You are on page 1of 10

လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ

၂၀၁၁ ခုနှစ် ဇန်နဝါရီ ၇ ရက်။ ဇန်နဝါရီ ၁ မှ ၇ ရက်အထိ

အင်တာနက် ဝက်ဘ်ဆိုက်ပေါ်မှာ တပတ်အတွင်း ဖော်ပြခဲ့သော သတင်းနှင့် အခြား ဖတ်စရာ မှတ်စရာများကို


စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။

မိမိ၏ အီးမေးလ်လိပ်စာပေးပို့၍ သတင်းလွှာ မှာကြားနိုင်ပါသည်။

သတင်းလွှာမှာကြားရန်

သတင်းလွှာကို ဆက်လက် အလိုမရှိတော့ပဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။

သတင်းလွှာရပ်ဆိုင်းရန်

မြန်မာစာလုံးထည့်သွင်းရန်

RFA သတင်းလွှာကို ဖတ်ရှုရန်အတွက် မိမိ၏ ကွန်ပျူတာတွင် Zawgyi-One မြန်မာစာလုံး ရှိထားရမည်


ဖြစ်ပါသည်။ ထို့ပြင်၊ ယခင် သတင်းဟောင်းများ ဖတ်ရှုရန်အတွက် BIT မြန်မာစာလုံးလည်း လိုအပ်နိုင်ဖွယ်
ရှိပါသည်။ Zawgyi-One စာလုံးနှင့် BIT စာလုံးများကို ယခု သတင်းလွှာနှင့်အတူ ပူးတွဲ ပေးပို့ထားသည့်အပြင်
ရယူနိုင်သည့် နေရာကိုလည်း ဖော်ပြထားပါသည်။ ဇော်ဂျီမြန်မာစာလုံးရယူရန်

အင်တာနက်စာမျက်နှာ လျှို့ဝှက်ကြည့်ရှုရန် နည်းလမ်းများ

RFA ဝက်ဘ်ဆိုက်ကို ပိတ်ဆို့ခံထားရသော မြန်မာပြည်တွင်းမှ စာဖတ်သူများအတွက် သတင်းလွှာ၏


နောက်ဆုံးတွင် အင်တာနက် စာမျက်နှာများအား လျှို့ဝှက်ကြည့်ရှုနည်းကို ဖော်ပြထားပါသည်။သို့မဟုတ်
အောက်ဖော်ပြပါ ဝက်ဘ်ဆိုက်များမှတဆင့် လျှို့ဝှက်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါသည်။
ဤလိပ်စာတခုခုကို မောက်စ်ဖြင့် နှိပ်၍ ဖြစ်စေ၊ သို့မဟုတ် ထိုလိပ်စာကို ကော်ပီလုပ်ကာ မိမိ၏ အင်တာနက်
ဘရောက်ဇာတွင် ကူးထည့်၍ဖြစ်စေ RFA မြန်မာဝက်ဘ်ဆိုက်ကို အခြားသူမသိစေပဲ ဖတ်ရှုနိုင်ပါသည်။

https://ac.dearabba.org/rd/burmese/
https://eb.dogalparklar.com/rd/burmese/
https://ec.isofa.org/rd/burmese/

အကယ်၍ အင်တာနက် ဆက်သွယ်နှုန်း နှေးကွေးသော ကွန်ပျူတာမှ ဖတ်ရှုမည်ဆိုပါက ဓာတ်ပုံများမပါပဲ


စာသားချည်းဆိုလျှင် ပိုမို မြန်ဆန်ပါသည်။ မိမိ၏ အင်တာနက်စာမျက်နှာ လက်ယာဖက် အထက်ပိုင်းတွင် ရှိသော
‘စာသားသက်သက်’ ကို နှိပ်လိုက်လျှင် ပုံများမပါတော့ပဲ စာများသာ ပေါ်လာမည် ဖြစ်ပါသည်။

1
အထူးဖတ်စရာ

၂၀၁ဝ ခုနှစ် မြန်မာနိုင်ငံ


2011-01-02

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ကုန်လွန်သွားတဲ့


၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ထူးခြားဖြစ်ရပ်တွေအပေါ် ဆွေးနွေး
တင်ပြထားပါတယ်။

မြန်မာ့အရေးနဲ့ ဝီကီလိခ်စ်သတင်းများ
2010-12-26

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ သံတမန်တွေ၊ နိုင်ငံခြား သတင်း ထောက်တွေ


အနှောက်အယှက်မရှိ ဆက်သွယ်တွေ့ဆုံနေတဲ့ ကိစ္စ၊ မြန်မာ စစ်ခေါင်းဆောင်တွေအပေါ်
ပြည်ပခေါင်းဆောင်တွေ သံတမန်တွေရဲ့ သဘောထားပေးစာတွေကို ဝီကီလိခ် အင်တာနက်စာမျက်နှာက
ဖွင့်ချလိုက်တဲ့ကိစ္စတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။

နေႛစဉ်သတင်းမဵား

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ


2011-01-07

ဒီတပတ် ဇန်နဝါရီလ၇ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်မှာ ကိုထွေး (ပြင်သစ်)၊


ကိုထွေးလေး (ရန်ကုန်)၊ ဦးခင်မောင်စိုး (မန္တလေး)၊ မသွယ်သွယ်ဇော် (မလေးရှား)၊ ကိုနောင်နောင်
(ဂျပန်)နဲ့ မမြကြေးမုံ (နော်ဝေ) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

မရိန်းတပ်ဖွဲ့ဝင် မြန်မာလူငယ် အာဖဂန်နစ္စတန်မှာ ကျဆုံး


2011-01-07

အာဖဂန်နစ္စတန်နိုင်ငံမှာ ကမ္ဘာ့အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲ ဆင်နွှဲနေတဲ့ အမေရိကန်


မရိန်းတပ်ဖွဲ့ဝင်တဦး ဖြစ်တဲ့ မြန်မာလူမျိုး ကိုဖြိုးသူထိုက်ဟာ တာဝန်ထမ်းဆောင်ရင်း
နှစ်ဆန်းတရက်နေ့က ကျဆုံးသွားတဲ့အတွက် ရုပ်အလောင်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ
အမေရိကန်ပြည်ထောင်စု အာလင်တန် နိုင်ငံတော် သင်္ချိုင်းမှာ စစ်အခမ်းအနားနဲ့ မြေမြှုပ် သင်္ဂြိုဟ်မယ်လို့
သိရပါတယ်။

ရွေးကောက်ပွဲဝင် ချင်းအမျိုးသားပါတီလည်း စီးပွားရေးလုပ်မည်


2011-01-07

မနှစ် ၂၀၁၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကနေ လွှတ်တော်သုံးရပ်အတွက် အမတ် စုစုပေါင်း ၉ ဦး


ရွေးချယ်ခံခဲ့ရတဲ့ ချင်းအမျိုးသားပါတီ CNP က စီးပွားရေးလုပ်ပြီး ပါတီရန်ပုံငွေ ရှာမယ်လို့ ဒီကနေ့ ဇန်နဝါရီ
၇ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

2
သေဒဏ်ကျ ကလေးစစ်သား လွတ်မြောက်ရေး ILO ကို တင်ပြ
2011-01-07

သေဒဏ် ချမှတ်ခံထားရတဲ့ ကလေးစစ်သား မောင်ဖြိုးစည်သူရဲ့ အမှုကို ကူညီဆောင်ရွက်ပေးဖို့ မိဘတွေနဲ့


ကလေးစစ်သား ပပျောက်ရေး ဆောင်ရွက်သူတွေက ရန်ကုန်မြို့က ILO ရုံးမှာ ဇန်နဝါရီ ၇ ရက် ဒီကနေ့
တင်ပြလိုက်တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေး၊ကျင်းပ


2011-01-07

ဒီကနေ့ ဇန်နဝါရီ ၇ ရက်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ရဲ့ လပတ်အစည်းအဝေး


ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကို မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင် အပါအဝင် စုစုပေါင်း
၁၁ ဦး တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

တရုတ် ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံမှာ ထိပ်ဆုံးဖြစ်လာ


2011-01-07

မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ အသစ်တွေရှိတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းတွေမှာ တရုတ်ကုမ္ပဏီကြီး


တခုနဲ့ပဲ ဖက်စပ် လုပ်ကိုင်သွားမယ်လို့ စစ်အစိုးရရဲ့ ထုတ်ဖော် ကြေညာချက်ကို ကြည့်ရင် တရုတ်ရဲ့
ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ ထိပ်ဆုံးက ဖြစ်လာပြီးလို့ နိုင်ငံတကာ မြေကမ္ဘာအခွင့်အရေး အဖွဲ့
(EarthRights International) ERI ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Paul Donowitz က ပြောပါတယ်။

မြန်မာပြည်အလယ်ပိုင်းမှာ ရေနံနှင့် ဓာတ်ငွေ့ကြောများ တရုတ်ကုမ္ပဏီတွေ့ရှိ


2011-01-06

တရုတ်အစိုးရ ရေနံကုမ္ပဏီက မြန်မာနိုင်ငံ အလယ်ပိုင်းမှာ သဘာဝဓာတ်ငွေ့နဲ့ ရေနံစိမ်း အမြောက်အမြား


တွေ့ရှိတယ်လို့ မြန်မာအစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ကြိုတင်မဲသုံး အနိုင်ယူခဲ့သူ ၂၀ ဦးအထိ ရှိနိုင်ကြောင်း ဇေကမ္ဘာဦးခင်ရွှေပြောကြား


2011-01-06

၂၀၁၀ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ အနိုင်ရရှိခဲ့တဲ့ USDP


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၁၀ ယောက်နေ အယောက် ၂၀ အထိ ရှိနိုင်တယ်လို့ ရန်ကုန်တိုင်း
ဒေသကြီး တွံတေး၊ ကော့မှူးနဲ့ ကွမ်းခြံကုန်း မဲဆန္ဒနယ်တွေက ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။

လယ်သမား ၄၀၀ ခန့် ရန်ကုန်မှာ စီတန်းချီတက်ဆန္ဒပြ


2011-01-06

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာ တောင်သူလယ်သမား ၄ ရာနီးပါး ဇန်နဝါရီ ၆ ရက် ဒီကနေ့


ဆန္ဒပြခဲ့ကြတယ်လို့ RFA က သတင်းရရှိပါတယ်။

3
ပါတီဖျက်သိမ်းမှု အယူခံလွှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး
2011-01-06

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က စစ်အစိုးရအပေါ် တရားစွဲဆိုထားတာကို ဗဟိုတရာရုံးက


ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး အယူခံတင်ဖို့ အသင့်ဖြစ်ပြီလို့ NLD ပါတီရဲ့ ရှေ့နေတွေက RFA ကို
ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီက ပါတီ ဗဟို ဥပဒေ အထောက်ကူပြု
အဖွဲ့ဝင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာပါ။

ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ် ယာဉ်အန္တရာယ် အလွန်ကြီးမား


2011-01-05

လွန်ခဲ့တဲ့ သုံးနှစ်ကမှ စတင်ဖောက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ်ဟာ


မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု အများဆုံးနဲ့ မော်တော်ယာဉ် တိမ်းမှောက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှု
အဆိုးဆုံး ဖြစ်တယ်လို့ ခရီးသွား ပြည်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်အစိုးရတပ်သားတဦး ဒီကေဘီအေထံ လက်နက်ချ


2011-01-05

တနင်္သာရီတိုင်း ရေးမြို့အခြေစိုက် ခမရ (၅၈၆) က တပ်သား ဝင်းရန်နိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက


ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ ဒီကေဘီအေ တပ်မဟာ ၅ ထံ လက်နက်ချ ခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုစိတ်ဓာတ် ပိုအရေးကြီးကြောင်း CRPP အတွင်းရေးမှူးပြောကြား


2011-01-05

ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ အမျိုးသားရေး-အမျိုးသားစိတ်ဓာတ်ကို မွေးခဲ့ရပေမဲ့


လွတ်လပ်ရေးရဖို့ ပြည်ထောင်စုရေး-ပြည်ထောင်စုစိတ်ဓာတ်ကို ပျိုးထောင်ခဲ့ရတယ်လို့ CRPP
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

ILO ကို တိုင်ကြားသဖြင့် အာဏာပိုင်များက သီးနှံရိတ်သိမ်းခွင့်ပိတ်


2011-01-05

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) အမှတ် ၁၅ ကနေ


လယ်ယာမြေတွေ သိမ်းယူထားတာကို အိုင်အယ်အိုကို တိုင်တန်းခဲ့တာကြောင့် လက်တုံ့ပြန် အရေး ယူတဲ့
အနေနဲ လယ်မြေတွေပေါ်က သီးနှံတွေကို စစ်တပ်က ရိတ်သိမ်းခွင့် မပြုဘူးလို့သတင်း ရရှိပါတယ်။

ကရင်နှစ်သစ်ကူးနေ့ ပြည်တွင်းပြည်ပမှာ ကျင်းပ


2011-01-05

ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးနေ့ကို ပြည်တွင်းပြည်ပမှာ အသွင်အမျိုးမျိုးနဲ့


ကျင်းပရာမှာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ
တခုပါ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

4
ပြည်တွင်း အဖွဲ့အစည်းအသီးသီး လွတ်လပ်ရေးနေ့ကျင်းပ
2011-01-04

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးစီးပြီး


မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ဒီနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက
ကျင်းပခဲ့ကြပါတယ်။

ထိုင်းနယ်စပ် မဲဆောက်မှာ DKBA တပ်သား လက်ပစ်ဗုံးကိုင်ဆန္ဒပြ


2011-01-04

ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက် ၈ နာရီလောက်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိတဲ့ UNHCR ကုလသမဂ္ဂ
ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးခွဲ ရှေ့မှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အဖြစ် ပြောင်းလဲခဲ့သူ DKBA ၉
သုံးလုံး တပ်ရင်းက စောထိန်လင်း ခေါ် စောသံမဏိဟာ လက်ပစ်ဗုံး နှစ်လုံး ကိုင်ဆောင်ပြီး
ဆန္ဒပြခဲ့ကြောင်း သတင်းရရှိပါတယ်။

ညီညွတ်စွာတိုက်ပွဲဝင်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း


2011-01-04

လွတ်လပ်ရေးရဲ့ အနှစ်သာရတွေကို အမှန်တကယ် ခံစားနိုင်ဖို့ ပြည်သူလူထု တရပ်လုံးနဲ့ အတိုက်အခံ


အင်အားစုတွေအားလုံး ညီညီညွတ်ညတ
ွ်နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်သွားကြဖို့ လိုအပ်ကြောင်း
ဒီကနေ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ သံဃာ့တပ်ပေါင်းစုက တိုက်တွန်း လှုံ့ဆော်လိုက်ပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီးများ လွတ်လပ်ရေးနေ့ကျင်းပ
2011-01-04

ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဝါရင့်


နိုင်ငံရေးသမားကြီးများ အဖွဲ့ကလည်း ရန်ကုန်မြို့ ချော်တွင်းကုန်း ပါရမီလမ်းက၊ အဖွဲ့ရဲ့ ခေါင်းဆောင်
သခင်သိန်းဖေရဲ့ နေအိမ်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး NLD က တဦးချင်း တာဝန်ခွဲယူ


2011-01-04

ဒီကနေ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အထူး အစီအစဉ်တရပ်အဖြစ် နိုင်ငံရေး အကျဉ်းသားတွေကို


မဲစနစ် တာဝန်ခွဲဝေ ယူတဲ့ အစီအစဉ်တရပ်ကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ခေါင်းဆောင်ပြီး အမျိုးသားဒီမိုကရေစီ ဌာနချုပ်မှာ နေ့လည် ၃ နာရီလောက်က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး၊ စီးပွားရေး ကြေညာချက်များ NLD ထုတ်ပြန်


2011-01-04

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက် ၁၁ နာရီမှာ ရန်ကုန်


ရွှေဂုံတိုင်လမ်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ဒုဥက္ကဋ္ဌ
ဦးတင်ဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်သလို။ လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့်
နိုင်ငံရေးသမားကြီးတွေ၊ CRPP အဖွဲ့ဝင်တွေ စတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေလည်း
တက်ရောက်ကြပါတယ်။

5
မြန်မာပြည်သို့ လွှဲငွေနှင့် စီးပွားရေး လေ့လာချက်စာတမ်း ထုတ်ပြန်
2011-01-03

ပြည်ပရောက် မြန်မာ အလုပ်သမားတွေက မြန်မာနိုင်ငံကို လွှဲငွေပို့ရာမှာ ကိုယ်စားလှယ်ကနေ တဆင့်


လွှဲတဲ့ ဟွန်ဒီလွှဲငွေက အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ ပို့ငွေချည်း
သက်သက်ကိုက အကြမ်းအားဖြင့် ဒေါ်လာ သန်း ၅၀၀ ခန့်ရှိတယ်လို့ မကြာခင် ရက်ပိုင်းက
ထွက်ပေါ်လာတဲ့ သြစတြေးလျအခြေစိုက် စီးပွားရေးပညာရှင်တစုရဲ့ စစ်တမ်းတရပ်က ဆိုပါ တယ်။

ရခိုင်ပါတီမှ အနိုင်ရ ကိုယ်စားလှယ်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက တရားစွဲ


2011-01-03

ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ လွှတ်တော်


ကိုယ်စားလှယ်ကို ရှုံးနိမ့်သွားတဲ့ စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်က ရွေးကောက်ပွဲ
မသမာမှုနဲ့ တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှေ့နေ ကွန်ရက် ဖွဲ့စည်းရေးစတင်


2011-01-03

ရှေ့နေကွန်ရက် ဖွဲ့စည်းဖို့ စတင် ဆောင်ရွက်တဲ့ အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဥပဒေ


အထောက်အကူပြုအဖွဲ့ဝင် ဦးအောင်သိန်းနဲ့ မန္တလေးတိုင်းအတွင်းက လူငယ် ဥပဒေပညာရှင် ၁၅ ဦးခန့်
ဒီကနေ့ ဇန်နဝါရီ ၃ ရက်မှာ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

လွတ်လပ်ရေးနေ့အကြို မန္တလေး အင်န်အယ်လ်ဒီ သွေးလှူ


2011-01-03

မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အ ကူအညီပေးရေး အဖွဲ့က တာဝန်ယူ ဦးဆောင်ပြီးတော့ လွတ်လပ်ရေးနေ့


အကြိုအနေနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဇန်နဝါရီ ၃ ရက် ဒီကနေ့ သွေးလှူဒါန်းကြတယ်လို့ သိရပါတယ်။

၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆု အတွက် အမည်စာရင်း စတင်လက်ခံပြီ


2011-01-03

အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေ စုပေါင်း စီစဉ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု ၂၀၁၁


ခုနှစ်အတွက် အမည်စာရင်းတွေ ပေးပို့ကြဖို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က ဇန်နဝါရီ ၂ ရက် မနေ့က
ပြောပါတယ်။

နိုင်ငံအရေးအကျဉ်းသား လွှတ်ပေးရေး အဖွဲ့ ၁၁ ဖွဲ့တောင်းဆို


2011-01-03

မြန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀


ကျော်ကို ချက်ချင်း လွှတ်ပေးဖို့ သံဃာ့ တပ်ပေါင်းစုနဲ့ ဗကသ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားတဲ့အဖွဲ့
၁၁ ဖွဲ့ ဒီကနေ့ ဇန်နဝါရီ ၃ ရက်မှာ စုပေါင်း တောင်းဆိုလိုက်ပါတယ်။

6
ဖို့ဝိန်း ဒီမိုကရေစီအင်အားစုများ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး
2011-01-03

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံ


အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ဒီမိုကရေစီ အင်အားစုတွေက တယ်လီဖုန်းနဲ့ ဆက်သွယ်
နှုတ်ခွန်းဆက်ရင်းနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း မေးမြန်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနွေမှာ ပိုမို ပူပြင်းနိုင်တယ်လို့ ပညာရှင် ခန့်မှန်း


2011-01-02

၂၀၁၁ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အပူပြင်းဆုံး နှစ်တနှစ် ဖြစ်လိမ့်မယ်လို့ မြန်မာ့မိုးလေဝသပညာရှင်


ဒေါက်တာ ထွန်းလွင်က ခန့်မှန်း ပြောဆိုပါတယ်။

NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ


2011-01-02

နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးနဲ့ လူမှု အထောက်အကူပြုရေး ရန်ပုံငွေအဖြစ် အမျိုးသား


ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ စတင် ကျင်းပတဲ့ လွတ်လပ်ရေးနေ့အကြို ရန်ပုံငွေ ဈေးရောင်းပွဲကို
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန် Mainichi သတင်းစာ ဆောင်းပါး


2011-01-02

နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့လ က ဂျပန်


မိုင်နိချိသတင်းစာ သတင်း ထောက်နဲ့ တွေ့ဆုံခဲ့ပြီး လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်အထိ မပြတ်ရေးသားခဲ့တဲ့
မြန်မာပြည်က ပေးစာများ (Letters from Burma) ဆောင်းပါးကဏ္ဍ ကို ဆက်လက်ရေးသားမဲ့အကြောင်း
ပြောဆိုခဲ့ အပြီး မနေ့က ဇန်နဝါရီလ ၁ ရက်နေ့ထုတ် သတင်းစာ မှာ ပထမဆုံးဆောင်းပါး ဖော်ပြခဲ့ပါတယ်။

၂ဝ၁၁ ကို ငြိမ်းချမ်းတဲ့နှစ်အဖြစ် KIO မျှော်လင့်


2011-01-02

၂၀၁၁ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ နှစ်တနှစ် ဖြစ်လာဖို့ မျှော်လင့်ပါတယ်လို့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ KIO
ကချင်လွတ်မြောက်ရေး အဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။

၂ဝ၁ဝ စစ်ရေးနိုင်ငံရေး သုံးသပ်ချက်တချို့


2011-01-02

မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက


ခေါင်းဆောင်တချို့ရဲ့ ၂၀၁၀ ခုနှစ် နှစ်ချုပ် သုံးသပ်ချက်တွေကို စုစည်းတင်ပြထားပါတယ်။

၂ဝ၁ဝ မြန်မာ့ပန်းချီ၊ ဒီဇိုင်းနဲ့ ကဗျာလောက


2011-01-02

၂၀၁၀ မှာ လူငယ် ပန်းချီဆရာတွေ လူငယ်ဂရပ်ဖစ် ဖန်တီးသူတွေ လူငယ် ကဗျာဆရာတွေ အနုပညာ ရပ်ဝန်းထဲ
ဝင်ရောက်လာပါတယ်။ နည်းပညာသစ်နဲ့ အနုပညာရေစီးကြောင်း အပြောင်းအလဲ ဖြစ်ရပေမဲ့ ပွင့်လင်းမြင်သာတဲ့
လူ့ဘောင်အဖွဲ့အစည်းမှာ အနုပညာ ဖန်တီးမှုအားက ဒီ့ထက် ပို လှပ လန်းဆန်းမယ်လို့ ရှုမြင်သူလည်း ရှိပါတယ်။

7
၂ဝ၁ဝ ခုနှစ် မြန်မာ ဂီတနဲ့ ရုပ်ရှင်
2011-01-01

၂ဝ၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဂီတနဲ့ ရုပ်ရှင်လောက မြင်ကွင်းနဲ့ ၂ဝ၁၁ ခုနှစ်မှာ ကြုံတွေ့ရနိုင်တဲ့


အလားအလာတွေနဲ့ ပတ်သက်လို့ အဆိုတော် ဇော်ဝင်းထွဋ်၊ ခင်မောင်တိုး၊ ဆောင်းဦးလှိုင်၊ မာရဇ္ဇ၊ ဂျေမီနဲ့
ရုပ်ရှင်သရုပ်ဆောင် ကိုလွင်မိုးတို့ရဲ့ ပြောပြချက်တွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်း
တင်ပြထားပါတယ်။

ပြည်သူတွေအပေါ် စစ်အစိုးရ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းသင့်


2011-01-01

အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတချို့က မြန်မာ စစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်ထားတဲ့ စီးပွားရေး


ပိတ်ဆို့မှုတွေဟာ ပြည်သူလူထုကို ထိခိုက်နေတဲ့အတွက် ပြန်လည် ရုပ်သိမ်းသင့်တယ်လို့ ၂၀၁၀
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ် တချို့ အပါအဝင် ပြည်တွင်း နိုင်ငံရေးသမား တချို့က
ပြောဆိုနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး နှစ်သစ်ကူး ဆုတောင်းပွဲ


2011-01-01

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆုတောင်းပွဲ


အခမ်းအနား တခုကို ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း အသီးသီး စုပေါင်းပြီး ရန်ကုန်မြို့
မင်္ဂလာတောင်ညန
ွ့် မြို့နယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ကျော်သူရဲ့ ပန်းချီပြပွဲ ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး


2011-01-01

ဒီကနေ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အနုပညာရှင် ဦးကျော်သူက (Kyaw Thu Art Zone) ဆိုတဲ့
အမည်နဲ့ သူကိုယ်တိုင် ဖန်တီးထားတဲ့ ပန်းချီနဲ့ ဓာတ်ပုံအနုပညာ ပြပွဲကို သူ့နေအိမ်မှာ ပြုလုပ်ခဲ့ပြီး အဲဒီပွဲကို
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အားပေးခဲ့ပါတယ်။

နှစ်သစ်ကူး အထူးအစီအစဉ်
2011-01-01

မြန်မာ့ဇာတ်သဘင် အနုပညာရှင်တွေ ၂၀၁၀ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ၂၀၁၁ ခုနှစ်


အတွက် မျှော်မှန်းချက်တွေအကြောင်း မန္တလေးမြို့က နှုတ်ခမ်းမွှေးညီနောင် လူရွှင်တော် ဦးပါပါလေး၊
ဦးလူမော်နဲ့ မြပုဏ္ဏမာ အငြိမ့်အဖွဲ့က လူရင
ွှ်တော် ကိုဂေါ်ဇီလာတို့ရဲ့ ပြောပြချက်တွေကို နားဆင်ရမှာပါ။

စစ်အစိုးရက စစ်တိုင်းတွေ ထပ်မံတိုးချဲ့


2011-01-01

မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေမှာ စစ်တိုင်းတွေ မကြာခင် တိုးချဲ့တော့မယ်လို့ သိရပါတယ်။


တိုးချဲ့မယ့် စစ်တိုင်း ၂ တိုင်းကတော့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

8
‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ်
2011-01-01

ဒီဇင်ဘာလ ၃၁ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ ဦးခင်အောင် (စင်ကာပူ)၊


ကိုမင်းဆက်ဟိန်း (ဗြိတိန်)၊ ကိုကြည်လင်း (ပဲခူး)၊ ဦးဇာဂရဗုဒ္ဓိ (သီရိလင်္ကာ)၊ ဒေါက်တာမြင့်ချို
(သြစတြေလျ) နဲ့ ကိုစောကျော်ကျော်မင်း (ထိုင်း-မြန်မာ နယ်စပ်) တို့ရဲ့ မေးခွန်းတွေကို
ဒေါ်အောင်ဆန်းစုကြည် ဖြေကြားထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်နှုတ်ခွန်းဆက်
2010-12-31

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ပြည်သူလူထု တရပ်လုံးနဲ့


တကမ္ဘာလုံးက မြန်မာ့ ဒီမိုကရေစီရေး ထောက်ခံသူ အားလုံးကို နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
ပြောလိုက်ပါတယ်။

Radio Free Asia


2025 M Street NW, Suite 300,
Washington DC 20036, USA
202-530-4900 | burweb@rfa.org | RFA Jobs © 2005 Radio Free Asia

အင်တာနက်စာမျက်နှာများကို လျှို့ဝှက် ကြည့်ရှုနည်း

လွတ်လပ်တဲ့ အာရှအသံ (RFA) ရဲ့ အင်တာနက် စာမျက်နှာများကို မြန်မာပြည်တွင်းက ကြည့်လို့ မရအောင်


ပိတ်ဆို့ထားပါလိမ့်မယ်။ ဥပမာဆိုရင်၊ http://www.rfa.org/burmese ကို မကြည့်နိုင်အောင် လုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့၊
အဲဒီ အင်တာနက်စာမျက်နှာကို တိုက်ရိုက်မသွားပဲ proxy server လို့ ခေါ်တဲ့ ကြားခံကွန်ပျူတာ ဆာဗာစနစ်ကို အသုံးပြုပြီး
ကြည့်ရှုနိုင်တဲ့ နည်းလမ်းရှိပါတယ်။

အဲဒီလို ကြားခံ ကွန်ပျူတာဆာဗာကတဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ထားတဲ့ အင်တာနက် စာမျက်နှာတွေကို


ကြည့်နိုင်တဲ့အပြင် ဘယ်သူဘယ်ဝါမှန်းလည်း မသိနိုင်ပါဘူး။ ကွန်ပျူတာ အသုံးပြုသူဟာ ကြားခံကွန်ပျူတာထဲကို
ဝင်ပြီးတဲ့နောက် ကိုယ်ယောင်ဖျောက်ပြီးတော့ တခြား ပိတ်ဆို့ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို သွားတဲ့
သဘောမျိုးပါ။

ဘယ်လိုရှာဖွေမလဲ

အခုလို ကြားခံဆောင်ရွက်ပေးမဲ့ ကွန်ပျူတာ ဆာဗာတွေကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ


ရှိပါတယ်။

Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံးပြီး ရှာရမှာ ဖြစ်ပါတယ်။ ရှာရမဲ့ စာလုံးတွေကတော့ nph-
proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ကို ရိုက်ထည့်ပြီး ရှာကြည့်ပါ။

တခြားနည်းတခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့ စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ်။

9
အဲဒီလို ရှာလိုက်တဲ့အခါမှာ ကြားခံ ကွန်ပျူတာ ဆာဗာအဖြစ် လက်ခံဆောင်ရွက်ပေးမဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို
တွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ် ကြားခံကွန်ပျူတာဆီကို သွားနိုင်တဲ့ link လမ်းကြောင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ
ဝက်ဘ်ဆိုက်တခုခုကို ဝင်ပြီးတဲ့အခါမှာ ကိုယ်သွားလိုတဲ့ အင်တာနက် ဝက်ဘ်ဆိုက်ရဲ့ လိပ်စာကို ထည့်သွင်းရမဲ့
ကွက်လပ်တခုကို တွေ့ရပါလိမ့်မယ်။

ပိတ်ဆို့ခံထားရတဲ့ အင်တာနက် ဝက်ဘ်ဆိုကရ


်ဲ့ လိပ်စာURLကို အဲဒီကွက်လပ်ထဲမှာ ရိုက်ထည့်လိုက်ရင် ကိုယ်သွားချင်တဲ့
ဝက်ဘ်ဆိုက်ကို ရောက်သွားပါလိမ့်မယ်။

ဥပမာအားဖြင့်၊ လွတ်လပ်တဲ့ အာရှအသံ RFA ရဲ့ မြန်မာဘာသာစာမျက်နှာ လိပ်စာ www.rfa.org/burmese ဖြစ်ပါတယ်။

ကြားခံ ကွန်ပျူတာ ဆာဗာတချို့ကတော့ ရှေ့က http:// ဆိုတာကိုပါ ရိုက်ထည့်ရပါတယ်။ ဥပမာဆိုရင်၊


http://www.rfa.org/burmese လို့ ရိုက်ရပါတယ်။

တခြား ဖြတ်လမ်းနည်းအနေနဲ့ အောက်မှာ အဆင်သင့်ပြထားတဲ့ Link အဆက်အသွယ်တွေကို နှိပ်လိုက်ရင်လည်း ကြားခံ


ကွန်ပျူတာ ဆာဗာတခုထဲကို သွားနိုင်ပါတယ်။ ဒါပေမဲ့၊ ဒီလို လူသိရှင်ကြား ကြေညာထားတဲ့ အင်တာနက်လိပ်စာတှေကို
အာဏာပိုင်တွေက ပိတ်ဆို့ထားပြီးသား ဖြစ်နိုင်ပါတယ်။ အဲဒီလို ဆိုရင်တော့ စောစောက ရှင်းပြခဲ့တဲ့နည်းအတိုင်း ကိုယ့်ဖာသာ
ရှာကြည့်ပြီး လုပ်လိုက်ရင် လွယ်လွယ်လေးပါ။

http://www.stupidcensorship.com/

http://proxify.com/ This is free but there is also a version available for a fee.

http://www.zensur.freerk.com/nada/

Proxy Server လို့ခေါ်တဲ့ ကြားခံ ကွန်ပျူတာ ဆာဗာတွေရဲ့ လိပ်စာက အမြဲတမ်း ပြောင်းလဲနေပါတယ်။ ဒါပေမဲ့
အခုနည်းတွေအတိုင်း ရှာကြည့်ပြီး ပြင်ပကမ္ဘာကြီးထဲက အင်တာနက်လောကကို လွတ်လွတ်လပ်လပ်
သွားလာလည်ပတ်နိုင်ပါတယ်။

10

You might also like