Professional Documents
Culture Documents
မြင့်လှိုင်၊ မေ ၁၉ ရက်၊ ၂၀၁၁
လွန်ခ့တ
ဲ့ တလအတွင်းက စတင်ပြီး ပြည်ပရောက် မြန်မာစစ်အရာရှိဟောင်းများ၊ ပြည်ပ သတင်းမီဒီယာအချို့က ၀န်ထမ်းများရဲ့
အီးမေးလ်လိပ်စာများ ဖောက်ထွင်းခံထားရကြောင်း၊ အဲဒီ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး အနည်းဆုံး ပြည်တွင်းမှာ လူတဦး အဖမ်းခံထားရကာ တချို့ရဲ့
ကိုယ်ရေးကိုယ်တာကိစ္စများကို အများသိအောင် ဖော်ထုတ်ခြင်း၊
ကိုယ်ရေးကိစ္စများနဲ့ ပတ်သက်ပြီး ချိမ်းခြောက်ခံရခြင်း၊ ဖောက်ထွင်းခံထားရတဲ့
ဂျီမေးလ်များမှတဆင့် ဆက်စပ် ဂျီမေးလ်လိပ်စာများကို ဆက်သွယ်ခြင်း၊
အချက်အလက်များ ထပ်ဆင့် ရရှိအောင် ကြိုးစားခြင်းများ ပြုလုပ်နေကြောင်း
သိရှိရပါတယ်။
အဲဒီ ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး ပြည်ပရောက် မြန်မာစစ်အရာရှိဟောင်းများ၊
မျိုးချစ်ရဲဘော်များ အသိုင်းအ၀ိုင်းကို မေးမြန်းကြည့်ရာ အဲဒီဖြစ်စဉ် မှန်ကန်ကြောင်း
အတည်ပြု ပြောဆိုပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူက
“ဗိုလ်မှူးစိုင်းသိန်းဝင်းထံကို ဖောက်ထွင်းခံရတဲ့ သူ့မိတ်ဆွေတဦးဆီက
အီးမေးလ်ရောက်လာကြောင်း၊ အဲဒီ အီးမေးလ်မှာ ပူးတွဲပါ ဖိုင်တခု ပါဝင်ကြောင်း၊
အဲဒီဖိုင်ကို ဖွင့်လိုက်ရာက စတင်ကာ ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ အီးမေးလ်ထဲက
အချက်အလက်များအားလုံးကို ရရှိသွားကြောင်း၊ ဆက်သွယ်ထားသူများရဲ့ လိပ်စာများ၊ ဂျီတော့နဲ့ ပြောဆိုထားတဲ့ အချက်အလက်များ
ယူသွားကြောင်း၊“ ပြောပြပါတယ်။ အဲဒီ ဖြစ်စဉ်နဲ့တဆက်ထဲ ပြည်တွင်းကတဦးကို အာဏာပိုင်များ ဖမ်းဆီးထားကြောင်း၊ အဖမ်းခံရသူရဲ့
ဂျီတော့ကို အသုံးပြုကာ ပြည်ပက မိတ်ဆွေများကို ဆက်သွယ်ကြောင်း သိရပါတယ်။
အခြားတဦးကလည်း “အခုလို အီးမေးလ်များ အဖောက်ခံရသူများအထဲမှာ ပြည်ပ သတင်းမီဒီယာများတွင် အလုပ်လုပ်ကိုင်နေသူများ
ပါဝင်ကြောင်း၊ တဦးဆိုလျှင် လိုချင်တဲ့ သတင်းအချက်အလက်များ မပေးပါက ဂျီတော့၊ ဂျီမေးလ်တွင် ဆက်သွယ် ပြောဆိုထားတဲ့
ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို အများသိအောင် ဖွင့်ချမယ်လို့ ခြိမ်းခြောက်ခံရကြောင်း။“ ပြောပြပါတယ်။ ထိုသို့ ဖြစ်ပျက်နေစဉ်
မေလ ၁၈ ရက်နေ့ နယူးယောက်စံတော်ချိန် မနက်ပိုင်းက ဗိုလ်မှူးစိုင်းသိန်းဝင်းနဲ့ အမျိုးသမီးတဦးတို့ ဂျီတော့တွင် ပြောဆိုထားတဲ့
စကားများအား ယနေ့မြန်မာ ဖေ့စ်ဘွတ် စာမျက်နှာကနေ အများသိအောင် ဖြန့်ချိမှုတခု ဖြစ်ပွားခဲ့ပါတယ်။
အခု ဖြစ်စဉ်မှာ လူ ဘယ်နှစ်ဦးရဲ့ အီးမေးလ် (များသောအားဖြင့် ဂျီမေးလ်) လိပ်စာ ဖောက်ထွင်းခံထားရလည်း မသိရသေးပါဘူး။ သို့သော်
အနည်းဆုံး လူပေါင်း ရာနဲ့ချီပြီး ဖောက်ထွင်းခံထားရတဲ့ သဘောမှာ ရှိပါတယ်။ နောက်တခါ ပြဿနာဟာ တဖြေးဖြေး ကြီးထွားလာနေတဲ့
သဘောကိုလည်း တွေ့နေရပါတယ်။ ဘယ်သူတွေရဲ့ အီးမေးလ်လိပ်စာတွေ ပါဝင်နေသလဲဆိုတာကတော့ ကျွန်တော်တို့လည်း အတိအကျ
မသိသေးပါဘူး။ ဒီတော့ မိတ်ဆွေတို့ရဲ့ အီးမေးလ်ကို သံသယ ရှိတယ်ဆိုရင် အများသိအောင် ပြောဖို့ လိုအပ်ရင် ကျွန်တော်တို့ကို
အသိပေးစေလိုပါတယ်။ (မိတ်ဆွေတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မိတ်ဆွေတို့ကို အသိမပေးဘဲ ဘယ်သူ့ကိုမှ မပေးပါဘူး။)
နောက်တချက်က ကိုယ့်အီးမေးလ်မှာ အဲဒီ ပြဿနာ ရှိနေတယ်ဆိုရင် ကိုယ့်မိတ်ဆွေတွေကို အသိပေးစေလိုပါတယ်။ စိတ်မချရင် ဂျီတော့နဲ့
စကားပြောတဲ့အခါ "Go off the record" ဆိုတဲ့ setting ကို သုံးပြီး စကားပြောလို့ရှိရင် ကိုယ်ပြောတဲ့ စကားတွေကို ကိုယ့်ကွန်ပြူတာထဲမှာ
မသိမ်းထားသလို ကိုယ်နဲ့ ပြောနေသူရဲ့ ကွန်ပြူတာထဲမှာလည်း သိမ်းထားမှာ မဟုတ်ပါဘူုး။ အခု ဖြစ်နေတာက အီးမေးလ်
ဖောက်ထွင်းခံထားရသူရဲ့ ကွန်ပြူတာမှာ တဖက်က ထည့်ထားတဲ့ ဆော့ဖ်ဝဲလ်က အလုပ်လုပ်နေတာပါ။ အဲဒါကိုတော့ ဗိုင်းရပ်စ် ကာကွယ်တဲ့
ဆော့ဖ်ဝဲလ်၊ အင်တာနက်လုံခြုံရေး ဆော့ဖ်ဝဲလ်နဲ့ ဖျက်ကြည့်စေလိုပါတယ်။ အင်တာနက်လုံခြုံရေး ဆော့ဖ်ဝဲလ်ရဲ့ လုံခြုံမှုအဆင့်ကိုလည်း
အင်တာနက် အိပ်စ်ပလိုရာ (Internet Explorer) သုံးသူများအနေနဲ့ အထက်ပါ ပုံကို ကြည့်ပြီး အဲဒီမှာ ပြထားတဲ့ နေရာတွေကို
ဖော်ပြထားတာနဲ့ တူအောင် set လုပ်ထားဖို့ အကြံပြုလိုပါတယ်။ ကျန်တဲ့ ဖိုင်းယားဖောက်စ် (firefox) နဲ့ အခြား အင်တာနက်စာမျက်နှာ
ဖတ်တဲ့ ဆော့ဖ်ဝဲလ်တွေမှာလည်း အလားတူ လုံခြုံရေး အဆင့်သတ်မှတ်ချက်တွေ ပြောင်းလဲလို့ရတဲ့ နေရာတွေ ရှိပါတယ်။ လေ့လာပြီး
ဉာဏ်ရှိသလို သုံးစေလိုပါတယ်။ သော့ခလောက်ပုံမှာကတော့ ကိုယ်ကြည့်နေတဲ့ စာမျက်နှာနဲ့ ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို
လေ့လာကြည့်နိုင်၊ သတ်မှတ်နိုင်ပါတယ်။
နောက်တချက်က ဘေးက ပုံကို ကြည့်ရင် InPrivate Browsing ဆိုတာ
တွေ့နိုင်ပါတယ်။ အဲဒါကို set လုပ်ပြီး အင်တာနက်စာမျက်နှာတွေဆီ
သွားရင် သွားကြည့်တဲ့သမိုင်းကြောင်းကို ကွန်ပြူတာက မှတ်ထားမှာ
မဟုတ်ပါဘူး။ နောက်တခုက အစိမ်းလေးနဲ့ ပြထားတဲ့ McAfee
ဆိုတာကိုလည်း တွေ့ရပါလိမ့်မယ်။ အဲဒါက ကျွန်တော့်ကွန်ပြူတာမှာ
အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲလ်က သွားကြည့်နေတဲ့
အင်တာနက်စာမျက်နှာက စိတ်ချရကြောင်း ပြောနေတာပါ။ တခုရှိတာက
ကျွန်တော်တို့ မြန်မာဘလော့ဂ်တွေမှာ ဟိုက ဒီက ဟိုဟာ ဒီဟာ
လုပ်လို့ရတာတွေ ထည့်ထားတော့ လုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲလ်တွေက
စိတ်မချရဘူးဆိုပြီး ပြောတတ်ပါတယ်။ ဘာလို့ ပြောတာလဲဆိုတော့
ကျွန်တော်တို့ မိတ်ဆွေတွေ ထည့်ထားတဲ့ အခမဲ့သုံးလို့ရတဲ့အရာတွေက
အတိုက်ခံထားရတဲ့ မိတ်ဆွေတဦးရဲ့ အပြောအရ သူ့ကွန်ပြူတာတခုလုံးက windows ကို ဖျက်ပစ်ပြီး အသစ် ပြန်သွင်းရမယ့် အခြေအနေမှာ
ရှိနေပါတယ်။ သူ့ရဲ့ ဖိုင်တွေကို တနေရာမှာ သိမ်းထား၊ နောက်တခါ သူ့ရဲ့ windows တခုလုံးကို ဖျက်ပစ်ပြီး အသစ် ပြန်သွင်းကာ
အဲဒီဖိုင်တွေကို ပြန်ထည့်ရင်တောင် စိတ်ချရမယ်၊ စိတ်မချရဘူးဆိုတာ အတိအကျ ပြောလို့ မရသေးပါဘူး။ နောက်တခုက ကျွန်တော်တို့ရတဲ့
အချက်အလက်တွေအရ တဖက်က ဘယ် ဆော့ဖ်ဝဲလ် သုံးထားသလဲဆိုတာ မသိသေးပါဘူး။ မကြာမီတော့ သိလာရနိုင်ပါတယ်။ ဒီတော့
ကိုယ့် ဂျီမေးလ် အတိုက်ခံရမှန်းသိရင်တော့ ကိုယ့်ကွန်ပြူတာကို လုံခြုံရေး ဆော့ဖ်ဝဲလ်တွေနဲ့ စစ်၊ ဖျက်ပစ်၊ ဒါမှမရရင် windows တခုလုံးကို
အသစ်ပြန်သွင်း၊ ပြီးတဲ့အခါ ကိုယ့်ဖိုင်တွေ အချက်အလက်တွေ ပြန်သွင်းတဲ့အခါ သေသေချာချာ စစ်ပြီး ပြန်သွင်းစေလိုပါတယ်။ လုံခြုံရေးနဲ့
ပတ်သက်လို့ အမေရိကားမှာ နေသူတွေအတွက်တော့ ကိုယ်သုံးတဲ့ အင်တာနက်ဆက်သွယ်မှု ရောင်းတဲ့ ကုမ္ပဏီမှာ အချိန်နဲ့ တပြေးညီ
အကာအကွယ်ပေးတဲ့ စနစ်ကိုပါ ရောင်းတတ်ပါတယ်။ ဥပမာ Verizon မှာဆို Internet Security Suite ရှိပါတယ်။ အဲဒီစနစ်
ကိုယ့်ကွန်ပြူတာမှာ တပ်ထားရင် အင်တာနက်လုံခြုံရေးရော၊ ဗိုင်းရပ်စ်လုံခြုံရေးရော အချိန်နဲ့ တပြေးညီ စိတ်ချရပါတယ်။ လုံခြုံရေးစနစ်ကို
အင်တာနက်အသုံးပြုမှု၊ ကွန်ပြူတာနဲ့ အီးမေးလ်တွေကို ဖတ်တဲ့နေရာ နေရာတိုင်းမှာ သုံးစေလိုပါတယ်။ ကိုယ် မသိတဲ့သူဆီက လာတဲ့
အီးမေးလ်ကို ဖွင့် မဖတ်တာက အကောင်းဆုံး ပါ။ ကိုယ်သိတဲ့ လူဆီက အီးမေးလ်နဲ့ တွဲလာတဲ့ စာဖြစ်ပါစေဦး ၊ ဥပမာ exe တို့၊
ကိုယ်မသိတဲ့ ဖိုင်ပုံစံမျိုးဖြစ်ရင် လွယ်လင့်တကူ မဖွင့်စေချင်ပါဘူး။ လုံခြုံရေးဆော့ဖ်ဝဲလ်က ဟန့်တားနိုင်တယ်ဆိုရင်တောင် အခန့်မသင့်ရင်
မကာကွယ်နိုင်တာတွေ ကြုံရတတ်ပါတယ်။ zip, rar ဖိုင်ဆိုရင် အထဲမှာ ဘာ ပါမှန်းမသိဘဲ ဖွင့်ချလိုက်ပြီးမှ ကိုယ့်ကွန်ပြူတာတခုလုံး
အတိုက်ခံရတာလည်း ကြုံရနိုင်ပါတယ်။ ဒီ နည်းတွေဟာ နည်းလမ်းဟောင်းတွေ ဆိုပေမယ့် မရိုးနိုင်ဘဲ သုံးနိုင်တဲ့ တိုက်ခိုက်မှုတွေ
ဖြစ်ပါတယ်။ သတင်းသမားတွေကို အကြံပြုလိုတာက အီးမေးလ်တွေကို လုံခြုံရေးစနစ်နဲ့ စစ်ပြီးမှ ဖွင့်စေလိုပါတယ်။ Browser ရဲ့
လုံခြုံရေးစနစ်ကို စိတ်ချအောင် လုပ်ထားစေလိုပါတယ်။ Firewall, AntiVirus, AntiSpam တွေ အဆင်သင့် ဖြစ်စေလိုပါတယ်။ သတင်းဌာန
အင်တာနက်စာမျက်နှာများအနေနဲ့ကတော့ ကိုယ့် ၀က်ဘ်ဆိုဒ်ရဲ့ လုံခြုံရေး၊ ကိုယ့်အင်တာနက်စာမျက်နှာတွေ စိတ်ချရအောင် လုပ်နိုင်တဲ့
အစီအမံတွေ ရှိပါတယ်။ အဲဒါတွေနဲ့ ကာကွယ်လို့ရပါတယ်။ ဘလော့ဂ်ဂါတွေအနေနဲ့ကတော့ အခမဲ့ရတဲ့အရာတိုင်းကို မသုံးစေလိုပါဘူး။
ကိုယ်သုံးထားတဲ့ အခမဲ့ Add On တွေမှာ ပါတဲ့ ကိုယ်မသိတဲ့ ဒုက္ခပေးတတ်တဲ့အရာတွေက အခြားသူတွေကို ဒုက္ခပေးစေနိုင်ပါတယ်။
အချုပ်ဆိုရရင်တော့ ပြည်ပရောက် မီဒီယာတချို့၊ တပ်မတော်ထဲက အမှုထမ်း အရာထမ်းဟောင်းများနဲ့ အချို့ပုဂ္ဂိုလ်များရဲ့ အီးမေးလ်များ
တိုက်ခိုက်ခံထားရပြီး အချက်အလက်များစွာ ခိုးယူခံရပြီး ဖြစ်ပါတယ်။ အဲဒီကနေတဆင့် အခြား ပုဂ္ဂိုလ်များရဲ့ အီးမေးလ်လိပ်စာတွေ
ပါဝင်နေနိုင်ပါတယ်။ တိုက်ခိုက် ခံထားရသူတွေကို သူတို့ ပြောဆိုထားတဲ့ ဂျီတော့က အချက်အလက်တွေ ပြန်ပို့တာ၊
ကိုယ်ရေးအကြောင်းတွေနဲ့ ပတ်သက်ပြီး ချိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဒီ ပြဿနာဟာ ဘယ်လောက် ကျယ်ပြန့်ပြီး
ဘယ်လို အတိမ်အနက် ရှိသလဲ မသိသေးပါဘူး။ ဖြစ်တာကတော့ ဆိုးဆိုးရွားရွား ဖြစ်နေကြောင်း အသိပေးလိုက်ပါတယ်။ မိတ်ဆွေများရဲ့
အီးမေးလ်များ အလားတူအဖြစ်အပျက်များ ကြုံပါက info@burmatoday.net, burmatoday2002@yahoo.com စတဲ့ အီးမေးလ်များကို စာ
ပေးပို့ပြီး ဖြစ်စေ၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေများကို အကြောင်းကြားလို့ဖြစ်စေ အသိပေးစေလိုပါတယ်။ ကိုယ့်မိတ်ဆွေများကိုလည်း
အသိပေးစေလိုပါတယ်။ ဒီ ပြဿနာဟာ နက်ရှိုင်းနေတဲ့အတွက် အားလုံး ၀ိုင်းဝန်း ဖြေရှင်းကြရမယ့် အခြေအနေမှာ ရှိနေကြောင်း ပါ။