You are on page 1of 30

Uncensored Burma - Daily News ( 2011 Mar 18)

သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်ပါ


မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်

မာတိကာ

အနှစ်နှစ်ဆယ်ကျော် ထောင်ကျနေသူ ကျန်းမာရေးဆိုး


ကိုသိုက် ၁၇ မတ် ၂ဝ၁၁ - DVB

မြန်မာနိုင်ငံသံရုံး (စင်္ကာပူ)
စာအုပ်နီချစ်သူ မတ် ၁၈၊ ၂၀၁၁ မိုးမခ

ပါတ်စ်ပို့စာအုပ်သစ် ထုတ်ယူရမည့်အစီအစဉ်

အချိန်ပြည့် အထူးသံခန့်ရေး ကုလ စဉ်းစားဆဲ


သောမတ်စ်မောင်ရွှေ | သောကြာနေ့၊ မတ်လ ၁၈ ချင်းမိုင် (မဇ္စ
မဇ္ဈိမ) ။ ။

ပြည်သူ့အကျိုးပြု လုပ်ငန်းများ NLD တိုးမြှင့်မည်


ကျော်ခ | သောကြာနေ့၊ မတ်လ ၁၈ ချင်းမိုင် (မဇ္ဈိမ) ။ ။

မြန်မာပြည်သူများ ဒုက္ခ ဖော်ပြသည့် စာအုပ် မိတ်ဆက်ပွဲကျင်းပ


2011-03-18 RFA

ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး


2011-03-18 RFA

ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီယား သမတ ထောက်ခံ


2011-03-18 RFA

ကချင်ပြည်နယ် ပါတီကိုယ်စားလှယ်များနှင့် NLD ဗဟိုခေါင်းဆောင်များ ဆွေးနွေး


2011-03-18 RFA

အနုမြူ ကောလာဟလကြောင့် နယ်စပ်နှင့် ကချင်ပြည်နယ်မှာ ဆားဈေး သုံးဆခုန်တက်


2011-03-18 RFA

အိမ်သုံးဆားဈေး ၁၀ ဆကျော်တက်
ဧရာဝတီ Friday, 18 March ဧရာဝတီ
ကုန်ပို့ခ ဈေးကျသော်လည်း ကုန်ဈေးနှုန်း မကျ
သန်းထိုက်ဦး Friday, 18 March ဧရာဝတီ

မဟာဗျူဟာလုပ်ငန်းစဉ် ၄ ရပ် ကုလ အကောင်အထည်ဖော်မည်


ထက်အောင် Friday, 18 March ဧရာဝတီ

ထိုင်း ၌ မြန်မာသံဃာ ၈ ပါး ထိန်းသိမ်းခံရ


မင်းနိုင်သူ Friday, 18 March ဧရာဝတီ

အခါမဲ့မိုးကြောင့် မတ်ပဲများ ပျက်စီး


သင်းအောင် Friday, 18 March ဧရာဝတီ

ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ပြဿနာ အတိမ်အနက်


ဟီကရိ Friday, 18 March မြန်မာပြည်မှပေးစာ ဧရာဝတီ

လူထုထိခိုက်မည့် ပိတ်ဆို့အရေးယူမှု မလိုလား


မျိုးသန့် | သောကြာနေ့၊ မတ်လ ၁၈ ချင်းမိုင် (မဇ္စ
မဇ္ဈိမ) ။

ကျွန်မ ဘာအမှားတွေ လုပ်ခဲ့လို့လဲ


ရင်ရင်မွှေး မတ် ၁၈၊ ၂၀၁၁ မိုးမခ

အနှစ်နှစ်ဆယ်ကျော် ထောင်ကျနေသူ ကျန်းမာရေးဆိုး


ကိုသိုက် ၁၇ မတ် ၂ဝ၁၁ - DVB

ရန်ကုန်တိုင်း သံလျင်မြို� ရေနံချက်စက်�ုံ ဗုံးဖောက်ခွဲမှုသံသယနဲ့ နှစ် ၂ဝ အကျဉ်းချခံထားရတဲ့ ကိုညီညီဦးဟာ


လျှော့ရက်နဲ့ လွတ်နိုင်ပေမယ့် တောင်ငူထောင်မှာ ကျန်းရေးမကောင်းဘဲ နေနေရတယ်လို့ ညီမဖြစ်သူက
ပြောပါတယ်။

�ပြီးခဲ့တဲ့ သုံးနှစ်လောက်က သူလေဖြန်းတယ်။ ဆေး�ုံထောင်မှာနေရတယ်။ ပြီးတော့ ပရက်ရှာ


ခဏခဏတက်တယ်။ အခုဖြစ်နေတဲ့ဟာက လျှော့ရက်လည်း မရဘူး။ အခုဟာက လျှော့ရက် မရဘဲနဲ့ 
မင်းကိုလွှတ်ပေးမယ်၊ ဘယ်တုန်းကစပြီး ဖမ်းခံရတာလဲ၊ ဘယ်လောက်ကျပြီးပြီလဲ မေးပြီး မင်းစောင့်နေဆိုပြီး
စိတ်ပိုင်းဆိုင်ရာကို ဒုက္ခပေးနေတာပေါ့နော်။�

၂ဝ၁ဝ - ၂ဝ၁၁ မှာ လွှတ်ရမယ်လို့ ထောင်ပိုင်တွေက ပြောဆိုသွားပေမယ့် အထက်အာဏာပိုင်တွေက


လွှတ်မပေးဘူးလို့ ညီမဖြစ်သူက ပြောပါတယ်။

၁၉၈၉ ခုနှစ် သံလျင်ရေနံချက်စက်�ုံ ဗုံးဖောက်ခွဲမှုသံသယနဲ့ သံလျင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်တွေ


ဖြစ်ကြတဲ့ ကိုညီညီဦး၊ ကိုသန့်ဇော်၊ ကိုမိုးကျော်သူတို့ ၃ ဦးဟာ အမှုနဲ့ ပတ်သက်မှုမရှိဘဲ သေဒဏ်ချမှတ်ခြင်း
ခံရပေမယ့် ကိုမိုးကျော်သူကတော့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ဒီဖောက်ခွဲမှုမှာ ကေအန်ယူက ဗိုလ်မှူး ကိုကိုနိုင်ကို ဖမ်းမိပြီး သူလုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း
ဝန်ခံပြောကြားခဲ့ပေမယ့် ကိုညီညီဦးတို့ကို ပြန်မလွှတ်ပေးခဲ့ဘဲ ကိုညီညီဦးကို တောင်ငူထောင်နဲ့ ကိုသန့်ဇော်ကို
သရက်ထောင်မှာ အကျဉ်းချထားတာ နှစ် ၂ဝ ကျော်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသံရုံး (စင်္ကာပူ)
စာအုပ်နီချစ်သူ
မတ် ၁၈၊ ၂၀၁၁ မိုးမခ

အမိမြန်မာနိုင်ငံကို သံယောဇဉ် ကြီးလွန်းလို့၊ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်ရမှန်း သိပေမဲ့ ခုချိန်ထိ


စာအုပ်နီလေးတွေကို မစွန့်လွှတ်နိုင်ရက်လို့၊ ဒီစာအုပ်နီကလေးကို တန်ဘိုးကြီးကြီး ပေးပြီး ကိုင်နေကြတဲ့သူတွေ
အများကြီးပါ။ ကျောင်းသားတွေ၊ အလုပ်သမားတွေက အစ သံဃာတော်များ အဆုံး ဒီစာအုပ်နီလေးတွေကို
ကိုင်ထားကြတာ အများကြီးပါ။

ဒီစာအုပ်တန်ဘိုးကလည်း သိကြတဲ့အတိုင်း သေးတာ မဟုတ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံကို အလည်အပတ်ပဲ


ဖြစ်ဖြစ်၊ အကြောင်းကိစ္စတခုခုနဲ့ပဲ ဖြစ်ဖြစ် ပြန်တော့မယ် ဆိုရင် ဒီစာအုပ်ကလေးတွေက တန်ဘိုးရှိမှန်း
သိလာလိမ့်မယ်။

ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ၊ ခွင့်နဲ့ပြန်ကြောင်း ထောက်ခံစာ၊ အလုပ် မလုပ်ကြောင်း ထောက်ခံစာ


စသဖြင့် ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိဘူးတဲ့ ထောက်ခံစာ ယူဖို့ သံရုံးကို သွားရပါလိမ့်မယ်။ ဒီအခါမှာ သံရုံးကို
နောက်ဆုံးအချိန်ထိ အခွန်ဆောင်ပြီး ဖြစ်ရပါမယ်။ ဒါကြောင့် အဲဒီအချိန်မှာ ဒီစာအုပ်နီလေးတွေ ဘယ်လောက်
တန်ဘိုးရှိတယ်ဆိုတာ သိလာကြရတယ်။

ဒီကြားထဲမှာမှ ကိုယ့်စာအုပ်က သက်တမ်းကုန်နေပြီ ဆိုရင် သက်တမ်းတိုးဖို့ကိစ္စက ပိုက်ဆံ ထပ်ထွက်ရဦးမယ်။


ကျွန်တော် ပြောချင်တာက ငွေကုန်တာကို မဟုတ်ပါဘူး။ လုပ်နည်း လုပ်ဟန်တွေကိုပါ။

လောလောလတ်လတ် စာအုပ်က သက်တမ်း ကုန်တော့မှာမို့ သံရုံးကို အဲဒီကိစ္စအတွက် ရောက်ခဲ့ပါတယ်။


သံရုံးရဲ့ စီစဉ်ဆောင်ရွက်ပုံလေးတွေကို ကြည့်ကြရအောင်။

ပထမဆုံး ၁ ရက်က လျှောက်လွှာတင်ဘို့ ရက်ချိန်းယူရပါတယ်။ အဲဒီနေ့မှာ ဘာမှ လုပ်မပေးပါဘူး။


ရက်ချိန်းယူပြီး ပြန်ရုံပါပဲ။ ရက်ချိန်းပေးထားတဲ့နေ့မှာ မနက်ပိုင်းသွားပြီး စာရွက်စာတမ်းတွေကို စိစစ်ဖို့ တန်းစီပြီး
တင်ရပါတယ်။

စာရွက်စာတမ်းတွေ စိစစ်ပြီးတော့ ဆက်ပြီး ငွေသွင်းဖို့နဲ့ ဆောင်ရွက်စရာတွေ လုပ်ပေးဘို့ ညနေပိုင်းမှာ တခေါက်


ပြန်လာခိုင်းပါလိမ့်မယ်။ မနက်ပိုင်းကနေ ညနေ ၄ နာရီ လောက်အထိ အချိန်ဖြုန်းဘို့ စဉ်းစားထားဖို့ လိုပါတယ်။
အချိန်မဖြုန်းချင်ရင်တော့ လမ်းစားရိတ် အကုန်ခံ၊ အိမ်တခေါက် ပြန်ပြီး ညနေ အချိန်နီးမှ တခေါက်ပြန်လာဘို့ပဲ။

အလုပ်ကနေ မနက်ပိုင်း ခဏလောက် ပြောပြီး ထွက်လာဖို့တို့၊ နေ့ဝက်ခွင့်တင်ပြီး နေ့လယ်


အလုပ်ပြန်သွားဖို့တော့ မစဉ်းစားနဲ့။ သံရုံးကလည်း အဲဒီကိစ္စ မစဉ်းစားဘူး။ အားလုံးကို အားနေတဲ့သူတွေလို့ပဲ
ယူဆထားပုံရတယ်။ ညနေပိုင်း သွားတဲ့အခါကျတော့ မနက်က တွက်ထားပေးတဲ့ အခွန်ငွေကို ပေးပြီး ဓါတ်ပုံရိုက်၊
လက်ဗွေနှိပ်၊ လက်မှတ်ထိုး စတဲ့ ကိစ္စတွေ လုပ်ရပါတယ်။
ဒီနေရာမှာလည်း အခွန်ငွေ ပေးဆောင်ပြီးကြောင်း စာရွက်ထုတ်ပေးရင်းနဲ့ အဲဒီစာရွက်ကို မိတ္ထူ ၁ စောင်ကူးပြီး
ပတ်စ်ပို့ စာအုပ်သစ်အတွက် စာရွက်စာတမ်းတွေ တင်ရင် အတူ တင်ပေးဖို့ မှာပါတယ်။ ဒီတော့ စာရွက်ရတဲ့သူက
ရုံးထဲမှာရှိတဲ့ ကော်ပီကူးစက်ကနေ မိတ္တူ ကူးကြရတာပေါ့။ ဒီလိုကူးတော့လည်း တချို့က မလုပ်တတ်လို့၊
တချို့ကျတော့လည်း အကြွေစေ့မရှိလို့ မေးရ၊ ရှာကြရနဲ့ အလုပ်များကြရပြန်ရော။ အဲဒါပြီးတော့ တခါ
စာအုပ်သစ်လုပ်ဖို့ စာရွက်စာတမ်းတွေ စိစစ်ဖို့နဲ့ လက်ဗွေနှိပ်ဖို့ တခေါက် တန်းစီရပြန်ရော။

(ဒီနေရာမှာ စဉ်းစားမိတာက ဘာလို့ ဒီမိတ္တူကို သံရုံးက ကူးမပေးတာလဲ၊ အဲဒီလို ကူးပေးပြီး မိတ္တူကူးခကို ၅၀ါး
(သို့) ၁ိ/- ယူရင်လည်း ပေးကြမှာပါပဲ။ ဘာဖြစ်လို့ လူတွေကို အလုပ်ရှုပ်အောင် ကူးခိုင်းရတာလဲ လို့။)

ဓာတ်ပုံရိုက်တုန်းက ပေးထားတဲ့ ဖြတ်ပိုင်းလေးပေါ်မှာ ဘယ်နေ့ စာအုပ်လာပြန်ရွေးရမယ်ဆိုတဲ့ နေ့စွဲကို


ရေးပေးထားပါလိမ့်မယ်။ (အဲဒီဖြတ်ပိုင်းလေးက စာအုပ်သစ်ထုတ်ရင် ပြရမှာ တဲ့) အဲဒီနေ့မှာ စာအုပ်သစ်
လာထုတ်ပေါ့။ အဲဒီလိုဆိုတော့ ငါ ဒီနေ့အဖို့ လာတဲ့ကိစ္စပြီးပြီ၊ အဲဒီနေ့ ကြိုက်တဲ့အချိန်ပြန်လာပြီး
စာအုပ်ထုတ်ရုံပဲလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။

ခုန ပေးလိုက်တဲ့ ဖြတ်ပိုင်းလေးကို သေချာ ဖတ်ကြည့်လိုက်တော့မှ အဲဒီနေ့ မနက်ပိုင်းမှာ စာအုပ်ဟောင်း


ပြန်လာအပ်ပြီး၊ ညနေပိုင်းမှာ စာအုပ်သစ် လာထုတ်ပါလို့ ရေးထားတာ တွေ့ရလိမ့်မယ်။ ဒီတော့မှ
အဲဒီနေ့ကျရင်လည်း သံရုံးကို ၁ ရက်ထဲ ၂ ခေါက် သွားရဦးမှာပါလားလို့ သဘောပေါက်သွားလိမ့်မယ်။ သံရုံးက
သူ့နိုင်ငံသားတွေကို မကြာမကြာ တွေ့ချင်ပုံရတယ်။ အခွန်ထမ်းတွေမှာ ဒီတနေ့လုံး သံရုံးကို မနက်တခေါက်
ညနေတခေါက် အခေါက်ခေါက်လာရလို့ ဒုက္ခ များကြမှာပဲ၊ တခေါက်ထဲနဲ့ အဆင်ပြေအောင် ဘယ်လို
လုပ်ပေးရမလဲလို့ မစဉ်းစားမိကြဘူးလား မသိဘူး။ အေးလေ၊ ဒါက သူတို့ကိစ္စမှ မဟုတ်တာ။ ပြောမှာပေါ့။
အဆင်ပြေအောင် အဲဒီလို မလာချင်ရင် ပွဲစားတွေနဲ့ လုပ်ခွင့်ပေးထားသားပဲလို့။

သံရုံးရဲ့ အခက်အခဲတွေကြီးပဲ ပြောပြီး ကောင်းတာလေးတွေလည်း ပြောမှတရားမှာပေါ့။ သံရုံးမှာ လက်ရှိ


ရှေ့ကကောင်တာတွေမှာ ထိုင်တဲ့ ၀န်ထမ်းတွေကတော့ အရင်ဝန်ထမ်းတွေနဲ့မတူ၊ ယဉ်ယဉ်ကျေးကျေး
သိမ်သိမ်မွေ့မွေ့နဲ့ ဆက်ဆံတာကတော့ သံရုံးရဲ့ တိုးတက်မှုတခုပါပဲ။

နောက်တခု ကြားသိခဲ့ရတဲ့ သတင်းကလည်း နတ်လူ သာဓုခေါ်ရမှာပါပဲ။ စလုံးမှာ အခွန်ဆောင်နေတဲ့သူတွေ


အသက် ၆၀ နှစ်ကျော်ရင် အခွန် ကင်းလွတ်ခွင့်ပြုပါတယ် တဲ့။

ပါတ်စ်ပို့စာအုပ်သစ် ထုတ်ယူရမည့်အစီအစဉ်

အစီအစဉ်ကတော့ အထက်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း မနက်ဖက်တခေါက် စာအုပ်ဟောင်း လာအပ်၊ ညနေတခေါက်


စာအုပ်သစ် လာထုတ်ပေါ့။

အဲဒီမှာ ပြောစရာလေးတွေ ထပ်ကြုံရပြန်ရော။ ဒီမှာ တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ၃ နှစ်က စာအုပ်သက်တမ်း


တိုးတုန်းမှာ ကြုံခဲ့ရတဲ့ အဖြစ်ကလေးပါ။ အဲဒီတုန်းက သံရုံးက အခုလက်ရှိ အဖွဲ့မဟုတ်ဘူး။ အရင်အဖွဲ့ပါ။
အဲဒီတုန်းက သံရုံးမှာ ရှေ့ပိုင်းက လုပ်စရာတွေပေးစရာတွေ ပေးပြီးလို့ စာအုပ်ထုတ်ဖို့ ရက်ချိန်းလိုက်ပါတယ်။
မှတ်မှတ်ရရ အဲဒါသောကြာနေ့ပါ။

အဲဒီတုန်းက ကောင်တာမှာ တာဝန်ကျတဲ့ ခပ်၀၀ အမျိုးသမီးက အဲဒီနေ့မှာ မနက်ပိုင်းက သံရုံးမှာ


အလုပ်များတတ်လို့ နေ့လယ်ဘက်မှ လာရွေးဘို့ သေချာမှာလိုက်တယ်။ အဲဒီနေ့ နေ့လယ်ပိုင်း စာအုပ်ထုတ်ဖို့
သွားတော့ သံရုံးလည်း ရောက်ရော သံရုံးက သံတံခါးကြီးက ပိတ်ထားပြီး၊ စာ ကပ်ထားတယ်။ အဲဒီနေ့
သောကြာက စပြီး ကောင်စစ် အလုပ်တွေကို သောကြာနေ့လည်ပိုင်းမှာ ဆောင်ရွက်ပေးမှာ မဟုတ်ဘူး ဆိုပြီး
ရေးထားတယ်။

တကယ်ဆိုရင် အဲဒီနေ့က နေ့လယ်ပိုင်းလာဖို့ သူတို့ ချိန်းထားတဲ့ သူတွေကိုတော့ ကြိုတင်


အကြောင်းမကြားနိုင်တောင် ဘယ်နေ့ထပ်လာကြပါ ဆိုတဲ့အကြောင်းလေးတော့ စာလေး ကပ်ထားပြီး
အသိပေးမထားသင့်ဘူးလားဗျာ။

ခုတော့ အလုပ်ထဲကနေ ဒီအကြောင်းပြချက်နဲ့ ထွက်လာခဲ့ပြီး၊ ဒီရောက်တော့ စာအုပ်လည်း မရ၊


ဘယ်တော့ပြန်လာရမယ် ဆိုတာလည်း မသိရနဲ့ ဘယ်လောက် စိတ်တိုစရာ ကောင်းသလဲ စဉ်းစားကြည့်ကြပါ။

နောက်ပိုင်း သတင်းကြားရတာက၊ အဲဒီအချိန်က စာမေးပွဲအချိန် ဖြစ်နေလို့ သံရုံးဝန်ထမ်းတွေက စာမေးပွဲစောင့်ဖို့


သွားကြရလို့ ဆိုတာပဲ။

ဒီတခါတော့ တနေ့ကို ၂ ခေါက်လာရတာကလွဲရင် လုပ်ထားတဲ့ အစီအစဉ်က သိပ်မဆိုးလှတော့


ချိန်းတဲ့နေ့ကျရင်တော့ စာအုပ်ရမှာပဲလို့ တွေးထားမိတာ၊ အဲဒီနေ့ မနက် စာအုပ်အပ်ဘို့ သွားတဲ့အခါမှပဲ
မှားပါတယ်လို့ သိလိုက်ရတယ်။

စာအုပ်လာအပ်ကျတဲ့အခါကျတော့ တဦးချင်း သူတို့စာရင်းတွေနဲ့ တိုက်ပြီး စစ်ဆေးရသေးတယ်။ အစက


စာအုပ်ပြန်အပ်ပြီး ကိစ္စပြီးပြီ မကြာဘူးလို့ ထင်ထားတာအခုတော့ စစ်ဆေးနေတာစောင့်ရုံပေါ့။

ကိုယ့်အလှည့်လည်းရောက်ရော စာရွက်စာတမ်းတွေ ပြန်စစ်ဆေးပြီးတော့ စာအုပ်မလောက်လို့ WP,EP,SPass


တွေကို ဦးစားပေးရလို့ ဒီနေ့မရနိုင်ဘူးလို့ ပြန်ပြောတယ်။ ဘယ်လောက် ကျွဲမြီးတိုသွားမယ်ဆိုတာ
ကိုယ်ချင်းစာကြည့်မိကြမှာပါ။

ဒါကြောင့် ဒီနေ့လာပါ ဆိုတာ သံရုံးက ချိန်းတာပါ၊ ကိုယ့်ဘက်က ဘယ်နေ့ဖြစ်အောင် လုပ်ပေးပါလို့


တောင်းဆိုထားတာမဟုတ်ဘဲနဲ့ ဘာကြောင့် ဒီလိုဖြစ်ရတာလဲလို့ စောဒက တက်ကြည့်တော့ ကောင်တာက
ဝန်ထမ်းက သူတို့ နောက်ထပ်ရက် ချိန်းပေးပါ့မယ်၊ အဲဒါသဘောမတူရင် လူကြီးနဲ့ တွေ့ပြီး ပြောပါလို့
ပြောပါတယ်။

အစကတော့ တော်တော် စိတ်တိုသွားခဲ့ပေမဲ့ နောက်တော့ ပြန်စဉ်းစားကြည့်တော့ သူလည်း ၀န်ထမ်း ဆိုတော့


အထက်က ပြောတဲ့အတိုင်း လုပ်ရတာပဲလေ။ သူနဲ့ ရန်ဖြစ်နေလည်း အကြောင်းထူးမှာ မဟုတ်ဘူးဆိုပြီး
ပေးတဲ့ရက်ချိန်းကို ယူပြီးတော့ အဲဒီနေ့တော့ ရမှာပါနော်လို့ သေချာအောင် မေးရသေးတယ်။ မေးသာ မေးတာ၊
အဲဒီနေ့ကျမှ မရသေးဘူး ဆိုလည်း စိတ်တိုရမှာကလွဲပြီး ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။

ဒီမှာလည်း စဉ်းစားကြည့်ကြရအောင်။ သံရုံးက ဒီနေ့လာပါလို့ ချိန်းထားပြီး၊ အဲဒီနေ့မှာ


မဆောင်ရွက်ပေးနိုင်မှန်းသိရင် အဲဒီသူကို ကြိုတင် အကြောင်းမကြားသင့်ဘူးလား။ ဒါဆို အချိန်ကုန်၊
အလုပ်ပျက်ခံ၊ လမ်းစားရိတ် ကုန်ခံရမဲ့ ဒုက္ခ မငြိမ်းဘူးလား။ အခုတော့ အခွန်ထမ်းတွေကို အမြဲတမ်း
အားနေတဲ့လူတွေလို့ သဘောထားလို့လား။ ဒါမှမဟုတ် ဒါ သူတို့ပြဿနာ ငါတို့န့မ
ဲ ဆိုင်ဘူးလို့ပဲ
သဘောထားလို့လား။ နောက်တခေါက် ချိန်းတဲ့ရက်က အရင်ရက်ထက် ၃ ပတ်လောက် ကွာပါတယ်။

တကယ်တော့ ကျွန်တော့ ပတ်စ်ပို့ သက်တမ်းက ကုန်လုနေပါပြီ။ ဒါကို ဘာပြောလဲ ဆိုတော့၊ ဒီရက်မှာ


ခရီးသွားစရာမရှိဘူး မဟုတ်လား၊ PR က သက်တမ်းကျော်သွားလဲ ကိစ္စမရှိပါဘူး တဲ့။ ခရီးထွက်တာ
မထွက်တာက ဘယ်လို သေချာပေါက်ပြောမလဲ။ ဒီကြားထဲ အရေးပေါ် ခရီးထွက်ဖို့ ကြုံလာရင် ဘယ်လိုလုပ်မလဲ။
ဒါပေမဲ့ ဒါတွေ လျှောက်ရှည်နေရင် ကိုယ်ပဲ ပို စိတ်တိုရ၊ ဒေါသ ထွက်ရဖြစ်မှာမို့ နောင်ခါလာနောင်ခါဈေးပဲ ဆိုပြီး
ချိန်းတဲ့ရက်ပဲ ယူလာခဲ့တော့တယ်။

ချိန်းတဲ့နေ့ ရောက်ခါနီးတော့မှ သတိထားမိတာက အဲဒီနေ့ ၁၀ တန်း စာမေးပွဲတွေ စစ်တဲ့အချိန် ဖြစ်နေတယ်။


ဒီတော့ လွန်ခဲ့တဲ့ ၃ နှစ်က အတွေ့အကြုံကို သတိရမိပြီး အခုတခေါက်ရော ဒီလိုများ ကြုံရဦးမှာလားလို့
တွေးပူမိတယ်။

ချိန်းတဲ့နေ့ရောက်လို့ ခပ်လန့်လန့်နဲ့ပဲ မနက်ပိုင်း စာအုပ်သွားအပ်တော့၊ ညနေ ၅ ကျော်မှာ ပြန်လာပြီး


စာအုပ်ထုတ်ဖို့ ပြောတယ်။ ဒီတော့မှ ဒီနေ့တော့ သေချာပြီလို့ စိတ်အေးရတော့တယ်။ ညနေ
စာအုပ်ထုတ်ပေးတော့ ၅ နာရီခွဲ လောက်ရှိနေပါပြီ။ သံရုံးမှာ လူတွေကတော့ မစဲသေးပါဘူး။
သံရုံးဝန်ထမ်းတွေလည်း တော်တော် အလုပ် လုပ်ကြရပါတယ်။ ကျွန်တော်ပြန်တဲ့ အချိန် ၆ နာရီလောက်အထိ
အလုပ်များနေကြတုန်းပဲ။

စာအုပ်တွေ ပြန်ပေးတော့ နာမည်ခေါ်ပြီး ပေးပါတယ်။ ကိုယ်ကတော့ ငါ့နာမည်ခေါ်ပြီး စာအုပ်ရရင် ပြန်လို့ရပြီလို့


ထင်နေတာ၊ ရှေ့က မိန်းကလေးတယောက် စာအုပ်ရပြီးမှ ပြန်တန်းစီနေတာ တွေ့တော့ မေးကြည့်မိတယ်။
အဲဒီတော့မှ register စာအုပ်ထဲမှာ ဖြည့်ဖို့ တန်းစီရတာလို့ သိရတယ်။

ဒီတော့ စာအုပ်ထုတ်ပြီးတော့ အဲဒါလုပ်ဖို့ တခါ တန်းစီရပြန်တာပေါ့။ အဲဒီ register စာအုပ်ထဲမှာ ဘာတွေ


ဖြည့်ရသလဲဆိုတော့ နာမည်၊ PP အဟောင်းနံပါတ်၊ PP အသစ်နံပါတ်၊ ဒါပါပဲ။ ဒီတခါလည်း ပြောစရာက
တွေ့ပြန်ရော။ ဒီအချက်အလက်တွေကို Database ထဲမှာ မှတ်မထားဘူးလား။ အခုစာအုပ်ထဲမှာပဲ
မှတ်တယ်ဆိုရင် ပြန်ရှာချင်ရင် ဘယ်လိုရှာမလဲ။

နာမည်တွေ နံပါတ်တွေ ရေးထည့်ထားတာ အက္ခရာစဉ်လိုက်လည်း မဟုတ်၊ နံပါတ်စဉ်လိုက်လည်း မဟုတ်


ဘယ်လိုရှာကြမလဲ။ နောက်မှ ဒါ ငါ့ပြဿနာမှမဟုတ်တာ ဆိုပြီး ခေါင်းရှုပ်ခံမနေတော့ဘဲ ကိုယ့်စာအုပ်ကလေး
ကိုယ်ယူပြီး ပြန်ခဲ့ပါတော့တယ်။

သံရုံးက အခွန်ငွေတွေ တိုးတက် ပွားများလာသလို အခွန်ထမ်းတွေ အတွက်လည်း ဒီထက် လွယ်ကူချောမွေ့တဲ့၊


ပိုမိုသက်သာ ကောင်းမွန်တဲ့ အစီအစဉ်တွေု ဆောင်ရွက်ပေးနိုင်ကြပါစေ။ PP သက်တမ်းကိုလည်း
နိုင်ငံတကာစံနှုန်းအတိုင်း ၁၀ နှစ်လောက်ထိ တိုးပြီး ပေးနိုင်ပါစေ။
မူရင်းပေးစာ - http://drlunswe.blogspot.com/

အချိန်ပြည့် အထူးသံခန့်ရေး ကုလ စဉ်းစားဆဲ


သောမတ်စ်မောင်ရွှေ | သောကြာနေ့၊ မတ်လ ၁၈

ချင်းမိုင် (မဇ္စ
မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမန
ွ်းအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ
အချိန်ပြည့် ကုလ အထူးသံတမန်တဦး ခန့်အပ်ရန် စဉ်းစားဆဲဟု သူ၏ ပြောခွင့်ရသူက နယူးယောက်တွင်
ကြာသပတေးနေ့က ပြောခဲ့သည်။

ကြားကာလတွင် ထိုတာဝန်ကို အိန္ဒိယ သံတမန်ဟောင်း ကုလရုံးအရာရှိချုပ် ဗီဂျေးနမ်ဘီးယားကို


ယာယီခန့်ခဲ့သည်မှာ တနှစ်ကျော်ပြီဖြစ်ကာ၊ ယခုလဆန်း၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့အရေးအတွက် ကုလ အချိန်ပြည့် အထူးသံတမန်ကို တတ်နိုင်သမျှ မြန်ဆန်စွာ
ခန့်ထားပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်သော အာရှအသံ RFA သို့ မတ်လ ၄ ရက်နေ့တွင် “မြန်မာ့အရေးကို


နက်ရှိုင်းစွာ စောင့်ကြည့်လေ့လာဖို့အတွက် ကုလသမဂ္ဂအနေနဲ့ တာဝန်ယူတတ်တဲ့ ပုဂ္ဂိုလ်တဦးကို
မြန်မာနိုင်ငံဆိုင်ရာ အချိန်ပြည့် ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်သင့်ပြီလို့ ကျမ ထင်ပါတယ်။ ဒါဆိုရင်
အဲဒီသံတမန်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကို အသေးစိတ်
အစီရင်ခံနိုင်တော့မှာပါ။ ဒါကြောင့်မို့ ကျမအနေနဲ့ အချိန်ပြည့် အထူးသံတမန်ကို တတ်နိုင်သမျှ
မြန်မြန်ခန့်အပ်ပေးဖို့ မျှော်လင့်နေပါတယ်” ဟု ပြောခဲ့သည်။

ဤမေတ္တာရပ်ခံမှုကို ကုလပြောခွင့်ရသူက ပြန်ကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ


မြန်မာမိတ်ဆွေများအဖွဲ့ Friends of Myanmar Group ရှိ ကုလအဖွဲ့ဝင် နိုင်ငံများကလည်း မြန်မာနိုင်ငံဆိုင်ရာ
အထူးသံခန့်ရေး တောင်းဆိုသည်ဟု ဆိုသည်။

“အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ အဲဒီစိတ်ကူး အိုင်ဒီယာတွေ၊ မေတ္တာရပ်ခံချက်တွေကို မှတ်သားထားပြီး


ဆုံးဖြတ်ချက်ချဖို့အတွက် ထည့်သွင်းစဉ်းစားသွားမှာပါ” ဟု သူက ပြောခဲ့သည်။

လွန်ခဲ့သည့် ၃ လခန့်တွင်လည်း ကုလဆိုင်ရာ ဗြိတိန်နှင့် မက္ကဆီကို သံအမတ်များက Inner City Press


သတင်းထောက် Matthew Russell Lee ကို ပြောခဲ့ရာ၌ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်အနေဖြင့် မစ္စတာ
နမ်ဘီးယား၏ နေရာတွင် မြန်မာနိုင်ငံဆိုင်ရာ အချိန်ပြည့် ကုလသံတမန်တဦးကို အလျင်အမြန်
ခန့်ပေးစေလိုကြောင်း ပြောကြားခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က အထူးသံတမန် နေရာအတွက် “တာဝန်ယူတတ်သော ပုဂ္ဂိုလ်” ကို အလိုရှိသည်ဟု


သုံးနှုန်းသွားသည်မှာ မစ္စတာနမ်ဘီးယား မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ်
တာဝန်ယူခဲ့သော မစ္စတာ ဂမ်ဘာရီကို သူ၏ နေအိမ်အထိန်းသိမ်းခံရစဉ်က တကြိမ်တွင် ဂမ်ဘာရီနှင့် တွေ့ဆုံရန်
ငြင်းပယ်ခဲ့ခြင်းကို ရည်ညွှန်းဖွယ်ရာ ရှိသည်။ မစ္စတာဂမ်မှာ နိုင်ဂျီးရီးယား စစ်အာဏာရှင် Sani Abacha
လက်ထက်က ကုလဆိုင်ရာ နိုင်ဂျီးရီးယား သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ပြည်သူ့အကျိုးပြု လုပ်ငန်းများ NLD တိုးမြှင့်မည်


ကျော်ခ | သောကြာနေ့၊ မတ်လ ၁၈

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပါတီရုံးခွဲ မရှိသေးသည့် ကယားပြည်နယ်မှအပ ပြည်နယ်/တိုင်း ၁၃ ခုတွင်


ပြည်သူ့အကျိုးပြု လုပ်ငန်းများ အရှိန်ဟုန်မြင့် လုပ်ဆောင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က
ပြောဆိုသည်။

ဗဟန်းမြို့နယ် NLD ရုံးချုပ်တွင် ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် ပြည်နယ်နှင့် တိုင်း မြို့နယ်စည်းအဖွဲ့၊


အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့ ကိုယ်စားလှယ် စုစုပေါင်း ၅၄ဝ ကျော်တို့ ယခုလ ၉-၁၈ ရက်နေ့အထိ တွေ့ဆုံကာ၊
၎င်းတို့ဒေသများ၌ လိုအပ်သည့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များကို တင်ပြဆွေးနွေးအပြီး
ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ပြည်သူလူထုရဲ့ ဘဝက လိုအပ်ချက်တွေ အရမ်းများလာနေပါပြီ။ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားပေါ့။


စတဲ့ လိုအပ်ချက်တွေ များလာနေတဲ့ ပြည်သူလူထုကို ကူညီနိုင်ဖို့ ပြည်နယ်တိုင်းတွေကို ပြည်သူ့အကျိုးပြု
လုပ်ငန်းတွေကို လုပ်ခိုင်းနေပါတယ်။ အခမဲ့ဆေးခန်းဖွင့်တာတို့၊ ပညာဒါနတို့၊ သွေးလှူဒါန်းတာတို့၊
သောက်သုံးရေရရှိရေး ကူညီနိုင်တာတို့ စတဲ့ ဟာတွေ ကူညီပေးစရာတွေ ရှိတယ်” ဟု အဖွဲ့ချုပ်ပြောခွင့်ရ
ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲသို့ NLD ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊


ဗဟိုအလုပ်မှုဆောင်ဝင်များ၊ ပြည်နယ်/တိုင်း ၁၃ ခုမှ စည်းအဆင့် ၃ ဦးစီ၊ မြို့နယ်စည်းအဆင့် ၂ ဦးစီ၊
အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ် ၂ ဦးစီနှင့် လူငယ်အဖွဲ့ ၂ ဦးစီဖြင့် ဆွေးနွေးရက် ၁ဝ ရက်အတွင်း ဦးရေ ၅၄ဝ
ကျော် တက်ရောက်ခဲ့သည်။
ပြည်နယ်/တိုင်းများတွင် လုပ်ကိုင်နေသည့် ပြည်သူ့အကျိုးပြုလုပ်ငန်း အားနည်းချက်၊ အားသာချက်များ
ဆွေးနွေးခဲ့ပြီး၊ တိုးမြှင့်လုပ်ကိုင်သွားမည်ဖြစ်ကာ၊ လုပ်ဆောင်ပေးမည့် ဒေသများလည်း တိုးချဲ့သွားမည်ဖြစ်သည်။

“အခုပြည်သူလူထုမှာ အဓမ္မ လယ်ယာမြေသိမ်းမှု ကိစ္စတွေဖြစ်တယ်။ နောက် ဥပဒေမဲ့ လူ့အခွင့်အရေး


ချိုးဖောက်ခံရမှုတွေကိုလည်း ဥပဒေအထောက်အကူပြုအဖွဲ့က ဘယ်လိုကူညီနိုင်မလဲဆိုတာ ဆွေးနွေးတယ်။
နောက် ရေရှည်ဆောင်ရွက်သွားဖို့ ကိစ္စတွေကိုလည်း မှတ်သားထားပြီးတော့ ဆက်လက်ဆောင်ရွက်
သွားဖို့ရှိတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
ပြည်နယ်/တိုင်း၊ မြို့နယ်စည်းများ၏ တင်ပြတောင်းဆိုမှုများကို ဗဟိုက ချက်ချင်းလုပ်ပေးနိုင်မည့် ကိစ္စများကို
ဆုံးဖြတ်လုပ်ဆောင်ပေးခဲ့သလို၊ အချိန်ယူ လုပ်ငန်းများကို ဆက်လုပ်သွားမည်ဖြစ်ကြောင်းနှင့်
ယင်းသို့ကူညီမှုများကို NLD သို့ ပြည်သူက လှူဒါန်းသည့် ငွေများဖြင့် ဖြည်းဖြည်းချင်း
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် ပညာရေး၊


ကျန်းမာရေး ကူညီရေးသာမက၊ နိုင်ငံရေးအကျဉ်းသားများကိုပါ ထောက်ပံ့ပေးနေသည်များလည်း ရှိသည်။

၂ဝ၁ဝ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ဂီရိမုန်တိုင်းသင့် ပြည်သူများကို ကူညီပံ့ပိုးခဲ့သလို၊ ၂ဝဝ၈ ခုနှစ်


ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းသင့် ဒေသအချို့၌ ရေတွင်းရေကန်များ တူးဖော်ပေးခဲ့သေးသည်။

နောက်ဆုံးရက် ယနေ့၌ ကချင်ပြည်နယ်နှင့် ဆွေးနွေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊


ပြည်နယ်/တိုင်း ၁၃ ခုမှ ခေါင်းဆောင် ၅၄ဝ ကျော် တက်ရောက်သဖြင့် အောင်မြင်သည့် ဆွေးနွေးမှုအဖြစ်
ပါတီခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။

“အဖွဲ့ချုပ်ဟာ မှတ်ပုံတင်မထားတော့ဘူး၊ မရှိတော့ဘူးပြောပြော၊ ရှိတယ်ပဲပြောပြောပေါ့ဗျာ။ အဖွဲ့ချုပ်ဟာ


ပြည်သူလူထုကြားမှာ ခိုင်ခိုင်မာမာ ဆက်လက်ပြီးတော့ ရှိနေတယ်ဆိုတာ။ ဒါ အထင်ရှားဆုံး သာဓကပဲ။ ဒါကိုက
အဓိက ဒီဆွေးနွေးပွဲရဲ့ အောင်မြင်ချက်ဖြစ်တယ်လို့ အဲလို သုံးသပ်ကြပါတယ်။ ပြည်သူလူထုကလည်း
အားကိုးနေဆဲပဲဆိုတာ တောင်းဆိုနေမှုတွေက သက်သေပါပဲ” ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့
သုံးသပ်ချက်ကို ဦးအုန်းကြိုင်က ပြောပြသည်။

မြန်မာပြည်သူများ ဒုက္ခ ဖော်ပြသည့် စာအုပ် မိတ်ဆက်ပွဲကျင်းပ


2011-03-18 RFA

မြန်မာစစ်အစိုးရလက်အောက် ရှင်သန်ရတဲ့ ဘဝအစုံစုံ ပြန်ပြောင်း ပြောပြထားတာတွေကို စုစည်းပြီး Nowhere


to be Home (ဘယ်မှာမှ အိမ်မဟုတ်နိုင်) ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ
မြို့တော်မှာ မတ်လ ၁၇ ရက် မနေ့က ကျင်းပခဲ့ပါတယ်။
စာအုပ်ခေါင်းစဉ်ခွဲကတော့ Narratives from Survivors of Burma’s Military Regime
မြန်မာစစ်အစိုးရအောက် ရှင်သန်ကျန်ရစ်သူတွေ ပြောပြတဲ့ အကြောင်းအရာတွေလို့ နာမည်ပေးထားပါတယ်။

Burma Restaurant မြန်မာစားတော်ဆက်မှာ ကျင်းပတာ ဖြစ်ပြီး စာအုပ်ရေးသားတဲ့ အမေရိကန် စာရေးဆရာမ


Maggie Lemere နဲ့ Zoe West တို့ က ဒီ စာအုပ်အကြောင်းကို မိတ်ဆက်ပေးပါတယ်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း တိုင်းပြည်က ထွက်ပြေးရပြီး ထိုင်းနိုင်ငံကတဆင့်


တတိယနိုင်ငံအဖြစ် အမေရိကန် ပြည်ထောင်စုမှာ အခြေချ နေထိုင်နေရတဲ့ ဓာတ်ပုံ သတင်းထောက်
လောအယ်စိုးနဲ့ ဦးဥဂ္ဂဉာဏတို့ ပြောတာတွေကိုလည်း စိတ်ဝင်စားဖွယ် တင်ပြထားပါတယ်။

ဒါ့အပြင် ထိုင်း၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ရောက်နေကြပြီး မြန်မာနိုင်ငံကို ပြန်လို့မရကြတဲ့ နိုင်ငံရေး


အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး အရလှုပ်ရှားသူတွေ။ သတင်းထောက်တွေ၊ ရိုဟင်ဂျာတွေနဲ့
တိုင်းရင်းသားတွေရဲ့ ဘဝ အဖုံဖုံကိုလည်း ဖော်ပြထားပါတယ်။

စာရေးသူ နှစ်ဦးဟာ ပြည်တွင်းကိုလည်း ရောက်သွားခဲ့ပြီး နာဂစ် မုန်တိုင်းဒဏ်သင့်သူတွေနဲ့ မုန်တိုင်း ဒုက္ခသည်


ကယ်ဆယ်ရေး လုပ်ကိုင်ရင်း အကျဉ်းချခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ သတင်းထောက်နဲ့ တွေ့ဆုံခဲ့ပြီး
သူတို့ပြောပြတဲ့ အကြောင်းတွေကိုလည်း တဆင့် ဖောက်သည်ချထားပါတယ်။
စာအုပ် အဖွင့်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း Mary Robinson က အမှာစကား
ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး


2011-03-18 RFA

NLD အမျိုးသား ဒီမိုကရေးအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NDF အမျိုးသား ဒီမိုကရေစီ


အင်အားစု ပါတီခေါင်းဆောင်တွေ မတ်လ ၁၇ ရက် မနေ့က တနာရီကြာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး၊ အန်အယ်ဒီဘက်က အထွေထွေ


အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီ ဗဟိုကော်မတီဝင် ဦဝင်းထိန်တို့ တက်ရောက်ခဲ့ပြီး၊ NDF ဖက်က
ပါတီနာယက ဦးခင်မောင်ဆွေနဲ့ ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အခုတွေ့ဆုံမှုဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး၊ ပထမအကြိမ်ကိုတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း


ဦးတင်ဦးရဲ့ နေအိမ်မှာပဲ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ပထမအကြိမ် တွေ့ဆုံစဉ်က လူမှုရေးကိစ္စတွေပဲ သီးသန့်
ပြောဆိုခဲ့ကြပေမဲ့ အခုတကြိမ်မှာတော့ နိုင်ငံရေးကိစ္စတွေပါ ဆွေးနွေးခဲ့ကြတယ်လို့ NDF ခေါင်းဆောင်
ဦးခင်မောင်ဆွေက ပြောပါတယ်။

“ဒီလိုမေးပါတယ် ဒေါ်စုက။ ဒီ NDF ရဲ့ လက်ရှိ သွားနေတဲ့ လမ်းကြောင်း ဘယ်လို ရှိသလဲပေါ့။ ဘယ်လို
ရည်မှန်းထားသလဲပေါ့။ ဒါတွေလည်း မေးပါတယ်။ နောက်ပြီး ကျွန်တော်တို့ကလည်းပဲ NLD နောက်ဆုံး
regitration ပေါ့လေ၊ မှတ်ပုံတင်တဲ့ ကိစ္စ နောက်ပိုင်းမှာ ဘာကြောင့် မှတ်ပုံတင်မတိုင်ခင် အဖြစ်အပျက်တွေကို
ကျွန်တော်တို့ ရှိစဉ်ကာလက အကြောင်းတွေကို ရှင်းပြပါတယ်။ ရှင်းပြပြီးမှ ကျွန်တော်တို့ ဒီလို ပါတီတခု
ပေါ်အောင် ဘာကြောင့် လုပ်ရတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဒေါ်စု နားလည်အောင်ပေါ့လေ၊ ကျွန်တော်တို့
ပြောပြပါတယ်။ ပြီးတော့ ဒီ NDF က လွှတ်တော်ထဲမှာ အခု ဘယ်လို ပုံစံနဲ့ သွားနေသလဲပေါ့။ လွှတ်တော်မှာ
ကျွန်တော်တို့ ကြိုးပမ်းနေတဲ့ ကိစ္စတွေ ဒါတွေလည်း သူသိချင်တာတွေ ရှလ
ို့ ကျွန်တော်တို့ ရှင်းပြပါတယ်။”

ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်းစတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်တွေဟာ ယခင်


NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်ဟောင်းတွေ ဖြစ်ပြီး၊ ရွေးကောက်ပဲဝ
ွ င်ဖို့ NDF ကို ထူထောင်ခဲ့ကြသူတွေ
ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NDF ခေါင်းဆောင်တွေ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ NDF ခေါင်းဆောင်


ဦးခင်မောင်ဆွေနဲ့ NLD ဗဟိုကော်မတီဝင် ဦဝင်းထိန်တို့ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်
တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက် အသံဖိုင်ယူရန်

ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီယား သမတ ထောက်ခံ


2011-03-18 RFA

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီးယားနိုင်ငံ သမတ Elbegdorj က မတ်လ ၁၇


ရက် မနေ့ညက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေမှုတွေကို
ထောက်ခံ အားပေး စကားပြောခဲ့တယ်လို့ မွန်ဂိုလီးယားနိုင်ငံ သမတရုံးက သတင်းထုတ်ပြန်ပါတယ်။

မွန်ဂိုလီယား သမတက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂


ထောင်ကျော်အတွက် အင်မတန် စိုးရိမ် ပူပန်နေဆဲ ဖြစ်ကြောင်း၊ မွန်ဂိုလီးယားနိုင်ငံအနေနဲ့ ဖိနှိပ်မှုအောက်က
လွတ်မြောက်ပြီး လူ့အခွင့်အရေးနဲ့ စီးပွားရေးတိုးတက်လာအောင် ပြုပြင်ပြောင်းလဲ လုပ်ဆောင်ခဲ့တာတွေဟာ
မြန်မာနိုင်ငံအတွက် ဥပမာဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် မွန်ဂိုလီယားသမတက အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ လွတ်လပ်ခွင့် ရရှိဖို့ တောင်းဆို ကြိုးပမ်းနေကြတဲ့


သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အခြေအနေတွေကို ဆက်လက် ကြည့်ရှု အားပေးနေသလို
မြန်မာပြည်သူတွေ အနေနဲ့လည်း ဒီမိုကရေစီရရှိဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ အားအင် အပြည့်အဝ သုံးပြီး
ဆောင်ရွက်နိုင်မဲ့ စွမ်းအားကို သူ့အနေနဲ့ ယုံကြည်ကြောင်း ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

တဆက်တည်း မြန်မာ စစ်အစိုးရအနေနဲ့လည်း လွတ်လပ်ခွင့်ကို လိုလားတဲ့ မြန်မာ တိုင်းရင်းသား ပြည်သူတွေ


အပေါ် နှစ်ပေါင်းများစွာ အကြမ်းဖက် ဖိနှိပ်လာခဲ့တာတွေကို သတိပြု ဆင်ခြင်ဖို့နဲ့ ဒီမိုကရေစီဆိုတာ ခုံခုံမင်မင်နဲ့
ဖက်တွယ်စရာသာ ဖြစ်ပြီး ကြောက်လန့်စရာ မဟုတ်ဘူးဆိုတာ သဘောပေါက်စေလိုကြောင်း မွန်ဂိုလီယား
သမတက ပြောကြားပါတယ်။
မွန်ဂိုလီးယားသမတ Elbegdorj ဟာ မနှစ်က အောက်တိုဘာ ၃ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ
ကျင်းပခဲ့တဲ့ ဥရောပ-အာရှ ထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က
အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ် ပါတီကိုယ်စားလှယ်များနှင့် NLD ဗဟိုခေါင်းဆောင်များ ဆွေးနွေး


2011-03-18 RFA

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ကချင်ပြည်နယ်က စည်းရုံးရေး


ကော်မတီဝင်တွေ၊ ကိုယ်စားလှယ်တွေ ပါတီဌာနချုပ်ရုံးမှာ မတ်လ ၁၈ ရက် ဒီကနေ့ အစည်းအဝေး
ပြုလုပ်ခဲ့ကြရာ ကချင်ပြည်နယ် စည်းရုံးရေးကော်မတီဝင် ၈ ဦးနဲ့ မြို့နယ် စည်းရုံးရေး ကော်မတီဝင် ၁၃ ဦး၊
စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ သဘာပတိ အဖြစ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ဆောင်ရွက်ပါတယ်။ သဘာပတိ မိန့်ခွန်းပြောပြီးနောက်


ဒေါ်အောင်ဆန်းစုကြည်ကလည်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ပြန့်နှံ့နေပြီး လူငယ်တွေ နိုင်ငံရေးနဲ့ ကင်းကွာလာကြောင်း၊


ဒါ့အပြင် ယုဇနလို ကုမ္ပဏီတွေနဲ့ အာဏာပိုင်နဲ့ ပေါင်းပြီး လယ်ယာသိမ်းယူမှုတွေ ရှိနေကြာင်း၊ အန်အယ်ဒီ
အနေနဲ့ တတ်နိုင်သမျှ ကာကွယ် လုပ်ဆောင်ပေးတာတွေလည်း ရှိကြောင်း တင်ပြခဲ့ကြပါတယ်။ ဒါ့အပြင်
စက်ယန္တရားတွေ အသုံးပြုပြီး သစ်တောတွေကို ခုတ်ထွင် ရောင်းချနေတဲ့အတွက် သစ်တောတွေလည်း
ပြုန်းတီးကုန်ပြီ ဖြစ်ကြောင်း တက်ရောက်လာတဲ့ မြို့နယ် ကိုယ်စားလှယ်တွေက တင်ပြခဲ့ပါတယ်။

မြို့နယ်တွေအလိုက် တင်ပြပြီးသွားတဲ့အခါ ဦးတင်ဦး။ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်တို့က


ပြန်လည်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပါတီတွင်း စည်းလုံးညီညွတ်ရေး နဲ့
ဒီမိုကရေစီ အခြေခံသဘောတရားတွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက် ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အစီအစဉ်မှာ ဒီကနေ့


ကချင်ပြည်နယ်နဲ့ တွေ့ဆုံမှုဟာ နောက်ဆုံး ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက် ဗဟိုအလုပ်အမှုဆောင်နဲ့ ဆွေးနွေးတဲ့ အစီအစဉ်အတွင်း ကိုယ်စားလှယ် စုစုပေါင်း


၅၄၀ ကျော် တက် ရောက်ခဲ့ပြီး ဒါဟာ အောင်မြင်မှုတရပ် ဖြစ်ကြောင်း အန်အယ်ဒီ ခေါင်းဆောင်တွေက
မှတ်ချက်ပြု ပြောဆိုပါတယ်။ ကယားပြည်နယ်ကတော့ အကြောင်းကြောင်းတွေကြောင့် တက်ရောက်နိုင်ခဲ့ခြင်း
မရှိပါဘူး၊

အနုမြူ ကောလာဟလကြောင့် နယ်စပ်နှင့် ကချင်ပြည်နယ်မှာ ဆားဈေး သုံးဆခုန်တက်


2011-03-18 RFA

တရုတ်-မြန်မာနယ်စပ်မှာ ဆားဈေးနှုန်းတွေ မတ်လ ၁၇ ရက် မနေ့ကတည်းက ရုတ်တရက် ခုန်တက်နေရာ ဒီနေ့


မြန်မာနိုင်ငံ အထက်ပိုင်း ဗန်းမော်မြို့နဲ့ မြစ်ကြီးနားမြို့မှာလည်း ကောလာဟလ သတင်းတွေနဲ့ တရုတ်နယ်စပ်က
အဝယ်များလာတာကြောင့် ဆားဈေးနှုန်းတွေ ၃ ဆ လောက် မြင့်တက်နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဆားဈေးတက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့


မြစ်ကြီးနားမြို့ခံတယောက်က ခုလို ပြောပါတယ်။

“ဆားတွေလည်း ပြတ်နေတယ် တပိဿာကို ၈၀၀ ကျမတို့ မနက်က ဝယ်တာတောင် အရင်က ၃၀၀ ပဲ


တရုတ်ပြည်က လာဝယ်လို့တဲ့ ဝယ်လို့တော့ နည်းနည်းပါးပါးပဲ ရတော့တယ် တအားဝယ်ကြတော့လေ။
ဆိုင်တွေက ပြတ်နေတာ ရထားတွဲမှာလည်း ပစ္စည်းက နည်းနည်း တင်ရခက်တယ်လေ ရန်ကုန်ဖက်ကနေ
လာတာလေ ပဲခူးတို့ဘာတို့ကနေ။”

ကချင်ပြည်နယ်ဗန်းမော်မြို့မှာလည်း အလားတူ ဆားဈေးတွေ အဆမတန်တက်နေတယ်လို့ ဗန်းမော်


ဒေသခံတယောက်က ပြောပါတယ်။
“အရင်က တပိဿာ ၃၀၀၊ ၄၀၀ ပဲရှိတာ အခု မြို့ထဲမှာ ၁၅၀၀ ဖြစ်နေတယ်တဲ့။ တကယ့် ဆားရောင်းတဲ့ ဆိုင်
ကုန်စုံဆိုင် လက်ကားရောင်းတဲ့ဆိုင်တွေက ရောင်းစရာ မရှိတော့ဘူးလို့ ပြောတယ်။ တရုတ်ပြည်က
ကားကြီးကားငယ်နဲ့ သယ်နေတယ်တဲ့။ တရုတ်ပြည်ပို့နေကြတယ်တဲ့။ တက်တာကတော့ အဲလိုပဲ
ကောလာဟလတွေပေါ့ဗျာ။ ဒီမှာတောင် အစိုးရက မိုက်နဲ့ အော်သွားသေးတယ်။ မိုးရွာရင် အပြင်မထွက်နဲ့
ရောဂါတွေ ဖြစ်နိုင်တယ်ပေါ့။ ရေဒီယိုသတ္တိကြွတွေ ဒီဘက်ကို လာမယ်ပေါ့ဗျာ။ နောက် တရုတ်ပြည်ဖက်ကိုလည်း
ဗန်းမော်မှာ ရှိတဲ့ဆားတွေကို တရုတ်ပြည်က တော်တော် သိမ်းတယ်လို့ ပြောတယ်။”
တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ မနေ့က ဆားဈေးတွေ အရင်ကထက် ၃ ဆလောက်
ရုတ်တရက်ခုန်တက်လာလို့ တရုတ်အစိုးရက ဆားဈေးကို အဆမတန် မြှင့်တင်ရောင်းတဲ့သူတွေကို
အရေးယူမယ်လို့ ရုပ်မြင်သံကြားကနေ ကြေညာထားပါတယ်။

အိမ်သုံးဆားဈေး ၁၀ ဆကျော်တက်
ဧရာဝတီ Friday, 18 March ဧရာဝတီ

မြန်မာနိုင်ငံတွင် တရုတ်ကုန်သည်များက အိမ်သုံး အိုင်အိုဒင်းဆားများ အလုံးအရင်းဖြင့် ၀ယ်ယူနေမှုကြောင့်


မန္တလေး၊ လားရှိုး၊ မူဆယ်ဈေးကွက်များတွင် အိမ်သုံးဆားများ ပြတ်လပ်သွားပြီး ဈေးနှုန်း ၁၀ ဆကျော်
မြင့်တက်သွားကြောင်း သိရသည်။

“ဒီနေ့ ဆားဈေးတွေ တအားတက်ပါတယ်။ ၀ယ်လို့လည်းမရဘူး။ လှောင်တဲ့လူတွေကလည်း လှောင်နေကြတယ်။


ဈေးက တန်း မရှိဘူး။ ၀ယ်သူရောင်းသူ သဘောတူဈေးပဲ။ လောလောဆယ် အိုင်အိုဒင်းဆား တပိဿာ ကျပ်
၁၀၀၀ ကနေ ၁၅၀၀ အထိ ဈေးတက်ရောင်းနေတယ်” ဟု မန္တလေးမြို့ရှိ အိမ်သုံးဆားသန့်နှင့် အိုင်အိုဒင်းဆား
ထုတ်လုပ် ရောင်းချနေသူ စက်ရုံပိုင်ရှင် တဦးက ပြောသည်။

ပုံမှန်အားဖြင့် အိုင်အိုဒင်းဆား တပိဿာလျှင် ၁၁၅ ကျပ်နှင့် ၁၅၀ ကျပ် အကြား ဈေးအတက်အကျရှိသည်။

ဆားဈေးနှုန်းမြင့်တက်ချိန် မန္တလေးမြို့ ဆားဈေးကွက်တွင် ဆား လုံးဝပြတ်လပ်သွားပြီး ရန်ကုန်မြို့ရှိ


ဆားစက်များမှ အိုင်အိုဒင်း ဆားများကိုပါ မှာယူနေကြကြောင်း သိရသည်။

“ရန်ကုန်မှာလည်း ဈေးတွေတက်နေပြီ။ အခု ဈေးသိပ်မဖွင့်ဘူး။ အားလုံးက အခြေအနေကို စောင့်ကြည့်နေတယ်။


နယ်က အမှာစာတွေ တက်နေပြီ” ဟု ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ဆားလုပ်ငန်းရှင် တဦးက ရှင်းပြသည်။

ဘုရင့်နောင်အခြေစိုက် ဆားပွဲရုံပိုင်ရှင် တဦးကမူ လာမည့်ရက်ပိုင်းအတွင်း ဆားဈေးနှုန်း


အလွန်မြင့်တက်နိုင်သည်ဟု ခန့်မှန်းသည်။

ဂျပန်နိုင်ငံရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ပေါက်ကွဲပြီး ဓာတ်ရောင်ခြည်များ ပင်လယ်တွင်းသို့


ပျော်ဝင်ကာ ဆားများတွင် ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်းများ ပါဝင်နိုင်သည်ဆိုသော ယူဆချက်များ
တရုတ်နိုင်ငံတွင် ပျံ့နေကြောင်း၊ ထို့ကြောင့် တရုတ်ပြည်သူ ထောင်ပေါင်းများစွာက ကုန်တိုက်များ၊
ကုန်စုံဆိုင်များနှင့် ဈေးများတွင် အိမ်သုံးဆားများကို ကြိတ်ကြိတ်တိုး ၀ယ်ယူကြောင်း၊ တရုတ်နိုင်ငံတွင်
အိမ်သုံးဆား ပြတ်လပ်မှု ဖြစ်ပေါ်နေခြင်းကြောင့် တရုတ်နိုင်ငံမှ စီးပွားရေးသမားများက မြန်မာနိုင်ငံမှ
အိမ်သုံးဆားများစွာကို မှာယူနေရာ မြန်မာပြည်မှ ဆားဈေးများပါ ထိုးတက်သွားခြင်း ဖြစ်ကြောင်း ဆားကုန်သည်
များက ဆိုသည်။
မိုးလေ၀သ ပညာရှင်ဦးထွန်းလွင်ကမူ ဂျပန်နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့်
မြန်မာအပါအ၀င်
အာရှတိုက်တွင် ဓာတ်ရောင်ခြည်သင့်ပြီး အက်ဆစ်မိုးရွာသွန်းနိုင်သည်ဆိုသော သတင်းများမှာ ကောလာဟလ
များသာဖြစ်ကြောင်း ပြောသည်။

စစ်အစိုးရပိုင် သတင်းမီဒီယာများကလည်း မြန်မာနိုင်ငံတွင်ရွာသွန်းသော မိုးများကိုတိုင်းတာရာ ဓာတ်ရောင်ခြည်


ပါဝင်ခြင်းမရှိကြောင်းနှင့် ဂျပန်နိုင်ငံရောက် မြန်မာများကို တိုကျိုမြို့ရှိ မြန်မာသံရုံးက အကူအညီ
ပေးလျက်ရှိကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန် ထားသည်။

ကုန်ပို့ခ ဈေးကျသော်လည်း ကုန်ဈေးနှုန်း မကျ


သန်းထိုက်ဦး Friday, 18 March ဧရာဝတီ

ပြည်တွင်းတွင် ပုဂ္ဂလိက ကုန်တင်ကားကြီးများ ကုန်ပိုတင်နိုင်၍ ကုန်တင်ခများ လျော့ကျလာသော်လည်း


ကုန်ဈေးနှုန်းမှာ ကျဆင်းခြင်း မရှိသေးကြောင်း စီးပွားရေး လုပ်ကိုင်နေသူများက ပြောသည်။

အာဆီယံ စံချိန်စံနှုန်းများနှင့်အညီ ယခင်က တန် ၂၀ တင်ဆောင်ခဲ့သော ၆ ဘီးကားများကို ၁၆ တန်၊ ၃၅ တန်


တင်ဆောင်ခဲ့သော ၁၀ ဘီးကားများကို ၂၁ တန်၊ တန် ၄၀ တင်ဆောင်ခဲ့သော ၁၂ ဘီးကားများကို ၂၅ တန်သာ
တင်ဆောင်ရန် ယမန်နှစ် သြဂုတ်လက စတင်သတ်မှတ်ခဲ့သည်။

ယင်း သတ်မှတ်ချက်ကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများက ကားခများကို နှစ်ဆအထိ


တိုးမြှင့်ခဲ့သည့်အပြင် ကုန်စည်စီးဆင်းမှု နှေးကွေးသွားပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည်။

အဆိုပါရလဒ်ကြောင့် ၆ ဘီးကားများကို ၂ တန်၊ ၁၀ ဘီးနှင့် ၁၂ ဘီးကားများကို ၅ တန်အထိ အပိုတင်ဆောင်ခွင့်


ယာယီခွင့်ပြုသည်ဆိုသော ကြေညာချက်ကို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများသို့ မတ်လ ၁၅ ရက်နေ့က
သယ်ယူပို့ဆောင်ရေး လုပ်ငန်းများထံ ပေးပို့ခဲ့သည်။

ရန်ကုန်မြို့ရှိ ဘုရင့်နောင်အခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက “ကုန်ဈေးနှုန်းတွေ တဟုန်ထိုး


မြင့်တက်လာလို့ ဒီကြေညာချက်ကို ထုတ်လိုက်တာပါ။ ယာယီ ဆိုပေမယ့် ပုံသေသွားမယ့် သဘောရှိတယ်။
မဟုတ်ရင် ကားခကို ထပ်တိုးကောက်ရင်တော့ ကုန်ဈေးနှုန်း တက်တာကို အာဏာပိုင်တွေ ထိန်းလို့ရမှာ
မဟုတ်ဘူး။ အခုတော့ ကားခတွေ နည်းနည်း လျှော့ကောက်လို့ ရတာပေါ့” ဟု ပြောသည်။

ထိုကြေညာချက်ကြောင့် မန္တလေး-မူဆယ်နှင့် ရန်ကုန်-တောင်ကြီး ပြေးဆွဲနေသော ကုန်ကားများက


တပိဿာလျှင် ၄၀ ကျပ်၊ ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် ကုန်ကားများက တပိဿလျှင် ၃၀ ကျပ်၊ ဘားအံ-
ရန်ကုန် ပြေးဆွဲနေသော ကုန်ကားများက တပိဿာလျှင် ၁၅ ကျပ် ဈေးကျသွားကြောင်း ရန်ကုန် အခြေစိုက် 7
Days ဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်မှ တောင်ကြီးသို့ ဆန်တအိတ် သယ်ယူခမှာ ၃၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ ဘိလပ်မြေ တအိတ်
သယ်ယူခမှာ ၃၈၀၀ ကျပ်မှ ၂၅၀၀ ကျပ်သို့ ကျဆင်းသွားကြောင်း သိရသည်။

ကုန်ပစ္စည်းများ၏ သယ်ယူခ ဈေးကျသွားသော်လည်း စားသုံးဆီမှလွဲ၍ အခြေခံကုန်စည်များမှာ


ဈေးကျသွားခြင်းမရှိကြောင်း ရန်ကုန်မြို့မှ အိမ်ရှင်မတဦးက ပြောသည်။
“ကားခဈေးကျတယ်ဆိုပေမယ့် ကုန်စည်ဈေးကတော့ မကျပါဘူး၊ မြန်မာပြည်မှာက ပစ္စည်းတခု ဈေးတက်ပြီးရင်
ပြန်ကျဖို့က ခဲယဉ်းတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့၌ ချင်း တပိဿာလျှင် ၁၁၀၀ ကျပ်၊ အားလူး တပိဿာလျှင် ၅၀၀ ကျပ် ဈေးပေါက်လျက်ရှိပြီး
ရှမ်းပြည်နယ်တွင် ပေါ်ဆန်းမွှေး တအိတ်လျှင် ၃၅၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးတွင် လုပ်ကိုင်နေသည့် ကိုအောင်ထွန်းက “ကားခတွေကတော့


တန်ပိုတင်ခွင့်ပေးလို့ ဈေးချပေးလိုက်ပြီးပြီ။ ကုန်ပစ္စည်းတွေ ဈေးကျဖို့ကတော့ ကုန်သည်တွေနဲ့ပဲ
ဆိုင်တော့တယ်” ဟု ပြောသည်။

မဟာဗျူဟာလုပ်ငန်းစဉ် ၄ ရပ် ကုလ အကောင်အထည်ဖော်မည်


ထက်အောင် Friday, 18 March ဧရာဝတီ

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အေဂျင်စီများ၏ မဟာဗျူဟာလုပ်ငန်း အစီအစဉ်အသစ်အဖြစ် အဓိက နယ်ပယ် ၎


ရပ်တွင် လုပ်ငန်းများ အကောင်အထည် ဖော်သွားမည်ဟု သိရသည်။

မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့သော လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေး


မိတ်ဖက်အဖွဲ့ (Humanitarian Partnership Group) ၏ လစဉ်အစည်းအဝေး၌ ယင်း အဓိကနယ်ပယ် ၎
ရပ်အတွက် အကောင်အထည် ဖော်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း မြန်မာပြည်ဆိုင်ရာ
ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံး၏ သတင်း
ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်း ဆိုင်ရာ အကူအညီပေးရေး


ညှိနှိုင်းရေးမှူး Bishow Parajuli က ဥက္ကဌအဖြစ် ဆောင်ရွက်ကာ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အေဂျင်စီများ၏
အကြီးအကဲများ၊ သံတမန်များ၊ ပညာရှင်များနှင့် အကူအညီပေးရေး အဖွ့အ
ဲ စည်းများမှ ၀န်ထမ်းများ
တက်ရောက်သည်။

၂၀၁၂-၂၀၁၅ သက်တမ်းအတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ဦးစားပေးလုပ်ငန်း ၄ ရပ်မှာ


(၁) စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးအပါအ၀င်
ကျေးလက်နှင့်မြို့ပြ နှစ်ရပ်စလုံး ဖွံ့ဖြိုးရေးကို အားပေးဆောင်ရွက်ရန်၊ (၂) အရည်အသွေးရှိသော
လူမှုစောင့်ရှောက်ရေး လုပ်ငန်းများကို ညီတူညီမျှ လက်လှမ်းမှီမှုများ တိုးတက်ကောင်းမွန်စေရန်၊ (၃)
သဘာဝဘေးဒုက္ခများကြောင့် ဖြစ်ပေါ်သည့် ထိခိုက်နစ်နာမှုများ လျော့ကျရေး ဆောင်ရွက်ရန်၊ (၄)
ကောင်းမွန်သောအုပ်ချုပ်ရေး တိုးတက်ဖြစ်ထွန်းစေရန်နှင့် ဒီမိုကရေစီယန္တယားများနှင့် ဒီမိုကရေစီ
အခွင့်အရေးများ အားကောင်းရှင်သန်ရေးတို့ ဖြစ်သည်။

ကုလသမဂ္ဂ၏ မြန်မာပြည်ဆိုင်ရာ ယခင် မဟာဗျူဟာ လုပ်ငန်းအစီအစဉ်များနှင့်မတူဘဲုမဟာဗျူဟာသစ်၏


စတုတ္ထမြောက် အချက်တွင် ကောင်းမွန်သောအုပ်ချုပ်ရေး၊ ဒီမိုကရေစီယန္တယားများနှင့် ဒီမိုကရေစီ
အခွင့်အရေးများ အားကောင်းရှင်သန်ရေးကို ထည့်သွင်းထားသည်။ မဟာဗျူဟာလုပ်ငန်းစဉ်သစ်
ကြေညာချက်သည် နေပြည်တော်တွင် ဆက်တိုက်ကျင်းပနေသော လွှတ်တော်ညီလာခံများအတွင်း
အုပ်ချုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပြောင်းလဲဖွဲ့စည်းရေး လုပ်ငန်းများကို ဆောင်ရွက်နေချိန်နှင့်
အချိန်ကိုက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

Bishow Parajuli က အဆိုပါအစည်းအဝေးတွင် “ကုလသမဂ္ဂ မဟာဗျူဟာလုပ်ငန်း အစီအစဉ်သည်


မြန်မာနိုင်ငံ၏ အခြေအနေ၊ လက်ရှိရင်ဆိုင်နေရသည့် ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်ချက်များနှင့်
ရှေ့လာမည့်ကာလအတွက် ရှိနေသော အခွင့်အလမ်းများကို လေ့လာသုံးသပ်ချက်များအပေါ်တွင်
အခြေခံထားပါသည်” ဟု ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါကြေညာချက်၌် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် ကုလသမဂ္ဂ၏


လေ့လာတွေ့ရှိချက်များကို ဖော်ပြထားခြင်းမရှိချေ။ ထိုလုပ်ငန်းအစီအစဉ်ကို ထုတ်ပြန်ကြေညာခြင်းမပြုမီ
ကုလသမဂ္ဂသည် မြန်မာစစ်အစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်
အကြံပြုချက်ဆွေးနွေးမှုများလည်း ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရနှင့် အဆင့်မြင့်ဆွေးနွေးမှုများ ရှိမရှိ၊ လာမည့် စစ်ဖက်အရပ်ဖက်


ပေါင်းစပ်ထားသည့် အစိုးရသစ်လက်အောက်တွင် ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည်
ပို၍လုပ်ဆောင်လာနိုင်ခြေရှိမရှိ မည်ကဲ့သို့ မျှော်မှန်းထားကြောင်းဟု မေးမြန်းရာတွင် ကုလသမဂ္ဂ
သတင်းပြန်ကြားရေးဌာန၏ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက “နည်းစနစ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေကိုပဲ
ပညာရှင်အဆင့်တွေနဲ့ပဲ ရှိပါတယ်။ အစိုးရအသစ်နဲ့ ပတ်သက်လို့ ပြောဖို့စောပါသေးတယ်” ဟု ဧရာဝတီသို့
ပြောသည်။

ယခင်က ပြည်တွင်းအခြေစိုက် ကုလသမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အစီရင်ခံစာများတွင်


တိုင်းပြည်၌် ယိုယွင်းနေသော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအတွက် စစ်အစိုးရအနေဖြင့်
နိုင်ငံတော်အသုံးစရိတ်ကို ပိုမိုသုံးစွဲရန် မကြာခဏ တောင်းဆိုခဲ့သည်။ သို့ရာတွင် အစိုးရသစ်၏ ၂၀၁၁-၁၂
ဘဏ္ဍာရေးနှစ် အသုံးစရိတ်ခွဲဝေမှုတွင် ပညာရေးအတွက် ၄.၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေးကဏ္ဍအတွက် ၁.၃၁
ရာခိုင်နှုန်းစီသာ ခွဲဝေပေးထားသည်။

အစိုးရဘတ်ဂျက်သစ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ သဘောထားအမြင်ကို မေးကြည့်ရာတွင်


“ဘတ်ဂျက်နဲ့ပတ်သက်လို့က ထွက်တယ်လို့တော့ ကျနော်တို့လည်း ကြားပါတယ်။ ကျနော်တို့မှာ တရားဝင်ဘာမှ
မရှိသေးပါဘူး။ ဒါပေမယ့် အဓိကကတော့ နိုင်ငံတိုင်းမှာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်ဆိုရင် အစိုးရမှာ
အဓိကတာဝန်ရှိပါတယ်” ဟု ဦးအေးဝင်းက ပြောသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့က အတိုင်းအတာတခုအထိပဲ လုပ်ပေးနိုင်ပါတယ်။


ဒီလိုလုပ်တယ်ဆိုတာကလည်း အစိုးရအဖွဲ့ အစည်းမပါဘဲ လုပ်လို့မရဘူးခင်ဗျ” ဟု ဦးအေးဝင်းက ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ ဆိုင်ကလုန်း နာဂစ်ဒဏ်၊ ၂၀၁၀ ပြည့်နှစ်တွင်


ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်း ဂီရိဒဏ်တို့ကို ခံခဲ့ရပြီး ယခုအချိန်အထိ လူပေါင်း ၁ သိန်းကျော်
အိုးမဲ့အိမ်မဲ့ဖြစ်နေဆဲဖြစ်သည်။

ယခု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဆိုင်ကလုန်းဂီရိဒဏ်ခံစားခဲ့ရသူများ ပြန်လည် ထူထောင်ရေးကူညီရန်


၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ တနှစ်တာအတွက် အမေရိကန်ဒေါ်လာ ၅၀.၂ သန်း လိုအပ်ကြောင်း
ဖော်ပြထားသည်။ အင်္ဂလန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးမှုဌာနမှတဆင့် ၂၀၁၅ ခုနှစ်အထိအတွက် တနှစ်လျှင်
အမေရိကန်ဒေါ်လာ ၇၅ သန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ကြေညာလိုက်သည့်အပေါ် ကုလသမဂ္ဂက
ဝမ်းသာကြိုဆိုကြောင်း ဖော်ပြထားသည်။

ထိုင်း ၌ မြန်မာသံဃာ ၈ ပါး ထိန်းသိမ်းခံရ


မင်းနိုင်သူ Friday, 18 March ဧရာဝတီ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ၀ပ်တလုံဘုန်းကြီးကျောင်းကို ယမန်နေ့ နံနက် ၄ နာရီခန့်က ထိုင်းအာဏာပိုင်များ
ဝင်ရောက်ရှာဖွေရာ နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာသံဃာ ၈ ပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

ထိုကျောင်းတိုက်နေ မြန်မာစာသင်သားသံဃာတပါးက“ထိုင်း လူဝင်မှုကြီးကြပ်ရေး အဖွဲ့ ၊ သံဃနာယက အဖွဲ့ ၊


ရဲ ၊ ထောက်လှမ်း ရေး ၊ ပြည်သူ့စစ် စတဲ့ အားလုံး အဖွဲ့ ၈ ဖွဲ့ ၊ လူအင်အား ၅၀ လောက်နဲ့ ကျောင်းတိုက်ကို
ဝင်ရောက်စစ်ဆေးတယ်။ အဲဒီအချိန်မှာ နိုင်ငံကူးလက်မှတ်မရှိတဲ့ မြန်မာပြည်က သံဃာ ၈ ပါးကို တွေ့ပြီး
လူဝင်မှုကြီးကြပ်ရေးရုံးကို ခေါ်ယူထိန်းသိမ်းထားလိုက်တယ်”ဟု မိန့်သည်။

ဝပ်တလုံကျောင်းတိုက်တွင် ထိုင်းသံဃာများအပြင် သီရိလင်္ကာ ၊ ကမ္ဘောဒီးယား ၊ လာအို ၊ အိန္ဒိယ ၊


ဘင်္ဂလားဒေ့ရှ် ၊ မြန်မာနိုင်ငံတို့မှ သံဃာတော်များလည်း သီတင်းသုံးနေကြောင်း သိရသည်။

“တချို့နိုင်ငံတွေက သံဃာတွေက နေ့လယ် ၁၁ နာရီလောက်အထိ ဆွမ်းခံနေတာတွေ ၊ အပြင်က


စားသောက်ဆိုင်တွေမှာ ၀ယ်ယူစားသောက်နေတာတွေ ရှိတော့ ပတ်ဝန်းကျင်က အမြင်မကြည်လင်ပြီး
တိုင်တဲ့အတွက် ၀င်ရောက်စစ်ဆေးခံရတာလို့ ကြားတယ်”ဟု မြန်မာစာသင်သားသံဃာက မိန့်သည်။

ထိုကျောင်းတိုက်တွင် မြန်မာသံဃာ အပါး ၁၀၀ ကျော် သီတင်းသုံးလျက်ရှိပြီး အပါး ၈၀ ကျော်သည်


ချူလာလောင်ကွန်း ၊ မဟာမကု ၊ IPC တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် စာသင်သား
သံဃာများဖြစ်ကြောင်း သိရသည်။

“အခု အဖမ်းခံလိုက်ရတဲ့ သံဃာ ၈ ပါးမှာ ၅ပါးက ထိုင်းသာသနာဝင်ကတ် ရှိတယ်။ တပါးက UN (ကုလသမဂ္ဂ


ဒုက္ခသည် အသိ အမှတ်ပြု)ကတ်နဲ့ နောက်တပါးက တောင်ပေါ်သားကတ်(ထိုင်းအစိုးရ အသိအမှတ်ပြုကတ်)
ရှိတယ်။ ဒါပေမယ့် အဲဒီကတ်တွေလည်း တရားမ၀င်ဘူးဆိုပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးသွားတာပဲ။
သံဃာ အတုအယောင်တွေတော့ မဟုတ်ကြပါဘူး ၊ နိုင်ငံကူး လက်မှတ်မရှိတာ တခုပါပဲ”ဟု မြန်မာစာသင်သား
သံဃာက ဆိုသည်။

ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်က နိုင်ငံတကာရဟန်းသံဃာများအတွက် Bachelor(တက္ကသိုလ်


ပထမဘွဲ့)ဘွဲ့ သင် တန်း ကို ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာစာသင်သားသံဃာများလည်း
လာရောက်သင်ကြားနေကြခြင်းဖြစ်သည်။

“နိုင်ငံတကာ သံဃာတွေအတွက် မဟာချူလာလောင်ကွန်း တက္ကသိုလ်သစ်ကို အယုဒ္ဓယမြို့မှာ ၂၀၀၈ ခုနှစ်မှ


စဆောက်ပြီး ၂၀၀၉ ခုနှစ်မှ ပြီးစီးတာဆိုတော့ ၂၀၀၇ ခုနှစ်ကတည်းက ကျောင်းတက်ဖို့ ရောက်နေတဲ့ သံဃာတွေ
သီတင်းသုံး နေထိုင်ရေး အဆင်မပြေတာကို ငဲ့ကွက်ပြီး ၀ပ်တလုံဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာ
လက်ခံထားတာပါ။ အခုတော့ သူ့ကိုပါထိခိုက်စေသလိုဖြစ် ရတဲ့အတွက် ဦးပဉ္ဇင်းတို့လည်း
စိတ်မကောင်းဖြစ်ရတယ်”ဟု မြန်မာသံဃာက ဆက်လက်မိန့်ဆိုသည်။
အခါမဲ့မိုးကြောင့် မတ်ပဲများ ပျက်စီး
သင်းအောင် Friday, 18 March ဧရာဝတီ

ပဲခူးတိုင်း အနောက်ဘက် မတ်ပဲစိုက်ပျိုးသည့် ဒေသများ၌ ၃ ရက်ခန့် ဆက်၍ ရွာသွန်းသော


အချိန်အခါမဲ့မိုးကြောင့် နုတ်ပြီး မတ်ပဲ များ လေလွင့် ပျက်စီးမှု များနိုင်မည်ဟု ဒေသခံ တောင်သူများက
ပြောသည်။

အထူးသဖြင့် မင်းလှမြို့နယ်ရှိ ကျေးရွာများ၏ လယ်ကွက်များအတွင်း စုပုံထားသော နုတ်ပြီး မတ်ပဲများ၏


ရာခိုင်နှုန်း ထက်ဝက် မျှ ပျက်စီးနိုင်မည်ဖြစ်ကြောင်း ဒေသခံများက ခန့်မှန်းထားကြသည်။

မင်းလှ မြို့နယ် စိန်ကန့်လန့်ကျေးရွာ တောင်သူတဦးက“အခုလောက် မိုးပမာဏနဲ့ ထောင်လျက် မတ်ပဲခင်းတွေ


မထိခိုက်နိုင်ဘူး။

နုတ်ပြီး အမိုးအကာအောက်ရောက်သွားတဲ့ မတ်ပဲတွေလည်း အပျက်အစီးနည်းမယ်။ ဒါပေမယ့် တလင်းထဲ


မရောက်သေးဘဲ လယ်ကွက်တွေထဲ စုပုံထားတဲ့ မတ်ပဲတွေတော့ မိုးကြောင့် အတော်ပျက်စီးကြလိမ့်မယ်”ဟု
ပြောသည်။

ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းလှမြို့နယ်အတွင်းရှိ အနိမ့်ပိုင်း လယ်မြေများ ရေတင်ကာ


မတ်ပဲခင်းတချို့ လုံးဝ ပျက်စီး သွားကြသည်ဟုလည်း ဒေသခံတောင်သူများက ဆိုသည်။

“မတ် ၁၄ ရက်ကတည်းက အခုရက်အထိ တောက်လျှောက် မိုးမပြတ်ဘူး။ ဒီလိုမျိုး နောက်နှစ်ရက်လောက်


ဆက်ပြီး မိုးစွေနေရင် နုတ်ထားတဲ့ မတ်ပဲတွေ ရိပြီး ပျက်စီးကုန်လိမ့်မယ်”ဟု အုတ်ဖိုမြို့နယ်မှ မတ်ပဲစိုက်
တောင်သူတဦးက ပြောသည်။

မတ်ပဲသည် ပူသော သဘာဝ ရှိ၍ နွေရာသီ၌ ထယ်ထိုး၊ ဒလိမ့်တုံး လိုက်အပြီး မြေငွေ့နှင့်ပင်


အပင်ပေါက်လွယ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ မိုးထိထားသော မတ်ပဲစေ့များ မကြာမီ အစို့ပေါက်တော့မည်
ဖြစ်သည့်အတွက် ရေစို မတ်ပဲများကို အမိုးအကာ များအောက် ဖြန့်ခင်း၍ ခြောက်သွေ့ရန်
ပြုလုပ်ပေးနေရသည်ဟုလည်း တောင်သူများက ပြောဆိုကြသည်။

လယ်မြေကွက်များအတွင်းမှ အမိုးအကာအောက်ရောက် စိုထိုင်းနေသော မတ်ပဲများသည် ဆောင်းရာသီတမျှ


အေးနေသော ယခုကာလတွင် မည်သို့မျှ ခြွေလှေ့၍ မရကြောင်း သိရသည်။

“မတ်ပဲဆိုတာ ကြွမ်းခြောက်နေမှ ခြွေလို့ရတယ်။အ ခုလို ရေထိ မတ်ပဲတွေကို ဒလိမ့်တုံးတွေ၊


ခြွေလှေ့စက်တွေသုံးလဲ မရဘူး။ အနည်းဆုံး၂ ရက် ၃ ရက် နေပြပြီးမှ ခြွေလို့ရနိုင်မယ်”ဟု
ကြို့ပင်ကောက်မြို့နယ် စိုင်ခေါင်းကျေးရွာ တောင်သူများက ဆိုသည်။

လတ်တလောအခြေအနေအရ ခြွေလှေ့၍ မရသေးခြင်းကြောင့် မတ်ပဲ ပမာဏမည်မျှ လေလွင့်ပျက်စီးမည်ကိုမူ


မှန်းဆ၍ မရသေး ကြောင်းလည်း ၎င်းက ပြောသည်။

ယခင်နှစ်များထက် မတ်ပဲအထွက်စောသော ကြို့ပင်ကောက်မြို့နယ်မှ မတ်ပစ


ဲိုက်
တောင်သူတဦးကလည်း“နုတ်ပြီးတာနဲ့ တလင်း ထဲ တိုက်ယူ၊ လှည်း၂ စီးတိုက်ကို တပြန့်နှုန်းခင်း၊
ဒလိမ့်တုံးနဲ့လှိမ့်ပြီး ချက်ချင်း ခြွေလှေ့တယ်။ အဲဒီလို နုတ် - လှမ်း - နယ်နဲ့ ထောင့်စေ့ နေတာတောင်
ရိုးကြမ်း(မတ်ပဲရိုးပြတ်)တွေ မိုးမိလိုက်သေးတယ်။ ရိုးကြမ်းတွေနဲ့ ရောနေတဲ့ မတ်ပဲစေ့တွေဆိုတာ
အခုလောက်မိုးနဲ့တင် အစို့ပေါက်စ ပြုနေပြီ”ဟု ပြောသည်။

ရိုးကြမ်းများနှင့် ရောနှောနေ၍ ခြွေလှေ့ရန် ကျန်ရှိနေသည့် မတ်ပဲ တချို့ လေလွင့်ဆုံးရှုံးခဲ့ရကြောင်းလည်း ၎င်းက


ဆိုသည်။

ကြို့ပင်ကောက်မြို့နယ်မှ မတ်ပဲစိုက် တောင်သူက ဆက်လက်၍“အခုလို အခါမဲ့မိုးမှာ စောပြီးတဲ့ သူတွေတောင်


အလေအလွင့် ရှိတယ်။ အမိုးအကာမရှိ ပုံထားတဲ့ မတ်ပဲတွေတော့ လုံးဝ အပျက်အစီးများလိမ့်မယ်”ဟု
ပြောသည်။

ပူပြင်းခြောက်သွေ့သော ယခုကဲ့သို့ နွေဦးရာသီတွင် တောင်သူများသည် စပါးပုတ်စင်၊ နွားတင်းကုပ်မှအစ


အမိုးအကာများ ကာရန် ခြင်းပြုလုပ်လေ့ မရှိကြောင်း၊ အခါမဲ့မိုး ရွာသွန်းသောအခါ နုတ်ပြီးမတ်ပဲများအတွက်
အမိုးအကာ အသင့်မဖြစ်ခဲ့ကြောင်း၊ မတ်ပဲ ပုံ များပေါ် ဖုံးအုပ်ရန် အရေးပေါ် အခြေအနေကြောင့်
မြို့နယ်များအတွင်း တာလပတ် မိုးကာစများ ပြတ်လပ်သည်အထိ ရောင်းအား ကောင်းခဲ့ကြောင်း၊
တချို့တောင်သူများ ပေါင်းတည်မြို့၊ ပြည်မြို့များအထိ သွားရောက်ကာ ဈေးကြီးပေး၍ ၀ယ်ယူ အသုံးပြုခဲ့ရ
ကြောင်း သိရသည်။

သို့သော် ရန်ကုန် - ပြည်မြို့တလျှောက် မတ်ပဲထွက်နှုန်း အကောင်းဆုံး ဖြစ်သည့် နတ္တလင်း မြို့နယ်အတွင်း


မတ်ပဲခင်းများ ယခုမှ စတင် နုတ်သိမ်းနေစဉ်ဖြစ်၍ ထိခိုက်ပျက်စီးမှု နည်းကြောင်း၊ မတ်ပဲ
အထွက်နှုန်းကောင်းသော ကြို့ပင်ကောက်မြို့ အရှေ့ခြမ်း တောင်ချောင်း၊ ငှက်ကြီးသိုက်၊ သရက်ကိုင်းကျိုး၊
လှေဒုန်း အပါအ၀င် ပဲခူးရိုးမ တောင်ခြေ ကျေးရွာများအထိ မတ်ပဲခင်းများ လက်ရှိ နုတ်နေဆဲ ဖြစ်၍
လေလွင့်ဆုံးရှုံးမှု မသိသာကြောင်း ဒေသခံများက ပြောဆိုကြသည်။

မင်းလှမြို့နယ် မတ်ပဲစိုက် တောင်သူများက“လယ်ကွက်တွေထဲ ကျန်ခဲ့တဲ့ မတ်ပဲစေ့တွေ အခုလိုမိုးနဲ့


မကြာမီရက်ပိုင်းမှာ အပင်တွေ ပေါက်တော့မယ်”ဟု ပြောသည်။

ယမန်နေ့အထိ ပဲခူးတိုင်း အနောက်ဘက် ပြည်မြို့မှ လက်ပံတန်း မြို့နယ်အထိတောက်လျှောက် ကွက်ကြားမိုး


ရွာသွန်းလျက်ရှိရာ နုတ်ထားသော မတ်ပဲများပျက်စီး လေလွင့်မည်ကို စိုးရိမ်နေကြကြောင်း တောင်သူများက
ဆိုသည်။

ဒေသတွင်း မတ်ပဲ တတင်း လက်ရှိပေါက်ဈေး ၂၃၈၀၀ ကျပ် ရှိနေသော်လည်း မကြာမီ ရောင်းချလာမည့် ရေစို
မတ်ပဲများကြောင့် ယခုထက် ဈေးနိမ့်လာဖွယ် ရှိသည်ဟု တောင်သူများက ခန့်မှန်းနေကြသည်။

ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ပြဿနာ အတိမ်အနက်


ဟီကရိ Friday, 18 March မြန်မာပြည်မှပေးစာ ဧရာဝတီ

မတ်လ ၁၁ ရက်နေ့တွင် ဂျပန်တနိုင်ငံလုံး (အထူးသဖြင့် အရှေ့၊ မြောက်နှင့် အရှေ့မြောက်ခြမ်း) ကို


တုန်ခါသွားစေသည့် ပြင်းအား မဂ္ဂနီကျု ၉ ရှိသော တိုဟိုကု (Tohoku) ငလျင်ကြီးကြောင့် ၄ ထပ်
အဆောက်အအုံအမြင့်ခန့် မြင့်မားသည့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ပြီး အရှေ့ဘက်
ကန်းရိုးတန်းတလျှောက်တွင် ကြီးမားလှသော ပျက်ဆီးဆုံးရှုံးမှုများ၊ အသေအပျောက်များ ဖြစ်ခဲ့သည်။
ထိုအပျက်အစီး အသေအပျောက်များအပေါ်တွင် ထပ်ဆင့်၍ စိုးရိမ်ပူပန်စရာ နောက်ဆက်တွဲမှာ
ဖူကူရှီးမားဒေသရှိ တိုကျို လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး ကုမ္ပဏီ (Tokyo Electric Power Company -
TEPCO) ပိုင် နျူကလီးယား လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ အမှတ် (၁) မီးလောင်ပျက်စီးကာ ရေဒီယို
သတ္တိကြွရောင်ခြည်များ ထုတ်လွှင့်လာသည့် အန္တရာယ်ကြီး ဖြစ်လေသည်။

အားလုံးသိထားကြသည်မှာ နျူကလီးယားရောင်ခြည်ဆိုသည်မှာ အန္တရာယ်ကြီးမားသည်၊ အဝေးကို


ပျံ့လွင့်လာနိုင်သည်၊ ထို့ကြောင့် ဝေးနိုင်သမျှဝေးဝေးကို ပြေးတာကောင်းသည် ဆိုတာပဲဖြစ်သည်။
ထိုစိုးရိမ်ပူပန်မှုနှင့် အဝေးသို့ ရှောင်ပြေးခြင်းမှာ မမှားယွင်းသော်လည်း လိုသည်ထက်ပိုသော
ထိတ်လန့်ကြောက်ရွံ့မှုများ၊ အလောသုံးဆယ် ပြုလုပ်မှုများသည် မလိုလားအပ်သော နောက်ဆက်တွဲများကို
ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုဆိုးကျိုးများကို ရှောင်ရှားနိုင်ရန်
အချိန်နှင့်တပြေးညီ ထုတ်ပြန်နေသော မှန်ကန်သည့် အချက်အလက်များ၊ နည်းပညာဆိုင်ရာ ရှုထောင့်မှ
အမြင်များကို တတ်စွမ်းသရွေ့ စုစည်းတင်ပြလိုက်ပါသည်။

ပြဿနာ ရင်းမြစ်

ဖူကူရှီးမား အမှတ် (၁) စက်ရုံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော Reactor စုစုပေါင်း ၆ လုံးရှိသည်။ ယခု
ပြဿနာဖြစ်နေသော စက်များမှာ ယူနစ် ၁၊ ၂၊ ၃ နှင့် ၄ တို့ ဖြစ်သည်။ ယူနစ် ၁၊ ၂၊ ၃ တို့သည် ငလျင်နှင့်
ဆူနာမီဝင်ချိန်က လည်ပတ်နေဆဲ စက်များဖြစ်ပြီး ယူနစ် ၄၊ ၅၊ ၆ သည် ပြုပြင်ထိန်းသိမ်းရန်အတွက်
ရပ်နားထားသော စက်များဖြစ်သည်။

စက်အားလုံးသည် ငလျင်လှုပ်သည်နှင့် အလိုအလျောက် ရပ်နားသွားစေရန် ဒီဇိုင်းလုပ်ထားသည်။


အမှန်တကယ်လည်း ငလျင်လှုပ်ချိန်တွင် စက်ယူနစ် ၁ နှင့် ၃ တို့ ရပ်ဆိုင်းသွားသည်။ ပြဿနာမှာ
ငလျင်နောက်မှ ပါလာသည့် အလွန်အားပြင်းသော ဆူနာမီလှိုင်းများဖြစ်သည်။ ထိုဆူနာမီလှိုင်းများက
အရေးပေါ်လျှပ်စစ်ထုတ် ဂျင်နရေတာများကို ဖျက်ဆီးသယ်ဆောင်သွားခဲ့သည်။

Reactor များသဘောမှာ စက်လည်ပတ်မှု ရပ်ထားချိန်တွင်လည်း နျူကလီးယား လောင်စာများအား ဆက်လက်


အအေးခံထားရန် လိုအပ်သည်။ အအေးခံစက် အလုပ်လုပ်ပုံမှာ အတွင်းမှရေပူများကို ရေအေးများနှင့်
အစားထိုးလည်ပတ်စေခြင်းဖြင့် အတွင်းမှ အပူချိန်နှင့်ဖိအားကို ထိန်းညှိပေးရသည်။

နျူကလီးယားပါဝါ လျှပ်စစ်ထုတ်လုပ်ခြင်း အခြေခံသဘောတရားမှာ နျူကလီးယားလောင်စာဟုခေါ်သော


ယူရေနီယံ လောင်စာချောင်းများကို ဓာတ်ပြုစေရန် လှုံ့ဆော်ပေးခြင်းဖြင့် အပူစွမ်းအင်ကို ထုတ်လုပ်ရရှိသည်။
ထိုအပူစွမ်းအင်ဖြင့် ရေကိုအပူပေးပြီး ရေငွေ့ကိုထုတ်လုပ်သည်။ ထိုရေငွေ့ဖြင့် တာဘိုင်ကိုလည်ပတ်စေပြီး
လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်သည်။

လောင်စာချောင်းများသည် အလွန်ပူပြင်းသော အပူစွမ်းအင်ကို ထုတ်လွှတ်သောကြောင့် ထိုအပူကို


ပြန်လည်ထိန်းချုပ်ရန် ရေအေးကို မပြတ်သွင်းပေးရသည်။ စက်ကို ရပ်နားခြင်းဆိုသည်မှာ
ထိုလောင်စာချောင်းများကို Rreaction ဖြစ်အောင် လှုံ့ဆော်ခြင်း (Excitation mechanism) ကို
ရပ်နားခြင်းဖြစ်ပြီး၊ လောင်စာချောင်းများ လုံးဝ ဓာတ်ပြုမှု ရပ်သွားသည့်အချိန်အထိ လပေါင်းများစွာ
အအေးခံထားရန်လိုအပ်သည်။
ယခုဖြစ်စဉ်တွင် အရေးပေါ် လျှပ်စစ်ထုတ်စက် ဂျင်နရေတာများ အလုပ်မလုပ်တော့သဖြင့် အအေးခံစနစ်တခုလုံး
ရပ်ဆိုင်းသွားပြီး အတွင်းမှ နျူကလီးယားလောင်စာများ အပူချိန်မြင့်မားလာသည်။ ထို့ကြောင့် ရေငွေ့ပြန်မှု
အထိန်းအဆမရှိ များပြားလာပြီး Reactor core အတွင်းမှ ရေချိန်လည်း ကျသွားသည်။

ရပ်ဆိုင်းထားသော ယူနစ် ၄ စက် ပေါက်ကွဲမှုသည် တခြားစက်များနှင့်မတူဘဲ ရေဒီယိုရောင်ခြည်များကို


ပိုမိုလွှင့်ထုတ်နေသည်။ အကြောင်းရင်းမှာ စက်ရပ်ထားသော်လည်း အအေးခံထားသော
လောင်စာချောင်းများထားရာ ကန်သည် အလွန်ထူသော သံမဏိဖြင့်ပြုလုပ်ထားသည့် ဖိအားမြင့်ခံနိုင်ရည်ရှိသော
Reactor core အတွင်း ရှိနေသည်မဟုတ်ဘဲ core အပြင်ဘက် ကပ်လျက်ရှိ အအေးခံရာကန်တွင် ရှိနေသည်။

ဖူကူရှီးမား Reactor မှာ အလွန်ခိုင်ခံ့သော အကာအရံ Containment သုံးထပ် ရှိသည်။ နျူလောင်စာ ဓာတ်ပြုရာ
အတွင်းဆုံးလွှာမှာ (၁) ဖိအားမြင့် ခံနိုင်ရည်ရှိသော ထူထဲသည့် စတီးကန်၊ (၂) အသုံးပြုပြီးလောင်စာ စသည်တို့
အအေးခံရာနေရာကို လွှမ်းခြုံထားသော သံမဏိ အပြင်ဘက် သိုလှောင်ကန်နှင့် (၃) ထိုအတွင်း ၂ လွှာကို
လွှမ်းခြုံထားသည့် အလွန်ထူသော ကွန်ကရစ် Structure တို့ဖြစ်သည်။

အအေးခံစနစ် ပျက်သွားသောအခါ လောင်စာချောင်းများ အပူချိန် မြင့်တက်လာပြီး ရေအားလုံး ရေငွေ့ဖြစ်ကာ


ထိုမှတဆင့် ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင် ဓာတ်ကွဲသွားပြီး ကွန်ကရစ် Structure အမိုးနားတွင်း ဟိုက်ဒရိုဂျင်
သိပ်သည်းဆ အားလွန်ကဲပြီး ပေါက်ကွဲခြင်းဟု ယူဆကြသည်။

အအေးခံခန်းသည် အလွန်ထူသော စတီး Core အတွင်းမရှိဘဲ အပြင်သံမဏိခန်း


(ကွန်ကရစ်အဆေက်အအုံအတွင်း) ရှိနေသဖြင့် စက်ယူနစ် ၄ ပေါက်ကွဲမှုသည် လေထုအတွင်း ရေဒီယိုသတ္တိကြွ
ရောင်ခြည်များ ပျံ့လွင့်မှုအန္တရာယ် ပိုရှိသည်။ ကန်အတွင်း ရေလုံးဝ ကုန်ခမ်းသွားပြီး လောင်စာချောင်းများ
အားလုံးပေါ်လာလျှင် မိမိအပူချိန်ဖြင့် အရည်ပျော်ကာ လုံးဝ အရည်ပျော်ကျသည့် ဖြစ်စဉ် (Total meltdown)
ဖြစ်လာနိုင်သည်။ Total meltdown ဖြစ်လျှင် ဓာတ်ရောင်ခြည်များကို အများဆုံးထုတ်လွှင့်လာပြီး ထိန်းချုပ်ရန်
မဖြစ်နိုင်တော့သော အခြေအနေကို ရောက်နိုင်သည်။

အဆိုးဆုံး အခြေအနေက ဘာလဲ

Total meltdown ဖြစ်ပြီး ဓာတ်ရောင်ခြည် လွှင့်ထုတ်မှုများကို ထိန်းချုပ်နိုင်မှုမရှိတော့ဟု ဆိုပါစို့။ ဘာတွေ


ဖြစ်လာနိုင်သနည်း။ သမိုင်းတလျှောက် အဆိုးဆုံး နျူစိမ့်ထွက်မှုအဖြစ် ရုရှနိုင်ငံမှ ချာနိုဘိုင်းကို
သတ်မှတ်ကြသည်။ အဆင့်သတ်မှတ်ချက်အားဖြင့် နောက်ဆုံးအဆင့် ၇ ဖြစ်သည်။ ချာနိုဘိုင်း ဖြစ်စဉ်က
Reactor core ပေါက်ထွက်ပြီး နျူလောင်စာချောင်းများသည် အရည်ပျော်ကာ လေထုအတွင်းသို့ Radiation
များကို တိုက်ရိုက် လွှင့်ထုတ်ခဲ့သည်။ ထိုသို့ ဆိုးရွားလှသော ဓာတ်ရောင်ခြည် ပျံ့လွင့်မှုသည်ပင် ကီလိုမီတာ ၅၀
(မိုင် ၃၀) ပတ်လည် အတွင်းမှာသာ ရှိခဲ့သည်။ ထိုစဉ်က အသေအပျောက်များခဲ့ခြင်းသည် ဓာတ်ရောင်ခြည်သင့်
အစားအစာများကို လူများက ဆက်လက် စားသောက်နေခဲ့ကြခြင်းက အဓိကအချက်များထဲမှ တချက်ဖြစ်သည်။

ယခု ဖူကူရှီးမားဖြစ်စဉ်တွင် ကီလိုမီတာ ၃၀ (မိုင် ၂၀) အား စွန့်ခွာထားသင့်သည့် ဇုန် (Exclusion zone)
အဖြစ်သတ်မှတ်ထားသည်မှာ လုံလောက်သော အကွာအဝေးဖြစ်သည်ဟု ဗြိတိန်နိုင်ငံမှ နျူကလီးယား
သိပ္ပံပညာရှင်များနှင့် ဖွဲ့စည်းထားသော “အရေးပေါ် အခြေအနေများအတွက် သိပ္ပံနည်းကျ အကြံပေးအဖွဲ့”
(Scientific Advice for Emergencies - SAGE) မှ ပြောကြားထားသည်။

ရေဒီယိုသတ္တိကြွရောင်ခြည်များ ပျံ့လွင့်နိုင်မှုအားသည် အလင်း၏ ပျံ့လွင့်နိုင်မှုကဲ့သို့ပင် အကွာအဝေးအပေါ်


မူတည်သည်။ ရေဒီယိုသတ္တိကြွမှုအားသည် အကွာအဝေး၏ နှစ်ထပ်ကိန်းနှင့် အချိုးညီစွာ
ပြင်းအားကျဆင်းသွားသည်။ ထို့ကြောင့် ကီလိုမီတာ ရာချီကွာဝေးသောဒေသများ (ဥပမာ - တိုကျို) သည်
အဆိုးရွားဆုံး အခြေအနေမှာပင်လျှင် စိုးရိမ်ဖွယ်ရာ ရှိလောက်သော ဓာတ်ရောင်ခြည်ပမာဏအထိ
မရောက်နိုင်ဟု ပညာရှင်များက သုံးသပ်သည်။

ဓာတ်ရောင်ခြည် ပမာဏကို တိုင်းတာနည်း

ဓာတ်ရောင်ခြည် ပမာဏကို တိုင်းတာရာတွင် Sievert (Sv) ဆိုသောယူနစ်ဖြင့် တိုင်းတာသည်။ ဥပမာ - micro


Sivert per hour (uSv/hr), mili Sivert per hour (mSv/hr) စသည်ဖြင့် တိုင်းတာသည်။ ဓာတ်ရောင်ခြည်နှင့်
ထိတွေ့သော အချိန် ထည့်တွက်သည်ကို သတိပြုပါ။ ဓာတ်မှန် တခါရိုက်လျှင် 600uSv/each time
ရောင်ခြည်သင့်ပါသည်။ ငှက်ပျောသီး တလုံးစားလျှင်ပင် 0.0001 mSv ရောင်ခြည်သင့်ပါသည်။ ဂျပန်နိုင်ငံတွင်
လူတစ်ဦး တနှစ် ထိတွေ့နေသော ရောင်ခြည်အားမှာ ပျမ်းမျှအားဖြင့် 1mSv/year ရှိသည်ဟု လေ့လာမှုများအရ
သိရသည်။ ဝေါစထရိ ဂျာနယ်၏ ဖော်ပြချက်အရ ယခုအထိ တိုကျိုမြို့လယ်တင
ွ် တိုင်းတာရရှိသော
ဓာတ်ရောင်ခြည်အားမှာ 0.95 mSv/hr ဖြစ်သည်။ သာမန် အချိန်ထက် အနည်းငယ်မြင့်မားသော
ကိန်းဂဏန်းဖြစ်သော်လည်း လူကိုအန္တရာယ်ဖြစ်စေသော ပမာဏအောက် များစွာလျော့နည်းနေသေးသော
ပမာဏဖြစ်သည်။

ဂျပန်အစိုးရ၏ ဆောင်ရွက်ချက်များနှင့် နိုင်ငံတကာ တုံ့ပြန်မှု

ဂျပန်အစိုးရက ယခုဖြစ်စဉ်အား အပူတပြင်း ကိုင်တွယ်နေသော်လည်း မလိုအပ်ဘဲ လူအများ


အကြောက်လွန်မည် စိုးရိမ်သဖြင့် အေးဆေးတည်ငြိမ်မှုရှိကြရန် တိုက်တွန်းနေပြီး အဆက်မပြတ်
သတင်းထုတ်ပြန်မှုများ၊ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှုများကိုလည်း ပြုလုပ်နေသည်။ တဖက်တွင် နိုင်ငံတကာ
မီဒီယာများကလည်း နျူကလီးယားကြောင့် ဘေးဒဏ်ဖြစ်ရန် နီးကပ်နေပြီဟု ယူဆနိုင်သော
မီးလောင်ပေါက်ကွဲနေသည့် နျူစက်ရုံ ပုံရိပ်ကို အဆက်မပြတ်ပြသနေသည်။ နိုင်ငံတကာကလည်း သံရုံးများမှ
၎င်းတို့ နိုင်ငံသားများအား ပြည်လည်ခေါ်ယူရန် ကြိုးစားနေသည်။

ဂျပန် နျူကလီးယားပညာရှင်များ သတ်မှတ်ထားသော စိုးရိမ်ရသည့် အဆင့် ၄ အား ပြင်သစ်ပညာရှင်များက


မလုံလောက်ဟုဆိုကာ အဆင့် ၆ ဟု သတ်မှတ်သည်။ တချို့သော နိုင်ငံများမှ အစိုးရိမ်လွန်ကဲသော
ဆောင်ရွက်ချက်များသည် ဒေသခံ ပြည်သူလူထုအတွင်း ကြောက်ရွံ့စိတ်ကို ပိုမိုကြီးထွားစေပြီး
အကျိုးဆက်အနေဖြင့် စတိုးဆိုင်များတွင် အစားအသောက်၊ ဓာတ်ခဲ စသည်များကို အလုအယက် ၀ယ်ယူလာမှု
များပြားလာခြင်း၊ သဘာဝဘေးဒဏ်ကို ခံစားနေရသည့် ဒေသများသို့ ပေးပို့ရန် အမှန်တကယ် လိုအပ်နေသော
ကုန်ပစ္စည်းနည်းပါးမှု၊ မလုံလောက်မှုဖြစ်ပေါ်ခြင်း၊ နိုင်ငံခြားသားများသည် မိမိတို့ နိုင်ငံများသို့ အလုအယက်
ပြန်နေကြသဖြင့် လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်ကြီးမားနေခြင်း စသည့် အကျိုးဆက်များ
ဖြစ်ပေါ်နေသည်။

မြန်မာနိုင်ငံသားများရော ဘာလုပ်သင့်သနည်း

ယခုအချိန်တွင် လျှပ်စစ်ထုတ်စက်ရုံ ပျက်စီးမှုကြောင့် လျှပ်စစ်ဓါတ်အား မလုံလောက်မှု ဖြစ်ပေါ်နေပြီး


လျှပ်စစ်မီးများကို အခါအားလျော်စွာ ဖြတ်တောက်ခြင်း ဖြစ်ပေါ်နေသည်။ အကျိုးဆက်အနေဖြင့် ရထားများ
ပုံမှန်မပြေးဆွဲနိုင်ခြင်း၊ စတိုင်းဆိုင်များ၊ အလုပ်ရုံများ မဖွင့်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံသားများသည်လည်း
သွားရေးလာရေးခက်ခြင်း စသည့် အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရသည်။ ထိုအဆင်မပြေမှုများသည်
ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်သင့်မည်ကို ကြောက်သောစိတ်နှင့် ပေါင်းစပ်ပြီး စိတ်ရောကိုယ်ပါ
ဒုက္ခရောက်နေသူများစွာရှိသည်။
လေယဉ်လက်မှတ်ခ ဈေးကြီးပေးကာ ပြန်သွားကြသူများလည်း ရှိကြသည်။ စာရေးသူ အကြံပေးလိုသည်မှာ
ယခုအချိန်တွင် တိုကျိုအနီးတ၀ိုက်၌ နေရန် စိတ်မရဲကြသူများသည် အိုဆာကာ၊ ကျူးရှုးစသည့် ပိုမိုဝေးသော
တောင်ဖက်ခြမ်းသို့ ခဏတဖြုတ်သွားရောက် နေထိုင်သင့်ပါသည်။ ရောင်ခြည်သင့်မည့် အန္တရာယ်မှာ
အထက်တွင် တင်ပြခဲ့သည့်အတိုင်း အလွန်စိုးရိမ်ရသော အခြေအနေတွင် မရှိသေးပါ။

(ဟီကရိသည် ဂျပန် ထိပ်တန်း တက္ကသိုလ်တခုမှ မြန်မာ တွဲဘက်သုတေသီ တဦးဖြစ်ပါသည်။ စာရေးသူက


နျူကလီးယား ပညာရှင် မဟုတ်သော်လည်း အစိုးရများမှ ထုတ်ပြန်သည့် အချက်များအပေါ် အခြေခံကာ
ရေးသားပို့သည်ဟု ဆိုပါသည်။)

လူထုထိခိုက်မည့် ပိတ်ဆို့အရေးယူမှု မလိုလား


မျိုးသန့် | သောကြာနေ့၊ မတ်လ ၁၈

ချင်းမိုင် (မဇ္စ
မဇ္ဈိမ) ။ ။ ပြည်သူလူထု ထိခိုက်စေမည့် နိုင်ငံရပ်ခြား ပိတ်ဆို့အရေးယူမှုမျိုး တွေ့ရှိလျှင်
ယင်းကိစ္စအပေါ် စဉ်းစားသွားမှာသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ
ဦးဝင်းတင်က ပြောသည်။

စီးပွားရေးပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းရန် ရွေးကောက်ပွဲဝင် ၁ဝ ပါတီက ဥရောပနိုင်ငံများမှ သံတမန်များ


ရန်ကုန်သို့ ရောက်ရှိစဉ် ယခုလ ၁၇ ရက်နေ့တွင် စာပေးခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
ရွေးကောက်ပွဲဝင် ပါတီ ၅ ပါတီမှ ခေါင်းဆောင်များ၊ ဥရောပသံတမန်များသည် စီးပွားရေးနှင့် ပတ်သက်သည့်
ဆွေးနွေးပွဲတရပ်လည်း အီတလီသံရုံး၌ ကျင်းပခဲ့သေးသည်။ ဆွေးနွေးပွ၌
ဲ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ
သဘောထား မှတ်ချက် မပေးခဲ့ပေ။

ထိုစီးပွားရေး ပိတ်ဆို့မှု ရှိသင့်မသင့်၊ ပစ်မှတ်ထား ပိတ်ဆို့မှု Targeted Sanction အပေါ် သဘောထား၊


ပိတ်ဆို့မှုနှင့် လူ့အခွင့်အရေး ဆက်စပ်မှု၊ ပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စသဖြင့် NLD
ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်တင်ကို မဇ္ဈိမသတင်းထောက် မျိုးသန့်က ဆက်သွယ်မေးမြန်းထားခြင်း
ဖြစ်ပါသည်။

စီးပွားရေးပိတ်ဆို့မှုများ ထိရောက်မှုရှိမရှိနှင့် ဆိုးကျိုးများကို ဥရောပသမဂ္ဂက ပြန်လည်သုံးသပ်ကာ


လာမည့်လအတွင်း ဆုံးဖြတ်မည်ဖြစ်သည်။

ပိတ်ဆို့မှုတွေအပေါ်ဘယ်လိုသဘောထားလဲခင်ဗျ။ ဆက်ထားသင့်လား၊ ရုပ်သိမ်းသင့်သလား။

“ကျနော်ကတော့ ဆက်ထားဖို့ဗျ၊ ဆက်ထားဖို့ သဘောထား၊ ကျနော့်ရဲ့ သဘောထားကတော့ ဒီပိတ်ဆို့မှုတွေကို


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဖြစ်တဲ့ ပြည်သူတွေကို ထိခိုက်နစ်နာမယ်ဆိုရင် ပြန်လည်စဉ်းစားမယ်
ဘာညာဆိုတဲ့ လိုင်းကို ထောက်ခံတယ်၊ ပြည်သူတော့ မနစ်နာစေချင်ဘူး။ ဘာလို့ဆို ကျနော်တို့ အခုဟာ ကိစ္စ
နှစ်ခုထဲ မဟုတ်ဘူး၊ 3rd person ပေါ့ဗျာ၊ ပြည်သူဆိုတာ ရှိတယ်၊ ဒါ့ကြောင့် ကျနော်လက်ခံတယ်”

တချို့တွေယူဆချက်က Targeted Sanction ကိုတော့ ထားသင့်တယ်လို့ ဆိုပါတယ်။ အဲဒီအပေါ်မှာ


ဘယ်လိုယူဆလဲခင်ဗျာ့။
“Targeted Sanction ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ နောက်ပြီး သူတို့ရဲ့ အပေါင်းအပါတွေကိုတော့ Target
ထားပြီးတော့ လုပ်ရလိမ့်မယ်။ Targeted sanction ဆိုတာ ရှိကောင်းတယ်။ မရှိလို့ရှိရင် ဒီကောင်တွေဟာ ဘာမှ
ကြောက်တော့မှာ မဟုတ်ဘူး။ ဒီဟာကိုပဲ ဆက်ပြီး လုပ်တော့မှာ။ အဲဒါကြောင့် ကျနော်က ၂ ပိုင်း ပိုင်းပြီးတော့
ပြောတယ်။ တပိုင်းက အထွေထွေ Blanket sanction ပေါ့ဗျာ။ ဒီ blanket sanction နဲ့ ပတ်သက်လို့ ရှိရင်တော့
ပြည်သူလူထုကို ထိခိုက်တယ် ဆိုလို့ရှိရင် ပြန်ပြီးတော့ စဉ်းစားပါ့မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
သဘောထားကို ကျနော်တို့ လက်ခံတယ်။ ကျနော် သဘောတူတယ်။ သို့သော် Targeted Sanction ကတော့
ကျနော်က အခိုင်အမာ လုပ်ချင်တယ်”

“တချို့လူတွေက Targeted Sanction ဆိုတာကြီးကို ထားနေရင် ဒီစစ်ဗိုလ်ချုပ်ကြီးတွေ ကြားထဲမှာ Mentality


ပေါ့ဗျာ၊ အဝိုင်းခံနေရတဲ့ စိတ်ထားမျိုးပေါ်မှာ စိုးတယ်ပေါ့ဗျာ။ အဲဒီတော့ သူတို့ကိုပဲ ပစ်မှတ်ထားတယ်ဆိုရင်
သူတို့တွေ ကြောက်ကြလန့်ကြများ ဖြစ်ကြမလားဆိုတဲ့ သဘောထားတွေ ရှိတယ်”

Targeted Sanction က ပြည်သူတွေကို ထိခိုက်တာ ရှိနိုင်လား။

“ဘယ်လိုပဲကြည့်ကြည့် ကျနော့်အနေနဲ့ကတော့ Sanction တွေဟာ မရှိလို့ မဖြစ်ဘူး၊ ရှိရမယ်၊ အဲဒီအခါမှာ


သူတို့ကို Targeted လုပ်ရမယ်။ ဘာလို့ဆိုတော့ ဒီလူတွေကို Targeted လုပ်ခြင်းဟာ ပြည်သူတွေအနေနဲ့လည်း
ဘာမှထိခိုက်စရာ မရှိဘူး။ သူတို့သာ စီးပွားဖြစ်တော့ တေဇတို့ဘာတို့ သူတို့မှာ ပြဿနာတွေ ပေါ်တယ်ဆိုတာ။
အဲဒါ ပြည်သူလူထုနဲ့ မဆိုင်ဘူး။ နောက်တခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ရွှေမန်းတို့၊ ဘာတို့ညာတို့ ထိတာလည်း
ပြည်သူလူထုက ဘာမှ မဆိုင်ဘူး။ တခုက Blanket ပေါ့။ ကျနော်တို့ General Sanction ပေါ့။ Blanket
Sanction ကိုတော့ ဒေါ်စုပြောသလိုပဲ ပြည်သူလူထု ထိခိုက်ရိုးမှန်ရင် အကြောင်းပြချက်တွေ
ဘာညာပေါ်လာရင်တော့ ပြန်စဉ်းစားမယ်ဆိုတာ ကျနော်က သဘောထားတယ်”

လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဒီပိတ်ဆို့မှုတွေ လုပ်တာလို့ သိရပါတယ်။ အထင်အရှား


လူ့အခွင့်အရေးချိုးဖောက်မှုက ဘာဖြစ်မလဲခင်ဗျာ့။

“တိုင်းပြည်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အခု သေဆုံးမှုတွေ အများကြီး ရှိနေတယ်။ အဲဒါတွေ


သေဆုံးတာကို အကြောင်းပြုပြီးတော့ ပြည်ပကနေပြီးတော့ အဲလိုသေဆုံးတဲ့ နိုင်ငံတွေကို
အရေးယူတာဖြစ်တယ်။ အဲဒီတော့ သူတို့အနေနဲ့က ဒီ Sanction တွေကို ရုပ်သိမ်းဖို့ စဉ်းစားတယ်ဆိုရင်
သူတို့ဘက်ကနေ ကာယကံရှင်တွေဖြစ်တဲ့ စစ်အစိုးရ အာဏာရှင်တွေအနေနဲ့က သူတို့ ပြရမယ်၊ ဟုတ်လား။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လောက် သက်သာအောင်၊ လျော့ပါးအောင် လုပ်သလဲဆိုတဲ့
အပြောင်းအလဲတွေ လုပ်သလဲဆိုတာ သူတို့ ဖော်ပြနိုင်ရမယ်။ နောက်တခုက အလားတူပဲ ဒီသေဆုံးမှုတွေ၊
ဥပမာ သတင်းစာ လွတ်လပ်ခွင့်တို့ ဘာတို့ဆိုတဲ့ ဒီမိုကရေစီအခွင့်အရေး ဆိတ်သုဉ်းမှုတွေကို၊ အဲဒါတွေကို သူတို့
ပြေလည်အောင် လုပ်ပေးရမယ်၊ သူတို့ ပြရလိမ့်မယ်။ ခုနပြောတဲ့ လူ့အခွင့်အရေးထဲမှာ ပါတဲ့ဟာကတော့
နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ထောင်ထဲမှာ ရှိနေတာကိုက ဒါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ
ဖြစ်တယ်”

တနေ့တုန်းက ဥရောပသမဂ္ဂ နိုင်ငံတွေက သံအမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင်ပေါ့


ရွေးကောက်ပွဲဝင်တဲ့ ပုဂ္ဂိုလ်တွေလည်း တွေ့ဆုံဆွေးနွေးတဲ့အခါ ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့
ဘာတွေပြန်ပြီးတော့ သဘောထားမှတ်ချက် ပေးတယ်လို့ ကြားမိလဲခင်ဗျ။
“သူ သဘောထားပေးတာ မဆိုးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ဟာ၊ ခုန ပြောသလိုပဲ ပြည်သူကို
ထိခိုက်တာနဲ့ ပက်သက်လို့တော့၊ ရှိရင်တော့ ကျမတို့ စဉ်းစားမယ်ပေါ့။ သူက ကျနော်တို့နဲ့ သဘောထား
အတူတူပါပဲ၊ ဒီသဘောထားပါပဲ။ ဘာမှ အသစ်အဆန်းမှ မပါပါဘူး”

ပြည်သူလူထုကို ထိခိုက်လား၊ မထိခိုက်လားဆိုတာကို ဘယ်လိုမျိုး ဆက်ပြီးတော့ စုံစမ်းမှုတွေ၊ စစ်ဆေးမှုတွေ


လုပ်သွားမလဲဗျ။

“ကျနော်တို့ဘက်ကတော့ ကျနော်တို့လည်း ပြည်သူလူထုရဲ့ အသံတွေကို နားထောင်နေတယ်။


ဆိုတဲ့အခါကျတော့ ကျနော်တို့ပါတီကို အကြောင်းကြားတဲ့ စာတွေဘာတွေ အမြဲတမ်း ရှိပါတယ်။ ကျနော်တို့ရဲ့
မြို့နယ်တိုင်းလိုလို၊ တိုင်းနဲ့ ပြည်နယ် အားလုံးမှာပေါ့ဗျာ၊ ကျနော်တို့မှာ မြို့နယ်တိုင်းမှာ ရှိတယ်။ အဲဒီတော့
ဒီဟာတွေက ဘယ်လောက် ထိခိုက်သလဲဆိုတာ ကျနော်တို့ကတော့ ရနေမှာပဲ”

“နောက်တခုက ပညာသည်တွေပေါ့။ ကျနော်တို့ ပါမောက္ခတွေ ရှိတယ်။ ပညာသည်တွေ ရှိတယ်။ PhD တွေ


ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေနဲ့ မကြာခဏ တွေ့ပြီးတော့ သူတို့ဆီက အကြံဥာဏ်တွေပေါ့ဗျာ၊ သူတို့ရဲ့
ထင်မြင်ချက်တွေကိုလည်း တောင်းတယ်”

“အဲဒီတော့ ကျနော်တို့အနေနဲ့ ပြည်သူကို ထိခိုက်ခြင်း၊ မထိခိုက်ခြင်းဆိုတာ သိနေရတာပဲ။ အဲဒါကို ကျနော်တို့က


ပြည်သူကို ထိခိုက်ခြင်း ရှိတယ်ဆိုတာကို ခိုင်ခိုင်မာမာ ထောက်ပြဖို့ရာ ပြည်သူတွေဘက်က တောင်းဆိုခြင်း
မရှိဘဲနဲ့တော့ ဒီ Sanction တွေကို ရုပ်သိမ်းဖို့ကို လက်မခံဘူးဆိုတဲ့ဥစ္စာ ဒေါ်စုလည်း ပြောပါတယ်”

NLD ရုံးချုပ်မှာ တိုင်းနဲ့ ပြည်နယ်က ပါတီခေါင်းဆောင်၊ ကိုယ်စားလှယ်တွေ ဆွေးနွေးတာ ရှိပါတယ်။ ဒီ Sanction


နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆွေးနွေးဖြစ်လဲဗျ။

“Sanction နဲ့ ပတ်သက်ပြီး ဆွေးနွေးတာက သူတို့ကတော့ Sanction ကို နိုင်ငံရေးလက်နက်တခုအဖြစ်


ထောက်ခံကြတယ် ဆိုတာချည်းပဲ ပြောကြတယ်။ ခုနပြောတဲ့ ပြည်သူတွေဘက်က ထိခိုက်တာ၊
မထိခိုက်တာကတော့ သူတို့လည်း Black group ထဲမှာဆိုတော့ အမှန်အတိုင်းပြောရရင် Sanction ကိစ္စကတော့
လူထုကြားထဲမှာ ဘယ်လို ထိခိုက်မယ်ဆိုတာ မသိနိုင်ဘူးလေ။ သိပ်မသိရပါဘူး။ ကျနော်တို့ဆီမှာကတော့
Sanction နဲ့ ပတ်သက်လို့ အခု တိုင်းနဲ့ ပြည်နယ် ဆွေးနွေးပွဲမှာ ထွက်လာတဲ့ အသံကတော့ ဒီ Sanction
တွေဟာ ရှိပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ရှိနေတယ်၊ ဒါ သူတို့ကိုယ်တိုင်ကလည်း မြင်နေတာကိုး။
နယ်တွေမှာလည်း တွေ့နေတာကိုး”

“နောက်တခုက ဒီမိုကရေစီ အခွင့်အရေး ဆိတ်သုဉ်းမှုတွေကိုလည်း သူတို့ကိုယ်တိုင် မြင်နေတာ၊


ခြိမ်းခြောက်မှုတွေ၊ ဟန့်တားမှုတွေ ဘာညာပေါ့ဗျာ။ နိုင်ငံရေးအကျဉ်းသားတွေဆိုတာလည်း သူတို့တွေပဲ
မျှပြီးတော့ ထောင်တွေ ထောင်တွေ ထောင်တွေမှာ စီနေရတာဆိုတော့ သူတို့ကတော့ ပိတ်ဆို့မှုကို
ဆက်ရှိသင့်တယ်ဆိုတဲ့ အသံပဲ ထွက်တယ်။ ကျန်တဲ့အသံ မထွက်ပါဘူး”

ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေက စီးပွားရေးပိတ်ဆို့မှုကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုနေပါတယ်။ အဲဒီအပေါ်


ဘယ်လို သဘောထားပါသလဲခင်ဗျ။

“ဒီပါတီတွေနဲ့ သဘောမတူဘူးဆိုတာကတော့ ကျနော်တို့ ပြောပြီးသားပါ။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့


NDF ခေါင်းဆောင်တွေ တွေ့တဲ့အခါတုန်းကလည်း ဒီသဘောထားတွေ ကျနော်တို့ ပြောခဲ့ပြီးပြီ။
သူတို့ဘက်ကတော့ Sanction နဲ့ ပတ်သက်လို့ ကျနော်တို့ဘာသာကျနော်တို့ တောင်းဆိုချင်တောင်းဆို၊
ကျမတို့ကတော့ မလုပ်နိုင်ဘူး၊ ဒီဥစ္စာ အမှန်အတိုင်း ပြောရရင် NDF ခေါင်းဆောင်တွေဆိုတာ အခု NDF ပါတီ
ပေါ်လာမှသာ အခုနောက်ပိုင်းမှာ အစိုးရတွေပြောလို့သာ ဒီကိစ္စကို အစိုးရလေသံအတိုင်း လိုက်ပြောတာကိုး။
Sanction ကို ထားရမယ်၊ ပိတ်ဆို့ရေးကို ချမှတ်ရမယ်၊ ဒီဟာတွေဟာ နိုင်ငံရေးလက်နက်ပဲ၊ နိုင်ငံရေးအားဖြင့်
အရေးယူမှုပဲဆိုတဲ့ဟာ သူတို့ တလျှောက်လုံး ကိုင်ခဲ့တဲ့ သဘောထားကိုး။ အဲတော့ ကျနော်တို့ NDF နဲ့
တွေ့တဲ့အခါ NDF ကလည်း ဘာမှ မပြောနိုင်ပါဘူး။ သူတို့ရဲ့ ရပ်တည်ချက်ကို ကျနော်တို့ နားလည်ပါတယ်လို့ပဲ
ပြောနိုင်တယ်”

စီးပွားရေး ပိတ်ဆို့မှု ပြန်ရုပ်သွားမယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာနိုင်မယ်ဆိုတော့ ကောင်းတဲ့


အချက်တွေ ရနိုင်မလားခင်ဗျ၊။

“ကျနော်တို့က ယုံတယ်။ ကျနော်တို့က Investment (ရင်းနှီးမြှုပ်နှံမှု) နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ Sanction


ကို နိုင်ငံရေးအားဖြင့် သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ အရေးကိစ္စတွေကြောင့်သာ
ကျနော်တို့က နိုင်ငံရေးလက်နက်အနေနဲ့ ပြောရတာကိုး။ ပုံမှန်အားဖြင့် ဆိုရင်တော့ ကျနော်တို့က ဆင်းရဲတဲ့
နိုင်ငံတခု၊ တိုင်းပြည်မှာ ဆင်းရဲနေတဲ့ နိုင်ငံတခု၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတခုအနေနဲ့ Investment ကို၊ Foreign
Investment တွေ ဆိုတဲ့ဟာတွေက ကျနော်တို့ လက်ခံတာပဲ။ သူတို့ကို ဒါတွေနဲ့ ပတ်သက်ပြီး ငြင်းစရာ မရှိဘူး။
ရင်းနှီးမြှုပ်နှံမှုကနေ နည်းပညာတွေ ရချင်ရင်၊ အသုံးဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်သင့်တယ်။ ဝင်လာမယ့်
ရင်းနှီးမြှုပ်နှံမှုတွေက ပိတ်ဆို့မှုတွေနဲ့ ဘယ်လောက် ငြိစွန်းမလဲဆိုတာ မသိဘူးလေ။ ရင်းနှီးမြှုပ်နှံမှုတချို့က
ပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ သဘောဆောင်တာလဲ ရှိတယ်ပေါ့ဗျာ။ အဲဒီလုမ
ိ ဟုတ်ဘဲ ပိတ်ဆို့မှုကို
ချိုးဖောက်တာမျိုး မဟုတ်ဘဲနဲ့ တိုင်းပြည်မှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ သဘောကလည်း ဖြစ်နိုင်တဲ့အခါ
ကျနော်တို့စဉ်းစားတာက ဒီရင်းနှီးမြှုပ်နှံမှုတွေက တကယ်ထိရောက်ရဲ့လား အဲဒီလို စဉ်းစားပါတယ်”

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို ကူညီနေတဲ့ နိုင်ငံတချို့က စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ရုပ်ပြီး


ရင်နှီးမြှုပ်နှံမှုတွေ လာလုပ်ကြမယ်လို့ ပြောသံတွေ ကြားပါတယ်။ အဲဒီအပေါ်မှာရောခင်ဗျ။

“မြန်မာပြည် ဒီမိုကရေစီအရေးကိစ္စနဲ့ ပတ်သက်လို့ ဒီနိုင်ငံတွေက ကျနော်တို့ဘက်ကနေ အများကြီး


ရပ်တည်ပြီးတော့ ထက်ထက်သန်သန် ဆောင်ရွက်တဲ့အခါ ကျနော်တို့ယူဆချက်တွေနဲ့ ကွဲလွဲပြီး
လုပ်လာလိမ့်မယ်လို့ ကျနော်မထင်ဘူး”

နောက်ဆုံး

ကျွန်မ ဘာအမှားတွေ လုပ်ခဲ့လို့လဲ


ရင်ရင်မွှေး မတ် ၁၈၊ ၂၀၁၁ မိုးမခ

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)

ကျွန်မနာမည် ရင်ရင်ပါ။ အသက် ၂၇ နှစ်။


ကျမကိုယ်ဝန်ရှိတုန်းက ရပ်ကွက်ဆရာမရဲ့ သွေးစစ်ပေးမှုနဲ့ ၂၀၀၅ ခုနှစ် ၈ လပိုင်းမှာ HIV positive
မှန်းသိခဲ့ပါတယ်။ ကျွန်မသေမိန့်ကျတဲ့သူတစ်ယောက်လို ခံစားရပါတယ်။ အလွန်ဘဲ ဝမ်းနည်း စိတ်ထိခိုက်ရ
ပါတယ်။ အပြစ်မရှိတဲ့ ကျွန်မရဲ့ ရင်သွေးလေး တစ်ခုခု ဖြစ်သွားမှာကို မလိုလားပါဘူး။ မိဘတွေ သိမှာလည်း
စိုးရိမ်ခဲ့ရပါတယ်။ ကျွန်မခံစားရတာတွေ ဘယ်သူ့ကို ရင်ဖွင့်ရမှာလဲ။ ကျွန်မနဲ့ HIV/AIDS ဆိုတဲ့ရောဂါကြီးကို
ဘယ်သူတွေ စာနာနားလည်မှာလဲ။
ကျွန်မမှာ HIV ပိုးရှိမှန်း ကျွန်မထက် အရင်သိနေတာကတော့ ပတ်ဝန်းကျင်ပါဘဲ။ ကျွန်မရဲ့ သွေးစစ်တဲ့
အဖြေကို ဆရာမက သူ့ချွေးမကို ဆေးရုံမှာ သွားယူခိုင်းခဲ့တယ်။ အဲဒီချွေးမက ကျွန်မယောင်းမနဲ့ စီးပွား ပြိုင်ဘက်၊
သူက အိမ်မှာ ကျွန်မအကြောင်း ပြောခဲ့တယ်။ ဗူးပေါက်တစ်ရာသာ ပိတ်လို့ရမယ်၊ ပါးစပ်ပေါက် တစ်ပေါက်ကို
ပိတ်လို့မရဘူးဆိုတာ တစ်ကယ်မှန်ပါတယ်။ ကျွန်မမှာ HIV ပိုး ရှိတယ်ဆိုတာ တီဗွီကနေ ကြော်ငြာနေစရာ
မလိုပါဘူး။ ကျွန်မမိဘ၊ အစ်မနှစ်ယောက်နဲ့ ဆွေမျိုးတွေအားလုံး သိသွားခဲ့တယ်။
ကျွန်မ အမေက မေးတယ်။ နင်ဘာဆက်လုပ်မလဲတဲ့။ ကျွန်မဘာလုပ်ရမှာလဲ၊ ရှက်လဲရှက်တယ်။ HIV/AIDS
ဆိုတဲ့ ရောဂါကြီးကို ကျွန်မကြောက်တယ်။ ကျွန်မ ဘာအမှားတွေ လုပ်ခဲ့လို့လဲ။ ဒီရောဂါကြီး ဘာကြောင့်
ဖြစ်ရတာလဲ။
ကျွန်မ အသက် ၁၈ နှစ်မှာ အိမ်ထောင်ကျခဲ့တယ်။ တစ်ကယ်တော့ အိမ်ထောင်ကျတာ မဟုတ်ပါဘူး။
ငရဲပြည်ကိုသွားတဲ့ လမ်းမကြီးပေါ် ရောက်ခဲ့တာပါ။ ကျွန်မဟာ ဘ၀အမှောင် လမ်းမကြီးမှာ လျှောက်လှမ်း
နေရပါတယ်။ ဆူးငြောင့်ခလုတ်တွေ မမြင်ရတဲ့အတွက် ဒဏ်ရာတွေနဲ့ပေါ့။ ကျွန်မ အားငယ်ရင် ဘယ်သူတွေ
အားပေးမလဲ။ ကျွန်မ ဝမ်းနည်းရင် ဘယ်သူတွေ ဖေးမ မလဲ။ ကျွန်မ လဲကျရင် ဘယ်သူတွေ လာထူမှာလဲ။
လောကကြီးက ကျွန်မရဲ့ဘဝကို HIV ဆိုတဲ့ တံဆိပ် ခတ်နှိပ်ချိန်မှာ ကယ်တင်မယ့်သူ မရှိခ့ပ
ဲါဘူး။
ဆေးရုံကို ယောင်းမလိုက်ပို့လို့ ရောက်ခဲ့ပါတယ်။ STD က ဆရာဝန်နဲ့ တွေ့ခဲ့တယ်။ ကျွန်မရဲ့အမျိုးသား
ကိုလည်း ဆရာက သွေးစစ်ခိုင်းပါတယ်။ သူလည်း positive ပဲပေါ့။ ကျွန်မတို့ လင်မယားနှစ်ယောက်ကို
နှစ်သိမ့်ဆွေးနွေး ပညာပေးပါတယ်။ တစ်လကို သုံးသောင်းခွဲတန် ဆေးရှိတယ်၊ ပိုးကို ထိန်းထားနိုင်တယ်၊ ဒါပေမဲ့
လိုအပ်မှ သောက်ရမယ်လို့ ပြောပါတယ်။ ကျွန်မတို့ အခုချိန် သောက်ရတော့မှာလားလို့ မေးလိုက်တော့ ဒီအချိန်
ဆေးသောက်ဖို့ မလိုသေးဘူးတဲ့။
ကျွန်မရဲ့ ကိုယ်ဝန်ကိုတော့ PMCT နဲ့ မွေးပေးမယ်တဲ့။ PMCT ဆိုတာ ဘာကိုပြောမှန်း ကျွန်မ မသိပါဘူး။
ကျွန်မ ပတ်ဝန်းကျင်အကြောင်း ပြောရအုံးမယ် … ကျွန်မမှာ HIV ပိုး ရှိနေလို့ သူတို့ကလေးတွေနား
ကပ်တာ မကြိုက်ဘူးတဲ့။ ရောဂါ ကူးမှာစိုးလို့တဲ့။ ကျွန်မ ဘယ်သိမလဲ၊ ကျွန်မ အမေက ပြောတော့မှဘဲ
သိရတော့တယ်။ နင်အိမ်တွေလျှောက်မလည်နဲ့တဲ့။ သူတို့တွေက နင်လာတာ မကြိုက်ဘူးတဲ့။ ကျွန်မ
အရမ်းစိတ်မကောင်း ဖြစ်ရတယ်။ ဒီရောဂါကြီးကို ကျွန်မကိုယ်တိုင်လည်း မပိုင်ဆိုင်ချင်ခဲ့ပါဘူး။ နောက်ပိုင်း ကျွန်မ
အိမ်မှာဘဲ နေဖြစ်တယ်။
ကျွန်မတို့အိမ်ရဲ့ဘေးက အရာရှိမိသားစု တစ်စုရှိတယ်။ သူတို့မိသားစုက ကျွန်မတို့
လင်မယားနှစ်ယောက်ကို မခွဲခြားဘူး။ သူတို့အိမ်ကို အတင်းခေါ်တယ်။ ကျွန်မလည်း ပုံမှန်ပဲ နေဖြစ်တယ်။ သူတို့
ခေါ်မှပဲ သွားတယ်။ ကျွန်မမှာ HIV ပိုးရှိမှန်းသိရင် သူတို့လည်း အရင်လူတွေလို ခွဲခြားသွားမှာပဲလို့ ထင်ခဲ့တယ်။
ဒါပေမယ့် သူတို့တွေက ကျွန်မအိမ်မှာ တစ်ယောက်တည်း အခန်းအောင်းနေရင်လည်း အတင်းလာခေါ်ကြတယ်။
သူတို့မှာ တစ်နှစ်ခွဲအရွယ် သားလေးတစ်ယောက်ရှိတယ်။ အဲဒီကလေးက ကျွန်မ ထမင်းခွံ့ကျွေးရင်
အရမ်းစားတယ်။ ဒါကြောင့် ကျွန်မ သူတို့အိမ်ဘက်မှာ အနေများခဲ့တယ်။ ရေချိုးရင်တောင် သူတို့အိမ်မှာဘဲ
ချိုးဖြစ်တယ်။ နေ့ခင်းဘက် အိပ်ရင်လည်း ကျွန်မကို ဗိုက်ကြီးသည်ဆိုတော့ ပိုပြီးပူမယ်ဆိုပြီး သူ့သားလေးနဲ့
အဲယားကွန်း အခန်းထဲမှာ အတူအိပ်ခိုင်းပါတယ်။ ကျွန်မအရမ်းအားနာတာဘဲ။ ကျွန်မ ရောဂါကို ဒီကလေးကို
ကူးမှာစိုးတယ်။ ကျွန်မရောဂါအကြောင်း သူတို့ကို ပြောပြလိုက်ချင်တယ်။ ဒါပေမယ့် မပြောရဲဘူး။
ကျွန်မရှက်တယ်။ ဘယ်ကစပြောရမလဲ။ နောက်ပြီး ကျွန်မတို့ကို ခွဲခြားသွားမှာ ကြောက်တယ်။ ဒါကြောင့်
သူတို့ကို ကျွန်မ မပြောဖြစ်ခဲ့ဘူး။
ကျွန်မဗိုက်နာလို့ ဆေးရုံတက်ခဲ့တယ်။ ရိုးရိုးအခန်းထဲမှာနေတုန်း သူနာပြု ဆရာမက ဒီလိုနေချင်တဲ့ နေရာ
နေလို့မရဘူးတဲ့။ ကိုယ့်ကိုကိုယ် မသိဘူးလားတဲ့၊ ကျွန်မကို ဓာတ်ကင်တဲ့ ဘေးက အခန်းကျဉ်းလေးမှာ
နေခိုင်းပါတယ်။ ကျွန်မအသက်ရှုလို့တောင် မဝပါဘူး။ ကျွန်မ ဝမ်းနည်းပြီး ငိုခဲ့တယ်။ ငါ ဘာရောဂါဖြစ်ဖြစ်
ဆေးရုံကို မသွားတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ကလေးမွေးခါနီးမှာ ကျွန်မကို STD ဆရာဆီက ဆေးတောင်းပြီး
တိုက်ကြတယ်။ သမီးလေးကို လွယ်ကူစွာ မွေးခဲ့တယ်။ ကလေးကိုလည်း နောက်တစ်နေ့မှာ ဆေးလာတိုက်
ကြတယ်။ ကလေးကို မိခင်နို့ မတိုက်ခိုင်းပါဘူး။ နို့မှုန့်ပဲ တိုက်ရတယ်။ ၁၈ လ နေရင် သွေးစစ်ရမယ်လို့
ပြောပါတယ်။
ကျွန်မသမီးလေး ၁နှစ် ၄လ မှာ နေမကောင်း ဖြစ်တယ်။ ဘာရောဂါမှန်း မသိဘူး၊ ကိုယ်တွေအရမ်းပူပြီး ၁၀၃
ဒီဂရီ ကျော်တယ်။ ဆရာဝန်က ဒီမှာမရဘူးတဲ့။ မန္တလေးကို အမြန်သွားခိုင်းတယ်။ ဒါကို ကျွန်မ ပတ်ဝန်းကျင်က
ကလေးလည်း ပိုးပါတာနေမှာတဲ့၊ သက်ဆိုးရှည်မှာ မဟုတ်ဘူးတဲ့။ ကျွန်မလေ HIV ရောဂါကြီးနဲ့
ဒီပတ်ဝန်းကျင်မှာ အသက် ဆက်မရှင်ချင်တော့ဘူး၊ သမီးလေးကို မန္တလေး နန်းတော် ဆေးခန်းမှာ
ဆေးကုသခဲ့တယ်။ ရောဂါစစ်ကြည့်တော့ TB တဲ့။ ကျွန်မလည်း အရမ်းလန့်သွားတယ်။
ကလေးမှာ တစ်ကယ်ဘဲ HIV ပိုးရှိနေပြီလား။

နန်းတော်မှ ဆရာမတွေနဲ့ တိုင်ပင်ပြီး ကျွန်မတို့ လင်မယားနှစ်ယောက်လုံး HIV Positive ဖြစ်တဲ့အတွက်


ကလေးကို သွေးစစ်ခိုင်းကြည့်တယ်။ သမီးလေး အရမ်းကံကောင်းတယ်၊ HIV ပိုးမရှိဘူးတဲ့၊ TB
ဆေးတစ်ပတ်လောက် သောက်ပြီးချိန်မှာ အဖျားလုံးဝမရှိတော့ဘဲ ပုံမှန် ကျန်းမာ လာတယ်။
၂၀၀၈ ခုနှစ် ၆ လ ပိုင်းမှာ အမျိုးသားရဲ့ ကျန်းမာရေး သိသာစွာ ကျဆင်းခဲ့တယ်။ အရင်အချိန်တုန်းက
တစ်ယောက်တည်းနေတတ်ပေမယ့် ကျန်းမာရေးချို့တဲ့လာချိန် သူဟာ အားငယ်လာတယ်။ အမြဲတမ်းပဲ
အပေါင်းသင်းတွေကို မျှော်နေတယ်။ သမီးကို သူ့အနား အကပ်မခံတော့ဘူး။ ဒါကြောင့် သမီးကို အမျိုးအိမ်မှာ
ထားလိုက်တယ်။ သူ့မိသားစု အသိုင်းအဝိုင်းက ငွေကြေးပြည့်စုံစွာ ပေးပေမယ့် သူ့ကို တစ်နေ့တစ်ခေါက်
လာမကြည့်ပါဘူး။ သူ့ရဲ့ နောက်ဆုံးအချိန်တွေက တော်တော်အထီးကျန်ပါတယ်။ သနားစရာလဲ ကောင်းပါ
တယ်။

TB တို့၊ ငှက်ဖျားတို့ မရှိဘဲနဲ့ ည ၂ နာရီလောက် ရောက်ပြီဆိုရင် ဘယ်လိုမှ နေမရအောင် ပူလာတယ်။


ညနေကတည်းက ရေခဲပုံးတွေနဲ့ ရေခဲတွေဝယ်ထည့်ထားရတယ်။ အဲဒီအချိန်ကျရင် ကျွန်မ ထပြီး ရေခဲတွေ
တင်ပေးရတယ်။ မနက် ၄ နာရီလောက်ကျရင် အပူကျပြီး ချမ်းတုန်လာပြန်ရော၊ အိမ်မှာ ရှိသမျှ စောင်တွေ
ခြုံပေးရတယ်၊ ဒါတောင် အချမ်းမပြေဘူးလို့ပြောတယ်၊ အဲဒီလိုမျိုး ၂ လ ဆက်တိုက်လောက် ဖြစ်ပြီးတဲ့နောက်
သူအိပ်ယာထဲ လဲတော့တာပဲ၊

သူလဲနေချိန်မှာ သူ့အနားကို အမေ၊ ညီအစ်ကိုမောင်နှမ ဘယ်သူမှ မလာကြ တော့ဘူး၊ သူ့အမေက


ကျွန်မတို့ခေါင်းရင်းကဖြတ်ပြီး ဘေးအိမ်ကို အလည်သွားတတ်တယ်။ ခြေသံ မကြား အောင် သွားပေမယ့်
သူ့သားကသိတယ်၊ “အမေ”လို့ အကျယ်ကြီးအော်ခေါ်တော့ ဒီကောင်က နားပါးသားလို့ ပြန်ပြောတယ်။
ငွေနဲ့လိုတာ အကုန်ပေးတယ်။ အကြင်နာကလွဲရင်ပေါ့။ သူအဲဒီအချိန်မှာ အရမ်း လိုအပ်နေတာက
အားပေးစကားနဲ့ ကြင်နာမှုပါ၊ သူဘာမှ ရမသွားရှာဘူး။

သူ့သူငယ်ချင်းတွေထဲမှာ သူ့အရင် ဒီရောဂါနဲ့ သေသွားကြတဲ့သူတွေ ရှိကြပါတယ်။ သူ့တို့အမေတွေ၊


ညီအစ်ကိုမောင်နှမတွေက ရင်အုပ်မကွာ ပြုစုစောင့် ရှောက်ကြတာတွေ့ရပါတယ်။ ဝမ်းတွေကလည်း
အမြဲလျောနေတာပဲ၊ အဝတ်တွေကို ကျွန်မဘာသာပဲ လျှော်ရ တယ်။ ငှားလျှော်ဖို့လည်း လူမရဘူး၊ အိမ်နဲ့နီးတဲ့
ချောင်းထဲမှာ သွားသွားလျှော်ရတယ်။ ကြာတော့ အများကို အားနာလာလို့ ကလေးတွေ ဝမ်းသွားရင် သုံးတဲ့
ဘောင်းဘီမျိုးတွေ အများကြီး ဝယ်ခိုင်းရတယ်။ ဝမ်းသွားတိုင်း လဲပေးပြီး အိမ်ထဲမှာဘဲ ကျင်းတူးပြီး
မြှုပ်လိုက်တယ်။ သူအိပ်ယာထဲ လဲသွားချိန်မှာ ကျွန်မ တစ်ယောက်တည်း ပြုစုမဲ့သူရှိတယ်။ ထိုင်ချင်တယ်ဆိုလို့
ထိုင်ဖို့ လုပ်ပေးရင်လည်း ကိုင်မထားရင် တစ်ဘက်ဘက် လျောကျ သွားတယ်။ အနားကလည်း မခွာရဘူး၊ ရင်ရင်
ရင်ရင် နဲ့ ခေါ်နေတော့တယ်။ တစ်ချိန်လုံး ခေါ်နေတော့တာ၊ သူသေသွားပြီး ရက်အတော်ကြာသည်အထိ
သူ့ခေါ်သံတွေ ကြားနေရတော့တာ။ နေ့ရော ညရော မနားရဘူး၊ ရက်တွေကြာလာတော့ ဘယ်လိုမှ
မခံနိုင်တဲ့အဆုံး သူ့အစ်ကိုကြီးကိုပြောရတယ်၊ အဲဒီတော့မှ ညစောင့်ဖို့ မိန်းမကြီးတစ်ယောက် ငှားပေးတယ်၊
သူက အိပ်ရုံလေးတင်၊ ဘာမှ ထိဖို့ ကိုင်ဖို့ လုပ်ပေးဖို့ မဟုတ်ဘူး။
အိပ်ရာထဲက မထနိုင်ချိန်မှာ ကျွန်မတို့ရပ်ကွက်မှာရှိတဲ့ ဆေးရုံမှာလုပ်တဲ့ အစိမ်းဝတ်ဆရာမကြီးကို
ဆေးခေါ်ထိုးခဲ့တယ်။ ဆရာမက ကျွန်မအမျိုးသားကို HIV ပိုးရှိမှန်း သိတယ်။ အားပေးစကားလည်း ပြောပါတယ်။
ကျွန်မနဲ့ သမီးလေးကို ဆရာမကိုယ်တိုင် ဆေးရုံမှာ သွေးထပ်စစ်ပေးခဲ့တယ်။ နောက်တစ်နေ့မှာ
အဖြေသွားယူတော့ ဆရာမက မေးလိုက်တယ်။ အခြေအနေ ဘယ်လိုရှိသလဲတဲ့။ ကလေးကတော့ ကံကောင်း
တယ်ဆိုတဲ့ အသံကျွန်မ ကြားလိုက်တယ်။ ကျွန်မက ရှိပြီးသားဆိုတော့ ရင်မခုန်တော့ပါဘူး။ STD ဆရာဝန်က
ကျွန်မကို နှစ်သိမ့်ဆွေးနွေး အားပေးစကားပြောပါတယ်။ septrin၊ အားဆေးနဲ့ ဓါတ်ဆားထုတ်တွေ
ပေးလိုက်တယ်။ septrin ကို တစ်နေ့ နှစ်ကြိမ် သောက်ခိုင်းပါတယ်။ ဆေးကုန်ရင်လည်း တစ်လ တစ်ကြိမ်
လာယူခိုင်းပါတယ်။

၂၀၀၈ ခုနှစ် ၁၁ လပိုင်းမှာ အမျိုးသား ဆုံးခဲ့တယ်။ မကြာခင် ငါလည်း သေတော့မှာလို့ တွေးနေခဲ့တယ်။


ဆေးထိုးပေးတဲ့ဆရာမရဲ့ အကူအညီနဲ့ CHBC ကိုရောက်ခဲ့ပါတယ်။ အဲဒီက သူတို့ဆီမှာ HIV ပိုးရှိတဲ့ သူတွေ
အတွက် အာဟာရ ထောက်ပံ့မှုတွေ ရှိတယ်၊ Care တွေ ရှိတယ်၊ ဘ၀အတူ အချင်းချင်း တွေ့ဆုံပွဲတွေရှိတယ်
ဆိုတဲ့အကြောင်း ပြောပြပါတယ်။ အခု လုပ်ငန်းနားနေတဲ့ အချိန်ဖြစ်လို့ နောက်တစ်ခါတွေ့ဆုံပွဲရှိရင် ဘဝတူ
တွေနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောတယ်။ အမျိုးသားဆုံးပြီးချိန်မှာ မိဘနဲ့ဆွေမျိုးတွေက ကျွန်မကို လပိုင်း လောက်
အသက်ရှင်မယ့်လူမမာတစ်ယောက်လို ထားတယ်။ ဘာအလုပ်မှ ပေးမလုပ်ဘူး၊ အားနည်းပြီး အိပ်ယာထဲ
လဲမှာစိုးလို့တဲ့။ ရေချိုးရင်တောင် ဖျားမှာစိုးပြီး သုံးရက်တစ်ခါ ချိုးရပါတယ်။ အချိန်ရှိသရွေ့ အိပ်ခိုင်းကြတယ်။

တကယ်ဆိုရင် ကျွန်မအသက် ငယ်ငယ်လေးရှိသေးတယ်။ HIV ဆိုတဲ့ ရောဂါကြီးကြောင့် ရှင်လျက်နဲ့


သေနေရတယ်။ CHBC ရဲ့ဘဝတူ တွေ့ဆုံပွဲလေးကို ကျွန်မတတ်ရောက်ခဲ့တယ်။ ဘဝတူတွေအများကြီးနဲ့
ခင်ခဲ့တယ်။ ဘဝတူ သူငယ်ချင်းတွေက HIV positive တွေကို ကူညီတဲ့ ရွှေခြင်္သေ့အဖွဲ့နဲ့ ကြက်ခြေနီ အဖွဲ့
ရှိတယ်ပြောတယ်။ ကျွန်မကို အဖွဲ့တွေဆီကို လိုက်ပို့ပေးခဲ့တယ်။ ဒါကြောင့် ကျွန်မလည်း ရွှေခြင်္သေ့အဖွဲ့ကို
စတင်ရောက်ဖြစ်ခဲ့ပါတယ်။

စေတနာ့ဝန်ထမ်းများရဲ့ နွေးထွေးတဲ့ ခင်မင်မှုကို ရရှိခဲ့ပါတယ်။ သူတို့က ကျွန်မကို HIV နဲ့ ပတ်သတ်တဲ့


စာအုပ်တွေ အများကြီး ပေးဖတ်ခဲ့ပါတယ်။ ရွှေခြင်္သေ့အဖွဲ့မှ ဆေးခန်း (၄) ခန်းမှာ အခမဲ့ ကုသခွင့်စာအုပ်
ပေးလိုက်ပါတယ်။ ရွှေခြင်္သေ့ကို နေ့တိုင်းလိုလို သွားဖြစ်ခဲ့ပါတယ်။ ရောက်ရင် ကျွန်မလည်း HIV နဲ့
ပတ်သတ်တဲ့စာအုပ်တွေ ဖတ်တယ်။ မသိနားမလည်တာရှိရင် မေးဖြစ်ပါတယ်။ ရွှေခြင်္သေ့မှ ဘဝတူတွေ့ဆုံပွဲ
တွေကို တက်ရောက်ခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ HIV နဲ့ပတ်သက်ပြီး သေသေချာချာ ရှင်းလင်းသင်ကြားမှုတွေ
ရှိတဲ့အတွက် ကျွန်မရဲ့အတွေးအမြင်များ ပြောင်းလဲလာခဲ့ပါတယ်။

HIV ဆိုတာ ပိုးတစ်မျိုးဖြစ်တယ်၊ ခန္ဓာကိုယ်ထဲမှာ ရှိနေပေမယ့် လူကောင်းတစ်ယောက်လို ပုံမှန် အလုပ်


လုပ်နိုင်တယ်ဆိုတာ သိရှိခဲ့ချိန်မှာ မှောင်မိုက်နေတဲ့ကျွန်မရဲ့ဘဝ လမိုက်ညမှာ မျှော်လင့်ခြင်းဆိုတဲ့ အလင်း
တန်းလေးကို တွေ့မြင်ခဲ့ရပါတယ်။ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချခဲ့တယ်။ ကျန်ရှိနေတဲ့
အချိန်တွေကို အကျိုးရှိရှိ ကုန်ဆုံးချင်ပါတယ်။ ဒါကြောင့် HIV နဲ့ ပတ်သက်ပြီး မိဘနဲ့ဆွေမျိုးတွေ နားလည်အောင်
ကျွန်မ သေသေချာချာ ရှင်းပြခဲ့ပါတယ်။ ARV ဆိုတဲ့ ပိုးထိန်းဆေးအကြောင်း တော်တော် များများ
မိဘဆွေမျိုးများ နားလည်လာကြပါတယ်။ ကျွန်မလည်း ရွှေခြင်္သေ့အဖွဲ့မှာ ဘဝတူ စေတနာ့ဝန်ထမ်း
လုပ်ဖြစ်ခဲ့ပါတယ်။ HIV positive မှန်းသိစတုန်းက ကျွန်မတစ်ယောက်တည်းလို့ ခံစားရပါတယ်။ အဖွဲ့ထဲ
ရောက်တော့မှ ကျွန်မလို ဘဝတူတွေ အများကြီးရှိတယ်၊ HIV ဆိုတဲ့ ရောဂါဆိုးကြီးကို ခုခံကာကွယ်ရမယ်၊
ကျွန်မတို့ရဲ့ ဘဝတွေကို အကောင်းမမြင် မပေါင်းချင်ကြတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မတို့ ဘဝတွေကို
မြှင့်တင်ပေးတဲ့ အဖွဲ့အစည်းတွေရဲ့ စည်းလုံးနွေးထွေး ကြင်နာမှုတွေကို ပြချင်တယ်။
ကျွန်မရဲ့အိမ်ကို အဖွဲ့က သူငယ်ချင်းတွေ ဝင်ထွက်သွားလာကြပါတယ်။ ကျွန်မနေမကောင်းဖြစ်ရင်လည်း
သူတို့က ဆေးခန်းကို ဂရုတစိုက် လိုက်ပို့ကြတယ်။ အရင်အချိန်တုန်းကဆိုရင် ဆေးခန်းတွေ ကျွန်မ မပြရဲပါဘူး။
ကျွန်မ HIV positive မှန်း သိသွားရင် ဘယ်လိုဆက်ဆံမှာလဲဆိုပြီး အားငယ်ခဲ့တယ်။ အိမ်မှာဘဲ ခေါင်းမူး
ခေါင်းကိုက်ဖြစ်ရင် ကြိတ်ခံခဲ့ရပါတယ်။ အဖွဲ့က လမ်းညွှန်တဲ့ဆေးခန်းကို ရောက်တော့မှ ဆရာ/ဆရာမ များရဲ့
မခွဲခြားဘဲ ဂရုစိုက်မှုများကြောင့် ကျွန်မမှာပိုးရှိပေမယ့် ဆေးခန်းကို သွားရဲခဲ့ပါတယ်။ အားမငယ်တော့ပါဘူး။
ဆေးခန်းကို တစ်လတစ်ခါ septrim ၊ အားဆေး ၊ ဓါတ်ဆား ပုံမှန် ထုတ်ဖြစ်ခဲ့ပါတယ်။

အဖွဲ့အစည်းက လူကြီးများ၊ သူငယ်ချင်းများနှင့် ဘဝတူများရဲ့ ကျွန်မနဲ့ မိသားစုအပေါ်


ဂရုစိုက်မှုများကြောင့် ပတ်ဝန်းကျင်မှလူများ စိတ်ဝင်စားလာပါတယ်။ အိမ်ဘေးက စပ်စုတတ်တဲ့ ဘွားတော်က
မေးတယ်၊ သူတို့က ဘယ်သူတွေလဲ၊ ဘာလို့ခဏခဏ လာတာလဲတဲ့၊ ကျွန်မဆီကိုလာတာ၊ HIV နဲ့ ပတ်သက်တဲ့
အဖွဲ့အစည်းတွေ၊ ကျွန်မတို့လို HIV ရောဂါသည်တွေကို မခွဲခြားဘဲ ပြုစုစောင့်ရှောက်ပေးတယ်၊ အာဟာရ
ထောက်ပံ့မှုတွေ ပေးတယ်၊ ဆေးခန်း (၄) ခန်းမှာ အခမဲ့ ကုသခွင့်တွေ ပေးတယ်၊ ကျွန်မတို့ရဲ့ အားငယ်တဲ့
စိတ်ဓာတ်ကို မြှင့်တင် ပေးတယ်လို့ ကောင်းကောင်းမွန်မွန် ပြောပြလိုက်ပါတယ်။

အရင်စိတ်မျိုးသာဆိုရင် ဒီဘွားတော်ကို ဘုတောပြစ်လိုက်မှာ။ အခုတော့ အဖွဲ့ရဲ့ ကျေးဇူးကြောင့်


ကျွန်မရဲ့ပေါင်းသင်းဆက်ဆံရေးအမူအကျင့်တွေ တိုးတက်လာပါတယ်။ ပတ်ဝန်းကျင်က ကျွန်မကို အမြင်တွေ
ပြောင်းလာတယ်။ ခွဲခြားမှု သိပ်မရှိတော့ဘူး။ သူတို့တွေရဲ့အိမ်ကို ဝင်ထက
ွ်ခိုင်းတယ်။ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့
အားပေး စကားပြောကြတယ်။ ကျွန်မလည်း ပတ်ဝန်းကျင်မှာ ကိုယ်တတ်နိုင်တဲ့ လူမှုရေးကိစ္စတွေ ဆောင်ရွက်
ဖြစ်ခဲ့တယ်။

အိမ်နောက်ဘက်က အဒေါ်ကြီး ညဘက် ကင်းခြေများ ကိုက်တာကို ဆေးခန်းလိုက်ပို့ပြီး ကူညီခဲ့တယ်။


တစ်နေ့မှာ ကျောင်းတုန်းက သူငယ်ချင်းကို ကားကြီးဝင်းလိုက်ပို့ပေးရင်း လမ်းဘေးမှာ
ကောင်မလေးတစ်ယောက် ဆိုင်ကယ်နဲ့ ထိုင်နေတာတွေ့တယ်၊ မူးလို့တဲ့၊ မြို့လယ်ခေါင်ဆိုတော့
လူတွေအများကြီး ကြည့်နေကြတယ်။ ကျွန်မလည်း ဘာကူညီရမလဲ မေးလိုက်တယ်။ သူ့နောက်မှာ ပါလာတဲ့
အဒေါ်ကြီးက ကောင်မလေးကို ဆေးခန်းပို့ပေးပါလို့ ကျွန်မကိုပြောတယ်။ ကျွန်မလည်း သူငယ်ချင်းကို
စောင့်ခိုင်းပြီင်္း ကောင်မလေးကိုတွဲပြီး အောင်သုခဆေးခန်းကို ပို့ပေးခဲ့တယ်။

သူငယ်ချင်းဆီ ပြန်လာတော့ သူငယ်ချင်းက မေးတယ်၊ နင်နဲ့သိလို့လားတဲ့၊ ကျွန်မလည်း မသိပါဘူး။


လမ်းဘေးမှာ ဒုက္ခရောက်နေတာမြင်လို့ ကူညီခဲ့တာလို့ ပြောတော့ သူငယ်ချင်းက ပြောတယ်၊ နင်ကလည်း
ကြောင်လိုက်တာ၊ လူတွေအများကြီး ဝိုင်းကြည့်နေတာ မရှက်ဘူးလားတဲ့။
ကျွန်မကို ဒီလိုပြောတဲ့ သူငယ်ချင်းကို စိတ်မဆိုးပါဘူး၊ အရင်အချိန် တုန်းကဆိုရင် ကျွန်မလည်း သူလိုဘဲ
ထင်မိမှာပါ။

ကျွန်မလို HIV ပိုးရှိတဲ့သူတွေကို အားမငယ်ဘို့၊ စိတ်ဓာတ်မကျအောင် ကျွန်မဘဝနဲ့ယှဉ်ပြီး ပြောပြခဲ့


ပါတယ်။ ကျွန်မမှာ HIV ရှိတာကို လိုအပ်ရင်ဖွင့်ပြောပြီး အားပေးခဲ့တယ်။ ကျွန်မတို့ ဘဝတွေကို အားပေးတဲ့
ဒီအဖွဲ့အစည်းတွေကြောင့် ကျွန်မရဲ့ဘဝ ဒီလိုပြောင်းလဲတိုးတက်လာခဲ့ပါတယ်။

ကျွန်မ ကိုယ်ဝန်ရှိတုန်းက ကူညီခဲ့တဲ့ အရာရှိလင်မယားနဲ့ မြို့ထဲမှာ တွေ့ဖြစ်တယ်။ ကျွန်မအမျိုးသားဆုံးတော့


သူတို့က မရှိကြဘူး။ တခြားပြောင်းသွားပြီ။ ငါတို့ရှိရင် နင့်ယောက်ျား အားငယ်မှာ မဟုတ်ဘူးတဲ့။
ဒီလောက်မြန်မြန် ဆုံးမှာ မဟုတ် ဘူးလို့ ပြောတယ်၊ ဟုတ်ပါတယ်။ ကျွန်မရဲ့ အမျိုးသားနားမှာ ကျွန်မကလွဲပြီး
အားပေးမယ့်သူ တစ်ယောက်မှ မရှိပါဘူး။ ARV ဆိုတဲ့ ဆေးအကြောင်း နားမလည်ဘဲ ဝယ်သောက်တယ်။
ဆေးကို အချိန်မှန်မှန် သောက်ရမှန်းလည်း မသိခဲ့ပါဘူး၊ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုတာကိုလည်း
မသိခဲ့ပါဘူး။ ဒါကြောင့် ARV ဆေးကိုသောက်ရင်းနဲ့ ဖြတ်ခဲ့ပါတယ်။ နောက်ဆုံး ARV ဆေးအပေါ်
ယုံကြည်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျပြီး ဆုံးပါးသွားတာပါ။
ဒီအကြောင်းတွေကို ကျွန်မကို ကူညီတဲ့ အရာရှိလင်မယားကို ပြောလိုက်တယ်။ ကျွန်မမှာလည်း HIV
ပိုးရှိကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြခဲ့ပါတယ်။ သူတို့က ကျွန်မကိုယ်ဝန်ရှိကတည်းက positive မှန်း
သိတယ်၊ ပတ်ဝန်းကျင်က လူတွေက လာပြောကြတယ်။ နင်တို့ကလေးကို ထမင်းမကျွေးခိုင်းနဲ့၊ ရင်ရင့် ဆီက
ရောဂါပိုးကူးလိမ့်မယ်တဲ့၊ အိမ်ကိုလည်း မလာခိုင်းနဲ့လို့ ပြောကြတယ်။ ဒါပေမယ့် တို့လင်မယားက ဒီလိုနေရုံနဲ့
HIV ရောဂါမကူးပါဘူးလို့ ပြောလိုက်တယ်။ အရင်အချိန်တုန်းက ကျွန်မမှာ HIV ပိုးရှိမှန်းသိရင် ခွဲခြားသွားမှာလို့
ထင်ထားပေမယ့် စေတနာထားပြီး နားလည်ပေးတဲ့ ဒီလင်မယားကို ကျွန်မကျေးဇူးတင်မိပါတယ်။

အဖွဲ့အစည်းတွေနဲ့သာ အချိန်မီတွေ့ခဲ့ရရင် ကျွန်မတို့ ဘဝတွေ မှားယွင်းတဲ့ကိစ္စတွေ ကြုံရမှာ


မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်မ septrim ကို အချိန်မှန် သောက်ဖြစ်ပါတယ်။ ARV သောက်ချိန်မှာ
အကျင့်ဖြစ်အောင်လို့ပါ။ ခန္ဓာကိုယ်ထဲမှာ ပိုးရှိပေမယ့် ကျန်းမာစွာ နေထိုင်နည်းတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းစွာ
နေထိုင်ပါက အရေပြားနဲ့ ပတ်သက်တဲ့ အခွင့်အရေးယူရောဂါတွေ အလွယ်တကူ မဝင်ရောက်နိုင်တဲ့အတွက်
ကိုယ့်ကိုကိုယ်ပိုပြီး ဂရုစိုက်ဖြစ်ပါတယ်။ အဖွဲ့တွေရဲ့ နွေးထွေးကြင်နာတဲ့ လက်တွဲမှုများကြောင့် ကျွန်မဘဝဟာ
လူသစ် စိတ်သစ် ဘဝသစ်ကို ရောက်ရှိခဲ့ရပါတယ်။

HIV/AIDS ဆိုတဲ့ ရောဂါကြီးဟာ တော်တော်ထူးဆန်းပါတယ်။ တစ်ယောက်ထဲတွေးပြီး အားငယ်တယ်၊


ကြောက်တယ်၊ တကယ်ပြောတာ၊ ကျွန်မကိုယ်တိုင် ခံစားရတာ။ ပတ်ဝန်းကျင်အမြင်မှာ ကျွန်မကို စိတ်မာ
တယ်လို့ ထင်ရပါတယ်။ တကယ်တော့ မိသားစုကွယ်ရာမှာ ကြိတ်ငိုခဲ့ရပါတယ်။ မိသားစုရှိနေပေမယ့် ကွဲပြား
နေတယ်လို့ ခံစားရပါတယ်။ ကျွန်မဘဝဟာ အဖွဲ့အစည်းနဲ့တွေ့တော့မှ စစ်မှန်တဲ့ မိသားစုလိုမျိုး ခံစားရ ပါတယ်။
ကျွန်မရဲ့ဘဝကို စာနာကူညီတဲ့ အဖွဲ့အစည်းများကြောင့် အားတွေရှိလာတယ်။ စိတ်ဓာတ်တွေ တက်ကြွခဲ့တယ်။
ကျွန်မတို့အတွက် ဒီလိုအဖွဲ့တွေ အများကြီး မရှိမဖြစ် လိုအပ်ပါတယ်။

ခွဲခြားခြင်းကြောင့် နာကျင်ရတဲ့ ကျွန်မတို့ ဘဝတွေအတွက် နွေးထွေးတဲ့ အဖွဲ့အစည်းကြောင့်


လုံခြုံခဲ့ပါတယ်။ အရင်အချိန်တွေတုန်းကလို HIV ဆိုတဲ့ ဘဝတိုက်ပွဲကြီးကို ဒူးထောက်လက်မြှောက်ပြီး
လည်စင်းပေးမယ့် လူတစ်ယောက် မဟုတ်တော့ပါဘူး။

ကျွန်မဘဝကို စာနာနားလည်ပေးတဲ့ အဖွဲ့အစည်းတွေ၊ ဘဝတူသူငယ်ချင်းတွေ၊ ကျွန်မအပေါ် ချစ်ခင်


ကြင်နာတဲ့ မိဘမောင်နှမများနဲ့ အတူလက်တွဲပြီး HIV ဆိုတဲ့ ဘဝတိုက်ပြွဲ ကီးကို အောင်မြင်စွာ တိုက်ထုတ်မယ့်
သူရဲကောင်းတစ်ဦးရဲ့ ခံယူချက်နဲ့ ရှင်သန်နေပါတယ်။

ယုံကြည်ချက်များစွာဖြင့် - - - - - -
ရင်ရင်မွှေး
၁၀ ၊ သြဂုတ် ၂၀၁၀

ပြီးဘီ The End

You might also like