All Burma Monks Alliance (
မြန်မာနိုင်ငံလုံးဆိုင်ရာ
သံဃာ့တပ်ပေါင်းစု
အဖ့ကြီး
)
ဒီ မို ကရေစီစနစ်နဲ့ 
တိုင်းပြည် ကို
အု ပ်ချုပ် ပါတော့ မယ် လို့ 
ပြောဆို ပြီး
ရွေးကောက်ပွဲ လု ပ်၍
အာဏာလွှဲ ယူ ပြီး
အု ပ်ချုပ် လာတဲ့ 
စစ် တပ်
အရေခြုံ
အာဏာရှင်လောင်းရိ ပ်အောက် က
ဒီ မို ကရေစီအမည်ခံ
အစိုးရသစ် များရဲ့
ဝန် ကြီးဝန်လေးတွေနဲ့
အု ပ်ချုပ်ရေးမှူး
အဆင့် ဆင့် များရဲ့
လု ပ် ကိုင်ဆောင်ရွ က်နေမှု များဟာ
စစ်အာဏာရှင် များ
လက် ထက် ကအတိုင်းပင် ဖြစ်နေသဖြင့် 
ပြည်သူ များအပေါ်၌
မမှန် မကန်
လု ပ်နေမှု များ၊
ဖိနှိ ပ်
အနိုင် ကျင့် ခံနေရမှု များကို
ပြန် လည် တင် ပြ
ပြောဆိုခွင့် များလည်းမရှိ၊
ကျူးလွန်သူများကို
ဥပဒေအရ
အရေးယူ
ဆောင်ရွက် မှုများလည်းမရှိ ပဲ
တိုင်းပြည်အနှ့ံအပြားရှိ
ပြည်သူ များမှာ
နေ့စဉ်နှင့် အမျှ
မြို့လယ်ခေါင်တောင်
မရှောင် ပဲ
ထင် တိုင်းကြဲ ပြီး
ဆက် လက် ဖိနှိ ပ်
အနိုင် ကျင့် 
ခံနေရတဲ့ 
အတွ က်
အစိုးရသစ် ကလည်း
မည်သို့  မျှ
ထူးခြားမလာသလို
ပို၍ပင်
ဖိနှိ ပ်တော့ မယ်
ထင်ရာစိုင်းတော့ မယ်ဆို တာကို
ကြံ့  ဖွ တ်အစိုးရ
ဗဟိုအ
လု ပ်အမှုဆောင်
ဦးမောင်ဦးရဲ့ပြောစကားတွေ၊
စမ်းချောင်းမြို့နယ် က
ဖြစ်ရပ်နဲ့ ၊နယ်တွေ က
လု ပ်ရပ် များက
သက်သေပြနေပါတယ်။
ဦးသိန်းစိန်ဦးစီးတဲ့ 
ကြံ့  ဖွတ်အစိုးရအဖွဲ့ ရဲ့
နာပျော်ဘွ ယ်
မိန့် ခွန်းပြောချက်နဲ့ 
စက်ဆု တ်ရွံရှာဖွယ်
လု ပ်ရပ်တွေ ကို
နိုင်ငံအနှံ့ အပြားမှာ
ကြားနေ
သိ လျှက်နဲ့ 
ဆုံးခန်းတိုင်အောင်
စောင့်  ကြည့်နေကြမယ်ဆိုရင် လည်း
ဘီ လူးဇာတ် ကို
ကပြသူရဲ့
အပြစ် လို့ တော့
မဆိုသာတော့ ပါဘူး။
အဖိနှိ ပ်ခံ
အငတ်ခံ ပြီး
ကြည့်နေသူ များရဲ့
အပြစ်သာပဲ ဖြစ် ကြပါတော့ မည်။
မြွေပွေးဟာ
အရေခွံ လဲပြီး
ဘယ်လို ပင်
အရေခွံတွေ
အထပ် ထပ်
ပြောင်းလဲနေပါ
သော် လည်း
မြွေပွေးဟာ
မြွေပွေးပါပဲ။
ရေမြွေ
ဖြစ် မလာနိုင်ပါဘူး။
တိုင်းပြည် ကို
ဘယ် လို ပင်
အပျော့ဆွဲ
အချိုသတ်
မိန့် ခွန်းတွေချွေနေလည်း
စီးပွားရေးဆိုသည် မှာလည်း
သာပေါင်းညာစားသမားတွေသာ
အဆင်ပြေ
ချော့မွေ့ နေကြပြီး
အာဏာပိုင် များနဲ့ 
ပေါင်းမစားချင်ကြပဲ
တပိုင် တနိုင်
လု ပ် ကိုင်စားသောက်နေကြတဲ့ 
ပြည်သူ များမှာတော့
စီးပွားရေး
လက် ဝါးကြီးအု ပ်စိုးမှု များကို
အံ့ ကြိ တ်
ဇွ တ် မှိ တ်ခံနေကြရပြီး
နင်းပြားဘဝမှာပဲ
နစ် မွန်းနေကြရဆဲ ပါပဲ။
အမှန် တကယ်
ပြောင်းလဲချင် တဲ့  စိတ် ဓာတ်
ရှိ မယ်ဆိုရင်
အနှ စ်နှစ်ဆယ်ကျော်
ပြင်ဆင်
စုဆောင်းပြီးနေပြီ ပဲ။
စီးပွားရေးများကို
လု ပ်နိုင်သူ မှန်သ
မျှကို
အားလုံး
ဈေးပြိုင်စနစ်နဲ့ 
လုပ်ခွင့် ပေးပြီး
အု ပ်ချုပ်ရေးစတာတွေ ကို လည်း
မြန် မြန်ဆန်ဆန်
ပြောင်းလဲ လို့ 
ရနိုင် ပါလျှက်နဲ့ 
အကြောင်းမျိုးစုံ ပြကာ
ပြန် လည်
ဂု တ်သွေးစု တ်
ဖိနှိ ပ် ဖို့ အတွ က်
ပြင်ဆင် မှု မျိုးစုံ ကို
ပြုလုပ်နေပြီး
အချိန်ဆွဲနေကြတာဟာ
အင် မတန်
ရွံရှာဘွ ယ်ကောင်းနေပါတယ်။
နိုင်ငံ တကာအလယ် မှာ
မျက်နှာပြကောင်းရုံ
နာမည်ကောင်းလေး
ရရုံလောက် ကို
ရည်ရွ ယ် ပြီး
မဖြစ်စလောက်
ဆိ တ် ပါးစပ်
နှမ်းပက်ရုံလေး
လွ တ်
ငြိ မ်းချမ်းသာခွင့် 
ဆို တာကို
ရည်ရွယ်ချက်ရှိရှိ
အသုံးပြုကာ
လှည့် စားဖို့ 
ကြံ စည်နေတာကလည်း
အင် မတန်မှ
စက်ဆု တ် ဖွယ်
လု ပ်ရပ်တွေ ပါပဲ။
ကို ယ့်  တိုင်းပြည်ရှိ
ပြည်သူတွေရဲ့
ဖြစ် ပျက်
ခံ စားနေကြရတဲ့
အခြေအနေမှန်များကို
မလေ့ လာ
မသုံးသပ်
မငဲ့ ညှာ
မစာနာပဲ
မျက်ကွ ယ် ပြုပြီး
အာဏာတခုအတွ က်
မက် တွ ယ်၊
အု ပ် စု တခုအတွက်
ငဲ့  ကွ က်၍
လု ပ် ကိုင်
အု ပ်ချုပ်နေမယ့် 
အု ပ်ချုပ် မှုမျိုးဟာ
ပြည်သူ များလို လားတဲ့ 
အု ပ်ချုပ်ရေး
စနစ် တခု
မဟုတ်ပါဘူး။
ပြည်သူ များလို လား
တောင့်  တနေတဲ့
ဒီ မို ကရေစီနဲ့ 
အခွင့် အရေး
အစစ်အမှန်ဆိုတာလည်း
အာဏာရှင် များထံ မှ
ဘယ် လို မှ
ပေါ်ထွ က် လာဖို့ 
မမြင် ပါဘူး။
ဆရာဦးစိန်ဝင်းပြောသလို
“
အာဏာရှင်ဆို တာ
အာဏာကို
ဘယ်တော့ မှ
လွ ယ် လွ ယ်ကူ ကူနဲ့ 
လွှဲပေးရိုး
ထုံးစံ မရှိဘူး
”
ဆိုသလို ပဲ
ဘယ်တော့မှ
လွ ယ်ကူ စွာ
ရနိုင်လိ မ့် မည်
မဟု တ်တော့ပေ။
သူတော်ကောင်းစိ တ်လေးများ
ပေါ်ပေါက် လာနိုင်ကောင်းရဲ့လို့ 
အချိန်တွေကို
စောင့် စားပြီး
ဆုံးမသြဝါ
ဒများ
အခါခါပေးနေပေမယ့် 
အဝီ စိငရဲ ပြည်သာ
ရောက်သွားတယ်
..
ဘယ် လို မှ
ဆုံးမလို့ 
မရနိုင်ခဲ့  တဲ့ 
ဒေဝဒတ်
လူလိ မ် လူကောက်လို ပဲ
ယနေ့
ကြံ့  ဖွ တ်နဲ့ 
အာဏာရူးများကိုလည်း
ပျော့ပြောင်းလာနိုးနိုး
မျှော်လင့် 
စောင့်  စားရင်းနဲ့ 
တိုင်းပြည် မှာ
အမှန် တကယ်
တန်ဖိုးရှိ ပြီး
အသိဉာဏ် ပညာနဲ့ 
ကြွ ယ် ဝ
ပြည့် စုံ ကြတဲ့ 
ပညာရှင်တွေ
လူငယ်တွေ
တိုင်းပြည်ရဲ့
သံ ယံဇာတရင်းမြစ်တွေအားလုံး
လုံးပါးပါးရင်း
အချိန်တွေသာ
တို က်စားကုန် ပါပြီ။
ဒီ ထက် ပို၍
စွန့် လွှ တ် ပြီး
အချိန်တွေ
အကုန်ခံ ဖို့ 
မသင့် ကြတော့ ပါဘူး။
လိုချင်တာကို
လက် ဖြန့် တောင်းပြီး
အချိန် ကုန်စေမယ့် အစား
ရတဲ့ နည်းနဲ့ 
ကြိုးပမ်းပြီး
ယူ ကြဖို့ ရန်သာပဲ
ရှိ ကြပါတော့သည်။
တဗို လ်ဆင်းပြီး
တဗို လ် တက် လာလို့ 
သက်သာပြောင်းလဲ လာရေး
မျှော် လင့် ချက်ဆို တာ
အာဏာရှင်ခေတ် ထဲမှာ
တကယ်တော့
မလွ ယ် လှ တဲ့ 
ကိ စ္စ တရပ် ပါ။
သင် တန်း
စပေးကထဲ ကိုက
မတရားတဲ့
နည်းစနစ်တွေ၊
မဟုတ် မမှန်တဲ့ 
လု ပ်နည်းလု ပ် ဟန်တွေ ကို
အရိုးစွဲအောင်
ရို က်သွင်းခံ ထား
ရပြီး
အာဏာရှင် ကြီးများ၏
လု ပ်ရပ် များကို
အတု ယူ ကာ
လက်ဆင့်  ကမ်း
တက် လာကြလာတဲ့ 
စစ်ဗို လ်ချုပ် များရဲ့
အထံ ကနေ
မှန် ကန် တရားမျှမှု များ
လွ တ် လပ် မှုများဆို တာကို
တောင်းယူနေရုံနဲ့ တော့
မည်သို့  မှ
အသာတကြည်ပေးလာလိ မ့်  မည်
မဟု တ် ဟု
ယူဆပါသည်။
နိုင်ငံ တကာ
ဖိအားတခုခု
ရှိ လာခဲ့ ရင် ပဲ
လူထုအပေါ်
ငဲ့ ညှာမှု ကင်းစွာနဲ့ 
လူထု ကြားထဲ
ဗုံးခွဲ ပြတာမျိုး၊
သတ် ဖြတ် ပြတာမျိုးတွေ လု ပ် ပြီး
တိုင်းပြည် မအေးချမ်းသေးဘူးဆို တဲ့ 
အကြောင်းပြချက် မျိုးစုံ ကို
ရက် စက် ယု တ် မာစွာ
လု ပ် ပြနေတာတွေကို က
ရိုးသားတဲ့
အရင်းခံစိ တ် ဓာတ်တွေ
မရှိဘူးဆို တာ
ထင်ရှားနေပါသည်။
အချိန်တွေ ကြာလာသည်နှင့် အမျှ
လူ မျိုးစုတွေ
အိ မ် ခြံမြေနေရာတွေ
လယ်မြေတွေ ပါ
တိုင်းတပါးလက်ထဲရောက် ပြီး
ဘာသာတရားများ
ပါ
ခြောက်ခန်းပပျောက် ဖို့ 
အချိန်နီးကပ် လာနေပါသည်။
ဘယ်လို ပင်
ဒီ မို ကရေစီအရေခြုံထားပေမယ့်  လည်း
တဖြေးဖြေးနဲ့ 
ဘီ လူးရု ပ်
ပဲ
ပေါ်လွင် လာနေပါတယ်။
ပြည်သူ များအတွ က်
လွ တ် လပ် မှုနဲ့ 
ပြောင်းလဲ တိုးတက် မှုဆို တာ
ဘယ်လို မှ
အိ ပ် မက်
မက် လို့ 
မဖြစ်နိုင်တော့ တဲ့ 
အရာတွေအဖြစ်
တနေ့ တခြား
ထင်ရှားလာနေပါတယ်။
တောင်သူ လယ်သမား
အလု ပ်သမားများနဲ့ 
အောက်ခြေလူ တန်းစားများရဲ့
ဖွ့ံ ဖြိုးတိုး
တက်ရေး
အခွင့် အလမ်းများဟာ
ဒီ မို ကရေစီအရေခြုံအောက် မှာ
အာဏာရှင်ခေတ် က
အတိုင်းပဲ
ကွ ယ်ပျောက် မြဲ
ကွ ယ်ပျောက် လျှက်
ရှိနေ
ပါသည်။
ပြည်သူ များနဲ့ 
လွ တ်လပ် မှု
အခွင့် အလမ်းများကို
လို လားသူ များအနေနဲ့
မိ မိ တို့ 
အခွင့် အရေးများကို
အာဏာရှင် များက
ပေး
လာမယ့် အချိန်၊
စိ တ် ဝမ်းကွဲအောင်
သွေးခွဲ ပြီးတဲ့ 
အချိန် များကို
တန် ဖိုးမဲ့  စွာ
စောင့်စားမျှော် လင့်  ပြီး
အချိန် ကုန်နေမယ့့် အစား
မိ မိ တို့  ကို ယ် တိုင်
အခွင့် အလမ်းများကို
ရယူနိုင်ရန်
ဖန် တီးပြီး
ဖြစ်ပေါ်လာမယ့့် 
အခွင့် အလမ်းများကို
အချိန် ကို က်
လက် လွ တ် မခံ ပဲ
ရယူနိုင်အောင်
ဒီ မို ကရေစီ
လို လားသူများအားလုံး
ရွှေ ပြည်တော်
မျှော် တိုင်းဝေး
မဖြစ်ရလေအောင်
ဘက်ပေါင်းစုံ မှ
ကြိုးပမ်းစွ မ်းဆောင်နိုင် မှသာလျှင်
အာဏာရှင်
လက်အောက် က
လွ တ်မြောက်၍
ဖွံ့  ဖြိုးတိုးတက် ပြီး
လွ တ်လပ် တဲ့ 
ဘဝများကိုပါ
ရယူခံစားနိုင် ကြလိ မ့် မည် ဖြစ် ပါသည်။
Add a Comment