You are on page 1of 8

စက်ဘီးစီးတော့ ချန်ပီယံ---စကီးစီးတော့ ပက်လက်လန်-(သို့) အရှေ့နဲ့အနောက် ကွာခြားချက်တချို့

၁၈၀၃၁၁ (ထက်အောင်ကျော်)

စက်ဘီးစီးတော့ချန်ပီယံ-

"ထားဝယ်ကြီးကွ။ ဆွဲထား-ဆွဲထား။ နောက်မှာ ဇင်လတ်-ကပ်နေတယ်။ တင်တော့-တင်


တော့--ပြတ်အောင်တင်ထား---"
၁၉၈၈- ဖေဖေါ်ဝါရီလ တတိယသတင်းပတ်က အောင်ဆန်းအားကစားကွင်းတွင်းကျင်းပနေတဲ့
ပြည်နယ်နဲ့တိုင်း စက်ဘီးပြိုင်ပွဲအတွင်းက ထွက်ပေါ်လာတဲ့အသံတခုပါ။ ကျနော်ရဲ့လေ့ကျင့်ဖော်တွေ
ဖြစ်တဲ့ မွန်ပြည်နယ်နဲ့ တနသာင်္ရီတိုင်းကစက်ဘီးသမားတွေက အားပေးနေတာဖြစ်ပါတယ်။ ဇင်လတ်-
ဆိုတာကတော့ အဲဒီကာလကအကောင်းဆုံး ရန်ကုန်တိုင်း လက်ရွေးစင်ပါ။ ပုံမှန်အားဖြင့် ရန်ကုန်နဲ့
မန္တတလေးသားတွေသာ တလှည့်စီယူနေတဲ့ မီတာ ၁၆၀၀-ပွဲမှာ အဲဒီနှစ်က ကျနော် ရွှေတံဆိပ်ရလိုက်
ပါတယ်။ မီတာ ၈၀၀-မှာတော့ မန္တလေးက စိုးနိုင်ကို နှာတဖျားနဲ့ကပ်ရှုံးပီး ငွေတံဆိပ်ဖြစ်သွားပါတယ်။
အဲ-ကီလိုမီတာ ၁၀၀- သို့မဟုတ် ၆၂-မိုင် လမ်းပေါ်ပွဲမှာတော့ လမ်းအထာကိုမကြွမ်း။ ပြိုင်ဖက်ရွေးတာ
မကျွမ်း။ လေခို-ကပ်လိုက်နည်းတွေကို မကျွမ်းတဲ့အတွက် နံပါတ် ၆-နေရာနဲ့ တင်းတိမ်လိုက်ရပါတယ်။
အဲဒီပြိုင်ပွဲဟာ ကျနော်ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်လိမ့်မယ်လို့ ဘယ်လိုမှထင်မထားခဲ့။ အသက်က
၂၄။ စက်ဘီးလေ့ကျင့်မှုနဲ့ခံနိုင်ရည်ကအကောင်းဆုံးအနေထားဖြစ်နေလို့ မေလမှာကျင်းပမဲ့တံခွန်စိုက်
ပွဲ။ အရှေ့တောင်အာရှအားကစား လူရွေးပွဲတွေအတွက် လေ့ကျင့်မှုတွေကို ရန်ကုန်နဲ့ မော်လမြိုင်မှာ
ဆက်တိုက်လုပ်နေတဲ့ကျနော်ဟာ မတ်လ-လယ်မှာ ဖုန်းမော်အရေးခင်းဖြစ်တော့ မော်လမြိုင်တက္က
သိုလ် ဆန္ဒပြပွဲထဲပါဝင်ခဲ့ပါတယ်။ တရက်ဘဲ့ပြရပါတယ်။ နောက်နေ့ကျတော့ ကျောင်းတွေပိတ်ပီး အား
လုံးကို အိမ်ပြန်ပို့လိုက်ပါတယ်။
ထားဝယ်ကိုပြန်ရောက်တဲ့အချိန်ကနေ ဇွန်လကျောင်းပြန်ဖွင့်တဲ့အချိန်ထိ ကျနော်ဟာ စက်ဘီး
တစီးနဲ့လေ့ကျင့်လို့ကောင်းတုန်း။ ဇွန်လကျောင်းပြန်ဖွင့်ချိန်မှာလဲ မော်လမြိင်ကိုတိုက်ရိုက်မသွားဘဲ
ရန်ကုန်-အောင်ဆန်းကွင်းကိုဝင်။ စက်ဘီးဌာနညွန်မှုး ဦးဇော်မြင့်ကိုအကူညီတောင်းပီး အောင်ဆန်း
ကွင်းအနောက်ဖက်ပွဲကြည့်စင်အောက်က အခန်းတခုကိုယူ။ ရန်ကုန်မှာတပါတ်လောက်လေ့ကျင့်ရေး
ဆင်းဖို့ပြင်ပါတယ်။ ဒါပေမဲ့ အောင်ဆန်းကွင်းက အယင်ကအခြေနေနဲ့မတူတော့ပါဘူး။ အနောက်ဖက်
ပွဲကြည့်စင်အောက်မှာ လုံထိမ်းတပ်တွေအပြည့် အသင့်နေရာယူထားတယ်ဆိုတာကို နောက်တနေ့
ကွင်းထဲဝင်တော့မှ ကျနော်သိလိုက်ပါတယ်။
ဒီလိုနဲ့လေ့ကျင့်ရေးအစီစဉ်ကိုဖျက်သိမ်း။ မော်လမြိုင်ကို ရထားနဲ့ဆင်းပြေးပီး မော်လမြိုင်-ကျိုက်
ခမီ-လမ်းမှာ အပီအပြင်လေ့ကျင့်ဖိုပြင်ပါတယ်။ ဒါပေမဲ့ ၂-ပါတ်တောင်မခံပါဘူး။ ဇွန်လဆန်ဒပြပွဲတွေ
ဖြစ်။ မော်လမြိုင်ကိုလဲကူးစက်နဲ့ နောက်ဆုံးမှာတော့ ထုံးစံအတိုင်း ကျောင်းတွေပိတ်။ အိမ်ပြန်ပို့နဲ့ ထား
ဝယ်-ကိုဘဲ့ပြန်လာခဲ့ရပြန်ပါတယ်။ အဲဒေ
ီ နာက်ပိုင်းမှာတော့ လေ့ကျင့်ချိန်သိပ်မရတော့ဘဲ ကျောင်းသား
သမဂ-အစည်းဝေးတွေ။ ဆန်ဒပြပွဲတွေနဲ့ဘဲ့အလုပ်များခဲ့ပါတယ်။ စက်တင်ဘာ ၁၈-ရက်မှာ စစ်တပ်က
အာနာသိမ်းပီး ၁၉-ရက်နေ့မှာတော့ စစ်တပ်ကပစ်ခတ်လို့ ထားဝယ်မှာ ကျနော်တို့လုပ်ဖေါ်ကိုင်ဖက်
တချို့ကျုဆုံးခဲ့ရပါတယ်။ အဲဒီညကစပီး အိမ်ကနေထွက်ခွါလာတာမို့ ကျနော့်စက်ဘီးနဲ့ကျနော် လမ်းခွဲခဲ့ရ
တာ အခုဆိုရင် ၂၃-နှစ်ရှိသွားပီပေါ့။

စကီးစီးတော့ ပက်လက်လန်-

"-နော်တဂေး-နော်တဂေး- ဟေး---နော်တဂေး-နော့်တဂေး---ဟေး"
၂၀၁၁-ခုနှစ် ဖေဖေါ်ဝါရီလ တတိယသတင်းပါတ်က နော်ဝေနိုင်ငံ အော်စလိုမြို တောင်ကုန်း
ပေါ်ရှိ Holmenkollen -စကီးကွင်းမှာကျင်းပတဲ့နေတဲ့ ပြိုင်ပွဲထဲက အားပေးသံတွေပါ။ ဒီလိုရေးလိုက်လို့
အဲဒီပြိုင်ပွဲမှာ ကျနော်ဝင်ပြိုင်နေတယ်လို့မထင်လိုက်ပါနဲ့။ ကျောင်းသားဘ၀-၂၄-နှစ်နဲ့ နယ်စပ်နဲ့ နော်ဝေး
ဘ၀ ၂၃-နှစ်ကိုပေါင်းရင် ကျနော်အသက်က ၄၇-ရှိနေပြီဖြစ်လို့ ဘယ်လိုနည်းနဲ့မှ ပြိုင်ပွဲဝင်အားကစား
သမားမဖြစ်နိုင်တော့ပါဘူး။ ထောင်ပေါင်းများစွာသော သာမန်ပရိတ်သတ်တွေထဲက တဦးအဖြစ် ဒီပွဲကို
ကျနော်ရောက်နေတာသာဖြစ်ပါတယ်။ နော်ဝေးပရိတ်သတ်တွေ အဓိကအားပေးနေတာကတော့ အမျိုး
သားစကီးချန်ပီယံ-Petter Northug နဲ့ အမျိုးသမီးစကီးချန်ပီယံ Marit Bjørgen- တို့ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၅၀-ကျော်က စကီးသမားအကျော်အမော် ၆၅၀-ကျော်ဝင်ပြိုင်ကြတဲ့ -The FIS
Nordic World Ski Championships 2011-ပွဲမှာ အမြင့်ပေ ၁၀၀-ကျော်ကနေ ခုန်ချတဲ့ ဟေဟုန်စီး
စကီးပြို်င်ပွဲ။ ကီလိုမီတာ ၅၀-ကွင်းပါတ် နှင်းလျောစီးပြိုင်ပွဲ-စသဖြင့် ကျနော်တို့နဲ့ မယဉ်ပါးသေးတဲ့
အားကစားမျီုးပေါင်း-၂၁-မျီုးပါဝင်ပါတယ်။ ဒီပွဲမှာ အာရှသားဆိုလို့ ဂျပန်။ ကိုးရီးယားနဲ့တရုတ်တို့ကုဘ
ိဲ့
ကျနော်တွေ့ရပီး အာဆီယံ-သား တဦးမှမတွေ့ပါ။ ကျနော်တို့မြန်မာနိုင်ငံ ကချင်ပြည်နယ်ဖက်မှာလဲ
ရေခဲတောင်တွေရှိပြီး နှင်းလျောစီးနိုင်ဖို့ ဦးတေဇနဲ့အဖွဲ့က စီစဉ်နေတယ်။ သူ့ရဟတ်ယဉ်တောင် အဲဒီဒေ
သဆီသွားရင်း ပြန်မတက်နိုင်လို့ ၂-ရက်လောက်ရေခဲပြင်မှာသောင်တင်နေခဲ့တယ်ဆိုတဲ့ သတင်းတွေ
ကို ကြားမိပေမဲ့ မြန်မာနိုင်ငံက နှင်းလျောစီးအားကစားသမား နိုင်ငံတကာပွဲတွေဆီ ၀င်ပြိုင်တာမျိုးတော့
အခုချိန်ထိ ကျနော်မကြားမိသေးပါဘူး။
ဒီအားကစားဟာ နော်ဝေးနိုင်ငံရဲ့အမျိုးသားအားကစားနည်းဖြစ်တာကြောင့် နော်ဝေးနိုင်ငံသား
တိုင်းလိုလိုစကီးစီးတတ်ကြပါတယ်။ တတ်ဆို မူလတန်း-အလယ်တန်းမှာကတည်းက ကျနော်တို့ ဘော်
လုံးကစားသလိုမျီုး ဒီကကျောင်းသားတွေကလဲ စကီးကိုကစားလာတဲ့အတွက် စကီးစီးတာဟာ သူတို့
အတွက် ဘာမှခက်ခဲပုံမရ။ ဒါပေမဲ့ ကျနော်တို့လို ကြီးမှ ၀က်သက်ပေါက်ပီး ရေခဲပြင်ဒေသဆီရောက်
လာသူတွေအဖို့တော့ နှင်းလျောစီးအားကစားနည်းဆိုတာဟာ ကိုယ်နဲ့ဘာမှမဆိုင်သလိုဖြစ်နေခဲ့ပေါ့။
နော်ဝေးမှာရောက်နေစဉ် ၁၀-နှစ်အတွင်း ဒီအားကစားနည်းကိုစိတ်ဝင်စားတဲ့။ နှင်းလျောစီး
ကရိယာကို ကိုယ်ပိုင်ဝယ်ပီးကစားတဲ့ မြန်မာ ၃-ဦးဘဲ့ကျနော်တွေ့ဖူးပါသေးတယ်။ (တခြားလူတွေကို
ကျနော်မသိတာ။ သူတို့ဆီ ကျနော်မရောက်ဖူးတာလဲဖြစ်နိုင်ပါတယ်) သူတို့ကတော့ အော်စလိုနဲ့ မိုင်
၂၀၀-ကျော်အကွာက Fagernes-မြိုလေးမှာနေထိုင်တဲ့ ကျနော့်ရဲ့ နိုင်ငံရေးပရိတ်သတ်။ ဒီဗွီဘီ-ပရိတ်
သတ်တွေပါ။ တိုက်တိုက်ဆိုင်ဆိုင် ဖေဖေါ်ဝါရီ ၂၃-ကနေ မတ်လ ၆-ရက်နေ့အထိကျင်းပတဲ့ ဒီပွဲတော်
ကာလအတွင်း သူတို့ရဲ့မြိုလေးဆီကျနော်သွားလည်ဖြစ်ခဲ့ပီး သူတို့ရဲ့ နှင်းလျောစီးကရိယာကိုငှားစီး ဖြစ်
ခဲ့ပါတယ်။
ဒါဟာ ၂၃-နှစ်တာ ကျနော့်စက်ဘီးနဲ့ဝေးနေချိန်- ဒါမှမဟုတ် နော်ဝေးကိုရောက်ပိး ၁၀-ကျော်
ကာလအတွင်း ဒုတိယ-အကြိမ် စကီးစီးဖူးခြင်းဖြစ်ပါတယ်။ ပထမ-အကြိမ် စီးဖူးတာကလဲ ကြည့်ပါဦး။
မနှစ်က ဒီလိုအချိန်မျိုး ဖင်လန်နိုင်ငံဆီသွားလည်ရင်းနဲ့ ကျနော်ရဲ့-ABSDF-သူငယ်သူချင်း ကိုအောင်
မော်ရဲ့ နှင်းလျောစီးကရီယာကိုငှားစီးဖြစ်ခဲ့တာပါ။ တကယ်ကတော့ စီးတယ်ဆိုတာထက် အဲဒါကြီးကို
ငှားပီး ဟန်ပြ-ဓါတ်ပုံရိုက်။ ဗွီဒီယို-ရိုက်ခဲ့တယ်ဆိုရင် ပိုမှန်လိမ်မ့ယ်။ ဖင်လန်မှာလဲ ဒီလိုပါဘဲ့။ ကျနော်
တွေ့ခဲ့တဲ့ ABSDF-သူငယ်ချင်း။ ထားဝယ်သူငယ်ချင်း။ ဒီဗွိဘီ-ပရိတ်သတ်သူငယ်ချင်း အတော်များများ
မှာ နှင်းလျောစီးပစည်းရှိတဲ့လူဆိုလို့ ကိုအောင်မော်တယောက်ဘဲ့ ကျနော်သတိထားမိပါတယ်။
ကျနော် နော်ဝေးကိုစရောက်စဉ် ၂၀၀၁-ကတည်းက ဒီအားကစားနည်းကို စိတ်ဝင်စားလို့
အော်စလိုမြိုတောင်ပေါ်က Holmenkollen-အရပ်ဆီသွား-သွားပီး ပြိုင်ပွဲရော။ အပျော်စီးတာတွေကိုရော
ကြည့်ဖြစ်ပေမဲ့ ကျနော်တို့ ဒီဗွီဘီ-ရုံးနဲ့ ကျနော်သိသမျှ မြန်မာတွေကြားမှာ ဒီအားကစားကိုလုပ်ဖို့။ ဒါမှ
မဟုတ် ငါမှာတော့ နှင်းလျောစီး ပစည်းတွေရှိတယ်။ မင်းဝါသနာပါရင် သင်ပေးမယ်လို့ ကမ်းလှမ်းတာ
မျိုးတခါမှမကြားမိ။ ဒါပေမဲ့ -"မင်း-အဲဒါသွားမလုပ်နဲ့ ချော်လဲပီး ခြေတောက်ကျိုးသွားရင် သောက်ရှက်
ကွဲလိမ့်မယ်။ ဈေးကလဲကြီးသလားမမေးနဲ့။ ၀တ်စုံက ၃-၄-ထောင်။ ဖိနပ်နဲ့စကီးက ၃-၄-ထောင်။ အဲဒါ
လုပ်ရင် မင်းမွဲသွားလိမ့်မယ်-" ဆိုပီး အပြောခံရတာနဲ့သာကြုံခဲ့ရပါတယ်။ ဒါအပြင် -ဒီလောက် အေးတဲ့
မိုက်နာ့ ၁၀-ကနေ ၂၀-ကြားရှိနေတဲ့ ရေခဲပြင်ထဲထွက်ဖို့ မင်းမို့ စိတ်ကူးတယ်။ ဒီလိုအချိန်မျီုးက အိမ်
ထဲမှာကွေးပီး ၀ီစကီလေး။ ဘော်လကာလေးနဲ့ အအေးဒန်ကိုကာ ကွယ်ရမဲ့အချိန်ကွ---ဟဲဟဲ" -ဆိုပီး
ဆောင်းတွင်းကာလ လူစု-သောက်ကြတဲ့ ယာမကာ-ယဉ်ကျေးမှုနဲ့သာ ၁၀-နှစ်နီးပါး ကျနော်စခန်းသွား
ခဲ့ရပါတယ်။
ဒီလိုနဲ့ မနှစ်က ဖင်လန်ကိုရောက်တော့မှဘဲ့ နှင်းလျောစီးကရိယာကို စတင်ကြုံဖူးတယ်ဆိုပါ
တော့။ အစကတော့- သူများတွေစီးနေတာကိုကြည့်ပီး ဒီအားကစားနည်းက သိပ်မခက်ဘူး။ စက်ဘီး
စီး သလိုဘဲ ၂-ခါ ၃-ခါလောက်လဲပီးရင် တတ်သွားလိမ့်မယ်လို့ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခု ကျနော်
၂-နေရာမှာ လေ့ကျင့်ပီးတဲ့အချိန်အထိ။ လဲတာကလဲ ၂-ခါစီးတာ အကြိမ် ၂၀-ကျော်နေပီဖြစ်ပေမဲ့
ကုန်းဆင်းကို အရှိန်နဲနဲနဲ့ လျောဆင်းတာကလွဲပီး ရေခဲ-နှင်းပြင်အပေါ် တပေကျော်အောင်တောင်
တဖြောင့်တည်း မစီးနိုင်သေး။ ဒီပစည်းတွေကို ကိုယ်ပိုင်ဝယ်စီးဖို့ဆိုတာကလဲ ရှေ့မှပုဂိုလ် တယောက်
ပြောခဲ့သလို ၅-ထောင် ၆-ထောင် (အမေရိကန်ဒေါ်လာတထောင်နီးပါး) ခန့် အရင်းစိုက်ရမှာမို့ အချမ်း
သာဆုံးနိုင်ငံရောက်နေတဲ့ အဆင်းရဲဆံုး လူသားတဦးဖြစ်သူ ကျနော်အဖို့ သိပ်မလွယ်သေး။
နော်ဝေးရဲ့ချမ်းသာပုံ။ ဈေးကြီးပုံတွေကလဲကြည့်ပါဦး။ လက်ရှိလူဦးရေ ၅-သန်းနီးပါးရဲ့ မျီုးဆက်
၃-ခုစာလောက်အတွက် ဘာမှပူစရာမလိုအောင် နိုင်ငံတော်မှာငွေကြေးပြည့်စုံနေတယ်လို့ဆိုပါတယ်။ ဒီ
တော့ လစာကလဲကောင်း။ ဈေးနှုံးကလဲမြင့်ပေါ့။ ကျန်တဲ့ပစည်းတွေကတော့ မ၀ယ်နိုင်လို့ဈေးနှုံးသိပ်
မသိဘူး။ ဒါပေမဲ့ မြိုထဲသွားတိုင်း ကျနော်နေစဉ်ကြုံနေရတဲ့ ဈေးနှုံးမြင့်မှုတခုကတော့ ရှုးရှုးတခါပေါက်-
ဒါမှမဟုတ် အိမ်သာတခါတက်မယ်ဆိုရင် ၁၀-ခရိုနာ (တဒေါ်လာခွဲနီးပါး) ပေးရတဲ့ကိတ်စပါ။ ဘန်
ကောက်က ကုန်တိုက်တွေလို ဒီက ကုန်တိုက်တွေက အပေါ့အပါး-အလကားသွားခွင့်မရ။ ဘူတာကြီး
မှာတောင် အလကားသွားခွင့်မရ။ ဒီတခုတည်းနဲ့တောင် နော်ဝေးရဲ့ ကုန်ဈေးနှုံးကြီးပုံက ကျနော်အ
တွက် အတော်ဆိုးနေပါပီ။
ကျန်တဲ့မ၀ယ်မဖြစ်ပစည်းတွေရဲ့ဈေးနှုံးတွေကလဲကြည့်ပါဦး။ ဒီကလူတွေကရာသီပြောင်းတိုင်း
အဲဒီရာသီနဲ့ကိုက်တဲ့ ၀တ်စုံသစ်တွေကိုဝယ်ဝတ်ကြပီး အဟောင်းတွေကို လွင့်ပစ်လေ့ရှိပါတယ်။ အထူး
သဖြင့် ဆောင်းတွင်းဝတ်စုံတွေက ဈေးကြီးသလားမမေးနဲ့။ ဒါပေမဲ့ အဲဒီဈေးကြီးတာကိုဝတ်ထားမှ အနဲ
ဆုံး ခရိုနာ ၂၀၀၀-တန် အနွေးထည်မျီုးကိုဝတ်ထားမှ နော်ဝေး-ဆောင်းကို သက်တောင့်သက်သာ
ကျော်နိုင်မှာ။ ဒါကိုမသိတဲ့။ သိပေမဲ့လဲ ၀ယ်ဖို့ငွေကြေးမပြည့်စုံတဲ့ ကျနော်တို့လိုပုဂိုလ်တွေအဖို့ကတော့
နွေဖက်ဝတ်တဲ့အကျီတွေ။ အနွေးထည်တွေ။ ဘောင်းဘီတွေကို ၂-ထပ် ၃-ထပ်ဝတ်ရင်းနဲ့ နော်ဝေး
ဆောင်းကိုကျော်ဖြတ်လာတာ အခု ၁၀-နှစ်ကျော်ခဲ့ပေါ့။
အခု ဆောင်းကုန်ခါနီးလို့ ဆောင်းတွင်းပစည်းတွေကို ၇၀-ရာခိုင်းနှုံးအထိဈေးချရောင်းနေတာ
တောင် ၀တ်စုံက ၃-ထောင်ဝန်းကျင်။ စကီးနဲ့ဖိနပ်က ၂-ထောင်ဝန်းကျင်ရှိနေသေးတဲ့အတွက် ကျနော်
အဖို့တော့ ရော်ဘာ မာ့ကက်- (အဟောင်းဈေး)ကိုဘဲ့ ပြေးဝယ်ရမဲ့သဘောဖြစ်နေပါတယ်။

အရှေ့နဲ့အနောက်-တောင်နဲ့မြောက်တွေအလယ်-

တကယ်တော့ စက်ဘီစီးတာနဲ့ စကီးစီးတာကွာသလိုပါဘဲ့- ကျနော်မွေးဖွါးခဲ့တဲ့ အရှေ့အရပ်က


မြန်မာနိုင်ငံနဲ့ အခုကျနော်ရောက်ရှိ-ရှင်သန်နေတဲ့ အနောက်အရပ်က နော်ဝေးနိုင်ငံဟာ အစစ-အရာ
ရာနိးပါး ဆန့်ကျင်ဖက်လို ကွာခြားလွန်းလှပါတယ်။ ကျနော် နော်ဝေးကို ပထမ-အကြိမ်ရောက်တော့
၁၉၉၉-မေလ။ ထိုင်း။ အင်ဒိုနီးရှားနဲ့ အိန်ဒိယ-မှအပ တခြားနိုင်ငံတွေဆီ။ အထူးသဖြင့် ဥရောပနဲ့
မြောက်အမေရိကားဆီ တခါမှမရောက်ဖူးသေးတဲ့ကျနော်အဖို့တော့ တကယ်ကို တောသားမြိုရောက်
တဲ့ အဖြစ်ပါဘဲ့။
မနက်စောစောဆွမ်းခံကြွချိန်မှာနေထွက်ပီး ညနေ-ရေချိုးချိန်မှာ နေ၀င်တာကို တကဘာလုံးရဲ့
သဘာဝတရားလို့ နားလည်ထားတဲ့ ကျနော့်အဖို့ နော်ဝေးရဲ့နေမ၀င်ညဟာ ဘယ်လိုမှ နားလည်နိုင်
စရာမရှိခဲ့။ ဘန်ကောက်နဲ့အော်စလိုကြား အချိန် ၆-နာရီကွာလို့ နေ့နဲည မှားနေတဲ့ကြားထဲ အဲဒီညက
အဖြူရောင်ည။ နေသာနေတဲ့ညဖြစ်နေတော့ ပထမ-သတင်းတပါတ်လောက်က ဘယ်လိုမှ အိပ်ရေးမဝ
ခဲ့။ လူက အိပ်ငိုက်နေပေမဲ့ ည ၁၁-နာရီလောက်အထိ နေကမ၀င်သေး။ ဇွန်လလယ်ရောက်တဲ့ အခါမှာ
တော့ နေက လုံးဝ-နိးပါးကိုမ၀င်တော့ဘဲ တညလုံးလင်းနေတဲ့ကာလနဲ့ကြုံခဲ့ရပါတယ်။ (နော်ဝေး
မြောက်ပိုင်း နေမ၀င်ညများ- ရုပ်သံ-မှတ်တန်းကိုရှုပါ--http://htetaungkyaw201.blogspot.com/
2011/03/ midnight-sun-in-norther-norway.html-) ဒါပေမဲ့ -နိုဝင်ဘာ-ဒီဇင်ဘာရောက်တဲ့အခါမှာ
တော့ အခြေနေကပြောင်းပြန်ဖြစ်သွားပီး နေမထွက်တဲ့နေ့တွေ။ မနက် ၉-နာရီအထိမိုးမလင်းသေးတဲ့
နေ့တွေ။ ညနေ ၃-နာရီကျော်မှာ အမှောင်လွမ်းတဲ့ညတွေကို အနှုတ် ၁၀-ဒီဂရီစင်တီဂရိတ်ကျော်တဲ့
အအေးဒန်နဲ့နှင်းထုတွေကြားဖြတ်သန်းခဲ့ရပြန်ပါတယ်။-(ဖင်လန်မြောက်ပိုင်း ရေခဲရဲတိုက်ရုပ်သံကိုရှုပါ--
-http://htetaungkyaw201. blogspot.com/2011/03/trip-to-northern-finland.html)
ပီးတော့ သစ်ပင်တွေ။ ကြေးငှက်-တိရိဆန်တွေ။ သဘာဝပါတ်ဝန်းကျင်ကိုလဲကြည့်ပါဦး။ အရှေ့
နဲ့အနောက် ဘာမှမဆိုင်ပြန်ဘူး။ ကျနော်ရောက်စကနွေရာသီမှာ သစ်ပင်တွေကစိမ်းစိုလို့။ မြက်ခင်းတွေ
က လှပလို့။ ပင်လယ်ကမ်းခြေနဲ့သောင်ပြင်တွေက ရေကူး-နေလှန်းတဲ့လူတွေနဲ့ပြည့်နက
ှ်လို့။ ဟော-
အခု ဆောင်းတွင်းလဲကျရော- သစ်ပင်တွေကရိုးတန်ကျဲ။ မြင်ခင်းတွေက ရေခဲပြင်ဖြစ်။ ဘောလုံးကွင်း
တွေလဲစကီးကွင်းဖြစ်။ ပင်လယ်ပြင်လဲ ရေခဲမြစ်ပြင်ဖြစ်။ အဲ-နေလှန်းတဲ့လူတွေကလဲ ရှေ့မှာပြောခဲ့တဲ့
စကီးတွေယူပီး နှင်းလျောစီးနေပါရောလား။
ဒါဟာကျနော်အဖို့တော့အထူးအဆန်းတွေပါဘဲ့။ "သစ်ရွက်ခြောက်တို့ကြွေ-နွေရာသီကိုရောက်
တဲ့အခါ မီးကင်းစောင့်ဖို့ရာလူတွေအကုန်လုံးဆင့်ခေါ်ကာ"- ဆိုတဲ့လွှမ်းမိုးရဲ့သီးချင်းစာသား။ -"ဆောင်း
နှင်းဖွေးဖွေးလေး တောင်တန်းများကြားမှာ အေးချမ်းလှတဲ့ကျနော်တို့မြိုကလေးပါ"- ဆိုတဲ့ စိုင်းဆိုင်
မောဝ်ရဲ့စာသားတွေနဲ့ အော်စလိုက-နွေ။ အော်စလိုက-ဆောင်းတွေဟာ တကယ်ကိုပြောင်းပြန်တွေ ဖြစ်
နေပါတော့တယ်။
ဒီလိုကွဲပြားတဲ့ရာသီဥတုပေါ်မူတည်ပီး ကျနော်တို့မြန်မာပြည်မှာပေါက်တဲ့သစ်ပင်တွေ ဒီမှာ မ
ပေါက်ဘူး။ ကျနော်တို့ဆီက ကျေးငှက်-တိရိဆန်တွေလိုမျီုး ဒီမှာမရှိဘူး။ စပါးခင်းအစား ဂျုံခင်းတွေရှိ
မယ်။ ကျွန်းပင်တွေ။ ပျဉ်းကတုံးတွေအစား ထင်းရှုးပင်တွေရှိမယ်။ ကျနော်စိတ်ထဲတော့ နော်ဝေးမှာ
ဒီအပင် ၂-မျိုး ကိုဘဲ့သတိထားမိပီး အုန်းပင်။ ထန်းပင်။ ငှက်ပျောပင်။ စသဖြင့် ကျနော်တို့မြန်မာ
နိုင်ငံမှာတွေခဲ့ဖူးတဲ့ အခြားအပင် တပင်မှကျနော်မတွေ့ဖူး။ နောက် ဟင်းလျာတွေဖြစ်တဲ့ ချည်ပေါင်။
မုံညှင်း။ မိုလာဥ။ မိုလာပန်း။ ခရမ်းချဉ်သီး စသဖြင့် ဘာမှစိုက်လို့မရ။ ကျေးငှက်-တိရိဆန်ထဲမှာလဲ
ဇင်ယော်နဲ့ ဘဲ-ကလွဲရင် မြန်မာနိုင်ငံမှာ ကျနော်တွေ့ဖူးတဲ့ငှက်အမျိုးစား တကောင်မှမတွေ့။ ကျွဲ-နွား-
ဝက် တိရဆန် တွေကိုလဲ မြိုပေါ်မှာ ကျနော်တခါမှမမြင်ဖူး။ (ဒါပေမဲ့ နွားနဲ့ဝက်မွေးတဲ့ခြံတွေတော့နယ်မြို
တွေမှာ ရှိတယ်လို့သိရပါတယ်) ဒီတော့ လိုအပ်သမျှအားလုံးကို နိုင်ငံခြားကနေတင်ပို့ရင်းနဲ့ ဟင်းသီး
ဟင်းရွက်က အသားငါးထက် ဈေး ၂-ဆ လောက်ကြီးတဲ့ နိုင်ငံကြီးမှာ ကျနော်ရောက်နေတာ ၁၀-နှစ်
ကျော်ခဲ့ပေါ့။

ရာသီဥတုနဲ့အစားအသောက်အပြောင်းလဲက လူတွေရဲ့စဉ်းစားပုံနဲ့ ယဉ်ကျေးမှုကိုပါပြောင်းစေသလား

ဒီလိုရာသီဥတုမတူကွဲပြားခြင်းနဲ့ ဆန့်ကျင်ဖက်ယဉ်ကျေးမှုတွေကြီးစိုးရာအရပ်ဒေသမှာ ဆယ်စု


နှစ်တခုကျော်ရှင်သန်နေထိုင်ပီးတဲ့အခါမှာတော့ ထမင်းမစားရရင်မနေနိုင်တဲ့ ကျနော်ဟာလဲ အခုတော့
ပေါင်မုန်။ ထောပါတ်။ အသားညှပ်ကို အပီအပြင်စားတတ်လာခဲ့ပေါ့။ ပုဆိုးဝတ်မှနေသားကျတယ်လို့
ထင်နေရာကနေ အခုတော့ ဘောင်းဘီကိုမချွတ်ဘဲဝတ်နေနိုင်ခဲ့ပေါ့။ (ဒါပေမဲ့ ဘိတ်ငါးပိကိုတော့ ကြိုက်
ဆဲ။ အာရှအစာတွေ့ရင် အငမ်းမရစားဆဲပါ)။ မြန်မာနိုင်ငံမှာ ၂၄-နှစ်နေပီး မြန်မာနိုင်ငံပြင်ပမှာ ၂၃-နှစ်
ကြာနေပီဖြစ်တဲ့ ကျနော်တောင် ဒီလောက်ပြောင်းလဲလာပီဆိုရင် မြန်မာနိုင်ငံပြင်ပမှာမွေးတဲ့ မျိုးဆက်
သစ်ကလေးတွေဆိုရင် ဘယ်လောက်အထိပြောင်းလဲကုန်မလဲ။ ဒီအပြောင်းလဲကို သူတို့ရဲ့မိဘတွေက
ဘယ်လိုတုန့်ပြန်မလဲ။ ရောက်လေရာအရပ်မှာ ဒီကိတ်စကို ကျနော်စပ်စုမိပါတယ်။
ရှေ့မှာပြောခဲ့တဲ့ ဖင်လန်နိုင်ငံခရီးစဉ်တုန်းကဆိုရင် တောင်ပိုင်းကနေ မြောက်ပိုင်းကိုသွားတဲ့
လမ်းတလျောက်မှာ ထမင်းစားတိုင်း ကျနော်တို့ ၄၀-တန်းလူကြီးတွေက ထမင်းနဲ့အာရှအစာရှိတဲ့ ဆိုင်
ကိုရွေးပီးမှာစားကြပါတယ်။ ဒါပေမဲ့ နယ်စပ်မှာမွေးပီး တတိယ-နိုင်ငံမှာကြီးပြင်းလာတဲ့ အသက် ၁၃-
၁၄-နှစ်ဝန်းကျင် ကျနော်သူငယ်ချင်းရဲ့ သမီးလေးကတော့ ပေါင်မုန်နဲ့ဖင်လန်အစာရမဲ့နေရာကိုသာ စိတ်
ဝင်စားနေ တာတွေ့ရပါတယ်။ ကျနော်တို့က ထမင်းစားနေချိန်မှာ သူက-ပေါင်မုန့်ကိုက်လို့။ သူငယ်ချင်း
တွေအိမ်ရောက်လို့ ဘိတ်ငါးပိနဲ့ဧည့်ခံစဉ် ကျနော်တို့ကအပီအပြင်ဆွဲနေစဉ်မှာ သူကတော့ ငါးပိအနံ မခံ
နိုင်လို့ဆိုပီး ဧည့်ခန်းဆီထွက်ပြေး- အသားညှပ်ပေါင်မုန်ကို ကိုက်နေလေရဲ့။
အော်စလိုမှာရှိတဲ့ ကျနော့်သူငယ်ချင်းမိသားစုတွေထဲမှာလဲ ဒီလိုပါဘဲ့။ နယ်စပ်မှာမွေးတဲ့
ကလေးတွေဖြစ်လို့ မြန်မာစကားမတတ်ဘဲ ထိုင်းစကားဘဲ့တတ်တဲ့ကလေးတွေ။ ဒီရောက်တော့လဲ
နော်ဝေးစကားဘဲ့တတ်ပီး မြန်မာစကားနဲ့မြန်မာစာမတတ်တဲ့ကလေးတွေ အများအပြားရှိနေပါတယ်။
စကားနဲ့စာမတတ်မှတော့ မြန်မာစာပေလေ့လာသင်ကြားရေးနဲ့ ဗုဒ္ဒစာပေ-ဗုဒ္ဒစာပေပေါ်အခြေခံထားတဲ့
မြန်မာ့ယဉ်ကျေးမှုတွေကို လေ့လာသင်ကြားရေးတွေဟာလဲ ဝေးကွာသွားပီး ယဉ်ကျေးမှုတွေပါ ပြောင်း
လဲလာနေတာကျနော်သတိထားမိပါတယ်။
သူငယ်ချင်းတယောက်ဆိုရင် သူသမီးလေး အသက် ၁၈-နှစ်ပြည့်တဲ့နေ့မှာ သူတို့အိမ်ပေါ်က
နေဆင်းသွားပီး သီးခြားအခန်းငှားသွားနေနေလို့ ရင်ကွဲနာကျလုနီးပါးဖြစ်နေတာကို မြင်ခဲ့ရပါတယ်။
နောက်တယောက်ကျတော့ သူ့သမီး ၁၈-နှစ်ပြည့်တဲ့အထိ အိမ်ပေါ်ကဆင်းမသွားလို့ စိတ်သက်သာရာ
ရနေပေမဲ့ အဲဒီသမီးက နော်ဝေး ရည်စားကို အိမ်ပေါ်ခေါ်လာပီး အခန်းထဲမှာဧည့်ခံနေလို့ စိတ်ကသိ က
အောင့်ဖြစ်နေတာမျိုးကိုလဲ ကျနော်မြင်ခဲ့ရပါတယ်။ -"မြန်မာနိုင်ငံမှာ ဒီပုံမျိုးမြင်လို့ကတော့ဗျာ-ကျနော့်
စိတ်နဲ့ ဘယ်လွယ်မလဲ--" ဆိုပီး ညီးယုံမှအပ သူလဲ ဘာမှတတ်နိုင်ပုံမရ။
နော်ဝေးဆိုတာ ရှေ့မှာပြောခဲ့တဲ့ လစာမြင့်ရုံ။ ကုန်ဈေးနှုံးကြီးရုံ တင်မကဘူး။ လူအခွင့်ရေးမှာ
လဲ နံပါတ်တစ်နဲ့ ငါး-အကြားအမြဲတန်းရှိနေတဲ့နိုင်ငံဆိုတော့ သားသမီးကိုသွားထိလို့မရဘူး။ အဲလိုထိ
ရင် လူ့အခွင့်ရေးချိုးဖေါက်မှုနဲညှိသွားမယ်။ ဒီကိတ်စတွေနဲ့ပါတ်သက်ပီး မြန်မာအသိုင်းဝိုင်းကြား နောက်
ပြောင်ပြောလေ့ရှိတဲ့စကားတခွန်းရှိပါတယ်။ -"ကလေးရယ်။ မိန်းမရယ် အဲဒီ ၂-မျိုးကိုသွား မထိနဲ"
့ - ထိ
မိရင် တသက်လုံးနောင်တ ရသွားမယ်-တဲ့။ ကျနော်တို့ငယ်ငယ်တုန်းက အဖေအမေတွေက တုတ်နဲ့
ရိုက်ဆုံးမတာမျိုး။ ဆရာ-ဆရာမက ထားဝယ်ကြိမ်နဲ့တွယ်တာမျိုးများ တွေ့မိရင် ဒီနော်ဝေးတွေ ဘယ်လို
များဖြစ်လေမလဲလို့ စဉ်းစားနေမိပါတယ်။
ဒီလိုအခြေနေကြီးမှာ "-မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်
ထိမ်းမြားခြင်းလျင် ၀တ်ငါးအင် ဖခင်မယ်တို့တာ"-ဆိုတာတွေလဲ ဘယ်ရှိတော့မလဲ။ "-ကျွေးမွေး မပျက်
ဆောင်ရွက်စီမံ မွေခံထိုက်စေ လှုမျှဝေ၍့ စောင့်လေမျိုးနွယ်ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ-ဆိုတာ
ကိုလဲ ပြန်ကိုးကားပီး မိဘနဲ့သားသမီးကြား ဆုံးမလို့မရတော့။ မိဘ၀တ္တရား။ သားမသမီးဝတ္တရား။
ဆရာဝတ္တရားတွေဟာလဲ ကျနော်တို့ငယ်ငယ်တုန်းကသင်ခဲ့ဖူးတဲ့ သင်္ကန်းစာတွေနဲ့အတူ တချိန်က
ကျောင်းသုံးဗလာစာအုပ်ရဲ့ နောက်ကျော်ဖုံးတွေမှာ ကျန်ရစ်ခဲ့ပေါ့။
ဒီမှာက မွေးကင်းစကလေးကနေစပီး ဘွဲရတဲ့အထိ အစိုးရကထောက်ပံ့ကြေးပေးထားတဲ့ အ
တွက် ကလေးကျောင်းနေရေးဟာ မိဘအလုပ်မဟုတ်တော့သလို ကြီးမှနော်ဝေးကိုရောက်လာတဲ့ မိ
ဘတွေကလဲ နော်ဝေးစာနဲ့နော်ဝေးအကြောင်းကို ကလေးတွေလောက်တောင် မသိနိုင်တဲ့အခြေနေနဲ့
ကြုံနေရပါတယ်။ တချိန်တည်းမှာဘဲ့ မိဘတွေအသက်ကြီးလာရင်လဲ အစိုးရကပင်စင်ငွေပေးထားပီး ဒီ
ထက်အသက်ပိုကြိးလာရင် ဘိုးဘွားရိပ်သာပို့ပီးတာဝန်ယူပေးထားတဲ့အတွက် ကျွေးမွေး-မပျက်ဆောင်
ရွက်စီမံ-ဆိုတာတွေ။ မွေးမေကျေးဇူးဆပ်ဖူးချင်တယ်လေ-ဆိုတာတွေ မလိုတော့သလိုဖြစ်လာနေပါ
တယ်။ ဒီနိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်က အားလုံးကိုတာဝန်ယူပေးထားသလိုဖြစ်နေတဲ့အတွက် တနေ့လုပ်
မှတနေ့စားရတယ်ဆိုတဲ့ဘ၀-မျီုး ဒီမှာမရှိတော့သလို မိဘနဲ့သားသမီးဆက်ဆံရေးဟာလဲ မြန်မာ့ယဉ်
ကျေးမှုးစာအုပ်ဟောင်းတွေထဲကလို မဟုတ်တော့ပါဘူး။
အရှင်းဆုံးပြောရမယ်ဆိုရင် နော်ဝေးနိုင်ငံသားတွေနဲ့ နော်ဝေးမှာကြီးတဲ့ ကျနော်တို့မြန်မာ က
လေးတွေဟာ မနက်ဖြန်အတွက်တွေးပီး စိတ်ပူနေတာမျီုး။ အိုရေး-နာရေးအတွက် ငွေစုနေတာမျီုး။
မိဘဆွေမျီုးကိုထောက်ပံ့ဖို့ငွေစုနေတာမျိုးမရှိ။ ဒီလရတဲ့ငွေ ဒီလကုန်အောင်သုံး။ နောက်လအတွက်
မရှိရင် အစိုးရနဲ့လူမှုဖူလုံရေးစနစ်က တာဝန်ယူလိမ့်မယ်ဆိုပီး ဘာမှကိုအပူပင်မရှိခဲ့။ ဒါပေမဲ့ အာရှမှာ
ကြီးပြင်းခဲ့တဲ့ အသက် ၄၀-တန်းကျနော်တို့မျီုးဆက်အဖို့ကတော့ ဒီကစနစ်နဲ့လဲ အထိုင်မကျ။ အာရှ
ကစဉ်းစားပုံက လဲမပျောက်သေး။ ဒီလိုနဲ့ ကလေးနဲ့လူကြီးအမြင်မတူတာ ပိုများလာခဲ့ပေါ့။
၁၉၈၈- ကျနော်တို့တောခိုကာစက ဘိန်းဘုရင်ခွန်ဆာပြောခဲ့ဖူးတယ်ဆိုတဲ့စကားတခွန်းကို
ကျနော်ပြန်သတိရမိပါတယ်။ -"ကျောင်းသားတွေကိုလက်ခံရင် ဘဲဥ၀ယ်ပိး ကြက်မကြိးကို ၀ပ်ခိုင်းသ
လို ဖြစ်နေမှာပေါ့။ အချိန်တန်တော့ ဘဲကလေးတွေကရေထဲဆင်းကူး။ ကြက်မကြီးကအပေါ်က စောင့်
ကြည့်-ဖြစ်မှာပေါ့-"-တဲ့။ အခုလဲ ဒီလိုဘဲ့လား။ ဒီဖက်မှာမွေးတဲ့ကလေးတွေဟာ ဘဲဥကမွေးတဲ့ ဘဲက
လေးတွေဖြစ်နေပိး မိဘတွေကတော့ ကြက်မကြီးဘ၀နဲ့ ကြည့်နေယုံကလွဲပီး ဘာမှပြောပိုင်ခွင့်။ ဆုံးမ
သွန်သင်နိုင်ခွင့်မရနိုင်တော့ဘူးလား။ ရေခဲပြင်မှာ စကီးစီးနေတဲ့ကလေးတွေကို မှန်ပုံပိတ်ထားတဲ့
ကော်ဖီဆိုင်ထဲကနေဘဲ့ ကြည့်နေရတော့မလား။

အဲ- မျိုးဆက်သစ်ကလေးတွေအပေါ် ကျနော်ရဲ့အမြင်တွေဟာ တဖက်စောင်းနင်းများဖြစ်နေ


လေမလား။ အသက် ၄၀-တန်း သူတို့မိဘတွေနဲ့ဘဲ့စကားပြောဖြစ်ပီး ကလေးတွေကိုအသေချာမမေးဘဲ
ဒီဆောင်းပါးကိုရေးလိုက်လို့ တဖက်သတ်အမြင်များဖြစ်နေလေမလား-ကျနော်ပြန်စဉ်းစားနေမိပါတယ်။
ဒီလိုနဲ့ သူတို့ရဲ့အားသာချက်တွေကို ပြန်ရှာတဲ့အခါမှာတော့ ရှေ့မှာပြောခဲတ
ဲ့ ကျနော်အသဲအသန် လေ့
ကျင့်နေပေမဲ့ အခုထိမတတ်သေးတဲ့ စကီးစီးရေးဆိုတာဟာ သူတို့အတွက်တော့ လွယ်လွယ်လေး။
နော်ဝေးမှာမူလတန်းကျောင်းစတက်ကတည်းက ဒါတွေကိုနော်ဝေးတဦးလို သူတို့သင်ကြားထားပီးသား
ဖြစ်လို့ နော်ဝေးဆောင်းဟာ သူတို့အတွက် ဘာမှပြသာနာမရှိ။ နောက်တခါ ကျနော်အဖို့ ဆယ်နှစ်
ကျော်ကြာတဲ့အထိ ကကြီး-ခခွေးထက် ပိုမတတ်သေးတဲ့ နော်ဝေးဘာ သာစကားဟာလဲ သူတို့ အဖို့
တော့ လွယ်လွယ်လေး။ ဆံပင်မဲနေတာတခုကလွဲရင် ကျန်တာအားလုံး နော်ဝေးတယောက်လို သူတို့
ကဖြစ်နေပီ။ ဒါအပြင် နော်ဝေးယဉ်ကျေးမှုနဲ့ နော်ဝေးအစား အသောက်ဟာ သူတို့အတွက် အံဝင်
ဂွင်ကျဖြစ်လို့။ နော်ဝေး-မိတ်ဆွေသူငယ်ချင်းတွေကလဲ သူတို့မှာ ပြည့်လို့။
ဒါဆိုရင် တတိယ-နိုင်ငံနဲ့အဆင်မပြေဖြစ်နေတာဟာ မျိုးဆက်သစ်ကလေးငယ်တွေမဟုတ်ဘဲ
အသက် ၄၀-တန်း ကျနော်တို့မျိုးဆက်တွေများလား။ ကျနော်တို့ဟာ ကိုယ်ရောက်နေတဲ့အရပ်မှာ အ
ထိုင်ကျအောင်နေနိုင်ဖို့မကျိုးစားဘဲ လူ-ကနော်ဝေး။ စိတ်က-မြန်မာနိုင်ငံမှာရှိနေဆဲဖြစ်နေတာမျီုးလား။
၈-လေးလုံးအရေးတော်ပုံနဲ့ မြန်မာ့နိုင်ငံရေးအကြောင်း ကလေးတွေစိတ်မ၀င်စားတာ။ မြန်မာစာပေ-စ
ကား-မြန်မာယဉ်ကျေးမှုအပေါ် ကလေးတွေ စိတ်မ၀င်စားတာကို အပြစ်လို့မြင်နေသင့်သလား။ ကလေး
တွေရဲ့အားသာချက်ကိုထုတ်။ လူကြီးတွေရဲ့အားသာချက်နဲ့ပေါင်းစပ်။ နှစ်ဦးနှစ်ဖက်အကျိုးရှိစေမဲ့ လုပ်
ငန်းစဉ်တခုကို ဘယ်လိုအပေးအယူလုပ် ညှိနိုင်းနိုင်ကြမလဲ။ ကျနော်စဉ်းစားနေပေမဲ့ တိကျတဲ့ လုပ်ငန်း
စဉ်တခုမရသေးပါ။
ဘယ်လိုဘဲ့ဖြစ်ဖြစ် သေချာတာတခုကတော့ ဘ၀-ဆိုတာ စက်ဘီးစီးတတ်ရုံနဲ့မပြိးသေး စကီး
ကိုလဲ စီးတတ်အောင်သင်ထားမှဖြစ်မယ်။ နွေရာသီကိုချည်းလွမ်း နေလို့မရ။ ဆောင်းရာသီနဲ့ရေခဲပြင်ကို
လဲ ဖြတ်နိုင်အောင်ပြင်ဆင်ထားရမယ်။ မိုးရဲရင် ဆောင်းရဲရမယ်-ဆိုသလို ဒီမှာတော့ နွေရဲရင် ဆောင်းရဲ
ရမှာဖြစ်တယ်လို့ ခိုင်ထူးရဲ့စာသားကိုပြောင်းပီး ကျနော်သီချင်းညီနေမိပါတယ်။

You might also like