You are on page 1of 23

BBC ၀ိုင်းတော်သားများခင်ဗျာ ဒီစာလေးကို

ပြည်သူ့ကြားက ပြည်သူ့စကားကဏ္ဍမှာသော်လည်းကောင်း တခြားသင့်တော်ရာ

ကဏ္ဍမှာထည့်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် တလိုင်းတောင်ရွာ ဥက္ကဋ္ဌဦးကျော်ထွေး၏ပုံ


ဥက္ကဋ္ဌသက်တမ်း (၁၀)နှစ်

တလိုင်းတောင်ရွာ၏ အိမ်ခြေ

ကောင်စီခေတ်၏ စစ်တမ်းအရ==(၃၁၇ )အိမ်

ယခုအိမ်ခြေဘယ်လောက်ရှိတယ်ဆိုတာမသိရ

ဥက္ကဋ္ဌဦးကျော်ထွေး၏ စနစ်ကတော့ မိဘသဘောတူ၍လက်ထပ်သည်ဖြစ်စေ

မိမိတို့ချင်း နှစ်ဦးသဘောတူလက်ထပ်သည်ဖြစ်စေ (၆ ) လကြာလျှင် ရွာ၏ကောက်ခံ ငွေ(၃၀၀၀ )ကို


မထည့်မနေရထည့်ရပါသည်။

တလိုင်းတောင်ရွာ၌ ယခုအချိန်အထိ ဥက္ကဋ္ဌဦးကျော်ထွေး


(၈)နှစ်တာကောက်ခံငွေစာရင်း
၂၀၁၀. ၁ လပိုင်းမှစ၍ ( ၆ )ကြိမ်တိတိတိုင်ကြားစာပို့ခဲ့ပါသည်

အကြောင်းအရာ။ ။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် တလိုင်းတောင်ကျေးရွာမှ ဥက္ကဋ္ဌဦးကျော်ကျော်ထွေးသည်


ကျေးရွာအတွင်း အဓမ္မငွေကောက်ခံပြီး သူ့ကိုယ်ကျိုးအတွက်သုံးစွဲခြင်း အဓမ္မခိုင်းစေခြင်းကြောင့် မကျေနပ်၍
တိုင်ကြားခြင်း

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် တလိုင်းတောင်ကျေးရွာတွင် အုပ်ချုပ်နေသော ဦးကျော်ထွေးသည်


ဥက္ကဋ္ဌသက်တမ်း ( ၁၀)နှစ်တွင် အဓမ္မငွေကောက်ခံနေတာ အခုချိန်ထိ ( ၈ )နှစ်လောက်ရှိပါပြီ အစဦးပိုင်းမှာတော့
ရပ်ရေးရွာရေးကိစ္စပဲဆိုပြီး ရွာသားတွေသတိမမူကြပါဘူး နောက်ပိုင်းတစ်လ(၃၀၀၀ )သုံးထောင်
ပုံမှန်ကောက်တဲ့အပြင် ပျော်ပွဲရွှင်ပွဲ ဘော်လုံးပွဲ ဘာပွဲညာပွဲအတွက်ဆိုပြီ တစ်လတစ်သောင်းနီပါးဖြစ်သွားပါတယ်
ပြီးတော့သူက ထားဝယ်မြို့ပေါ်က ဘယ်ဒိုင်ကမှန်းမသိဘဲ ချဲပေါက်တယ်လို့ လတိုင်းအတင်းလွှင့်ပါတယ်
ကျွန်မတို့ရွာသားတွေ သတိထားမိလာပြီး မသင်္ကာဖြစ်လာပါတယ် လတိုင်းတော့ချဲမပေါက်နိုင်ဘူးပေါ့ တစ်ခြားရွာမှာ
လိုက်စုံစမ်းကြည့်လိုက်တော့ ဘာအတွက်မှမထည့်ရဘူးတဲ့ အရမ်းလိုအပ်မှ ၅၀၀.၁၀၀၀ လောက်ထည့်ရပါတယ်တဲ့
တခြားရွာတွေက ကျွန်မတို့ရွာကို အရမ်းအံ့သြနေကြပါတယ်
မထည့်မနေရ ထည့်ရတယ်ဆိုတော့ အဓမ္မငွေကောက်ခံတာပေါ့ ငွေကောက်နေတာ နှစ်တွေကြာလာတော့
ရွာသားတွေရင်ဖွင့်တိုင်ပင်ပြီး စုံစမ်းလာကြပါတယ် ဘာကိစ္စမဆို ရွာသူရွာသားသဘောထားကို လုံးဝမမေးဘဲ
သူ့သဘောအတိုင်းဆောင်ရွက်ပါတယ် သူ့ကိုအာခံပြီးပြန်မေးတဲ့သူ သူ့ရန်သူဖြစ်သွားပါတယ်
မူလွန်စာသင်ကျောင်းဆောင် ဆောက်ဖို့အတွက် တစ်လ( ၁၀၀၀ )ထောင် တစ်အိမ်မှမကျန် ထည့်နေရတာ(၈)
နှစ်လောက်ရှိပါပြီ ယခုအချိန်ထိ စာသင်ကျောင်း မပြီးသေးပါဘူး မူလွန်စာသင်ကျောင်းအတွက်
လွန်ခဲ့တဲ့(၈)နှစ်ခန့်က ပြည်ခိုင်ဖြိုးမှ ဘိလပ်မြေအိတ် (၁၀၀)နဲ့ ငွေသားငါးသိန်းပေးထားပါတယ်လို့ သိထားပါတယ်
အဲဒါတွေလည်း အစပျောက်သွားပါပြီ သူ့ရဲအဖွဲ့ဝင်တွေက လတိုင်းငွေကောက်ခံပြီး
လတိုင်းသူ့ဆီသွားအပ်ရပါတယ် အဖွဲ့ဝင်တွေကို ဘယ်လိုလူမျိုးတွေခေါ်ထားလည်းဆိုတော့ စာမတတ်ပေမတတ်
အရမ်းထုံထိုင်းပြီး သူခိုင်းစေတိုင်းရတဲ့ လူနုံလူအ လူကြောက်တွေကို ခေါ်ထားပါတယ် လတိုင်းငွေ
သူ့ဆီသွားအပ်တဲ့အချိန် လက်ဖက်ရည်တစ်ခွက်စီသောက်ပါတယ် အဲဒီလူတွေက လက်ဖက်ရည်
တစ်ခွက်သောက်ရဖို့အတွက် နောက်တစ်လ ဆက်ကောက်ပေးဖို့ အရမ်းအူမြူးနေကြပါတယ် အသိမရှိတဲသူတွေကို
အဖွဲ့ဝင်အဖြစ်သတ်မှတ်ခေါ်ထားမှတော့ ဥက္ကဋ္ဌကစိစားပျော်ပါး ကြီးပွါးသထက်ကြီးပွါးနေရတာပေါ့ ကျွန်မတို့
နေပြည်တော် ရုံးချုပ်ကို စာတင်နေတာအခုတစောင်နဲ့ဆိုရင်(၅)ကြိမ်ရှိပါပြီ စာရေးတာမှန်ပေမဲ့ စာတင်တာနည်းလမ်း
မကျဖြစ်နေတာပေါ့။ တိုင်ထားသူရဲ့မှတ်ပုံတင်နံပါတ်မပါတော့ ဖြေရှင်းပေးလို့မရဖြစ်နေတာပေါ့
နေပြည်တော်ကလည်း ကျွန်မတို့စာတွေကို ဖြေရှင်းမပေးလို့ ဥက္ကဋ္ဌ ရဲ့အမုန်းကိုခံနေရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့
တတိယအကြိမ်မြောက် နေပြည်တော်ကိုစာတင်တဲ့ကိစ္စမှာ ဥက္ကဋ္ဌ ရိပ်မိသွားသိသွားလို့ပါ။ဘယ်လိုမျိုးသိသွားသလဲ
ဆိုတော့ အတွင်းရေးမှုး ဦးဝင်းဌေး ကြောင့်သိသွားပါတယ် အတွင်းရေးမှုးလည်း ဥက္ကဋ္ဌ
ကိုမကျေနပ်တဲ့သူဖြစ်ပါတယ်။ ရွာသူရွာသားတွေမှာရော အိမ်စာချုပ် မြေစာချုပ် ချုပ်တဲ့အခါရတဲ့ပိုက်ဆံရော
နည်းလမ်းပေါင်းစုံနဲ့ရထားတဲ့ပိုက်ဆံတွေကို အတွင်းရေးမှုးက ခံစားခွင့်မရပါဘူးပေါ့
။ကျွန်မတို့စာတင်တဲ့အဖွဲ့ထဲမှာလည်း အတွင်းရေးမှုးရဲ့အဒေါ်၊ အမ၊ညီမ၊ညီ ပါ ပါတယ်။သူညီမက သူ့အကို
ကိုယုံပြီးပြောလိုက်တာပေါ့။ဒါနဲ့သူရေးပေးမယ်လို့ပြောတယ် နင်တို့ရေးလာတဲ့အကြမ်းစာရွက်ပေးပါလား ဘယ်လို
စာစီရမယ်ဆိုတာ ငါကြည့်လိုက်ဦးမယ်ဆိုတော့ ကျွန်မတို့လည်းယုံပြီးပေးလိုက်တာပေါ့။ အကြမ်းစာရွက်ထဲမှာ
အတွင်းရေးမှုးကို အားသာချက်ပေးမထားဘူး ဘွဲ့လူငယ်တစ်ယောက်ကိုပဲ ဥက္ကဋ္ဌ တင်ပေးပါလို့ရေးထားတော့
သူမကျေနပ်ဘူးပေါ့။ ဥက္ကဋ္ဌ ကိုကျွန်မ တို့စာကိုယူသွားပြီးသွားပြလိုက်တယ်။ ဥက္ကဋ္ဌ ကဘယ်သူပါတယ်ဆိုတာက
အစသိသွားပါတယ်။
ဥက္ကဋ္ဌက သူ့ကိုတိုင်စာတင်ထားတဲ့သူတွေအားလုံးကို သူနဲ့တကွေ့ကွေ့မှာတွေ့မယ်လို့ကြိမ်းမောင်းနေပါတယ်
သူမှာ ယုတ်မာကောက်ကျစ်တဲ့ဗီဇစိတ်ထားရှိတယ်ဆိုတော့ကျွန်မတို့ မိန်းမသားတွေအနေနဲ့အရမ်းသတိထားနေရပါ
တယ်။ကျွန်မက ကျမ်းမာရေးဆရာမဆိုတော့ လူနာအိမ်လာခေါ်တဲ့အချိန်၊ အချိန်မရွေး ညကြီးအချိန်မတော်လဲ
လိုက်နေရပါတယ်။လူနာကအရမ်းအရေးကြီးလို့ရှိရင် ကျွန်မအနေနဲ့အချိန်ကိုကြည့်နေလို့မရပါဘူး။စေတနာ အပြည့်
နဲ့ လိုက်နေရတာပါ ဥက္ကဋ္ဌက လူမိုက်တွေ မွေးလားပြီး ညဘက်အချိန်မတော် တဖက်လှည့်နဲ့လားခေါ်ပြီး ယုတ်မာ
လိုက်မယ်ဆိုရင် ကျွန်မဘ၀တော့သွားပါပြီ။ ဒါလေးတွေကိုထည့်စဉ်းစားပြီး အထက်လူကြီးမင်းများ ကျွန်မတို့ကိစ္စကို
အမြန်ဆုံးဖြေရှင်းပေးစေလိုပါတယ်။
ဥက္ကဋ္ဌကတော့ ကျွန်မတို့စာတင်ထားတဲ့အကြောင်းသိသွားတော့ လူကြီးမင်းတို့လားစစ်ဆေးတဲ့အခါကြရင်လိမ်ပုံ
လိမ်နည်းအစီစဉ်တွေဆွဲနေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ သူစာရင်းပြလိုက်ရင် ပြီးပြီလို့ပြောနေပါတယ်။ အရင်ကခိုးမှု
ရန်ဖြစ်မှု တွေမှာ ကော်ကုလားထိုင်ဒဏ်ရိုက်ပါတယ်။ ကုလားထိုင် အလုံးတစ်ရာပြည့်သွားတော့ ဘိလပ်မြေဒဏ်ရုက်
ပါတယ်။ အနည်းဆုံး တစ်ယောက်ကိုငါးအိပ် အများဆုံးအိပ်သုံးဆယ်လေးဆယ်လောက်ဒဏ်ရိုက်ထားတယ်ဆို
တော့အိပ်တစ်ရာခန့်မကတော့ပါဘူး။ ဒဏ်ရိုက်တဲ့ပစ္စီးစာရင်းမရှိဘူး အဲဒီဘိလပ်မြေတွေလဲအစပျောက်သွားပါပြီ။
ကျွန်မတို့စာတင်တဲ့ကိစ္စသိပြီးတဲ့နောက်ပိုင်း ကုလားထိုင်ဘက်ပြန်ပြောင်းနေပါပြီ။
ဥက္ကဋ္ဌ မဖြစ်ခင် သူရဲ့ပိုင်ဆိုင်မှုက ဆိုင်ကယ်အစုပ်တစ်စီး ကျောက်စိမ်းဆိုင်ကယ်တစ်စီး လက်ဝတ်လက်စားနည်း
နည်းလေးနဲ့အိမ်တစ်ဆောင်ဘဲရှိပါတယ်။ ဥက္ကဋ္ဌ ဖြစ်ပြီးနောက်ပိုင်း ဇနီး နဲ့ သားသမီးလေးယောက်မှာလက်ဝတ်
လက်စားအပြည့် ဆိုင်ကယ်တစ်စီးစီ သားသမီးတွေကို အဆင့်မြင့်ဆုံးကျောင်း ကျုရှင်မှာထားနိုင်ပါတယ်။ငွေဆိုရင်
လိုလေးသေးမရှိသုံးနိုင်တယ်။ ခြံမြေ ရာဘာတောဆိုရင်လည်း ရွာတစ်ချမ်းစားလောက်ရှိပါတယ်။ ထားဝယ်မြို့
ပေါ်မှာ တိုက်နှစ်လုံး မြေကွက် တည်ခိုခန်းဆောက်မယ်လို့လည်း သိရထားပါတယ်
သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းက အချိန်အထိ ကြီးကြီးကျယ်ကျယ်မရှိပါဘူး ရာဘာအသေးစားရောင်းဝယ်ရေးနဲ့
မုန့်ဟင်းခါးဖတ်တစ်နေ့ လေးငါးပြည်လောက် ကုန်တဲ့ရောင်ဝယ်ရေးပဲ့ရှိပါတယ် ကျွန်မတို့စာတင်တဲ့ကိစ္စသိပြီ
နောက်ပိုင်း အသုံးစရိတ်လက်ဝတ် လက်စားအကုန်ဆင်ခြင်နေပါပြီ တိုက်တွေအိမ်ခြံတွေလည်း နာမည်ပြောင်း
နဲ့လုပ်နေပြီလားမသိပါဘူး ဥက္ကဋ္ဌသက်တမ်း တစ်လျှောက်မှာ စာသင်ကျောင်းအတွက် ဘာတစ်ခုမှ မပံ့ပိုးပေး
ဂရုမစိုက်တတ်တဲ့ဥက္ကဋ္ဌက ယခုဆိုရင် ကျောင်းဖွင့်တာနဲ့ကျောင်းမှာလိုအပ်တာတွေ ၀ယ်ပေးနေပါပြီ စာသင်
ကျောင်းအတွက်ဆိုပြီး ၁၅.၆.၂၀၁၀ ရက်နေနောက်ဆုံးထားပြီး ငွေသုံးထောင်ကျပ် တစ်အိမ်မကျန် လိုက်ကောက်
နေပါတယ် စာသင်ကျောင်းအတွက် တစ်လတစ်ထောင်ကျပ်( ၈ )နှစ်လောက် ကောက်ထားတာတွေ ဘယ်ရောက်
ကုန်ပြီလဲ သူ့ကိုယ်ကျိုးအတွက်သုံးလိုက်လို့ အရေးပေါ်ကောက်ရတာနေမှာပေါ့
ဒဏ်ရိုက်ထားတဲ့ ဘိလပ်မြေတွေပျောက်သွားတာ ထားဝယ်မြို့ပေါ်က သူ့တိုက်အတွက်အသုံးချလိုက်လို့
နေမှာပေါ့ ထားဝယ်မြို့ပေါ်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေ တကယ်ဟုတ်မဟုတ် အတိအကျဖြစ်သွားအောင် ကျွန်မတို့
စုံစမ်းနေပါတယ် ဓာတ်ပုံနှင့်တကွပို့ပေးလိုက်ပါမယ် ကျွန်မအနေနဲ့ ဥက္ကဋ္ဌကိုမနာလိုဝန်တိုတဲ့စိတ်နဲ့ဒီစာရေးပြီး
နေပြည်တော်ကိုတင်ပြရတာမဟုက်ပါဘူးတကယ်ဆင်းရဲတဲ့သူတွေအတွက်အရမ်းကိုရင်နာလွန်းလို့ပါလတိုင်း
ပုံမှန်မထည့်နိုင်တဲ့သူတွေရှိတယ် သုံးလပြည့်ရင်ရုံခေါ်ပြီးချေငှါးပြီးလာထည့်လို့ပြောတယ် သူတို့မှာစားဖို့တောင်
အနိုင်နိုင် ရှာနေရတဲ့သူတွေပါ ဒီကြားထဲကျမ္မာရေးချွတ်ယွင်းလာတော့ ကျွန်မတစ်ယောက်ရှိလို့တော်သေးတာပေါ့
ကျွန်မကမပေးနိုင်တဲ့သူမယူပါဘူး ပေးနိုင်တဲ့အချိန်ကျမှယူပါတယ် ။
ရပ်ရွာကိစ္စပဲလိုအပ်ရင်ကျွန်မတို့ကူညီရမှာပေါ့ လတိုင်းပုံမှန်ဆိုတော့ အရမ်းကိုတရားလွန်နေပါပြီ ကျွန်မတို့
ရွာသူရွာသားတွေခံစားနေရတာတွေဟာ ဂျပန်ခေတ်ထက်တောင်ဆိုးနေပါသေးတယ် လုပ်အားပေးဆိုရင်လဲ အမြဲ
လုပ်ပေးနေရတာပါပဲ လမ်းတွေဖေါက် တံတားတွေဆောက်လုပ်အားပေးနဲ့ပါ ။ဘာလုပ်ဖို့ညာလုပ်ဖို့ ခွင့်ပြုချက်အရ
ရွာအတွက်လိုအပ်တဲ့ပစ္စည်းတင်ပြလို့ ကျလာတဲ့အခါသူကစားလိုက်တာပေါ့ ရွာထဲမှာမင်္ဂလာဆောင်ပြီးအိမ်ထောင်
အသစ်တွေဆိုရင်ခြောက်လပဲလွက်လပ်ခွင့်ပေးထားတယ် ခြောက်လကျော်ရင်ပုံမှန်အတိုင်းလစဉ်ကြေး သုံးထောင်
ကောက်ပါတယ် လုပ်အားလဲပေးရပါတယ် အိမ်ထောင်အသစ်တွေမှာ ပိုက်ဆံတော့ကောက်တယ် စာရင်းမပါဘူး
ဥက္ကဋ္ဌ သက်တမ်းက ဆယ်နှစ်ရှိပြီဆိုတော့ ဘယ်နေရာဘယ်လိမ် ဘယ်လိုပြောရမယ်ဆိုတာအရမ်းကိုကျွမ်းကျင်နေ
ပါပြီ ။
ဥက္ကဋ္ဌရာထူးပြုတ်မှာဆိုးလို့ မြို့နယ်မှူးဆီနေ့တိုင်း လိုလိုဘာသွားလုပ်နေလဲမသိပါဘူးသူကလက်စားတာရော
လက်ပေးတာရောအရမ်းကျွမ်းကျင်နေပါပြီ မိုးရာသီကျရင် ဘောလုံးပွဲအတွက်စိတ်ပူနေရပါတယ် ဘောလုံးပွဲအတွက်
တစ်အိမ်ထောင်စုကို တစ်သောင်းနီးပါးထည့်ရပါတယ် ငွေကြေးအဓမ္မကောက်ခံတဲ့ကိစ္စကို ကျွန်မတို့ရွာမှဒေါ်ဖွားမြင့်
တစ်ယောက်တော့ရှားရှားပါးပါး စာရင်းအတိကျယူထားပါတယ် လာကောက်တဲ့သူကိုဘာအတွက်ကောက်တာလဲ
ဘယ်နေ့မှာလာကောက်တယ် ဘယ်လောက်ထည့်ရတယ်ဆိုတာ ငွေလာကောက်တဲ့သူကို အတိအကျရေးခိုင်းပြီး
လက်မှတ်ထိုးခိုင်းထားပါတယ် ၂၀၀၂ ခုနှစ်မှ ၂၀၁၀ ထိယခုအချိန်ထိပေါ့ အဲဒီစာရင်းကိုကျွန်မတို့သွားတောင်းပြီး
ထည့်ပေးလိုက်ပါတယ် ။
သူ့ကိုကျိုးအတွက်ပဲသိတဲ့ ဦးကျော်ထွေးအား ဥက္ကဋ္ဌရာထူးမှ အမြန်ဆုံးနည်းနဲ့ဖြုတ်ချပေးပြီး ဘွဲ့ရလူငယ်
တစ်ယောက်ကို ဥက္ကဋ္ဌတင်ပေးပါလို့ အထက်လူကြီးမင်းများထံ မေတ္တာရပ်ခံအပ်ပါတယ် ကျွန်မတို့တင်ပြထား
တာတွေကိုမယုံလို့ရှိရင် ရွာသူရွာသားတွေကိုစုံစမ်းမေးမြန်နိုင်ပါတယ် ။
အခုလိုဒီစာတွေကို ရွာသူရွာသားတွေရဲ့တိုက်တွန်ချက်အရ ကျွန်မအနေနဲ့တိုင်ကြားပေးရခြင်းဖြစ်ပါတယ်
ကျွန်မတို့လုပ်ကြံပြီးရေးထားတာမဟုက်ပါဘူး အထက်လူကြီးမင်းများ မဖြေရှင်းပေးဘူးဆိုရင် ဦးကျော်ထွေးကတော့
ကျွန်မတို့ကို ဒုက္ခပေးဖို့စီစဉ်နေပါပြီ ကျွန်မတို့တင်ပြထားတာတွေ တကယ်ဟုက်မဟုက်စုံစမ်း စစ်ဆေးမေးမြန်ပြီး
အမြန်ဆုံးနည်းနဲ့ ဖြေရှင်းပေးပါလို့ အနုအညွတ်တောင်းပန်မေတ္တာရပ်ခံအပ်ပါတယ်…။

တလိုင်းတောင်ရွာသူရွာသားများ
အကြောင်းအရာ………………ကျေးရွာပြည်သူလူထု (၃၁၇)အိမ်ထောင်စုထံမှ နည်းမျိုးစုံ၊ အကြောင်းပြချက်မျိုးစုံတို့
ဖြင့် တစ်လ(၁)သောင်းကျပ်ခန့်တစ်နှစ် (၁)သိန်း(၂)သောင်းကျော်ခန့် (၈) နှစ်အတွက် ငွေပေါင်းသိန်း(၅၀၀) ကျော်
မလျှော်သြဇာ အာဏာသုံးပြီး ငွေကောက်ခံ၍ ကိုယ်ကျိုးရှာ အလွဲသုံးစွဲပြုလုပ်သူ။

မူလွန်စာသင်ကျောင်းဆောက်လုပ်ရန်အတွက် ပြည်ခိုင်ဖြိုးအသင်းမှ ထုက်ပေးသော ဘိလပ်မြေအိပ်(၁၀၀)နှင့်ငွေ


(၅)သိန်းကျော် ကိုယ်ကျိုးရှာ အလွဲသုံးစားပြုလုပ်သူ ကျေးရွာ(ရယက)ဥက္ကဋ္ဌ ဦးကျော်ထွေးအား အရေးယူဆောင်
ရွက်ပေးရန်(၅)ကြိမ်တိုင်တိုင် ဖေါ်ထုတ်တိုင်ကြားခဲ့သော်လည်း အရေးမယူသေးသောကြောင့် ။

ယ္ခုအခါ ဥက္ကဋ္ဌဦးကျော်ထွေးက ဖေါ်ထုက်တိုင်ကြားသူ ကျေးရွာလူထု ၊ကျေးရွာအများပြည်သူတို့အား အမှုအကွက်


ဆင်ပြီး တရားစွဲခြင်း၊ထောင်ချခြင်းများပြုလုပ်မည်ဟု ပြန်လည်ခြိမ်းခြောက်ခြင်း ခံနေရပါသောကြောင့် ။
နိုင်ငံတော်အကြီးအကဲများ ၊တပ်မတော်အကြီးများ၊၀န်းကြီးများထံသို့၊ဖေါ်ထုတ်စစ်ဆေးအရေးယူပေးပါရန် (၆)
ကြိမ်မြောက်ထပ်ဆင့်တိုင်ကြားခြင်း။

ရိုသေလေးစားစွာဖြင့်-
တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊တလိုင်းတောင်ကျေးရွာနေ အောက်တွင်တိုင်ကြားသူနှင့်
မှန်ကန်ကြောင်းထောက်ခံတိုင်ကြားသူ တလိုင်းတောင်ရွာသူရွာသားတို့က ဖေါ်ထုတ်စစ်ဆေးအရေးယူပေးပါရန်
(၆)ကြိမ်မြောက်ထပ်ဆင့်တိုင်ကြားကြပါသည်….။
ကျွန်တော်/ကျွန်မတို့၏ တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊တလိုင်းတောင်ကျေးရွာ(ရယက)ဥက္ကဋ္ဌဦးကျော်ထွေး

သည်(၁၀)နှစ်တိုင်တိုင် ဥက္ကဋ္ဌလုပ်စားလာသူဖြစ်ပါသည်။၎င်းသည် ကျေးရွာအိမ်ထောင်စုပေါင်း(၃၁၇)ထံမှ ဟိုကိစ္စ

အကြောင်းပြ ၊ဒီကိစ္စအကြောင်းပြ၊ဟိုဟာဗန်းပြ၊ဒီဟာဗန်းပြ၊မလျော်သြဇာအာဏာသုံးပြီး အိမ်ထောင်စု(၁)


အိမ်ထောင်လျှင် (၁)လ တစ်သောင်းကျပ်ခန့် ငွေကောက်ခံရယူခဲ့ပါသည် ။တစ်နှစ်လျှင် တစ်အိမ်ထောင်လျှင်
(၁)သိန်းခန့်ကောက်ခံရယူခဲ့ပါသည် နိုင်ငံတော်၏မူဝါဒလည်းမရှိ ၊နိုင်ငံတော်အကြီးကဲများ၏လမ်းညွှန်စေခိုင်း
ချက်လည်းမရှိပဲ နည်းလမ်းပေါင်းစုံအကြောင်းပြပြီး ငွေကောက်ခံခဲ့သောစာရင်း (၆)စောင်ကို ပူတွဲတင်ဆက်ထား
ပါသည်။
(ရယက)ဥက္ကဋ္ဌဦးကျော်ထွေးသည် မူလွန်စာသင်ကျောင်းဆောက်ရန်အတွက် တစ်လလျှင်
တစ်အိမ်ထောင် ငွေကျပ်(၁)ထောင်နှုန်းဖြင့် (၈)နှစ်တိုင်တိုင် ငွေကောက်ခံခဲ့ပါသော်လည်း ယနေ့တိုင်
စာသင်ကျောင်းမပြီးသေးပါ။ငွေစာရင်းရှင်းတမ်းလည်းမထုတ်ပါ။ပြည်ခိုင်ဖြိုးအသင်းမှ မူလွန်စာသင်ကျောင်းအတွက်
ထုတ်ပေးခဲ့သော ဘိလပ်မြေအိတ်(၁၀၀)နှင့်ငွေသား (၅)သိန်းကိုလည်း စာရင်းမရှင်းပဲ ကိုယ့်ကျိုးရှာ အလွဲသုံးစားပြု
လုပ်ခဲ့ပါသည်။

ဥက္ကဋ္ဌ ဦးကျော်ထွေးသည် ဆယ်အိမ်မှူး၊ရာအိမ်မှူးတို့ကို သူ၏သဘောဆန္ဒအရ ခန့်ထားစေခိုင်းလာခဲ့


ပါသည်။ထိုသူတို့မှာ စာမတတ်သူများ၊ပညာဗဟုသုတမရှိသူများနှင့် ၎င်း၏သြဇာခံများကိုသာ ခန့်ထားစေခိုင်းခဲ့သော
ကြောင့် ယနေ့ထက်တိုင် (၁၀)နှစ်(၁၀)မိုးတိုင်တိုင် ကျေးရွာလူထု အိမ်ထောင်စု(၃၁၇)ထံမှ ငွေများကောက်ခံရယူပြီး
စာရင်းမရှင်းပဲ ကိုယ့်ကျိုးရှာ အလွဲသုံးစားပြုလုပ်နေခြင်းဖြစ်ပါသည်။
ဥက္ကဋ္ဌ ဦးကျော်ထွေးသည် ကျေးရွာလူထုထံမှ နည်းလမ်းမျိုးစုံအကြောင်းပြပြီး ကောက်ခံရရှိသောငွေများဖြင့်
ရော်ဘာခြံများဝယ်ယူပိုင်ဆိုင်ထားခြင်း ၊ထားဝယ်မြို့ပေါ်တွင် အိမ်ဆောက်ထားခြင်း၊ရွှေများဝယ်ယူစုဆောင်းထား
ခြင်းများပြုလုပ်လာခဲ့ပါသည်။

ကျွန်တော်/ကျွန်မတို့ ကျေးရွာသူရွာသားများ အိမ်မြေလွှဲပြောင်းရောင်းချသည့်စာချုပ်စာတမ်းများ ပြုလုပ်သည့်


အခါတွင်လည်း နည်းလမ်းပေါင်းစုံ အကြောင်းပြပြီး အရောင်းအ၀ယ်ပြုလုပ်ခြင်းအတွက် ငွေများမတန်တဆ
တောင်းခံရယူပြီး မလျော်သြဇာအာဏာသုံးလာခဲ့ပါသည်။

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်အတွင်းရှိ ကျွန်တော်/ကျွန်မတို့ကျေးရွာ၏ အနီးပတ်ဝန်းကျင်ရှိ အခြားခြား


သောကျေးရွာများတွင် ဥက္ကဋ္ဌ ဦးကျော်ထွေး ငွေကြေးကောက်ခံသကဲသို့ ကောက်ခံမှုများရှိပါသလား စုံစမ်းသော
အခါ တစ်လလျှင် တစ်အိမ်ထောင်မှ ၅၀၀ ကျပ်ခန့်သာ ကောက်လေ့ရှိကြောင်း စုံစမ်းသိရှိရပါသည်။

သို့ဖြစ်ပါသောကြောင့်…………ကျွန်တော်/ကျွန်မတို့ကျေးရွာ ရယက ဥက္ကဋ္ဌ ဦးကျော်ထွေး၏ ငွေများ


မတရားများ ကောက်ခံပြီး ကိုယ်ကျိုးရှာ အလွဲသုံးစားပြုလုပ်မှုကို အထက်ပါရည်ညွှန်ချက်စာ အပါအ၀င်(၅)ကြိမ်
တိုင်တိုင် တိုင်ကြားခဲ့ပါသည်။
အထက်အဆင့်ကဆိုသော ပုဂ္ဂိုလ်များ ရွာသို့လာပြီး စစ်ဆေးကြောင်းသိရှိရပါသော်လည်း ကောင်းကောင်းစား
ပြီးပြန်သွားကြပါသည်။ယနေ့ထက်တိုင် မည်သည့်အရေးယူ ဆောင်ရွက်မှုမျှမရှိသေးပါ ဥက္ကဋ္ဌ ဦးကျော်ထွေးက
ပြန်လည်ခြိမ်းခြောက်သည်မှာ အထက်အကြီးအကဲများတို့ဟာ သူတို့အလုပ်သူတို့လုပ်တာ၊ကျန်အလုပ်တွေ
သူတို့ဘာမျှသိတာမဟုက်ဘူး ၊တိုင်ချင်သလောက်တိုင်စမ်း၊စောင့်ဂရုမစိုက်ဘူး၊ဘာတက်နိုင်သေးလဲ၊တိုင်တဲ့
ကောင်တွေ ကောင်မတွေ ဘာဖြစ်မလဲ ၊စောင့်ကြည့်ကြဟု ခြိမ်းခြောက်ခြင်းခံနေရပါသည်။

ယခုအခါ ကျွန်တော်/ကျွန်မတို့ တိုင်ကြားခဲ့သူတို့အား စာရင်းကောက်ထားပြီးဖြစ်ကြောင်း အမှုအကွက်


ဆင်ပြီး ရဲကိုဖမ်းခိုင်းမယ် တရားသူကြီးကို ထောင်ချခိုင်းမယ် တိုင်ချင်သလောက်တိုင်စမ်းဟု ပြန်လည်ခြိမ်းခြောက်
ခြင်းကိုခံစားနေကြရပါသည်။

လေးစားစွာဖြင့်………………………
တလိုင်းတောင်ရွာသူရွာသားများ……….။
ဤဌာနများဆီကို တိုင်ကြားခဲ့ပါသည်

၁။ ၀န်ကြီး ၊ပြည်ထဲရေးဝန်ကြီးဌာန
ဝန်ကြီးရုံး ၊ နေပြည်တော်။
၂။ ဒုတိယ၀န်ကြီး ၊ပြည်ထဲရေးဝန်ကြီးဌာန
ဝန်ကြီးရုံး၊ နေပြည်တော်။
၃။ ညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန ၊နေပြည်တော်။
၎။ ရဲချုပ်ကြီး ၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်
ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်။
၅။ ဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး
အတွင်းရေးမှူး (၁)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၊နေပြည်တော်။
၆။ ညွှန်ကြားရေးမှူးချုပ်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ရေးကောင်စီ ၊နေပြည်တော်။
၇။ ညွှန်ကြားရေးမှူးချုပ်
အထူးစုံစမ်းစစ်ဆေးရေး ၊နေပြည်တော်။

၈။ တိုင်းမှူးဗိုလ်ချုပ်ခင်ဇော်ဦး
ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊တနင်္သာရီတိုင်း၊မြိတ်မြို့။
၉။ ဥက္ကဋ္ဌ
တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၊တနင်္သာရီတိုင်း၊မြိတ်မြို့။
၁၀။ ဥက္ကဋ္ဌ
မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၊တနင်္သာရီတိုင်း၊ ထားဝယ်မြို့။
၁၁။ ဥက္ကဋ္ဌ
ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၊ထားဝယ်ခရိုင် ထားဝယ်မြို့။
၁၂။ တိုင်းတပ်ဖွဲ့မှူး
ကမ်းရိုးတန်း တိုင်းဒေသရဲတပ်ဖွဲ့မှူးရုံး ထားဝယ်မြို့နယ်၊တနင်္သာရီတိုင်း။
၁၃။ အတွင်းရေးမှူး
တနင်္သာရီတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ထားဝယ်မြို့။
၅ ကြိမ်မြောက်တိုင်ကြားခြင်း၌ ၇ လပိုင်း ၂၀၁၀ ၌ ထားဝယ်မြို့မ.ယ.က ရုံးမှ
မ.ယ.က ဥက္ကဋ္ဌ ဦးထွန်းမြ မှဖြေရှင်းပေးပါသော်လည်း

ထူးထူးခြားခြားဘာမှဖြစ်မလာပါ

ဥက္ကဋ္ဌ ဦးကျော်ထွေးက ကောက်ခံလျှက်ရှိသော ရွာရဲ့ကောက်ခံငွေကို ကောက်ခံလျှက်ပါပဲ။

၆ ကြိမ်မြောက်၌ ၁၀ လပိုင်း ၂၀၁၀ ၌ မြို့မရဲစခန်း၌ မြို့နယ်မှူးဦးမောင်မောင်သည်


၂ လကြာစစ်ဆေးနေပါသော်လည်း

ထူးခြားတယ်လို့ဘာမှမရှိပါ

ဥက္ကဋ္ဌ ဦးကျော်ထွေးက ကောက်ခံမြဲအတိုင်း ကောက်ခံနေပါသည်။


BBC ၀ိုင်းတော်သားများခင်ဗျာ …………….

ကျေးဇူးပြု၍ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် တလိုင်းတောင်ရွာ ဥက္ကဋ္ဌ ဦးကျော်ထွေး၏ လစဉ်ငွေကောက်ခံ၍

ရွာသူရွာသားများကိုနှိပ်စက်နေသော အကြောင်းအရာများကို လူကြီးမင်းတို့၏ website မှာဖေါ်ပြပေးခြင်း

VOA .DVB သို့ပေးပို့ခြင်းများပြုလုပ်ပေးပါရန် တောင်းပန်အပ်ပါသည်။

ပို့လိုက်သောပုံနှင့် စာများကို တလိုင်းတောင်ရွာသူရွာသားများကိုလည်း မထိခိုက်အောင် လိုတိုးပိုလျော့ပြုလုပ်ပေးပါရန်

မေတ္တာရပ်ခံအပ်ပါသည်………။

You might also like