You are on page 1of 7

စာအမှတ် - ၂/၂၀၁၁ (+၁၁ဖွဲ့) ဗိုလ်ချုပ်ကြီးဟောင်

ဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်

စာအမှတ် ။ ။ ၂/၂၀၁၁ (+ ၁၁ ဖွဲ့)


ရက်စွဲ ။ ။ ၂၉. ၀၄. ၂၀၁၁

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက်နှင့်


ပြည်သူသို့ အသိပေးတင်ပြချက်

၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန် သမ္မတနေရာယူထားသောအစိုးရ


နှင့်ပတ်သက်၍ ၎င်းအစိုးရ၏လက္ခဏာကို မှန်မှန်ကန်ကန် အကဲဖြတ်ရန်လိုအပ်ပါသည်။ ထိုသို့အကဲဖြတ်ရန်အတွက် ၂၀၁၀လွန်
အစိုးရ ပေါ်ပေါက်လာပုံဖြစ်စဉ်ကို ပြန်ကြည့်မှသာလျှင် လက်ရှိအစိုးရနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံ လက်ရှိသွား
နေသော နိုင်ငံရေးစနစ်နှင့်ပတ်သက်၍လည်းကောင်း အရှိအတိုင်း ပေါ်လွင်လာမည်ဖြစ်ပြီး၊ အမှန်အတိုင်း သဘောထားနိုင်မည်
ဟု မိမိတို့မှ ယုံကြည်ပါသည်။
၁၉၈၈ ခုနှစ်တွင် တပါတီစစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး၊ ပါတီစုံဒီမိုကရေစီစနစ် တောင်းဆိုသည့် လူထုအုံကြွမြှု ကီး
ပေါ်ပေါက်လာခဲ့သည်။ ထိုလူထုအုံကြွမှုကြီး၏ အဆက်အဖြစ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
နိုင်ငံလုံးကျွတ် အနိုင်ရရှိခဲ့သည်။
ယခု ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်သမ္မတအစိုးရဆိုသည်မှာ ဒီမိုကရေစီစနစ်ကို တောင်းဆိုသည့် ၁၉၈၈ ခုနှစ် လူထု
အုံကြွမှုကို နည်းမျိုးစုံဖြင့် သရုပ်ဖျက်ကာ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား နိုင်ငံ
တော်အာဏာမလွှဲရရေးအတွက် အနှစ်(၂၀)ကျော် ချမှတ်အကောင်အထည် ဖေါ်လာခဲ့သည့် နဝတ-နအဖ စစ်အစိုးရ၏ အစီ
အစဉ်ဖြင့် ပေါ်ပေါက်လာသော အစိုးရသာဖြစ်ပါသည်။
ထို့အပြင် နအဖ စစ်အစိုးရသည် ၂၀၀၃ ခုနှစ် သြဂုတ်လ(၃၀)ရက်နေ့တွင် အချက်(၇)ချက်ပါ လမ်းပြမြေပုံကို ထုတ်ပြန်
ခဲ့ပြီး၊ ၂၀၁၀ လွန်အစိုးရ ပေါ်ပေါက်လာရေးလုပ်ငန်းစဉ်ကို အစီအစဉ်ရှိရှိ အကောင်အထည် ဖေါ်ခဲ့ကြောင်းကို တကမ္ဘာလုံးက
လည်း သိမြင်ခဲ့ကြပြီး ဖြစ်ပါသည်။
ထိုအချက်နှင့် ပတ်သက်၍ မိမိတို့ အင်အားစုများက စာအမှတ် ၁/၂၀၁၀ ဖြင့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင်
“အရပ်
အရပ်ဝတ်စစ်အစိုးရ အသွင်ပြောင်းရေးအတွက် ပြုလုပ်သည့် မသမာသော ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်တင်ပြချက်
ပချက”

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်


Page 1
စာအမှတ် - ၂/၂၀၁၁ (+၁၁ဖွဲ့) ဗိုလ်ချုပ်ကြီးဟောင်
ဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်

စာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။ ထိုစာတမ်းတွင် နအဖစစ်အစိုးရ၏ လမ်းပြမြေပုံအစီအစဉ်နှင့်ပတ်သက်၍ “ထု


ထိုသို့ပြုလုပ်ခြင်းတို့
သည် စစ်အာဏာရှင်စနစ်အတွက် ရေရှည်အကာအကွယ်ယူရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်နှင့် ရွေးကောက်ပွဲဖြင့် အမည်ခံ
ပါတီစုံ လွှတ်တော်တရပ် ပေါ်ပေါက်လာရန်တို့အတွက် စစ်အုပ်စု၏ ကောက်ကျစ်သော ကြိုးပမ်းမှုများပင်ဖြစ်ပါသည်” ဟု
သုံးသပ်ဖေါ်ပြခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)သည် ၂၀၁၀ လွန်အစိုးရ၏ အခြေခံအုတ်မြစ်တခုဖြစ်ပါသည်။ ထို့ကြောင့် နအဖ
စစ်အုပ်စုက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို အဓမ္မအတည်ပြုပြီးနောက် မိမိတို့ အင်အားစုများသည် ၂၀၀၈ ခုနှစ် ဇွန်လ
(၄)ရက်နေ့တွင်“နအဖ စစ်ဖွဲ့စည်းပုံအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်အဖြစ် အသိအမှတ်မပြု လက်မခံကြောင်း ပူးတွဲ
ထုတ်ပြန်ချက်”ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို မိမိတို့ အသိအမှတ်မပြု လက်မ
ခံရခြင်းနှင့် ပတ်သက်၍ အောက်ပါအချက်များကို အဓိကအကြောင်းများအဖြစ် ဖေါ်ပြခဲ့ပါသည်။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
လွတ်လပ်စွာ ပါဝင်ရေးဆွဲခွင့်မရခြင်း၊ ပြည်သူပြည်သားတို့၏ လွတ်လပ်စွာ ပါဝင်ပတ်သက်ပိုင်ခွင့်ကို အမိန့်အမှတ်
၅/၉၆ဖြင့် ခြိမ်းခြောက်ပိတ်ပင်ထားခြင်းနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့အစည်းများ၏ ပြည်
ထောင်စုဆိုင်ရာ ဆွေးနွေးတင်ပြချက်များကို လစ်လျှူရှုပစ်ပယ်ထားခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီနှင့် အခြေခံလူအခွင့်အရေးများ၊ တိုင်းရင်းသားလူမျိုးစုံပြည်သူများ၏ အခွင့်
အရေးများကို မပေးထားခြင်း၊
(၃) ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရာတွင်လည်း နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်နေကြရသည့်ကြားမှ ပြည်
သူလူထုကို အကြပ်ကိုင်ဖိအားပေး၊ မလိမ့်တပတ်လိမ်လည်ပြီး တဖက်သတ် အတည်ပြုခဲ့ခြင်း၊
(၄) ထိုအကြောင်းများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဆိုသည်မှာ စစ်အုပ်စိုးသူ လူတန်းစားတရပ်ကို တရား
ဝင် မွေးဖွားကာ ၎င်းတို့၏အာဏာနှင့် စည်းစိမ်တည်မြဲရေးအတွက်ကိုသာ အကွက်ချ ပန္နက်ရိုက်ထားသော စစ်ကြီးစိုး
ရေးဖွဲ့စည်းပုံဖြစ်ခြင်း၊
(၅) ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်အဖြစ် အသိအမှတ်မပြု
လက်မခံကြောင်းနှင့် ပြည်သူ့အကျိုးစီးပွားကို ထင်ဟပ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့ကိုယ်စားပြု
အစိုးရတရပ်ပြောင်းလဲပေါ်ထွန်းရေးတို့အတွက် ပြည်သူတရပ်လုံးနှင့် လက်တွဲကာ အခြေအနေအချိန်အခါ အရပ်ရပ်
တိုင်းတွင် ကိုက်ညီလျှော်ကန်သော နည်းလမ်းပေါင်းစုံကို ရှာဖွေကျင့်သုံးပြီး လူထုအခြေပြု နိုင်ငံရေး၊ လူမှုရေး လှုပ်ရှား
မှုများကို အရှိန်အဟုန်မပြတ် ဦးလည်မသုန် လှုပ်ရှားကြိုးပမ်းသွားမည်ဖြစ်ကြောင်း
တို့ကို မိမိတို့အင်အားစုများက ပြည်သူတရပ်လုံးသို့ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
ယခု ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတလုပ်သည့် ၂၀၁၀ လွန်အစိုးရပေါ်လာသည့်အခါတွင် ဖွဲ့စည်းပုံအခြေခံ
ဥပဒေ(၂၀၀၈)နှင့်အညီ နိုင်ငံတော်၏ အဓိကကဏ္ဍများဖြစ်သည့် “ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး” ကဏ္ဍတို့တွင်
စစ်အုပ်စု ထိပ်သီးများကသာ ယူနီဖောင်းဝတ် စစ်ဗိုလ်များအဖြစ်လည်းကောင်း၊ အရပ်ဝတ် စစ်ဗိုလ်များအဖြစ်လည်းကောင်း၊
စစ်တပ်က ဖွဲ့ စည်းထားသည့် ကြံ့ဖွံ့ပါတီဝင်များအဖြစ်လည်းကောင်း အသီးသီးနေရာယူထားကြသည်ကို တွေ့ရပါသည်။
ဥပဒေပြုရေးကဏ္ဍအတွက် အဓိကကျသော နေရာများဖြစ်သည့် ဥပဒေပြု ပြည်ထောင်စုလွှတ်တော်နာယကနှင့်
ဒုတိယ နာယကနေရာများတွင် ပထမ လွှတ်တော်သက်တမ်းတဝက် လပေါင်း ၃၀ အတွက် ဦးခင်အောင်မြင့်(ဗိုလ်ချုပ်ဟောင်း)၊
ဒုတိယ လွှတ်တော်သက်တမ်းတဝက် လပေါင်း ၃၀ အတွက် သူရဦးရွှေမန်း(ဗိုလ်ချုပ်ကြီးဟောင်း)၊ ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌများမှာ သူရဦးရွှေမန်း(ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးမြငြိမ်း(ကြံ့ဖွံ့ပါတီဝင်)၊ ဦးခင်
အောင်မြင့်(ဗိုလ်ချုပ်ဟောင်း)တို့က နေရာယူထားကြသည်။
အုပ်ချုပ်ရေးကဏ္ဍနှင့် ပတ်သက်၍လည်း ယခု အစိုးရအဖွဲ့တွင် စုစုပေါင်း (၃၅)နေရာရှိသည့်အနက် စစ်တပ်မှ စစ်ဗိုလ်
များက(၂၆)နေရာယူထားပြီး ကျန်သူများမှာ ကြံ့ဖွံ့ပါတီမှသာ နေရာယူထားကြသည်ကို အောက်ပါအတိုင်း တွေ့ရပါသည်။

စဉ် အမည် လက်ရှိနေရာ ဝန်ကြီးဌာန မှတ်ချက်

၁။ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း


၂။ သီဟသူရဦးတင်အောင်မြင့်ဦး ဒုတိယသမ္မတ ဗိုလ်ချုပ်ကြီးဟောင်း

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်


Page 2
စာအမှတ် - ၂/၂၀၁၁ (+၁၁ဖွဲ့) ဗိုလ်ချုပ်ကြီးဟောင်
ဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်

၃။ ဒေါက်တာစိုင်းမောက်ခမ်း(ခ) ဒုတိယသမ္မတ ကြံ့ဖွံ့ပါတီဝင်


မောင်အုန်း
၎။ ဗိုလ်ချုပ် လှမင်း ဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်
၅။ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး
၆။ ဗိုလ်ချုပ်သိန်းဌေး ဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်ဖံြွ့ ဖိုးရေးဝန်ကြီးဌာန ဗိုလ်ချုပ်
၇။ ဦးဝဏ္ဏမောင်လွင် ဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန စစ်တက္ကသလ
ိုငွေဓါးဆုရ
၈။ ဦးကျော်ဆန်း ဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဗိုလ်မှူးချုပ်ဟောင်း
၉။ ဦးမြင့်လှိုင် ဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကြံ့ဖွံ့ပါတီဝင်
၁၀။ ဦးဝင်းထွန်း ဝန်ကြီး သစ်တောရေးရာဝန်ကြီးဌာန
၁၁။ ဦးလှထွန်း ဝန်ကြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဗိုလ်ချုပ်ဟောင်း
၁၂။ ဦးခင်မောင်မြင့် ဝန်ကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ဟောင်း
၁၃။ ဦးတင်နိုင်သိန်း ဝန်ကြီး အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဗိုလ်မှူးချုပ်ဟောင်း
နှင့်မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန
၁၄။ ဦးဝင်းမြင့် ဝန်ကြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးချုပ်ဟောင်း(ဒုဝန်ကြီး)
၁၅။ ဦးသိန်းထွန်း ဝန်ကြီး ဆက်သယ
ွ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ဗိုလ်ချုပ်ဟောင်း(ဒုဝန်ကြီး)
၁၆။ ဦးအောင်ကြည် ဝန်ကြီး အလုပ်သမားဝန်ကြီးဌာနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ဗိုလ်ချုပ်ဟောင်း
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၇။ ဦးသိန်းထိုက် ဝန်ကြီး သတ္တုတွင်းဝန်ကြီးဌာန
၁၈။ ဦးအုန်းမြင့် ဝန်ကြီး သမဝါယမဝန်ကြီးဌာန ဗိုလ်မှူးချုပ်ဟောင်း
၁၉။ ဦးဉာဏ်ထွန်းအောင် ဝန်ကြီး ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်မှူးကြီးဟောင်း
၂၀။ ဦးတင့်ဆန်း ဝန်ကြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်
အားကစားဝန်ကြီးဌာန
၂၁။ ဦးကျော်စွာခိုင် ဝန်ကြီး အမှတ(် ၁) စက်မှုဝန်ကြီးဌာန ဗိုလ်ချုပ်ဟောင်း
၂၂။ ဦးစိုးသိန်း ဝန်ကြီး အမှတ(် ၂) စက်မှုဝန်ကြီးဌာန ဒုဗိုလ်ချုပ်ကြီးဟောင်း(ရေ)
၂၃။ ဦးအောင်မင်း ဝန်ကြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ဟောင်း
၂၄။ ဦးသန်းဋ္ဌေး ဝန်ကြီး စွမ်းအင်ဝန်ကြီးဌာန ဗိုလ်မှူးချုပ်ဟောင်း(ဒုဝန်ကြီး)
၂၅။ ဦးဇော်မင်း ဝန်ကြီး အမှတ(် ၁) လျှပ်စစ်စမ
ွ်းအားဝန်ကြီးဌာန ဗိုလ်မှူးကြီးဟောင်း
၂၆။ ဦးခင်မောင်စိုး ဝန်ကြီး အမှတ် (၂) လျှပ်စစ်စမ
ွ်းအားဝန်ကြီးဌာန
၂၇။ ဒေါက်တာမြအေး ဝန်ကြီး ပညာရေးဝန်ကြီးဌာန
၂၈။ ဒေါက်တာဖေသက်ခင် ဝန်ကြီး ကျန်းမာရေးဝန်ကြီးဌာန
၂၉။ သူရဦးမြင့်မောင် ဝန်ကြီး သာသနာရေးဝန်ကြီးဌာန ဗိုလ်မှူးချုပ်ဟောင်း
၃၀။ ဦးအေးမြင့် ဝန်ကြီး သိပ္ပံနှင့်နည်းပညာဝန်ကြီး ဗိုလ်ချုပ်ဟောင်း(စစ်ရုံး)
၃၁။ ဦးခင်ရီ ဝန်ကြီး လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဗိုလ်မှူးချုပ်ဟောင်း(ရဲချုပ်)
၃၂။ ဦးသိန်းညွန့် ဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန ဗိုလ်မှူးကြီးဟောင်း
၃၃။ ဦးစိုးမောင် ဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန ဗိုလ်ချုပ်ဟောင်း(စစ်ရုံး)
၃၄။ ဒေါက်တာထွန်းရှင် ပြည်ထောင်စု ပြည်ထောင်စုရှေ့နေချုပ်ရုံး
ရှေ့နေချုပ်
၃၅။ ဦးတင်မျိုးကြည် ညွန်ကြားမှူးချုပ် ပြည်ထောင်စုအစိုးရအဖွ့ရ
ဲုံး/အတွင်းရေးမှူး

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် (၁၄)နေရာတွင် ယခင် နအဖစစ်တပ်မှ ထိပ်သီးစစ်ဗိုလ်ချုပ်များက(၁၀) နေရာ


နှင့် ကြံ့ဖွံ့ပါတီဝင်များက (၄) နေရာ ရယူထားကြောင်း တွေ့ရပါသည်။

စဉ် အမည် လက်ရှိနေရာ မှတ်ချက်


၁။ ဦးလဂျွန်ငန်ဆိုင်း ဝန်ကြီးချုပ်/ကချင်ပြည်နယ် ကြံ့ဖွံ့ပါတီဝင်

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်


Page 3
စာအမှတ် - ၂/၂၀၁၁ (+၁၁ဖွဲ့) ဗိုလ်ချုပ်ကြီးဟောင်
ဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်

၂။ ဦးခင်မောင်ဦး (ခ) ဦးဘူးရယ် ဝန်ကြီးချုပ်/ ကယားပြည်နယ် ကြံ့ဖွံ့ပါတီဝင်


၃။ ဗိုလ်မှူးချုပ် ဇော်မင်း ဝန်ကြီးချုပ်/ကရင်ပြည်နယ် ဗိုလ်မှူးချုပ်၊ ကာ/ချုပ် (ကစလ)
၎။ ဦးဟုန်းငိုင်း ဝန်ကြီးချုပ်/ ချင်းပြည်နယ် ဗိုလ်မှူးချုပ်ဟောင်း၊ကရခဒုတိုင်းမှူး/ပြည်နယ်ဥက္ကဋ္ဌဟောင်း
၅။ ဦးအုန်းမြင့် ဝန်ကြီးချုပ်/ မွန်ပြည်နယ် ဗိုလ်ချုပ်ဟောင်း/သတ္တုတွင်းဝန်ကြီးဟောင်း
၆။ ဦးလှမောင်တင် ဝန်ကြီးချုပ်/ ရခိုင်ပြည်နယ် ကြံ့ဖွံ့ပါတီဝင်
၇။ ဦးအောင်မြတ်(ခ) ဝန်ကြီးချုပ်/ ရှမ်းပြည်နယ် ကြံ့ဖွံ့ပါတီဝင်
စဝ်အောင်မြတ်
၈။ ဦးသာအေး ဝန်ကြီးချုပ်/ စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း
၉။ ဦးဘုန်းမော်ရွှေ ဝန်ကြီးချုပ်/မကွေးတိုင်းဒေသကြီး ဗိုလ်မှူးချုပ်ဟောင်း/တိုင်းဥက္ကဋ္ဌဟောင်း
၁၀။ ဦးရဲမြင့် ဝန်ကြီးချုပ်/ မန္တလေးတိုင်းဒေသကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ စရဖချုပ်ဟောင်း၊ လပခ
တိုင်းမှူးဟောင်း
၁၁။ ဦးဉာဏ်ဝင်း ဝန်ကြီးချုပ်/ပဲခူးတိုင်းဒေသကြီး ဗိုလ်ချုပ်ဟောင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း
၁၂။ ဦးခင်ဇော် ဝန်ကြီးချုပ်/ တနင်္သာရီတိုင်းဒေသကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း
၁၃။ ဦးမြင့်ဆွေ ဝန်ကြီးချုပ်/ ရန်ကုန်တိုင်းဒေသကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း/ရကတ တိုင်းမှူးဟောင်း
၁၄။ ဦးသိန်းအောင် ဝန်ကြီးချုပ်/ ဧရာဝတီတိုင်းဒေသကြီး ဗိုလမ
ှ်ူးချုပ်ဟောင်း၊ သစ်တောဝန်ကြီးဟောင်း

တရားစီရင်ရေးကဏ္ဍနှင့်ပတ်သက်လျှင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဖွဲ့စည်းထားသည်။ သို့သော် ဖွဲ့စည်းပုံ


အခြေခံဥပဒေ(၂၀၀၈)အရ လွတ်လပ်စွာတရားစီရင်ခွင့် မရှိစေရန် ပြုလုပ်ထားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၉၄)အရ အမြင့်ဆုံးတရားရုံးမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဖြစ်သော်လည်း
ပုဒ်မ (၂၉၉)(၃၁၁)(၃၂၇)(၃၀၂)(၃၄၄) တို့အရ ခန့်အပ်ထားသော တရားသူကြီးများကို နိုင်ငံတော်အစိုးရမှ အချိန်မရွေး ဖြုတ်ချ
နိုင်သည့်အပြင် နိုင်ငံတော်အစိုးရမှ အရေးယူခိုင်းလျှင် ငြင်းပယ်၍ မရနိုင်ပါ။ ထို့အပြင် အခန်း(၆) ပုဒ်မ(၂၉၃)(၃၁၉)အရ စစ်ခုံ
ရုံးမှ သီးခြားတရားစီရင်ခွင့်ရှိပြီး၊ ပုဒ်မ(၂၉၄)(၃၄၃)အရ တပ်မတော်သားများနှင့် အရပ်သားများပြဿနာဖြစ်လျှင် ပြည်ထောင်စု
တရားလွှတ်တော်ချုပ်အောက်ရှိ အရပ်ဘက် တရားရုံးများမှ တရားစီရင်ပိုင်ခွင့် မရှိပါ။
ထိုကဏ္ဍများအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အရ ပုဒ်မ(၂၀၁)ဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တိုင်း(သို့မဟုတ်)
ပြည်နယ်များ၏ အုပ်ချုပ်ရေးကိစ္စများတွင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းအဖြစ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး
ကောင်စီကို ဖွဲ့စည်းထားသည်။ ထိုကောင်စီတွင် အဖွဲ့ဝင်အားလုံးသည် စစ်ဗိုလ်များဖြစ်ပြီး၊ တဦးတည်းသော အရပ်သားမှာ
လည်း ကြံ့ဖွံ့ပါတီဝင် ဖြစ်သည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

၁။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း)


၂။ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး (ဗိုလ်ချုပ်ကြီးဟောင်း)
၃။ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (ခ) မောင်အုန်း(ကြံ့ဖွံ့ပါတီဝင်)
၎။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)
၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် (ဗိုလ်ချုပ်ဟောင်း)
၆။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
၇။ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း
၈။ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်လှမင်း
၉။ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏမောင်လွင် (စစ်တက္ကသိုလ် ငွေဓါးဆုရ)
၁၀။ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို
၁၁။ နယ်စပ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ် သိန်းဋ္ဌေး

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်


Page 4
စာအမှတ် - ၂/၂၀၁၁ (+၁၁ဖွဲ့) ဗိုလ်ချုပ်ကြီးဟောင်
ဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်

တိုင်းပြည်ဘဏ္ဏာများနှင့်ပတ်သက်၍ စီမံခန့်ခွဲလုပ်ဆောင်မည့် ဘဏ္ဏာရေးကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ


(၂၀၀၈)အရ ဖွဲ့စည်းရာတွင်လည်း ပါဝင်သည့်ပုဂ္ဂိုလ်များမှာ စစ်တပ်နှင့် ကြံ့ဖွံ့ပါတီဝင်များသာ ဖြစ်ပါသည်။

စဉ် အမည် တာဝန် လက်ရှိရာထူး မှတ်ချက်


၁။ ဦးသိန်းစိန် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း
၂။ သီဟသူရတင်အောင်မြင့်ဦး ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဗိုလ်ချုပ်ကြီးဟောင်း
၃။ ဒေါက်တာစုင
ိးမောက်ခမ်း ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ကြံ့ဖွံ့ပါတီဝင်
၎။ ဒေါက်တာထွန်းရှင် အဖွ့ဝ
ဲ င် ပြည်ထောင်စုရှေ့နေချုပ်
၅။ ဦးလွန်းမောင် အဖွ့ဝ
ဲ င် ပြည်ထောင်စုစာရင်းစစ်ချုပ်
၆။ ဦးလဂျွန်ငန်ဆိုင်း အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ကချင်ပြည်နယ် ကြံ့ဖွံ့ပါတီဝင်
၇။ ဦးခင်မောင်ဦး (ခ) ဦးဘူးရယ် အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ ကယားပြည်နယ် ကြံ့ဖွံ့ပါတီဝင်
၈။ ဗိုလ်မှူးချုပ် ဇော်မင်း အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ကရင်ပြည်နယ် ဗိုလ်မှူးချုပ်
၉။ ဦးဟုန်းငိုင်း အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ ချင်းပြည်နယ် ဗိုလ်မှူးချုပ်ဟောင်း
၁၀။ ဦးအုန်းမြင့် အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ မွန်ပြည်နယ် ဗိုလ်ချုပ်ဟောင်း
၁၁။ ဦးလှမောင်တင် အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ ရခိုင်ပြည်နယ် ကြံ့ဖွံ့ပါတီဝင်
၁၂။ ဦးအောင်မြတ် (ခ) အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ ရှမ်းပြည်နယ် ကြံ့ဖွံ့ပါတီဝင်
စဝ်အောင်မြတ်
၁၃။ ဦးသာအေး အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း
၁၄။ ဦးဘုန်းမော်ရွှေ အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/မကွေးတိုင်းဒေသကြီး ဗိုလ်မှူးချုပ်ဟောင်း
၁၅။ ဦးရဲမြင့် အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ မန္တလေးတိုင်းဒေသကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း
၁၆။ ဦးဉာဏ်ဝင်း အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ပဲခူးတိုင်းဒေသကြီး ဗိုလ်ချုပ်ဟောင်း
၁၇။ ဦးခင်ဇော် အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ တနင်္သာရီတိုင်းဒေသကြီး ကြံ့ဖွံ့ပါတီဝင်
၁၈။ ဦးမြင့်ဆွေ အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ ရန်ကုန်တိုင်းဒေသကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း
၁၉။ ဦးသိန်းအောင် အဖွ့ဝ
ဲ င် ဝန်ကြီးချုပ်/ ဧရာဝတီတိုင်းဒေသကြီး ဗိုလ်ချုပ်ဟောင်း
၂၀။ ဦးသိန်းညွှန့် အဖွ့ဝ
ဲ င် ဥက္ကဋ္ဌ/နေပြည်တော်ကောင်စီ ဗိုလ်မှူးကြီးဟောင်း
၂၁။ ဦးလှထန
ွ်း အတွင်းရေးမှူး ဝန်ကြီး/ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဗိုလ်ချုပ်ဟောင်း

နိုင်ငံတော်ယန္တရား၏ ကျန်အရေးကြီးသည့်နေရာများတွင်လည်း စစ်ဗိုလ်များကသာ နေရာယူထားသည်ကို တွေ့ရပါ


သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌအဖြစ် ဦးတင်အေး (ဗိုလ်ချုပ်ကြီးဟောင်း)နှင့် ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုး (စစ်ဗိုလ်ဟောင်း)တို့က နေရာယူထားပါသည်။
ထိုအချက်များကိုကြည့်လျှင် ၂၀၁၀ ရွေးကောက်ပွဲဖြင့် ပေါ်ပေါက်လာသော အစိုးရဆိုသည်မှာ နိုင်ငံတော်အေးချမ်းသာ
ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီပုံစံမှနေ၍ လွှတ်တော်ပုံစံဖြင့် စစ်အုပ်စုမှဆက်လက်အုပ်ချုပ်သည့် စစ်အစိုးရသာဖြစ်ကြောင်း ပေါ်
လွင်နေပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)သည် စစ်အုပ်စုကြီးစိုးရေးဖွဲ့စည်းပုံသာဖြစ်ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲမှပေါ်လာသော
အစိုးရသည်လည်း ထိုစစ်ဖွဲ့စည်းပုံဖြင့် အုပ်ချုပ်မည့် ကြံ့ဖွံ့စစ်အစိုးရသာဖြစ်ကြောင်း မိမိတို့သဘောထားကြေညာချက်များ
ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
နိုင်ငံတော်သမ္မတအဖြစ် ဆောင်ရွက်သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ မတ်လ ၃၀ ရက်နေ့တွင် ပြောကြား
ခဲ့သည့် ပြည်ထောင်စုလွှတ်တော်မိန့်ခွန်းပါ ကြံ့ဖွံ့စစ်အစိုးရ၏ စစ်ဖစ
ွဲ့ ည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အောက်ပါ သဘော
ထားများက ရှင်းရှင်းလင်းလင်း ဖေါ်ပြနေပါသည်။

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်သွား


ကြရမယ့် တာဝန်ရှိလာကြောင်း၊

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်


Page 5
စာအမှတ် - ၂/၂၀၁၁ (+၁၁ဖွဲ့) ဗိုလ်ချုပ်ကြီးဟောင်
ဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်

- ဒီလိုတာဝန်ရှိလာကြတဲ့အတွက် ကျွန်တော်နဲ့တကွကိုယ်စားလှယ်များအားလုံးတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့


ဒီဥပဒေအရ တည်ဆောက်ကြမယ့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို နှစ်နှစ်ကာကာ ယုံကြည် ချစ်ခင်မြတ်နိုးကြဖို့နဲ့
အသက်နဲ့လဲလှယ်ပြီး ကာကွယ်စောင့်ရှောက်ကြဖို့ တိုက်တွန်းပြောကြားလိုကြောင်း၊
- ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အတည်ဖြစ်ပြီးဖြစ်တဲ့အတွက် ဤဖွဲ့စည်းပုံအခြေခံ
ဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီမိမိတို့အစိုးရအဖွဲ့အနေဖြင့် တိကျစွာအကောင်အထည်ဖေါ် ဆောင်ရွက်သွားမှာ
ဖြစ်ကြောင်း
- ပြည်ထောင်စုအစိုးရအနေနဲ့ အခြေခံဥပဒေဘောင်အတွင်းက လုပ်ဆောင်မှုအားလုံးကို ကြိုဆိုနေမှာဖြစ်သလို
အခြေခံဥပဒေ ပြင်ပကလုပ်ဆောင်မှုများအားလုံးကိုလည်း လက်မခံဘဲ ထိုက်သင့်တဲ့တားဆီးကာကွယ်မှုတွေ
ဆောင်ရွက်သွားမှာဖြစ်ကြောင်း

ထိုသို့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်သည် စစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် ကြံ့ဖွံ့စစ်အစိုးရ၏


သဘောထားကို ပြတ်ပြတ်သားသား ရပ်တည်ဖေါ်ပြခဲ့သည့်အပြင်၊ စစ်ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့်ပတ်သက်၍လည်း “ဖွ
ဖွဲ့စည်းပုံ
အခြေခံဥပဒေ
ဥပဒေ အခန်း(၁၂)
၁၂) မှာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့ အခွင့်အရေး ပေးထားပြီး
ဖြစ်ပါတယ်။”ဟု ပြောကြားသွားခဲ့သည်။
ထိုလုပ်ထုံးလုပ်နည်းများအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်
ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းက သဘောတူမှသာ ပြင်ဆင်ခွင့်ရမည်ဖြစ်သည်။ လက်တွေ့တွင် ပြည်ထောင်စုလွှတ်
တော်၌ လွှတ်တော်ကိုယ်စားလှယ်များ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ စစ်ဗိုလ်များနှင့် ကြံ့ဖွံ့ပါတီဝင်များသာ ဖြစ်နေသည့်အတွက်
လွှတ်တော်အတွင်းမှနေ၍ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ ခိုင်မြဲရေး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြင်ဆင်ရန်မှာ
လုံးဝ မဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။
လက်တွေ့တွင်လည်း ဖွဲ့စည်းပုံပြင်ဆင်ရန်အဆင့် မဆိုထားနှင့်၊ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြဆွေးနွေးသည့်
အဆင့်သို့ပင်မရောက်ရှိဘဲ လွှတ်တော်သို့ တင်ပြဆွေးနွေးရန် သင့်/မသင့် ကနဦး ဆုံးဖြတ်ရာတွင်ပင် ထောက်ခံမဲ ၁၀၆ မဲ၊
ကန့်ကွက်မဲ ၅၂၀ မဲနှင့် ကြားနေမဲ ၂၀ မဲတို့ဖြင့် အပြတ်အသတ်ရှုံးနိမ့်သွားရသည့် မွန်ပြည်နယ်၊ ရေးမြို့နယ် အမျိုးသားလွှတ်
တော်ကိုယ်စားလှယ် နိုင်ဗညားအောင်မိုး (ခ) ဒေါက်တာဗညားအောင်မိုး၏ “အမျိ
အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ပြည်
တွင်း ငြိမ်းချမ်းရေးအတွ
ရေးအတွက် ဆောင်ရွက်ရန် နိုင်ငံ
ငေံ တ်ာအစိုးရအား တိုက်တွန်းကြောင်း” အဆိုက လက်ရှိ စစ်ကြံ့ဖွံ့အစိုးရ၏
သဘောထားကို အရှင်းလင်းဆုံး ထင်ဟပ်နေပါသည်။
ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော ကြံ့ဖွံ့စစ်အစိုးရအနေဖြင့် စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြု
သည့် အစိုးရအဖြစ်မှ ဒီမိုကရေစီလမ်းကြောင်းသို့ အမှန်တကယ်သွားလိုသည့် အစိုးရဖြစ်ကြောင်း ဖေါ်ပြလိုလျှင် တိုင်းပြည်တွင်
ကနဦးအဆင့်အဖြစ် အောက်ပါအချက်များကို ပြုလုပ်ရန် လိုအပ်သည်။

(၁) နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်။

(၂) ပြည်တွင်းစစ် ရပ်စဲပြီး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ချက်ချင်း ဆောင်ရွက်ရန်။

(၃) နဝတ-
နဝတ-နအဖ စစ်အစိုးရလက်ထက်တလျှောက်လုံး နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု
နယ်ပယ် အသီးသီးတွင် အခြေခံဒီမိုကရေစီအခွင့်အရေးများကို တားဆီးပိတ်ပင်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သည်
သည်
ဆိုသော အမိန့်ကြေညာချက်များကို ပယ်ဖျက်ကြောင်း ကြေညာရန်။

(၄) နိုင်ငံရေးပါတီများဖွဲ့စည်းခွင့် အပါအဝင် သက်ဆိုင်ရာ လူထုလူတန်းစား အလွှာအသီးသီး၏ အသင်းအပင်း ဖွဲ့စည်း


ခွင့် နှင့် စည်းရုံးလှုပ်ရှားခွင့်များကို ခွင့်ပြုရန်။

(၅) ဖွဲ့စည်းပုံအခြေခံဥပဒေ(
ပဒေ(၂၀၀၈)
၂၀၀၈)ကို ပြန်လည်ပြင်ဆင်ရေးဆွဲရန်အတွက် သက်ဆိုင်သော အင်အားစုများအားလုံးနှင်
င့်
တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်


Page 6
စာအမှတ် - ၂/၂၀၁၁ (+၁၁ဖွဲ့) ဗိုလ်ချုပ်ကြီးဟောင်
ဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်

အထက်ဖေါ်ပြပါအချက်များကို လုပ်ဆောင်ခြင်းမရှိပါက အစိုးရအမည်ကို မည်သို့တပ်သည်ဖြစ်စေ၊ လွှတ်တော်ကို မည်


သည့်ပုံစံဖြင့် ကျင်းပသည်ဖြစ်စေ ဟန်ပြလုပ်ရပ်များသာဖြစ်ပြီး အနှစ်သာရအားဖြင့် စစ်အာဏာရှင်စနစ်ကို ဆက်လက် ကျင့်သုံး
လျက် တိုင်းပြည်ကို လိမ်ညာနေခြင်းသာဖြစ်သည်။
ထိုသို့ဆိုလျှင် ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်သမ္မတအစိုးရအား တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးကို
ဆက်လက် ဖိနှိပ်နေဦးမည့် ကြံ့ဖွံ့စစ်အစိုးရအဖြစ်သာ မိမိတို့အင်အားစုများက သဘောထားသည်။
တိုင်းရင်းသားပြည်သူတရပ်လုံးအကျိုးအတွက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဖျက်
သိမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဖော်ဆောင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူအပေါင်းသို့အသိပေးကြေညာပါသည်။
ထိုလုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် အမြန်ဆုံး အောင်မြင်စေရန်အတွက် ပြည်သူလူထုကလည်း မိမိတို့ အင်အား
စုများနှင့်အတူ ပူးပေါင်းပါဝင် ချိတ်ဆက်လုပ်ဆောင်ကြပါရန် လေးလေးနက်နက် တိုက်တွန်းအပ်ပါသည် ။ ။

(အသျှင်သြဘာသ) (အသျှင်ဓမ္မသီရိ)
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး

(ထွန်းမြင့်အောင်) (အောင်ကျော်ဆင့်) (ပံသုစံ) (ထက်ထက်စံ)


၈၈ မျိုးဆက်ကျောင်းသားများ + ရက္ခအလင်းတန်း

(မင်းသိမ်း) (ထိန်လင်း) (ရန်နိုင်) (အောင်ဇော်မိုး)


Saffron Generation + ရန်ကုန်တိုင်းအတွင်
င်း ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ
ကျောင်းသားလူငယ်များ အင်အားစု

(ဇာနည်) (နော်အက်စ်တာ) (မင်းသွေးသစ်) (အောင်တံခွန်)


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် + ၂၀၀၇ မျိုးဆက်ကျောင်းသားများသမဂ္ဂ

(ခိုင်ဇာဏီ) (ခိုင်ဥာဏ်လင်း) (မြတ်မင်း) (ငြိမ်းသော်)


ရခိုင်ကျောင်းသားများသမဂ္ဂ + ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်များသမဂ္ဂ

(မင်းမင်းဦး) (နိုင်လင်း) (မင်းစိုးနိုင်) (သူရိန်)


အခြေခံပညာကျောင်းသားများသမဂ္ဂ + မြေလတ်ကျောင်းသားများအဖွဲ့

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအပေါ် သုံးသပ်ချက် နှင့် ပြည်သူသို့ အသိပေးတင်ပြချက်


Page 7

You might also like