You are on page 1of 1

နအဖ၏၂၀၁၀ရွေးကောက်ပွဲအားဆန့်ကျင်

ဆန္ဒပြချီတက်ပွဲ
၂၀၁၀စက်တင်ဘာလ၁၈။ ။
ယနေ့မွန်းလွဲ၂နာရီအချိန် ဂျပန်နိုင်ငံတိုကျိုမြို့ရှီဘူယကု၊အေးဘိစုဘူတာအနီးရှိ
အေးဘိစုပန်းခြံတွင် မြန်မာ့ဒီမိုကရေစီအင်အားစုများစုဝေး၍ ချီတက်ဆန္ဒပြပွဲကျင်းပခဲ့ကြသည်ဟုသိရှိရပါသည်။၂၀၁၀
နိုဝင်ဘာလ၇ရက်မြန်မာနိုင်ငံတွင် နအဖစစ်
အစိုးရမှကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ ကိုဆန့်ကျင်ကန့်ကွက်ရန်ရည်ရွယ်ချက်ဖြင့်ဆန္ဒပြခဲ့ကြကြောင်းသိရှိရပါသည်
၊ ယနေ့သည်လွန်ခဲ့သော၂၂နှစ် မြန်မာနိုင်ငံတွင် န၀တ စစ်အစိုးရက အာဏာသိမ်းခဲ့သောနေ့ဖြစ်သောကြောင့်လည်းဖြ
စ်ကြောင်းသိရှိရပါသည်။.။ဤပွဲသို့ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ၎င်း၊ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးမှ၎
င်း၊မြန်မာ့ဒီမိုကရေစီအရေးစိတ်ဝင်စားသော ဂျပန်အဖွဲ့အ
စည်းများမှ၎င်း၊မြန်မာသံဃာတော်များအပါအ၀င် စုစုပေါင်းအင်အား၅၀၀ကျော်ခန့် ဆန္ဒပြခဲ့ကြကြောင်းသိရှိရ
ပါသည်။ ၂နာရီခွဲတွင် ဆန္ဒပြပွဲအခန်းအနားစတင်ခဲ့ရာ အဖွဲ့ကိုယ်စားလှယ်များနှင့် သံဃာတော်၂ပါးမှ နအဖ၏
၂၀၁၀ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မှယုံကြည်
နိုင်စရာမရှိသော အတုအယောင်ရွေးကောက်ပွဲဖြစ်ကြောင်းတညီတညွတ်တည်းဝေဖန်ပြောကြားခဲ့ကြပါသည်။၃နာရီတ
ွင်စတင်ချီတက်ခဲ့ရာလမ်းတလျှောက်တွင်ရွေးကောက်ပွဲဆန့်ကျင်ရေးကြွေးကျော်သံများ သံပြိုင်ရွတ်ဆိုချီတက်ခဲ့ကြပြီး
ဆင်းဒဂါယပန်းခြံတွင်ရပ်နားကာ
အဖွဲ့ကိုယ်စားလှယ်များမှရွေးကောက်ပွဲဆန့်ကျင်ရေးကို ထပ်မံတိုက်တွန်းပြောကြားခဲ့ကြပြီးညနေ ၄နာရီ၄၅မိနစ်ခန့်တွင်
ချီတက်ဆန္ဒပြပွဲအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

--
soe aung win

You might also like