You are on page 1of 1

မြန်မာနိုင်ငံသားများသို့ ဖိတ်ကြားလွှာ

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒီမိုကရေစီနှင့် တိုင်းရင်းသားများအရေးလှုပ်ရှားမှု၏ နိုင်ငံ


ခြားရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ကိုယ်စားပြုသော နိုင်ငံခြားရေးရာဋ္ဌာနမှ အဖွဲ့ဝင်
များသည် မြန်မာ့ဒီမိုကရေစီရေးကိစ္စရပ်များနှင့် တိုင်းရင်းသားကိစ္စရပ်များကို ကိုရီးယားနိုင်ငံ
အစိုးရ၊ အမျိုးသားလွှတ်တော်၊ ကိုရီးယားလူထုအခြေပြုအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး
နိုင်ရန်အတွက် မေလ (၂၅)ရက်နေ့တွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေပါသည်။

ကိုရီးယားနိုင်ငံတွင်ရှိသော လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ၊


မြန်မာ့အရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများနှင့် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသော
မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံ၍ “ မြန်မာ့နိုင်ငံရေးအခြေအနေ ညှိနှိုင်းဆွေးနွေးပွဲ” ကိုကျင်း
ပပြုလုပ်မည် ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ
ဖြစ်ပေါ်တိုးတက်ရေးကို စိတ်ပဝင်စားသည့် မြန်မာနိုင်ငံသားများအားလုံး လာရောက်ဆွေး
နွေးပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

“ မြန်မာ့နိုင်ငံရေးအခြေအနေ ညှိနှိုင်းဆွေးနွေးပွဲ ”

ဆွေးနွေးမည့်သူများ

၁။ ဦးမိုးဇော်ဦး (တွဲဖက်အတွင်းရေးမှူး - ၂ )
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

၂။ ဦးသွင်လင်းအောင် (ဒုတိယ အတွင်းရေးမှူး)


မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) နိုင်ငံခြားရေးရာကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ် (ဗကသ) နိုင်ငံခြားရေးရာကော်မတီအဖွဲ့ဝင်

ဆွေးနွေးကျင်းပမည့်နေ့ရက်၊ အချိန်နှင့် နေရာ

နေ့ရက် …………….. ၂၀၁၁ ခုနှစ်၊ မေလ (၂၉)ရက်၊ တနင်္ဂနွေနေ့ ။


အချိန် ………………. မွန်းတည့် (၁၂း၀၀)နာရီမှ ညနေ (၀၃း၀၀)နာရီ အထိ ။
နေရာ ………………. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
ကိုရီးယားဋ္ဌာနခွဲရုံးခန်းမဆောင် ။

You might also like