You are on page 1of 7

သ၀၀နနတ
်တ
် တ
ို တ
ို ယ
ယ်

သူ့ရဲ့ချစ်သူဖြစ်ခင
ွ့်ရတဲ့အတွက်လည်း ကျွန်မအမြဲဂုဏ်ယူကျေနပ်ခဲ့ရပါတယ်။ ဘယ်သူ့ကိုမှ ကျွန်မထက်ပိုပြီး

ချစ်မြတ်နိုးဦးစားပေးခြင်း မရှိခဲ့တဲ့ သူ့ကို ကျွန်မ မက်မက်မောမော ယုံယုံကြည်ကြည်နဲ့ ပဲ လက်ထပ်ခဲ့ပါတယ်။

၁)

တကယ်ပါ .. ။ ကျွန်မ ဘ၀တစ်လျှောက်လုံးမှာ သူ့ကို အခုတစ်ကြိမ်လောက် ဘယ်တုန်းကမှ သ၀န်တိုငြူစူခြင်း

မရှိခဲ့ဖူးပါဘူး။ ချစ်သူဘ၀တုန်းကတောင် သူ့ကို သ၀န်မတိုခဲ့ရပါဘူး။ သူကလည်း ကျွန်မကလွဲလို့

ဘယ်မိန်းမကိုမှ မျက်လုံးနဲ့တောင် မပြစ်မှားခဲ့သူလေ။ အဲဒီလောက် တည်ငြိမ်အေးဆေးခဲ့သူပါ။

ချစ်သူဘ၀တစ်လျှောက်လုံး ကျွန်မကလွဲလို့ ဘယ်သူ့ကို ဦးစားမပေးခဲ့။ ကျွန်မကို ဦးစားပေးလွန်းလို့ သူ့

သူငယ်ချင်းတွေနဲ့ လည်း မကြာခဏ ပဋိပက္ခဖြစ်ခဲ့ရသူ .. ။ သူ့မိဘတွေနဲ့ ယှဉ်လိုက်ရင်လည်း ကျွန်မမှ ကျွန်မ။

ကျွန်မကတော့ အလိုလိုက်ခံရလွန်းတဲ့ ကလေးတစ်ယောက်လို သူ့အပေါ် အမြဲဗိုလ်ကျနွဲ့ ဆိုး ဆိုးခဲ့သူပါ။

သူ့ရဲ့ချစ်သူ ဖြစ်ခင
ွ့်ရခဲ့တဲ့အတွက်လည်း ကျွန်မ အမြဲဂုဏ်ယူ ကျေနပ်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ ကျွန်မထက်ပိုပြီး

ချစ်မြတ်နိုးဦးစားပေးခြင်း မရှိခဲ့တဲ့ သူ့ကို ကျွန်မ မက်မက်မောမော ယုံယုံကြည်ကြည်နဲ့ ပဲ လက်ထပ်ခဲ့ပါတယ်။


ကျွန်မနဲ့ သူ့ကို စံပြချစ်သူတွေအဖြစ် သတ်မှတ်ထားခဲ့ကြတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေက ကျွန်မတို့

အိမ်ထောင်ရေးကိုလည်း စံပြအိမ်ထောင်ရေး ဖြစ်လာလိမ့်မယ်လို့ ကြိုတင်နိမိတ်ဖတ်ခ့ပ


ဲါရဲ့။

တကယ်လည်း ကျွန်မတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ဦးဘ၀ဟာ ပြောစရာ မရှိလောက်အောင် ပြီးပြည့်စုံ

ခမ်းနားခဲ့ပါတယ်။ စားအတူ ၊ သွားအတူ အမြဲမခွဘ


ဲ တတွဲတရ
ွှဲိခဲ့ပါတယ် .. ။ မြင်သူတကာတိုင်းလည်း

သိပ်ချစ်တတ်ကြတဲ့ ကျွန်မတို့နှစ်ယောက်ကို အမြဲချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ကျွန်မတို့နှစ်ယောက်ကြားကို `သူ´ ရောက်လာခဲ့တဲ့ အချိန် မတိုင်ခင်အထိပေါ့လေ … ။

၂)

`သူ´ဆိုတာတော့ `AROWANA´ဆိုတဲ့ အများက LUCKY FISH လို့ခေါ်တဲ့ ငွေရောင်ငါးအမြီးရှည်ရှည်ကြီးပါပဲ။

သူကစတင်ပြီး `ချစ်ရေ ကိုယ်တို့ LUCKY FISH မွေးရအောင်´လို့ ပြောလာစဉ်က ကျွန်မ အလွယ်တကူပဲ

ခေါင်းညိတ်သဘောတူခဲ့ပါတယ်။ သူနဲ့ ကျွန်မကြားမှာ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က

ကြည်ကြည်သာသာ လိုက်လျောပေးနေကျလေ .. ။ အဲဒီတော့မွေးပေါ့ … ။


သူက ရှည်လျားလှတဲ့ ငါးကန်ကြီးကို စနစ်တကျ ပြင်ဆင်ပြီး ကျွန်မတို့ အိပ်ခန်းထဲ သွင်းလာပါတယ်။ အဲဒီအထိ

ကျွန်မ ဘာမှ မဖြစ်ဘူးနော် ။

`မောင်ကလည်းကွယ် .. ငါးကို ဧည့်ခန်းမှာပဲ ထားကြတာ ကြားဖူးပါတယ်။ အလှမွေးတာပဲ´ လို့ ကျွန်မက

ပြောတော့ သူကအပြုံးလေးနဲ့ `မောင်အမြဲမြင်နေရအောင်လို့ပါ´တဲ့ .. ။ ကဲ .. ထားလိုက်ပါတော့။

သူစိတ်ချမ်းသာသလိုသာ လုပ်ပါစေဆိုပြီး ကျွန်မ အသာလက်ပိုက်ကြည့်နေလိုက်ပါတော့တယ် .. ။

သူနဲ့ ကျွန်မ LUCKY FISH သွားဝယ်ကြတဲ့အချိန်မှာ ကျွန်မ မျက်လုံးပြူးရပါတယ်။ ခေါင်ခိုက်နေတဲ့ ငါးဈေးတွေ။

အနီရောင်ငါးဈေးတွေက ဈေးပိုကြီးပါတယ် .. ။ တချို့ဆို သိန်းသုံးဆယ်အထိ ဈေးရှိပါတယ်။

လက်မကျော်ကျော်လောက် သေးသေးကလေးတောင် ငါးသိန်းနဲ့တစ်သိန်းကြားမှာ ရှိပါတယ်။

`ဈေးကြီးလိုက်တာ မောင်ရယ်´လို့ ကျွန်မက လက်ကုတ်တော့ သူက `ဒီငါးက စီးပွားတက်တယ် ၊

လဘ်ရွှင်တယ် ချစ်ရဲ့ ။ လူတိုင်းမွေးကြတယ်´လို့ ဆိုပါတယ်။ နောက်ဆုံးတော့ … တစ်ထွာကျော်ကျော် ရှည်တဲ့

ငွေမင်ရောင်ငါးတစ်ကောင်ကို ငါးသိန်းပေးပြီး သူဝယ်ယူလိုက်တော့ ကျွန်မက မိန်းမပီပီ နှမြောတသစိတ်နဲ့

ပင့်သက်ရှိုက်ပြီး ငြိမ်နေလိုက်ရပါတော့တယ်။

၃)

ကြည်လင်တဲ့ မှန်ငါးကန်ကြီးထဲ အဲဒီငါးရောက်တဲ့အချိန်ကစပြီး နောက်ထပ် လိုအပ်တာတွေက

နှစ်ဆယ့်လေးနာရီ ဖွင့်ပေးထားမဲ့ အောက်ဆီကျင်လွှတ်စက် ၊ ရေသန့်စင်ပေးတဲ့စက် ၊ ရေကန်ထဲမှာ

အလှထားတဲ့ ကျောက်ခက်လှလှကလေးတွေအပြင် ငါးစာဝယ်ရပါတယ်။ ငါးစာကလည်း တစ်ထုပ်ကို

ခုနှစ်ထောင်ကျော်ရှိပါတယ်။

`မောင်ရယ် .. ငါးစာကလည်း တစ်ထပ်ကို ခုနှစ်ထောင်ကျော် ရှစ်ထောင်နား ကပ်နေပြီ။ ကျွန်မတောင် ဒီလောက်

တန်ဖိုးရှိတဲ့ အစာမျိုး မစားဖူးဘူး´လို့ ကျွန်မကပြောတော့ သူက ပြုံးမြဲပြုံးလျက်ပါ။ ရေကန်ထဲက ငါးကြီးကို

အရိပ်တကြည့်ကြည့်နဲ့ ကြည်နူးသဘောကျနေတဲ့ဟန် ရှိပါတယ်။ သူ့မျက်လုံးတွေရဲ့ အကြည့်ဟာ ကျွန်မကို


ချစ်သူဘ၀ကနေ သူ ကြည့်ခဲ့တဲ့ အကြည့်မျိုးနဲ့ ဆင်ဆင်တူလှပါတယ်။ တလက်လက် ရွှန်းပဖြာလဲ့နေတဲ့

အကြည့်လေ .. ။ ကျွန်မရင်ထဲ သ၀န်တိုမှုဟာ အဲဒီအချိန်ကစတင်ပြီး ကျွန်မရင်ထဲ တိုးဝင်လာခဲ့တာ ထင်ပါရဲ့။

မနက်မိုးလင်းတာနဲ့ သူက ငါးကန်ရှေ့ ရောက်နေပြီ။ တစိမ့်စိမ့် ၊ တရွှန်းရွှန်းနဲ့ ငါးကြီးကို တမေ့တမော

ထိုင်ကြည့်နေတာများ ခါတိုင်းလို .. ကျွန်မကို …

`ချစ် .. နိုးပြီလား´လို့ အိပ်ရာယာထ နှုတ်ဆက်ဖို့တောင် သတိမရတော့ပါဘူး။ ခါတိုင်းဆို အိပ်ယာကနိုးတာနဲ့

ကျွန်မ ပထမဆုံး တွေ့မြင်ရတာက သူ့ရဲ့ချစ်မြတ်နိုးရိပ်တွေ လွှမ်းထုံနေတဲ့ မျက်ဝန်းအကြည့်တွေပါ။

အခုတော့ အဲဒီအကြည့်တွေကို LUCKY FISH က သိမ်းပိုက်ယူသွားခဲ့ပါပြီ။ ငါးကို အစာကျွေးလိုက် ၊

ငါးအစာစားတာကို သဘောကျစွာ ပြုံးပြီး ငါ့သားကြီးက ဘယ်သို့ ဘယ်ချမ်းသာ ၊ ဘာညာနဲ့ စကားတွေ

တတွတ်တွတ်ပြောနေတတ်တဲ့ သူဟာ ခါတိုင်း ကျွန်မကို ပီယ၀ါစာ ချစ်ခင်ကြင်နာဖွယ် စကားတွေဆိုဖို့

တဖြည်းဖြည်းနဲ့ မေ့လျော့ပျက်ကွက်လာခဲ့ပါတော့တယ်။

၎)

ညဘက်မီးပျက်တဲ့အခါ သူက ငါးကြီးဆီ ဓာတ်မီးတ၀င်းဝင်းထိုးကြည့်ပြီး

`ငါ့သားကြီးတော့ အောက်ဆီဂျင်မရရင် ဒုက္ခရောက်တော့မှာပဲ ချစ်ရေ .. မောင်တို့ အင်ဗာတာဝယ်ရအောင်´လို့

ပူဆာပါတယ်။ အဲဒီနောက်တော့ အင်ဗာတာ သွားဝယ်လာပြီး မီးပျက်တာနဲ့ ငါးကြီးအောက်ဆီဂျင်ရဖို့

မီးချိန်းပေးရတဲ့ အလုပ်တစ်ခု ပိုလာပါတယ်။ တစ်ခါတစ်ခါဆို ငါးကြီးကို တစ်နေကုန် အင်ဗာတာ

လွှတ်ထားပေးရတာမို့ ညဘက်ဆို လူတွေက မီးမှောင်မှောင်ထဲမှာ ငုတ်တုတ်။ ငါးကြီးက အင်ဗာတာနဲ့

အောက်ဆီဂျင်ရလို့ .. ။

သူက ဆိုလာပါသေးတယ်။
`ချစ်ရေ .. ဈေးသွားရင် ၀က်သားအစနလေးတွေ ၊ ငါးသလဲထိုးတို့ ၊ ပုစွန်ပေါက်စနလေးတွေတို့

ဝယ်လာခဲ့ပါကွာ။ ဒီကောင်ကြီးက သားစိမ်း ၊ ငါးစိမ်းတွေလည်း သိပ်ကြိုက်တယ်တ´


ဲ့

`သြော် ကျွန်မက ငါးလေး ၊ ပုစွန်လေး တစ်ကောင်နှစ်ကောင်ကို ဘယ်လိုလုပ် ၀ယ်မှာတုန်း မောင်ရဲ့ ။

တောင်းရမှာလည်း အခက် .. ။ ရှက်စရာကြီး´ လို့ ကျွန်မကပြောမိပေမဲ့ ဈေးကပြန်လာတိုင်း ကျွန်မ

မျက်နှာပူပူနဲ့ တောင်းလာရတဲ့ ငါးသလဲထိုးကောင်လေးတွေ ၊ ပုစွန်ပေါက်စနလေးတွေကို သူ့လက်ထဲ

ဆောင့်အင့်အင့်နဲ့ ထည့်မိတတ်စမြဲပါ။

သူကလည်း ကျွန်မ ဈေးကပြန်လာတာနဲ့ ခါတိုင်းလို

`ချစ် .. ဘာတွေချက်မလဲ´ လို့ မမေးတော့ဘဲ

`ချစ်ရေ .. ငါ့သားကြီးအတွက် ဘာပါလဲ´ဆိုတဲ့ မေးခွန်းဆီ ပြောင်းသွားပါပြီ .. ။ အဲဒါကို သူ သတိမထားမိပေမဲ့

ကျွန်မကတော့ သတိထားမိနေပြီ။

ခါတိုင်းဆို အလုပ်က ပြန်လာတာနဲ့ ကျွန်မကို ဆီးကြိုပွေ့ဖက် နှုတ်ဆက်လေ့ရှိတဲ့ သူဟာ အခုတော့

ငါးကြီးရှိရာဆီ ဦးဦးဖျားဖျားသွားပြီး နှုတ်ဆက်တက်နေပြီလေ ။

၅)

ငါးတစ်ကောင်ကို ကြံကြံဖန်ဖန် သ၀န်တိုစရာမရှိ တိုနေပါလားလို့ လူတွေကတော့ ကျွန်မကို

အပြစ်တင်ရှုတ်ချရင်ချမယ်။ ဒါပေမဲ့ ကျွန်မကတော့ အဲဒီငါးကြီးကို အကြီးအကျယ်သ၀န်တိုတတ်နေပြီ။

အထူးသဖြင့် မနက်မိုးလင်းတာနဲ့ မျက်နှာတောင်မသစ်နိုင် ၊ ဘာအလုပ်မှ မလုပ်နိုင်ခင် ငါးကြီးကို ရွှန်းရွှန်းစားစား

ထိုင်ကြည့်နေတတ်တဲ့ သူ့ရဲ့မျက်လုံးတွေကို ကျွန်မ မကြည်ဖြူနိုင်တော့ပါဘူး။


သူဟာ ဦးစားပေးခြင်းဆိုတဲ့ အရာအားလုံးကို ကျွန်မဆီကနေ သူ့ရဲ့ငါးကြီးဆီကို ပြောင်းလဲပေးပစ်လိုက်ပြီလေ။

ဒီငါးကြီးကြောင့် သူ့အလုပ်အကိုင် ၊ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးအဆင်ပြေတိုးတက်ပြီး လာဘ်ရွှင်လာတယ်လို့

သူက ထူးထူးကဲကဲယုံကြည်တတ်လာတဲ့အခါမှာ ကျွန်မက သူနဲ့ ငါးကြီးကို ခွခ


ွဲာ ဖို့ စိတ်ကူးရလာပါတယ်။

`မောင်ရေ .. ကျွန်မတို့ ချောင်းသာသွားရအောင် ၊ တစ်ပတ်လောက်ဖြစ်ဖြစ်ပေါ့ .. အနားယူရအောင်´လို့

ကျွန်မက ကမ်းလှမ်းလိုက်တော့ အမြဲလိုက်လျောသဘောတူနေကျ သူ့ဆီက ကမန်းကတန်း ငြင်းဆန်သံတစ်ခု

ချက်ချင်းထွက်လာပါတယ်။

`ဟာ ဘယ်ဖြစ်မလဲ ချစ်ရဲ့ … ကိုယ့်ငါးကြီးရှိနေတာ သူ့ကိုတစ်ယောက်တည်း ထားပစ်ခဲ့လို့ ဘယ်ဖြစ်မလဲ။

မနက်ဆို သူ့ကို ဘယ်သူအစားကျွေးမလဲ ၊ ဘယ်သူအင်ဗာတာ ချိန်းပေးမလဲ´

`ဟင် ဒါဆို ကျွန်မတို့က ဘယ်တော့မှ ခရီးမထွက်ရတော့ဘူးပေါ့ ။ ဒီငါးကြီးရှိနေသမျှလေ´

`ဒါပေါ့ ဘယ်ဖြစ်မလဲ´
ကျွန်မသူ့အပေါ် အမြင်မကတ်စဖူး ကတ်သွားခဲ့ပါတယ်။ အမြဲဦးစားပေး ခံခဲ့ရတဲ့ ကလေးတစ်ယောက် သူ့ထက်

ပိုဦးစားပေးရမဲ့ နောက်ထပ်တစ်ယောက်ပေါ်လာတဲ့အခါ မနာလိုစိတ်ဝင်တတ်ကြတာ ကျွန်မကြားဖူးပါတယ်။

အဲဒီကလေး ဘယ်လောက်ဝမ်းနည်းကြေကွဲမလဲဆိုတာ ကျွန်မကိုယ်ချင်းစာတတ်ပါပြီ ။

အဲဒီအချိန်ကစပြီး ကျွန်မနဲ့သူဟာ အနီးဆုံးမှာ ရှိနေကြပါလျက် ဝေးသွားခဲ့ကြတာပါ။ သူက သူ့ငါးကြီးကို

ချစ်ခင်မက်မောမှုအပြည့်နဲ့ ကြည့်လေ့ရှိတဲ့အခါတိုင်း ကျွန်မကတော့ အဲဒီငါးကြီးကို မနာလိုဝန်တိုမှုအပြည့်နဲ့

စူးစူးရှရှကြည့်နေတတ်ပါပြီ။

ကဲ ကျွန်မ လွန်လားဟင် .. ။

လန
ွ်း ထားထား ( ဆေးတကသ
္က လ
ို )

Type By Lin Let Kyal Sin


www.linletkyalsin.com

You might also like