You are on page 1of 2

အ ညတရသူ ရ ဲ ေ ကာင်း ဂု ဏ်ြ ပုပွဲ အခမ်း အနားသို့ 

နို င် ငံေ ရးအကျဉ်း သားများကူ ညီေ စာင့်ေ ရှာ က်ေ ရးအသင်း (မြန် မာနို င် ငံ ) မှ ပေးပို့ေ သာ


သ၀ဏ် လွှာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပသော အညတရသူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနားသို့ နိုင်ငံရေး


အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်င)ံ မှ လေးစားဂုဏ်ပြုရင်း ဤသ၀ဏ်လွှာကို
ပေးပို့အပ်ပါသည်။

ယနေ့ကာလတွင် န၀တ၊ နအဖ စစ်အုပ်စုမှ အမည်ပြောင်းလဲလိုက်သော ကြံ့ဖွအံ့ စိုးရသစ်သည် ယခင်


စစ်အာရှင်များနည်းတူ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက်
စွမ်း စွမ်းတမံ ဆောင်ရွက်နေသူများကို ဆက်လက်၍ ပြင်းထန်စွာ ဖိနှိပ်နေဆဲပင်ဖြစ်သည်။ တရားဥပဒေနှင့်
မလျှော်ညီစွာ ဖမ်းဆီးခြင်း၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လျှက်ရှိသည့်အပြင် မိသားစုနှင့် အလွန်ဝေးကွာသည့်
ထောင်များသို့ ပြောင်းရွှေ့မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိပါသည်။
ယခုနှစ် မေလ ၁၆ ရက်နေ့တွင်လည်း အမည်ခံလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ကာ နှစ်ရှည်
အကျဉ်းကျခံနေသူများကို တနှစ်လျှော့ပေးခဲ့သည်။ ဤသည်မှာ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်
လွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက် တောင်းဆိုနေကြတဲ့ မြန်မာနိုင်ငံသားများ၊ ကုလသမဂ္ဂ
အပါအ၀င် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ လူ့အခွင့်အခွင့်အရေးကောင်စီ၊ လူ့အခွင့်အရေးအဖွဲ့များအား
ပျက်ရယ်ပြု စော်ကားလိုက်ခြင်းပင်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်သည် အကျဉ်းထောင်အသီးသီးတွင် အစားဆင်းရဲခြင်း၊
အနေဆင်းရဲခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်းတို့ ခံစားနေရသည့်အပြင် ခွဲခြားဖိနှိပ်မှုများ ပြင်းထန်စွာ
ခံစားနေကြရသည်။ သို့သော် ထိုသို့သော ဆိုးရွားလာသည့် အခြေအနေများ ရင်ဆိုင်နေရ သော်လည်း
နိုင်ငံရေးအကျဉ်းသားများသည် အာဏာရှင်များအား လက်နက်မဲ့ ရင်ဆိုင်တော်လှန် လျှက်ပင် ရှိနေကြသည်။
ဤသည်မှာ နိုင်ငံရေးအကျဉ်းသားများ၏ ပြည်သူအပေါ်ထားရှိသော စေတနာ၊ သူတို့၏ ယုံကြည်ချက်အပေါ်
စိတ်ဓာတ်ခွန်အားကိုပြသရာ ရောက်နေပေသည်။
ထို့ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး အတွက်
ကြိုးပန်းဆောင်ရွက်နေသူများ၊ ထိုသူများကို အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းပြုနေသူများကို မိမိတို့ နိုင်ငံရေး
အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်င)ံ မှ လေးနက်စွာ အသိအမှတ်ပြု
ချီးကျူးအပ်ပါသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပသော အညတရသူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဆရာတော်
ဦးအိန္ဒက၊ ဦးခင်ဝင်း (ခ) ဘိုးတော်ခင်ဝင်းနှင့် ကိုသန်းနိုင်တို့ကို ရွေးချယ်၍ အညတရ သူရဲကောင်းဆု
ရွေးချယ်ဂုဏ်ပြုလိုက်ခြင်းသည် ထို (၃) ဦးသာမက အကျဉ်းကျခံ နိုင်ငံရေး အကျဉ်းသား အားလုံးအား
ဂုဏ်ပြုလိုက်ခြင်းပင်ဖြစ်ကြောင်း မိမိတို့ ယုံကြည်ပါသည်။
ထို့ကြောင့် မိမိတို့အေအေပီပီအနေဖြင့် ထိုအခမ်းအနား ကျင်းပရေးကော်မတီနှင့်
ဆုရွေးချယ်ရေးအဖွဲ့တို့အား လေးစားဂုဏ်ယူပါကြောင်းနှင့် မိမိတို့အသင်းအနေဖြင့်လည်း နိုင်ငံရေး

1
အကျဉ်းသားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် ၎င်းတို့လွတ်မြောက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း ကတိပြုရင်း ဤသ၀ဏ်လွှာအား ပေးပို့အပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်င)ံ
ဇွန်လ ၆ ရက်၊ ၂၀၁၁ ခုနှစ်

You might also like