You are on page 1of 2

မင်္ဂလာ နှစ်သစ်

နှစ်ဆန်း ( ၁ )ရက်မှာ နံနက်စောစောထ ကိုယ်လက် သုတ်သင် သန့်ရှင်းရေး ပြုလုပ်ပြီး အိမ်ရှိဘုရားတွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ သစ်သီး၊
အမွှေးနံ့သာများ ကပ်လှူ ပူဇော်ပါ။ ပြီးလျှင် တကယ့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး မိမိရဲ့ ရှေ့တော်မှောက်မှာ ရောက်နေသလို အောက်မေ့ပြီး......
" ရှင်တော်မြတ်ဘုရား၊ ယနေ့သည် ခရစ်သက္ကရာဇ် ( ) ၊ နှစ်ဆန်း (၁) ရက်၊ ( ) အ၀င် ကြုံတောင့်ကြုံခဲ နှစ်ဦး မင်္ဂလာနေ့
ဖြစ်ပါသဖြင့် သောက်တော် ရေချမ်း၊ ဆွမ်း၊ ဆီမီး၊ သစ်သီး၊ အမွှေးနံ့သာများကို ထူးထူးမြတ်မြတ် လှူဒါန်းပါ၏ ။ အလှူခံယူတော် မူပါ အရှင်မြတ်ဘုရား။ "
" ဤကောင်းမှုကြောင့် တပည့်တော်တို့သည် ( ) အ၀င် နှစ်ဆန်း (၁)ရက်နေ့မှ စ၍ (သိ)ု့ ဇန္န၀ါရီလ နှစ်ဦးလ ( ) ရက်မှ စ၍
တစ်နှစ်ပတ်လုံး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ စိတ်ချမ်းမြေ့ပျော်ရွှင်ရေး စသည်တို့၌ ထူးထူးခြားခြား ကောင်းမွန်ရပါလို၏
အရှင်မြတ်ဘုရား။...။ "
ဘုရားရှိခိုး သရဏဂုံ သီလ ဆောက်တည်ပြီးနောက် " ရှင်တော်မြတ်ဘုရား၊ ဘုရားတပည့်တော် ( ) နေ့သား ( ) သည် ( )
အ၀င် နှစ်ဦး နှစ်ဆန်းလ ( ) ရက်နေ့မှ ( )နေ့အထိ ( ၉ )ရက်တိတိ ကံကောင်း ကံမြင့်စေနိုင်သော ကောင်းကျိုးချမ်းသာ အဖုံဖုံနှင့်
ပြည့်စုံနိုင်သည့် ဂါထာတော်များ ဖြစ်သည်-့ "

(၁) အနန္တ ငါးပါး ဦးထိပ်ပန်ဆင် ဂါထာတော်


ဗုဒ္ဓေါ မေ သီသေ တိဋ္ဌန္တု
ဓမ္မော မေ သီသေ တိဋ္ဌန္တု
သံဃော မေ သီသေ တိဋ္ဌန္တု
မာတာပိတုဂုဏော မေ သီသေ တိဋ္ဌန္တု
အာစရိယဂုဏော မေ သီသေ တိဋ္ဌန္တု ............................( ၅ )ခေါက်
(၂) ကောင်းသော နက္ခတ်ဖြစ်ပါစေ
သုနက္ခတ္တံ သုမင်္ဂလံ
သုပ္ပဘာတံ သုဟုဋ္ဌိတံ
သုခဏော သုမုဟုတ္တောစ
သုယိဋ္ဌံ ဗြဟ္မစာရီသု ..................................................(၇)ခေါက်
(၃) အောင်မြင်စေလိုသော အရာကို အောင်မြင်စေသည့် ကံမြင့်ဂါထာ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ဣစ္ဆာသယ သဗ္ဗသိဒ္ဓိ
(ဂါထာတော် ၁ ပုဒ်ဆုံး ပုတီး (၁)လုံးချ ၊ ပုတီး (၁) ပတ်
သရဏဂုံ သုံးပါး ဂါထာတော်
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပုတီး (၁)လုံးချ ပုတီး (၁)ပတ်
ဓမ္မံ သရဏံ ဂစ္ဆာမိ ။ ။
သံဃံ သရဏံ ဂစ္ဆာမိ ။ ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ ။


ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။ ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ ။


တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။ ။
(၄) မြတ်ဗုဒ္ဓ၏ ဂုဏ်တော် (၉)ပါး ဂါထာတော်
အရဟံ ၊ သမ္မာ သမ္ဗုဒ္ဓေါ ၊ ၀ိဇ္ဇာစရဏ သမ္ပန္နော ၊ သုဂတော ၊ လောက၀ိဒူ ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ ၊ သတ္ထာဒေ၀ မနုဿာနံ ၊ ဗုဒ္ဓေါ ၊ ဘဂ၀ါ
အရဟံ ၊ အရ-ဟံ ၊ အ-ရဟံ
( ပုတီး ၁ လုံးစီချ ပုတီး (၁၂)လုံး ၊ (၉)ကြိမ်မှာ (၁၀၈)လုံး အတိပါ။
(၅) ပုဗ္ဗဏှသုတ် ပရိတ်ဂါထာတော် ....................................(၁)ခေါက်
တို့ကို (၉)ရက်တိတိ နံနက်တိုင်း မပျက်မကွက် ပွားများ အားထုတ်ရန် အဓိဋ္ဌာန် ပြုပါသည် အရှင်မြတ်ဘုရား။

အဓိဋ္ဌာန်ပြီးပါက
ဘုရား တပည့်တော်၏ အဓိဋ္ဌာန် အောင်မြင်စွာ ပြီးစီးပါပြီ အရှင်မြတ်ဘုရား။ သို့ပါ၍ ဘုရားတပည့်တော် ကြုံတွေ့လာနိုင်သော အကျဉ်းအကျပ်
ဒုက္ခဆိုး ဟူသမျှသည် လည်းကောင်း ၊ ငွေကြေးပြဿနာ အခက်အခဲ ဟူသမျှသည် လည်းကောင်း ၊ ပိန်းကြာဖက်တွင် ရေ မတင်သကဲ့သို့ ချက်ခြင်း
ကင်းစင် လွင့်ပျောက်ပြီး တစ်နှစ်ပတ်လုံး ၊ တစ်သက်လုံး ကောင်းကျိုး လိုရာဆန္ဒ အ၀၀ဖြင့် ပြည့်စုံရပါလို၏ အရှင်မြတ်ဘုရား။
ဘုရား တပည့်တော်၏ အဓိဋ္ဌာန်သည် လည်းကောင်း ၊ ဘုရား တပည့်တော်၏ ဆုတောင်းသည် လည်းကောင်း ၊ ရတနာ မြတ်သုံးပါး
ဂုဏ်တော် ဂါထာတော် ပရိတ်တော်တို့၏ တန်ခိုးတော် ၊ အနန္တော အနန္တ ငါးပါး၏ ဂုဏ်ကျေးဇူးကို သိတတ်သော ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း ၊
စောင့်ထိန်းခဲ့သော သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် တို့ကြောင့် မလွဲမမှား ပြည်ဝ
့ စွာ ခံစားရပါစေသတည်း။

- ဘုရား တပည့်တော်သည် အနန္တော အနန္တ ငါးပါးကို နေ့စဉ် မမေ့ မလျော့ ဦးထိပ်ပန်ဆင်သူ ဖြစ်ပါသည်။
- ဘုရား တပည့်တော်သည် ရတနာသုံးပါးကို နေ့စဉ် မမေ့မလျော့ ကိုးကွယ် ဆည်းကပ်သူ ဖြစ်ပါသည်။
- ဘုရား တပည့်တော်သည် ဂုဏ်တော် ကိုးပါးကို နေ့စဉ် မမေ့မလျော့ ပွားများ အားထုတ်သူဖြစ်ပါသည်။ ဤ သစ္စာ စကားများသည် အမှန်ဖြစ်
ပါသည်။
ဤသည်တို့သည်ပင်လျင် ဘုရားတပည့်တော်၏ ဆုတောင်း ၊ ဘုရားတပည့်တော်၏ သစ္စာစကားပင် ဖြစ်ပါသည်။
ဤသစ္စာစကားများ မှန်ခဲ့ပါသော် ဘုရားတပည့်တော်၏ ဆုတောင်း ၊ အဓိဋ္ဌာန် သစ္စာများ၏ အကျိုးကျေးဇူးကို အပြည့်အ၀ ခံစားရပါလို၏
အရှင်မြတ်ဘုရား။

မှန်ကန်သော သစ္စာ စကားဖြင်-့


အသက်ကို ရှင်စေနိုင်၏ ။ အနာရောဂါကို ပျောက်ကင်းစေနိုင်၏ ။ အနှောင်အဖွဲ့တို့မှ လွတ်ကင်းနိုင်၏ ။ အန္တရယ်ဆိုး ၊ ဘေးဆိုး တို့မှ
လွတက
် င်းနိုင်၏ ။ အဆိပ်ကို ပြေစေနိုင်၏ ။ အခက်အခဲကို ကျော်လွှားနိုင်၏ ။ အချိန်အခါမဲ့ မိုးထစ်ချုန်း ရွာနိုင၏
် ။ တဟုန်းဟုန်း တောက်လောင်နေသော
မီးကိုလည်း ငြိမ်းစေနိုင်၏ ။ တသွင်သွင် စီးဆင်းလျက်ရှိသော ရေကိုလည်း ရပ်တန့်သွားစေနိုင်၏ ။ ရေမျက်နှာပြင်ပေါ်၌ သွားလာနိုင်၏ ။
သစ္စာဆိုလိုပါက-
ဘုရားတပည့်တော် ( )နေ့သား ( )သည် ( ) ခုနှစ် အ၀င် ( ) နေ့မှ ( )နေ့အထိ (၉)ရက်တိတိ မပျက်မကွက် ကံကောင်း
ကံမြင့်စေနိုင်သော ဂါထာတော်များကို အောင်မြင်စွာ အဓိဋ္ဌာန် ၀င်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ဤ မှန်သော သစ္စာစကားကြောင့် ယခု ဆောင်ရွကမ
် ည့်
လုပ်ငန်း ကိစ္စအ၀၀ အောင်မြင်ပါစေသတည်း။

အုန်းမောင် (ဘဏ်)
pg-50,51
ရောင်ပြန်အမှတ်တရ အထူးထုတ်
Nov, 2000

You might also like