Professional Documents
Culture Documents
နိဒါန်း
စာရေးသူ
မဲနယ်ပလောတွင်စာရေးသူကိုယ်တိုင်ရိုက်ယူခဲ့သောကိုစိုးညွန့်ပုံ။
ကိုစိုးညွန့်၏အမှာစာ
ကိုမောင် မောင် တိတ် နှင့် ကိုထွန်း အောင် ကျော် တို့ကဦးသန့် အရေး ခင်းတွင် ပါဝင်ခဲ့သူများစာရင်း
လိုချင်တယ် ပို့ပေး ပါ ဆိုလို့ မှတ်မိသမျှ ရေးပို့ပေးလိုက်ပါသည်။ ဒီနောက် တာဝန်ယူခဲ့သည့် အပိုင်းကို
ရေးပို့ပေးပါ ဆိုသောကြောင့် ကျနော် တာဝန်ယူခဲ့သည့် အပိုင်း ကိုရေးပို့ခဲ့ရပြန်ပါသည်။
တိမ်မြုပ်နေသောသမိုင်းကြောင်း ကိုအဖြစ် မှန်အတိုင်း တာဝန်သိသိ ကြိုးစားရေး သား ခဲ့သော
ကိုထွန်းအောင်ကျော်ကိုအထူးကျေးဇူးတင်မိပါသည်။ ကိုထွန်းအောင်ကျော် ရေးသား သော စာကို
ဖတ်ပြီးဦးသန့်အရေးအခင်းဆီသို့ပြန်လည်ရောက်ရှိသွားသလိုခံစားမိပါသည်။ သမိုင်း ကြောင်း ကို
အဖြစ် မှန်အတိုင်း ပိုမိုပြည့် စုံလာစေရန်ပါဝင်ခဲ့သူများကကူညီကြပါ ရန် နှိုးဆော်ပါရစေ။
နိုင်ငံအကျိုးဆောင်ရွက်လုပ် ဆောင်သူ သည် ရိုးသားရပါမည်၊ စေတနာလည်းပါရမည်၊ ကျွမ်းကျင်မှု
လည်းရှိ ရပါမည်။ ရိုးသား၍ ကျွမ်းကျင်သူများတနေ့ ထက်တနေ့ တိုးပွါး နေလျှင် ဒီမိုကရေစီ နိုင်ငံ
ကိုမလွဲမသွေ ရ ရ မည် ဟုယုံကြည်သည်။ နိုးကြားသော စိတ်ဓါတ် နှင့်ဘက်ပေါင်းစုံမှပါဝင် နေကြသူ
များ ကိုလေးစားစွာ ဂုဏ် ပြုပါသည်။
2
ဘောဂဗေဒအသင်း အထွေ ထွေအတွင်းရေး မှုး (၁၉၇၃-၇၄)
ဦးသန့် အရေးခင်း ဗဟိုကော်မတီ ဒု ဥက္ကဌ
ဦးသန့်အရေးအခင်းနဲ့ ကျွန်တော်တို့တသိုက်
နိဒါန်း
ဦးသန့်အရေးအခင်းမှာပါဝင်နေခဲ့တဲ့သူတွေရေးကြသားကြတာတွေဖတ်ရတဲ့အခါအတိတ်က
အကြောင်းတွေ တရေးရေးပေါ်လာတတ်သလို တချို့က ကိုယ်မပါဝင်ဘဲတဆင့်စကားတွေနဲ့
ရေးလာတဲ့ အခါသမိုင်းမှန်ကိုရေးသားဘို့တာဝန်ရှိတယ်လို့ယူဆလာမိပါသည်။ ကိုယ့်ကိုယ်လဲတာဝန်မ
ကြေဘူးလို့ခံစား မိ တဲ့အတွက် ကျွန်တော်တို့မှတ်မိသလောက် ကိုသမိုင်းလေ့လာသူ မြန်မာပြည်သား
များ သိရှိနိုင်ရန်ရေးသား လိုက်ရပါသည် ။
လေးစားလျက်
ထွန်းအောင်ကျော် (၇၄)
ဘယ်လို လုပ်ကြမလဲ ?
ထို့ကြောင့်တက္ကသိုလ်ကျောင်းသားများနဲ့ ရဟန်းသံယာတွေကဗမာကိုကမ္ဘာကသိအောင်စွမ်း
ဆောင်ခဲ့တဲ့ပုဂ္ဂိုလ် ကြီး ငါတို့ နိုင်ငံကို ဂုဏ်တက်အောင် လုပ်ဆောင်ပေးတဲ့ ပုဂ္ဂိုလ်ကြီးအဖြစ် လေးစား
ဂုဏ်ယူကြတဲ့အပြင် ကျေးဇူးလဲ အထူးတင်ရှိခဲ့ပါသည်။ ဦးသန့်လို ပုဂ္ဂိုလ်မျိုးကို ဖုတ်လေတဲ့ ငပိ
ရှိတယ်လို့တောင် မထင်တဲ့ နေ၀င်းစစ်အစိုးရရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို ဘယ်လိုမှ လက်ခံလို့
မရအောင် အိမ်မှာနေရင်း ထွန်းအောင်ကျော်တယောက်ထဲ ကြိတ်ဒေါသူပုန် ထနေမိပါသည်။
4
ဒီလိုနဲ့ဒီဇင်ဘာလ(၂)ရက်နေ့ညရောက်လာသည်။ ထွန်းအောင်ကျော်ဆင်ဝင်ခန်းတွင်ထိုင်ရင်း
စဉ်းစားခန်း ၀င်နေမိသည်ရေဒီယိုကသတင်းကမကြားတချက်ကြားတချက် တိုက်ပေါက်ဝရှေ့ရှိ
ညောင်ပင်ကြီးမှ လေအသုတ်တွင် တရှဲရှဲမြည်သံက တချီချီတွင် ပေါ်ထွက်လာတတ်သည်။
``တီတီ... တီတီ´´ အိမ်ရှေ့ဝင်း တခါးဝမှ ကားဟွန်းသံကထွက်လာသည်။ထိုင်ရာမှထပြီး ဆင်ဝင်ခန်း
ပြူတင်းတံခါးကိုဂျက်ဖြုတ်၍ဖွင့်ကြည့်လိုက်သည် ။
အချိန်ကည(၉)နာရီခန့်ဇော်ကြီး၏လေးဘီးကားပြာလေးဝင်းတံခါးထိပ်မှာရပ်ထားတာတွေ့လိုက်ရ
သည်
``ထွန်းအောင်ကျော် !! ထွန်းအောင်ကျော် !! ´´ ဇော်ကြီးကလှမ်းခေါ်သည် ။
``ဟေ့ကောင်ကြားတယ်ကွ၊ ငါဆင်းလာခဲ့မယ်၊ ငါနားပင်းမနေဘူးကြုံးအော်မနေနဲ့´´ဟု
လှမ်းပြောရင်း အိမ်ရှေ့လှေကားမှ အောက်ထပ်သို့ ပြေး ဆင်းလာခဲ့သည်။ ခြံတံခါး ဖွင့်နေတုံး
ဇော်ကြီးက ``ကားထဲမှာ ပြောကြရအောင်ကွာ´´ ဟု ဆိုသည်။ ထွန်းအောင်ကျော်ဘာမှမပြောဘဲ
ဝင်းတံခါးကို ဖွင့်ပြီးထွက်လိုက်သည်။ တံခါးကို ပြန်ပိတ်ပြီးနောက် ကားထဲ ၀င်ထိုင်လိုက်တော့
ကုလားမ ( ရဲမြင့်သိန်း ) နဲ့ ခွေးနက် (Kenneth) တို့ကိုပါ တွေ့လိုက်ရသည် ။ ကားပေါ်
ရောက်ရောက်ခြင်း ထွန်းအောင်ကျော်က ``ဟေ့ကောင်တွေ မင်းတို့လာတာနဲ့ အတော်ဘဲ ၊
ဦးသန့်ဈာပနကိစ္စဟာ အတော် အရုပ်ဆိုးတယ် ငါတို့ တခုခုလုပ်မှ ဖြစ်မယ်´´ လို့ ဆိုလိုက်တော့ ၊
ဇော်ကြီးက`` သိပ်မှန်တာပေါ့ကွာ၊ဒါကြောင့် မင်းဆီကိုငါ တို့လာခဲ့ဘဲ´´ ဟု ၀မ်းသာအားရပြောသည်။
ထွန်းအောင်ကျော်တို့တတွေသည်အလယ်တန်းကျောင်းသားများဘ၀မှစတင်ရင်းနှီးလာကြသည့်
ငယ်သူငယ်ချင်းများဖြစ်သည်။ တဦးကိုတဦးအူချေးကအစသိကြသည်၊ အသက်ပေး ယုံကြည်ကြသည့်
သူငယ်ချင်းများဖြစ်သည်။ ထို့ကြောင့်ထောက်လှန်းရေး၊သတင်းပေးများ ပေါကြွယ်နေသောရန်ကုန်မြို့
တွင် ယ္ခုလိုပြောဆိုရဲကြခြင်းဖြစ်သည် ။
5
၁၉၈၄ခုနှစ်တွင် အင်းယားလိပ်ဟော်တယ်၌် ထွန်းအောင်ကျော်မင်္ဂလာမဆောင်ခင်
သူငယ်ချင်းရဲမြင့်သိန်းနှင့်အမှတ်တရ။
ထွန်းအောင်ကျော်ရဲမြင့်အိမ်သို့မနက်စာစားပြီးကထဲကရောက်နေသည်။ ရဲမြင့်အိမ်အောက်တွင်
Hostelအဆောင်ငှားထားသဖြင့်တက္ကသိုလ်ကျောင်းသူများကလည်းထွန်းအောင်ကျော်တို့နှင့်ခင်မင်နေ
ကြသည်။ ထွန်းအောင်ကျော်တို့ကဘွဲ့ ရပြီးကျောင်းသားများဖြစ်သဖြင့်အစ်ကိုကြီးများသဖွယ်ကျောင်း
သူလေးများကလို အပ်သောအကူအညီများကို တောင်းတတ်ကြသည် ။
6
ထွန်းအောင်ကျော်တို့အားလုံး အနက်ရောင် တိုက်ပုံအင်္ကျီ အနက်ရောင် ယောလုံချည်တို့ကို
ဝတ်ဆင်ကြပြီး ပန်းခြင်းကို ညွန့်အေးက သွားဝယ်သည်။ ၎င်းပန်းခြင်းတွင် စာတမ်းကို
ထွန်းအောင်ကျော်ကရေးသည် ။
``၀မ်းနည်းထိုက်သည်ထက်ပို၍၀မ်းနည်းစွာဖြင့်´´ကျောင်းသားတစု ဟု အမည်ထိုးသည် ။
ထို့နောက် ကားနှစ်စီးဖြင့် ကျိုက္ကဆံကွင်းသို့ ချီတက်သွားကြသည်။ ညွန့်အေးနှင့် ထွန်းအောင်ကျော်က
ပန်းခြင်းကိုကိုင်ပြီးရှေ့မှထွက်သည်။ကြက်ခြေနီလူငယ်များကအနက်ရောင်ဝတ်စုံဖြင့်ကျောင်းသားတစု
ပန်းခြင်းကိုင်၍ချီတက်လာသည် ကို မြင်သဖြင့်
7
ဒီဇင်ဘာလ (၅) ရက်နေ့ ၁၉၇၄ ခုနှစ်
8
ဖြစ်မည်ဟု ပြောသည်ကို ကိုတင်မောင်ဦးက သဘောတူပြီး ကျိုက္ကဆံကွင်း
ဦးသန့်ရုပ်အလောင်းထားရာ အရှေ့ဖက်တွင် ပြန်လည် ဆုံစည်းကြမည်ဟုပြောပါသည်။
ကိုတင်မောင်ဦးမှာကိုထန
ွ်းအောင်ကျော်နှင့်အရပ်မတိမ်းမယိမ်းရှိပြီးကိုယ်လုံးကိုယ်ထည်တုတ်ခိုင်
တောင့်တင်းသူတဦးဖြစ်ပါသည်။ သူ၏အေးစက်သော မျက်လုံးများကမိမိယုံကြည်ရာကို
နောက်မဆုတ် တမ်း လုပ်မည့်သူ တဦးဟု ဖေါ်ပြနေခဲ့ပါသည် ။
ကိုဟန်ရှင်ဝင်း
9
မုန်ဟင်းခါးချက်လျှင် ကိုဟန်ရှင်ဝင်းကို အားကိုးရသည်၊ သူဦးစီးလုပ်လျှင် အစစအရာရာ
အဆင်ပြေသည်။
10
ဆိုက်ကို (စိတ်ပညာ) ကျောင်းသားများနှင့် ကိုတင်မောင်ဦးတို့ကလည်း ကျောင်းသား
သမဂ္ဂပြန်လည်ဖွဲ့စည်းရေးကို မလျှော့တမ်းတင်ပြလာနေသည့်အတွက် ဟန်ရှင်ဝင်းတို့အုပ်စု
(ပင်းယ၊အင်းဝ၊ပဲခူး၊သထုံအုပ်စု) အစည်းအဝေးမှ လစ်ထွက်လာခဲ့ကြသည်။ နိုင်ငံရေး မလုပ်သင့်၊
လုပ်လျှင်လည်း မအောင်မြင်နိုင်ဟု ထင်၍ဖြစ်သည်။
ထိုဆွေးနွေးပွဲကိစ္စကို နောက်တနေ့တင
ွ် ကိုဟန်ရှင်ဝင်းကို ကျောင်းသားရေးရာဌာန အရာရှိ
ဦးဋ္ဌေးမြင့်က ခေါ်ယူမေးမြန်းလာခဲ့သည်။ ကျောင်းသားသမဂ္ဂ ကိစ္စပါသလား၊ ဟုတ်သလားဟု
ဖြစ်သည်။ဟန်ရှင်ဝင်းကဟုတ်တယ်၊ကြားတယ်။ဒါပေမဲ့ကျွန်တော် တို့ကတော့နိုင်ငံရေးမပါ ချင် လို့ ပြန်
လာခဲ့တယ်။ဘယ်ကလူတွေလဲမသိဘူးဟု ဖြောင့်ကွယ်၊မယုတ်မလွန်ဖြေသည်၊ ဦးဋ္ဌေးမြင့်က သူတို့
နဲ့မရောနဲ့သတိထား၊ ထောက်လှမ်းရေး ကလိုက်နေပီ မင်းတို့ပါ ပြဿနာတက်လိမ့်မယ်ဟု သတိ
ပေးသည်။
11
ဆိုသောသွေးဆူစေသည့် အမေးကိုရောက်သောအခါ၊အားလုံး ပို့မယ့်သူ ချည်း ဖြစ်ကုန်ကြတော့
သည်။ ပွားနှုန်းကဟန်ရှင်ဝင်းတို့တနံနက်ဘဲစည်းရုံးရသည်။နေ့လည်၁၂နာရီကျော်တော့၊အဓိပတိလမ်း
အပြည့်၊ အဆောင်ရှေ့မှာအပြည့်၊ရင်ပြင်နီ(တက္ကသိုလ်စာတိုက်ရှေ)့အပြည့၊်အဆောင်နေ ဟောကျူတာ
ဆရာ ဦးမျိုးမြင့်(နောင်ကမာရွတ်မြို့နယ် NLD ဥက္ကဌဖြစ်မည့်သူ)နှင့်ဆရာဦးသင်းလှိုင်တို့သည် လည်း
အုပ်ထိန်းရသော ဆရာအဖြစ်မှမေ့လျော့ပြီး၊ “၁၉၇၀ရွှေရတုပြီးလျှင်ဒါအစည်ဆုံးဘဲဟ” ဟုကျောင်း
သား ကြားမှာလိုက်ပြောနေ သည်ကိုဝမ်းမြောက်စွာတွေ့ရသည်။ ဆိုရလျှင်၊ဆရာများရော၊ ကျောင်း
သား များပါ မတိုင်ပင်ဘည
ဲီညွတ်ကြသည်ဆိုကမမှားချေ။
နိုင်ငံတော်ဈာပနအဖြစ်အစိုးရကမသတ်မှတ်သော်လည်းပြည်သူကကိုယ့်အသိစိတ်ဖြင့်ကိုယ်ညီညွတ်
စွာသတ်မှတ်လာခဲ့သည်။ လမ်းစဉ်လူငယ် ခေါင်း ဆောင်တွေ ကလဲ သူ့အုပ်စုနှင့်သူ ပါလာတာ
ကိုဟန်ရှင်ဝင်းမြင်တွေ့ရသည်။ ထိုစဉ်က ကိုဇော်ငြိမ်းလတ်သည် (ယခုနိုင်ငံရေးအကျဉ်းသားဟောင်း
များအသင်းဥက္ကဋ္ဌ၊မဲဆောက်)၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ၏လမ်းစဉ်လူငယ်အတွင်းရေး မှူးဖြစ်
သည်။ သူတို့ကလဲ ကားတစီးနှင့် မိုက်ခရိုဖုံး နှင့်ဖြစ်သည်။
စီးပွားရေးတက္ကသိုလ်
ကိုစိုးညွန့် (ပြောင်ကြီး)
12
ဇွဲကပင်ဆောင်တွင် နေသည်။ “အေး ကောင်းပြီး မနက်ဖြန်မှာ တွေ့မယ်” ဟု ပြောပြီး
ဇော်မင်းပြန်သွားသည်။
မောင်မောင်တိတ်
14
(စီးပွားရေးတက္ကသိုလ်) က စာသင်ဆောင် AE10 မှ ပြောင်းရွေ့ပြီး ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုတွင် လမ်းစဉ်လူငယ် မှ လူတချို့က ခြေလျှင်ချီတက်မည့် အကြောင်း တင်ပြသည်။
မောင်မောင်တိတ်တို့က ခြေလျှင်ချီတက်သည် ကို လက်မခံ။ မောင်မောင်တိတ် စိုးရိမ်သည်က
ခြေလျှင် ချီတက်လျှင် လမ်းတွင် ကျောင်းသူလေးများကို ထိကပါး ယိကပါး လုပ်လျှင်
ကျောင်းသားများနှင့် ရန်ဖြစ်မည်။ ပွဲပျက်မည်။ သို့မဟုတ် အရက်တိုက်ပြီး လူမိုက်များနှင့်
လမ်းခရီးတွင် ရန်ပွဲဖန်တီးမည်ဆိုလျှင် ပွဲပျက်မည်။ အကောင်း ဆုံးက ဘတ်စကားများနှင့်
ချီတက်ခြင်းပင် ဖြစ်သည်ဟု အကြံပြုသည်။
15
ဒီဇင်ဘာလ (၅) ရက်နေ့
ကိုစိုးညွန့်တို့လိုယပ်တောင်တွေဝေတဲ့အခြားအဖွဲ့နှစ်ဖွဲ့ရှိသေးသည်။တဖွဲ့ကဦးသန့်မိသားစု၊
သူတို့ကလဲ ယပ်တောင်တွေ လာပြီးပေးသည်။ နောက်တဖွဲ့က နိုင်ငံခြားဘာသာ တက္ကသိုလ်မှ
ကျောင်းသားများ ဖြစ်သည်။ ကိုခင်မောင်အေး ဦးစီးပြီးဝေသည်။ ကားတွေ မလိုတော့တဲ့အတွက်
ကိုစိုးညွန့်ကားတွေကို ပြန်ခိုင်းလိုက်သည်။ အီကိုကင်တင်းမှာ အခန်း (၃) ခန်းရှိသည်။ ၁၃,၁၄,၁၅
တို့ဖြစ်သည်။ သက်သာချောင်ချိရေး လက်ဘက်ရည်ဆိုင်နှင့် မျက်စောင်းထိုးလေးတွင်ဖြစ်သည်။
ထိုအခြမ်းမှ ကျောင်းသားတွေ ချီတက်လာပြီး ပူးပေါင်းလိုက်တော့ အင်အား တထောင်ခန့် ဖြစ်လာ
သည်။ RASU (၀ိဇ္ဇာသိပ္ပံ) က ကျောင်းသားတွေကလည်း သူ့မေဂျာနဲ့သူ အဓိပတိ လမ်းမကြီး
တလျှောက် အီကိုကနေ မိန်းဂိတ်နားအထိ လူတန်း ကြီး ဖြစ်နေတယ်။ အက္ခရာစဉ်အလိုက် မေဂျာခွဲပြီး
စံနစ်တကျတန်းစီပေးကြသည်။ထိုအထဲတွင်အနက်ရောင်တူညီဝတ်စုံဝတ်ထားသည့်ရှမ်းကျောင်းသူ
များသည်အလွန်ကြက်သရေရှိသည်။ ၉ နာရီခွဲလောက်မှာ စထွက်လာပြီး လမ်းမှာ နိုင်ငံခြားဘာသာ
တက္ကသိုလ်က ကျောင်းသားတွေက လာပေါင်းကြတော့ ပို၍ မြိုင်သွားသည်။
16
ဟန်ရှင်ဝင်းက ဂရုမစိုက်အား။ တင်မောင်ဦးနှင့် ထွန်းအောင်ကျော်တို့အုပ်စုတွေကလည်း
ကျောင်းဝင်းကျောင်းပြင်ရှိ ကျောင်းသားများနှင့် ကိုယ့်အုပ်စုနှင့်ကိုယ် အလုပ်ရှုပ်နေကြသည်။
တယောက်နှင့် တယောက် မြင်တွေ့နေကြသော်လည်း နံမည်မမေးကြ။ မမေးရဟု မပြော သော်လည်း
ဘယ်သူ့ကိုမှ မယုံရ။ ထို့ကြောင့် မစပ်စုရဆိုသည်က အလိုလို နားလည်ပြီးသား ကိစ္စဖြစ်သည်။
ဖိနှိပ်ခံထားရသော လူ့ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ လုပ်မှသာ လုံခြုံမှု ရှိနိုင်မည်။ မိမိကိုယ်ကို
ကာကွယ်နိုင်ဆိုသည်ကို လူတိုင်းက မသင်ဘဲနှင့် သိနေကြသည်။ ဖိနှိပ်ခံထားရ သည့် ဘဝတွင် ထိုသို့
လုပ်ရဲခြင်းပင်လျှင် လေးစားချီုးကြုးထိုက်ခြင်းပင် ဖြစ်သည်။
ချီတက်ခြင်း
17
ဟန်ရှင်ဝင်းက ကျောင်းသားရေးရာဌာနမှ လောက်စပီကာနှင့် အသံချဲ့စက် ကိုယူပြီး ဒေါဂျစ်ကား
ပေါ်တင် သည်၊သင်္ချာဌာန ရှေ့တွင် ဘတ်စကားများ ရပ်ထားစေသည်၊အဓိပတိ လမ်းမကြီး ပေါ်တွင်
လည်း ဘတ်စကားများ တန်းစီရပ်စေသည်၊ဟန်ရှင်ဝင်း တယောက်သိပ္ပံဌာနနှင့် တက္ကသိုလ် ဓမ္မာရုံ
အကြားလူးလားခေါက်တုံ ပြေးနေရသည်။မထင်မှတ်ဘဲ ကျောင်းသားများစုဝေး လာ သဖြင့်
ပျော်ရွှင်လျက်ရှိသည်၊လူစုံစေရန် ကားဆရာများကို ၁၂ နာရီတွင် မထွက်ဘဲ ၁ နာရီ ခန့်တွင်
ထွက်ရန်ပြောရသည်။ကားဆရာ အချို့ကလည်း အခြား အော်ဒါရှိသဖြင့် ငွေပိုပေး သော်လည်း
မစောင့်နိုင်ဟုပြောသည်၊ကျောင်းသားများကလည်း မစောင့်တော့ပဲ ထွက်ချင် ကြသည်၊၉ နာရီ ၁၀
နာရီခန့်က ကျောင်းသားအုပ်စုများ လမ်းလျှောက်၍ ထွက်သူက ထွက်
သွားကြပြီးဖြစ်သည်။စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားများကလည်း၎င်းတို့ဘတ်စ ကား များ ကို
ပြန်လတ
ွ်ပြီး လမ်းလျှောက်ချီတက် သွားကြပြီးဖြစ်သည်။ကျောင်းသို့ကျောင်းသား များ တဖွဲဖွဲ
ရောက်လာနေဆဲဖြစ်သဖြင့် ပထမ အသုတ်လမ်း လျှောက်ချီတက်သွားကြသူများနေရာ အဓိပတိ
လမ်းမကြီးပေါ်တွင် နောက်ရောက်လာသော ကျောင်းသားများဘတ်စကားများဖြင့် ပြည့်ကြပ်လို့လာ
ခဲ့သည်။
ကျိုက္ကဆံကင
ွ်းထဲမှာဆုံကြပြီ
18
ကျိုက္ကဆံ ကွင်းထဲကို စိတ်ပါလက်ပါနဲ့ လိုက်ပို့ကြတာဖြစ်ပါသည်။ပထမ စစချင်းတော့
ကျောင်းသားအများစုမှာ အစိုးရ အပေါ် မကြေနပ်ဖြစ်တာ ကလွလ
ဲို့ အစိုးရ ဆန့်ကျင်ရေးကို
မစဉ်းစားကြပါဘူး၊နိုင်ငံရေး အတွေ့အကြုံကနဲပါးတဲ့အပြင် နိုင်ငံရေးလုပ်တဲ့ ကျောင်းသား တွေ
ကျောင်းဝင်းအတွင်းက ကြက်ပျောက်ငှက်ပျောက်၊ ပျောက်သွားခဲ့တာတွေကို ကြားသိနေ ရလို့
မကြေနပ်ပေမဲ့ ဦးဆောင်ပြီး ဆန့်ကျင် လိုတဲ့စိတ်မရှိကြပါဘူး။ဒါပေမယ့် ဦးဆောင်ပေး မ့သ
ဲူရှိလာတဲ့
အခါ၎င်းတို့ရဲ့ ငုတ်နေတဲ့ အာခံချင်စိတ် မီးခဲလေးဟာ လေအပင့်မှာ ဟုန်းခနဲ့ မီးတောက်အဖြစ်
တောက်လောင်သွားခဲ့ခြင်း ဖြစ်ပါသည်။
တင်မောင်ဦး
ဦးသန့်ဈာပနတွင်ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိုကျိုးစားသင့်ကြောင်းတောင်ငူတိုးချဲ့ ဆောင်တွင်
ဆွေးနွေး တင် ပြသည့်အခါ စိတ်ပညာကျောင်းသားများက ထောက်ခံဆွေးနွေးပြီး သင်္ချာအဓိက
ကျောင်းသား ဟန်ရှင်ဝင်းနှင့်အဖွဲ့က နိုင်ငံရေးမပါသင့်ကြောင်း ကန့်ကွက်ပြီး အစည်းဝေးမှ
ထွက်ခွာသွားခဲ့သည်။
ဦးသန့်အလောင်းစင်ထားရာရှေ့ဖက်ကွက်လပ်တင
ွ်စုရပ်အဖြစ်တွေ့ရန်သတ်မှတ်ခဲ့ကြသည်။
သတ္တဗေဒ၊သင်္ချာနှင့်စိတ်ပညာကျောင်းသားများ၊စိတ်ဓာတ်တူညီသူများ၊ကျောင်းသားသမဂ္ဂ
ပြန်လည်ဖော် ဆောင်ရေးကို ကျိုးပန်းလိုသူများ အားလုံးလက်တို့၍ မနက်၁၀ နာရီခန့်တွင် မိန်းမှ
အဓိပတိလမ်းအတိုင်း လမ်းလျှောက်ချီတက်ခဲ့ကြသည်။
ကျိုက္ကဆံကင
ွ်းသို့နေ့လည်ခန့်တွင်ရောက်သည်။ကျောင်းသားပြည်သူများ၊ရဟန်းသံဃာတော်များ
ကွင်းလုံးပြည့် ရောက်ရှိလာကြသည်။၎င်းတို့၏မျက်နှာများကတစုံတခုကိုမျှော် လင့်နေ ပုံ ရသည်။
19
ဦးသန့်အားလူသာမန်တို့မြှုပ်ရာနေရာဖြစ်သည့်ကြံတောသုဿန်တွင် မြှုပ်နှံစေ ခြင်း ကို လာရောက်
သူ များအားလုံးကြေနပ်ပုံမရ။အားလုံး မျက်နှာထားများက ထိုမကြေ နပ် ချက်ကို ဖော်ပြနေကြသည်။
ထွန်းအောင်ကျော်
20
သူတို့ရဲ့ မျက်နှာမှာ ဘယ်လိုမှ မကြေနပ်တဲ့ အရိပ်အယောင်တွေ မြင်နေရပြီး ဘယ်သူလုပ်မလဲ၊
ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်နေကြပုံပေါ်ပါသည်။
ထိုအချိန်တင
ွ် ဒေါ့ဂျစ်ကားပေါ်မှ လမ်းစဉ်လူငယ်အဖွဲ့ဝင်မျာက “ဦးသန့်ဈာပနကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့
ပို့ဆောင်ဖို့ လုပ်ကြပါ၊ အနှောက်အယှက်များကို လုံးဝမပြုလုပ်ရန် သတိပေးသည်” လို့ လော်စပီကာမှ
ပြောကြားပြီး “စည်းကမ်းရှိကြပါ၊ ဆူပူမှု မလုပ်ကြပါနဲ့၊ အစီအစဉ်အတိုင်း ငြိမ်းချမ်းစွာ လိုက်နာကြပါ”
စသည်ဖြင့် ပြောကြားနေစဉ် တင်မောင်ဦး က “အဲဒီကားကို သိမ်းပိုက်”ဟု လက်ညှိုးထိုး၍ ပြတ်သွားစွာ
ပြောကြားလိုက်သည့် တခဏ လူအုပ်ကြီးက ထိုကားဆီသို့ တဟုန်ထိုး ပြေးသွားပြီး “အဲဒီကားကို
သိမ်းမယ်ဟေ့” ဟု အော်ဟစ်လိုက်သည့် ကျယ်လောင်လှသော အသံကြီးက ထိုဒေါ့ဂျစ်ကားပေါ်မှ
လူများကြောက်လန့်၍ ခုန်းဆင်းပြေးရသည့်အထိ တုန်လှုပ်ချောက်ခြားသွားစေခဲ့ပေသည်။
ထွန်းအောင်ကျော်အနေနှင့် အကယ်၍များ ထိုလူများ ထွက်မပြေးပါက အသက်အန္တရာယ်ပင်
ကြုံတွေ့ရနိုင်သည်ဟု ယူဆမိပေသည်။
လမ်းဘေးကားလမ်း တဖက်တချက်တင
ွ်ရှိသည့် အိမ်များမှ လူများကလည်း ထွက်ကြည့်ကြပြီး
လက်ခုပ်လက်ဝါးတီးကာ သြဘာပေးသည့်သူက ပေးသလို သောက်ရေအိုးကို အိမ်တွင်းမှ
ထမ်းထုတ်ကာ လူထုကို ရေတိုက်သူတို့က တိုက်ကြသည်။ မုန့်ကြွေးသူတို့က ကြွေးကြသည်။
တက္ကသိုလ်ရိပ်သာ လမ်းမကြီးပေါ် ရောက်သည့်အခါ လမ်းမကြီး တလျှောက် လူများ ပြည့်နှက်နေပြီး
လမ်းဘေးရှိအိမ်ကြီး အိမ်ကောင်းများမှ လူကုံတန်များကလည်း သောက်ရေ၊ ဖျော်ရည်စသည်တို့ဖြင့်
သဒ္ဒါတရားထက်သန်စွာ ချီတက်လာသူများကို အားပေးကြသည်မှာ ပါဝင်ချီတက်သူများအဖို့
ပင်ပန်းရမှန်းပင် မသိတော့ပါ။
22
ကိုသန်းမြင့်သို့မဟုတ် ဒါးသန်းမြင့်
ကိုသန်းမြင့်နှင့်မျိုးချစ်စိတ်ပြင်းထန်သောအလုပ်သမားကိုယ်စားလှယ်ငါးယောက်တို့အမေဒေါ်
ခင်ကြည်အိမ်သို့သွားပြီးနိုင်ငံတော်ဈာပနအနေနှင့်ချသင့်ကြောင်းကိုတိုက်တွန်းပေးရန်ပန်ကြားကြ
သည်။ အမေဒေါ်ခင်ကြည်က“သားတို့ရေမင်းတို့ကိုဧည့်ခံဘို့နက်စကော်ဖီတော့မရှိဘူးထမင်းကြော်စား
ကြ”ဟုချကျွေးသည်။ ထို့နောက်“အမေလဲပြောပါတယ်ဒါပေမဲ့သူတို့ကလုပ်မှာမဟုတ်ဘူး” ဟုဆိုသည်။
ကိုသန်းမြင့်တို့စိတ်မကောင်းစွာဖြင့်ပြန်ခဲ့ကြသည်။ ထိုနည်းတူ ဗိုလ်ချုပ်ကျော်ဇောထံသွားသော်လည်း
အကြောင်းမထူးခဲ့။
ရဲကြီးကိုသန်းမြင့်ကိုယ်တိုင်ကပါတီစိတ်မှူးဖြစ်သည်၊အားလုံးချထားတဲ့အစောင့်တွေကသူ့ နယ်
မြေကလူတွေ။ သူကပါတီစိတ်မှူးဆိုတော့သူ့ကိုလူအကုန်သိနေသည်၊သူ့ကိုမှားမယ်၊လွန်မယ်လို့သ
တိပေးတဲ့ရဲတွေကိုသူက “မင်းတို့လက်ထဲရှိတဲ့သေနတ်ကအမိန့်ပေးမှပစ်လို့ရတာတွေ့ လားငါ့ဒါး
ကအချိန်မရွေးအမိန့်တောင်းစရာမလိုဘဲမွှေ့လို့ရတယ်ကြည့်ထား” ဆိုပြီးဒါးနဲ့ရမ်းပြီး ကြိမ်း သည်။
သူကအလောင်းထားတဲ့ယာယီတဲရဲ့အနောက်ဘက်မှာ ကြိမ်းဝါးနေတုံး ဦးသန့်အလောင်း စင် အရှေ့
ဘက်မှဒေါ့ဂျစ်ကားပေါ်မှာတင်မောင်ဦးတို့တက်သိမ်းပြီးရုတ်ရုတ်ရုတ်ရုတ်ဖြစ်တော့သူ ကြောင်ကြည့်
23
နေသည်။ နောက်မှကျောင်းသားများအလောင်းကိုတက္ကသိုလ်သို့ယူဆောင်သွားမည်ဟုကြေငြာလိုက်
သည့်အခါမျက်ရည်များလည်သည်အထိဝမ်းသာလို့သွားသည်။ရဲကြီးကိုသန်းမြင့်တယောက်ဝမ်းသာစွာ
လူအုပ်နောက်သို့လိုက်သွားသည်။ ဦးသန့်အရေးအခင်းတွင်အာဏာပိုင်အဖွဲ့ထက
ဲ နေတာဝန်ထမ်းနေသူ
တွေ ထဲမှဗိုလ်နေဝင်းကို ဗြောင်ဆန့်ကျင်ရဲတာ ရဲကြီး ကိုသန်းမြင့်တယောက်ဘဲရှိသည်။
ကွင်းရဲ့အပြင်ကိုရောက်နေတဲ့အတွက်ကွင်းထဲမှာဘာတွေဖြစ်နေတယ်ဆိုတာမသိဘဲဖြစ်နေ
သည်။ကားတွေရပ်တဲ့နေရာရဲ့ကြားထဲမှာပွဲကြည့်စင်ခံနေတဲ့အတွက်ဘာမှကိုမသိလိုက်ဘဲ
အောင်မြင့်ကြီးပြေးလာပြီးပြောတော့မှအကြောင်းစုံကိုသိသည်။
တင်မောင်ဦးနောက်တင
ွ် လူအုပ်ကြီးက မဲမလ
ှဲုပ်နေ့သည်ကို မြင်ရသောအခါ ဟန်ရှင်ဝင်းစိတ်ထဲတွင်
အံ့သြသွားသည်။ “ဟဒီလိုတော့လည်း တယ်ဟုတ်ပါလား၊ နိုင်ငံ ရေးလုပ်တာဒီလိုကိုး”ဟုတွေးပြီး
မှတ်ချက်ချလိုက်မိတယ်၊ မိမိအနေနှင့် ဤကဲ့သို့ လုပ်၍ရမည်မ ဟုတ်ဟု အစကထင်ထား
ခဲ့သည်။မဖြစ်နိုင်ဟု ထင်ထားသည်ကို တင်မောင်ဦးက လုပ်ပြလိုက် သည့်အခါ တင်မောင်ဦး
လုပ်ရပ်ကို အထင်ကြီးလို့သွားသည်။
24
ဒီအချိန်ကလူတွေတအားကြပ်နေပြီ။ ဘယ်taxi မှငှားလို့မရတော့
25
ရန်ကုန်တက္ကသိုလ်ဆီသို့ ဦးတည်လျက်ရှိသည်မှာ ကြောတွင်းချဉ်ဆီတဖျင်းဖျင်းထအောင်
အားရကြေနပ်စရာ ကောင်းလှပါပေသည်။
26
“ဘယ်လောက်လိုလဲ” ဟု ထပ်မေးသည်။ “၅၀၀ လောက်တော့ လိုလိမ့်မယ်” ဟု စိုးညွန့်က ဖြေသည်။
အဲဒီနောက် အောင်ကျော်မြင့်က သူတာဝန်ယူမယ်ဟုဆိုပြီး ထွက်သွားသည်။ ကျောင်းသား
ကျောင်းသူများ ဗိုက်ဆာကုန်ပြီ၊ ညနေ ထမင်းစားချိန် ရောက်ပြီကိုး။
27
စိုးညွန့်က ကိုတိတ်တို့အဖွဲ့တွင် သူ့လူဂျော်နီကို လွှတ်ထားသည့်အတွက် အခြေစိုက်တွင် လည်း
ဝင်၍ရသည်၊ ဗဟိုတွင်လည်း သူက ဒုဥက္ကဋ္ဌဖြစ်သည်။ ဖြစ်ချင်တော့ စိုးညွန့်လူဂျော်နီက
အခြေစိုက်မှာသူသည် အီကိုခေါင်းဆောင်ဆိုပြီး နေရာယူထားတဲ့အတွက် အီကို CEC အဖွဲ့ကနေ
ဂျော်နီကို တခါ ဖြုတ်ပစ်ရပြန်တယ်။ အခြေအနေတွေက ရှုပ်ထွေးနေသည်၊ ခေါင်းဆောင်များ
တနေ့နဲ့တနေ့ အပြောင်းအလဲ ဖြစ်နေသည်။ ပါဝင်လုပ်ကိုင်နေသူများသည်လည်း
တဦးအကြောင်းတဦး မသိကြ၊ ပိုဆိုးသည်က ၁၉၆၂ ခုနှစ် နောက်ပိုင်း အဖွဲ့အစည်းဖွဲ့စည်းခွင့်
မရှိကြ၍ အဖွဲ့အစည်းတခုကို မည်ကဲ့သို့ အုပ်ချုပ်ရမည်ဆိုသည်ကို မသိကြ၊ အဆိုးဆုံးမှာ တဦးကို
တဦး ယုံကြည်မှု အားနည်းနေကြခြင်းဖြစ်သည်။
ထွန်းအောင်ကျော်
28
နေသည်။ ငါတို့ အောင်မြင်ပြီဆိုသည့် သဘော၊ ထွန်းအောင်ကျော်က သူပြုံးသလို ပြန်မပြုံးနိုင်
ဒေါသက ထွက်နေသည်ကိုး။
29
ပြန်ကြားရေးတာဝန်ခံ၍ ထွန်းအောင်ကျော်က ကျောင်းသားငယ် သုံး ၊ လေး ဦးကို ခေါ်ယူပြီး
ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦဘေးတွင် ဝန်းခတ်ထားပြီး စိုက်ပေးသည့် ပန်းအိုးများကို
သွားမယူကြသည်။ ခန်းမရှေ့ လှေကားထစ်တွင် တရားဟောစင်ဆောက်ပြီး ၎င်းစင်ဘေး
တဖက်တချက်တွင် ပန်းအိုးများကို စီထားစေသည်။
30
ငွေစက္ကူကြဲချတာနဲ့ ဘယ်လိုလုပ် ချမ်းသာမှာလဲကွ ငါတော့ ရွှေတွေ ငွေတွေ ကြဲချပေးလိုက်မယ်လို့
ပြောသတဲ့။
ဟန်ရှင်ဝင်း
31
ဘယ်ကရောက်လာမှန်း မသိတော့။ မင်းသားကြီး ဇေယျရဲ့သား ယာမိုးနှင့်ဇော်မိုး တို့ ညီအကိုလည်း
အဲဒီမှာ ဆောက်လုပ်ရေး ဝင်လုပ်နေတာ တွေ့ရတော့ ရိက္ခာထောက်ပံ့ရေးကို ဝင်လုပ်တော့သည်။
ဟန်ရှင်ဝင်းက အဆောင်ကျောင်းသား အတွင်းရေးမှုးဖြစ်သည့်အတွက် လုပ်ပိုင်ခွင့်ရှိသည်။
ဂူဆောက်ရေးမှာ ဝင်ကူသည်။ အဆောင်က ထမင်းဟင်းတွေ သိမ်းပြီး သွားဝေသည်။
ဗဟိုရိက္ခာရုံကိုသွားပြီး အဆောင်အတွက် ရိက္ခာတွေကို သိမ်းပြီး ဗဟိုအားကစားရုံးထဲကို ပို့ပေးသည်။
ထမင်းထုတ်၊ ဟင်း ရိက္ခာ စသည်ဖြင့်ပေါ့။
မောင်မောင်တိတ်
အတိတ်ကို တစေ့တစောင်း
ပန်းချီဆရာများအဖွဲ့
40
ဟိုက်စကူးကျောင်းသားများ
42
များ ဘေးရန်ကင်းစေရန် ဆုတောင်းကြောင်း၊ လွတ်လပ်ရေးရအောင် တိုက်ပေးဖို့ ပန်ကြားကြောင်း
စသည်ဖြင့်အကြောင်းအရာများကို ရေးသားထားသည်။
အမြင်နှစ်မျိုး
43
ဦးသန့်အလောင်းကို အစိုးရက ပေးတဲ့နေရာ ကန်တော်မင်မှာ ချမလား၊ ယခု ကျောင်းသားတွေ
ဆောက်လုပ်နေတဲ့ တကသ ကွက်လပ်မှာ ချမလားဆိုတဲ့ မေးခွန်းက ကွန်ဗိုကေးရှင်းမှာလည်း
ဆွေးနွေးနေကြသည်။ တင်မောင်ဦးက ဘယ်လိုလဟ
ဲု ထွန်းအောင် ကျော်ကိုမေးသည်။ “ခင်ဗျား
သဘောထားဘယ်လိုရှိလဲ ဒီမှာချတာနဲ့ အစိုးရပေးတဲ့ ကန်တော် မင်မှာ ချတာ ဘယ်လို
အကျိုးအမြတ်ရှိမလဲ။ ဘယ်ဟာက ပိုကောင်းမလဲ။ အခု ကျွန်တော်တို့ တောင်းတဲ့ ထိုက်တန်တဲ့
မြေနေရာ သူတို့က ပေးနေပြီ၊ ဒါကို မယူဘူး တကသကွက်လပ်မှာ ချမယ်ဆိုရင် သဘာဝကျပါ့မလား၊
ပြည်သူတွေကို ဘယ်လိုဖြေရှင်းရမလဲ” လို့ မေးသည်။
မောင်မောင်တိတ်ရဲ့နည်းဗျူဟာ
46
တကသ ကွက်လပ်ကြီးသည် ဆောက်လုပ်ရေးလုပ်နေသည့် ကျောင်းသားများ၊
ရဟန်းသံဃာတော်များဖြင့် ပြည့်နေသလို မန္တလေးဆောင်ဝင်းအတွင်းနှင့် အဓိပတိလမ်းဘေး
တဖက်တချက်တွင်လည်း လူပရိဿတ်များနှင့် ပြည့်နေသည်။ ထို့ပြင် တက္ကသိုလ်ရိပ်သာလမ်း၊
တက္ကသိုလ်စာတိုက်၊ ဆေးရုံ၊ တက္ကသိုလ်ဓမ္မာရုံတို့တွင်လည်း လူပရိဿတ်များ ပြည့်လျှက် လာရောက်
ကြည့်ရှုအားပေးနေကြသည်။
ခြေတလှမ်းဆုတ်ခြင်း
49
ခေါင်းပေါင်းထားကြသည်။ ရဲမြင့်သိန်းအိမ်မှ သဘက်တွေကို ရဲမြင့်က ယူလာပေးခဲ့ပြီး အိမ်ပြန်သည်၊
သူအိမ်နှင့်က ၅ မီနစ် အဝေးဆိုတော့ ပြန်ပေလေ့စေပေါ့။
50
“ကျွန်တော်ခင်ဗျားကို အလေးအနက်ပြောချင်တာက ခင်ဗျားလို သတ္တိ၊ ဗျတ္တိရှိတဲ့သူနဲ့ ကျွန်တော်
လက်တွလ
ဲုပ်ချင်တယ်။ ကျွန်တော်တို့ အဖမ်းမခံဘဲ ထွက်ရင်၊ ဒီမှာ ကျန်ရစ်ခဲ့ပြီး အဖမ်းခံရတဲ့သူတွေ
လွတ်အောင် ကျွန်တော်တို့ အများကြီး လုပ်နိုင်တယ်။ လုပ်လို့ရတယ်၊ ကျွန်တော်တို့ ထွက်တာ
ကြောက်လို့ မဟုတ်ဘူး၊ ဒီမှာ အဖမ်းခံရတဲ့သူတွေ လွတ်ဖို့အတွက် မြန်မာပြည်ကြီး
စစ်ကျွန်သဘောက်ဘဝက လွတ်အောင်လုပ်ဘို့ အတွက် ထွက်တာလို့ မှတ်လိုက်စမ်းပါ။ ဒီမှာဗျာ
ကျွန်တော်ပြောမယ် “He who fights and runs will fights another day” တဲ့ဗျ။ ကျွန်တော်တို့
အခုတိုက်ပြီး နောက်တလှမ်းဆုတ်တာ နောက်တကြိမ် ပြန်တိုက်ဘို့ဘဲမှတ်ပါ” လို့ စိတ်ရှည်လက်ရှည်
ရှင်းပြသည်။ ထွန်းအောင်ကျော် ငြိမ်ပြီးနားထောင်သည်။ အတန်ကြာမှ သက်ပြင်းရှည်ကြီး
မှုတ်ထုတ်လိုက်ပြီး “အေးဗျာ- ခင်ဗျားပြောတာ အဓိပ္ပါယ်ရှိတယ်၊ ကျွန်တော်တို့ အဖမ်းမခံဘဲ
ဆက်တိုက်ကြမယ်” လို့ သဘောတူလိုက်သည်။
ခြံစည်းရိုးအပြင်ရောက်ပြီးအင်းယားလမ်းမကြီးပေါ်တက်၊ထိုမှတဆင့်ရိုးမရိပ်သာလမ်း ဘက်ဆီ
သို့ထွက်ခဲ့ကြသည်။ထွန်းအောင်ကျော်လမ်းလျှောက်လာရင်အံကြိတ်ထားသည့်ကြားမှမျက်ရည်စက်တို့
ပါးပြင်ထက်သို့ လွင့်စင်ကျလာသည်။ တိုးတိုးလေး တချက်ရှိုက်လိုက်သည်။ “ငါတို့ ပြန်လာမယ်
ရဲဘော်တို့” လို့ တိုးတိုးလေး ပြောနေမိသည်။ အင်းယားကန်ဘောင်ကြီးသည် တန်းမတ်နေသည်။
တဖက်ခြမ်းတွင် ဦးနေဝင်းက အိပ်ကောင်းတုံး ရှိနေလိမ့်မည်။
ဝင်းထဲတွင်ဖမ်းတာ၅၀၀၀ကျော်အပြင်၊အပြင်ဖက်တွင်နောက်နေ့များတွင်ဆက်ဖမ်းတာ လည်း
၅၀၀၀ကျော် ရှိသည်။ နောက်ဆုံးထောင်ထတ
ွဲင်ကျန်ခဲ့သည်က၅၂ယောက်။ အဆောင် ၃ ရောက်
တော့အပေါ့သွားသည့်နေရာမှာရေးထားသည်ကရဟန်းတော်ပေါင်း ၆၇၄ပါးအဖမ်းခံခဲ့ကြရသည်။
တက္ကသိုလ်အလေးမရုံစောင့်ကိုကျော်သိန်းတို့မိသားစုသည်အလေးမရုံဘေးတွင်နေသည်၊
တက္ကသိုလ်ဝင်းကိုပိတ်ဖမ်းစဉ်၊ကလေးကအစအကုန်အဖမ်းခံရသည်။ရှင်းပြသော်လည်းမရထောင်တင
ွ်း
၌သုံးပတ်ဒုက္ခခံပြီးမှလတ
ွ်သည်၊ဆိုးသည်ကလွတ်လာသည့်အခါဝိတ်ရုံတွင်းရှိဝိတ်ပြားများ၊ခေတ်မှီအ
လေးမကရိယာအများအပြားကိုတပ်မှဗြောင်ခိုးယူသွားခဲ့ကြောင်းတွေ့ရသည်။
56
ပြောင်ကြီးက သရက်တောကျောင်းတိုက်တွင် ကိုးကွယ်သော ဆရာတော်ကျောင်းတွင် ၉
ရက်နေ့ညတွင် အိပ်ပြီး အီကိုက ကိုထင်ကျော်နှင့် နှစ်ယောက် ပြည်ဘက်သို့ ရထားနှင့် ထွက်သည်။
လက်ပန်တန်းမရောက်ခင် ဆင်း၍ ထိုမှတဆင့် ကုန်ကားကြီး တားစီးပြီး ပြည်ဘက်သို့ တက်သည်။
ပြည်မှ နတ်မောက်သို့ ရှောင်သည်။ ၁၉၇၅ မတ်လ ၇ ရက်နေ့တင
ွ် ရန်ကုန်ပြန်ရောက်လာစဉ်
နေအိမ်တွင် ထောက်လှန်းရေး (၇) မှ လာရောက်ဖမ်းဆီးခြင်း ခံရသည်။
နိဂုံး။ ။
ဦးသန့်အရေးအခင်းတွင်အဓိကဦးဆောင်ခဲ့သူများ
၁။ ကိုစိုးတင့် (ဥက္ကဋ္ဌ)ပထမအကြိမ်ရွေး
၂။ ကိုကြည်ဝင်း (ဥက္ကဋ္ဌ)ဒုတိယအကြိမ်ရွေး
၃။ ကိုစိုးညွန့် (ပြောင်ကြီး) (ဒုဥက္ကဋ္ဌ)
၎။ကိုတင်မောင်ဦး(အထွေထွေအတွင်းရေးမှူး) ပထမအကြိမ်ရွေး
၎။ ကိုသက်လှိုင် (RIT) (အထွေထွေအတွင်းရေးမှူး)
၅။ ကိုမောင်မောင်တိတ် (မန္တလေးဆောင် အခြေစိုက်)
59
ဦးသန့်အရေးအခင်းတွင် ထောင်ကျသည့် ၅၂ ဦးထဲမှ မှတ်မိသမျှ
ကျောင်းသားခေါင်းဆောင်များစာရင်း
စီးပွါးရေးသက္ကသိုလ်မှ ( ၃ ဦး)
၁။ကိုစိုးညွန့် (ရွှေခေါင်းပြောင်၊ပြောင်ကြီး) ဒု ဥက္ကဌ
၂။ကိုသက်တင်( စီးပွါးရေးတက္ကသိုလ်အနုပညာအတွင်းရေးမှုး)
၃။မသိင်္ဂီမြင့်
စိတ်ပညာမှ(၅ဦး)
၎။ ကိုမောင်မောင်တိတ် (ပဲခူး)
၅။ ကိုစောလှငွေ (ဓနုဖြူ)
၆။ ကိုတင်စိုး (ဂွ မြို့)
၇။ ကိုသောင်းအေး( မအူပင်)
၈။ ကိုမြင့်ဟန် (ခရမ်းသုံးခွ)
သင်္ချာမှ ( ၃ဦး)
၉။ ကိုကြည်ဝင်း ဥက္က္ထဌ
၁၀။ ကိုကြ ည် လွင် ဘဏ္ဍာရေးမူး
၁၁။ ကိုစိုးတင့် ဥက္က္ထဌ လုပ်သားများကော်လိပ် သင်္ချာ
ရူပဗေဒမှ ( ၃ ဦး)
၁၂။ ကိုအေးသိန်းအောင်ခေါ်ရာကျော်
၁၃။ ကိုထွန်းထွန်း (တောင်တွင်းဦးကိုကိုကြီး၏သား ၊တရုပ်ပြည် ဗကပ နယ်မြေတွင် ကျဆုံး)
၁၄။ မန်းဗာလ်ထွန်း ( ချင်းပြည်နယ်)
စက်မှု့သက္ကသိုလ်မှ (၅ ဦး)
၁၅။ ကိုသက်လှိုင်( ပိသုကာ ပညာပဉ္စမနှစ်) အထွေထွေအတွင်းရေးမှုး
၁၆။ ကိုစံသာ (မြို့ပြ) တန်ပြန်ထောက်လှန်းရေးမှုး
၁၇။ ကိုလှအောင်ခေါ် ဂိုရှယ် ခေါ် ရာဇာ
၁၈။ ကိုသိန်းဝင်း (ပြည် သိန်းဝင်းခေါ် အမေသိန်း)
၁၉။ ကိုသန်းလွင်း (သတ္တု ) (ညောင်လေးပင်)
ဘူမိဗေဒမှ(၁ဦး)
၂၀။ ကိုစိုင်းသိုက်နန်း (ကျောက်ပန်းတောင်း၊ဗကပ နယ်မြေ)
60
ပညာရေးတက္ကသိုလ်မှ ( ၁ ဦး)
၂၁။ ကိုထွန်းသိန်း
ဆေးတက္ကသိုလ် ၂ မှ ( ၁ ဦး)
၂၂။ ကိုလှမြင့် (ဟင်္သာတမြို့)
မြန်မာစာ မှ (၁ဦး)
၂၃။ ကိုဌေးအောင် ခေါ်သရဲလေးဌေးအောင်
ဓါတုဗေဒ မှ (၂ ဦး)
၂၄။ ကိုသောင်းဟန် (ဝိဇ္ဇာသိပ္ပံ အနုပညာအသင်းအတွင်းရေးမှုး)
၂၅။ ကိုတင်စိုး ခေါ် ခွေးတိုး ရိက္ခာမှုး အခြေစိုက်
ရုက္ခဗေဒမှ (၁ဦး)
၂၆။ ကိုတင့်ဆွေ ခေါ် ကျားကြီးတင့်ဆွေ (ထားဝယ်)
ဇီဝဗေဒ မှ (၁ ဦး)
၂၇။ ကိုဇော်ငြိမ်းလတ် (ပျဉ်းမနားခင်မောင်ထွေး ၏ သား)
အလယ်တန်းကျောင်းမှ (၁ဦး)
၂၈။ မဌေးဌေးဝင်း (ယခုထိုင်းမြန်မာနယ်စပ်)
ရဟန်တော်များ မှ (၅ ပါး)
၂၉။ ဦးသီလစာရ (ဒေါ်လာဒေါ်ညာ ဆရာတော်)ရဟန်းဥက္ကဌ
၃၀။ ဦးလာဘ ရဟန်းဘဏ္ဍာရေးမှုး (ဒီဇင်ဘာ ၁၁ မတိုင်မီအဖမ်းခံရ)
၃၁။ မကွေးဆရာတော်ခေါ် ဦးတေဇိန္ဒ
၃၂။ ဦးးနန္ဒ
၃၃။ ဦး ---????---
ရှေ့နေများမှ (၃ဦး)
၃၄။ ဦးရဲထွန်း ( ဒေါက်တာ ဘမော် ၏ သားမက်)
၃၅။ ကိုကျော်လင်း
၃၆။ ကိုသိန်းဝင်း ခေါ်တွံတေးသိန်းဝင်း
--------- -------------
၃၇။ ဦးထွန်းကျော်ငြိမ်း ဆရာဝန် (ဖဆပလ ဝန်ကြီးဟောင်းဦး ကျော်ငြိမ်းသား)
61
၃၈။ ကို ဘိုဘိုကျော်ငြိမ်း အင်္ဂျင်နီယာ(ဖဆပလ ဝန်ကြီးဟောင်းဦး ကျော်ငြိမ်းသား)
၃၉။ ကို ရဲ ထွဋ် ခေါ် ရဲမြင့်သန်း
၄၀။ ကိုကျော်စိုး (သက္က္လလ ပဲခူး)
၄၁။ ကိုဝင်းနောင် ခေါ် ဝင်းသိန်း (ပဲခူးရိုးမပြန်၊သခင်ဇင်၏တူ)
၄၂။ ကိုသောင်းတင် ခေါ် ဗိုလ်တောက်
၄၃။ ဒါးသန်းမြင့်ခေါ် မော်တော်ပီကယ်ရဲ ကြီးသန်းမြင့်
၄၄။ ကိုရာမင်း ပန်ရံဆရာ
၄၅။ ကိုတင့်ဆွေ( ဒေါ်လဖင်ရေးကူးသင်တန်းဆရာ)
၄၆။
၄၇။
၄၈။
ပန်းချီအဖွဲ့
၄၉။ စောအင်ဒရူး (ရန်ကုန်ဝိဇ္ဖာသိပ္ပံ တက္ကသိုလ်ပန်းချီသင်တန်းဆင်း)
၅၀။ ကိုစံမင်း (မော်ဒန်အတ်) (ရန်ကုန်ဝိဇ္ဖာသိပ္ပံ တက္ကသိုလ်ပန်းချီသင်တန်းဆင်း)
၅၁။ ကိုတင်မောင်ဦး ခေါ် ဗလကြီး (မန္တလေးပန်းချီကျောင်းဆင်း)
၅၂။ ကိုရဲမြင့် (မြင်းခြံ) (မန္တလေးပန်းချီကျောင်းဆင်း)
ထွန်းအောင်ကျော်(၇၄)
-------------------------------- ---------------------------------------
62
လျှက်ရှိခဲ့ကြသည်။ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(ပင်မ)ကျောင်းဝင်းအတွင်းကျောင်းသားသမဂ္ဂ
အဆောင်အအုံရှိခဲ့သောနေရာဟောင်းကွင်းပြင်ထဲတွင် ဘာမဆိုရင်ဆိုင်ရန် အဓိဋ္ဌာန် ခိုင်မာစွာ
ချထားသောကျောင်းသားနှင့်ပြည်သူ ငါးထောင်ကျော်သည် ထိုညက ငြိမ်းချမ်းစွာာ ဆန္ဒပြလျက်
ရှိခဲ့ကြသည်။
ကျောင်းသားသမဂ္ဂနေရာဟောင်းနှင့် မလှမ်းမကမ်းတွင်ရှိသော ဗိုလ်အောင်ကျော်ကျောက်တိုင်က
ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားနှင့်ပြည်သူတို့ကို မားမားမတ်မတ်ရပ်တည်ကာ
ထောက်ခံအားပေးလျက်ရှိသည်။ကျောင်းသားသမဂ္ဂ၀င်း နဘေးအစပ် နားတွင်ရှိသော သရက်
ပင်ကြီးများသည် ထိုနှစ်က ထူးထူးခြားခြား စောစီးအစွာပွင့်ခဲ့ကြပြီး သရက်ပွင့် များ ပင်လုံး
ကျွတ်ဝေလျက်ရှိခဲ့သည်။နီကျင့်ကျင့် သရက်ပွင့်များသည် စိမ်းမှောင်သော အရွက်များကို ဖုံးလွှမ်း
တော့မယောင်ရှိနေသည်။ ကျောင်းသားသမဂ္ဂ အတွင်း ညပိုင်းတွင် အရေးပေါ်အစီအစဉ်ဖြင့် ထွန်း
ညှိထားသော လျှပ်စစ်မီးများသည် ကွင်းပြင်ထတ
ွဲင် လူရိပ်များကြောင့်ကောင်းစွာမလင်းနိုင်ပဲရှိခဲ့သည်။
သရက်ပင်အုပ်များအောက်နားတွင်ခပ်မှောင်မှောင်ဖြစ်နေသည်။တဖက်တက္ကသိုလ်ဝင်းခြံစည်းရိုးနှင့်
ကပ်လျက်ရှိသော တက္ကသိုလ်ရိပ်သာလမ်းမပေါ်တွင် မီးရောင်များ ထိန်လင်းလျက်ရှိသည်။
တက္ကသိုလ်ရိပ်သာ လမ်းဘက်ရှိသောသမဂ္ဂ၀င်းစည်းရိုးတလျှောက်တွင် အမျိုးအမည်ခွဲခြားရန် ခက်
သော ပရိသတ်များဖြင့် ပြည့်ကျပ်နေပြီး စည်းရိုးတလျှောက် သံတိုင် များကို ရင်ချင်းကပ်လျက်
ပေတေနေကြသည်။ည(၁၀)နာရီတွင် အဓိပတိလမ်းထိပ်မှ တံခါးကို ပိတ်ပစ်ရန်ဆုံး ဖြတ်
ခဲ့သည်။ထိုညသည် အလွန်အရေးကြီးသော ညဖြစ်၍ လုံခြုံရေးကို အထူးသတိထားရန်
လိုအပ်ခဲ့သည်။နောက်နေ့မနက် အာရုံအတက်မီ ကျွန်တော်တို့ကျောင်းသားထုကို ဖြိုခွဲပစ်ရန်နှင့်
တက္ကသိုလ်ဝင်းကို အပိုင်စီးရန် BSPP တပ်မှ ဒလကြမ်း ၀င်ရောက်ဖြိုခွင်းမည် ဖြစ်ကြောင်း
ကျွန်တော်တို့ သိထားပြီးဖြစ်သည်။ကျွန်တော်တို့ ဘာလုပ်ကြမည်နည်း။ဘယ်ကို ပြေးကြမည်နည်း။
သာယာအေးချမ်းလှသောကျွန်တော်တို့ချစ်မြတ်နိုးလှသောကန့်ကော်တောကိုဘီလူးသဘက်များ
လက်နက်အားကိုးဖြင့်ဝင်ရောက်သိမ်းပိုက်မည်ကိုကျွန်တော်တို့အသာတကြည်ဖြင့်နောက်ဆုတ်ပေးရ
မည်လား?။
“မဖြစ်နိုင်ပါ”ဘယ်နည်းနဲ့မှနောက်ဆုတ်မပေးနိုင်ပါ။အသာတကြည်ဖြင့်ခွင့်မပြုနိုင်ပါ။ကျွန်တော်တို့ကို
နိုင့်ထက်စီးနင်း လက်နက်အားကိုးဖြင့် ဗိုလ်ကျပြီး တက္ကသိုလ်ဝင်းကို အတင်းအဓမ္မသိမ်း ပိုက်ခြင်း
မှတပါးအခြားနည်းဖြင့်မရစေရ။သူတို့ကို ကျွန်တော်တို့ ခံတိုက်ကြမည်လား?။ ကျွန်တော်
တို့တွင်ရှိသည်များမှာ ဖေါင်တိန်၊ခဲတန်နှင့် စာရွက်များသာဖြစ်သည်။ကျွန်နုပ်တို့သည် ပြည်သူတို့
ချစ်မြတ်နိုးသော ကျောင်းသားများဖြစ်၍ ငြိမ်းချမ်းစွာတောင်းဆိုရန်သာ နားလည်ကြသူ များ
ဖြစ်ကြပါသည်။
ပေမှာတင်ထု၊ထုချင်ထု
မီးနဲ့တင်ရှို့၊ရှို့ချင်ရှို့
သံမဏိဒါး၊ကြေမသွားဘူး
နာနာထုလေ၊ဒါးကောင်းလေ။
64
ကျောင်းသားသမဂ္ဂ၀င်းသည် အာဏာပိုင်များနှင့် မည်သို့မှသက်ဆိုင်ခြင်းမရှိပဲ မူလပိုင်ရှင်
အမျိုးသမီးကြီးတဦးက သူမပိုင်မြေကွက်ကို ကျောင်းသားများအတွက် စေတနာပြတ်သားစွာ
လှူဒါန်းခဲ့ကြောင်း သိခဲ့ရသည်။(၉)ရက်နေ့မှ စတင်၍ ကျောင်းသားသမဂ္ဂ၀င်းအတွင်းရှိ
မပြိုမပျက်ပဲကျန်ခဲ့သော မပြုပြင်ပဲထားသည့် အားကစားရုံကို ကျွန်တော်တို့ဗဟိုလုပ်ငန်းများ
ဆောင်ရွက်ရန် အသုံးပြုခဲ့သည်။အားကစားရုံရှေ့ မန္တလေးဆောင်ဘက် မျက်နှာချင်းဆိုင်ရှိသော
အပေါက်ကိုဖွင့်ကာ အပေါက်ဝတွင် စင်မြင့်တခုဖြစ်သလိုထိုး၍ ဤစင်ပေါ်မှနေကာ
ကျွန်တော်တို့ဟောပြောခဲ့ကြသည်။ကျွန်တော်တို့စင်ရှေ့မလှမ်းမကမ်းတွင် အသစ်စက်စက်
အင်္ဂတေကောင်းစွာ မခြောက်သေးသော ဦးသန့် အုတ်ဂူတည်ထားခဲ့သည်။
ကျောင်းသားများ၏ဆန္ဒမှာလည်းပြည်သူများနှင့်တထပ်တည်းဖြစ်ခဲ့သည်။
ဦးသန့်အလောင်းကိုကြံတောသို့ပို့မည့်နေ့က ကျိုက္ကဆံကွင်းတွင် ပြည်သူသုံးသိန်းကျော်ရှိခဲ့သည်။
ပြည်သူတို့၏ဆန္ဒကို မျက်ကွယ်ပြုထားသော ဗိုလ်နေ၀င်းအစိုးရကိုအံတုကာ ကျောင်းသားထုက
ဦးသန့်အလောင်းကို ကျိုက္ကဆံကွင်းမှ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ဝင်းသို့ ဒီဇင်ဘာ(၅)ရက်နေ့
65
နေ့လည်နှောင်းပိုင်းတွင် သယ်ယူလာခဲ့သည်။ဦးသန့်အလောင်းကို ထားစရာနေရာအဖြစ်
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်ရှိ ဘွဲ့အပ်နှင်းသောစင်မြင့်ကို ရွေးချယ်ထား
ရှိခဲ့သည်။ဤသို့ ကျောင်းသားများ၏ ပြတ်ပြတ်သားသားလုပ်ဆောင်မှုကို ပြည်သူက
တခဲနက်ထောက်ခံခဲ့သည် သံဃာတော်အပါးတထောင်ကျော်ကပါ ကျောင်းသားထုနှင့် အမာခံအဖြစ်
လက်တွခ
ဲ့ဲသည်။
ကျွန်တော်တို့အနေနှင့်တက်သုတ်ရိုက်ကာ ထုတ်ပြန်ချက်များ၊တောင်းဆိုချက်များ၊လုပ်ငန်းစဉ်များ၊
အချိန်လုလုပ်ဆောင်ခဲ့ရသည်။ ကျွန်တော်တို့ ထုတ်ပြန်ချက်များမှာ ခပ်ရိုးရိုးလေးပင်ဖြစ်ပါသည်။
ဤကိစ္စသည် မှန်ကန်ပြီး ကျွန်တော်တို့လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်ဟုလည်းကောင်း
၊ကျွန်တော်တို့အနေနှင့် အောင်မြင်ပြီးဆုံးသည်အထိ တာဝန်ယူ ဆောင်ရွက်သွားမည့်အကြောင်း
၊ကျွန်တော်တို့ကို ၀ိုင်းဝန်းကူညီကြပါရန်အကြောင်းတို့ဖြစ်ပါသည်။
68