You are on page 1of 2

မိတ်ဆက်

ယခုတလော ဗိုဒဲလားနယ် တလွှားတွင် အများတကာတို့ထက် ထင်ပေါ်ကျော်ကြားနာမည်ကြီး နေသော


ဆရာကြီးတပါးသည် ဘုရားသခင်လည်း အလိုတော်မရှိ ဘယ်သူ့ ဘယ်သူမှလဲ အလိုတော်မရှိပဲ
အလိုလိုပေါ်ပေါက်လာလေသည်။ ၄င်းဆရာကြီးကား ဆရာကြီးဆိုသလောက် စကားပြောလျှင် ဗုန်းဗုန်း လသြ
အသံကြီးဖြင့် ပြောတတ်၏။ သို့သော် စကားမပီချေ။ ကုန်လွန်ခဲ့သော အပတ်ကဖြစ်ပျက်ခဲ့သော ၄င်းဆရာကြီး
၏ ဇာတ်လမ်းတပုဒ် အားဖော်ပြပါမည်။ ယခု ကျွန်ုပ်၏ စာဖတ်ပရိတ်သတ် များရှုစားရန် အလိုငှာ
၎င်းဆရာကြီးနှင့်ပတ်သက်၍ ကျွန်ုပ်၏ ဦးခေါင်းအတွင်း၌ တန်းစီနေကြသော စာလုံးများကို A4စာရွက်ပေါ်သို့
တလုံးချင်း ကြဲချလိုက်ရပေတော့သည်။ ရှုစားကြပါကုန်..။

မောင်ရစ်(ခ) တတိယတန်း ဆရာကြီး (ဂ) အားပုံ

ယခင်ကတည်းက မှေးနေသော မျက်လုံးများကို အနည်းငယ်ထပ်မှေးလိုက်ပြီး သကာလ


မရိမ်းသိမ်းပဲထားသဖြင့် ထူလပြစ်ကြီးဖြစ်နေသော ပသိုင်းမွေးများကို လက်ဝါးဖြင့် နှစ်ကြိမ်ခန့် ဖြည်းဖြည်းချင်း
ပွတ်သပ်လိုက်၏။ ၄င်းနောက် ကြီးမားသောအကြံပေါ်လာဟန်ဖြင့် မှေးထားသောမျက်လုံးလေးများမှ
မည်းပြောင်သော အရောင်လေးများ လက်ခနဲ လက်ခနဲ ထွက်ပေါ်လာကြ၏။ အကြံကား အခြားမဟုတ်ချေ
အိမ်း ဒီတိုင်း အိပ်နေလို့ချည်းတော့ မဖြစ်ချေတော့ တကားဟု ဆင်ခြင်ဥာဏ်ရှု၍ ကိုယ်ကိုစောင်း၍ လှဲနေရာမှ
ပက်လက်အနေအထားသို့ ပြောင်းလိုက်ခြင်းဖြစ်လေ၏။ ကြီးကျယ်လှသော အကြောင်းအရာ တခုအား
ပိန်းဖက်မှ ရေစက်လျှောကျသည့် ပမာ ဖြေရှင်းချက် ထုတ်တော့မည့် ဟန်လည်း ဖြစ်ချေ၏။ မှန်ပါ၏။
“အိမ်း…ကျွန်ုပ်သည်ကား အခန်းထဲ၌ သော့ပိတ်၍ ပြစ်ဒဏ်ခတ်ခံရချေပြီ။ ကုန်လွန်ခဲ့သော ညက
အတော်အတန် အာနိသင် ပြင်းထန်သော ထိုပတ္တမြားရောင် အရည်တို့အား အနည်းငယ်ခန့်
လျော့သောက်ခဲ့ချေက မကောင်းပါ၏ လော။ ယခုတော့ဖြင့် ခက်ချေပြီတကား..ယမန်နေ့ညက အရှိန်တို့ဖြင့်
ကျွန်ုပ်အိပ်တော်မှုနေစဉ် မယ်မယ်ကြီး မဗိုက်နှင့် သမော်ဒီး မပဲသီးတို့ ပေါင်းကြံ၍ အိပ်ဆောင်တံခါးတော်အား
အပြင်မှ ဂျက်ချခဲ့ခြင်းအမှန် ဖြစ်ချေလတ္တံ့။” ဟုတွေးခေါ်ဆင်ခြင်လိုက်ပြီး သကာလ ဆက်လက်၍
ဥာဏ်ရှူနေလေ၏။ ကြက်တအိပ်ခန့် အချိန် သို့မဟုတ် ဘဲနှစ်ကောင် မိတ်လိုက်ချိန်ခန့် ကြာမြင့်လေပြီ။
တော်တော်လေး လေးလေးကန်ကန် စဉ်းစားနေပုံရ၏။ နောက်ထပ် ၀ံပုလွေ နှစ်အူခန့်ကြာသောအခါ
လက်ဖျောက် နှစ်ချက်တီး၍ မျောက်ကလေးအားခဲမှန်သည့်အလား ခုန်ပေါက်၍ ထလိုက်၏။ ၄င်းနောက်
ဖုန်းခွက်အား လှမ်းယူလိုက်၏။ “ဟဲလ…
ို မှန်ကြောင်….ဟဲလို .အာ.လခွီးတဲ့မပဲကွာ ဖုန်းဖွင့်ပြီး ဘာလို့ ပြန်မ
ပြောတာလဲကွ…”သန်းတ၀ါးခန့်ကြာပြီးမှ “အင်း..ဟင်း..၀ါး..ဟားးးအားး….ဘာရဲ.အားပုံပြော..”တဘက်မှ
အိပ်ချင်မူးတူးသံကြားရ၏။ “အေး ဟရောင် ငါအကူအညီတခုတောင်းချင်လို့ကွာ…” “ခွီးတဲ့မပဲကွာ
ကောင်းကောင်းကို မအိပ်ရသေးဘူး…တညလုံးရစ်ထားတာအား မရသေးလို့လား” “မရစ်နိုင်တော့ဘူးဟေ့
..ဒီမှာပြသနာတွေ့နေလို့..ဘယ်ကကလေးတွေမှန်း မသိပါဘူးကွာ…ငါအိပ်နေတုန်း အပြင်ကနေအခန်း
တံခါးဂျက် ထိုးသွားလို့ဟ..လာဖွင့်ပေးပါဦး…” “အာ.ကလေးတွေဘာတွေ လျှောက်ပြောမနေပါနဲ့ ဟရောင်
မင်းမိန်းမပဲဖြစ်မှာပါ. ” အလိမ်ပေါ်သွားသဖြင့် “အေး ကလေးပဲဖြစ်ဖြစ် ငါ့မိန်မပဲဖြစ်ဖြစ် …လာဖွင့်ပေးကွာ..”
ဟုရှက်ရမ်း ရမ်းလိုက်၏။ တဖက်မှ မကြေမချမ်းအသံဖြင့် “အေးပါကွာ…အေးပါ ..လာပါ့မယ်ဟ ငရစ်ကြီးဟ..”

အားပုံကား ဆရာကြီးတပါး ဖြစ်ပေ၏။ ဆရာကြီးဟုဆိုလိုက်၍ တလွဲမတွေး လိုက်ပါလင့်…. ခန္တီစ


မနိုင်၍သီးခံရသော မယကဆရာကြီး ဖြစ်လေ၏။ မောင်ရစ်တဖြစ်လဲ မယက ဆရာကြီးအားပုံထက်ကြီး သော
ဆရာ့ဆရာကြီးများ လည်းရှိကြပါသေး၏။ အစဉ်တိုင်း ရေလိုက်သော် မောင်ရစ်ကား တတိယ နေရာလိုက်၏။
ဆရာ့ဆရာကြီးများ နှင့် ပတ်သက်၍ ဤအခန်း၌ မဖော်ပြပါချိမ့်။ အလျဉ်းသင့်သောအခါမှ ဖော်ပြပါအံ့။
၎င်းအဖြစ်အပျက်များ ဖြစ်ပွားပြီး မောင်ရစ်သည် တပတ်ခန့်ထူးထူးခြားခြား ပျောက်ချက်သား ကောင်းနေ၏။
အထောက်တော် ရဲဘော်ကြီး ငါးမည်ရဗိုလ်ဇေယျာ စုံစမ်း၍ သိရသည်မှာ ဆရာကြီး အဆောင်အယောင်တို့အား
ရုတ်သိမ်းခံရပြီး အိုးဆေးခွက်ဆေး ထမင်းချက် ဟင်းချက်အလုပ် ကြမ်းနှင့်တကွ အခန်းအောင်းဒဏ်
နှစ်ပတ်တိတိ မယ်မယ်ကြီး မဗိုက်၏ နုတ်မိန့်ဖြင့် ချမှတ်ခံရကြောင်း ကြားရလေ၏။ အပိုဆု အနေဖြင့် သမော်ဒီး
မပဲသီးအားလည်း နေ့စဉ်ထိန်းကျောင်းပေးနေရကြောင်း ကြားသိရလေသည်တမုံ့။. ကျွတ…
် ကျွတ.် .ကျွတ…
် ….။

ယောလေး

You might also like