You are on page 1of 9

လူ့အခွင့်အရေးမြန်မာ့ကွန်ယက်

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်


Burma Network for Human Rights
လူ့အခွင့်အရေးရှုဒေါင့်မှ ဥပဒေရေးရာ သုံးသပ်ချက် စာတမ်း

၂၀၁၀ - ခုနှစ် ရွေးကောက်ပွဲအတွင်း ကျူးလွန်ခ့သ


ဲ ည့် ပြစ်မှုများအပေါ်
ျားအပေါ်
လူ့အခွင့်အရေးရှု
ရေးရှုဒေါင့်မှ ဥပဒေရေးရာ သုံးသပ်ချက် စာတမ်း

နိဒါန်း

၁။ မဲစာရင်း ပြုစုခြင်း။

၂။ မတရား မဲဆွယ်စည်းရုံးခြင်း။

၃။ မတရား ကြိုတင်မဲ ကောက်ခံခြင်း။

၎။ ကိုယ်စားပြု မဲပေးခြင်း။

၅။ မဲပေးရသည့် အနေအထား။

၆။ မတရား ဘက်လိုက်မှုများ။

၇။ မဲစာရင်း ရေတွက်ခြင်း။

၈။ မဲစာရင်း ထုတ်ပြန်ကြေညာခြင်း။

၉။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်ထားဆဲ အမှုများ။

၁၀။ ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်ချက်များနှင့် တရားစွဲဆိုမှုများ။

၁၁။ ဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာ မူများကို မလိုက်နာမှုများ။

၁၂။ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ထုတ်ပြန်ချက်။

နိဂုံး

1
လူ့အခွင့်အရေးမြန်မာ့ကွန်ယက်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်
Burma Network for Human Rights
လူ့အခွင့်အရေးရှုဒေါင့်မှ ဥပဒေရေးရာ သုံးသပ်ချက် စာတမ်း

နိဒါန်း

ရွေးကောက်ပွဲများသည် ဒီမိုကရေစီ နည်းလမ်းကျလျှင် ကျသလောက် လူထုထောက်ခံမှုကို ရနိုင်သည့် အစိုးရများ


ပေါ်ပေါက်လေ့ရှိပါသည်။ တရားနည်းလမ်းမကျဘဲ အတင်းအဓမ္မ ဓါးပြတိုက် တက်လာသည့် စစ်အစိုးရတိုင်းသည် ပြည်သူ
လူထုက ဖြုတ်ချခြင်းကို ခံကြရသည်ချည်းဖြစ်ပါသည်။ မဆလ တပါတီ စစ်အာဏာရှင် ဦးနေဝင်းအစိုးရကို ၈-လေးလုံး
လူထုအရေးတော်ပုံကြီးက ဖြုတ်ချခဲ့သည့်သမိုင်းက လတ်လတ်ဆတ်ဆတ်ပင် ရှိနေပါသေးသည်။ စစ်အစိုးရသည် ပါတီစုံဒီမို
ကရေစီစနစ်ကို မလွဲမရှောင်သာ လက်ခံလိုက်ရသည့်အခါ ကလိမ်ကကျစ်လှည့်ဖျားနိုင်ရန် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို
ကျင်းပပေးခဲ့ရသည်။ ရွေးကောက်ပွဲ ပြည်သူ့အောင်ပွဲက စစ်အုပ်စုထင်သလို ဖြစ်မလာသည့်အခါ မဲအပြတ်အသတ်ဖြင့် အနိုင်ရ
ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်အုပ်စုက သူကိုယ်တိုင် ထုတ်ပြန်ထားပြီး ဥပဒေများအား တခုမကျန် ချိုးဖောက်၍
အာဏာလွဲပေးခြင်း မပြုလုပ်သည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အရှက်မဲ့စွာ ဂတိဖေါက်ဖျက်သည့် စစ်အုပ်စုအဖြစ်
ရောက်ရှိသွားခဲ့သည်။
၁၉၉၀-ခုနှစ် မေလ (၂၇) ရက်နေ့တွင် ရွေးကောက်ပွဲရလဒ်ကို တရားဝင်အစိုးရပြန်တမ်းအဖြစ် နဝတစစ်အစိုးရက
ကြေညာပေးခဲ့သည်ကလွဲ၍ ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပရေး လုပ်ငန်းစဉ်များကို တောက်လျှောက်တိုက်ဖျက်ခဲ့သည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တိုက်ဖျက်ရေးအတွက် အတုအယောင် အမျိုးသားညီလာခံတရပ်ကို ၁၉၉၃-ခုနှစ် ဇန္နဝါရီလ
(၉) ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ထိုညီလာခံမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့သည်။ အတိုက်
အခံပါတီများမှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားများနှင့် ကိုမင်းကိုနိုင်အပါအဝင် ရှစ်လေးလုံးမျိုးဆက်
ကျောင်းသားလူငယ်များကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ယခုအခါ နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး
အကျဉ်း သား ၂၀၀၀ ကျော် ရှိနေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် လူ့အခွင့်အရေး ကြေညာစာတမ်း (U D H R) ပါ ပြဋ္ဌာန်း
ချက်များကို လေးစားလိုက်နာရပါမည်။ ဤကြေညာစာတမ်း အပိုဒ် ၂၁(၁) တွင် “တရားမျှတသော ရွေးကောက်ပွဲများမှ တဆင့်
လူတိုင်းသည် မိမိနိုင်ငံ၏ အုပ်ချုပ်ရေးတွင် ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များ
မှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။”ဟူ၍ လည်းကောင်း၊ အပိုဒ် ၂၁(၃) တွင် “ပြည်သူလူထု၏ ဆန္ဒသည် အုပ်ချုပ်မှု
အာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါ ဆန္ဒကို အချိန်ကာလ ပိုင်းခြား၍ တရားမျှတစွာ ကျင်းပသော ရွေးကောက်ပွဲများဖြင့်
ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့် ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို
လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့် ဖြစ်စေ ကျင်းပရမည်။”ဟုလည်းကောင်း
ဖော်ပြထားပါသည်။ နအဖ စစ်အုပ်စုအနေဖြင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတရပ်ကို ကျင်းပပေးနိုင်ခဲ့ခြင်း
ရှိမရှိကို လေ့လာသုံးသပ်ရန် လိုအပ်ပါသည်။
၂၀၀၈- ခုနှစ် တပြည်ထောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို နအဖ စစ်အုပ်စုမှ တဖက်သတ် ရေှးဆွဲပြီး နာဂစ်မုန်တိုင်းကျ
နေသည့်ကြားက အတင်းအဓမ္မ အတည်ပြုခဲ့သည်။ အခြေခံဥပဒေတွင် မည်သည့် အကြောင်းအချက်များပါရှိသည်ကိုပင်
ပြည်သူလူထု သိရှိခွင့်ရရန် ချပြရှင်းလင်းခြင်း တစုံတရာမျှ မပြုလုပ်ခဲ့ဘဲ ကိုယ့်ဖာသာကိုယ် တဖက်သတ် အတည်ပြု
ကြေညာခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပါ စစ်အုပ်ချုပ်ရေး ပုဒ်ထီးပုဒ်မများဖြင့် စရွေးကိုက် ပြဋ္ဌာန်းလာသည့် ၂၀၁၀
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို ဖော်ပြခဲ့သည်။ ဤဥပဒေများဖြင့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က
နအဖ စစ်အုပ်စု၏ရွေးကောက်ပွဲကို ကျင်းပပြီးစီးသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပါတီစုံရွေးကောက်ပွဲများအနက်

2
လူ့အခွင့်အရေးမြန်မာ့ကွန်ယက်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်
Burma Network for Human Rights
လူ့အခွင့်အရေးရှုဒေါင့်မှ ဥပဒေရေးရာ သုံးသပ်ချက် စာတမ်း

တရားနည်းလမ်းမကျဆုံး၊ လူ့အခွင်
င့အ် ရေး အချိုးဖောက်ဆုံး ရွေးကောက်ပွဲအဖြစ် မှတ်တမ်းတင်နင်
ုိငေ
် ကြာင်း အောက်ပါ
ခေါင်းစဉ်များအလိုက် တင်ပြအပ်ပါသည်။

၁။ မဲစာရင်း ပြုစုခြင်း
မြန်မာနိုင်ငံတွင် လူဦးရေ သန်းခေါင်စာရင်းကို ၁၉၈၃ ခုနှစ် မတ်လ ၃၁ ရက်နေ့က နောက်ဆုံး ကောက်ယူခဲ့သည်။
ထိုစာရင်းအရ စုစုပေါင်း လူဦးရေ (၃၅၄၄၂၉၇၂)ဦး ရှိသည်။ အနီးကပ်ဆုံး ၁၉၉၀ ခုနှစ် မေလ ပါတီစုံ အထွေထွေ ရွေးကောက်
ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စုစုပေါင်း လူဦးရေမှာ (၂၀၈၁၈၃၁၃)ဦး ရှိခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူ
ပွဲတွင် ဆန္ဒပေးခွင့်ရှိသူ စုစုပေါင်းဦးရေ (၂၇၈၂၈၈၂၇)ဦး ရှိသည်ဟု နအဖ စစ်အစိုးရက ကြေညာသည်။ ယခု ၂၀၁၀ ခုနှစ် နိုဝင်
ဘာလ ၇- ရက် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ဦးရေ (၂၉၀၂၁၆၀၈)ဦး ရှိသည်ဟု နအဖ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပါသည်။ ၁၉၈၃-ခုနှစ်နောက်ပိုင်းတွင် တိကျသည့် သန်းခေါင်စာရင်းကောက်ယူမှု
မရှိတော့သဖြင့် အထက်ဖော်ပြပါစာရင်းသည် ဆန္ဒမဲပေးနိုင်သည့် လူဦးရေစာရင်း အတိအကျ ဖြစ်ပါသည်ဟု အတည်ပြုရန်
အလွန်ခက်ခပါသည်
ဲပါသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် အမှန်တကယ် မဲပေးနိုင်သူ စာရင်းမှာ စုစုပေါင်း တထောင်ကျော်
ရှိပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော မဲစာရင်းမှာ စုစုပေါင်း သုံးထောင်ကျော် ဖြစ်နေသည့်အတွက် နှစ်ဆခန့်
ကွာဟနေကြောင်း အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်လှိုင်ဝင်းက ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိသည့်အနက် မဲပေးနိုင်သည့် ဦးရေမှာ ၂၉ သန်းကျော်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ (မြတ်ကျော်၊ အောက်တိုဘာ၊ ၂၆၊ ဧရာဝတီ)
အထက်ပါ သတင်းဖော်ပြချက်စာရင်းအရ နှစ်ဆခန့်ပိုပြထားသော စာရင်းမှာ လုံးဝမှားယွင်းနေကြောင်း တွေ့ရပါသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ (နအဖ ဥပဒေအမှတ်-၃/၂၀၁၀) ပုဒ်မ-၁၃ တွင် “လွှတ်တော် ကိုယ်စားလှယ်
များကို ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများကို သတ်မှတ်ထား
သည့်အတိုင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲတို့က ပြုစုရမည်။”ဟု
ဖော်ပြထားသည်။
စနစ်တကျ သန်းခေါင်စာရင်း ကောက်ယူထားမှု မရှိခြင်း၊ အထက်တွင်ဖေါ်ပြထားသော ဥပဒေပါအတိုင်း မြို့နယ်နှင့်
ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်များမှ မဲစာရင်းများကို ကောက်ခံပြီး ပြုစုထားမှု မရှိခြင်းနှင့် သတင်းဖော်ပြချက်များအရ မဲပေး
နိုင်သူ
သစာရင်

ူာရင်း ပိမု
ုမို ပြထားကြောင်းကို ပေါ်လွင်စွာ တွေ့ရှိရပါသည်။
အထက်ပါ လုပ်ရပ်အားလုံးကို သက်ဆိုင်ရာကော်မရှင် အားလုံးက ဖောက်ဖျက်ကျူးလွန်းထားခြင်းဖြစ်၍ အဓိက ဥပဒေ
ပုဒ်မ-၁၃ ကို မူလကပင် ပြင်မရသောအမှားအဖြစ် ချိုးဖောက်ထားပြီး ဖြစ်ပါသည်။
ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်းခေါင်းစဉ်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာ
ချက်အမှတ် (၉၉/၂၀၁၀)အရ မြို့နယ် ၉ မြို့နယ်ရှိ ကျေးရွာများ၊ ကြေညာချက် အမှတ် (၁၀၀/၂၀၁၀) အရ မြို့နယ် ၂ မြို့နယ်ရှိ
ကျေးရွာများ၊ ကြေညာချက်အမှတ် (၁၀၁/၂၀၁၀) အရ မြို့နယ် ၇ မြို့နယ်ရှိ ကျေးရွာများ၊ ကြေညာချက်အမှတ် (၁၀၂/၂၀၁၀)
အရ မြို့နယ် ၂ မြို့နယ်ရှိ ကျေးရွာများ၊ စုစုပေါင်း မြို့နယ် ၂၀ ရှိ ကျေးရွာများကို ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်မြေ
များအဖြစ် ကြေညာထားသဖြင့် ထိုကျေးရွာများရှိ ပြည်သူလူထု၏ မဲစာရင်းများကို ပယ်ဖျက်ပြီး ဖြစ်ရပါမည်။ သက်ဆိုင်ရာ
မဲစာရင်းများကို အတိအကျ ဖော်ပြထားနိုင်ခြင်းမရှိဘဲ ရွေးကောက်ပွဲကျင်းပခြင်းသည် စာရင်းဇယား ကိန်းဂဏန်း မှားယွင်း
ချွတ်ချော်မှုကို ဖြစ်ပွားစေပါသည်။

3
လူ့အခွင့်အရေးမြန်မာ့ကွန်ယက်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်
Burma Network for Human Rights
လူ့အခွင့်အရေးရှုဒေါင့်မှ ဥပဒေရေးရာ သုံးသပ်ချက် စာတမ်း

ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် တိကျသည့် မဲပေးနိုင်သူစာရင်းမရှိသည့်အတွက်၊ ထိုအချက်ကပင် ရွေးကောက်ပွဲ


အပေါ်ယု
အပေါ်ယုံကြည်
ကည်မှုကို ပျက်ပြားသွ
ပားသွားစေပါသည်
းစေပါသည်။

၂။ မတရား မဲဆွယ်စည်းရုံးခြင်း
(၁) ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် အများပြည်သထ
ူံမှ ကောက်ခံထားသည့် ရန်ကုန်
မြို့တော် စည်ပင်သာယာရေးအဖွဲ့ပိုင် ငွေကြေးများဖြင့် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးအသင်းက ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲပေးရန် ကြိုတင်
မဲဆွယ်ပွဲများ ပြုလုပ်နေကြောင်း သိရှိရပါသည်။ (ခေတ်ပြိုင် သတင်းစဉ် ၂၀၀၉ ခုနှစ် မတ်လ ၂၇)
(၂) တပ်မတော် စာရင်းစစ်ချုပ် ဗိုလ်ချုပ် လွန်းမောင်သည် ဗန်းမော်မြို့ ဖိုးဒေဝ ကျေးရွာသားများကို ငွေနှင့်
လက်ဆောင်ပစ္စည်းများပေး၍ မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရှိရသည်။ (မဇ္ဈိမ သတင်း၊ ၂၀၀၉ ခုနှစ် ဧပြီလ ၆)
(၃) စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းသည်လည်း ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များကို အကြောင်းအမျိုးမျိုး
ပြ၍ အလှူငွေများ ပေးအပ်လှူဒါန်းကာ စည်းရုံးလျှက်ရှိကြောင်း သိရှိရသည်။ (အစိုးရပိုင် သတင်းစဉ်များ)

အထက်ပါအတိုင်း နအဖ အစိုးရ ဝန်ကြီးများကိုယ်တိုင် အဂတိလိုက်စား မဲဆွယ်စည်းရုံးခြင်းများသည် ပြစ်မှုဆိုင်ရာ


ဥပဒေအခန်း ၉ တွင်ပါရှိသည့် ‘ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ’ ခေါင်းစဉ်ပါ ပုဒ်မ- ၁၇၁ (ခ) လာဘ်ပေး၊ လာဘ်ယူ ပြုလုပ်ခြင်း
ပြစ်မှုကို ကျူးလွန်ခြင်းဖြစ်ပါသည်။

၃။ မတရား ကြိုတင်မဲ ကောက်ခံခြင်း


(၁) ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့စွဲဖြင့် ဦးခင်မောင်ဝင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ အမျိုး
သားဒီမိုကရေစီအင်အားစု)၊ ဦးချစ်ဝင်းအေးနှင့် ဦးအုန်းလွင်တို့ စုပေါင်းကာ ဘိုကလေးမြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌထံ လိပ်မူ
ပို့သည့်စာအရ ပေါ်ပေါက်သည့် အဓိကအချက်များမှာ-
- မြို့မ (၇) ရပ်ကွက်တွင် ကြိုတင်မဲများကို ရက်သတ္တပတ် တစ်ပတ်ကြိုတင်ကောက်ခံခြင်း၊
- ကြိုတင်မဲ ထည့်နေသူများသည် ကြိုတင်မဲ ထည့်သင့်သူများ မဟုတ်ခြင်း၊
- ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး တစ်ဦးက မဲရုံတွင် တာဝန်မရှိဘဲ ကိုယထ
ိလက်ရောက်ပါဝင် ဆောင်ရွက်နေခြင်း၊
- ဟေမန်ကျေးရွာအုပ်စု၊ ကျူံလွှတ်ကျေးရွာ မဲရုံတွင် မဲမပေးရသည့် သူဌေးကုန်းရွာသား မူဆလင်လူမျိုး (၂၀)၊ ကျေးရွာ
သား ဗမာလူမျိုး (၆၀)တို့အတွက် ရယက အဖွဲ့ဝင် ဦးမျိုးဝင်းမှ ကြိုတင်မဲ ပေးခဲ့ခြင်း၊

(၂) ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့စွဲဖြင့် ဦးစိုးမြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှုယ်လောင်း၊ အမျိုးသား


ဒီမိုကရေစီအင်အားစု၊ ပုသိမ်မြို့နယ် မဲဆန္ဒနယ်မြေ၊ ဧရာဝတီတိုင်းဒေသကြီး)မှ ကြိုတင်မဲကိစ္စဖြင့် ဧရာဝတီတိုင်းဒေသကြီး
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌထံ လိပ်မူကာ တိုင်ကြားထားချက်အရ ပေါ်ပေါက်သည့် အဓိက အချက်များမှာ-
- ပုသိမ်မြို့ မှန်စက်ရုံရှိ ဝန်ထမ်းနှင့် ပညာရေးကောလိပ်ရှိ ဝန်ထမ်းများမှာ မဲရုံမှူးများရှေ့တွင် ကြိုတင်မဲများကို မိမိဆန္ဒ
အရ လွတ်လပ်စွာ အမှန် ရေးခြစ်နိုင်ခဲ့ခြင်း မရှိခဲ့ခြင်း၊
- စက်ရုံဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများမှာ မိမိ၏မြို့နယ် မဲဆန္ဒနယ်မြေတွင် မဲမထည့်ခိုင်းဘဲ၊ အလုပ်လုပ်သည့်
နေရာတွင် ကြိုတင်မဲ ထည့်ခိုင်းခြင်းမှာ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှု မရှိခြင်း၊

4
လူ့အခွင့်အရေးမြန်မာ့ကွန်ယက်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်
Burma Network for Human Rights
လူ့အခွင့်အရေးရှုဒေါင့်မှ ဥပဒေရေးရာ သုံးသပ်ချက် စာတမ်း

အထက်ပါအခြေအနေများအတိုင်း ကြိုတင်မဲများကို ကောက်ခံခဲ့ခြင်းမှာ ကြိုတင်မများကု


ဲများကို မတော်မတရား ကောက်
များ
ခံခြင်းဖြစ်ကြောင်း ထင်ရှား ပေါ်ပေါက်ပါသည်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ (နအဖ ဥပဒေ အမှတ-် ၃/ ၂၀၁၀)
၂၀၁၀) ပုဒ်မ
၄၃ ပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက် ကျူးလွန်ခြင်း ဖြစ်သည်
သည်။
ရွေးကောက်ပွဲတွင် မလျှော်သြဇာသုံးမှု ကျူးလွန်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၁၇၁(စ) အရ ပြစ်ဒဏ်ချမှတ်ခြင်း ခံ
ထိုက်ပြီး၊ တရားရုံးသို့ တိုက်ရိုက်တရားစွဲဆိုခွင့် ရှိပါသည်။

၎။ ကိုယ်စားပြု မဲပေးခြင်
ပးခြင်း
ဦးခင်မောင်ဝင်း နှင့် ဦးစိုးမြင့် တို့၏ တိုင်ကြားသည့်စာများတွင် အောက်ပါအချက်များကိုလည်း တွေ့ရှိရပါသည်။
- ဇီးကုန်းမြို့နယ်၊ ချေပျိုမယ် မဲရုံတွင် မဲရုံမှူး ကျောင်းအုပ်ကြီး ဦးမျိုးမှ မဲမပေးတတ်လို့ မေးတဲ့လူကို မဲရုံမှူးက သူကိုယ်
တိုင် မဲခြစ်ပေးနေခြင်း၊
- ငွေဆောင်ကမ်းခြေ (၁) ရပ်ကွက် မဲရုံမှူး ဦးသန်းစိုးနှင့် အဖွဲ့ဝင် (၅) ဦးမှ မဲရုံတံခါးပိတ်၍ အဖွဲ့ဝင်တဦးမှ နောက်တိုး
မဲပေးသူ (၂၀၀) ရှိသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီသို့ ၎င်းကိုယ်တိုင် အမှန်ရေးခြစ်ကာ မသမာမှုပြုလုပ်ခဲ့ခြင်း။
- သဲကုန်းမြို့နယ်၊ မိုးခမ်းမဲရုံတွင် မဲဆန္ဒရှင် ဦးညို မှ ၎င်း၏သားဖြစ်သူ မောင်ဦးအတွက်ပါ ကိုယ်စားမဲ ပေးနေခြင်း။

အထက်ပါအတိုင်း ကိုယ်စားပြုမဲပေးခြင်းမှာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၄၃)


၄၃) အရ ‘ကိုယ်စားပြု မဲမပေးရ၊’
ပေးရ၊’ဆိုသော
ဥပဒေပြဋ္ဌာန်
ဥပဒေပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်ပါသည်။

၅။ မဲပေးရသည့် အနေအထားများ
- ဘိုကလေးမြို့နယ် ကော်မရှင်သို့ ဦးအုန်းလွင်၏ တိုင်ချက်တွင် - ပြည်ခိုင်ဖြိုးပါတီက မဲရုံတွင် တာဝန်မရှိဘဲ ကိုယ်ထိ
လက်ရောက်ပါဝင် ဆောင်ရွက်နေခြင်း၊ မဲစာရင်းများ မထုတ်ပေးခြင်း၊ ကြိုတင်မဲ ထည့်နေရသူများမှာ ကြိုတင်မဲ ထည့်
သင့်သူများ မဟုတ်ခြင်း၊ လူတဦးတည်းက မိသားစု ၅-ဦးအတွက် ကိုယ်စားပြု မဲထည့်ခြင်း၊ အသက် (၉)နှစ်ခန့် ခလေး
ငယ်တဦးက ပုဂ္ဂိုလ် ၂-ဦး အတွက် ဆန္ဒမဲ ပေးခဲ့ခြင်း၊ မဲရုံနှင့် ကိုက(် ၅၀၀) အတွင်း လက်နက်ကိုင် အဖွဲ့အစည်း
ချထားခြင်းနှင့် နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားမှုများ ရှိနေခြင်း၊ လျှို့ဝှက်မဲပေးစနစ်မှာ လုံခြုံစိတ်ချရမှု မရှိခြင်းတို့
ပါဝင်သည်။
- ဦးခင်မောင်ဝင်း၏ တိုင်ကြားချက်တွင် သဲကုန်းမြို့နယ် ကျားနီအလကမှာ ဖွင့်ထားသော မဲရုံတွင် မဲဆန္ဒရှင် မနေ
ခြည်သွင်က ပြည်သူ့လတ
ွှ်တော်မဲပေးတဲ့နေရာမှာ နှစ်ကြိမ်ထုတ်ကြောင်း၊ အမျိုးသားလွှတ်တော်မှာလည်း နှစ်ရွက်
ထုတ်တာကို မျက်မြင်ကိုယ်တွေ့ဖြစ်ကြောင်းတို့ ပါရှိပါသည်။
- ဦးစိုးမြင့်၏ တိုင်ကြားစာတွင် - ပုသိမ်တက္ကသိုလ် ရယက (၃) မဲရုံ (၁)၌ အမျိုးသားဒီမိုကရေစီအင်အားစု အမှန်ခြစ်
ထားသော မဲစာရွက်ကို ရေတွက်သူထံ ပေးပြီးမှ ပြည်ခိုင်ဖြိုးပါတီဘက်သို့ ပြောင်းလဲ၍ ပေးခြင်း၊ မဲရေတွက်ရာတွင်
မသေချာမှုများ ရှိခဲ့ခြင်း၊ မဲစာရင်း အရေအတွက်ကို မထုတ်ပြန်တော့ကြောင်း ကြေငြာခြင်းတို့ ပါဝင်ပါသည်။

အထက်ဖော်ပြပါ အချက်အလက်များသည် ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပုဒ်မ-၄၄ အရ ‘တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲ


ပေးခွင့် မရှိစေရ။’
စရ။’ဆိုသော ပြဋ္ဌာန်
ပြဋ္ဌာန်းချက်နှင့် ပုဒ်မ-၄၃ အရ ‘ကိုယ်စားလှယ် စေလွှတ်၍ ဆန္ဒမဲ ပေးခြင်း မပြုရ။’
မပြုရ။’ ပြဋ္ဌာန်းချက်
ချက်တို့ကို
ဖောက်ဖျက်ခြင်း ဖြစ်သည်။

5
လူ့အခွင့်အရေးမြန်မာ့ကွန်ယက်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်
Burma Network for Human Rights
လူ့အခွင့်အရေးရှုဒေါင့်မှ ဥပဒေရေးရာ သုံးသပ်ချက် စာတမ်း

၆။ မတရား ဘက်လိုက်မှုများ
- ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တခြားပါတီများကို ဘာသာရေးအဆောက်အအုံများတွင် မဲဆွယ်
စည်းရုံးခွင့် မပေးဘဲ၊ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တပါတီတည်းကိုသာ မဲဆွယ်
စည်းရုံးခွင့်ပြုကြောင်း သိရှိရသည်။
ကြံ့ဖွံ့ပါတီသည် သြဂုတ်လ (၃၀) ရက်နေ့တွင် စစ်တွေမြို့၊ တရားစုရပ်ကွက် ဓမ္မာရုံတွင်လည်းကောင်း၊ စက်တင်
ဘာလ (၉) ရက်နေ့တွင် ကျေးပင်ကြီးရပ်ကွက် ဓမ္မာရုံတွင်လည်းကောင်း၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် သင်္ခါ
ရတနာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း မဲဆွယ်စည်းရုံးပွဲများ အသီးသီး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
(နိရဉ္ဖရာ သတင်း)

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဂ) တွင် ‘လူမျိုးရေးကို ဖြစ်စေ၊ ဘာသာရေးကို ဖြစ်စေ အကြောင်း
ပြ၍ ဆန္ဒမဲပေးရန် မစည်းရုံးရ။’
ရ။’ဆိုသော ဥပဒေပြဋ္ဌာန်
ဥပဒေပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ထားကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ပုဒ်မ
၈၂ (ဃ) ‘ဘက်မလိုက်ရခြင်း’ကုလည်
ိလည်း ဖောက်
ဖောက်ဖျက်ကျူးလွန်ထားပါသည်။

၇။ မဲစာရင်း ရေတွက်ခြင်း
- ငွေဆောင်မြို့နယ် အမှတ် (၄) ရပ်ကွက် ဘူးကွဲကြီးရွာ၊ မဲရုံအမှတ် (၂) တွင် မဲရေတွက်မှုကို ကြည့်ရှုရန် ဝင်ရောက်ခွင့်
တောင်းရာ မဲရုံ အပေါက်ဝတွင် စောင့်နေသည့် ပြည်သူ့စစ်မှ ဝင်ခွင့် မပေး၍ ပြန်လာရပါသည်။ မဲရေတွက်မှု မသမာမှု
များ ရှိခဲ့ပါသည်။ မဲရုံမှူးမှ (၆၃) ဦး ကြိုတင်မဲရှိကြောင်း ပြောပြီး ဖွင့်ဖောက်ကာ ရေတွက်ခြင်း မပြုဘဲ၊ ခြင်းများထဲ
ထည့်ပြီး ထုတ်ပိုးသွားပါသည်။
- ဦးစိုးမြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)၏တိုင်စာတွင် ‘အများပြည်သူ ရှေ့မှောက် မဲရေတွက်ခြင်း မရှိပါ၊’
ဟူ၍ ပါရှိပါသည်။
- ဦးခင်မောင်ဝင်း၏ တိုင်စာတွင် ‘မဲရလဒ်ကို သဘောတူကြောင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်အားလုံးက
လက်မှတ်ရေးထိုးရသည့် ပုံစံ (၁၉) ကို အခုအချိန်ထိ လက်မှတ်မထိုးရသေးပါ။’ဟု ပါရှိပါသည်။

အထက်ပါအတိုင်း မဲရေတွက်ခြင်းကို အများပြည်သူ ရှေ့မှောက်မရေတွက်ခဲ့ခြင်းမှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ


ဥပဒေ ပုဒ်မ- ၄၈ (ခ) ကို ဖောက်ဖျက်
ျက်ကျူးလွန်ခြင်း ဖြစ်သည်။

၈။ မဲစာရင်း ထုတ်ပြန်ကြေညာခြင်း
- မြန်မာ့အလင်း သတင်းစာ (၁၇-နိုဝင်ဘာ၊ ၂၀၁၀ ပြည့်နှစ်) အချပ်ပို (ဗ) တွင် ပြင်ဆင်ဖတ်ရှုရန်ခေါင်းစဉ်ဖြင့် (၁၃-၁၁-
၂၀၁၀) ရက်နေ့ထုတ် သတင်းစာ အချပ်ပို စာမျက်နှာ (ခ)၌ ဖော်ပြပါရှိသည့် အမှတ်စဉ် (၃၇) ကျောက်ပန်းတောင်း
မဲဆန္ဒနယ်၊ မဲဆန္ဒရှင် ဦးရေ ၁၅၂၆၁၄ (အစား) ၂၀၅၇၈၅ ဟုလည်းကောင်း၊ မဲပေးသူ ရာခိုင်နှုန်း ၁၀၀ (အစား) ၇၄.၁၆
ဟုလည်းကောင်း စသည်ဖြင့် အမှားပြင်ဆင် ဖတ်ရှုပါရန် ဖော်ပြထားခြင်း၊
- မြန်မာ့ အလင်းသတင်းစာ (၁၈-နိုဝင်ဘာ၊ ၂၀၁၀ ပြည့်နှစ်) စာမျက်နှာ ၈- တွင် ဖော်ပြချက်အား ပယ်ဖျက်ခြင်း စာလုံး
မဲဖြင့် ဖော်ပြချက်၌ အင်ဂျန်းရန် မဲဆန္ဒနုယ် (၂) သည် ပယ်ဖျက်ထားသော မဲဆန္ဒနယ်ဖြစ်၍ ကိုယ်စားလှယ်လောင်း
အမည် ဦးဘရန်ရှောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)ဟု ဖော်ပြချက်အားလည်းကောင်း၊ ဆွမ်ပရာဘွမ်

6
လူ့အခွင့်အရေးမြန်မာ့ကွန်ယက်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်
Burma Network for Human Rights
လူ့အခွင့်အရေးရှုဒေါင့်မှ ဥပဒေရေးရာ သုံးသပ်ချက် စာတမ်း

မဲဆန္ဒနယ် (၂) သည် ပယ်ဖျက်ထားသော မဲဆန္ဒနယ်ဖြစ်၍ ကိုယ်စားလှယ်လောင်းအမည် ဦးမုန်ပေါန်နော် (ပြည်


ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)ဟု ဖော်ပြချက်အားလည်းကောင်း ပယ်ဖျက်ပေးနိုင်ပါရန်ဟု ဖော်ပြထားခြင်း၊

အထက်ဖော်ပြပါ မှားယွင်းထုတ်ပြန်ချက်များက စာရင်းဇယား တိကျသေချာမှု မရှိကြောင်း တွေ့ရှိနိုင်ပါသည်။ ရရှိထား


သည့် ကြံ့ဖွံ့ပါတီ၏ မဲစာရင်းဇယားကို အယုံအကြည်မရှိ အဆိုတင် ကန့်ကွက်မှုများရှိလာပါသည်။

၉။ ရွေးကောက်ပဆု
ွဲဆိင
ုရာ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်ထားဆဲ အမှုများ
- တရားမဲ့ပြုကျင့်မှုများ ပုဒ်မ ၆၆ (ဃ)နှင့် (စ) တို့ပါ ကုန်ကျငွေစာရင်းများကို တင်သွင်းရန် ပျက်ကွက်မှုကို ရွေးကောက်
ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များ ကျူးလွန်ထားပါသည်။
- တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက်ပွဲဆိုင်ရာမူအရ မည်သို့ရွေးချယ်ထားကြောင်း
ဖော်ပြရန် လိုအပ်ပါသည်။ ပြည်သူသို့ တင်ပြရပါမည်။

၁၀။
၁၀။ ရွေးကောက်ပဆိ
ွဲဆုင
ိရာ ကန့်ကွက်ချက်များနှင့် တရားစွဲဆိုမှုများ
(၁) ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့စွဲဖြင့် ဦးခင်မောင်ဝင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း) အမျိုး
သားဒီမိုကရေစီအင်အားစု၊ ဦးချစ်ဝင်းအေး (တိုင်းဒေသကြီး လွှတ်တော်ကယ
ိုစားလှယ်လောင်း) အမျိုးသားဒီမိုကရေစီ
အင်အားစု၊ ဦးအုန်းလွင် (အမျိုးသားလွှတ်တော်ကိုယ်စားလှုယ်လောင်း) အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်တို့
စုပေါင်းကာ ဘိုကလေးမြို့၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌထံ လိပ်မူကာ “ဘိုကလေးမြို့နယ်တွင် ပြုလုပ်သော
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား အသိအမှတ်ပြုရန် ငြင်းဆိုခြင်း” ခေါင်းစဉ်ဖြင့် စာပို့ခဲ့ခြင်း။
(၂) ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဌမှ နေပြည်တော် ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌထံ လိပ်မူကာ “ရွေးကောက်ပွဲအတွင်း တရားမဲ့ပြုကျင့်မှုများအတွက် တရားနည်းလမ်း
အတိုင်း မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်ရန်” ခေါင်းစဉ်ဖြင့် တိုင်ကြားလွှာ ပေးပို့ခဲ့ခြင်း။
(၃) ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့စွဲဖြင့် ဦးစိုးမြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း) အမျိုးသားဒီမို
ကရေစီအင်အားစု၊ ပုသိမ်မြို့နယ် မဲဆန္ဒနယ်မြေ၊ ဧရာဝတီ တိုင်းဒေသကြီး) လက်မှတ်ဖြင့် ကြိုတင်မဲပေးခြင်းကိစ္စ
အတွက် ဧရာဝတီ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌထံ လိပ်မူကာ တိုင်ကြားခဲ့ခြင်း။
(၄) အန်ဒီအက်ဖ် ပါတီ ဖားကန့် ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာ က ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် တိုင်းမှူးဟောင်း
ဗိုလ်ချုပ်အုန်းမြင့် ကို တရားစွဲဆို တင်ပို့ထားခြင်း။
(၅) တသီးပုဂ္ဂလအမတ် ဦးစိန်လှက ကြံ့ဖွံ့ကိုယ်စားလှယ် လက်ရှိ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်ကို တရား
စွဲဆိုရန် ပြင်ဆင်နေခြင်း။
(၆) အန်ဒီအက်ဖ် ပါတီက အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ညွန့် က ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်
ဦးမြငြိမ်း ကို တရားစွဲဆိုဖို့ ပြင်ဆင်နေခြင်း။ (ထက်အောင်ကျော်။ ၂၁ ဒီဇင်ဘာ ၂၀၁၀။ ဒီဗွီဘီ)
(၇) ကိုအေးလွင် တို့ပါတီက ပဲခူးတိုင်းက ရဲစခန်းတွေမှာ တိုင်ကြားမှု ၁၂ မှု။ (ထက်အောင်ကျော် ၊ ၂၀ ဒီဇင်ဘာ ၂၀၁၀
ဒီဗွီဘီ)

အထက်ပါတိုက
ို့ ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်ချက်များနှင့် တရားစွဲဆိုမှုများအဖြစ်
ျား တွေ့ရှိရပါသည်။

7
လူ့အခွင့်အရေးမြန်မာ့ကွန်ယက်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်
Burma Network for Human Rights
လူ့အခွင့်အရေးရှုဒေါင့်မှ ဥပဒေရေးရာ သုံးသပ်ချက် စာတမ်း

၁၁။
၁၁။ ဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာ မူများကို မလိုက်နာမှုများ
(၁) ရွေးကောက်ပွဲဆိုင်ရာဥပဒေများတွင် လူတကိုယ် မဲတပြားစနစ်ကို ဆန့်ကျင်၍ ပုဒ်မ-၃၁ တွင် ‘တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ်စာရင်းကို သတ်မှတ်ထားသည့်အတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကော်မရှင်သို့
ပေးပို့လာသည့်အခါ ကော်မရှင်က အမည်စာရင်းကို စိစစ်၍ အများပြည်သူ သိရှိနိုင်ရန် ကြေညာရမည်။”ဟု
ဖော်ပြထားပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တဦးတယောက်တည်းက လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး (၂၅
ရာခိုင်နှုန်း) ရွေးချယ်ခွင့် ပေးထားခြင်းမှာ ဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာမူကို အတိအလင်း ချိုးဖောက်ခြင်းဖြစ်သည်။
(၂) ကြံ့ဖွံ့အသင်းကို ပါတီအဖြစ်ပြောင်းလဲကာ နအဖ စစ်အစိုးရ ပါတီထောင်ပေးပြီး နိုင်ငံတော်ဘဏ္ဍာ ငွေကြေး
အားလုံးကို အလွှဲသုံးစားပြုလုပ်ခွင့် ပေးထားခြင်းမှာ နိုင်ငံ၏ အကျင့်သိက္ခာ ပျက်ယွင်းမှုကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
တရားဥပဒေစိုးမိုးမှုကို လုံးဝ ဖောက်ဖျက် ကျူးလွန်လိုက်ခြင်း ဖြစ်သည်။
(၃) ပါတီစုံစနစ်ဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွန်း အားလုံးကို ကျောခိုင်းပြီး ကြံ့ဖွံ့ပါတီ တပါတီတည်းအတွက်
ဘက်လိုက်ကာ ဥပဒေများပြဋ္ဌာန်း၍ မတရားမှုများကို ကျူးလွန်ခြင်း ဖြစ်သည်။
(၄) အဆုံးဝါးဆုံး အယုံအကြည်မဲ့စေသည့် လုပ်ရပ်မှာ ကိုယ်ပြဋ္ဌာန်းထားသည့် ဥပဒေကို ကိုယ်ကိုယ်တိုင်
ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ထိုအချက်သည် အစိုးရ အဆက်ဆက်က အကျင့်ပျက်ခြစားမှုကို ဦးဆောင်ကျူးလွန်
စေပါမည်။

၁၂။
၁၂။ ကမ္ဘာကု
့ကလု သမဂ္ဂ
သမဂ္ဂ နှင်
င့် နိုင်ငံတကာမှ ထုတ်ပြန်ချက်
ကမ္ဘာ့ ကုလသမဂ္ဂတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက် ပွဲနှင့်
ပတ်သက်၍ ကန့်ကွက်ရှုတ်ချသော အဆိုတင်သွင်းမှုကို နိုဝင်ဘာလ (၁၈) ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ အဆိုကို ထောက်ခံသူ
(၉၆) နိုင်ငံ၊ ကန့်ကွက်သူ (၂၈) နိုင်ငံနှင့် ကြားနေသူ (၆၀) နိုင်ငံ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
နိုင်ငံတကာ၏ ဝိုင်းဝန်းကန့်ကွက် ရှုတ်ချမှုကို ယခုကဲ့သို့ခံရခြင်းမှာ ပြည်သူလူထုဆန္ဒကို တဖက်သတ် မျက်ကွယ်ပြု
ခဲ့ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သောကြောင့်ဖြစ်ကြောင်း ထင်ရှားစေပါသည်။

နိဂုံး
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေပညာရှင်များအဖွဲ့က ထုတ်ပြန်ဖြန့်ချိထားသော အပြည်ပြည်ဆိုင်ရာ
ရွေးကောက်ပွဲလေ့လာချက်စာတမ်းပါ မရှိမဖြစ် လိုအပ်သည့် အခြေခံစံထားချက်များကို နအဖစစ်အာဏာပိုင်များအနေဖြင့်
လေးစားလိုက်နာခြင်း မရှိသည်ကို မြင်တွေ့နိုင်ပါရန် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
၁။ ရွေးကောက်ပွဲ ကျင်းပသော နိုင်ငံတွင် ဤအခြေအနေနှင့် ပြည်စုံရပါမည်။
(က) အစိုးရ အာဏာပိုင် နေရာအတွက် အရွေးခံခွင့်နှင့် လျှို့ဝှက်မဲပေးမှု အခွင့်အရေး အပါအဝင် နိုင်ငံသားများ၏
နိုင်ငံရေးလုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စွမ်းအပေါ်၌ အကျိုးအကြောင်း ဆီလျော်မှု မရှိ
သော ကန့်သတ်ချက်များ မထားရ။
(ခ) ရွေးကောက်ပွဲတွင် အရွေးခံရမည့် ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ အစီအစဉ်များကို နိုင်ငံသားများ
အား အသိပေးခြင်း၊ နိုင်ငံရေးစည်းရုံးမှုနှင့် လှုံ့ဆော်မှုတို့ ပြုလုပ်ခြင်းတို့ကို ခွင့်ပြုခြင်း အလို့ငှါ ထုတ်ဖော်ပြောဆိုခွင့်နှင့်
စည်းရုံးစုဝေးခြင်း လွတ်လပ်ခွင့် တို့ကို လေးစားခွင့်ပြုထားရမည်။

8
လူ့အခွင့်အရေးမြန်မာ့ကွန်ယက်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်
Burma Network for Human Rights
လူ့အခွင့်အရေးရှုဒေါင့်မှ ဥပဒေရေးရာ သုံးသပ်ချက် စာတမ်း

၂။ နိုင်ငံရေးပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပဲတ


ွင်ရှိသော ထောက်ခံဆန္ဒများ အလိုက်
ရာထူးဆက်ခံခွင့်နှင့် အာဏာလွဲပြောင်းရယူခွင့် အပါအဝင် ရွေးကောက်ပဲရ
ွ လဒ်ကို လေးစားလိုက်နာရမည်ဟု အခြေခံ
စံထားချက်များကို ထုတ်ပြန်ထားချက်ရှိပါသည်။

အထက်ပါ အခြေအနေမရှိဘဲ လွတ်လပ်၍ တရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်သည်ဟု မသတ်မှတ်နိုင်ပါ။


လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၀) တွင် “အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ပေးရာတွင်
လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ ပြည်သူ့ရှေ့မှောက် ကြားနာစစ်ဆေးခြင်းကို ရရှိရမည်။”ဆိုသည့် ပြဋ္ဌာန်း
ချက်ကို လုံးဝမျက်ကွယ်ပြုကာ ဘက်လိုက်မှုပေါင်း မြောက်များစွာဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နအဖစစ်အစိုးရ
ကျူးလွန်ထားကြောင်း သုံးသပ်တင်ပြပါအပ်သည်။ ။

လူ့အခွင့်အရေးမြန်မာ့ကွန်ယက်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

ဆက်သွယ်ရန် - bnhr09@gmail.com

You might also like