You are on page 1of 2

စာအမှတ် ၁/၂၀၁၁

ရက်စွဲ။ ။ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၈ ရက်

အီဂျစ်နိုင်ငံ၏ အာဏာရှင်အစိုးရဆန့်ကျင်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး လှုပ်ရှားမှုများအပေါ် Generation Wave


(မျိုးဆက်သစ်လူငယ်များ အစည်းအရုံး) ၏ မြန်မာ ပြည်သူလူထုတစ်ရပ်လုံးအား အသိပေးတိုက်တွန်းနှိုးဆော်ချက်

ရဟန်းရှင်လူ မိဘပြည်သူများ နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ များခင်ဗျား

ကျတော် ၊ကျမတို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး) အနေဖြင့် ယခုလက်ရှိ


အီဂျစ်နိုင်ငံတွင် ကျောင်းသား လူငယ် ကွန်ယက်အဖွဲ့များ မှ ဦးဆောင်စတင်ခဲ့သော အာဏာရှင် အစိုးရ ပြုတ်ကျရေးနှင့်
ဒီမိုကရေစီ ဖော်ဆောင်ရေး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲများအပေါ် ၄င်းပြည်သူများနှင့် ထပ်တူထောက်ခံပါသည်။

အီဂျစ်နိုင်ငံတွင်အနှစ် (၃၀) ကြာအာဏာရယူထားသော အမျိုးသား ဒီမိုကရက်တစ်ပါတီ (National Democratic


Party) ရဲ့ခေါင်းဆောင် သမ္မတ မူဘာရက် နှင့် အစိုးရပိုင်း၏ အကျင့်ပျက် လာဘ်စားမှု၊ ဒီမိုကရေစီ နှင့်
လူ့အခွင့်အရေးအပေါ် ပိတ်ပင် တားဆီးမှုတို့အား ဆန့်ကျင် ကန့်ကွက်မှုများမှတဆင့် ပြည်သူအများ ပါဝင်လာသော
မြန်ဆန်သည့် လူထုလှုပ်ရှားမှု အသွင်ကူးပြောင်းလာခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ တွင် လူ့အခွင့်အရေး၊ စစ်မှန် ငြိမ်းချမ်းသော ဖက်ဒရယ် ပြည်ထောင်စတ


ု စ်ခု ဖြစ်ထွန်း ပေါ်ပေါက်ရေး
နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လှုပ်ရှားမှုများတွင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ နှင့် ပြည်သူတစ်ရပ်လုံး
ပါဝင်လှုပ်ရှား ဆောင်ရွက်မှုများသည် အဓိကကျသည့် အခန်းကဏ္ဍ ဖြစ်သည်။

ကျတော် ၊ ကျမတို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး) အနေဖြင်လ


့ ည်း ယင်းကဲ့သို့
အာဖရိကမြောက်ပိုင်း တူနီးရှားနိုင်ငံမှနေ၍ အာရပ် ကမ္ဘာ့ နိုင်ငံများအတွင်း ကူးစက်ပြန့်နှံ့ နေပြီဖြစ်သော
အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကဲ့သို့ လက်ရှိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေခြုံ (ဒီမိုကရေစီ အမည်ခံ)
အာဏာရှင် အစိုးရသစ်အား ဆန့်ကျင် တော်လှန်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆက်လက် လှုပ်ရှား
ဆောင်ရွက်သွားပါမည်။

သို့ဖြစ်ပါ၍ ကျတော်၊ ကျမတို့Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)


၏အကြမ်းမဖက်သည့် နည်းလမ်းမျိုးစုံဖြင့် အာဏာရှင် အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် မြန်မာပြည်သူလူထု
တစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Generation Wave
(မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)

You might also like