You are on page 1of 1

ထိုင်းမြန်မာနယ်စပ် အင်အားပြင်းငလျှင်သတင်း

၂၀၁၁ ၊မတ်လ၂၄။ ။

မတ်လ၂၄ရက် မြန်မာအချိန် ည၈နာရီ မိနစ်၂၀ ခန့်တွင် ထိုင်းနိုင်ငံ


ချင်းရိုင်မြို့၏ မြောက်ဖက် မိုင်၇၀ အကွာ ရွှေတြိဂံဒေသ ဗဟိုပြု 6M ပမာဏရှိ ငလျှင်ဖြစ်
ပေါ်ခဲ့ပါသည်။ဆက်လက်၍ တာချီလိတ်နှင့် ချင်းရိုင် အကြားဗဟိုပြု၍ အင်အား 7Mခန့် ရှိ ငလျှင်ထပ်
လှုပ်
ခဲ့ပါသည်။ တာချီလိတ် ၊ မယ်ဆိုင် နှင့် ကျိုင်းတုံ မြို့ တို့တွင် အဆောက်အဦး များထိခိုက်ပျက်စီးမှုရှိ
ခဲ့ ပြီးလူအ များထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု များ ရှိခဲ့ကြောင်းသိရှိ ရပါသည်။ မြန်မာနိုင်ငံ ဖက်တွင်
တယ်လီဖုံးလိုင်း များ ပြတ်တောက်သွားခဲ့ပါသည်။ တာချီလိတ်နှင့် မယ်ဆိုင် မြစ်ကူး
တံတားနှင့် တံတား အနီးဝန်းကျင်အိမ်များ ထိခိုက် ပျက်စီး ခဲ့ ပြီး တံတား ကို ပိတ်ထားရ ကြောင်းသိရှိ
ရပါသည်။ ငလျှင် ထပ်မံ လှုပ်မည်စီုး၍ လမ်းမပေါ်ထွက်နေ ကြသူများလည်း ရှိကြောင်းသိရှိရပါသည်။
ထုံးစံ အတိုင်း မြန်မာစစ်အစိုးရ ထံမှ အကူအညီ မပေးမှု ကြောင့် မြန်မာငလျှင်ဘေး
ဒုက္ခသည်များ ထိုင်းနိုင်ငံတွင်း ၀င်ရောက်ခိုလှုံ ကြရ ပြီး၊ ထိုင်း နိုင်ငံ အစိုးရ မှ အရေး ပေါ်
ကြေငြာချက် ထုတ်ပြန်ကာ အကူအညီ ပေးခဲ့ သည်ဟုသိရ ပါသည်။
ငလျှင်ဒဏ်ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ မြန်မာစစ်တပ် အဆောက်အဦးများ
ပျက်စီးမှု ရှိခဲ့ သလို စစ်သားများ ထိခိုက်ဒဏ်ရာရမှုများလဲ ရှိပါသည်။ ထိုနေ့ ည ၈နာရီ၄၆ မိနစ်
အချိန်ခန့် တွင် နေပြည်တော်တွင်လည်း 4.3M ပြင်းအားရှိ ငလျှင် လှုပ်ခဲ့ရာ လေဆိပ်သစ်
တည်ဆောက်မှု ပျက်စီးမှု ရှိ ခဲ့သလို လူသေမှု ရှိခဲ့ကြောင်း သိရှိရပါသည်။ယနေ့အထိ
ငလျှင်ဒဏ်ကြောင့် အိမ်ခြေ ၂၄၄၊ ဘုန်ကြီးကျောင်း ၁၄၊ အစိုးရ ရုံး အဆောက်အဦး ၉ ရှိခဲ့သည်ဟု
မြန်မာအစိုးရ ရေဒီယိုမှ ကြေ ငြာထားပါသည်။
သေဆုံးသူ ၇၀ ခန့် ဒဏ်ရာရသူ ၁၁၁ ခန့် ရှိ သွား ပြီဟုသိရှိ ရပါသည်။

--
soe aung win

You might also like