Professional Documents
Culture Documents
http://88portland.wordpress.com/
ပြည်တွင်း/ပြည်ပ မှာရှိတဲ့ ဒကာ၊ဒကာမများကလည်း ကိုယ်တတ်နိုင်တဲ့ နည်းတွေ နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က စစ်အစိုးရ
ကို ဆန့်ကျင်တော်လှန်ကြဖို့ မှာကြားလိုပါတယ်”..။
ABSDF ရဲဘော်ဟောင်းတဦးဖြစ်တဲ့ ရဲဘော်လှထွေး က…..“ နအဖ စစ်အစိုးရ အာဏာသိမ်းထားတာ နှစ် ၂၀ ကြာတဲ့အ
တွက်ရယ်၊ ၂၀၀၇ စက်တင်္ဘာ သံဃာ့အရေးတော်ပုံဖြစ်တာ တနှစ်ပြည့်မြောက်ခဲ့တာရယ်ကြောင့် ဒီလှုပ်ရှားမှုကို လုပ်တာ
ပါ။ ကိုယ်လုပ်နိုင်တဲ့ဘက်က ကိုယ်လုပ်နိုင်တဲ့နည်းနဲ့ စစ်အုပ်စုကို ဆန့်ကျင်တာပါ။ နိုင်ငံတကာနဲ့ အမေရိကန်ပြည်သူတွေ
မြန်မာ့အရေးကို ဒိထက်ပိုမို အာရုံစိုက်ပြီး ၀ိုင်းဝန်းပံ့ပိုးထောက်ခံလာအောင် လုပ်တာဖြစ်ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာ
ရောက် မြန်မာပြည်သူများအနေနဲ့ ကျနော်တို့နဲ့ အတူ လှုပ်ရှားကြဖို့ ပြောချင်ပါတယ်”..။
ရဲဘော်ဇော်မင်းထွေး..ပြောတာကတော့…..“စစ်အစိုးရအာဏာသိမ်းထားတာ နှစ်၂၀ ရှိပြီ၊ ၂၀၀၇ စက်တင်္ဘာ သံဃာတော်
အရေးတော် ပုံကြီးဖြစ်ခဲ့တာ တနှစ်ရှိပြီ ဒါကြောင့် ပြည်တွင်း၊ ပြည်ပ ရှိ မြန်မာပြည်သူများ ကိုယ်ရောက်ရှိနေတဲ့နေရာမှာ
တတ်နိုင်တဲ့ဘက်က ကိုယ့် နိုင်ငံရဲ့အရေးကို ၀ိုင်းဝန်းလုပ်ကြဖို့ပြောချင်ပါတယ်”..။
http://88portland.wordpress.com/
ဟန်ချက်ညီညီ ၀ိုင်းလုပ်ကြဖို့ လိုအပ်နေပါတယ်။ ထထကြွကြွရှိဖို့ပါ၊ ထိုင်းမှိုင်းမနေကြဖို့ပါ၊ ထိုင်နေရင်တော့ မရွေ့ပါဘူး
လှုပ်ရှားရုန်းကန်နေရင်တော့ ရွေ့နေမှာဖြစ်ပါတယ်၊ ကိုယ်တတ်နိုင်တဲ့ ဘက်က နည်းနာပေါင်းစုံ တိုက်ပွဲပေါင်းစုံနဲ့ တော်
လှန်ကြဖို့ ပြောချင်တာပါ၊ နိုင်ငံတကာ အကူအညီဆိုတာကလည်း ကိုယ့်ပြည်သူကိုယ်တိုင်က အားကြိုးမာန်တက်လုပ်မှ
ပေးကြမှာပါ၊ စိတ်ကူးယဉ် မျှော်နေလို့ မရနိုင်ပါဘူး။ ယခုရရှိနေတဲ့ အကူအညီတွေထက်လည်း ပိုမရနိုင်ပါဘူး၊ ကိုယ့်တိုက်ပွဲ
ကို ကိုယ်တိုင်တိုက်ကြဖို့ပါ။ ကျနော်တို့ ချီတက် လမ်းလျှောက် တိုက်ပွဲဝင်နေတာကလည်း ပြည်သူအားလုံး အာရုံစိုက်လာ
အောင် လှုပ်ရှားလာအောင် လှုံ့ဆော်တဲ့သဘောပါ။
နအဖ ရဲ့လမ်းကြောင်းအတိုင်း ကျနော်တို့လိုက်လုပ်လို့ မဖြစ်နိုင်ပါဘူး၊နအဖ ရဲ့လမ်းကြောင်း(သူတို့ရဲ့လမ်းပြမြေပုံ ၇ ချက်
ကို ဆိုလိုတာ ပါ)က စစ်အုပ်စု အကျိုးစီးပွားအတွက် လုပ်တာပဲ၊ ပြည်သူအကျိုး တိုင်းပြည်အကျိုးအတွက်မဟုတ်ဘူးဆိုတာ
နိုင်ငံရေးနားလည်သူတိုင်း သိနေတဲ့အချက်ပါ၊ ကျနော်တို့သဘောမတူပါဘူး၊ နအဖ ရဲ့ လမ်းကြောင်းအတိုင်း လျှောက်ကြ
ပါလို့ ပြောနေတဲ့ သူတွေဟာ တကယ်တော့ ပြည်သူနဲ့ တိုင်းပြည်ကို စော်ကားဖေါက်ပြန်တာပါပဲ၊ ကျနော်တို့မှာ ၁၉၉၀ မေ
ရွေးကောက်ပွဲ ရလာဒ်ကို အကောင်အထည်ဖေါ်ဖို့ ရှိနေပါ သေးတယ်၊ ဒါကိုပဲ ကိုင်စွဲထား ရပါလိမ့်မယ်။ ဒါ့ကြောင့် ကျနော်
တို့အားလုံး NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ၀ိုင်းဝန်း ထောက်ခံကြဖို့ ပြောချင်ပါတယ် ”..။
အသျှင်ပညာသီရိ (315 941 4854)
အသျှင်ခေမိန္ဒရ (917 617 7597)
ရဲဘော်အေသင် (971 285 7399)
ရဲဘော်ဇော်မင်းထွေး (919 357 6852)
ရဲဘော်လှထွေး (518 331 2460)
ရဲဘော် တင်ကိုကို
၈၈ စစ်ကြောင်း
သတင်းနှင့် ပြန်ကြားရေးအဖွဲ့
http://88portland.wordpress.com/
သို့ 
သမ္မတ ဂျော့ဒဗလျူဘုရှ်
အမေရိကန်ပြည်ထောင်စု
သမ္မတကြီးခင်ဗျား
သမ္မတကြီးခင်ဗျား
ကျွန်ုပ်တို့ မြန်မာပြည်တွင် လွန်ခဲ့သည့်  (၂၀၀၇)ခုနှစ်၊ စက်တင်ဘာလက ရဟန်းသံဃာများ၏ သပိတ်မှောက်
ကံဆောင်တိုက်ပွဲဝင်ခဲ့မှုကို သမ္မတကြီးအနေဖြင့် ကြားသိပြီးဖြစ်မှာပါ။ ယ္ခုနှစ် စက်တင်ဘာဆိုရင် တနှစ်ပြည့်
မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ထိုသံဃာတော်များ သပိတ်မှောက် ကံဆောင်မှုပွဲမှာ ရဟန်းသံဃာတော်များ၊ ကျောင်း
သား ခေါင်းဆောင်များ၊ NLD ပါတီဝင်များ၊ အလုပ်သမား၊ လယ်သမားများ မတရား ဖမ်းဆီးနှိပ်စက်
သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ထိုတနှစ်ပြည့် စက်တင်္ဘာ အရေးတော်ပုံရဲ့အထိမ်းအမှတ်နေ့မှာ ကျွန်ုပ်တို့ဟာ
နယူးယောက်မြို့မှ ၀ါရှင်တန် ဒီစီ သို့ မိုင်ပေါင်း (၂၄၀)ခန့် လမ်းလျှောက် ချီတက်ခဲ့တာဖြစ်ပါတယ်။
သမ္မတကြီးခင်ဗျား
http://88portland.wordpress.com/
မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ အကြပ်အတည်းတွေကို သမ္မတကြီး ကြားသိနေပြီး
ဖြစ်နေမှာပါ၊ နအဖ စစ်အစိုးရသည် ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည့် စစ်အုပ်စု ကိုယ်တိုင်
ရေးဆွဲ ချမှတ်ထားသည့်၊ လမ်းပြမြေပုံ (၇)ချက်အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ
ရလဒ်ကို ပြစ်ပယ်၍၊ လူထုက ရွေးချယ်ထားသော အနိုင်ရပါတီ NLD ကို ဖျက်သိမ်းဖို့ ပိုမိုရက်စက်စွာ ဖိနှိပ်ဖို့
ပြင်ဆင်နေတာ ဖြစ်ပါတယ်။ နအဖ စစ်အစိုးရဟာ ပြည်သူ့ ဆန္ဒခံယူပွဲကို အတုအယောင် ကျင်းပပြီး ၎င်းတို့ တ
ဖက်သတ် ရေးဆဲ၏ွ ပြဌါန်းထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့ ခြိမ်းခြောက်
မှု လိမ်လည် လှည့်စားမှု စတဲ့ နည်းမျိုးစုံသုံး၍ ပြည်သူလူထုက ထောက်ခံခဲ့ သယောင် ကောက်ကျစ်စွာ စီစဉ်
ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလထဲတွင် လူပေါင်း သိန်းချီပြီး သေဆုံးခဲ့ရတဲ့ နာဂစ် မုန်တိုင်းဖြစ်မှုကိုပင်
ခုတုံးလုပ်ပြီး ထို မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ လူထုက နအဖရဲ့ အခြေခံ ဥပဒေ မူကြမ်းကို ထောက်ခံခဲ့
သယောင် လိမ်လည် လုပ်ဆောင်ခဲ့တာကိုလည်း ကျွန်ုပ်တို့ သတင်းအတိအကျကြားခဲ့ရပါတယ်။
သမ္မတကြီးခင်ဗျား
http://88portland.wordpress.com/
သမ္မတကြီးခင်ဗျား
နအဖ စစ်အုပ်စုဟာ NLD ပါတီအပါအ၀င်/ နိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေး
ညှိနှိုင်းပြီး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး၊ တိုင်းရင်းသား လူမျိုးစုများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး
တို့ကို လုပ်လာမည့် အခြေအနေ မရှိပါ။ ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူလူထု၏ သဘောဆန္ဒနှင့်အညီ ပြည်သူ
လူထုက ရွေးချယ်တင်မြောက်သော ဒီမိုကရေစီ အစိုးရစနစ်ကို ဦးတည်သွားမည့် သဘောထားမရှိပါ။
သမ္မတကြီးခင်ဗျား
သမ္မတကြီးခင်ဗျား
http://88portland.wordpress.com/
တွေ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တိုင်းပြည်ရဲ့အရေးကို ကျွန်ုပ်တို့ ပြည်သူကိုယ်တိုင်ကပဲ အဆုံးအဖြတ်ပေးရမှာ
ဖြစ်သလို ကျွန်ုပ်တို့ ပြည်သူကိုယ်တိုင်ကပဲ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချတော်လှန်ပစ်ရမှာ ဖြစ်တယ်ဆိုတာကို
ကျွန်ုပ်တို့ သဘောပေါက်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြတ်နိုးတဲ့ ပြည်သူ
တွေနဲ့ အစိုးရ တာဝန်ရှိ လူကြီးမင်းတွေရဲ့ဝိုင်းရံပံ့ပိုးမှု၊ စစ်အုပ်စုကို သံတမန်နည်းအရ ဖိအားပေးမှုတွေဟာလည်း
အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရအနေဖြင့် မြန်မာ့အရေးကို ယ္ခုထက် ပိုမိုဖိအားပေးဖို့
ကျွန်ုပ်တို့ တောင်းဆိုနေတာဖြစ်ပါတယ်။
သမ္မတကြီးခင်ဗျား
အခုဆိုရင် အမေရိကန်ပြည်ထောင်စုမှာ မြန်မာနိုင်ငံရေး ဒုက္ခသည်များ ထောင်သောင်းချီ၍ ရောက်ရှိ နေထိုင်ကြ
ပါတယ်။ ဒီအတွက် အမေရိကန်အစိုးရနှင့် သမ္မတကြီးကို အလွန်ကျေးဇူးတင်ပါကြောင်း မြန်မာပြည်သူများ
ကိုယ်စားပြောချင်ပါတယ်။ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေးတွေကို လေးစားတန်ဖိုး
ထားတဲ့ အမေရိကန် ပြည်ထောင်စုအစိုးရ သမ္မတကြီးနှင့် ကွတ်ကရက် လွှတ်တော်အမတ်များ အနေဖြင့်
ကျွန်ုပ်တို့ မြန်မာပြည်အရေးကို ကူညီ ဖြေရှင်းပေးနေတဲ့အတွက်လည်း အလွန်ကျေးဇူးတင်ပါတယ်။ ဆက်လက်
ပြီးတော့လည်း ကူညီဝိုင်းရံပေးဖို့ မြန်မာပြည်သူတွေကိုယ်စား ကျွန်ုပ်တို့ ပြောချင်ပါတယ်။ သမ္မတကြီးနှင့် မိသား
စု၊ ကွန်ကရက်လွှတ်တော်အမတ်များအားလုံး ကျမ္မာ ချမ်းသာကြပါစေ။
အသျှင် ဦးပညာသီရိ
အသျှင်ဦးခေမိန္ဒရ
အေသင်
ဇော်မင်းထွေး
လှထွေး
တင်ကိုကို
http://88portland.wordpress.com/