စောသံမဏိဟာ လက်ပစ်ဗုံး နှစ်လုံး ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြောင်း သတင်းရရှိပါတယ်။

(Photo: AFP)

ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဖက် မြဝတီမြို့တွင် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က ကရင် DKBA တပ်ဖွဲ့များနှင့် မြန်မာစစ်အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားကာ လက်နက်ကြီးများဖြင့်
ပစ်ခတ်တိုက်ခိုက်သဖြင့် ထိုင်းပိုင်နက် မဲဆောက်မြို့တွင် ထိုင်းတပ်ဖွဲ့ဝင်များ ပြေးလွှား အကာအကွယ် ယူနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာပြည် ပြဿနာကို ကုလသမဂ္ဂ ကူညီဖြေရှင်းပေးဖို့နဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို လက်မခံနိုင်လို့ လုပ်တာဖြစ်တယ်လို့ အဲဒီ ဆန္ဒပြသူက ဆိုပါတယ်။

အငှားဆိုင်ကယ်သမားကို ဓားစာခံလုပ်ပြီး လက်ပစ်ဗုံးကိုင် ခြိမ်းခြောက်ဆန္ဒပြသူဟာ ဒီကေဘီအေ ၉ သုံးလုံး တပ်ရင်းက အသက် ၃၅ နှစ် ဝန်းကျင်ရှိသူ စောထိန်လင်း(ခေါ်) စောသံမဏိ
ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို တွေ့မြင်လိုက်ရတဲ့ မျက်မြင်သက်သေတဦးက အခုလိုပြောပြပါတယ်။

“အဲ သူက အဲဒီမှာ ဆိုင်ကယ် တက္ကဆီသမား အဖိုးကြီးတယောက်ကို ဆိုင်ကယ် ငှားစီးလာတယ်။ ဆိုင်ကယ်ဦးထုပ်ကို ဆောင်းထားတယ်။ ဦးထုပ်က ကြိုးက မျက်လုံးတဖက်ကို
ဖုံးနေတယ်။ သူ့လက်ထဲမှာကတော့ လက်ပစ်ဗုံးလို့ ယူဆရတဲ့အရာ နှစ်ခုကို သူဆုပ်ထားတယ်၊ အဖိုးကြီးကို ဖက်ပြီးတော့။ အဲဒီအချိန်မှာ UN ရုံးကနေပြီးတော့ ရဲစခန်းကို
အကြောင်းကြားလိုက်ပုံ ရတယ်၊ အဲဒီမှာ ရဲတွေ ရောက်လာတယ်။ ရဲတွေ ရောက်လာပြီးတော့ သူ့အနားမှာပဲ ဝိုင်းပြီးတော့ သူ့ကို ဖျောင်းဖျကြတယ်။ တော်တော်နဲ့တော့ ဖျောင်းဖျလို့
မရဘူး၊ ၉ နာရီနဲ့ ၅ မိနစ်လောက်မှာ သူ လက်နက်ချလိုက်တယ်။”

တနာရီလောက် ကြာအောင် ထိုင်းရဲတွေနဲ့ ညှိနှိုင်းပြီးနောက် စောသံမဏိဟာ လက်နက်ချခဲ့ပါတယ်။ သူဆန္ဒပြရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး စာရွက်တရွက်မှာ
ရေးသားထားတယ်လို့ ဆို ပါတယ်။

ဒီအထဲမှာ ဒီကေဘီအေဟာ မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် မဖြစ်စေဖို့နဲ့ ကရင်ကို ဒီမိုကရေစီနည်းအရ ကရင်ကပဲ အုပ်ချုပ်ဖို့၊ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို
တိုင်းရင်းသားတွေ လက်မခံနိုင်လို့ စတဲ့ အချက်တွေ ရေးသားထားတယ်လို့ ဆိုပါတယ်။

ထိုင်းရဲတွေက တရားမဝင် နိုင်ငံအတွင်း ဝင်ရောက်မှု၊ တရားမဝင် စစ်လက်နက် ကိုင်ဆောင်မှုစတဲ့ ပြစ်ချက်တွေနဲ့ အရေးယူမယ်လို့ သိရပါတယ်။

ထိုင်းဥပဒေအရ တရားမဝင် စစ်လက်နက်ပစ္စည်း ပိုင်ဆိုင်မှုအရ အပြစ်ရှိကြောင်း ထင်ရှားရင် ထောင်ဒဏ် တသက်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ အဖမ်းဆီးခံထားရတဲ့ ကိုစောသံမဏိနဲ့ မဲဆောက် မြို့တော်ဝန်တို့ကို မေးမြန်းပြီး RFA သတင်းထောက် ကိုမိုးကျော် သတင်းပေးပို့ထားပါတယ်။



င်




ပို့



က



ံဖို
င်

ူရ
န်

ညီညွတ်စွာတိုက်ပွဲဝင်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း

2011-01-04

လွတ်လပ်ရေးရဲ့ အနှစ်သာရတွေကို အမှန်တကယ် ခံစားနိုင်ဖို့ ပြည်သူလူထု တရပ်လုံးနဲ့ အတိုက်အခံ အင်အားစုတွေအားလုံး ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်သွားကြဖို့
လိုအပ်ကြောင်း ဒီကနေ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ သံဃာ့တပ်ပေါင်းစုက တိုက်တွန်း လှုံ့ဆော်လိုက်ပါတယ်။

RFA

ရွှေဝါရောင် သံဃာနှင့် လူထု ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် ရန်ကုန်မြို့လယ် သိမ်ကြီးဈေးဘေးမှ ၂၀၀၇ စက်တင်ဘာ ၂၄ရက်နေ့က စီတန်းြွကချီ လှည့်လည်နေသော သံဃာတော်များ
မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: RFA)

မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက်က လွတ်ခဲ့ပေမဲ့ ပြည်တွင်းဖြစ် စစ်အာဏာရှင်တွေ လက်အောက်မှာ ပြည်သူတွေဟာ လွတ်လပ်ရေး ဆက်လက် ဆုံးရှုံးနေရဆဲ ဖြစ်တယ်လို့ သံဃာ့
တပ်ပေါင်းစု ဦးဆောင် ဆရာတော်တပါး ဖြစ်တဲ့ ဦးဓမ္မသီရိက မိန့်ကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ လုပ်ခဲ့ပေမဲ့လည်း စစ်အာဏာရှင်တွေကသာ အသွင်ပြောင်း
ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်ကြောင်း၊ စစ်အာဏာရှင်တွေဟာ အတိုက်အခံ အင်အားစုတွေအကြား ညီညွတ်မှာကို ကြောက်ရွံ့နေပြီး၊ မညီညွတ်အောင် အမြဲဖန်တီးနေကြောင်း
ဒီအချက်ကို သတိထားပြီး ဆောင်ရွက်ကြဖို့ လိုကြောင်း ဦးဓမ္မသိရီက ဆက်လက်မိန့်ကြားပါတယ်.။

စစ်အာဏာရှင်တွေနဲ့ အပေါင်းပါ စီးပွားရေးသမားတွေဟာ အဂတိ လိုက်စားတဲ့ နိုင်ငံရေးသမားတွေ အဖြစ် မြန်မာ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပုံစံသစ်နဲ့ ပေါ်ထွန်းလာမှာဖြစ်ပြီး၊ အများစု
ပြည်သူလူထုကြီးအနေနဲ့ အဖိနှိပ်ခံရမှု။ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဦးမှာ မဟုတ်သေးကြောင်း၊ ဒါကြောင့် ညီညီညွတ်ညွတ်နဲ့ ဆက်လက် တိုက်ပွဲဝင်ကြရဦးမှာ ဖြစ်ကြောင်း သံဃာ့
တပ်ပေါင်းစုအဖွဲ့က တိုက်တွန်း လှုံ့ဆော်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး NLD က တဦးချင်း တာဝန်ခွဲယူ

2011-01-04

ဒီကနေ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အထူး အစီအစဉ်တရပ်အဖြစ် နိုင်ငံရေး အကျဉ်းသားတွေကို မဲစနစ် တာဝန်ခွဲဝေ ယူတဲ့ အစီအစဉ်တရပ်ကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး အမျိုးသားဒီမိုကရေစီ ဌာနချုပ်မှာ နေ့လည် ၃ နာရီလောက်က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

(Photo: AFP)

ူမန်မာူပည်မြိုံင်ငံရေးအကဉ်းသားမား၏ ဓာတ်ပိုံငြ့် မတ်ြတမ်းမားကို ထိုင်ူးမန်မာနယ်စပ်၊ မဲဆောက်မြိ အေူခစိုက်ူမန်မိာိုံင်ငံ၊ိုံင်ငံရေး အကဉ်းသားမား ကူညီစောင့်ရြောက်ရေး အဖြဲုံးတငြ် ႟
ူပသထားပုံဖစ်ပသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်ဒီ ခေါင်းဆောင်တွေနဲ့ အခြား တာဝန်ယူလိုသူ အားလုံးအတွက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမည်တွေကို မဲစနစ်နဲ့ ခွဲဝေပေးခဲ့ပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ တဦးစီရဲ့ ဓာတ်ပုံ၊ နာမယ်နဲ့ နောက် ကျခံနေတဲ့ အကျဉ်းထောင်၊ အဲဒါ ပါဝင်တဲ့ ကျွန်တော်တို့ ရင်ထိုး တံဆိပ်ကလေးတွေ လုပ်ထားပါတယ်။ အဲဒီ
ရင်ထိုးတံဆိပ်လေးတွေကို ကျွန်တော်တို့ ခွက်ကြီး တခွက်ထဲမှာ ထည့်ထားပြီးတော့ အဲဒီ နှိုက်ယူပြီးတော့ ကိုယ် မဲကျတဲ့ နိုင်ငံရေး အကျဉ်းသားကို အမြန်ဆုံး ထိတွေ့ပြီးတော့ သူတို့
မိသားစုကိုပါ ကူညီ ပံ့ပိုးနိုင်ဖို့ အစီအစဉ်ပါ။ အဲဒီနေရာမှာ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ပြောတဲ့ အမှာအတိုင်း ဆိုလို့ရှိရင် ဒါဟာ ငွေကြေးတတ်နိုင်ဖို့ ပြောတာ မဟုတ်ပါဘူး၊ နှုတ်၏
စောင်မခြင်းပေါ့ဗျာ၊ သူတို့ အားပေးတယ် ဆိုရင်ကိုပဲ မိသားစုတွေ အားတက်ရတယ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး အကျဉ်းသား
လုပ်ဖော်ကိုင်ဖက်တွေလည်းပဲ ထောင်ထဲမှာ အားတက်မယ်။ အဲဒီအတွက် ကျွန်တော်တို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။”

အခုလို နာမည်တပ်ပြီး တဦးချင်းစီက တာဝန်ယူ ကူညီဖို့ မဲဝေတာဟာ ပထမဆုံးဖြစ်ပြီး အဓိကအားဖြင့် တဦးချင်း အခြေအနေနဲ့ သူတို့အကြောင်း အများက သိရှိစေဖို့ ဖြစ်တယ်လို့ NLD
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးနိုင်းနိုင်းက ပြောပါတယ်။

“အကျဉ်းကျတွေကို ကျွန်တော်တို့ကတော့ NLD အနေနဲ့တော့ လစဉ် ပုံမှန် ကူညီမယ်ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီ ကျွန်တော်တို့ ပုံမှန် ကူညီနေတာနဲ့ ထပ်လောင်းပြီးတော့ သူက ရုပ်ဝတ္ထုပစ္စည်း
သော်လည်းကောင်း၊ ငွေကြေး သော်လည်းကောင်း ဒါမှ မဟုတ်လို့ ရှိရင်လည်းပဲ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လည်းကောင်း ဒီလို တက်ရောက်လာတဲ့ စေတနာရှိတဲ့
လူတွေကနေပြီးတော့ ရင်ထိုးလေးတွေ လုပ်ထားပေးတယ်ဗျ။ အကျဉ်းကျတွေအားလုံး၊ ကျွန်တော်တို့ ဆက်သွယ်လို့ ရတဲ့ အကျဉ်းကျတွေ အားလုံးရဲ့ နာမယ်နဲ့ ရင်ထိုးလေးတွေ၊ အဲဒီ
ရင်ထိုးလေးတွေကို မဲနှိုက်တာပေါ့ဗျာ။ မဲကျလို့ရှိရင် သူတို့က တတ်နိုင်သမျှ မဲပေါက်တဲ့လူ၊ မဲနှိုက်တဲ့ လူတွေက မဲပေါက်တဲ့ အကျဉ်းသားကို ကူညီနိုင်အောင်ဆိုပြီး။ ကျွန်တော်တို့ လိပ်စာနဲ့
ဆက်သွယ်ရေး လမ်းကြောင်းတွေ လုပ်ပေးတယ်။”

ဒီကနေ့ ညနေပိုင်းအထိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ၃၀၀ နီးပါးလောက်အထိ မဲခွဲတာဝန်ယူပြီး ဖြစ်ကြောင်းနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ဆက်လက်လုပ်
ဆောင်သွားမယ်လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေအတွက် တာဝန်ယူလိုသူတွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေတင်မကပဲ စေတနာရှင် ပြည်သူတွေလည်း ပါဝင်နိုင်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် ရှိနေပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ NLD ခေါင်းဆောင် ၂ ဦး ဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို ဆက်သွယ်ပြီး RFA မှ ဦးတင်အောင်ခိုင်က
စုစည်းတင်ပြထားပါတယ်။

စု


်း

င်




က



ံဖို
င်

ူရ
န်

http://www.rfa.org/burmese

နအဖ တပ်သားတဦး ဒီကေဘီအေ ထံ ထပ်မံ လက်နက်ချ

Submitted by Karen Information Center on Tuesday, 4 January 2011No Comment

ဇန်န၀ါရီလ ၄ရက်။ စောသိန်းမြင့် (ကေအိုင်စ)ီ

ကရင်ပြည်နယ် ဝေါ်လေဒေသတွင် ၀င်ရောက်လှုပ်ရှားသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၉) လက်အောက်ခံ တပ် ရင်းမှ တပ်သားတဦးသည် ယနေ့မွန်းလွဲ ၂း၃၀နာရီအချိန်တွင်
ဒီကေဘီအေ တပ်မဟာ(၅)ထံသို့ ထပ်မံ လာရောက်လက်နက် ချသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

အဆိုပါ လာရောက်လက်နက်ချသည့် စကခ (၁၉)လက်အောက်ခံ ခမရ(၅၈၆) တပ်ခွဲ(၁)မှ တပ်သား ၀င်းရန်နိုင် ၂၀နှစ် ကိုယ် ပိုင်နံပါတ် တ/၄၃၂၄၇၀သည် ၎င်းတို့တပ်ရင်းလှုပ်ရှားရာ
ဝေါ်လေဒေသ အူကလေ့ထာ့ကျေးရွာ မောတုတောင်ဘက်ခြမ်းရှိ ဗိုလ်ချစ်သဲ ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့သို့ လက်နက်အပြည့်အစုံနှင့်အတူ လာရောက်လက်နက်ချခြင်းဖြစ်သည်ဟု
ဒီကေ ဘီအေ တပ်မဟာ(၅)မှ ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

၎င်းက“ ဒီနေ့ မွန်းလွဲ ၂း၃၀အချိန်မှာ ကျနော်တို့ ဒီကေဘီအေ တပ်မဟာ(၅)မှ ဗိုလ်ချစ်သဲဆီကို လာရောက်လက်နက်ချတယ်။ လက်နက်အပြည့်အစုံနဲ့ပဲ။ လောလောဆယ်
ဗိုလ်ချစ်သဲဆီမှာပဲ ရှိသေးတယ်။ ကျနော်တို့ တပ်မဟာဌာနချုပ်ကို မရောက်သေး ဘူး။”ဟု ပြောသည်။

စစ်သက်တမ်း ၂နှစ်ရှိ ၎င်းတပ်သား ၀င်းရန်နိုင်သည် ၎င်းတို့တပ်ရင်း၌ ရိက္ခာပြတ်လပ်မှုနှင့် စစ်တိုက်လိုစိတ်မရှိသောကြောင့် MA-1 ၁လက်၊ ကျည် ၂၅၀တောင့်နှင့် မက္ကဇင်း ၆ချပ်နှင့်အတူ
ယခုလို ဒီကေဘီအေထံသို့ လာရောက်လက်နက်ချခြင်းဖြစ်ပြီး ဒီကေဘီအေတပ်ဖွဲ့အနေဖြင့် ၎င်းဖြစ်ချင်သည့်ဆန္ဒအတိုင်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးစောဆန်း
အောင်က ပြောသည်။

အလားတူ လွန်ခဲ့သည့် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင်လည်း ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် ခလရ(၂၉၉) တပ်ရင်းမှ တပ်သားတဦး ဒီကေဘီအေ တပ်မဟာ(၅)ထံသို့
လက်နက်ခဲယမ်းများနှင့်အတူ လာရောက်လက်နက်ချခဲ့သည်

ထောင်သားများ ပါဝင်သည့် စစ်ကား များ နယ်စပ်ဘက်ရောက်လာ

Submitted by Karen Information Center on Tuesday, 4 January 2011No Comment


ဇန်န၀ါရီလ ၄ရက်။ နန်းဖော့ဂေ (ကေအိုင်စ)ီ

ထောင်အကျဉ်းသားများနှင့် နအဖ စစ်သားများ အပြည့်တင်ဆောင်လာသည့် စစ်ကားများ မြ၀တီမြို့ကို ဖြတ်ဝင်လာပြီး ဝေါ်လေဒေသဘက်သို့ မောင်းနှင်ထွက်သွားနေသည်မှာ


နှစ်ရက်ရှိပြီဖြစ်ကြောင်း မြို့ခံများက ပြောဆိုနေကြသည်။

မြို့ခံတစ်ဦးက “ဒီနေ့မွန်းလွဲ ၃နာရီကျော်လောက်မှာ စစ်သားနဲ့ ထောင်သားတွေပါတဲ့ စစ်ကား ၅စီး ဝေါ်လေဘက်ကို ထွက် သွားတာ တွေ့လိုက်ရတယ်။ ထောင်သားတွေကလည်း
ထောင်ဝတ်စုံအပြာတွေ ၀တ်ထားတယ်လေ။ စစ်သားတွေကတော့ လက်နက်ကိုယ်စီနဲ့ပေါ့။”ဟု ကေအိုင်စီကို ပြောသည်။

အလားတူ ယမန်နေ့မွန်းလွဲပိုင်းကလည်း စစ်သားနှင့် အကျဉ်းထောင်သားများ တင်ဆောင်လာသည့် စစ်ကား ၃စီး မြ၀တီမြို့ တောင်ဘက်ခြမ်းရှိ ဝေါ်လေဂွင်ဘက်သို့
မောင်းနှင်သွားကြောင်း ကိုယ်တိုင်မြင်တွေ့သူများက ပြောသည်။

ယင်းသို့ တက်လာသည့် နအဖ တပ်များမှာ စစ်ကွပ်ကဲရေးဌာနချုပ်(၁၂) လက်အောက်ခံတပ်များဖြစ်ပြီး အင်အား ၅၀၀ခန့်ရှိ ကြောင်းနှင့် ထိုအထဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅၀ခန့်
ပါဝင်ကြောင်းလည်း ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် ကေအဲန် ယူ တပ်ရင်း(၂၀၁) ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ပြောသည်။

“အခုတက်လာတာက စကခ(၁၂) လက်အောက်ခံတပ်တွေပဲ။ အဲဒီအထဲမှာ BGF အင်အား ၅၀လောက်ပါတယ်လို့ ကြားတယ်။ ကြည့်ရတာ ဝေါ်လေကနေ ဝေါ်လေခီးအထိ
တက်လာဖို့ရှိတယ်။ ဒါပေမဲ့ လမ်းမှာ ဗိုလ်ကျော်သက်တို့အဖွဲ့က ရှိနေတော့ ချက် ချင်းမရောက်လာနိုင်သေးဘူး။”ဟု ဗိုလ်မှူးစောကြည်အောင်က ခန့်မှန်းပြောဆိုသည်။

နအဖ စစ်တပ်နှင့်အတူ ပါလာသည့် အကျဉ်းသားများမှာ ဖားအံ(တောင်ကလေး)နှင့် မော်လမြိုင်ထောင်များမှ ရာဇ၀တ်သား များဖြစ်ပြီး ၎င်းတို့ကို တပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ
သယ်ဆောင်ရန်အပြင် လိုအပ်ပါက ရှေ့တန်းတွင် မိုင်းရှင်းကိရိယာအ ဖြစ် အသုံးချနိုင်ကြောင်း ဒီကေဘီအေဘက်မှ ပြောသည်။

ဒီကေဘီအေ တပ်မဟာ(၅)မှ ကလို့ထူးဘော အခြေစိုက် စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က “ကျနော်တို့ သိသ လောက်က အကျဉ်းသားတွေဟာ ဖားအံ၊
မော်လမြိုင်ထောင်တွေက ရာဇ၀တ်သားတွေပဲ။ အကျဉ်းသားဦးရေက ၁၅၀-၂၀၀ လောက် ရှိနိုင်တယ်။ သူတို့ကို တပ်ရိက္ခာသယ်ဖို့၊ လက်နက်သယ်ဖို့နဲ့ လိုအပ်ရင် သေနတ်ကိုင်ခိုင်းပြီး
မိုင်းရှင်းတဲ့သဘောနဲ့ စစ် တပ်အရှေ့က သွားခိုင်းနိုင်တယ်။”ဟု ဆိုသည်။

အကျဉ်းသားများ တင်ဆောင်လာသည့် နအဖ တပ်များမှာ စကခ(၁၂) ဗျူဟာနှစ်ခုဖြစ်ပြီး ဗျူဟာတစ်ခုတွင် တပ်ရင်း ၃ရင်း သတ်မှတ်ထားသော်လည်း ယခု တက်လာသည့်
ဗျူဟာနှစ်ခုတွင် တပ်ရင်း ၅ရင်းသာ ပါကြောင်းနှင့် ဗျူဟာ(၂)မှူးမှာ ဗိုလ်မှူး ကြီးကြည်လင်ဖြစ်သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ဝေါ်လေဒေသ ကနဲလေးရှိ နယ်မြေခံ နအဖတပ်ဖွဲ့ဝင်များသည် ရိက္ခာပြတ်လပ်ကာ တပ်စခန်းအပြင် ထွက်မရဲသလို ပြန်လည် ဆုတ်ခွာရန်လည်း ခက်ခဲနေကြောင်း သိရသည်။

ထို့အပြင် နအဖ စကခ(၁၉) လက်အောက်ခံ တပ်ရင်းများသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချူကလီးဒေသဘက်သို့ နယ်မြေ ရှင်းလင်းရေးအတွက် သွားရောက်ရန် ပြင်ဆင်လျှက်ရှိကြောင်း
နယ်မြေခံ ကေအဲန်ယူတပ်များက ပြောဆိုသည်။

မဲဆောက်မြို့ UN ရုံးရှေ့တွင် လာရောက်ဆန္ဒပြသည့် DKBA အဖွဲ့ဝင်တဦး ဖမ်းဆီးထိန်းသိမ်းခံရ

Submitted by Karen Information Center on Tuesday, 4 January 2011No Comment

ဇန်န၀ါရီလ ၄ရက်။ စောသိန်းမြင့် (ကေအိုင်စ)ီ

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကုလသမဂ္ဂ(UN)ရုံးရှေ့၌ ယနေ့မနက်တွင် ဆိုင်ကယ်အငှားသမားတဦးကို ဓားစာခံလုပ်ပြီး လက်ပစ်ဗုံး ကိုင်ဆောင်ကာ လာရောက်ဆန္ဒပြသည့် DKBA
တပ်ဖွဲ့ဝင်တဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ယနေ့မနက်၈နာရီအချိန်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (၉၉၉)တပ်မဟာ တပ်ရင်း(၄)မှ စောသံမဏိ ၃၆နှစ်သည် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက်
UN အနေဖြင့် အသွင်ကူးပြောင်းပေးရန် ရည်ရွယ်၍ မြန်မာပြည်ဘက်ခြမ်း မြ၀ တီမှတဆင့် လာရောက်ဆန္ဒပြရာ အခြေအနေမဟန်၍ မော်တော်ဆိုင်ကယ်အငှားမောင်းသမားကို
ဓားစားခံပြုလုပ်ပြီး လက်ပစ်ဗုံး စနက်တံကလစ်များကို ဖြုတ်၍ တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ စောသံမဏိက ၂၀၁၀ရွေးကောက်ပွဲအား လက်မခံနိုင်ကြောင်း၊ ၂၀၁၀ရွေးကောက်ပွဲသည် မြန်မာပြည်ဒီမိုကရေစီ အသွင် ကူးပြောင်းနိုင်မည် မဟုတ်ကြောင်းနှင့် UN အနေဖြင့်
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းလဲပေးရန် စသည့်အချက်များ အပါ အ၀င် အချက် ၄ချက်ဖြင့် UN ရုံးသို့ တောင်းဆိုခဲ့သည်။

သို့သော် စောသံမဏိ၏ တောင်းဆိုချက်များကို မဲဆောက် UN ရုံးတာဝန်ရှိသူများက လက်ခံဆွေးနွေးခြင်းမရှိဘဲ မဲဆောက်မြို့ပိုင် နိုင်ကီတီဆတ်တိုမိုဆတ်မှ ၁နာရီခန့် သွားရောက်စေ့စပ်
ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် ၎င်းအား မြန်မာပြည်သို့ ပြန်မပို့ရန်နှင့် ဒီကေဘီ အေတပ်ဖွဲ့ဝင်များထံသို့ လွှဲပြောင်းခြင်းမပြုရန် တောင်းဆိုချက်ကို မြို့ပိုင်က သဘောတူညီခဲ့သည့်အတွက်
စောသံမဏိက လက် နက်ချလိုက်ခြင်းဖြစ်သည်။

ယင်းသို့ သဘောတူညီချက်ရရှိပြီးနောက် စောသံမဏိအား တရားမ၀င် လက်နက်ကိုင်ဆောင်မှုတခုဖြင့်သာ အရေးယူသွားမည်ဖြစ် ကြောင်း မြို့ပိုင်က မဲဆောက်မြို့ရှိ


ဒေသခံသတင်းထောက်များကို ပြောကြားခဲ့သည်။ မဲဆောက်ရဲများက စောသံမဏိထံမှ ဒီကေ ဘီအေ သင်တန်းဆင်းလက်မှတ် ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် မဲဆောက်မြို့
ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
စောသံမဏိသည် DKBA တပ်ဖွဲ့ဝင်တဦးမဟုတ်တော့ကြောင်း လက်ရှိအချိန်တွင် တပ်မဟာ(၉၉၉)သည် နအဖ စစ်အစိုးရ၏ နယ် ခြားစောင့်တပ်ကို ပြောင်းသွားခဲ့သည့် နအဖ
လက်ကိုင်တုတ်တပ်တခုဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ(၅)မှ G2 ဗိုလ်မှူးစော ဆန်းအောင်က တုန့်ပြန်ပြောဆိုခဲ့သည်။

http://www.kicnews.org/

You might also like