You are on page 1of 38

Uncensored Burma - Daily News ( 2011 Apr 7)

သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်ပါ


မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်

မာတိကာ

နအဖမူဝါဒဖြန်�ချိရေးဆောင်ပုဒ်များ ပြောင်းလဲရန်လိုအပ်
အံ့ဘုန်းမြတ် ၇ ဧပြီ ၂ဝ၁၁ - DVB

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)နှင့် အစိုးရစစ်တပ်ဆွေးနွေးမည်မဟုတ်
အံ့ဘုန်းမြတ် ၇ ဧပြီ ၂ဝ၁၁ --- DVB

လေဘေးသင့်သူများကို ကြံ့ခိုင်ရေးပါတီက ကျပ် ၁ သောင်းစီ လှူဒါန်း


နော်နိုရင်း ၇ ဧပြီ ၂ဝ၁၁ --- DVB

ထင်းပါမစ်ယူပြီး ပျဉ်းကတိုးပင်ကြီးများ ခုတ်လှဲ


အေးနိုင် ၇ ဧပြီ ၂ဝ၁၁ --- DVB

မြို�နယ်လုံခြုံရေးအဖွဲ့ကို ငါးဦးပါဖြင့်ဖွဲ့စည်း
အေးနိုင် ၇ ဧပြီ ၂ဝ၁၁ - - DVB

အဖျက်အမှောက်သမားများကို ဖော်ထုတ်အရေးယူကြရန် သမ္မတပြော


အံ့ဘုန်းမြတ်၇ ဧပြီ ၂ဝ၁၁ - - DVB

မြန်မာကျန်းမာရေး စောင့်ရှောက်မှု အလွန်နိမ့်ကျ


By ကျော်ကျော်သိန်း ကြာသပတေး, 07 ဧပြီ- VOA

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်


By ဦးမိုးဇော် ကြာသပတေး, 07 ဧပြီ 2011 VOA

မြန်မာနယ်စပ်အနီး တရုတ် တပ်စခန်းသစ်တွေ တည်ဆောက်


2011-04-07 RFA

စီးပွားရေး ပိတ်ဆို့အရေးယူမှု ရုတ်သိမ်းဖို့မသင့်သေးကြောင်း အမေရိကန် ထပ်မံပြောဆို


2011-04-07 RFA
သင်္ကြန်အပြီး လမ်းပြန်ခင်းမည်ဟု ကြံ့ခိုင်ရေး ပြော
ကျော်ခ | ကြာသပတေးနေ့၊ ဧပြီလ ၀၇ ချင်းမိုင် (မဇ္ဈိ
မဇ္ဈိမ) ။

ဝန်ကြီးဌာန ၂ ခုလိုဟု ချင်းပါတီများ ပြော


သဲသဲ | ကြာသပတေးနေ့၊ ဧပြီလ ၀၇ နယူးဒေလီ (မဇ္ဈိမ) ။ ။

ရှမ်းပြည် တိုက်ပွဲများ ပိုများလာ


သန်းထိုက်ဦး Thursday, 07 April

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဖမ်းဆီးခံရမှု NLD ကူညီမည်


နရီလင်းလက် Thursday, 07 April ဧရာဝ
ဧရာဝတီ

တာလီဘန်နှင့် ဆက်စပ်မှု သံသယရှိသူများကို ရုံးထုတ်


ခင်ဦးသာ Thursday, 07 April ဧရာဝ
ဧရာဝတီ

မလေးရှား၌ နိုင်ငံခြားသားအလုပ်သမား တင်းကျပ်၊ မြန်မာများ စိုးရိမ်


ဇာနည်မာန် Thursday, 07 April ဧရာဝ
ဧရာဝတီ

ရှမ်းပြည်ငလျင် အပျက်အစီး ရှင်းလင်းရေး နှေးကွေး


ရန်ပိုင် Thursday, 07 April ဧရာဝ
ဧရာဝတီ

ဖမ်းထားသည့် ကနေဒါနိုင်ငံသားအမှု သင်္ကြန်ပြီးမှ ဆက်စစ်မည်


ဧရာဝတီ Thursday, 07 April ဧရာဝ
ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ်ကို ချုပ်ကိုင်ဆဲ


ဧရာဝတီ Thursday, 07 April ဧရာဝ
ဧရာဝတီ

ကရင်ပြည်နယ် ကျောက်မီးသွေးတွင်း DKBA နှင့် KNU ပတ်သက်


ဧရာဝတီ Thursday, 07 April ဧရာဝ
ဧရာဝတီ

အရေးပေါ် ကာတွန်းပြပွဲသတင်း
APK
ဧပြီ ၇၊ ၂၀၁၁ မိုးမခ

သမ္မတသစ် မိန့်ခွန်း အပေါ် မူအားဖြင့် ကြိုဆိုသော်လည်း


အမှန်တကယ် ပြောင်းလဲမည့် အချက်အပေါ် သံသယရှိနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၇၊ ၂၀၁၁ မိုးမခ

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၈)


တင်မိုး
ဧပြီ ၇၊ ၂၀၁၁ (ဓာတ်ပုံ-mayaonlinemagazine) မိုးမခ
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ
ဧပြီလ ၁၊ ၂၀၁၁ RFA အစီအစဉ် မိုးမခ

PLHA တစ်ဦးရဲ့ ဝါကျများ အပိုင်း ၁


ဧပြီ ၇၊ ၂၀၁၁
(PLHA – People living with HIV/ AIDS)
မိုးမခ

နအဖမူဝါဒဖြန်�ချိရေးဆောင်ပုဒ်များ ပြောင်းလဲရန်လိုအပ်
အံ့ဘုန်းမြတ် ၇ ဧပြီ ၂ဝ၁၁ - DVB

ပြည်တွင်းမီဒီယာအသီးသီးမှာ နအဖရဲ� ဝါဒဖြန့်ချိရေးဆောင်ပုဒ်တွေ နဲ့ေ�ကွးကြော်သံတွေကို


အခုအချိန်အထိ ဆက်လက်ဖော်ပြနေဆဲ ဖြစ်ပြီး ဦးသိန်းစိန် အစိုးရသစ်မှာလည်း ဒီမူဝါဒတွေအတိုင်းသာ
ရှေ�ဆက်သွားမယ့် ပုံစံမျိုးဖြစ်နေတာ ကြောင့် ပြောင်းလဲပြင်ဆင်သင့်ပြီလို့ မီဒီယာလောကသားတွေနဲ့
နိုင်ငံရေးလောက သားတွေက ဝေဖန်ပြောဆိုလိုက်ကြပါတယ်။

ပြည်တွင်းမှာ ထုတ်ဝေတဲ့ အစိုးရပိုင် သတင်းစာတွေ၊ ပုဂ္ဂလိကပိုင် ဂျာနယ် တွေအပါအဝင်


�ုပ်မြင်သံကြားလိုင်းတွေမှာပါ နအဖစစ်ကောင်စီလက်ထက်က ဖော် ပြခဲ့တဲ့ ဦးတည်ချက် (၄) ရပ်၊ ဒို့တာဝန်
အရေးသုံးပါး၊ ပြည်သူ့သဘောထားစတဲ့ ဝါဒဖြန့်ချိရေးဆောင်ပုဒ်တွေအပါအဝင် ပြည်တွင်းနိုင်ငံရေး
အင်အားစုတွေနဲ့ ပြည်ပ မီဒီယာတွေကို တိုက်ခိုက်တဲ့ေ�ကွးကျော်သံတွေကို အခုအချိန်အထိ ဆက်လက်
ဖော်ပြနေဆဲပါ။ ဒီလိုဖော်နေတာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပေါ်ပေါက်လာတဲ့ အစိုးရ တရပ်ရဲ�
လက်ထက်မှာ မရှိသင့်တော့တာကြောင့် ပြောင်းလဲပစ်ဖို့ နိုင်ငံရေးသမား တွေနဲ့ မီဒီယာလောကသားတွေက
တိုက်တွန်း လိုက်ကြတာ ဖြစ်ပါတယ်။

ဒီလိုဖော်ပြနေတာကြောင့် နအဖစစ်အစိုးရရဲ� အမွေကို အစိုးရသစ်က ဆက် ခံသလို ဖြစ်နေတဲ့အပြင်


အစိုးရသစ်မှာပါ ရန်လိုနေတဲ့ သဘောဆောင်နေတယ်လို့ စာနယ်ဇင်းသမားတစ်ဦးက အခုလို
ထောက်ပြလိုက်ပါတယ်။

�ဒါဟာ အမွေဆက်ခံသလို ဖြစ်နေတယ်။ နောက်တခုက ရန်လိုတဲ့သဘော လည်း ပါတယ်။ ဦးသိန်းစိန်ရဲ�


မိန့်ခွန်းထဲမှာဆိုရင် သူက ရန်မလိုဘူးလေ။ သူပြောတဲ့ စကားအားလုံးထဲမှာက ပူးပေါင်းမယ် ဆွေးနွေးမယ်
ဆိုတာတွေ ရှိတဲ့အခါကျတော့ တကယ်လို့ ဆက်ထည့်မယ်ဆိုရင် နည်းနည်းအန�ရာယ် ရှိတာပေါ့။
အပြန်အလှန် ယုံ ကြည်မှုအရရော လွတ်လပ်စွာ ပြောဆိုခွင့်အတွက်ပါ တယောက်ကိုတယောက် အ
လေးမမူသလို ဖြစ်နေတယ်။�

နိုင်ငံရေးပါတီခေါင်းဆောင်တွေထဲက မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ� ယာယီဥက္က� ဦးနေမျိုးဝေကလည်း


အခုလိုပြောပါတယ်။

�ဒီဟာတွေက နအဖအစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ပုံစံတွေအတိုင်းပဲ မြင်နေရတုန်းပဲ။


ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးက အရင်ပုဂ္ဂိုလ်ပဲ။ ဒါပေမယ့် အစိုး ရသစ်လက်ထက်က ပြန်ကြားရေးဝန်ကြီးသည်
ဒီဘက်မှာ မူဘောင်တွေဘာတွေ ပြောင်းပြီးတော့ လုပ်ဖို့ အချိန်တန်ပြီပေါ့။ ဖွဲ့စည်းပုံနဲ့အညီ ပြည်သူတွေရဲ�
ရပိုင်ခွင့် တွေကို တိုးပေးသင့်နေပြီဗျ။ �

ဝါရင့်သတင်းစာဆရာ တဦးဖြစ်သလို ပြည်သူ့ခေတ်ဂျာနယ်ရဲ� အတိုက်ပင်ခံ အယ်ဒီတာ တဦးဖြစ်တဲ့


ဆရာမောင်ဝံသကတော့ အစိုးရအနေနဲ့ ဒီမူဝါဒတွေကနေ ပြောင်းလဲလာဖို့ မျှော်လင့်တယ်လို့ဆိုပါတယ်။

�ဒါကတော့ ပြန်သုံးသပ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါတွေ ဆက်ပြီး ဖော်ပြ နေတာ၊ လွှင့်ထုတ်နေတာတို့


ပတ်သက်ပြီးတော့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ပြန်ပြီး တော့ သုံးသပ်ပါလိမ့်မယ်။
လုပ်တော့လုပ်လိမ့်မယ်ထင်ပါတယ်။ ဒါတွေက လုပ်သွား ရမယ့် တာဝန်တွေ ရှိပါတယ်။ စောင့်ကြည့်ရမှာပေါ့။
ဒါတွေက မူဝါဒပြဿနာတွေ လေ။ မူဝါဒက တိတိကျကျပြန်�ာန်းပြီးတယ် ဆိုရင်တော့ လုပ်ငန်းစဉ်ပိုင်းက
ဆက်ပြီး တော့ ကျင့်သုံးမယ်ဆိုရင် ရပ်ပစ်တာတွေလည်း ရှိမှာပါ။�

သမ္မတသစ်ဖြစ်လာတဲ့ ဗိုလ်ကြီးဟောင်း ဦးသိန်းစိန်ကတော့ သူ့ရဲ� မိန့်ခွန်း တွေထဲမှာ တိုင်းပြည်ရဲ�


စတုထ�မ�ိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေကို အလေးထားဖို့ ပြောကြားနေပေမယ့်လည်း ဒီဗွီဘီ အပါအဝင်
ပြည်ပမီဒီယာတွေကိုတော့ သတင်း စာတွေရဲ�ေ�ကွးကြောသံတွေကနေ တဆင့် တိုက်ခိုက်နေဆဲ
ဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)နှင့် အစိုးရစစ်တပ်ဆွေးနွေးမည်မဟုတ်
အံ့ဘုန်းမြတ် ၇ ဧပြီ ၂ဝ၁၁ --- DVB

ရှမ်းပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရရဲ� စစ်တပ်က


စေ့စပ်ဆွေးနွေးရေးလုပ်မယ်လို့ ကမ်းလှမ်းမှုမရှိသလို ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)အနေနဲ့ ဆွေးနွေးမှာ
မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပ�ိပက္ခတွေနဲ့ ပတ်သက် ပြီး အစိုးရစစ်တပ်က


တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာမျိုး မရှိခဲ့သလို ရှိခဲ့မယ်ဆိုရင် လည်း ဆွေးနွေးမှာ မဟုတ်ဘူးလို့
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)က အရာရှိ တွေက ပြောကြားလိုက်ပါတယ်။ ဒီလိုပြောကြားချက်ကို ကိုးကားပြီး
သျှမ်းသံတော်ဆင့် သတင်းစဉ်က အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပြပါတယ်။

�တရားဝင် သူတို့ ဌာနချုပ်က ထုတ်ပြန်တာတော့ မရှိဘူး။ ဒါပေမယ့် သိသ လောက်ကတော့ လုံးဝ


မဟုတ်ဘူးတဲ့ သူတို့ မသိဘူးတဲ့။ အဲဒီသတင်းက ထွက်သွား တယ်ဆိုရင် နအဖက ဉာဏ်နီဉာဏ်နက်နဲ့
ကစားတယ်။ ဒါ မီဒီယာကို သူတို့ အသုံးချပြီးမှ စည်း�ုံးရေး၊ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တယ်။ ပြည်တွင်း
ပြည်ပကို သူတို့က လိမ်ညာချင်တဲ့ အကြံအစည်ပဲလို့ သူပြောတယ်။�

ဒါ့အပြင် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အနေနဲ့ လက်ရှိအခြေအနေတွေ အပေါ်မှာ တွေ့ဆုံဆွေးနွေးရေးကို


လက်ခံနိုင်မှာ မဟုတ်တဲ့အကြောင်းလည်း အရာရှိ တွေက ဆိုတယ်လို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။

�သူတို့က ဆွေးနွေးဖို့ ကမ်းလှမ်းလာတယ် ဆိုရင်တောင်မှ အခု ဖြစ်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့


ကျနော်တို့က ဘယ်လိုမှ လက်မခံနိုင်ဘူးတဲ့။ စပစ်တာလည်း ကျနော်တို့ မဟုတ်ဘူး။
နယ်မြေကျူးကျော်တာလည်း ကျနော်တို့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို ကျနော်တို့ အမြဲလိုလားတယ်။ သူတို့
ပြောတဲ့ပုံစံက ပြည်သူ့စစ် ပုံစံဆိုတော့ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့အတွက် ကျနော်တို့လည်း
နိုင်ငံရေးရည်မှန်းချက် ရှိတဲ့အတွက် လုံးဝ လက်မခံဘူး။ ကျနော်တို့ တဖွဲ့တည်းတော့ မဟုတ်ဘူး ကချင်တို့၊ ဝတို့၊
မိုင်းလားတို့၊ မွန်တို့ အဖွဲ့ အများကြီး ရှိသေးတယ်။ ကျ နော်တို့ မဟာမိတ်တွေ ရှိသေးတယ်။ စစ်တွေကို
လိုလားလွန်းလို့ ကျနော်တို့ အ ကြမ်းဖက်တဲ့နည်းနဲ့ လုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့ စလုပ်တာ မဟုတ်ဘူး၊
တိုက်ပွဲက သူတို့က လုပ်တာ။ အခုမှ ဒီလို လုပ်လာတယ် ပြောလာတယ် ဆိုတာ သူတို့ ဉာဏ်နီ ဉာဏ်နက်နဲ့ ဒါ
ကစားတာပဲ။ ဒါ လုံးဝမဟုတ်ဘူးလို့ ကျနော် သိ တယ်။ ကျနော် ကြားသလောက်။ ကျနော်တို့က
လက်မခံဘူးတဲ့။�

ပြီးခဲ့တဲ့ လလယ်ကစတင်ပြီး ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)ကို အစိုးရ စစ်တပ်က ထိုးစစ်တွေ


အကြိမ်ကြိမ်ဆင်နွှဲနေခဲ့အပြီး အခုလို အစိုးရစစ်တပ်က ဆွေး နွေးရေးလုပ်ဖို့ ကမ်းလှမ်းတယ်လို့ သတင်းတွေ
ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့သာ ဒီကမ်းလှမ်းချက် မှန်ကန်မယ်ဆိုရင်တောင်မှ စစ်ရေး
ပရိယာယ်သာဖြစ်မယ်လို့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ရဲ� ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောဝ်ဆိုငက

သတိပေး ပြောကြားလိုက်ပါတယ်။

�ကျနော်တို့ စုံစမ်းမိသလောက်ဆိုရင် တိုက်ပွဲတွေကလည်း သူတို့ ထင်သ လို မဟုတ်ဘဲနဲ့ နဂိုထက် ပိုပြီးတော့


ကျယ်ပြန့်လာတာကိုလည်း သူတို့လည်း သုံး သပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အက်စ်အက်စ်အေ
မြောက်ပိုင်းတပ် ဆိုရင် စစ်အင် အားသုံးပြီးတော့ ထိန်းချုပ်လို့ မရတဲ့ အခြေအနေမှာ ရောက်သွားပါပြီ။ ရေရှည်
တိုက်ပွဲ ဖြစ်ပွားရင် သူတို့လိုလားတဲ့ အက်စ်အက်စ်အေမြောက်ပိုင်းတပ်ဖွဲ့တွေရဲ� စစ်
ရေးမဟာမိတ်အဖွဲ့တွေလည်း လိုက်ပါလာပြီးတော့ ဒီ တိုက်ပွဲမှာ ကူတိုက်ပေးဖို့ လည်း အခြေအနေတွေ
ရှိတဲ့အတွက်ကြောင့် နောက်ထပ် နည်းပရိယာယ် စနစ် တခု ဆိုပြီးတော့ အက်စ်အက်စ်အေ
မြောက်ပိုင်းတပ်တွေကို အပစ်ခတ်ရပ်စဲရေး လုပ်ဖို့ စတင်ပြီးတော့ ကမ်းလှမ်းလာခြင်းလည်း ဖြစ်နိုင်တယ်။�

အစိုးရစစ်တပ်က ဌာနေပြည်သူ့စစ်လုပ်ဖို့ ငြင်းဆန်ခဲ့တဲ့ ရှမ်းပြည်တပ်မ တော်(မြောက်ပိုင်း)ကို ပြီးခဲ့တဲ့လကစပြီး


ထိုးစစ်တွေဆင်ခဲ့ရာမှာ မတ်လကုန်က အ စိုးရသစ် အပြောင်းအလဲ ဖြစ်တဲ့အထိ တိုက်ပွဲတွေ မစဲသေးဘဲ
မနေ့ကအထိ တိုက် နေဆဲဖြစ်ပြီး တိုက်ပွဲတွေ ၁ဝ ကြိမ်ထက်မနည်း ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် နှစ်ဘက် သေဆုံးဒဏ်ရာရရှိမှုတွေလည်း ရှိနေပြီး ထောင်နဲ့ချီတဲ့ရွာသားတွေလည်း


စစ်ပွဲတွေနဲ့ ဝေးရာတိမ်းရှောင် ထွက်ပြေးနေကြရ တဲ့အပြင် အစိုးရတပ်က ရွာသားတွေအပေါ်မှာ လူ့အခွင့်အရေး
ချိုးဖောက်မှု အမျိုး မျိုး ကျူးလွန်နေပါတယ်။

လေဘေးသင့်သူများကို ကြံ့ခိုင်ရေးပါတီက ကျပ် ၁ သောင်းစီ လှူဒါန်း


နော်နိုရင်း ၇ ဧပြီ ၂ဝ၁၁ --- DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်း ဖျာပုံမြို� ပြည်သူ့လွှတ်တော်အမတ် ဗိုလ်ချုပ်ဟောင်း


ဦးစိုးနိုင်ဟာ ပြီးခဲ့တဲ့လ လေပြင်းမုန် တိုင်းဒဏ်သင့်ပြီး ပင်လယ်ထဲမျောပါခဲ့တဲ့ ဖျာပုံမြို�နယ် နောင်မီးရွာက
ရေလုပ်သား တချို�ကို သွားရောက်ကူညီခဲ့ပါတယ်။

ဖျာပုံမြို�နယ် နောင်မီးရွာခံ ရေလုပ်ငန်းရှင်တဦးက


�ပြီးခဲ့တဲ့နေ့က ဗိုလ် ချုပ်စိုးနိုင် ဒီမှာ ရေလုပ်သားတဦးကို ငွေ ၁ သောင်းနှုန်း လာလှူသွားတယ်။ လူ ၁၈ဝဝ စာ
ပေးသွားတယ်။ ကျနော်တို့ဆီမှာ လူဦးရေ ၃ ထောင်ကျော်ရှိတာကို သူက လာတဲ့လူတော့ အကုန်ပေးသွားတယ်။
ကျနော်တို့ ရေလုပ်ငန်းရှင်တွေက ကိုယ့်နီးစပ်ရာ လူတွေကို ခေါ်ပေးပြီးတော့ စာရင်းတင်ပေးရတယ်။
စာရင်းတင်ပြီး တော့ လူလာလာ မလာလာ လက်မှတ်ထိုးပေးရတယ်။ ကာယကံရှင် လက်မှတ်ထိုး ပေးရတယ်�
လို့ ပြောပါတယ်။
နောင်မီးရွာမှာနေတဲ့ ရေလုပ်သားတွေအဖို့ ဒီလှူဒါန်းငွေကျပ် ၁ သောင်း ဟာ (၂) ရက် (၃) ရက်စာ ကာမိပေမယ့်
ရပ်ဝေးကနေ လာတဲ့ ရေလုပ်သားတွေ အတွက်တော့ လမ်းစရိတ်ကာမိ�ုံပဲလို့ ပြောပါတယ်။

နောင်မီးတရွာတည်းမှာတင် ပင်လယ်ထွက် ငါးဖမ်းသူ ၃ ထောင်ကျော်ရှိပြီး မုန်တိုင်းမိ ပင်လယ်ထဲမျောရာကနေ


အများစု ပြန်ရောက်ကြပေမယ့် လူ ၂ဝဝ လောက်က ပျောက်ဆုံးနေတုန်းပဲ လို့ သူက ပြောပါတယ်။

�ဒီ နောက်မီးက ကမ်းဝေး ငါးဖမ်းလုပ်ငန်း တော်တော်များများ လုပ်ကြ တယ်။ ကျနော်တို့ ဒီဘက်မှာဆိုရင်


ဖျာပုံမြစ်ကမ်းတလျှောက်ရှိမယ်။ ကျနော်တို့ နောင်မီး ရှိမယ်ပေါ့နော်။ တော်တော်မျာများ ရွာတွေကလည်း
ကမ်းဝေးငါးဖမ်းလုပ် တယ်။ ကျနော်တို့အိမ်ဆိုရင် ပင်လယ်လူချည်းပဲ လူ ၁၆၄ ယောက် ရှိတယ်လေ။
ကုန်းပေါ်က လူက ၉ဝ ကျော် ရှိတာပေါ့။ ပင်လယ်လူ ၁၆၄ ယောက်က ၁ ယောက်ပဲ ကျန်တော့တယ်။
ကျန်တဲ့လူတွေကတော့ အကုန်လုံး ပြန်ရောက်နေကြပြီ။�

သင်္ဘောတွေလည်း နစ်မြုပ်သလို ကျားဖောင်တွေလည်း ဆုံးကုန်လို့ လုပ် ငန်းရှင်တယောက်ကို အနည်းဆုံး သိန်း


(၈ဝဝ) ဖိုး ဆုံး�ှုံးကြရတယ်လို့ ပြောပါတယ်။

�ကျနော်တို့ ဆိုရင်လည်း ၃၆ ဖောင်က တဖောင်မှ ပြန်မရဘူး။ အကုန်လုံး မျောခံလိုက်ရတယ်။ အဲဒီမှာ


ဖောင်မှာ ရှိတဲ့ ပစ္စည်းစုံ ကျောက်စုံတွေ ပါသွားတယ်။ ဆုံးရှုံးမှုကတော့ ကျနော်တို့ နောင်မီးမှာ
တအိမ်မဆုံး�ှုံးဘူးဆိုရင် အနည်းဆုံး ပစ္စည်း ဖိုးပဲ မပါဘူးဆိုရင် တချို�ဆိုရင် (သိန်း) ၄-၅-၈ ရာ ၁ ထောင်အထိ
ပါတယ်။ တချို� ဆို သင်္ဘောတွေလည်း မြုပ်ကြတယ်။ ထောင်လိုက်တဲ့ ကျားတွေလည်း အကုန်လုံး ပါသွားကြတဲ့
လူတွေ ရှိကြတယ်။ ပြန်�ိုက်ဖို့ ဆိုတာကလည်း ကုန်ကျစရိတ်က (သိန်း) ၂ဝ လောက်ရှိတယ် ဖောင်တဖောင်
အတွက်က။ ပိုက်တလုံးနဲ့ ဖောင်တ ဖောင် ဆိုရင် ကုန်ကျစရိတ်က သိန်း ၅ဝ ပင်လယ်ထွက်ဖို့အတွက် လုပ်ရမယ့်
ဥစ္စာ ကလေ။ ဒီ နောင်မီးရွာမှာ ရေလုပ်ငန်းရှင် ဦးရေက ၅ဝ ကျော် ၆ဝ လောက် ရှိမယ်။ လောလောဆယ်
လာမယ့်နှစ် ရာသီအတွက်ကိုတော့ ၄-၅-၁ဝ ဦးလောက်ပဲ ပြန်လုပ်နိုင်မယ်လို့ ထင်တယ်ပေါ့နော်။ ဒါတောင်
အပြည့်အဝ လုပ်နိုင်ဖို့ မရှိဘူး။�

မတ်လ ၃၁ ရက်အထိ ရေလုပ်သား ၁၂�ဝဝဝ ကျော် ကယ်ဆယ်ရရှိခဲ့ပြီး ရေလုပ်သား ၆ဝဝ လောက်


ပျောက်ဆုံးနေဆဲလို့ ဖျာပုံမြို� ကျားဖမ်းပိုက်အသင်း ဥက္က� ဦးသံချောင်းက ပြောပါတယ်။

မနေ့ကရက်စွဲနဲ့ ပြည်တွင်းထုတ် အလဲဗင်းဂျာနယ်မှာ ပင်လယ်ထဲ မျောပါ ပျောက်ဆုံးနေကြတဲ့ ရေလုပ်သားတွေ


ပြန်အလာကို မိသားစုဝင် အများအပြား ဟာ ဖျာပုံမြို�နယ်ရှိ သီရိအ�ဝါ ခန်းမရှေ�မှာ
နေ့တိုင်းလာစောင့်နေကြဆဲ သတင်းကို ဖော်ပြထားပါတယ်။

လာရောက် စောင့်မျှော်နေသူထွေထဲက ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီး တဦးဆိုရင် စောင့်စားရင်း


ကလေးမွေးဖွားခဲ့သလို နို့စို့ အရွယ်ကလေးငယ်နဲ့ လာ စောင့်သူတွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့
ရေးသားထားပါတယ်။

လေပြင်းကြောင့် မျောပါပျက်စီးခဲ့ရတဲ့ ကျားဖောင်နဲ့ ငါးဖမ်းပိုက်တွေ အပါ အဝင် ပျက်စီးဆုံး�ှုံးမှုတန်ဖိုးဟာ


ကျပ်သန်းပေါင်း ၆ ထောင်ကျော်တယ်လို့ ဖျာပုံမြို� ကျားဖမ်းပိုက်အသင်း ဥက္က� ဦးသံချောင်းက ပြောပါတယ်။

လေပြင်းတိုက်ပြီးနောက်ပိုင်း အကျိုးဆက်အဖြစ် ရေလုပ်ငန်းတွေ ရပ်ကုန် သလို ရေလုပ်သားတွေလည်း


အလုပ်လက်မဲ့ ဖြစ်နေရပါတယ်။ ပင်လယ်ထဲမျောပါရာကနေ ပြန်ရောက်လာတဲ့ ရေလုပ်သားတွေကို တချို�
အလုပ်ရှင်တွေက လစာတွေ ပြန်ထုတ်ပေးကြတာရှိပေမယ့် တချို�လုပ်ငန်းရှင်တွေ ကတော့
ပျက်စီးဆုံး�ှုံးမှုများတဲ့အတွက် သူ့လုပ်သားတွေကို လစာ မထုတ်ပေးနိုင်ဘဲ နေ့စဉ်စာဝတ်နေရေး
ပြေလည်အောင်သာ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။ ရေလုပ်ငန်းရှင်အတော်များများလည်း
ပျက်စီးဆုံး�ှုံးမှုများတဲ့အတွက် လာ မယ့်နှစ် လုပ်ငန်းရာသီမှာ ရေလုပ်ငန်း ၄ဝ ရာခိုင်နှုန်းသာ
လုပ်ငန်းပြန်လုပ်နိုင်တော့ မယ်လို့ ရေလုပ်ငန်းရှင်တွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။

ထင်းပါမစ်ယူပြီး ပျဉ်းကတိုးပင်ကြီးများ ခုတ်လှဲ


အေးနိုင် ၇ ဧပြီ ၂ဝ၁၁ --- DVB

ပဲခူး�ိုးမတောကနေ ပျဉ်းကတိုးသစ်ကောင်းတွေကို ထင်းအမည်ခံပြီး နေ့စဉ် ကားအစီး (၂ဝ) လောက်က


သယ်ထုတ်နေတာကို စိစစ်ကြပ်မတ်ပေးဖို့ သာယာဝတီမြို�က ပြည်သူတွေက လိုလားနေပါတယ်။

လုပ်ငန်းရှင်တွေဟာ ထင်းခုတ်ခွင့်ပါမစ်ရယူပြီး ပျဉ်းကတိုးပင်တွေကို ပုံဖျက်ခွဲ စိတ်ပြီး သယ်ထုတ်နေတာကို


သက်ဆိုင်ရာကလည်း မသိကျိုးနွံ လုပ်နေတယ်လို့ သာယာဝတီမြို�သားတဦးက ပြောပါတယ်။

�ပဲခူး�ိုးမကနေပြီးတော့ ထင်းခုတ်ခွင့်ပါမစ်ပေါ့လေ။ ချပေးတာက တန်တရာ ထက် မပိုဘူး။ ဒါပေမယ့်


တနေ့တနေ့ထွက်တဲ့ထင်းက တန် (၁၅ဝ) လောက်ရှိတယ်။ ပျဉ်းကတိုးအလုံးကြီးတွေ၊ ပျဉ်လုပ်လို့ရတဲ့
အလုံးကြီးတွေ၊ လူနှစ်ဖက်လောက်ရှိတဲ့ အပင်ကြီးတွေကို ပေသုံးလေးဆယ်လောက်ဖြတ်ပြီး သူတို့က
ထင်းတွေပို့တယ်� လို့ ပြောပါတယ်။

တောပြုန်းတယ်လို့သာ ပြောနေကြပေမယ့် အာဏာပိုင်အဆင့်ဆင့်က ခွင့် ပြုချက်ပေးလို့ ခုတ်ယူသယ်ဆောင်ခွင့်


ရနေတာပါလို့ သူက ပြောပါတယ်။

ဒီကိစ္စကိုမေးဖို့ အစိုးရတာဝန်ကျဝန်ထမ်းကို မေးမြန်းလို့ မရသေးဘဲ ဒေသခံ တွေကတော့ ကိုင်းဖျား၊


ကိုင်းနားတွေကို ထင်းအဖြစ်သုံးစွဲရင် အမြင်ကြည်လင် ပေမယ့် ဒီလို သစ်ကောင်းတွေကို ထင်းအဖြစ် အမည်ခံ
သယ်ထုတ်တာကိုတော့ မဖြစ်သင့်ဘူးလို့ မြင်နေကြပါတယ်။
-----------------------------------------------------------------------------------
မြို�နယ်လုံခြုံရေးအဖွဲ့ကို ငါးဦးပါဖြင့်ဖွဲ့စည်း
အေးနိုင် ၇ ဧပြီ ၂ဝ၁၁ - - DVB

အစိုးရသစ်လက်ထက်မှာ မြို�နယ်အုပ်ချုပ်ရေးမှူးတဦး ဦးဆောင်တဲ့ မြို�နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့


အစားထိုးလည်ပတ်နေပြီလို့ ပဲခူးတိုင်း မြို�နယ်တခုက အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆက်ဆံနေတဲ့ လူလတ်ပိုင်းတဦးက
ပြောပါတယ်။

အဲဒီ မြို�နယ်အုပ်ချုပ်ရေးအဖွဲ့မှာ မြို�နယ်အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေ ပါ ဝင်မယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်သစ်အရ မယက ဥက္က�ဟောင်းဟာ မြို�နယ်အုပ်ချုပ်ရေးမှူး ဖြစ် လာပြီး မယက


အတွင်းရေးမှူးကတော့ မူလတာဝန်ထမ်းတဲ့ အမျိုးသားစီမံကိန်း ဌာနကို ပြန်လည် တာဝန်ကျသွားတယ်လို့
ဆိုပါတယ်။

ငါးဦးပါမြို�နယ်လုံခြုံရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားရာမှာ
မြို�နယ်အုပ်ချုပ် ရေးမှူးက တာဝန်ခံအဖြစ်ပါဝင်ပြီး
ရဲမြို�နယ်မှူး၊
မြို�န
့ ယ်တရားသူကြီး၊
မြို�နယ် ဆက်သွယ်ရေးမှူး၊
မြို�နယ်ပြန်ကြားရေးမှူးတို့ ပါဝင်ပါတယ်။

မြို�နယ်လုံခြုံရေးအဖွဲ့ဟာ မြို�နယ်ရဲ�လုံခြုံရေးဆောင်တာအဝဝကို တာဝန် ယူရပြီး မီဒီယာကို မီဒီယာနဲ့တိုက်ဖို့


တာဝန်ရှိနေတယ်လို့ ဆိုပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးအတွက် ရယကအဖွဲ့ကို ဖျက်သိမ်းပြီး ကျေးရွာအုပ် ချုပ်ရေးမှူးတွေအဖြစ်
တံဆိပ်တုံးအသစ်နဲ့ ဒီလူတွေကိုပဲ ပြန်တာဝန်ပေးတယ်လို့ ဆိုပါတယ်။
-----------------------------------------------------------------------------------
အဖျက်အမှောက်သမားများကို ဖော်ထုတ်အရေးယူကြရန် သမ္မတပြော
အံ့ဘုန်းမြတ်၇ ဧပြီ ၂ဝ၁၁ - - DVB

အစိုးရအဖွဲ့သစ်ရဲ� ခေါင်းဆောင် သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သူ့ရဲ� တတိယမိန့်ခွန်းမှာ


အဖျက်အမှောင့်သမားတွေဟာ ပြည်သူ�တွေကြားမှာ ရှိနေတဲ့အတွက် ဖော်ထုတ်အရေး ယူကြရမယ်လို့
ထည့်သွင်း ပြော ကြားလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်က သူ့ရဲ� အစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့


ဒုတိယဝန်ကြီးတွေကို တွေ့ဆုံစဉ် သူ့ရဲ� တတိယ မိန့်ခွန်း မှာ အခုလို ထည့်သွင်းပြောကြားလိုက်တာဖြစ်ပြီး
အစိုးရပိုင် မြန်မာ့�ပ
ုမြင်သံကြား မှာ မနေ့ညက အခုလို ထုတ်လွှင့်သွားပါတယ်။

�ပြည်သူတွေ စိတ်ချလက်ချနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် လုံခြုံမှုရှိအောင် စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊


အဖျက်အမှောင့်သမားတွေဟာ ပြည်သူ အကြားမှာပဲ ခိုအောင်းနေတာဖြစ်တဲ့အတွက်
အုပ်ချုပ်ရေးအဖွဲ့အစည်းများ အနေနဲ့ ပြည်သူရဲ့ အကူအညီကို ရယူပြီး ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူ ရမှာ
ဖြစ်ပါ ကြောင်း၊� အဖျက်အမှောင့်သမားတွေ ပြည်သူတွေကြားမှာ ရှိနေတယ်လို့ သမ္မတ သစ်က
စွပ်စွဲပြောကြားသွားပေမယ့်လည်း ဘယ်လိုအဖျက်အမှောက်သမားတွေ ဆို တာကိုတော့ ရှင်းရှင်းလင်းလင်း
ပြောဆိုသွားတာမျိုး မရှိခဲ့ပါဘူး။

သမ္မတက သူ့ရဲ�ဒီမိန့်ခွန်းထဲမှာ အစိုးရအဖွဲ့ဝင်တွေကို စေတနာအလျောက် လုပ်နည်းကိုင်နည်း


မှားယွင်းသွားတာကို သည်းခံခွင့်လွှတ်နိုင်ပေမယ့် ပုဂ္ဂိုလ်ရေးအရ မှားယွင်းမှုမျိုး မဖြစ်ရန်ကိုမူ ဂ�ုစိုက်ကြရန်
လိုပါကြောင်း၊ ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေဟာ လည်း ၅ နှစ် တကြိမ်ပြောင်းလဲနေမှာ ဖြစ်တာကြောင့် ဝန်ကြီး
ဌာနတွေရဲ� ညွှန်ကြား ရေးမှူးချုပ်ကစပြီး အောက်ခြေဝန်ထမ်းတွေအနေနဲ့ အရည်အချင်းပြည့်မီအောင် လုပ်
ထားကြဖို့ကိုလည်း သတိပေးပြောကြားထားပါတယ်။

ဒါ့အပြင် ခေတ်နဲ့စနစ်အပြောင်းအလဲမှာ ကိုယ့်တာဝန် ကိုယ်ယူကြဖို့လည်း သမ္မတက ထည့်သွင်း ပြောကြားခဲ့ပြီး


ဗဟိုကချုပ်ကိုင်တဲ့စနစ်အစား အောက်ခြေက အဆင့်ဆင့်ကတာဝန်ယူပြီး အထက်ကို ပြန်တာဝန်ခံတဲ့ စနစ်မျိုးနဲ့
သွားကြရမယ် လို့လည်း သမ္မတက ပြောကြားလိုက်ပါတယ်။

�စနစ်တခု၊ ခေတ်တခုကို ပြောင်းလဲခဲ့ပြီဖြစ်ပါကြောင်း၊ ပြောင်းလဲခဲ့တဲ့ ခေတ် စနစ်နဲ့အညီ အတွေးအခေါ်တွေ


လုပ်နည်းလုပ်ဟန်တွေလည်း လိုက်ပြောင်းရမှာ ဖြစ် ကြောင်း၊ ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနဲ့
ပြည်နယ်အလိုက် လုပ်ငန်းတာဝန် တွေကို ခွဲဝေပေးထားပြီးဖြစ်ပါကြောင်း၊ ဗဟိုရဲ� ချုပ်ကိုင်မှုကို လျှော့ပြီး
လုပ်ပိုင်ခွင့် အာဏာတွေကိုလည်း ယုံယုံကြည်ကြည်နဲ့ အပ်နှင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒါကြောင့်
မိမိတို့ရဲ�လုပ်ငန်းတွေကို တာဝန်ယူကြရမှာ ဖြစ်ပါကြောင်း၊ တာဝန်ယူ�ုံသာမကပဲ တာဝန်ရှိလာပြီ ဖြစ်လို့
တာဝန်ခံကြရမှာ ဖြစ်ပါကြောင်း။ မိမိတို့ ဝန်ကြီးဌာန မိမိတို့ တိုင်းဒေသကြီးနဲ့ မိမိတို့ ပြည်နယ်များမှာ
ဖြစ်ပေါ်လာမယ့် အကောင်းအဆိုး အကျိုး အပြစ်တွေကို မိမိတို့သာ ခံယူကြရမှာ ဖြစ်ပါကြောင်း၊� သမ္မတက
တတိယမြောက် သူ့မိန့်ခွန်းထဲမှာ စီးပွားရေးစနစ်မှာ ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိအောင်၊ လယ်ယာ
စိုက်ပျိုးရေးက�တိုးတက်အောင် လာဘ်ပေးလာဘ် ယူမှု ပပျောက်ရေးတွေကို အစိုးရအဖွဲ့ အဆင့်ဆင့်က
အကောင်အထည်ဖော်ကြဖို့ အသေးစိတ်ထည့်သွင်း ပြောကြားခဲ့ပါတယ်။
-----------------------------------------------------------------------------------

မြန်မာကျန်းမာရေး စောင့်ရှောက်မှု အလွန်နိမ့်ကျ


By ကျော်ကျော်သိန်း ကြာသပတေး, 07 ဧပြီ- VOA

မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေဟာ တနိုင်ငံလုံးအနှံ့ လက်လှမ်းမီတဲ့ အခြေအနေမှာ


မရှိဘဲ လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ ထိုင်း၊ မြန်မာနယ်စပ်မှာ မယ်တော်ဆေးခန်း ဖွင့်လှစ်ပြီး
အခမဲ့ ကျန်းမာရေး စောင့်ရှောက်ကုသမှု ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်က ဝေဖန် ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဟာ ပြဿနာ ကြုံနေရတယ်ဆိုတာ ထင်ရှားတယ်လို့
မြန်မာ့ကျန်းမာရေး အခြေအနေ လေ့လာသူ တဦးကလည်း ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ
ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေဟာ အလွန်အမင်း ညံ့ဖျင်း ဆိုးရွားနေတယ်ဆိုတဲ့


အချက်ကို ပြည်တွင်း ပြည်ပက ထောက်ပြ ဝေဖန်လာတာ ကြာပါပြီ။ ဆေးကုသတဲ့ စရိတ်ကြီးမြင့်တာ၊
စရိတ်မျှပေး ကျန်းမာရေးစနစ်နဲ့ လုပ်နေတယ် ဆိုပေမဲ့ လူနာရှင်က ငွေကြေးတတ်နိုင်မှသာ အဆင်ပြေတာ၊
ဆေးဝါးမလုံလောက်တာ စတဲ့ အားနည်းချက် အများအပြား ရှိနေတဲ့ မြန်မာ့ကျန်းမာရေးစနစ်ကို ပိုပြီး
ကောင်းလာအောင်လုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာ အများစုက လက်ခံထားကြပါတယ်။

နယ်စပ်ဒေသတွေကို မဆိုထားနဲ့ ပြည်တွင်းပိုင်းထဲမှာတောင်မှ စရိတ်ကြီးကြီး ပေးရတဲ့ ပုဂ္ဂလိက ဆေးရုံ


ဆေးခန်းတွေမှာလောက်ပဲ စောင့်ရှောက်မှု ကောင်းကောင်းရနိုင်တယ်လို့ ဧပြီလ ၇ ရက်နေ့မှာ ကျရောက်တဲ့
ကမ္ဘာ့ကျန်းမာရေးနေ့မှာ ဒေါက်တာစင်သီယာမောင်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ကျမတို့ နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသား


ဒေသတွေမှာ၊ အထူးသဖြင့်တော့ လုံးဝ လက်လှမ်းမမီတဲ့ အခြေအနေတွေ ရှိတယ်ပေါ့။ နောက်တော့
ပြည်တွင်းထဲက အခြေအနေတွေအရ ဆိုရင်လည်း Private ဆေးရုံ ဆေးခန်းတွေမှာပဲ ကျန်းမာရေး
စောင့်ရှောက်မှုတွေက များနေပြီးတော့ အစိုးရဆေးရုံ ဆေးခန်းတွေမှာတော့ စောင့်ရှောက်မှုတွေက
မလုံလောက်တာ တွေ့နေရတယ်။ အထူးသဖြင့်တော့ ကျမတို့ နယ်စပ်ဒေသကို ဖြတ်ကျော်ပြီးတော့ ဆေးကုတဲ့
လူနာတွေရဲ့ အခြေအနေက ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီတဲ့ အခြေအနေတွေ တွေ့နေရတယ်။”

ရနိုင်သလောက် အချက်အလက်တွေနဲ့ တိုင်းတာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဟာ


ပြဿနာ ကြုံနေရတယ်ဆိုတာ အင်မတန် ရှင်းပါတယ်လို့ ပြောသူက အမေရိကန်နိုင်ငံ၊ ဂျွန်ဟော့ပ်ကင်းစ် (Johns
Hopkins) တက္ကသိုလ်၊ အများပြည်သူ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဌာနက မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု
အခြေအနေကို လေ့လာသူ ဒေါက်တာဗစ်တ် (Dr. Vit) ဖြစ်ပါတယ်။

“အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ ဘယ်လိုရှိနေတယ် ဆိုတာကို ပြတဲ့ အဓိကအကျဆုံး


ညွှန်းချက်တွေထဲက တခုဖြစ်တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေး အခြေအနေဆိုင်ရာ
ညွှန်းကိန်းတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အာရှတိုက်မှာ အဆိုးရွားဆုံး နိုင်ငံတွေထဲ ပါဝင်ပါတယ်။
အဲဒီအချက်ထဲမှာ ကျန်းမာရေး အသုံးစရိတ် နည်းလွန်းတဲ့ကိစ္စ၊ အာဟာရ မပြည့်ဝတဲ့ကိစ္စ၊ ငှက်ဖျားရောဂါ
ဖြစ်ပွားမှု၊ တီဘီရောဂါ ဖြစ်ပွားမှု စတာတွေကို ထည့်ပေါင်းလိုက်ရင် အခြေအနေ တရပ်လုံး ပေါ်လာတာက
မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ ပြိုလဲကျနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။” လို့ ဒေါက်တာဗစ်တ်က
ပြောပါတယ်။

၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးကဏ္ဍ အသုံးစရိတ်မှာ လူတယောက်အတွက်


အမေရိကန် ဒေါ်လာ ၂ ဒေါ်လာအောက်ပဲ လျာထားတာ တွေ့ရတာကြောင့် အင်မတန် နည်းလွန်းတယ်ဆိုပြီး
ပြောကြသလို တဘက်မှာကျတော့ စစ်အသုံးစရိတ်အတွက် ဘဏ္ဍာငွေရဲ့ လေးပုံတပုံနီးပါး သုံးစွဲဖို့
လျာထားတဲ့အတွက် အဆမတန် ကွာခြားလွန်းတယ်ဆိုပြီး ဝေဖန်တာတွေနဲ့ မြန်မာအစိုးရ ရင်ဆိုင်နေရပါတယ်။

ကျန်းမာရေး အသုံးစရိတ်ဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင်မှ အရမ်းနည်းလွန်းသလို နိုင်ငံတကာ


ကူညီထောက်ပံ့မှုကလည်း နည်းနေတယ်လို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်လာဖို့ဆိုရင် မြန်မာအစိုးရဟာ ကျန်းမာရေးကဏ္ဍမှာ ပိုပြီး ရင်းနှီးမြှုပ်နှံဖို့၊


လူမျိုးစု တိုင်းရင်းသား ဒေသတွေမှာ ဖိနှိပ်ညှဉ်းပန်းတာတွေ ရပ်ပစ်ပြီး ပြည်တွင်းပဋိပက္ခကို အဆုံးသတ်ပစ်ဖို့၊
လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို ပိုလက်ခံပြီး လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုရအောင်
လုပ်ပေးဖို့ လိုပါတယ်လို့ ဒေါက်တာဗစ်တ်က အကြံပေးပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေအတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စနဲ့ ပတ်သက်ပြီး


လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းမေးတာတွေ၊ အဆိုတင်သွင်းတာတွေ အများအပြား လုပ်ခဲ့ကြပါတယ်။
အဲဒါတွေအပေါ် မြန်မာအစိုးရ ကျန်းမာရေးဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြားတာတွေမှာတော့
အားနည်းချို့ယွင်းချက် မရှိဘဲ အားလုံးကောင်းနေတဲ့ပုံစံ ပြောခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်


By ဦးမိုးဇော် ကြာသပတေး, 07 ဧပြီ 2011 VOA

ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ ၁ နဲ့


မြန်မာအစိုးရ တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ တလနီးပါး ရှိလာချိန်အထိ တိုက်ပွဲငယ်လေးတွေ
ဆက်လက် ဖြစ်ပွားနေပါတယ်။ မနေ့က မိုင်းရှူးမြို့နယ်အတွင်းမှာ တိုက်ပွဲငယ် တကြိမ် ဖြစ်ခဲ့ပြီးနောက် ဒုက္ခသည်
ရာဂဏန်းလောက်ဟာ မိုင်းရှူးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။ ရှမ်းတပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရတပ်ကြား
ဖြစ်ပွားနေတဲ့ ပြောက်ကျား တိုက်ပွဲငယ်တွေဟာ အရင်က မြို့နယ် ၃ ခုလောက်မှာ ဖြစ်ပွားနေရာက အခုအခါ ၁၀
မြို့နယ်လောက်အထိ ကျယ်ပြန့်လာနေပြီလို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်
ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်တပ်မတော် (SSA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ အပစ်ရပ်


ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ တပ်မဟာ ၁ တပ်တွေနဲ့ အစိုးရ တပ်ဖွဲ့တွေဟာ မိုင်းရှူးမြို့နယ်အတွင်းမှာ
ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ရာက အခုချိန်ထိလည်း ငြိမ်းအေးမသွားသေးဘဲ
တိုက်ပွဲငယ်လေးတွေဟာ ရက်ခြားဆိုသလို ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေကို ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က
အခုလို ပြောပြပါတယ်။

“မနေ့ကနဲ့ ဒီနေ့ ထပ်ဖြစ်တာပဲ။ မိုင်းရှူးမြို့နယ် မိုင်းရှူးကနေ ၀မ်ဟိုင်းဌာနချုပ်ကို သွားတဲ့လမ်း ၀မ်ဟိုင်းရဲ့


တောင်ဘက် ၇ မိုင် ၈ မိုင်လောက်ပဲရှိမယ့် ကားလမ်းပေါ်မှာရှိတဲ့ ၀မ်ဆော့ရွာကြီးထဲမှာ သူက တိုက်နယ်ရွာပေါ့။
အဲဒီ ရွာကြီးထဲမှာ အခြေပြုနေတဲ့ နအဖတပ် အင်အား ၂၀၀ ကျော်ကို ရှမ်းတပ်ဘက်က သွားပြီးတော့ ပစ်တယ်။
အဲဒါ မနေ့က တမနက်လုံး ချကြတယ်တဲ့။ အသေအပျောက် အတိအကျတော့ မသိသေးဘူး။ နအဖတပ်တွေက
ခပ်များများက တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဘုန်းကြီးကျောင်းက ၂ ကျောင်း ၃ ကျောင်းရှိတယ်။ သူက ၃-၄ ရပ်ကွက်
ရှိတာကိုး။ အဲဒီ ၀မ်ဆော့ရွာကြီးထဲမှာ ဘုန်းကြီးကျောင်းဝင်းထဲကို အကုန်လုံး ပြေးဝင်ပြီးမှ
နေရာယူထားကြတာပေါ့။ အဲဒါကြောင့် ရှမ်းတပ်ကလည်း မပစ်တော့ဘူး။ သံဃာတော်တွေ ထိမှာစိုးတယ်။
နောက်ပြီးတော့ ဘုန်းကြီးကျောင်း ပျက်စီးမှာလည်း စိုးရိမ်တယ်လေ။”

ဒီတိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ရာနဲ့ချီတဲ့ ဒေသခံ ရွာသူရွာသားတွေဟာ မိုင်းရှူးမြို့ပေါ်ကို ထွက်ပြေး


တိမ်းရှောင်ကုန်တယ်လို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။ ဒီလို ဒုက္ခသည်တွေ ထွက်ပြေးတဲ့ သတင်းကိုတော့
သီးခြား အတည်ပြုချက် မရသေးပါဘူး။

လွန်ခဲ့တဲ့လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ သံဃာတော်တွေနဲ့ ကိုရင်တွေ အပါအ၀င် အနည်းဆုံး


အရပ်သား ၁၀ ယောက်လောက် ပျံလွန်၊ သေဆုံးပြီး ဒေသခံရွာသား ၇၀၀ လောက် မိုင်းရှူးမြို့ကို
ထွက်ပြေးကြတယ်၊ နောက် ဘုန်းတော်ကြီးကျောင်းတွေလည်း ပျက်စီးခဲ့တယ်လို့ ရှမ်းသံတော်ဆင့်
သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ လလယ်လောက်က စတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ အရင်က မြို့နယ် ၃ ခုလောက်မှာ ဖြစ်ပွားနေရာက


ဒီလအတွင်းမှာတော့ မြို့နယ် ၁၀ ခုလောက်အထိ ပျံ့နှံ့နေပြီလို့ ဦးစိန်ကြည်က ပြောပါတယ်။

“အစကတော့ တိုက်ကြတာက ၃-၄ မြို့နယ်လောက်ပဲ ရှိတယ်လေ။ ဥပမာ တန့်ယန်းမြို့နယ်၊ မိုင်းယိုင်မြို့နယ်၊


ကျေးသီးမြို့နယ်၊ တခါတလေ လားရှိုးမြို့နယ် တစိတ်တပိုင်း၊ အခုဟာက ၁၀ မြို့နယ်လောက်အထိ ပျံ့နှံ့သွားပြီ။
ကျောက်မဲ၊ သီပေါ၊ လားရှိုးကားလမ်းရဲ့ အထက်ပိုင်းဘက်၊ ကားလမ်းရဲ့ မြောက်ဘက်ပိုင်းဘက်ကို အဲဒီဘက်မှာ
သွားပြီးတော့ လှုပ်ရှားကြပြီ ရှမ်းတပ်က။ နမ့်ဆန်မြို့နယ်၊ မိုးမိတ်မြို့နယ်၊ သီပေါမြို့နယ် သီပေါရဲ့
မြောက်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၅ ရက်၊ ၆ ရက်က၊ ၂၈ ရက်နောက်ပိုင်းပေါ့။
အဲဒါကြောင့် အခု အားလုံးတွက်လိုက်မယ်ဆိုရင် ၉ မြို့နယ်၊ ၁၀ မြို့နယ်လောက် ပြန့်သွားပြီ၊ ဒီ
ရှမ်းပြည်တောင်ပိုင်း၊ အလယ်ပိုင်းကနေ ဟိုးမြောက်ပိုင်းအထိပေါ့။”

ပြီးခဲ့တဲ့လအတွင်းက ဒီတိုက်ပွဲတွေမှာ မြန်မာစစ်အစိုးရဘက်က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း


စစ်ဌာနချုပ် (ရမခ)၊ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၊ ကျောက်မဲအခြေစိုက် စစ်ဆင်ရေး
ကွပ်ကဲမှုဌာနချုပ် (စကခ) ၁ နဲ့ မိုင်းနောင်အခြေစိုက် စကခ ၂ က တပ်ရင်းတွေသာ ပါဝင် တိုက်ခိုက်ခဲ့ရာက
အခုအခါမှာ တပ်မ ၃၃၊ ၅၅ နဲ့ ၉၉ က တပ်ရင်းတွေကိုပါ ထပ်မံ အင်အားဖြည့်လာတာကြောင့် ဒီစစ်ဆင်ရေးဟာ
ရေရှည် ဆက်ဖြစ်နိုင်မယ်လို့ ဦးစိန်ကြည်က သုံးသပ်ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ လက်ရှိဖြစ်ပွားနေတဲ့


တိုက်ပွဲတွေအပေါ် အခုလို သုံးသပ်ပါတယ်။
“တိုက်ပွဲတခုလုံး ခြုံပြောရရင်တော့ တိုက်ပွဲက ဖြိုးဖြိးဖြောက်ဖြောက်တော့ ဖြစ်နေတာ။ ပွဲကြီးတွေ မဖြစ်ဘူး။
မိုင်းအောတို့ မိုင်းရှူးတို့ဆိုတာ မြို့နယ်တွေပါတယ်။ ကျေးသီးကလည်း မြို့နယ်၊ အဲဒီမရောက်ခင်
လဲချားဆိုတာလည်း မြို့နယ်ငယ်တွေ အများကြီးရှိတယ်။ အဲလိုမျိုးပြောရင် ၁၀ မြို့နယ် ကချင်မှတောင် ကမယ်။
သံလွင်မြစ်ရဲ့ အနောက်ဘက်ခြမ်းမှာရော အရှေ့ဘက်ခြမ်းမှာရော ဖြန့်ပြီးတော့ စစ်တွေ ဖြစ်နေတယ်။ ဒီဟာက
ဗမာအစိုးရအတွက်တော့ သူ့ဘက်က ဖြေရှင်းနည်း မကောင်းဘူး ဆိုရင်တော့ ရှမ်းမြောက်နဲ့ ရှမ်းအလယ်တို့က
မကြာခဏ တိုက်ပွဲတွေ ဖြစ်လာတဲ့ နေရာတွေ ဖြစ်လာတော့မှာ။ ဗမာအစိုးရ အနေနဲ့ ကိုပန်ဖတို့ကို
တည်တည်ငြိမ်ငြိမ်နဲ့ ဆွေးနွေးဖို့ ကြိုးစားရင် ကြိုးစား၊ မကြိုးစားရင် ခုနက ကျနော်ပြောတဲ့
ခွင်ကြီးတခုလုံးကတော့ သိပ်တည်ငြိမ်အေးချမ်းမယ့်ပုံ မပေါ်ဘူးဗျ။”

တချိန်တည်းမှာတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၀ ခုက မြန်မာအစိုးရသစ်ဟာ


အသွင်ကူးပြောင်းရေးကို လက်တွေ့ပြသတဲ့ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့
တောင်းဆိုထားသလို KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးကလည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့
ဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။

မြန်မာနယ်စပ်အနီး တရုတ် တပ်စခန်းသစ်တွေ တည်ဆောက်


2011-04-07 RFA

တရုတ် မြန်မာနယ်စပ်နားက ရှမ်းပြည်နယ် မြောက်ပိုင်း မုံဂိုးမြို့ရဲ့တဖက်- တရုတ်နိုင်ငံဖက်ခြမ်း (မန်ဟိုင်း) မှာ


တရုတ် ပြည်သူ့လွတ်မြောက်ရေး (PLA) တပ်စခန်းသစ်တွေ တည်ဆောက်နေရာမှာ အခုအခါ ပြီးစီးလုနီးပါး
ဖြစ်နေပြီလို့ သတင်း ရရှိပါတယ်။

တရုတ် (PLA) တပ်စခန်းသစ်တွေ တည်ဆောက်နေတာနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေကို


စောင့်ကြည့်နေတဲ့ ကချင် သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက အခုလို ပြောပါတယ်။

"အဲဒီနယ်စပ်မှာ နှစ်အတော်ကြာကြာ တိုက်ခိုက်ရေး တပ်ဖွဲ့တွေ မရှိခဲ့ဘူး။ အခုကျတော့ မြန်မာပြည် နိုင်ငံရေး


အခြေအနေ မတည်ငြိမ်မှုပေါ်မှာ အဓိက အခြေခံပြီးတော့ ဗမာပြည်မှာ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရတို့ အကြား
ပြည်တွင်းစစ်ဖြစ်လာရင် စောင့်ကြည့်နိုင်ဖို့လည်းဖြစ်တယ်။ နောက်တခုက ဗမာပြည် အစိုးရနဲ့ အမေရိကန်
အစိုးရတို့ကြားမှာ ဆက်ဆံရေး ပြေလည်သွားလို့ရှိရင်လည်း တရုတ်ပြည်ရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တဲ့
အတွက်ကြောင့် တိုက်ခိုက်ရေး တပ်ဖွဲ့တွေချထားတာလို့ ကျတော်တို့ သိရပါတယ်။"

တရုတ်နိုင်ငံဖက်ခြမ်းမှာ အခုအသစ်ဆောက်လုပ်နေတဲ့ PLA တပ်စခန်းတွေဟာ KIAတပ်မဟာ (၄) စခန်းနဲ့ မိုင်


(၂၀) လောက်သာ ဝေးကြောင်း၊ အဲဒီစခန်းဟာ KIA တပ်တွေ တရုတ်နိုင်ငံထြဲ ဖတ်ပြီး ကချင်ပြည်နယ်ဖက်ကို
ကူးသန်း သွားလာဖို့ လွယ်ကူတဲ့ လမ်းကြောင်းတခု ဖြစ်သလို၊ UWSA ၀တပ်ဖွဲ့တွေနဲ့ ရှမ်းပြည် တပ်မတော်တို့
အဓိက အသုံးပြုနေတဲ့ လမ်းကြောင်းလည်း ဖြစ်ကြောင်း ကိုနော်ဒင်းက ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ် စစ်ရေးလေ့လာသူတွေကတော့ တရုတ် မြန်မာနယ်စပ် မတည်မငြိမ် ဖြစ်လာမှာကို တရုတ်က


မလိုလားတာကြောင့် အခုလို တရုတ် ရှေ့တန်းတပ်တွေ လာချထားတာဖြစ်နိုင်ကြောင်း
သုံးသပ်ပြောဆိုနေကြပါတယ်။
စီးပွားရေး ပိတ်ဆို့အရေးယူမှု ရုတ်သိမ်းဖို့မသင့်သေးကြောင်း အမေရိကန် ထပ်မံပြောဆို
2011-04-07 RFA

အမေရိကန်အစိုးရအနေနဲ့ မြန်မာ ခေါင်းဆောင်သစ်နဲ့ ချည်းကပ် ဆက်ဆံဖို့ ကြိုးပမ်းမှာ ဖြစ်သလို စီးပွားရေး


ပိတ်ဆို့ ဒဏ်ခတ်မှုတွေကိုလည်း ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်
လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က မနေ့က ပြောကြားလိုက်ပါတယ်။ လတ်တလော
အခြေအနေတွေ အရ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှုကို
ရုပ်သိမ်းပေးဖို့ကိစ္စဟာ မသင့်တော်သေးဘူးလို့ မစ္စတာ Campbell က စင်ကာပူနိုင်ငံမှာ သတင်းထောက်တွေကို
ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လတ်တလော အခြေအနေတွေအရ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့


ပြစ်ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးဖို့ကိစ္စဟာ မသင့်တော်သေးဘူးလို့ မစ္စတာ Campbell က စင်ကာပူနိုင်ငံမှာ
သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေ ဘယ်လိုရှိသလဲ၊ မြန်မာခေါင်းဆောင်သစ်နဲ့ အပြုသဘော


တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှု ဖြစ်ထွန်းနိုင်မလား ဆိုတာတွေကို လေ့လာစောင့်ကြည့်နေတယ်လို့ Mr.
Campbell က ပြောပါတယ်။

ဒါ့ပြင် Mr. Campbell က မြန်မာခေါင်းဆောင်သစ်တွေနဲ့ ချည်းကပ် ဆက်ဆံရေးအတွက် အမေရိကန် အစိုးရရဲ့


ကြိုးပမ်းမှုတွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလဲ ထောက်ခံ အားပေးကြောင်း
ပြောပါတယ်။

တဆက်တည်းမှာဘဲ သူက မြန်မာအစိုးရသစ်ရဲ့ စရိုက်လက္ခဏာကို အကဲဖြတ်ဖို့ စောလွန်းသေးကြောင်းကိုလည်း


ပြောဆိုခဲ့ပါတယ်။

သင်္ကြန်အပြီး လမ်းပြန်ခင်းမည်ဟု ကြံ့ခိုင်ရေး ပြော


ကျော်ခ | ကြာသပတေးနေ့၊ ဧပြီလ ၀၇

ချင်းမိုင် (မဇ္ဈိ
မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ မတိုင်ခင်က လမ်းခင်းပေးခဲ့သော်လည်း တိုးလို့တန်းလန်းဖြစ်နေခဲ့သော
လုပ်ငန်းများကို သင်္ကြန်အပြီး ဆက်လက်လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး တွဲဘက် အထွေထွေ
အတွင်းရေးမှူး ဦးသာဝင်းက ပြောသည်။

အာဏာရပါတီ၏ ခေါင်းဆောင်များက ဇန်နဝါရီလ ၃၁ ရက်နေ့မှ မက်လ ၃ဝ ထိ နေပြည်တော်တွင် ပြုလုပ်သော


လွှတ်တော် အစည်းအဝေးတွင် တက်ရောက်နေသဖြင့် လမ်းများကို ပြုလုပ်ပေးရန် လစ်ဟင်းခဲ့သည်ဟု
ဦးသာဝင်းက ကာကွယ်ပြောဆိုပြီး ရန်ကုန်တိုင်းအတွင်း အနည်းဆုံး ၁၃ မြို့နယ်တွင် လမ်းများပြီးစီးအောင်
ခင်းပေးရန် ကျန်ရှိနေသည်ဟု ဆိုသည်။

“တချို့နေရာတွေ နည်းနည်း နည်းနည်းနဲ့ အရှေ့ပိုင်းခရိုင်က ဟာတွေ ကျန်နေတာ ရှိတယ်။ အကုန်လုံး


ပြီးဆုံးအောင် ကျနော်တို့ ခင်းမှာပါ။ ကျနော်တို့တွေက လွှတ်တော်တက်နေတာတွေကြောင့်ရယ်၊
ပြန်ရောက်တော့လည်း ပါတီလုပ်ငန်း တာဝန်ကိစ္စတွေ ဘာတွေနဲ့ ဆက်နေလို့ပါ။ ဒီသင်္ကြန်ပြီးရင်
ဆက်လုပ်ကြမှာပါ” ဟု ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်သူ ဦးသာဝင်းက မဇ္ဈိမကို
ပြောသည်။

သာကေတ၊ ဗိုလ်တထောင်၊ ဒေါပုံ၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံ-


မြောက်၊ ဒဂုံ-တောင်၊ ဒဂုံ-အရှေ့၊ ဒဂုံ-ဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့များတွင် ကြံ့ခိုင်ရေးက
ခင်းပေးသော လမ်းအများစုမှာ ထက်ဝက်သာ ပြီးစီးခဲ့သည်ကို တွေ့ရသည်။

ထို့အတူ ရွေးကောက်ပွဲနီး ကာလများတွင် ပါတီဝတ်စုံများ ဝတ်ဆင်၍ လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊


ဆေးရုံနှင့် လူမှုရေး လုပ်ငန်းများတွင် ကူညီလုပ်ဆောင်ခဲ့သည့် ကြံ့ဖွံ့ပါတီဝင်များသည် ၂ဝ၁ဝ နိုင်ဝင်ဘာလ ၇
ရက် ရွေးကောက်ပွဲ နောက်ပိုင်းတွင် အဆိုပါ လုပ်ဆောင်နေခြင်းများ မတွေ့ရတော့ကြောင်း ရန်ကုန်မြို့ခံများက
ဝေဖန်ကြသည်။

တောင်ဥက္ကလာပ ၇ ရပ်ကွက်တွင်နေထိုင်သူ တဦးက “ကျနော်တို့ရပ်ကွက်က ၁၁ လမ်းမှာဆိုရင်


မဲမထည့်ခင်တုန်းက တခြမ်း ခင်းပေးထားတယ်။ သူတို့လည်း မဲရပြီးသွားရော ထပ်မခင်းပေးတော့ဘူး။
ကိုယ်တိုင်ပဲ ခင်းရမလား၊ သူတို့ ဆက်ခင်းမလားဆိုတာ ဒီနေ့ထိ ဘာမှ မသိရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာတဦးက “သူတို့က လုပ်ပေးတဲ့ နေရာမှာလည်း မျက်နှာလိုက်ပြီး လုပ်တာတွေ


တွေ့ရတယ်။ မြို့နယ်ကြီးတွေမှာ ဆိုရင်တော့ အဲဒါမျိုးလုပ်တာ နည်းတယ်။ ဆင်ခြေဖုံးမြို့တွေမှာ အခြေခံ
လူတန်းစားတွေနေတဲ့ မြို့နယ်တွေကို အဲလိုမျိုး အများဆုံး လုပ်တာတွေ့ရတယ် မတူဘူး” ဟု ပြောသည်။

တောင်ဒဂုံမြို့နယ်၌ ခင်းရန် ကျန်ရှိနေသေးသည့် လမ်းများကို ထပ်ခင်းရန်အတွက် ရပ်ကွက်တွင်း


နေထိုင်သူများအနေဖြင့် ကြံ့ဖွံ့ပါတီဝင်အဖြစ် လက်မှတ်ထိုးပေးမှသာလျှင် လမ်းများကို
ဆက်လက်ခင်းပေးသွားမည်ဟု လာရောက်ပြောဆိုမှုများ ရှိကြောင်း တောင်ဒဂုံ ၁၈ ရပ်ကွက်တွင်
နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

အလားတူ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဗိုလ်ချုပ်လှထွန်း ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်း၊


ကျောက်ပန်းတောင်းမြို့ပေါ်တွင်လည်း ရွေးကောက်ပွဲမတိုင်မီ အတိုးသက်သာစွာဖြင့် ငွေတိုးချပေးခြင်းများ
ရှိသော်လည်း ရွေးကောက်ပွဲကာလ နောက်ပိုင်းတွင် ထိုသို့ ပြုလုပ်ပေးခြင်းများ မရှိတော့ဟု မြို့ခံများက
ပြောသည်။

သို့သော် စည်ပင်သာယာရေးဌာန ဘဏ္ဍာငွေကို အသုံးပြုကာ လမ်းပြုပြင်မှု၊ အသစ်ခင်းမှုများ ပြုလုပ်ပြီး၊


ကြံ့ခိုင်ဖွံ့ဖြိုးရေးက လှူဒါန်းသည့်ပုံစံ တံဆိပ်ကပ်လုပ်ဆောင်ကာ မဲဆွယ်ခဲ့သည်ဟု လေ့လာသူများက ပြောသည်။

ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ဖြင့် စစ်အစိုးရက ထူထောင်ခဲ့ပြီး၊


ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ် ပြောင်းလဲခဲ့သည်။ ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ်
၁,၁၅၄ အနက် ကြံ့ဖွံ့ပါတီက ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့သည်။

ဝန်ကြီးဌာန ၂ ခုလိုဟု ချင်းပါတီများ ပြော


သဲသဲ | ကြာသပတေးနေ့၊ ဧပြီလ ၀၇

နယူးဒေလီ (မဇ္ဈိမ) ။ ။ ချင်းပြည်နယ် အစိုးရ ဝန်ကြီးဌာနများတွင် ပညာရေးနှင့် သဘာဝ ပတ်ဝန်းကျင်


ထိန်းသိမ်းရေး ဝန်ကြီးဌာန ၂ ခု လိုအပ်နေကြောင်း ဒေသခံ ချင်းပါတီ ၂ ခုက ပြောသည်။
မရှိမဖြစ် လိုအပ်သည်ဟုဆိုကာ ချင်းတိုးတက်ရေးပါတီ CPP က ပညာရေး ဝန်ကြီးဌာနကိုလည်းကောင်း၊
ချင်းအမျိုးသားပါတီ CNP က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကိုလည်းကောင်း ထပ်မံတိုးချဲ့ရန်
လိုလားနေခြင်း ဖြစ်သည်။

“ချင်းပြည်နယ်အတွက် ဝန်ကြီးစာရင်းမှာ ပညာရေး ပါမလာတော့ အတော်လေး အံ့သြသွားတယ်။ ချင်းတောင်မှာ


ကျောင်းအဂါင်္နဲ့ညီတဲ့ ကျောင်းရှိဖို့ မပြောနဲ့ ဆရာတွေ တနှစ်တခါတောင် ကျောင်းကို မလာတာရှိတယ်။ ဒါကို
သိမြင်နိုင်တဲ့ ပြည်နယ်က တိုက်ရိုက်လုပ်နိုင်မှ ပညာရေးမှာ ကောင်းသွားမှာ” ဟု CPP ဥက္ကဋ္ဌ ဦးနိုးထန်ကပ်က
မဇ္ဈိမကို ပြောသည်။

CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က “ချင်းတောင်မှာဆိုရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သစ်တောဝန်ကြီးဌာနကို


တာဝန်ပေးတယ်။ ကဲ.. ပိုက်ဆံယူပြီး၊ ခုတ်ခွင့်ပြုပြီး၊ ယုန်ကို မုန်လာဥ ဂိုဒေါင် စောင့်ခိုင်းသလိုပါပဲ။ စည်းကမ်းမဲ့
အမဲလိုက်တာ၊ တောမီးရှို့တာ၊ မြစ်တွေ ရေခန်းလာတာ၊ ချင်းပြည်နယ်မှာ ဒါတွေလုပ်ဖို့ ဘယ်ဌာနက
တာဝန်ယူမလဲ” ဟု ပြောသည်။

ယခုဝန်ကြီးဌာန ထည့်သွင်းရန် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ အဆိုတင်ခဲ့သော်လည်း


ပြည်နယ်ဝန်ကြီးချုပ်က နောင်မှ ဆွေးနွေးမည်ဟု ပြောဆိုခဲ့ကြောင်းနှင့် ပထမအကြိမ် လွှတ်တော်
အစည်းအဝေးများ၌ အထက်က ပေးပို့သည့် အဆိုလွှာများကိုသာ ထောက်ခံခဲ့ရကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊


လျှပ်စစ်၊ သတ္ထုနှင့် သစ်တော၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပို့ဆောင်ရေး၊
လူမှုရေး (ရှေးဟောင်း သုတေသန ဦးစီးဌာန) ဟူ၍ ဝန်ကြီးဌာန ၉ ခု ရှိသည်။

ထိုဝန်ကြီးဌာနများအတွက် CNP နှင့် CPP က ဝန်ကြီးတဦးစီ ရွေးချယ်ခံရပြီး၊ ကျန်နေရာများကို


ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ ရရှိထားသည်။ ဤသည်မှာ ဝန်ကြီးချုပ်ဖြစ်သူ
ဗိုလ်မှူးချုပ်ဟောင်း ဦးဟုန်ငိုင်း (ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ) က ဖေဖော်ဝါရီ ၁၄ ရက်နေ့ လွှတ်တော် အစည်းအဝေး၌
တင်သွင်းခဲ့ပြီး၊ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့တွင် ချင်းတိုင်းရင်းသားအမတ်များ ပိုမိုပါဝင်သင့်သည်ဟု CNP က ပြောသော်လည်း၊ CPP ကမူ ဝန်ကြီး


၂ နေရာအတွက် ချင်းပါတီအမတ်များ ရရှိခြင်းကို ကျေနပ်သည်ဟု ဆိုသည်။

ဝန်ကြီးစာရင်း တင်ရာ၌ ကြံ့ခိုင်ရေးအမတ် ဦးပူးကွီထန်သည် ဝန်ကြီးခန့်ရန် အသက်မပြည့်သဖြင့်


ချင်းပါတီများက ကန့်ကွက်သဖြင့် ပယ်ချခံခဲ့ရသေးသည်။ သို့သော် ၎င်းနေရာတွင် အစားထိုး ခန့်အပ်ခြင်း
မရှိသေးပေ။

ချင်းပါတီများကမူ အကြီးမားဆုံး လိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးကို


ပြည်နယ်အစိုးရက ဦးစားပေး လုပ်ဆောင်သင့်သည်ဟုလည်း ပြောဆိုကြသည်။

ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၄ နေရာ၌ CPP နှင့် CNP က ၅ ဦးစီနှင့် တိုင်းရင်းသားလူမျိုးစုများ


ဖွံ့ဖြိုးရေးပါတီ ENDP မှ ၁ ဦး၊ ကြံ့ခိုင်ရေးမှ ၇ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၆ ဦးတို့ ဖြစ်သည်။

ဝန်ကြီးများ စာရင်း
၁။ ဦးဟုန်းငိုင်း ဝန်ကြီးချူပ် (ကြံ့ဖွံ့)
၂။ ဦးနိန်းနိုင်း စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု (ကြံ့ဖွံ့)
၃။ ဦးကျင့်လျန်ပေါင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး (ကြံ့ဖွံ့)
၎။ ဦးနန်ဇမုန်း ဘဏ္ဍာရေးနှင့် စီမံကိန်း (ကြံ့ဖွံ့)
၅။ ဒေါက်တာဘမောင် လူမှုရေး (အငြိမ်းစား ညွှန်ချုပ်၊ ရှေးဟောင်းသုတေသန
ဦးစီးဌာန)(ရွေးကောက်ခံမဟုတ်)
၆။ ဦးဗန်ထောင် စိုက်ပျိုးရေး (ပြည်နယ်မန်နေဂျာဟောင်း၊ မြန်မာ့ဝါနှင့် ပိုးချည်လုပ်ငန်း)
(ရွေးကောက်ခံမဟုတ်)
၇။ ဗိုလ်မှူးကြီးဇော်မင်းဦး လုံခြုံရေးနှင့် နယ်စပ်ရေးရာ (စစ်တပ်)
၈။ ဦးရမ်မန်း စီးပွားရေး (CNP)
၉။ ဦးကျော်ငြိမ်း စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော (CPP)

ရှမ်းပြည် တိုက်ပွဲများ ပိုများလာ


သန်းထိုက်ဦး Thursday, 07 April

နအဖ စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း


(SSA-N) တို့ အဆက်မပြတ် ဖြစ်ပွားနေသော တိုက်ပွဲများသည် ယခုအခါ ရှမ်းပြည်နယ် တောင်ပိုင်းနှင့်
မြောက်ပိုင်းရှိ မြို့နယ်များသို့ ကူးစက် ပျံ့နှံ့နေပြီး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ် အတွင်း တိုက်ပွဲများ


ဖြစ်ပွားနေရာကနေ ယခု အခါ မြို့နယ် ၁၀ မြို့နယ်အထိ ဖြစ်ပွားနေကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ
အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊


လားရှိုးမြို့နယ်အပြင် သီပေါမြို့အပါအ၀င် နမ့်ဆန်မြို့နှင့် မိုးမိတ်မြို့နယ် စသည့်မြို့နယ်များ အထိ တိုက်ပမ
ျွဲား
ပျံ့နှံ့သွားကြောင်း ၎င်းက ဆိုသည်။

ယခုဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ မိုင်းရူးမြို့နယ်အတွင်းရှိ ဗျူဟာမှူး တပ်စခန်းတွင် ဇွဲမာန်ဟိန်း


စစ်ဆင်ရေး ဟု ဆိုသော ဆိုင်းဘုတ်ကိုလည်း ကပ်ထားကြောင်း ဦးစိန်ကြည်က ဆက်ပြောပြသည်။

စစ်အစိုးရတပ်နှင့် SSA -N တပ်ဖွဲ့များ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) SSA -


S တပ်ဖွဲ့ ၀င်များက စစ်ရေးအရ တချို့အကူအညီများ ထောက်ပံ့ပေးနေကြောင်းလည်း ရှမ်းပြည်နယ်ရှိ
ဒေသခံများက ဆိုသည်။

SSA -S မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက“ကျနော်တို့ နယ်မြေထဲမှာ သူတို့ ၀င်လာရင်လည်း ရှမ်းတပ်


အချင်းချင်း ကူညီ ပေးဖို့ တာဝန်ရှိပါတယ်၊ တတ်နိုင်တဲ့ ဘက်က ပံ့ပိုးပေးတာတွေ ရှိပါတယ်၊ စားနပ်ရိက္ခာ
ကိစ္စတွေ၊ သတင်းအချက် အလက် ဖလှယ်တာတွေ ရှိကြပါတယ်”ဟု ပြောသည်။

သို့သော် ဒေသခံများ ပြောဆိုနေ သကဲ့သို့ စစ်အင်အားဖြင့် ကူညီမှုများ မရှိကြောင်း ၎င်းက ဆိုသည်။


အလားတူပင် ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံ ထိစပ်နေသည့် ရွှေတြိဂံဒေသတွင် ယခုတပတ် အင်္ဂါနေ့က မိုင်းဖြတ်
အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၈ လက်အောက်ခံတပ်ဖဲ့ဝ
ွ င်များနှင့် အမည်မသိ
လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့ကလည်း ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်အတွင်းရှိ တပ်စခန်းသစ် တခု


တည်ဆောက်နေသော နေရာ တွင် ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ရာ လူတဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း
ကာလိမြို့နယ် ဒေသ ခံတဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုသည် တပ် စခန်းသစ် အတွက် တည်ဆောက်ပေးနေသော အလုပ်သမားများ နေထိုင်သည့်


တန်းလျားတွင် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို


နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ SSA-Nက လက်မခံသဖြင့် စစ်ရေးအရ
နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ်


ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး
ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိ သည်ဟု စစ်အစိုးရ၏
ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဖမ်းဆီးခံရမှု NLD ကူညီမည်


နရီလင်းလက် Thursday, 07 April ဧရာဝ
ဧရာဝတီ

ဖမ်းဆီးထိန်းသိမ်းခံရသည့် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်အား မိသားစုနှင့်တွေ့ဆုံခွင့်ရရှိရန် တရားဥပဒေ


လမ်းကြောင်းအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥပဒေပြု အထောက်အကူပြုအဖွဲ့မှ ကူညီသွားမည်ဟု
ရှေ့နေ ဦးအောင်သိန်းက ပြောလိုက်သည်။

NLD လူငယ်များ ဖွဲ့စည်းထားသည့် သွေးကူညီပေးရေး အဖွဲ့တွင် လိုက်လံကူညီပေးနေသည့် ကိုနေမျိုးဇင်ကို


ရဲအထူး သတင်း တပ်ဖွဲ့(SB)မှ မေးမြန်းဆွေးနွေး စရာများရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားသည်မှာ ၆
ရက်မြောက် ပြည့်ပြီဟု သိရသည်။

ယခု ဖမ်းဆီးမှုသည် အစိုးရသစ်ဖွဲ့စည်းပြီးချိန်၌ ပထမဆုံး ဖမ်းဆီးမှု ဖြစ်သည်။

“မိသားစုက စိတ်ပူပြီး ဘာလုပ်ရမလဲဆိုတာ အကြံတောင်းတာနဲ့ ကျနော်တို့ဘက်ကနေ အာဏာပိုင်တွေဆီ


ကိုနေမျိုးဇင်ကို မိသားစုနဲ့ တွေ့ဆုံခွင့်ပေးဖို့ စာတင်ဆိုပြီး ဥပဒေကြောင်းအရ အကြံပေးထားတယ်။
ဒီအတွက်လည်း ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် နောက်ဆုံးထားပြီးတော့ ရန်ကုန်တိုင်း ရဲသတင်းတပ်ဖွဲ့မှူး ရုံးရယ်၊
နေပြည်တော် ရဲသတင်းတပ်ဖွဲ့ မှူးရုံးရယ်ကို လိပ်မူပြီး စာတင်မယ်။ ရုံးလက်ခံ တစောင်ယူထားမယ်”ဟု ရှေ့နေ
ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

သူက ဆက်၍“မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ ၂၄ နာရီ ကျော်နေပြီဆိုတော့ မိသားစုကိုတွေ့ခွင့်ပေးဖို့


စာတင်တာကို ပထမဆုံး လုပ်ခိုင်းထားတယ်။ တချို့ တပတ်လောက်ခေါ်မေးပြီးမှ ပြန်လွှတ်တာတွေ
ရှိတတ်သလို အခုဘာကိစ္စကြောင့် ခေါ်သွားပါတယ်ဆိုတာ သေချာမသိရဘူး။ သူကလည်း စစ်တပ်က
ထွက်လာတဲ့ လူဆိုတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေများရှိ နေ လား။ ဒီနောက်မှာမှ ဖြစ်လာတဲ့
အခြေအနေကြည့်ပြီး လုပ်သင့် လုပ်ထိုက်တာဆက်လုပ် သွားမှာပေါ့”ဟု ပြောသည်။

ဧပြီ ၂ ရက်နေ့ ညနေ ၄ နာရီတွင် ခေါ်ဆောင်သွားပြီး ၃ ရက်နေ့တွင် အာဏာပိုင်များက အ၀တ်အစားများ


လာရောက်ယူ ဆောင် သွားကာ ဧပြီလ ၄ ရက်နေ့တွင် နေအိမ်နှင့် အတူ တွဲဖွင့်ထားသည့် အင်တာနက်ဆိုင်သို့
ဝင်ရောက်၍ စစ်ဆေးမှုများ ပြုလုပ်ပြီး ကိုနေမျိုးဇင် အသုံးပြုသည့် လက်ပ်တော့(ခရီးဆောင်ကွန်ပျုတာ) ကို
ယူဆောင်သွားသည်ဟု ကိုနေမျိုးဇင်၏ မိခင် ဒေါ်ခင်သီ ကပြောသည်။

“အိမ်ရော ဆိုင်ရော ၀င်လာပြီး စစ်သွားတာ။ သူ သုံးတဲ့ ကွန်ပျုတာကို ယူသွားမယ်ပြောတော့ အန်တီတို့က


ဘာတွေပါလဲ ဖွင့်ကြည့် မယ် ဆိုတော့ ဖွင့်ကြည့်တာ ဘာမှ မတွေ့ဘူး။ ဘာမှလည်းမရှိဘူး။ ဒါပေမယ့် သူတို့က
ကွန်ပျူတာကို ယူသွားမယ် အထဲက ဒေတာတွေကို စီဒီထဲထည့်ပြီးထားခဲ့ပေးပါမယ်ပြောတယ်။ ဘာမှ
မတွေ့ရင်တော့ နောက် ၃ ရက်လောက်နေ လာပို့ပေးပါမယ် ပြောသွားတယ်။ ဒီကနေ့ ဆို ၃ ရက်ပြည့်ပြီ အခုထိ
အကျိုးအကြောင်းဘာမှ လာပြောတာ မရှိသေးဘူး။ အန်တီတို့လည်း အရမ်း စိုးရိမ်ပြီး သားကို
အမြန်ဆုံးပြန်တွေ့ချင်တယ်”ဟု ၎င်းက ပြောဆိုသည်။

သွေးကူညီပေးရေးအဖွဲ့ ခေါင်းဆောင် ကိုညီညီက“ဘယ်နေရာမှာထားတယ်။ ဘာအတွက်ကြောင့်


ဖမ်းသွားတယ်ဆိုတာ အခုချိန်ထိ မိသားစု ၀င်တွေရော ၊ ကျနော်တို့ပါ ဂဃနဏ မသိရဘူး။ မရမ်းကုန်းက
အောင်သပြေ စစ်ကြောရေးစခန်းမှာ ထားတယ် ဆိုတာကလည်း အကြားပဲရှိတယ်။ ဒီလို မသိရတဲ့
အတွက်ကြောင့်လည်း ရန်ကုန်က NLD သွေးကူညီပေးရေးအဖွဲ့ရော၊ အနယ် နယ် အရပ်ရပ်မှာ စည်းရုံးထားတဲ့
အဖွဲ့ဝင်တွေ အကုန်လုံးကအရမ်းကို စိုးရိမ်နေကြတယ်”ဟု ပြောသည်။

ဧပြီလ ၄ ရက်နေ့က အာဏာပိုင်များသည် အိမ်အနှံ့ ရှာဖွေခြင်း ၊ ဓာတ်ပုံရိုက်ခြင်းများပြုလုပ်သည့်အပြင်


ကိုနေမျိုးဇင် သုံးစွဲခဲ့ သည့် ခရီးဆောင်ကွန်ပျုတာကိုပါ သိမ်းဆည်းသွားခဲ့သည်။

“အဲဒီလို ရှာဖွေနေတဲ့ အချိန်မှာ ကျနော်တို့မှာ မျက်မြင် သက်သေအဖြစ်နဲ့ ဥပဒေကြောင်းအရ


နေပိုင်ခွင့်ရှိပေမယ့်အပြင်မှာ စောင့်နေတဲ့ SB တယောက်က ၀င်လို့ မရပါဘူး။ အပြင်ကနေ စောင့်နေပါဆိုတာနဲ့
မကြည့်လိုက်ရဘူး။ ဒါပေမယ့် သူတို့ လက်ပ်တော့ ယူသွားမယ်ဆိုတော့ မိသားစုဝင်တွေက ဖွင့်ခိုင်းတာနဲ့
ဖွင့်ကြည့်တာ မိသားစုဝင်တွေ ပြောပြချက်အရ ဘာမှ မတွေ့ပါဘူးပေါ့။ ပြည်တွင်းမှာ တရားဝင် ထုတ်ထားတဲ့
ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိလို စာအုပ်တွေ ၊ ဦးသန့် စာအုပ်တွေ ပဲ တွေ့ရတယ်ပြောတယ်”ဟု ကိုညီညီက
ပြောသည်။

လက်ရှိ အစိုးရသစ်လက်ထက်တွင် အာဏာပိုင်များပြောခဲ့သည့် Good Goverment ၊ Clean Goverment ကဲ့သို့


အုပ်ချုပ် မှုစနစ်ကောင်းဖြင့် အုပ်ချုပ်သွားမည်ဆိုသည့်အတိုင်း ကိုနေမျိုးဇင်သည် ပရဟိတမှ လွဲ၍ နိုင်ငံတော်
ပျက်စီးစေမည့် လုပ်ရပ်မျိုး မတွေ့ရှိပါက ခြွင်းချက်မရှိ ပြန်လွှတ်ပေးမည်ဟု ယုံကြည်ကြောင်း သူက ပြောဆိုသည်။

“ပရဟိတ လုပ်ငန်းဆိုတာကလည်း ဘယ်အစိုးရပဲ တက်တက်ပေါ့ နိုင်ငံသား တယောက်ရဲ့


လွတ်လပ်စွာလုပ်ပိုင်ခွင့်ပဲ။ ဒီဟာ ပေါ်မှာ အကြောင်းရှာပြီး အရေးယူဆောင်ရွက်တာတွေ လုပ်မယ်ဆို
လုပ်တဲ့အစိုးရရဲ့တာဝန်ပဲဖြစ်တယ်။ လက်ရှိ အခြေအနေမှာလဲ အစိုးရသစ်က ပေါ်ထွန်းလာပြီ ဆိုပေမယ့်
ပုံသဏ္ဍာန်ကတော့ အစိုးရ အဟောင်း ပုံသဏ္ဍာန် လမ်းကြောင်း ပေါ်မှာပဲ ဆက်လျှောက်နေပြီး အသစ်ဆိုတဲ့
သဘောထားပေါ်မှာ ကောင်းကောင်းမလျှောက်တတ်သေးတာလား သဘော မပေါက် သေး ဘူးလားတော့
မသိဘူး။ အရင်ပုံစံ အဟောင်းမှာပဲ ဆက်လျှောက်နေသေးတယ်”ဟု ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
ဥပဒေဆိုင်ရာအရ အစိုးရသစ်ပြောင်းလဲလိုက်ပြီးချိန်တွင် တရားရုံးများ၌ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်
ဆိုသည့် အခေါ်အဝေါ် ပုံသဏ္ဍာန်အရ ပြောင်းသာပြောင်းလဲသွားပြီး တကယ့် အနှစ်သာရ ဖြစ်သည့်
အာဏာပိုင်များ ပြောဆိုနေသော ကောင်းမွန်၊ သန့်ရှင်းသည့် အစိုးရသစ်ဆိုသည်ကို ရောက်ရန် မျှော်မှန်း၍
မရနိုင်သေးဟု သူက ပြောသည်။

“ဘာမှ မရှိတာကို တွေ့ပေမယ့် ခရီးဆောင်ကွန်ပျုတာ ထပ်ယူသွားတာကို ကြည့်ရင် အီလက်ထရွန်နစ် ဥပဒေ


၃၃ ဃ ၊ ၃၈ တို့နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လို့ ရတဲ့ အနေအထားတွေရှိနေတယ်လေ။ အိမ်မှာ ဖွင့်စစ်တာ
မတွေ့ဘူး ဆိုပေမယ့် သိမ်း ဆည်းသွားတဲ့ အာဏာပိုင်တွေ အနေနဲ့ ရဲလုပ်ထုံး လုပ်နည်းအရ ရှာဖွေ ပုံစံနဲ့
စနစ်တကျ သိမ်းဆည်းသွားတာ မဟုတ်ဘဲ စာရွက် တရွက်မှာ ယူသွားပါတယ် ရေးသွားတာမျိုးဆိုတော့
ခရီးဆောင်ကွန်ပျုတာ ပြန်ပေးရင်တောင် အီးမေးလ် ၊ အင်တာနက် နဲ့ ပတ်သက်တာတွေနဲ့ အရေးယူမယ်ဆို
ရတာပဲ။ အဲဒီလို ပုံစံက သူတို့ လုပ်နေကျပဲဆိုတော့ စောင့်ကြည့်ရမှာပေါ့”ဟု ဦးအောင်သိန်းက ပြောသည်။

အသက် ၃၆ နှစ် အရွယ်ရှိ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် တောင်ကြီးမြို့ တပ်ထိန်းအဖြစ် တိုင်းမှူးလုံခြုံရေး


တာဝန်ယူကာ ဆောင်ရွက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်ဟု သိရသည်။

တာလီဘန်နှင့် ဆက်စပ်မှု သံသယရှိသူများကို ရုံးထုတ်


ခင်ဦးသာ Thursday, 07 April ဧရာဝ
ဧရာဝတီ

ရခိုင်ပြည်နယ် မောင်းတောမြို့နယ် အခြေစိုက် နယ်စပ်ဒေသ ကွပ်ကွဲရေးဌာနချုပ် (နစက) ၌ ဖမ်းဆီးထားသော


တာလီဘန်များနှင့် ဆက်နွယ် ပတ်သက်သူများဟု သင်္ကာမကင်း ခံရသူ မွတ်စလင် ၁၉ ဦးအား ယမန်နေ့က
ရုံးထုတ်စစ်ဆေးသည်။

၎င်းတို့အား မတရားအသင်းနှင့် ဆက်သွယ်ပတ်သက်မှု ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် နစကမှ တရားလို လုပ်ကာ
ဧပြီလ ၁ ရက်နေ့က တရားစွဲထားခြင်းဖြစ်ကြောင်း၊ ဧပြီလ ၆ ရက်နေ့တွင် မောင်းတောခရိုင် တရားသူကြီး
ဦးစိုးလွင် ဦးဆောင်သော တရားရုံးအဖွဲ့က စစ်ဆေးခဲ့ကြောင်း မောင်းတောမြို့ခံ ရှေ့နေတဦးက ဧရာဝတီသို့
ပြောသည်။

“ဒီလူ ၁၉ ဦးရဲ့အမှုအတွက် ရှေ့နေ ၃ ဦးက ဆောင်ရွက်ပေးဖို့ လုပ်ဆောင်နေပါတယ်။ နောက်တကြိမ် ရုံးချိန်းက


ဒီလ ၂၃ ရက်နေ့လောက် ဖြစ်မယ်ထင်ပါတယ်” ဟု ဒေသခံ ရှေ့နေက ပြောသည်။

တာလီဘန် အဖွဲ့အစည်းနှင့် ဆက်သွယ်ပတ်သက်နေသည်ဟု သင်္ကာမကင်းခံရသူများ၏ အမှုကို ရှေ့နေ ဦးစံလှ၊


ဦးကျော်ညွန့်၊ ဦးနူရ်အာနိုင် စသည့် ရှေ့နေ ၃ ဦးက လိုက်ပါဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရားလိုဘက်မှ
အစိုးရရှေ့နေများက ဆောင်ရွက်သွားမည်ဟု သိရကြောင်း ၎င်းက ရှင်းပြသည်။

ဖမ်းဆီးခံထားရသူများ၏ အမှုအား တရားရုံးက စစ်ဆေးမှုပြုနေသော်လည်း အဓိက ကိုင်တွယ်ဖြေရှင်းနေသည့်


အဖွဲ့အစည်းမှာ ဒေသခံစစ်တပ်သာဖြစ်ကြောင်း သိရသည်။

သံသယအဖြစ်ခံရသူများသည် မောင်းတောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာအနီး၌ အစည်းအဝေးပြုလုပ်၍


အကြမ်းဖက်ဖောက်ခွဲရေး ကိစ္စများကို သင်တန်းပေးခြင်း၊ ၎င်းတို့ထံမှ တာလီဘန်အဖွဲ့၏ စည်းတံဆိပ်တုံးများ
သိမ်းဆည်းမိခြင်းတို့ကြောင့်ဟုဆိုကာ ၎င်းတို့ကို နစက မှ ပြီးခဲ့သည့် မတ်လဆန်းပိုင်းက
ဖမ်းဆီးထားခြင်းဖြစ်ကြောင်း မောင်းတော ဒေသခံများက ပြောသည်။
၎င်းတို့သည် တာလီဘန်များနှင့် အမှန်တကယ် ဆက်စပ်မှု ရှိမရှိကိုမူ မည်သူမှ အတိအကျ မပြောနိုင်သေးဟု
သိရသည်။

“ဒီဒေသမှာက အကြမ်းဖက်မှုတွေ၊ ဗုံးအပါအ၀င် ဖောက်ခွဲရေးပစ္စည်း ဖမ်းဆီးမိတာတွေ မကြာခဏ ရှိခဲ့ပါတယ်”


ဟုဒေသခံတဦးက ဆိုသည်။

ဖမ်းဆီးထားသူများနှင့် ဆက်နွှယ်ပတ်သက်နေသည်ဟု သံသယရှိသူ ဒေသခံ မွတ်စလင် အများအပြားကို နစက


က လိုက်လံ ရှာဖွေနေ၍ ဒေသခံများ ခရီးသွားရာတွင် စစ်ဆေးမေးမြန်းမှုများ ခံနေကြကြောင်း၊ သံသယရှိသူ
တချို့လည်း နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

လက်ရှိဖမ်းဆီးထားသူများနှင့် ဆက်နွှယ်ပတ်သက်နေသူ ၄၀၀ ၀န်းကျင်ရှိကြောင်း၊ ၎င်းတို့သည်


ဘာသာရေးပွဲတော်များ၊ အစိုးရရုံးများ၊ အစိုးရအဖွဲ့၏ တာဝန်ရှိသူများကို ပစ်မှတ်ထား တိုက်ခိုက်ရန်
စီစဉ်ထားမှုများရှိသည်ဟု နစကမှ တာဝန်ရှိသူ တဦးက ပြောဆိုကြောင်း ဒေသခံ ရှေ့နေက ရှင်းပြသည်။

ဘူးသီးတောင်၊ မောင်းတောဒေသ၌ အစ္စလမ်ဘာဝင် လူဦးရေ ၉၅ ရာခိုင်နှုန်းကျော်ရှိပြီး ရခိုင်၊ ဗမာ၊ မြို၊ ခမီ၊ ချင်း
စသည့် တခြား ဘာသာဝင် တိုင်းရင်းသားလူမျိုးများမှာ လူဦးရေ ၅ ရာခိုင်နှုန်း ၀န်းကျင်သာရှိကြောင်း
ဒေသခံအဖွဲ့အစည်းများ၏ အချက်အလက်များအရ သိရသည်။

မလေးရှား၌ နိုင်ငံခြားသားအလုပ်သမား တင်းကျပ်၊ မြန်မာများ စိုးရိမ်


ဇာနည်မာန် Thursday, 07 April ဧရာဝ
ဧရာဝတီ

မလေးရှားနိုင်ငံ ဆီဘီလန်းပြည်နယ် လင်းဂန်း လူဝင်မှုကြီးကြပ်ရေး (လ၀က) ထိန်းသိမ်းရေးစခန်းတွင်


ဆူပူမှုဖြစ်ပြီး ထိန်းသိမ်း ထားသူများထဲမှ ၁၀၉ ဦး လွတ်မြောက်သွားရာမှ ၇၆ ဦးကို အာဏာပိုင်များက ပြန်လည်
ဖမ်းဆီးမိကြောင်း သိရသည်။

ကျန် ၃၃ ဦးကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟု မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲကို ကိုးကား၍ AP


သတင်း၌ ဖော်ပြ ထားသည်။

လ၀က ထိန်းသိမ်းရေးစခန်းအတွင်း လူများပြည့်ကြပ်နေပြီး နေထိုင်စားသောက်ရေး အဆင်မပြေမှု၊


ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ၏ လျစ်လျူရှုထားမှုများအပြင် စခန်းတာဝန်ခံများ၏
ဖိနှိပ်မှုများကို အကြောင်းပြု၍ ဧပြီ ၄ ရက်နေ့ညတွင် လူ ၁၀၀၀ ကျော်က စခန်းရှိအဆောင်တခုကို
မီးရှို့၍ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ ထွက်ပြေးသူအများစုမှာ မြန်မာ နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်ကြောင့် စခန်းတွင်း ကျန်ရစ်သူများကို ကန့်သတ်ချုပ်ချယ်မှုများ တိုးမြင့်လာပြီး


စခန်းတွင်းရောက်သည့် သက်တမ်းအလိုက် လူစုခွဲကာ အခြားထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်နေကြောင်း
သိရသည်။

“ကျနော်တို့ အဆောင်တွေရဲ့ အပြင်ဘက်ဝင်းထဲက စခန်းမှာ ဖမ်းမိတဲ့သူတွေကို အခန်းတခန်းမှာ


ထည့်ထားတယ်။ ရိုက်နှက်ပြီး စစ်မေးနေတယ်။ အခုအချိန်အထိ အယောက် ၉၀ ပြန်မိပြီ။
ကျနော်တို့ကျန်တဲ့အထဲက စခန်းရောက်တာ၂ နှစ်ကနေ ၁ နှစ်၊ အဲ့ဒီလိုရှိတဲ့သူတွေကို တခြားစခန်းကို ပို့ဖို့ အခု
တန်းစီခိုင်းထားတယ်”ဟု စခန်းတွင်းနေထိုင်သူ ကိုဂျူလိုင်က ပြောပြသည်။
လင်းဂန်း စခန်းတွင် မြန်မာဒုက္ခသည် ၄၀၀ ကျော် အပါအ၀င် ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဗီယက်နမ် စသည့် နိုင်ငံများမှ
ဒုက္ခသည် ၁၅၀၀ ခန့်ကို ထိန်းသိမ်းထားခဲ့သည်ဟု ဆိုသည်။ စခန်းတွင်း ထိန်းသိမ်းထားသူ များပြားလာ၍
အစားအသောက်နှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများ မရကြောင်း စခန်းတွင်းနေထိုင်သူများက ပြောဆိုကြသည်။

“ဒီမှာ အစားအသောက်ကလည်း မကောင်းဘူး။ ကျန်းမာရေး ချို့တဲ့သူတွေလည်း များတယ်။ သောက် ရေ


ဆိုလည်း လုံလုံ လောက်လောက်မရဘူး။ ယူအန် ကလည်း လာမကြည့်တော့ ဒီလိုပေါက်ကွဲကုန်တာပဲ”ဟု
ကိုဂျူလိုင်က ဆက်၍ ပြောသည်။

ဖမ်းမိသူအများစုမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ယင်းတို့ကို ပြည်နှင်ဒဏ်ပေးဖွယ်ရှိကြောင်း သတင်းများက


ဖော်ပြသည်။

ထိုသို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ ထိန်းသိမ်းထားသူများ ထွက်ပြေးမှု ဖြစ်ပြီးနောက်


အာဏာပိုင်များက မလေး ရှား နိုင်ငံရောက် နိုင်ငံခြားသားများကို တင်းကျပ် လာသောကြောင့် မြန်မာရွှေ့ပြောင်း
အလုပ်သမားများပါ ဖမ်းဆီးခံရမှု ရှိလာ သည်။

ထွက်ပြေးသွားသူများကို မလေးရှား လူဝင်မှုကြီးကြပ်ရေး၊ ရဲ တပ်ဖ့န


ွှဲင့် Rela ဟုခေါ်သည့် တရားမ၀င်
နိုင်ငံခြားသား အလုပ် သမား နှိမ်နင်းရေးအဖွဲ့ဝင်များက လိုက်လံရှာဖွေဖမ်းဆီးမှုများပြုလုပ်နေရာ
မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်းလည်း သိရသည်။

“အင်္ဂါနေ့ည ၁၁ နာရီလောက်က။ သူတို့က တောနင်းရှာရင်းနဲ့ ကျနော်တို့အလုပ်လုပ်နေတဲ့


ဆောက်လုပ်ရေးဆိုဒ်ထဲရောက် လာတာ။ ကျနော်နဲ့ အခြားမြန်မာ ၃ ယောက်က ယူအန်ကတ်(ကုလသမဂ္ဂ
အသိအမှတ်ပြုကတ်)ရှိတော့ ဘာမှမလုပ်ဘူး။ ကတ်မရှိတဲ့ ကျနော့် သူငယ်ချင်း ဇော်မျိုးအောင်နဲ့ အင်ဒိုနီးရှား၊
ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါက လူတွေ ၁၀ ယောက်ကျော်ကိုဖမ်း သွားတယ်”ဟု မလေးရှားရောက် မြန်မာအလုပ်သမား
ကိုအောင်မိုးက ပြောသည်။

ယခု လာရောက်ရှာဖွေသူများတွင် လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့နှင့် Rela အဖွဲ့ဝင်များ မပါဝင်ဘဲ ပြောက်ကျား


ဝတ်စုံဝတ် လက်နက်ကိုင်များဖြစ်ကြောင်း သူက ဆိုသည်။

ထို့အတူ ကွာလာလမ်ပူမြို့တွင်လည်း ရဲတပ်ဖွဲ့မှ လုံခြုံရေးလှည့်နေပြီး မြန်မာအလုပ်သမား အများစု


နေထိုင်လေ့ရှိသော ရပ်ကွက်များတွင် နေထိုင်ခွင့်လက်မှတ်စစ်ဆေးမှုများကို
တိုးမြှင့်လုပ်ဆောင်လာနေသည်ဟုလည်း သိရသည်။

“အခုက နယ်မြေတိုင်းမှာ ရဲကားတွေနဲ့ ရပ်ကွက်ထဲ လှည့်တာတွေ လုပ်တယ်။ ရဲတွေ လုံခြုံရေးတိုးချလာတယ်။


မသင်္ကာတဲ့ လမ်းသွားလမ်းလာက အစ စစ်တာတွေလည်း ရှိတယ်။ အားလုံးက ကြောက်နေတယ်။ ပိုဆိုးတာက
လွတ်တဲ့အထဲမှာက မြန်မာနိုင်ငံသားတွေများတော့ နောက်ဆက်တွဲက စားသောက်ဆိုင်၊ စက်ရုံတွေမှာ
လုပ်တဲ့သူတွေကို ပိုစိစစ်လာတယ်”ဟု မလေးရှားရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
အတွင်းရေးမှူး ကိုအောင်ကျော်ဆက်က ပြောသည်။

မလေးရှားနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း၂၂ ခုရှိရာ


တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများကို သက် ဆိုင်ရာမှ ဖမ်းမိပါက ထိန်းသိမ်းရေးစခန်းများတွင်
ထိန်းသိမ်းထားလေ့ရှိပြီး ထိုအတောအတွင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏
အသိအမှတ်ပြုခြင်းမခံရပါက စခန်းအာဏာပိုင်များက နယ်စပ်သို့ ပြန်ပို့လေ့ရှိသည်။
မလေးရှားရှိ အိမ်အကူ လုပ်ငန်း၊ ကလေးထိန်း လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်ရုံလုပ်ငန်းများတွင် နိုင်ငံခြားသား
အလုပ်သမား ၁.၈ သန်း လုပ်ကိုင်နေကြောင်း AFP သတင်းတရပ်၌ ဖော်ပြထားသည်။ မြန်မာ အလုပ်သမား ၅
သိန်းခန့်ရှိကြောင်း ၂၀၀၉ ခုနှစ် က လေ့လာသူများ စာရင်းအရ သိရသည်။

ရှမ်းပြည်ငလျင် အပျက်အစီး ရှင်းလင်းရေး နှေးကွေး


ရန်ပိုင် Thursday, 07 April ဧရာဝ
ဧရာဝတီ

ရှမ်းပြည် အရှေ့ပိုင်းဒေသ၌ ငလျင်လှုပ်ခတ် ခဲ့သည်မှာ ရက်သတ္တ ၂ ပတ်ခန့် ရှိပြီ ဖြစ်သော်လည်း


အပျက်အစီးများ ရှင်းလင်းရေးတွင် စက်ယန္တရား အင်အားသုံးစွဲမှု နည်းပါးသည့်အတွက် ပြန်လည်ထူထောင်ရေး
လုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေကြောင်း သိရသည်။

ငလျင်ကြောင့် ပြိုပျက်ခဲ့သည့် အိုးအိမ်အပျက်အစီးများကို ရှင်းလင်းဖော်ထုတ်ရေးအတွက် အစိုးရက


ယာဉ်ယန္တရား ၄ စီးသာ ပေးပို့ထားသည့်အပြင် ယင်းစက်ယန္တရားများမှာ တာလေတံတားပြုပြင်ရေးနှင့်
နယ်မြေအတွင်းရှိ ငလျင်ဒဏ်ခံ စစ်တပ် အဆောက်အဦးများ ရှင်းလင်းရေးကိုပါ ပူးတွဲလုပ်ဆောင်နေရကြောင်း
တာလေမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“စက်ကြီးက မိုင်းလင်းမှာ ၂ စီး၊ တာလေမှာ ၂ စီး ပဲရှိတော့ အလုပ်သိပ်မတွင်ဘူး။ အိမ်အပြိုအပျက်တွေ ဖော်တာ


ဧပြီလကုန်တောင် ပြီးမယ့် ပုံမရှိဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ယခုရက်ပိုင်း ဒေသအတွင်း သွားလာရေး လွယ်ကူစေရန် အသုံးပြုနေရသည့် လိုင်စင်မဲ့ကားများကို


သွားလာခွင့် ပိတ်ပင်လိုက်သည့်အတွက် တသီးပုဂ္ဂလ အလှူရှင်များ၏ ပစ္စည်းထောက်ပံ့ကူညီရေးမှာလည်း
နည်းပါးသွားကြောင်း အဆိုပါ မြို့ခံက ဆက်လက်ပြောသည်။

ဧပြီလ ၃ ရက်နေ့က ငလျင်ဒဏ်ခံ ဒေသသို့ အစိုးရသစ်မှ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ လူမှုဝန်ထမ်း


ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ
သွားရောက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဘိလပ်မြေ၊ သွပ်၊ သံ အစရှိသည့်
အိမ်ဆောက်ပစ္စည်းနှင့် ဒုက္ခသည်များကို တအိမ်ထောင်လျှင် ငွေကျပ် ၂ သိန်းစီ လှူဒါန်းခဲ့ကြောင်း
အစိုးရမီဒီယာများတွင် ဖော်ပြထားသည်။

သို့သော် ပြိုပျက်သွားသည့် လူနေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် အိမ်ဆောက်ပစ္စည်းများကို


ဒေသဆိုင်ရာ အာဏာပိုင်များက ငလျင်ဒဏ်ခံ ပြည်သူများကို ဝေခြမ်းပေးအပ်ခြင်းမရှိသေးကြောင်း
ဒေသခံများက ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူသားချင်းစာနာသည့် အနေဖြင့်


ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အာဆီယံတို့က ကယ်ဆယ်ရေး ပစ္စည်းများအပြင်
ငွေသားပါ ပေးပို့လှူဒါန်းခဲ့သည်။

မတ်လ ၂၄ ရက်နေ့ ဒေသ စံတော်ချိန် ၈ နာရီ ၃၀ ခန့်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့်
တာချီလိတ်ခရိုင် အတွင်းရှိ တာလေမြို့နယ်ခွဲမှ မြို့ပေါ်ရပ်ကွက်များ၊ မိုင်းလင်း ( အရှေ့)၊ မိုင်းလင်း (အနောက်)
ကျေးရွာအုပ်စုနှင့် နာယောင်း ကျေးရွာ၊ ကျကူနီကျေးရွာများရှိ အိမ်ခြေပေါင်း ၃၉၀၊ ဘုန်ကြီးကျောင်း ၁၄
ကျောင်းနှင့် ဌာန ဆိုင်ရာ အဆောက်အဦး ၉ လုံး ပျက်စီးသွားပြီး သေဆုံးသူစုစုပေါင်း ၇၄ ဦး၊ ဒဏ်ရာရသူ ၁၁၁
ဦး ရှိကြောင်း အစိုးရမီဒီယာများက ဖော်ပြပြီး နောက်ဆုံးရသတင်းအချက်များကို ထပ်မံဖော်ပြခြင်း မရှိပေ။

သို့သော် ဒေသခံများ၏ ပြောဆိုချက်အရ သေဆုံးသူစုစုပေါင်းမှာ အစိုးရကြေညာသည့်


ကိန်းဂဏန်းများထက်များပြားပြီး ၃၀၀ အထိ ရှိနိုင်ကြောင်း၊ လားဟူ တိုင်းရင်းသားများ အများဆုံးနေထိုင်သည့်
အထက် ကျကူနီရွာ တခုတည်းတွင်ပင် သေဆုံးသူ ၈၅ ဦးအထိ ရှိကြောင်း သိရသည်။ ယခုအခါ ကျကူနီရွာရှိ
ကျန်ရှိသော အိမ်ထောင်စုများသည် တာချီလိတ်ခရိုင်အတွင်းရှိ မောဒီကျေးရွာသို့ ပြောင်းရွေ့သွားပြီ ဖြစ်ကြောင်း
သိရသည်။

ဖမ်းထားသည့် ကနေဒါနိုင်ငံသားအမှု သင်္ကြန်ပြီးမှ ဆက်စစ်မည်


ဧရာဝတီ Thursday, 07 April ဧရာဝ
ဧရာဝတီ

ထိုင်းနယ်စပ်မှတဆင့် မြန်မာနိုင်ငံ မြ၀တီမြို့နယ်အတွင်း တရားမ၀င် ၀င်ရောက်မှုဖြင့် မြ၀တီခရိုင် တရားရုံးတွင်


တရားစွဲဆိုခြင်း ခံရသည့် ကနေဒါနိုင်ငံသား မစ္စတာ ရွန် ဇက်ရက်စကီ (Ron Zakreski) ၏ အမှုကို
သင်္ကြန်ကာလပြီးမှသာ ဆက်လက် စစ်ဆေးသွားမည်ဟု သိရသည်။

မတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက အသက် ၆၂ နှစ်အရွယ်ရှိ မစ္စတာ ရွန် ဇက်ရက်စကီသည် သောင်းရင်းမြစ်ကို


ဖြတ်ကူးကာ မြ၀တီခရိုင်အတွင်းရှိ ဝေါ်လေရွာသို့ ဝင်ရောက်ပြီး ဓာတ်ပုံရိုက်ကူးနေစဉ် ဒေသခံအာဏာပိုင်များ၏
ဖမ်းဆီးခြင်းခံရကာ တရားမ၀င်နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှု လ၀က ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် တရားစွဲဆို
ခံရသည်။

မြဝတီမှ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတဦးက “သူ့အမှုကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်စစ်ဆေးခဲ့ပြီး


နောက်ထပ်ရုံးချိန်းကို သင်္ကြန်အလွန် သတ်မှတ်လိုက်တယ်။ အဖမ်းခံထားရတဲ့ ကနေဒါနိုင်ငံသားက ကျန်းမာရေး
ကောင်းမွန်နေပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရချိန်မှစ၍ တရားစွဲဆိုနိုင်ရန် ရက်သတ္တ တပတ်ကျော်ကြာမြင့်ခ့ရ


ဲ ခြင်းမှာ မြန်မာဘက်အခြမ်းသို့
ဝင်ရောက်လာသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်များကို မစ္စတာ ရွန်
ဇက်ရက်စကီက ကောင်းမွန်စွာ ဖြေကြားခြင်း မရှိသောကြောင့်ဖြစ်သည်ဟု ခရိုင်ရဲစခန်းမှ သိရကြောင်း
ကုန်သည်ကြီးတဦးက ပြောသည်။

၎င်းအမှုနှင့်ပတ်သက်၍ မစ္စတာ ရွန် ဇက်ရက်စကီဘက်မှ တာဝန်ရှိသူများနှင့် တခြား အကျိုးဆောင်ပေးမည့်


အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ တဦးတယောက်မှ ရောက်လာခြင်းမရှိသေးကြောင်း၊ ၎င်းကို လတ်တလောတွင်
မြ၀တီမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း မြဝတီမှ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကနေဒါသံရုံးဖွင့်လှစ်ထားခြင်း မရှိပေ။ ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက


မစ္စတာရွန် ဖမ်းဆီးခံထားရသည်ကို သတင်းရရှိကြောင်း၊ ဘန်ကောက်မှ ကောင်စစ်ဝန်က ယင်းကိစ္စကို
ကိုင်တွယ်လျက်ရှိကြောင်း ကနေဒါ နိုင်ငံခြားရေးဌာန၏ သတင်းထုတ်ပြန်ချက်တင
ွ် ဖော်ပြထားသည်။

စိတ်ပညာရှင်ဟောင်း တဦးဖြစ်သော ရွန်သည် အိမ်ထောင်မရှိ၊ သားသမီး မရှိကြောင်း၊


ခရီးထွက်လေ့ရှိသူတဦးဖြစ်ပြီး ဓာတ်ပုံရိုက်ခြင်း၊ တခါတရံ သတင်းရေးသားခြင်းများ ပြုလုပ်ကြောင်း
ကနေဒါသတင်းများတွင် ဖော်ပြထားသည်။
၎င်းဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံနှင့် နယ်ခြားခြင်းထိစပ်နေသည့်
မဲဆောက်အပါအ၀င် တခြားမြို့နယ်များရှိ အလွယ်တကူ နယ်စပ်ဖြတ်ကျော်နိုင်သည့်
ဝင်ပေါက်ထွက်ပေါက်များကို ထိုင်းဘက်မှ လုံခြုံရေးတိုးမြှင့်ထားသည်။

ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း ရွေးကောက်ပွဲ သတင်းယူရန် မြ၀တီမြို့သို့ တရားမ၀င်


သွားရောက်ခဲ့သည့် APF သတင်းဌာနမှ ဂျပန်လူမျိုး သတင်းထောက် မစ္စတာ တိုရုယာမဂျိကို မြ၀တီရဲက
ဖမ်းဆီးပြီး လ၀ကဥပဒေဖြင့် တရားစွဲကာ ပြည်နှင်ဒဏ်ဖြင့် ထိုင်းဘက်သို့ နယ်စပ်မှတဆင့် ပြန်ပို့ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ်ကို ချုပ်ကိုင်ဆဲ


ဧရာဝတီ Thursday, 07 April ဧရာဝ
ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ကို ဖျက်သိမ်း၍


ကာကွယ်ရေးဦးစီးချုပ် ရာထူးကို လွှဲပြောင်းပေးပြီး ဖြစ်သော်လည်း တပ်မတော်ကို ဆက်လက် ထိန်းချုပ်ထားဆဲ
ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နီးစပ်သူများက အတည်ပြု ပြောကြားသည်။

မတ်လ ၃၀ ရက်နေ့တွင် နအဖအဖွဲ့ကို ဖျက်သိမ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ သမ္မတသစ်


ဦးသိန်းစိန်ကို အာဏာလွှဲပြောင်းပေးခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့
လွှဲပြောင်းပေးခဲ့သည်။

ထိုသို့ လွှဲပြောင်းပေးပြီးနောက် ပြည်တွင်းပြည်ပ မီဒီယာများကြားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ရာထူးနှင့်


အစိုးရအကြီးအကဲ ရာထူးများမှ အနားယူသွားပြီဆိုသော သတင်းများ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်ခဲ့ကြောင်း၊
သို့ရာတွင် နေပြည်တော် အခြေစိုက် ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာမည်တပ်
လိပ်မူထားသော လျှို့ဝှက်ဆိုသည့် စာတမ်းပါ တပ်မတော်ဆိုင်ရာ အစီရင်ခံစာများ တရားဝင်ထွက်ရှိနေကြောင်း
နေပြည်တော် စစ်ဘက်အသိုင်းအဝန်းက ပြောသည်။

နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက “အငြိမ်းစားဖြစ်သွားတဲ့ စစ်ဗိုလ်ချုပ်တဦးဆီ ဘာကိစ္စမှ


တပ်အစီရင်ခံစာ ပို့ဖို့မလိုဘူး။ အခုစစ်ရုံးကပို့တဲ့ အစီရင်ခံစာက ဗိုလ်ချုပ်မှူးကြီးကို လိပ်မူ အမည်တပ်ထားတယ်။
ဗိုလ်ချုပ်မှူးကြီးက ဇေယျာသီရိ စစ်ရုံးတွေဘက်မှာ ရုံးမထိုင်တာတော့ သေချာပြောနိုင်တယ်။ လောလောဆယ်
ပို့နေတဲ့ အစီရင်ခံစာတွေအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ကို တရားဝင်ချုပ်ကိုင်ထားဆဲပါ၊
အရေးပါနေဆဲပါ။ အငြိမ်းစားသွားတယ်၊ အနားယူတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု ပြောသည်။

အာဏာလွှဲပြီးနောက် မတ်လ ၃၁ ရက်နေ့တွင် အစိုးရသစ် တဖွဲ့လုံးကို ခေါ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက


ညွှန်ကြားချက်သြဝါဒပေးကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရသည် မတ်လ ၃၁ ရက်နေ့မှ စတင်အာဏာတည်နေပြီ ဖြစ်သော်လည်း သမ္မတရုံး၊


ကာကွယ်ရေးဝန်ကြီးဌာနရုံး အပါအ၀င် နေပြည်တော်ရှိ အစိုးရ၀န်ကြီးဌာန ရုံးများအားလုံးတွင် ချိတ်ဆွဲထားသော
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓာတ်ပုံကို ဖြုတ်ချခြင်း မရှိကြောင်း သိရှိရသည်။

“တကယ်ဆိုရင် သမ္မတ ဦးသိန်းစိန်ပုံကို ချိတ်ရမှာ။ အခုထိ ဗိုလ်ချုပ်မှူးကြီးဓာတ်ပုံပဲ ချိတ်ထားတယ်။ ရုံးမှာလည်း


ဓာတ်ပုံလဲချိတ်ဖို့ ပြောဆိုဆွေးနွေးတာမျိုးလည်း မရှိဘူး။ အားလုံး အရင်အတိုင်းပဲ” ဟု နေပြည်တော်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိတဦးက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆေးမှူးများဖြစ်ကြသော ဗိုလ်ချုပ် နေဝင်း၊ ဗိုလ်မှူးချုပ် စိုးရှိန်နှင့် ဗိုလ်မှူးကြီး
မြင့်ကြည်တို့သည်လည်း ဗိုလ်ချုပ်မှူးကြီး အနီးတွင် ဆက်လက် တာဝန်ယူနေကြဆဲ ဖြစ်ကြောင်းလည်း သိရသည်။

စစ်တက္ကသိုလ် အမှတ်စဉ် ၁၉ ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်မတော်


ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခန့်သည့်အပြင် စစ်တက္ကသိုလ် အမှတ်စဉ် ၁၇
ကျောင်းဆင်း ကာကွယ်ရေးဦးစီးချုပ် (လေ) ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၁၆
ကျောင်းဆင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒု ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအောင်တို့ကိုလည်း ဗိုလ်ချုပ်ကြီး ရာထူးသို့
တပြိုင်နက်တည်း အသီးသီး ရာထူးတိုးပေးခဲ့သဖြင့် စစ်တပ်အတွင်း အာဏာချိန်ခွင်လျှာ မျှနိုင်ရန်
ဗိုလ်ချုပ်မှူးကြီးက လုပ်ဆောင်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်အသိုင်းအဝန်းက ပြောသည်။

နေပြည်တော် စစ်ဘက်ဆိုင်ရာနှင့် နီးစပ်သူတဦးက “မတ်လကုန်လောက်မှာပဲ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အဖြစ်


ရာထူးတိုးတဲ့အချိန်၊ ကာချုပ်-ရေနဲ့ ကာချုပ်-လေတွေလည်း ဗိုလ်ချုပ်ကြီးရာထူး တခါတည်းတိုးပေးလိုက်တယ်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆိုပေမယ့် တပ်ကိစ္စတွေကို ဗိုလ်ချုပ်ကြီး
ဉာဏ်ထွန်းအောင်၊ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့နဲ့အတူ ပူးတွဲကိုင်တွယ်ရပုံရှိတယ်” ဟု ဆိုသည်။

ယခင်က တိုင်းမှူး၊ တပ်မမှူးများသည် စစ်ဘက်ဆိုင်ရာ ကိစ္စများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ


လူကိုယ်တိုင်သွားရောက် တွေ့ဆုံပြီး သတင်းပို့ရသော်လည်း ယခု အခါ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံသို့သာ
သတင်းပို့ရတော့ကြောင်း သိရသည်။

သို့သော် အမှန်တကယ် အာဏာရှိသူမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာဖြစ်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည်


ဟန်ပြသာဖြစ်သည်ဟု စစ်တပ်အသိုင်းအဝန်းအတွင်းတွင်လည်း ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဒု ဝန်ကြီးချုပ်များကို သမ္မတ ဦးသိန်းစိန်က


မိန့်ခွန်းပြောကြားရာ၌ ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖျက်သိမ်းရမည်ဟု ပြောသွားသော်လည်း
လေ့လာအကဲခတ်သူများကမူ အစိုးရသစ်အပေါ် သံသယရှိနေကြသည်။

ကရင်ပြည်နယ် ကျောက်မီးသွေးတွင်း DKBA နှင့် KNU ပတ်သက်


ဧရာဝတီ Thursday, 07 April ဧရာဝ
ဧရာဝတီ

ကျောက်မီးသွေးများ တူးဖော်ရန်အတွက် ကရင်ပြည်နယ် မြ၀တီ ခရိုင်အတွင်းရှိ ဖလူးနှင့် ချောင့်ခက်


ဒေသများတွင် မြန်မာနှင့် ထိုင်းကုမ္ပဏီနှစ်ခုက ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နားလည်မှုယူ၍
လုပ်ငန်းများ စတင် လုပ်ကိုင်လျှက်ရှိသည် ဟုသိရသည်။

ယင်း ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်းကို ထိုင်းနိုင်ငံမှ Dynamic Energy Enterprise Co.,Ltd. Thailand နှင့်


မြန်မာ ဘက်မှ Seintharaphu Gem Co.,Ltd ကုမ္ပဏီတို့၂၀၁၀ နှစ်ကုန်ပိုင်းက ၁၀ နှစ်သက်တမ်းရှိ
လုပ်ငန်းသဘောတူညီချက် အား ရန်ကုန်မြို့တွင် စာချုပ်ချုပ်ဆိုခဲ့ကြသည်ဟု မြန်မာဘက်မှ လုပ်ငန်းရှင်တဦးက
ပြောသည်။

ကျောက်မီးသွေး တူးဖော်မည့်လုပ်ငန်းတွင် ပါဝင်သည့် ဆိုပါလုပ်ငန်းရှင်က“ဒီနှစ်ဆန်းထဲကစပြီးကျောက်မီးသွေး


တူးဖို့ ပြင်ဆင်နေတယ်၊ ထိုင်းနဲ့မြန်မာကုမ္ပဏီတွေပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်နေ့က သဘောတူ
လက်မှတ်ရေးထိုးခဲ့ကြတယ်၊ အဲဒီတုံးက တိုက်ပွဲတွေက လနဲ့ချီပြီး ဖြစ်နေတော့ ဘာမှလုပ်လို့မရဘူး၊
အခုအလုပ်စတင်နိုင်ဖို့အတွက် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) အဖွဲ့၊ KNU
(ကရင်အမျိုးသား အစည်းအရုံး)အဖွဲ့ တွေနဲ့နား လည်မှုယူပြီး လုပ်ငန်းစတင်တာ ဖြစ်တယ်”ဟု ပြောသည်။

မြ၀တီမြို့၏ တောင်ဘက် ၁၀ မိုင်ကျော်တွင်ရှိသည့် ဖလူးနယ်နှင့် မြ၀တီမှ မိုင်၂၀ ခန့်တွင်ရှိသည့် ချောင့်ခက်


ဒေသတွင် ယမန်နှစ် နိုဝင်ဘာလဆန်းမှစတင်ကာ DKBA ၊ KNLA ပူးပေါင်းအဖွဲ့ များနှင့် နအဖ တပ်များ
အကြားဖြစ်ပွားခဲ့သည့် ရက် ရှည်တိုက်ပွဲများကြောင့် လုပ်ငန်းများစတင်နိုင်ခြင်းမရှိဟု နှစ်ဘက်ကုမ္ပဏီများက
ပြောကြောင်းလည်း ကျောက်မီးသွေး တူးဖော်ရေးတွင် ပါဝင်သည့် မြန်မာ လုပ်ငန်းရှင်က ဆိုသည်။

လုပ်ငန်းစတင်နိုင်ရန်အတွက် ယခင်လက DKBA နှင့် KNU ဒေသခံ အဖွဲ့များနှင့်တွေ့ဆုံကာ နားလည်မှုယူ၍


လုပ်ငန်း စတင်ခဲ့ခြင်းဖြစ်ပြီး ထွက်ရှိလာမည့် ကျောက်မီးသွေးများကို ထိုင်းဘက်သို့ တင်ပို့ရန် မိုင်းတွင်းမှ နှစ်နိုင်ငံ
နယ်စပ်မျဉ်း သောင်ရင်းမြစ်ကမ်းစပ်အထိ ဖောက်လုပ်မည့်ကားလမ်းကို ထိုင်းကုမ္ပဏီဘက်မှ
တာဝန်ယူထားကြောင်း သိရသည်။

ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းအတွက် သဘောတူနားလည်မှုနှင့် ပတ်သက်ပြီး DKBA က


လုံးဝငြင်းဆိုသော် လည်း KNU က မူ ပြည်သူလူထု အကျိုးရှိမရှိ အခြေအနေပေါ်တွင် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။

ယင်း ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း စီမံကိန်းမှ ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက DKBA နှင့်


DKBA နှစ်ဖွဲ့လုံးအတွက် ကုမ္ပဏီများက တနှစ်လျှင် ရန်ပုံငွေမည်ရွေ့မည်မျှ ပေးရန်
သဘောတူညီမှုပြုလုပ်ထားသည်ဟု ပြောဆို သည်။

KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ ဒေသ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တမော်သဲ ဒေသတွင်ထွက်ရှိသော


ခနောက်စိမ်း များကို မြန်မာ ကုမ္ပဏီနှစ်ခုဖြစ်သည့် သုဝဏ္ဏမြေဆီနှင့် လင်းဘုန်းပြည့် တို့က KNU ၏
ခွင့်ပြုချက်ဖြင့် တူးဖော်လျှက်ရှိသည်ဟု KNUတပ်မဟာ ၆ အရာရှိ တဦးက ပြောသည်။

၎င်းကုမ္ပဏီနှစ်ခုက ယခင်လမှစတင်ကာ ခနောက်စိမ်းများကို အပြိုင်အဆိုင်တူးဖော်နေမှုကြောင့်


လယ်ယာမြေတချို့ပျက် စီးဆုံးရှုံးမှုများစွာရှိပြီး သာဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်းရှိသည်ဟု
ဒေသခံတဦးက ပြောသည်။

KNU တပ်မဟာ ၅ ထိန်းချုပ် ဖာပွန်ခရိုင်တွင်လည်း KNU ၏ ခွင့်ပြုချက်ဖြင့် မြန်မာကုမ္ပဏီနှစ်ခု က


ရွှေတူးဖော်ရေး လုပ် ငန်းများကို ယခုနှစ်ဖေဖော်ဝါရီလမှ စတင်ကာလုပ်ကိုင်လျှက်ကြောင်း သိရှိရသည်။

အဆိုပါ ကရင်ပြည်နယ် မြ၀တီ ခရိုင်အတွင်းရှိ ကျောက်မီးသွေးမိုင်းစီမံကိန်း လုပ်သားများခန့်ထားရာတွင်


ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့မှ အသွင်ပြောင်း သွားသည့် အမှတ် ၁၀၂၃ ကရင်နယ်ခြားစောင့်တပ်ဖွဲ့တွင်
ပါဝင်ခြင်းမရှိသည့် ယင်းအဖွဲ့မှ အသက် ၅၀ အထက်နှင့် ကိုယ်လက် အင်္ဂါ ချို့ယွင်းသူများကို ဦးစားပေး
အလုပ်ခန့်ရန် လုပ်ငန်း သဘော တူညီချက်တွင် ပါရှိကြောင်း အထက်ပါ မြန်မာ လုပ်ငန်းရှင်က ပြောသည်။

အရေးပေါ် ကာတွန်းပြပွဲသတင်း
APK ဧပြီ ၇၊ ၂၀၁၁ မိုးမခ
ဒီနေ့ ဧပြီ ၇ ရက်ကနေစပြီး ၁၂ ရက်နေ့အထိ လောကနတ်မှာ ကာတွန်းပြပွဲ ရှိပါတယ်။ Facebook
သုံးလေ့ရှိသူများ သတင်းဖြန့်ပေးကြပါ။ နှုတ်နဲ့ ဖုန်းနဲ့ ပြောပေးကြပါ။ ကာတွန်းတွေ ရောင်းချလို့ရတဲ့ငွေ ၈၀%ကို
သက်ကြီးကာတွန်းဆရာကြီးများကို ပူဇော် ကန်တော့မှာပါ။
တင်သမျှကာတွန်းအားလုံး... ပြပွဲ စိစစ်ရေးက ခွင့်ပြုပါတယ်။

ကာတွန်းအများစုက original ဆွဲထားတာတွေပါ။ များများရောင်းရမှ များများ ကန်တော့နိုင်မှာမို့ လူများများ


သိစေချင်ပါတယ်။

ကာတွန်းပြပွဲတွေက ရှားပါးတာမို့ အခုလို နွေကျောင်းပိတ်ရက်မှာ လူငယ်တွေ ကြည့်စေချင်ပါတယ်။ လူများများ


ကြည့်လို့ ပြပွဲစရိတ် ပိုမကုန်ပါ။

သင်္ကြန်ပိတ်ရက်နီးလို့ ဂျာနယ်တွေမထွက်တော့လို့ ဒီပြပွဲသတင်း ဂျာနယ်မှာ အချိန်မီပါဖို့ မဖြစ်နိုင်တော့ပါ။


လူသတင်း လူချင်းဆောင်ရင်း ကာတွန်း အနုပညာကို ကူညီစေချင်ပါတယ်။

များများရောင်းရမှ များများကန်တော့နိုင်မှာပါ။

သမ္မတသစ် မိန့်ခွန်း အပေါ် မူအားဖြင့် ကြိုဆိုသော်လည်း


အမှန်တကယ် ပြောင်းလဲမည့် အချက်အပေါ် သံသယရှိနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၇၊ ၂၀၁၁ မိုးမခ

ယမန်နေ့က သမ္မတသစ် ဦးသိန်းစိန်က အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံပြီး မိန့်ခွန်းပြောကြားသည့်


အချက်အလက်များ အပေါ် မူအားဖြင့် ကြိုဆိုသူများရှိသော်လည်း အမှန်တကယ် လက်တွေ့ အကောင်အထည်
ဖေါ်နိုင်မည် မဖေါ်နိုင်မည်ဆိုသည်ကို စောင့်ကြည့်ဖို့ လိုအပ်သည်ဟု ပြည်တွင်း နိုင်ငံရေး အကဲခတ်သူများက
ပြောသည်။

ဦးသိန်းစိန်က ယခုတကြိမ်ပြောဆိုသည့် မိန့်ခွန်းတွင် နိုင်ငံ စီးပွားရေး တိုးတက်ဖွံ့ဖြိုးစေဖို့


လက်တွေ့ကျကျလုပ်ကိုင်ဖို့၊ လာဘ်စားမှုများ ပပျောက်စေရန်၊ မလိုအပ်ပဲ အဆင့်ဆင့် စိစစ်ပြီး ကုန်စည်စီးဆင်းမှု၊
ရောင်းဝယ်မှုတွင် စရိတ်စက မတက်စေရန် ပြောဆိုခြင်း၊ စနစ် ပြောင်းသွားပြီဟုလည်း ရည်ညွှန်းပြောဆိုပြီး
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို တတ်နိုင်သရွေ့ ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးမည့် အချက်နှင့် ပုဂ္ဂလိကပိုင်
လုပ်ငန်းရှင်များ ပိုမို ပေါ်ထွန်းလာစေရန်လည်း အားပေးမည်ဟု ပါဝင်ခဲ့သည်။

အဆိုပါ အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၁၅ မိနစ်ကြာ


ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြထားသည်။

သမ္မတ မိန့်ခွန်းတွင် “စနစ်တစ်ခု၊ ခေတ်တစ်ခုကို ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း ပြောင်းလဲသည့် ခေတ်စနစ်နှင့်အညီ


အတွေးအခေါ်များ၊ လုပ်နည်းလုပ်ဟန်များလည်း လိုက်ပြောင်းရမည်”ဟု ပါရှိသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် စီးပွားရေး စနစ်ကို ပြုပြင်ပြောင်းလဲသွားစေရန် လုပ်ဆောင်မည့်


သဘောမျိုး ပြောဆိုခဲ့သည်ဟု နိုင်ငံရေးလေ့လာသူ တချို့က သုံးသပ်ကြသည်။

သို့သော်လည်း လာဘ်စားမှု၊ ခြစားမှုကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လျက်ရှိပြီး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ဖြင့်


အလုပ်မဖြစ်သည့် လက်ရှိ မြန်မာနိုင်ငံအစိုးရအဖွဲ့အား ပြောဆိုသည့် အတိုင်း ဖြစ်လာဖို့ အလားအလာအပေါ်
သံသယရှိကြခြင်းလည်း ဖြစ်သည်။ ယခုအစိုးရအဖွဲ့သစ်တွင် ယခင်အစိုးရ လူဟောင်း အများအပြားပါဝင်သည့်
ပြင် ၀န်ကြီးဋ္ဌာနအချို့တွင် ယခင်ဝန်ကြီးဟောင်းများ၊ ဒုဝန်ကြီးဟောင်းများသာ ပြန်လည် တာဝန်ယူကြသဖြင့်
သမ္မတက ပြောဆိုရည်ညွှန်းသည့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာမည့် အလားအလာ နည်းသည်ဟု နိုင်ငံရေး
အကဲခတ်သူ တဦးက သုံးသပ်ပြောဆိုသည်။

သုံးသပ်သူ တဦးက “ပြောင်းလဲမယ်ဆိုတာကို မှတ်ကျောက်တင်ကြည့်ဖို့ လွယ်တယ်၊ ရပ်ကွက်အဆင့် ကိုယ့်နဲ့


ထိတွေ့နေရတဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေး ဆိုင်ရာတွေမှာ အရင်လို ပဲဆက်ပြီး ကျင့်ကြံနေလား၊
လာဘ်ပေးနေရတုန်းလား၊ ထောက်ခံချက် တစ်ခု ရဖို့ စားပွဲ အဆင့်ဆင့် ဖြတ်နေရသေးလားဆိုတာ မကြာခင်
လေ့လာကြည့်ရမှာပါ” ဟုပြောသည်။

ယမန်နေ့က ပြောကြားသည့် အချက်များထဲတွင် အစိုးရအဖွဲ့ ဝင် ၀န်ကြီး ဒုဝန်ကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များ


အပါအ၀င် လုပ်ပိုင်ခွင့် အပ်နှင်းခံထားရသူများအား မိမိတို့တာဝန်ကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်ရန် နှင့်
မည်သူ့တိုက်တွန်းချက်ကိုမျှ မစောင့်နေရန် ပြောဆိုပြီး မိမိတို့ လုပ်ဆောင်မှုများ၏ အဆိုးအကောင်းကိုပါ
တာဝန်ခံရမည် ဆိုသည့် အချက်ကိုလည်း အလေးထား ပြောဆိုခဲ့သည်ကိုတွေ့ရသည်။

န၀တ၊ နအဖ စစ်အစိုးရ လက်ထက်တလျှောက်လုံး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးများ၊ ၀န်ကြီးနှင့် ဒုဝန်ကြီးများ


အားလုံးလိုလိုမှာ တသွေးတသံ တမိန့်ဖြင့် အုပ်ချုပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်ချက်၊ ညွှန်ကြားချက်
အတိုင်းသာလုပ်ကိုင် လေ့ရှိပြီး ယခုမိန့်ခွန်းတွင် မည်သူ့ တိုက်တွန်းချက်ကိုမျှ မစောင့်ဖို့ ပြောခြင်းသည်
ထိုအချက်ကို ရည်ရွယ်ပုံရသည်ဟု ရန်ကုန်မှ သတင်းစာဆရာ တဦးက ဝေဘန်ပြောဆိုသည်။

လွန်ခဲ့သည့် ၂၃ နှစ်လုံးလုံး မှားယွင်းသည့် စီမံခန့်ခွဲမှုများ၊ အလုပ်မဖြစ်သည့် မူဝါဒများဖြင့် ဆောင်ရွက်ခဲ့ရာမှ


မြန်မာနိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံတွင် ဖွံ့ဖြိုးမှု အနည်းဆုံး အနေအထားသို့ ရောက်ရှိနေရသည်ဟုလည်း
အဆိုပါ သတင်းစာဆရာက ပြောသည်။

သမ္မတသစ် ဦးသိန်းစိန်က ယခုတကြိမ် တွေ့ဆုံ မိန့်ခွန်းပြောရာတွင် ပြည်ထောင်စု အဆင့်ဝန်ကြီးများ၊


ဒုဝန်ကြီးများနှင့် အခြားအစိုးရအဖွဲ့ဝင်များသာမက ပြည်နယ်နှင့် တိုင်းများမှ ၀န်ကြီးချုပ်များအထိ ပါဝင်ပြီး
အစိုးရအဖွဲ့သစ်၏ မူဝါဒ၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းညွှန်ချက်များအား ပြောဆိုခြင်းလည်း ဖြစ်သည်။

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၈)


တင်မိုး
ဧပြီ ၇၊ ၂၀၁၁ (ဓာတ်ပုံ-mayaonlinemagazine) မိုးမခ

၁။
ပြက္ခဒိန်စာရွက်တွေလဲ နှစ်သက်တွေကြာမြင့်လို့ ၀ါရင့်ရင့်ဖြစ်ကုန်ပါပကော။ ၁၉၆၇ ခုနှစ် ပြည်ထောင်စုနေ့ကပေါ့။
အဲဒီတုန်းက ကျွန်တော်ရယ်၊ ဇနီးချစ် မြင့်မြင့်စန်းရယ် မန္တလေးမှာ အခြေချနေစဉ်ကာလ။

ပထမ သမီးဦးကလေးမွေးတယ်၊ “မိုးမိုးစံ” တဲ့။ ဒုတိယသမီးလေး မွေးပြန်တယ်၊ “မိုးမိုးအေး” လို့ မှည့်လိုက်တယ်။


တတိယ သမီးရတနာတဦး တိုးလာပြန်တယ်။ သူ့အမေက “မိုးမိုးမင်း” လို့ ချစ်စနိုး အမည်ပေးတယ်။

မျက်လုံးဝိုင်းဝိုင်း၊ နှာတံပေါ်ပေါ်၊ မျက်ခုံးကောင်းကောင်းနဲ့ ချစ်စရာကလေးပါ။ သူ့မျက်နှာပေါ်မှာ အပြုံးရိပ်ကလေး


အမြဲသန်းနေတယ်။ အငိုလဲနည်းရဲ့၊ သဘောကောင်းတဲ့ကလေးလို့ ဆိုရမှာပေါ့လေ။
ကျွန်တော်က “လူထု” သတင်းစာမှာ ဆောင်းပါးတွေရေးတယ်။ သမီးကလေးရဲ့ ပုခက်ဘေးမှာ ”ပိတောက်မှ
သရဖီသို့” ဆိုတဲ့ စကားပြေလှလှကလေးတွေ ရေးတယ်။ နေ့ခင်းမှာ အနောက်ကျုံးလမ်းပေါ်မှာ ရှိတဲ့
“နေပြည်တော် အထက်တန်းကျောင်း” မှာ မြန်မာစာဆရာအဖြစ် စာသင်တယ်။ အို … သမီးကလေး မိုးမိုးမင်း
မွေးတော့ ပြည်သူပိုင်သိမ်းပြီးလို့ အမှတ်(၁၇) အထကတောင် ဖြစ်နေပါပကော။ အထက်တန်းပြဆရာအဖြစ်
တာဝန်ထမ်းနေပြီပဲ။

(၇) လအရွယ်မှာ သမီးကလေးဖျားတယ်။ တရုတ်တန်းက ဆရာဝန်ကို ပြတယ်။ ဆိုက်ကားကလေးနဲ့ ပြရတယ်။


ဆရာဝန်က ခဏခဏ ချိန်းတယ်။ တနေ့တော့ ဆိုက်ကားဆရာက “မြန်မာဆေးဆရာကို ပြကြည့်ပါ။
ကလေးရောဂါနိုင်တယ်” လို့ ဆိုက်ကားဆရာ လမ်းညွှန်တာနဲ့ မြန်မာဆရာကို ပြောင်းပြီးပြတယ်။ ကျွန်တော်
အိမ်ပြန်ရောက်တော့ ဇနီးက အကျိုးအကြောင်း ပြောပြတယ်။ ကျွန်တော်က စိတ်ဆိုးပြီး ဇနီးကို အပြစ်တင်တယ်။
ကျွန်တော်က သိပ္ပံနည်းကျ ကုသမှုကိုပဲ အားကိုးတယ်။ ချစ်ဇနီးခမျာ မျက်နှာ ကလေးငယ်လို့။
အတွေ့အကြုံကလဲ နည်းသေးတယ် မဟုတ်လား။

ကျွန်တော်တို့လဲ စိတ်ပူပြီး တရုတ်တန်းဆရာဝန်ဆီပြဖို့ ကလေးကို ပွေ့ချီပြီး မိဘနှစ်ပါး ဆိုက်ကားတစီးနဲ့


ထွက်လာပါတယ်။ ဆရာဝန်ဆီ ရောက်တော့ “အို … မဖြစ်ဘူး … မဖြစ်ဘူး၊ မန္တလေး ဆေးရုံကြီးကို
အမြန်သွားပြပါ” လို့ စိုးရိမ်တကြီး လမ်းညွှန်တယ်။ သူကိုယ်တိုင်လဲ လိုက်လာပါတယ်။ ဆေးရုံကြီး ရောက်တော့
“အို … ဘာလို့ နောက်ကျမှ လာရတာလဲ … ခုတော့ လွန်နေပြီ” တဲ့။ အတတ်နိုင်ဆုံး ကုသရှာကြပါတယ်။
ကျွန်တော်တို့နှစ်ယောက်လဲ မျက်နှာငယ်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ပူလောင်သွားပါတယ်။
သမီးကလေးကတော့ အဖေနဲ့ အမေကို အားကိုးတဲ့ မျက်လုံးနဲ့ ကြည့်ရှာတယ်။ ဒီမိသားစုထဲက သူ
ခွဲမသွားချင်ရှာပါဘူး။ ဆေးရုံက လက်လွှတ်တော့ ဖခင်ရင်ခွင်ထဲကို သူရောက်လာတယ်… ဖခင်ရဲ့
ရင်ခွင်နွေးနွေးကို ကျေနပ်နေပုံပါပဲ။

ဆိုက်ကားကလေးစီးပြီး ပြန်ခဲ့တယ်။ ကျွန်တော်တို့ ဖြစ်အင်ကိုမြင်ရတော့ ဆိုက်ကားဆရာက အခကြေးငွေ


မယူရှာပါဘူး။ အတင်း ငြင်းဆန်ပြီး ကြင်ကြင်နာနာ လိုက်ပို့ပါတယ်။ အိမ်ရောက်တော့ ည (၂) နာရီလောက်
ထင်ပါရဲ့။ မှောင်အားကြီးနေပြီ။ ကိုယ်နေထိုင်ရာ တာရဲတန်း၊ ၃၇ လမ်း၊ အရိုးအိုးကြီးဘုရား အရှေ့ဘက်ကို
ရောက်လာတယ်။ သူ့မအေရော၊ ဖအေရော ဘုရားစာတွေ ရွတ်လာကြတယ်။ အိမ်ပေါ်ထပ် ဘုရားခန်းမှာ
ဖအေက သူ့ကိုပွေ့ရင်း ဘုရားစာတွေ အဆက်မပြတ် ရွတ်တယ်။ သမီးကလေးခမျာ မိဖမေတ္တာရိပ်မှာ အေးမြစွာ
အိပ်ရင်း ဘ၀ကို စွန့်ခွာသွားခဲ့ပါတယ်။

၂။
အဲဒီနေ့က ဖေဖော်ဝါရီလ (၁၂) ရက်၊ ပြည်ထောင်စုနေ့ပေါ့။ အငယ်ဆုံးကလေးရဲ့ အလောင်း အိမ်မှာနွေးအောင်
မထားကောင်းဘူး တဲ့။ ရပ်ကွက်က ပြောကြတယ်။ ကျွန်တော်တို့လဲ ဒီဓလေ့ထုံးစံတွေကို မသိနားမလည်တော့
ယောင်တိယောင်တောင်။ ဒါနဲ့ သူငယ်ချင်း ကိုဘသော် (ကဗျာဆရာရွှေသော်) နဲ့ ကိုအောင်ခင် (မန္တလေး
မောင်အောင်ခင်) တို့ကိုနှိုး၊ ဆိုင်းဝင်းရပ် သူကြီး ဦးဘဂျမ်းကို အကြောင်းကြားပြီး အရုဏ်မတက်ခင်
မှောင်ရီဝိုးဝါးမှာ ကျွန်တော်က သမီးငယ် မိုးမိုးမင်း ရဲ့ အလောင်းကလေးကို ပွေ့ပြီး ရဟိုင်းသုသာန်ကို
သွားကြတယ်။

ရဟိုင်းသုသာန်က မှောင်ပိန်းလို့။ သစ်ပင်ကြီးတွေကလဲ ထီးထီးမားမားကြီး ရပ်လို့။ သုသာန်ဇရပ်ကြီးတွေကလဲ


ချောက်ချားစရာ ငြိမ်သက်လို့။ သူကြီးဦးဘဂျမ်းက ကျွန်တော့်လက်က ကလေးအလောင်းကို တယုတယ
ပွေ့ယူပြီး ရှေ့က ဦးဆောင်သွားပါတယ်။ သုဘရာဇာကြီးရဲ့ အိမ်ဝကိုရောက်တော့ တိတ်ဆိတ်နေတယ်။
သူကြီးက နာမည်ခေါ်ပြီး နှိုးလေရဲ့။
သူကတော့ ရင်းရင်းနှီးနှီး။
သုဘရာဇာအိုကြီးထွက်လာ။ စုတ်တသပ်သပ်၊ အို … ကလေးမသာပါလား။ ကြင်ကြင်နာနာနဲ့ သူကြီးလက်က
ကလေးအလောင်းကို လှမ်းယူပြီး ပွေ့တယ်။ ပြီးတော့ အ၀င်ဧည့်ခန်းမှာ ချိတ်ဆွဲထားတဲ့ ကြိမ်ပုခက်ကလေးထဲ
ထည့်သိပ်ပြီး သံချိတ်နဲ့ ချိတ်လိုက်တယ်။ “ကဲ … စိတ်ချလက်ချထားခဲ့ပါ … သူကြီးမင်းတို့ သွားနိုင်ပါပြီ” တဲ့။ ဒီလို
ကလေးငယ်တွေကို တွေ့နေကျပေမယ့် စုတ်တသပ်သပ် ကြင်နာလို့မဆုံး။ “လက်ဖက်ရည်ကြမ်းကလေး
သောက်သွားပါအုံးလား” တဲ့။
ဖိတ်မန္တက ပြုရှာသေးရဲ့။

၃။
သူကြီးမင်းနဲ့တကွ ကျွန်တော်တို့ အိမ်ပြန်လာကြပါတယ်။ ဆရာကိုဝင်းရွှေ (မောင်လွမ်းသူ)၊ ကိုငြိမ်း (မန္တလေး)၊
မောင်ဆွေမြင့် (အေးမင်း)၊ ဦးဉာဏ်ဝင်း (တီတီစီ-နှဲဆရာ) စသဖြင့် စာပေဆွေမျိုးတွေ အစုံ ရောက်လာကြတယ်။
သမီးကလေးအတွက် ကရုဏာသက်ကြတယ်။ နွမ်းလျနေတဲ့ ဇနီးနဲ့ အဒေါ် ဒေါ်ကြီးတင် ခေါ် ဒေါ်မှတ်တင်တို့က
လာတဲ့ပရိသတ်ကို တတ်အားသမျှ ဧည့်ခံကျွေးမွေးတယ်။ ဧည့်သည်တွေကလဲ သောက ဖြေဖျောက်ကြတယ်။
အော် … ချမ်းမြသာစည်နဲ့ ဘုရားကြီးဘက်က ကိုသာပိုတို့၊ အင်းဝ ကိုနီမောင်တို့၊ ကိုသင်းပန်တို့ရောပါလား…။

ကျွန်တော် စာရေးနေရင် သမီးကလေးက ပုခက်ထဲက ခေါင်းထောင်ထပြီး ဖအေ့ကို ပြုံးနှုတ်ဆက်ပြီး


ဟက်ဟက်ပက်ပက် ရယ်တတ်တဲ့ သမီးကလေး မိုးမိုးမင်းကို မမေ့နိုင်ဘူး။

သာရေးနာရေးကိစ္စနဲ့ ကြုံရင် ၀ိုင်းအုံပြီး ကူညီတတ်တဲ့ ရပ်ဓလေ့ ရွာဓလေ့ မြန်မာ့ဓလေ့ကို မမေ့နိုင်ဘူး။ ပူနွေးတဲ့


စေတနာနဲ့ ကိုယ်ချင်းစာတတ်တဲ့ မြန်မာ့အမူအရာကို ဘယ်ခါမျှ မမေ့နိုင်ဘူး။

၎။
အင်း … နှစ်တွေလဲ ကြာပါပကော။ (၃၅) နှစ်တင်းတင်း ပြည့်ခဲ့ပြီလေ။ ချစ်ဇနီးလဲ သူ့သမီးကလေးနဲ့ တွေ့ရတာ
ဆယ့်တနှစ်ကျော်ခဲ့ပြီ။ အင်းဝက ကိုနီမောင်တို့တောင် လူ့လောကကို စွန့်ခွာခဲ့ကြတာ ဆယ်စုနှစ်နီးရော့မယ်။

ဒီနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ သမီး မိုးမိုးမင်း အလွမ်းပြေကဗျာကလေးတပုဒ် ရေးဖြစ်ပါတယ်။

သမီးငှက်ကလေး

ငှက်ကလေးအသွင်၊ အိမ်ထဲဝင်၍
မိခင်ရင်ကြား၊ ခဏနားလျက်
ပျံသွားသောငှက်၊ ကောင်းကင်ထက်က
အိပ်မက်ပေး၍ ပြေးခဲ့ပြီ။

အမိနှင့်ဖ၊ ရင်ကိုမ,လျက်
တမ်းတ … လွမ်းရ … ဆွေးခဲ့ပြီ။

သမီးအိပ်မက်၊ ဖမ်းချင်လျက်နှင့်
ငှက်ကလေးတကောင် … ဝေးခဲ့ပြီ။

ကဗျာကလေးကတော့ အဆန်းတကြယ်မဟုတ်ပါ။ လေးလုံးစပ် ကာရန်ယူနည်းကိုသုံးပြီး အဆုံးသတ်မှာ


“ပြေးခဲ့ပြီ၊ ဆွေးခဲ့ပြီ၊ ဝေးခဲ့ပြီ” လို့ ရတုဆန်ဆန်ချထားတဲ့ ကဗျာကလေးပါပဲ။
ကဗျာဆရာဘ၀မှာ အခိုက်အတန့် ကြုံတွေ့ခဲ့ရတဲ့ သက်ပြင်းတရှိုက်ပါပဲ။ ဒီလိုသက်ပြင်းရှိုက်သံကလေးတွေ
ကာရန်ကလေးတွေ ခြစ်မိရင်း ကဗျာဖြစ်သွားတာလဲရှိရဲ့။ ကဗျာအဖြစ် သန္ဓေလျှောပြီး အမောကလေးတွေ
ပျောက်ကွယ်သွားတာလဲရှိရဲ့။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၀၆)၊ မတ် ၂၀၀၂

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ


ဧပြီလ ၁၊ ၂၀၁၁ RFA အစီအစဉ် မိုးမခ

ဦးဖြူဝင်း(ခ) လံထောင်စပ်စုလေး၊ ကိုမျိုးထွန်း(နယူးယောက်)၊ ဦးသန်းဆွေ(ဂျပန်)၊ မမေဘယ်(လ်) (ဂျပန်)၊


မအိအိ(ထိုင်းနိုင်ငံ)၊ မဇင်မာဖြိုး(ထိုင်းနိုင်ငံ)၊ ကိုဂျွန်မိုး (သြစတြေးလျ) တို့၏ အမေးများ

မေးသူ။ ။ ဦးဖြူဝင်း(ခ) လံထောင်စပ်စုလေး


မေးခွန်း။ ။ ကျွန်တော်ကတော့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ နယူးဒေလီမြို့ Prospect Burma ကျောင်းရဲ့
အငြိမ်းစားကျောင်းအုပ်ကြီး ဦးဖြူဝင်း(ခ) လံထောင်စပ်စုလေးပါ။ ကျွန်တော်တို့
ပင်လုံတပ်ပေါင်းစုံကူညီစောင့်ရှောက်ရေးဆိုပြီးတော့ ကွန်ယက်အဖွဲ့လေးတခု ၂၀၁၁ခု၊
ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ ပြည်ထောင်စုနေ့မှာ ပြည်တွင်းပြည်ပစတင်လှုပ်ရှားနေကြပါပြီ။
အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုပြီးတော့၊ လက်ရှိမြန်မာ့တပ်မတော်ကြီးကို
ပြည်သူချစ်တဲ့တပ်မတော်ကြီးပြန်ဖြစ်ဖို့ပါ။ မြန်မာပြည်ရဲ့ လက်နက်ကိုင်တပ်ပေါင်းစုံတွေအနေနဲ့လည်း
ညီညီညွတ်ညွတ်နဲ့ တပ်ပေါင်းစုံကြီးပြန်ဖြစ်အောင် တတ်အားသရွေ့ ကူညီ စောင့်ရှောက်ကြဖို့ပါ။
အဲဒါဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျွန်တော်တို့အဖွဲ့ကို အခုလောလောဆယ်အနေမှာ ဖွဲ့သင့်မဖွဲ့သင့်၊ ဒီလိုလုပ်
ငန်းတွေကို လုပ်သင့်မလုပ်သင့်၊ ကျွန်တော်တို့ကို တတ်နိုင်သမျှ အကြံဥာဏ်ပေးစေလိုပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဖြေ။ ။ ဒေလီက၊ Prospect Burma ကျောင်းအုပ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ပေးခဲ့တာကို
ကျေးဇူးတင်ပါတယ်။ တပ်မတော်နဲ့ ပြည်သူအကြားကြည်ဖြူစေမယ့်ကိစ္စတွေ လုပ်တယ်ဆိုတာဟာ
ကောင်းပါတယ်။ အရေးကြီးတာကတော့ တပ်မတော်သားတွေဟာလည်း ပြည်သူပါပဲဆိုတာကို မမေ့ဖို့ပါပဲ။
ကျွန်မတို့ လူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီကောင်းကျိုးတွေအတွက် လုပ် နေတယ်ဆိုတာ တပ်မတော်သားတွေ
အပါအ၀င်ပြည်သူတွေအားလုံး ဒီအခွင့်အရေး ဒီကောင်းကျိုးတွေကို ခံစားစေချင်လို့ ဖြစ်ပါတယ်။ ဒါ တွေကို
တပ်မတော်သားတွေ သဘောပေါက်မယ်ဆိုရင် ပြည်သူနဲ့တပ်မတော်အကြား စိတ်ဝမ်းကွဲစရာအကြောင်း
ရှိမယ်မဟုတ်တော့ပါဘူး။ ဆရာကြီးတို့စေတနာနဲ့ လုပ်ဆောင်တာတွေကို အထင်မှားအမြင်မှားတွေ
မဖြစ်စေဖို့တော့ သတိထားဖို့လိုပါလိမ့်မယ်။

မေးသူ။ ။ ကိုမျိုးထွန်း(နယူးယောက်)
မေးခွန်း။ ။ အခုလတ်တလော အာရပ်နိုင်ငံတွေဖြစ်တဲ့ ယီမင်တို့၊ လစ်ဗျားတို့မှာ စစ်ဗိုလ်ချုပ်တွေ
ခေါင်းဆောင်ကြီးတွေ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေဟာ ဒီမိုကရေစီတောင်းဆိုတဲ့ ပြည်သူတွေနဲ့
ပူးပေါင်းနေကြပါပြီ။ မြန်မာ့တပ်မတော် ထဲမှာရော၊ ဒီလိုမျိုး ပြည်သူဘက်ကို လိုလားတဲ့၊
စစ်တပ်မတော်ခေါင်းဆောင်တွေ ရှိမယ်လို့ ထင်ပါသလားခင်ဗျာ။ နောက်တခုက အန်တီစု အနေနဲ့
မြန်မာ့တပ်မတော်အပေါ် ဘယ်လိုသဘောထား ရှိပါသလဲခင်ဗျာ။ ဘယ်လိုဖြစ်စေချင် ပါသလဲခင်ဗျာ။
ဖြေကြားပေးစေလိုပါတယ် ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ။ ။ တကယ်တော့ ယီမင်တို့၊ လစ်ဗျားတို့မှာဖြစ်တာတွေမျိုးထက် ကောင်းမွန်တဲ့အခြေအနေတွေကို
မြန်မာနိုင်ငံမှာ ဖြစ်စေချင်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို စာနာလေးစားပြီး၊
တပ်မတော်ခေါင်းဆောင်တွေက အမျိုးသားရင်ကြားစေ့ရေးကို ဖေါ်ဆောင်ပေးစေချင်ပါတယ်။
သွေးထွက်သံယိုမရှိပဲ တပ်မတော်အပါအ၀င် အားလုံး အတွက် အကောင်းဆုံးဖြစ်စေမယ့် အပြောင်းအလဲတွေကို
ဖေါ်ဆောင်ပေးစေချင်ပါတယ်။ တပ်မတော်အပေါ်မှာ အန်တီဘယ်တုန်းကမှ မေတ္တာစေတနာ မပျက်ခဲ့ပါဘူး။
စတင် ဖွဲ့စည်းစဉ်က မူဝါဒသဘောထားတွေနဲ့ ကိုက်ညီပြီး၊ မိမိတို့ရဲ့ စစ်မှန်တဲ့တာဝန်တွေ ထမ်းဆောင်ရာမှာ
ကျွမ်းကျင်လိမ္မာတဲ့ ပြည်သူတွေက နေ အားကိုးချစ်ခင်ရတဲ့ တပ်မတော်မျိုးပဲ ဖြစ်စေချင်ပါတယ်။

မေးသူ။ ။ ဦးသန်းဆွေ(ဂျပန်)
မေးခွန်း။ ။ ကျွန်တော်ကတော့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံသား သန်းဆွေလို့ခေါ်ပါတယ်ခင်ဗျား။
ဒီနေ့လစ်ဗျားနိုင်ငံမှာဆိုလို့ရှိရင် လစ်ဗျားနိုင်ငံအစိုးရက ကိုယ့်တိုင်းပြည်ရဲ့ လစ်ဗျားပြည်သူတွေကိုပေါ့လေ၊
ရက်ရက်စက်စက်အကြမ်း ဖက် သတ်ဖြတ်တိုက်ခိုက်နေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီးတော့၊
ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့ လက်ရှိလစ်ဗျားအစိုးရကိုပေါ့၊ စစ် ရေးအပါအ၀င်
အရေးယူဆောင်ရွက်ဖို့အတွက်ဆိုပြီးတော့ လုံခြုံရေးကောင်စီကနေပြီးတော့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကျွန်တော်တို့သိချင်ပါတယ်ခင်ဗျ။
အဲနောက်တခုကတော့ ဒီဗမာနိုင်ငံ နအဖ စစ်အုပ်စုကိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့
အရေးယူဆောင်ရွက်တဲ့အဆင့် ရောက်လာအောင်ပေါ့လေ ကျွန်တော်တို့တွေ ဘာတွေလုပ်နိုင်မလဲဆိုတာ
ကျွန်တော်တို့ သိချင်ပါတယ်။
ဖြေ။ ။ လစ်ဗျားအစိုးရက နိုင်ငံသူနိုင်ငံသားတွေကို ရန်သူသဖွယ် ဖိနှိပ်တိုက်ခိုက်ခြင်းကနေပြီး
ပြည်တွင်းစစ်အဆင့် အထိဦးတည်လာခဲ့တဲ့ အခြေအနေကြောင့် မနေသာလို့ လုံခြုံရေးကောင်စီက
ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်က သင့်တော် တယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သတ်လို့ လုံခြုံရေးကောင်စီက
အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်စေမယ့် ဆုံးဖြတ်ချက်မျိုးကိုတော့ လိုလားပါတယ်။
အမျိုးသားရင်ကြားစေ့ရေးရမှသာလျှင် စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာမို့ ရေရှည်အနေနဲ့အားပေး
ဆောင်ရွက်သင့်ကြောင်း၊ လုံခြုံရေးကောင်စီဝင်တွေအားလုံး သဘောပေါက်အောင်လို့ ပြောနိုင်မယ်ဆိုရင်တော့
ကောင်းမှာပါ။ ဒါပေမယ့် လွယ်မှာ မဟုတ်ပါဘူး။ ဖြောင်းဖြတိုက်တွန်းတဲ့နည်းတွေနဲ့ နည်းအမျိုးမျိုးကိုသုံးပြီး
ကြိုးစားကြည့်ရမှာသာ ဖြစ်ပါတယ်။

မေးသူ။ ။ မမေဘယ်(လ်) (ဂျပန်)


မေးခွန်း။ ။ ကျွန်မ ဂျပန်က မမေဘယ်(လ်)ပါရှင်။ ဒေါ်အောင်ဆန်းစုကြည်နေကောင်းပါရဲ့လား မသိပါဘူး။
အခုဂျပန်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဒီငလျင်နဲ့ပတ်သတ်ပြီးတော့ ဒေါ်စုအနေနဲ့ ဘယ်လိုများခံစားမိပါသလဲလို့
အရင်မေးချင်ပါတယ်။ အဲ နောက်တခုက ဂျပန်မှာရှိတဲ့ ဗမာလူမျိုးတွေကလည်း ဒီမှာဖြစ်ပျက်နေတဲ့
အဖြစ်အပျက်နဲ့ပတ်သတ်ပြီးတော့ ဘာမဆိုအကူအညီပေးဖို့ အတွက်ကို စဉ်းစားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော ဘယ်လိုများ အကူအညီပေးမယ်လို့ စဉ်းစားထားပါသလဲသိချင်ပါတယ်။
ဖြေ။ ။ ဂျပန်နိုင်ငံမှာ ကြောက်မက်ဖွယ်ရာ အပျက်အစီးတွေဖြစ်စေခဲ့တဲ့ ကပ်ဘေးကြီးထက် ကြီးမားတာကတော့
ဂျပန်နိုင်ငံသူနိုင်ငံသားတွေရဲ့ ခံနိုင်ရည်၊ လုပ်ကိုင်ရည်၊ သတ္တိ တို့ဖြစ်တယ်လို့ ထင်ပါတယ်။
ဂျပန်ရောက်မြန်မာနိုင်ငံသူနိုင်ငံသားတွေက ကူညီနေတယ်ဆိုလို့ ဂုဏ်ယူမိပါတယ်။ ပြည်တွင်းက NLD အနေနဲ့
ရုပ်ပိုင်းဆိုင်ရာအရ မကူညီနိုင်ပေမယ့်၊ ကျမတို့ရဲ့လူအချင်းချင်း ဂရုဏာထားစာနာကြောင်းသိနိုင်ဖို့ ဆူနာမီနဲ့
ပတ်သတ်တဲ့ ကဗျာတွေစုပြီး ဂျပန်ကို ပို့ဖို့စီစဉ်နေပါတယ်။ နိုင်ငံခြားမှာရှိနေတဲ့ NLD
လွတ်မြောက်နယ်မြေအဖွဲ့တွေက ရန်ပုံငွေစုပြီး ဂျပန်ကိုပို့ဖို့လည်း စီစဉ်နေတယ်လို့သိရပါတယ်။

မေးသူ။ ။ မအိအိ(ထိုင်းနိုင်ငံ)
မေးခွန်း။ ။ ဟုတ်ကဲ့ကျွန်မနာမည်က မအိအိ၊ ကျွန်မကတော့အခု ထိုင်းနိုင်ငံမှာ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းတခု၊ အဲဒီအဖွဲ့အစည်းတခုမှာ ကျွန်မအလုပ်လုပ်နေတယ်။ ကျွန်မသိချင်တာလေးတခုကတော့
ဒီမြန်မာပြည် ပညာရေးစနစ်နဲ့ ပတ်သတ်ပြီးတော့ ဒီမြန်မာပြည်မှာဆိုရင် အခမဲ့ ကျောင်းနေခွင့်အခွင့်အရေးတွေ
မရှိဘူးလေ။ ဒီတခြားနိုင်ငံတွေမှာဆိုရင် အခွင့်အရေးတွေ အများကြီးရှိတယ်။ အခမဲ့ကျောင်းနေခွင့်တွေရှိတယ်။
အဲဒါကြောင့်မို့လို့ ဒီလိုမျိုးအခမဲ့ မူလတန်းကနေ၊ အလယ်တန်းအထိပေါ့နော် အလယ်တန်းမဟုတ်တောင်
မူလတန်းအလွန် လေးတန်းအဆင့်လောက်အထိကို အခမဲ့ပညာရေး စနစ်ကို အန်တီစုအနေနဲ့ ဘာတွေကူညီ
ပေးနိုင်မလဲပေါ့နော်။ အဲဒါလေး အန်တီစုအနေနဲ့ ဖြေကြားပေးမယ်ဆိုရင် သမီးအနေနဲ့အရမ်းဝမ်းသာမယ်ပေါ့နော်။
အန်တီစုကိုလည်း တကယ် ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ မူလတန်းအဆင့် အခမဲ့ပညာရေးစနစ်ထူထောင်ဖို့ဆိုရင် တိုင်းပြည်မှာ ဘဏ္ဍာငွေပြည့်စုံဖို့ လိုပါတယ်။
တကယ်တော့ အန်တီတို့နိုင်ငံမှာ အစိုးရအနေနဲ့ ဘဏ္ဍာတောင့်တင်းအောင် လုပ်နိုင်ဖို့အခွင့်အရေးတွေ
အများကြီးရှိပါတယ်။ ဥပမာသဘာဝဓာတ်ငွေ့က ရတဲ့ဝင်ငွေကိုပဲ မနည်းပါဘူး။ ဒါတွေကို ပညာရေးစနစ်ဘက်မှာ
သုံးမယ်ဆိုရင် အခမဲ့ပညာရေးစနစ် ထူထောင်ဖို့ဟာ ခက်မယ်မထင်ပါဘူး။ အခုအန်တီတို့ NLD အနေနဲ့ကတော့
ချို့တဲ့မူလတန်းကလေးတွေနဲ့ နိုင်ငံရေးအကျဉ်းကျများရဲ့ သားသမီးများကို ရံပုံငွေရနိုင်တာနဲ့အမျှ
အကူအညီပေးနေပါတယ်။

မေးသူ။ ။ မဇင်မာဖြိုး(ထိုင်းနိုင်ငံ)
မေးခွန်း။ ။ မင်္ဂလာပါ အန်တီစု သမီးကတော့ ဇင်မာဖြိုးပါ။ မြန်မာ့အမျိုးသမီးသမဂ္ဂကထုတ်ဝေတဲ့
ချိုးလင်းပြာစာစောင်မှာ လက်ထောက်အယ်ဒီတာအဖြစ် တာဝန်ယူနေပါတယ်။ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ
အမျိုးသမီးတွေအတွက် အန်တီစုပြောခဲ့တဲ့မိန့်ခွန်းကို ဒီနယ်စပ်မှာပြုလုပ်ခဲ့တဲ့
အမျိုးသမီးနှီးနှောဖလယ်ပွဲတက်ရောက်တဲ့ နယ်စပ်တလျောက်က ဒုက္ခသည်အမျိုး သမီးတွေ(၂၀၀)နဲ့ အတူ
နားထောင်လိုက်ရပါတယ်။ အန်တီစုရဲ့ မိန့်ခွန်းတွေ နားထောင်ပြီးတဲ့နောက်မှာ အံ့သြ၀မ်းသာခဲ့ရတယ်။
ဝမ်းသာလို့ ငိုကြတဲ့သူ ငိုတယ်။ မျှော်လင့်ချက်တွေ ပိုပြီးရှိလာတဲ့အကြောင်း ပြောတဲ့သူကပြောတာနဲ့
တဆက်တည်းမှာပဲ အမျိုးသမီး တွေက ဘယ်မှာပဲ ရှိနေရှိနေ၊ အမျိုးသမီးတွေဟာ နိုင်ငံရေးနိုးကြားကြတယ်။
ဒါပေမယ့် အမျိုးသမီးတွေ ဒီနိုင်ငံရေးဦးဆောင်မှုနယ်ပယ်မှာ ပါဝင်ခွင့်နည်းတယ်။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုမှာ
အမျိုးသမီးတွေရဲ့ အင်အားတွေ ထိထိရောက်ရောက် ပါဝင်နိုင်မယ့် နည်းလမ်း လေးတွေကို
အန်တီစုပြောပြစေချင်ပါတယ်။
ဖြေ။ ။ အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နိုင်ဖို့က ယုံကြည်ချက်နဲ့ပညာ
နှစ်ခုစလုံးလိုတယ်လို့ထင်ပါတယ်။ ယုံကြည်ချက် မရှိလို့ကတော့ နိုင်ငံရေး စလုပ်ဖို့ဆိုတာတောင် ဖြစ်နိုင်မှာ
မဟုတ်ပါဘူး။ ဒီလိုယုံကြည်ချက်ရှိဖို့ ဆိုတာကလည်း နိုင်ငံရေးမှာ မိမိနဲ့မိမိတို့သားသမီးမိသားစုတွေရဲ့
ဘ၀တွေနဲ့ဆက်နွယ်နေတယ်ဆိုတာ နားလည်လာဖို့ လိုပါတယ်။ ယုံကြည်ချက်ကို
အကောင်အထည်ဖေါ်ဖို့ရာမှာကျတော့ ပညာဗဟုတသုတက တကယ်ပဲ အရေးကြီးပါတယ်။
ဘ၀ပေးသင်ခန်းစာနဲ့ အတွေ့အကြုံ တွေကလည်း ပညာရယူနိုင်ပါတယ်။

မေးသူ။ ။ ကိုဂျွန်မိုး
မေးခွန်း။ ။ အမေစုခင်ဗျား ကျွန်တော်ကတော့ ဂျွန်မိုးပါ။ ကျွန်တော်ကတော့ စင်္ကာပူမှာ နိုင်ငံရေးတက်ကြွစွာ
လှုပ်ရှားမှုမှာပါဝင်ခဲ့လို့ စင်္ကာပူအစိုးရရဲ့ နှင်ထုတ်ခြင်းကို ခံခဲ့ရသူတယောက်ပါ။
အခုတော့ကျွန်တော်သြစတေးလျနိုင်ငံမှာ နေထိုင်ခွင့်ရ နေပါတယ်။ မြန်မာပြည်ကအနေပြီးတော့
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြတဲ့သူတွေနဲ့ ၄င်းတို့ရဲ့သားသမီးတွေ
မြန်မာ့ယဉ်ကျေးမှုနဲ့ ကင်းကွာပြီးတော့ တချို့ဆိုလို့ရှိရင် မြန်မာစကားကိုတောင် လုံးဝမပြောတတ်တော့ပါဘူး။
အဲဒီကိစ္စပေါ်မှာ အန်တီစု ဘယ်လိုသုံးသပ်ပါသလဲ။ ပြီးတော့ ပြည်ပရောက်မြန်မာတွေ အဲဒီကိစ္စအတွက်
ဘာလုပ်သင့်ပါသလဲဆိုတာကို အမေစုအနေနဲ့ နဲနဲအကြံပြု ဆွေးနွေးပေးပါလို့ တောင်းဆိုချင်ပါတယ်။
ဖြေ။ ။ကိုယ့်ရဲ့အမိနိုင်ငံ တနည်းအားဖြင့်ဆိုရင် ကိုယ့်ရဲ့ဇစ်မြစ်ကို ဂုဏ်မယူနိုင်တာဟာ ကိုယ့်ဘ၀မှာ
ဟာကွက်တခု ရှိနေမလားဆိုတာ စဉ်းစားသင့်ပါတယ်။ တချို့က မြန်မာပြည်ဟာ ဆင်းရဲတယ်။
ခေတ်နောက်ကျတယ်။ ရှက်စရာကောင်း တယ်လို့မြင်ပြီး၊ မြန်မာပြည်နဲ့မဆိုင်သလို နေချင်ကြပါတယ်။ ကိုယ့်ရဲ့
တိုင်းပြည်ကို ဖိစီးနေတဲ့ဒုက္ခတွေက လွတ်မြောက်အောင်လို့ ရုန်းကန် လှုပ်ရှားရတာဟာ
ဘယ်လောက်ကျေနပ်စရာ၊ တန်ဖိုးထားစရာကောင်းသလဲဆိုတာကို နားမလည်ကြလို့ပါ။
ဒါတွေနားလည်အောင်လို့ လုပ်ပေးနိုင်လို့ရှိရင် မြန်မာပြည်နဲ့ မဆိုင်သလိုနေတဲ့ လူတွေတချို့
စိတ်ပြောင်းလာမယ်လို့ထင်ပါတယ်။

(ABMA ၀ိုင်းတော်သားများကစာဖိုင်ဖြည်ပါသည်။)
ဧပြီ (၁) ရက်နေ့ အစီအစဉ်

နောက်ဆုံး ဖတ်ဖွယ်

PLHA တစ်ဦးရဲ့ ဝါကျများ အပိုင်း ၁


ဧပြီ ၇၊ ၂၀၁၁
(PLHA – People living with HIV/ AIDS)
မိုးမခ

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)

မိုးကုတ်က သူငယ်ချင်း

၁၉၈၉ ခုနှစ်လောက်ကပေါ့ "လေးလုံး" တဲ့၊ "AIDS" တဲ့၊ ကြားနေရတယ်။ ဘာရယ်လို့တော့ တိတိကျကျ


မသိဘူး။ လူတယောက် ပိန်လာရင် ပြောကြတာများတယ်။ ဒီရောဂါအကြောင်း စိတ်လည်းမဝင်စားဘူး။
"ကုရာနတ္ထိဆေးမရှိ" ဆိုတာလဲ ခဏခဏ ကြားနေရတယ်။ ရေဒီယိုကပေါ့။
၁၉၉၂ နှစ်ကြတော့ ကျွန်တော် မိုးကုတ်ကို ကျောက်သွားတူးတယ်။ နယ်ပေါင်းစုံက လူတွေနဲ့ အလုပ်လုပ်ရ
တယ်။ ပျော်စရာကောင်းတယ်။ ဗဟုသုတတွေလည်း ရတယ်ပေါ့။ ကျွန်တော်တို့ရဲ့အလုပ်ရှင် (ရှယ်ယာဝင်)
တစ်ဦးကတော့ ကျောက်ကုန်လည်း ကူးတယ်။ မိုးကုတ်၊ ယိုးဒယား၊ တာချီလိတ်ဘက်တွေပေါ့။ သူပြန်လာရင်
သူ့အတွေ့အကြုံတွေ၊ ပျော်ကြ ကဲကြတာတွေ ပြန်ပြောပြတယ်။ အားကျမိတယ်။ ကျောက်တူးသမားတွေရဲ့
ထုံးစံအတိုင်း သူ့ဆီက ကျွန်တော်ထွက်ပြီး ကောင်းမယ်ထင်တဲ့ နေရာတွေမှာ ဝင်အလုပ်လုပ်ရင်း သူနဲ့ မတွေ့
ဖြစ်တော့ဘူး။

နောက်တစ်နှစ်လောက်ကြာတော့ သူ "AIDS" ဖြစ်နေတယ်လို့ ကြားတယ်။ ဒါပေမယ့် မအားတော့ မရောက်


ဖြစ်ဘူး။ မိုးကုတ်ဖောင်တော်ဦးဘုရားပွဲမှာ အလုပ်နားကြတော့ သူ့အိမ်ကို ကျွန်တော်ရောက်သွားတယ်။
သူ့မိဘတွေက မင်းရဲ့ပေါလန် သူ့အခန်းထဲမှာဆိုလို့ အခန်းထဲဝင်သွားတော့ အသက်ရှုကြပ် သွားတယ်။
ပိုးသတ်ဆေးနံတွေ လှိုင်လို့၊ ပြတင်းပေါက်တွေလဲ ပိတ်ထားတယ်။ အိပ်ယာထဲမှာ ခပ်ပိန်ပိန် လူတယောက်
ရှိနေတာ မြင်တယ်။ တကယ်ပါ၊ ကျွန်တော်မမှတ်မိဘူး။ အခန်းမှောင်မှောင်ထဲမှာ အိပ်ယာထဲမှာ အရိုးစုသာသာ
လူတယောက် အိပ်နေတာ၊ ဖိတ်ကျနေတဲ့ စားသောက်စရာတွေကိုပါ မြင်ရတော့ ကျွန်တော်လန့်သွားတယ်။
ကျွန်တော့်ကိုတော့ သူမှတ်မိတယ်။ ရေတောင်းတယ်။ သူ့ခန္ဓာကိုယ်ကို တဖက်စောင်းခိုင်းတယ်။ သူ့ကိုယ်က
တအားနံတယ်။ ဘာစားမလဲမေးတယ်။ မစားချင်ဘူး။ ရေဘဲ ထပ်တောင်းတယ်။ အရင်တုန်းက သူ့မျက်လုံး ထဲမှာ
တွေ့ရတဲ့ အရောင်တောက်တောက်တွေ မရှိတော့ဘူး။ အလင်းဖျော့ဖျော့ အခန်းထဲမှာ တယောက် တည်း၊
ကျွန်တော်လည်း ကြာကြာမနေရဲဘူး၊ ဘာကိုကြောက်မှန်းလဲ မသိဘူး၊ နှုတ်ဆက်ပြီး ပြန်ထွက်ခဲ့တယ်။
သူ့မိဘတွေကတော့ "သူဖြစ်သူခံ" တဲ့၊ ဒါပေမယ့် သူတို့မျက်လုံးတည်းမှာလဲ မျက်ရည်တွေနဲ့။

ကျနော်ကိုယ်တိုင်

၁၉၉၉ ခုနှစ် ကျွန်တော် မိုင်ရှုးကို ရောက်သွားတယ်။ အတော်ပျော်စရာကောင်းတယ်။ လူမျိုးစုံ၊ အလုပ်ပေါင်းစုံ၊


အပျော်မျိုးစုံ၊ ငွေရှိရင် ဘာမဆိုရနိုင်တယ်။ လောင်းကစား၊ အရက်၊ မူးယစ်ဆေး၊ အပျော်မယ်၊ ပေါမှပေါ။
မိုင်းရှုးရောက်တာကို လူဖြစ်ရကျိုးနပ်တယ်လို့တောင် ထင်မိတယ်။ တခါတခါ မိုးကုတ်က ပေါလန် "AIDS"
ရောဂါသည်ကို သတိရမြင်ယောင်မိသေးတယ်။ ဒါပေမဲ့ မူးလာတော့ ဘာမှမစဉ်းစားမိတော့ဘူး၊ ပျော်ပြီးရင်း
ပျော်ဘဲ။ တောင်ပေါ်မှာ ရုပ်ပျက်ဆင်းပျက်နဲ့ ခွဲခြားခံ ပစ်ပယ်ခံရပြီး သေဆုံးခဲ့တဲ့သူတွေ အများကြီး တွေ့ခဲ့ တယ်။
မူးယစ်ဆေးကြောင့်လား၊ AIDS ကြောင့်လား မသိဘူး။

၂၀၀၅ ခုနှစ်လောက်ကျတော့ ကျွန်တော့်ကိုယ့်ခံအားစနစ် မကောင်းတော့ဘူးထင်တယ်။ အရင်လုပ်နေကြ


အလုပ်တွေ မလုပ်နိုင်တော့ဘူး။ အမောမခံနိုင်တော့ဘူး။ အရက်ကိုလည်း အရင်ကလောက် မသောက်နိုင်
တော့ဘူး၊ နည်းနည်းသောက်ပြီး မူးတော့တာ။ လူကနုန်းပြီး အင်အားဆုတ်လာသလိုဘဲ၊ ဒါနဲ့ ၂၀၀၆ မှာ
မိုးကုတ်ကို ပြန်ခဲ့တယ်။ တစ်နှစ်လောက်အလုပ်မလုပ်ဘဲ ယောင်နေခဲ့တယ်။ လူကလည်းကျနေပြီ၊ သူငယ်ချင်း
တွေက ပြောတယ်။ "အေ "ကိုက်ပြီထင်တယ်လို့။

၂၀၀၇ မှာ အလုပ်ပြန်လုပ်တယ်။ တွင်းဆရာ လုပ်တယ်။ AIR GUN ကိုင်ရတယ်။ အရမ်းပင်ပန်းတယ်။ ကျန်း
မာရေးကတော့ ဆုတ်ယုတ်လာတယ်။ ခန္ဓာကိုယ်တော်တော်ကျလာတယ်။ AIR GUN ကြောင့်လို့ ထင်တယ်။
မန်နေဂျာက ဆေးကုပေးပြီး နားခိုင်းတယ်။ဒါနဲ့ အပြင်မှာနေပြီး ဆေးကု၊ ပြန်ကောင်း၊ အလုပ်ပြန်လုပ်၊ မိုးရာသီ
အလုပ်နားချိန်မှာ ကိုယ့်မြို့ကို ပြန်ခဲ့တယ်။ အသွေးအမွေးကလည်း ခြောက်သွေ့၊ သူငယ်ချင်းတွေနဲ့ အဆက်
အသွယ်ကလည်း နှစ်ပေါင်းများစွာ ပြတ်တောက်ခဲ့တော့ အရင်ကလို နွေးထွေးမှုမရှိတော့ဘူးလို့ ထင်တယ်။ ဒါနဲ့
အရက်ဘဲ ပိုသောက်မိတယ်။ အလုပ်မရှိတော့ အချိန်တွေ ပိုနေတယ်။ ဘုန်းကြီးကျောင်းတွေ ဘုရားတွေ
လျှောက်သွားမိတယ်။

ဒီမှာတင် ကျွန်တော့်ဘဝ ပြောင်းလဲခဲ့တယ် ထင်တယ်။ "ရွှေခြင်္သေ့" စာကြည့်တိုက် ရောက်သွားတယ်။


တွေ့ သမျှစာတွေ ဖတ်တယ်။ နောက် "AIDS" အကြောင်းစာအုပ်တွေ၊ လက်ကမ်းစာစောင်တွေ၊ HIV အကြောင်း
သိကောင်းစရာတွေ အကုန်ဖတ်တယ်။ ဒါပေမယ့် ပေါ်ပေါ်ထင်ထင်တော့မဟုတ်ဘူး။ လူကွယ်ရာမှာပေါ့၊
တကယ်လို့ ကျွန်တော် "AIDS" ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ကြိုပြီးခံစားဖူးတယ်၊ တကယ်မလွယ်ဘူး။ ရုပ်ခန္ဓာ
ပျက်စီးခြင်း၊ စီးပွားရေးဆုတ်ယုတ်ခြင်း၊ ခွဲခြားဆက်ဆံခံရမှု၊ ရည်မှန်းချက်လွင့်ပျယ်ခြင်း၊ တွေးကြည့်၊ ဘယ်လိုမှ
သက်သာမှု မရှိဘူး။ လူမသေသေးပေမဲ့ ဘဝသေပြီလို့ ခံစားမိတယ်။

ဒီမှာတင် ကျွန်တော်စဉ်းစားတယ်။ သွေးမစစ်ဘဲ နေမလား။ ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ အမြင်နဲ့


အထင်ပေါင်းပြီး ခွဲခြားမယ် ထင်တယ်။ လူတယောက်အသက်ရှင်လျှက် လူရာမသွင်းပဲ ပစ်ပယ်ခံထားရရင်
ဘယ်လိုနေမယ်ဆိုတာ တွေးတောင်မကြည့်ရဲဘူး။

ရွှေခြင်္သေ့အဖွဲ့က သန့်စင်သွေးလှူဒါန်းဖို့အတွက် သွေးစစ်ပေးမယ်၊ စာရင်းပေးကြပါဆိုတဲ့


လက်ကမ်းစာရွက်ကို တွေ့တဲ့အချိန်မှာ သွေးစစ်ဘို့ စာရင်းပေးလိုက်တယ်။ အဲဒီမှာ B ပိုး၊ C ပိုး၊ HIV ပိုး ၃-
မျိုးစစ်ပေးတယ်။ အားလုံးလူ ၅၀ လောက်ရှိမယ် ထင်တယ်။ ကျွန်တော်သွေးစစ်ခဲ့တယ်။ ဇွန်လ ၁၈၊ ၂၀၀၉ ခုနှစ်
နေ့က ထင်တယ်။ နောက်၂ ရက်နေတော့ သွေးအဖြေတွေကို စာအိပ်ထဲ ထည့်ပြီးပေးတယ်။ အဖြေကို
မသိချင်ရင်လဲ ရတယ်၊ ဖွင့်မကြည့် ပါနဲ့လို့ ပြောတယ်။ အဲဒီမှာ ဆရာဝန်တစ်ဦးက HIV / AIDS အကြောင်း၊ B
ပိုး၊ C ပိုး အကြောင်း ပြောပြတယ်။

အဖြေထည့်ထားတဲ့ စာအိတ်ကိုယူခဲ့တယ်။ ခြေလက်တွေ တုန်နေသလိုဘဲ၊ အခြားသူတွေ ကြည့်တဲ့အကြည့်


ကိုလည်း ရင်မဆိုင်ရဲသလိုဘဲ။ တခြားသူတွေနဲ့ ကျွန်တော့်ပုံက ကွာခြားနေတယ်။ ထင်တဲ့အတိုင်းပါဘဲ၊ HIV
POSITIVE တဲ့၊ အဖြေကို တိတိကျကျသိလိုက်တဲ့အချိန် ခံစားချက်ကို ပြည့်စုံအောင် ဖော်မပြတတ်ဘူး၊
စိတ်နဲ့ကိုယ် ကင်းလွတ်သွားသလို။ အဖြေကို ကြိုလက်ခံထားတာတောင် ထိခိုက်ခံစားရတာ အရမ်းဘဲ ဆိုးတယ်။
စိတ်ဓါတ်တွေ ကျတယ်။ အသက်ဆက်ရှင်ပြီး ပတ်ဝန်းကျင်ကို ရင်ဆိုင်ဖို့ စိတ်ဓာတ်တွေ ဘယ်လိုမှ စုစည်းလို့
မရတော့ဘူး၊ သေချင်တယ်။

တကယ်တမ်းကျတော့ မသေရဲပြန်ဘူး။ ဒီမှာတင် စဉ်းစားတယ်၊ ရွှေခြင်္သေ့အဖွဲ့ဆီ သွားပြီး အကြံဥာဏ်


နည်းလမ်းတောင်းသင့်တယ်လို့ စဉ်စားမိတယ်။ ဒါနဲ့ သွေးအဖြေပြပြီး အကျိုးအကြောင်း ပြောပြတယ်။
တာဝန်ရှိသူတစ်ဦးက ရောဂါပိုးနဲ့ အသက်ရှင်နေထိုင်နည်း၊ ပိုးထိန်းဆေး အကြောင်းတွေကို ပြောပြပြီး ကုသမှု
စောစောစီးစီး ယူသင့်ကြောင်း ပြောပြပါတယ်။

၂၀၀၉ ဇွန် ၂၁ ရက်နေ့ မှာ ရွှေခြင်္သေ့ကို ရောက်ခဲ့တယ်။ အခမဲ့ဆေးကုသမှုရတဲ့ ဆေးစာအုပ် ထုတ်ပေးတယ်။


စေတနာ ဆရာဝန်လေးဦးရဲ့ ဆေးခန်း ၄-ခန်းကို အဆင်ပြေရာသွားကုလို့ရတယ်။ ဆရာဝန်က ၂၀၀၉ ဇူလိုင် ၁၅
မှာ ARV ဆေးသောက်ဖို့ ဆွေးနွေးတယ်။

အသည်း စစ်ခိုင်းတယ်။ အသည်းဆေး ၁၄ ရက် စားရတယ်။ အသည်း ပြန်စစ်တယ်။ အသည်းတိုးတက်တော့


ARV ဆေးစတိုက်ပါတယ်။ ၁၄ ရက် ဆေးစမ်းတာလို့ ပြောတယ်။ အစတော့ ဘာမှ မဖြစ်ဘူး။ နောက်တော့
ကိုယ်တွေ အရမ်းပူတယ်။ ချွေးတွေ တအားထွက်တယ်။ စားချင် သောက်ချင်စိတ်တွေ လျော့လာတယ်။
VOLUNTEER တွေ တရက်ခြားဆိုသလို အိမ်ကို လာကြည့်တယ်။ ဆရာ့ကို ပြောပြတော့ septrim
တိုးတိုက်တယ်။ မထူးခြားဘူး။ တလကျော်လောက်ကြာတော့ ရင်ဘတ် ဝမ်းဗိုက်နဲ့ ကျောမှာ မီးလောင်ဖုတွေလို
ထွက်လာတယ်။

` ဆရာက ဆေးမတဲ့တာတဲ့၊ မန္တလေးသွားခိုင်းတယ်။ အထူးကုဆရာဝန်ဦး….. ဆီ စာရေးပေးတယ်။


ငွေကြေး မတတ်နိုင်လို့ မသွားချင်တော့ဘူးပြောတော့ ဆရာက ရွှေခြင်္သေ့ကို သွားခိုင်းပါတယ်။ ဒါနဲ့ အဖွဲ့ကို
ဒီအကြောင်း ပြောပြတော့ သူ့တို့က သွားသင့်တယ်။ သွားရမယ် ပြောတယ်။ ကျွန်တော်က
အခက်အခဲကိုပြောပြတော့ ကုသစရိတ် ထုတ်ပေးတယ်။ တော်တော်အံ့သြတယ်။ ဝမ်းလည်းနည်းတယ်။
ကျေးဇူးလည်း တင်တယ်။ ဒီလိုနဲ့ နောက်တရက် မန္တလေးကို သွားခဲ့တယ်။
ဆရာနဲ့ တွေ့တော့ ဆေးရုံတက်ရမယ်တဲ့။ မတက်ချင်ဘူးဆိုတော့ တက်ရမယ် အသက်အန္တရယ် ရှိတယ်လို့
ပြောပြီး တခါတည်း တက်ခိုင်းတယ်။ ၂၀၀၉ စက်တင်ဘာ ၁၀ ရက် မှာ မန္တလေးဆေးရုံကြီးဖျားနာဆောင် ၁ မှာ
တက်ခဲ့တယ်။ အဖွဲ့က စာရေးပြီး မန္တလေးမှာရှိတဲ့ လင်းရောင်ခြည်တို့၊ Spectrum တို့တွေနဲ့ ချိတ်ဆက်ပေးခဲ့လို့
လာပြီး ကူညီ ကြတယ်။ အားပေးကြတယ်။ ကျွန်တော့်ကို မန္တလေးလိုက်ပို့တာက ကျွန်တော့် ယောက်ဖပါ၊
ကျွန်တော့်အပေါ် အတော်ကောင်းတယ်။ မန္တလေးမှာရှိတဲ့ အဖွဲ့တွေက အစောင့်ပေးမယ် ပြောတယ်။ မယူခဲ့ဘူး။
ယောက်ဖကို လည်း ပြန်လွတ်လိုက်တယ်။

ဆေးရုံမှာ တယောက်တည်းအနာတွေနဲ့၊ စောင် ခေါင်းအုန်းလဲ မပါ၊ ကုတင်ပေါ်မှာလဲ အခင်း မရှိ ။ ရေဘူး


တဘူးနဲ့ ဆေးတချို့နဲ့ ဓာတ်ဆားထုပ် ၃ ထုပ်ပဲ။ အားမငယ်ပေမဲ့ ဝမ်းနည်းမိတယ်။ အနာတွေကို
ကိုယ့်ဘာသာဖန်ဆေးတယ်။ ဆေးထည့်တယ်။ နောက်ကျောကို ဖန်ဆေးရင်း ဆေးထည့်ရတာ အတော်ခက်
တယ်၊ ပြတင်းပေါက်မှာ မှန်ချိတ်ပြီးတော့ လုပ်ရတယ်။ ၃ ရက်လောက်နေတော့ ယောက်ဖ ပြန်လာတယ်။
ညီမရော လိုက်လာတယ်။ ရွှေခြင်္သေ့အဖွဲ့က ထပ်ပြီး ထောက်ပံ့တဲ့ငွေရော၊ သူတို့ ရှာလို့ရတဲ့ငွေရော ပေးတယ်။
ဆရာဝန်ကြီးကပြောတယ်။ ဆေးမထည့်တာတဲ့၊ ဆေးပြောင်းရမယ် တလကို ခြောက်သောင်း လောက် ကျမယ်
ဆိုတော့ မစားနိုင်ဘူး၊ ဆေးရပ်ပစ်လိုက်တော့မယ်ပြောတော့ ဆရာက ဆေး၃ မျိုးစပ်ကနေ ၂ မျိုးတွဲ ကို ၇ ရက်
စားခိုင်းပြီး ရပ်လိုက်တယ်။

၂၀၀၉၊ စက်တင်ဘာ ၂၁ မှာ ဆေးရုံက ဆင်းခဲ့တယ်။ အနာတွေကတော့


သက်သာပျောက်ကင်းလာတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ "ငါမကြာခင် သေတော့မယ်၊ အလွန်ဆုံးခံ ၆ လ၊ ၁
နှစ်ပေါ့ "လို့ ထင်ထားပြီ။

Volunteer တွေကတော့ အိမ်ကို လာလည်တယ်။ အားပေးတယ်။ အဖွဲ့ကို လာဖို့ ပြောတယ်။ ARV ဆေးအခမဲ့
ရနိုင်တဲ့ နေရာတွေနဲ့ ချိတ်ဆက်ပေးမယ်။ ဒီကြားထဲ ကျန်းမာအောင်နေထိုင်ဖို့ ပြောတယ်။ ဘာမှ သွေးသား
မတော်စပ်တဲ့ လူတယောက်အတွက် ငွေအားလူအားနဲ့၊ အကြံဥာဏ်တွေ အားပေးမှုတွေ ပေးကြတဲ့
အဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်ကို လေးစားမိတယ်။ ဘာကြောင့်လဲလို့ ကျွန်တော်တွေးကြည့်တော့ လူသားချင်း
ကိုယ်ချင်းစာတတ်ပြီး ခေတ်မီတဲ့ ကျန်းမာရေး ဗဟုသုတရှိလို့ ထင်တယ်။
ကျွန်တော့်ကို မိုးကောင်း AZG လွှတ်ဖို့ စီစဉ်တယ်၊ ဘဝတူတယောက်ရော ပါမယ်။ မင်းတို့ လူပျိုလူလွတ်
တွေဘဲ၊ ငုတ်တုပ်ထိုင်အသေမခံနဲ့၊ နေရာသစ်မှာ ဘဝသစ်စကြဆိုပြီး ရွှေခြင်္သေ့က မိုးကောင်း အဖွဲ့နဲ့
ချိပ်ဆက်ကြတယ်။ ဘဝတူတွေတွေ့ဆုံပွဲကို ကျွန်တော်ကို ဖိတ်လို့ တက်ခဲ့တယ်။ ဘဝတူတွေ ၆၀ - ၇၀
လောက်ရှိမယ် ထင်တယ်။ ပျော်ပျော်ပါးပါးပဲ၊ မိတ်ဆက်ကြ၊ အခက်အခဲတွေ ပြောကြ၊ ဘယ်လိုဖြေရှင်း
တယ်ဆိုတာတွေ ပြောကြ၊ ဂိမ်းတွေ ဆော့ကြဆိုတော့ ရင်ထဲမှာ ခံစားရတာတွေ နည်းနည်းတော့ ပေါ့သွား တယ်။
မိုးကောင်းကို အတူသွားရမဲ့ အဖော်နဲ့လည်း တွေ့ရတယ်။ နှစ်ယောက်သား မိုးကောင်းမှာ အခြေချ
ကြတော့မယ်ဆိုပြီး အိုးတွေခွက်တွေပါ စီစဉ်ပြီးချိန်မှာ ကျွန်တော်တို့ ကံကောင်းတယ်ပြောရမယ်။ ရွေခြင်္သေ့မှာ
ဆေးအလှူရှင် ပေါ်လာတယ်။

၂၀၀၉ ဒီဇင်ဘာ ၁ ရက် မှာ မန္တလေးကိုသွားပြီး Dr……. နဲ့ ပြသ စစ်ဆေးပြီး ART ကုထုံးကို ဆက်လက်
ခံယူပါတယ်။ ဘဝတူ ၈ ယောက်လဲ ပါတယ်။ အဖွဲ့လူကြီးတွေ လိုက်ပို့လုပ်ဆောင် ပေးပါတယ်။ တယောက်တော့
CD4 ကောင်းလို့ ARV ဆေး မပေးသေးဘူး။ ကျွန်တော့်မိုးကောင်း မိတ်ဆွေကြီးကိုတော့ အသည်းမကောင်းလို့
အသည်းအားတိုးဆေးပဲ ပေးလိုက်တယ်။ ဒီဇင်ဘာ ၃ ရက်နေ့ မှာ ARV ဆေးပြန်ပြီး စသောက်တယ်။
ဆေးစမ်းတယ်။ ဒီကုန်ကျစရိတ်တွေအားလုံး အလှူရှင်က လှူတာပါ။ ကျွန်တော်တို့ရဲ့ ART အလှူရှင်ကို ခုထိ
မမြင်ဖူးသေးဘူး။

ဆေးစစ်တဲ့ နှစ်ပတ်အတွင်းမှာပဲ အဖုကလေးတွေမျက်နှာမှာ ထွက်လာပြန်တယ်။ ဒီဇင်ဘာ ၁၄ မှာ မန္တလေး ကို


ကျွန်တော်တို့အဖွဲ့ ပြန်ပြတယ်။ ကျန်တဲ့သူတွေ အားလုံးကောင်းတယ်။ ကျွန်တော့်ကိုပဲ ဆေးရုံတက် ခိုင်းတယ်။
ဆေးမတည့်ပြန်ဘူး၊ ဆေးရုံမှာ ထားပြီး စောင့်ကြည့်ချင်တယ်တဲ့။ ကျွန်တော်က ဆေးမသောက်ချင် တော့ဘူးလို့
ဆရာ့ကို ပြောတယ်၊ ဆရာက အားမငယ်ဘို့နဲ့ ပြဿနာဟာ ခဏပဲလို့ ပြောပြီး အဖွဲ့နဲ့ တိုင်ပင် ခိုင်းပါတယ်။
ကျွန်တော့်စိတ်ထဲမှာ ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်က ဘာမှ အင်အားစိုက်ထုတ်နိုင်မှု မရှိဘဲ
သူတပါးအကူအညီနဲ့ ဆက်ရမှာကို ရှက်လည်းရှက်တယ်။ ဝမ်းလည်းနည်းတယ်။ အဖွဲ့က လိုက်လုပ် ပေးတဲ့
လူကြီးတွေကိုလဲ ပြောတယ်၊ ငိုလည်းငိုတယ်။

"သူတပါးဆီ အကူအညီယူရတာ စိတ်အားငယ်စရာ ရှက်စရာလို့ တွေးမနေတော့နဲ့၊ ဆရာက


စောင့်ကြည့်ချင်လို့ ဆေးရုံတက်ခိုင်းတာ၊ ဆေးရုံမှာ ဘာမဆို သေချာ လေ့လာထား၊ ကိုယ့်လူတွေ တက်ရတဲ့အခါ
ကူညီနိုင်အောင်၊ အခု တည်းတဲ့နေရာ ပြန်ရောက်ရင် ကိုပေါ်ဦးက ARV ဆေးအုပ်စုတွေအကြောင်း
ရှင်းပြပေးလိုက်၊ မင်းနဲ့တော်တဲ့ ဆေးအုပ်စု တစ်စုတော့ သေချာပေါက်ရှိတယ်၊ ပူမနေနဲ့''
လို့ ပြောတယ်။ ကိုပေါ်ဦးက ဆေးအုပ်စုတွေကို ရှင်းပြရင်း နှစ်သိမ့်ဆွေးနွေးပေးပါတယ်။

ဒါကြောင့် ဆေးရုံတက်ဖြစ်ခဲ့တယ်။ ဒီဇင်ဘာ ၁၅၊ ၂၀၀၉ မှာ ဖျားနားဆောင် ၂ မှာတက်တယ်။


ထုံးစံအတိုင်း ဆေးရုံမှာ တယောက်တည်း ဒီဇင်ဘာ ၂၄ မှာ ဆေးရုံက ဆင်းခဲ့တယ်။ အဖွဲ့ကိုရောက်တော့
အသည်း မကောင်းလို့ အသည်းဆေးသောက်နေတဲ့ မိုးကောင်းမိတ်ဆွေကြီး အမောဖောက်နေတယ်လို့
ဖုန်းလာတယ်။ Volunteerတွေ ချက်ချင်းလိုက်သွားကြတယ်။ ကျွန်တော်လည်း အိမ်ပြန်ခဲ့တယ်။
နောက်ရက်မှာတော့ မနေ့က သတင်းအဆက်က မကောင်းဘူး၊ ဆုံးသွားပြီတဲ့။

ကျွန်တော်ကျန်းမာရေးက မငြိမ်သေးဘူး။ volunteer တွေကတော့ တရက်ခြားတခေါက် ရောက်လာ ပြီး


အခြေအနေကြည့်တယ်။ အားပေးတယ်။ ယိုင်သွားလိုက် ထိန်းပေးလိုက်၊ စိတ်ဓာတ်ကျလိုက် မြှင့်တင် ပေးလိုက်၊
လိုအပ်တာတွေလဲ တတ်နိုင်သလောက် ဖြည့်ဆည်းပေးလိုက်နဲ့ပေါ့။

ကျွန်တော် အဖွဲ့ကို ရောက်သွားဖြစ်တော့ volunteer တွေနဲ့လည်း ခဏအတွင်း ရင်းနှီးသွားတယ်။


သူတို့ရဲ့ မခွဲခြားဘဲ နွေးထွေးတဲ့ဆက်ဆံမှုကြောင့် ထင်တယ်။ volunteer တွေက Non တွေဆိုတော့
အံ့သြသွားတယ်။ သူတို့ရဲ့ လှပတဲ့စိတ်ဓာတ်ကို မြင်ရပြီး အားကျတယ်။ Negative က positive တွေအတွက်
အလုပ်လုပ်နိုင် ရင် positive ဖြစ်တဲ့ကျွန်တော်ကရောဆိုတဲ့ အတွေးဝင်လာပြီး တတ်နိုင်တဲ့ နေရာကနေ ပါဝင်ဖို့
ဆုံးဖြတ်ပြီး ရွှေခြင်္သေ့မှာ ဝင်လုပ်ဖြစ်သွားတယ်။

ဗော်လန်တီယာဘဝ

volunteer တွေနဲ့အတူ ဘဝတူတွေဆီကို အိမ်တိုင်ယာရောက်သွားခဲ့တော့မှ အခက်အခဲတွေ၊ ပတ်ဝန်း


ကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ မပြည့်စုံခြင်းရဲ့ အကျိုးဆက်တွေကို ထဲထဲဝင်ဝင် သိခဲ့ရတယ်။ စားဝတ်နေရေးကခက်၊
ရောဂါကတဖက်နဲ့ ပြဿနာကြုံနေတဲ့သူကို ခွဲခြားမှုဆိုတဲ့ဝန်ထုပ်ကိုတော့ ထပ်ပြီး မပေးသင့်ဘူးထင်တယ်။
ခွဲခြားတဲ့သူတွေကိုတော့ အပြစ်မမြင်ပါဘူး။ ဘဝတူတွေအတွက်တော့ စိတ်မကောင်းဘူး၊ ညာဘက်ရင်ဘတ်
တော်တော်လေးအောင့်တယ်၊ ကျွန်တော်ကတော့ ကိုယ်ပြုခဲ့တဲ့ အကြောင်းတရားရဲ့ အကျိုးဆက်လို့ပဲ ဖြေတတ်
ခဲ့ပြီ။
အဖွဲ့ဝင်တဲ့ သက်တမ်း ၄ - ၅ လကြာတော့ စေတနာ့ဝန်ထမ်းတွေကို သနားလည်းသနားတယ်၊
ချီးလည်းကျူးတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ PLHA တွေရဲ့ ဘဝမနိမ့်ကျဖို့ ကြိုးစားတဲ့အခါမှာ
ကာယကံရှင်တွေရဲ့ အားတက်သရော ပူးပေါင်းပါဝင်မှုကို မရရှိဘူး။ ဒါပေမဲ့ PLHAတွေကို အပြစ်မပြောဘူး။
"အဖွဲ့မှာ ဘာချွတ်ယွင်းချက်ရှိသလဲ"ဆိုတာကိုပဲ ရှာခဲ့ကြတယ်။
စေတနာဝန်ထမ်းတစ်ဦးနဲ့အတူ Sex worker တွေဆီကို Home visit သွားခဲ့တယ်။ ပတ်ဝန်းကျင်
ကတော့ စူးစမ်းတဲ့ မျက်လုံးတွေနဲ့ပေါ့။ ဟိုရောက်တော့ ဖဲရိုက်တောင် မပျက်ဘူး။ စိတ်တိုမိတယ်။ အတူပါလာ
သူကို ပြောပြတော့ သည်းခံစိတ်ရှည်ရမယ်။ အချိန်ယူရမယ်။ ဘယ်လိုအခက် ကြုံကြုံ လုပ်သင့်တာကို လုပ်နေ
ဖို့ဘဲလို့ ပြောတယ်။

Volunteer တယောက်နှင့်အတူ CHBC သင်တန်းတက်ဖို့ ရန်ကုန်ကို သွားရတယ်။ ဗဟုသုတတွေ ပိုပြီး


ရခဲ့တယ်။ ပြန်လာတော့ ဘဝတူတယောက် မန္တလေးမှာ ဆေးရုံတက်နေကြောင်းသိရတယ်။ အဲဒီဟာ
ကျွန်တော့်ရဲ့ CARE GIVER ဘဝ အစဖြစ်သွားခဲ့တာပေါ့။
(ဆက်လက်ဖော်ပြပါမယ်)
ပြီးဘီ The End

You might also like