You are on page 1of 1

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီ

ြ့ကြီး

စာအမှတ် ။ ။ ၁/၂၀၁၁(မဃတ)
ရက်စွဲ ။ ။ ၁၃၇၂ ခု ပြာသိုလပြည့်ကျော်(၉)ရက်
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၂၈) ရက်

ကြံ့ဖွံ့ပါတီပိုင် အမည်ခံ ဗုဒ္ဓဘာသာ


ဘာသာ သာသနာ့နုဂဟ
္ဂ အသင်းဖွဲ့စည်းမှုအား
လုံးဝ အသိအမှတ်မပြုကြောင်း သဘောထားထုတ်ပြန်ချက်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ညွှန်ကြားချက်ဖြင့် ဇေကမ္ဘာ ဦးခင်ရွှေမှ တာဝန်ခံ၍ ကြံ့ဖွံ့ပါတီပိုင် ဗုဒ္ဓဘာသာ


သာသနာ့နုဂဟ
္ဂ အသင်းအား ဖွဲ့စည်းနေပါသည်။

ထိုသို့ဖွဲ့စည်းရာတွင် အဖွဲ့ဝင်စုဆောင်းပုံမှာ သက်ဆိုင်ရာအာဏာပိုင်အဆင်ဆ


့ င့်မှ အဖွဲ့ဝင်တဦးလျှင်
အသင်းဝင်ကြေး ၂၅၀၀ ကျပ်နှင့်အတူ တရပ်ကွက်လျှင် အဖွဲ့ဝင် (၃၀) မဝင်မနေရ ဇန်န၀ါရီလ ၃၀ ရက်နေ့ နောက်
ဆုံးထားပြီး တင်ရမည်ဟု အဓမ္မအမိန့်ပေး စုဆောင်းဖွဲ့စည်းနေခြင်းဖြစ်သည်။ အဖွဲ့ဝင်အဖြစ် သိမ်းသွင်းရာတွင်လည်း
ရပ်ကွက်အတွင်းရှိ ဥပဒေနှင့် မလွတ်ကင်းသူ၊ အာဏာပိုင်အဖွဲ့အစည်းများနှင့်မကင်းနိုင်သူများကို အဓိကထား
စုစည်းနေကြသည်ကို တွေ့ရှိရသည်။

ကြံ့ဖွံ့ပါတီဆိုသည်မှာလည်း ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးအတွင်း သံဃာတော်များကို သွေးထွက်


သံယိုရိုက်နှက် သတ်ဖြတ်ထောင်ချခဲ့သည့်၊ စာသင်တိုက်များနှင့်ဘုန်းတော်ကြီးကျောင်းများကို အဓမ္မစီးနင်း ဝင်ရောက်
ဖျက်ဆီးခဲ့သည့်အကြမ်းဖက်အဖွဲ့အစည်းတခုဖြစ်ကြောင်း မြန်မာပြည်သူများသာမက တကမ္ဘာလုံးကသိရှိပြီးဖြစ်သည်။

ထို့ကြောင့် ကြံ့ဖွံ့ပါတီ၏ သာသနာ့နုဂဟ


္ဂ အသင်းသည် ဘာသာရေးအမည်ခံ စွမ်းအားရှင်အဖွဲ့တမျိုးသာ ဖြစ်
လာတော့မည်မှာ ထင်ရှားနေပါသည်။

သာသနာ့နုဂဟ
္ဂ အသင်းဆိုသည်မှာ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးအတွက် ဗုဒ္ဓဘာသာဝင် သူတော်စင်
များက မိမိတို့သဘောဆန္ဒဖြင့် မိမိတို့၏ ကြည်ညိုယုံကြည်မှုဖြင့်သာ စုပေါင်းဖွဲ့စည်းရသော အဖွဲ့အစည်းမျိုးဖြစ်သည်။
ယခု ကြံ့ဖွံ့ပါတီမှ ဆောင်ရွက်နေပုံမှာ ရိုးရိုးသားသား ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်မှုဖြင့် ဆောင်ရွက်နေပုံမျိုး လုံးဝ
မဟုတ်ဘဲ နိုင်ငံရေးပါတီတခု၏ ဘာသာရေးဗန်းပြ လက်ကိုင်ဒုတ်အဖွဲ့အစည်းဖြစ်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့ အတင်းအဓမ္မအဖွဲ့ဝင်စုဆောင်းပြီး၊ ပြည်သူကို ဖိနှိပ်ရေး ရည်ရွယ်ချက်များဖြင့် နိုင်ငံရေး ပါတီတခု၏


ဘာသာရေးဗန်းပြ လက်ကိုင်ဒုတ်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းနေခြင်းကို လုံးဝ အသိအမှတ်မပြုနိုင်ပါ။ ဦးဇင်းတို့ မြန်မာ
နိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီ
ကြီး

ဆက်သွယ်ရန် - abma07@gmail.com

You might also like