You are on page 1of 38

ကံ ဆိုတာ '' အလုပ် '' ပါပဲလို့ပြောကြားခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှငNEWSWEEK

့် သတင်းထောက်တို့အင်တာဗျုး

မြန်မာ ပြည် တပ်မတော် အစိုးရ ၏ ထိန်းသိမ်းမှု အောက်တွင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မှ စီးပွားရေ
းပိတ်ဆို့မှု များ ၊ ကံ ကံ၏ အကျိုး နှင့် နောင် အနာဂတ် အကြောင်းများကို NEWSWEEK သတင်းထောက် DANIELLE BERNASTEIN နင့် အင်တာဗျုးတွင်
ပြောကြားခဲ့ ပါသည် ။

နေအိမ် အကျယ် ချုပ် ချထားခဲ့တာကြောင့် ခငိဗျားရဲ့ အချိန် တော်တော် များများ ကို ရေဒီယို နားထောင်ရင် ကုန်ဆုံးခဲ့ ရတယ်ဆိုတော့ ဘာတွေ ကို ခငိဗျား
နားထောင် ဖြစ်ပါ သလဲ ?

နိုင်ငံရေး အကြောင်းနဲ့ပတ်သတ်တဲ့ အစီအစဉ်တွေ ကတော့ တာဝန်တစ်ရပ် အနေနဲ့ နားထောင်ဖြစ်ပါတယ်။ အလုပ် တစ်ခု ပဲပေါ့ လေ။ ဒါပေ့မယ့်လ.ို ယဉ်ကျေးမှု
ဆိုင်ရာ အစီအစဉ် တွေ ကတော့ ကျမ အကြိုက်ပါ ပဲ ။ကျမ က ဘီဘီစီ အသံလွင့် အစီအစဉ် တော်တော် များများ ကို နား ထောင် ဖြစ်ပါတယ် ။
ဒါပေမယ့်ကြည့်ရတာ သုတို့မှာ တေးဂီတ အစီအစဉ်တွေ အတွက် အချိန် သိပ် မပေးနိုင် တာကိုတွေ့ ရပါတယ် ။ကျမ နားထောင်တဲ့ အချိန် ကလည်း ဘီဘီစီ
မြန်မာဘာသာ အစီအစဉ်နဲ့လွတ်လပ်သော အာရှ အသံ လာတဲ့ အချိန် မို့လို့လဲ ဖြစ်နိုင်ပါတယ် ။
တစ်နေ့ကို အနည်းဆုံး ခြောက်နာရီ လောက်တော့ နားထောင် ဖြစ်ပါတယ် ။ အချိန်တိုင်းမှာလဲ ကြောက်စရာ တုန်လှုပ်စရာ သတင်းတွေ ချည်းကြားနေရတယ် ။
ကြည့်ရတာ ကတော့ ရာသီဥတု ဖေါက်ပြန် ပြောင်းလဲ တာ ၊ အကြမ်းဖက် တိုက်ခိုကတာ တွေ ဟာ မြန်မာပြည်မှာ တင် မဟုတ်ပဲ ကမ္ဘာ တစ်ဝှမ်း လုံး မှာ
ဖြစ်ပွားနေတယ် လို့ထင်ပါတယ် ။ မြန်မာပြည်ထဲ မှာ တင်မက ပါဘူး ရေးလွမ်းမိုးမှု တွေ ၊ ငလျင်လှုပ် ခတ်မှု တွေ ၊ ဆိုင်ကလုံး မှုန် တိုင်း တွေ စတာတွေ ပေါ့ ။
ဒါဆိုရင် ၂၀၀၇ ခုနှစိ သံဃာ.လှုပ်ရှားမှု ( မြန်မာပြည် စစ်အစိုးရ ကို ဆန့်ကျင် ရှုံချမှု ) ပေါ့လေ .. ဒီသတင်းကို ကြားရတော့ ခင်ဗျား ဘယ်လို ခံစားရပါသလဲ ?

ကျမ စဖြစ်ကတည်း ကသိလိုက် တယ် ၊အဲဒါက အေးအေးဆေးဆေး ပြီးသွားမှာ မဟုတ်ဘူးလို့ ။ကျမ အရမ်း ၀မ်းနည်းရပါတယ် ။ဒါပေမယ့် ဒီ ဖြစ်စဉ်ဟာ
လူတော်တော် များများ ရဲ့ စိတ်ကို ပြောင်းလဲအောင်တော့ ဖန်တီး နိုင်ခဲ့ပါတယ် ။ဒါဟာ အရမ်း အရေးကြီးတဲ့ အချက်ပါပဲ ။ ကျမ ထင်တာပေါ့လေ ..လူတော်တော်
များများ က နိုင်ငံရေး ဆိုတာ သူတို့ စိုးရိမ်စရာ ကိစ္စမဟုတ်ဘူး လို့ ထင်နေတာ သံဃာတွေ တွေ အပေါ်မှာ ပြုမှု လိုက်တဲ့ အခါ ကျတော့ ဒီနိုင်ငံ မှာ ဖြစ်နေတဲ့
ကိစ္စတွေ ကို လုံးလုံး လစ်လျု ရှု လို့ရပါလား လို့နက်နက်ရှိုင်းရှိုင်း သိသွားကြပါတယ်။
ခင်ဗျား ဟာ စီးပွားရေးပိတ်ဆို့ထားမှု အပေါ်မှာ ခေါင်းမာမာနဲ့(မြန်မာစစ်အစိုးရ၏ဖိနှိုပ်လွမ်းမိုးအုပ်ချုပ်ထားမှုများအားဆန့်ကျင်၍) ရပ်တည်နေမှုကြောင့် ဝေဖန်ခံ
နေရတယ် နော် ?

အချို့ လူတွေ ကတော့ စီးပွားရေးပိတ်ဆို့မှု ကို နိုင်ငံတွင်း စီးပွားရေး ဖွဲ့စည်းပုံ ပျက်နေရတာ ဒါကြောင့် ဆို ပြီး ဆင်ခြေဆင်လက် ပေးကြပါတယ် ။ဒါပေမယ့်
စီးပွားရေးဆိုင်ရာ ပညာရှင်တွေက တော့ အဓိက ပြသာနာကြီးက လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ လိုအပ်ချက်တွေ ကြောင့် လို့ထင်ကြတယ်၊ ပြီးတော့လည်း IMF
(နိုင်ငံ တကာ ငွေကြေးရန်ပုံငွေ အဖွဲ့ )ပြောနေတာကလည်း စီးပွားရေးပညာရှင်တွေ နဲ့အတူတူ ပါပဲ ။
ဒါဆို သူတို့ ဘာလို့ မပြောင်းတာလဲ ?

ဘာလို့လဲ ဆိုတော့ တစ်ချို့လူတွေ က ဒီစီးပွားရေးပိတ်ဆို့မှရှိနေလည်း အပြင်ကနေ ကောင်းကောင်းလုပ်နိုင်တာပဲလေ ဒီလို ပါဝါသုံးပြီး ပိတ်ထား လည်း
တစ်ဦးချင်းအလိုက် တစ်ယောက်ချင်း အလိုက်အနည်းစု အတွက်ကိုတော့ ပြောင်းလဲ ချင် အောင် စွမ်း ဆောင် မထားနိုင်ပါဘူး ။
ခင်ဗျားတို့ပါတီရဲ့ခေါင်းဆောင်ပိုင်းတွေ က အသက်ကြီးနေပြီ ဆိုတော့ ဒီ လစ်ဟာနေတဲ့အပေါက်ကို ဘယ်လို ဖာထေးမှာပါလဲ?

ဒီနိုင်ငံထဲမှာ နိုးနိုးကြားကြားတက်တက်ကြွကြွနဲ့သင်ယူလေ့လာနေတဲ့ လူငယ်တွေ အများကြီး ရှိပါတယ် ။သူတို့နဲ့ အပြိုင် နိုင်ငံရပ်ခြားကို ရောက် ရှိ နေလို့
သိပ်မသိကြသေးတဲ့ လူငယ်တွေလည်း ရှိပါတယ် ။သူတို့လဲ သင်ယူလေ့လာနေကြတာပါပဲ။ ဒီနိုင်ငံ ကနေ ထွက်ခွာပြီး ပညာရေး စနစ်ကောင်းကောင်း နဲ့
ပညာသင်ယူနေတဲ့ လူငယ်တွေကို ကျမတို့နဲ့ အလုပ်လုပ် ဖို့  ဒီနိုင်ငံကို ပြန်လာစေချင်ပါတယ် ။ဒါဟာ လစ်ဟ သွားတယ်လို့ မခေါ်ပါဘူး ။ ကျမ တို့ ဆန္ဒရှိနေတာ
ထက် နည်းနည်း လေး နည်း တယ်ဆိုယုံပဲ။
တကယ်လို့ ဆက်နေဖို့ရွေးချယ် လိုက်တဲ့ သူတွေ အနေနဲ့ ရော ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါလဲ?

အခက်အခဲ အတားအဆီးတွေက အများကြီးပါပဲ ။ ဒါတွေ ကိုတစ်ခုခြင်းလိုက် ပြီး ရေတွက်မနေနိုင်ပါဘူး ကျမ စဉ်းစားနေတာ '' အခက်အခဲ အတားအဆီး ''
ဆိုတာထက် ပို ထိရောက်တဲ့ စကားများရှိ ဦးမလားလို့ပါ။
သူတို့အဖေ တွေ ရဲ့ ခြေရာကို နင်းနိုင်ပြီး နိုင်ငံအတွက် အလုပ်လုပ်ပေးမယ့် အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တွေ ကနည်းနည်းလေးပဲ ရှိတယ်နော် ။အဲဒါ ခင်ဗျား
အတွက်ဆို မှန်ပါမလား ?
ကျမ အဖေ( မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်း ) ဟာ ကျမ အတွက်တော့ စံပြပါပဲ။ကျမရဲ့ ဖခင် လည်း ဖြစ်သလို ကျမရဲ့ ခေါင်းဆောင်
လည်း ဖြစ်တယ် ။ကျမလုံးဝ ဥသုံ ယုံကြည်တဲ့ ပုဂ္ဂိုလ် ဘာကြောင့်လဲ ဆိုတော့ ကျမ က သူရဲ့ ဘ၀ သူရဲ့ အလုပ် နဲ့သူရဲ့ နိုင်ငံရေး အတွေးအခေါ်တွေကို လေ့လာခဲ့
လို့ပါ။

ဒါခင်ဗျားရဲ့ ဘ၀ပေး ကံ အကြောင်းတရားပဲ လို့ထင်ပါသလား ?

ဒါကျမရဲ့ ကံ အကျိုးပေး လို့ ကျမ မထင်ပါဘူး ။မြန်မာ တွေ ဟာ ကံ ကံ ၏ အကျိုးနဲ့ ပတ်သတ်ပြီး ပြောတတ်ကြတဲ့ စကားတစ်ခွန်း ရှိပါတယ် ကျမလည်းပဲ လူတွေ
ပြောကြတာကို လက်ခံပါတယ် ကံ ဆိုတာ အကျိုးရှိလို့ အကြောင်း ရှိတာ ..ကံ ဆိုတာ '' အလုပ် '' ပါပဲ...
ရှင် အစေ့ချခဲ့ တဲ့ အပင် ကို ရှင်ပြန်လည် ရိတ်သိမ်းခူးဆွတ်ရမှာပဲလေ ။ရှင် ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ် ။ရှင် ရဲ့ အလုပ် ကြောင့် ရှင်ရဲ့ ကံ ကြမ္မာ
ဖြစ်ပေါ်လာတာပဲလေ ။ ရှင်ကိုယ်တိုင် လုပ်ခဲ့ တဲ့ အကျိုး ကို ရှင် ပြန် ခံစားရမှာပဲ ။ ကျမက တော့ ကံကြမ္မာ ကို ဘ၀ပေး ကြောင့်တို့ ၊ ဘုရားသခင်ရဲ့ အလိုတော်
အတိုင်းတို့စသည် ပုံစံမျိုး မယူဆပါဘူး ။
ခင်ဗျား ခံစားခဲ့ရတဲ့ ခက်ခဲတဲ့ အချိန်တွေကို ဟာသ တစ်ခုလို့ဖေါ်ပြချင်တာလား?

အဲ့ ဒီ အတိုင်းပါပဲ ။
DECEMBER 27 , 2010 NEWSWEEK JOURNAL မှ ဆောင်းပါးရှင် DANIELLE BERNASTEIN နှင့် အင်တာဗျုးကို ကိD
ု aper Aung မှတတ်စွမ်းသလောက်
ကြိုးစားပြီး ပြန်ဆိုပါသည်။
မူရင်းလင့်ကိုတော့အသေးစိတ် ဒီနေရာမှာ ဖတ်နိုင်ပါတယ်...
http://www.dawnmanhon.com/

အနာခံရဲကြသူများ ...
ဖြူဖြူသင်း Saturday, 22 January 2011 12:52 ဆောင်းပါး

လူသား အကျိုးပြုလုပ်ငန်း လုပ်နေသူတွေ အားလုံးပဲ အနည်းနဲ့အများ ဆိုသလို ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံရတာချည်းပါပဲ။ ကျမတို့ လူငယ်တွေ အားလုံး
ဒီနေ့ဒီချိန်အထိ ငွေကြေး တပြားတချပ်မှ မရဘဲ လုပ်နေကြတာပါ။ ဒါကြောင့် အနည်းဆုံး မိသား စု ငြိုငြင်တာတော့ ခံရတာပါပဲ။
မိသားစုနဲ့ ပဋိပက္ခ

ကျမ ကိုယ်တိုင်သည်လည်းပဲ ဒီ ခုခံအားကျဆင်းမှု


တိုက်ဖျက်ရေး လုပ်ငန်း စတင်စဉ်ကတည်းက အိမ်အလုပ်တောင်
မလုပ်နိုင် တော့ပါဘူး။ ဒါပေမယ့် ကျမမိသားစုက
အပြည့်အ၀နားလည်မှုပေးပြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေ
လုပ်ပေးနေတာကြောင့် တော် သေးတယ်လို့ ပြောရမှာပါ။

တချို့တွေဆိုရင် လင်မယား စကားများ ရန်ဖြစ်တာ၊ မိဘတွေက


အိမ်က နှင်ချတာတွေ မကြာခဏ ကြားနေရတော့ ကျမအနေ နဲ့
အရမ်းပဲ စိတ်ထိခိုက်ရပါတယ်။ ဘာမှလည်း မတတ်နိုင်ခဲ့ပါဘူး။
အခုချိန်အထိလည်း ဘယ်လိုမျိုး ဖြေရှင်းပေးရမယ် ဆိုတာ ကို
မသိသေးပါဘူး။

အခက်အခဲတချို့

NLD ၀ ( ) HIV
ကိုယ်ကျိုးစွန့် လုပ်ကြရာမှာ လုပ်ငန်း ပျက်ယွင်းတဲ့အထိ
ဝ ၀၀၀၀ ၀ ၀၀ ၀ ၀၀ေေေေေေေေေေေေ ဖြစ်သွားတဲ့လူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း
( - AP) ဖမ်းဆီးခံရ တဲ့အထိ ဖြစ်တာလည်း ရှိပါတယ်။
ထင်ထင်ရှားရှားဆိုရင် နယ်မှာပညာပြန်ပေးဖို့ သွားတဲ့ ရေနံချောင်းက လူငယ်တယောက် အချုပ်ကျခံရတယ်၊ ကျောက်ပန်းတောင်းက လူငယ်ဆိုလည်း
အဖမ်းခံရတယ်၊ တရားစွဲမယ်လို့ ခြိမ်းခြောက်တာ ခံရတယ်။ လူနာတွေအတွက် ဆွမ်းကျွေးပေးလို့ ဆိုပြီး လူငယ် ၁၁ ယောက် ၃ ရက်ကြာ ဖမ်းဆီး
စစ်ဆေးခံရတာတွေလည်း ရှိပါတယ်။

ကျမတို့လူငယ်တွေဟာ အဲဒီလို အမျိုးမျိုးသော အနစ်နာခံရမှုတွေ၊ ဒုက္ခတွေကို ဒီနေ့အချိန်အထိ ရင်ဆိုင်ကျော်ဖြတ်နေရတာပါ။

ကျမတို့က နိုင်ငံရေးနဲ့ ဆက်နွယ်နေတာမို့ အဖမ်းခံရတာတောင် နည်းသေးတယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒါက မှန်သင့် သလောက် မှန်ပါတယ်။ ဒါပေမယ့်
ကျမတို့လို မဟုတ်တဲ့ အဖွဲ့အစည်း၊ တကယ့် လူမှုရေး အဖွဲ့အစည်းတွေကိုလည်း တားဆီး ပိတ်ပင်တာတွေ ရှိပါတယ်။ အန်ဂျီအို အမျိုးသမီး ၀န်ထမ်း
တယောက်ဆိုရင် ကြည့်မြင်တိုင်ဘက်မှာ ပြည့်တန်ဆာတွေကို ကွန် ဒုံး ဝေနေတုန်း အဖမ်းခံရတယ်၊ ပြီးတော့ ပြည့်တန်ဆာမှုနဲ့ အရေးယူခံရတယ်၊ အဲဒါမျိုးကျတော့
ဝေဖန် ထောက်ပြတာတွေ၊ တိုင်တန်း ပြောဆိုတာမျိုးတွေ မလုပ်ကြပါဘူး။

ဒီတော့ နိုင်ငံရေး ဆက်နွယ်သည် ဖြစ်စေ၊ မဆက်နွယ်သည် ဖြစ်စေ အာဏာပိုင်တွေဘက်က အမြင်မရှင်းလင်းရင် ဖမ်းတာပါပဲ။ ဒါတွေကို အများက မသိကြပါဘူး။
ဒါကြောင့် တချို့ကဆိုရင် ကျမတို့ကိုပဲ အချိန်ပြည့် ဝေဖန်နေတာပါ။ လူမှုရေးလုပ်ငန်း လုပ် ရင်တော့ အနည်းနဲ့အများ ဆိုသလိုတော့ ကိုယ်ကျိုး
စွန့်လွှတ်ရတာချည်းပါ။

ကျမအဖွဲ့က အစ်ကိုတယောက်နဲ့ အစ်မ တယောက် စွန့်လွှတ်ရတဲ့ အဖြစ်ပျက်လေးတွေအကြောင်း ပြောရရင်တော့ ငိုအား ထက် ရယ်အားသန် ဆိုသလို ပါပဲ။

တောင်တွင်းကြီးက လူနာ

ပထမလူက တောင်တွင်းကြီးက လူနာတယောက်ပါ။ ဒီလူနာက စရောက်လာကတည်းက အူကျရောဂါ တွဲဖက် ပါလာတယ်။ လူကတော့ အတော်လေး
သန်မာသေးတယ်။ သူ့မှာ လူနာစောင့် ပါမလာပါဘူး။ တိုက်တိုက် ဆိုင်ဆိုင် အဲ့ဒီအချိန်က အဖွဲ့ထဲက လူငယ်တွေကလည်း ခရီးထွက်သူထွက်၊ တခြား
နိုင်ငံရေးအလုပ်တွေများ ဖြစ်နေတော့ ဒီလူနာကို ဆေးရုံသွားတင်တော့ ကျမ ရယ် တောင်ဒဂုံက အစ်မ တယောက်ရယ်ပဲ ရှိပါတယ်။ ဆေးရုံရောက်တော့
လူနာစောင့် လိုတယ်ဆိုတော့ အဲ့ဒီ အစ်မကိုပဲ အကူအညီ တောင်းရတာပေါ့။
ကျမတို့လည်း ဆေးရုံစည်းကမ်းတွေ သိပ် နားမလည်ဘူး။ လူနာကလည်း အိမ်ထောင်ရှိတယ် ပြောထားတော့ နပ်စ်တွေက နားလည်မှုလွဲပြီးတော့ အဲ့ဒီ အစ်မကို
လူနာရဲ့ အမျိုးသမီး ထင်မှတ်သွားဟန် တူပါတယ်။ ခွဲစိတ်လူနာ ဖြစ်နေတော့ လက်မှတ် ထိုးရတာပေါ့။ ကူညီတာပဲဆိုပြီး အားလုံး အမှုမဲ့ အမှတ်မဲ့ပဲ လက်မှတ်
ထိုးလိုက်တာပါပဲ။ ဒါပေမယ့် ကျမတို့ မသိလိုက်တာက လူနာရှင်ရဲ့ နေရာမှာ ဇနီးဆိုပြီးထည့်ထားတာကို ကျမကော အဲ့ဒီ အစ်မပါ သတိ မထားမိပါဘူး။ ဒါနဲ့
ကျမလည်း အိမ်ပြန်လာ၊ တောင်တွင်းကြီးကို ဆက်သွယ်ပြီး လူနာစောင့်တယောက် အားချင်း လွှတ်ပေးဖို့ ပြောလိုက်ပါတယ်။ လူနာရှင်တွေဘက်က လည်း
ခွဲရစိတ်ရမယ် ဆိုတော့ စိုးရိမ်သွားဟန် တူပါတယ်။ အမျိုးတွေ အများကြီးနဲ့ လိုက်ချလာတယ်။

အဲ့ဒီနေ့က ကျမလည်း တနေကုန်နီးပါး ဆေးရုံမှာ နေပေးပြီးမှ ပြန်လာတာပါ။ နောက်ရက်ဆို လူနာက ခွဲစိတ်ရတော့မှာပါ။ ကျမ အိမ်ပြန်ရောက်ပြီး ၇
နာရီခွဲလောက်ကျတော့ လူနာရှင် အမျိုးသမီးကော အမျိုးတွေပါ ကျမဆီ လိုက်လာပါတယ်။ ငိုကြီး ချက်မ နဲ့ပါ။ ဒီကို လာတာ တရက်၊ နှစ်ရက်ပဲ ရှိသေးတယ်၊
လူကလည်း ရောဂါသည်ပါ၊ ဒါကိုတောင် အစ်မတို့အဖွဲ့က လူတွေက ရအောင် ယူထားတယ် ဘာညာနဲ့ ရန်တွေ့ပါတော့တယ်။

ကျမလည်း အတော်လေး အံ့သြနေပြီးတော့ ဘာဖြစ်မှန်း မသိပါဘူး။ ဒါနဲ့ နောက်တရက်မှပဲ ကျမ သေချာမေးပြီး ရှင်းပြပါ့မယ်၊ အခုတော့
ဆေးရုံတံခါးလည်းပိတ်နေပြီ ဘာမှလုပ်မရတော့ဘူး ဆိုတော့ သူတို့တည်းတဲ့ ဘုန်းကြီးကျောင်းကို ပြန်သွားပါတယ်။

ဒါနဲ့ မနက်စောစော လူနာကို မခွဲခင် ကျမ ဆေးရုံကို ပြေးပါတယ်။ ကျမလည်း ရောက်ရော တောင်ဒဂုံက အစ်မက စပ်ဖြဲဖြဲနဲ့ “ မိဖြူ နင်ငါ့ကို ချောက်ကျအောင်
လုပ်တာလား” ဆိုပြီး နောက်ပါတယ်၊ ဒီတော့မှ ကျမကလည်း မေးတာပေါ့“အစ်မ ဘာတွေဖြစ် တာလဲ” ဆိုတော့ “လူနာတွေ့ချိန် ကုန်တော့ ဆေးရုံက ထုံးစံအတိုင်း
ဧည့်သည်တွေကို နှင်တယ်။ အဲ့ဒီမှာ လူနာရှင်ဇနီး ဆိုပြီး လက်မှတ် ထိုးထားတာက သူဖြစ်နေတော့ တကယ့် မိန်းမအစစ်ကိုပါ နှင်ထုတ်တာ၊ ငါ့ကိုလည်း
ပိုးစိုးပက်စက် ပြောသွားလိုက် တာ ရစရာ မရှိဘူး၊ ဆေးရုံ တရုံလုံးကလည်း ၀ိုင်းကြည့်၊ ငါ့မှာ ရှက်လည်းရှက်၊ ဒေါသတွေလည်း ဖြစ်လိုက်တာဟာ၊ ဆေးရုံ တံခါး
ကလည်း ပိတ်သွားပြီး ဆိုတော့ နင့်ဆီလည်း ဆက်သွယ်မရ ဖြစ်ကုန်တာပေါ့” တဲ့။

တညလုံး ဒေါသ ဖြစ်နေတာ အခုမှ စိတ်ပြေခါစ ရှိသေးတယ်ဆိုပြီး ရှင်းပြနေတုန်း လူနာရှင် အမျိုးအုပ်ကြီး ရောက်လာပြန်ရော။ ကျမတို့အဖွဲ့က အစ်မကို လက်ညှိုး
ငေါက်ငေါက်ထိုးပြီး ရန်ထောင်နေလိုက်တာ ကျမလည်း ၀င်ပြောမရပါဘူး။ ဒါနဲ့ ဆရာဝန် တယောက် လာပြီးတော့ ကျမတို့ကို သူ့ရုံးခန်းထဲ ခေါ်ပြီး ရှင်းခိုင်းပါတယ်။
ကျမတို့လည်း အဲ့ဒီတော့မှ အဖြစ်မှန်ကို ရှင်းပြရတာ ပေါ့။ ဆရာဝန်ကတော့ မှတ်ချက်ချပါတယ်။“ခင်ဗျားတို့ သဘောကောင်းပုံကလည်း သူများ မယားတောင်
အဖြစ်ခံသလား” တဲ့။

လူနာရှင်တွေလည်း အဲ့ဒီတော့မှ ကျမတို့ကို ထိုင်ပြီး ရှိခိုးလိုက်ကြတာနဲ့ နောက်ဆုံးတော့ ကျမတို့ ထွက်ပြေးရတော့တာပဲ။

အဲ့ဒီ အစ်မက အပျိုကြီးပါ။ အခုထက်ထိ ရုံးထဲမှာ ကျမတို့ကို နောက်နေကြတုန်းပါ၊ “ဖြူဖြူသင်းရယ် နင့်မလည်း အပျိုကြီးကို လူနာနဲ့ အစွံထုတ်ရင်
လွတ်လွတ်ကင်းကင်း လုပ်ပေးလိုက်စမ်းပါ၊ တခြား အိမ်ထောင်မရှိတဲ့ လူနာလေး ဘာလေး ရှာပေး လိုက်စမ်းပါ” ဆိုပြီး နောက်ကြတုန်းပါ။

အခုမှသာ ရယ်မောနိုင်တာပါ။ ဖြစ်ခါစက ရှက်လည်းရှက် ဒေါသတွေလည်း ဖြစ်နဲ့ လူလည်း မနေတတ်ဖြစ်ရတာပါ။

တောင်ဒဂုံက လူနာ

နောက် အစ်ကိုကြီးတယောက်က ဘုန်းကြီးလူထွက်ပါ။ အရင်က ဘုန်းကြီးဝတ်နဲ့ ထောင်ကျဖူးတယ်၊ လူဝတ်လဲပြီး ထွက်လာ စ မှာပဲ ကျမတို့ကို လာကူပါတယ်။
အဲ့ဒီမှာတင် သူ့အနီးနားကလူတွေကို ဆေးခန်း၊ ဆေးရုံ သူပဲဒိုင်ခံပို့ပေါ့လေ။ ဘုန်းကြီးလူထွက် ဆိုတော့ သူ့ကို အတော်များများက ဘုန်းကြီးလို့ ခေါ်ကြတယ်။

တနေ့သားကျတော့ ဘုန်းကြီး မိန်းမရနေပြီ ဆိုပြီးတော့ ရုံးမှာ သတင်းဖြစ်နေပါတယ်။ ကျမလည်း သူနဲ့ မတွေ့တော့ မမေးမိပါဘူး။ ဒါပေမယ့် ပြောတဲ့လူကတော့ သူ
အခမဲ့ ဆေးခန်းကို ရောက်တယ်၊ ဘုန်းကြီးက သူ့မိန်းမ ဆေးခန်းလာပြတာ တွေ့တယ် ဆိုပြီး ရှင်းပြတော့ ကျမတို့အတွက် အတော့်ကို ထူးဆန်းနေပါတယ်။

ရုံးတရုံးလုံးကလည်း ဒီသတင်းက ပျံ့နေပါပြီ။ တရက် သူ ကျမဆီ ရောက်လာပါတယ်။ ကျမလည်း အဖြစ်မှန် မေးကြည့်တော့မှ “ကောင်မလေးက ပြည့်တန်ဆာ၊
ယောက်ျားက ခြောက်ယောက် အထိ ကွဲထားပြီးပြီ။ ဒီတော့ ဒီကလေးမ care taker လုပ်ဖို့ လိုက်ပို့တာပါ” တဲ့။

ကလေးမက ဆေးရဖို့ သေချာအောင်လို့ သူ့ကို ပြုစုမယ့်လူဟာ အခု ပါလာတဲ့ သူ့ယောက်ျားပါပဲ ဆိုပြီးတော့ ပြောချလိုက်တာ ဆေးခန်း တခန်းလုံးကလည်း
သူ့ယောက်ျားပဲလို့ မှတ်ထားကြတယ် တဲ့။ ဒီလိုနဲ့ သူလည်း အဲဒီ တောင်ဒဂုံက ကလေးမရဲ့ ၇ ယောက်မြောက် ယောက်ျား ဖြစ်သွားသတဲ့။

ကြည်နူးမှု

ဘာပြောပြောပါ၊ တောင်တွင်းကြီးက လူနာကော၊ တောင်ဒဂုံက လူနာကော အခုထက်ထိ ကျန်းမာနေတုန်းပါ။ သူတို့တွေက ရုံး ဘက်ကို လာတတ်ပါတယ်။ သူတို့
လာလို့ တောင်ဒဂုံက အစ်ကိုတွေ၊ အစ်မတွေ မျက်နှာကို ကြည့်လိုက်ရင် ကြည်နူး ပီတိဖြစ် နေတာ မြင်ရပါတယ်။ အဲဒီလို မြင်လိုက်ရတိုင်း ကျမတို့ အဖွဲ့သူ
အဖွဲ့သားတွေ အနစ်နာခံ အသက် ကယ်ခဲ့တာ အမြဲလို သတိ တရ ကြည်နူးရပါတယ်။ ။

ပြည်တွင်း ခရီးသွားလုပ်ငန်းများ အရှုံးပေါ်


နရီလင်းလက် Saturday, 22 January 2011 13:39
ပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှု များလာသော်လည်း ယမန်နှစ်ကထက် ဒေါ်လာဈေး ကျသောကြောင့် ပြည်တွင်းရှိ ခရီးသွား ကုမ္ပဏီများ အရှုံးနှင့်
ရင်ဆိုင်နေရကြောင်း သိရသည်။

၂၀၀၉ နှစ်ကုန်ပိုင်းမှ စတင်၍ ၂၀၁၀ ပြည့်နှစ်အတွင်း ခရီးသည် ၀င်ရောက်မှု နှုန်းမှာ ၃ သိန်းခွဲခန့်ရှိလာသောကြောင့် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းအထိ ခရီးသည်
ဝင်ရောက်မှုနှုန်းနှင့် နှိုင်းယှဉ်ပါက ၂ သိန်းကျော် တိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများက ပြောသည်။

စာရင်းဇယားများအရ နိုင်ငံခြားသား ဧည့်သည် လာရောက်


လည်ပတ်မှုများသည့် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီသို့
နိုင်ငံခြားသား လာရောက်မှုသည် ၂၀၀၉ ခုနှစ်က ၁၁၃၅၂၉ ဦး
ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ၁၇၅၀၅၄ အထိ တိုးတက်
များပြားခဲ့ကြောင်း သိရသည်။

“လက်ရှိ အခြေအနေမှာ နိုင်ငံပေါင်းစုံ ပေါင်းလိုက်ရင် Package


(ပို့ဆောင်၊ တည်းခို၊ စားသောက် ပုတ်ပြတ်) အနေနဲ့ အရင်နှစ်က
၃၀ လောက် ရောင်းခဲ့ရတယ် ဆိုပေမယ့် အခုက ၆၀၊ ၇၀
လောက် ရောင်းထားရတယ်။ ဒီလို ရောင်းတာကလည်း ၂၀၀၉
နှစ်စ ကတည်းက Package ထဲမှာ ဘယ်လိုခရီးစဉ်တွေ
ပါဝင်တယ်၊ ဘယ်နှည၊ ဒေါ်လာ ပေါက်ဈေးက ဘယ်လောက်
ဆိုပြီး ကြိုရောင်းထားတာပါ။ အရင်နှစ်ထက် ဒေါ်လာဈေးကျတဲ့
အချိန်မှာတော့ ခရီးစဉ်အားလုံး မမြတ်တဲ့အပြင် ရှုံးတယ်”ဟု
ယူနိုက်တက် ခရီးသွားလာရေး ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက
ပြောသည်။

ဆက်လက်၍ ၎င်းက ခရီးသည် မလာသောကြောင့် ရှုံးခြင်းမဟုတ်ဘဲ ငွေဈေးကျ သောကြောင့် ရှုံးခြင်း ဖြစ်ကြောင်း၊ package များကို လက်ခံထားပြီး
ဖြစ်သောကြောင့် အစီအစဉ် ဖျက်သိမ်းလျှင် မျက်နှာပျက်ကာ ကုမ္ပဏီ စီးပွားရေး ထိခိုက်မည် ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေအရ ခရီးသွား ကုမ္ပဏီများ
အကျပ်အတည်း ကြုံတွေ့နေရကြောင်း ရှင်းပြသည်။

“ခရီးစဉ်အသစ်တွေ ရောင်းတဲ့ အခါကျရင် အရင်လို ၁ နှစ် တခါ စာရင်းပို့ပေးတာ မဟုတ်ဘဲ ၂ လ တကြိမ်လောက် ဈေးနှုန်း အပြောင်းအလဲ ပို့တာမျိုး
ပုံစံပြောင်းရမှာပေါ့။ ဒီလို လုပ်ပြန်ရင်လည်း ဈေးနှုန်း ခဏခဏပြောင်းတယ်ဆိုပြီး နည်းနည်း ပြဿနာ တော့ ရှိလာနိုင်တာပေါ့”ဟု ယူနိုက် တက် ခရီးသွား ကုမ္ပဏီ
တာဝန်ရှိသူ က ဆိုသည်။

၂၀၁၀ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သော မြန်မာ့ ကျောက်မျက်ရတနာပြပွဲ မတိုင်မီ တွင် အမေရိကန် ၁ ဒေါ်လာလျှင်
၉၀၀ ကျပ် ဝန်းကျင် ဈေးပေါက်ခဲ့သည်။ ယနေ့တွင် ၁ ဒေါ်လာလျှင် ၈၆၀ ကျပ်ဝန်းကျင်သာ ရှိတော့သည်။

“ဥပမာ ရန်ကုန် - မန္တလေး - ပုဂံ package တခုကို အစ်မတို့က ဒေါ်လာ ၁၀၀၀ နဲ့ ရောင်းထားတယ်ဆိုပါတော့။ တဒေါ်လာ ကို ၁၀၀၀ ကျပ် ပေါက်ဈေးနဲ့ဆို
မြန်မာငွေ ကျပ် ၁၀ သိန်း ရမယ်။ ဒီလို မဟုတ်ဘဲ ဈေးကျလို့ ၈၀၀ ကျပ်နဲ့ တွက်မယ်ဆို ကုမ္ပဏီ ဘက်က ကျပ် ၂ သိန်း ရှုံးမယ်။ အဲဒီတော့ လက်ခံထားတဲ့
အရေအတွက်များလေ ပိုရှုံးလေပဲ။ အခုက Package တွေ မရောင်း ရ ပါစေနဲ့လို့တောင် ဆုတောင်းနေရမယ့် အနေအထားမျိုး”ဟု Diamond View ခရီးသွား
ကုမ္ပဏီမှ ၀န်ထမ်းတဦးက ပြော သည်။

အဆိုပါ အကျပ်အတည်း များကြောင့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများ အရှုံးခံကာ ၀န်ဆောင်မှု ပေးရန် စီစဉ်ကြသော်လည်း သတ်မှတ်ထားသည့်ရက်
အတိုင်းအတာကို လျှော့ချခြင်း စသည်ဖြင့် အရှုံးနည်းစေရန် ပြင်ဆင်ရကြောင်း၊ ငွေကြေး တောင့် တင်းသည့် ခရီးသွားလာရေး ကုမ္ပဏီကြီးများအနေဖြင့်
အရှုံးခံနိုင်သော်လည်း ငွေကြေး အနည်းငယ်နှင့် လည်ပတ် နေရသည့် တချို့သော ခရီးသွား အေဂျင်စီများမှာမူ ခရီးစဉ် ဖျက်သိမ်းလိုက်ရခြင်းမျိုး ရှိကြောင်း
ဧည့်လမ်းညွှန်တဦးက ဆိုသည်။

“တချို့ ခရီးသွားလာရေး ကုမ္ပဏီတွေဆို ဒေါ်လာဈေးက အရမ်းကျနေတယ်၊ Package တွေ ရောင်းထားပြီးသားဆိုတော့ အရှုံးခံပြီး လိုက်တော့ ပို့ပေးတယ်။
ဒါပေမယ့် ခရီးစဉ်ရက်ကို ၁၀ ရက်ကနေ ၇ ရက်လောက် ချုံ့လိုက်တာမျိုး၊ ဘွတ်ကင်တွေ လက် မခံ တော့ဘူး ဆိုတာမျိုးတွေ လုပ်ရတာပေါ့”ဟု ပြည်တွင်း ပြည်ပ
ခရီးသွားလာရေး ၀န်ဆောင်မှု လုပ်ကိုင်နေသည့် အေဂျင်စီ ၀န်ထမ်း တဦးက ပြောသည်။

ဒီဇင်ဘာ၊ ဇန်န၀ါရီ လများအတွင်း ပြည်ပခရီးသည် ၀င်ရောက်လာမှု နှုန်းမှာ မြင့်တက်နေသော်လည်း ပြီးခဲ့သည့် လအတွင်း ကျင်းပသွားသည့်
ကျောက်မျက်ရတနာပြပွဲတွင် နိုင်ငံခြားငွေ အလုံးအရင်းနှင့် ၀င်ရောက်လာသောကြောင့် မြန်မာငွေဈေး မြင့် တက်လာမှု၊ ဒေါ်လာဈေး ဆက်တိုက်
ကျဆင်းနေမှုများကြောင့် ထင်သလောက် ခရီးသွားလုပ်ငန်းများ စီးပွားမဖြစ်ကြောင်း ခရီးသွားကား အငှားဝန်ဆောင်မှု လုပ်ကိုင်နေသည့် ကုမ္ပဏီတခုမှ မန်နေဂျာ
တဦးက ပြောသည်။

“တနှစ်မှာ ၃ ကြိမ်လုပ်တဲ့ ကျောက်မျက်ရတနာပွဲကြောင့် တရုတ်ကုန်သည်တွေ စီးပွားရေးအနေနဲ့ ၀င်လာတာရှိတယ်၊ လည် ပတ်ဖို့ဆိုပြီး ရောက်လာတဲ့


အနောက်ဥရောပ ဂျာမန်တို့ ပြင်သစ် တို့က လူတွေရှိတယ်။ ခရီးသွား အေဂျင်စီက လည်ပတ်တဲ့ လူတွေကို မှီခိုရတာ များတယ်။ နိုင်ငံခြားသားကတော့ ဒေါ်လာနဲ့
ရှင်းမှာပဲ။ နဂိုကတည်းက ဈေးသတ်မှတ်ထားပြီးသား ကုမ္ပဏီ ဆို အရှုံးခံပြီးသာ ပို့တော့ပဲ။ အခု အခြေအနေက နိုင်ငံခြားသား မလာတာကို ပူရတဲ့
အချိန်မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီကြီးများထဲတွင် Package Tour ဖြင့် ခရီးစဉ်များကို ကြိုတင်ရောင်းချထားသော ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီကြီးများအနေနှင့်
ဒေါ်လာဈေး ကျဆင်းပါက ထိခိုက်မှုများရှိသည်ဟု Ayarwaddy Legend Travel & Tour မှ Tour မန်နေဂျာ မသီတာကလည်း ပြောသည်။

ခရီးသွားရာသီ ဖြစ်သည့် ဒီဇင်ဘာ၊ ဇန်န၀ါရီ ၊ ဖေဖော်ဝါရီ လများတွင် ပြည်ပနှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီကြီးများတွင်
လက်ခံထားသည့် ခရီးစဉ်များ ပြည့်နေကြောင်း၊ ပြည်ပ ခရီးသည် လည်ပတ်မှုများသည့် ရခိုင်ပြည်နယ် မြောက်ဦး၊ ပုဂံ နှင့် မန္တလေး ခရီးစဉ်များကို ရောင်းချရမှု
ပိုများပြီး ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိ သွားရောက်ရန် စာရင်းပေးထားသည့် ဧည့်သည်များနှင့် ပြည့်နေကြောင်း ခရီးသွား ကုမ္ပဏီကြီးများက ဆိုသည်။

၂၀၁၀ ပြည့်နှစ်အတွင်း စပိန်၊ ပြင်သစ်၊ ဂျာမန်၊ အမေရိကန်နိုင်ငံများမှ ခရီးသွားများအပြင် အာရှ နိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်း စသည့် နိုင်ငံများမှ
ခရီးသွားများလည်း လာရောက် လည်ပတ်မှုများ ရှိခဲ့သည်ဟု သိရသည်။
ယမန်နှစ် ဒီဇင်ဘာ နှောင်းပိုင်း အချိန်ထိ အမေရိကန် ဒေါ်လာသည် စံချိန်တင် ကျဆင်းခဲ့ပြီး ကျောက်မျက်ရတနာပြပွဲ အပြင် သဘာဝဓာတ်ငွေ့၊
သစ်တောထွက်ပစ္စည်းများ ရောင်းချခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ နိုင်ငံခြားငွေ ဘီလီယံနှင့် ချီကာ ၀င်ရောက်ခဲ့သည်ဟု တရားဝင် ထုတ်ပြန်ချက်များက
ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် မြန်မာပြည်သို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရန် စိတ်ဝင်စားမှု မြင့် တက် လာခဲ့သည်။

အမေရိကန် အခြေစိုက် ထိပ်တန်း ခရီးသွားလုပ်ငန်းကြီး တခုက ယခင်က မြန်မာပြည်သို့ မလည်ပတ်ရန် ကန့်ကွက်မှုများကြောင့် နိုင်ငံခြားသားများ စိတ်ဝင်စားမှု
နည်းခဲ့ကြောင်း၊ သို့သော် မကြာသေးမီမှစ၍ မြန်မာပြည် ခရီးစဉ်အတွက် စီစဉ်ပေးရန် တောင်းဆိုမှု များပြားလာကြောင်း၊ အလည်အပတ်သွားရန် လက်မှတ်ကြိုတင်
ဝယ်ယူမှု ၃ ဆ မြင့်တက်လာကြောင်း ထုတ်ဖော် ပြောဆိုသည်။

ဘန်ကောက် အခြေစိုက် အာရှ - ပစိဖိတ် ခရီးသွားဝန်ဆောင်မှု အသင်း၏ အဆိုအရ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ၀င်ရောက် မှုသည် ၂၀၁၀ ပြည့်နှစ်တွင် ၂၀၀၉
ခုနှစ်ကထက် မြင့်တက်လာပြီး ဥရောပ နိုင်ငံများမှ ၂၂ ရာခိုင်နှုန်း၊ အမေရိကန် နိုင်ငံမှ ၈ ရာခိုင်နှုန်း ဝင်ရောက်သည်ဟု သိရသည်။

မြန်မာပြည်သို့ ပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်းသည် ၃၀ ရာခိုင်နှုန်းခန့် တိုးတက်လာသည် ဆိုသော်လည်း သိန်း ဂဏန်း သာရှိပြီး အိမ်နီးချင်း
ထိုင်းနိုင်ငံ၏ တနှစ် ခရီးသည် ၀င်ရောက်မှုနှုန်းမှာ ၁၄ သန်း၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများသို့ ခရီးသည် လာရောက်မှု နှုန်းမှာ ၂ သန်း
ခန့်ရှိနေသည်။
http://www.bur.irrawaddy.org/

AP က တင်ထားတဲ့ လူပြပွဲ အဲ - ကားပြပွဲ

စနေနေ့က ရန်ကုန်မှာ လုပ်တဲ့ ကားပြပွဲ မြင်ကွင်း တဲ့။


ပုံထဲမှာ ပါသူက ကားရောင်းသူ၊ ကားမောင်းသူ ဖြစ်မယ် မထင်။
ကားတွေကို စိတ်ဝင်စားအောင် လူနဲ့ အလှဆင်တာဖြစ်မယ်။

AP သတင်းဌာနကတော့ အင်္ဂလိပ်လို အခုလို ရေးထားတယ် - CORRECTS YEAR - A Myanmar model poses next to a Rammar vehicle during the
Myanmar Auto and Auto Parts Expo in Yangon, Myanmar, Saturday, Jan. 22, 2011.
http://www.irrawaddyblog.com/

လွှတ်တော်မှတဆင့် ပုဂ္ဂလိကပိုင် ပြုသင့်ဟု NDF ဆို


မျိုးသန့် | စနေနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၄၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလက် လွှဲခြင်းကို လွှတ်တော်တွင် ဆွေးနွေးပြီးမှသာ ပြုလုပ်သင့်ကြောင်း


အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး၊ စွမ်းအင်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်များရှိ စီးပွားရေးလုပ်ငန်း ၇၆ ခုကို ရောင်းချမည်ဟု ယမန်နေ့ထုတ်
နိုင်ငံပိုင်သတင်းစာများတွင် ပါရှိအပြီး NDF က ဝေဖန်ပြောဆိုခြင်း ဖြစ်သည်။

“ပုဂ္ဂလိကပိုင်လုပ်တဲ့ ကိစ္စတွေမှာ လက်ရှိအစိုးရ လက်ထက်မှာပဲ အပြီးအပြတ် လုပ်ချင်လို့ လုပ်တယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ အဲဒီလိုမဟုတ်ဘဲ


လွှတ်တော်ထဲမှာ မတင်ပြဘဲနဲ့ လက်သိပ်ထိုးပေးဖို့ စဉ်းစားတယ် ဆိုရင်တော့ ဝေဖန်စရာတွေ ရှိပါတယ်” ဟု NDF လွှတ်တော်ရေးရာ ကော်မတီဝင်
ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။ လွှတ်တော်တွင် ဆွေးနွေးကာ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ဥပဒေ ချမှတ်ပြီးမှသာ လုပ်သင့်သည်ဟု ဆိုသည်။

ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း ၁၅ ခု၏ စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလက် လွှဲရန် မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က အဆိုပြုလွှာ ခေါ်ခြင်းမှာ
ယခုနှစ်တွင် ပထမဆုံး ဖြစ်သည်။ နိုင်ငံပိုင် စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းကို လွှဲမည်ဟု အမှတ် ၂ စက်မှုဝန်ကြီး ဦးခင်မောင်ကျော်က ပြောကြောင်း တရုတ် ဆင်ဟွှာ
သတင်းဌာနက ယခုလ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သေးသည်။

လွှတ်တော်ပြင်ပ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း လက်ရှိအစိုးရသည် အခွင့်ထူးခံ အသိုင်းအဝိုင်းကို စီးပွားရေးအခွင့်အလမ်းများ


ပေးအပ်ထားခြင်းကြောင့် ပုဂ္ဂလိက လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို ကြီးထွားစေသည်ဟု ယခုလ ၄ ရက်နေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။

လူတစုမှ စီးပွားရေးလုပ်ငန်းများ လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းမျိုး မဖြစ်စေဘဲ ဈေးကွက်စီးပွားရေးစနစ် အပြည့်အဝ လည်ပတ်နိုင်ရန် လွှတ်တော်တွင်


တင်ပြဆွေးနွေးမည်ဟု လွှတ်တော်အမတ် ၁၅ နေရာ ရရှိသည့် NDF က ဆိုသည်။

“လက်ဝါးကြီးအုပ်တဲ့ ပုံစံမျိုး လူတစုလက်ထဲမှာပဲ ဒီအခွင့်အလမ်းတွေ အများဆုံး ရောက်နေတာ တွေ့နေရတော့ကာ ဈေးကွက်စီးပွားရေးကို အပြည့်အဝ


လည်ပတ်နိုင်အောင် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ဥပဒေတရပ်ကို ထုတ်ပြန်ပေးဖို့ လိုတယ်ဆိုတာကို ကျနော်တို့က တင်ပြသွားမှာပါ။ နိုင်ငံသားအားလုံးဟာ ဥပဒေ
ခွင့်ပြုချက်အရ အားလုံးပါဝင်နိုင်တဲ့ ဈေးကွက်စီးပွားရေးဖြစ်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ပုဂ္ဂလိကလွှဲရာ၌ တိုင်းပြည်အတွက် လုပ်ကိုင်နိုင်သူများထံ ရောက်ရှိရန် အရေးကြီးပြီး၊ လူတစု လက်ဝါးကြီးအုပ်ခြင်းမျိုး ဖြစ်လာမည်ကို စိုးရိမ်သည်ဟု ရန်ကုန်
စီးပွားရေးတက္ကသိုလ်၌ ဘွဲ့လွန်ပညာအထိ သင်ယူခဲ့ဖူးသူ ချင်းအမျိုးသားပါတီ CNP မှ ဦးဇိုဇမ်က ဆိုသည်။

“လွှဲပုံလွဲနည်း လိုအပ်တယ်ဗျ။ တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်ပေးချင်တဲ့ ပုဂ္ဂိုလ်တွေ လက်ထဲရောက်ဖို့ အရေးကြီးတယ်။ ကျနော်စိုးရိမ်တာက


အုပ်စုလိုက်ဖွဲ့ပြီး စီးပွားရေး လုပ်ငန်းတခုကို သူများတွေ နေရာယူလို့ မရအောင် အုပ်စုဖွဲ့ပြီး နေရာယူတဲ့ပုံစံ အဲဒီစနစ်မျိုး ဖြစ်မှာကို စိုးရိမ်တယ်” ဟု သူက
ပြောသည်။ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေး ထိန်းချုပ်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့်နှစ်ထဲတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းနှင့် အဆောက်အဦ၊ စက်သုံးဆီ အရောင်းဆိုင် စသည့် စီးပွားရေး လုပ်ငန်း ၃၈၈ ခု၊ ရန်ကုန်မြစ်ကမ်းတလျှောက်ရှိ
ဗိုလ်အောင်ကျော်၊ ဗိုလ်တထောင်၊ ပန်းဆိုးတန်း-နန်းသီတာ၊ ဆူးလေ၊ ကျန်းမာရေးအပြင် အလုံဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ
ဆိပ်ကမ်းမြေများကဲ့သို့ နေရာအများအပြား ဈေးပြိုင်အိတ်ပိတ်စနစ်ဖြင့် ရောင်းချခြင်း၊ အဆိုပြုလွှာ ခေါ်ဆိုရောင်းချခြင်းများ ပြုလုပ်ပြီး ဖြစ်သည်။

ပုဂ္ဂလိကပိုင်လုပ်ငန်းများကို ကွယ်လွန်သူ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင် သိမ်းယူခဲ့သည်။ အမေရိကန် နိုင်ငံအခြေစိုက်
The Heritage Foundation ၏ အင်တာနက် စာမျက်နှာတွင် ၂ဝ၁၁ အတွက် စီးပွားရေးလွတ်လပ်ခွင့် အညွှန်းကိန်းအဆင့် သတ်မှတ်ရာတွင် ၁၇၉ နိုင်ငံအနက်
မြန်မာက ၁၇၄ အဆင့်တွင် ရှိနေသည်ဟု ဖော်ပြထားသည်။

ရန်ကုန် အမေရိကန်သံရုံးမှ ၎င်းတို့နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ၂ဝဝ၉ ဇူလိုင်တွင် ပို့ခဲ့သည့် လျှို့ဝှက်သတင်းပို့ချက်၌ မြန်မာအစိုးရ၏ နိုင်ငံပိုင်


စီးပွားရေးလုပ်ငန်းများ အနည်းဆုံး ၅ နှစ်ဆက်တိုက် အရှုံးပေါ်နေကြောင်း ပါရှိသည်ဟု ဝီကီလိခ် ဝဘ်ဆိုဒ်က ဖော်ပြသည်။
http://mizzimaburmese.com/

မြန်မာ့ဒီမိုကရေစီ အဆင့်မတိုး
By ကိုကျော်ကျော်သိန်း စနေ, 22 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ဒဏ်ခတ် အရေးယူထားတာတွေကို အမေရိကန်က လောလောဆယ်ရုပ်သိမ်းပေးဖို့ အစီအစဉ် မရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်တွေထဲမှာ သိသာထင်ရှားတဲ့
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ မဖြစ်သေးတာက အဓိက အကြောင်းပြချက်တခုဖြစ်ပါတယ်။ အဲဒီအချက်ကို သက်သေပြု ထောက်ခံတဲ့ အစီရင်ခံစာတစောင်
မကြာသေးခင်ကပဲ ထွက်လာတာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီညွှန်းကိန်းဟာ ၁၆၃ မှာရှိနေတာကို တွေ့ရပါတယ်။ နိုင်ငံပေါင်း ၁၆၇ နိုင်ငံရဲ့
ဒီမိုကရေစီအဆင့်အတန်းကို သုတေသန ပြုစုပြီး အစီရင်ခံစာထုတ်ပြန်ခဲ့တာကတော့ The Economist မဂ္ဂဇင်းရဲ့ သုတေသနအဖွဲ့ခွဲတခုဖြစ်တဲ့ The Economist
Intelligence Unit (EIU) ဖြစ်ပါတယ်။
နိုင်ငံ ၁၆၇ နိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းကို အမျိုးအစားတွေ ခွဲခြားသတ်မှတ်ထားတာမှာ ဒီမိုကရေစီ အပြည့်အ၀ရှိတဲ့နိုင်ငံတွေ၊ အပြစ်အနာအဆာ ရှိတဲ့
ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံတွေ၊ ဒီမိုကရေစီနဲ့ တပါတီ ဒါမှမဟုတ် အာဏာရှင်စနစ် ရောထွေး ကျင့်သုံးတဲ့နိုင်ငံတွေ၊ အာဏာရှင်အစိုးရ အုပ်ချုပ်တဲ့နိုင်ငံတွေဆိုပြီး
အတန်းအစားလေးခုနဲ့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကို တော့ အာဏာရှင်အစိုးရအုပ်ချုပ်တဲ့ နိုင်ငံတွေထဲမှာ ထည့်သွင်းထားပါတယ်။
ဒီမိုကရေစီအဆင့်အတန်းကို စံနှုန်းသတ်မှတ်ချက်ငါးခုနဲ့ တိုင်းတာပြီး ညွှန်းကိန်း သတ်မှတ်ထားတာ ဖြစ်ပြီးတော့ စုစုပေါင်းအမှတ် ကို ၁ ကနေ ၁၀ ထိ ပေးတာမှာ
မြန်မာနိုင်ငံကတော့ ၁ ဒဿမ ၇၇ မှတ် ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုပြဌာန်းခဲ့၊ ၂၀၁၀
ခုနှစ်မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးတော့ မြန်မာစစ်အစိုးရက သူတို့ရဲ့ ဒီမိုကရေစီရေး လမ်းပြမြေပုံ အဆင့်ခုနစ်ဆင့်ကို
ဆက်တိုက်အကောင်အထည် ဖော်ခဲ့တယ်ဆိုပေမဲ့ အဲဒီဖြစ်ရပ်တွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းမှာ ဘယ်လို အပြောင်းအလဲမှ မဖြစ်စေခဲ့ဘူးဆိုတဲ့
သဘောပါပဲ။ ၂၀၀၈ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံဟာ ဒီအဆင့်အတိုင်းပဲရှိခဲ့ပြီး နှစ်နှစ်အတွင်း ဒီမိုကရေစီအဆင့်အတန်း ဘာမှ အပြောင်းအလဲမရှိခဲ့ပါဘူး။
ထူးခြားချက်တခုအနေနဲ့ တွေ့ရတာကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှု တိုင်းတာချက်ကို ရမှတ် ၅.၆၃ ပေးထားတာပါပဲ။ ဒါဟာ အစီရင်ခံစာထဲမှာပါတဲ့
နိုင်ငံအတော်များများနဲ့နှိုင်းယှဉ်ရင် အတော်လေးမြင့်တယ်လို့ ဆိုရမှာပါ။ နိုင်ငံရေးယဉ်ကျေးမှုဆိုတာကတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးအသိရေချိန်အပါအ၀င်
နိုင်ငံရေးအပေါ် ဘယ်လောက် တိမ်းညွှတ်မှုရှိတယ် ဆိုတာကို တိုင်းတာချက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံထက် ဒီမိုကရေစီအဆင့်အတန်း နိမ့်ကျတဲ့နိုင်ငံက လေးနိုင်ငံပဲရှိပြီး အဲဒီနိုင်ငံတွေကတော့ ဥဇဘက်ကစ္စတန်၊ တာခ်မေနစ္စတန်၊ ချာ့ဒ်နဲ့
မြောက်ကိုရီးယားတို့ ဖြစ်ပါတယ်။ ဒီမိုကရေစီအပြည့်အ၀ရှိတဲ့ နိုင်ငံတွေထဲမှာ ထိပ်တန်းငါးနိုင်ငံကတော့ နော်ဝေး၊ အိုက်စ်လန်၊ ဒိန်းမတ်၊ ဆွီဒင်နဲ့
နယူးဇီလန်နိုင်ငံတို့ ဖြစ်ပါတယ်။
EIU အဖွဲ့ရဲ့ ဒီမိုကရေစီတိုင်းတာချက် စံနှုန်းအရဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ဟာ ဒီမိုကရေစီ အဆင့်အတန်းတမျိုးမျိုးမှာ နေထိုင်နေကြရတယ်ဆိုပေမဲ့ ၂၀၀၈
ခုနှစ်ကတည်းကနေဆိုရင် တကမ္ဘာလုံးမှာ ဒီမိုကရေစီအဆင့် ကျဆင်းလာနေတယ်လို့ ၂၀၁၀ ပြည့်နှစ်အတွက် ဒီမိုကရေစီညွှန်းကိန်း အစီရင်ခံစာမှာ
ဖော်ပြထားပါတယ်။
ဟေတီအာဏာရှင် ရက်စက်မှု ၀န်ချတောင်းပန်
စနေ, 22 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ဟေတီနိုင်ငံမှာ ၁၅ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဟောင်း Jean-Claude Duvalier က သူ့ရဲ့ ဖိနှိပ်အုပ်ချုပ်မှုကာလထဲမှာ ပြည်သူတွေဟာ
မီးလောင်နေတဲ့တာရာ လည်ပင်းမှာ အစွပ်ခံရတာနဲ့ အသက်ရှူကျပ်ပြီး သေတဲ့အထိ စစ်ဆေးခံရတာ စတဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်လို့ အသိအမှတ်ပြု
ဝန်ခံလိုက်ပါတယ်။ သူ့ရဲ့ အာဏာရှင်အစိုးရလက်ထက်မှာ တရားခံအဖြစ်နဲ့ ခံစားသွားခဲ့ရတဲ့ပြည်သူတွေ အတွက် သူ့အနေနဲ့ အင်မတန်စိတ်ထိခိုက်
ဝမ်းနည်းရပါတယ်လို့ Duvalier က သောကြာနေ့က ပြောခဲ့ပါတယ်။
မနှစ်က ပြင်းထန်တဲ့ မြေငလျင်ဒဏ်ခံရမှုကနေ သက်သာရာရဖို့ ရုန်းကန်နေရတုန်းဖြစ်တဲ့ ဟေတီနိုင်ငံရဲ့ ခက်ခဲတဲ့အချိန်ကာလာတွေမှာ တိုင်းပြည်အပေါ်ထားတဲ့
သူ့စေတနာကိုပြချင်လို့ နိုင်ငံကို ပြန်ခဲ့တယ်လို့ သူကပြောပါတယ်။
ပြင်သစ်နိုင်ငံမှာ ၂၅ နှစ်ကြာ တိန်းရှောင်နေခဲ့ရာက မမျှော်လင့်ဘဲ တိုင်းပြည်ကိုပြန်လာခဲ့ပြီး ၅ ရက်အကြာ မြို့တော် Port-au-Prince မှာ Duvalier က အခုလို
မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အုပ်ချုပ်မှုကာလထဲမှာ ကျူးလွန်ခဲ့တဲ့ပစ်မှုတွေကို စုံစမ်းစစ်ဆေးမှုတခုကို ဟေတီအာဏာပိုင်တွေက စပြီးဆောင်ရွက်နေပါပြီ။
အဂတိလိုက်စားမှုနဲ့ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုတွေနဲ့ Duvalier ကို အာဏာပိုင်တွေက တရားစွဲထားပြီး ဟေတီပြည်သူ အတော်များများကလည်း
သူ့ရဲ့အုပ်ချုပ်ရေးကာလက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် Duvalier ကို တရားစွဲဆိုမှုတွေ ပြုလုပ်ထားပါတယ်။
ကင်ဂျုံအီးသား အာဏာဆက်ခံရေးအတွက် ဥပဒေပြင်
စနေ, 22 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြောက်ကိုးရီးယားရဲ့ တခုတည်းသော နိုင်ငံရေးပါတီဖြစ်တဲ့ ကိုးရီးယားအလုပ်သမားပါတီ (KWP) က ပါတီစည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ရေးဆွဲခဲ့ပြီး
တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ ကင်ဂျုံအီးကနေ သားဖြစ်သူ ကင်ဂျုံအမ်းဆီကို အာဏာလွဲပြောင်းမှုမှာ ချောမွေ့အောင် လုပ်ဆောင်လိုက်ပုံရတယ်လို့
မြောက်ကိုးရီးယားအရေး လေ့လာသူတွေက ဆိုပါတယ်။
VOA ကနေရရှိထားတဲ့ ပါတီစည်းမျဉ်းစည်းကမ်း အသစ်တစုံမှာတွေ့ရှိရတဲ့ အရေးကြီးဆုံး ဖော်ပြချက်အသစ် ကတော့ ပါတီခေါင်းဆောင်ကို ဗဟိုစစ်ကော်မရှင်ကိုပါ
ခေါင်းဆောင်ဖို့ ခွင့်ပြုခြင်းဖြစ်ပါတယ်။ ဒီအချက်အရ ခေါင်းဆောင်တဦးတည်းက အစိုးရအဖွဲ့အုပ်ချုပ်ရေးနဲ့ စစ်ဘက်ရေးရာတွေကိုပါ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
လောလောဆယ် ကင်ဂျုံအီးရဲ့ သားဖြစ်သူ အသက် (၂၈) နှစ်အရွယ် ကင်ဂျုံအမ်းနဲ့ အသက် (၆၈) နှစ်အရွယ် ဒုတိယဗိုလ်ချုပ်မှူးကြီး ရီယွန်ဟိုး (Ri Yong Ho)
တို့က ဗဟိုစစ်ကော်မရှင် ပူးတွဲဥက္ကဌတွေအဖြစ် တာဝန်ယူထားကြပါတယ်။
ပါတီစည်းမျဉ်းစည်းကမ်းအသစ် ရေးဆွဲထားတဲ့ နေ့စွဲက ၂၀၁၀ စက်တင်ဘာ (၂၆) ရက်ဖြစ်ပြီးတော့ ဒါဟာ ပြုံယမ်းမြို့တော်မှာ ကိုးရီးယားအလုပ်သမားပါတီ
(KWP) ရဲ့ ပါတီညီလာခံ ပြုလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ နောက်တနေ့မှာပဲ ပါတီခေါင်းဆောင်မှုကို အားသစ်လောင်းဖို့နဲ့ မြောက်ကိုးရီးယားတပ်မတော်ရဲ့
အခန်းကဏ္ဍကို မြှင့်တင်ဖို့ ပါတီ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ရေးဆွဲခဲ့တယ်လို့ မြောက်ကိုးရီးယားအစိုးရရဲ့ KCNA သတင်းဌာနက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ဒီ ကိုးရီးယား အလုပ်သမားပါတီရဲ့ ပါတီစည်းမျဉ်းစည်းကမ်း အသေးစိတ်ကို အများပြည်သူကို ထုတ်ပြန်ခြင်းမရှိပါဘူး။
http://www.voanews.com/burmese/news

မဲဆောက် ရောက် မြန်မာ များ ကို ထိုင်းက တင်းကျပ်


January 22, 2011 freedom news group Leave a comment Go to comments

0
3

မဲပေးပါ

မဲဆောက် မြို့ တွင် တွေ့ ရသည့် မြန်မာ သံဃာတော် တစ်ပါး


Updated မြန်မာ နိုင်ငံဘက်ကမ်းမှ နေ ထိုင်း နိုင်ငံ မဲဆောက် မြို့ တွင် လာရောက် အလှု
ခံသည့် သံဃာတော်များ နှင့် သီလရှင် များ ကို ထိုင်း အာဏာပိုင် များ က ဖမ်းဆီးပြီး မြန်မာ
နိုင်ငံသို့ ပြန်လည် ပို့ ဆောင် မှု များ ကို ပြုလုပ် ခဲသည်။ယမန် နေ့ ကလည်း ထိုင်း စစ်တပ် ပါဝင်သည့်
ထိုင်းအာဏာ ပိုင်များ အဖွဲ့ က မဲဆောက် မြို့ ရှိ မြန်မာ အတိုက်အခံ ရုံးခန်း များ ကို ၀င်ရောက်
ရှာဖွေသည် ဟု သတင်းရရှိသည်။
ထိုင်း နိုင်ငံ မဲဆောက် မြို့ တွင် မြန်မာ နိုင်ငံရေး နှင့် လူမှု ရေး အဖွဲ့ အစည်းများ ၏ ရုံးများ
၁၀၀ ကျော်ရှိပြီး ထိုင်း အာဏာပိုင် များ က ထို ရုံးများ ကို စာရင်း ကောက် ယူမှု ပြူမည်
ဟု သိရသည်။
ထိုင်း အာဏာပိုင် အဖွဲ့ ၏ ဖမ်းဆီးမှု ကို ခံရသည့် သံဃာတော် အချို့ မှာ သာသနာ့
ဝန်ထမ်း လက်မှတ် မပြ နိုင်သဖြင့် လူဝတ်လဲ ခံရပြီး မြန်မာ နိုင်ငံ မြ၀တီ ဘက်ခြမ်း
သို့ ပြန်ပို့ ခံရသည်။
အချို့ လူဝတ်လဲခံရသသည့် သံဃာတော်များ မှာ မဲဆောက် မြို့ တွင် ဆွမ်းခံထွက်
သူများ နှင့် မဲဆောက် ဒကာများ ၏ ပင့်ဖိတ်ချက်ကြောင့် လာသူများ ဖြစ်သည် ဟု
သိရသည်။
ထိုင်းအာဏာပိုင် များက မြန်မာ သံဃာတော်များ အား ထိုကဲ့ သို့ အတင်းအကျပ်
ပြူမူခြင်းသည် အမျိုး၊ဘာသာ၊သာသနာ ကို စော်ကားမှု ဖြစ်သည် ဟု သုံးသပ်
မှု များလည်း ပေါ်ထွက် နေသလို ထိုင်း လူမျိုး အချို့ က ပင် သောမော ခေါ် ထိုင်း
လ၀က ၏ ယခု ကဲ့ သို့ လုပ်ဆောင်မှု မျိုး ကို မနှစ် မြို့ ဟု သိရသည်။
ဘီဘီစီ မြန်မာ ပိုင်း အစီအစဉ် ၏ ထုတ်လွှင့် ချက် တွင် ကျောင်သင်္ခမ်း ဖြင့် မနေသည့်
သာသနာ့ ၀န်ထမ်း များ နှင့် နေအိမ် များ တွင် ငှားရမ်း နေထိုင်သူများ ကို အရေးယူ သွား
မည် ဟု ဆိုသည်။
ထိုင်း အစိုးရ က မြန်မာ စစ်အစိုးရ နှင့် ဆက်ဆံရေး အပြင်စေရန် ထိုင်းအာဏာပိုင် များ
မှ တစ်ဆင့် မဲဆောက် ရှိ မြန်မာ အတိုက် အခံ များ ကို ဖိအပ် ပေးရန် အစီအစဉ် ရှိသည်
ဟု သိရသည်။
ရွေးကောက်ပွဲပြီး လျှင် ၀န်ကြီးချုပ် နှုတ်ထွက်မည်
January 22, 2011 freedom news group Leave a comment Go to comments

3
0

မဲပေးပါ

လူငယ်ရေးရာ ၀န်ကြီး အဖြစ် ရွေးချယ် ခံရသည့် နိုင်ငံရေး အကျဉ်းသား ဘလောက်ဂါ


တူနီရှား နိုင်ငံ၏ လက်ရှိ ၀န်ကြီးချုပ်က ရွေးကောက်ပွဲ ကျင်းပပြီးလျှင် ၀န်ကြီးချုပ် အဖြစ်မှ နှုတ်
ထွက်မည် ဟု ယနေ့ တူနီရှား ရုပ်သံမှ ကြေငြာ သွားခဲ့သည်။ အာဏာရှင် သမ္မတဟောင်း ဘင်
အလီ လက်ထက် က ဖမ်းဆီးထားခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ကို ယနေ့ အကျဉ်း
ထောင် အသီးသီးမှ ပြန်လွှတ်ပြီး ချိန် တွင် ယခု ကဲ့ သို့ ကြေငြာ သွားခဲ့ခြင်း ဖြစ်သည်။
အသစ် ဖွဲ့ စည်း သည့် အစိုးရ အဖွဲ့ သစ်တွင် ယခင် အစိုးရ အဖွဲ့ ဟောင်းမှ ဘင်အလီ ၏ လူ
ဟောင်း များ ပါဝင်သော်လည်း ၀န်ကြီးချုပ် မိုဟာမက် ဂူနော့ ချီက ရွေးကောက် ပြီး ကျင်းပပြီး
လျှင် အားလုံးနှုတ်ထွက် မည် ဟု ထပ်လောင်း ကတိပေးခဲ့သည်။
တူနီရှား နိုင်ငံတွင် ဆက်လက် ဆန္ဒပြမှုများ လည်း ရှိနေပြီး ပြည်ထဲရေး အနီး တွင် ယနေ့ 
ပြည်သူများက ဆက်လက် ဆန္ဒပြခဲ့ကြသည်။
တူနီရှား အစိုးရ က ဘင်အလီ ၏ မိသားစု ၀င် များ နှုင့် လာဘ် စားမှု သူတတွင် ပါဝင်သည့်
ဆွေ မျိုး ၃၃ ဦးကို ဖမ်းဆီထားပြီး စစ်ဆေးမေးမြန်းမှု များ ပြုလုပ်နေသည်။
တူနီရှား တော်လှန် ရေး ကို ဖြစ်ပွား စေခဲ့သည့် ဆီဒီ ဘူဇီ မြို့ ရှိ သစ်သီးရောင်းသည့်
တက္ကသိုလ် ကျောင်းသား မိုဟာမက် ဘူဇာဇီ မီးရှို့ ဆန္ဒပြ ခဲ့သည့် နေ ရာ တွင် လည်း
အထိမ်းအမှတ် ကျောက်တိုင် ကို စိုက်ထူရန် ခွင့်ပြု ခဲ့သည်။
ဆန္ဒပြစဉ် က ပြည်သူကို ပစ်မိန့် ပေးခဲ့သူ များ ကို စတင်ဖမ်းဆီး ထားနေပြီ ဟု ပြည်
ထဲရေး ဌာန က ယနေ့ ကြေငြာသည်။
အစိုးရသစ် တွင် ၀န်ကြီးဟောင်းများ ဆက်လက် ပါဝင် နေမှု အတွက် ၀န်ကြီးချုပ် ဂူ
နော့ချီက အသွင်ကူးပြောင်းရေး အစိုးရသစ် အတွက် အတွေ့ အကြုံရှိသည့် နိုင်ငံရေး
သမား များ လို အပ်မည် ဖြစ်သည် ဟု ဆိုသည်။
တူနီးရှား ဆန္ဒပြမှု ကို ဦးဆောင် ခဲ့သည့် General Tunisian Workers’ Union
(UGTT) ကမူ အစိုးရသစ် သည့် သန့် ရှင်းသော လက်များ ဖြင့် ဖွဲ့ စည်းထား သူ
များ ဖြစ်ဖို့ လိုအပ်ပြီး အာဏာရှင် အစိုးရ တွင် ပါဝင်သူများ ကို ဖယ်ရှားရန် တောင်း
ဆိုခဲ့သည်။
http://freedomnewsgroup.com/

အာဏာရှင်တို့ရဲ့ သွေးတိုးစမ်းမှုများထဲက တခု - စစ်မှုထမ်းဥပဒေ


မောင်ရစ်
ဇန်န၀ါရီ ၂၂၊ ၂၀၁၁
စစ်အစိုးရက နိုဝင်ဘာလဆန်း ပထမပတ်မှာကတည်းက မြန်မာတွေ စစ်မှုထမ်း မနေရ ဥပဒေကို သတ်မှတ်ခဲ့တယ်။ ပြီးမှ ရွေးကောက်ပွဲ ကျင်းပတယ်။ ကြံ့ကြံ့ဖန်ဖန်
မိန်းမတွေပါ စစ်တပ်က ဆင့်ခေါ်တယ်။ စစ်သား စစ်သမီးပေါ့။ အမေရိကန်မှာ စစ်သမီးတွေ ရှိပေမယ့် သူတို့သဘောနဲ့ ၀င်ကြတာပါ။ အသက် ၁၈ နှစ်ကနေ ၂၆ နှစ်
အထိ အမျိုးသားတွေပဲ တိုင်းပြည်လိုအပ်ရင် စစ်မှုထမ်းပါ့မယ်လို့ ဆင့်ခေါ်ခွင့် မှတ်ပုံတင်ရတယ်။ Selective Service ဆိုလား ပြောတယ်။ သာမန် စစ်တပ်ထဲ
အမှုထမ်းချင်ရင်တော့ ကိုယ့်သဘောပဲ၊ ကျားမ မရွေးဘူး။ အသက် ၄၀ အောက် ဖြစ်ရင် ပြီးရော ဆိုလား။
မြန်မာစစ်အာဏာရှင်တွေကတော့ ကျားက ၄၅၊ မ ဆို ၃၅ နှစ် အထိ စစ်မှုမထမ်းမနေရ ဆင့်ခေါ်ခွင့် ရှိတယ်။ မှတ်ပုံတင်ရမယ်။ ဘာညာနဲ့
ဥပဒေပြဌာန်းလိုက်တော့ အစကတည်းက လူထုတင်မြှောက်ထားတဲ့ အစိုးရမှ မဟုတ်တာပဲ၊ သူ့ဖာသာသူ လူသတ်ပြီး အာဏာသိမ်းထားတဲ့ စစ်အစိုးရက လူတွေကို
ဆင့်ပြီး ငါတို့ကိုယ်စား မင်းတို့အချင်းချင်း ပြန်သတ်ခိုင်းရင်လည်း သတ်ရမယ်လို့ ခေါ်ပြီး အနိုင်ကျင့်သလိုဖြစ်နေတယ်။
စစ်အစိုးရဟာ မြန်မာပြည်သူလူထုကို ဦးကျိုးသည်ထက် ကျူိးပြီး မော်မကြည့်ရဲအောင်ကို ဖိနှိပ်ပစ်နေတာပဲ။ ငါ့ကို ဆရာခေါ်ဦး၊ ပြီးရင် ငါ့မိန်းမ ထမိန်လည်း
လျှော်သွား၊ ငါ့မြေး ပါထားတဲ့ အီးတွေပါ ကျူံးလို့ ခိုင်းလိုက်တဲ့ သဘော ဖြစ်နေတယ်။ မြန်မာပြည်သူတွေကို ဘယ်လောက် ငါတို့ ဖိထားနိုင်သလဲဆိုတာကို
သွေးတိုးစမ်းကြည့်တာလဲ ဖြစ်နိုင်ပါတယ်။
မြန်မာပြည်က အာဏာရှင်တွေက အားအားရှိ လူတွေကို နှိပ်စက်ဖို့ ဦးချိုးဖို့ သွေးတိုးစမ်းဥပဒေတွေ ပြဋ္ဌာန်းလေ့ရှိတယ်။ သွေးတိုးစမ်းလို့ အောင်မြင်သွားရင်
အတည်ဖြစ်တော့တာပဲ။ လူတွေမှာ အချုပ်အနှောင်တွေ တိုးသည်ထက် တိုးတာပေါ့။
ဥပမာ - မဆလခေတ်မှာ စာပေစိစစ်ရေးကို အကောင်အထည်ဖော်လိုက်တာ အတည်ဖြစ်သွားတော့ ဒါနဲ့ပဲ လူတွေ ဒုက္ခရောက်ရတယ်။ အမှောင် ကျရတယ်။
ပြီးတော့ သန်းကောင်စာရင်းတိုင်တာ၊ သန်းကောင်စာရင်းစစ်တာ လုပ်လိုက်တော့ ဘယ်မြန်မာပြည်သားမှ အိပ်ကောင်းခြင်း မအိပ်ရဘူး။ ညကြီးအချိန်မတော်
ကိုယ့်ခြင်ထောင်ထဲ လူဝင်နှိုက်တာကို ခေါင်းငုံ့ ခံနေရတာ ခုထိပဲ။
ဒါကြောင့် နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးသမားတွေက ကြက်ခေါင်းဆိပ် မခံ ပြန်တိုက်ရတာ။ အာဏာရှင်တွေရဲ့ သွေးတိုးစမ်းတာ၊ စော်ကားတာတွေကို
လက်သင့်ကို မခံတာ။ ကမ္ဘာမှာ တရုတ်တွေ၊ ကုလားတွေ၊ ကပ္ဗလီတွေဆိုတာ အစော်ကားခံရလွန်းလို့ ပြန်ပြီး အလစ်မပေးဘဲ တိုက်နေတာတွေဟာ
ဒဏ္ဍာရီပုံပြင်တွေလိုတောင် ဖြစ်နေပြီ။
အဲသလိုမျိုး အာဏာရှင်တွေက သွေးတိုးစမ်းတာတွေကို လူတွေက လက်မခံလို့ တိုးလို့တန်းလန်း ဥပဒေ အူကြောင်ကြားတွေ အများကြီး ရှိတယ်။ အဲဒါတွေက
တခါတလေ ထ ထပြီး ဒုက္ခပေးတာက လွဲလို့ ခုနင်ကတွေလို လူတွေကို နေ့စဉ် ဦးချိုးနေတာတော့ မရှိတော့ဘူး။
မှတ်မိသလောက ပြောရရင် - ၁၉၈၈ မတိုင်ခင်ကလေးမှာ ဦးနေ၀င်း မဆလအစိုးရက ကျူရှင်ဥပဒေ ပြဋ္ဌာန်းဖူးတယ်။ ကျူရှင်တွေ ခေတ်စားလွန်းပြီး
အစိုးရကျောင်းတွေ လူမလေးစားလို့ ဆိုလား၊ ကျူရှင်ဆရာတွေ အောင်မြင်တာကို မကြည့်စိမ့်လို့လား မသိဘူး။ ကျူရှင်တွေက စာသင်ခန်းတခု လူ ၅၀ ထက်
မပိုရဘူး ဆိုလား၊ တလကို ငွေ ၁၀ ပဲ ယူရမယ် ဆိုလား။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကျူရှင်ဥပဒေပြဌာန်းတယ်။ ထောင်ဒဏ် ၃ နှစ် ဆိုလား ကျနော်က
ဆိုလားတွေချည်း ရေးနေတာက အတိအကျအသေးစိတ်တွေကို ပြောချင်တာထက် အာဏာရှင်တွေ လုပ်တတ်တာတွေ ကို ပြန်ပြောချင်တာ အဓိကမို့လို့ပါ။
ပိုသိသူများ ၀င်ထောက်ပေး၊ ကျေးဇူးတင်ပါသည်၊ ကြိုဆိုပါ၏။
အဲသလို လုပ်လိုက်လို့ ကျူရှင်တွေ ဈေးကွက်ပျက်ကုန်တယ်။ မြေပေါ်ကျူရှင်တွေကနေ မြေအောက်ကျူရှင်တွေ ဖြစ်ကုန်တယ်။ စာသင်ခန်းတွေ ခန်းမကြီးတွေနဲ့
ကျောင်းသားတွေ ရာချီပြီး ဈေးချိုတဲ့ ကျူရှင်တွေ ပျောက်ကုန်ပြီးတော့ နီးစပ်ရာ လက်တို့ပြီး ကျိတ်သင် ကျိတ်တက်ရတဲ့ “၀ိုင်း” ကျူရှင်တွေ ပေါ်လာတယ်။
ကျူရှုင်တွေ ယူဂျီဖြစ်ကုန်တော့ မှောင်ခိုဈေးက ပိုကြီးတာပေါ့။ နောက်ပြီးတော့ ဘော်ဒါဆောင်ဈေးကွက်ကြီးတွေ ဖြစ်ကုန်တော့ အလယ်တန်း၊ အခြေခံ လူတန်းစား
ပညာရေးကနေ အထက်တန်းစားနဲ့ ကြေးရည်တတ် ပညာရေး ဖြစ်သွားတာပဲ အဖတ်တင်တယ်။ မဆလလည်း ဘာမှ ဆက်မလုပ်တော့ပါဘူး။ သည်လိုပဲ
အသာလေး နောက်ဆုတ်သွားတယ်။ အမြင်ကတ်သူတွေ ကျူရှင်ဆရာတွေ ဖမ်းချင်ရင်တော့ အဲသည်ကျူရှင်ဥပဒေ ထုတ် ထုတ်သုံးတယ်လေ။ ဥပမာ
အစိုးရကျောင်းက ဆရာတွေ အပြင်မှာ ကျူရှင်ပြရင် ဖမ်းပြီး ထောင်ချတာမျိုး။
နောက်တခုကတော့ သက္ကရာဇ် ၂၀၀၀ မှာ ပေါ်လာဖူးတဲ့ အလုပ်သမားဥပဒေ (ဆိုလား)။ နိုင်ငံခြားကို မြန်မာတွေ အလွန်ထွက်ပြီး အလုပ်သွားလုပ်၊ ပတ်စ်ပို့တွေ
အလွန်လျှောက်ကုန်ကြတော့၊ အလုပ်ခန့်စာ (အတု)ု မှာက လစာလေးက ရာဂဏန်းလောက် ပြကြတာ မဟုတ်လား။ သူတို့ စစ်အစိုးရက
ရွှေဥာဏ်တော်စူးရောက်ပြီး နိုင်ငံခြားငွေကို လည်ပင်းညှစ်တဲ့ အနေနဲ့ အဲသည်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ အခွန်ငွေကို ၁၀% နိုင်ငံခြားငွေနဲ့ ဆောင်ရမယ်။ ပြီးတော့
တိုင်းပြည်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုကို လုပ်ကျွေးဖို့ ပိုက်ဆံ အနည်းဆုံး ၅၀% နိုင်ငံခြားငွေ ပြန်သွင်းရမယ် တဲ့။ မဆလခေတ်က သဘောင်္သားတွေကို ကုမ္မဏီက
အစိုးရနိုင်ငံခြားဘဏ်မှာ သဘောင်္သားလစာ ငွေသွင်းပေးထားရသလိုမျိုး သူတို့က ဆင်ကြံ ကြံတာပေါ့ဗျာ။
တခါတည်း ပြည်ပရောက် မြန်မာတွေ အာရှနိုင်ငံသွား မြန်မာတွေ အချင်းချင်းကြား ပွက်လောရိုက်လိုက်တာမှ။ ထိုင်း၊ မလေးရှား၊ စင်္ကာပူက တရားဝင် အခွန်ဆောင်
သက်တမ်းတိုးနေသူတွေက အစိုးရရဲ့ လည်ပင်းညှစ်တာကို မခံမရပ်နိုင် အတော် ဖြစ်လိုက်ကြသေးတယ်။ မြန်မာသံရုံးက တောင်းသလောက် တလကို ၅၀၊ ၁၀၀
စသည်ဖြင့် အခွန်ဆောင်ရတယ်။ ပြီးတော့ ၅၀% ကိုလည်း နိုင်ငံခြားငွေ အစိုးရဘဏ်ထဲ ပြန်ထည့်ထားရဦးမယ် ဆိုတော့ ဘာပြောကောင်းမလဲ။ ဘာမှ
ပြောမကောင်းဘူး၊ ပွက်လိုက်ကြတာ။ စစ်အစိုးရရဲ့ အဲသည် အလုပ်သမားဥပဒေက ၂၀၀၀ မတ်လောက်မှာ ပြန် ဖျက်သိမ်းလိုက်တယ် ကြားတာပဲ။
စစ်အစိုးရက သူတို့အာဏာသိမ်းခါစမှာ သပိတ်မှောက်ထားတဲ့ ၀န်ထမ်းတွေကို ရာဇသံပေးပြီး ရုံးပြန်တက်ဖို့ ဆင့်ခေါ်တယ်။ တချို့က အဲသည်ကတည်းက
အလုပ်က ထွက်ကြတာပဲ။ သို့သော် အတော်များများ ရုံးပြန်တက်တော့ စစ်တပ်အာဏာသိမ်းတာက အောင်မြင်သွားတယ် ဆိုကြပါစို့။ သူတို့
သြဇာညောင်းတယ်ပေါ့ဗျာ။ အဲသည်မှာ ခေါင်းငုံပြီး ရုံးပြန်လာတဲ့ ၀န်ထမ်းတွေကို အပေါ်ကနေ ထပ်ချိုးတဲ့အနေနဲ့ မေးခွန်း ၆၀ ဆိုလား၊ ၃၀ ဆိုလား ၀န်ထမ်းတွေကို
ဖြေခိုင်းတယ်လေ။ ဆန္ဒပြတုန်းက ပါသလား၊ ကွန်မြူနစ်တွေ သွေးထိုးတာကို သိသလား။ မင်းမဲ့စရိုက်တွေ ဖြစ်လာတာကို လက်ခံသလား၊ ဘာညာနဲ့ အတော်
တဖက်သတ် ရန်စတဲ့ မေးခွန်းတွေနဲ့ အစိုးရ၀န်ထမ်းတွေကို နှိပ်တာပဲ။ အဲသည်မှာ မခံနိုင်သူ ၀န်ထမ်းတွေက အမှန်အတိုင်း စောဒကတက်ကြတော့ -
အဲသည်လူတွေကို ”ထုတ်” ဆိုပြီး ရှင်းလိုက်သေးတာပဲ။
ပြောချင်တာက အခု စစ်မှုထမ်း ဥပဒေဆိုတာ တကယ်တမ်းက ဘာရယ်လို့ မဟုတ်ပါဘူး၊ သူတို့တတွေက ပြည်သူတွေကို စော်ကားချင်တိုင်း စော်ကားလို့ရတယ်။
ငါတို့က မင်းတို့ကို ဟိုအကောင်က ဟိုဟာကို နိုင်သလိုမျိုး နိုင်တယ်ဆိုတာကို တမင် ပြတဲ့အနေနဲ့ လုပ်ပြတာပါ။ ဘာရယ်လို့ မဟုတ်ပါဘူး။ ဘောလုံးကွင်းထဲ
ဆင့်ခေါ်ပြီး ကြွေးကြော်သံတွေ အော်ခိုင်း၊ နေပူလှမ်းတိုင်း ခံတယ် ဆိုတော့ ပြည်သူတွေ ၀န်ထမ်းတွေ ဆရာတွေ ကျောင်းသားတွေကို ဆင့်ဆိုပြီးတော့
ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲတွေ ခဏ ခဏ လုပ်ဘူးသေးတယ် မဟုတ်လား။ နောက် ၂၀၀၇ သံဃာတွေကို သူတို့ သတ်ပြီးမှ ပြည်သူတွေကို အလကားနေ အလကား
မစုခိုင်းရဲတော့တာလေ။ တော်ကြာ ၀ုန်းဆိုပြီး ပေါက်ကွဲမှာ သူတို့ ကြောက်ပါတယ်။
စစ်မှုထမ်းဥပဒေလို့ ထုတ်ပြန်လိုက်ရင် တကယ်တမ်း အကောင်အထည်မဖော်ခင်မှာတင်ပဲ လူတွေကော နိုင်ငံတကာမှာက အာရုံတွေ နောက်ပြီး ဦးနှောက်တွေ
စားကုန်ကြပြီလေ။ ပြောလိုက် ဆိုလိုက် ဆွေးနွေးလိုက်ဖြစ်ပြီး လူတွေ သွေးတိုး၊ နှလုံး ရောဂါတွေ ဖြစ်အောင် သူတို့ဖက်က ပယောဂ သွင်းလိုက်တာ
ပထမအဆင့်ကတော့ အောင်မြင်ပါပေရဲ့။
လူတွေက သူတို့ဖြစ်စေချင်သလို မဖြစ်ပဲ၊ ဒါကို တခဲနက် ဆန့်ကျင် ကန့်ကွက်တာ၊ ပြန်စိန်ခေါ်တာတွေနဲ့ ပြန်တုန့်ပြန်လာရင် သူတို့တတွေက ပြန်ပြီး ၀ပ်သွားမှာပါ။
အသာလေး ရှောချပြီး မသိဘာသာ နေလိုက်ဦးမှာ။
အာဏာသိမ်းထားတဲ့ အစိုးရက ဘာကိစ္စနဲ့ စစ်မှုထမ်းခိုင်းချင်ရတာလဲ။ သူတို့ပဲ တိုင်းပြည်အတွက် အကုန်လုံး တတ်နိုင် လုပ်နိုင်၊ သတ်နိုင် ဖြတ်နိုင်ပါတယ် ဆိုပြီး
လူသတ်ပြီး တိုင်းရင်းသားတွေ ရွာတွေကို မီးရှို့ပြီး အာဏာသိမ်းထားတာ။ သူတို့ မတတ်နိုင် မလုပ်နိုင်တော့ရင် စစ်မှုထမ်းတွေ ထပ်ရှာနေစရာ မလိုဘူးလေ၊
အရှုံးပေးလိုက်ဖို့သာ ရှိတယ် ထင်တာပဲ။
ကျနော်တို့ သည်တိုင်းပြည်ကြီးကို ငြိမ်းချမ်းအောင် မလုပ်နိုင်ဘူး။ ထပ်ပြီးတော့ စစ်သားတွေလည်း ခေါ်မနေတော့ပါဘူး။ ပြည်သူတွေကို အပ်ပါတယ်။ ပထမဦးဆုံး
စစ်မှန်ပြီး တရားမျှတတဲ့ ၁၉ ၉ ၀ ခုနှစ် ရွေးကောက်ပွဲက အနိုင်ရပါတီတွေ၊ ခေါင်းဆောင်တွေကို လွှဲပါတယ်။ ဆက်လုပ်ကြပါ။ လိုတာရှိ ခိုင်းပါ။ လုပ်ပေးပါမယ် ဆို
ပြီးပြီ။
သို့သော်လည်း စစ်အာဏာရှင်တွေမှာက ဘယ်လိုနည်းနဲ့မှ အဲသည်လို အမြင်ကျယ်တာ၊ စိတ်ကောင်းရှိတာတွေကို မျှော်လင့်လို့မရနိုင်တော့ သူတို့က သူတို့တတွေ
လူထုကို ဆက်ပြီး ဖိနှိပ် ချုပ်ချယ်နိုင်သေးသလားကို သွေးတိုးစမ်းတဲ့ အနေနဲ့ ဒါမျိုးတွေ လုပ်ကြည့်တာပါပဲ။ ငါတို့က လွှတ်တော် အတုကြီးလည်း
ဆောက်ထားပြီးပြီ။ ဒါကို လေးဘက်ထောက်ပြီး တက်မယ့်သူတွေလည်း ရှိနေပြီ။ ရွေးကောက်ပွဲတုန်းက ဟိုလိုလို ဒီလိုလို အသံတွေ ထွက်ခဲ့တဲ့
ပြည်သူလူထုကြီးကလည်း ငြိမ်နေတော့ အင်း … နည်းနည်းတော့ သူတို့ကို ပညာတော့ ပေးလိုက်ဦးမှပဲ။ လာလေရော့ စစ်မှုထမ်း ဥပဒေ … ကဲ ဒီတခါ နင်တို့
ဝပ်နေရင် ငါတို့ ဂုတ်ပေါ် ဆက်ပြီး ခွစီးလိုက်ဦးမယ် ဆိုတဲ့ သဘောပါ။
ကဲ … ရုန်းလိုက်စမ်း ဖေ့သားကြီးရေ ဆိုလို့ကတော့
မောင်ရစ်တို့က တင်ပါ့ဘုရား ဆိုပြီး အနီးဆုံး စစ်သားစုဆောင်းရေးတပ်ကို ပြေးရုံပေါ့။
ဟုတ်လား။
မြန်မာဘုန်းတော်ကြီးများကို ထိုင်းအာဏာပိုင်တို့က ဖိနှိပ်ပုံ
ဥိးသူရိယ
ဇန်န၀ါရီ ၂၂၊ ၂၀၁၁
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာသံဃာတော်အချို့ ဖမ်းဆီးပြန်ပို့ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ကိုယ်တွေ့ကြုံခဲ့ရသည့် သံဃာတော် အရှင် ဦးသူရိယ၏
ပြန်လည်ပြောကြားအကြံပြုချက်
ဇန်န၀ါရီလ ၂၀ ရက်နေ့ အာရုဏ်ဆွမ်း ဆွမ်းခံနေချိန် နံနက် ၆ နာရီလောက်မှာ ဦးဇင်းအပါအင် မြန်မာသံဃာတော် ၁၀ ပါး လောက်ကို
နေထိုင်ခွင့်လက်မှတ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းခံရတယ်။ မြို့လယ်က ၀ပ်ချန်ဖုန်း ဆိုတဲ့ ဘုန်းကြီး ကျောင်းကို ကားနဲ့ တင်ခေါ်သွားတယ်။ ကျန်တဲ့
သံဃာတော်တွေက သူ့တို့ ကျောင်းတွေက လာပြန်ရွေးသွားလို့ ပြန်လွှတ်ပေး လိုက်ပေမယ့် ဦးဇင်းအပါအ၀င် သံဃာ ၅ ပါးကိုတော့ လက်မှတ်မရှိဘူးဆိုတဲ့
အကြောင်းပြချက်တခုတည်းနဲ့ ချက်ခြင်း သိက္ခာချ လူဝတ်လဲဖို့ လုပ်တယ်။

အာဏာပိုင်အဖွဲ့အစည်းလား (လ၀က ထင်တယ်) အဲဒီလူတွေက အတင်း သင်္ကန်း တွေ အတင်းဆွဲ ချွတ်ကြတယ်။


ဦးဇင်းကတော့ သိက္ခာချတာကို ရိပ်မိလို့ လိုက်လည်း မဆိုသလို လူဝတ်လည်း အလဲ မခံတော့ နောက်ဆုံး သင်္ကန်းဝတ်နဲ့ပဲ ကျန်တဲ့ လူဝတ်လဲခံရတဲ့
(၄)ပါးနဲ့အတူ အဲဒီမနက်ပိုင်းမှာပဲ မြန်မာထိုင်း နယ်စပ်တံတားနားက လ၀က ရုံးကို ပို့လိုက်တယ်။
လ၀က ရုံးရောက်တော့ ဦးဇင်းကို သင်္ကန်းအတင်းချွတ်ပြီး ကျန်တဲ့ ကိုယ်တော်တွေနဲ့အတူ အချုပ်ခန်းထဲ ထည့်လိုက်တယ်။ ညနေ ၅ နာရီ အထိ နေခဲ့ရသမျှ ဘာ
အစားအစာ၊ ရေတောင် အကပ်မခံရဘူး။ နားလည်မှုရှိတဲ့ ကိုအောင်ထွန်းမြင့်ဆိုတဲ့ တကာတယောက်က ဆွမ်းလာကပ်လို့သာ ဆွမ်းမငတ်ခဲ့ရတာပေါ့
ညနေ ၅ နာရီလောက်ကျတော့ မြန်မာဖက်ခြမ်းကို အပို့ခံရတယ်။ အားလုံး ယောင်္ကျား၊ မိန်းမ လူစုံ အယောက် ၅၀ လောက် ရှိမယ်။ တဖက်ကမ်းက
နယ်ခြားစောင့်ခေါ်မလား၊ ဒီကေဘီအေလား ဘာလား အဲဒီလက်ထဲအပ်တယ်။ ဗိုလ်ချစ်သူတို့ အဖွဲ့လား ဘာလား သေချာတော့ ဦးဇင်းမသိဘူး
အဲဒီဖက်ရောက်တော့ တာဝန်ယူလက်ခံတဲ့သူက အမျိုးသမီး။ လူကြီးကတော်လားဘာလားတော့ မသိဘူး။ သြဇာ အာဏာတော့ ရှိတယ်။ သူက
လူဝတ်လဲခံထားရတဲ့ သံဃာတော်တွေ ပါလာမှန်းလည်းသိတယ်။ ဒါပေမယ့် ဘာသာရေးအရ အရိုအသေတွေ မရှိသလို ဘာအကူအညီမှ မရတဲ့အပြင်
လူမျိုးအလိုက် ခွဲပြီး ခေါ်ထုတ်တယ်။ ကရင်က သပ်သပ်၊ မွန်ကသပ်သပ်၊ ဗမာက သပ်သပ်ပေါ့။ ဦးဇင်းလည်း ကရင်လူမျိုးပါ။ ဒါပေမယ့် ကရင်စကားမတတ်တော့
ဗမာအုပ်စုတွေနဲ့ အတူ နေရပြီး အများနည်းတူ နေခဲ့ရတယ်။ ဦးဇင်းငယ် ၂ ပါးကတော့ ဘယ်လိုအခြေအနေကြောင့်မသိဘူး။ ခေါ်ထုတ်သွားတယ်။
နောက်တပါးကိုလည်း သူ့ တကာတချို့က လာရွေးသွားလို့ ဦးဇင်းတို့ ၂ ပါးပဲ ည ၉ နာရီအထိ ဒုက္ခခံနေရတယ်
မဲဆောက်ကျောင်းကြီးကျောင်းက ဦးပညာသီဟနဲ့ တကာကိုအောင်ထွန်းမြင့်တို့က ဒီအကြောင်းသိတော့ မဲဆောက်ကနေ မြ၀တီဂိတ်အထိလာပြီး ဦးဇင်းနဲ့ ဦးဇင်း
မိတ်ဆွေ နောက်တပါးကို ည၉ နာရီလောက်မှာ ငွေပေးပြီး လာရွေးတော့မှပဲ ပြန်လွှတ်ပေးလိုက်တယ်။ လာရွေးတဲ့သူက သင်္ကန်း ၂စုံပါ ယူခဲ့ပေးတာကြောင့်
ဦးဇင်းတို့ သင်္ကန်းပြန်ဝတ်ပြီး မြ၀တီက ဘုန်းကြီးကျောင်းမှာ သွားတည်းခဲ့ရတယ်။ အဖြစ်အပျက်က တော့ ဒါပဲ…။
ဒီအဖြစ်အပျက်အပေါ် ဦးဇင်းအဓိက ပြောချင်တဲ့အချက် တချို့ရှိတယ်။ ပထမ တချက်က ထိုင်းဖက်က ကိုင်တွယ်ဖြေရှင်းမှု ပေါ့။ တကယ်ဆိုရင် ဆွမ်းခံထွက်နေတဲ့
အခါမျိုးမှာ ဒါမျိုး ပြုမူဖို့ မသင့်ဘူး။ ဖမ်းဆီးခံရတော့လည်း တကယ်ဆို ဘာသာရေးအရ တာဝန်ရှိတဲ့ သံဃာတော်တွေပဲ သေချာမေးမြန်းစစ်ဆေးပြီးမှ
ဆောင်ရွက်သင့်တယ်။ အခုတော့ ထိုင်းသံဃာတော်ကလည်း ဘာမှ သေချာ စုံစမ်းမေးမြန်းတာမရှိပဲ အတင်းလူဝတ်လဲစေတယ်။ ဒါမျိုးဟာ ဖြစ်သင့်မသင့်ကို
ဆင်ခြင်စေချင်တယ်။ ဒုတိယအချက်ကတော့ မြန်မာဖက်ပိုင်းက တာဝန်ယူ ဆောင်ရွက်သူတွေဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူထားသူတွေ၊ ဗုဒ္ဓဘာသာ
အမည်ခံထားတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် လူဝတ်လဲ ခံထားရတဲ့ ဗုဒ္ဓဘာသာဝင် သံဃာတော်တွေပါလားလို့ တစက်ကလေးမှ ငဲ့ကွက်မှု၊ အလေးဂရုဓမ္ဓ ပြုမှု
မရှတ
ိဲ့အပြင် ဘာသာတရားအရ ရှိသင့်တဲ့ စိတ်ဓါတ်မျိုး လုံးလုံးမတွေ့ရတာ အတော်လေး စိတ်မကောင်းစရာဖြစ်ပါတယ်။
နောက်.. ဦးဇင်းတို့ဟာ တခြား ဘာဥပဒေမှ ချိုးဖေါက်တာမရှိသလို ရာဇ၀တ်မှု ကျူးလွန်တဲ့သူတွေ မဟုတ်ပါဘူး။ သာသနာရေး ကိစ္စ၊ ဘာသာရေးကိစ္စ
ဆောင်ရွက်နေသူတွေဖြစ်ပါတယ်။ ထိုင်းတာဝန်ရှိသူ အာဏာပိုင်တွေအနေနဲ့ အမှန်တကယ် ဘာသာသာသနာအတွက် ဆောင်ရွက်နေသူတွေ၊ ထိုင်းနိုင်ငံမှာ
နေထိုင်ပြီး ၀ါဆို ၀ါကပ်တော်မူကြတဲ့ သံဃာတော်တွေကို စိစစ်ပြီး သင့်တော်တဲ့ နေထိုင်ခွင့်တခုခု ဖန်တီးပေးစေချင်တယ်။ ထိုင်းဘာသာအရေးအပြော သင်တန်း
ပေးပြီး သာသနာပြုခွင့် ရှိစေချင်တယ်။ အခုလို ငွေပေးလိုက် ပြန်လွှတ်လိုက် သံသရာလည်တာမျိုး မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။
မြန်မာ ဒကာ ဒကာမတွေအတွက် ပြောရရင်လည်း သူတို့ဟာ ရာဇ၀တ်မှု ကျူးလွန်ဖို့ လာကြသူတွေမဟုတ်ပဲ ကိုယ့်နိုင်ငံ အခြေအနေအရ ရေကြည်ရာ
မြက်နုရာမှာ လာရောက်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားကြရရှာတာမို့ ထိုင်း လူမျိုးတွေအနေနဲ့ နိုင်ငံကြီးသားပီပီ ကိုယ့်အရိပ်ကို လာခိုသူတွေကို
မေတ္တာရှေ့ထား ဖေမပြီး သင့်တော်တဲ့ အကူအညီတွေ ပေးစေချင်ပါတယ်။
ဦးဇင်းပြောချင်တာက အခုအဖြစ်အပျက်ဟာ ကျောင်းကျိုးတရားတွေပဲလို့ ဦးဇင်းတို့ နှလုံးသွင်းပါတယ်။ ဘယ်သူ့ကိုမှ လည်း အပြစ်တင်လို၊
နစ်နာစေလိုတဲ့သဘော မရှိပါဘူး။ ဒါပေမယ့် နောက်နောင်လည်း ဒီလို ပြဿနာ အဖြစ်အပျက်တွေ ရှိလာနိုင်တာ မို့ ဆင်ခြင်နှလုံးသွင်း
ဖြေရှင်းဆောင်ရွက်နိုင်ကြစေဖို့ပဲ ရည်ရွယ်ပါတယ်။
ဦးသူရိယ

ဆိုမာလီပင်လယ်ဓားပြတို့ကို တောင်ကိုရီးယား ၀င်တိုက်၊


မြန်မာသင်္ဘောသားတွေ လွတ်ပြီ
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၂၊ ၂၀၁၁

တောင်ကိုရီးယားရေတပ် အထူးတပ်ဖွဲ့ဝင်တို့က အာရေဗျပင်လယ်ရှိ Samho Jewelry သင်္ဘောပေါ်မှ ဆိုမာလီ ပင်လယ်ဓားပြတို့ကို သောကြာနေ့က


ထိန်းသိမ်းလိုက်ပြီး သင်္ဘောသား အားလုံးကို ကယ်တင်လိုက်သည်ဟု တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ပြောသည်။

(Reuters သတင်းဌာနက ဖြန့် ချိသည့် ဓာတ်ပုံများကို အောက်တွင် ကြည့်ပါ)


ဓားပြ ၅ ဦး ဖမ်းမိပြီး ၈ ဦး သေဆုံးသည်။
ဓာတုပစ္စည်းများ တင်ဆောင်ထားသည့် သင်္ဘောသည် ပြီးခဲ့သည့် တပတ်က ပြန်ပေးဆွဲခံရသည်။ ကိုရီးယား ၈ ဦး၊ မြန်မာ ၁၁ ဦး၊ အင်ဒိုနီးရှား ၂ ဦး
အလုပ်လုပ်ကိုင်နေသည့် သင်္ဘော ဖြစ်သည်။
ဓားပြတို့  အသုံးပြုသည့် လက်နက်များ၊ သင်္ဘော အပိုင်စီးရာတွင် အသုံးပြုခဲ့သည့် လှေကားများ
စင်္ကာပူရောက် မြန်မာနိုင်ငံသားများကို ဗိုလ်သန်းရွှေက စစ်မှုထမ်းရန် ဆင့်ခေါ်မယ် ဆိုပဲ
မိုးမခစာဖတ်သူတဦး စင်္ကာပူ
ဇန်န၀ါရီ ၂၂၊ ၂၀၁၁
မိုးမခ၀ိုင်းတော်သားများ ခင်ဗျား
စင်္ကာပူက မြန်မာတွေဆိုတာ မြန်မာသံရုံးနဲ့ မကင်းပါ။ သက်တမ်းတိုး၊ အခွန်ဆောင်၊ ထောက်ခံစာတောင်း စသည်ဖြင့်ပေါ့။ အခုတော့
ပတ်စ်ပို့သက်တမ်းတိုးသူများကို မြန်မာပြည်မှာ စစ်မှုထမ်းရန် အဆင်သင့်ရှိကြောင်း ခံဝန်ချက် လက်မှတ်ထိုးရမယ်လို့ ကောလဟလ ထွက်နေပါတယ် ခင်ဗျား။
သက်တမ်းတိုးချင် စစ်မှုထမ်းမယ်ဆိုပြီး စာထွက်နေတယ်လို့ ပြောနေတော့ သေချာအောင် စုံစမ်းလိုက်ပါဦးမယ်။ လောလောဆယ်တော့ ပွဲဆူအောင်
စာအရင်ရေးပို့လိုက်တယ်။
ဒါပဲနော်။
http://www.moemaka.com/

လွှတ်တော်အသစ်အတွင်းပြန်လည်တွေ့ဆုံဖို့ ညှိနှိုင်းပြီးကျေကျေနပ်နပ်နှင့်စခန်းသွားရန် မွန်ပါတီဥက္ကဌမှပြော


ဆူးပန်း၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆုတ် ၃ရက်။ဇန်နဝါရီ ၂၂၊၂၀၁၁။
ဆူးပန်း(ဇန်နဝါရီ-၂၂)။ ။ လာမည့်ဇန္နာဝါရီလကုန်လောက်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအနေနှင့် လွှတ်တော်သစ် အစည်း
အဝေးကိုတက်ရောက်မည်ဖြစ်ပြီး လတ်တလောအနေအထားအရ အချင်းချင်းညှိနှိုင်းပြီးကျော်ဖြတ် သွားရန်လိုသည် ဟု ပါတီဥက္ကဌနိုင်ငွေသိန်းမှပြောပါသည်။
လွှတ်တော်(၃)ရပ်ထဲတွင် စစ်တပ်မှကြောထောက်နောက်ခံပြုထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး
ရေးပါတီ၊ စစ်တပ်မှလွှတ်တော်ကိုယ်စားလှယ်(၂၅)ရာခိုင်နှုန်း နေရာရယူထားသည့်အတွက်
လွှတ်တော်ထဲတွင် အင်အားအများဆုံးဖြစ်နေသောကြောင့်
အပြောင်းအလဲလုပ်ရန်ခက်ခဲမည်ဟုပြောဆိုမှုများရှိနေပါသည်။ သို့သော် လည်း တိုင်းရင်းသားများအနေနှင့်
လက်ရှိနိုင်ငံရေးတစ်ကွေ့ကို မဖြစ်မနေကျော်ဖြတ်ရန်လိုသေးသည်ဟု မွန်ဒေသ
လုံးဆိုင်ရာဒီမိုကရေစီပါတီရဲ့ဥက္ကဌ နိုင်ငွေသိန်းက ယခုလိုပြောပါသည်။

“ကျွန်တော်နို့တိုင်းရင်းသားအနေနဲ့ကတော့ ပြည်ထောင်စုပေါ့ဗျာ။ အခုစစ်အစိုးရစစ်အုပ်ချုပ်ရေး ကနေပြီး


တော့ ဒီမိုကရေစီကိုပြောင်းလဲတဲ့နေရာမှာ ဒါကကျွန်တော်တို့ခံယူတာက
တော်တော်လေးအရေးကြီးတယ်လို့ထင်ပါ တယ်။ မဟုတ်ဘူးဆိုလို့ရှိရင်တော့ ဒီတိုင်းရင်းသားတွေနဲ့
အထူးသဖြင့်စစ်တပ်နဲ့ပေါ့ဗျာ။ ဆက်စပ်မှုက တော်တော် လေး လေးတယ်ဆိုတဲ့အနေအထားမျိုးရှိတယ်။
အမြဲတမ်းတိုင်းရင်းသားတိုးလို့မပေါက်တဲ့အနေအထားရှိတယ်။ ပြဌါန်းတဲ့
(၂၀၀၈)ဥပဒေနဲ့ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ တိုင်းရင်းသားအတွက်ကတော့ ဒါတွေက
တွေးမယ်ဆိုလို့ရှိရင်တော့ ပြန်လည်တွေ့ဆုံဖို့ညှိနှိုင်းဖို့ ကျေကျေနပ်နပ်နဲ့စခန်းသွားဖို့။
မဟုတ်ဘူးဆိုလို့ရှိရင် တိုင်းရင်းသား ဟိုးချောင်မှာပိတ်ပြီးတော့ ဒီလိုဘဲနေနေမယ်ဆိုလို့ရှိရင်တော့
နှစ်ပေါင်းများစွာ ဖြစ်နေတဲ့သံသယတွေ ကတော့ ပြေပျောက်သွားမှာမဟုတ်ဘူး။”

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် မွန်ဒေသအတွင်းမှာရှိသည့် လိုအပ်ချက်များနှင့် မွန်ပြည်သူများ


တင်ပြသည့် အချက်အလက်များအပေါ်မှာအခြေခံပြီး လွှတ်တော်သစ်တွင် တင်ပြသွားမည်ဟု
ပါတီခေါင်းဆောင် တစ်ဦးမှပြောပါသည်။ လာမည်(့ ၂ရ)နေ့တွင် ပျဉ်းမနားနေပြည်တော်တွင်
ကျင်းပမည့်လွှတ်တော်သစ်တွင် မွန်ဒေသ လုံးဆိုင်ရာဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်(၇)ယောက်
AMDP - ပြည်နယ်လွှတ်တော်တွင(် ၇)ယောက် ကရင်ပြည်နယ် လွှတ်တော်မ(ှ ၂)ယောက်
အပေါင်း(၁၆)ယောက်တက်ရောက်မည်ဟုဆိုသည်။ လက်ရှိပြည်နယ်အတွင်း လိုအပ်ချက် များဖြစ်သော
ပညာရေးကျန်းမာရေး စာပေယဉ်ကျေးမှုဆိုင်ရာကိစ္စများကို တင်ပြသွားမည်ဟု နိုင်ငွေသိန်းမှ ပြောပါသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် မွန်ဒေသတစ်ခုလုံးကိုကိုယ်စားပြုသည့် တစ်ခုတည်း သောပါတီဖြစ်သည့်အတွက် လွှတ်တော်အတွင်းမှာ


စာပေယဉ်ကျေးမှုအတွက် အခြေခံဥပဒေထဲတွင် ထဲ့သွင်း ပေးနိုင်ရန်လိုလားသည်ဟု သံဖြူဇရပ်မြို့နေ မွန်စာပေနဲ့ယဉ်ကျေးမှုခေါင်းဆောင်တစ်ဦးမှ ယခုလိုပြောပါ
သည်။

“လာမဲ့လွှတ်တော်အစည်းအဝေးမှာလေ မွန်ဒေသလုံးဆိုင်ရာ မွန်ပါတီအနေနဲ့ ဒီမွန်ပြည်နယ်အတွင်း မှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေမှာပေါ့လေ။ မွန်စာပေကို


ဘာသာရပ်တွေမှာ ကျောင်းရဲ့သင်္ခန်းစာထဲမှာ မရှိမဖြစ် ဘာသာရပ်အနေအထားမျိုးနဲ့ အစိုးရကဥပဒေပြဌာန်းပြီးတော့ ညွှန်ကြားစေလိုပါတယ်။ နောက်တစ်ခု
ကတော့ မွန်ဒေသမှာရှိနေတဲ့ တိုင်းရင်းသားတွေအတွက်ပါ မွန်တိုင်းရင်းသားတွေအတွက်ပါ စာပေနဲ့ ယဉ်ကျေးမှုကို တိုးတက်မြင့်တင်ရအောင်
အားပေးယုံနဲ့မကဘဲနဲ့ကို အခြေခံဥပဒေထဲမှာလဲ ဥပဒေတစ်ခု အနေအထားမျိုးနဲ့ အဲတာ လဲ ထည့်သွားစေချင်ပါတယ်။ မွန်ဒေသလုံးဆိုင်ရာပါတီကို ပေးပြီးတော့
ဆွေးနွေးစေ ချင်ပါတယ်။”

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအပါအ၀င် တိုင်းရင်းသားပါတီခြောက်ဖွဲ့သည် ဇန္ဖာဝါရီလလယ် လောက်တွင် ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးခဲ့ပြီး


တောင်းဆိုချက်(၅)ချက်ကိုတင်ပြခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌနိုင်ငွေသိန်းမှပြောပါသည်။ အဆိုပါတာင်းဆိုချက်များမှာ
မြန်မာနိုင်ငံမှာစီးပွါးရေးပိတ်ဆို့မှု တွေရုပ်သိမ်းစေရန်။ ဒုတိယသမ္မတတစ်နေရာကိုတိုင်းရင်းသားတွေထဲမှ ခန့်အပ်ရန်။ လွှတ်တော်အသီးသီးတွင် ဥက္ကဌ
သို့မဟုတ် ဒုဥက္ကဌနေရာကို တိုင်းရင်းသားများကိုခန့်အပ်ရန်။ ထောင်ထဲတွင်ရှိသည့်နိုင်ငံရေးအကျဉ်းသား များကိုလွှတ်ပေးရန်။
ထောင်အတွင်းထိန်းသိမ်းထားရသည့် နိုင်ငံရေးအကျဉ်းသားများကို အခွင့်အရေး အပြည့်အ၀ ပေးရန် တောင်းဆိုထားသည်ဟု နိုင်ငွေသိန်းကပြောပါသည်။

အဆိုပါတင်ပြထားသည့် အချက်(၅)ချက်ထဲတွင် ဒုတိယသမ္မတတစ်နေရာကို တိုင်းရင်းသားတွေထဲမှ ခန့်ထားရန်


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှထောက်ခံခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ မူအရထောက်ခံထားပါသည်။
http://www.kaowao.org/b/index.php

အမျိုးသမီးငယ်နှစ်ဦးကို စနောက်ရာမှ ကျောက်ဖြူတွင် ဓါးထိုးမူဖြစ်ပွား

1/21/2011
Adjust font size:

-----------
စောစော
-----------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အမျိုးသမီးငယ် နှစ်ဦးကို စနောက်ရာမှ ဇန္န၀ါရီလ ၁၉ ရက်နေ့က ဓါးထိုးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဓါးထိုးမှာ ကျောက်ဖြုမြို့ ငလပွီ့ တွင် ကပြနေသော စိန်ရတနာ ဇာတ်ပွဲတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးက “ လွတ်လပ်မောင်ဆိုတဲ့ လူငယ်နဲ့ အတူ အမျိုးသမီးငယ် နှစ်ဦးတို့ ဇာတ်ပွဲ ကြည့်ပြီး အပြန်မှာ လူငယ်
တစ်စုက အမျိုးသမီးငယ်နှစ်ဦးကို စနောက်ရာကနေ တဖက်နဲ့ တဖက် စကားများ ရန်ဖြစ်ပြီး လွတ်လပ်မောင်ကို တခြား လူငယ်တွေက ဓါးနဲ့ ထိုးသွားတာ
ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ လွတ်လပ်မောင်ကို ကျောက်ဖြူဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ထားရပြီး ခွဲစိတ်ကုသမူ ခံယူနေရကြောင်း သိသည်။

လွတ်လပ်မောင်မှာ အသက် ( ၂၁ ) ဖြစ်ပြီး အဘ ဦးသန်း၏ သား ဖြစ်ကြောင်း သိရှိရသည်။

တခြား ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “ ဓါးထိုးတဲ့ တရားခံ တွေက ၁၃ယောက် ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခုချိန်ထိ အဲဒီ တရားခံ လူငယ်တွေကို
ရဲတွေက ဖမ်းဆီးတာ မတွေ့ရသေးပါဘူး၊ တချို့သူတွေ ပြောနေကြတာ ကတော့ အဲဒီလူငယ်တွေက ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းက ဖြစ်ကြတဲ့ အတွက် ငွေနဲ့
လျော်လိုက်တယ်လို့လည်း ပြောသံကြားပါတယ်” ဟု ပြောသည်။
http://www.narinjara.com/burmese.asp

ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ


2011-01-22
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာဆစ် ဖီရွမ် (Kasit Piromya) တို့ ရန်ကုန်မြို့က Micasa
ဟိုတယ်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
ဒီ တွေ့ဆုံမှုဟာ ရင်းနှီးချစ်ကြည်မှု ရှိတဲ့ တွေ့ဆုံပွဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ် ပြောဆိုတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦအုံးကြိုင်က RFA
ကို ပြောပါတယ်။

“အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်၊ ခင်မင်စရာကောင်းတဲ့ ဆွေးနွေးပွဲတခုပဲလို့ သုံးသပ်ပါတယ်။ တွေ့တဲ့နေရာက Micasa


ဟိုတယ်မှာ၊ ကမ္ဘာအေးဘုရားလမ်း အင်းလျားလေး ဟိုတယ်နား မရောက်ခင်မှာ”

ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အသေးစိတ်ကို ထုတ်ပြန်ကြေညာမှာ မဟုတ်ဘူးလို့ NLD က ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟာ
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဘင်းစတက် (BIMSTEC) ခေါ် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ ထိုင်း ငါးနိုင်ငံ ပူးပေါင်းထားတဲ့ ဘင်္ဂလားပင်လယ်အော်
နိုင်ငံများဆိုင်ရာ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်ဖို့ ရောက်ရှိနေတာပါ။ အဲဒီ အစည်းအဝေးကို နေပြည်တော်မှာ ဇန်နဝါရီလ ၂၂
ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အလုပ်ပင်ပမ်းပြီး အနည်းငယ် မကျန်းမမာ ဖြစ်နေပေမယ့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးကို သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ကြောင်းလည်း
ဦးအုံးကြိုင်က ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျန်းမာရေးအတွက် အနားယူဖို့ ဆရာဝန်က အကြံပေးထားတယ်လို့လည်း သိရပါတယ်။


NLD စာသင်ကျောင်း ဆက်လက် ဖွင့်ခွင့်ရ
2011-01-22
ကျောင်းဖွင့်ခွင့် တားဆီးခံထားရတဲ့ လှိုင်သာယာက ‘အမေ့အိမ်’ အခမဲ့ ကလေးစာသင်ကျောင်းကို ဆက်လက် ဖွင့်လှစ်ခွင့် ရရှိတဲ့အတွက် ကျေးဇူးတင်ကြောင်း
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က လှိုင်သာယာမြို့နယ် (၁၄) ရပ်ကွက် မေခ လမ်း ဦးမင်းလွင်ရဲ့ ခြံဝင်းအတွင်းမှာ ‘အမေ့အိမ်’ လို့ အမည်ပေးထားတဲ့ အခမဲ့ စာသင်ကျောင်းကို
NLD က ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် ပညာရေး ဝန်ကြီးဌာနက တားမြစ်တဲ့အတွက် နောက်တနေ့မှာ ပိတ်ထားခဲ့ရပါတယ်။

ဒီလို တားမြစ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လှိုင်သာယာ NLD အတွင်းရေးမှူး ဦးအေးဗိုနဲ့ ပညာရေးဌာန တာဝန်ရှိသူတွေ မနေ့က ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက်
ဖွင့်လှစ်ခွင့် ရရှိခဲ့တာပါ။

ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းကြတဲ့အတွက် နှစ်ဘက်စလုံးကို အထူး ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချ ပြောဆိုကြောင်း NLD
ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။

ကျောင်းဖွင့်ခွင့် စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဖွင့်ခွင့်မရှိဘူးလို့ ပညာရေးဌာနက တားမြစ်ခဲ့တာ ဖြစ်ပေမယ့် ဒီကျောင်းဟာ အခကြေးငွေယူပြီး ဖွင့်တာ
မဟုတ်တဲ့အတွက် တခြား ပုဂ္ဂလိက စာသင်ကျောင်းတွေနဲ့ မတူကြောင်း NLD ဘက်က ပြန်လည် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ
2011-01-22
ဇန်နဝါရီလ ၂၁ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်မှာ စစ်အစိုးရရဲ့ စစ်မှု မထမ်းမနေရ ဥပဒေနဲ့ ပတ်သက်တဲ့အမေးကို ‘ဒီဥပဒေ ထုတ်သင့်
မထုတ်သင့် သေသေချာချာ စဉ်းစားရုံတင်မက အများပြည်သူ နားလည်အောင် ရှင်းပြပြီး ပြည်သူတွေရဲ့ တုန့်ပြန်မှုကိုလည်း အလေးအနက်ထားဖို့ လိုအပ်ကြောင်း’
ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

Photo: RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီ ဌာနချုပ်ရုံးတွင် ၂၀၁၀ ဒီဇင်ဘာ ၂၈ ရက်က လူငယ်များအား
မိန့်ခွန်းစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒါ့အပြင် Ms. Elke Kuijper (နယ်သာလန်)၊ ဦးစိန် (ဂျပန်) နဲ့ အမေရိကန် ပြည်ထောင်စုက ကိုအောင်ဇော်ရှား၊ ကိုနေလင်း၊ ကိုစောဘလက်ဇင် နဲ့ ဦးကျော်သိန်းစိုး
တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား ထားပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်
းစုကြည်
(ဇန်နဝါရီ ၂၁)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၁၄ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်
းစုကြည်
(ဇန်နဝါရီ ၁၄)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၇ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်
ဆန်းစုကြ
ည်
(ဇန်နဝါရီ
၇)
အသံဖိုင်ယူ
ရန်

ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်
းစုကြည်
(ဒီဇင်ဘာ ၂၄)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်
းစုကြည်
(ဒီဇင်ဘာ ၁၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်
းစုကြည်
(ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်
ဆန်းစုကြ
ည်
(ဒီဇင်ဘာ
၃)
အသံဖိုင်ယူ
ရန်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ်


နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။
လူထုနဲ့
ဒေါ်အောင်ဆန်
းစုကြည်
(နိုဝင်ဘာ ၂၆)
အသံဖိုင်ယူရန်

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။
ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ
ပေးပို့နိုင်ပါတယ်။
အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org"
ဖြစ်ပါတယ်။
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့
ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ
ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ် အမေးအဖြေ အစီအစဉ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့
ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ
ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ
ပေးပို့နိုင်ပါတယ်။ အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့
ဖော်ပြပေးပါ။ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့
DASSK@rfa.org ဖြစ်ပါတယ်။ မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA
ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့
မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
http://www.rfa.org/burmese

ရဲဘော်ဖိုးသံချောင်းမှ နေ့သစ်ရဲဘော်များရဲ့ မေးခွန်းများကိုဖြေကြားချက်


Posted by admin on January 22, 2011 0 Comment
(မေး) လူထုနဲ့ ပရဟိတလုပ်ငန်းများ၊ NLD ပါတီ စည်းရုံးရေးလှုပ်ရှားမှု၊ တိုင်းရင်းသားကိစ္စနဲ့ နယ်စပ်လက်နက်ကိုင်တိုက် ပွဲအခြေအနေများမှာ စစ်အုပ်စုအနေနဲ့
ဘယ်အရာကို ဇောင်းပေး တုံ့ပြန်ဖြေရှင်မယ် ထင်ပါသလဲ။ ဒါမှမဟုတ် ဘယ်လို ဗျူဟာမျိုးကို ခုချိန်မှာ ရွေးချယ်မယ် ထင်ပါသလဲ။
(ဖြေ) နအဖစစ်အုပ်စုဟာ ရွေးကောက်ပွဲအပြီးမှာ ဘယ်ကိစ္စကိုဇောင်းပေးလုပ်မလဲ ဆိုတဲ့မေးခွန်းမျိုးဟာ ကိုယ့်ပါတီက ဘာလုပ်မလဲဆိုတဲ့ မေးခွန်းမျိုးမဟုတ်တော့
ပြောရတာခက်ပါတယ်။ အထင်ပဲဖြစ်မှာပါ။ သေချာတာကတော့ နအဖစစ် အုပ်စုအနေနဲ့ သူတို့ရဲ့ရွေးကောက်ပွဲလွန်အစိုးရ တရားဝင်ဖော်ထုတ်ရေး၊ အဲဒါကို
ခိုင်မြဲအောင်လုပ်ရေးတို့ကို ဦးဆုံးလုပ် ရမယ် ထင်ပါတယ်။ တကယ်တော့ သူတို့အတွက် ဒီအစိုးရမှာ ဘယ်သူတွေပါမယ်၊ ဘယ်သူဘာရာထူးယူမယ်ဆိုတာတွေ ကို
အစောကြီးကတည်းက စီစဉ်ဆုံးဖြတ်ပြီးသားလို့ ယူဆရပါတယ်။ အခုဟာက သူတို့ရဲ့လွှတ်တော်ဆိုတာမှာ အိနြေ္ဒမ ပျက် တံဆိပ်တုံးနှိပ်ဖို့ပြင်ဆင်နေတာ
ဖြစ်ပါတယ်။ သူတို့ရဲ့ ရွေးကောက်ပွဲလွန်နိုင်ငံရေးအစီအမံကို အဲဒီနောက်မှာမှ စအ ကောင် အထည်ဖော်မယ် ထင်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲပြီးသွားတဲ့အတွက် ဗမာပြည်နိုင်ငံရေးရဲ့ အသွင်အပြင်ဟာ အခြေခံအားဖြင့် ဘာမှပြောင်းလဲ မသွား ပါဘူး။ အထူးသဖြင့်
ဗမာပြည်နိုင်ငံရေးရဲ့အဓိကပဋိပက္ခဟာ နအဖစစ်အုပ်စုကတဘက်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတိုက်အခံအင်အားစုတွေကတဘက် ဖြစ်မြဲဖြစ်နေပါတယ်။
ဒါကိုနအဖအသိဆုံးပါ။ ဒါကြောင့်သူတို့အတွက် အဓိက ဦး စားပေးလုပ်ငန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချိုးနှိမ်ရေး၊ ဖြိုခွဲရေး၊ ဖြစ်နိုင်ရင်
ပျောက်သွားအောင်လုပ်ရေး ဆို တာပဲ ဖြစ်နေဦးမှာပါ။ အဲဒါပြီးရင် ဒုတိယဦးစားပေးဟာ “အပစ်ရပ်အဖွဲ့အစည်းတွေ” ကိစ္စဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ဖွဲ့စည်း
ပုံအခြေခံဥပဒေအသစ်၊ အလံသစ်၊ လွှတ်တော်သစ်တွေနဲ့ ၀င့်ဝါနေချိန်မှာ ဒီအဖွဲ့အစည်းတွေတည်ရှိ နေတာဟာ သူတို့ အဖို့ အသဲထဲမှာစိုက်ဝင်နေတဲ့
စူးတချောင်းလိုဖြစ်နေမှာ အမှန်ပါပဲ။
ဒီလိုဆိုတဲ့အတွက် ဒီနှစ်ခုကိုသာဖိနေမယ်၊ ကျန်တာတွေကိုလျှော့ပေးထားမယ်လို့ မစဉ်းစားသင့်ပါဘူး။ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” နဲ့ အညီ နှိပ်ကွပ်တာ၊
သူတို့အာဏာတည်မြဲဖို့လုပ်တာတွေကို ဖိဖိစီးစီးပဲလုပ်သွားမှာ သေချာပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ချိုးနှိမ်ရေးနဲ့ “အပစ်ရပ်အဖွဲ့အစည်းတွေ”
ဖြေရှင်းပစ်ရေးဆိုတာ နအဖအဖို့လွယ်ကူတဲ့ ကိစ္စတွေမ ဟုတ်ပါဘူး။ ဒါကြောင့်မို့ သူတို့ဟာ ဒါကိုအချိန်ယူလုပ်နေရင်း တခြားအကိုင်းအဖျားတွေ၊
သူတို့အတွက်ခလုတ်ကန်သင်း တွေကိုလည်း ကြုံရင်ကြုံသလိုခုတ်ဖြတ်၊ ဖြေရှင်းပါလိမ့်မယ်။ ဆိုလိုတာ အားလုံးသတိမပေါ့ကြဖို့ပါ။
နောက်လုပ်မှာ တခုက ဒီလိုသဏ္ဍာန်အရ အာဏာအလွှဲအပြောင်းမှာ သူတို့ရဲ့ဥစ္စာဓနတွေပိုမိုခိုင်မြဲစေရေးနဲ့ ထပ်တိုးလာ ရေးပဲဖြစ်ပါတယ်။ အခုကိုပဲ
နိုင်ငံတော်ပိုင်လုပ်ငန်းတွေရဲ့ ၉၀% ကို တဦးချင်းပိုင်အဖြစ်လွှဲပေးဖို့ ဆုံးဖြတ်အကောင် အ ထည်ဖော်နေပါပြီ။ အဲဒါဟာ သူတို့အိတ်ထဲကိုထည့်တာပဲဆိုတာ
လူတိုင်းသိပါတယ်။
(မေး) ဗမာပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်၊ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ နိုင်ငံတကာရဲ့ ရပ်တည်မှုဟာ မျှတဆီ လျှော်မှုရှိ တယ်လို့ ထင်ပါသလား။ အထူးသဖြင့်
အိမ်နီးချင်း နိုင်ငံတွေကို ဘာပြောချင်ပါသလဲ
(ဖြေ) ကမ္ဘာပေါ်ရှိတိုင်းပြည်တိုင်းအတွက် ဘယ်နိုင်ငံရေးစနစ်နဲ့အုပ်ချုပ်သင့်တယ်ဆိုပြီး တခြားနိုင်ငံတွေက သူတို့ တာ ၀န်လို သဘောထားပြီးလုပ်နေကြရင်
နိုင်ငံတကာဆက်ဆံရေးတွေရော ပြည်တွင်းရေးတွေရော အကုန်ရှုပ်ကုန်မှာပါ။ ဗမာ ပြည် လွတ်လပ်ရေးရအောင်လုပ်ခဲ့ရာမှာ ကမ္ဘာစစ်ဆိုတသမိုင်းမှာ
သိပ်ထူးခြားတဲ့ အနေအထားကိုအသုံးပြုပြီး တခြားနိုင် ငံတွေနဲ့ ဆက်သွယ်ခဲ့၊ အကူအညီယူခဲ့ပါတယ်။ ဒါပေမဲ့ ကိုလိုနီဘ၀ကလွတ်မြောက်ဖို့အတွက်
စတင်လှုပ်ရှားကြရာမှာ ရော၊ အဆုံးသတ်တိုက်ပွဲဝင်ကြရာမှာပါ ဗမာပြည်ပြည်သူတွေချည်း ကိုယ့်ဖာသာ လုံးပမ်းခဲ့ကြရတာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာ
စစ်နောက်ပိုင်း ဗမာပြည်ရဲ့နိုင်ငံရေးကို ပြန်ကြည့်ရင်သိပ်ရှင်းပါတယ်။ ဒီတော့ နအဖကိုပလ္လင်ပေါ်ကနေဆွဲချဖို့၊ ဒါမှ မဟုတ် လိမ္မာအောင်နားချဖို့အတွက်
တခြားနိုင်ငံတွေမှာ ဘာတာဝန်မှမရှိပါဘူး။
ဒီနေရာမှာ ထပ်ပြောသင့်တာက ဒီနေ့ နအဖတည်ရှိနေ၊ ရပ်တည်နေနိုင်တာဟာ ပြည်ပအထောက်အကူကြောင့် မဟုတ်ပါ ဘူး။ သူ့ကိုယ်ပိုင် ဖိနှိပ်နိုင်စွမ်းနဲ့
သူတည်ရှိ ရပ်တည်နေတာဖြစ်ပြီး၊ ဒါဟာ ကျနော်တို့ပြည်သူတွေက မတွန်းလှန်နိုင်သေး လို့ဖြစ်တယ်လို့ ပြောရင်လည်း ရပါတယ်။ ကျနော်တို့အနေနဲ့
ကိုယ့်အားနည်းချက်၊ ကိုယ့်ချွတ်ယွင်းချက်ကို သေသေချာ ချာရှာဖွေပြုပြင် ရပါလိမ့်မယ်။ အခုဟာက ကျနော်တို့အတိုက်အခံတွေထဲက တချို့ဟာ
အနှစ်နှစ်ဆယ်လုပ်ခဲ့လို့ မအောင် မြင်မှန်းသိပေမဲ့ အဲဒီလုပ်နည်းတွေကို မစွန့်လွှတ်ဘဲ ပတ်ဝန်းကျင်ကိုလှည့်အပြစ်ရှာနေတာ တွေ့ရပါတယ်။ ဒီနေ့လို ကမ္ဘာ
စစ်ကာလလည်းမဟုတ်၊ စစ်အေးခေတ်ကာလလည်း မဟုတ်တဲ့ အခြေအနေမှာ တခြားနိုင်ငံတွေက ကိုယ့်နိုင်ငံရေးကို ဝင်ပါတာမျိုး မမျှော်မှန်းသင့်ပါဘူး။
အန္တရာယ်ကိုဖိတ်ခေါ်လာတာတောင် ဖြစ်သွားတတ်ပါတယ်။ နေတိုးဝင် “ကယ်တင်” ခဲ့တဲ့ ယခင် ယူဂိုစလာ့ဗ်နိုင်ငံကနေ လွင့်ကွဲပေါ်ထွက်ခဲ့တဲ့ နိုင်ငံတွေမှာ
ဒီနေ့အထိ မတည်မငြိမ်ဖြစ်နေတာတွေကို သတိ ထား သင့်တယ်ထင်ပါတယ်။ အာဖဂန်နဲ့ အီရတ်ကိစ္စကတော့ ပြောဖို့တောင်မလိုပါဘူး။ ကျနော့်အနေနဲ့ကတော့
ကျနော် တို့ နိုင်ငံကိစ္စမှာ ပြည်ပနိုင်ငံတွေက ပြည်သူတွေအကျိုးရှိအောင် လုပ်ပေးတယ်ဆိုရင် ကျေးဇူးတင်ပါမယ်။ လုပ်မပေးလို့ အပြစ်မတင်ပါဘူး။ ဒါပေမဲ့
သူတို့လုပ်လိုက်မှ ပိုရှုပ်ထွေးစေမယ်၊ ဒုက္ခတိုးစေမယ်ဆိုရင် လက်ရှောင်နေတာကိုတောင် ပို သဘောကျပါတယ်။
ကြုံတုန်းမှာ ဗမာပြည်က နအဖစစ်အာဏာရှင်တွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့အချက်တချက်ကို ပြောပြချင်ပါတယ်။ ဒီအ ချက်ကို သတိမပြုမိကြလို့လား၊
မသိချင်ဟန်ဆောင်နေကြတာလား မသိဘူး၊ ပြောသံသိပ်မကြားရပါဘူး။ အဲဒါက တခြား မဟုတ်ပါဘူး။ ဗိုလ်နေ၀င်းရဲ့ မဆလပါတီအပါ
ဗမာပြည်ကစစ်အာဏာရှင်တွေဟာ ပြည်ပကအင်အားကြီးနိုင်ငံ တခုခုအ ပေါ်မှာ အကုန်မှီခိုနေတယ်ဆိုတာမျိုး ဘယ်တုန်းကမှမရှိခဲ့ဘူးဆိုတဲ့ အချက်ပါပဲ။
မားကိုးစ်တို့ ဆူဟာတိုတို့ဟာ အမေရိ ကန်နိုင်ငံအပေါ်လုံးဝ မှီခိုအားထားရတာဖြစ်နေပြီး သူတို့ရဲ့စီးပွားရေးတွေဟာလည်း အဲဒီနိုင်ငံတွေအပေါ်မှာ လုံးဝအား ကိုး
နေရတာဖြစ်ပါတယ်။ ဒါကြောင့် လူထုအုံကြွမှုကြီးတွေကြီးလာလို့ သူတို့ရဲ့အရှင်တွေကိုယ်တိုင်က သူတို့နဲ့ဖြင့် မဖြစ် တော့ဘူးလို့ ယူဆလာတဲ့အခါမှာ
အပြောင်းအလဲတွေ ဖြစ်ပါတော့တယ်။ ဗမာပြည်မှာ အဲဒီလိုအနေအထားမျိုး လုံးဝ (လုံးဝ) မရှိပါဘူး။ ဒါကြောင့်ဗမာပြည်က စစ်အာဏာရှင်တွေကို ဖယ်ရှားရေး
အရေးတော်ပုံမှာ ဒီအချက်ကိုကျော်လွှား သွားရင် ခုတ်ရာတခြား ရှရာတခြားချည့် ဖြစ်နေလိမ့်ပါလိမ့်မယ်။
(မေး) တခါတုန်းက ကျောင်းသားတွေကို တောထဲမောင်းထုတ်ပြီး တောထဲမှာ လိုက်လံချေမှုန်းသတ်ပစ်တဲ့ နည်းလမ်းကို စစ်အုပ်စုအနေနဲ့ သုံးခဲ့တယ်လို့
ပြောခဲ့ဖူးတဲ့ ရဲဘော်ဖိုးသံချောင်း အနေနဲ့ ယခုရော ဘယ်လိုယူဆပါသလဲ
(ဖြေ) ပြည်သူတွေအနေနဲ့ပြောရရင် နအဖလိုစစ်အာဏာရှင်တွေက အရက်စက်ဆုံးနည်းတွေနဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့ အ ချိန်မှာ ပြန်လည်ခုခံရင်ဆိုင်တဲ့
နည်းလမ်းပေါင်းစုံကို အမြဲတွေးတောကြံဆ ဖော်ထုတ်လုပ်ကိုင်နေရမှာ ဖြစ်ပါတယ်။ ဒီအ ထဲမှာ လက်နက်ကိုင်ပြီး ပြန်တိုက်တဲ့နည်းနာလည်း ပါပါတယ်။
ရန်ကုန်မြို့လည်ခေါင်မှာ သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ်သူတွေကို သေနတ်နဲ့ပြန်တိုက်တာဟာ နည်းနည်းမှ မလွန်ပါဘူး။
န၀တ-နအဖစစ်အစိုးရဟာ ကျောင်းသားတွေကိုမှ မဟုတ်ပါဘူး၊ အတိုက်အခံနိုင်ငံရေးလုပ်သူမှန်သမျှကို တောထဲ ရောက်အောင်လုပ်ပြီး ချေမှုန်းနေတာမျိုး
အခုလည်းလုပ်တုန်းလို့ပဲ ပြောနိုင်ပါတယ်။ အခုအခါမှာ အများဆုံးတွေ့နေရတဲ့ နည်းက သူတို့မလိုလားတဲ့လူကို ဖမ်းမယ်လို့သတင်းလွှင့်ပြီး
ပြည်ပကိုထွက်ပြေးစေတဲ့နည်းနဲ့ ပြည်ပကိုတရားဝင် ထွက် နေတဲ့လူတွေထဲက သူတို့မလိုလားတဲ့လူကို ပြန်လာရင်ဖမ်းမယ်ဆိုတဲ့သတင်း လွှင့်ပေးလိုက်တာမျိုး
ဖြစ်ပါတယ်။
တလောက ကြေညာခဲ့တဲ့ စစ်မှုထမ်းဥပဒေကိုသာ လက်တွေ့အကောင်အထည်ဖော်လာခဲ့ရင် ဒီလိုကိစ္စမျိုးတွေ ထပ်တွေ့ ရဦးမယ်လို့ ထင်ပါတယ်။ ဥပမာ
သူတို့မျက်စိထဲမှာ ထောင်ထောင်-ထောင်ထောင်လုပ်နေတယ်လို့ထင်တဲ့လူကို စစ်တပ် ထဲဆွဲသွင်းပြီး ခြေချုပ်ထားလိုက်တာ၊ ဒါမှမဟုတ် အဲဒီလူက
စစ်ထဲမ၀င်ချင်လို့ ပြည်ပထွက်ပြေးတာ အဲဒီအခြေအနေမျိုး ရောက်အောင် ဖန်တီးပါလိမ့်ဦးမယ်။
“ရောင်းသူဝယ်သူ အသံတူနေကြသူများနှင့် အနာဂတ်အလားအလာ”
Posted by admin on January 21, 2011 1 Comment

http://voicesbehindbars.wordpress.com/
၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်အစိုးရက မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံတကာကိုတရားဝင်မကြေငြာ ခင်ကတည်းက အစိုးရပိုင်လို့လူသိများတဲ့ ပြည်သူလူ
ထုပိုင် သယံဇာတပစ္စည်းတွေ၊ ရွေ့ပြောင်းလို့ရနိုင်တဲ့ ပစ္စည်း ရွှေ့ပြောင်းလို့မရ နိုင်တဲ့ ပစ္စည်းတွေကို လူမသိ သူမသိတမျိုး လူသိရှင်ကြားတမျိုး လွှဲအပ်ရွှေ့ပြောင်း
ရောင်းချ (ဥပမာ ရွေးကောက်ပွဲမကျင်း ပခင် ကြံ့ခိုင် ဖွံဖြိုးရေးအဖွဲ့ပိုင်ဆိုင်မှုများကိစ)္စ လုပ်နေတာတွေကို ကြားနေရပါတယ်။
ဘယ်စီးပွားရေးလုပ်ငန်းရှင်ကိုရောင်း ချလိုက်ပြီဆိုတဲ့ သတင်းတွေပေါ့လေ။ နောက်ဆုံးအကျဉ်းထောင်တွေ တောင်ပါလာတာတွေ့ရပါတယ်။ ဝယ်တဲ့သူတွေက
လည်းဝယ်ကြပါတယ် (အပြောအပြ အရပေါ့လေ)။ တကယ်လုပ်နေကြတာ ဆိုရင်တော့ အတော်လေးကလေးဆံဆံ က စားနည်းလေးတွေပဲလို့
ပြောရမယ်ထင်ပါရဲ့။ တိုင်းပြည်အာဏာကို မတရားရယူထားတဲ့ အစိုးရဆိုတာက တမျိုး၊ ကိုယ် ကျိုးစီးပွားကလွဲလို့တခြားဘာကိုမှ မကြည့်တဲ့
ဝိသမလောဘသားနေတွေကတသွယ်၊ အထည်ကြီးပျက် လက်ထဲက ပစ္စည်းတွေကို အချောင်နှိုက် ချိုချိုချောင်ချောင်ရတာပဲဆိုပြီး ဝယ်ယူနေကြတဲ့
အိမ်နီးနားချင်းနိုင်ငံတွေက တစခန်းဆို သလို။
တိုက်ရာပါ ခိုးရာပါပစ္စည်းတွေကို သူခိုးဂိုဏ်း ဓားပြဂိုဏ်းတခုက ဝေစုခွဲ၊ ထုခွဲရောင်းချ နေကြပုံ ခပ်ညံ့ညံ့အရပ်ပြဇာတ်တ ပုဒ်ကို
ကြည့်နေရသလိုမျိုးဖြစ်နေတော့တယ်။ အရပ်ရပ်နေပြည်တော် ကြားလို့မှမလျှော် ဆိုတာမျိုးပါ။ အဲဒီသူတို့ လွှဲ ပြောင်းရောင်းချလုပ်နေတဲ့ ပစ္စည်းတွေကို
ဘယ်သူကပိုင်ဆိုင်တာပါလဲ။ ဆင်းရဲတွင်းထဲ တွန်းပို့ပြီး ဘာမှမသိ၊ မစဉ်းစား တတ်အောင်အလုပ်ခံထားရတဲ့ သာမန်ပြည်သူလူထုကြီးကတော့ တကယ့်ကိုပဲ
ဘာမှမသိ မပြောတတ်အောင်ဖြစ်နေကြ ပြီး အစိုးရကပဲ သူတို့ပိုင်ပစ္စည်းတွေကို ထုခွဲရောင်းချနေတယ်လို့ ထင်နေကြရှာပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်မှူးကြီး ဆိုသူ
ရဲ့ သမီးတယောက် မင်္ဂလာပွဲမှာရိုက်ထားတဲ့ ဗီဒီယိုကလစ်တခုမှာ အဲဒီသတို့သမီးက သူ့ရဲ့ဆံတုံးမှာ ထိုးထားတဲ့စိန်ဆံ ထိုးတခုကို သူ့လက်ညှိုးနဲ့ပြန်ထိုးပြပြီး
တခုခုပြောလိုက်တာကို ကြည့်ခဲ့ရပါတယ်။ ဒါကိုလိုချင်လို့လား ပေးရမှာလားလို့ ခပ်ကြွားကြွားလေး ပြောလိုက်ပုံပါပဲ။ အတော်လေး
အောက်ခြေလွတ်ဘဝင်မြင့်နေပုံကို အမိအရရိုက်ထားလိုက်တဲ့ ရိုက် ချက်ကလေးပါပဲ။
အတော်လေးရယ်စရာကောင်းပါတယ်။ ဗိုလ်ချုပ်မှူးကြီးဆိုသူဟာ မိဘမျိုးရိုးအရ အတော်ကြီးချမ်းသာကြွယ်ဝခဲ့လေသ လား၊ တိုင်းပြည်တာဝန်ကို
စစ်သားတယောက်အနေနဲ့ ထမ်းဆောင်ရင်း တနေရာရာက ရွှေငွေကျောက်သံပတ္တမြားတွေ ကို ကံအားလျှော်စွာ ရှာဖွေတွေ့ရှိခဲ့လို့များလား၊ ဒါမှမဟုတ်
သိုက်စာတွေဘာတွေကို များရရှိခဲ့လို့ သိုက်တူးရရှိခဲ့တာများ ဖြစ်လေမလား။ အော် စစ်မှုထမ်းရင်း ရရှိခံစားရတဲ့ လစာငွေလေးတွေကိုခြစ်ကုတ်စုဆောင်း၊ ရာရှင်ရတဲ့
နို့ဆီဗူးလေး၊ ငါး သေတ္တာဗူးလေးတွေ၊ အာမီရမ်အရက်ကလေးတွေကို မစားရက်မသောက်ရက် ထုတ်ရောင်း၊ စစ်တပ်ထဲက ရဲဘော်ရဲ ဘက်တွေကို
ရှိတဲ့ငွေလေးတွေကို ငွေတိုးချ၊ နေ့ပြန်တိုးပေးရင်းပဲ စုဆောင်းရှာဖွေလာခဲ့လို့လားပေါ့လေ။ အဲဒီလိုငွေရနိုင် တဲ့ လမ်းကြောင်းပေါင်းစုံ စဉ်းစားပေးရင်တောင်မှ
ဒီကနေ့ဗိုလ်ချုပ်မှူးကြီးဆိုသူပိုင်ဆိုင်တဲ့ အတွင်းပစ္စည်းအပြင်ပစ္စည်း တွေရဲ့တန်ဖိုး ဒေါ်လာသန်းထောင်ပေါင်းများစွာကို ရရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ
သာမန်စဉ်းစားဥာဏ်ရှိတဲ့ သူတွေတောင် သိနိုင်ကြမှာပါ။ ဒါမှမဟုတ်လည်း မြန်မာအစိုးရဖွင့်လှစ်ပေးနေတဲ့ အောင်ဘာလေသိန်းဆုဖွင့်ပွဲရဲ့ အမြင့် ဆုံးသိန်းဆုကို
လတိုင်းပေါက်အောင်လုပ်ထားလို့များလား၊ ဒါတောင်အဲဒီလောက်များပြားတဲ့ ပိုင်ဆိုင်မှုတွေကို ရဖို့မဖြစ် နိုင်သလောက်ပါပဲ။ ရှင်းပါတယ်။
အဲဒီအစ္စည်းတွေအားလုံးဟာ တိုက်ရာပါ ခိုးရာပါပစ္စည်းတွေကလလွဲလို့ တခြားဖြစ်နိုင်စ ရာမရှိပါဘူး။ ဒါနဲ့တောင်မှ…..
အလွန့်အလွန်အရှက်မရှိတဲ့ သူတွေပါပဲ။ လူတွေရဲ့ တန်ဘိုးသတ်မှတ်မှုတွေဟာလည်း ကပြောင်းကပြန်ဖြစ်ခဲ့ကြအောင် ကို ပြောင်းလဲလာခဲ့ကြပါပြီ။
အဲဒီလိုဖြစ်အောင်လည်း စစ်အာဏာရှင်အစိုးရက ရည်ရွယ်ချက်ရှိရှိ ကြိုးစားလာခဲ့တာပါ။ သူခိုးဓားပြတွေ ခေါင်းပေါင်းစ တလူလူနဲ့ ယူနီဖောင်းတပြောင်ပြောင်နဲ့
သွားလာနေတာကို အားကျ အထင်ကြီးလာ အောင် လိုချင်တမ်းမက်လာအောင် အတွေးအခေါ်တွေကို စနစ်တကျ ဖျက်ဆီးပစ်ခဲ့ပါပြီ။ ပျက်လည်းပျက်စီးခဲ့ပါပြီ။
ဒါပေ မယ့် အဲဒီလို အခြေအနေမှာ အခွင့်ကောင်းပြီး သူခိုးလက်ခံ ဓားပြအားပေး လုပ်ချင်နေသူတွေကို သတိပေးစကားပြော ချင်လို့ ဒီဆောင်းပါးကို
ရေးလိုက်ရတာပါ။
အဲဒီလို သတင်းမျိုးတွေကို ခုကာလမှာ မကြာခဏ ဆိုသလိုကြားလာရလို့ လောကပါလတရားအလို့ငှာ ရေးလိုက်ရတာပါ။ အလိုလောဘတွေကို သတိရှိကြပါ
လိုအပ်တာထက် သိပ်ပိုလွန်းတဲ့ ဝိသမလောဘတွေကို ထိမ်းချုပ်ကြစေချင်ပါတယ်။ ကိုယ်နဲ့ကိုယ့်မိသားစုဘဝ သာချမ်းသာကြွယ်ဝပြီး ကိုယ့်ပတ်ဝန်းကျင်တခုလုံးက
ဆင်းရဲမွဲကျံနေရင်ဆိုတဲ့ အခြေအနေ ကို စဉ်းစားကြည့်ကြပါ။ ကိုယ်ကတော့ အစားကောင်းတွေ တနင့်တပိုးစားသောက်နေပြီးကိုယ့် အိမ်ဘေးနားဝန်းကျင်က
ပြည်သူလူထုက စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေကြမယ်ဆိုရင်….။ တကယ်လို့များ အဲဒီလိုလူတွေက ဒါတော့မတရားလွန်း ဘူးကွာလို့ မြင်လာခံစားလာကြတဲ့
တနေ့မှာ…ကျနော်ထင်ပါတယ် အလွန်ကြေကွဲဝမ်းနည်းစရာအဖြစ်တွေ ဖြစ်လာနိုင်ပါ တယ်။ ကမ္ဘာ့သမိုင်းစာမျက်မှာတွေမှာ ရှိနှင့်ပြီးလည်း ဖြစ်ပါတယ်။
ခု အများပြည်သူလူထုပိုင်ဖြစ်တဲ့ သယံဇာတပစ္စည်းတွေ၊ မြေယာ အဆောက်အဦတွေကို ဝယ်ယူရင်းနှီးမြှုပ်နှံနေကြတဲ့ ဝယ်ယူရင်းနှီးမြှုပ်နှံဖို့တာစူ စိုင်းပြင်းနေကြတဲ့
တခြားနိုင်ငံက ရင်းနှီးမြှုပ်နှံသူစီးပွားရေး သမားတွေ၊ကုမ္မဏီကြီးတွေ၊အ စိုးရတွေကိုလည်း သတိပေးချင်ပါတယ်။ လောကမှာ ထာဝရတည်မြဲနေတဲ့
အရာရယ်လို့မရှိပါဘူး၊ တနေ့နိဂုံးချုပ်ရ၊ ပျက် စီးရတာပါပဲ။ နိစ္စ မရှိပါဘူး၊ အနိစ္စ သာရှိပါတယ်။ ဒီကနေ့ စစ်အာဏာရှင်ဆိုသူတွေလည်း ပျက်စီးရမှာပဲ။
ပျက်စီးချိန်နီးပါ ပြီ၊ ပျက်စီးရခြင်းအကြောင်းတွေကိုလည်း ဘက်ပေါင်းစုံမှာတွေ့နေရပါပြီ။ အဲဒီ သူခိုးဓားပြ ဆိုသူတွေဆီက ဝယ်ယူထား
ရယူပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေကို ဘယ်သူက အာမခံမှာပါလဲ။ ဘယ်လိုအာမခံကုမ္မဏီက တာဝန်ယူမှာပါလဲ။ ပိုင်ရှင်ဖြစ် တဲ့ပြည်သူတွေက
ပြန်လည်တောင်းဆိုလာတဲ့အချိန်မှာ၊ ပြန်လည်သိမ်းယူဖို့ တညီတညွတ်အင်အားသုံးလာတဲ့အချိန်မှာ ဘယ်လို စစ်တပ်မျိုးလက်နက်အင်အားမျိုးကမှ
တားဆီးနိုင်လိမ့်မယ်မဟုတ်ပါဘူး။ ပြည်သူလူထုက ယုံကြည်အပ်နှံတာ ဝန်ပေးအပ်ထားတဲ့၊ ပြည်သူလူထု လေးစားယုံကြည် လက်ခံတဲ့ အစိုးရတရပ်ကသာ
တာဝန်ယူ အာမခံနိုင်မှာဖြစ်ပါတယ်။
စဉ်းစဉ်းစားစားလုပ်သင့်ကြပါတယ်။ ပိုင်ရှင်ကို ကျော်ပြီး သူခိုးဓားပြနဲ့ အရောင်းအဝယ်မလုပ်ကြပါနဲ့။ အပေးအယူလုပ်ဖို့ မကြိုးစားကြပါနဲ့။ တနေ့ပိုင်ရှင်ပြန်ပေါ်၊
ပြန်လည်တောင်းဆိုလာကြပါလိမ့်မယ်။ အဲဒီအချိန်မှာ တရားဥပဒေစိုးမိုးငြိမ်းချမ်း တဲ့ အခြေအနေဖြစ်နေရင်တော့ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရရုံသာ
ဖြစ်မှာဖြစ်ပြီး အဲဒီအခြေအနေနဲ့ ပြောင်းပြန်တ ရားဥပဒေ စိုးမိုးမှုမရှိ မငြိမ်းချမ်းတဲ့ အခြေအနေဖြစ်နေပြီဆိုရင်တော့ ပစ္စည်းဥစ္စာတွေသာမက အသက်အန္တရယ်နဲ့ပါ
ရင် ဆိုင်ကြရလိမ့်မယ် ဖြစ်ပါတယ်။
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရင်သွေးသားသမီးရတနာတွေ၊ မိဘလက်ငုတ် လက်ရင်းဥယာဉ်ခြံမြေတွေ၊ မျိုးရိုးစဉ်ဆက် စိုက် ပျိုးလုပ်ကိုင်စားလာခဲ့တဲ့
လယ်ယာမြေတွေကို တန်ဘိုးထားအမြတ်တနိုးရှိကြမှာဖြစ်သလို လက်လွတ်ဆုံးရှူံးသွားမှာ၊ မတ ရားသိမ်းပိုက်ခံရမှာ စိုးရိမ်ပူပန်ကြမှာပါပဲ။ တပြိုင်နက်ထဲမှာပဲ
အဲဒီလိုပြုလုပ်ခံရရင် ခံပြင်းဒေါသထွက်ကြမှာ မုန်းတီးစက် ဆုပ်ကြမှာပါပပပဲ။ အခြေအနေအရ မနိုင်လို့သည်းခံရခြင်းဆိုတဲ့ သည်းခံခြင်းမျိုးနဲ့ မတတ်သာလို့
သည်းခံလိုက်ရရင် လည်း အခြေအနေပြောင်းလဲလာ၊ ကိုယ်တတ်နိုင်လာတဲ့အချိန်ရောက်လာရင်တော့ အဲဒီလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ အရာ တွေကို
ပြန်ပြီးတောင်းဆိုလာကြပါလိမ့်မယ်။ ရယူဖို့ကြိုးစားကြပါလိမ့်မယ်။ ဘဝပျက်တဲ့အထိ ခံစားထားကြရတဲ့သူတွေ ဆိုရင် ဒေါသအလျှောက် တုန့်ပြန်တွန်းလှန်ရယူဖို့
ကြိုးစားကြမယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
မတရားတဲ့ ဥပဒေတွေ အာဏာတွေနဲ့ လွှဲပြောင်းယူငင်မှု၊ သိမ်းပိုက်မှုတွေ၊ ဝယ်ယူထားရှိမှုတွေကိုလည်း ကန့်ကွက်ဆန့် ကျင်လာကြပါလိမ့်မယ်။
မတရားတဲ့ဥပဒေတွေကိုလည်း ရိုက်ချိုးဖျက်သိမ်းဖို့ကြိုးစားလာကြပါလိမ့်မယ်။ အဲဒီအချိန်မှာ ဘယ်လိုအစိုးရပဲဖြစ်စေ ဖြေရှင်းပေးဖို့တာဝန်ရှိလာပါလိမ့်မယ်။
တရားနည်းလမ်းကျ တရားမျှတတဲ့ဖြေရှင်း နည်းမျိုးနဲ့ ဖြေရှင်းမပေးနိုင်ဘူးဆိုရင်တော့ ပြည်သူနဲ့အစိုးရကြားမှာ ပဋိပက္ခဖြစ်လာမှာဖြစ်သလို မတရားဝယ်ယူ၊
လက်လွှဲသိမ်းပိုက် ထားပြီးအကျိုးစီးပွားဖြစ်ထွန်းနေသူတွေ၊ တနည်းအားဖြင့် ရှိသူတွေ (The haves) နဲ့ မရှိသူတွေ (The have -nots) ကြားမှာ ကြီးမားတဲ့ပဋိပက္ခ
ပေါ်ပေါက်လာပါလိမ့်မယ်။ ပဋိပက္ခ ဟောင်းကြီးပေါ့လေ။ အဲဒီပဋိပက္ခမျိုးဟာ အလွန် ပြင်းထန်ကြမ်းတမ်းကြီးမားလာနိုင်သလို၊
အန္တရယ်လည်းအလွန်ကြီးမားပါတယ်။ မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ဘူးဆိုရင် ပေါလေ။
ပြောလိုရင်းကတော့ ခုလက်ရှိအာဏာလုယူ အုပ်ချုပ်နေကြသူတွေ၊ အုပ်ချုပ်နေကြသူတွေနဲ့ပူးပေါင်းပြီး ဝိသမလောဘနဲ့ တိုင်းပြည်ရဲ့
မြေပေါ်မြေအောက်သယံဇာတပစ္စည်းတွေကို ရယူပိုင်ဆိုင်ဖို့ကြိုးစားနေကြသူတွေ၊ ရှိသမျှ ကုန်သွယ်စီးပွား လုပ်ပိုင်ခွင့်တွေ၊ လုပ်ငန်းတွေကိုလက်ဝါးကြီးအုပ်ပိုင်ဆိုင်
အမြတ်ထုတ်ဖို့ကြိုးစားနေကြသူတွေအနေနဲ့ မတရားမှုတွေကို ဆက်ပြီးကျူးလွန်နေမယ်ဆိုရင် ဝိသမလောဘတွေကို မထိမ်းချုပ်နိုင်ကြရင်တော့
ကျနော်တို့လူ့အဖွဲ့အစည်းရဲ့အနာဂတ် ဟာ အတော်ရင်လေးစရာ အခြေအနေပါ။ ပြည်သူလူထုတွင်း လူတန်းစားပဋိပက္ခတွေ၊ အစိုးရနဲ့ ပြည်သူလူထုကြား
ပဋိပက္ခတွေ၊ အစိုးရနဲ့တိုင်းရင်းသားလူမျိုးစုတွေကြားပဋိပက္ခတွေဟာ ဆက်ပြီးဖြစ်ပေါ်နေအုံးမယ့် အခြေအနေ ရှိနေပါ တယ်။
စစ်အာဏာရှင်စနစ်ကို မဖယ်ရှားနိုင်သေးသမျှ အနာဂတ်မြန်မာပြည်ရဲ့ဒီမိုကရေစီရေး လူ့အခွင့်အရေး ငြိမ်းချမ်းရေး ပြဿနာတွေကို
ဆက်လက်ရင်ဆိုင်တွေ့ကြုံနေရအုံးမှာကတော့ အသေအချာပဲဖြစ်ပါတယ်။ ။
စိုးနေလင်း
ထိုင်းတောင်ပိုင်း လက်နက်ဂိုဒေါင် ၀င်ရောက် စီးနင်း
Posted by admin on January 21, 2011 2 Comments

photo by: bangkok post


နာရာသီဝပ်ပြည်နယ်၊ လန်ဂဲခရိုင်က တောတောင်ထူထပ်တဲ့ တောင်တန်းတွေပေါ်မှာ လက်နက်အပြည့်အစုံတပ်ဆင်ထား တဲ့
စစ်သည်တွေနဲ့ဟယ်လီကော်ပတာတွေဟာ လက်နက်ဂိုဒေါင်ကို ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး လက်နက် အမြောက်အများယူသွားတဲ့ သောင်းကျန်းသူတွေကို
တောနင်းရှာဖွေနေပါတယ်။
ဗုဒ္ဓဟူးနေ့ ညက မာရူဘိုတော့ရွာမှာ တပ်စွဲထားတဲ့ အထူးတပ်ဖွဲ့အမှတ် ၁၅၁၂၁ ကို စစ်သွေးကြွတွေ ၀င်ရောက်စီးနင်း တိုက်ခိုက်သွားလို့ စစ်သား ၄ ယောက်
သေပြီး ၁၃ ယောက်ဒဏ်ရာ ရခဲ့ပါတယ်။ စစ်သည် ၃၀၀၊ ဒေသခံအာဏာပိုင် တွေ၊ အနံ့ခံခွေးတွေပါဝင်တဲ့ အဖွဲ့ကြီးက မနေ့က
စစ်သွေးကြွတွေပုန်းအောင်းနေတယ်လို့ ယုံကြည်ရတဲ့ တာဝယ် တောင်တန်းပေါ်မှာ တောနင်းရှာဖွေနေပါတယ်။ ဒီရှာဖွေမှုစစ်ဆင်ရေးကို အမှတ် ၄ ဒေသ တပ်မှူး
ဒုဒွမ်ချိုင်း ထမ္မာ ဆရိုရတ် ကိုယ်တိုင် ကြီးကြပ်လုပ်ဆောင်နေပါတယ်။ တာဝယ်တောင်တန်းပေါ်ကို အဓိကထား ရှာဖွေတာတွေ လုပ်နေ ပါတယ်လို့ မနေ့က
ကြည်းတပ်ဦးစီးချုပ် ပရာယုချိန်အိုချားက ပြောပါတယ်။ “ထောက်လှမ်းရေးသတင်းတွေ အရဆို ဒီနေရာဟာ စစ်သွေးကြွတွေပုန်းခိုနေတယ်လို့ သံသယဖြစ်ဖွယ်
ရှိတဲ့နေရာပါ” လို့ ဗိုလ်ချုပ်ကြီး ပရာယု က ပြောပါ တယ်။ “ဒါပေမဲ့ အခုထိတော့ လုံခြုံရေးတပ်ဖွဲ့တွေက နေရာအတိအကျ ရှာလို့မရသေးပါဘူး”
၂၀၀၄ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တုန်းကလည်း နာရာသီဝပ်ပြည်နယ်၊ ချိုအိုက်ရွန်းခရိုင်က စစ်စခန်းတခုကို ဒီလို အကောင်းဆုံး စနစ်တကျပြင်ဆင်တိုက်ခိုက်ပြီး
လက်နက်အများအပြားယူသွားတာမျိုး ရှိခဲ့ဖူးပါတယ်။ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုမှာ M16 မောင်းပြန်ရိုင်ဖယ်တွေအပါအ၀င် လက်နက်အတို ၆၀လောက်နဲ့ ကျည်
၄၀၀၀ လောက်ပါသွားပါ တယ်။ အသတ်ခံရတဲ့စစ်သား ၄ ယောက်ထဲမှာ တပ်ဖွဲ့မှူး ဗိုလ်ကြီး ကရစ်ခမ်ပီရာယန် ပါဝင်ပြီး ဒဏ်ရာရတဲ့ ၁၃ ယောက်ထဲမှာ ၂
ယောက်က အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေပါ။
အခင်းဖြစ်ပွားတဲ့နေရာက ကျည်ခွံ ၇၀၀ ကျော် ကောက်ယူစုဆောင်းရပါတယ်။ အသုံးပြုတဲ့လက်နက်တွေကတော့ M16၊ M60၊ AK မောင်းပြန်ရိုင်ဖယ်၊
သေနတ်အတိုနဲ့ ခြောက်လုံးပြူးတွေ ပါ,ပါတယ်။ တိုက်ခိုက်မှုက ချိန်ကိုက် ပြင် ဆင်ထားတာပဲ။ အဲဒီအချိန်က ကင်းစခန်းက စစ်သားတွေအပြည့်မရှိဘူး။
ထမင်းစားနေတဲ့အချိန်၊ ဖြစ်တယ်လို့ ပြည် တွင်းလုံခြုံမှုစစ်ဆင်ရေးဦးစီးဌာနချုပ်၊ အမှတ် ၄ ဒေသ၊ ဗိုလ်မှူးကြီး ပါရီညာချိုင်ဒီလော့က ပြောပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို သူတို့မွေးရပ်မြေကို ဒီကနေ့ ပြန်ပို့မှာ ဖြစ်ပါတယ်။
ဇန်န၀ါရီ ၂၁၊ ၂၀၁၁ (ဘန်ကောက်ပို့စ)်
မကျွန်းညိုညို
Posted by admin on January 20, 2011 1 Comment
ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း ၁၉၈၃-၈၄
အခုတော့ ကျမတို့ချစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ နှစ် ၉၀ ကျော်ခဲ့ပါပြီ။ ရန်ကုန်တက္ကသိုလ်ရဲ့ တချို့ အ စိတ်အပိုင်းတွေကိုလည်း ရောင်းစားခံခဲ့ရပါပြီ။ နာဂစ်
ဖြစ်တော့ ရန်ကုန်တက္ကသိုလ်ထဲက နှစ်ချို့ပင် တချို့ လဲ ပြိုကြပေမယ့် သစ်ပုတ်ပင်ကြီးကတော့ မပြိုလဲခဲ့ပါဘူး။ ဒါကြောင့်လဲ ကျမတို့ ရန်ကုန်တက္ကသိုလ်ရဲ့
အထင်က ရ အမှတ်အသားထဲမှာ သစ်ပုတ်ပင်ကြီး ပါခဲ့တာပေါ့။
ကျမ တက္ကသိုလ်အကြောင်း စပြီးစိတ်ဝင်စားမိတာက နှစ်ပတ်လည် မဂ္ဂဇင်းလေးတစောင်ကြောင့်ပါ။ ကျမ အ ဖေဆီမှာ ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းတ
စောင်ကို တွေ့ပါတယ်။ အဲဒီ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပန်း ချီက တော်တော်ထူးခြားပါတယ်။ အရောင်မှိုင်းမှိုင်း တွေနဲ့ အရောင်တောက်တောက်တွေကို ရောစပ်ပြီး သ
ရုပ်ဖော်ထားပါတယ်။ မျက်နှာဖုံးမှာ ထင်ရှားတာက သစ် ပုတ်ပင်ကြီးပါ။ အဲဒီသစ်ပုတ်ပင်ကို သေချာကြည့်ရင် လက်သီးဆုပ်ထားတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။
စာအုပ်ကို ဘယ်ဘက်ညာဘက်စောင်း ကြည့်လိုက်ရင် အုတ်ဂူ လိုပုံစံမျိုး လူတွေလဲကျနေပုံမျိုး၊ စစ်သားတွေက လှံစွပ်တွေနဲ့ ထိုးနေတဲ့ ပုံစံ၊ သေနတ်နဲ့
ပစ်နေပုံတွေကိုလဲ တွေ့ရပါတယ်။
ကျမ ဦးလေးဆီရောက်တော့လဲ အဲဒီမဂ္ဂဇင်းကိုပဲ သေသေချာချာ သိမ်းထားတာကို တွေ့ရပါသေးတယ်။ လူတွေရဲ့ ပါး စပ်ဖျားမှာလဲ အဲဒီမဂ္ဂဇင်းကိုလိုက်ရှာပြီး
သိမ်းနေတယ်ဆိုတာမျိုးတွေကိုလဲ ကြားရပါသေးတယ်။ အဲဒါကြောင့် ကျမလဲ အရမ်းစိတ်ဝင်စားလာပြီးအဖေ့ကို မေးကြည့်မိပါတယ်။ ဘာဖြစ်လို့ ဒီပုံတွေဆွဲရတာလဲ
ဆိုတာ ကျမသိချင်လာပါတယ်။ ကျမ အဖေက ပြောပြတာက ဦးသန့်က သူမသေဆုံးခင်မှာ မိသားစုတွေကိုမှာခဲ့တယ်တဲ့ သူဆုံးသွားရင် မြန်မာပြည်မှာ ပဲ
သူ့ကိုသင်္ဂြိုဟ်ဘို့။ ဒါကြောင့် နိုင်ငံတကာမှာ ဦးသန့်ကို ဂူဗိမာန်နဲ့ အကောင်းဆုံးသဂြိုဟ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်း ချက်တွေကို ငြင်းပယ်လိုက်ပြီး ရုပ်ကလာပ်ကို
မြန်မာနိုင်ငံအထိ ပြန်လည်သယ်ဆောင်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ ရောက်တော့ ဗိုလ်နေ၀င်း ဦးဆောင်တဲ့ စစ်အုပ်စုက ဦးသန့်၏ ကျန်ရစ်သောရုပ်အလောင်းကို
ကြံတောသုဿန်မှာပဲ သင်္ဂြိုဟ်ခွင့်ပေးခဲ့ပါတယ်။
ဦးသန့်လို လူပုဂ္ဂိုလ်မျိုးကို အခုလို မျက်နှာလွဲခဲပစ်လုပ်တဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေက မခံမရပ် နိုင်ဖြစ်ပြီး ဦးသန့်ရဲ့ ရုပ်အလောင်းကို တက္ကသိုလ်ထဲ
သယ်လာပြီး ယခင် သမဂ္ဂအဆောက်အဦးရှိခဲ့တဲ့ မြေ နေရာမှာ ဂူဗိမာန်တခု တည်ဆောက်နေစဉ်မှာဘဲ စစ်တပ်က အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် ကျောင်း
သားတွေ သွေးမြေကျခဲ့ရပါတယ်။ ကျောင်းသားအများစုလဲ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပါတယ်။ အချိန်တွေ ရွေ့ လျားသွားပေမဲ့ ကျောင်းသားတွေနဲ့ ပြည်သူ တွေရင်ထဲ
စွဲမြဲထင်ရန်ရစ်နေပါတယ်။ အခွင့်သာတိုင်း ပုံသဏ္ဍာန် မျိုးစုံနဲ့ ထုတ်ဖော်ပြသကြပါတယ်။
ကျမရဲ့ဦးလေး၊ အမေ့မောင်ကလည်း ဦးသန့်အရေးအခင်းမှာ ထိမ်းသိမ်းခံခဲ့ရပါတယ်။ သူတို့ကို ရေကြည်အိုင် စစ်ကြော ရေးစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။
ဦးလေးက သူ့ရဲ့စစ်ကြောရေး အတွေ့အကြုံတွေကိုပြောတိုင်း ဒေါသကြီးတတ် ပါတယ်။ ကျမက ၁၉၇၄ ခုနှစ်တုန်းက ၅ နှစ်သမီးမို့လို့ ဘာမှသေချာမသိပေမဲ့
အဖေပြောပြလို့ ဦးသန့် အရေးအခင်းအ ကြောင်းကို သိခဲ့ရပါတယ်။ တဆက်တည်း ၁၉၆၂ ခု ဦးနေ၀င်း အာဏာသိမ်းတော့ သမဂ္ဂအဆောက်အဦးကို ဗုံးခွဲခဲ့တာ၊
တက္ကသိုလ်ကျောင်းဝင်းထဲ စက်သေနတ်တွေနဲ့ ပစ်ခတ် ပြီး ကျောင်းသားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကို ဖြိုခွင်းခဲ့တာ၊ အဲ ဒီအကြောင်းတွေကို ပြောပြခဲ့ပါတယ်။
ဒါကြောင့် ကျမရင်ထဲမှာ ရဲဝံ့တက်ကြွတဲ့ တက္ကသိုလ်ကျောင်းသားတွေကို လေး စားမြတ်နိုးခဲ့ရပါတယ်။ ကျမရဲ့ အငုံ့စိတ်ထဲမှာ တက္ကသိုလ်ရဲ့
ရင်ငွေ့ကိုခိုလှုံချင်မိပါတယ်။

ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း ၈၃ - ၈၄


တဖြေးဖြေးအရွယ်ရောက်လာတော့ ကျမတို့ ရင်ထဲမှာလဲ မဆလအစိုးရအပေါ် မကြေမနပ် ဖြစ်တတ်လာပါတယ်။ အစိုးရရဲ့ လွဲမှားနေတဲ့ မူဝါဒတွေကြောင့်
တိုင်းပြည်လည်း အဆင်းရဲ ဆုံးစာရင်းဝင်သွားတဲ့အချိန် ၁၉၈၇ ခုမှာ ကျမ တက္ကသိုလ် တက်ရပါတယ်။ ကျမ အမှတ်က ဘူမိဗေဒကို မီလို့ ကျမ ဘူမိဗေဒကို တက်ဖို့
လျောက်ခဲ့ပါတယ်။ ဒါကြောင့် ကျမ R.C (2) မှာ တက်ခွင့်ရပါတယ်။ ကျမ ကျောင်းတက် တာ တလလောက်ရှိတော့ စဉ်းစားမိတာက ကျမ ဘူမိဗေဒကို
စိတ်မ၀င်စားဘူးဆိုတာ ကိုပါပဲ။ ဒါကြောင့် ကျမစိတ်ဝင်စားတဲ့ သင်္ချာ မေဂျာကိုပြောင်းလိုက်ပါတယ်။ အဲဒီတော့မှ ကျမ R.C (3) မှာ တက်ရပါတယ်။ ကျမတို့
ခေတ်က ကျောင်းလခ လွတ်ငြိမ်းခွင့်၊ ပညာ ရေး ထောက်ပံကြေး ဆိုတာတွေရှိပြီးတော့ ဘယ်ဟာကိုပဲရရ အထောက်အပံ့ ဖြစ်ပါ သေးတယ်။ ဒါပေမဲ့
ကျမတို့အုပ်စုထဲမှာ ကျမက ကျောင်းလခလွတ်ငြိမ်းခွင့်ရပြီး၊ အရမ်းချမ်းသာတဲ့ တမူးမြို့က မြို့နယ် ကောင်စီရဲ့ သမီးသင်းမာစိုးက ပညာသင် ထောက်ပံကြေး
ရပါတယ်။ အမေရော အဖေရော ဆုံးပါးသွားပြီး အမှန်တကယ် ချို့တဲ့ တဲ့ မိုးမိုးအေး ကတော့ ဘာအခွင့် အရေးမှ မရပါဘူး။
ကျမအရွယ်လေးရတော့ ကျမနှစ်သက်မိတဲ့ ၀တ္တုက ကျဉ်တုတ်ခံဝံ့ မခံဝံ့ပါ။ ဆရာမောင်သာရရေးတဲ့ အဲဒီဝတ္တုက ကျမကို စိတ်ကူးယဉ်စေခဲ့ပါတယ်။ ကျမပထမနှစ်
စာမေးပွဲဖြေနေတုန်း စက်တင်ဘာလမှာပဲ ငွေစက္ကူ အရေးအခင်း ဖြစ်ပွားခဲ့ပါ တယ်။ ကျမတို့ တိုက်ရိုက်ပါဝင်ခွင့်မရပေမဲ့ အားပေးအားမြှောက်တော့
လုပ်ခဲ့ကြပါတယ်။ ငွေစက္ကူအရေးအခင်းဟာ ကျမ တို့ ကျောင်းသားတွေအတွက် အချက်ပေးခေါင်းလောင်းသံတော့ ဖြစ်ခဲ့ပါတယ်။ အာဏာရှင်တွေလက်အောက်မှာ
အ သက်၊ အိုးအိမ်၊ စည်းစိမ်တွေဟာ လုံခြံမှုမရှိဘူး ဆိုတာကိုပေါ့။
ကျမ ၁၉၈၈ ခုနှစ်မှာ ဒုတိယနှစ်ကိုရောက်ပါတယ်။ မတ်လ မတိုင်ခင်တော့ ကျမဟာ သာမန်ကျောင်းသူလေး တဦးပါ။ မတ်လဟာ ကျမတို့အတွက် ထူးခြားတဲ့
အပြောင်းအလဲတခု ဖြစ်ပေါ်စေခဲ့ပါတယ်။ ၁၉၈၈ ခု မတ်လ ဟာ ကျောင်းသား ဟောင်းတွေဖြစ်တဲ့ အဖေနဲ့ သူ့ဝန်းကျင်ကတော့ အရိုးတွေတွန်နေပြီတဲ့။ ၇၄
မျိုးဆက်တွေပြောပြတာက ၀ိညာဉ်တွေ ရှင် သန်ထမြောက်လာပြန်ပြီတဲ့။ ကျမတို့ကတော့ ကျောင်းသားသွေးတွေအတွက် အာဏာရှင်တွေကို
တိုက်ထုတ်ပြစ်ချင်နေ တာပါ။
ဒီလိုနဲ့ ကျမချစ်တဲ့ တက္ကသိုလ်နဲ့ ၃ နှစ်နီးပါး ခွဲခွါနေခဲ့ရပါတယ်။ ကျောင်းတွေပြန်ဖွင့်မယ်ဆိုတော့ ကျမတို့တတွေ ၀န်ခံ လက်မှတ်ထိုးရပါတယ်။ တချို့က
မထိုးဘူးတဲ့။ ဘယ်လိုဘဲဖြစ်ပါစေ ကျမကတော့ ကျောင်းတွေ ဖွင့်စေချင်တာပါဘဲ။ အဲဒီ အချိန်က ကျမဖတ်မိတဲ့ ကဗျာလေးတပုဒ်က
“စောင်းကိုချစ်တယ်။ ကျောင်းကိုလည်းချစ်တယ်။ ပြီးတော့ ဒေါင်းကိုလဲ ချစ်တယ်တဲ့”
ကျမ အဲဒီကဗျာလေးကို အရမ်းကြိုက်တယ်၊ ကျမခံစားချက်နဲ့ တူနေလို့ပါ။ ကျောင်းတွေဖွင့်တော့ ကျမ သူ ငယ်ချင်းတွေ က ကျမကို သတိပေးပါတယ်။ နင်
နိုင်ငံရေးမလုပ်ပါနဲ့လားတဲ့။ ဒါပေမဲ့ ကျမအတွေးက ဒီလိုအ ချိန်မှာမှ ကျမနိုင်ငံရေး မ လုပ်ဘူးဆိုရင် တာဝန်မဲ့ရာကျမှာ စိုးရိမ်နေတာရော၊ ကျမရဲ့ ရဲဘော်တွေ
ထောင်ထဲ မှာ ရောက်နေကြတာရောကြောင့် ကျမ နိုင်ငံရေး ဆက်လုပ်မှာလို့ ပြန်ပြောလိုက်တယ်။ သူတို့နဲ့ ကျမ အရာရာကွာဟ သွားခဲ့ပါတယ်။
ဒါပေမဲ့ ကျမအတွက်ရဲဘော်ရဲဘက် သူငယ်ချင်းအသစ်တွေ ရခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ရောက်တော့ ကျမ သူငယ်ချင်း မိုးမြတ်သူ တို့ ထောင်ကနေလွတ်လာပါတယ်။
မိုးမြတ်သူ၊ ကိုမောင်မောင်ဦး၊ ရီရီ၊ ကျမ၊ အေးမိုး (ဆူး လေ) တို့က ကျောင်းထဲမှာ အမြဲလိုလို ဆုံနေကြပါ။ ကျမ၊ ရီရီ၊ အေးမိုး တို့ကို ရည်းစားမရှိလို့ သူတို့က အမြဲ
နောက်ပြောင်တတ်ပါ တယ်။
တရက်တော့ မိုးမြတ်သူက ကျမတို့ကိုမေးပါတယ်။ နင်တို့ကို ကံ့ကော်ပန်းပေးမဲ့သူမရှိဘူး မို့လားတဲ့။ အေးမိုး က “ဟဲ့ ငါတို့ က မယူတာ
ပေးချင်တဲ့လူတွေရှိတယ်တဲ့။” ကျမတို့တွေက အမြဲတမ်း စကားကို အနိုင့်အထက် ပြောနေကြပါ။ မိုးမြတ်သူ က “ဒါပေါ့ နင်တို့ဂုဏ်မငယ်ရအောင် ငါနင်တို့ကို
ကံ့ကော်ပန်း လိုက်ပေးမယ်လေ တဲ့”။
နောက် ၂ ရက်လောက်ကြာတော့ ကျမ၊ရီရီ၊အေးမိုး တို့ စာသင်ခန်းကထွက်ပြီး အဓိပတိလမ်းကို လျောက်လာတော့ မိုး မြတ်သူက နောက်ကနေ
ကံ့ကော်ကိုင်းခြောက်ကြီးကို လက်ထဲမှာကိုင်ပြီး ပိုလီယိုဖြစ်နေတဲ့ ကောင်လေးပုံစံနဲ့ ခြေထောက် ကို ထော့နင်းထော့နင်းလုပ်ပြီး ကျမတို့နောက်က
လိုက်လာပါတယ်။ မိုးမြတ် သူက ရုပ်လေးသနားကမားနဲ့ အဲဒီလိုပုံစံမျိုး လုပ်နေတော့ တခြားကျောင်းသားကျောင်းသူတွေက ကျမတို့ ၃ ယောက်ကို
ဝိုင်းကြည့်ကြပါတယ်။ အဲဒီတုန်းကတော့ ကျမတို့တွေရဲ့ လွတ်လပ်ပေါ့ပါးစွာ ရယ်မောခဲ့ရတဲ့ အ ချိန်တွေဘဲပေါ့။
ညနေပိုင်းကြရင်တော့ ကျမတို့အုပ်စုလိုက် အင်းယားကန်ဘောင်က ဘူးသီးကျော်ဆိုင်မှာ ဘူးသီးကျော်စားရင်း ငြင်းကြ ခုန်ကြနဲ့ ပျော်စရာကောင်းခဲ့ပါတယ်။ ဒီလိုနဲ့
ကျမတို့အုပ်စုက လုပ်စရာရှိရင်လဲ မညည်းမညူ ၀ိုင်းလုပ်ကြလို့ အကျိုးရှိတာ ရော၊ တခါတရံ သဘောထားတွေ မတိုက်ဆိုင်လို့ ရန်ဖြစ်ကြတာရောပေါ့လေ။
ညနေပိုင်းကြရင်တော့ ကျမတို့အုပ်စုလိုက် အင်းယားကန်ဘောင်က ဘူးသီးကျော်ဆိုင်မှာ ဘူးသီးကြော်စားရင်း ငြင်းကြခုန်ကြနဲ့ ပျော်စရာကောင်းခဲ့ပါတယ်။ ဒီလိုနဲ့
ကျမတို့အုပ်စုက လုပ်စရာရှိရင်လဲ မညည်းမညူ ၀ိုင်း လုပ်ကြလို့ အကျိုးရှိတာရော၊ တခါတရံ သဘောထားတွေ မတိုက်ဆိုင်လို့ ရန်ဖြစ်ကြတာရောပေါ့လေ။
၁၉၉၄ မှာတော့ ကျမကျောင်းပြီးသွားခဲ့ပါတယ်။ ကျမလိုချင်တဲ့ မဟာသိပ္ပံဘွဲ့ ရဖို့ ကျောင်းဆက်တက်ချင်တဲ့ ဆန္ဒတွေလဲ ရှိနေပါတယ်။ ၁၉၉၅ ခုနှစ်မှာလဲ
တက္ကသိုလ်ကြီး စိန်ရတုပွဲကြီး လုပ်ကြမှာပါ။ ကျမတို့ သူငယ်ချင်းတသိုက် ဘယ်လိုဆင် နွှဲကြရင်ကောင်းမလဲဆိုပြီး တိုင်ပင်ဆွေးနွေးကြရတာလဲ မမောနိုင်ပါဘူး။ ကို
မောင်မောင်ဦးနဲ့ ကိုဂီးကပို့စကဒ်လုပ်ဖို့ စဉ်း စားကြပါတယ်။ ကျမကတော့ မဂ္ဂဇင်းစာအုပ်ထုတ်ဖို့ တိုက်တွန်းမိပါတယ်။ မဂ္ဂဇင်းစာအုပ်ထုတ်ဖြစ်ရင် ကျမလဲ
ကလောင် သွေးတဲ့အနေနဲ့ ၀င်ရေးဖို့ စဉ်းစားထားပါတယ်။ ဒါပေမဲ့ ကျမတို့ မျော်လင့်ချက်တွေ ဖြစ်မလာခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ၁၉၉၅ ဖေဖော်ဝါရီလမှာဘဲ
ကျမနဲ့ အေးမိုး ထိန်းသိမ်းခံခဲ့ရလို့ပါပဲ။ ဒါကြောင့် ကျမတို့ချစ်တဲ့ တက္ကသိုလ်ကြီးနဲ့ နှစ်ရှည်လ များ ခွဲခွါခဲ့ရပါတယ်။
ကျမထောင်ကလွတ်တဲ့ ၂၀၀၁ ခုနှစ်မှာ ကျမ ဘွဲ့လက်မှတ်သွားထုတ်ပါတယ်။ ကျောင်းကြီးက ခြောက်ကပ် တိတ်ဆိတ် နေပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့
စာသင်ခန်းတွေဟာ ပိုးမျှင်တွေ၊ ပင့်ကူအိမ်တွေနဲ့ပါ။ အာဏာရှင်တွေက ကျောင်း သားလူငယ်တွေ စုဝေးပြီး ပညာသင်ကြားမှာကို ကြောက်ရွံ့နေပါတယ်။ ဒါကြောင့်
သမိုင်းအဆက်ဆက် တော်လှန်ရေးနဲ့ ရင့်ကျက်ခဲ့တဲ့ ကျောင်းတော်ကြီးကို သုတ်သင်ခဲ့တာပေါ့။ ဒါပေမဲ့ သမိုင်းဆိုတာကို အဲလိုနည်းနဲ့ ညှိုးမှိန်အောင်လုပ်လို့
မရပါဘူး။ သမဂ္ဂကြီးကို ဖြိုဖျက်လိုက်ပေမဲ့ မပျက်ယွင်းတဲ့ သမဂ္ဂစိတ်ဓါတ်နဲ့ တက္ကသိုလ်မှာရေးခဲ့တဲ့ ခေတ်အဆက်ဆက် ဆန့်ကျင်တော်လှန်မှုတွေကတော့
ထင်ကျန်ရစ်နေအုန်းမှာပါ။
ခင်ငြိမ်းသစ်
ဓါတ်ပုံများကို နစ်နေမန်း ဘလော့ခ်မှာ ကူးယူဖေါ်ပြပါတယ်
ဦးသန့် (၁၀၂) နှစ်မြောက်မွေးနေ့ သံလျင်မြို့
Posted by admin on January 22, 2011 0 Comment
http://www.naytthit.net/

စစ်တပ် လွှတ်တော်ကိုယ်စားလှယ် စာရင်းထုတ်ပြန်ကြေညာပြီ


Submitted by Karen Information Center on Saturday, 22 January 2011No Comment
ဇန်န၀ါရီလ ၂၁ရက်။ စောခါးစူးညား (ကေအိုင်စ)ီ
မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပတော့မည့် ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေးအတွက် လွှတ်တော် ၃ရပ် တွင် ပါဝင်ရမည့် တပ်မတော်
ကိုယ်စားလှယ်အမည်စာရင်းကို စစ်အစိုးရက ယခုဇန်န၀ါရီလ ၂၀ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
လာမည့်ဇန်န၀ါရီလ ၃၁ရက်နေ့တွင် ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူမည်ဖြစ်သည့်အတွက် ယမန်နေ့က ထုတ်ပြန် လိုက်သည့် စာရင်းအရ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ဦးနှင့် ပြည်နယ်(သို့မဟုတ)် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
၂၂၂ဦးတို့ ပါရှိသည်။
ကြေညာချက်၌ လွှတ်တော် ၃ခုအနက် ပြည်နယ်(သို့မဟုတ)် တိုင်းဒေသကြီးအတွင်း ပါရှိသည့် လွှတ်တော်ကိုယ်စား လှယ်များသည် ပြည်နယ်နှင့်တိုင်း
အကြီးအငယ်အပေါ် မူတည်၍ လူဦးရေသတ်မှတ်ထားရာ ကရင်ပြည်နယ်၌ ၆ဦး ပါရှိပြီး ၎င်းတို့မှာ ဗိုလ်မှူးချုပ်ဇော်မင်း၊ ဗိုလ်မှူးကြီးအောင်လွင်၊ ဗိုလ်မှူးထွန်းထွန်းဦး
ဗိုလ်ကြီးမြင့်ကို၊ ဗိုလ်ကြီးနေလင်း အုပ်နှင့် ဗိုလ်ကြီးဇော်မင်းတို့ ဖြစ်သည်။
နအဖ၏ ကရင်ပြည်နယ် စစ်တပ် လွှတ်တော်ကိုယ်စားလှယ်နှင့်ပတ်သက်၍ PSDP ဖားအံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းစေအွာက “အခု
ဒီတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၆ဦးဟာ ကရင်ပြည်နယ်က တိုင်း ရင်းသားပါတွေ အားလုံး ပြည်နယ်လွှတ်တော်က ၁၄ဦး၊ လူမျိုးစုလွှတ်တော်က
၃ဦးနဲ့ ဒီလ ၃၁နေ့မှာ နေပြည်တော်မှာ လွှတ်တော် အစည်းအဝေးလို ကရင်ပြည်နယ်မှာလုပ်မဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ လာတက်ရမှာပေါ့။ ဖွဲ့
စည်းပုံအရ သူတို့ကတော့ မဲဝင်ပြိုင်စရာမလိုဘဲ အလိုလို လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့သူတွေပေါ့နော်။”ဟု ကေ အိုင်စီကို ပြောသည်။
ထို့အပြင် ပြည်နယ်(သို့မဟုတ)် တိုင်းဒေသကြီး စစ်တပ်လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ပြည်နယ်နှင့် တိုင်း ၇ခုရှိ သည့်အနက် အနည်းဆုံးမှာ
ကယားပြည်နယ်(လွှတ်တော်ကိုယ်စားလှယ် ၅ ဦး)နှင့် အများဆုံးမှာ ရှမ်းပြည်နယ် (လွှတ် တော်ကိုယ်စားလှယ် ၃၆ဦး)တို့ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရသော ပြည်နယ်(သို့မဟုတ)် တိုင်းဒေသကြီးနှင့် လူမျိုးစု လွှတ်တော်ကိုယ်စား လှယ်မှအပ ကျန်သည့် ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် နေပြည်တော်၌ ပြုလုပ် မည့် လွှတ်တော်အစည်းအဝေးကို တက်ရောက်ရမည်ဟု သိရသည်။

http://www.kicnews.org/

Saturday, 22 January 2011


ပြန်ပေးဆွဲခံ မြန်မာသင်္ဘောသားများပြန်လည်လွတ်မြောက်
Object 1

-WFWW-

ဆိုမားလီးပင်လယ်ဓားပြများ ပြန်ပေးဆွဲထားတဲ့ ဓာတုဗေဒကုန်တင်သင်္ဘော Samho Jewelry ကိုတောင်ကိုရီးယား အထူးကွန်မန်ဒိုအင်အား ၃၀၀ လိုက်ပါလာတဲ့


တောင်ကိုးရီးယားရေတပ်ရဲ့ ဖျက်သင်္ဘော Choi Young က စီးနင်းတိုက်ခိုက် သုတ်သင်လိုက် ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး
လီဆမ်ဟိုက သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုခဲ့ပါသည်။

ဒီ လျှို့ဝှက် ချေမှုန်းသုတ်သင်ရေး စစ်ဆင်ရေးကို အယ်ထ်ဒန်ပင်လယ်ကွေ့ အာရုဏ်ဦး လို့ အမည်ပေးခဲ့ပြီး၊ ဆိုမားလီးပင်လယ်ကွေ့မှာ စောင့်ကြည့်


ကင်းလှည့်နေကြတဲ့ အခြားနိုင်ငံများရဲ့ ရေတပ်အကူအညီဖြင့် ပြန်ပေးဆွဲခံ သင်္ဘောနှင့် သင်္ဘောသားများအား အောင်မြင်စွာ ကယ်တင်နိုင်င်ခဲ့ကြောင်း
ဒုဗိုလ်ချုပ်ကြီး လီဆမ်ဟိုက ထုတ်ဖော်ပြောဆို ခဲ့ပါသည်။

တောင်ကိုးရီးယားရေတပ် အထူးကွန်မန်ဒိုတပ်ဖွဲ့ ရဲ့ ၅နာရီကြာ စစ်ဆင်ရေးမှာ သင်္ဘောရဲ့ ရေယာဉ်မှူး ၀မ်းဗိုက်မှာ ဒဏ်ရာရခဲ့ပြီး၊ ဆိုမားလီယား ပင်လယ်
ဓားပြရှစ်ဦး သေကာ၊ ငါးဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း Yonhap news agency က သတင်းမှာဖော်ပြထား ပါတယ်။

တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်က တောင်ကိုးရီးယား နိုင်ငံသားတွေကို အခုလို အကြမ်းဘက်တိုက်ခိုက်မှုမျိုးကို ဘယ်တော့မှ သည်းညည်းမခံဘူးလို့


ပြောဆိုခဲ့ပြီး ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့သူအားလုံးကို ချီးကျူးပြောဆိုခဲ့တယ်။

ပြန်ပေးဆွဲခံထားခဲ့ရတဲ့ Samho Jewelry သင်္ဘောပေါ်မှာ တောင်ကိုရီးယား သင်္ဘောသား ၈ ယောက်၊ အင်ဒိုနီးရှား ၂ ယောက် နှင့် မြန်မာ သင်္ဘောသား ၁၁
ယောက် ပါရှိပြီး၊ သူတို့အားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။

at 01:40 0 comments
Thursday, 20 January 2011
တရုပ်ပြည်က တနှစ်ကို ကျောင်သား တသိန်းခွဲ အမေရိကန် ကို လာရောက်သင်ယူနေချိန်မှာ မြန်မာ ကျောင်းသားတွေဟာ စစ်ကျွန်ပညာရေးစနစ်မှာ
အောက်ပါအတိုင်း ဖြစ်နေရတယ်။

ကျောင်းအမည် - အ.ထ.က(၁) ဗဟန်း

ကျောင်းအုပ် - ဒေါက်တာ ဒေါ်နွယ်နီလွင်


ပညာရေးမှူး - ဒေါ်မြင့်မြင့်ကြည်

မြို့ - ရန်ကုန်မြို့

အထက်ပါကျောင်းမှ ချမှတ်လိုက်သော လုပ်ရပ်များသည် လူမဆန်လွန်းသည် ထင်သည်။ဒဿမတန်း( တက္ကသိုလ်ဝင်တန်း ) တွင် အစိုးရထံ


ဖြေဆိုခွင့်တင်ပြီးသားကျောင်းသား/ကျောင်းသူ အချို့ကို ကျောင်းစည်းကမ်းဖောက်ဖျက်ခြင်း၊ ၇၅ရာခိုင်နှုန်းမပြည့်မှီခြင်း မဟုတ်ပါဘဲ လျက်
ကျောင်းလပတ်စာမေးပွဲတွင်မဖြေဆိုနိုင်ရုံမျှဖြင့် တစ်ခုတည်းကို အကြောင်းပြကာ အစိုးရစာမေးပွဲ
ဖြေဆိုခွင့်ကို ပိတ်ပင်လိုက်ကြောင်း သိရသည်။ကျောင်းသားမိဘများထံ လက်မှတ်ထိုးစေပြီး အချို့ကျောင်းသားများကို တစ်နှစ်ရပ်နားပါရန်
တောင်းဆိုသည်ဟုဆိုသည်။ ယင်းအတွက် မကျေလည်ကြသော မိဘ၊ အုပ်ထိန်းသူများက တောင်းဆို၍ယင်းအချို့ ကျောင်းသားများ ကိုသာ လက်ကြိတ်ထိုး
ပြန်လက်ခံနေပြီး အချို့ကိုပိတ်ပင်ထားမြဲ ဖြစ်သည်ဟု ကြားသိရပါသည်။ယင်းသို့ ထုတ်ပယ်ထားခြင်းခံရသော ကျောင်းသား ကျောင်းသူများအနက်
စာရင်းကောက်ယူရရှိသော အမည်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

၁။ မောင်မျိုးဇော်
၂။ မောင်အောင်ကျော်ဝင်း
၃။ မောင်ချစ်ဟိန်းထွဋ်

၎။ မောင်အာကာဖြိုး
၅။ မောင်ဇော်ဝင်းထွဋ်
၆။ မောင်ဟိန်းမင်းဝင်း

၇။ မောင်ဟိန်းမင်းလင်း
၈။ မောင်ရဲလင်းထက်
၉။ မောင်သူရသိန်းဇော်

၁၀။မောင်ဥာဏ်ဝင်းထွဋ်
၁၁။မနီနီလှိုင်
၁၂။မအိမ့်မြင့်ချယ်

၁၃။မချိုချိုမြင့်
၁၄။မဖြူနှင်းဝေ
၁၅။မနှင်းနန္ဒာထွန်း

ယင်းကောက်ယူရရှိသည့် တစ်ဆယ့်ငါးဦးအနက်၊ မောင်မျိုးဇော်၏ ကျောင်းဝင်အမှတ်မှာ -၃၁၀/၀၉ ဖြစ်ပြီး အဆိုပါကျောင်း၏ ဒဿမတန်း ( ဃ )


တွင်ပညာသင်ကြားနေသူဖြစ်သည်။ အတန်းပိုင် ဆရာမ အမည်- ဒေါ်ဝင်းမာ ဖြစ်သည်။ကျောင်းသား၏ မိဘအုပ်ထိန်းသူများမှာ - အဖ ဦးဌေး နှင့် အမိ
ဒေါ်နွယ်ဖြစ်ပြီး ၊ မွေးသက္ကရာဇ် - ၁၃.၁.၁၉၉၄ ဖြစ်သည်။ ပြီးခဲ့သည့်လပတ်ကျောင်းစာမေးပွဲတွင် ဖြေဆိုရရှိသော
အမှတ်မှာ
မြန်မာစာ - ၃၂ မှတ်။
အင်္ဂလိပ်စာ- ၁၈ မှတ်
သင်္ချာ - ၁၅ မှတ်။
ဓာတုဗေဒ - ၁၆ မှတ်။
ရူပဗေဒ - ၂ မှတ်။

ဘောဂဗေဒ - ၃၉ မှတ်။ တို့ ဖြစ်ကြပါသည်။

ကျောင်းစည်းကမ်းစည်းမျဉ်းလည်းဖောက်ဖျက်ထားခြင်းမရှိသော၊ ပညာရေးဌာနမှ ချမှတ်ထားသောစည်းမျဉ်းတစ်ခုဖြစ်သည့် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းလည်း


ပြည့်မှီသောကျောင်းသူကျောင်းသားများကို "လပတ်စာမေးပွဲတို့တွင်မဖြေဆိုနိုင်သောကြောင့် အစိုးရတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်ဖြေဆိုနိုင်စွမ်း မရှ"ိ ဟူ၍ ဥပဒေမဲ့
အကြောင်းပြ ထုတ်ပယ်သည့် ယင်းကျောင်း၏လုပ်ရပ် မှန်ကန်မှု ရှိမရှိကို စာဖတ်သူတို့ တွေးယူဆင်ခြင်နိုင်ကြစေရန်နှင့်

အပြစ်မဲ့ထုတ်ပယ်ခံလိုက်ရသော ကျောင်းသားများ၏ အနာဂတ်မှာ ယင်းစီမံချက်ဖြင့်ပင်တစ်နှစ်ဟူ၍ အကြောင်းမဲ့ အညွန့်ကျိုးသွားကြရမည်လော။


ကျောင်းသားများ၏ကြိုးပမ်းခွင့်ကို မမြှင့်တင်ဘဲ နှိမ်ချသမှု ပြုကြသည့် ယင်းကျောင်းမှ ဆရာ၊ဆရာမများသည် "ကျောင်းဆရာ၊ ကျောင်းဆရာမ" ဟူသော
အမည်ပင် ခံယူထိုက်သလော ။ယင်းသို့သော ကျောင်းမျိုးကို ယခုတင် သွားရောက်စုံစမ်းနိုင်သည့် အလျောက်သိရှိကြပြီးပါက ဤသို့ပင်
လျစ်လျူရှုထားကြမည်လော ဆိုသည်ကိုမြန်မာပြည်သူပြည်သားများ၏ ပညာရေးကဏ္ဍအတွက် တစ်ထောင့်တစ်နေရာမှ တွေးဆကြပါစေရန် တင်ပြအပ်ပါသည်။

++++
ကျောင်သားတွေ ကျောင်းသားတွေ၊ ကျောင်းသားတွေ မင်ဒို့  ခေတ်ကို ငါဒို့ ရင်နာတယ်ဟေ့ ။
မင်းဒို့ ဒူးထောက်နေသမျှ ဒီလိုဖြစ်ရပ်တွေကိုရင်ဆိုင်နေရမှာပဲ။
http://komoethee.blogspot.com/
http://burmese.dvb.no/

သူ တိ.ု လို နိုင် ငံ ရေး အ ကျဉ်း သား မိ သား စု တွေ ဗ မာ ပြည် မှာ ဘယ် လော က် တောင် ရှိ သ လဲ (ပေးစာ)

Friday, January 21, 2011

ကို ထွန်းနိုင် မိန်းမ ဖော့ကန် ကား ဂိတ် မှာ ကလေး တစ် ဖက် နဲ. ဖရဲ သီး ရောင်း နေ ရ တယ် ကူ ညီ ချင် တဲ. လူ ရှိ မ လား Canada တို.
England တိ.ု မှာ?
သူ့ မ ကြည်. ရ တာ တော် တော် ပိန် သွား တယ် . သ နား ပါ တယ် ဗျာ!သူ တို. လို နိုင် ငံ ရေး အ ကျဉ်း သား မိ သား စု တွေ ဗ မာ ပြည် မှာ
ဘယ် လော က် တောင် ရှိ သ လဲ မ သိဘူး?
ကူ ညီ မဲ. လူ/ အ ဖွဲ့ ကို ရှာ လို. ရ ရင် ရှာပေး ပါ အုန်း....

ညီ လေး*********

......................................................................................

တိုက်ဆိုင်လာလို့ အရင်ကကိုထွန်းထွန်းနိုင်အကြောင်းပို့စ်လေးတခုတင်ဖူးတာပြန်လည်ဖေါ်ပြပေးပါတယ်။

19 နှစ်အကျဉ်းခံကိုထွန်းထွန်းနိုင်ရဲ့မိသားစုက.ို .ကိုမင်းကိုနိုင်တို့လိုအားပေးချင်တယ်ဆိုရင်
ဒီမှာလိပ်စာပါ။ ။
မအေးအေးသက်
အမှတ်၁၇၊ ဗောဓိညောင်ပင်လမ်း၊ဖေါ့ကန်ရပ်ကွက်၊အင်းစိန်မြို့၊ရန်ကုန်တိုင်း၊
ဖုန်း(တဆင်)့ 951 645638

ကျမ ချစ်တဲ့သူရဲကောင်း (သို )့ အညတြ ခွပ်ဒေါင်း

Saturday, December 13, 2008

မောင်..
မောင်က ကိုဂျင်မီ မဟုတ်။
ကျမက နီလာသိမ်း မဟုတ်။
တူညီတာက..နိုင်ငံချစ်စိတ်။
မတရားတာ မျိုသိပ်မရတဲ့စိတ်။

မောင်ရဲ့ ဥပဒေမဲ့ ဖိနှိပ်တာ ငုံ့ မခံတတ်တဲ့စိတ်..


ဘယ်သူမှ ကြိုးချည်လို့ မရဖူး။

မောင်ရဲ့ အမှန်တရားကို မြတ်နိုးတဲ့စိတ.် .


ဘယ်သူမှ ချော့သိပ်လို့ မရဖူး။

ဓမ္မကို လိုလားလို့ 
အဓမ္မများကို ချေမှူန်းတဲ့ အခိုက.် .
ထောင်တွင်း (၁၉)နှစ် အကျဉ်းချခံရ..
ဒေါင်းပျိုရဲ့ သွေး၊ မာန် ဘယ်မကျ..
အသေခံ ဆက်လက် ခွပ်မဲ့ပွဲ..
မောင်ရေ..
စိတ်မပူနဲ့ 
ကျမ်းမာအောင်သာ ဂရုစိုက်
မိသားစုနဲ့ဝေးတဲ့ အခိုက.် .
ရောက်ရာ အဝေးကြီးက "ထောင်"
စိတ်ကိုသာ ဆောင်ပါမောင်။

ကျမရဲ့ ကားဂိတ်က ဈေးဆိုင်ကလေး..


ချိုမြတဲ့ ဖရဲသီးစိတ် ဘန်းကလေး..
သားနဲ့ ကျမ
ထမင်းလေး ဆီဆမ်းစားနိုင်ကောင်းပါရဲ့။
ကျမ သားကလေး ဝလုံးလေး ဝိုင်းဝိုင်းရေး
သင်ပုန်းကြီးတော့ ကျေတန်ကောင်းပါရဲ့။

နိုင်ငံရေး လှုပ်ရှားသူ လင်တော်ခဲ့တဲ့ ကျမ..


ကျမလေ...အာဇာနည်ရဲ့ မိန်းမ.
အကျဉ်းကျလည်း မကြောက်..
ရှင်ကွဲခွဲ ခြောက်လည်း..မကြောက်
ဥကျင်း က
ဒေါင်းသားပေါက်အတွက်.
အားမာန်နဲ့  ကြိုးစား.
ကျမ ပြုစုသွားမယ်
မောင်ရယ် အားမငယ်နဲ့ 

ဒေါင်းအမျိုးဆိုတာ…ရာဇ၀င်မညှိုးဖူး
ဒေါင်းအဖေ…ဒေါင်းအမေ
ဒေါင်းသားလေး ဒေါင်းသမီးလေးတွေ
သတ္တိသွေးရဲရ.ဲ .
ကျမတို့ ရမဲ့ တနေ့  အောင်ပွဲ။

မောင်
ကောင်းကင်မှာ
ကြယ်စင်တွေ အများကြီးရှိတယ်.
မောင်ဟာ မှိန်တလင်းအရောင်ပေးပေမဲ့
ကြယ်စင်ဟာ ကြယ်စင်ပါဘဲ

မောင်
မြန်မာပြည်မှာ..
ကိုယ်ကျိုးစွန့်ခဲ့တဲ့ အာဇာနည်တွေ အများကြီးရှိတယ်.
မောင်ဟာ အညတြပေမဲ့
အာဇာနည်ဟာ အာဇာနည်ပါဘဲ

အညတြ အာဇာနည်..
မောင်ဟာ
ကျမရဲ့ ရာဇ၀င်ထဲက
ချစ်သော..သုရဲကောင်းစစ်သည်။

မသဒ္ဓါ (၁၂။၁၂.၂၀၀၈)
မောင်ရဲရင့်ငယ်ပြောပြသော ကိုထွန်းထွန်းနိုင် နှင့် ဇနီးသည် သားငယ်လေးအတွက် ဂုဏ်ပြုပါတယ်။

အညတယ ခွပ်ဒေါင်းများ
အင်းစိန်မြို့နယ် ဖေါ့ကန်ရပ်ကွက်တွင် နေထိုင်သော ကိုထွန်းထွန်းနိုင်ကို ပြီးခဲ့သည်လက စစ်ဏာရှင်များက ထောင်ဒဏ်၁၉ နှစ်ချမှတ်ခဲံ့ ပါတယ်။
အထက်တန်းကျောင်းသားထွန်းထွန်းနိုင်သည် ၈၈၈၈ မတိုင်ခင်ထဲက အင်း စိန်မြို့ နယ်တွင်းစည်းရုံးလှုံဆော်မှုများတွင်ပါဝင်ခဲ့ သည်။
အင်းစိန်မြို့နယ်တွင် ၈၈၈၈နေ့က ညနေ၃နာရီခွဲတွင် စတင်ဆန္ဒပြခဲ့ပြီး ထွန်းထွန်းနိုင်သည် ကျောင်းသားများကြား အဓိက ချိတ်
ဆက်ပေးခဲ့သူတဦး လည်း ဖြစ်သည်။ အရေးအခင်းပြီးသောအခါ NLD လူငယ်ဖြစ်လာသည်။ နအဖမှ NLD အပေါ်ဖိနှိပ်မှုများ စတင်ခဲ့ သည့်
အချိန်မှစ၍ အင်းစိန်မြို့နယ် NLD အမာခံအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၈၈မှ၂၀၀၈အတွင်း၎ကြိမ်အဖမ်းခံခဲ့ရပြီး ဒီတကြိမ် အပြစ်ဒဏ်
မှာအများဆုံးဖြစ်သည်။ အဖမ်းခံရချိန်တွင်ဇနီးဖြစ်သူနှင့် တနှစ်ခွဲအရွယ် သားငယ်တဦး ကျန်ရစ်သည်။ DVB နှင့်မေးမြန်းခန်း တွင် ဇနီးဖြစ်သူက
""ကားမောင်းထွက်သွားရာကပြန်မလာတော့တာ.. စုံစမ်းလို့လည်း
မရဖူး....နောက်ကြမှအဖမ်းခံရမှန်းသိတာ..သူလုပ်စာလေးပဲအားကိုးနေရတာ....ကလေး တဖက်နဲ့ လမ်း ထိပ်မှာ မုန့်ဗန်းလေးနဲ့ ရောင်းရင်း
အကိုပြန်အလာပဲ မျှော်နေရ တော့တာပါပဲရှင.် ....""
ပထမတွင် ၃နှစ်ချမှတ်ခံရပြီး ပြီးခဲ့သည့်လကထပ်တိုး၍စုစုပေါင်း၁၉နှစ်ချမှတ်ခံခဲ့ရသည်။ ယခုအခါ မိထ္ထီလာ ထောင်တွင် ကျခံနေရပြီး
ဇနီးဖြစ်သူမှာ ဖေါ့ကန်ကားမှတ်တိုင်တွင်ဖရဲသီးစိတ်ရောင်းရင်း လမ်း လျှောက် တတ်စအရွယ်သားငယ်လေးနှင့်အတူကျန်ရစ်ခဲ့သည်။
ဇနီးဖြစ်သူမှာလည်း တကြိမ် အဖမ်းခံရပြီး ဖြစ်ရာ ဒုတိယ နီလာသိန်းဖြစ်မလာဖို့ဆုတောင်းရန် မှတပါး။။
အညတယခွပ်ဒေါင်းများ အားဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။ ။ (ရဲရင့်ငယ် Blog မှ)
Posted in ပေးစာ by ရဲရင့်(ကနေဒါ)

You might also like