You are on page 1of 41

ထောက်လှမ်းရေး တပ်ဖွဲ့ တိုးချဲ့ရန် ပြင်ဆင်နေ

ဝေမိုး Tuesday, 08 March 2011 19:08

အာရပ်နိုင်ငံများတွင် ဖြစ်ပွားနေသော လူထုလှုပ်ရှားမှု ဂယက်များ မြန်မာနိုင်ငံသို့ ကူးစက်လာပါက နှိမ်နှင်းရန်အတွက် ထောက်လှမ်းရေး တပ်ဖွဲ့များ တိုးချဲ့ရန်
စစ်အစိုးရက ပြင်ဆင်လျက် ရှိသည်။
အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပွားနေသော လှုပ်ရှားမှုများက
တရုတ်နိုင်ငံအထိ ကူးစက်လာသည့်အတွက် အမျိုးသား
ထောက်လှမ်းရေး တပ်ဖွဲ့(NIB)ကို ပြန်လည် ဖွဲ့စည်းရန်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အခြား ထိပ်တန်း စစ်ခေါင်းဆောင်
၆ ဦး တို့က ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း စစ်တပ်
အသိုင်းအ၀န်းက ဆိုသည်။

ယခင် NIB ဖွဲ့စည်းပုံအတိုင်း စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့၊


အထူး သတင်းတပ်ဖွဲ့ နှင့် ပြည်ထဲရေးဝန်ကြီး လက်အောက် ခံ
အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)များအပြင်
အခြားဝန်ကြီးဌာန အုပ်ချုပ်ရေးပိုင်းနှင့် လုံခြုံရေး အဖွဲ့များလည်း
ပါဝင် မည်ဖြစ်သည်။

လူထုတရပ်လုံးပါဝင်သည့် အမျိုးသားကွန်ရက်
ဖွဲ့စည်းထူထောင်ရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ၏ ကြိုးပမ်းမှုသည် လူထုအုံကြွမှု
ပီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် က နေပြည်တော်တွင် ကျင်းပသည့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့
တရပ်အဖြစ်အသွင်ပြောင်းလဲသွားမည်ကို
ညစာစားပွဲ၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်အစိုးရ ခေါင်းဆောင်များကိုတွေ့ရစဉ် (ဓာတ်ပုံ - AP)
စစ်ခေါင်းဆောင်များက စိုးရိမ်မှုဖြင့် NIB ကိုပြန် လည်ဖွဲ့စည်းရန်
ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရာထူးမှ ဖြုတ်ချခဲ့ပြီးနောက်ပိုင်း NIB အဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်း နိုင်ငံများ၏ လူထုလှုပ်ရှားမှု ဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်းပြည်ပမှ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက အင်တာနက် လှုမှုကွန်ရက်


စာမျက်နှာများမှတဆင့် အာရပ်နိုင်ငံများရှိ လူထုလှုပ်ရှားမှုမျိုး လုပ်ဆောင်ရန် လှုံ့ဆော်မှုများ ပြုလုပ်လာကြသည်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖေ့စ်ဘွတ်(Face Book)အင်တာနက် စာမျက်နှာများမှ တဆင့် Just Do It လှုံ့ဆော်မှု
တခုကို စတင်ခဲ့သည်။ ယင်းလှုပ်ရှားမှု စတင်ခဲ့ပြီး တပတ်အကြာ စစ်အစိုးရက အင်တာနက် ၀န်ဆောင်မှုကိုလည်း ယခင်ထက် ပိုမိုထိန်းချုပ်ခဲ့သည်။

“၂၀၀၇ နောက်ပိုင်း အင်တာနက် အသုံးပြုမှုတွေကို စစ်ဆေးနေတာက ဖြစ်နေကြပါ၊ ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာ အင်တာနက်ဆိုင် တော်တော်များများနဲ့
ရတနာပုံ ဆိုက်ဘာစီးတီးကို ပိုပြီးစစ်ဆေးတာတွေလုပ်နေတယ်”ဟု ရတနာပုံ ဆိုက်ဘာ စီးတီးမှ အိုင်တီ ပညာရှင်တဦးက ပြောသည်။

နိုင်ငံရပ်ခြားတွင် သံတမန် တာဝန်ကို ထမ်းဆောင်နေကြသည့် သံတမန်များနေရာတွင် စစ်ဘက်ဆိုင်ရာမှ လူများဖြင့် အစားထိုးရန် စီစဉ်နေခြင်းသည်


အာရပ်ဒေသတွင်ဖြစ်ပွားနေသည့် အရေးအခင်းများအတွင်း သံတမန် အများအပြား သက်ဆိုင်ရာ အာဏာရှင်များကို ဆန့်ကျင်ကြသည့် ဂယက်၏
အကျိုးသက်ရောက်မှု တခုဖြစ်ကြောင်း လည်းသိရသည်။

“နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်သားတွေအတွက်တော့ သတင်းဆိုးတခုပေါ့၊ ဒါကို ကြည့် ရတာက ဒီဝန်ကြီးဌာနအတွင်းမှာ


အရပ်သားတွေကို ရာထူးထပ်မတိုးတော့မယ့် သဘောပဲ”ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးကပြောသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပါဝင်သော နိုင်ငံ့ဥသျှောင်အဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ရုံးခန်းကို နေပြည် တော်ရှိ ဥပ္ပါတသန္တိ စေတီအနီးတွင်
ဖွင့်လှစ်ထားကြောင်းလည်း နေပြည်တော်မှလာသော သတင်းများအရ သိရသည်။

သမ္မတ ဦးသိန်းစိန်ကို အစိုးရ အုပ်ချုပ်ရေး အာဏာလွှဲပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင် ပါဝင် သော နိုင်ငံ့ဥသျှောင် အဖွဲ့ ဖွဲ့က
အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ်ကွပ်ကဲမည် ဖြစ်သည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂
ဦး ပါဝင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

“အစိုးရသစ်ဖွဲ့ပြီးတော့ ဗိုလ်ချုပ်တွေအကြားမှာ အာဏာ ပြိုင်ဆိုင်မှုတွေမဖြစ်လာနိုင်အောင် နိုင်ငံ့ဥသျှောင်ကိုဖွဲ့တာပါ၊ အစိုးရအဖွဲ့မှာ သမ္မတ၊ ဒု သမ္မတ စတဲ့


ရာထူးတွေကွဲနေပေမယ့် နိုင်ငံ့ဥသျှောင်အဖွဲ့မှာတော့ အတူတူပါပဲ”ဟု နေပြည်တော် ရှိ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ဆိုသည်။

ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပါဝင် ရေးသားသည်။


ကာတွန်းဆရာ ကန်တော့ပွဲ ရန်ပုံငွေ ကယ်ရီကေးချားဆွဲကြမည်
မင်းနိုင်သူ Tuesday, 08 March 2011 17:12

မြန်မာ ကာတွန်း သက်ကြီးပညာရှင်များ ကန်တော့ပွဲ ကျင်းပရေး ရန်ပုံငွေ ရှာဖွေရန် ပုံတူရုပ်ပြောင် (ကယ်ရီကေးချား) ရေးဆွဲခြင်းနှင့် ကာတွန်းပြပွဲကို
လူငယ်ကာတွန်း ဆရာများ ဦးစီး၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကယ်ရီကေးချား ဆွဲပွဲနှင့် ကာတွန်းပြပွဲ ဖိတ်စာ (ကာတွန်းထိပ်ကွက် facebook မှ ရယူသည်)

“ကျနော်တို့ ကာတွန်းဆရာတွေဟာ ငွေကြေးချို့တဲ့ကြတယ်လေ။ ဒီနှစ်အတွက် ကန်တော့ပွဲမလုပ်ဖြစ် လောက်တော့ဘူးတောင် ထင်နေတာ။ အခုမှ ဘေဘီမိုင်းလ်


ကလေးဆေးဝါး ထုတ်လုပ်ရေးက ကူညီပံ့ပိုးလာလို့ လူငယ် ကာတွန်းဆရာတွေ ဦးစီးပြီး ရန်ပုံငွေ ရှာကြမှာပါ” ဟု ကာတွန်း အော်ပီကျယ်က ဆိုသည်။

ရန်ကုန် ကန်တော်ကြီးအတွင်းရှိ လက်မှုကုန်းတွင် မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ကာတွန်းဆရာများက ၎င်းတို့ ရေးဆွဲထားသည့်
ကာတွန်းများကို ပြသကြမည် ဖြစ်ကာ လာရောက်ကြည့်ရှုသူ များထဲမှ ပုံတူ ရုပ်ပြောင် ရေးဆွဲလိုသူ များကိုလည်း အခကြေးငွေယူ၍ ရေးဆွဲပေးသွားမည်
ဖြစ်ကြောင်း သိရသည်။

သက်ကြီး ကာတွန်းဆရာများ ကန်တော့ပွဲ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသော ကာတွန်း ၀လုံး ကလည်း “ရေးဆွဲပေးမယ့် နှုန်းထားကိုတော့
ကာတွန်းဆရာတွေ ညှိနှိုင်းနေဆဲပါပဲ။ ရန်ပုံငွေ ရှာတဲ့ပွဲဆိုတော့ တပုံကို ကျပ် ၁ ထောင်နှုန်း လောက်နဲ့ပဲ ရေးဆွဲပေး ဖြစ်မယ်ထင်ပါတယ်” ဟု ပြောသည်။

မြန်မာ ကာတွန်းဆရာများသည် ကာတွန်းပညာရှင် ဦးဖေသိန်းနေအိမ်တွင် နှစ်စဉ်နှစ်တိုင်း သက်ကြီး ကန်တော့ပွဲ ကျင်းပလေ့ ရှိခဲ့ပြီး ယခုနှစ်သည် ၃၆ ကြိမ်မြောက်
ကာတွန်းပညာရှင် ကန်တော့ပွဲ ဖြစ်သည်။

“ဒီနှစ်ကတော့ ဘယ်နေရာမှာ ကျင်းပဖြစ်မယ်ဆိုတာ မသိသေးဘူး။ ရန်ပုံငွေ ရတဲ့အပေါ်မှာ မူတည်ပြီး နေရာရွေးကြမှာပါ။ ဒီနှစ် အသက် ၆၀ ကျော်တဲ့
ကာတွန်းဆရာတွေကို ကန်တော့မှာပါ” ဟု ကာတွန်း အော်ပီကျယ်က ဆိုသည်။

ယခုနှစ် ကန်တော့ခံမည့် ကာတွန်းပညာရှင်များ စာရင်းတွင် ကာတွန်း တင်အောင်နီ၊ ငွေကြည်၊ ရွှေမင်းသား၊ မြေဇာ စသည့် နာမည်ကြီး ကာတွန်းဆရာများ
အပါအဝင် ကာတွန်းဆရာပေါင်း ၂၀ ခန့်ကို ကန်တော့ကြမည် ဟု သိရသည်။

မြန်မာ သက်ကြီး စာပေပညာရှင်များ ကန်တော့ပွဲကို စစ်အစိုးရက ဦးဆောင်၍ နှစ်စဉ် ကျင်းပပေးလေ့ ရှိသော်လည်း ကာတွန်း ပညာရှင်များ ပါဝင်လေ့မရှိပေ။

ယခုနှစ် ကျင်းပမည့် သက်ကြီး ကာတွန်းပညာရှင်များ ကန်တော့ပွဲအတွက် ရန်ပုံငွေရှာဖွေပွဲသို့ ကာတွန်းချစ်သူများ လာရောက် အားပေးကြပါရန်


ကာတွန်းဆရာများက ဆော်သြထားသည်။

ဖြတ်လေးဖြတ်ကြောင့် ဒေသခံများ တိမ်းရှောင်


သန်းထိုက်ဦး Tuesday, 08 March 2011 19:13

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ် ဒေသများတွင် စစ်အစိုးရ၏ ဖြတ်လေးဖြတ် အစီအစဉ်နှင့် တပ်များ ထပ်မံ တိုးချဲ့နေခြင်းကြောင့် ဒေသခံများ
ကြောက်ရွံ့စိုးရိမ်ကာ နယ်စပ် ဒေသများသို့ ဦးတည် ထွက်ခွာနေကြောင်း စစ်ရေးလေ့လာသူ များက ပြောသည်။

အဆိုပါ SSA မြောက်ပိုင်း ၀မ်ဟိုင်းဒေသရှိ ငွေကြေး ချမ်းသာသူ တချို့က ယင်း ဒေသများမှတဆင့် မြို့ကြီးများသို့ ထွက်ခွာနေ ခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်
သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

SSA-N တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ မိုင်းရှုးမြို့နယ် ၀မ်ဟိုင်းဒေသ တ၀ိုက်တွင် စစ်အစိုးရတပ်များ အနေဖြင့် တပ် အင်အားတိုးချဲ့ထားခြင်းသည်
ဖြတ်လေးဖြတ် အတွက် စတင်ကျင့်သုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

“SSA မြောက်ပိုင်း တပ်မဟာ ၁ ဘက်ကလည်း သူတို့တပ်တွေကို စစ်ရေးအရ ပေါ့ပေါ့ ပါးပါးနဲ့ လျှင်မြန် ဖြတ်လပ်စွာ လှုပ်ရှား နိုင် အောင်တော့
ပြင်ဆင်ထားတယ်”ဟု ဦးစိန်ကြည်က ဆက်ပြောသည်။

နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက်ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလအတွင်းက SSA မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ်ဘက်သို့
ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက်ခြမ်းတွင် ကျောက် မဲ မြို့အခြေစိုက် စစ်ဆင်ရေး
ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်းများ နှင့် သံချပ်ကာကား တချို့ကိုလည်း ပြီးခဲ့သည့်
ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ချထားကြောင်း သိရသည်။

နအဖ တပ်အင်အားတိုးချဲ့ထားခြင်းနှင့် ပတ်သက်၍ ဦးစိန်ကြည်က “တစ်အချက်က နအဖဘက်က အရင်ပစ်တယ် အရင် တိုက်တယ်၊ နံပါတ် နှစ်က သူတို့
သတ်မှတ်ထားတဲ့ ခွင်ထဲကို နယ်ထဲကို နအဖတပ်က ကျူးကျော်ဝင်လာတယ်ဆိုရင် ဒီနှစ်ခု က တိုက်ပွဲဖြစ်ဖို့ အလားအလာများတယ်”ဟု ပြောသည်။

တိုက်ပွဲ ကြီးကြီးမားမားတော့ ဖြစ်မည် မဟုတ်ကြောင်း၊ လျှပ်တပြက် တိုက်ပွဲမျိုးသာ ဖြစ်နိုင်ခြေရှိကြောင်း ၎င်းက ဆိုသည်။

အလားတူပင် ရှမ်းပြည်နယ် နမ့်ဇန်မြို့နယ် အတွင်းရှိ ရွာသုံးရွာမှ အိမ်ခြေ ၂၀၀ခန့်ကိုလည်း နမ့်ဇန်မြို့နယ်ခွဲသို့ ပြောင်းရွှေ့နေ ထိုင်ရန် နယ်မြေခံ စစ်အစိုးရတပ်က
ဖိအားပေးနေကြောင်း သိရသည်။

၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလ ခေတ် အစိုးရ ဆင်နွှဲခဲ့သည့်
စစ်ဆင်ရေးများတွင် ဖြတ်လေးဖြတ် အစီအစဉ်များ စတင်ကျင့်သုံးခဲ့သည်။

ဖြတ်လေးဖြတ်အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေအရင်းအမြစ် များကို ဖြတ်တောက်ခြင်း၊


သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်းတို့ ဖြစ်သည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်းဖြတ် လေးဖြတ် အစီအစဉ်ကို
အကောင်အထည်ဖော်ရန် စစ်အစိုးရက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားကြောင်း စစ်ဘက် ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အချင်းချင်း ဆက်သွယ် ရေး လမ်းကြောင်းများကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း
ထပ်တိုးထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းများက ဆိုသည်။
မြန်မာ့ အင်တာနက် ပိုနှေးလာနေ
လင်းသန့် Tuesday, 08 March 2011 11:13

အရှေ့အလယ်ပိုင်း နိုင်ငံများ၏ လူထုလှုပ်ရှားမှု ဂယက်များ မြန်မာနိုင်ငံတွင် ရိုက်ခတ်လာမည် စိုးရိမ်သောကြောင့် စစ်အာဏာပိုင်များက လုံခြုံရေးအရေ


နည်းမျိုးစုံဖြင့် ဟန့်တားကာကွယ်နေရာ အင်တာနက် ၀န်ဆောင်မှုကိုလည်း ယခင် ထက် ပိုမိုထိန်းချုပ်နေသည်။
မြန်မာ့ ဖေ့စ်ဘွတ် တော်လှန်ရေး (Face Book Revolution) ဟု
လှုံ့ဆော်နေသော Just Do It. (JD) များနှင့် မြန်မာနိုင်ငံတွင်း
အင်တာနက် သုံးစွဲသူများအကြား ဖေ့စ်ဘွတ် (Face Book)
စာမျက်နှာများ၌ ယခုလ ၁၃ ရက်နေ့နံနက် ၈ နာရီ တွင် အီဂျစ်
အစရှိသည့် အာဏာရှင် နိုင်ငံ တချို့၌ ဖြစ်ပွားသည့် လူထု
လှုပ်ရှားမှုမျိုး လုပ်ဆောင်ရန် လှုံ့ဆော်မှုများကြောင့် အစိုးရက
ပိုမိုထိန်းချုပ် လာသည့် အတွက် ယခုရက်ပိုင်းအတွင်း
အင်တာနက် မြန်နှုန်းများ သိသာစွာ နှေးကွေးသွားကြောင်း
အင်တာနက်သုံးစွဲသူ မြန်မာလူငယ်များက ဧရာဝတီကို
ပြောသည်။

“အခုကျနော်တို့ JD တွေ အနေနဲ့ အရင်ကထက် အင်တာနက်


ဖေ့စ်ဘွတ်တွေက တဆင့် လူထုလှုပ်ရှားမှု ဖြစ်လာဖို့
လုပ်နေတာမှာ သူတို့ (အစိုးရ) က အင်တာနက်ကို
ပိုထိန်းချုပ်လာတာ သတိထားမိတယ်”ဟု JD တဦးက
ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့တွင် မြန်မာကျောင်းသားများ အင်တာနက်ကဖေး၌ အသုံးပြုနေစဉ် (ဓာတ်ပုံ-AP)
Just Do It. (JD) အင်တာနက် စာမျက်နှာကို တက်ကြွ မြန်မာ လူငယ်များက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၃
ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တပတ်ကျော် ကာလအတွင်း ပူးပေါင်းပါဝင်သူများ တထောင်ကျော် အထိ တမုဟုတ်ချင်း များပြားလာကာ တချို့မြို့များတွင်
လှုံ့ဆော်စာဝေခြင်း၊ ပိုစတာများ ကပ်ခြင်းများ အထိပင် ကျယ်ပြန့်လာကြောင်း သိရသည်။

“အင်တာနက် က မြန်မာနိုင်ငံမှာ လိုင်းပုံစံအားဖြင့် ADSL Broadband, Wi-Max ဆိုတာအပြင် အခု CDMA 800 MHZ ဖုန်းနဲ့ သုံးတဲ့ပုံစံ၊ နောက်ဖုန်းတလုံးပါတဲ့
Mac- Wall ဆိုတာ တမျိုးပေါ့၊ နောက်တခု က Sky –Net လို့ခေါ်တဲ့ ဂြိုဟ်တု စလောင်းဖမ်းစက်နဲ့ တွဲသုံးတဲ့စနစ် ဆိုပြီးရှိတယ်။ Broadband Cable က အရင်က
စစ်တပ်အရာရှိကြီးတွေပဲ ချပေးခဲ့တာ၊ သူက လိုင်းအကောင်းဆုံးပဲ၊ နောက်ပိုင်း မချပေးတော့ဘူး၊ အခု နောက်ထပ် အင်တာနက်လိုင်းတွေကို အများကြီး
ချပေးလိုက်တာလဲ ပိုနှေးစေတယ်”ဟု မြန်မာ ကွန်ပျူတာ ပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

အင်တာနက်ဆိုင် လုပ်ငန်းများလည်း ယခင်ကထက် သုံးစွဲသူ နည်းပါးလာခြင်းသည် မြန်နှုန်းကျခြင်း၊ လုံခြုံရေး ကင်မရာများ တပ်ဆင်ထားခြင်းနှင့်


တချို့ဆိုင်များတွင် Spy Software များ အသုံးပြုခြင်းများကြောင့် ဟု အင်တာနက် ဆိုင်ပိုင်ရှင် လူငယ်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ စာရင်းမှာ၂၀၀၀ ခုနှစ်က သုံးစွဲသူ ၁၀၀၀ ၀န်းကျင်သာ ရှိခဲ့ရာက ၂၀၁၀ ပြည့်နှစ် တွင် တသိန်းတသောင်း အထိရှိလာပြီး
မြန်မာနိုင်ငံ လူဦးရေ၏ ၀.၂ ရာခိုင်နှုန်းခန့်သာ သုံးစွဲနိုင်သေးကြောင်း၊ ယခုနှစ်တွင် နောက်ထပ် အင်တာနက် လိုင်းများ တိုးချဲ့ချထားပေးခဲ့ကြောင်း မြန်မာ့
ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသည်။
ယုံကြည်မှုနဲ့ အမျိုးသမီး အခွင့်အရေး
နရီလင်းလက် Tuesday, 08 March 2011 20:45 ဆောင်းပါး

ဒီနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် ခဲ့ပါပြီ။ တကမ္ဘာလုံးမှာရှိနေတဲ့ အမျိုးသမီးတွေ ချီတက် လမ်းလျှောက်ပွဲ နဲ့
လှုပ်ရှားမှုပွဲတွေ စီစဉ်ပြီး အမျိုးသမီးနေ့ အထိမ်းအမှတ်ပွဲကို ဆင်နွှဲနေကြပေမယ့် မြန်မာပြည်မှာတော့ အမျိုးသမီးများနေ့ အတွက် ဘာအထိမ်းအမှတ်ပွဲမှ
မလုပ်ခဲ့ကြပါဘူး။
အဲဒါကြောင့် မြန်မာပြည်ရဲ့လုပ်ငန်းခွင်နယ်ပယ်
အသီးသီးမှာရှိနေတဲ့ အမျိုးသမီးတွေနဲ့ ဆက်သွယ်ပြီး အခုလို
နိုင်ငံတကာ အ မျိုးသမီးနေ့မှာ အမျိုးသမီး အခွင့်အရေးတွေ
အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

အခုခေတ်မှာ အသိဉာဏ်ရှိရင် ယောကျာ်းရော ၊ မိန်းမရော


အလုပ်လုပ်နိုင်တယ်ဆိုတာ သဘောမပေါက်သေးသူတွေ အများ
ကြီး ရှိသေးတယ်လို့ သဘောထားလိုက်တယ်ဆိုပြီး ဆရာမ
နုနုရည်(အင်းဝ) က ခွဲခြား ဆက်ဆံခံရချိန်က စိတ်ခံစားချက်ကို
အခုလို ပြောပြပါတယ်။

“အမျိုးသမီးတွေကို ထမင်းချက် ၊ ကလေးထိန်း ၊ အ၀တ်လျှော်


ဒီလို အိမ်ထောင်ထိန်းသိမ်းမှု လုပ်တဲ့နေရာမှာပဲ ယောကျာ်း
အများစုက ထားချင်နေသေးတယ်။ ယောကျာ်းတွေနဲ့ တန်းတူ
ဝင်ငွေ ရအောင်လုပ်ရတဲ့ ကိစ္စတွေ မှာ ထားဖို့ ခဲသေးတယ်။
ဒီထက်ပိုပြီး ပြောရရင် လူမှုဆက်ဆံရေး အဆင့် လို့ ခေါ်တဲ့
နေပြည်တော်က စက်ဘီးကလေးတွေနဲ့ ဈေး ပြန်အမျိုးသမီးတွေ (ဓာတ်ပုံ - AP) ရပ်ရေး ရွာရေး ၊ လူမှုရေး ကိစ္စတွေ ၊ လူထုကြားမှာ ဆုံးဖြတ်ရတဲ့
အဆုံးအဖြတ်ပေးတဲ့ ကိစ္စတွေမှာ နေရာမပေးချင်ကြသေးဘူး”လို့ ဆရာမက ဆိုပါတယ်။

အမျိုးသားတွေက အမျိုးသမီးတွေကို တန်းတူအခွင့်အရေးပေးဖို့ ၀န်လေးနေသေးတဲ့ အခြေအနေမှာရှိနေသေးတယ် လို့ လည်း ဆရာမက ဆက်ပြောတယ်။

“ဒီကနေ့ ခေတ်မှာ တချို့ အမျိုးသမီးတွေက အခွင့်အရေးတွေ ရလာပြီ။ ရနေပြီလို့ ထင်ကြပါတယ်။ ဒီလို ဘာကြောင့် ထင် တာလဲ ဆိုတော့ သူတို့ရဲ့
ကိုယ်ပိုင်မာန်ကြောင့် လို့ ပြောရမှာပေါ့။ ဆရာမ အတွေ့အကြုံ နဲ့ ပြောရရင် စာရေးဆရာ အမျိုး သမီး တယောက်အနေနဲ့ ခွဲခြား ဆက်ဆံ ခံရတာ ကြုံဖူးတာပဲ။
ဒါပေမယ့် အားငယ်တာတို့ ၊ ၀မ်းနည်းသွားတာတို့ မဖြစ်ဘဲတန်းတူ အလုပ်လုပ်နိုင်တယ် ဆိုတာ သ ဘော မပေါက်သေးပါလား
သနားစရာကောင်းတယ်လို့တွေးလိုက်တယ်။ အဲဒါ Artist တ ယောက်ရဲ့ မာန် လို့ ထင် တယ်။ ဒီလိုပဲ အခွင့်အရေးတွေ ရနေပါပြီလို့ ပြောနေတဲ့ အမျိုးသမီးတွေ
စိတ်ထဲမှာ ခွဲခြား ဆက်ဆံခံရ တာကို သူတို့ရင်ထဲမှာ သိပ်မကြိုက်တာရှိတုန်းပဲ မသိချင်ယောင်ဆောင်နေလိုက်တာပေါ့”လို့ ဆရာမက ပြောပြပါသေးတယ်။

ဆေးကုမ္ပဏီ တခုမှာ အရောင်းမြှင့်တင်ရေး လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးကလည်း လုပ်ငန်းခွင်မှာ အမျိုးသားနဲ့ အမျိုးသမီး လစာ
နှုန်းထားရတာခြင်း မတူညီ သေးတာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

“အများဆုံးတွေ့ရတာက အလယ်အလတ်တန်း ရာထူးနဲ့ အောက်ခြေ၀န်ထမ်းခေါ်တဲ့နေရာမှာ ခွဲခြားခံရတာတွေ ပိုများတယ်။ အလုပ်တခု ခေါ်လိုက်ရင်


လျှောက်တဲ့ နေရာမှာ မိန်းကလေးဦးရေက လိုတာထက် ပိုများတော့ အလုပ်ရဖို့ အခွင့်အရေးက လည်း ရဖို့နည်းတယ်။ လခပေးတာချင်းတူလို့ လစာနည်းရင်
ယောကျာ်းလေးက တခြား ပန်းရံတို့ ၊ ဆိုက်ကားနင်းတာတို့ သွား လုပ်လို့ရတယ်။ မိန်းကလေးက ပေးတဲ့ လစာမလုပ်ရင် စောစောက အလုပ်တွေ
သွားဝင်လုပ်လို့မရဘူး။ ဒီလို အခြေအနေ ဆို တော့ ပေးတဲ့ လစာ က ယောကျာ်းလေးနဲ့ ၃၀၀၀- ၄၀၀၀ ကွာလည်း လုပ်ရတာပဲ”လို့ သူ့ အတွေ့အကြုံကို
ပြောပါတယ်။

မြို့ပြတွေမှာထက် တောရွာတွေမှာဆိုရင် အမျိုးသမီး ဖြစ်တဲ့အပြင် အသက်ငယ်တာကြောင့် လေးလေးစားစား ဆက်ဆံမခံရ ဘူးလို့ NGO အဖွဲ့အစည်းတခုမှာ
Project Manager အနေနဲ့ လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးက သူ့ခံစားချက်ကို ပြောပြပါတယ်။

“ဧရာဝတီတိုင်းဘက်က ရွာတရွာကို အလုပ်တခုနဲ့ သွားတုန်းက ပထမ Project Manager က ယောကျာ်လေး သူက အလုပ် ကနားသွားတော့
ကိုယ်ကတာဝန်ယူပြီး အဆုံးသတ်ပေးရတာ။ အဲဒီ ရွာမှာ ၁ လ ခွဲလောက်သွားနေရတယ်။ ရွာသားတွေကို ရေကန်မှာ လှေကားလုပ်ဖို့နဲ့ ခြံခတ်ဖို့ အပြီးသတ်ဖို့
ပြောတော့ ကိုယ့်ကို အသက်လည်းငယ်တယ်၊ မိန်းကလေး ဖြစ်တယ် ဆိုတော့ မဖြစ်နိုင်ဘူး ဘာဖူးနဲ့ပြန်ပြောတာ။ မိန်းကလေး ဆိုတော့ မလေးစားချင်ဘူး။
အသက်ငယ်တော့ ပိုဆိုးတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိ မြန်မာ စာနယ်ဇင်းလောကမှာဆိုရင်လည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အရေးကြီးသတင်းတွေယူဖို့ နေပြည်တော် သွားခိုင်း တဲ့ နေရာမှာ အမျိုးသား
သတင်းထောက်တွေကို ဦးစားပေးလွှတ်တာ ကိုယ်တိုင်ကြုံရတော့ ကိုယ်တိုင်က ငါတို့များ မလုပ်နိုင်ဘူးလားဆိုတဲ့ အတွေးတွေ ၀င်လာစေသလို။ ယုံကြည်မှုတွေ
ပျောက်ကုန်တာမျိုးဖြစ်လာစေတယ်လို့ ပြည်တွင်းဂျာနယ် အမျိုးသမီး သတင်းထောက် တဦးက ပြောပြပါတယ်။

အမျိုးသမီးသတင်းထောက်တွေ က အမျိုးသားတွေလောက် မစွမ်းဆောင်နိုင်သေးဘူးလို့ အဖွဲ့ အစည်း ခေါင်းဆောင်တွေ စိတ်ထဲမှာ သတ်မှတ်ထားတာတွေလည်း


ရှိနေသေးတာ မြင်ရတယ် လို့လည်း သူ က ပြောပါတယ်။

“အရေးကြီးတဲ့ သတင်းတွေ နေပြည်တော်ကို သွားယူရမယ်ဆို ပေါ့ပေါ့ပါးပါး ယောကျာ်းလေးပဲ လွှတ်တာကောင်းပါတယ်။ တခုခုဆို ပိုလည်း မေးနိုင်တယ် ဆိုပြီး
ဦးစားပေးတာမျိုးတွေ မြင်ရတယ်။ ဥပမာ- အရက် ကုမ္ပဏီက ပွဲ အတွက် သတင်းသွား ယူမယ်ဆိုရင်တောင် မိန်းကလေးက မသင့်တော်ပါဘူးဆိုတဲ့
စကားတွေထွက်လာသေးတယ်။ ပတ်ဝန်းကျင်က မိန်းကလေး တွေကို သဘောထားတဲ့ အမြင်တွေကို ကိုယ်တိုင်က ဖောက်ထွက်ဖို့လိုတယ်။
တချို့နေရာတွေမှာကျတော့ အဖွဲ့အစည်းနဲ့ လုပ်ဆောင်ရတာတွေရှိတော့ ကိုယ့်ခံစားချက်ကို စိတ်ထဲမှာပဲထားလိုက်ရတာတွေရှိတယ်”လို့ သူ က ဆိုတယ်။

သူက ဆက်ပြီး“အဲဒါကလည်း ဘာသာရေးလိုပဲ၊ အပြောင်းအလဲလုပ်ဖို့ ခက်ခဲတယ်။ မြို့ပေါ်က မိန်းကလေးတွေတောင် ဒီ လောက်ဖြစ်နေရင် နယ်မှာဆို


ပိုဆိုးတာပေါ့။ လူမှုပတ်ဝန်းကျင်မှာ ကျင်လည်ပြီး ထုံးစံလိုဖြစ်နေတဲ့ အစဉ်အလာတွေကနေ ရုန်း ထွက်ဖို့လိုတယ်”လို့လည်း ပြောသေးတယ်။

တခြားနယ်ပယ်တွေမှာ ခွဲခြားမှုတွေ ဘယ်လိုရှိလဲ မသိပေမယ့် သူ လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာတော့ ခေါင်းဆောင်မှု၊ အတွင်း လုပ်ငန်းကိစ္စ အုပ်ချုပ်မှုတွေမှာ
အမျိုးသားတွေကိုသာ နေရာပေးတာ တွေ့ရတယ်လို့ ရန်ကုန် အခြေစိုက် Myanmar Egress ၀န်ထမ်းတဦး က ပြောပြပါတယ်။

“အဓိက ခွဲခြားခံရတဲ့ ပြဿာနာက လစာမဟုတ်ဘူး။ ဥပမာ- အုပ်ချုပ်မှုပိုင်းမှာ အမျိုးသမီးနဲ့အမျိုးသား ယှဉ်လာရင် မန်နေဂျာ


အဆင့်မှာကအစ ယောကျာ်လေးကို ဦးစားပေးတာ။ မန်နေဂျာ အယောက်၂၀ မှာဆို အမျိုးသမီး ၁ ယောက် လောက်ပဲတွေ့ရ လိမ့်မယ်။ မိန်းကလေးတွေကလည်း
ခွဲခြားမှုလို့အော်ပြီး တိုက်ကြတယ်။ ကျား၊ မ ပြဿနာလား၊ အရည်အချင်းလား၊ ယဉ်ကျေးမှုလား ခွဲရခက်”လို့ သူက ဆိုတယ်။

ယခင် ၁၀ စုနှစ်များနဲ့ နှိုင်းစာပါက Personal Level (မိသားစု အဆင်)့ နဲ့ Communication Level (လှုမှုဆက်ဆံရေး အဆင့)် မှာ အမျိုးသမီးတွေ
အခွင့်အရေးရရှိလာမှု တိုးတက်လာတယ်လို့ နာမည်ကျော် ရုပ်ရှင် အနုပညာရှင် အကယ်ဒမီ ဆွေဇင်ထိုက် က အခုလို ပြောပါတယ်။
“ခွဲခြားဆက်ဆံခံနေရတာတွေကို ပြောနေမယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ လုပ်လို့ရတာလည်း ရှိတယ်၊ လုပ်လို့ မရတာလည်း ရှိတယ်။ လုပ်လို့ မရတာကို ရိုးမယ်ဖွဲ့
မပြောတော့ဘူး။ လုပ်စရာတွေ အများကြီးရှိတယ်။ ဒီတော့ လုပ်နိုင်တာကို လုပ်နိုင်တဲ့ အ၀န်းဝိုင်းထဲကပဲ လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ကျမတို့ ရှင်သန်ခဲ့တာ”လို့ သူက
ဆိုတယ်။

အမျိုးသမီးတွေအနေနဲ့ လုပ်နိုင်တဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရအောင်လုပ်ပြီး နိုင်ငံတကာ အဆင့် နဲ့ တကမ္ဘာလုံး အဆင့်အထိ
သွားနိုင်အောင် လုပ်ဖို့ လိုတယ်လို့ ဒေါ်ဆွေဇင်ထိုက်က ဆက်ပြောပါသေးတယ်။

ဆရာမ နုနုရည်(အင်းဝ) ကတော့ အခုအခြေအနေမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာတွေရှိတယ်ဆိုတာ မသိကြသေးတော့ ဒီကနေ
ကဏ္ဍတခုအနေနဲ့ ခွဲထွက်လာတဲ့ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်တာကိုတော့ အသိမရှိသေး ဘူးလို့ ပြောပါတယ်။

“၀န်ကြီးဌာန တော်တော်များများရဲ့ ဌာနမှူး ၊ လက်ထောက်ညွှန်ကြားရေးမှူး လို နေရာတွေမှာ များသောအားဖြင့် အမျိုးသား တွေ ဖြစ်နေတာ။ ဥပမာ- စစ်ဘက်နဲ့
ပတ်သက်တဲ့ ၀န်ကြီးဌာန တွေ ၊ ရုံးတွေမှာဆို ပိုသိသာတယ်။ အစိုးရ အဖွဲ့အစည်းကိုယ် တိုင်မှာကို က ဒီလို ခွဲခြားမှုတွေ ရှိနေသေးတယ်ဆိုရင် ကုမ္ပဏီ
ပြင်ပအသိုင်းအ၀န်းမှာ ပိုဆိုးတာပေါ့”လို့ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ၀န်ထမ်း အမျိုးသမီး တဦးက ဆိုတယ်။
အဖွဲ့အစည်းရဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ
အမျိုးသားတွေရဲ့ဆုံးဖြတ်ချက်နဲ့ အကြံဉာဏ်တွေကိုပဲ အလေး
ထားတာ ၊ အမျိုးသမီးတွေကို ထည့်သွင်းမဆွေးနွေးတာတွေ
တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေ တန်းတူ အခွင့်အရေး ရလာဖို့ဆိုတာ


ကိုယ့်ရဲ့အရည်အချင်း၊ စိတ်ဓာတ်နဲ့ ရပ်တည်မှုတွေပေါ်မူ တည်
နေတယ်လို့ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြုသျှင်က အခုလို
ပြောပါတယ်။

“ကိုယ့်ကိုယ်ကို မိန်းမတယောက်လို့ စိတ်ဖျောက်ပြီး ငါ့မှာ


ယောယျာ်းတယောက်လို အရည်အချင်းရှိတယ် ဆိုပြီး တန်းတူ
ရင်ပေါင်တန်း ရင်တော့ နေရာရပါတယ်။ ငါ မိန်းမပဲ မိန်းမဆိုတာ
ငါယောကျာ်းတွေနောက်မှာပဲ နေရမယ်ဆိုပြီး သိမ်ငယ်စိတ်နဲ့
ရှေ့မတိုးရင်တော့ နေရာရမှာမဟုတ်ပါဘူး”လို့ ဒါရိုက်တာ
ကြည်ဖြုသျှင်က ဆိုတယ်။
လှိုင်သာယာ အထည်ချုပ်စက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးေ တ(ဓာတ်ပုံ - jamd.com )
သူက ဆက်ပြီး“ရိုက်ကွင်းမှာဆို စက်အဖွဲ့ကအစ အကုန် ယောကျာ်းတွေကို အစ်မ အုပ်ချုပ်ရတာ။ အဲဒီအချိန်မှာ အစ်မ ကိုယ့် ကိုယ်ကိုယ် မိန်းမဆိုတာလည်း
မေ့သွားတယ်။ မိန်းမ မဟုတ်တော့ဘူး၊ ခေါင်းဆောင်တယောက်ဖြစ်သွားတယ်။ အဲဒီ ယောကျာ်း တွေကလည်း အစ်မကို မိန်းမလို့ မမြင်တော့ဘူး။
သူတို့ရဲ့ခေါင်းဆောင်လို့ပဲ မြင်သွားတယ်။ အဓိက အစ်မပြောချင်တာ ဘယ်နေရာမဆိုပါပဲ။ ကိုယ့်ရဲ့စိတ်ဓာတ်၊ ရပ်တည်မှုရယ်ပေါ်မူတည်ပြီး ကိုယ့်ကို
နေရာပေးကြမှာပဲ”လို့လည်း ပြောပါတယ်။

ယဉ်ကျေးမှု ၊ ဓလေ့ ထုံးတမ်းတွေအရ ဘာသာရေးနဲ့ ပတ်သက်ပြီး“ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်လို့ ဘုန်းကြီးနားမှာ မိန်းမ တယောက် နီးနီးနားနား ထိုင်နေတာ
ကိုတော့ မကြိုက်ဘူး။ ဒီနေရာမှာလည်း ယောကျာ်းတွေမို့လို ရှေ့ထားတယ် မမြင်ဘူး။ ဘုန်းကြီးနဲ့ အနီးဆုံးက ယောကျာ်းတွေပဲ ရှိသင့်တယ်။ ယောကျာ်းပဲ
ဖြစ်သင့်တယ်ထင်တယ်”လို့ ဒါရိုက်တာ ကြည်ဖြူသျှင် က
ပြောပြပါသေးတယ်။

စီးပွားရေး တက္ကသိုလ် ပါမောက္ခဟောင်း တဦးကတော့ အမျိုးသားတွေ အပေါ် အားကိုးချင်စိတ်က အမျိုးသမီးတွေကို နောက် ရောက် သွားစေသလို ၊
အခုအချိန်အထိ အရိုးစွဲလာတဲ့ အမျိုးသမီး ၊ အမျိုးသား ခွဲခြားမှု ထုံးတမ်းတွေကို ကျော်လွန်နိုဖို့ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ ပတ်ဝန်းကျင် ကို
ဖောက်ထွက်နိုင်ဖို့ ကြိုးစားသင့်တာတွေ အပြင် ၊ ဖောက်ထွက် လာတဲ့ အမျိုးသမီးတွေကို လက်ခံပေးတဲ့ အသိုင်းအ၀န်း တွေလည်း ပိုမို လိုအပ်နေသေးတယ်လို့
သုံးသပ်ပြောဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ကဏ္ဍပေါင်းစုံမှာအမျိုးသမီးတွေက ပမာဏအနည်းငယ်လောက် နေရာရလာနေတယ်ဆိုပေမယ့် မြန်မာ နိုင်ငံ


အကျဉ်းထောင်တွေအသီးသီးမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ထဲမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၁၇၀ ကျော်ရှိနေတယ်လို့
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ အဆို အရ သိရပါတယ်။

FIFA ဥက္ကဌ မြန်မာပြည် လာမည်


ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဌ ဆတ် ဘလတ္တာသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၏ ဖိတ်ကြား ချက်ဖြင့် ဗုဒ္ဓဟူး နေ့တွင်
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် မည်ဖြစ်ကြောင်း သိရသည်။ ဆတ် ဘလတ္တာသည် မြန်မာသို့ ရောက်ရှိစဉ် မန္တလေးမြို့တွင် တည်ဆောက်ပြီးစီးနေပြီ
ဖြစ်သော ဘောလုံး အကယ်ဒမီ သင်တန်းကျောင်းကို ဖွင့်လှစ် ပေးရန် ရှိသည်ဟု တရုတ် ဆင်ဟွာ သတင်း၌ ရေးသားထား သည်။ ယင်း ဘောလုံး
အကယ်ဒမီကျောင်း တည်ဆောက် ရေးအတွက် FIFA က ဒေါ်လာ ၄ သိန်း အကူအညီ ပေးထားကြောင်း သိရသည်။

ရခိုင်တွင် အိမ်ခြေ ၂၀၀ နီးပါး မီးလောင် ပြာကျ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ထဟာ ကျေးရွာ၌ မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီမှ ၇ နာရီထိ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ နီးပါး
မီးလောင်ပြာကျသွားသည်ဟု ဒေသခံတဦးက ဧရာဝတီကို ပြောသည်။ မတ်လ ၂ ရက်နေ့ ကလည်း ထိုဒေသ၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ နိုင်ငံတော်ပိုင် ဂိုဒေါင် ၆
လုံး မီးလောင်ကျွမ်း သွားသည်။ အဆိုပါ ဒေသ၌ မကြာခဏ မီးသင့်လေ့ ရှိသော်လည်း မီးသတ်ယာဉ်မရှိ၍ ရေအနည်းငယ်သာ ရှိသော ရေကန်မှ ရေများကို
ခပ်ယူ မီးငြှိမ်း ရကြောင်း၊ ဆုံးရှုံးမှု များပြီး လူ ထိခိုက်ဒဏ်ရာ ရမှုမရှိကြောင်း ဒေသခံက ဆိုသည်။
http://bur.irrawaddy.org/

Tuesday, March 8, 2011


ထိပ်ဆုံးက အမျိုးသမီး ၁၀၀
လန်ဒန်အခြေစိုက် ဂါးဒီးယန်း သတင်းစာက ထိပ်ဆုံးက အမျိုးသမီး ၁၀၀ စာရင်းကို စာရင်းပြုစုလိုက်ပါတယ်။ သူတို့ တွေကတော့ နိုင်ငံရေးနယ်ပယ်မှာ လွှမ်းမိုးမှု
အရှိဆုံး၊ သြဇာအရှိဆုံး အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမှတ်စဉ် ၁ ကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။ ၂ က ချီလီ
သမ္မတဟောင်းနဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း မီရှဲလ် ဘက်ခ်ျလက်ပါ။ သူကတော့ အခု ကုလသမဂ္ဂ အကြီးအကဲပေါ့။ ၃ ယောက်မြောက်က ဂရို ဟာလန်
ဘရန်ဒလန် ဖြစ်ပါတယ်။ သူက နော်ဝေ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ဆရာဝန်အဖြစ် အသက် မွေးခဲ့တဲ့ သူဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့
ဒါရိုက်တာလည်း ဖြစ်ပါတယ်။ နံပါတ် ၄ ကတော့ အားလုံးသိကြတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ပါ။ ကျန်တဲ့သူတွေကိုတော့ ဒီမှာ
ကြည့်နိုင်ပါတယ်။
မဲဆောက်က အမျိုးသမီးများနေ့
ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့က နှစ် ၁၀၀ ပြည့် အမျိုးသမီးများနေ့ ကျင်းပတဲ့ ပုံတွေပါ။ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်င)ံ က ဦးဆောင်ပြီး ဒီနေ့
ကျင်းပခဲ့ပါတယ်။

နှစ် ၁၀၀ ပြည့် အမျိုးသမီးနေ့ အိန္ဒိယမှာလည်း ကျင်းပ

နိုင်ငံတကာ အမျိုးသမီးများနေ့ကို အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်င)ံ က ဦးစီးပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အနောက်ပိုင်း မြန်မာ့ရိပ်သာခန်းမမှာလည်း


ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ အိန္ဒိယရောက် အမျိုးသမီး ခေါင်းဆောင်တွေက နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို
ပြောပြကြပြီး တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ အမြန်ဆုံး ရပ်ဖို့၊ ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်း ကို ဦးတည်စေချင်တဲ့အကြောင်း
ပြောကြားခဲ့ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်း သားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ စစ်အစိုးရက
အမျိုးသမီးတွေအပေါ် အတင်း အဓမ္မ ပြုကျင့်နေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ချက်ခြင်း ရပ်တန့်ပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံရောက် တိုင်းရင်းသူ အမျိုးသမီးငယ် တွေကလည်း လက်ရှိ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ အကြောင်းအရာ တွေကို ရေးစပ်ထားတဲ့ သီချင်း၊ သံချပ်တွေကို
သီဆိုခဲ့ကြပါတယ်။
ဇာနည်မာန်
ပြည်ထဲရေးဌာနက ပေါက်ကွဲသံများ
ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်က တပ်ဖွဲ့တွေ ဌာနတွေရဲ့ ရာထူး တိုးမြှင့်ရေး၊ ပြောင်းရွှေ့ရေး ကိစ္စတွေမှာ လူကြီးတွေရဲ့ ထင်ရာလုပ်မှု၊ လာဘ်စားမှု၊
မသမာမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ နေပြည်တော် ပြည်ထဲရေး ၀န်ထမ်းတွေက ပြောဆိုနေကြပါတယ်။
အထူးသဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ပိုပြီးဆိုးရွားတာ တွေ့ရှိရပါတယ်။ ထွေ/အုပ် မှာဆိုရင် အရင်ညွှန်ချုပ် ဦးမြတ်ကို
ရှိစဉ်ကတည်းက ပြယုဂ် သက်သက်ပါဘဲ၊ ဘာလုပ်ပိုင်ခွင့်မှ မပေးတော့ပါဘူး။ ၀န်ကြီးရုံးကပဲ တိုက်ရိုက်လုပ်ပါတယ်။ ရာထူးတိုး၊ ပြောင်းရွှေ့အားလုံး ရုံးအဖွဲ့မှူး
ဦးနေမျိုးက ထင်တိုင်းစီမံနေပြီး မယက ဥက္ကဋ္ဌတယောက် နေရာကောင်း ပြောင်းပေးရင်ပဲ ကျပ် သိန်း ၅၀ လောက် ပေးရပါတယ်။
အရင် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းရဲ့ တပည့်ရင်းဖြစ်နေတာကြောင့်လည်း ၀န်ကြီးက အစ မပြောသာဘဲ ဒီအတိုင်း ကြည့်နေရတဲ့သဘောရှိတယ်။
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ ရာထူးတိုးမြှင့်ရေးကို အသက် အပိုင်းအခြားနဲ့ ကန့်သတ်ထားတဲ့အတွက် လုပ်သက် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒု
ဦးစီးတွေ ရာထူးတိုးမြှင့်ဖို့ မလွယ်ကူတော့ပါဘူး။ အသက် ၃၀ ကျော်သူတွေကို ဦးစီးအရာရှိ မပေးတော့ဘူး ဆိုတော့ ယခု လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ဒု ဦးစီး
အားလုံးကို ရာထူးတိုးမပေး တော့ဘူးဆိုတဲ့ သဘောသက်ရောက် ပါတယ်။ လက်ရှိ ၂၅ နှစ်အောက် သင်တန်း ဆင်းပြီးစ ဒုဦးစီးတွေတောင် မျှော်လင့်ချက်
မရှိတော့သလို ဖြစ်ပါတယ်။ လုပ်သက် ၅ နှစ်ကျော်မှ ရာထူး တိုးမြှင့်ရေးကို စဉ်းစားမယ်ဆိုတော့ လုပ်သက် ၅ နှစ်ပြည့်ရင် အသက် ၃၀ ကျော် သွားပါပြီ။ ဒီတော့
အသက် ၂၅ နှစ်မှာ သင်တန်းဆင်းပြီး ဒုဦးစီး ဖြစ်နေတဲ့သူတွေ ဦးစီးအရာရှိ မဖြစ်နိုင်ဘူးလို့ ပြောရတာပါ။
ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးက စိတ်ကူးရမှ ခေါ်လေ့ရှိတဲ့ (ကာလ သတ်မှတ်ချက်မရှိတ)ဲ့ စာမေးပွဲမှာ ကြုံကြိုက်တုန်း အပုံလိုက် ပေးတော့မှ
ရာထူးတိုးနိုင်တော့မှာ ဖြစ်ပါတယ်။၊ တနည်းအားဖြင့် အရပ်ဘက်မှ ၀င်ရောက်တဲ့ ၀န်ထမ်းတွေကို မပေးဘဲ၊ စစ်တပ်က အသွင်ပြောင်း လာတဲ့ ဆေးကျလူမမာ
စစ်ဗိုလ်တွေကိုပဲ ဦးစီးအရာရှိ ရာထူးပေးနေတာပါ။ ပြည်ထဲရေး ဝန်ကြီးဌာနကိုလည်း တပ်မတော်က အသွင်ပြောင်းအရာရှိ တွေက အထက်ပိုင်း အဆင့်ဆင့်ကနေ
အုပ်ချုပ်သွားမှာပါ။
အဲဒါမှပဲ နယ်ဘက် အုပ်ချုပ်ရေးကို လွှဲသယောင်ယောင်နဲ့ စစ်တပ်က လိုသလိုချုပ်ကိုင် သွားနိုင်တော့မှာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ကြည့်နိုင်ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင် တာဝန်ယူသူတွေ ဖြစ်တဲ့ ထွေအုပ်၊ ရဲ၊ ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖ အားလုံးဟာ တပ်မတော်က အသွင်ပြောင်းနဲ့ အငြိမ်းစားတွေပဲ ဖြစ်ပါတယ်။
နယ်ဘက်က ဌာနတွင်း လုပ်သက်ရင့် အတွေ့အကြုံရှိတဲ့ ၀န်ထမ်းတွေကို ရာထူးတိုးပေးရေး အတွက် အသက်၊ ပညာအရည်အချင်း၊ အရပ်အမြင့်ပေ၊ ရုပ်ရည်၊
စွမ်းဆောင်မှု ဆိုပြီး အကြောင်းအမျိုးမျိုးပြ ကန့်သတ်ထား ပေမယ့်လည်း စစ်တပ်က အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတော့ ဘာလာလာ ရာထူးအလိုက် နေရာပေးထား
တာပါ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာလည်း တာဝန်ရှိပုဂ္ဂိုလ်တွေက မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရာထူး တိုးမြှင့်ရေး ကိစ္စတွေကို ထင်ရာ လုပ်နေကြပါတယ်။ ဒုရဲအုပ်အပါတ်စဉ် ၁၅
ဆင်းတဦးရဲ့အဆိုအရ၊ သူ ဒုရဲအုပ်ဖြစ်စဉ်အခါက ၅ တန်း၊ ၆ တန်း ကျောင်းတက်နေတဲ့ ကလေးတွေက အခုရဲအုပ် အဆင့်တွေဖြစ်နေကြတဲ့အတွက်
ကိုယ့်သားလောက်ကို ဆရာခေါ်၊ အဘခေါ် နေရပြီး အလေးပြုနေရတယ်လို့ သိရပါတယ်။
သူတို့ အပါတ်စဉ်တွေက ဒုရဲအုပ် လုပ်သက်တမ်းတင် ၁၅ နှစ်ကျော်နေပါပြီ။ ဘယ်လိုနည်းနဲ့မဆို အနည်းဆုံး ရဲအုပ်တော့ ဖြစ်သင့်နေပါပြီ။ ဒုရဲအုပ်လောင်း
အပါတ်စဉ် ၄၀ ကနေ ၅၅၊ ၅၆ တွေမှာတောင် ရဲအုပ်တွေ ဖြစ်နေကြပါပြီ။ အမှတ်စဉ် ၁၅ ကနေ ၃၀/၉၇ အထိ ဒုရဲအုပ်တွေကို ဘာကြောင့် ရာထူးတိုးမပေးဘဲ
ချန်ထားတာလဲ၊ ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။ အသက်အရွယ်အရ နောက်ထပ်လည်း ဖြေလိုစိတ်မရှိတော့ပါဘူး။ အရင်က ၅၅၊ ၅၆ တွေကို ငွေပေးတဲ့
အပေါ်ကြည့်ပြီး ရဲအုပ်ရားထူးပေးဖို့ တင်ထားတာ သတင်း ပေါက်ကြားလို့ ပျက်ပြယ် သွားပြီးသားပါ။ အခုပြန်ပြီး ပေးဖို့လုပ်နေကြပြန်ပါပြီ။ ရဲချုပ်၊
ဝန်ကြီးအပြောင်းအလဲမှာ အခွင့်ကောင်း ယူပြီး လုပ်ကြဦးမယ် ထင်ပါ တယ်။ တပ်ဖွဲ့တွင်းမှာတော့ တကယ့်ကို တပည့်မွေး၊ ဆရာကျွေး စနစ်ကို
ကျင့်သုံးနေကြတာပါ။
ပြည်ထဲရေး ဝန်ထမ်းတွေရဲ့ ပြောကြားချက်ကို ပြန်လည်ရေးသားပေးပို့ပါတယ်
ဝဿန်
၅-၃-၂၀၁၁
http://www.irrawaddyblog.com/

မြဝတီ ဗုံးကွဲ၊ အသေအပျောက် မရှိ


ကျော်ခ | အင်္ဂါနေ့၊ မတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ လူအသေအပျောက် မရှိသည့် ဗုံးပေါက်ကွဲမှုတရပ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၌ မတ်လ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက
ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့လယ်ရှိ အာရှလမ်းမကြီးဘေး ရဲစခန်းအနီး ဓာတ်ဆီဆိုင်၌ ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲခဲ့ပြီး၊ ဆိုင်ပိတ်ချိန် ဖြစ်သဖြင့်
တဦးတယောက်မျှ မထိခိုက်သလို ဆိုင်လည်း ပျက်စီးမှု မရှိခဲ့ပေ။

“လူတွေ ဘာတွေတော့ မထိပါဘူး။ ပလက်ဖောင်း နည်းနည်း ထိသွားရုံပဲ။ သူတို့ တွက်တာကတော့ DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား
တပ်မတော်) က မြို့ပေါ်ကို လာခြိမ်းခြောက်တယ်လို့ပဲ တွက်နေကြတယ်” ဟု မြို့နယ် ရဲစခန်းနှင့်နီးစပ်သူ မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။ အခင်းဖြစ်ရာသို့ ရဲများ
ရောက်ခဲ့သော်လည်း ယခုထိ ဖောက်ခွဲသူကို မဖော်ထုတ်နိုင်သေးဟု ဆိုသည်။

ဗုံးကွဲပြီးနောက် ယခုအခါ နယ်ခြားစောင့်တပ်များ၊ စစ်အစိုးရတပ်များဖြင့် မြို့လုံခြုံရေး တင်းကျပ်နေပြီး၊ မသင်္ကာသည့် ကား၊ ဆိုင်ကယ်နှင့် လူများကို
တားမြစ်စစ်ဆေးသလို ညဘက်တွင် အာရှလမ်းမပေါ်၌ ရှောင်တခင် စစ်ဆေးမှုများ ရှိနေသည်။

ပြီးခဲ့သည့် ၉ ရက်နေ့တွင်လည်း အာရှလမ်းမကြီးထိပ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ယာဘက်ခြမ်းရှိ 7 Star လက်ဖက်ရည်ဆိုင်တွင် ဗုံးပေါက်ခဲ့ရာ လူ ၂ ဦး
ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့သည်။

“ကျနော်တို့ဆီမှာကတော့ အကိုရယ် ဝုန်းခနဲအသံကြားရင် တိုက်ပွဲတွေ ဖြစ်ပြီးလားပဲ ထင်နေတော့ ထွက်တောင် မစပ်စုရဲဘူး။ ကိုယ့်အိမ်မှာကိုယ် ပုန်းနေရတယ်”
ဟု မြဝတီမြို့သား တဦးက ပြောသည်။

မြဝတီတွင် စစ်အစိုးရတပ်များ၊ DKBA နယ်ခြားစောင့်တပ်များအပြင် အရပ်သားအသွင် နေထိုင်သည့် နယ်ခြားစောင့်တပ် ငြင်းဆန်ဆဲ DKBA တပ်ဖွဲ့ဝင်များ၊
ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်များ၊ ဟောင်သရော ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF အဖွဲ့ဝင်များ လှုပ်ရှားနေသည်။
ဒန်ကလေအမှု ၁၇ ရက်နေ့ ပြန်ချိန်း
သဲသဲ | အင်္ဂါနေ့၊ မတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာတိုင်းမ် CEO အဟောင်းဖြစ်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ အမှုကို အင်္ဂါနေ့ တရားခွင်က ယခုလ ၁၇
ရက်နေ့သို့ ထပ်ချိန်းလိုက်သည်ဟု အပတ်စဉ်ထုတ် သတင်းဂျာနယ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝေလင်းက ပြောသည်။
“ဟိုဘက်ဒီဘက်က ရှေ့နေတွေက အာမခံပေးသင့်၊ မပေးသင့်ကို တရားသူကြီးကို စာရေးပြီး တင်ကြတယ်။ အဲလို တင်ပြီးတော့ အမှုကို ၁၇ ရက်နေ့ကို ထပ်ပြီး
ချိန်းလိုက်တယ်။” ဟု ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။

တရားလို မခိုင်ဇာကို တရားရုံးက မေးခွန်းအနည်းငယ်


မေးမြန်းခဲ့သည်ဟု ဆိုသည်။ ယနေ့တရားခွင်သို့ သြစတြေးလျသံရုံးမှ ကောင်စစ်ဝန်၊
မြန်မာတိုင်းမ် CEO အသစ် ဒေါက်တာတင်ထွန်းဦးနှင့် မြန်မာတိုင်းမ်မှ ဝန်ထမ်းအချို့
လာရောက်ခဲ့သည်။

မစ္စတာဒန်ကလေမှာ အရေးပေါ် ပြဋ္ဌာန်းချက် လဝက ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာကို


နာကျင်အောင်လုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို
တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့်
နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် တရားစွဲခံထားရသည်။

“သူ နေရထိုင်ရတာ အဆင်ပြေပါတယ်။ ကျနော်တို့ကို မှာတာပြောတာ ဘာမှမရှိပါဘူး။


ကျနော်တို့ရဲ့ Business က ပုံမှန်အတိုင်းပဲ ဆက်ပြီး လည်ပတ်နေပါတယ်” ဟု
ဦးဝေလင်းက ပြောသည်။
ရန်ပွဲဖျဉ်သူကပစ်၍ မြန်မာအလုပ်သမားသေ
အောင်မြတ်စိုး | အင်္ဂါနေ့၊ မတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၅ မိနစ်
မစတာရော့စ်ဒန်ကလေအမကိုတရားခင်ကယခုလ ၁၇ ရက်နေသို
ထပ်မံခိန်းဆို
ဘန်ကောက် (မဇ္ဈိမ) ။ ။ သူငယ်ချင်းနှစ်ယောက် အရက်သောက်ပြီး (ဓတ်ပုံမဇိမ )
စကားများသည်ကို လာဖျန်ဖြေသည့် အိမ်ခန်းပိုင်ရှင် ထိုင်းလူမျိုးက သေနတ်ဖြင့်
ပစ်သတ်သဖြင့် မြန်မာအလုပ်သမားတဦး သေဆုံးမှု တနင်္ဂနွေနေ့ ညနေ ၆နာရီခန့်က စမုတ်ပရာကန်ခရိုင်၊ ပက်နန်းငါးဖမ်းဆိပ်တွင် ဖြစ်ပွားခဲ့သည်။

ဘန်ကောက်မြို့အနီး စမုတ်ပရာကန်ခရိုင်၊ ပက်နန်း ဆွယ်စောင်ရှိ CFC ငါးရုံတွင် အလုပ်လုပ်နေသော ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ငထွေဆုပ်ကျေးရွာသား
ကရင်လူမျိုး ထိုင်းအမည် အချစ်(ခ) စောဂရေ (ခ) စောဟယ်သ(ီ ၂၉နှစ)် နှင့် သူငယ်ချင်းတဦး အရက်သောက်စကားများသည်ကို လာဖျန်ဖြေသည်မှစ၍
အချင်းများပြီး ပစ်သတ်ခံရသည်။

“တယောက်ကိုမောင်းထုတ်လိုက်တယ်။ ဟိုတယောက်ကပြန်သွားပြီ၊ သူပဲကျန်တယ်၊ သူ့ပါမောင်းထုတ်တယ်။ သူဌေးနဲ့ တယောက်တခွန်းစကားများတော့


မောင်းထုတ်ရင်းနဲ့ သူ့ကိုသူဌေးက တွန်းလိုက်တယ်၊ အဲဒီမှာ သူ့ကိုတွန်းရမလားဆိုပြီး ဓားဆွဲလိုက်တယ်” ဟုအမည်မဖော်လိုသူ မျက်မြင်သက်သေက မဇ္ဈိမသို့
ပြောဆိုသည်။

ထို့နောက် ဓားနှင့်ရွယ်သဖြင့် အိမ်ရှင်အဖိုးကြီး နောက်ဆုတ်ရှောင်ကြောင်း၊ စောဂရေက အဖိုးကြီးကို လက်ဖြင့်တွန်းသဖြင့် အဖိုးကြီး လဲကျသွားကြောင်း


သူကဆက်ပြောသည်။

“သူ နည်းနည်းမူးနေတယ်၊ အဲဒီတော့ သူ့အရှိန် သူမထိန်းနိုင်ဘူးလေ၊ သူလဲအဖိုးကြီးပေါ် မှောက်လျက်လဲသွားတယ်၊ လဲရာက သူ ပြန်ကုန်းထတော့ အဖိုးကြီးက
ခါးက သေနတ်ဆွဲထုတ်ပြီး ပစ်တာ၊ ၃ချက်ပစ်တာ” ဟုဆိုသည်။

“ပြီးတော့ အဖိုးကြီး အပြင်ထွက်လာပြီး ဘယ်သွားလဲမသိဘူး၊ ပြန်လာတော့ လက်မှာ ပတ်တီးလေးနဲ့၊ အဲဒီအချိန်မှာပဲ ပုလိပ်တွေရောက်လာတယ်” ဟု ဆိုသည်။

သေဆုံးသူ၏ အလောင်းကို ဘန်ကောက်ရဲဆေးရုံသို့ ဆေးစစ်ချက်ယူရန် ပို့ထားကြောင်း သိရသည်။ အမှုအတွက် Rask Thai ဖောင်ဒေးရှင်းသို့
အကူအညီတောင်းထားကြောင်းလည်း သိရသည်။
KIO မိုင်းခွဲဟု အာဏာပိုင်များ စာဖြန့်
ဖနိဒါ | အင်္ဂါနေ့၊ မတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၇ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးကြောင်း ရေးထားသည့် စာများအား မြစ်ကြီးနား-
လိုင်ဇာသွား ကားလမ်း၌ အာဏာပိုင်များဘက်က ဖြန့်ဝေနေကြောင်း ဒေသခံများက ဆိုသည်။

ဝိုင်းမော်၊ ဂါးရာယန်၊ နမ်ဆန်ယန်၊ လဂျားယန်၊ ဆဒုံး စသည့် ဒေသများရှိ စားသောက်ဆိုင်များတွင် “ကေအိုင်အ/ို အေ ရဲ့ မိုင်းလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူများ
အသက်ဆုံးရှုံး” ဟူသော စာများကို A4 ဆိုဒ် စာရွက်ပေါ်တွင် သေဆုံးသူများ၏ ဓာတ်ပုံများနှင့်တကွ ယခုလ ၅ ရက်နေ့မှစ၍ လိုက်ကပ်ထားခြင်း ဖြစ်သည်။

“ကေအိုင်အို လုပ်ရပ်ကို ပြည်သူများအနေဖြင့် လုံးဝဆန့်ကျင်ကြောင်း ရေးထားတာတွေ တွေ့ရတယ်။ တချို့စာရွက်တွေဆို ကချင်စာလည်း တရွက်နှစ်ရွက် ပါတယ်။
ကချင်စာတောင် ကောင်းကောင်း မရေးနိုင်ဘူး၊ စာသားတောင် အမှားနဲ့ ရေးထားတာ” ဟု အင်္ဂါနေ့တွင် လိုင်ဇာခရီးသွား တဦးက မဇ္ဈိမကို ပြောသည်။

စာရွက်များကို လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ ထမင်းဆိုင်၊ စက်ဘီးပြင်ဆိုင်များ အပါအဝင် ဈေးဆိုင်များသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ရှိ
ထောက်လှမ်းရေးတပ်နှင့် ရဲများ လာရောက်ကာ စာရွက် ၅ဝ စီ ဖြန့်ဝေခိုင်းသည်ဟု နမ်ဆန်ယန်မှ ဆိုင်ရှင်တဦးက မဇ္စျိမကို ပြောသည်။

“ဒါဖြန့်ပေးနော်။ စရဖ (စစ်ဘက်ထောက်လှမ်းရေး) နဲ့ ရဲတွေ လာပေးသွားတာ။ ဒါ မပခ က ဖြန့်ခိုင်းတာ၊ ဖြန့်ပေးလို့ ပြောသွားတယ်။ စားပွဲပေါ်မှာပဲ ထားထားတယ်။
တွေ့တဲ့လူ ကောက်သွားပေါ့နော်” ဟု သူက ပြောသည်။

ဖြန့်စာထဲတွင် “ပြည်သူတွေဆီက အဓမ္မကောက်ခံထားတဲ့ ရိက္ခာ/ဆက်ကြေးတွေ စားပြီး ပြည်သူတွေကို ဆက်လက် ဒုက္ခပေးနေဦးမှာလား” ၊ ’’ရက်စက်ပြီး


တကိုယ်ကောင်းဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားနေသည်’’ ဟူသော စာတန်းများ ပါရှိသည်။ ထို့ပြင် “မိမိကချင်လူထုအတွက် လုပ်နေတယ်ဆိုတာ
အပြောသက်သက်ဖြစ်ပြီး၊ အပြောနှင့် အလုပ် တခြားစီ ဖြစ်နေပါတယ်။ ကချင်လူမျိုး ကောင်းစားရေးအတွက် ဘာတွေများ လုပ်ဆောင်ပေးခဲ့တာလဲ ဆိုတာကို
မေးခွန်းထုတ် စဉ်းစားရမယ့် အချိန်ရောက်လာပါပြီ” ဟုလည်း ဆိုထားသည်။

ဖြန့်စာများအား နယ်ဘက်တွင်သာမက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့၌ပါ တွေ့ရကြောင်း မြို့ခံတဦးကလည်း ပြောသည်။


KIO ဘက်က ဖြေရှင်းချက် မထုတ်သေးသော်လည်း ယခုလုပ်ရပ်များကြောင့် ကချင်လူထုက KIO အပေါ် ထားရှိသည့် ယုံကြည်မှုက ပြောင်းလဲမည်မဟုတ်ဟု
လိုင်ဇာမြို့မှ KIO အရာရှိ တဦးက မဇ္စျိမကို ပြောဆိုသည်။

“ဒီလိုမျိုးက အရင်တုန်း မဆလက အပစ်ခတ် မရပ်စဲတုန်းကလည်း KIO မကောင်းကြောင်းတွေ ပြောနေကျပါ။ အခုလည်း ဒီဝါဒဖြန့်တာပဲ။ ကချင်လူထုနဲ့ KIO
မယုံကြည်အောင် ဝါဒတခုပါပဲ။ ဒီလိုလိုက်ဖြန့်လို့ ကချင်လူထုက KIO အပေါ် ထားတဲ့ စိတ်က ပြောင်းလဲမှာ မဟုတ်ပါဘူး။ KIO ကို အပုတ်ချတာ၊ ကလေးကလား
ဆန်ပါတယ်” ဟု သူက ပြောသည်။

စစ်အစိုးရ လိုလားသည့် နယ်ခြားစောင့်တပ်ဖြစ်ရေးကို KIO က လက်မခံခဲ့သဖြင့် ပြီးခဲ့သည့် စက်တင်ဘာမှစ၍ နှစ်ဘက်ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီးနောက်


တင်းမာမှုများပင် ရှိခဲ့သည်။

ပြီးခဲ့သည့်လ ၂၅ ရက်နေ့တွင် ဗန်းမော်ခရိုင် လွယ်ဂျယ်အကောက်ခွန်ရုံးရှေ့ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲနိုင်သော အပြင်းစား ယမ်းမှုန့်ဖြင့် ပြုလုပ်ထားသော


မိုင်းဗုံး ၁ဝ လုံးကျော် တွေ့အပြီး၊ KIO လက်ချက်ဟု စရဖ ဒုဗိုလ်မှူးကြီးသက်ပုံက စွပ်စွဲခဲ့ကာ၊ KIO ကို စစ်အင်အားသုံးဖြေရှင်းမည်ဟုပင်
ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် မိုးကောင်းမြို့နယ် ပင်းဘောရွာ နွားလပို့တောင်ပေါ်၌ KIO မိုင်း နင်းမိပြီး ၂ ဦး သေဆုံးခဲ့ပြီးနောက် KIO ကို
“သောင်းကျန်းသူများအဖွဲ့” ဟု မြန်မာ့အလင်း သတင်းစာက စွပ်စွဲ သုံးနှုန်းခဲ့သည်။
မန္တလေးတွင် နားရွက်ပြာ ဝက်ရောဂါ ပထမဆုံးဖြစ်ပွား
ကျော်ခ | အင်္ဂါနေ့၊ မတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နားရွက်ပြာရောဂါဟု ခေါ်ကြသော ဝက်များတွင် မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု မန္တလေးတွင် ဖြစ်နေသည်။

အနည်းဆုံး ၃ မြို့နယ်ရှိ ဝက်များတွင် နားရွက်များ ပြာနှမ်းလာပြီး သေဆုံးမှုများ ဖေဖော်ဝါရီ ၁၅ ရက်က စတွေ့ခဲ့သည်။ မတ် ၄ ရက်အထိ ဝက် ၅၅၉ ကောင်ကို
ကူးစက်ခဲ့ပြီး ဝက်ကောင်ရေ ၂၁ဝ သေဆုံးသည်ဟု တိုင်းကျန်းမာရေးဌာနက မဇ္ဈိမသို့ ပြောသည်။

OIE ခေါ် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (World Organization for Animal Health) ကလည်း
မြန်မာနိုင်ငံတွင် ဝက်မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးပြန့်ပွားနေကြောင်း အရေးပေါ် ကြေညာချက် ထုတ်ထားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိခြင်းဖြစ်ပြီး အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ စစ်ကိုင်း၊ မတ္တရာ စသည့်
မန္တလေးနှင့်ဝန်းကျင်မြို့နယ်များတွင် ကူးစက်နေကြောင်း မန္တလေးတိုင်း ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။

“ဒါ ကျနော်တို့ နိုင်ငံမှာ ပထမဆုံး ဖြစ်တာပါ” ဟု သူက မဇ္ဈိမကိုပြောသည်။

ဝက်များ အစုအပြုံလိုက်သေဆုံးပြီးနောက် ဝက်သားစားသူ နည်းသွားသည်ဟု မန္တလေးမြို့ခံများက ပြောသည်။

“အစကတော့ ဝက်သေသားတွေကို အလှူက ပိုတဲ့ ဝက်သားတွေဆိုပြီး ဈေးပေါပေါနဲ့ လာရောင်းတာတွေ ရှိတယ်။ မသိတော့ ဈေးသက်တာတာနဲ့
ဝယ်စားလိုက်တယ်။ ခုနောက်ပိုင်း မြို့ပေါ်မှာ ဒီရောဂါနဲ့ ဝက်တွေသေတာများလာတော့ ဝက်သား မစားရဲတော့ဘူး” ဟု မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ပြည်ကြီးတံခွန်နေသူတဦးကမူ “ဝက်တွေ လမ်းလျှောက်ရင် ယိုင်ထိုးထိုး ဖြစ်လာပြီး မကြာဘူးသေတာပဲ။ အသားရောင် ကတော့ ညိုမည်းမည်း


အရောင်သန်းသွားတယ်။ အခုသေတာများလို့ တချို့ ပေါ်ရောင်းတာတောင် မလုပ်ကြတော့ဘူး။ လမ်းဘေးမှာပဲ လွှင့်ပစ်တာတွေ တွေ့ရတယ်” ဟု မဇ္ဈိမကို
ပြောသည်။

ယင်းကူးစက်ရောဂါနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ဦးဆောင်၍ ရောဂါ ရှာဖွေ စမ်းသပ်နေဆဲဖြစ်သလို နှိမ်နင်းမှုများ ပြုလုပ်ရန်လည်း
စီစဉ်နေကြောင်း မန္တလေးတိုင်း မွေးမြူရေးနှင့် ကုသရေးဌာန တိုင်းရုံး တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အပြင်းစား ကူးစက်ရောဂါဟု ကျန်းမာရေးအရာရှိက ပြောဆိုပြီး ရောဂါနှိမ်နင်းရန် ဆေးဝါးလိုအပ်ချက် ကြီးမားသည်ဟုလည်း ဆိုသည်။


အန်အယ်ဒီ စိတ်ပညာသင်တန်းပေး
သဲသဲ | အင်္ဂါနေ့၊ မတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၄၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အတိုးမဲ့ ချေးငွေယူသော ခေါင်းရွက်ဗျတ်ထိုး ဈေးသည်များ လောင်းကစား ကင်းဝေးရန် ကြိုးပမ်းချက်တခုအနေဖြင့် ဈေးသည်များနှင့်
အတိုင်ပင်ခံ ဆွေးနွေးပေးသူများ ဖြစ်လာမည့် အမျိုးသမီး ခေါင်းဆောင်များကို စိတ်ပညာ သင်တန်းပေးမှု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပြုလုပ်လျက်ရှိသည်။

ခေါင်းရွက်ဗျတ်ထိုး ဈေးရောင်းကာ စီးပွားရှာသော်လည်း တရားမဝင် ချဲထီ၊ ၂ လုံးထီ လောင်းကစားလုပ်မှုများ ရှိနေသည်ကို တွေ့ရှိရပြီးနောက် NLD
အမျိုးသမီးခေါင်းဆောင်များမှတဆင့် ပညာပေးနှစ်သိမ့်နိုင်ရန် စိတ်ပညာ ဆရာဝန်များက ယခုတပတ် တနင်္လာမှစ၍ သင်တန်းပို့ချနေခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ တလလောက်ကစပြီး အသေးစား အတိုးမဲ့


ငွေချေးတဲ့ လုပ်ငန်းကို လုပ်ကိုင်တယ်။ အဲဒီမှာ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေက
တဖက်ကလည်း စီးပွားရှာပေမယ့်၊ တဖက်မှာက ၂လုံး၊ ၃ လုံးတွေ ထိုးပြီး သူတို့ရှာတာကို
ပြန်ဖြုန်းပစ်နေတာတွေ ရှိနေတော့ ဒါတွေမဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်က
ဒီအမျိုးသမီးတွေကို ပြန်လည်ဆင့်ပွားပေးဖို့အတွက် အန်တီတို့ စိတ်ပညာသင်တန်း
တက်ရတာပေါ့” ဟု NLD ဗဟို အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ
ဒေါ်မေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

အန်အယ်ဒီကစိတ်ပညာသင်တန်းပေး (ဓတ်ပုံမဇိမ )
ပုဇွန်တောင်မြို့နယ် ၅၁ လမ်းရှိ ဒေါက်တာတင်မျိုးဝင်း၏ ရုံးခန်းတွင် သင်တန်းဖွင့်ပြီး၊ စိတ်ပညာ ဆရာဝန် ဒေါက်တာခိုင်ခိုင်မာက အပျော်တမ်း လောင်းကစားနှင့်
လောင်းကစားစွဲခြင်းအကြောင်း ဘာသာရပ်များ ယမန်နေ့က ပို့ချပေးခဲ့ခြင်း ဖြစ်သည်။ ၆ ရက်ကြာ သင်တန်းကို ရန်ကုန်တိုင်း မြို့နယ် ၁ဝ ခုမှ ပါတီဝင်အမျိုးသမီး
၁၁ ဦး တက်ရောက်နေသည်။

“အခုဆို အိမ်ရှင်မတွေပါ ဈေးဖိုးထဲကနေ ... ဘောလုံးပွဲတွေပါ လောင်းနေကြပြီ။ ကလေးတွေဆိုလည်း မုန်းဖိုးပေးရင် မစားဘဲ ၂ လုံးထိုး၊ ပေါက်ရင်
သူတို့လိုချင်တာလေးတွေဝယ်၊ အဲဒါမျိုးတွေ ဖြစ်နေတာ။ ဒါကို မလုပ်ဖို့ အမိန့်ပေးတာ၊ တားတာမျိုး မဟုတ်ဘဲ၊ သူတို့ဆီက ပြောတာတွေကို နားထောင်ပေးမယ်
အချောင်ရတဲ့ ငွေကြေးနောက်ကို မလိုက်ဖို့ Counseling လုပ်ပေးသွားမှာပါ” ဟု ဒေါက်တာမေဝင်းမြင့်က ပြောသည်။

တလုံး၊ နှစ်လုံး၊ သုံးလုံး ဟု လူသိများသော ဘောလုံးနှင့် ထီနံပါတ် လောင်းကစားများမှာ တရားမဝင်ဟု ဆိုသော်လည်း မြန်မာနိုင်ငံတဝှန်း ကျယ်ပြန့်စွာ
ဖြစ်ထွန်းလျက်ရှိကာ ဒေသအာဏာပိုင် အများစုအတွက် လာဘ်ငွေရရာ လမ်းကြောင်းကြီးတခု ဖြစ်နေသည်။

NLD က အတိုးမဲ့ အသေးစား ငွေချေးလုပ်ငန်းကို ပြီးခဲ့သည့်လမှစ၍ ပြုလုပ်ခဲ့ရာ တာမွေမြို့နယ် ရာပြည့်ဈေးရှိ ခေါင်းရွတ်ဗျတ်ထိုး ဈေးသည် ၅ဝ ကို တဦးလျှင်
ကျပ် ၂ဝဝဝဝ နှုန်းဖြင့် ထုတ်ချေးပြီး တရက်လျှင် ၇ဝဝ ကျပ် အရစ်ကျ ပြန်လည် ပေးဆပ်စေသည်။ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်ဖြစ်ပါက အမျိုးသား၊
အမျိုးသမီးမရွေး ငွေချေးနိုင်ပြီး အိမ်ထောင်စုစာရင်း မိတ္တူကိုသာ လက်ခံအဖြစ် ယူထားသည်။

၂ဝ၁၁ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် NLD အမတ် ဦးတင်မောင်ဝင်း (ခရမ်း) ၏ အသုဘ နှစ်ပတ်လည်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ်
ဗဟန်းအမျိုးသမီးထုနှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့အခက်အခဲများကို သိပြီးနောက် ကူညီနိုင်ရန် NLD အမျိုးသမီးအဖွဲ့၏ အသေးစား အတိုးမဲ့ ငွေချေးလုပ်ငန်း စတင်ခဲ့ခြင်း
ဖြစ်သည်။

NLD ဗဟိုအမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး၊ အဖွဲ့တာဝန်ခံမှာ ဒေါ်မေဝင်းမြင့်နှင့် အဖွဲ့ဝင် ၅ ဦး ဖြစ်သည်။
မမတို့သိန်သရေ
ဘိုဘိုလန်းစင် | အင်္ဂါနေ့၊ မတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၀၆ မိနစ်

(၁)
“ပညာပါရမီ ပြည့်ဝစုံလင်သည် ကမ္ဘာတွင်စေမည် မိန်းမအာဇာနည် တိုင်းပြည်တွင်းမှာ လင်းပေသည်..” (မေသန်း- ပျို့လက်ရုံးသီချင်း၊ ၁၉၄ဝ၊ ဇန်နဝါရီ၊
ကိုလံဘီယာဓာတ်ပြား)

နိုင်ငံတကာ အမျိုးသမီးများနေ့ ရာပြည့်ချိန်တွင် နေပြည်တော်လွှတ်တော်ထဲက မိန်းမတသိုက် နေရာမရကောင်းလားဆိုသည့် အတွင်းအပြင်


လေချဉ်တက်သံလေးတွေ ကြားလိုက်ရသည်။

နိုင်ငံရေးနေရာဆိုသည်က ဆီပုလင်းနှင့် ဇာဘော်လီခွဲတမ်းကဲ့သို့ ချပေးကောင်းစတမ်းဟု မှတ်နေကြသလား၊ လုပ်စားကိုင်စား လူစိတ်ဝင်စားခံရပီးရော


အဆင်ခြင်မရှိ အတိုင်းအထွာမသိ ပြောတာပဲလားတော့ မသိနိုင်ပါ။

မေသန်း- ပိလက်ုံးသီခင်း၊ ၁၉၄၀ ၊ဇန်နဝရီ၊ကိုလံဘီယမေးလု


ာဓာတိက
ပာ်းချင်သည်၊ ဟ ဒီအမတ်မတွေက တိုင်းကျော်ပြည်ကျော် မျက်နှာဖုံးတွေမို့
နေရာပေးရမှာလားဟု။ ကံစွပ်ပီးထီပေါက်သလို အတုအယောင် ရွေးကောက်ပွဲတွင် ရောရောရှိ
အမတ်တက်ဖြစ်သည့် သူတို့ကိုယ်ရေးအကျဉ်းတွေ ကြည့်တော့လည်း မဆလလည်းပါ၊ သပိတ်လည်းမှောက်၊ နောက် ၂ဝ၁ဝလည်းဝင်ဆိုသည့် နိုင်ငံရေးကျပန်း
နောက်မြီးဆွဲတွေက များနေသည်။ ဂျပန်က ဥပဒေပါရဂူ ယူလာသူကလည်း ပညာရပ်တွင် နာမည်ကြီး လူသိများသူ မဟုတ်။ လွှတ်တော်ထဲရောက်၍
ဥပဒေကြောင်းလေး ဘာလေးထပြော၊ အပြင်မီဒီယာမှာ တက်ရေးစသည့် လုပ်သင့်လုပ်ထိုက်တာ ဘာမှလုပ်ဖော်မရပဲ ရာထူးကိစ္စတချက်သာ အသံထွက်သည်ကို
သတိထားမိသည်။

ဒီလိုဖြင့် မြန်မာပြည်အမျိုးသမီးနိုင်ငံရေးသမိုင်းက အမြဲဒီလိုပဲ မျောနေတာလားဟု မေးလာလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နားသွားထားမလဲဟု ပြောရမည်။


သို့သော် ဒေါ်စုမှအပ နိုင်ငံရေးကို ထိထိရောက်ရောက် ဇောက်ချလုပ်သော သြဇာကြီးသော တခြားအမျိုးသမီးလည်း မတွေ့ဘူးတာတော့ အမှန်ပေ။ မြန်မာပြည်တွင်
အမျိုးသမီးတွေ ကောလိပ် တက္ကသိုလ်ကဘွဲ့ရတာ၊ မဲပေးခွင့်၊ အမတ် အရွေးခံခွင့်တွေ စောစောရတာ၌ အနောက်တိုင်းနှင့် ပြိုင်နိုင်တာမှန်သော်လည်း
အမျိုးသမီးအများစုကြီး၏ ယေဘုယျဘဝနှင့် အခွင့်အလမ်းအရည်အချင်းတိုးတက်မှုလမ်းက အင်နန်အရွေ့နှေးသည်။

မိပေကရေပေဆီမဆောက်ဖတ်တေမကည့်ပဲမိစန်ကတောကမိန်းကလေးတိုဘဝကိုသာလူမစစ်တမ်းကောက်ကည့်လင်အိ ယ၊ဘဂလားက
မ ယ်မခားလပဲအမည်ခံလတ်လပ်မသာရိနေဆဲကို
အမိးသမီးတိုဘဝတေင့်တ
တေရမည်။

မြို့ပေါ်က ရေပေါ်ဆီမဆောက်ဖြတ်တွေ မကြည့်ပဲ မြို့စွန်က တောက မိန်းကလေးတို့ဘဝကိုသာ လူမှုစစ်တမ်း ကောက်ကြည့်လျှင် အိန္ဒိယ၊ ဘင်္ဂလားက
အမျိုးသမီးတို့ဘဝတွေနှင့် တယ်မခြားလှပဲ အမည်ခံ လွတ်လပ်မှုသာ ရှိနေဆဲကို တွေ့ရမည်။ စီးပွားရေး ပညာရေး ကျန်းမာရေး လူမှုအထောက်အကူများမရပဲ
ဤခေတ်ကျပ်ကြီးတွင် ကျင်လည်ရသည့် မြန်မာမ ကရင်မ ရှမ်းမစသည့် မိန်းမတို့အနာဂတ်ကား လူကုန်ကူးမှု၊ ရွှေ့ပြောင်းလုပ်သားစသည့်
အရိပ်မည်းကြီးများအောက်တွင် ကျနေသည်။ ဤအရေးများကို ချိတ်ထမီဝတ်တွေ မြင်ပါစ။
(၂)
စင်စစ် လူကြီးသမီး မင်းကတော် ပညာတတ်မဆိုသည့် ရေပေါ်ဆီမိန်းမ နိုင်ငံရေးကား
ဒေါ်မြစိန်တို့ တွဲရေးခွဲရေး ဆွေးနွေးပွဲသွားသည့်ခေတ်မှ ဝေနှင်းပွင့်သုန်
လေဘာညီလာခံတက်သည့်ယနေ့ခေတ်တိုင် မရိုးနိုင်သေးပါ။

နိုင်ငံရေး နိုးကြားသော အသိုင်းအဝိုင်းမှ အမျိုးသမီးများအနေဖြင့် ဒိပြင်အသိုင်းအဝိုင်းမှ


အမြင်အကြားနောက်ကျသော ဇာတ်တူသမီးများထက် နိုင်ငံရေးလာဘ်ပိုမြင်၊
အမြင်ပိုရှေ့ရောက်ကာ ၄င်းတို့ဘဝကို နိုးကြားရှေ့ရောက်လာအောင်၊ ထို့ထက်

ိုင်ငံရေးဆိုသည်ကိုအဆိုတော်လိုကာလသမီးအကီးစားယိမ်းလိုလုပ်နေလင်ကားမိန်းမခင်းကလည်းအားကမည်မဟုတ်၊ယောက်ားမားကလည်းဖုတ်လေသည့်ငပိ
ည်မဟုတ်မ ပ။

တိုင်းပြည်နှင့် ပြည်သူ့အရေးတွင် ဦးဆောင်အသံထွက်နိုင်သော အခွင့်အရေး


အလေ့အထများသည်ကားမှန်၏။

ထိုအခွင့်အရေးကို အကျိုးထူးအရာရောက်အောင် ပီပီပြင်ပြင်လုပ်တတ်သည့်အလေ့၊


ထို့ထက်ပိုအရေးကြီးသည့် နိုင်ငံရေးအရည်အချင်း ဒင်ဒင်မြည်အောင် ဖြည့်ဆည်းမှု၊
ဟို ၇၅ စ်ကိုင်ငံရေးကောင်းသူရဲရဲတောက်သပိတ်မောက်မား အလုပ်အကြံက နဲကြရှာ၍သာ ရှေ့ထွက်အဆင့်က မတက်ကြခြင်းဖြစ်သည်။
နိုင်ငံရေးဆိုသည်ကို အဆိုတော်လို ကာလသမီးအကြီးစားယိမ်းလို လုပ်နေလျှင်ကား
မိန်းမချင်းကလည်း အားကျမည်မဟုတ်၊ ယောက်ျားများကလည်း ဖုတ်လေသည့်ငပိ ရှိသည်မှတ်မည်မဟုတ်ပါ။ ထို့ကြောင့် သီလရှင်လောက်ပင် မစွန့်နိုင်ပဲ
မိန်းမတွေကို နေရာပေးကြပါအော်နေရုံနှင့် ဘာထူးလိမ့်မည်နည်း။

ရှေ့ကသွားကြသည့် အမတ်မ၊ အမျိုးသမီးဥက္ကဋ္ဌဆိုသူတို့ကလည်း ဂျပန်နဲ့ပေါင်းပီး မျိုးချစ်လူငယ်တွေကို အတို့အရှို့လုပ်၊ စီးပွားရေးသောင်းကျန်း၊ စစ်ပီး


ဘုရင်ခံဆွဲခန့် လွှတ်တော်တွင် အမတ်သွားလုပ်၊ ထို့နောက် နိုင်ငံရေးသမား၊ စစ်ဗိုလ်များ၏ လက်ဝေခံ မဲပွဲစားအဆင့်လောက်သာများသည်မို့ သမိုင်းကြောင်းက
တယ်မကောင်းလှ။ အရည်အချင်းရှိသူပေါ်လျှင်ကား တွန်းချင်တိုက်ချင်သည့်လောကထုံးစံ ဒေါ်ခင်ကြည်လို တိုင်းပြည်မိခင်မျိုးပင် သခင်အုပ်စုက မျက်မုန်းကျိုး၍
အဝေးပို့ခံရသေးသည်။

လုပ်ဝံ့စွန့်ဝံ့သူများလည်း အိမ်စိုးမေထက်မကသည့် ဘဝကြမ်းများကြောင့် အလဟဿဖြစ်ကုန်ရသည်။ လွတ်လပ်ပီးကထဲက စစ်ခေတ်ကြီးကို ဖြတ်မပီးနိုင်သည်မို့

လူအမားလက်ခံအသိအမတ်ပခံရသည့်အမိးသမီးမားမာလာဘ်လာဘကော်ကားမသက်သက်ရုံလုပ်စားသူမားမဟုတ်ပဲပင်ကိုစိတ်ဖင့်စိုက်လိုက်မတ်တတ်
မုပ်သား၍သာထိုက်တန်သည့်တနေရာရကသူမား
မတန်မံလ


တော်လှန်ရေးထွက် ယောက်ျား နိုင်ငံရေးသမားများပင် တပ်သြဇာကို မလှန်နိုင်ပဲ နိုင်ချင်ကြက်တွေဖြစ်ကုန်သည်ကို လက်ရှိ လွှတ်တော်ကြည့်လျှင် သိလိမ့်မည်။
အင်အားမရှိပဲ ရာထူးလိုချင်လျှင် ငါ့ပေါင်ကြားက ပစ္စည်း နင့်ကြားရောက်အောင် အရင်လုပ်ဟု အပြောမခံရသည်က တော်သေး၏။

အမျိုးသမီး နိုင်ငံရေးလောက တိုးတက်လိုလျှင် အားလုံး၏စံနမူ ဒေါ်အောင်ဆန်းစုကြည်၏ ဇွဲ၊ စေတနာ၊ သတ္တိ၊ အမြော်အမြင်၊ စည်းရုံးရေးစွမ်းရည်တို့ကို
အဟုတ်ဆက်ခံနိုင်မှ ဖြစ်မည်။ ယောက်ျား မိန်းမနိုင်ငံရေးလောက တခုလုံး အရည်အချင်း သစ္စာသတ္တိဇောက်ထိုးကျနေသည့် အချိန်မို့ အမျိုးသမီးပဲ
ကွက်ပြောရသည်က မကောင်းပါ။ သို့သော် အမျိုးသမီးများမှာ စွန့်စရာရှိလျှင် အမျိုးသားတို့ထက်ပင် ၃-၄လျားသာအောင် ကူးနိုင်ကူးဝံ့သူများမို့ သခင်မများ၊
အာရှလူငယ်အမျိုးသမီးများ၊ တော်လှန်ရေးရဲမေများ၊ နိုင်ငံရေးကျောင်းသူများစသည့် ရှေ့ကသွား အမေအဖွားအမများတို့ ခြေကိုမီအောင်
နင်းကြဘို့ကောင်းပါသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်ချိန်ကစ ယနေ့ထိ အများမေတ္တာ၊ အားကိုးလေးစားမှုကို ခံရသည်မှာ အနှစ်နှစ်အလလ ဆောက်တည်လာသည့် နိုင်ငံရေးပါရမီတို့


အရှိန်ကြောင့် ဖြစ်သည်။ နအဖတခေတ်လုံး ဘယ်ချောင်ရောက်နေမှန်းမသိ ယခုမှထပီး အမျိုးသမီးရှေ့ဆောင် တက်ဖြစ်ချင်ကြလျှင် နိုင်ငံရေး
အချောင်လိုက်သည်ဟုသာ ဆိုရမည်။ ထို့ကြောင့် ဘယ်နေရာ ဘာရာထူးရရ လူထုအကျိုးတကယ်ဆောင်နိုင်မှ လူထုခေါင်းဆောင်ဖြစ်နိုင်သည်ကို မမေ့အပ်ကြပေ။

အကျိုးဆောင်ရာတွင် နိုင်ငံရေးနယ်တခုထဲမှမဟုတ်၊ စာနယ်ဇင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးစသည့် အနေနေရာရာတွင်


အကျိုးထူးအောင် လုပ်နိုင်မှသာ ပြည်သူ့အသည်းတွင် ထင်ကျန်ရစ်နိုင်သည်။

လေဘာတီမြရင်၊ ဒေါ်ဦးဇွန်း၊ ဒေါ်ဉာဏစာရီ၊ လူထုဒေါ်အမာ၊ ဂျာနယ်ကျော်မမလေး၊ ဒေါက်တာမြင့်မြင့်ခင်၊ မိုးမိုး (အင်းလျား)၊ သန်းမြင့်အောင်၊ မစုစုနွေး၊
မနီလာသိန်း၊ မဖြူဖြူသင်းထိ လူအများ လက်ခံအသိအမှတ်ပြု ခံရသည့် အမျိုးသမီးများမှာ လာဘ်လာဘကျော်ကြားမှု သက်သက်ရရုံ လုပ်စားသူများမဟုတ်ပဲ
ပင်ကိုစိတ်ဖြင့် စိုက်လိုက်မတ်တတ် မတွန့်မရွံ့လုပ်သွား၍သာ ထိုက်တန်သည့် တနေရာရကြသူများ ဖြစ်သည်။

ချော်လဲရောထိုင် အကျိုးလိုညောင်ရေသွန်းသည့် လုပ်စားဈေးကွက်မှာ အကွေ့အချိုးများ ပွဲကူးကြမ်းသည့် မြန်မာ့နိုင်ငံရေးတွင် ကြာကြာမလိမ်နိုင်ပဲ


ပေါ်စမြဲသာဖြစ်သည်။ အရည်အချင်းမရှိ အနာမခံနိုင်ပဲ ဆက်လှိမ့်နေလျှင်လည်း စင်ပေါ်မှ မှိန်ပျောက်သွားဘို့က လမ်းစများသည်။
(၃)
ဒေါ်စုခေတ် မြန်မာပြည်တွင် မိန်းမဦးစွန်းပြန်ထူလာသည်ကို တွေ့ရသည့်အခါ ကွယ်လွန်သူ ဆရာတိုက်စိုး စကားတခွန်းကို သတိရမိသည်။

“အမေရိက ရောက်တုန်းကဗျ၊ ချစ်မြိုင်ရဲ့ညီ ချစ်ပြိုင်ဆိုတဲ့ကောင်က ဗရုပ်၊ တည အဖွဲ့ထဲက မိန်းမတယောက်... အီကိုက ထင်တယ်။ သူ့ကို
ဘာသွားလုပ်တယ်မသိဘူးဗျာ၊ မိန်းမကလဲ ခပ်ထက်ထက်ဆိုတော့ ငြိမ်မနေဘူး... ပြန်အော်တယ်။ ... ဗိုလ်မှူးကြီး မတရားမလုပ်ပါနဲ့ဆိုပီး”

ယခုလည်း မြန်မာပြည်တွင် စုဘုရားလတ်နောက် အနှစ်တရာကျော်တွင်း သြဇာအကြီးဆုံး အမျိုးသမီး ဦးဆောင်သည့် နိုင်ငံရေးတခေတ် ရောက်နေသည်မို့


အမျိုးသမီးတွေ လက်ခမောင်းခတ်ပီး ပြန်အော်ကြဘို့ အချိန်ကောင်းပင်။
မြန်မာ့ဘတ်ဂျက်သစ်၊ အတူတူနဲ့ အနူနူ
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မတ်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်

ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းရော ပြည်ပတွင်ပါ ဝေဖန်သံ၊ မှတ်ချက်ပေးသံများ ပေါ်ထွက်လာပြန်သည်။ ယင်းမှာ ၂ဝ၁၁ ခုနှစ်အတွက်
ပြဋ္ဌာန်းကြေညာလိုက်သော မြန်မာနိုင်ငံ၏ ဘတ်ဂျက်သစ် ဖြစ်သည်။ ဘတ်ဂျက်ဆို၍ အသစ်ပေါ်ပေါက်လာသော လွှတ်တော်မှ ပေါ်ထွက်လာသည်ဟု
မထင်လိုက်ပါနှင့်။

ထုံးစံအတိုင်း စစ်အစိုးရက ပြဋ္ဌာန်းလိုက်သည့် ဘတ်ဂျက်သာ ဖြစ်သည်။ ယင်းဘတ်ဂျက်အတွက် အကြံဥာဏ်ပေးခွင့် မရှိ၊ မေးခွန်းထုတ်ခွင့် မရှိ၊ အချေအတင်
ဆွေးနွေးခွင့်များ မရှိပါ။ ယခုလွှတ်တော်သစ်သည် အစိုးရသစ် ဖွဲ့စည်းခြင်းဖြင့် အလုပ်ရှုပ်နေပါသေးသည်။

၂ဝ၁၁ ခုနှစ် ဘတ်ဂျက်၏ အသေးစိတ် အချက်အလက်များကို အစိုးရတရားဝင် ထုတ်ဝေဖြန့်ချိသည့် နိုင်ငံတော် ပြန်တမ်းကို လက်လှမ်းမီသူ လူနည်းစုကလေးသာ
သိနိုင်ပါသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ဘတ်ဂျက်ပါ အချက်အတော်များများမှာ လွန်ခဲ့သော ဆယ်စုနှစ် တခုတုန်းကလိုပင် ဘာမှ အပြောင်းအလဲဟူ၍ မရှိလှပါ။
အကျဉ်းချုပ်ကို ပြောရလျှင် -

- စစ်တပ်အတွက် ခွဲဝေသတ်မှတ်ချက်က တခုလုံး၏ ၃ဝ % ခန့်


- စက်မှုလုပ်ငန်းက ၃ဝ % ခန့်
- ကုန်သွယ်ရေးက ၂၃ % ခန့်
- လူမှုရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက်က ၆ % ခန့်
- ပညာရေးက ၄ % ခန့်
- ကျန်းမာရေးက ၁ % ခန့်သာ ရှိသည်။

ဘတ်ဂျက်၏ ဦးစားပေးလုပ်ငန်းများမှာ စစ်တပ်၏ ဦးစားပေးလုပ်ငန်းများကို ရောင်ပြန်ဟပ် ဖော်ပြနေသည်။ အခြေခံအဆောက်အဦနှင့် `အမာထည်´ ဝန်ဆောင်မှု


လုပ်ငန်းများအတွက် ငွေအများအပြား ချထားပေးပြီး၊ ပြည်သူများ နေ့စဉ် လိုအပ်နေသည့် လုပ်ငန်းများ အထောက်အကူပြုနိုင်သော လုပ်ငန်းများဖြစ်သည့်
`အပျော့ထည်´ ဝန်ဆောင်မှု လုပ်ငန်းများအတွက်မူ ငွေအနည်းငယ်သာ သတ်မှတ်ပေးထားသည်။ ယင်းလုပ်ငန်းများမှာ မိမိဘာသာ
ရုန်းကန်ရပ်တည်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ခေတ်နောက်ကျ၍ ညံ့ဖျင်းလှသော ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက်လည်း ထို့အတူသာ ဖြစ်သည်။

ဒီမိုကရေစီ လိုလားသော အတိုက်အခံများအတွက် ကြီးကျယ်လှသည့် လုပ်ငန်းတာဝန်မှာ မြန်မာနိုင်ငံ ဘတ်ဂျက်၏ အရင်းအမြစ်များကို လူထု၏ ပညာရေး၊
ကျန်းမာရေး စသည့် `အပျော့ထည်´ နယ်ပယ်များတွင်သာ အသုံးချရန် နိုင်ငံရေး လှုပ်ရှားမှုကြီးတရပ်ကို စတင်ဖို့ပင် ဖြစ်သည်ဆိုသည်မှာ ရှင်းလင်းလှသည်။
အကြောင်းမှာ မြန်မာနိုင်ငံအဖို့ သူ့နယ်စပ်တွင် ခြိမ်းခြောက်နေသော ရန်သူ့အန္တရာယ် ဟူ၍ မရှိခြင်းကြောင့်ပင် ဖြစ်သည်။

မြန်မာ့စီးပွားရေးကို အများတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရေးအတွက် ပိုသုံးရမည်။ ထိုသို့ဖြစ်ရန်အတွက် စီးပွားရေး ဥပဒေများသည် ပိုမိုပွင့်လင်းမှုရှိဖို့ လိုအပ်သည်။


မြန်မာနိုင်ငံသားများ အလုပ်အကိုင် ရရှိစေမည့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများကို ပိုမိုလုပ်ကိုင်ခွင့် ပေးရမည်၊ ယခုထက် လျှော့မပေးသင့်ပါ။ တရုတ်၊ အိန္ဒိယ၊
ထိုင်း၊ ဗီယက်နမ်တို့ကို ကြည့်ဖို့လိုသည်။

ဘတ်ဂျက်ကို တကယ်တမ်း နားလည်ရန် ဥပဒေပြုအဖွဲ့ဝင်များနှင့် နိုင်ငံသားများကို အချက်အလက် အပြည့်အစုံ ပေးဖို့ လိုသည်။ ပိုမိုပွင့်လင်းမှုရှိဖို့ လိုသည်။
ငွေကြေးများကို မည်သည့်နေရာတွင် မည်သို့ ခွဲဝေသုံးစွဲစေမည် ဆိုသည်ကို ကျယ်ပျံ့ပွင့်လင်းစွာ အသိပေးရမည်။ နောင်အခါ ဤအချက်များကို ပါလီမန်တွင်းတွင်
အပြင်းအထန် ငြင်းခုံဆွေးနွေးကြမည်၊ ဘဏ္ဍာရေးတွင် ပွင့်လင်းမြင်သာရှိဖို့၊ တာဝန်ခံမှုရှိဘို့၊ သာမန်အသိဥာဏ်ဖြင့်ပင် သိသာနိုင်သည့် အချက်များကို
ဆွေးနွေးဖလှယ်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

တချိန်တည်းတွင် အဆိုပါအချက်များနှင့် အချေအတင် ဆွေးနွေးပြောဆိုမှုများကို မီဒီယာတွင် လွတ်လပ်စွာ ဖော်ပြခွင့် မပေးလျှင်လည်း မြန်မာနိုင်ငံသည်


ကောလာဟလ ဝဲဂယက်ထဲတွင်သာ လည်နေဦးမည်ဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများ အနေဖြင့်လည်း ဘာမှ သိရမည် မဟုတ်ပါ။

မြန်မာနိုင်ငံလို တဦးကျဝင်ငွေ နည်းပါးလွန်းလှသော နိုင်ငံမျိုးတွင် သာမန်ပြည်သူများအနေဖြင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးများအတွက်


ပညာရေး စသည်တို့တွင် အစိုးရ၏ ဝန်ဆောင်မှု လုပ်ငန်းများကိုသာ အားကိုးနေကြရခြင်း ဖြစ်သည်။ ဒေသတွင်း စီးပွားရေးတွင် အပြည့်အဝ ပြိုင်ဆိုင်နိုင်စွမ်း
ရှိရန်မှာလည်း ကျန်းမာ၍ ပညာတတ်ဦးမှ ဖြစ်မည်။

ဘတ်ဂျက်တွင် နောက်ထပ်တွေ့ရသော ကွာဟချက်ကြီးတရပ်မှာ အခွန်အကောက် ရငွေပိုင်းနှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များ မပါရှိခြင်းပင်


ဖြစ်သည်။ အမှန်စစ်စစ် ဤဘတ်ဂျက်သည် ပိုငွေ ဘတ်ဂျက်လော၊ လိုငွေ ဘတ်ဂျက်လော ဆိုသည်ကိုပင် ကျနော်တို့ မသိပါ။

ဘဏ္ဍာရေး စီမံခန့်ခွဲမှုများကို တိုးတက်ကောင်းမွန်အောင် လုပ်ရန်၊ သာမန်အခွန်ထမ်း ပြည်သူများ အခွန်မပိရေးအတွက် အခွန်အကောက် ကောက်ခံခြင်းကို


ကျယ်ပြန့်အောင် လုပ်ရန်၊ အခွန်ကောက်ခံ ရရှိမှုကို တိုးမြှင့်ကောက်ခံရရှိရေး ဆောင်ရွက်ရန်တို့ကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒေသတွင်း အဖွဲ့အစည်းများက
ကြာမြင့်စွာကတည်းကပင် ပြောဆိုတိုက်တွန်းထားခဲ့ကြသည်။

ပြီးခဲ့သော နှစ်အတွင်း တိုးတက်မှုတရပ်အနေနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလက်ထဲ လွှဲပေးနေသည်ကိုမူ တွေ့ခဲ့ရသည်။ သို့သော် အစိုးရနှင့်
ရင်းနှီးသော လူရင်းလူယုံများကိုသာ မျက်နှာသာပေး၊ အခွင့်အရေးပေးသည်ဟူသော ပြောဆိုမှုများမူ ပေါ်ထွက်ခဲ့သည်။ ရေရှည်အနေဖြင့်ဆိုလျှင် ပုဂ္ဂလိက
နိုင်ငံသားများ လက်ထဲတွင်ရှိသော စီးပွားရေးလုပ်ငန်းများသည်သာ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုရှိမည်ဖြစ်ပြီး လူ့အဖွဲ့အစည်းကိုလည်း ပိုမိုအကျိုးပြုနိုင်သည်။

ကံကောင်းသည်မှာ မြန်မာပြည်၏ ငွေကြေးဖောင်းပွမှုနှုန်း နိမ့်နေခြင်း ဖြစ်သည်။ သို့သော် မည်မျှအထိ ဤသို့ နိမ့်နေမည် ဆိုသည်ကိုမူ မည်သူမျှ မပြောနိုင်ပါ။
ပြီးခဲ့သော နှစ်ထဲတွင်မူ မြန်မာ့ဗဟိုဘဏ် ဥက္ကဋ္ဌက မြန်မာပြည်တွင်းတွင် အခြေခံအဆောက်အဦများ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်နေပြီး၊
ငွေကြေးဖောင်းပွမှု နှုန်းကိုလည်း နိမ့်ကျနေအောင် ဆောင်ရွက်နေပါသည်ဟု ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကို ပြောကြားခဲ့သည်။

အစိုးရဝန်ထမ်းများကို လစာ ၃ ဆ တိုးပေးမည်ဟူသော ကောလာဟလများ ထွက်ပေါ်လာခဲ့ပြီးနောက် ကုန်ပစ္စည်းဈေးနှုန်းးများ ရုတ်တရက်


ခုန်တက်သွားခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်း အရှိန်ဖြင့် တက်လာသည့် အရိပ်အယောင်ကိုမူ ယခုထိ မမြင်တွေ့ရသေးပါ။

ယခုတော့ ကောလာဟလများ ထပ်မံထွက်ပေါ်လာပြန်ပါပြီ။ အစိုးရသစ်ထံမှ တိုင်းပြည်က လိုအပ်နေသည်မှာ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် ခိုင်လုံစိတ်ချရသော


သတင်းအချက်အလက်များ ရရှိရေးပင် ဖြစ်သည်။

သို့မှသာ ကျွန်ုပ်တို့အတွက် ကောလာဟလများထက် အချက်အလက်မှန်များ အပေါ်တွင်သာ အခြေခံကာ ဆွေးနွေးပြောဆိုနိုင်မည်ဖြစ်သည်။


http://www.mizzimaburmese.com/home.html
မြန်မာအမျိုးသမီးအရေး ဆောင်ရွက်စရာ လိုသေး
By မသင်းသီရိ အင်္ဂါ, 08 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်
• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us
ဒီနေ့ မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာမှု အရင်ကထက် အားကောင်းလာတယ်လို့ ဆိုနိုင်ပေမဲ့ နိုင်ငံရေးကဏ္ဍမှာတော့
အားနည်းချက် ရှိသေးတယ်လို့ ဒီကနေ့ ကျရောက်တဲ့ နှစ် ၁၀၀ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ပြည်တွင်း အမျိုးသမီးရေးရာ လှုပ်ရှားသူတွေက
သုံးသပ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ အမျိုးသမီးရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ဆောင်ရွက်ပေးမှုတွေကလည်း အားနည်းသေးတယ်လို့
ဆိုကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံထဲက အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခြေအနေ အမျိုးမျိုးပေါ်မှာ အဖွဲ့အစည်းတွေက တာဝန်ယူ ဆောင်ရွက်ပေးမှုအပိုင်း အလွန်
အားနည်းနေသေးသလို နိုင်ငံရေး ပါဝင်ပတ်သက်မှု ကဏ္ဍမှာလည်း အတော်အားနည်းတာ တွေ့ရတယ်လို့ ပြည်တွင်း အမျိုးသမီးရေးရာ အဖွဲ့တွေက အဓိက
သုံးသပ်ပါတယ်။
ကျပ်တည်းတဲ့ စီးပွားရေးကြောင့် အခြေအနေ အမျိုးမျိုးနဲ့ ရုန်းကန်နေရတဲ့ မိန်းကလေးငယ်တွေဟာ သူတို့ရဲ့ အလုပ်အကိုင်တွေက တရားဝင် မဟုတ်တာကြောင့်
သူတို့မှာ ကြုံလာရတဲ့ အကြမ်းဖက်မှုတွေ၊ မတရား အနိုင်ကျင့်ခံရမှုတွေဟာ ပိုပိုပြီး ကြားလာရတယ်လို့ ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
“စားသောက်ဆိုင်တွေ၊ အနှိပ်ခန်းတွေမှာကတော့ မိန်းကလေးတွေက တော်တော်များတာပဲ၊ ကြာလေ များလေ ဖြစ်လာတာပဲ။ ဒါတွေအကုန်လုံးက စီးပွားရေး
ကျပ်တည်းမှုကြောင့် စားစရာ၊ သောက်စရာ မရှိလို့ လုပ်ကိုင်စားနေရတဲ့ အနေအထားမျိုးပဲ ဖြစ်နေရတယ်။ နှိပ်စက်ညှင်းပန်းခံရလို့ သွားတိုင်တယ် ဆိုရင်တောင်မှ
ပိုက်ဆံထိုးနိုင်တဲ့လူက အနိုင်ရနေတဲ့ခေတ်ကြီး ဖြစ်နေတာကိုး။ အမှန်တရားဘက်မှာ ရပ်တည်တဲ့ ၀န်ထမ်းက တော်တော်လေး ရှားပါးနေတဲ့ အခါကျတော့
နှိပ်စက်ညှင်းပန်းသမျှကို ခံနေကြရတာပါပဲ။”
မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေရဲ့ ဇနီးတွေ စုပေါင်း ဖွင့်လှစ်ထားတဲ့ အမျိုးသမီးရေးရာ အဖွဲ့ချုပ်လိုမျိုး၊ တခါ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတွေ စုပေါင်း
ဖွဲ့စည်းထားတဲ့ အမျိုးသမီး စွမ်းဆောင်ရှင်လို အဖွဲ့တွေအပြင် တခြား အမျိုးသမီးရေးရာ လူမှုရေး အဖွဲ့တွေ ရှိပါတယ်။ အရင်က အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဟာ
အကြမ်းဖက် အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတွေရဲ့ ကိစ္စတွေကို ကူညီပေးပေမဲ့ အခုနောက်ပိုင်း အဖွဲ့အစည်း ထင်ပေါ်မှုသာ ဦးစားပေးလာတယ်လို့လည်း သူက
သုံးသပ်ပါတယ်။
“အရင် စတည်ထောင်တုန်းကတော့ သူတို့က ကြိုးကြိုးစားစား လုပ်ပေးတယ်ပေါ့။ လာတိုင်ကြားတဲ့လူရှိရင် ထိထိရောက်ရောက် လုပ်ဆောင်ပေးတယ်။
အဲဒီအခါကျတော့ ကျမတို့ အမျိုးသမီးတွေ အနေနဲ့တော့ နည်းနည်းလေး အားကိုးစရာလေး မြင်လာပြီဆိုပြီး ၀မ်းသာတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့
နောက်ပိုင်းမှာကျတော့ သူတို့က အဖြစ်သဘောလောက်ပဲ လုပ်ဆောင်ပေးတဲ့ အခါကျတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းလာတာပေါ့။ သူတို့
ထင်ပေါ်မှုတွေကိုပဲ ဦးစားပေးလာတယ်။ ပွဲလမ်းသဘင်၊ ဒါမျိုးတွေမှာပဲ နာမည်ကောင်း လိုချင်တော့တယ်။ တကယ် ထိထိရောက်ရောက် လာတိုင်ကြားတဲ့သူဆိုရင်
သေချာမလုပ်ပေးတော့ဘူး။”
ရန်ကုန်မြို့ခံ အမျိုးသမီးတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ နှစ် ၁၀၀ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို ရန်ကုန်က ယုဒဿာန်ခန်းမမှာ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ
အမျိုးသမီးရေးရာ အဖွဲ့တွေ၊ ပြည်တွင်းထဲမှာ လှုပ်ရှားနေတဲ့ အမျိုးသမီး အဖွဲ့တွေအပြင် တိုင်းရင်းသား အမျိုးသမီး အဖွဲ့တွေနဲ့ စုပေါင်းပြီး အခမ်းအနားတခု
ကျင်းပခဲ့တဲ့အထဲ လက်ရှိ မြန်မာနိုင်ငံ အမျိုးသမီးတွေရဲ့ အခြေအနေတွေဟာ လူမှုရေး၊ စီးပွားရေးထက် နိုင်ငံရေး ပါဝင်ပတ်သက်မှုတွေမှာ အားနည်းနေတာ
တွေ့ရတယ်လို့ သုံးသပ်ခဲ့တဲ့အကြောင်း အမျိုးသမီးရေးရာ လှုပ်ရှားနေသူ တဦးက ပြောပါတယ်။
“ပြောမယ်ဆိုရင်တော့ ပညာရေး၊ ကျန်းမာရေးတွေမှာတော့ သိပ်မသိသာပေမဲ့ နိုင်ငံရေး ပါဝင်မှုမှာတော့ တော်တော်လေး အားနည်းနေတယ်လို့ ကျမတို့
သုံးသပ်ပါတယ်။ ဘာလို့လဲဆိုတော့ National Assembly မှာဆိုရင် အမျိုးသမီးက ၄.၁% ပေါ့၊ ပြီးတော့ State Level မှာလည်း နည်းတယ်လေ၊ ၄.၃ လောက်ပဲ
ရှိတယ်။ Member of Parliament မှာလည်း နည်းသေးပါတယ်။ ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် အရင်ကထက်စာရင်တော့ Stage လေးတခု ရှိလာပြီ။ အဲဒါကိုလည်း
ကျမတို့ အမျိုးသမီးတွေက ဆက်လက်ပြီးတော့ ကြိုးကြိုးစားစား လှုပ်ရှားရမယ်လို့ မြင်ပါတယ်။”
ဒါပေမဲ့ မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေးရာတွေမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားမှုနဲ့အတူ လူ့အခွင့်အရေး လှုပ်ရှားမှုကြောင့်
ထောင်ချခံထားရတဲ့ မစုစုနွေး၊ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းချက်တွေကြောင့် အကျဉ်းချခံထားရတဲ့ မနီလာသိန်း၊ မမီးမီးတို့အပြင် ယုံကြည်ချက်ကြောင့်
အကျဉ်းချခံထားရသူ အမျိုးသမီးပေါင်း ၅၀ ကျော် ထောင်ထဲမှာ ရှိနေပါတယ်။
ဒါ့အပြင် နောက်ပိုင်းကနေ နိုင်ငံရေးကို ပံ့ပိုးနေကြတဲ့ အမျိုးသမီးထုတွေလည်း ရှိသလို နိုင်ငံရေးမှုနဲ့ အကျဉ်းကျနေတဲ့ ခင်ပွန်းသည်တွေ အပေါ်မှာ အားပေးမှုနဲ့အတူ
ဘ၀ကို ရုန်းကန် ကြိုးစားနေတဲ့ အမျိုးသမီးထုရဲ့ ရပ်တည်ချက်ဟာလည်း ဒီကနေ့မှာ ကျေနပ်အားရစရာ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။
“ပေါ်ပေါ်ထင်ထင် လုပ်တဲ့သူတွေ ရှိသလို အနောက်ကနေ အားပေးတဲ့သူတွေလည်း ရှိတာပေါ့။ သူတို့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်ပြီးတော့ အကျဉ်းထောင်
အသီးသီးမှာ ကျနေတဲ့ အမျိုးသမီးတွေကတော့ အကျဉ်းသားပေါင်း ၂,၁၀၀ ကျော်မှာ ကျမတို့ အမျိုးသမီးတွေက အကျဉ်းထောင် အသီးသီးမှာ ၅၀ ကျော်
ရှိပါတယ်။ အားရစရာ ရှိလားဆိုတော့ ကျမတို့ တိုင်းပြည်ကတော့ အခုချိန်အထိ စနစ်ပြောင်းဖို့က လိုအပ်နေသေးတယ်။ ကြာလာတဲ့အခါ တဖြည်းဖြည်းနဲ့ လူတွေက
စားဝတ်နေရေးကြောင့်ပေါ့ အဓိကတော့၊ စိတ်ရှိပေမဲ့လည်း မပါဝင်နိုင်တဲ့ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။
“ဒါပေမဲ့ ကိုယ်တိုင် မပါဝင်သော်လည်းပဲ အနောက်ကနေ အားပေးနေကြတဲ့ ညီမတွေရှိတယ်၊ အမေတွေလိုဟာမျိုး ရှိတယ်၊ အဒေါ်တွေလိုမျိုး ရှိတယ်။
အလွှာအသီးသီးက လူတွေက အကုန်လုံး ပါဝင်နေကြတာကို တွေ့ရတဲ့အတွက် ကျမတော့ အားရ ကျေနပ်ပါတယ်။”
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာ ဒေါ်မေ၀င်းမြင့် သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းရဲ့  အိုလံပစ် ဘောလုံးခြေစစ်ပွဲ
By ဦးဇော်ဝင်းလှိုင် အင်္ဂါ, 08 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်
• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us
မြန်မာနဲ့ အိန္ဒိယ အသင်းတို့ရဲ့ ၂၀၁၂ ခုနှစ် အိုလံပစ် ဘောလုံးခြေစစ်ပွဲ ဒုတိယပွဲကို မနက်ဖြန် ရန်ကုန်မှာ ကစားကြဖို့အတွက် အိန္ဒိယ ဘောလုံးအသင်းဟာ
မြန်မာနိုင်ငံကို ရောက်နေပြီ ဖြစ်ပါတယ်။ မြန်မာ ဘောလုံးဝါသနာရှင် တွေကတော့ ဒီပွဲမှာ မြန်မာအသင်း နိုင်နိုင်ခြေရှိတယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။
အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်ပွဲအတွက် ပထမအဆင့် ခြေစစ်ပွဲရဲ့ ဒုတိယပွဲစဉ်ကို မနက်ဖြန်ညနေ ၄ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ မြန်မာနဲ့
အိန္ဒိယအသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမအဆင့် ခြေစစ်ပွဲ ဖြစ်ပေမဲ့ အိန္ဒိယမှာ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ပွဲမှာ မြန်မာအသင်းက အိမ်ရှင်
အိန္ဒိယအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးထားပြီး ဖြစ်တာကြောင့် မြန်မာအသင်း ဒီပွဲမှာနိုင်မှ အိုလံပစ် ခြေစစ်ပွဲ ဒုတိယအဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ်။
အိန္ဒိယ၊ မြန်မာ ဘောလုံးပွဲ အခြေအနေကိုတော့ ၀ါရင့် အားကစား ဆောင်းပါးရှင် ခင်မောင်ထွေး (ပျဉ်းမနား) က အခုလို သုံးသပ်ပြပါတယ်။
“ခြေစစ်ပွဲ အောင်ဖို့ဆိုတာ ဝေးသေးတယ်ဗျ။ အခုဟာ AFC ရဲ့ ၂ ဆင့်ပေါ့ဗျာ။ ဒါက ပထမအဆင့် ခြေစစ်ပွဲပါ။ မြန်မာနဲ့ အိန္ဒိယလိုပဲ၊ ၂ သင်းစီ၊ ၂ သင်းစီ၊
ပါကစ္စတန်တို့၊ အသင်းလေးတွေ တာဂျစ်ကစ္စတန်တို့ ဘာတို့ အကုန်လုံး ကစားနေကြပါတယ်။ ကျနော်တို့က အဲဒီအထဲက ၂ သင်း အပါအ၀င်ပေါ့။ ကျနော်တို့က
ဒီအသင်းမှာ နိုင်ပြီးတော့မှ အကယ်၍ ကျနော်တို့ ရန်ကုန်မှာ ကစားတဲ့ပွဲက၊ ကျနော်တို့က အိန္ဒိယမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့အတွက် အဝေးကွင်း ဂိုးရထားတယ်။
“ဒီမှာ ၁ ဂိုး၊ ဂိုးမရှိတဲ့ ပြန်နိုင်ရင် ကျနော်တို့ Qualify ဖြစ်မယ်ပေါ့။ Qualify ဖြစ်မယ်ဆိုတာ ဒုတိယအဆင့် တက်ဖို့ပဲ။ တိုက်ရိုက် လန်ဒန်ကို Qualify
မဖြစ်သေးပါဘူး။ အိန္ဒိယအသင်းက အိန္ဒိယမှာ ကစားတုန်းကတော့ ကျနော်တို့ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ထားတယ်လေ။ မြန်မာပြည်မှာတော့ မြန်မာနည်းပြဆရာက
မြန်မာပြည်မှာ ပြန်ပြီး အနိုင်ယူမယ်လို့တော့ ပြောတာပဲ။”
မြန်မာနဲ့ အိန္ဒိယ အသင်းတို့ရဲ့ ပထမ ခြေစစ်ပွဲကို အိန္ဒိယနိုင်ငံ ပူနေး (Pune) မြို့မှာ ပြီးခဲ့တဲ့လတုန်းက ကစားခဲ့ကြတာပါ။ အခု ရန်ကုန် သုဝဏ္ဏကွင်းမှာ ကစားမယ့်
ပွဲမှာတော့ မြန်မာအသင်းက အိန္ဒိယအသင်းကို ၁ ဂိုး ဂိုးမရှိ၊ ဒါမှမဟုတ်ရင်လည်း ဂိုးအပြတ်အသတ်နဲ့ အနိုင်ရမှသာ ဒုတိယအဆင့် ခြေစစ်ပွဲကို တက်နိုင်မှာ
ဖြစ်ပါတယ်။
မြန်မာဘောလုံးပရိသတ်တွေကလည်း ဒီပွဲဟာ အိမ်ကွင်းမှာ ကစားတဲ့ပွဲ ဖြစ်တာကတကြောင်း၊ မြန်မာအသင်းက အနိုင်ရမှ ဖြစ်မယ့် အခြေအနေ ဖြစ်တာက
တကြောင်းတို့ကြောင့် ဒီပွဲမှာ မြန်မာအသင်း အနိုင်ရမယ်လို့ တွက်ဆထားတဲ့အကြောင်း ရန်ကုန်မြို့က ဘောလုံး ၀ါသနာရှင်တဦးက ပြောပါတယ်။
“အားလုံးတော့ မျှော်လင့်ထားကြတယ်လေ။ ၁းဝ နဲ့ နိုင်ပြီဆိုလည်း ကျနော်တို့အသင်းက တက်မှာဆိုတော့ နိုင်နိုင်ခြေရှိတယ်လို့ ယူဆထားကြပါတယ်။ အခု
နိုင်ငံခြား နည်းပြကလည်း တော်တော် တော်တဲ့ အခြေအနေ ရှိတယ်လေ။ အသင်းကလည်း အရင်ကထက်ပိုပြီး Strong ဖြစ်နေတဲ့ အခြေအနေ ရှိတယ်။ သူလည်း
တကယ့် Selection တွေ ရေးထားတယ်လို့ စာစောင်ထဲမှာတော့ အဲဒီလိုပဲ ဖတ်ရတယ်။”
မနက်ဖြန် ကစားမယ့် အိုလံပစ် ခြေစစ်ပွဲကို မြန်မာဘောလုံးပရိသတ်တွေက စိတ်ဝင်စားမှု များတဲ့အတွက် လက်မှတ်တွေတောင် အခုချိန်မှာ
ဝယ်ရခက်နေပြီလို့လည်း အဲဒီ ဘောလုံးဝါသနာရှင်က ပြောပါတယ်။ မြန်မာအသင်းရဲ့ နည်းပြကတော့ ဆားဗီးယားနိုင်ငံသား မီလန် ဇီဗာဒီနိုဗစ်ခ်ျ (Milan
Zivadinovic) ဖြစ်ပါတယ်။
အာရှတိုက်အတွင်း တချိန်က ချန်ပီယံဆုတွေရပြီး အောင်မြင်ခဲ့တဲ့ မြန်မာဘောလုံးအသင်းဟာ ၁၉၇၂ ခုနှစ်က ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့
အိုလံပစ်ပွဲအတွက် တကြိမ်သာ ခြေစစ်ပွဲ အောင်ခဲ့ဖူးပြီး အဲဒီပွဲမှာ အသန့်ရှင်းဆုံး အသင်းဆုကို ရခဲ့ဖူးပါတယ်။
အိန္ဒိယအသင်းဟာလည်း မြန်မာအသင်းလိုပဲ တချိန်က ဒေသတွင်း ပွဲစဉ်တွေမှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးမှ တဖြည်းဖြည်း မှေးမှိန်သွားခဲ့တဲ့ ဘောလုံးအသင်း
ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ် သြစတြေးလျနိုင်ငံ မဲလ်ဘုန်း အိုလံပစ်ပွဲမှာ ဘူလ်ဂေးရီးယား အသင်းကို တတိယနေရာလုပွဲမှာ ရှုံးနိမ့်ခဲ့ပြီး စတုတ္ထ ရခဲ့ဖူးတဲ့ သာဓက
ရှိပါတယ်။
ဒီအတောအတွင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ဥက္ကဋ္ဌ ဆက် ဘလက်တာ (Joseph Blatter) ဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့
ဖိတ်ကြားချက်အရ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ရောက်ဖို့ရှိပြီး စစ်အစိုးရ အရာရှိတွေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် FIFA ရဲ့
Goal Project အစီအစဉ်နဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မန္တလေးမှာ ဖွင့်ထားတဲ့ လူငယ် ဘောလုံးသင်တန်းကျောင်းကိုလည်း ဆက် ဘလက်တာ ကိုယ်တိုင်
သွားဖွင့်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
မြောက်အာရှ Stealth တိုက်လေယာဉ် ပိုင်ဆိုင်မှုပြိုင်
By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 08 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်
• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us
အရှေ့မြောက်အာရှ ၃ နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ဟာ ရေဒါနဲ့ ဖမ်းယူလို့ မရနိုင်တဲ့၊ တကမ္ဘာလုံးကိုလည်း နောက်ထပ် လောင်စာဆီ
မဖြည့်ဘဲ ပျံသန်းနိုင်တဲ့ ဗျူဟာမြောက် အမေရိကန် ဗုံးကျဲ တိုက်လေယာဉ်ကြီး Stealth အမျိုးအစား တိုက်လေယာဉ်တွေကို ပိုင်ဆိုင်ဖို့ အပြိုင်အဆိုင်
ကြိုးစားနေကြတယ်လို့ ဂျပန် ဒုတိယ ဗိုလ်ချုပ်ကြီး ဟိဒဲယူကီ ယိုရှီအိုကာ (Hideyuki Yoshioka) က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံထဲမှာ တည်ဆောက်တဲ့ Stealth လေယာဉ်ကို တုပထားတဲ့ J-20 တိုက်လေယာဉ်တွေကို ပြီးခဲ့တဲ့နှစ်က တရုတ်က ထုတ်ဖော် ပြသခဲ့တာကြောင့် ဒီ ၃
နိုင်ငံလုံးဟာ ရေဒါနဲ့ မဖမ်းနိုင်တဲ့ မျိုးဆက်သစ် Stealth လိုမျိုး ဗျူဟာမြောက် လေယာဉ်ကြီးတွေ ပိုင်ဆိုင်ဖို့ ဖြစ်လာရတာလို့ ဗိုလ်ချုပ်ကြီး ယိုရှီအိုကာက
ဆိုပါတယ်။
ရုရှားကလည်း Stealth လို ရေဒါနဲ့ မဖမ်းနိုင်တဲ့ Sukhoi T-50 အမျိုးအစား ဂျက်တိုက်လေယာဉ်တွေကို ထုတ်လုပ်ခဲ့တာ တနှစ်ကျော်လာခဲ့ပါပြီ။
ဂျပန်က Shinshin ATD-X ဂျက်တိုက်လေယာဉ်တွေကို ၃ နှစ်အတွင်းမှာ ပိုင်ဆိုင်ဖို့ ကြိုးစားနေသလို တောင်ကိုရီးယားကလည်း အမေရိကန်လုပ် Semi-Stealth
Fighter Bomber လို့ လူသိများတဲ့ Boeing F-15 Silent Eagle သို့မဟုတ် Lockheed-Martin က ထုတ်လုပ်တဲ့ F-35A Lighting II လေယာဉ်တွေကို အစင်းရေ
၆၀၊ စုစုပေါင်း ဒေါ်လာ သန်း ၁၁,၀၀၀ ဖိုးအထိ ၀ယ်ယူဖို့ အမေရိကန်ကို ချဉ်းကပ်နေတာ ဖြစ်ပါတယ်။
ကင်မ်ဂျုံအီးလ် သား ထိပ်တန်းရာထူး ရရှိ
By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 08 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်
• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us
မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာမယ့် ကင်မ်ဂျုံအဲန်း (Kim Jong Un) ကို တိုင်းပြည်ရဲ့ ဒုတိယ သို့မဟုတ် တတိယ နေရာကို တိုးမြှင့်ပေးဖို့
သိသာထင်ရှားကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနကို ကိုးကားပြီး ထောက်လှမ်းရေး သတင်းတွေမှာ ဖော်ပြကြပါတယ်။
ကိုရီးယား ဗဟိုသတင်းဌာနရဲ့ ဆောင်းပါးတပုဒ်မှာ တနင်္လာနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ ဂုဏ်ပြု အခမ်းအနား တက်ရောက်လာကြတဲ့
ခေါင်းဆောင် ကင်မ်ဂျုံအီးလ် (Kim Jong Il) ရဲ့ အစိုးရအဖွဲ့ဝင် စာရင်း ပါဝင်ပါတယ်။
အဲဒီ အမည်စာရင်းမှာ ကင်မ်ဂျုံအဲန်းရဲ့ နာမည်က ၀န်ကြီးချုပ်ရဲ့နာမည် အထက်ကနေ ပထမဆုံး အကြိမ်အဖြစ် ရေးသား ဖော်ပြထားတာကို တောင်ကိုရီးယားနိုင်ငံ
ဆိုးလ်မြို့တော်နဲ့ တခြားနိုင်ငံကြီးတွေမှာ အခြေစိုက်တဲ့ လေ့လာစောင့်ကြည့်သူတွေက တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ သားအငယ်ဆုံး ကင်မ်ဂျုံအဲန်းကို ပြီးခဲ့တဲ့လကပဲ နံပါတ် ၄ နေရာကို တိုးမြှင့်ပေးခဲ့တာပါ။ နံပါတ် ၁ က ကင်မ်ဂျုံအီးလ်၊ နံပါတ်
၂ က ၀န်ကြီးချုပ် ချိုယွန်ရင်မ် (Choe Yong Rim)၊ နံပါတ် ၃ နိုင်ငံ့ဥသျှောင်အဖွဲ့ ဥက္ကဋ္ဌ ကင်မ်ဂျုံးနမ် (Kim Jong Nam) တို့ ဖြစ်ကြပါတယ်။ အဲဒီစာရင်းမှာ
ဥသျှောင်အဖွဲ့ရဲ့ ဥက္ကဋ္ဌနာမည်ကို ထည့်သွင်းရေးထားတာ မတွေ့ရတဲ့အတွက် ကင်မ်ဂျုံအဲန်းထက် ရာထူးပိုကြီးသေးသလား ဆိုတာလည်း ကွဲကွဲပြားပြား
မသိရသေးဘဲ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ ဥပဒေမဲ့ ဖမ်းဆီးမှု ကုလမှတ်တမ်းတင်မှု အားနည်း
By ဦးသားညွန့်ဦး တနင်္လာ, 07 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်
• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us
တရားမဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှု ဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့က အခုကျင်းပနေတဲ့ ၁၆ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံကို အစီရင်ခံစာ တင်သွင်းရာမှာ
မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အကျဉ်းသားအချို့ စာရင်းလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ထဲကမှ
ဘယ်လို သတ်မှတ်ချက်မျိုး၊ ဘယ်လို အခြေအနေမျိုးကြောင့် ဒီစာရင်းထဲမှာ တချို့ပဲ ပါဝင်နေသလဲ ဆိုတာကိုတော့ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး
တင်ပြပေးထားပါတယ်။
တရားမဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှု ဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလကနေ နိုဝင်ဘာလအထိ နိုင်ငံပေါင်း ၂၃ နိုင်ငံက တရားမဲ့
ဖမ်းဆီးချုပ်နှောင်ခံရသူ ၉၈ ဦးကို စာရင်းပြုစု တင်ပြခဲ့ရာမှာ မြန်မာနိုင်ငံက ၅ ဦး ပါဝင်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၉၀ ခုနှစ်
ရွေးကောက်ခံအမတ် ၂ ဦးဖြစ်တဲ့ ဒေါက်တာတင်မင်းထွဋ်နဲ့ ဦးညီပု၊ အမေရိကန် နိုင်ငံသား ကျော်ဇောလွင် ခေါ် ကိုညီညီအောင်နဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ ဖြစ်ကြပါတယ်။ ၉၈ ဦး စာရင်းထဲက ၃ ဦး လွတ်မြောက်လာခဲ့တယ်လို့ တရားမဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှု ဆိုင်ရာ
အလုပ်အဖွဲ့ ခေါင်းဆောင် အယ်လ် ဟတ်ဒ်ဂျီ မာလစ်ခ် ဆိုး (El Hadji Malikc Sow) က လူ့အခွင့်အရေးကောင်စီကို အစီရင်ခံခဲ့ပါတယ်။
“ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ အလုပ်အဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ စာရင်းထဲက ၃ ဦး လွတ်မြောက်ခဲ့တဲ့ အပေါ်မှာတော့ ကြိုဆိုပါတယ်။
အီသီယိုးပီးယားနိုင်ငံက မဒမ် ဘာတူကန် မီဒက်ဆာ (Birtukan Mideksa)၊ မစ္စတာ သေဒီယို ငုယန် ဗန် လေး (Thadeus Nguyen Ven Lay) နဲ့ မြန်မာနိုင်ငံက
ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ကြပါတယ်။”
တရားဥပဒေနဲ့ မညီညွတ်ဘဲ အတင်းအကျပ် ချုပ်နှောင်ခံရတဲ့ စာရင်းကို ပြုစုရာမှာတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တရားစီရင်ရေးစနစ် လွတ်လပ်မှု
ဘယ်လောက်ရှိမရှိကိုလည်း ဆန်းစစ်ထားပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ထဲကမှ အခု အစီရင်ခံစာထဲမှာ ၅ ဦးပဲ ပါဝင်တဲ့
ကိစ္စကတော့ တရားရုံးဆိုင်ရာ လိုအပ်တဲ့ အထောက်အထားတွေနဲ့ မိသားစုဝင်တွေရဲ့ စနစ်တကျ တိုင်ကြားမှု အားနည်းတာကြောင့်လို့ ALRC အာရှဒေသ
ဥပဒေရေးရာအဖွဲ့က မြန်မာရှေ့နေ ကိုမင်းလွင်ဦးက ရှင်းပြပါတယ်။
“အဓိကထားကြည့်တာကတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ စစ်ဆေး စီရင်ပြီး ပြစ်ဒဏ်ပေးတာမှာ။ အဲဒီလိုမှ မဟုတ်ဘဲနဲ့
ဥပဒေနဲ့ မညီဘဲ စစ်ဆေး စီရင်ပြီးတော့ ပြစ်ဒဏ်တွေ ပေးထားတယ် ဆိုရင်တော့ သူတို့က Arbitrary Detention လို့ သတ်မှတ်ပြီးတော့ အရေးယူ
ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”
ဒီလူတွေ ကြည့်တဲ့အခါမှာ ပြည်တွင်းဥပဒေအရ ဥပဒေနဲ့ ညီညွတ်တယ်ဆိုပြီးတော့ အစိုးရက အမိန့်ချခဲ့တာ မဟုတ်ဘူးလားခင်ဗျ။
“စစ်အစိုးရကတော့ ပြည်တွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ချိုးဖောက်လို့ အရေးယူ အပြစ်ပေးထားရတယ်လို့ သူတို့အနေနဲ့ အမြဲတမ်း နိုင်ငံတကာကို
ထုတ်ဖော် ပြောဆိုလေ့ ရှိပါတယ်။ သို့သော်လည်း ဒီအမှုတွေကို စစ်ဆေး စီရင်တဲ့အခါမှာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ စစ်ဆေးစီရင်ခြင်း ရှိမရှိ
ဆိုတာကိုတော့ သူတို့အနေနဲ့ ထုတ်ပြန် ပြဋ္ဌာန်းခြင်း မရှိဘူး။
“ဒီအမှုတွေမှာ ဥပဒေနဲ့မညီ စစ်ရေး စီရင်ထားတယ် ဆိုတာတွေကို စီရင်ချက်တွေအရ၊ အမိန့်တွေအရ ပြစ်ဒဏ်တွေ ပေးထားတဲ့ဟာကို သူတို့ ဥပဒေနဲ့ ကိုက်ညီမှု
ရှိမရှိ သုံးသပ်ပြီးတဲ့ အခါမှာ သူတို့တွေ့ရှိတဲ့ တွေ့ရှိချက်တွေ အပေါ်မှာ မူတည်ပြီးတော့ အခုလိုမျိုး ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သူတို့အနေနဲ့
ထုတ်ဖော် ပြောဆိုခြင်း ဖြစ်ပါတယ်။”
အခု ဥပဒေမဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီး ချုပ်နှောင်ခံရတဲ့လူတွေ စာရင်းကို ထုတ်ပြန်ရာမှာ နိုင်ငံရေး အကျဉ်းသား တော်တော်များများ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာ
တကယ်ဆို နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိပါတယ်။ အခုက သူတို့စာရင်းအရဆိုရင် ဆယ်ဂဏန်းလောက်ပဲ ရှိတဲ့အခါကျတော့ ဒါက ဘယ်လိုဖြစ်တာပါလဲ။
“တရားရုံးတွေရဲ့ မိတ္တူတွေ ရဖို့လိုတယ်။ ပြီးတော့ ကာယကံရှင် ကိုယ်တိုင်ကသော်လည်းကောင်း၊ ဒါမှမဟုတ် မိသားစုဝင်ကသော်လည်းကောင်း တင်ပြ
တိုင်တန်းတာတွေ ရှိမှသာ ဒါတွေကို ဆောင်ရွက်နိုင်မှာဖြစ်တယ်။ ကျနော်တို့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေထဲက တချို့ပါတယ်၊ တချို့မပါဘူးဆိုတဲ့
ကိစ္စမှာလည်း ကိုမြအေးကတော့ သမီးဖြစ်သူက နေပြီးတော့ ဦးစီးဦးဆောင် လုပ်ပြီးတော့ တိုင်ကြားထားတဲ့အတွက် အခုလို ပါလာရတာ ဖြစ်တယ်။ ကျန်တဲ့
ရှစ်လေးလုံး ခေါင်းဆောင်တွေ ရှိပါသေးတယ်။ သူတို့ရဲ့ အမှုတွဲတွေက အမိန့်စီရင်ချက်နဲ့တကွ ရရှိလာခြင်း မရှိတဲ့အတွက် တင်ပြနိုင်ခြင်း မရှိသေးပါဘူး။”
ALRC က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။
ALRC အနေနဲ့လည်း မနေ့က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို တင်ပြတဲ့အထဲ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအချို့မှာ ရှိနေတဲ့ နှိပ်စက်ညှင်းပန်းမှုနဲ့
လူ့အခွင့်အရေး ကျူးလွန်တဲ့ အာဏာပိုင်အချို့ ဥပဒေ ကင်းလွတ်ခွင့် ရနေတဲ့ အခြေအနေတွေကို ထောက်ပြခဲ့ပါတယ်။

လစ်ဗျား အကြမ်းဖက်လုပ်ရပ် လက်ခံနိုင်စရာမရှိ၊ အိုဘားမား သတိပေး


By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 07 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်
• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us
ကဒါဖီ ဆန့်ကျင်တဲ့ သူပုန်တွေကို လစ်ဗျားအစိုးရနဲ့ သူ့ကို ထောက်ခံတဲ့သူတွေက အကြမ်းဖက် တိုက်ခိုက်တာတွေဟာ လက်ခံနိုင်ဖွယ် မရှိတာကြောင့်
ဒီအခြေအနေကို ဟန့်တားဖို့အတွက် စစ်ရေးနည်းလမ်း အပါအ၀င် ကျယ်ပြန့်တဲ့ ဖြစ်နိုင်ခြေ အားလုံးကို အမေရိကန် ပြည်ထောင်စုနဲ့ နေတိုး စစ်မဟာမိတ်
အဖွဲ့တွေက စဉ်းစားနေကြပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။
လစ်ဗျားခေါင်းဆောင် ကဒါဖီအတွက် ရပ်တည် ဆောင်ရွက်နေသူတွေ အနေနဲ့ သူတို့ရဲ့ ရွေးချယ်မှုအတွက် သူတို့ဘာသာ တာဝန်ယူကြရလိမ့်မယ်ဆိုတဲ့
ရှင်းရှင်းလင်းလင်း သတင်းစကားမျိုး ပေးပို့လိုတယ်လို့လည်း သမ္မတ အိုဘားမားက တနင်္လာနေ့က ပြောသွားပါတယ်။
အခုစဉ်းစားနေတယ်ဆိုတဲ့ စစ်ရေး နည်းလမ်းတွေထဲမှာတော့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး၊ ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတရပ် ချမှတ်ရေးနဲ့ လူသားချင်း
စာနာတဲ့ အကူအညီတွေ ပေးပို့နိုင်ဖို့အတွက် အကာအကွယ်ပေးရေးဆိုတဲ့ ကိစ္စရပ်တွေ ပါဝင်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေးကာနီ (Jay Carney) က
ပြောပါတယ်။
မြေပြင်တပ်ဖွဲ့တွေ ချထားရေး ကိစ္စကတော့ အခုချိန်ထိ ဦးစားပေး စဉ်းစားချက်ထဲမှာ မရှိသေးဘူးလို့ ပြောပါတယ်။
လစ်ဗျားပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီ နောက်ထပ် အမေရိကန်ဒေါ်လာ ၁၅ သန်း ပေးဖို့အတွက် ဆုံးဖြတ်လိုက်ပြီလို့ သမ္မတ အိုဘားမားက
ပြောဆိုပါတယ်။ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ် (Julia Gillard) နဲ့ စည်းဝေးပွဲ အပြီးမှာ သမ္မတ အိုဘားမားက ပြောဆိုသွားတာ ဖြစ်ပါတယ်။
မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရတဲ့ လစ်ဗျားနိုင်ငံရဲ့ ဒီမိုကရေစီ အရေးအတွက် သြစတြေးလျ၊ အမေရိကန် နှစ်နိုင်ငံ တညီတညွတ်တည်း
ရပ်တည်နေကြတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့်
By ဒေါ်လှလှသန်း တနင်္လာ, 07 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်
• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us
ဒီနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ
ကလင်တန် (Hillary Clinton) က အမှာစကား ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ စွမ်းရည်မြှင့်တင်ရေး ကြိုးပမ်းမှု အဖြစ်လည်း
အမျိုးသမီး ၁၀၀ အရေးယူ ဆောင်ရွက်မှုတရပ်အဖြစ် နိုင်ငံတကာ အမျိုးသမီးပေါင်း ၁၀၀ တို့ဟာ အမေရိကန် ပြည်ထောင်စုမှာ လာရောက် စုဝေးကြပြီး
အတွေ့အကြုံတွေကို ဖလှယ်ကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဗွီဒီယိုကတဆင့် အမှာစကား
ပြောကြားရာမှာ သူ့အနေနဲ့ ၁၉၉၅ ခု စတုတ္ထအကြိမ် ဘေဂျင်း အမျိုးသမီးများ ညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့စဉ် လူ့အခွင့်အရေးဟာ အမျိုးသမီးများ အခွင့်အရေး
ဖြစ်သလို အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာလည်း လူ့အခွင့်အရေး ဖြစ်တယ်လို့ ပြောကြားခဲ့စဉ်က ကမ္ဘာကြီးအနေနဲ့ အတော့်ကို ကြိုဆိုအားပေးခဲ့ကြတာ
တွေ့ရလို့ ၀မ်းမြောက်ခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ၁၆ နှစ်အကြာဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှာတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခန်းကဏ္ဍဟာ အားနည်းဆဲရှိတာ တွေ့ရတယ်လို့လည်း ၀န်ကြီး
ကလင်တန်က အခုလို ထောက်ပြသွားပါတယ်။
“ဒါပေမဲ့ ၁၆ နှစ် အကြာမှာတော့ အမျိုးသမီးတွေဟာ ဆင်းရဲမွဲတေမှု၊ စစ်မက်ဖြစ်ပွားမှု၊ ရောဂါဘယနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေရဲ့ ဒဏ်တွေကို အဆိုးဆုံး
ခံနေရတုန်းပဲ ရှိနေတာ တွေ့ရပါတယ်။ ဘုတ်အဖွဲ့ အစည်းအဝေးတွေမှာ၊ အစိုးရ ညီလာခံတွေမှာ၊ ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှုတွေမှာ အဓိကကျတဲ့
အဆုံးအဖြတ် ပေးရမယ့် နေရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှုဟာ သိပ်ကိုနည်းနေတာ တွေ့ရပါတယ်။”
ဒါကြောင့်လည်း ဘေဂျင်းညီလာခံမှာ ချမှတ်ခဲ့တဲ့ လျာထားချက်တွေ ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်ဖို့ အများကြီး ကျန်ရှိနေသေးတယ်လို့လည်း
ဝန်ကြီး ကလင်တန်က ပြောကြားပြီး ရရှိခဲ့တဲ့ အကျိုးဖြစ်ထွန်းမှုတွေကို သွေးစည်းခိုင်မာစွာ စုစည်းကာ ရှေ့ဆက်ဆောင်ရွက်သွားဖို့ အရှိန်ယူကြရမယ်လို့လည်း
အခုလို ပြောကြားသွားပါတယ်။
“အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ပေါ်လစီမှာ အမျိုးသမီးတွေကို ဦးစားပေးဆဲ ရှိပါတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့အပြင် ဒီလိုလုပ်တာဟာ
ဉာဏ်အမြော်အမြင် ကြီးရာလည်း ရောက်ပါတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ နိုင်ငံတွေရဲ့ စီးပွားရေးအတွက် မောင်းနှင်အားတရပ် ဖြစ်သလို
ငြိမ်းချမ်းရေးနဲ့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း တည်ဆောက်ပေးကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံတာဟာ နိုင်ငံတကာ
စီးပွားရေးကို တိုးတက်စေရုံသာမက နိုင်ငံရေး တည်ငြိမ်မှုနဲ့ ကမ္ဘာတ၀န်း တိုးတက် ဖွံ့ဖြိုးမှုကိုလည်း အားပေးရာ ရောက်ပါတယ်။”
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ဘ၀အာမခံချက် ရရှိဖို့ ပညာရေး၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် ရရှိရေးအပြင်
အကြမ်းဖက်မှုကင်းတဲ့ဘ၀ နေထိုင်ပိုင်ခွင့်လည်း ရရှိကြရမယ်လို့ ၀န်ကြီး ကလင်တန်က တိုက်တွန်းသွားပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် အရေးယူ ဆောင်ရွက်မှုအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက နိုင်ငံပေါင်း ၉၂ နိုင်ငံက အမျိုးသမီးပေါင်း ၁၀၀ ကို
ပညာရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အောက်မှာ အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
အဲဒီ အမျိုးသမီးပေါင်း ၁၀၀ တို့ဟာ ပညာရေး၊ စီးပွားရေး၊ အခြေခံ လူ့အဖွဲ့အစည်း၊ အုပ်ချုပ်ရေး၊ ဥပဒေ ထိန်းချုပ်ရေး၊ သတင်းမီဒီယာ အစရှိတဲ့ ကဏ္ဍတွေမှာ
ဦးဆောင် ပါဝင်ခဲ့ကြသူတွေ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ် သီတင်း ၃ ပတ်ကြာအတွင်း အမေရိကန်နိုင်ငံ တခွင်ရှိ ပြည်နယ်တချို့ကို
သွားရောက်ကာ ခေါင်းဆောင်မှု အတွေ့အကြုံတွေကိုလည်း ဖလှယ်ကြမှာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/

ကဒါဖီ အား နိုင်ငံတွင်း မှ ၇၂ နာရီ အတွင်း ထွက်ခွာရန် အချိန်ပေး


March 8, 2011 Leave a comment Go to comments

မိမိ ၏ နိုင်ငံသား နှစ်ထောင် ကျော်အား လေယာဉ် ဖြင့် ဗုံးကြဲပြီး


သတ်ဖြတ်ခဲ့သည့် လစ်ဗျား အာဏာရှင် မွမ်မာ
ကဒါ ဖီ အား လစ်ဗျား ညွန့် ပေါင်း အစိုးရ အဖွဲ့ ဖြစ်သည့် Libya National Council က နိုင်ငံ တွင်း မှ ၇၂ နာရီ အတွင်း
ထွက် ခွာ ပေးရန် တောင်းဆိုထားသည်။ လစ်ဗျား အတိုက် အခံ များ နှင့် သူပုန် များက ကဒါဖီ နှင့် ဆွေးနွေး မည် မဟုတ် ဟု ဆိုသည်။ လစ်ဗျား နိုင်ငံ ဝေ
ဟင် ပိုင်နက် အား ကုလ လုံခြုံရေး ကောင်စီ မှ ချမှတ် ထားသည့် NO FLY ZONE စီမံ ချက်အရ နေတိုးလေယာဉ်
များ အချိန် ပြည့် ကင်းလှည့် နေချိန် တွင် ကဒါဖီ ၏ သစ္စာခံ တပ် များ က လက်နက် ကိုင် ခုခံ သူများ ကို ထိရောက်
စွာ မချေမှုန်း နိုင်တော့ပေ။
ရေနံ တွင်း များ ရှိရာ မြို့ များ ဖြစ်သည့် ရစ်လာနဖ် တွင် ထရီပိုလီ မြို့ အနီး ရှိ ဇ၀ီယာ မြို့ များ တွင် မူ လစ်ဗျား
အစိုးရ သစ္စာ ခံ တပ်များ က သူပုန် တပ် များ ကို ဟယ်လီ ကော်ပတာ များဖြင့် တိုက် ခိုက် ဆဲဖြစ်သည်။
အာဏာရှင် ဦးနေ၀င်း ၏ မြေး တစ်ဦး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်
March 8, 2011 Leave a comment Go to comments
8
19

မဲပေးပါ

FNG၊ ၊ယခင်မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ၊ ရဲဘော်သုံးကျိပ်ဝင် နှင့်


အာဏာရှင် ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း ၏ မြေးဖြစ်သူ ဇွဲနေ၀င်း အသက် ၂၉ နှစ် သည်
ယမန်နေ့ က အင်းစိန် အကျဉ်းထောင် မှ နေ၍ ပြန်လည် လွတ်မြောက် လာသည် ဟု
Freedom News Group မှ သတင်း ရရှိသည်။
မြန်မာ စစ်အစိုးရက ၂၆ နှစ်ကြာ နိုင်ငံတော် အာဏာကို ထိန်းချုပ်ခဲ့သည့် ဦးနေ၀င်း ကို ၂၀၀၂
ခုနှစ် တွင် သူမ၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်း နှင့် အတူ နေအိမ်အကျယ် ပြစ်ဒဏ်ချမှတ် ခဲ့ပြီး
သားမက် ဖြစ်သူ အေးဇော်ဝင်း နှင့် သားများဖြစ်သူ အေးနေ၀င်း ကျော်နေ၀င်း ဇွဲနေ၀င်း
တို့ ကို နိုင်ငံတော် သစ္စာဖောက်မှု များဖြင့် ဖမ်းဆီး ထောင်ချခဲ့သည်။
ဒေါ် စန္ဒာဝင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် နေအိမ် အကျယ်ချုပ်မှ ပြန်
လည် လွတ်မြောက်လာခဲ့သည်။
သမ္မတဟောင်း ဦးနေ၀င်း၏ မိသားစု နှင့် နီးစပ်သူများက “ဟုတ်တယ်..ပြန်လွတ်လာပြီ
လို့  ကြားတယ်။ အေဒီ လမ်း အိမ် ကို ပြန်ရောက်လာပြီ။ အဖွားကြီး လည်း နေမကောင်း
လို့ ပြန်လွှတ်ပေးလိုက်တာထင်တယ်။သူက ခင်ပွန်း နဲ့ သားတွေ လွှတ်ဖို့ ဗိုလ်ချုပ်မှုးကြီး
ကို အသနား ခံစာ တင်ထားတာ သုံးကြိမ် ရှိပြီ “ဟု Freedom News Group သို့  ပြောသည်။
ဒေါ်စန္ဒာဝင်း အား စစ်အစိုး ရက ပြန်လည် လွှတ်ပေး ခဲ့သော်လည်း အင်တာနက်၊မိုဘိုင်း
ဖုန်း စသည့် အဆင့်မြင့် ဆက်သွယ်ရေး ပစ္စည်း များ သုံးစွဲမှု ကို ကန့် သတ်ထားသည်။
အာဏာရှင် ဟောင်း ဦးနေ၀င်း သည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာ လ တွင် ကွယ်လွန် ခဲ့သည်။
နိုင်ငံတွင်း ဆန်ပြတ်လပ်မှု များ ဖြစ်ပေါ်နေ
March 8, 2011 Leave a comment Go to comments

3
3

မဲပေးပါ

နယ်မှ ဆန်အ၀င်နည်း (AP Photo)


ဟိန်းခိုင်ထွန်း။ ။မြန်မာ နိုင်ငံ တွင် ပြီးခဲ့သည့် နှစ်က မုန်တိုင်း နှင့် ရေကြီးမှုများ ကြောင့်
မိုးစပါး စိုက်ခင်းများပျက်စီး၍ ယခု နှစ် တွင် ဆန်အထွက် နှုန်း လျှော့ နည်းကာ ဆန် ပြတ်လပ်
မှု ဖြစ်ပေါ် နေသည်ဟု ဘုရင့်နောင် ပွဲရုံရှိ ဆန် ကုန် သည် တစ်ဦးမှာ Freedom News Group
သို့ ပြောသည်။မြန်မာ စစ်အစိုးရက ဆန်ပြတ်လပ်မည် ကို စိုးရိမ်၍ ယခင် သီတင်းပတ် က နိုင်ငံခြားသို့ ဆန်တင်ပို့ 
မှု ကို ပိတ်ပင်ထား သော်လည်း အာဏာရ စစ်ဗိုလ်ချုပ်များ ၏ သားသမီး များ ပိုင်ဆိုင်သည့်
ပို့ ကုန် တင်ပို့ မှု လုပ်ငန်းများ က ဆက်လက် ပို့ ဆောင် နေသောကြောင့် ယခုကဲ့သို့ ဆန်ပြတ်
လပ်တော့မည် သတင်းထွက်ပေါ်ခြင်း ဖြစ်သည်။
ဘုရင့် နောင် ပွဲ ရုံရှိ ကုန်စည်ဒိုင် မန်နေဂျာတစ်ဦးက ဆန်ပြတ်လပ်မှု နှင့် ပတ်သက်၍ “အခု
အရှေ့ အလယ်ပိုင်းက အ၀ယ်လိုက်တယ်လေ၊ ဆန်တွေ အမှာလာတော့ လူကြီး သားသမီး
တွေ က ပိတ်ထား လျှက်သား နဲ့ တင်နေကြတာ ” ဟုပြောသည် ။
ယခုနှစ် တွင် ဧရာဝတီတိုင်း ၊ ရခိုင် နှင့် ပဲခူးတိုင်း တို့ မှ ဆန်များ ရန်ကုန် သို့ အ၀င်နည်းသည်
ဟု သတင်း ရရှိသည်။ မန္တလေး အပါအ၀င် ထိုဒေသများ တွင် ယခင် နှစ်က မိုးသည်းထန်ကာ
ရေကြီး၍ စိုက်ခင်းများ ပျက်စီးခဲ့ရသည်။
ရှမ်းပြည်နယ် ကျောက်မဲ မြို့ တွင် ရှမ်းဆန် တစ်အိတ်မှာ ယခင်က နှစ်သောင်း ကျပ် ကျော်ကျော်
သာ ရှိခဲ့ရာမှ ယခု ကျပ် နှစ်သောင်းခွဲ ဖြစ်သွားသည်။ ရန်ကုန်မြို့ တွင် မူ ပေါ်ဆန်းမွှေး တစ်ပြည်
မှာ ၁၅၀၀ကျပ်နှင့်ပေါ်ဆန်း တောင်ပျံ ဆန်တစ်တင်းခွဲ တစ်အိပ်မှာ ၃၆၀၀ကျပ် ဈေးပေါက်သည်။
မြန်မာ နိုင်ငံတွင် စက်သုံးဆီ ဈေးကြီး မြင့်မှု ကြောင့် အခြား အခြေခံစားကုန် ဈေးနှုန်းမှာ လည်း
မြင့်တက်လျှက် ရှိသည်။
ကဒါဖီ ၏ ဂုဏ်သိက္ခာ ရှိစွာ ထွက်ခွာခွင့် အဆိုကို သဘောထားတင်းမာ သည့် လက်နက်စွဲကိုင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့ ပယ်ချ
March 8, 2011 Leave a comment Go to comments

51
0

မဲပေးပါ
Rebels Reject Gaddafi Resignation Meeting Offer
LOOKING FOR AN EXIT? There is no exit for dictator .

LATEST UPDATES Home Updates every 10 minute(s)


နေတိုး တိုက်ခိုက်ရေး နှင့် အမြောက်တင် C130 လေယာဉ်များ လစ်ဗျား ကောင်းကင်ယံသို့ ဝင်ရောက်

ကမ္ဘာကျော် အာဏာရှင် တစ်ယောက် ၏


အဆုံးသတ် မှု ကို Freedom News Group မှတိုက်ရိုက်တင်
ဆက်ပေးပါမည်။
ကိုင်ရို၊ အီဂျစ်။ ။လစ်ဗျား ခေါင်းဆောင် ကဒါဖီ က ပြည်သူ့ ကွန်ဂရက် ခေါ်ဆိုပြီး သူ့ ကို
သိက္ခာရှိ သော နှုတ်ထွက် ခွင့် ပေးပါရန် တောင်းဆိုမှု ကို နိုင်ငံ၏ ၇၀ ရာခိုင်း နှုန်း မြို့ တော်
၏ ထက်ဝန်ခန့် ကို ထိန်းချုပ် ထားသည့် လစ်ဗျား သူပုန် များ က ယနေ့ ငြင်းဆိုလိုက်သည်။
မြောက်အတ္တလန်တစ် စစ်စာချုပ် အဖွဲ့  နေတိုး ၏ တိုက် ခိုက်ရေး လေယာဉ်များ က ယနေ့ 
လစ်ဗျား နိုင်ငံ ကောင်းကင်ယံ တွင် စတင် ၀ဲပျံ နေ ချိန် ဉ် နိုင်ငံ အာဏာ ကို ၄၁ နှစ်ကြာထိန်း
ချုပ် ထား ခဲ့သည့် ကဒါဖီ က ယခု ကဲ့ သို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။
အမေရိကန် သမ္မတ အိုဘာမား က နေတိုး နိုင်ငံစုံ တပ် ဖွဲ့ အနေ ဖြင့် ပိုမိုထိရောက်သည့် စစ်ရေး
လှုံဆော်မှု များ ကို ပြုလုပ်ရန် စဉ်စားထားပြီး ကဒါဖီ ကို ထောက် ခံသည့် အင်အား စုများ ကို လည်း
သတိပေးလိုက်သည်။
ရီပတ်ဘလီကန် လွှတ်တော် အမတ် များဖြစ်သည့် ဂျွန်မက်ကိန်း နှင့် မစ်ခ်ျ မက်ကော်နယ်တို့ က
လစ်ဗျား နိုင်ငံ ကို စစ်ရေး အရ ၀င်ရောက် စွက်ဖက် ရန် တိုက် တွန်းထားသည်။
လူထု အုံကြွမှု အား ကဒါဖီက ရက်ရက်စက်စက် နှိပ်ကွပ်မှု ကြောင့် အပြစ်မဲ့ ပြည်သူ နှစ်ထောင်
ကျော် သေဆုံး ခဲ့ပြီး ဖြစ်သည်။လစ်ဗျား နိုင် ငံခြား ရေးဝန် ကြီး ကမူ လက်နက် ကိုင် သူပုန်များ
မှာ အယ်ခိုင်ဒါ အကြမ်းဖက် အဖွဲ့ မှ လေ့ကျင့်သင်တန်းပေးထားသူများ ဖြစ်သည် ဟု စွပ်ဆွဲထား
သည်။
• Date of birth: June 7, 1942
• Profession: Politician, Army officer, Dictator
• Works written: Escape to Hell, The Green Book
• Offices held: Prime minister, Dictator, Head of…
• Nationality: Libyan
• Children: Al-Saadi Qadhafi, Saif al-Islam Qaddafi,…
NATO,LIBYA
Related Articles
• Why the US must intervene in Libya (rationalactors.com)
• New Republic: Four Options For Action In Libya (npr.org)
http://freedomnewsgroup.com/

တိရစ္ဆာန်များအကြောင်း စကားစမြည် (၁)


ဒေါ်အောင်ဆန်းစုကြည် (ဘာသာပြန် - ဇာဝါရီ, မေရီလန်း)
မတ် ၈၊ ၂၀၁၁

This is the third installment of Myanmar pro-democracy leader Aung San Suu Kyi's monthly Mainichi column, "Letters from Burma."
ဂျပန်သတင်းစာ မိုင်နီချီ (Mainichi Newspaper) ကို ပေးပို့ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယမြောက် မြန်မာပြည်မှပေးစာ
ဆောင်းပါးကို မိုးမခစာချစ်သူများအတွက် ဆီလျော်သလို မြန်မာဘာသာ ပြန်ဆိုပေးလိုက်ပါတယ်။ မိုးမခစာချစ်သူများ ရွှင်လန်းချမ်းမြေ့ကြပါစေ။
------ ----- ------ ------ -------
Friends and colleagues who have been in prison have sometimes reminisced about the small beasts and birds, and even insects, that had
been their only familiars during long years of incarceration in stark, unfriendly cells. Cats seemed to have been particularly adept at
negotiating walls and bars and insinuating themselves into the affections of lonely prisoners all too willing to offer a portion of what little
food they had in exchange for the companionship of living creatures. I did not come across any cats during the two short periods I spent
within the precincts of Insein Jail but I had constant dealings with felines throughout my years of house arrest.
တခါတရံ ထောင်တွင်း အကျဉ်း စံမြန်းဖူးကြတဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေ တွေ့ဆုံကြတဲ့အခါ နှစ်ရှည်လများ ချုပ်နှောင်ခံရချိန်ကာလအတွင်း အကျည်းတန်၊
ဆိုးဝါးလှတဲ့ အချုပ်ခန်းတွေထဲမှာ သိကျွမ်းရင်းနှီးခဲ့ကြတဲ့ တိရစ္ဆာန် အကောင်လေးတွေ၊ ငှက်ကလေးတွေအပြင် အင်းဆက်ပိုးမွှားကလေးတွေ အကြောင်းကို
ပြန်လည်သတိရ ခံစား ပြောဆိုတတ်ကြတယ်။ အထူးသဖြင့် သံတိုင်တွေကြား အလွယ် ဝင်ထွက် သွားလာနိုင်ကြတဲ့ ကြောင်တွေက အထီးကျန်နေတဲ့
အကျဉ်းသားတွေ တယုတယ ကျွေးမွေးတဲ့ စားကြွင်းစားကျန်တွေ စားသောက်ပြီး သူတို့ရဲ့ အဖော်အပေါင်းတွေ ဖြစ်လာခဲ့ကြတယ်။ ကျမ အင်းစိန်ထောင်မှာ
ခေတ္တခဏ ထိန်းသိမ်းခံရချိန် နှစ်ကြိမ်လုံးမှာတော့ ကြောင်တကောင်တမြီးမှ မတွေ့ခဲ့ဘူးပါ။ ဒါပေမဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရချိန် ကာလ
တလျှောက်လုံးမှာတော့ ကြောင်တွေနဲ့ တရင်းတနှီး ဖြစ်ခဲ့ပါတယ်။
I am a dog lover rather than a cat lover although the first pet I can remember was a cat, a big (at least it seemed big to my child's
eyes), dark coloured tom that answered to my grandfather's deep-voiced call of "Puss, Puss, Puss." The rest of the family addressed it,
respectfully, as "Grandfather's Cat." I only knew dogs as mangy mongrels wandering the streets or as unwanted intruders that the adults
were always trying to dissuade from taking up residence in our garden. One stubborn pye-bitch managed to resist all efforts to dislodge her
from the kitchen area and produced a litter. I was so fascinated by the mass of wriggling puppies my first ever dream was about them. I did
not realize then that it was a dream, I thought the puppies had actually come to huddle around my feet and when I woke up and found they
were not there I could not understand what had happened and felt totally confused.
တကယ်တော့ ကျမက ကြောင်ထက် ခွေးကို ပိုချစ်ပါတယ်။ ဒါပေမဲ့ မှတ်မိသလောက်တော့ ပထမဦးဆုံး ထိတွေ့ခဲ့ဖူးတဲ့ အိမ်မွေးတိရစ္ဆာန်က
ကြောင်ဖြစ်တယ်။ အဲဒီအချိန် ကလေးအရွယ် ကျမမျက်လုံးထဲမှာတော့ အတော်ကြီးတဲ့ ကြောင်ကြီးတကောင်ပေါ့။ ကျမအဖိုးက အသံနက်ကြီးနဲ့ မီးညောင်၊
မီးညောင်၊ မီးညောင် လို့ ခေါ်လိုက်တဲ့အခါ ဒီ ကြောင်မဲကြီးကလည်း ကောင်းကောင်း တုံ့ပြန်ပါတယ်။ တအိမ်သားလုံးကလည်း သူ့ကို တလေးတစားနဲ့ အဖိုးရဲ့
ကြောင်ကြီးလို့ ခေါ်ကြတယ်။ အဲဒီတုန်းက လူကြီးတွေက ခြံထဲအိမ်ထဲ ရောက်လာတဲ့ ခွေးတွေကို အတင်းမောင်းထုတ်၊ တားမြစ်တာတွေ တွေ့နေရတော့ ခွေးဆိုရင်
လမ်းပေါ် လျှောက်လေနေတဲ့ ညစ်ပတ်တဲ့အကောင်တွေ (ဝါ) မဖိတ်ခေါ်ဘဲ အတင်းကျုးကျော် ဝင်ရောက်လာတတ်တဲ့ အကောင်တွေလို့ပဲ သိခဲ့တယ်။
ခေါင်းအတော်မာတဲ့ ခွေးမတကောင်ကတော့ အတင်းအဓမ္မ မောင်းထုတ် ဖယ်ရှားနေတဲ့ကြားက မိးဖိုချောင်နားမှာ လာခိုကပ်နေပြီး အညစ်အကြေးတွေ
စွန့်သွားခဲ့တယ်။ တွန့်လိမ် လူးလွန့်နေတဲ့ ခွေးကလေးတွေကို အင်မတန် စွဲလမ်းခဲ့ပြီး ပထမဦးဆုံးမက်တဲ့ အိမ်မက်ဟာ ခွေးလေးတွေအကြောင်း ဖြစ်နေပါတယ်။
အဲဒီတုန်းကတော့ အိပ်မက်မှန်း ကျမ မသိဘူးပေါ့။ စိတ်ထဲမှာ ခွေးကလေးတွေ ကျမ ခြေထောက်နား တိုးဝှေ့ဆော့ကစားနေကြတယ်လို့ တွေးမက်နေမိခဲ့တယ်။
ကျမ နိုးလာတော့ သူတို့လေးတွေကို အနားတဝိုက်မှာ ရှာမတွေတော့မှ ဘာဖြစ်ကုန်ပါလိမ့်လို့ အူတူတူဖြစ်ပြီး တော်တော်လေး ခေါင်းရှုပ်သွားခဲ့တယ်။
The streets of Rangoon were full of interesting forms of transport in the early 1950s. There were sharp-angled buses, beat-up World
War II jeeps, pre-war saloons, 'side-cars' (bicycles with two passenger seats, back to back, attached to one side) and rickshaws. There were
also canopied carts drawn by horses that were usually tired looking and gaunt, often with terrible sores. They were a heart-rending sight
and it was in connection with these poor animals that I first learnt about the SPCA (Society for the Prevention of Cruelty to Animals). From
time to time, I saw another kind of horse: the ones in films about the American Wild West. It was difficult to believe that those strong,
prancing, galloping, bucking, spirited creatures were of the same species as their Rangoon brethren. However, the sight of the spurs on their
riders' boots made me wonder if the SPCA might not have been just as useful out west as in the streets of my home city.
၁၉၅၀ ပြည့်နှစ် ဝန်းကျင်တုန်းက ရန်ကုန်မြို့လမ်းမတွေဟာ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ပုံစံမျိုးစုံနဲ့ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။
လေးထောင့်ကျကျ ဘတ်စ်ကားတွေ၊ ဒုတိယ ကမ္ဘာစစ်သုံး ဂျစ်ကားတွေ၊ စစ်ကြိုခေတ် စလွန်းကားတွေ၊ ဆိုက်ကားတွေ၊ လန်ချားတွေကို တွေ့နိုင်တယ်။ ပြီးတော့
အဲဒီလမ်းတွေပေါ်မှာ ပြေးနေတဲ့ အမိုးတပ် မြင်းလှည်းတွေလည်း ရှိကြတယ်။ အများအားဖြင့်တော့ မောပန်းနွမ်းနယ်ပြီး၊ ဒဏ်ရာတွေနဲ့ ပိန်ညောင်ညောင် မြင်းတွေ
ဆွဲတဲ့ မြင်းလှည်းတွေပေါ့။ တော်တော်လေး စိတ်ထိခိုက်စရာ ကောင်းတဲ့ မြင်ကွင်းပါ။ တိရစ္ဆာန်များအား ညဉ်းပမ်းနှိပ်စက်မှု ကာကွယ်တားမြစ်ရေး အဖွဲ့က တဆင့်
သနားစရာကောင်းတဲ့ တိရစ္ဆာန်တွေကို အတင်းအဓမ္မ ခိုင်းစေခြင်းနဲ့ ပတ်သက်တဲ့အကြောင်းတွေ ကျမ သိခဲ့ပါတယ်။ နောက မြင်းနဲ့ ပတ်သက်လို့ အမေရိကန်
အနောက်ပိုင်းဒေသ ဇာတ်ကြမ်း ကောင်းဘွိုင်ရုပ်ရှင်ကားတွေက တဆင့်လည်း သိခဲ့ရပြန်တယ်။ ရုပ်ရှင်ထဲမှာ မြင်ရတဲ့ အလွန်သန်မာ၊ ကဆုန်ပေါက်၊ ပြေးလွှား၊
နောက်ခြေထောက်တွေကို လေထဲကန်ကျောက်၊ တက်ကြွလန်းဆန်းနေတဲ့ မြင်းတွေက ကျမတို့ ရန်ကုန်မြို့လမ်းပေါ်မှာ တွေ့ရတဲ့ သနားစရာ မြင်းတွေရဲ့
အမျိုးတူညီနောင်တွေ ဖြစ်ကြတယ်ဆိုတာကို ယုံဖို့ အတော်ခက်လှတယ်။ နောက်ဆုံးတော့ ကောင်းဘွိုင်နွားကျောင်းသားတွေရဲ့ ဘွတ်ဖိနပ်မှာ တပ်ထားတဲ့
မြင်းကန်သံချွန်တွေကို ကြည့်ပြီး တိရစ္ဆာန် ညဉ်းပမ်းနှိပ်စက်မှု ကာကွယ် စောင့်ရှောက်ရေးအဖွဲ့က ကျမတို့ ရန်ကုန်မှာ နှိပ်စက်ခံနေရတဲ့ မြင်းတွေကို
ကူညီဖို့နေနေသာ သူတို့ အနောက်ဖက်ပိုင်းမှာလည်း ဘာမှ မလုပ်နိုင် ရှိနေတာကို တွေ့ရတယ်။
It was in Delhi where my mother served as Burmese Ambassador to India that I came into close contact with horses. My first riding
lessons were on a skewbald pony of wide girth and uncertain temper named Prairie Oyster. Later, I joined a riding club where the mounts
bore such valiant names as Black Prince, Prithviraj and Shivaji. Black Prince was my favourite because he had a smooth canter and a
comfortable saddle. I was not particularly keen on equine heroics.
ကျမ မိခင် အိန္ဒိယနိုင်ငံ၊ (နယူး) ဒေလီမြို့မှာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းနေချိန်မှာ ကျမ မြင်းတွေနဲ့ နီးနီးစပ်စပ် အကျွမ်းတဝင်ရှိခဲ့တယ်။
ပရိုင်းရီ အွိုင်စတား (တိုက်ရိုက်ပြန်ဆိုမယ်ဆိုရင် - မြောက်အမေရိကန် မြက်ခင်းလွင်ပြင်ဒေသ ပင်လယ်မုတ်ကောင်) ခေါ် ဖြူညို အုန်းခွံရောင် ကွက်ကျား
လုံးကြီးပေါက်လှ၊ စိတ်သဘောမှန်မရှိတဲ့ မြင်းပုလေးတကောင်နဲ့ မြင်းစီး စသင်ခဲ့တယ်။ နောက်ပိုင်း မြင်းစီးကလပ်အသင်း ဝင်ခဲ့ပြီး ဘလက် ပရင့်စ်
(လူမဲတော်ဝင်မင်းသား)၊ ပရိထ်ဝီရာဂ်ျ၊ ရှီဝါဂျီ စတဲ့ သူရဲကောင်းအမည်တွေ ပေးထားတဲ့ မြင်းတွေကို စီးကျင့်ခဲ့တယ်။ ကျမ အနှစ်သက်ဆုံး အချစ်တော်မြင်းက
ဘလက်ပရင့်စ်မြင်း ဖြစ်ပါတယ်။ သူ ပြေးလွှားပုံက အသားကျပြီး စီးရတာ သက်တောင့်သက်သာ ရှိလှတယ်။ ပြိုင်မြင်းကြီးတွေကိုတော့ ကျမ အထူးတလည်
စိတ်မဝင်စားခဲ့ပါဘူး။
It was as a university student in England that I entered the world of dog lovers. I spent many holidays at the homes of English
friends and, not too surprisingly, I would often find a canine charmer at the heart of the family. There was Sailor, an overweight Staffordshire
terrier with a rolling gait, a black patch around one eye and a distinct taste for gin; he was also gentle and sweet-tempered and a perfect
host. Then there was Handsome, a golden Labrador, large and affectionate, with an air of old world courtesy he had obviously acquired from
his master, a retired colonel who combined the best attributes of an officer and a gentleman with the trait s of everybody's favourite uncle.
အင်္ဂလန်မှာ တက္ကသိုလ် တက်နေတုန်း ခွေး ချစ်တတ်သူတွေ အသိုင်းအဝိုင်းထဲ ရောက်သွားတယ်။ ကျောင်းပိတ်ရက်တွေမှာ အင်္ဂလိပ်သူငယ်ချင်း
အိမ်တွေကို သွားရောက်လည်ပတ် အပန်းဖြေတယ်။ သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး - သူတို့တွေဆီမှာ မိသားစုရဲ့ အသည်းစွဲ ချစ်စရာကောင်းတဲ့
ခွေးတကောင်ကောင် ရှိနေတတ်တယ်။ ပထမ တကောင်က လမ်းလျှောက်တဲ့အခါ နောက်ပိုင်းကိုယ်လုံးလေး တလှုပ်လှုပ်နဲ့၊ မျက်လုံးတလုံးတဝိုက်မှာ
အမဲကွက်ကလေးရှိပြီး၊ တခြားခွေးတွေနဲ့ မတူခြားနား ဂျင်းအရက် ကြိုက်တဲ့ ဆေလာ (သင်္ဘောသား) လို့ ခေါ်တဲ့ ဝတုတ်တုတ် စတတ်ဖိုဒ်ရှိရာ
တယ်ရီယားအမျိုးအစား ခွေးလေး ဖြစ်ပါတယ်။ ဒီခွေးလေးက နူးညံ့သိမ်မွေ့ပြီး ကြင်နာစိတ်ရှိတယ်၊ ဧည့်ဝတ်ကျေတယ်။ နောက်တကောင်ကတော့ ဟန်ဒ်ဆမ်း
(ကိုယ်လူချော) လို့ အမည်ပေးထားတဲ့ ရွှေရောင်အမွေးနဲ့ လက်ဗရာဒေါ အမျိုးအစား ဖြစ်တယ်။ သူက ပျူပျူငှာငှာနဲ့ ကြိုဆိုတတ်ပြီး သူ့ပိုင်ရှင်
အငြိမ်းစားဗိုလ်မှူးကြီးလိုပဲ တည်တည်ငြိမ်ငြိမ် ခန့်ခန့်ငြားငြား ရှိသလို လူတိုင်းရဲ့ အသည်းကျော် အန်ကယ်တဦးဟန်နဲ့ အလွန်ချစ်စရာကောင်းတဲ့ ခွေးကြီး
တကောင် ဖြစ်ပါတယ်။
Sailor and Handsome I looked upon as friends but Impy, my Emergency Aunt's Alsatian, was family. When I was working at the
United Nations the three of us lived together in Manhattan. True to the maxim that dogs emulate their owners, Impy's attitude towards me
was maternal and protective. If I were out late she would wait up patiently with just the slightest hint of reproach and when people she did
not know came to visit she would make sure that they did not sit next to me on the sofa.
ဆေလာ နဲ့ ဟန်ဒ်ဆမ်း တို့ကို ကျမအဖို့ အသိမိတ်ဆွေအဆင့်သာ ထားပါတယ်။ ကျမကို ကူညီ စောင့်ရှောက်ဖို့ ကျမနဲ့အတူနေတဲ့ အဒေါ်ကြီးမှာ အမ်ပီ
ခေါ်တဲ့ အယ်ဇေးရှင်းမျိုး မိသားစု ခွေးကြီးတကောင် ရှိတယ်။ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှာ အလုပ်လုပ်တော့ နယူးရော့ခ်မြို့ မဟတ္တန်ရပ်ကွက်မှာ ကျမတို့
အတူနေကြတယ်။ ခွေးတွေရဲ့ သဘာဝအရ သူတို့သခင်ပိုင်ရှင် လုပ်တဲ့အတိုင်း လိုက်လုပ်တယ် ဆိုတဲ့ စကားအရ အမ်ပီရဲ့ စိတ်နေသဘောထားကလည်း ကျမကို
မိခင်လို စောင့်ရှောက်ကာကွယ်ပေးတာ တွေ့ရတယ်။ ကျမအိမ်ပြန်နောက်ကျတဲ့ ညတွေမှာ ဆိုရင် သိပ် ဘဝင်မကျတဲ့ ပုံစံမျိုးနဲ့ ကျမ ပြန်အလာကို
စိတ်ရှည်လက်ရှည် စောင့်နေတတ်တယ်။ ဧည်သည် တစိမ်းတွေ ကျမတို့အိမ် လာလည်တဲ့အခါ သူတို့တွေ ကျမဘေးနား ဆိုဖာခုံပေါ် ထိုင်ခွင့်မရအောင်
တားမြစ်ပြုမှုနေတတ်တယ်။
When Michael and I went to live in Bhutan immediately after our marriage in 1972 we acquired a dog of our own. He came to us as a
tiny white and brown bundle and we thought hard to find a really suitable name for him but after many months of cogitation we decided
that after all 'Puppy,' as we had been calling him since he arrived, suited him best. When he was very small Puppy slept around my throat
and tussle d regularly with the fur lining of Michael's bedroom slippers; he grew up to become a seasoned traveller, accompanying us
staunchly on journeys across half the globe; when our sons came into the world he kept a benevolent, wrinkled-browed eye on them; as a
dignified old dog he became the trademark of our household at Oxford, well known to (and, I think, respected by) friends and family. Puppy
died at the ripe old age of nineteen. By that time I was under house arrest in Burma. (By Aung San Suu Kyi)

၁၉၇၂ ခုနှစ် မိုက်ကယ် နဲ့ ကျမ လက်ထပ်ပြီးပြီးချင်း ဘူတန်နိုင်ငံမှာ သွားနေကြပါတယ်။ ကျမတို့ အဲဒီမှာ ခွေးလေးတကောင် မွေးစားတယ်။ ကျမတို့ဆီ
အဲဒီခွေးလေး ရောက်လာတုန်းက ဖြူညိုရောင် ရောစပ်ထားတဲ့ အကောင်သေးသေး ပေါက်စလေးပေါ့။ သူနဲ့ လိုက်ဖက်တဲ့ နာမည်ပေးဖို့ အတော်လေး ခက်ခက်ခဲခဲ
ဖြစ်နေခဲ့ပြီး လပေါင်းများစွာ စဉ်းစားလို့မရတော့တဲ့ နောက်ဆုံး သူကို စတွေ့ကတည်းက ခေါ်ခဲ့တဲ့ ပါပီ (ခွေးကလေး) ဆိုတဲ့ နာမည်ကိုပဲ ခေါ်ကြဖို့
ဆုံးဖြတ်လိုက်ကြတယ်။ ဒီနာမည်က သူနဲ့ အလိုက်ဖက်ဆုံးပါပဲ။ သူ ပေါက်စအရွယ် အိပ်တဲ့အခါ ကျမ လည်ပင်းနားအထိ တက်လာပြီး ခွေခွေလေး တိုးဝှေ့
အိပ်တတ်တယ်။ ပြီးတော့ မကြာခဏဆိုသလို မိုက်ကယ်လ်ရဲ့ ညဝတ် သားမွေးဖိနပ်တွေကို လုံးထွေး ကိုက်ကစားတတ်တယ်။ ကြီးလာတော့ ကျမတို့နဲ့ ကမ္ဘာအနှံ့
အတူ လိုက်ပါပြီး အင်မတန် အားကိုးရတဲ့ ခရီးသွားဖော် ဖြစ်လာတယ်။ ကျမတို့ သားလေးတွေ ရလာတော့ ပါပီက ကလေးတွေကို သူ့မျက်စိအောက်က
အပျောက်မခံ ကြည့်ရှု စောင့်ရှောက်တဲ့ ကလေးထိန်း ဖြစ်လာတယ်။ နောက် သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင်တွေ လေးစား ချစ်မြတ်နိုးပြီး တည်တည် ကြည်ကြည်၊
ဂုဏ်သရေရှိ ခွေးအိုကြီး တကောင်အဖြစ် ကျမတို့ အော့စ်ဖို့ဒ်နေအိမ်ရဲ့ အမှတ်လက္ခဏာ ဖြစ်လာတယ်။ ဒီလိုနဲ့ အသက် ၁၉ နှစ် အရွယ်မှာ ပါပီ သက်ကြီးရောဂါနဲ့
ဆုံးသွားတယ်။ အဲဒီအချိန်တုန်းက ကျမ မြန်မာပြည်မှာ နေအိမ်အကျယ်ချုပ်ခံနေရတဲ့ အချိန်ပေါ့။
ဂုဏ်ယူတယ်ဆို ကူကြပါ
ဖြူဖြူသင်း
မတ် ၈၊ ၂၀၁၁
မဂ္ဂင်ကျောင်းတွင် ရိုက်ကူးထားသည့် ဓာတ်ပုံတပုံတွင် တွေ့ရသော မဖြူဖြူသင်း နှင့် ၈၈
မျိုးဆက် ကျောင်းသားခေါင်းဆောင်များ။ HIV/AIDS လူနာများခိုလှုံရာကျောင်းကို အာဏာပိုင်တို့က ချိတ်ပိတ်ထားသည်။ ၈၈ ခေါင်းဆောင်များလည်း
နယ်ဝေးထောင်များသို့ ရောက်နေသည်။
HIV/AIDS လူနာတွေကို စောင့်ရှောက်တဲ့ လုပ်ငန်းမှာ ဘာအခက်ခဲတွေ ရှိသလဲဆိုတဲ့ မေးခွန်းကို ထပ်ခါတလဲလဲ အမေးခံရ ပါတယ်။ ကျမလည်း ဖြေစရာစကား
မရှိသလိုတောင် ဖြစ်ဖြစ်နေပါပြီ။ အကုန်လုံး လိုအပ်တယ်လို့ ပြောရင် နှာခေါင်းရှုံ့ကြလေမလား မသိဘူး။
“ဆယ့်ရှစ်အိမ်” လို့ ကျမတို့ အလွယ်ခေါ်ကြတဲ့ ရန်ကုန်မြို့ဒဂုံမြို့သစ် တောင်ပိုင်း အမှတ် ၁၈ ရပ်ကွက်က ဂေဟာမှာ လူနာ တချို့က ကျမတို့ကို
ပြန်ကူညီနေကြပါတယ်။
တခါတော့ သူတို့က ကျမကို ထူးဆန်းတဲ့ မေးခွန်းတခု မေးပါတယ်။ “လူနာတွေကို မီဒီယာသမားတွေနဲ့ တွေ့တဲ့အခါ ပိုက်ဆံရှိတယ်၊ တည်းစရာနေရာ
ရှိတယ်လို့ မပြောဖို့ ခြိမ်းခြောက်ထားသလား” တဲ့။ ဒီလို လုပ်စရာ မလိုပါဘူး၊ ဘာဖြစ်လို့ မေးတာလဲ ဆိုတော့ “လာသမျှ လူနာတွေက ဘာမှမပါဘူး၊
ဘယ်မှမသွားတတ်ဘူး၊ ဘယ်မှာမှ နေစရာမရှိဘူး၊ ဘာမှ မလုပ်တတ်ဘူး၊ ဘာ စားစရာမှမပါဘူး ဆိုတာချည်း ပြောပြောနေလို့ပါ” တဲ့။ ဒါဟာ ရင်းနှီးခင်မင်လာတဲ့
သူတို့က မွန်းကျပ်စရာ အခြေအနေနဲ့ ကြုံချိန်မှာ နောက်ပြောင်ပြောတာဖြစ်လို့ ကျမ သက်ပြင်းချရင်း ရယ်မောမိပါတယ်။
တကယ် လက်တွေ့မှာတော့ အခြေအနေတွေက ရယ်မောစရာ နည်းပါးပြီး ရင်မောစရာတွေပဲ များပါတယ်။ ကျမက ပင်ကိုအားဖြင့်တော့ အဆင်ပြေတာ၊
မပြေတာကို ပြောလေ့ မရှိပါဘူး။ ဒါပေမယ့် ဒါဇင်နဲ့ချီပြီး များလှတဲ့ လူနာတွေကို စောင့်ရှောက်ရင်းမှ ကျမလည်း ညည်းတတ်တဲ့ အကျင့် ပါလာသလား မသိပါဘူး။
မညည်းမိအောင် ထိန်းသိမ်းနေရင်းကကို ညည်းညူမိနေတာပါ။
ကျမတို့ကို ထောက်ပံ့သူတွေကလည်း နိုင်သလောက်၊ စွမ်းသလောက် လှူနေကြတာပါ။ ဒါပေမယ့် မလောက်ငှဘူး ဆိုတဲ့ စကားတခွန်းတောင် ထပ်တိုး
ပြောရမလိုပါပဲ။
ဒီလောက်ဆိုရင်တော့ ဒီခုခံအားကျဆင်းမှု ရောဂါနဲ့ ပတ်သက်လို့ ကျမတို့ တိုင်းပြည်မှာ ဘယ်လောက် အခက်အခဲ ဖြစ်နေသလဲ၊ အကူအညီ
အကာအကွယ် မဲ့နေသူ ဘယ်လောက် များသလဲ ဆိုတာ အနည်းအကျဉ်းတော့ ပေါ်လွင် ထင်ရှားမယ်လို့ ထင်ပါတယ်။ ကျမတို့ ကူညီနိုင်တဲ့
အ၀န်းအ၀ိုင်းလေးမှာတောင် ဒီလောက် ခက်ခဲမှု၊ ကျပ်တည်းမှု ဖြစ်နေတယ်ဆိုရင် တပြည်လုံး အတိုင်းအတာနဲ့ဆို ဘယ်လောက်တောင်များ ခက်ခဲနေသလဲ၊
ဘယ်လောက်များ လူတွေ သေနေသလဲဆိုတာ တွေးမိပြီး ကျမ စိတ်ဆင်းရဲကြီးစွာ ဖြစ်ရပါတယ်။
တနေ့တနေ့ ဒီ ခုခံအားကျဆင်းမှု ရောဂါ ကာကွယ်ကုသရေး ဆေးရုံတွေမှာ လူဘယ်လောက် သေနေလဲဆိုတာ ကျမ မျက်မြင် ကိုယ်တွေ့ပါ။ ဒီဆေးရုံတွကို
ကျမအပြစ် မမြင်၊ မပြောချင်ပါဘူး။ ဒီဆေးရုံ ဆေးခန်းတွေမှာ ၀န်ထမ်း အင်အားကလည်း မလုံလောက်၊ နောက် ဆေးဆိုရင်လည်း ပဋိဇီဝဆေးလောက်သာ
ပေးနိုင်ပြီး တခြားဆေးဝါးတွေက မရှိသလောက် ဆိုတော့ လူနာတွေက ဆေးရုံဆို တယ် မသွားချင်ကြလှပါဘူး။
လူတွေမှာ “အားကိုးမရဘူး” ဆိုတဲ့ အသိ ၀င်နေတာက အတော်လေး ခက်ပါတယ်။ မဖြစ်လွန်းမှ ဆေးရုံတင်ကြ၊ ဆေးရုံရောက်ချိန်မှာလည်း
ခြေလွန်လက်လွန် ဖြစ်နေကြ၊ နောက် ဆေးဖိုးဝါးခကလည်း မတတ်နိုင် ဆိုတာနဲ့ လုံးချာလည်၊ အသက် ဆုံးရှုံးနေသူ အများကြီးပါပဲ။ တကယ်တော့ တာဝန်ရှိသူ
ဘယ်သူလဲ မေးရင်တော့ ရွှေသမင်ဘယ်ကထွက် ဆိုတာပါပဲ။ တကယ် တာဝန်ရှိသူ အစိုးရကမှ ဂရုမစိုက်ဘူးဆိုရင် သူတို့လက်အောက်မှာ တာဝန်
ထမ်းဆောင်နေသူတွေကတော့ ပြောစရာ မရှိလောက်အောင်ပါပဲ။ သူတို့မှာ ဘယ်လောက် ကောင်းတဲ့ စိတ်စေတနာ ရှိတယ် ဆိုဆို ဘာမှ လုပ်မရပါဘူး။
ဒါတွေဟာ အရေးပေါ်ဖြေရှင်းရမယ့် ကိစ္စတွေပါ။ ကျမတို့ လူမျိုးတွေဟာ မဖြစ်ခင်ကတော့ ဘာမှမဖြစ်ပါဘူး၊ ဖြစ်ပြီးရင်တော့ ပြာပြာသလဲ ဖြစ်တတ်ပါတယ်။
ဒါပေမယ့် တည့်တည့်ရင်ဆိုင်ရမယ့် ဟာမျိုးကို ရှောင်ပါတယ်။
ဒီလို အကူအကယ် မဲ့နေတာကိုလည်း အစိုးရ တာဝန်ရှိသူ၊ အောက်ခြေဆေးရုံအုပ် အစရှိသဖြင့် မတင်ပြရဲပါဘူး။ အဖြစ်မှန်ပြောရင် အလုပ်ပြုတ်မယ်
ဆိုတာကို တွေးပြီး မပြောတာ ဖြစ်ပါတယ်။
မကြာသေးခင်က ပဲခူးမှာ လူငယ်နှစ်ယောက်ကို ကလေးစစ်သားက သေနတ်နဲ့ ပစ်သတ်တာ ဟိုးလေးတကြော်ဖြစ်သွားပါတယ်။ ဒါပေမယ့် လူတွေ
မရိပ်မိတာကတော့ သေနတ်သံ မထွက်ဘဲ သွယ်ဝိုက်သောနည်းနဲ့ ဖြစ်နေတာတွေ ရှိပါတယ်။ ဒါကတော့ စစ်အစိုးရက လူတွေ သေကြေနေတာကို
လျစ်လျူရှုနေတယ် ဆိုတဲ့ အချက်ပါပဲ။
ဒီအကျိုးဆက်ဟာ နောင် လေးငါးခြောက်နှစ်လောက် အထိ ကုစားဖို့ မလွယ်ပါဘူး။ အထူးသဖြင့် ရွေးကောက်ပွဲလွန် ကာလတွေမှာလည်း တခြားနိုင်ငံရေး
အာဏာလုပွဲတွေပဲ လုပ်နေဦးမယ် ဆိုရင်တော့ လူတွေ ဒီထက်မက သေကြဦးမှာပါ။ ဒီတော့ တာဝန်ရှိတဲ့ အစိုးရကတော့ ဘာတာဝန်မှ မယူပါဘူး။ ကျမတို့
နိုင်သလောက် တာဝန်ယူကြရမှာပါ။
ကျမ အင်တာဗျူးတခုမှာ ပြောခဲ့ဖူးတဲ့ စကားက လောကြီးပြီး ပြောလိုက်မိတာပါ၊။“တရားမ၀င်ငွေလည်း ယူမယ်” ဆိုတာပါ။ အမှန် ကျမ ဆိုလိုရင်းက
အစိုးရက အသိမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ဘယ်အဖွဲ့စည်း ဘယ်နိုင်ငံက ငွေကြေးမဆို ကျမ လက်ခံပြီး လူနာတွေအတွက် ဆောင်ရွက်သွားမယ်လို့
ဆိုလိုချင်တာပါ။
ကျမကို လာတွေ့တဲ့ နိုင်ငံခြားသားတွေ၊ ပြီးတော့ ပြည်တွင်း ပြည်ပက မြန်မာပြည်သားတွေလည်း ပြောကြပါတယ်။ ကျမ လုပ်ရပ်အတွက် အရမ်းကို
ဂုဏ်ယူပါတယ်တဲ့။ ကျမလည်း ဒီလို အပြောခံရတာကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဂုဏ်ယူနေကြရုံနဲ့ ပြီးမတဲ့လား။ ဒီ အကာကွယ်မဲ့ လူသားတွေကိုရော ဘယ်လို
ကူညီကြမလဲ ဆိုတာလေး စဉ်းစားပေးကြပါ။
ဒါကြောင့် ဂုဏ်ယူကြတယ်၊ ဒီထက်မက ဂုဏ်ယူချင်တယ်ဆိုရင် အထိရောက်ဆုံး ၀ိုင်းဝန်းကူညီကြတာဟာ အကောင်းဆုံးပါလို့ ကျမ
တိုက်တွန်းချင်ပါတယ်။

(ဧရာဝတီ www.bur.irrawaddy.org တွင် ပါရှိသော ဆောင်းပါးကို ပြန်လည် ဖော်ပြသည်။)


ကာတွန်း စောငို - တေဇ ဆိုတဲ့ကောင် မယုံရတော့ဘူး၊ ပြန်စစ်ဦးမှ …
မတ် ၈၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးများနေ့ ရာပြည့်
မိုးမခအထောက်တော် အမှတ် ၀၀၁
မတ် ၈၊ ၂၀၁၁

photo: guardian.co.uk
ယနေ့ ကျရောက်သည် နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့်နေ့ အထိမ်းအမှတ်များ ပြုလုပ်ရာတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုထားကြသည်ကို တွေ့ရသည်။
လန်ဒန်အခြေစိုက် The Guardian သတင်းစာက "ကမ္ဘာ့ သြဇာအရှိဆုံးအမျိုးသမီး ၁၀၀" ကို ယနေ့ ရွေးချယ် ဖော်ပြထားရာ ထိုအမျိုးသမီးများထဲတွင်
ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။
လန်ဒန်အခြေစိုက် နောက်သတင်းစာကြီးတစောင် ဖြစ်သည့် The Independent တွင်လည်း ဒေါ်စုအကြောင်းကို ယနေ့ အမျိုးသမီးများနေ့ ရာပြည့်
အချိန်တွင် ဖော်ပြထားသည်။ ရေးသားသည့် ဆောင်းပါးရှင်မှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွင်ဘရောင်း ဖြစ်သည်။
ဂေါ်ဒွင်ဘရောင်းက ဒေါ်စုသည် ဒီမိုကရေစီအရေး လှုပ်ရှားသည့် သူတို့မျိုးဆက်တွင် အကြီးကျယ်ဆုံးသောပုဂိုလ်ဖြစ်ကြောင်း၊ ဒေါ်စုနှင့် တွေ့ဆုံရန်
ပြည်ဝင်ခွင့် ထပ်မံ လျှောက်ထားသော်လည်း မြန်မာအာဏာပိုင်တို့က မပေးခဲ့ကြောင်း အစချီပြီး ရေးသားထားသည်။
အာဏာပိုင်တို့က ဒေါ်စုကို လွှတ်ပေးလိုက်သည် ဆိုသော်လည်း ဒေါ်စုက ပြည်ပမှ ဧည့်သည်များကို လက်ခံတွေ့ဆုံခွင့် မရကြောင်း၊ နိုင်ငံအတွင်းတွင်လည်း
လွတ်လပ်စွာ သွားလာခွင့် မရကြောင်း သူက ရေးသားထားသည်၊
The Guardian သတင်းစာက ဖော်ပြရာတွင် မြန်မာစစ်အုပ်စုသည် လူထုကို အကြမ်းဖက်နှိပ်စက်နေကြောင်း၊ အမျိုးသမီးများမှာ ထိခိုက်မှု
အရှိဆုံးဖြစ်ကြောင်း ဟု ဆိုသည်။
အာဏာရှင်တို့ စီမံမှု အသုံးမကျသဖြင့် ဖြစ်ပေါ်လာသော ဆင်းရဲမွဲတေမှုဒဏ်ကို အမျိုးသမီးတို့က ပိုမို ခံရကြောင်း၊ မုဒိမ်းကျင့်ခြင်းကို
စစ်လက်နက်တခုသဖွယ် အသုံးပြုခြင်း အပါအ၀င် စော်ကား နှိပ်စက်မှုများနှင့် ကြုံတွေ့နေရကြောင်း The Guardian က ရေးထားသည်။
ပြည်သူတို့လွတ်မြောက်ရေးအတွက် ဒေါ်စုက အကြမ်းမဖက်သည့် လမ်းစဉ်ဖြင့် ဆက်လက် ဦးဆောင်နေခြင်းကိုလည်း ချီးကျူးထားသည်။ ထို့ကြောင့်
နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့်နေ့ကို The Guardian က အထိမ်းအမှတ်ပြု ကျင်းပရာတွင် ဒေါ်စုကို သူရဲကောင်းအဖြစ် မြင်ရကြောင်း
ရေးထားသည်။
အင်န်အယ်ဒီနဲ့ အတိုက်အခံနိုင်ငံရေးမှာ အင်အားတွေ၊ မိတ်ဆွေတွေ တိုးပြီလား၊ တကယ်ပဲလား
ဥိးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ မတ် ၈၊ ၂၀၁၁
လွန်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလမှာ စစ်အစိုးရစိတ်တိုင်းကျ ရွေးကောက်ပွဲလည်း ကျင်းပခဲ့ပြီးပြီ၊ အများပြည်သူတို့ မျှော်လင့်စောင့်စားနေကြတဲ့ အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချူပ်က လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲသည်နောက်ပိုင်းမှာ စစ်အစိုးရက ၎င်းတို့စိတ်တိုင်းကျ
ဖွဲ့စည်းထားတဲ့ လွှတ်တော်ကို ခေါ်ယူ ကျင်းပနေချိန်မှာ တဖက်ကလည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ၊ စီအာရ်ပီပီ စတဲ့
တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လူငယ်မျိုးဆက်သစ်တွေကလည်း လှုပ်ရှားမှုတွေ ဆောင်ရွက်လျှက် ရှိပါတယ်။

မေးမိတဲ့ မေးခွန်းကတော့ မြန်မာပြည်ရဲ့ အဓိကဦးဆောင်မှုပေးနေတဲ့ နီုင်ငံရေးပါတီဖြစ်တဲ့ အင်န်အယ်ဒီပါတီမှာ အဖွဲ့အစည်းအင်အားတွေ တိုးတက်လာပြီလား


ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ မြန်မာတပြည်လုံးသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ထောက်ခံတယ်၊ အားပေးပါတယ် လို့လည်း ပြောကြပါရဲ့၊ အင်န်အယ်ဒီ
ဦးဆောင်တဲ့ လူမှုရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေမှာလည်း ကြိုဆိုပါတယ်၊ ကူညီပါတယ်၊ လက်တွဲပါတယ် လို့လဲ ပြောသူတွေ၊
ထုတ်ဖော်သူတွေလည်း ရှိပါရဲ့ … သို့သော် ဒါတွေက အတိုက်အခံနိုင်ငံရေးအင်အားစု အတွက် နိုင်ငံရေးအင်အားလား၊ အမြဲရပ်တည်နေမယ်လို့
သံန္နိဋ္ဌာန်ချထားကြတဲ့ မိတ်ဆွေတွေ ဖြစ်နေပြီလား … ဆရာတို့က ဘယ်လိုမျိုး သုံးသပ်သလဲ၊ ထင်မြင်သလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
ဆရာက …
“ပါတီက လက်ရှိအနေအထားမှာ မရှိတော့ဘူးလို့ ပြောလို့ရတယ်။ ပါတီက ဆက်လက်မှတ်ပုံတင်ခြင်း မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ကတည်းက ပါတီနဲ့ လူထု
ဆက်ဆံတာတွေ နည်းနည်း လျော့သွားတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့ နောက်မှာတော့ လူတွေက ပါတီနဲ့ ဆက်ဆံတာ၊
ဝင်ထွက်သွားလာတာတွေ ပြန်လည် တိုးလာတယ်။ ထောက်ခံမှုပြတဲ့ အင်အားတွေ တိုးလာတယ်လို့ တော့ ပြောလို့ရတယ်။ ဒါပေမယ့် ပါတီရဲ့
အင်အားတိုးချဲ့ရေးတို့၊ စည်းရုံးရေးတို့ဆိုတာကတော့ အများကြီး ချိန်ဆနေတုန်းပဲ။ ဒီရက်အတောအတွင်းမှာတော့ ကျနော်တို့ပါတီက
လက်ရှိဖွဲ့စည်းထားပြီးသားရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေနဲ့ ပြန်လည်ဆွေးနွေးနေတယ်။ ကယားပြည်နယ်မှာတော့ ကျနော်တို့မှာ ဖွဲ့စည်းထားပြီးသား မရှိဘူး။
အဲသည်တော့ ၆ ပြည်နယ် နဲ့ ၇ တိုင်း ဆွေးနွေးနေတယ်။”

ဆွေးနွေးတဲ့အခါကျတော့ ပါတီရဲ့ အင်အားတို့ စည်းရုံးရေးတို့နဲ့ ပတ်သက်ပြီးတော့ အောက်ခြေက ပါတီဝင်လူထုက ဘာတွေ ပြောကြသလဲ ဆရာ။ လက်ရှိမှာ
အင်န်အယ်ဒီကို ၀န်းရံနေတဲ့ အင်အားတွေက ဘာတွေ ဖြစ်လာသလဲ။
“လူတွေက အခုအချိန်မှာ ရဲရင့်မှုတွေ ပိုရှိလာတယ်။ ပိုပြီး တက်ကြွလာကြတယ်။ ဒါကို တွေ့ရပါတယ်။ သို့သော်လည်း တဖက်က ဘာတွေကို ပိုပြီးတွေ့လာရသလဲ
ဆိုတော့ ပါတီဝင်တွေ လက်ခံတာမျိုး၊ တိုးချဲ့တာမျိုးထက်စာရင် ဘာဖြစ်လာသလဲ ဆိုတော့ လူတွေက ကွန်ယက်တွေမှာ ပိုပြီး ၀င်တိုးလာကြတယ်၊ ပိုပြီး
လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ ကျနော်တို့တတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့တွေနဲ့ တွေ့ပြီး ဆွေးနွေး၊ လှုပ်ရှားမှုတွေ၊ ပုံသဏ္ဍာန်တွေ သဘောထားတွေ
ပေးတဲ့အပေါ်မှာ အလုပ်တွေ ဖြစ်ပေါ်လာတယ်။ အဲသည် ကွန်ယက်တွေက အင်န်အယ်ဒီက အဖွဲ့ဝင်တွေနဲ့ လက်တွဲပြီးတော့ အလုပ်တွေ ဖော်ဆောင်လာတယ်လို့
ပြောရင်ရပါတယ်။
ကွန်ယက်အနေနဲ့ အရှိန်မြင့်နေတာကို တွေ့နေရပေမယ့် အင်န်အယ်ဒီပါတီ တခုလုံး အနေနဲ့က ကျနော်တို့က ချိန်ဆနေရတယ်။ ပါတီဝင်တွေ၊ အဖွဲ့ဝင်တွေ
လက်ခံဖို့တို့၊ တိုးချဲ့ဖို့တို့၊ စည်းရုံးဖို့ တို့ ဆိုတာကျတော့ ပါတီက တရားဝင်အနေနဲ့ ရပ်တည်နေတယ်ဆိုတဲ့ ကိစ္စက စစ်အစိုးရနဲ့က ဆက်လက် ရင်ဆိုင်နေရတုန်း
ဖြစ်တာကိုး။ စစ်အစိုးရကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကတည်းက အင်န်အယ်ဒီပါတီကို ဖျက်သိမ်းပြီးဖြစ်တယ်လို့ ဆိုထားတာ ရှိတယ်။
ဒါကို ကျနော်တို့က တရားဥပဒေနည်းလမ်းတွေအရ ရင်ဆိုင်နေတုန်း ဖြစ်တယ်။”

အဲသည် ကွန်ယက်လှုပ်ရှားမှုက ဖြစ်ပေါ်လာတဲ့ အလုပ်တွေကကော ဘာတွေ ဖြစ်သလဲ ဆရာ။


“အခုအချိန်မှာ လူငယ်ကွန်ယက်တွေ၊ ပညာရေးကွန်ယက်တွေ၊ ရှေ့နေကွန်ယက်တွေ၊ ဘာတွေ ရှိလာတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့ ကျန်းမာရေးတို့၊
ပညာရေးတို့၊ ဥပဒေရေးရာ ကာကွယ်စောင့်ရှောက်မှုတို့မှာ လုပ်စရာတွေ လုပ်လာနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အခု နိုင်ငံရေးအကျဉ်းသားတွေ
မိသားစုတွေကို အားပေး ကူညီတာ၊ စတာတွေမှာလည်း လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတယ် လို့ ပြောနိုင်ပါတယ်။ ဒါတွေဟာ အင်န်အယ်ဒီပါတီဆိုတဲ့
နိုင်ငံရေးအင်အားစုအဖြစ် ပါဝင်လာတယ်လို့ ပြောလို့ မရနိုင်သေးသော်လည်း ကျနော်တို့ရဲ့ နိုင်ငံရေးအင်အားတွေကို ၀န်းရံလာကြတယ်၊ ကျနော်တို့တတွေရဲ့
အလုပ်တွေမှာ ကွန်ယက်တွေအဖြစ် ရပ်တည်ပြီး ပူးပေါင်း ဆောင်ရွက်လာကြတယ်လို့ ပြောရင် ရမယ် ထင်ပါတယ်။”

ဒါဆိုရင် ယခုလက်ရှိမှာ အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေအတွက် အဖက်ဖက်က ၀န်းရံလာတဲ့ကွန်ယက်တွေဟာ အင်န်အယ်ဒီရဲ့ ပါတီဝင်တွေ


မဟုတ်သော်လည်းဘဲ အားပေးကူညီသူတွေ၊ ၀ိုင်းဝန်းကြသူတွေနဲ့ အင်န်အယ်ဒီမိတ်ဆွေတွေဖြစ်လာတယ်လို့ ပြောရင် ရတာပေါ့ ဆရာ။
“ဟုတ်ပါတယ်။ အလုပ်သမားတွေ လယ်သမားတွေ ကိုယ်တိုင်က နယ်မြေအသီးသီးကနေ၊ ကျေးရွာတွေကနေ ကွန်ယက်တွေအဖြစ် ပေါ်လာတယ်။ သူတို့ဖာသာ
သူတို့ ကွန်ယက်တွေအဖြစ် ခံယူလိုက်တယ်။ ဥပမာအားဖြင့် ပဲခူးတိုင်းက ကျေးရွာ ၂ ရွာမှာဆိုရင် ကွန်ယက်တွေ ဖြစ်လာတာကို တွေ့ရတယ်။ ကွန်ယက်တွေ
ဖြစ်ချင်လည်းဖြစ်၊ သူတို့တွေဟာ ကျနော်တို့ရဲ့ မိတ်ဆွေတွေပဲလို့ သဘောထားပြီး လုပ်နေရတာပါပဲ။

ဟုတ်ပြီ။ ဒါဆိုရင် နိုင်ငံရေးပါတီတရပ်အနေနဲ့ ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးအင်အားစုတရပ်အနေနဲ့ ဆိုရင်ကော အင်န်အယ်ဒီရဲ့ အခမ်းကဏ္ဍကို ပိုပြီး
ကျယ်ပြန့်မှုတွေ၊ တိုးတက်မှုတွေ ရှိလာတယ်လို့ကော ပြောလို့ရသလား ဆရာ။
ဒေါ်အောင်ဆန်းစုကြည်မလွတ်မြောက်ခင်နဲ့ လွတ်မြောက်ပြီးကာလကို နှိုင်းယှဉ်ကြည့်ရင်မှာ ပါတီရဲ့ လုပ်ငန်းတွေ၊ အစည်းအဝေးတွေ စသည်ဖြင့်တွေ ပိုပြီးတော့
ကျယ်ကျယ်ပြန့်ပြန့် ပြန်လုပ်လာနိုင်တယ်။ နောက်ပြီးတော့ လက်ရှိမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ကြေညာချက်တွေ ပြန်လည်ပြီး
ထုတ်ပြန်လာနိုင်တယ်။ နိုင်ငံတကာကကော၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေကပါ အင်န်အယ်ဒီပါတီရဲ့ သဘောထားတွေ၊ ထင်မြင်ချက်တွေကို ဆွေးနွေးတာတွေ
ပိုပြီးတော့ ရှိလာတယ်။
အရင်တုန်းကဆိုရင် တချို့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းကြီးတချို့က ဆိုရင် ကျနော်တို့ကို ဖိတ်ပြီးတော့ ဆွေးနွေးတာ၊ သဘောထား တောင်းတာမျိုး
လုပ်ရင်တောင်မှ ပါတီအနေနဲ့ ဖိတ်တာမဟုတ်ပါဘူး၊ လူပုဂ္ဂိုလ်အရ ဖိတ်တာပါ၊ လာပြီး ဆွေးနွေးပါ ဆိုပြီး ဖိတ်ခဲ့တာမျိုး ရှိရာကနေ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်လာပြီင်္းတဲ့နောက်မှာ ပါတီရုံးကို ခွင့်တောင်းပြီး လာရောက်ပြီး ဆွေးနွေးတာမျိုး၊ တွေ့ဆုံတာမျိုးတွေ လုပ်လာကြတာမျိုးတွေကို တွေ့ရတယ်။
အခုဆိုရင် တိုင်းနဲ့ ပြည်နယ်အလိုက် အဖွဲ့ဝင်တွေ ဆွေးနွေးကြတာတွေ အစည်းအဝေးတွေ ကျင်းပတာတွေ လုပ်လာကြပြီ ဖြစ်တယ်။ ဒီလထဲမှာကို
အစည်းအဝေးတွေ ဆွေးနွေးညှိနှိုင်းကြတာတွေ ဆက်တိုက် ရှိနေဦးမှာ ဖြစ်တယ်။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

ကာတွန်း စောငို - အောက်လက်နာတယ်


မတ်လ ၇၊ ၂၀၁၁
http://www.moemaka.com/
http://www.mongloi.org/burmese/

မောင်တော ရုန်းရင်းဆန်ခတ် ဖြစ်ပွားမူ သေနတ်ပစ်၍ လူစုခွဲ

3/7/2011
Adjust font size:

မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် စစ်မြေပြင် အင်ဂျင်နီတပ်မှ လမ်းလုပ်နေသော ကားတစီး ဒေသခံ တစ်ဦးအား မတော်တဆ
တိုက်မိသေဆုံး ပြီးနောက် ဒေသခံ လူထုအတွင်း ရုန်းရင်း ဆန်ခတ်ဖြစ်ပွားပြီး လမ်းလုပ်နေသူများကို တိုက်ခိုက်သဖြင့် နစက တပ်ဖွဲ့မှ သေနတ် ပစ်ဖေါက်ပြီး
လူစုခွဲခဲ့ရသည်ဟု သတင်း ရရှိသည်။

မောင်တောမြို့အ၀င် ဂိတ်
“ ဖြစ်တာက ငခူရ ကျေးရွာမှာ တနင်္လာနေ့ နံနက်မှာ ဖြစ်ပွားတာပါ။ လမ်းလုပ်နေတဲ့ ဘီအီးကကား တိုက်တဲ့ အတွက် မွတ်ဆလင် တစ်ဦးသေသွားတယ်။ အဲဒါကို
မကျေနပ်တဲ့ ဒေသခံ မွတ်ဆလင်တွေက ဘီအီးတပ်က လူတွေကိုရော၊ လမ်းလုပ်တဲ့ သူတွေကိုပါ တုတ်တွေ၊ ဂဲတွေနဲ့ တိုက်ခိုက်တယ်။ တိုက်ခိုက်တဲ့ လူအုပ်က
အရမ်းများလာတော့ အနီးအနားစခန်းက နစကတွေက သေနတ်တွေ ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။ သေနတ် ခုနှစ်ချက်တောင် ပစ်ဖေါက်ခဲ့ရပါတယ်” ဟု ငခူရ
ကျေးရွာ မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

ငခူရ ကျေးရွာမှာ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိပြီး ယခုအခါ ဘီအီးခေါ် စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ အဆိုပါ ကျေးရွာ အနီးတွင်
လမ်းဖေါက်နေကြောင်း သိရသည်။

“ အခုတော့ အခြေအနေကို သက်ဆိုင်ရာက ထိန်းသိမ်းထားလိုက်ပါပြီ။ ဒါပေမယ့် ကိုယ့်အိမ်တွင်းမှာ ကိုယ်နေထိုင်ကြဖို့ ရွာသားတွေကို သက်ဆိုင်ရာက


ညွှန်ကြားထားပါတယ်။ တိုက်တဲ့ကားနဲ့ တိုက်တဲ့ ကားမောင်းတဲ့ လူကိုလည်း အခု ကြိမ်ချောင်းမှာ ထိန်းသိမ်းထားပြီး လမ်းလုပ်တဲ့ သူတွေကို တိုက်ခိုက်တဲ့
ရွာသားတွေကိုလည်း ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် ငခူရ ကျေးရွာ အနီးတ၀ိုက်တွင် လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ပြီး ဘီအီး တပ်သားများကို တိုက်ခိုက်သူ မွတ်ဆလင်များအား
တစ်ဦးပြီး တစ်ဦး လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

သေဆုံးသူ အလောင်းအား အနီးအနား ကြိမ်ချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ယနေ့တွင် မိသားစုထံ လွဲပေးဖွယ်ရှိကြောင်း ဒေသခံများက
ပြောကြားသည်။

ကျောက်တော် ဒုတိယအကြိမ် မီးလောင်မှု အိမ်ခြေ ၂၀၀ ကျော် ဆုံးရှုံး

3/7/2011
Adjust font size:

--------
စံလင်း
--------
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မတ်လ ၄ ရက်နေ့က ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ ကျော် မီးထဲ ပါသွားပြီး လူပေါင်း ၁၀၀၀
ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း သတင်း ရရှိသည်။

ဒုတိယအကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာမှာ တောင်ထောင်ဟာရွာ ဖြစ်ပြီး မွတ်ဆလင် ဘာသာဝင်များ နေထိုင်သည့် ကျေးရွာဖြစ်ကာ ကျောက်တော်မှ
သုံးမိုင်ခန့် အကွာတွင် တည်ရှိကြောင်း သိရသည်။

လောင်ကျွမ်းခဲ့ကြောင်းကို ဒေသခံတဦးက ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“ အခုမီးလောင်မှုက ကျောက်တော်မှာ တပတ်အတွင်း ဒုတိယ အကြိမ်မီးလောင်မှုဖြစ်တာပါ။ မူဆလင်တွေ နေထိုင်တဲ့ တောင်ထောင်ဟာ ရွာမှာ မီးလောင်တာ
ဖြစ်ပါတယ်။ ညနေပိုင်း ထမင်းချက်ရာကနေ မီးလောင်တာ ဖြစပါတယ်။ မီးလောင်မှုကြောင့် အိမ်ခြေပေါင်း ၂၀၀ ကျော် လောက် ဆုံးရှုံးသွား ပါတယ်။ စုစုပေါင်း လူ
၁၀၀၀ လောက်တော့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပါတယ်။”

မီးလောင်မှုကြောင့် လူသေဆုံးမှု မရှိသော်လည်း ကျား(ကလေး၊ လူကြီး) ၄၃၆ ဦး နှင့် မ(ကလေး၊ လူကြီး) ၄၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်းနှင့် အဆိုပါ အိုးမဲ့
အိမ်မဲ့ ဖြစ်သွားသည့် ရွာသားများကို ယခုအခါတွင် စာသင်ကျောင်းများနှင့် အခြားသော နေရာများတွင် ယာယီ နေရာ ချပေးထားကြောင်း သိရသည်။

မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ပထမဆုံး မီးလောင်ခဲ့ရာတွင် ကျောက်တော်မြို့ပေါ်မှ အစိုးရပိုင် ဂိုဒေါင် ၆ လုံး မီးထဲပါသွားခဲ့သည်။ အဆိုပါ ဂိုဒေါင်များကို
အစိုးရမှ လေလံပစ်ရန် စီစဉ်ထားချိန်တွင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မီးလောင်ကျွမ်းသွားသော ဂိုဒေါင် ၆ လုံးထဲတွင် တစ်လုံးမှာ စစ်တပ်မှ ဌားရမ်းပြီး ရိက္ခာ သိုလှောင်ထားသော ဂိုဒေါင်ဖြစ်သဖြင့် အများစုက ရှို့မီး အဖြစ်
ထင်မြင် ယူဆနေကြသည်ဟု သိရသည်။

ရခိုင်ပြည်တွင် မီးလောင်မှုဖြစ်တိုင်း ဆုံးရှုံမှု များပြားရခြင်းမှာ မီးသတ်ဌာနတွင် မီးသတ်ယာဉ်များ အဆင်သင့် မရှိခြင်းကြောင်းဖြစ်သည်ဟု ဒေသခံများက


သုံးသပ်ပြောဆိုသည်။
http://www.narinjara.com/burmese.asp

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲ ဘာကလေတက္ကသိုလ်မှာ လူ ၉၀၀ တက်မည်


2011-03-08
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်က နာမည်ကျော် ဘာကလေ တက္ကသိုလ်က
ကျောင်းသူ ကျောင်းသားတွေကို တယ်လီဖုန်းနဲ့ စကားပြောဖို့ ရှိတယ်လို့ သိရပါတယ်။

Photo: RFA
အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် ဘာကလေ တက္ကသိုလ် မြင်ကွင်း ဖြစ်ပါသည်။ (Photo: Wikimedia)
မြန်မာနိုင်ငံ စံတော်ချိန် ဒီကနေ့ မတ်လ ၈ ရက် မနက်ပိုင်းမှာ ပြုလုပ်မဲ့ ဒီဟောပြောပွဲအတွက် တက်ရောက်နိုင်ဖို့ စာရင်းပေးထားသူ ကျောင်းသားကျောင်းသူ
စုစုပေါင်း ၉၀၀ ကျော် ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဘာကလေတက္ကသိုလ် မြန်မာယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာသင်တန်း အစီအစဉ်တရပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က နာရီဝက်လောက်
ဟောပြောမှာ ဖြစ်ပြီး၊ ကျောင်းသူ ကျောင်းသားတွေရဲ့ မေးမြန်းမှုတွေကိုလည်း ဖြေကြားမှာ ဖြစ်တယ်လို့ ဘာကလေတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့
ဆည်းပူးနေသူ ကိုမင်းဇင်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အခုလို ပါဝင်မယ်ဆိုတာ သိတဲ့အခါကျတော့ သူတို့က ဒီ သင်တန်းကိုပေါ့နော်၊ စာသင်ခန်းကို အားလုံး တက်ရောက်နိုင်တယ် ဆိုပြီးတော့
ဖွင့်ပေးလိုက်တယ်။ အဲလို ဖွင့်လိုက်တဲ့အခါမှာ ကျွန်တော် သိသလောက်ဆိုရင် လူပေါင်း ၉၀၀ ကျော်လောက် တက်ပြီးတော့ နားထောင်မယ်လို့
ဖြစ်လာတဲ့အခါကျတော့ နဂိုတုန်းက ရှိတဲ့ စာသင်ခန်းနဲ့တောင်မှ မဆန့်တော့လို့ တကယ်ကို အင်မတန်မှ ကြီးတဲ့ စာသင်ခန်းတခုကို ငှားထားရတယ်။ လူပေါင်း ၉၀၀
ကျော် တက်မယ်လို့ စာရင်းပေးထားတဲ့ အပြင် အွန်လိုင်းကနေပြီးတော့ပေါ့နော်၊ အင်တာနက်ကတဆင့် တိုက်ရိုက်ကြည့်မဲ့ လူတွေလည်း ရှိပါတယ်။ ”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်ကို တက္ကသိုလ်မှာရှိတဲ့ ဌာနအသီးသီးက မြန်မာနိုင်ငံအရေး၊ အာရှအရေး စိတ်ဝင်စားတဲ့ ပါမောက္ခတွေ၊ ကျွမ်းကျင်သူတွေ၊
သုတေသီတွေလည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။ ဘာကလေမြို့ ကာလီဖိုးနီးယား တက္ကသိုလ်ဟာ ကမာကျော် ထိပ်တန်း တက္ကသိုလ်တွေထဲမှာ တခု
အပါအဝင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ဒီဇယ်ဆီများ တရုတ်ပြည်သို့ မှောင်ခိုတင်ပို့
2011-03-08
လောင်စာဆီ ဈေးနှုန်းတွေ တရိပ်ရိပ် တက်လာနေချိန်မှာ တရုတ်ပြည်ဖက်ကို မြန်မာ နိုင်ငံဖက်က ဒီဇယ်ဆီများ တင်ပို့နေကြတာ ဖြစ်တယ်လို့ တရုတ်မြန်မာနယ်စပ်
အခြေစိုက် ကုန်သည်တွေက ပြောဆိုကြပါတယ်။

(Photo: AFP)
တရုတ-် မြန်မာ နယ်စပ်သို့ ပြေးဆွဲသော ကုန်တင်ကားတစင်း ဖြစ်ပါသည်။ (Photo: AFP)
သာမန်အားဖြင့် နယ်စပ်ဒေသများ ဖြစ်တဲ့ ထိုင်း မြန်မာနယ်စပ်နဲ့ တရုတ်မြန်မာ နယ်စပ်တွေမှာ ထိုင်းဖက်နဲ့ တရုတ်ပြည်ဖက်က လောင်စာဆီများကို
မြန်မာပြည်ဖက်က အသုံးပြုနေတာဖြစ်ပေမဲ့ အခုအချိန်မှာ မြန်မာပြည်ဖက်က ဒီဇယ်ဆီတွေကို တရုတ်ပြည်ဖက်ကို ပြန်တင်သွင်းနေတာ တွေ့ရတယ်လို့
မူဆယ်မြို့က မြန်မာကုန်သည်တဦးက ပြောပြပါတယ်။
“ဗမာပြည်ဖက်ကနေ တရုတ်ပြည်ဖက်ကို ပြန်သွားနေတယ်။ ကမာ့ ဓာတ်ဆီဈေးနှုန်းက အပြောင်းအလဲ ဖြစ်တဲ့အခါမှာ တရုတ်ဖက်က ဆီဈေးတွေက
တက်လာတဲ့အတွက် ဗမာပြည်ဖက်ကနေ ပြန်ပို့တယ်။ ဗမာဖက်က ပို့တာ လွန်ခဲ့တဲ့ ၃ လလောက်ကတခါ ပို့လိုက်တယ်ဗျ။ ပို့လိုက်တော့ အဲဒီမှာ
ဖမ်းတာဆီးတာနဲ့ကို ပြဿနာ တက်သွားသေးတယ်၊ ၁၀၅ မိုင်မှာလေ။ ၁၀၅ မိုင်မှာ ပြဿနာ တက်သွားသေးတယ်၊ အခု ဒီရက်ပိုင်းတွေက ဓာတ်ဆီ
မဟုတ်တော့ပဲနဲ့ ဒီဇယ်တွေ ဖြတ်ပို့နေတယ်။”
အခုလိုဒီဇယ်ဆီတွေ တရုတ်ပြည်ကို တင်ပို့နိုင်တာဟာ နယ်စပ်မှာ ရှိတဲ့ အာဏာပိုင်တွေနဲ့ အပေးအယူလုပ် ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
တင်သွင်းပုံကတော့ ကုန်ကားတွေမှာ ဒီဇယ်ပီပါများ တင်ပြီး ပို့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီတင်ပို့တာတွေဟာ ပြည်တွင်းမှာ လောင်စာဆီ တရားဝင် သယ်ဆောင် ရောင်းဝယ်ခွင့် လိုင်စင်ရထားသူများနဲ့ ပတ်သက် ဆက်နွယ်မှု ရှိတယ်လို့
ကုန်သည်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ-် မြန်မာ နယ်စပ် ကုန်သည်များနဲ့ လောင်စာဆီ ရောင်းဝယ်ခွင့်ရသူတွေကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ်
မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချ
က်
အသံဖိုင်ယူရန်
ကရင်နီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရဖက်မှ ၄ ဦး ကျဆုံး
2011-03-08
ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတပ်များ ရှမ်းပြည်နယ်နဲ့ ကရင်နီ နယ်စပ်မှာ မနေ့က မနက် ၇နာရီက၊ တိုက်ပွဲ ဖြစ်ပွားတာကြောင့်
စစ်အစိုးရဖက်က ၄ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိတယ်လို့ KNPP က ဒီနေ့ မတ်လ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(Photo: AFP)
တိုင်းရင်းသား ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)
တိုက်ပွဲ ဖြစ်ပွားတဲ့နေရာဟာ KNPP က ဗိုလ်ကြီး စနိုး ဦးဆောင်တဲ့ တပ်ရင်း ၃ က အဖွဲ့တွေနဲ့ စစ်အစိုးရရဲ့ ကင်းလှည့်တပ်ဖွဲ့နဲ့ ရှမ်းပြည်တောင်ပိုင်း
လွယ်ဖီတောင်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဟာ မိနစ်၃၀ ခန့် ကြာခဲ့တယ်လို့ သိရပါတယ်။ ကရင်နီ (ကယားပြည်နယ်) နဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသတွေမှာ
ခုလို တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ KNPP ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးရွှေမျိုးသန့်က ပြောပါတယ်။
“ဒီလိုပေါ့လေ၊ ဥပမာအားဖြင့် သူတို့လည်း သူတို့မှာ နယ်မြေလုံခြုံရေးအတွက် ဆင်းတဲ့ဟာတွေ စစ်ကြောင်းတွေ ဘာတွေ ရှိတယ်။ ကျွန်တော်တို့လည်း
ကျွန်တော်တို့ ရွာတွေကို စစ်ကြောင်းတွေ အတွင်းမှာ လှည့်လည်ပြီး လှုပ်ရှားတာတွေ ရှိတော့ တခါတလေ ကျလို့ရှိရင်တော့ အဲဒီလို ရင်ဆိုင်တိုးပြီး ပစ်ကြတာတွေ
ရှိတယ်။ တခါတလေကျရင် သတင်းရရင် စောင့်ပြီး ပစ်တာတွေ ရှိတယ်။ အဲဒီလို ဟိုနေရာ ဒီနေရာ ကွက်ကျားပြီး တောက်လျှောက် ဖြစ်နေတာပဲ။ ဒီ ခုန ပြောသလို
ကျွန်တော်တို့ လှုပ်ရှားစစ်ကြောင်းနဲ့ သူတို့ စစ်ကြောင်းနဲ့ တိုးတဲ့အခါမှာ ဖြစ်မယ်၊ နောက် သူတို့ စစ်ကြောင်း လှုပ်ရှားမှုတွေကို ကျွန်တော်တို့က သိတဲ့ အခါမှာ
ဘယ်လိုခေါ်မလဲ စောင့်ပြီးတော့ ပစ်တာတွေ ရှိမယ်၊ အဲလိုပေါ့။ ”
အခုဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုတွေကို စစ်အစိုးရဖက်က အတည်ပြုချက် မရရှိပါဘူုး။ KNPP အဖွဲ့တွေအနေနဲ့ ကရင်ပြည်နယ်နဲ့
ကရင်နီပြည်နယ်ကြား ဒေသတွေမှာ KNU တပ်ဖွဲ့တွေနဲ့ ပူးတွဲ ကင်းလှည့်တာတွေလည်း ရှိသလို အဲ့ဒီ ဒေသတွေမှာလည်း စစ်အစိုးရတပ်တွေနဲ့ မကြာခဏ
ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိတယ်လို့ သိရပါတယ်။
ဈေးသည်များအား NLD ၏ အတိုးမဲ့ ချေးငွေအစီအစဉ် အောင်မြင်နေ
2011-03-08
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်တိုင်းအတွင်း ပျံကျဈေးသည်တွေကို အတိုးမဲ့ အသေးစား ငွေချေးပေးနေတဲ့ အစီအစဉ်ဟာ အောင်မြင်မှု ရနေတယ်လို့
သိရှိပါတယ်။

Photo: AFP
ရန်ကုန်မြို့လယ်၊ လမ်းမတော်ဈေးတွင် ခေါင်းရွက်ဗျတ်ထိုး ဈေးသည်များ ကုန်စည်မျိုးစုံ ရောင်းချနေပုံ ဖြစ်ပါသည်။ (Photo: AFP)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးချက်အရ ၊ ရန်ကုန်တိုင်း တာမွေမြို့နယ် ရာပြည့်ဈေးက ခေါင်းရွက်ဗျတ်ထိုး ဈေးသည် အယောက် ၅၀ ကို
တယောက်အတွက် တလကို ကျပ် ၂ သောင်း ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ ထောင်ထဲမှာ ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းရဲ့ အနှစ်နှစ်ဆယ်ပြည့် အခမ်းအနားကို
ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးခဲ့တုန်းက အမျိုးသမီးတွေနဲ့ တွေ့ခဲ့ပြီး၊ သူတို့ရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေ ကြားသိခဲ့ရလို့ ကူညီဖို့ စဉ်းစားခဲ့တာလို့
ဆိုပါတယ်။
အဲဒီနောက် ဈေးသည်တွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ငွေချေးတဲ့အစီအစဉ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တာပါ။ အခု တလကုန်လို့ ပြန်လည်
သုံးသပ်တဲ့အခါ ငွေချေးတဲ့ ဈေးသည်တွေက အားလုံးကို ပြန်ဆပ်တာ တွေ့ရတယ်လို့ သိရပါတယ်။
ဒါကြောင့် အခုနောက်ထပ် တလအတွက် ငွေထုတ်ချေးပေးနေပြီး၊ ဒီအစီအစဉ်ကို စုစုပေါင်း ၆ လ စမ်းသပ်မယ်လို့ ဆိုပါတယ်။ အောင်မြင်ရင် ဒီထက်ပို ပြီး နေရာ
တော်တော်များများမှာ ချေးပေးနိုင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။
ဒီ အစီအစဉ်နဲ့ ပတ်သက်လို့ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်
မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချ
က်
အသံဖိုင်ယူရန်
အမျိုးသမီးများ စွမ်းရည်ပြဖို့ NLD တိုက်တွန်း
2011-03-08
ဒီကနေ့ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ နှစ်တရာပြည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာ အမျိုးသမီးတွေ၊ ကမ္ဘာ့အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့
အခက်အခဲတွေကို စာနာမိကြောင်းနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို ပြသဖို့လိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။

Photo: AFP
မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နှစ် ၁၀၀ ပြည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့က ဖိလိပိုင်နိုင်ငံ မနီလာမြို့တွင် ဖိလိပိုင်အမျိုးသမီးများက
မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် ကျူးလွန်နေသည့် လူမဆန်သော ရာဇဝတ်မှုများကို ဆန့်ကျင် ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
ဒီကိစ္စနဲ့ပတ်သက်လို့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်က ခုလို ပြောပါတယ်။
“ကမာ့ နိုင်ငံအသီးသီးမှာ ရှိတဲ့ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှု အားလုံးကို ကျွန်မတို့ရဲ့ လှုပ်ရှားမှုရဲ့ အစိတ်အပိုင်း
တခုအဖြစ် ခံယူထားတယ်။ တခြားနိုင်ငံမှာ ဘယ်လိုပဲ အမျိုးသမီးတွေရဲ့ တောင်းဆိုမှုများကိုမဆို ကျွန်မတို့ ထောက်ခံ အားပေးသွားမယ်။ ကျွန်မတို့
တောင်းဆိုနေတဲ့ ရုန်းကန်မှု၊ လှုပ်ရှားမှုတွေကို စာနာ ထောက်ထားပြီးတော့ အားပေး ကူညီကြတဲ့ နိုင်ငံ အသီးသီးမှာ ရှိတဲ့ အစိုးရတွေ၊ ပါတီတွေ၊ အသင်းအဖွဲ့တွေ၊
လူပုဂ္ဂိုလ်တွေ၊ ကမာ့ နိုဘယ်လ်ဆုရှင်တွေ၊ ဘာသာစုံ အားလုံးကို ကျွန်မတို့က လေးစား တန်ဖိုးထားရှိပါတယ် ဆိုတဲ့အကြောင်း ကျွန်မတို့ ဒီနေ့ ကြေညာချက်
ထုတ်ပြန်တာ ဖြစ်ပါတယ်။”
အထူးသဖြင့် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ မြန်မာ့အမျိုးသမီး ၅၀ ကျော်အတွက် အထူး စာနာမိသလို၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရဲ့
နောက်ကွယ်ကနေ ထောက်ပံ့ကူညီနေတဲ့ မိခင်တွေ၊ ဇနီးသည်တွေ၊ အစ်မနဲ့ နှမတွေရဲ့ ထောင်ဝင်စာ တွေ့ဖို့ ရုန်းကန်နေရတာကိုလည်း အသိအမှတ်ပြု
လေးစားမိတယ်လို့ ဒေါက်တာ မေဝင်းမြင့်က ပြောပါတယ်။
“ကျွန်မတို့ အမျိုးသမီး ၅၀ ကျော် အကျဉ်းကျခံနေရတယ်။ ဘယ်လိုပဲ ဒုက္ခဆင်းရဲ ခံနေရသည် ဖြစ်စေ၊ ဘယ်လောက်ပဲ ပေးဆပ်မှုတွေနဲ့ ကြုံတွေ့ရသည် ဖြစ်စေ၊ ဒီ
ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ဖို့အတွက် ကျွန်မတို့ အမျိုးသမီးထုက ဆက်လက်ပြီးတော့ လှုပ်ရှားသွားဖို့ သန္နိဋ္ဌာန်
ချထားတယ်ဆိုတဲ့အကြောင်း တင်ပြထားပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအနေနဲ့ ပြည်တွင်းစစ်ထဲမှာ အဓမ္မ ပြုကျင့်ခံရတာ၊ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရတာတွေ၊
လူကုန်ကူးသမားတွေရဲ့ ရောင်းစားခံရတာတွေကို ဒီကြေညာချက်မှာ ထောက်ပြထားပါတယ်။
သမတတာဝန်မယူမီ ဝန်ကြီးခန့်အပ်ခြင်းမှာ ဥပဒေနှင့်မညီ
2011-03-08
သမတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက ကျန်းသစ္စာ ကျိန်ဆိုပြီး သမတတာဝန် မယူရသေးခင်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ
အရာရှိကြီးတွေ နေရာအတွက် အမည်စာရင်း တင်သွင်းပြီး ရွေးချယ် ခန့်အပ်နေတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြီး ဝေဖန်လိုက်ပါတယ်။

(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော
ပထမဆုံး လွှတ်တော် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
ဒီလုပ်ဆောင်ချက်ဟာ စစ်အစိုးရက သူတို့ ကိုယ်တိုင် ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မျက်ကွယ်ပြုပြီး ဆောင်ရွက်နေတာ ဖြစ်သလို၊
ဖွဲ့စည်းပုံ ဥပဒေကို ကာကွယ် စောင့်ရှောက် ပ့ါမယ်လို့ ကတိပြုထားတဲ့ နိုင်ငံရေးပါတီတွေကလည်း တာဝန် ပျက်ကွက်နေတာ တွေ့ရတယ်လို့ NLD က
ထောက်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“ကျွန်တော်တို့က ဒီနေ့ ထုတ်တဲ့ ကြေညာချက်မှာ အဲဒီလို ဆောင်ရွက်နေခြင်းနဲ့ ပတ်သက်ပြီးတော့ သမတအဖြစ် ရွေးချယ်ခံထားရသူက ဆောင်ရွက်ခွင့် ဥပဒေအရ
အပ်နှင်းထားတာ ကျွန်တော်တို့ မတွေ့ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း မပါဘူး။ ဒါကြောင့် ဒီဆောင်ရွက်ချက်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့
မကိုက်ညီဘူးလို့ ကျွန်တော်တို့ ထောက်ပြထားပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါ့မယ် ဆိုပြီးတော့ လက်မှတ်ရေးထိုး
မှတ်ပုံတင်ထားတဲ့ ပါတီတွေ အနေနဲ့ကလည်း ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ထောက်ပြသင့်တယ်လို့ ကျွန်တော်တို့ ဖော်ပြတယ်။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အခုလို ထောက်ပြ ဝေဖန်တာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ရှိရမယ်ဆိုတဲ့ အမြင်အရ ဥပဒေအရ မကိုက်ညီတာကို
ပြည်သူလူထု သိအောင် ထုတ်ပြန် ကြေညာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သမတသစ်ကျမ်းကျိန်ပွဲလုပ်ဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေ ညွန်ကြား
2011-03-08
ရွေးချယ်ခံထားရတဲ့ သမတသစ် ဦးသိန်းစိန်နဲ့ ဒုတိယသမတတွေ၊ ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အခု မတ်လ
တတိယပတ်အတွင်း နေပြည်တော်မှာ ပြုလုပ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားထားတယ်လို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

(Photo: AFP / MRTV)


နေပြည်တော်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန်
(အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV)
မတ်လ ၂၇ ရက် တပ်မတော်နေ့ မတိုင်ခင် သမတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပပြီးနောက် အစိုးရသစ်ကို အာဏာ လွှဲပြောင်းမှုတွေပါ တပါတည်း
လုပ်ဆောင်မယ်လို့ သိရပါတယ်။ လွှတ်တော်တက်ရောက်နေတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အမတ် ဦးစိုးဝင်းကတော့ ကျမ်းသစ္စာကျိန်ဆိုပွဲကို
မတ်လ ၂၀ ရက်နဲ့ ၂၇ ရက်ကြား သီတင်းပတ်အတွင်း ပြုလုပ်ဖွယ် ရှိတယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
“ဒီလထဲမှာပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောတာ၊ သူတို့ကတော့ ပွဲ ၂၀ ကျော်မှပဲ ဖြစ်မယ်လို့ ကြားတယ်ဗျ။ ဒါပေမဲ့ ပထမက ကြားတာကကျတော့ ကျွန်တော်တို့က
တပ်မတော်နေ့မှာ ကျွန်တော်တို့ကို တက်ရဦးမယ် ဘာညာ ဆိုတာတွေလည်း ကြားသေးတယ်ဗျ။ အဲလိုရှိတာ။ အဲ တပ်မတော်နေ့ တက်ရမယ် ဆိုရင်တော့
တက်ရတာ တက်ရတာပဲလေ။ အဲဒီနေ့ မတိုင်မီတော့ ဖြစ်လိမ့်မယ် ထင်တယ်လေ။ တခါတည်း ကြေညာပြီး ဟိုဟာ ဖြစ်လိမ့်မယ် အကုန်လုံး။”
အခုနှစ် တပ်မတော်နေ့ အခမ်အနားကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တက်ရောက်မှာ မဟုတ်ပဲ သူ့ရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဆက်ခံမဲ့
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားမှာ ဖြစ်ကြောင်း၊ တပ်မတော်နေ့ကို အရင်နှစ်တွေကလောက် ကြီးကြီးကျယ်ကျယ် ပြုလုပ်မှာ
မဟုတ်ကြောင်း ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မကြာခင်ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်အတွက် ဝန်ကြီးဌာန ၃၃ နေရာ သတ်မှတ်ထားပြီး၊ ဝန်ကြီးလောင်းတွေကို ရွေးချယ်ထားပြီး ဖြစ်ပေမဲ့ ဘယ်သူက
ဘယ်ဌာနကိုတာဝန်ယူရမယ်ဆိုတာ လောလောဆယ် မသတ်မှတ်ရသေးပါဘူး။
ဧရာဝတီတိုင်းမှာ ရေရှားမည့် အခြေအနေရှိ
2011-03-07
လာမဲ့ သီတင်းပတ် နှစ်ပတ် လောက်ဆိုရင် ဖျာပုံနဲ့ ဘိုကလေးမြို့နယ်ထဲက ရွာတချို့မှာ သောက်သုံးရေ ရှားပါး ပြတ်လတ်တော့မဲ့ အခြေအနေ ဖြစ်နေပြီလို့ RFA က
စုံစမ်း သိရှိရပါတယ်။

(Photo: RFA)
၂၀၁၀ ခုနှစ် နွေရာသီတွင် သောက်ရေ ပြတ်လပ်ပြီး ဒုက္ခရောက်နေသော ပြည်သူများအတွက် ရေလှူဒါန်းမည့်သူများ မေလ ၁၃ ရက်နေ့က ပဲခူးမြို့သို့
ထရပ်ကားဖြင့် ရောက်ရှိလာသည်ကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)
ဘိုကလေးမြို့နယ်ထဲမှာဆိုရင် မဂူ ကျေးရွာအုပ်စုနဲ့ ကျွန်းညို ကျေးရွာအုပ်စုတွေမှာ အရင်ဆုံး ရေရှားပါးတော့မှာ ဖြစ်လို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကွင်းဆင်း လေ့လာခဲ့တဲ့ အမျိုးသမီးတဦးက RFA ကို အခုလို ပြောပါတယ်။
“ပြည်တော့ ပျက်တော့မယ်။ ဒီနှစ်မှာတော့ အပူချိန်ကလည်း များလာပြီ။ နည်းနည်း မြင့်လာတာ တပတ်လောက် ရှိပြီ။ မိုးကလည်း ဒီနှစ်က ထင်သလောက်
မကောင်းဘူးဆိုတော့ ရေ ပြတ်ကာနီးဆဲဆဲ ဖြစ်နေပြီ။ နှစ်ပတ်လောက် ရေကုန်နိုင်တယ်။ ဒါပေမဲ့ မြို့ပေါ်မှာ မဟုတ်ဖူး။ မြို့ပေါ်က ရေကန်တွေကတော့ NGO
တွေက အသည်းအသန် တူးပေးထားတဲ့အတွက် ဒီကနေပြီးတော့ အခြေအနေ ကောင်းသေးတယ်။”
လမ်းပန်းဆက်သွယ်ရေး ကောင်းပြီး အစိုးရနဲ့ အန်ဂျီအိုရုံးတွေ ရှိတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာတော့ ရေတွင်း ရေကန်တွေကို အတော်အတန် ပြုပြင်ထားတဲ့အတွက်
လတ်တလော ရေပြတ်မှာ မဟုတ်ပေမဲ့၊ မြို့နဲ့ဝေးတဲ့ ကျေးလက်တွေမှာတော့ ရေပြတ်မှာ စိုးရိမ်နေရပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း ဒေသ တော်တော်များများမှာ အဝီစီတွင်းကို ဖြစ်ကတတ်ဆန်းတူးရင်လည်း ရေထဲမှာ စိန်ဓာတ်လို့ ခေါ်တဲ့ အာဆင်းနစ်
ပါဝင်နှုန်းများတဲ့အတွက် သောက်ရေအတွက် မသင့်တော်ဘူးလို့ ဆိုပါတယ်။
ဘိုကလေးနယ်တဝိုက်မှာ မနှစ်က ရေတွင်းရေကန်တွေ သွားလှူခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကတော့ သူတို့ တူးတဲ့ ရေကန်တွေက ပေ ၂၀၀ ကျော် နက်ပြီး
ထွက်လာတဲ့ ရေကိုလည်း အစိုးရဓာတ်ခွဲခန်းမှာ စမ်းသပ် စစ်ဆေးပြီး PH7 အဆင့်မီမှ လူထုကို သောက်သုံးဖို့ ခွင့်ပြုတယ်လို့ ရေတွင်း ရေကန် လှူဒါန်းမှု ကော်မတီ
တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
http://www.rfa.org/burmese

Home » Uncategorized » ခမရ ၃၄၆ တပ်ရင်း နေတိုင်းလိုလို တိုက်ခိုက်ခံနေရ


ခမရ ၃၄၆ တပ်ရင်း နေတိုင်းလိုလို တိုက်ခိုက်ခံနေရ
Posted by admin on March 8, 2011 1 Comment

ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်မှာ နအဖ ခမရ ၃၄၆ တပ်ရင်း ရိက္ခာပို့စစ်ကြောင်းကို ဒီကေဘီအေ နဲ့ ကေအန်အယ် လ်အေ တပ်ရင်း ၂၀၁ မှ
တပ်ဖွဲ့အင်အားတွေ ပူးပေါင်းကာ ဝေါ်လေ ကနဲလေးနေရာမှာ ပြောက်ကျားစစ်ဆင်တိုက်ခိုက်ခဲ့ ပါတယ်။ နအဖ ဘက်က အားလုံးပေါင်း ၆ ယောက်
ထိခိုက်ခဲ့ပါတယ်။ ထိခိုက်တဲ့အထဲက ဒုဗိုလ်တယောက်နဲ့ တပ်ကြပ် တယောက် သေဆုံးခဲ့ပြီး တပ်သား ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကေအန်အယ်လ်အေ တပ်ရင်း ၂၀၁ မှ ဗိုလ်မှူး ကြည်အောင်က ခုလို ပြောပြပါတယ် ..
“သူတို့ ရိက္ခာသယ်တဲ့ စစ်ကြောင်းကို တိုက်လိုက်တာ၊ နအဖ တွေက ရိက္ခာကို အများကြီးမသယ်ဘဲ နဲနဲချင်း အခေါက် ခေါက်သယ်နေတယ်။ ကျနော်တို့ ဒီ ခမရ
၃၄၆ နဲ့ နေတိုင်းနီးပါးလောက်ကို တိုက်ပွဲဖြစ်တယ်။ တခါတလေ တရက် တည်း ၂ ပွဲလောက်ကို ဖြစ်တယ်” လို့ ရှင်းပြသွားပါတယ်။

ချူကလိ ကားလမ်းလုံးခြုံရေးတပ် တိုက်ခိုက်ခံရ


Posted by admin on March 8, 2011 0 Comment

photo by DVB
မြဝတီမြို့နယ် ဝေါ်လေရွာနားက ကနဲလေးအနီး နေရာ ၂ ခုမှာ မတ်လ ၇ နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ညနေ့ ၂ နာ ရီမှာ တကြိမ်၊ ၃ နာရီမှာ တကြိမ်
ဖြစ်ခဲ့ပါတယ်။ ကားလမ်းလုံးခြုံရေးယူထားတဲ့ နအဖ ခမရ ၃၄၆ တပ်ရင်းကို ကေအန် ယူ နဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။
မနေ့က ဒီကားလမ်းကနေ ချူကလိဒေသ မြို့သစ်တည်ဖို့အတွက် အစိုးရဝန်းထမ်းတွေကို ပို့ဆောင်နေတဲ့ လမ်းဖြစ်ပါ တယ်။
မြဝတီမြို့က ကျောင်းဆရာ၊ ဆေးဆရာ၊ ရဲ၊ လဝက၊ ရယက စတဲ့ ဝန်ထမ်းတွေကို ကံစမ်းမဲစနစ်နဲ့ လျှို့ဝှက်မဲနိုက်ပြီ တာ ဝန်ပေးပါတယ်။ မဲပေါက်တဲ့ ဝန်ထမ်းက
ချူကလိမှာ တာဝန်သွားထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဒေသက တိုက်ပွဲတွေ လဲ မပြတ် ဖြစ်နေတယ်။ အဲဒီကိုရောက်ဖို့ကလည်း တိုက်ပွဲတွေဖြစ်နေတဲ့
နေရာတွေကို ဖြတ်သွားရမှာ ဖြစ်တယ်၊ ငှက် ဖျား အလွန်ကြမ်းတဲ့ ဒေသဖြစ်တာကြောင့် မဲပေါက်တဲ့ ဝန်ထမ်းတွေအနေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်လို့
က ရင်သတင်းစဉ် အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
ချူကလိ နေရာမှာ မြို့သစ်တည်ပြီး ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို နေရာချထားမဲ့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်ကို ၂၀၁၀ ရွေကောက်ပွဲပြီးလို့
၂၀၁၁ ခုနှစ်မှာ စပိုင်းမှာ အကောင်အထည် ဖေါ်ဖို့ရှိပေမယ့် ခုချိန်ထိ ဒုက္ခ သည်တွေကို ချူကလိမှာ နေရာချမယ့်အစီအစဉ်ဟာ အကြောင်း ကြောင်းတွေကြောင့်
မစနိုင်သေးဘဲ ရှိနေပါသေးတယ် လို့ ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က ပြောပြပါတယ်။
နောက်ဆုံးကြားသိရတဲ့ သတင်းတွေအရ အမျိုးသမီး ရဲဝန်းထမ်းတွေကိုပါ မြို့သစ်တည်မယ့် ချူကလိ နေရာကို မနေ့က ပို့လိုက်တယ်လို့ မြဝတီမြို့ခံတွေရဲ့
ပြောပြချက်အရ သိရှိရပါတယ်။
http://www.naytthit.net/

အကြိမ် (၁၀၀)မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ မဲဆောက်တွင် ကျင်းပ


Submitted by Karen Information Center on Tuesday, 8 March 2011No Comment
မတ်လ ၈ရက်။ စောခါးစူးညား (ကေအိုင်စ)ီ
ယနေ့ကျရောက်သည့် အကြိမ(် ၁၀၀)မြောက် နိုင်ငံတကာအမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌လည်း အမျိုးသမီးသမဂ္ဂ-မြန်မာနိုင်င(ံ WLB)က
ဦးဆောင်၍ အခမ်းအနားတခု ပြုလုပ်ကျင်းပခဲ့သည်။
ယခုလို ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ (WLB)သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်နိုးနိုးထက်စံက “ဒီနိုင်ငံ တကာ အမျိုးသမီးများနေ့ကို
ကျမတို့ ကျင်းပရတာဟာ လွန်ခဲ့ပြီးတဲ့ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုကို အသိအမှတ်ပြုတာပါ။ နောက်တခုက ကျမတို့မြန်မာနိုင်ငံက အခြားနိုင်ငံတွေနဲ့
မတူတဲ့အချက်ပေါ့နော်။ ကျမတို့က ကိုယ့်နိုင်ငံရဲ့ အမျိုးသမီးတွေရဲ့ ဘ၀ကို ထင်ဟပ်ပြသတဲ့ နေရာတခုအဖြစ်လည်း ဖန်တီးပြီးတော့ ဒီနိုင်ငံတကာ
အမျိုးသမီးများနေ့ကို ကျင်းပရတာ ဖြစ်ပါ တယ်။”ဟု ပြောသည်။
ဧည့်ပရိဿတ် ၁၀၀နီးပါးတက်ရောက်ခဲ့သည့် အဆိုပါအခမ်းအနားတွင် (WLB)က ထုတ်ပြန်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ ပြီး အမျိုးသမီးနှင့် ပတ်သက်သည့်
နံရံကပ်ပန်းချီကားများ ပြသထားခြင်းနှင့် “ကောက်ကျစ်မှုအဖုံဖုံ ညစ်နည်းစုံ”အမည်ရှိ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလက ပြုစုထားသည့်
အချက်အလက်စာအုပ်ကိုလည်း ဖြန့်ဝေခဲ့သည်။
WLB ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လက်ရှိ စစ်အစိုးရသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသမီးဘ၀ လုံခြုံမှုရှိ စေရေး လုပ်ဆောင်မည့်အစား
အတုအယောင် ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းရေးကိုသာ ကြိုးပမ်းခဲ့သည့်အကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းစစ်နှင့် နိုင်ငံရေး
မတည်မငြိမ်မှုကြောင့် ထောင်ပေါင်းများစွာသော အမျိုးသမီး၊ ကလေးနှင့် အပြစ်မဲ့ပြည်သူများ အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့်အကြောင်း
ပါရှိသည်။

ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ တွဲဖက်အတွင်းရေးမှူး(၁)
နော်ဘလူးမင်းနိုက်ဇံက “နိုင်ငံတကာမှာ အမျိုးသမီး အခွင့် အရေးနဲ့ပတ်သက်ပြီး ပြဌာန်းထားတာ အများကြီးပဲ။ လက်တွေ့ကျင့်သုံးတာ နည်းတယ်။ အထူးသဖြင့်
မြန်မာပြည် စစ်အာဏာ ရှင်လက်အောက်မှာ ကျမတို့ တိုင်းရင်းသား အမျိုးသမီးတွေ ပိုပြီး ဖိနှိပ်ခံရတာကို မျက်ဝါးထင်ထင် မြင်ရတုန်းပဲ။ ဒါကြောင့်
အမျိုးသမီးအခွင့်အရေး အပြည့်အ၀ရဖို့ တိုက်ပွဲဝင်ရအုံးမယ်။ အမျိုးသားတွေလည်း ပူးပေါင်းဝါ၀င်ဖို့ လိုတယ်။”ဟု ပြောသည်။
နအဖ စစ်အစိုးရအနေဖြင့် တိုင်းရင်းသားဒေသ၌ ထိုးစစ်ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန်၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန်နှင့်
နှစ်ပေါင်းများစွာ တရားဝင်ခွင့်ပြုထားသည့် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့် ရပ်တန့်ပေးရန်တို့ကို WLB ကြေညာချက်တွင် တောင်းဆိုထားသည်။
WLB တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသူအမျိုးသမီးအဖွဲ့ဝင်ပေါင်း ၁၂ဖွဲ့ ပါဝင်ပြီး ၁၉၉၉ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Hobson’s choice ရွေးကောက်ပွဲအစီရင်ခံစာ BNI ထုတ်ပြန်


Submitted by Karen Information Center on Tuesday, 8 March 2011No Comment

မတ်လ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စ)ီ


မြန်မာစစ်အစိုးရ ကြီးမှူးကျင်းပသည့် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်သူများ၏ လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိသည့် အခြေအနေ နှင့် ပတ်သက်၍ ရည်ညွှန်းထားသော
Hobson’s Choice “ရွေးချယ်ခွင့် လမ်းမရှိသည့် ရွေးလမ်း”အမည်ရှိ အစီခံစာတစ်အုပ်ကို နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI) မှ ယနေ့ထုတ်ပြန်လိုက်သည်။
အဆိုပါ အစီရင်ခံစာကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသား သတင်းထောက်များကလပ် (FCCT)တွင် ယနေ့ နံနက် ၁၀နာရီခွဲမှ ၁၁နာရီခွဲအထိ
ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကာ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
အစီရင်ခံစာ ထုတ်ပြန်ရခြင်းအပေါ် သျှမ်းသံတော်ဆင့်၏ အယ်ဒီတာချုပ်လည်းဖြစ်၊ BNI ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်း ဖြစ်သည့် ဦးခွန်ဆိုင်းက “Hobson’s
Choice ဆိုတဲ့စကားက ရွေးချယ်ခွင့် လမ်းမရှိတဲ့ ရွေးလမ်းပေါ့။ ဆိုလိုချင်တာကတော့ ဒီရွေးကောက်ပွဲသာ ရွေးလိုက်လုပ်လိုက်တယ်။ သို့သော်လည်းပဲ လူထုက
တကယ်တမ်းရွေးရမှာကတော့ နအဖပါတီဖြစ်တဲ့ ကြံ့ဖွတ်ပါတီပဲ ဖြစ်တယ်။ အဲဒါကို ဖော်ပြချင်တာဖြစ်တယ်။”ဟု ပြောသည်။
စာမျက်နှာ ၁၃၄မျက်နှာရှိ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ၎င်းအစီရင်ခံစာထဲတွင် မည်သည့်ပါတီများပါဝင်အရွေးခံခြင်း၊ မည်သူက အရွေးခံရပြီး
ဝန်ကြီးဖြစ်လာသည့်အကြောင်း၊ ရွေးကောက်ပွဲအတွင်း နအဖစစ်အစိုးရက မည်သည့်အမိန့်များ ထုတ် ပြန်ခဲ့သည့်အကြောင်း၊ ရွေးကောက်ပွဲဖြစ်ပေါ်လာပုံနှင့်
ရွေးကောက်ပွဲအတွင်း မဲမသမာမှုများအကြောင်းကို အဓိကထားပြီး ဖော် ပြရေးသားထားသည်ဟု ဦးခွန်ဆိုင်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲအတွင်း တိုင်းရင်းသားဒေသအလိုက် ဖြစ်ပေါ်နေသည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အကြောင်းအရာများကို BNI
သတင်းဌာနအဖွဲ့ဝင်များမှ သတင်းအချက်အလက်များ စုဆောင်းပြီး အစီရင်ခံစာ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။
ယခုအစီရင်ခံစာ ထုတ်ပြန်ခြင်းအားဖြင့် သတင်းထောက်များအတွက် များစွာအကျိုးရှိသလို မြန်မာပြည်ကို အုပ်စိုးမည့် အစိုးရ သည် မည်သည့်အစိုးရမျိုးဖြစ်ကြောင်း
နိုင်ငံတကာအသိုင်းအ၀ိုင်းမှ သိရှိနာလည်၍ ရှေ့ဆက် မြန်မာအစိုးရနှင့် မည်သို့ဆက်ဆံ ရမည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်ဟု ဦးခွန်ဆိုင်းက ပြောသည်။
သူက “သတင်းထောက်ဆိုတာ နောက်ကြောင်းကို သိလို့ရှိရင် အခုလုပ်နေတဲ့ဟာကိုလည်း ပိုပြီးတော့ နားလည်မှုရှိတယ်။ ကိုယ့်ရဲ့စာဖတ်သူတွေ
ပိုနားလည်အောင်ပိုရှင်းပြနိုင်တယ်ပေါ့။ အဲဒါတချက်၊ ဒုတိယတချက်က ကျနော်တို့ရဲ့ နိုင်ငံကို အုပ်စိုး မယ့်အစိုးရဟာ ဘယ်လိုအစိုးရမျိုးလဲဆိုတာ သိစေချင်တယ်။
သိပြီဆိုလို့ရှိရင်လည်း သူတို့ (နိုင်ငံတကာအသိုင်းအ၀ိုင်း) ဒီအစိုး ရအဖွဲ့နဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာကိုလည်း သူတို့က ဆုံးဖြတ်နိုင်မှာပေါ့။ အဲဒါအဓိကပါပဲ”ဟု
ပြောသည်။

ထို့အပြင် ကရင်သတင်းဌာန အယ်ဒီတာ နန်းဖောဂေကလည်း


ရွေးကောက်ပွဲကာလအတွင်း နိုင်ငံတကာ သတင်းဌာနများနှင့် ပြည်ပရောက်မြန်မာသတင်းဌာနများမှ လက်လှမ်းမမှီနိုင်သည့် တိုင်းရင်းသားဒေသများတွင်
အသေးစိတ်ကျသည့် ရွေးကောက် ပွဲအခြေအနေနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မီးမောင်းထိုးပြနိုင်သည်ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲ၌ စစ်အစိုးရမှ ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် ၎င်းတို့ ကမကထပြုပြီး
တည်ထောင်ထားသည့် မဟာမိတ် တိုင်းရင်းသားပါတီများ၏ မဲသမာမှုများနှင့် စစ်အစိုးရ ဘက်မှ တခြားပါတီများအပေါ် ပိတ်ပင်တားဆီးမှုများကို
သက်သေအထောက်အထားများနှင့်တကွ အစီရင်ခံစာတွင် ရေးသား ထုတ်ပြန်ထားသည်။
ယနေ့ပြုလုပ်သည့် BNI ၏ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲနှင့်အတူ BNI အဖွဲ့ဝင်များမှ ရိုက်ယူထားသည့် တိုင်းရင်းသား ဒေသဆိုင်ရာ
သတင်းဓာတ်ပုံပြပွဲကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသားသတင်းအဖွဲ့များ၏ အမည်များနှင့်တကွ ပြသထားသည်။
၂၀၀၃ခုနှစ်တွင် ပြည်ပအခြေစိုက် မြန်မာသတင်းဌာန ၄ခုဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းရင်းသားဌာနများ အပါအ၀င် အဖွဲ့ဝင် (၁၁)ဖွဲ့ဖြင့်
ပူးပေါင်းပါဝင်ထားသည့် BNI သည် ၂၀၀၈ခုနှစ်က ထုတ်ပြန်ခဲ့သည့် လူထုဆန္ဒခံယူပွဲဆိုင်ရာ အစီရင်ခံစာ အပါအ၀င် အစီရင်ခံစာ (၂)ခု ထုတ်ပြန်နိုင်ခဲ့ပြီဟု
သိရသည်။
BNI တွင် လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ကချင်သတင်းဌာန၊ ကုလားတန်၊ ကရင်သတင်းဌာန(ကေအိုင်စ)ီ ၊ ခိုနူမ်းထုန် သတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊
သတင်းနှင့် မီဒီယာကွန်ယက်၊ သျှမ်းသံတော်ဆင့်၊ ကောင်းဝါ၊ နရဇ္စရာနှင့် ကန္တာရ၀တီတိုင်းမ် သတင်းဌာနများဖြင့် ဖွဲ့စည်းထားသည်။
ကနဲလေးစခန်း ကရင်တပ်ဖွဲ့ဝင်များ ပစ်ခတ်
Submitted by Karen Information Center on Tuesday, 8 March 2011No Comment
ဖေဖော်ဝါရီ ၈ရက်၊ (ကေအိုင်စ)ီ
ကရင်ပြည်နယ်၊ ဝေါ်လေဒေသတွင်ရှိ နအဖ တပ်စခန်းတစ်ခုဖြစ်သည့် ကနဲလေးစခန်းကို ယနေ့ နေ့လယ်၌ ထိုဒေသရှိ ကရင်တပ်ဖွဲ့ဝင်များ သွားရောက်
ပစ်ခတ်ခဲ့ရာ နအဖ တပ်ဖွဲ့ဘက်က ၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ ရှိခဲ့သည်ဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။
ယနေ့ နေ့လယ် ၁၂နာရီခွဲ၌ ကနဲလေးစခန်းတွင် ရောက်ရှိနေသည့် နအဖ ခြေမြန်တပ်ရင်း-ခမရ(၃၄၆)ကို ကရင်အမျိုးသား လွှတ်မြောက်ရေးတပ်မတော် (KNLA)
တပ်ရင်း (၂၀၁) တပ်ဖွဲ့ဝင်များသွား ရောက် ပစ်ခတ်ခြင်းဖြစ်သည်ဟု ထိုတပ်ရင်းမှ ဒုရင်းမှူး ဗိုလ်မှူး စောကြည်အောင်က ပြောသည်။
ယခုနွေရာသီတွင် ကရင်ပြည်နယ်အတွင်းရှိ နအဖ တပ်များ ရိက္ခာပို့ဆောင်ရေးအတွက် ပိုမိုသွားလာလှုပ် ရှားလာသည်နှင့်အမျှ ထိုင်း-မြန်မာနယ်စပ်ရှိ
ဝေါ်လေဒေသတွင် တိုက်ပွဲများ မကြခဏ ဖြစ်ပွားနေသလို အခြား ကရင်ပြည်နယ်မြောက်ပိုင်း ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားတိုင်း ထိခိုက်သေဆုံးမှုများကို ကရင်တပ်ဖွဲ့ဝင်ဘက် ထုတ်ပြန်ခဲ့သော်လည်း နအဖ ဘက်က ထုတ်လေ့မရှိပါ။
http://www.kicnews.org/
http://burmese.dvb.no/

You might also like