You are on page 1of 5

၂၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မ၀င်ခဲ့သလဲ

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ အကြောင်းပြောရရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အကြောင်းမပါမဖြစ်ပါရမှာ


ဖြစ်ပါတယ် ။ သို့သော်လဲ ခုနကပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတဦးက
အပြည့်အစုံဖော်ပြပြီးဖြစ်တဲ့အတွက် အကျယ်တ၀င့် မပြောလိုတော့ ပါဘူး ။ ဒါပေမယ့် ၁၉၉၀ ရွေးကောက်ပွဲဖြစ်စဉ်ဟာ
နောင်အနာဂါတ် မြန်မာပြည် သမိုင်းမှာမဖော်ပြရင် မဖြစ်တဲ့ ထင်ရှားတဲ့သမိုင်းမှတ်တိုင် တခုဖြစ်တယ်ဆိုတာတော့
ပြောပါရစေ။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လုံးဝလစ်လျူရှု့ပြီးနောက် စစ်အစိုးရက သူတို့လိုလားတဲ့ ပုံစံနဲ့


တိုင်းပြည်တခုလုံးကိုအုပ်ချုပ်ဖို့ ရည်ရွယ်ချက်နဲ့ အရေးကြီးတဲ့နိုင်ငံရေးနိုင်ငံရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါတယ် ။
၁၉၉၂ ခုနှစ်မှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အာဏာရလာခဲ့ပါတယ် ။ အဲဒီလိုအာဏာရပြီး မကြာခင်မှာပဲ နိုင်ငံရဲ့လူမှုရေး
လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆိုတဲ့ ရည်မှန်းချက်နဲ့ “ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး အသင်း”
ဆိုပြီးဖွဲ့စည်းခဲ့ပါတယ် ။ အဲလိုဖွဲ့စည်းပြီး စည်းရုံးရေးလုပ်ငန်းများကို အစိုးရရဲ့သြဇာ အာဏာသုံးပြီး အင်အားတွေ
တစတစ တိုးတက်များပြားအောင် လုပ်ဆောင်ခဲ့ပါတယ် ။

၁၉၉၃ ခုနှစ်မှာတော့ စစ်အစိုးရက ဦးစီးပြီး “အမျိုးသားညီလာခံ” ကိုခေါ်ယူခဲ့ပါတယ်။ အဲလိုခေါ်ယူခဲ့ရာမှာ


အများသိခဲ့ပြီးဖြစ်တဲ့အတိုင်း ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ
ကိုယ်စားလှယ် ၈၀ ကျော်ကိုသာ ပါဝင်စေခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ ညီလာခံ ကိုယ်စားလှယ် အားလုံးရဲ့ ၆ ပုံ
၁ ပုံခန့်သာဖြစ်ခဲ့ပါတယ် ။ ကျန်တဲ့ ကိုယ်စားလှယ်တွေကတော့  အစိုးရခန့် ၀န်ထမ်းနဲ့ အစိုးရရဲ့ သြဇာ ခံတဲ့ရပ်မိရပ်ဖ
များဖြစ်ပါတယ် ။

အဲဒီကတည်းက သိသာတာကတော့ ဒီမိုကရေစီကို ဦးစားပေးတဲ့ ကိုယ်စားလှယ်တွေဟာ ထိရောက်တဲ့


နိုင်ငံရေးအကြံပြုချက်တွေ မလုပ်နိုင်အောင် ဖွဲ့စည်းခဲ့တာဆိုတဲ့အချက်ပါပဲ ။ အဲဒီအချိန်ကာလမှာ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ဘ၀မှာပဲရှိနေပြီးတော့ အခြားခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတင်ဦးနဲ့
ဦးကြည်မောင် တို့ ဟာအချုပ်အနှောင် ခံနေရဆဲကာလဖြစ်ပါတယ် ။

၁၉၉၃ ခုနှစ်က စတင်ခဲ့တဲ့ အမျိုးသားညီလာခံဟာလဲ သူတို့ လိုချင်တဲ့ အဆိုပြုချက်တွေနသ


ဲ့ာ လွှမ်းမိုးခဲ့တယ်
။ အဲဒီလို အနေအထား ကို ဒီမိုကရေစီဦးစားပေးတဲ့ အင်အားစုများနဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေဟာ
ညီလာခံထဲမှာပဲ နည်းမျိုးစုံနဲ့  အကြံပြုခြင်း ကန့်ကွက်ခြင်း စသည်များ ပြုလုပ်ခဲ့ပါတယ် ။ ဒါပေမယ့် ဘယ်လိုမှ
ထိရောက်တဲ့ အကြံပြုချက်များ မလုပ်နိုင်ခဲ့ပါဘူး ။ အဲဒီလိုအခြေအနေတွေကြောင့် ၁၉၉၅ ခုနှစ် အောက်တိုဘာလမှာ
NLD အနေနဲ့ ညီလာခံတလျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများကိုတင်ပြပြီး အဖြေတောင်းခံခဲ့ပါတယ် ။ ဒီၤလို
အဖြေတောင်းတာကို အကြောင်းပြပြီး NLD ကို ညီလာခံထဲကနေ ထုတ်ပယ်ပြစ်ခဲ့ပါတယ်။ တဆက်တည်းလိုလို
ညီလာခံကျင်းပရေးကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတော့ တယ် ။

စစ်အစိုးရဟာ န၀တ ၊ နအဖ စသည်ဖြင့်ဘယ်လိုပင် နံမည်ပြောင်းစေကာမူ သူတို့ ရဲ


့လုပ်ဆောင်ချက် တွေဟာ တသမတ်ထဲ ရှိနေဆိုတာတွေ့ခဲ့ရပါတယ် ။ ၁၉၈၉ ခုနှစ်မှစ၍ လူကြီး/လူငယ်
ခေါင်းဆောင်များဖြစ်တဲ့ ဦးဝင်းတင် မင်းကိုနိုင် စတဲ့ ပုဂ္ဂိုလ်များ ကိုဖမ်းဆီးခြင်း ၊ အဲဒီနှစ် ဇူလိုင်လက စပြီး ရှစ်လေးလုံး
အရေးတော်ပုံကာလတွင် ပါဝင်ခဲ့သော လှုပ်ရှားခဲ့သူအားလုံးနီးပါးကို ဖမ်းဆီးထောင်ချခြင်း ၊ ၁၉၉၂ ခုနှစမ
ှ်ာ ၁၁/၉၂
ကြေငြာချက် ထုတ်ပြန်ပြီး

နိုင်ငံရေးသဘောထား ပျော့ပြောင်းသူများကို အဖွဲ့လိုက်ပြန်လွှတ်ပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၆


ခုနှစ်မှာကျတော့ မေလ ရွေးကောက်ပွဲနှစ်ပါတ်လည် အခမ်းအနား ပြုလုပ်မှာကိုတားမြစ်ခဲ့တဲ့သဘောနဲ့  တနိုင်ငံလုံးရှိ
ဗဟို/ တိုင်း/ မြို့နယ် NLD ခေါင်းဆောင်များကို အကျဉ်းချုပ် ၊ အကျယ်ချုပ် ၊ ခြေချုပ် စတဲ့ နည်းမျိုးစုံ နဲ့ 
နှိပ်ကွပ်ခြင်းခံခဲ့ရကြပါတယ် ။

အဲဒီလိုတွေ အပြင် ၁၉၉၆ ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ နိုင်ငံရေးလှုပ်ရှားသူများ ၊ အထူးသဖြင့် NLD အဖွဲ့ဝင်များ
ကိုဦးတည်ပြီး ဖိနှိပ်ချုပ်ချယ်မှု့ အမျိုးမျိုး လုပ်ခဲ့ပါတယ် ။ NLD ခေါင်းဆောင် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို
့ရဲ့  ခရီးစဉ်တွေကိုလဲ အမျိုးမျိုး အကြိမ်ကြိမ်ဟန့်တား ၊ နှောင့်ယှက်ခံခဲ့ကြရတာ အားလုံးအသိဖြစ်ပါတယ်။
သာမာန်ဟန့်တားမှုမျိုးမဟုတ်ပဲ ရက်စက်သောနည်းများကို သုံးခဲ့ပါတယ် ။

ဒီလိုဖြစ်စဉ်များကို အခုလိုပြုစုတင်ပြနေရတာက NLD ရဲ့ သမိုင်းကြောင်းတင်မကဘူး ၊ ဒီမိုကရေစီ


လိုလားသူများကို ဘယ်လို စနစ်တကျ နှိပ်ကွပခ
်ဲ့တယ်ဆိုတာပြန်၍ မီးမောင်းထိုးပြရတာပါ ။အဲဒီလိုနှိပ်စက်ခဲ့တဲ့
လုပ်ရပ်များရဲ့နောက်ကွယ် မှာတော့စစ်အစိုးရဟာ သူတို့လိုလားတဲ့နိုင်ငံရေး ရည်မှန်းချက်ကို အကောင်အထည်
ပေါ်အောင် ဘယ်လောက်ထိရက်စက်တဲ့ နည်းတွေနဲ့ အသုံးပြုခဲ့တယ် ဆိုတာသိစေချင်တာလဲပါပါတယ် ။
အဲဒီလုပ်ရပ်တွေ အားလုံးရဲ့ဦးတည်ရာ ရည်မှန်းချက်ဟာလဲ ၂၀၁၀ ရွေးကောက်ပွဲပဲဆိုတာထင်ရှားလာပါတယ် ။

၂၀၀၃ ခုနှစ် ဒီပဲရင်းအရေးခင်းနဲ့ဆက်နွယ်ပြီး တပြည်လုံးကို နိုင်ငံရေးအရ နှိပ်ကွပ်ပြီးတဲ့အခါ နိုင်ငံတကာရဲ့


အရေး ဆိုမှု ၊ ဖိအားပေးမှုတွေဟာ ပိုမိုတိုးတက်များပြား လာပါတယ် ။ အဲဒီလိုဖြစ်လာတဲ့အခါ ၂၀၀၃ ခုနှစ်မှာပဲ
မြန်မာ့ နိုင်ငံရေး အနာဂါတ်ခရီးစဉ်ကို အကောင်အထည်ဖော်မယ့် ROAD MAP (၇)ချက် ကိုအစိုးရက ကြေငြာ
လာပါတော့တယ်။ အဲဒီလိုကြေငြာပြီး တဲ့နောက်ပိုင်းမှာ အမျိုးသားညီလာခံပြန်လည်ကျင်းပခဲ့ပါတယ်။
အဲဒီညီလာခံမှာလဲ NLD ဘာကြောင့် မပါဝင်ခဲ့တာကိုတော့ အားလုံးသိပြီးမို့  အထူးမတင်ပြလိုတော့ပါ။

၂၀၀၇ ခုနှစ်တွင် မထင်မှတ်ပဲ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ခဲ့ပါတယ် ။ စစ်အစိုးရရဲ့လူမဆန်တဲ့ ပစ်ခတ်


သတ်ဖြတ်မှုများကြောင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာဖိအားများပိုမိုများပြားလာသလို ပြည်တွင်းမှာလဲ နိုင်ငံရေး
အဖွဲ့အစည်းများကသာမက ပြည်သူများကြားမှာ မကျေနပ်မှုများ ပိုမိုများပြား လာခဲ့ပါတယ်။ ဒီလိုခက်ခဲတဲ့
အနေအထား တွေကိုရှောင်လွှဲနိုင်ဖို့အတွက် နအဖ အစိုးရဟာ ၂၀၀၈ မှာ ဖွဲ့စည်းပုံအခြေခံအတည်ပြုရေးနှင့် ၂၀၁၀
တွင် ရွေးကောက်ပွဲပြုလုပ်ပေးရန်အစီအစဉ်များကိုကြေငြာခဲ့ပါတယ် ။

လူထုမကျေနပ်မှုများပိုမိုကြီးထွားလာကို အကြောင်းပြုပြီး ၂၀၀၃ ခုနှစ် မှစ၍ အကျယ်ချုပ်ချထားသော


ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးညှိနိုင်းနိုင်ရန် ဆက်ဆံရေးဝန်ကြီးအဖြစ် ဦးအောင်ကြည်ကို ခန့်ထား ခဲ့ပါတယ်။
ဆက်ဆံရေးဝန်ကြီးတဦးခန့်အပ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် အစီအစဉ်မှာ နိုင်ငံရေး အဖြေရရှိရန်
ရည်ရွယ်ရင်းမဟုတ်ပဲ လတ်တလော ပေါ်ပေါက်နေတဲ့ ၎င်းတို့ရဲ့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန်သာ
ဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့၏ အကြိမ်ကြိမ်ဆွေးနွေး ခဲ့မှုများက ဘာအဖြေမှ
ထွက်မလာခြင်းကထင်ရှားတဲ့ သာဓက ဖြစ်တယ်။ နိုင်ငံရေးလှည့်ဖြားမှု့တခုဖြစ်တယ် ဆိုတာ အထူးတင်ပြလိုပါတယ် ။

တပြိုင်နက်ထဲမှာ ဆယ်စုနှစ် ၁ ခုကျော် ကျင်းပပြီး မပြီးစီးနိုင်ခဲ့တဲ့ အမျိုးသားညီလာခံ ကိုလဲ အပြီးသတ်


စေခဲ့ပါတယ် ။ အဲဒီနောက်မှာ အခြေခံဥပဒေရေးဆွဲရေးကော်မရှင် တရပ်ကို ဖွဲ့စည်းပေးပြီး ထိုဥပဒေကို ၂၀၀၈
ခုနှစ်မှစ၍ တွန်းအားပေးဆောင်ရွက်ခဲ့ပါတယ် ။ ထိုအခြေခံဥပဒေတခုလုံးမှာစစ်တပ်က လွှမ်းမိုးချုပ်ကိုင်နိုင်ရေး
ဆိုတဲ့အချက်ပေါ်မှာ အဓိကထားတဲ့အပြင်မိမိတို့ အလိုကျ အချက်အလက်များ ကို အခြေခံ
ရေးဆွဲထားတာတွေ့ရပါတယ်။

၂၀၀၈ ခုနှစ်မေလ ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်းကြောင့် လူအများ သိန်းနဲ့သန်းနဲ့ချီပြီး


ဒုက္ခရောက်ခဲ့ရတဲ့အပြင် တတိုင်းပြည်လုံးကလဲ နာဂစ်မုန်တိုင်း ဘေးဒါဏ်ကြောင့် စိတ်ဒုက္ခ ကြီးမားစွာခံစားခဲ့ရပါတယ်။
ဒါကြောင့် ပြည်သူအများစုက ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို စိတ်မ၀င်စားနိုင်တော့ပါ။
ဒီလိုအခြေအနေများအကြားမှာ နအဖ အစိုးရက ဆန္ဒခံယူပွဲကို အတင်းဒရွတ်ဆွဲ ကျင်းပခဲ့ပြီး အဲဒီ ဥပဒေကို
ပြည်သူအများစုက တခဲနက်ထောက်ခံမှုရခဲ့တယ်လို့ ကိန်းဂဏန်းများ ၊ ရာနှုန်းအညွှန်းများဖြင့်
ကမ္ဘာကိုထုတ်ပြန်ကြေငြာခဲ့ပါတယ် ။

၂၀၀၈ အခြေခံ ဥပဒေ အတည်ပြုပြီးနောက် ၂၀၁၀ ခုနှစ်တွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို


ကျင်းပပေးမယ်လို့ ကြေငြာခဲ့ပါတယ်။ အဲဒီလိုကြေငြာထားခဲ့ပေမယ့် နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်၊စည်းရုံးခွင့်စတဲ့
အရေးကြီးတဲ့ ကိစ္စတွေကို ခွင့်ပြုချက် ဥပဒေများကို ချက်ချင်း မထုတ်ပြန်ခဲ့ပါ။
ဒါကြောင့်လဲပြည်သူလူထုတွေကြားထဲမှာလဲ နိုင်ငံရေးနိုးကြားမှုဖြစ်မလာခဲ့ပါ။ နိုင်ငံရေးနိုးကြားသူများက
ပါတီများတည်ထောင်ဖို့ ချက်ချင်း ခွင့်မပြုတဲ့ ကိစ္စ ကို မယုံမရဲ စောင့်ကြည့်နေရတဲ့ အနေအထား ဖြစ်နေခဲ့ပါတယ် ။
၂၀၁၀ ခုနှစ် မတ်လရောက်မှသာ နိုင်ငံရေးပါတီများဖွဲ့စည်း ခွင့်ပြုမိန့်များ ထွက်လာခဲ့ပါတယ်။ ရွေးကောက်ပက
ွဲို
နိုဝင်ဘာလမှာကျင်းပမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီများရဲ့  လှူပ်ရှားစည်းရုံး နိုင်မှုအချိန်အကို ချုံ့လိုက်သည့်
သဘောပါကြောင်း ထင်ရှားလာရပါတယ် ။

ပါတီတည်ထောင်ခွင့် ၊ စည်းရုံးခွင့်ကာလ ချုံ့လိုက်တဲ့အတွက် နိုင်ငံရေးကို စိတ်ပါဝင်စားသူများ


အတွက်နိုင်ငံရေး ဖြစ်စဉ်တွင် ပါဝင်ခွင့်နှင့်ပါတ်သတ်ပြီး အခက်အခဲမျိုးစုံ ကြုံတွေ့ ခဲ့ရပါတယ် ။

ဥပမာ- ( ၁ ) ပါတီထူထောင်ရန် နေရာ အခက်အခဲ ၊

( ၂ ) သတ်မှတ်ထားတဲ့ ကနဦးတင်ပြရမဲပ
့ါတီဝင်များ အရေအတွက် အခက်အခဲ

( ၃ ) ရွေးကောက်ပဝ
ွဲ င်ရန် လုံလောက်သောရံပုံငွေများ ရနိုင်မဲ့ အခက်အခဲ စသည်တို့ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ နှစ်ပေါင်း ၂၀ နီးပါး အင်န့အ


ဲား နဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ ဟာလဲ
လူမှုရေးအဖွဲ့အစည်းအနေကနေ “ပါတီ” တရပ်အဖြစ် ရုတ်တရက်ပြောင်းလဲစေခဲ့ပါတယ်။ အဲဒအ
ီ ခါမှာ သူတို့ ဟာ
လူအင်အား သန်းပေါင်းများစွာစုစည်းပြီး ဖြစ်သလို သူတို့ရဲ့ များပြားလှတဲ့ စီးပွားရေး လုပ်ငန်းတွေကရတဲ့
ရံပုံငွေတွေဟာ ကုဋေပေါင်းများစွာ စုဆောင်းပြီး ဖြစ်နေပါတယ် ။

ဒီလိုအရေးကြီးတဲ့ကာလ မှာပဲ အဓိကပါတီကြီးဖြစ်တဲ့ NLD ဟာ ပါတီ မှတ်ပုံတင်ရေးကို ငြင်းပယ်ခဲ့ ရုံမက


၂၀၁၀ ရွေးကောက်ပွဲကိုပါ သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ၊ အဲဒီဆုံးဖြတ်ချက်တွေဟာ မြန်မာပြည်နိုင်ငံရေး ကို
ထိရောက်စွာပါဝင်ဆင်နွဲလိုသူများ အပေါ်ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်စေခဲ့ပါတယ်။

ဒီကာလတွေမှာတော့ ကြံ့ဖွံ့ပါတီဟာ ဥပဒေမဲ့စွာနဲ့ အစိုးရ၀န်ထမ်းများကို အသုံးချပြီး စည်းရုံးရေးတွေ


လုပ်ဆောင်ခဲ့ပါတယ် ။ ဒါ့ပြင် အစိုးရပိုင် အဆောက်အဦး ၊ ယာဉ် စသည်များကို အသုံးချပြီး စည်းရုံးရေးလုပ်ငန်းများကို
လုပ်ဆောင်ခဲ့ပါတယ် ။ ဒီလုပ်ဆောင်ချက်တွေ ကိုရွေးကောက်ပွဲကော်မရှင်ကဘယ်လိုမှ အရေးယူဆောင်ရွက်ခြင်း
မပြုခဲ့ပါဘူး ။ အဲဒီလိုအရေးမယူခဲ့ခြင်းဟာ ရွေးကောက်ပွဲကော်မရှင် လူကြီးများကပါ သဘောတူခွင့်ပြုထားတဲ့ သဘော
သက်ရောက်နေပါတယ် ။

တပြိုင်ထဲမှာပဲ အစိုးရ နဲ့ သူတို့ အသိုင်းအ၀ိုင်းက ပံ့ပိုးပေးထားတဲ့ နိုင်ငံရေးပါတီများ အလျှိလျှိပေါ်ပေါက်


လာပါတယ် ။ ဒီလုပ်ရပ်တွေ ဟာပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့ပါတယ် ။ ဒါတင်မကပါတီ အချို့ က
ယခင်လူသိများခဲ့တဲ့ သင်္ကေတများကို မိမိတို့ရဲ့ ပါတီသင်္ကေတများ အဖြစ် ပေါ်ထင်စွာ
အသုံးချခွင့်ပြုခြင်းကလဲပြည်သူလူထုကြားမှာ ၀ိဝါဒ ကွဲစေခဲ့ပါတယ် ။ ဥပမာ- NDF ပါတီက “ ခမောက်တံဆိပ်”
အသုံးပြုခဲ့ခြင်း နဲ့ ကျောင်းသားဟောင်းအချို့ခေါင်းဆောင်တဲ့ ပါတီတခုက “ခွပ်ဒေါင်းတံဆိပ”် သုံးစွဲခဲ့ခြင်းတို့ 
ဖြစ်ပါတယ် ။

ဖွဲ့စည်းခွင့်ရတဲ့ နိုင်ငံရေးပါတီအများစုက ပါတီဝင်စုဆောင်းခြင်း ရံပုံငွေရအောင် ကြိုးပမ်းခြင်း စတဲ့ ကိစ္စများ


နှင့် အချိန်မလောက်မငှ ဖြစ်နေချိန်မှာ အစိုးရအနေနဲ့ ရွေးကောက်ပက
ွဲို ၂၀၁၀ နိုဝင်ဘာလ မှာ မဖြစ်ဖြစ်တဲ့နည်းနဲ့
ကျင်းပသွားမဲ့ အနေအထား တွေပိုပြီး ပီပီပြင်ပြင်တွေ့နေရပါတယ် ။

နိုင်ငံရေးပါတီတွေ အဆမတန် အလုပ်ဝန် ပိနေချိန်မှာပဲ အထွေထွေရွေးကောက်ပွဲ


ဝင်မည်လ
ွှ့တ်တော်ကိုယ်စားလှယ် စာရင်းတင်သွင်းရန် ရက်သတ္တပါတ် ( ၂ )ပါတ်သာအချိန် ရစေရန် ရွေးကောက်ပွဲ
ကော်မရှင်က အမိန့်ထုတ်ပြန်ကြေငြာခဲ့ပါတယ် ။ ဤလုပ်ရပ်က အမှန်တကယ် ဒီမိုကရေစီကို ပိုလိုလားသော
ပါတီများအတွက် ကြီးမားတဲ့ ပြဿနာ ဖန်တီးပေးလိုက်ခြင်းသာဖြစ်ပါတယ် ။ စေတနာထက် ဝေဒနာ
သဘောပါနေတာ အထင်အရှား ဖြစ်ပါတယ် ။

အခြားနိုင်ငံရေးပါတီတွေ အဲဒီလို ၀ရုန်းသုန်းကားဖြစ်နေချိနမ


ှ်ာ ကြံ့ဖွံ့ပါတီကတော့ ရွေးကောက်ပွဲဝင်ဖို့ 
လူနံမည်စာရင်းများအဆင်သင့်ဖြစ်နေပါပြီ ၊ ပြီးတော့ သူတို့ ပါတီရဲ့ စည်းရုံးရေးအတွက် တိုင်း နဲ့ ပြည်နယ်သာမက
အခြေခံ ဖြစ်တဲ့ ရပ်ကွက် ကျေးရွာအဆင့်တိုင်အောင် အစိုးရ၀န်ထမ်းများကိုယ်တိုင်ပါဝင်ပြီး စည်းရုံးရေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့ပါတယ် ၊ သြဇာ အာဏာတွေသုံးခဲ့ပါတယ် ။ ကြံ့ဖွံ့ပါတီဝင်တွေက ရွေးကောက်ပွဲ ဥပဒေကို အမျိုးမျိုး
ချိုးဖောက်နေခဲ့တာတွေ ကိုရွေးကောက်ပွဲကော်မရှင်က လုံးဝ ဟန့်တားခြင်း မရှိခဲ့ပါ ။
တရားဝင်ခွင့်ပြုသလိုဖြစ်နေပါတယ် ။

အထက်မှာတင်ပြခဲ့တဲ့ နိင
ုငံရေးအခင်းအကျင်းများကို ဝေဖန် သုံးသပ်တဲ့အခါ အောက်ပါအခြေအနေများကို
ထင်ရှားစွာ သိမြင်လာပါတော့ တယ် ။ အဲဒီအချက်တွေကတော့ _

( ၁ ) ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ပါ ။

( ၂ ) ရွေးကောက်ပွဲနှင့် ပါတ်သက်ပြီး နအဖ ရဲ့  မဟာဗျူဟာ အရ ကြံ့ဖွံ့ပါတီ အနိုင်ရရေးကို


ဦးတည်နေတယ် ။

( ၃ ) ကျန်ပါတီ အားလုံးကို စည်းရုံးခွင့် ၊ ဖွဲ့စည်းခွင့် ၊ ရံပုံငွေ ရှာဖွေခွင့်များနှင့် ပါတ်သတ်ပြီးနည်းမျိုးစုံနှင့်

ထိမ်းချုပ်ကန့်သတ်ထားတယ်။

( ၄ ) ကြံ့ဖွံ့ပါတီကလွဲပြီး ကျန်ပါတီအားလုံးဟာ အများအမြင်ကောင်းယုံသာ အဖြည့်ခံ ၊


အသုံးချခံအဖြစ်သာ
ခွင့်ပြုထားတာဖြစ်တယ် ။

( ၅ ) အခြားပါတီများကံကောင်းထောက်မ လို့ အရွေးခံရရင်လဲ လွှတ်တော်ထဲမှာ ဟုတ္တိပါတ္တိ ဘာမှပြောခွင့်

ရမှာမဟုတ်နိုငပ
်ါ။

( ၆ ) အဓိက ကျဆုံးအချက်က ဘာလဲဆိုတော့ အထက်ဖော်ပြခဲ့တဲ့ အခြေအနေတွေ အားလုံးဟာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သာလျှင်အကြောင်းရင်းဖြစ်တယ်ဆိုတာ ပေါ်လွင်လာပါတော့ တယ် ။

ဒီလိုအနေအထားတွေကြောင့် ၂၀၁၀ ရွေးကောက်ပွဲကိုမျှော်လင့်တကြီးနဲ့  ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့


ကျနော်တို့  အဖို့ လေးလေးနက်နက် စဥ်းစားဖို့ ဖြစ်လာပါပြီ ။ လက်ရှိစစ်အစိုးရက ဖန်တီးနေတဲ့ ကြံ့ဖွံ့ပါတီ
အာဏာရစေရေး အတွက် အသုံးချခံပါတီ အဖြစ်ရွေးကောက်ပွဲ ၀င်မည်လား ၊ သို့ မဟုတ် ကိုယ့်နိုင်ငံရေးသိက္ခာ
ကိုလေးစားသမှု ပြုလျှက် ရွေးကောက်ပွဲကို ကျောခိုင်းမည်လား ဆိုတဲ့ မေးခွန်း ( ၂ ) ခုဟာ ကျနော့် အနေနဲ
့ရွေးချယ်ရတော့မယ့် မေးခွန်းတွေ ဖြစ်လာပါတယ်။

ဖော်ပြခဲ့ပါ အချက်အလက်များကို အချိန်ယူပြီး အပြန်အလှန် သုံးသပ်ပြီးတဲ့ နောက်မှာ ကျနော်ဟာ ၂၀၁၀


ရွေးကောက်ပွဲကို မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ရပါတော့တယ် ။ ဒီဆုံးဖြတ်ချက်ဟာ လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့ရတာ
မဟုတ်ပါဘူး။ ကျနော့်နိုင်ငံရေး ဘ၀နဲ့ရင်းပြီး ချမှတ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်ပါတယ် ။ ရွေးကောက်ပွဲကို ကျနော်
ကိုယ်တိုင် မပါဝင်တော့ သလို တခြားပါတီများကိုလဲ ရွေးကောက်ပွဲမ၀င်ဖို့ တိုက်တွန်း နှိုးဆော်ခဲ့ပါတယ် ။

၂၀၁၀ ရွေးကောက်ပွဲ ကို မ၀င်ဖို့ဆုံးဖြတ်ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာပြည်ရဲ့ နိုင်ငံရေးခရီးစဉ်ကို


သေချာစွာသုံးသပ်ကြည့်မယ်ဆိုရင် ကျနော်တို့လို နိုင်ငံရေးစိတ်ပါဝင်စားသူများ အဖို့ ဆက်လက်ဆောင်ရွက်ရန်
ကိစ္စများလို့  တွေ့မြင်လာပါတော့တယ် ။ ဒါတွေကတော့_

∗ ထောင်တွင်းမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး


∗ ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်း အားလုံးနဲ့တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းတဲ့ ရလဒ်
ရအောင်ဆောင်ရွက်ရေးနဲ့
∗ ဒီမိုကရေစီအရေးတော်ပုံကြောင့် အဝေးကိုရောက်သွားရတဲ့ ညီနောင်သားချင်းများ မိခင်တိုင်းပြည်ကို
လွတ်လပ်စွာ ပြန်လာနိုင်ရေး တို့ ဖြစ်ပါတယ် ခင်ဗျာ ။

ဖြိုးမင်းသိန်း

၂၀၁၁ ခု ၊ မေလ ၊ ( ၂၇ ) ရက်

You might also like