You are on page 1of 1

ငလျှင်၏ နောက်ဆက်တွဲအဏုမြူဓါတ်ကြွမှု ဆိုင်ရာ

သိထားသင့်သော အချက်များ

၂၀၁၁ ဧပြီလ ၂ရက်။ ။

ယနေ့ ည ၆နာရီ မှ ဂနာရီအချိန် တိုကျိုမြို့ ရှီဘူယ ၂-၁၇-၃ TKP Shibuya Conference


Center Hall 3A တွင် မတ်လ၁၁ရက် ငလျှင်၏ နောက်ဆက်တွဲ ပြဿနာ အဏုမြူသတ္တိ ကြွမှုဆိုင် ရာသိသင့်သည်မျ
ားကိုရှင်းလင်းဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
Support 21 Social Welfare Foundation မှတာဝန်ယူ ကျင်းပခဲ့ ပြီး MR OKA MOTO TOMO HIRO (Lieutenant
General JASDF {ret} ) က တာဝန်ယူ ရှင်းပြပေးခဲ့ ပါသည်။ Mr OKA MOTO က မိမိကိုယ်တိုင် ရုရှားနိုင်ငံ
မော်စကို မြို့ ရှိ ဂျပန်နိုင်ငံသံရုံး တွင်တာဝန်ထမ်းဆောင်စဉ် က ၁၉၈၆ ခုနှစ်
ချာနိုဘိုင်းလ် အဏုမြူဓါတ်အားပေးစက်ရုံ ပေါက်ကွဲခဲ့စဉ်က အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ ရှင်းပြခဲ့ပါသည်။ ၄င်း
ရှင်းပြချက်များကို မြန်မာဘာသာ၊ စပိန်ဘာသာ၊ အဂ်လိပ်ဘာသာ၊ ဗီယက်နမ်ဘာသာ၊ ဖိလစ် ပိုင် ဘာသာ အသီးသီး
သက်ဆိုင်၇ာ တာဝန်ခံများက ဘာသာပြန်ပေးကြပါသည်။
ငလျှင်လှုပ်သည်နှင့် တပြိုင်တည်းမှာပင် အဏုမြုဓါတ်ပေါင်းဖိုများ အလိုအလျှောက် ရပ်တံ့စေသော လုံခြုံရေးစနစ်ဖြင့်
ရပ်တံ့စေခဲ့ ပြီးဖြစ်ပါသည်။ ဓါတ်ပေါင်းဖိုအတွင်း ကျန်ရှိနေသော အပူချိန်ကျ ဆင်းစေရန် လိုအပ် ချက်များကို လည်း
နိုင်ငံတကာ အကူအညီ ရယူဆောင်ရွက်ခဲ့ပါသည်။
ဓါတ်ပေါင်းဖို အတွင်းမှ လောင်စာ (ယူရေနီယံ) များကို လည်း အသုံးမပြုတော့သော လောင်စာ များသိမ်းဆည်း
ရာနေရာသို့ ရွေှ့ပြောင်း သိမ်းဆည်း ထားပြီ ဖြစ်ကြောင်းသိရှိ ရပါသည်။ ဆက်လက်၍ အဏုမြူဓါတ်ပေါင်းဖို မှတဆင့်
လျှပ်စစ်ဓါတ်အားရယူပုံ အဆင့်ဆင့် ကို သရုပ်ဖေါ်ပုံများ
နှင့် တကွ ရှင်းပြပေးခဲ့ပါသည်။ လက်ရှိ အခြေအနေအရ ဖုကုရှီမားစက်ရုံတွင် အလုပ်လုပ်မည် ဆိုပါက စိုးရိမ်စရာရှိ
နိုင်သော်လဲ တိုကျိုမြို့ ဧရိယာမှာ စိုးရိမ်စရာမရှိကြောင်း ရှင်းပြပါသည်။ ရုပ်မြင်သံကြား ၊သတင်းစာ စသည်တို့ တွင်
ဖေါ်ပြနေသော ကိန်းဂဏန်းများနှင့် ရှင်းလင်းချက်များ
မှာ သတိထား သင့် ပြီး အစီုးရ ၏ ထုတ်ပြန်ကြေငြာချက်များမှာ တိကျမှန်ကန်ကြောင်း ပြောကြားလိုက်ပါသည်။၇
နာရီ၅၀ထိ ရှင်းပြ ပြီးနောက် တက်ရောက်နားထောင်သူများ ၏မေးမြန်းချက်များ ကို ပြန်လည် ဖြေကြားခဲ့ပါသည်။
ည၈နာရီတွင် ရှင်းလင်းပွဲ ပြီးဆုံးခဲ့ ပြီး လူအင်အား ၈၀ခန့်
လာရောက် လေ့လာခဲ့ပါသည်။
လူတယောက်အတွက် တနှစ်တာအချိန်အတွင်း 50 mSv ပမာဏသာ သက်ရောက်ပါက အန္တရာယ်
မရှိနှိုင်သေး ကြောင်းသိရပါသည်။
ဥပမာ-နွားနို့ ၁၀၀၀cc နေ့စဉ် တနှစ်ပြည့်အောင် သောက်ပါက 50 mSvကျော် သွားနှိုင်ပါသည်။ 100 mSv
မှစတင်၍ လူကို ထိခိုက် စေနှိုင်ကြောင်း သိရပါသည်။

References”
- Ben Monreal, UCSB Physics 3/11
-http://www.mrss25.com/bousai/02kaikou.html
-UNACEAR 200 Report,
-ICRP 2007 Recommendations. Guideline for Medical Exposure from the Japan Association of Radio-
logical Technologists
--

You might also like