You are on page 1of 5

အလုပ်ထုတ်ခံရပီး ပထမ-သတင်းပါတ်---ဘ၀-တူ လုပ်ဖေါ်ကိုင်ဖက်များနဲ့ စကားစမည်

၀၇၀၃၁၁ (ထက်အောင်ကျော်)

ကျနော်ဟာ အလုပ်မပြုတ်မှီအထိ အလုပ်ပြုတ်တဲ့လူတွေ ဘယ်လိုခံစားရသလဲ။ ပြုတ်ပြုတ်ခြင်း


ဘာတွေ ဆက်လုပ်ကြသလဲ။ နေထိုင်-စားသောက်ရေးကော ဘယ်လိုဆက်ဖြစ်သလဲ- စသဖြင့် တခါမှ
ကြိုတင်မစဉ်းစားမိခဲ့ပါ။ ကျနော့်ရဲ့သတင်းထောက်သက်တန်း ၁၅-နှစ်ကာလမှာလဲ အလုပ်ပြုတ်သူတွေ
အကြောင်း တခါမှ စတိုရီ-မလုပ်ဖြစ်ခဲ့ပါ။ အခုကျနော်ကိုယ်တိုင် အလုပ်ပြုတ်တော့မှဘဲ့ ပြုတ်ပီး နောက်
တရက်မနက် ရုံးသွားရမဲ့အချိန်မှာ ရုံးဘဲ့ဆက်သွားရမလိုလို။ အပြင်ဘဲ့ထွက်လည်ရမလိုလို။ စာဘဲ့ ထိုင်
ရေးရမလိုလိုနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့အခြေနေကို ပထမ-ဆုံး ကိုယ်တွေ့ရင်ဆိုင်ရပါတယ်။
ကျနော်တသက်မှာ လခစားအလုပ်ဆိုလို့ ဒီဗွီဘီ-တခုဘဲ့လုပ်ဖူးတော့ တခြားအလုပ်ခွင်တွေမှာ
ဘယ်လိုအခြေနေရှိတယ်။ အလုပ်ပြုတ်ရင် ဘယ်လိုထောက်ပံပေးတယ်ဆိုတာတွေကိုလဲ တခါမှမလေ့
လာဖြစ်ခဲ့ပါဘူး။ အယင် ဘော်လန်တီယာ လုပ်ခဲ့ဖူးတဲ့ ABSDF မှာတုန်းကတော့ အလုပ်ပြုတ်တာ ဘာမှ
မထူးဆန်း။ စိတ်ထဲမှာလဲ ဘာမှမဖြစ်ခဲ့။ နေတာ-စားတာ နေ့စဉ်ဘ၀-ကလဲ ဘာမှမပြောင်းလဲ။
စခန်းကော်မီတီကပြုတ်ရင် ဒု-ရဲဘော်ပြန်ဖြစ်။ တပ်တွင်းအစည်းဝေးတွေ ရွေးကောက်ပွဲတွေရှိရင် ကော်
မီတီဝင် အဖြစ်ပြန်ရွေးခံရ။ ဒီလိုနဲ့ ၁၉၈၈-ကနေ ၁၉၉၉-အထိ ၁၀-နှစ်ကျော်မှာ အလုပ်ပြုတ်လို့ ထူးထူး
ခြားခြားစိတ်ညစ်တယ်ဆိုတာကို တခါမှမမှတ်မိခဲ့ပါဘူး။
ဆိုတော့ အခုမှ ဘာကြောင့် အလုပ်ပြုတ်တဲ့အပေါ် ဒီလောက်ခံစားချက်ဖြစ်နေတာလဲဆိုပီး
ကိုယ်ဘာသာပြန်မေးမိပါတယ်။ မစို့မပို့ရနေတဲ့ လစာကိုမက်နေလို့လား။ အိမ်ခန်းငှားခမပေးနိုင်မှာ စိုး
ရိမ်လို့လား။ ထမင်းငါတ်မှာစိုးလို့လား။ နော်ဝေးစာသင်ပြီး နော်ဝေးမှာ သန့်ရှင်းရေးဖြစ်ဖြစ်-အောက်ခြေ
သိမ်းအလုပ်တခုခု ၀င်လုပ်ရမှာကို စိုးရိမ်နေလို့လား။
အသေချာပြန်စဉ်းစားကြည့်တော့ အဲဒီကိတ်စတွေက အဓိကမဟုတ်ပါဘူး။ (တကယ်က အဲဒီ
အချက်တွေအတွက်လဲ အတော်စိုးရိမ်သင့်ပါတယ်။ မစိုးရိမ်ဘူးလို့ပြောရင် ကျနော်လိမ်ရာကျပါလိမ့်
မယ်။) ရုတ်တရက်ကျနော်ဖြစ်နေတဲ့ရောဂါက အဲဒီကိတ်စတွေအတွက်ခံစားချက်မဟုတ်ဘူး။ နေ့စဉ်
လုပ်နေတဲ့ သတင်းကိတ်စ။ အထူးသဖြင့် နေ့စဉ်ခေါ်နေကျ သတင်းဖေါက်သည်ကြီးတွေဖြစ်တဲ့ အန်
အယ်ဒီ- ပြန်ကြားရေးက ပုဂိုလ်တွေ။ ရွေးကောက်ပွဲဝင်ပီး နေပြည်တော်ဆီရောက်နေတဲ့ လွတ်တော်
အမတ်တွေ။ ပြည်တွင်းနဲ့ နယ်စပ်က လူ့အခွင့်ရေးလူပ်ရှားတဲ့ပုဂိုလ်တွေ။ စာနယ်ဇင်းလောက က
ပုဂိုလ်တွေ စသဖြင့် နေစဉ်ပြောနေကြ။ မေးနေကြ ပုဂိုလ်တွေနဲ့ ပြောနိုင်တဲ့အခွင့်ရေးမရတော့တဲ့အပေါ်
လွမ်းဆွတ် သလို လို။ တနင်္ဂနွေ အစိစဉ်အတွက် တယ်လီဖုန်းချိန်းပီး အင်တာဗျုးလုပ်ဖို့လိေ
ု နသလိုလို။
သတင်းထောက် တွေပို့လာသမျှ သတင်းတွေကို ဖင်ဖြတ်-ခေါင်းဖြတ် အက်ဒစ်လုပ်တာကိုဘဲ့
ဆက်လုပ်ချင်သလိုလိုနဲ့ သလိုလိုဖြစ်နေတဲ့ ကာလတခုမှာ စကောစကနဲ့ နေမထိ-ထိုင်မထိဖြစ်နေတဲ့
ဝေဒသနာသာဖြစ်ပါတယ်။
ဒီလို-အလုပ်ပြုတ်ဝေဒနာ ခံစားနေဖို့အချိန်မရအောင်ဆိုပီး ရုံးအလုပ်ချိန်အတိုင်း အိမ်မှာအလုပ်
ဆင်းမယ်လို့ ကွန်ပြူတာရှေ့ထိုင်ပီး စာရိုက်တော့လဲ မူလရေးမဲ့ဆောင်းပါးက ခေါင်းထဲကထွက်မလာတဲ့
အတွက် ထွက်လာတဲ့။ ခေါင်းထဲရောက်နေတဲ့ ဝေဒနာတွေကိုဘဲ့ ချရေးလိုက်တာကောင်းပါတယ်ဆိုပီး
ဒီစကားလုံးတွေကို ချရေးနေတာဖြစ်ပါတယ်။
ဒီလိုရေးနေတုန်းမှာဘဲ့ ဂျီတော့-ကတဆင့်။ Face-book မှတသွယ်။ Twitter-မှတမျိုး။ တယ်
လီဖုန်းနဲ့တဖုန် ဆက်သွယ်ပီး အားပေးလာတဲ့ ABSDF-က ရဲဘော်-ရဲဘက်တွေ။ ဒီဗွီဘီ-က လုပ်ဖေါ်
ကိုင်ဖက်တွေ။ တခြားမီဒီယာတွေဆီရောက်နေတဲ့ ဒီဗွီဘီ-ကထွက်သွားသူတွေ။ တခြားမီဒီယာတွေက
လုပ်ဖေါ်ကိုင်ဖက်တွေ။ ပြည်တွင်းက နိုင်ငံရေးသမားအနဲအကျဉ်းနဲ့ ဒီဗွီဘီ-ကတဆင့်သိခဲ့ရတဲ့ မိတ်ဆွေ
တွေရဲ့ အားပေးစကားတွေ။ စာတွေကြောင့် စိတ်ညစ်မှုကို သက်သာရာ တစုံတရာဖြစ်စေခဲ့ပါတယ်။ ဒီ
လို စကားပြောဖြစ်ခဲ့သူတွေထဲမှာ ကျနော့်အယင် ဒီဗွီဘီ-ကနေ အလုပ်ထုတ်ခံရသူတွေဖြစ်တဲ့ သြစီ-က
ကိုဇော်ထွန်းနဲ့ နော်ဝေးက အဆိုတော် ကိုမွန်းအောင်-တို့နဲ့ပြောဖြစ်တဲ့အခါမှာတော့ အလုပ်ထုတ်ခံ
ရတာ ငါတို့ ပထမ-ဆုံးမဟုတ်သလို နောက်ဆုံးလဲ ဟုတ်ပုံမရသေးဘူး။ ဘာမှ အားငယ်စရာမလိုဘူး
ဆိုပီး ကိုယ်ဘာသာ ပြန်အားပေးမိပါတယ်။
ကိုဇော်ထွန်းဆိုတာ တကယ်က ကျနော်တို့ထက်တောင်စောပီး ၁၉၉၄-၀န်းကျင်ကတည်းက
မောင်ဇော်-ဆိုတဲ့အမည်နဲ့ ဒီဗွီဘီ-ရေဒီယိုအတွက် သတင်းတွေပို့ပေးခဲ့တဲ့ ပထမ-ဆုံးသတင်းထောက်
တွေထဲက တဦးဖြစ်ပါတယ်။ နောာက်ပိုင်းမှာတော့ တတိယ-နိုင်ငံအခြေချရေးမူအရ သြစတေလျနိုင်ငံ
ကိုထွက်သွားပီး အဲဒီမှာ ဓါတ်ပုံ-ဗွီဒီယို-နဲ့ ဘွဲရပါတယ်။ အဲဒီအချိန် ဒီဗွီဘီ-မှာလဲ တီဗွီ-စပေါ်လာတဲ့
အတွက် ၂၀၀၇-နှောင်းပိုင်းမှာ သြစီကနေ ချင်းမိုင် ဒီဗွီဘီ-ရုံးဆီ တီဗွီ-သတင်းထောက် စိုးနိုင်-အဖြစ်နဲ့
ဒုတိယ-အကြိမ်ပြန်ရောက်လာပါတယ်။ သူရဲ့ တီဗွီ-ကွင်း ဆင်း သတင်းတွေဟာအတော်လက်ရာ
ကောင်းပီး လူကြိုက်များခဲံပါတယ်။ ဒါမေပဲ့ ၂-နှစ်တောင် မခံပါဘူး။ သူကို ဒီဗွီဘီ-ကအလုပ်ထုတ် လိုက်
ပါတယ်။
ဘာကြောင့်ထုတ်တယ်ဆိုတာ ဒီဗွီဘီ-တာဝန်ရှိသူတွေက အခုချိန်ထိအသေချာရှင်းပြခြင်းမရှိ
သေးပါဘူး။ ကိုဇော်ထွန်း-ဖက်ကပြောတာကတော့ ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မရှိဘူး။ နှစ်ပါတ်
လည်ခွင့်နဲ့ ချင်းမိုင်ကနေ သြစီပြန်ဖို့ လေယဉ်ပေါ်တက်ဖို့တရက်အလိုမှာ ဒီဗွီဘီ-ညွန်မှုးဆီက အီး
မေးလ်-တစောင်ဝင် လာတယ်။ အဲဒီစာထဲမှာ သူကိုအလုပ်ထုတ်လိုက်ပီလို့ရေးထားတယ်။ ဘာမှအ
သေချာရှင်းပြမထားဘူးလို့ဆိုပါတယ်။ တကယ်က သူကိုစာချုပ်စာတန်းနဲ့ငှားထားတဲ့အတွက် ဒီလို
ဖြစ်ကတက်ဆန်းထုတ်လို့မရဘူးလို့လဲဆိုပါတယ်။ ဒါပေမဲ့ ဒီလိုထုတ်တဲ့အပေါ် လူသိရှင်ကြားထုတ်ပြော
ရင် စစ်အစိုးရအကြိုက်ဖြစ်သွားမှာစိုးလို့ ဘာမှမပြောဘဲ့အခြေနေကိုစောင့်ကြည့်နေတယ်လို့ ကိုဇော်
ထွန်းက ဆိုပါတယ်။ ဒါမေပဲ့ အခုချိန်မှာတော့ ၁၅-နှစ်ကျော် ဆက်တိုက်တာဝန်ထမ်းခဲ့တဲ့ ထက်အောင်
ကျော်နဲ့ တခြားဝါရင့် သတင်းထောက် ၂-ဦးကိုလဲ သူလိုဘဲ လွယ်လွယ်လေးနဲ့ထုတ်လိုက်တယ်လို့
ကြားရတဲ့အခါမှာတော့ သူကိတ်စကိုလဲ ထုတ်ပြောမှဖြစ်တော့မယ်။ မပြောဘဲထားရင် အခြေနေတွေပို
ဆိုးလာ လိမ့်မယ်လို့ ကိုဇော်ထွန်းက ပြောပါတယ်။
အဲ-နောက်တဦးကတော့ ၁၉၉၃-၀န်းကျင်က အစောဆုံး ဒီဗွီဘီ-၀န်ထမ်းစာရင်းထဲမှာပါပီး
၁၉၉၆-၀န်းကျင်းမှာ အစောဆုံးအလုပ်ထုတ်ခံရတဲ့ လူ ၆-ဦးအုပ်စုစာရင်းထဲပါသွားတဲ့ နာမည်ကြီး
အဆိုတော် ကိုမွန်းအောင်ပါ။ သူက အော်စလိုမြိုနဲ့ တနာရီနီးပါးကွာတဲ့အရပ်မှာ သတင်းသုံးနေသူဖြစ်
ပေမဲ့ ဒီဗွီဘီ-ကိုစိတ်နာလို့ဆိုပီး ဘာမှအဆက်အသွယ်မလုပ်ဘဲနေသူမို့ ကျနော်တို့ အလုပ်ထုတ်ခံရတဲ့
အကြောင်း ဘာမှမသိသေး။ ကိုဇော်ထွန်းနဲ့ပြောဖြစ်တဲ့အပေါ်အခြေခံပိး သူ့အယင် အလုပ်ထုတ်ခံရသူ
တွေကိုလဲ မေးကြည့်ဦးမှဆိုပီး ကျနော်ဖုန်းခေါ်တော့မှ ကိုမွန်းအောင်-က တအံ့တသြ ဖြစ်နေလေရဲ့။ -
ဟုတ်ရဲ့လားဟေ့လူ။ အဲလိုဖြုတ်ချင်းတိုင်းဖြုတ်လို့ဘယ်ရမလဲ။ အခုက ကျနော်တို့ အဖြုတ်ခံရတဲ့ခေါတ်နဲ့
မတူတော့ဘူးးလေ။ အလုပ်သမားရုံးတွေဆီမတိုင်ဘူးလား။ ဒီလူတွေ လုပ်တိုင်း ခင်ဗျားတို့ ခံနေသလား
---ဆိုပီး သူကပြောပါတယ်။
သူပြောတာလဲဟုတ်ပါတယ်။ သူတို့ ၆-ဦးအလုပ်ထုတ်ခံရတာက ၁၉၉၆-ဆိုတော့ အခုဆိုရင်
၁၅-နှစ်တောင်ရှိနေပြီ။ ဒီဗွီဘ-ီ ကလဲ တော်လှန်ရေးအဖွဲ့စည်းအဖြစ်ကနေ နော်ဝေးမှာမှတ်ပုံတင်ထားတဲ့
မီဒီယာ-ဖေါင်ဒေးရှင်းတခုဖြစ်နေပါပီ။ ဒါပေမဲ့ ပြသာနာက ကျနော့်စိတ်ထဲမှာက အဲဒီလို မပြောင်းလဲ
သေး။ ABSDF-ရဲ့ တာဝန်ပေးချက်အရ စတင်တာဝန်ထမ်းတဲ့ ၁၉၉၅-တုန်းကလိုမျီုးဘဲ့ စိတ်ထဲမှာ
ရှိနေပြီး လစာကိုတောင် အခွန်မဖြတ်ခင် ဘယ်လောက်ရသလဲ-ဆိုတာ အခုအလုပ်ပြုတ်တဲ့အချိန်ထိ
တခါမှအသေချာမစီစစ်ဖြစ်။ ဘန်ထဲဝင်လာသလောက်နဲ့ဘဲ့ တင်းတိမ်နေပီး သူများတွေ ဘယ်လောက်
ရနေမှန်းလဲ မလေ့လာဖြစ်ခဲ့။ ပိုဆိုးတာကတော့ အလုပ်ရှင်-အလုပ်သမား သဘောကိုနားမလည်ဘဲ
အလုပ်ခန့်ထားတဲ့ ကွန်ထရက်ကို တခါမှအသေချာမလေ့လာဖြစ်ခဲ့ပါ။ ဒီလို အားနဲချက်တွေက အခုလို
ရုတ်တရက်အလုပ်ပြုတ်တော့ ရှေ့မှာကိုမွန်းအောင်-တိုက်တွန်းခဲ့သလို အလုပ်သမားရုံးတိုင်ကြားရေး
ဆိုတာဟာ လက်တွေဖြစ်မလာခဲ့ပါ။
ထားပါတော့။ ကိုမွန်းအောင်တို့ အကြောင်းဆက်ပြောရမယ်ဆိုရင် ၁၉၉၆-မှာ ကိုမွန်းအောင်နဲ့
အတူ အလုပ်ဖြုတ်ခံရသူတွေကတော့ အခု ဘီအမ်အေ-မြန်မာသတင်းသမဂ-ဥကဌ-အဖြစ်တာဝန်ယူ
နေသူ ကိုမောင်မောင်မြင့်။ မဲဆောက်ကိုပြန်ပီး စာတွေဆက်ရေးနေတဲ့ ကဗျာဆရာကိုငြိမ်းဝေနဲ့ အော်စ
လိုမှာဘဲ့ နိုင်ငံရေးခိုလုံခွင့်လျောက်လိုက်တဲ့ နောက် ၃-ဦးတို့ဖြစ်ပါတယ်။ ကိုမွန်းအောင်တို့ ၆-ဦးကို
အုပ်စုလိုက်ဖြုတ်တာကလွဲရင် အခုကျနော်တို့ ၃-ဦးထုတ်ခံရမှုဟာ လူသိများဆုံးဖြစ်စဉ်တွေဖြစ်ခဲ့ပါ
တယ်။ ဒီကြားထဲမှာတော့ အုပ်စုလိုက်ထုတ်တာမျီုးမရှိဘဲ ဒီဗွီဘီ-ကနေ နည်းမျီုးစုံနဲ့ နှုတ်ထွက် သွားသူ
တွေသာများခဲ့ပါတယ်။ အဲဒါတွေကိုစာရင်းပြန်ကောက်ရမယ်ဆိုရင်တော့ အခု ဗွီအိုအေ-မှာ တာဝန်
ထမ်းနေသူ ၃-ဦး။ အာအက်အေ-မှာ တဦး။ အမေရိကားမှာ အခြေချနေထိုင်သူ ၄-ဦး။ ကနေဒါမှာ
တဥိး။ သြစီမှာတဦး။ ဘန်ကောက်မှာ ၂-ဦး။ အခု ကျနော်တို့ ၃-ဦး စသဖြင့် နှစ် ၂၀-ကာလအတွင်း
ထုတ်ပယ်-နှုတ်ထွက် ၂၀-နီးပါး ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။
နောက်တခါ ဒီဗွီဘီ-ကနေ အသေထွက်ထွက်သွားသူတဦးနဲ့ အရှင်ထွက်-ထွက်သွားသူတဦးလို့
ကျနော်တို့ကြား ခေါ်ဝေါ်လေ့ရှိတဲ့ ၀န်ထမ်း ၂-ဦးကိုလဲ ဒီနေရာမှာစာရင်းထည့်သင့်တယ်လို့ထင်ပါ
တယ်။ ဒီဗွီဘီ-ကနေ အလုပ်ထုတ်ခံရပီး မကြာမီလပိုင်းအတွင်း ကွယ်လွန်သွားသူကတော့ ဒီဗွီဘီ-
စတင်ထူထောင်စဉ် မာနယ်ပုလောကတည်းက တာဝန်ထမ်းခဲ့သူ ကျနေုာ်တို့ရဲ့ ရဲဘော်ကြီး ကိုစိုးဝင်းညို
ဖြစ်ပါတယ်။ သူဟာ ၂၀၀၀-၀န်းကျင်မှာ အော်စလိုဆီ စတင်ရောက်လာပီး ၂၀၀၇- အစောပိုင်းမှာ
အလုပ် ထုတ်ခံရပါတယ်။ ဘာကြောင့်ထုတ်လဲဆိုတာကို ကျနော်မှတ်မိသလောက်ပြန်ပြောရမယ်ဆိုရင်
ကျနော်ရေးခဲ့တဲ့ အယင်စာမှာပါတဲ့အတိုင်း ၂၀၀၅-အောက်တိုဘာလောက်မှာ ကျနော်တို့ကို တီဗွီ-သင်
တန်း စပေးတော့ သူက-မတက်ဘူး။ သူကို ရေဒီယို-အတွက်ခန့်ထားတာသာဖြစ်တဲ့အတွက် တီဗွီ-
မလုပ်နိုင်ဘူး။ နည်းပညာသဘောအရ သူမှာ လုပ်နိုင်တဲ့အခြေနေမရှိဘူးဆိုပီး ငြင်းကန်မှုနဲ့ ဒီတိုင်း
ထုတ်လိုက်တာဖြစ်ပါတယ်။ (ကျနော်တို့က တီဗွီ-သင်တန်းတက်ပီး တီဗွီ-သတင်းနဲ့ ပရီစန်တာလုပ်ပေး
ခဲ့တဲ့ အတွက် ၂၀၁၁-ဖေဖေါ်ဝါရီလကုန်အထိ တာဝန်ထမ်းခွင့်ရခဲ့) ကျနော်တို့လဲ ကိုယ်ထိမှကိုယ်နာဆို
တဲ့စကားအတိုင်း အခု-ကိုယ်အလုပ်ထုတ်ခံရတော့မှဘဲ ကိုစိုးဝင်းညိုတယောက် အလုပ်ထုတ်ခံရစဉ်က
ဘယ်လောက်များခံစားရမလဲ-ဆိုတာကို ပြန်စဉ်းစားနေမိပါတယ်။ ဒီလိုနဲ့ အလုပ်ထုတ်ခံပီး သိပ် မကြာ
ခင် ၂၀၀၇-ရွေဝါရောင်တော်လှန်ရေးပီးကာစ ဒီဇင်ဘာ ၄-ရက်နေ့မှာ ရဲဘော်ကြီး စိုးဝင်းညို ကွယ်
လွန်သွားရှာပါတယ်။ ကျနော်တို့အချင်းချင်းကြားမှာတော့ သူကို ဒီဗွီဘီ-ကနေ အသေထွက် ထွက်သွား
သူအဖြစ် နာမည်ပေးထားပါတယ်။
အဲ- အရှင်ထွက်-ထွက်သွားသူတော့ ကိုခင်သန်း-ဖြစ်ပါတယ်။ သူထွက်သွားပုံဟာ အတော်
ထူးဆန်းနေပြီး အခု ဘယ်မှာရောက်နေမှန်း ဘယ်သူမှအတိအကျမသိဘူး။ ဘယ်သူ-ဘယ်အဖွဲ့စည်း
ကမှလဲ တာဝန်ယူပီး အသေချာသတင်းထုတ် ပြန်ခြင်းမရှိခဲ့ပါဘူး။ တကယ်တန်းပြောမယ်ဆိုရင် ကိုစိုး
ဝင်းညိုဆိုတာ ဒီဗွီဘီ-ရောက်မှ အလုပ်သဘော အရတွေ့ရသူဖြစ်ပေမဲ့ ကိုခန်သန်းက ကျနော်တို့နဲ့ တပ်
ရင်းတခုတည်း။ ၂၀၁-တပ်ရင်း-မင်းသမီးခန်းမှာ အတူနေခဲ့သူတွေပါ။ သူဟာ ရတနာပိုက်လိုင်းအခြေ
စိုက်တဲ့ ကံပေါက်မိုင်းက ရုံးအုပ်ကြီး။ စာကြည်တိုက်မှုး။ မဆလ-ပါတီ ဒေသဆိုင်ရာခေါင်းဆောင်။ အဲဒီ
ကနေ ၈-လေးလုံးအရေးတော်ပုံဖြစ်တော့ ကံပေါက်သားတွေနဲ့အတူ နတ်အိမ်တောင်ဒေသဆီ တောခို
လာသူဖြစ်ပါတယ်။
မဆလ-ကိုသောက်မြင်ကပ်နေတဲ့ကျနော်တို့ကျောင်းသားတွေက သူကို-ကြည့်လို့မရပေမဲ့ ရုံး
လုပ်ငန်းကျွမ်းကျင်မှုမှာတော့ သူကိုမှီသူတဦးမှ ကျနော်တို့တပ်ရင်းမှမရှိခဲ့။ ဒါနဲ့ဘဲ့ တပ်ရင်းရုံး။ စခန်း
ကော်မီတီရုံးရဲ့ ရုံးအုပ်ကြီးအဖြစ်သူကိုခန့်အပ်လိုက်ကြပါတယ်။ သူရဲစ
့ နစ်တကျ လုပ်ပုံကိုင်ပုံတွေ
ကြောင့် အဲဒီကာလက ဗဟို-ဥကဌ-ဖြစ်တဲ့ ကိုမိုးသီးဇွန်-ကိုယ်တိုင်အကြိုက်တွေပီး ဗဟိုရုံးအဖွဲ့မှုးအဖြစ်
မင်းသမီးစခန်းကနေ မာနယ်ပုလောဌာနချုပ်ဆီ ခေါ်ယူခြင်းခံရသူအဖြစ်နာမည်ကြီးခဲ့ပါတယ်။ နောက်
ပိုင်းမှာတော့ ဗဟိုသုတေသနဌာနမှုး။ ဒီဗွီဘီ-အတွက် ABSDF-သတင်းဌာနမှုးတွေအထိ ရာထူးတိုး
မြင့်ခံရသူဖြစ်ပါတယ်။
ကျနော် ဒီဗွီဘီ-မှာ သတင်းထောက်စလုပ်တော့ သူက-ABSDF-သတင်းအယ်ဒီတာပေါ့။ ဒီလိုနဲ့
-၂၀၀၀-၂၀၀၁-၀န်းကျင်မှာ ကိုခင်သန်းဟာ ABSDF-သတင်းအယ်ဒီတာအဖြစ်နဲ့ အော်စလို-ရုံးဆီ ၃-လ
တာ တာဝန်ထမ်းဖို့ရောက်လာပါတယ်။ အဲဒီကာလက ကျနော်တို့ကအော်စလိုဆီမရောက်သေးဘူး။
ဘန်ကောက်မှာရှိနေဆဲ။ သူပြန်လာမှ သူသုံးတဲ့စာအုပ်ကို ကပ်ခွါလုပ်ပီး ကျနော်နဲ့ တခြားဝန်ထမ်းတဦး
တို့ နော်ဝေးကိုရောက်လာ တာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် တို့နော်ဝေးကိုရောက်ပီး သိပ်မကြာပါဘူး။
ကိုခင်သန်းတယောက် မဲဆောက် တည်းခိုခန်းကနေ ပျောက်ချင်းမလှပျောက်သွားပါလေရော။ နအဖ-
ကဘဲ့ ဖမ်းသွားသလိုလို။ သူအလိုလိုဘဲ့ လက်နက်ချသွားသလိုလို။ နဂိုကတည်းက နအဖ-သူလျို
အဖြစ် ABSDF-နဲ့ တော်လှန်ရေးအဖွဲ့တွေ့ရဲ့ သတင်းတွေကိုလာထောက်လှမ်းတဲ့ ထောက်လှမ်းရေး
အရာရှိလိုလိုနဲ့ ဘာမှရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။ အဲဒီကာလကထုတ်ဝေတဲ့ ဧရာဝတီမဂဇင်း-
ထောက်လှမ်းစာမျက်နှာမှာဆိုရင် ကိုခင်သန်းဟာ အဖမ်းခံရတာ။ လက်နက်ချတာ မဟုတ်ဘဲ စစ်
ထောက်လှန်းရေးကတာဝန်ပေးထားတဲ့ ဗိုလ်မှုးအဆင့်ရှိ ပုဂိုလ်တဦးသာဖြစ်ပီး သူရဲ့ စီမံကိန်းကာလ
ကုန်ဆုံးလို့ ရန်ကုန်ုပြန်သွားတာဖြစ်တယ်လို့ ဖေါ်ပြ ခဲ့ဖူးပါတယ်။
သူနဲ့ရင်းနှီးသူတွေရော။ သူတာဝန်ထမ်းခဲ့တဲ့အဖွဲ့တွေကရော ဘာမှတရားဝင်သတင်းထုတ်ပြန်
ခြင်းမရှိသေးတဲ့အတွက် အခုချိန်ထိဘာမှအတည်ပြုလို့မရသေးတဲ့အခြနေဖြစ်ပါတယ်။ ဘယ်လိုဘဲ့ဖြစ်
ဖြစ် အခုလို ဒီဗွီဘီ-ကနေ ထုတ်ပယ်သူ။ နှုတ်ထွက်သူစာရင်းတွေကို ကောက်ယူတဲ့အခါမှာ ကိုခင်သန်း
လို ထူးဆန်းပုဂိုလ်အကြောင်းကိုလဲ စာရင်းသွင်းသင့်တယ်။ ဒီလူရဲ့နောက်မှာ ကျနော်တို့မသိနိုင်တဲ့ မြှုပ်
ကွက်တွေရှိနေနိင်တယ်။ သိသူတွေ ဆက်လက်ဖေါ်ထုတ်သင့်တယ်။ အဲဒီလိုဖေါ်ထုတ်နိုင်ရင် ဒိမိုကရေ
စီရေးအတွက် တစုံတရာပိုအကျိုးရှိလာနိုင်တယ်လို့ယူဆမိတဲ့အတွက်အခုလိုတင်ပြရခြင်းဖြစ်ပါတယ်။
နောက်ဆုံးတင်ပြချင်တာကတော့ ဒါတွေကိုဖေါ်ထုတ်တင်ပြနေလို့ ကျနော်တို့အတွက် ဘာများ
ထူးလာမလဲ။ မထူးတဲ့အပြင် အကျိုးတောင်ထိခိုက်လာနိုင်တယ်မဟုတ်ဘူးလားဆိုတဲ့ မိတ်ဆွေတချီု့ရဲ့
စိုးရိမ်မှုဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ပြိးခဲ့တဲ့ ၂၀၀၈-မှာ ကျနော်ရဲ့ -စာအုပ် -Far From Home: 20-
years in Exile ထုတ်ဝေစဉ်တုန်းကလဲ တော်လှန်ရေးကာလအတွင်း တောထဲမှာ ကျနော်တို့ကျောင်း
သားတချို့အသတ်ခံရတဲ့အကြောင်း ထည့်သွင်းဖေါ်ပြတဲ့အပေါ် ဒီလိုဖေါ်ပြလို့ ခင်ဗျားအတွက် ဘာ
ထူးမလဲ-ဆိုပီး သတင်းထောက်တချို့ရဲ့မေးမြန်းမှုကို ကျနော် ခံရဖူးပါတယ်။
တကယ်ကတော့ ဒီဖြစ်စဉ် ၂-ခုဟာ အချိန်ကာလနဲ့ နေရာဒေသမတူပေမဲ့ ထုတ်ပြောလို့
အကျီုးထူး-မထူး ကိတ်စမှာတော့ အတူတူဖြစ်နေတယ်လို့ထင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး
အရှိန်ကောင်းနေစဉ်ကာလမှာ အချင်းချင်းပတိပခ တွေကိုထုတ်ပြောလိုက်ရင် စစ်အစိုးရအကြိုက်ဖြစ်ပီး
ကျောင်းသားနဲ့ ကေအန်ယူ-အကြား ဆက်ဆံရေး ထိခိုက်လာနိုင်တယ်။ ဒါကြောင့် ကိုယ်ပေါင်ကိုလှန်
ထောင်းတာမျိုးမဖြစ်အောင် ထိမ်းထားဖို့လိုတယ်လို့ အဲဒီကာလက ကျနော်တို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ
ပေမဲ့ မပြောဘဲနေရင် အခြေနေတွေပိုဆိုးလာနိုင်တာကြောင့် ကာလတခုမှာတော့ ကျနော်တို့ထုတ်
ပြောခဲ့ပါတယ်။ သို့သော်လည်း ဒီလိုထုတ်ပြောတဲ့ကာလဟာ သိပ်နောက်ကျသွားတယ်လို့ ကျနော်က
ထင်နေပါတယ်။
အခု ဒီဗွီဘီ-ကိတ်စမှာလဲ ဒီလိုပါဘဲ့။ ဒီလိုထုတ်ပြောတဲ့အတွက် နအဖ-အကြိုက်ဖြစ်သွားစေမ
လားဆိုတာဟာ စိုးရိမ်သင့်တဲ့အချက်တခုအဖြစ် ကျနော်စဉ်းစားမိပါတယ်။ ဒါပေမဲ့ ရှေ့မှာတင်ပြခဲ့တဲ့
အတိုင်း အချိန်မှီထုတ်မပြောရင် အခြေနေတွေပိဆ
ိုးလာနိုင်တယ်။ နောက်တခါ အယင် ABSDF-က
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း-ဖြစ်လို့ အချက်လက်အတော်များများကို လျို့ဝှက်ထားသင့်
တယ်ဆိုတာသင့်လျော်ပါတယ်။ ဒါမေပဲ့ အခု ဒီဗွီဘီ-က လွတ်လပ်တဲ့ မီဒီယာ-အဖွဲ့အစည်း။ ဆိုတော့
ပိုတောင် အချိန်မှီထုတ်ပြောဖို့လိုတယ်။ ဒါဟာ အားလုံးနိုင်ဆိုင်တယ်။ ဒီမိုကရေစီအရေးလှုပ်ရှား သူ
တွေ။ မီဒီယာ-ဆိုင်ရာ ကျွမ်းကျင်တဲ့အသိုင်းဝိုင်းက တာဝန်သိသူတွေ။ တာဝန်ရှိသူတွေက အချိန်မှီ
အကြံပေး ပြင်ဆင်နိုင်မှ ဒီဗွီဘီ-မှာ ကျန်နေတဲ့ဝန်ထမ်းတွေ ကျနော်တို့လို ထုတ်ချင်သလိုအထုတ်ခံရတဲ့
အဖြစ်မျိုးကနေ အချိန်မှီကာကွယ်နိုင်မယ်။ ဒီဗွီဘီ-ကို စစ်မှန်တဲ့ မီဒီယာ-Institution -တခုဖြစ်လာ
အောင် အချိန်မှီဝိုင်းဝန်းအကြံ ပေးဆောင်ရွက်နိုင်လိမ့်မယ်လို့ မျော်လင့်တဲ့အတွက် အခုလို တင်ပြ
လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျား။

You might also like