You are on page 1of 56

အာဏာပိုင်နှင့် နီးစပ်သည့် ကုမ္ပဏီများ ၅ သိန်းတန်GSM ချပေးခွင့်ရရှိ

ဧရာဝတီ Tuesday, 07 June 2011 19:39

ကျပ် ၅ သိန်းတန် GSM ဖုန်းချထားပေးသည့် လုပ်ငန်းများကို အာဏာပိုင်များနှင့် နီးစပ်သော ကုမ္ပဏီ ၃ ခုက အကျိုးတူ လုပ်ကိုင်ခွင့် ရရှိထားပြီး အဆိုပါ
ကုမ္ပဏီများတွင် လျှောက်ထားနိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသိန်းဦးက တရားဝင် ပြောဆိုလိုက်သည်။

ပုဇွန်တောင်မြို့နယ် မြန်မာ့ဆက်သွယ်ရေး
သင်တန်းကျောင်းတွင် ဇွန်လ ၆ ရက်နေ့က ကျင်းပခဲ့သော
ဆက်သွယ်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားအပြီး ပြည်တွင်း
သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဦးသိန်းဦးက ထိုသို့
ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ယူ


ချထားပေးလျက်ရှိသော ကျပ် ၅ သိန်းတန် GSM ဖုန်းများကို
ဦးတေဇပိုင် E-Lite Tech ကုမ္ပဏီ၊ ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့်
Asia Mega Links တို့တွင် တိုက်ရိုက်
လျှောက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် ထိုသို့ လျှောက်ထားပါက
နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီတွေကို ကျပ် ၅ သိန်းတန် GSM ချပေးတဲ့ လုပ်ငန်း


လွှဲပေးတယ်လို့တော့ တရားဝင်မပြောဘူး။ သူပြောတာက
အကျိုးတူ လုပ်တာပေါ့။ ဒါပေမယ့် ဒါက လွှဲပေးလိုက်တာနဲ့
GSM ဖုန်းပောနေသူမား အတူတူပါပဲ။ အဲဒီကုမ္ပဏီတွေမှာ သွားလျှောက်ရင်
ချက်ချင်းရမယ်။ နေ့ချင်းပြီး တခါတည်း၊ တချိန်တည်း၊
တနေရာတည်းမှာ One Stop Service နဲ့ လုပ်ပေးမယ်” ဟု အခမ်း အနား တက်ရောက်ခဲ့သော သတင်းထောက်တဦးက ဆိုသည်။

ဦးတေဇပိုင် E-Lite Tech ကုမ္ပဏီသည် ရန်ကုန်မြို့တွင် ကျပ် ၅ သိန်းတန်CDMA 800 MHz ဖုန်းများချထားပေးသည့် လုပ်ငန်းအပြင် ဖုန်းနှင့်
အင်တာနက်ချိတ်ဆက် တပ်ဆင်ပေးသော လုပ်ငန်းများကိုပါ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

မေလ ၃၁ ရက်နေ့တွင် သတ်မှတ်ဖုန်း အလုံးရေ ပြည့်မီသွားသည့်အတွက် CDMA 800 MHz ဖုန်းများချထားပေးမှု ရပ်ဆိုင်းခဲ့ကာ ယခုကဲ့သို့ ကျပ် ၅ သိန်းတန်
GSM ဖုန်းချထားပေးသည့် လုပ်ငန်းကို ထပ်မံလုပ်ကိုင်ခွင့် ရရှိသွားခြင်း ဖြစ်ကြောင်း E-Lite ကုမ္ပဏီမှ သိရသည်။

“CDMA 800 MHz က ဖုန်းအလုံးရေ ၂ သိန်းပြည့်သွားလို့ ရပ်လိုက်တာပါ။ ဖုန်းချထားပေးတာတွေ ရပ်ပေမယ့် CDMA 800 MHz ဖုန်းတွေမှာ အင်တာနက်
တပ်ဆင်ခွင့်တော့ ပြန်ပြီးလုပ်ပေးဖို့ ရှိပါတယ်” ဟု ဗဟန်းမြို့နယ် ပုလဲကွန်ဒိုရှိ E-Lite Tech ရုံးချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

E-Lite Tech ကုမ္ပဏီသည် ရတနာပုံမြို့သစ်တွင် ဖုန်းဟန်းဆက်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဖိုက်ဘာ ကြိုးမျှင်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ကျပ် ၅ သိန်းတန်
CDMA 800 MHz၊ GSM၊ CDMA 450 MHz ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်သည့် လုပ်ငန်း၊ တခါသုံး ဖုန်းကတ်များ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းအပါအ၀င်
ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများစွာကို လုပ်ကိုင်ခွင့် ရရှိထားသည်။

E-Lite Tech အပြင် အာဏာပိုင်များနှင့်နီးစပ်သည့် ရတနာတယ်လီပို့နှင့် Asia Mega Link ကုမ္ပဏီတို့သည်လည်း ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို
လုပ်ပိုင်ခွင့် ရရှိထားသည်။

“ရတနာပုံ တယ်လီပို့ရော၊ Asia Mega Link ရောက ဗိုလ်ချုပ်တွေရဲ့ ဆွေမျိုး အသိုင်းအဝန်းတွေ ရှယ်ယာပါထားတဲ့ ကုမ္ပဏီတွေပါ။ ဒီလိုကုမ္ပဏီမျိုးတွေပဲ
လုပ်ကိုင်ခွင့်ရတာ မဆန်းပါဘူး” ဟု အပတ်စဉ်ထုတ် ဂျာနယ်တခုမှ စီးပွားရေး သတင်းထောက် တဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအင်ဂျင်နီယာချုပ် ဦးသိန်းဦးက မြန်မာနိုင်ငံမှ GSM ဖုန်းများကို အာဆီယံ ၁၀ နိုင်ငံနှင့် အာရှနိုင်ငံ များသို့ သယ်ဆောင်
အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိပြီး အပြန်အလှန်အားဖြင့် ပြည်ပနိုင်ငံများမှ ဖုန်းများကိုလည်း မြန်မာနိုင်ငံတွင် သယ်ဆောင် အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊
လက်ရှိတွင် ယင်းကိစ္စအတွက် ဖုန်း ဆက်သွယ်ခနှင့် ပြောဆိုခများ အတွက် ညှိနှိုင်းနေဆဲဖြစ်ပြီး ယခုနှစ်အကုန်တွင် အဆိုပါ ကိစ္စရပ်များ အကောင်အထည်
ဖော်မည်ဖြစ်ကြောင်း ရှင်းပြသည်။

ယင်းအပြင် ကျပ် ၅ သိန်းထက် နည်းသော ပမာဏဖြင့် ဖုန်းများ ထပ်မံချထားပေးရန်လည်း ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

“ထိုင်းနိုင်ငံတောင်မှ GSM SIM ကတ်တွေ လေဆိပ်မှာ အလကားပေးတယ်။ ဒီမှာတော့ ဖုန်း SIM အတွက် ကျပ် ၅ သိန်း၊ ၃ သိန်းလောက် ပေးနေရတာ သိပ်တော့
သဘာဝမကျလှဘူး။ ကိုယ်မလုပ်နိုင်လည်း လုပ်နိုင်တဲ့သူကို လုပ်ငန်း လွှဲပေးလိုက် ပြီးတော့ ဈေးနှုန်းသက်သက်သာသာနဲ့ ဖုန်းတွေ ချထားပေးသင့်တယ်” ဟု
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ မကြာခဏ သွားရောက်လေ့ရှိသူ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ
စီးပွားရေးသမား တဦးက ပြောသည်။
မြန်မာနိုင်ငံတွင် GSM မိုဘိုင်းလ်ဖုန်း သန်း ၃၀ အား ၅ နှစ်အတွင်း ချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းထွန်းက နေပြည်တော်တွင်
ကျင်းပပြုလုပ်သော အထူး စီမံကိန်းများ ညှိနှိုင်း အစည်းအဝေး (၁/ ၂၀၁၁) တွင် ပြောဆိုခဲ့သည်။

ဇနီးသည် ၄၅ ဦး ရေလုပ်သားများအတွက် လျော်ကြေးတောင်း

ခင်ဦးသာ Tuesday, 07 June 2011 19:23

ပြီးခဲ့သည့် မတ်လက လေပြင်း မုန်တိုင်းကြောင့် ပင်လယ်တွင်း မျောပါသွားသည့် ရေလုပ်သား ၄၅ ဦးအတွက် လျော်ကြေး ရလိုကြောင်း ၎င်းတို့၏ ဇနီးသည်များက
အလုပ်ရှင် နှင့် အာဏာပိုင်တို့ထံ တောင်းဆိုထားကြောင်း အကျိုးဆောင် ရှေ့နေတဦးက ပြောသည်။

“ကျန်ရစ်တဲ့ မုဆိုးမ ၁၅ ဦးနဲ့ တခြား အမျိုးသမီး ၃၀ က


စုပြီးတော့ မေလ ကတည်းက တောင်းဆိုတာ ခုချိန်ထိ
ကူညီပေးတာမျိုး၊ ဆောင်ရွက်ပေးမယ် ဆိုတာမျိုး တုန့်ပြန်မှု
မရှိဘူး” ဟု ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီကို ပြောသည်။

အမျိုးသမီး ၃၀ သည် မုန်တိုင်းမိ၊ ပျောက်ဆုံးပြီးမှ


ပြန်လည်ရောက်ရှိလာသူ ရေလုပ်သားတို့၏ ဇနီးများ ဖြစ်သည်။

ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ကျားဖောင်လုပ်ငန်း၊


ငါးဖမ်းလုပ်ငန်းများ လုပ်ဆောင်နေသည့် ဖျာပုံ၊ ဒေးဒရဲ၊ လပ္ပတ္တာ၊
မြောင်းမြ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့်မြို့နယ်တို့မှ
ဒေသခံများ ဖြစ်သည်။

မတ်လလယ်က တိုက်ခတ်ခဲ့သော လေပြင်း မုန်တိုင်းကြောင့်


ရေလုပ်သား တသောင်းခြောက်ထောင်ကျော် ရေထဲ
မျောပါသွားခဲ့သည်။ အများအပြား အသက်ရှင်ပြီး နေရပ်ရင်းသို့
ကော့သောင်းမိရောက်ရေလုပ်သားမားကိုမတ်လ ပြန်ရောက်ရှိပြီး ဖြစ်သည်။

့ ကိုသဘောကီးမားကတေရိကယ်တင်ခဲ့ခင်းဖစ်သည်
မောနေသော၎င်းတို
ယခု သုံးလ ပြည့်မြောက်ချိန်တွင် ပျောက်ဆုံးနေသူ
(ဓာတ်ပုံ - http://burmese.nldburma.org)
အရေအတွက် ၅၀၀ ၀န်းကျင် ရှိသည်ဟု သိရသည်။

“အလုပ်ရှင်တွေ ပြောတာက ရာသီဥတု မကောင်းလို့ ဖြစ်သွားတာ လျော်ကြေးပေးစရာ မလိုဘူး ဆိုပြီး ဟိန်းဟောက်တယ်” ဟု ခင်ပွန်းနှင့် သားမက်တို့
ပျောက်ဆုံးနေသူ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းရွာမှ ဒေါ်စန်းစန်းက ဧရာဝတီကို ပြောသည်။

ယခင် လုပ်အားခများကို တောင်းဆိုရာတွင်လည်း ကြမ်းကြမ်း တမ်းတမ်း ဟိန်းဟောက်ခံရသည်ဟု ဒေါ်စန်းစန်းက ပြောသည်။

ထိုအမျိုးသမီး ၄၅ ဦးက လျော်ကြေး နှင့် နစ်နာကြေး ရရှိရေးအတွက် လိုက်ပါ ဆောင်ရွက်ပေးရန် ရှေ့နေကိုဖိုးဖြူကို အကူအညီတောင်းထားခြင်း ဖြစ်သည်။

အာဏာပိုင်တို့က လျော်ကြေး ပေးမည်မဟုတ် ဟူသော ပြောဆိုချက်ကို ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်တွင် တွေ့ရသည်။

“ယခုကိစ္စတွင် ရေလုပ်သားများသည် သဘာဝ ဘေးအန္တရာယ်ကြောင့် သေဆုံးရခြင်း ဖြစ်သည့် အတွက် ၁၉၂၃ ခုနှစ် အလုပ်သမား လျော်ကြေးဥပဒေနှင့်
အကျုံးဝင်ခြင်း မရှိ” ဟု ရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်ကို အခြေခံ၍ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ တာဝန်ရှိသူ တဦးက ရှင်းပြကြောင်း မေလ ၁၁
ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ထိုသို့ ပြောဆိုခြင်းသည် မျှတမှု လုံးဝမရှိကြောင်း ရှေ့နေကိုဖိုးဖြူက ပြောသည်။

“ရေလုပ်သားတွေက ပင်လယ်ပြင်ကို အပျော်သွားကြတာ မဟုတ်ဘူးလေ၊ အလုပ် လုပ်ဖို့ သွားတာကို အလုပ်ရှင်က တာဝန်ယူရမှာပေါ့” ဟု ကိုဖိုးဖြူက ဆိုသည်။

ထိုကိစ္စများနှင့် ပတ်သက်သည့် ဧရာဝတီ၏ ယနေ့ ဆက်သွယ် မေးမြန်းချက်ကို ငါးလုပ်ငန်း အဖွဲ့ချုပ်က ဖြေဆိုရန် ငြင်းဆန်သည်။

ကျောင်းဖယ်ရီခများ ၂ ဆခန့်မြင့်တက်

နရီလင်းလက် Tuesday, 07 June 2011 19:18

မြင့်တက်နေသည့် စက်သုံးဆီ ဈေးနှုန်းကြောင့် ရန်ကုန်မြိုရှိ့ ကျောင်းကားခများ ယခင်နှစ်ကထက် ၂ ဆခန့် ဈေးတက် သွားပြီး ကျောင်းကားစီးသူ ဦးရေ
လျော့နည်းသွား သဖြင့် ကားပိုင်ရှင်များ အခက်အခဲတွေ့နေသည်ဟု သိရသည်။

ယခင်နှစ်က ဆီမှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ ၁ ဂါလန် ကျပ် ၂၀၀၀ နှင့် ၃၀၀၀


ကြားတွင် ရှိခဲ့သော်လည်း ယခုနှစ် ဓာတ်ဆီ တဂါလန်မှာ ကျပ် ၄၅၀၀ မှ ၅၀၀၀ အထိ
မြင့်တက်သွားခဲ့သည်။

ဓာတ်ဆီဈေးမှာ ယခင်နှစ်ကထက် ၂ ဆခန့် ဈေးကွာသွားသောကြောင့် ကားခမှာလည်း


ကျောင်းနှင့်အိမ် အနီးအဝေး ပေါ်တွင် မူတည်ကာ ကျပ် ၅၀၀၀ မှ ၁ သောင်း ခွဲခန့်အထိ
ဈေးတက်သွားသည်ဟု ရန်ကုန် ဗိုလ်တထောင် အထက ၅ တွင် ကျောင်းကား ပြေးဆွဲသူ
ကားပိုင်ရှင် ဦးဆန်းညွန့်က ဧရာဝတီကို ပြောသည်။

“၀ယ်ထည့်ရတဲ့ ဓာတ်ဆီဈေးနဲ့ကိုက်အောင် ကားခဈေးပါ အကုန်လိုက်တက်ရတဲ့


အခြေအနေ ဖြစ်ကုန်တာ။ ကားခ ဈေးလိုက် တက်လို့ ကားသမားက ပိုက်ဆံ ပိုရတာတော့
မဟုတ်ဘူး” ဟု သူက ဆိုသည်။
(ဓာတ်ပုံ - narinjara.com)
ယခင်နှစ်က ရန်ကုန်မြို့ထဲမှ ဒဂုံမြို့သစ်သို့ ကျောင်းကားခ ကျပ် ၁ သောင်းခွဲ ရှိပြီး ယခုနှစ်တွင် ကျပ် ၂ သောင်းခွဲ အထိ ဈေးမြင့်တက် သွားသည်ဟု ဗိုလ်တထောင်
အထက ၄ မှ ကျောင်းသား မိဘတဦးက ပြောသည်။

“အိမ်နဲ့ကျောင်း နီးရင်တော့ ကိစ္စမရှိဘူး။ ဝေးတော့ ကလေးတယောက်တည်း လိုင်းကားစီးခိုင်းဖို့လည်း စိတ်မချရဘူးလေ။ လိုင်းကားတွေကလည်း စည်းကမ်းတကျ


မောင်းတာ မဟုတ်တော့ မတတ်နိုင်လည်း ချေးငှားပြီး ရှာကြံပေးရတာပဲ။အိမ်မှာလည်း ကလေးအငယ်လေး ရှိသေးတော့ ကိုယ်တိုင် သွားကြိုပို့ လုပ်ဖို့က
အဆင်မပြေဘူး” ဟု သူက ရှင်းပြသည်။

သန်လျင်မြို့နေ ကျောင်းသားမိဘ တဦးကလည်း ရန်ကုန်မြို့ထဲ ကျောင်းသို့ ပို့မည့် ကလေးတဦးအတွက် ဖယ်ရီခမှာ ယခင် နှစ်ကထက် ကျပ် ၁ သောင်း
မြင့်တက်သွားသည်ဟု ပြောသည်။

ကျောင်းသားမိဘများက ကျောင်းကားဈေး မြင့်တက်သွားသဖြင့် ညည်းညူနေကြသကဲ့သို့ ကျောင်းကား မောင်းနှင်သူများနှင့် ယာဉ်ပိုင်ရှင် များကလည်း ကားစီးမည့်


ကျောင်းသား ဦးရေမပြည့်သဖြင့် အခက်တွေ့နေကြသည်။

တာမွေ အထက ၃ ကျောင်းကားမောင်းနှင်သူ တဦးက “ကားက လူတော့ မပြည့်သေးဘူး။ အရင်တုန်းက နီးတာတောင် ကျောင်းဖယ်ရီကား စီးပြန်တဲ့
ကလေးတွေရှိတယ်။ သူတို့က ဒီနှစ် လမ်းလျှောက် ပြန်ကြတယ်။ ကားပိုင်ရှင်တွေ ကလည်း ဆီဈေးကတက်၊ ကျောင်းသားက မရဆိုတော့ ကားအနာခံပြီး
ဆွဲနေရသလို ဖြစ်နေတယ်” ဟု ပြောသည်။

သူက ဆက်လက်၍ ယခင်ကထက် ကားခ ဈေးတက်သွားသောကြောင့် လိုင်းကားစီးလျှင်ဖြစ်သည့် အနေအထား ရှိသူတို့မှာ ဖယ်ရီ မစီးကြတော့ဟု ဆိုသည်။

“အရင် ၁ သောင်းလောက် ပေးနေရတဲ့ လမ်းကို ၁ သောင်းခွဲလောက် ဖြစ်သွားတော့ မစီးလည်းရတဲ့ ခရီးမျိုး၊ ဥပမာ - လသာလောက်ကနေ တာမွေကို
မစီးတော့ဘူး။ တချို့ကျတော့ ကျောင်းဖွင့်ခါစ မစီးသေးဘဲ တလ၊ နှစ်လလောက် စောင့်ကြည့်ပြီးမှ စစီးတာမျိုးတွေလည်း ရှိတယ် ” ဟု အဆိုပါ ယာဉ်မောင်းက
ပြောသည်။

စက်သုံးဆီဈေး မြင့်တက်သောကြောင့် ယခုနှစ်တွင် ကျောင်းကားပြေးဆွဲသည့် ယာဉ်ပိုင်ရှင်များလည်း လျော့နည်း သွားသည်ဟု ဦးဆန်းညွန့်က ဆိုသည်။

“ဓာတ်ဆီဈေး ဆိုတာကလည်း တလတခါ မဟုတ်ဘူး။ တနေ့ တခါလောက် ဈေးအမျိုးမျိုး ဖြစ်နေတာ။ ကျနေရင် ကိစ္စမရှိဘူး။

ကိုယ်က ဆီဈေး ၄၅၀၀ ကျပ်လောက် ဖြစ်နေလို့ လမ်းတခုကို ၁ သောင်းခွဲ ယူထားတယ်၊ နောက်လ ဆီဈေးတက်လို့ ၂ သောင်း တက်တယ်၊ ၃ သောင်းတက်တယ်
လုပ်လို့မရဘူး” ဟု ၎င်းက ရှင်းပြသည်။

ကားခဈေးနှုန်းကို ပြင်ဆင်၍ မကြာခဏ ဈေးတက်ပါက ကျောင်းသား လျော့သွားနိုင်ကြောင်း၊ ထိုအခါ တွက်ခြေ မကိုက်တော့သဖြင့် ကားမထွက်ကြတော့ကြောင်း
ဦးဆန်းညွန့်က ပြောသည်။

“ခဏခဏ ဈေးပြောင်းနေရတော့ အာရုံနောက်တယ် ဆိုပြီး မထွက်တော့တာမျိုး တွေလည်း ရှိတယ်” ဟု သူက ဆိုသည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီ တဂါလန် အစိုးရ သတ်မှတ်ဈေး ၂၅၀၀ ကျပ် ဖြစ်သော်လည်း ယနေ့ ပြင်ပ မှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ
တဂါလန် ကျပ် ၄၅၀၀ ခန့် ရှိနေသည်။

“ဓာတ်ဆီကလည်း တန်းစီပြီး တိုးဝယ်ရတယ်၊ လိုချင်သလောက် ထုတ်လို့မရဘူး။ မှောင်ခို အားကိုးတော့လည်း ဈေးမတန် တဆရောင်းတယ်။ အားလုံးက
သူ့ဟာနဲ့သူ ဆက်နေတာ။ ကုန်ဈေးနှုန်းပဲ ဖြစ်ဖြစ်၊ ဓာတ်ဆီဈေး ကျဖို့ပဲ ဖြစ်ဖြစ် အာဏာပိုင်တွေ ထိန်းချုပ်ရမယ့် ကိစ္စ” ဟု ကျောင်းကားမောင်းသူ တဦးက
ပြောသည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ အားလုံးတွင် ကားတစီးလျှင် တနေ့ ဓာတ်ဆီ ၂ ဂါလန်သာ ရောင်းချပေးသော စနစ်ကို ဧပြီလမှ စတင်၍ တရားဝင်
ကျင့်သုံးခဲ့သည်။

ယင်းကဲ့သို့ ကန့်သတ် အရေအတွက်ဖြင့် ထုတ်ပေးသောကြောင့် လောက်ငမှု မရှိခြင်း၊ လိုအပ်သလောက် အလွယ်တကူ ၀ယ်ယူ မရခြင်းတို့ ဖြစ်ပေါ်နေရာ
စက်သုံးဆီ မှောင်ခိုဈေးကွက်တွင် ဈေးနှုန်းများ ဆက်လက် မြင့်တက်လျှက်ရှိသည်။

အစိုးရ စက်သုံးဆီ အရောင်းဆိုင် ၂၄၀ ကို ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အပါအ၀င် အစိုးရနှင့်
နီးစပ်မှုရှိသော ပုဂ္ဂလိကကုမ္ပဏီပေါင်း ၂၀ က စွမ်းအင်ဝန်ကြီးဌာနထံမှ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် တရားဝင် လွှဲပြောင်း ရယူ လုပ်ကိုင်ခဲ့သည်။

ယင်းသို့ လွှဲပြောင်းရယူ ပြီးနောက်တွင် မှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကာ မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာခဲ့သည်။

ကျောင်းဖယ်ရီခများ ၂ ဆခန့်မြင့်တက်

နရီလင်းလက် Tuesday, 07 June 2011 19:18

မြင့်တက်နေသည့် စက်သုံးဆီ ဈေးနှုန်းကြောင့် ရန်ကုန်မြိုရှိ့ ကျောင်းကားခများ ယခင်နှစ်ကထက် ၂ ဆခန့် ဈေးတက် သွားပြီး ကျောင်းကားစီးသူ ဦးရေ
လျော့နည်းသွား သဖြင့် ကားပိုင်ရှင်များ အခက်အခဲတွေ့နေသည်ဟု သိရသည်။

ယခင်နှစ်က ဆီမှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ ၁ ဂါလန် ကျပ် ၂၀၀၀ နှင့် ၃၀၀၀


ကြားတွင် ရှိခဲ့သော်လည်း ယခုနှစ် ဓာတ်ဆီ တဂါလန်မှာ ကျပ် ၄၅၀၀ မှ ၅၀၀၀ အထိ
မြင့်တက်သွားခဲ့သည်။

ဓာတ်ဆီဈေးမှာ ယခင်နှစ်ကထက် ၂ ဆခန့် ဈေးကွာသွားသောကြောင့် ကားခမှာလည်း


ကျောင်းနှင့်အိမ် အနီးအဝေး ပေါ်တွင် မူတည်ကာ ကျပ် ၅၀၀၀ မှ ၁ သောင်း ခွဲခန့်အထိ
ဈေးတက်သွားသည်ဟု ရန်ကုန် ဗိုလ်တထောင် အထက ၅ တွင် ကျောင်းကား ပြေးဆွဲသူ
ကားပိုင်ရှင် ဦးဆန်းညွန့်က ဧရာဝတီကို ပြောသည်။

(ဓာတ်ပုံ - narinjara.com)
“၀ယ်ထည့်ရတဲ့ ဓာတ်ဆီဈေးနဲ့ကိုက်အောင် ကားခဈေးပါ အကုန်လိုက်တက်ရတဲ့ အခြေအနေ ဖြစ်ကုန်တာ။ ကားခ ဈေးလိုက် တက်လို့ ကားသမားက ပိုက်ဆံ
ပိုရတာတော့ မဟုတ်ဘူး” ဟု သူက ဆိုသည်။

ယခင်နှစ်က ရန်ကုန်မြို့ထဲမှ ဒဂုံမြို့သစ်သို့ ကျောင်းကားခ ကျပ် ၁ သောင်းခွဲ ရှိပြီး ယခုနှစ်တွင် ကျပ် ၂ သောင်းခွဲ အထိ ဈေးမြင့်တက် သွားသည်ဟု ဗိုလ်တထောင်
အထက ၄ မှ ကျောင်းသား မိဘတဦးက ပြောသည်။

“အိမ်နဲ့ကျောင်း နီးရင်တော့ ကိစ္စမရှိဘူး။ ဝေးတော့ ကလေးတယောက်တည်း လိုင်းကားစီးခိုင်းဖို့လည်း စိတ်မချရဘူးလေ။ လိုင်းကားတွေကလည်း စည်းကမ်းတကျ


မောင်းတာ မဟုတ်တော့ မတတ်နိုင်လည်း ချေးငှားပြီး ရှာကြံပေးရတာပဲ။အိမ်မှာလည်း ကလေးအငယ်လေး ရှိသေးတော့ ကိုယ်တိုင် သွားကြိုပို့ လုပ်ဖို့က
အဆင်မပြေဘူး” ဟု သူက ရှင်းပြသည်။

သန်လျင်မြို့နေ ကျောင်းသားမိဘ တဦးကလည်း ရန်ကုန်မြို့ထဲ ကျောင်းသို့ ပို့မည့် ကလေးတဦးအတွက် ဖယ်ရီခမှာ ယခင် နှစ်ကထက် ကျပ် ၁ သောင်း
မြင့်တက်သွားသည်ဟု ပြောသည်။

ကျောင်းသားမိဘများက ကျောင်းကားဈေး မြင့်တက်သွားသဖြင့် ညည်းညူနေကြသကဲ့သို့ ကျောင်းကား မောင်းနှင်သူများနှင့် ယာဉ်ပိုင်ရှင် များကလည်း ကားစီးမည့်


ကျောင်းသား ဦးရေမပြည့်သဖြင့် အခက်တွေ့နေကြသည်။

တာမွေ အထက ၃ ကျောင်းကားမောင်းနှင်သူ တဦးက “ကားက လူတော့ မပြည့်သေးဘူး။ အရင်တုန်းက နီးတာတောင် ကျောင်းဖယ်ရီကား စီးပြန်တဲ့
ကလေးတွေရှိတယ်။ သူတို့က ဒီနှစ် လမ်းလျှောက် ပြန်ကြတယ်။ ကားပိုင်ရှင်တွေ ကလည်း ဆီဈေးကတက်၊ ကျောင်းသားက မရဆိုတော့ ကားအနာခံပြီး
ဆွဲနေရသလို ဖြစ်နေတယ်” ဟု ပြောသည်။

သူက ဆက်လက်၍ ယခင်ကထက် ကားခ ဈေးတက်သွားသောကြောင့် လိုင်းကားစီးလျှင်ဖြစ်သည့် အနေအထား ရှိသူတို့မှာ ဖယ်ရီ မစီးကြတော့ဟု ဆိုသည်။

“အရင် ၁ သောင်းလောက် ပေးနေရတဲ့ လမ်းကို ၁ သောင်းခွဲလောက် ဖြစ်သွားတော့ မစီးလည်းရတဲ့ ခရီးမျိုး၊ ဥပမာ - လသာလောက်ကနေ တာမွေကို
မစီးတော့ဘူး။ တချို့ကျတော့ ကျောင်းဖွင့်ခါစ မစီးသေးဘဲ တလ၊ နှစ်လလောက် စောင့်ကြည့်ပြီးမှ စစီးတာမျိုးတွေလည်း ရှိတယ် ” ဟု အဆိုပါ ယာဉ်မောင်းက
ပြောသည်။

စက်သုံးဆီဈေး မြင့်တက်သောကြောင့် ယခုနှစ်တွင် ကျောင်းကားပြေးဆွဲသည့် ယာဉ်ပိုင်ရှင်များလည်း လျော့နည်း သွားသည်ဟု ဦးဆန်းညွန့်က ဆိုသည်။

“ဓာတ်ဆီဈေး ဆိုတာကလည်း တလတခါ မဟုတ်ဘူး။ တနေ့ တခါလောက် ဈေးအမျိုးမျိုး ဖြစ်နေတာ။ ကျနေရင် ကိစ္စမရှိဘူး။

ကိုယ်က ဆီဈေး ၄၅၀၀ ကျပ်လောက် ဖြစ်နေလို့ လမ်းတခုကို ၁ သောင်းခွဲ ယူထားတယ်၊ နောက်လ ဆီဈေးတက်လို့ ၂ သောင်း တက်တယ်၊ ၃ သောင်းတက်တယ်
လုပ်လို့မရဘူး” ဟု ၎င်းက ရှင်းပြသည်။

ကားခဈေးနှုန်းကို ပြင်ဆင်၍ မကြာခဏ ဈေးတက်ပါက ကျောင်းသား လျော့သွားနိုင်ကြောင်း၊ ထိုအခါ တွက်ခြေ မကိုက်တော့သဖြင့် ကားမထွက်ကြတော့ကြောင်း
ဦးဆန်းညွန့်က ပြောသည်။

“ခဏခဏ ဈေးပြောင်းနေရတော့ အာရုံနောက်တယ် ဆိုပြီး မထွက်တော့တာမျိုး တွေလည်း ရှိတယ်” ဟု သူက ဆိုသည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီ တဂါလန် အစိုးရ သတ်မှတ်ဈေး ၂၅၀၀ ကျပ် ဖြစ်သော်လည်း ယနေ့ ပြင်ပ မှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ
တဂါလန် ကျပ် ၄၅၀၀ ခန့် ရှိနေသည်။

“ဓာတ်ဆီကလည်း တန်းစီပြီး တိုးဝယ်ရတယ်၊ လိုချင်သလောက် ထုတ်လို့မရဘူး။ မှောင်ခို အားကိုးတော့လည်း ဈေးမတန် တဆရောင်းတယ်။ အားလုံးက
သူ့ဟာနဲ့သူ ဆက်နေတာ။ ကုန်ဈေးနှုန်းပဲ ဖြစ်ဖြစ်၊ ဓာတ်ဆီဈေး ကျဖို့ပဲ ဖြစ်ဖြစ် အာဏာပိုင်တွေ ထိန်းချုပ်ရမယ့် ကိစ္စ” ဟု ကျောင်းကားမောင်းသူ တဦးက
ပြောသည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ အားလုံးတွင် ကားတစီးလျှင် တနေ့ ဓာတ်ဆီ ၂ ဂါလန်သာ ရောင်းချပေးသော စနစ်ကို ဧပြီလမှ စတင်၍ တရားဝင်
ကျင့်သုံးခဲ့သည်။

ယင်းကဲ့သို့ ကန့်သတ် အရေအတွက်ဖြင့် ထုတ်ပေးသောကြောင့် လောက်ငမှု မရှိခြင်း၊ လိုအပ်သလောက် အလွယ်တကူ ၀ယ်ယူ မရခြင်းတို့ ဖြစ်ပေါ်နေရာ
စက်သုံးဆီ မှောင်ခိုဈေးကွက်တွင် ဈေးနှုန်းများ ဆက်လက် မြင့်တက်လျှက်ရှိသည်။

အစိုးရ စက်သုံးဆီ အရောင်းဆိုင် ၂၄၀ ကို ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အပါအ၀င် အစိုးရနှင့်
နီးစပ်မှုရှိသော ပုဂ္ဂလိကကုမ္ပဏီပေါင်း ၂၀ က စွမ်းအင်ဝန်ကြီးဌာနထံမှ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် တရားဝင် လွှဲပြောင်း ရယူ လုပ်ကိုင်ခဲ့သည်။

ယင်းသို့ လွှဲပြောင်းရယူ ပြီးနောက်တွင် မှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကာ မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာခဲ့သည်။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး သင်တန်းပေးမည်

ဧရာဝတီ Tuesday, 07 June 2011 17:35 သတင်းတိုများ

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဇွန် ၁၃ ရက်နေ့မှ စတင်ကာ ၃ ရက်ကြာ သင်တန်းပေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။
ပထမဦးစွာ နေပြည်တော်တွင် သင်ကြားမည်ဖြစ်ကြောင်း၊ ထုတ်ဝေ ထားသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်စွဲ စာအုပ်ထဲမှ အကြောင်းအရာများကို
သင်ကြားသွားမည်ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်မူ သင်တန်း စနိုင်လိမ့်ဦးမည်
မဟုတ်ဟု သိရသည်။

၇၄ မျိုးဆက်များ ရန်ကုန်တွင် တွေ့ဆုံ

ဧရာဝတီ Tuesday, 07 June 2011 13:51 သတင်းတိုများ


၁၉၇၄၊ ဇွန် ၆ အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့ကို ယမန်နေ့က ရန်ကုန်မြို့ တနေရာတွင် ပြုလုပ်ရာ ထိုလှုပ်ရှားမှုတွင် ပါဝင်၊ ဦးဆောင်ခဲ့သူ ၅၀ ခန့်
တက်ရောက်ကြသည်။ ၎င်းတို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ဆက်လက် ထောက်ခံသွားကြမည်ဟု နှစ်ပတ်လည်နေ့
အစီအစဉ်သို့ တက်ရောက်လာသည့် ၇၄ မျိုးဆက် ခေါင်းဆောင် တဦးက ပြောသည်။ “(၁၉၇၄ ကတည်းက) အလုပ်သမား အခွင့်အရေး တောင်းဆိုခဲ့တယ်။
ထောင်ဒဏ်တွေ အသီးသီး ကျခံခဲ့ရပေမယ့် ၁၉၈၈ ခုနှစ်မှာလည်း ပူးပေါင်း ပါဝင်ခဲ့တယ်။ အခုလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ အတွက် တိုက်ပွဲ
ဝင်နေဆဲဖြစ်တယ်” ဟု သူက ရှင်းပြသည်။

http://www.irrawaddy.org/bur/

Tuesday, June 7, 2011

BG အဖွဲ့ရဲ့ သွေးအကူအညီ စစ်ဆေးရုံကိုလည်း ရောက်ပါတယ်

ဟိန်းသူ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် သွေးလှူကြဖို့ လှုံ့ဆော်နေတဲ့ BG သွေးကူညီပေးရေးအဖွဲ့က ရန်ကုန်စစ်ဆေးရုံတွေကိုလည်း သွေး


ထောက်ပံ့နေရတယ်လို့ ဆိုပါတယ်။

“အစောပိုင်းက အာဏာပိုင်တွေ တောက်လျှောက်လိုက်တယ်။ နှောက်ယှက်ဟန့်တားတာတွေ အများကြီး ကြုံခဲ့ရတယ်။ ကျနော်တို့က ပုံမှန် သွေးလှူမှုတွေ


ပြုလုပ်လာခဲ့တော့ နောက်ပိုင်းမှာ အမှတ် ၁ စစ်ဆေးရုံတို့၊ အမှတ် ၂ စစ်ဆေးရုံတို့ကပါ သွေးလှမ်းတောင်းတဲ့ အဆင့်ထိ ဖြစ်လာခဲ့တယ်” လို့ အဖွဲ့ခေါင်းဆောင်
ကိုညီညီက ပြောပြပါတယ်။

လာမယ့် ၁၉ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက် သွေးလှူတဲ့အစီအစဉ် ဒီကနေ့ အစပြုပါပြီ တဲ့။ သင်္ကန်းကျွန်း၊ စံပြဆေးရုံမှာပါ တဲ့။

“အမေစုကို အသက်ရာကျော်ရှည်စေချင်တဲ့အတွက် ကျနော်တို့က အခုလို့ ရည်ရွယ်ပြီး သွေးလှူဒါန်းပွဲ ပြုလုပ်ပေးတာပါ။ အမေစု မွေးနေ့ အထိ လှူဒါန်းသွားမှာပါ”
လို့ ကိုညီညီက ရှင်းပြပါတယ်။

BG အဖွဲ့ နဲ့ အတူ ပုံမှန် သွေးလှူနေကျဖြစ်တဲ့ အသက် ၄၅ နှစ် ၀န်းကျင် ရှိပြီဖြစ်တဲ့ အမျိုးသမီးတဦးက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရည်ရွယ်ပြီး
သွေးလှူခဲ့တာ ဒါဟာ သူ့အတွက် အကြိမ် ၄၀ မြောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြည်သူအတွက် အများကောင်းကျိုးအတွက် ဆောင်ရွက်နေတဲ့ အန်တီစုကို ဂုဏ်ပြုတဲ့အနေနဲ့ ရည်ရွယ်ပြီး လှူဖြစ်တာပါ” တဲ့။

BG က မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် တို့မှာလည်း အဖွဲ့ခွဲတွေ ရှိတယ်၊ သွေးလှူဒါန်းပွဲတွေ တပြိုင်နက် လုပ်မယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး၊ တကမ္ဘာလုံးမှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသူ အားလုံး သွေးလှူဒါန်းကြဖို့လည်း သူတို့က တိုက်တွန်းထားပါတယ်။

BG ကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ရဲ့ တိုက်တွန်းမှုကြောင့် ၂၀၀၆ မှာ ဖွဲ့ခဲ့တယ်၊ သွေး အကူအညီပေးဖို့ စာရင်းပေးထားသူ
သွေးလှူရှင် အရေအတွက်ဟာ ရန်ကုန်တိုင်းအတွင်းမှာ ၃ သောင်း ကနေ ၄ သောင်းကြား ရှိတယ်လို့ သိရပါတယ်။

သွေးလှူဒါန်းလိုသူများ ဆက်သွယ်ရန်

ကိုညီညီ 09 4932 8055


ဒေါ်သီတာ 01 396 476
ကိုလင်းထက် 09 7312 5885
ကိုကောင်းထက်ကျော် 09 992 7082

ကိုသီဟန် 09 4930 8433


မထိုက် 09 7317 0165

စောငိုရဲ့ လက်ရာ

Tuesday, June 7, 2011

မလေးရောက်မြန်မာပြည်သားတို့အတွက် သတင်းကောင်း

မလေးရှားက အိုဗာစတေးသမားတွေ၊ ခိုးဝင် နေထိုင်သူတွေ အကျုံးဝင်မယ် ထင်တယ်-

PHOTO: UTUSAN M'SIA

တရားမ၀င် နေထိုင်သူများကို မလေးရှားမှာ မဖမ်းဆီးတော့ဘဲ အလုပ်လုပ်ခွင့် ပေးလိမ့်မယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ AFP သတင်းတပုဒ် မနေ့က ရက်စွဲနဲ့
ထွက်လာပါတယ်။

စိုက်ပျိုးရေးလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းတွေမှာ လူနည်းနေတဲ့အတွက် တရားမ၀င်နေတဲ့ နိုင်ငံခြားသား ၂ သန်း ၀န်းကျင်ထဲက တချို့ကို အလုပ်လုပ်ခွင့် ပေးမယ်
တဲ့။ ပြည်တွင်းလုံခြုံရေးဝန်ကြီး Hishammuddin Hussein က ပြောတယ်လို့ ဆိုပါတယ်။
"သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပြုဖို့ မဟုတ်ပါဘူး။ မလေးမှာ တရားဝင် နေထိုင် လုပ်ကိုင်ခွင့် ပေးဖို့ပါ" လို့ ၀န်ကြီးက ဆိုပါသတဲ့။
စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံ အလုပ်ရုံတွေအပြင် အိမ်အကူ နဲ့ ကလေးထိန်းတဲ့ အလုပ်မျိုးတွေ အတွက် အရှေ့တောင်အာရှနိုင်ငံက အလုပ်သမားတွေကိုပဲ
သုံးနေကြတယ်လို့ သတင်းက ဆိုတယ်။
အများစုက လုပ်ခ နည်းတယ်၊ ပြီးတော့ အင်ဒို အလုပ်သမားတွေဆို အလုပ်ချိန် များလွန်းတယ်လို့ ဆိုတယ်။
တရားဝင် အသိအမှတ် ပြုလိုက်ရင် အလုပ်ရကြမယ်၊ လူပွဲစားတွေ အမြတ်ထုတ်တာလည်း မခံရတော့ဘူးလို့ ၀န်ကြီးက ဆိုတယ်။
နိုင်ငံစုံက အလုပ်သမားတွေထဲကမှ ဘယ်သူတွေ အလုပ်လုပ်ခွင့် ရနိုင်တယ်၊ ဒီအစီအစဉ် ဘယ်တော့ အစပြုမယ် ဆိုတာကတော့ မသိရသေးပါဘူး တဲ့။

မူရင်း -

Malaysia to offer illegals amnesty to work


KUALA LUMPUR - MALAYSIA is to offer amnesty to some of its two million illegal immigrants in a plan to ease labour shortages in the
plantation and service industries, a senior minister said on Monday.

'(It's) not legalising them to be citizens but legalising them to stay (and work in Malaysia) legally,' Hishammuddin Hussein, who is
responsible for internal security, told reporters.

With one of Asia's largest populations of foreign labourers, Malaysia relies heavily on immigrants, especially from neighbouring Southeast
Asian countries, to clean homes, care for children and work in construction, plantations and factories.

Many of the illegals are poorly paid Indonesians who work long hours in menial jobs shunned by locals.

Mr Hishammuddin said the scheme to legalise the workers would allow them to gain employment and not be exploited by human traffickers.

The minister did not specify who among Malaysia's illegal immigrant population would be offered the chance to stay, nor were the terms
under which they would be granted asylum immediately clear. -- AFP

နံရံစာ

နံရံစာ ဆိုတာ နံရံမှာ ရေးတဲ့စာပေါ့။


ပုံမှာတော့ ခြံစည်းရိုး အုတ်နံရံမှာ ရေးထားတဲ့ စာကို တွေ့ရမှာပါ။
ဟုတ်ပါတယ်။ ဘန်ကောက်မြို့က မြန်မာသံရုံးပါ။

ပြည်ထောင်စု မြန်မာနိုင်ငံ သံရုံး


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံရုံး

ဘာကြောင့် ဒီလို ၂ မျိုး ရေးထားရတာလဲ။

နံရံစာ ထွန်းကားခဲ့တဲ့ ဘာခေတ် ညာခေတ် အလွမ်းပြေလား။


နိုင်ငံအမည် ထပ်ပြောင်းရင် အဟောင်းကို အရောင်တင်ပြီး သုံးဖို့လား။

ယတြာ ခြေတာလား။
ထွင်တာလား။

ဧရာဝတီဘလော့မှာ ပါချင်လို့လား။ (တင်ပေးလိုက်ပါပြီဗျာ)


နိုင်ငံရေးဦးတည်ချက် ၅ ရပ် ဆိုတာထဲမှာ ဒါမျိုးလုပ်ရမယ်လို့ ပါနေသလား။

ငွေ အကြေ မပေးသေးလို့ ဆိုင်းဘုတ်ကုမ္ပဏီက ပညာပြသွားတာလား။


အဆဲ ဆာတာလား။ (ရန်ကုန်မိုဖာက သိရင် လှမ်းဆဲမယ်လေ)

နိုင်ငံနာမည် နည်းနည်း ပြောင်းတာကို မကျေနပ်လို့ အဟောင်းကို မဖျက်တာလား။ (ဒါဆို နိုင်ငံတော် ပုန်ကန်မှုပဲ။ မဲဆောက်ကို ဆင်းတော့ ကိုယ့်လူတို့ရေ)
အထက်က ခွင့်ပြုချက် မရသေးလို့ မဖျက်တာလား။ (အင်း - မလုပ် မရှုပ် မပြုတ် တဲ့။ go ahead ရဲဘော်)

အုတ်နံရံကို အချပ်လိုက် ခွာပြီး ရှေးဟောင်းပစ္စည်း ဈေးကွက်မှာ ထုမလို့လား။ (စိတ်ကူး ကောင်းသားပဲ။ ဧရာဝတီ အယ်ဒီတာ ကိုဂေါ်ကြီး ဆိုတဲ့သူကို စပ်ကြည့်ပါ။
သူ ၀ယ်ဖို့ များတယ်။ အင်းဝခေတ်လက်ရာလို့တော့ ပြောဖို့ လိုမယ်)

နောက်တာပါဗျာ။ ဒီမေးခွန်းတွေကို မဖြေပါနဲ့း)

http://www.irrawaddyblog.com/
၅ နှစ်အကြာ ဆင်းရဲမှု ၆ ရာခိုင်နှုန်း ကျဆင်းဟုဆို

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၌ ၅ နှစ်အကြာ ဆင်းရဲနွမ်းပါးမှု ၆ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး
ဦးတင်နိုင်သိန်းက အိမ်ထောင်စု စားဝတ်နေရေး အခြေအနေ ဘက်စုံလေ့လာမှု စစ်တမ်းတရပ်ကို ကိုးကား၍ ပြောဆိုလိုက်သည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း
သတင်းစာက
ရေးသားသည်။

နေပြည်တော်၌ တနင်္လာနေ့တွင် ပြုလုပ်ခဲ့သော အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ဦးတင်နိုင်သိန်းက ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ၊ ကုလသမဂ္ဂ
ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ UNICEF နှင့် ဆွီဒင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု SIDA တို့၏ ပူးပေါင်းစစ်တမ်းကို ညွှန်းဆိုသွားခြင်း ဖြစ်သည်။

စစ်တမ်းကို ၂ဝဝ၄-၂ဝဝ၅ ခုနှစ်တွင် တကြိမ်၊ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် တကြိမ် မြို့နယ် ၁၁၆ မြို့နယ်မှ အိမ်ထောင်စုပေါင်း ၁၈၆၆ဝ ထံမှ ကောက်ယူခဲ့သည်ဟု
ဆိုသည်။

“ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု သိသာစွာ လျော့ကျလာသည်ကို ” ဟု မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးလည်း ဖြစ်သော ဦးတင်နိုင်သိန်းက


ပြောကြားသွားကြောင်း သတင်းစာက ကိုးကားရေးသားထားသည်။

“ ဆင်းရဲမွဲတေမှု အခြေအနေမှာ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်၌ တနိုင်ငံလုံး အတိုင်းအတာအရ ၃၂ ရာခိုင်နှုန်းရှိရာမှ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းသို့
လျော့နည်းကျဆင်းလာကြောင်း သိရသည်” ဟုလည်း အစိုးရအာဘော် သတင်းစာက ရေးသည်။

စစ်တမ်း ကောက်ယူမှုနှင့် ပတ်သက်၍ အသေးစိတ် ထည့်သွင်းဖော်ပြခြင်း မရှိပေ။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက “မြန်မာပြည်မှာရှိတဲ့ ကိန်းဂဏန်းတွေက အားကိုးရခက်တယ်။ UNDP ကလည်း ကွက်ကျား
ရွေးပြီး (နာမူနာ စံကွက်စနစ်) လုပ်ထားတယ် ဆိုတာမျိုး။ ကျနော်တို့ဆီမှာ တကယ်ကို ဆင်းရဲမူ ပပျောက်ချင်တယ်ဆိုရင် တကယ်ကို ကိန်းဂဏန်းတွေ
လေ့လာဖော်ထုတ်ဖို့ လိုတယ်။ အခုလို ၆ ရာခိုင်နှုန်း ကျသွားတယ်ဆိုပြီး၊ ကျနော်တို့က အောင်မြင်နေပြီဆိုပြီး ကျေနပ်နေလို့ မကောင်းဘူးပေါ့ဗျာ။
နောက်တခုကတော့ ကိုယ့်တိုင်းပြည် အခြေအနေ ကိုယ်လည်း သိတာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံ လူဦးရေစာရင်းနှင့် တကွ စာရင်းကိန်းဂဏန်း အရေအတွက် ညွှန်းဆိုရာတွင် သန်းခေါင်စာရင်း ထားရှိရန်မှာ အရေးတကြီး လိုအပ်ကြောင်းကိုလည်း
သူက ပြောသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အသားတင် ကျောင်းနေမူနှုန်း၊ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမူများ
လျော့နည်းကျဆင်းရေး၊ အစားအစာ နွမ်းပါးမူ အခြေအနေ၊ အသက် ၅ နှစ်အောက် ကလေးသူငယ်များ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနိုင်မူ အခြေအနေ၊
ကျွမ်းကျင်သော ကျမ်းမာရေး ဝန်ထမ်းများဖြင့် ကလေးမွေးဖွားမူ အချိုးအစား၊ သန့်ရှင်းသည့် သောက်သုံးရေ ရရှိနိုင်မူ အခြေအနေများ ပိုမိုကောင်းမွန်လာရေး
အစရှိသည်တို့ကို ဆွေးနွေးကြသည်ဟု မြန်မာ့အလင်းက ရေးသားထားသည်။

ဆင်းရဲနွမ်းပါးမူ အခြေအနေ လေ့လာတင်ပြချက်၊ ဖွံ့ဖြိုးမူပန်းတိုင်ဆိုင်ရာ သတင်းအချက်အလက်များ အစီရင်ခံစာနှင့် ဆင်းရဲနွမ်းပါးမူ ရွေ့လျားပြောင်းလဲခြင်းဆိုင်ရာ


အစီရင်ခံစာတိုကို ကနေဒါနိုင်ငံမှ Trent တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Paul Shaffer နှင့် စစ်တမ်းဆိုင်ရာ အရေအတွက်၊ အရည်အသွေးနှင့် နည်းပညာ
အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို UNDP မှ မစ္စတာ Sten BackLund တို့က ဆွေးနွေးကြကြောင်း ပါရှိသည်။

စစ်ဘက် အရာရှိနှင့် အချင်းများမှု လူငယ်တဦး ဒဏ်ရာရ

ဖနိဒါ | အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၈ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စားသောက်ဆိုင်တဆိုင်၌ စစ်ဘက်အရာရှိတဦး ပါဝင် ပတ်သက်သော အချင်းများမှု တခုတွင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦး ဒဏ်ရာရသွားသည်။

တာမွေမြို့နယ်နေ အသက် ၂၈ နှစ်အရွယ်ရှိ အန်အယ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ကိုစိုးမြတ်သူနှင့် သူ၏ သူငယ်ချင်း နှစ်ဦးသည် ဇွန်လ ၄ ရက် ည ၈ နာရီခန့်၌
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အေးရှားလိုက် စားသောက်ဆိုင်၌ စားသောက်စဉ် အခြားဝိုင်းတဝိုင်းတွင် ဗိုလ်ကြီးအဆင့် ရှိသူတဦးနှင့် အငြိမ်းစား ဗိုလ်ကြီးတဦး၊
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတဦးတို့ စားသောက်နေခဲ့သည်။

“ ဗိုလ်ကြီးတယောက် ထပြီးတော့ တဆိုင်လုံးကို စိန်ခေါ်တယ်လို့ ပြောတယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားတော့ ကျနော်တို့လူငယ်က အပြင်ကို ထွက်ဖို့
ကြိုးစားတဲ့ အချိန်မှာ သူ့ကို လူမှားထိုးတာပဲ” ဟု အခြားသော အန်အယ်ဒီ ဗဟိုပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။

ဓားထိုးသူဟု စွပ်စွဲခံရသူ ကိုဝင်းကိုလှိုင် ဆိုသူမှာ မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အဖမ်းခံနေရသဖြင့် အသေးစိတ် သိရှိရန် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ
ဖြေဆိုရန် ငြင်းဆန်သည်။

ကိုစိုးမြတ်သူ ကိုယ်တိုင် ရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့် တိုင်ကြားခဲ့ပြီးမှ ရန်ကုန် ဆေးရုံကြီးသို့ ကုသမှု ခံယူခဲ့သည်။ ကိုဝင်းကိုလှိုင်မှာ
တောင်ဥက္ကလာအခြေစိုက် ခမရ ၄၃၅ မှ ဗိုလ်ကြီးနေတိုးရွှေနှင့် ဗိုလ်ကြီးဟောင်း ညီညီမင်းတို့အတူ စားသောက်နေခဲ့ခြင်း ဖြစ်သည်ဟု ဦးကြည်တိုးက ပြောသည်။

“အဆုတ်ကို ချွန်ထက်တဲ့အရာနဲ့ အထိုးခံလိုက်ရတာ။ Internal bleeding လို့ ခေါ်တဲ့ အတွင်းသွေးယိုစီးမှု ဖြစ်နေတယ်။ ဆရာဝန်တွေတော့ အနီးကပ်
စောင့်ကြပ်မှုအောက်မှာ ရှိနေသေးတယ်” ဟု ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။

ကိုဝင်းကိုလှိုင်ကလည်း ရဲစခန်းတွင် ကိုစိုးမြတ်သူအပေါ် အမှု ပြန်လည်ဖွင့်ထားသည်။

တွယ်ရာမဲ့ဘဝ စိတ်ရောင်စုံ

နှင်းပန်းအိမ် | အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၃ မိနစ်

‘‘စိတ်ရောင်စုံ’’

တွယ်မှီကာ ခင်းချုံထက်မှာလ
နွယ်ကြီးအာကင်းပုံယှက်တဲ့ပြင်
ဟင်းဂုံရွက်ပေါလိုက်လေ။

ဘူးခရမ်းတွေကလည်း
အထူးတန်းပမာ အသီးအညှာပြွတ်တဲ့အပြင်
ကူးသန်းကာ ခရီးလာဆွတ်ကြရော့ထင်
ကိုင်းညွှတ်လို့နေ။

တမျိုးနော် မိုးမျှော်ငရုတ်သာပ
အခြေစုံရွှေဖယုံကလဲ ပေါပါဘိသနဲ့
ငရုတ်သခွား သလဲလုံးအရေ
ရုံးပတီတို့က လွန်စွာသီး
သန်သန်ငယ်လွင်နံနံပင် ကြက်သွန်မြိတ်တွေနှင့်
စမြိတ်စီပါလို့ နှောတဲ့အပြင်
ကန်စွန်းနွယ် ကျွန်းပင်လယ်ကြောမှာဖြင့်
မလပ်မကွာ၊ ပဒပ်စာတို့လဲ ပေါပါဘိသနဲ့
တောတလျှောက် တောတလျှောက်မှာလ
ဟောတခေါက် ဟောတခေါက်ရယ်နှင့်
(ရော့ယူတော့လ)ို့
ဆန်ကော ဆန်ကောလောက်ရှိပါတဲ့
မုန်လာထုပ်ကြီး …။

(အမည်မသိ ရှေးစာဆိ)ု

ဒီလိုကဗျာထဲက အလင်္ကာ စကားလုံးတွေကို ဖြန့်ခင်းချပြထားတဲ့ လာ-ဟူး-ကြာ ဈေးနေ့လေးကို အမှီပြုပြီး၊ ကျမတို့ ဒုက္ခသည်တွေ ဝမ်းမီးပြဿနာကို
ဖြေရှင်းနေရပါတယ်။

အခုလို မိုးဦးမှာ မျှစ်၊ ဇရစ်ရိုး၊ ကညွှတ်၊ ကြက်ဟင်းခါးညွန့်၊ ရွှေဖယုံ၊ ကျောက်ဖယုံ၊ ဒညင်းသီး အစရှိတဲ့ ရာသီစာ အသီးအရွက်တွေလည်း အစုံရှိတယ်။ မျှစ်ဆိုရင်
အစိမ်း၊ အကျက်၊ အပြုတ် အကုန်ရတယ်။ လှီးချွတ်ထားတဲ့ မျှစ်အစိမ်းပေါ်မှာ ပင်စိမ်းရွက်လေးပုံပြီး၊ ကရင့်အစားအစာ တာလပေါဟင်းချက်ဖို့ အသင့်ပုံထားတာကို
မြင်ပြီး စားချင့်စဖွယ် ထမင်းဝိုင်းကို မြင်ယောင်မိတဲ့အထိပါ။ ရာသီစာ ဒီဟင်းက ထမင်းမြိန်တယ်လေ။

သားငါးကတော့ ထိုင်းလူမျိုး ဈေးသည်တွေ မဲဆောက်ကနေ လာရောင်းကြတယ်။ ရေခဲပုံးနဲ့ တင်ဆောင်လာတဲ့


ရေခဲရိုက် သားငါးတွေပဲ ရှိတယ်။ ရေချိုငါး၊ ပင်လယ်ငါး ဘယ်ငါးစားစား ငါးအရသာ အချိုဓာတ် မရှိတော့ဘူး။ ကြာကြာခံအောင် ရေခဲရိုက်ထားတဲ့ ငါးက
ဖွယ်ဖွယ်ကြီးနဲ့ ဘယ်လိုမှ စားလို့မကောင်းတာပါ။

အခုလို အချိန်ဆို လယ်ငါးခူ၊ ငါးကျည်း၊ ငါးသစ်တုံး၊ ပုဇွန်ကို ငါးလေးအိုးကပ်ချက်ရင် ခွင်ပေါ်က ချခါနီးမှ ပင်စိမ်းလေးအုပ်ပြီး စားလို့ကတော့ အို …
ဘာပြောကောင်းမလဲ၊ ထမင်းဝိုင်းမှာ ခေါင်းတောင် ဖော်နိုင်မှာ မဟုတ်ဘူး။ အဲဒီ ငါးလေးအိုးကပ်ရဲ့ ဟင်းအရသာကို ကျမ လွမ်းနေတော့တာ။

အခုတော့ ထိုင်းနိုင်ငံထွက် ကြက်သားပျော့၊ ကြက်မာသား၊ ကြက်အသည်းအမြစ်ကိုသာ အားထားစားရတော့ မစားချင်တော့ဘူး။ ရောက်ခါစ ဈေးဝယ်တော့


ကျမတို့မှာ အတွက်အချက်တွေ မှားရတဲ့အထိ။ ချိန်ခွင်၊ ပိဿာ၊ ကျပ်သားကိုသာ အသုံးပြုခဲ့တဲ့ ကျမတို့အတွက် ကီလိုချိန်နဲ့ ဝယ်ရတဲ့အခါ အိမ်ရှင်မတွေအတွက်
မီးဖိုချောင် စာရင်းဇယား အင်မတန် ခေါင်းစားရတာပါ။

အလုပ်အကိုင် ငွေကြေးရှားပါးတဲ့ ဒုက္ခသည် အိမ်ရှင်မပီပီ ဘာကိုပဲ ဝယ်ဝယ်သင့်တင့်တဲ့ ဈေးနှုန်းနဲ့ရတဲ့ ကုန်ပစ္စည်းကိုပဲ ဝယ်ချင်ကြတာပါ။ ကြက်သွန်နီ တကီလို
ထိုင်းဘတ်ငွေဆို ဘတ် ၃ဝ ပေးရတယ်။ မြန်မာငွေဈေး ၃ဝ.၇ဝ ဆိုတော့ ကြက်သွန်နီ တကီလို ၆၅ ကျပ်သားက အိမ်ရှင်မကို နှလုံးတုန်စေပါတယ်။
ဈေးဆိုတာ မြို့နယ်၊ ကျေးရွာရဲ့ နှလုံးခုန်သံပါပဲ။ ဒေသထွက် ကုန်ပစ္စည်းကို ကြည့်ပြီး၊ ဈေးရဲ့ အခြေအနေကို ကြည့်ပြီး လူထုရဲ့ စီးပွားရေးကို ခန့်မှန်းနိုင်ပါတယ်။
သတင်းအချက်အလက်တွေ စုံတဲ့ နေရာကလည်း ဈေးပါပဲ။ ဈေးကြီး
ဈေးသေးသာ ကွာမယ်၊ အနှစ်သာရကတော့ ကွာမယ် မထင်ပါဘူး။

ကျမတို့ ဒုက္ခသည်ဈေးလေးကို တောင်ကုန်းပေါ်ကနေ ကြည့်ရင် ထိုင်းဈေးသည်တွေရဲ့ အမိုးရောင်စုံ ထီးတွေကို မြင်ရတယ်။ တရွရွလှုပ်ရှားနေတဲ့ ဈေးဝယ်တွေရဲ့
ဘဝ အနိမ့်အမြင့်ကလည်း ဈေးခြင်းတောင်းကို ကြည့်ရင် သိနိုင်တယ်လေ။ တောတောင်တွေထဲက ရှာဖွေလာတဲ့ ရာသီစာ အသီးအနှံလေးတွေကို ပုံချရောင်းနေတဲ့
ကရင့်လူမျိုး ကျား/မ၊ လူကြီးလူငယ်တွေကိုလည်း ဝတ်စားဆင်ယင်မှု မျိုးစုံနဲ့ တွေ့နိုင်ပါတယ်။ ထိုင်းလို၊ ကရင်လို ငွေဂဏန်းကို အသုံးပြုပြီး ဈေးခေါ်ကြတယ်။

ဆေးတံကို တွင်တွင်ဖွာပြီး နာနတ်သီး၊ ဒညင်းသီး၊ ဒူးရင်းသီး ရောင်းချနေတဲ့ ကရင့်အမျိုးသမီး ဈေးသည်ကို


မြင်ရတော့ ပန်းချီဆရာ ဦးဝင်းဖေမြင့်ကို သတိရမိတယ်။ ဆရာသာဆို အရောင်မျိုးစုံ သုံးပြီး ဈေးကား
ရေးပါလိမ့်မယ်။ သူ့ပန်းချီကားမှာ အရောင်အပြင် ဈေးသည်တွေရဲ့ အသံတွေပါ ကြားအောင် ရေးမှာပဲ။

ဈေးရက် ၃ ရက်မှာ အစည်ကားဆုံးကတော့ တနင်္လာ-သောကြာပါပဲ။ ပိတ်ရက်ခံတဲ့အတွက် အဲဒီရက်ဆို ဈေးမှာ လူများတယ်။ နောက်ပြီး ကျမတို့
ဒုက္ခသည်စခန်းထဲမှာ ဒုက္ခသည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထူးရင်လည်း လူများတတ်တယ်လေ။

၂ဝဝ၆ ခုနှစ်ထဲက ဒုက္ခသည် လက်ခံတဲ့ အစီအစဉ်ကို ထိုင်းအစိုးရက ရပ်နားထားတာကို မကြာခင် စတင်မယ်။ ၂ဝ၁၁ ဇွန်လအပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက်
ဒုက္ခသည်စခန်း ၉ ခုလုံးရဲ့ ဒုက္ခသည် စာရင်းကို အတည်ပြု စစ်ဆေးမယ်လို့ တာဝန်ရှိသူတွေကို အစည်းအဝေး ခေါ်ပါတယ်။

ကျမတို့ ဒုက္ခသည်တွေကို ပြန်လည်ရှင်းပြတဲ့ အစည်းအဝေးလည်း ဇွန် ၁ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ပါတယ်။ ဇွန် ၂ ရက်နေ့ကစပြီး ဒုက္ခသည်တွေကို
အိမ်နံပါတ်အလိုက် မိသားစုဓာတ်ပုံ ရိုက်မယ်၊ အဆင်သင့် လူစုထားဖို့
နှိုးဆော်ပါတယ်။

တတိယနိုင်ငံ ထွက်ခွါမယ့်သူရဲ့ အိမ်မှာ ဒုက္ခသည် လူသစ်စာရင်း ပေါက်ရင် နေခွင့်ရှိမယ်၊ လူသစ်စာရင်း မပေါက်ရင် အဲဒီအိမ်ကို ဖျက်ပစ်ရမယ်။ မြေကွက်မှာ
သစ်ပင်စိုက်ထားရမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလို သတင်းက ပျားအုံကို တုတ်နဲ့ ထိုးလိုက်သလိုပါပဲ။ ဒုက္ခသည်စခန်း တခုလုံးပျား ပန်းခတ်သွားတော့တယ်။


ဈေးလေးကလည်း အရင်ထက် ပိုစည်ကားလာတယ်။ ထိုင်းဈေးသည်တွေရဲ့ အမိုးရောင်စုံ ထီးလေးတွေက ပိုပြီး အရောင်စုံလာတယ်။ ကျမတို့ ဒုက္ခသည်တွေရဲ့
စိတ်ကူးတွေလိုပဲ။

ဈေးဆိုတဲ့အတိုင်း သတင်းစုံတယ်။ ဒီဈေးနေ့မှာပဲ တွေ့ချင်မြင်ချင်သူကို စောင့်တယ်။ သတင်းဖလှယ်တယ်။ မိတ်ဆွေဖွဲ့တယ်။ ကိုယ်ပြောချင်တာ


သူပြောချင်တာတွေကို သတင်းလုပ်ပြောတာလည်း ရှိတယ်။ ခံစားမှု ထည့်ပြောတာလည်း ရှိတယ်။ ဘယ်လိုပဲပြောပြော သတင်းကိုတော့ စိစစ်ကြတယ်။
ဝါရင့်ဒုက္ခသည်တွေ
ဖြစ်နေကြပြီကိုး။ ဒါပေမဲ့ ဒုက္ခသည်တွေက ဘာနဲ့တူသလဲဆိုတော့ ချဲအတိတ်စိမ်း ပေးသလိုပဲ။ မပေါက်ရင်နေ
ပြောသာပြော စိတ်မဆိုးဘူး။ အဓိကက ဂဏန်းပေးဖို့ပဲ။ ဂဏန်းမငြိမ်ခင် အလျော်အစား လုပ်နေရတာ ဒုက္ခသည်ပါ။
ငွေနဲ့ အလျော်အစား လုပ်ရတာ မဟုတ်ဘူး။ စိတ်ခံစားမှုနဲ့ လုပ်ရတာ။

အခု လူစစ်တဲ့ အချိန်မှာ သတင်းတွေ ထွက်ပေါ်နေတာကတော့ ဒုက္ခသည်တွေကို သုံးမျိုးသုံးစား ခွဲမယ်တဲ့။


မြန်မာပြည် ပြန်ချင်သူက ပြန်၊ ဒီမှာ နေသူကို ထိုင်းတောင်ပေါ်သားကဒ် ပေးမယ်။ နေခွင့်ရသူက ထိုင်းမှာနေ။ တတိယနိုင်ငံကို သွားခွင့်ရသူက သွားရမယ်ဆိုတဲ့
သတင်းတွေ ထွက်လာတယ်။

ခြားနားတဲ့ ဓလေ့ထုံးစံတွေ၊ ခြားနားတဲ့ ပတ်ဝန်းကျင်၊ ခြားနားတဲ့ အတိတ် အသီးသီးတွေ ရှိတဲ့ ဒုက္ခသည်တွေကတော့ စိတ်ရောင်စုံနဲ့ ရှေ့ခရီးအတွက်
မျှော်လင့်နေကြလေရဲ့ …။

ဦးတေဇပြောတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု၊ စီးပွားရေး လုပ်ငန်းနှင့် မြန်မာနိုင်ငံ

ရိုင်မွန်ဒို ဘူထရီနီ (Raimondo Bultrini) | အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၂၇ မိနစ်

(ဦးတေဇနှင့် တွေ့ဆုံမေးမြန်းမှု)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်နှင့် ကိုက်ရာအနည်းငယ်အတွင်း ရှိနေသည့် ဦးတေဇ၏ ကြီးကျယ်ခမ်းနားသည့်


ဇိမ်ခံစံရိပ်ငြိမ်အတွင်းသို့ သတင်းထောက်များ ကျော်လွန် ဝင်ရောက်ခွင့်ပြုခဲ့သည်မှာ မရှိခဲ့ဘူးချေ။ ကျနော်က ကံကောင်းထောက်မ၍ မကြာသေးမီက
ဤအခွင့်အရေးကို ရရှိခဲ့သည်။ ဤခြံဝင်း ပိုင်ရှင်က စစ်အစိုးရကို လိုလားသူဟု နာမည်ကျော်စောနေသည်နှင့်အညီ၊ ဝိသမ စီးပွားရေးလုပ်ငန်းများဖြင့်
စီးပွားဖြစ်နေသူဟု စွပ်စွဲမှုများ ရှိထားသည်နှင့် အညီ ကျနော် သတိကြီးကြီးထား၍ ချဉ်းကပ်ခဲ့သည်။

သူစီးပွားတက်လာချိန်မှစ၍ ယခုသန်းကြွယ်သူဌေး ဖြစ်လာချိန်အထိ နိုင်ငံ၏ အာဏာပိုင် စစ်ခေါင်းဆောင်များနှင့် နီးစပ် အဆက်အသွယ် ကောင်းမှုကြောင့်


အကျိုးဖြစ်လာရသူ ဖြစ်သလို၊ မြန်မာစစ်ဗိုလ်ချုပ်များကဲ့သို့ သူက သိုသိုသိပ်သိပ်နေ ထိုင်နေရသူလည်း ဖြစ်သည်။ အာရှတိုက်အတွင်း၊ သို့မဟုတ်
ကမ္ဘာတခုလုံးတွင်လည်း ဖြစ်ချင်ဖြစ်မည်၊ အလွန်အမင်း ထိန်းချုပ်ထားသည့် စီးပွားရေးစနစ် ကျင့်သုံးနေသော နိုင်ငံတခုတွင် သူက အကြီးဆုံး
စီးပွားရေးကွန်ရက်ကို ပိုင်ဆိုင်ထားသူ တဦးလည်း ဖြစ်သည်။
မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည့်အနက် ပစ်ဒဏ်ခတ်ထားသည့် လူပုဂ္ဂိုလ် ၃,ဝဝဝ စရင်းတွင် သူ့နာမည်လည်း အပါအဝင်ဖြစ်သည်။
မကြာသေးမီက အရပ်သား အစိုးရသစ်အသွင် ပြောင်းလဲခဲ့ပြီ ဆိုသည့်အခါ၊ သူကလည်း အမှောင်အရိပ်ကြားမှ ရှေ့တလှမ်းတိုး ခေါင်းပြူထွက်လာခဲ့သည်။

ဦးတေဇက ယခုအခါ အသက် ၄၇ နှစ် ရှိပြီ ဖြစ်ပြီး၊ ကလေး ၃ ဦး၏ ဖခင်လည်း ဖြစ်သည်။ သူ့သားတဦးက ရော့ခ် ဝါသနာပါသူ တဦးဖြစ်ပြီး၊ အသက် ၁၄
နှစ်အရွယ်သမီးမှာ မကြာသေးမီက အီတလီနိုင်ငံ၊ မီလန်မြို့ ဆေးရုံတခုတွင် အကြောသေရောဂါ (ပိုလီယ)ို အတွက် ကုသမှု ခံယူခဲ့ရသေးသည်။ ဤသတင်းက
လူသိရှင်ကြား ပေါက်ကြားလာခဲ့ပြီးနောက်၊ အီတလီနိုင်ငံတွင် အချို့သော အဖွဲ့အစည်းများက ယခုကဲ့သို့ တားမြစ်ထားသူတဦး၏ မိသားစုအပေါ် ဆေးကုသခွင့်
ဗီဇာထုတ်ပေးခဲ့မှုကို ကန့်ကွက်နေကြပြန်သည်။ သေချာသည်ကတော့ လူသားချင်းစာနာမှု အခြေခံပေါ်တွင် နေထိုင်ခွင့် လက်မှတ် ထုတ်ပေးခဲ့ခြင်း
ဖြစ်ပေလိမ့်မည်။

ယခုလို ဦးတေဇနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံနိုင်ခြင်းက သတင်းဦးဟု ဆိုနိုင်သည်။ သို့သော်လည်း ဤသတင်းမျိုးအပေါ် သတင်းထောက်တဦး အနေဖြင့်
အနည်းငယ် ရှက်ရွံ့ စိတ်မသက်မသာ ဖြစ်မိသော်လည်း ကျနော်က သူပြောလိုသည်များကို နားထောင်ရန် အသင့်ပြင်ထားခဲ့ပါသည်။ အီတလီနိုင်ငံထုတ် La
Repubblica သတင်းစာတွင် ယခု တွေ့ဆုံ မေးမြန်းခန်းကို မကြာသေးမီက ဖော်ပြခဲ့သော်လည်း ယခုဖော်ပြထားသည်က တွေ့ဆုံမေးမြန်းခန်း၏ အကျယ်ဖြစ်သည်။
ဤသတင်းကြောင့်လည်း အီတလီနိုင်ငံတွင် မကျေနပ် ဆန္ဒပြမှုအချို့ ရှိခဲ့သေးသည်။

အိမ်အတွင်း ဝင်သွားပြီးနောက် ကျနော့်ကို ဦးတေဇက ကြိုဆို၍ ဥရောပအလယ်ခေတ် ချပ်ဝပ်တန်ဆာများဖြင့် ချယ်သထားပြီး၊ လိပ်သဲကျောက်ပြားများ


ခင်းထားသည့် အခန်းများကိုဖြတ်၍ ခေါ်ဆောင်သွားသည်။ ထူးထူးခြားခြား ကျောက်လုံးတိုင်ကြီးများအကြားတွင် ဆာမူရိုင်းဝတ်စုံ အရုပ်တခုကိုလည်း
မြင်ခဲ့ရသေးသည်။ ကျနော်တို့က မြွေအရေခွံခင်းထားည့် ဆိုဖာတွင် ထိုင်ကြသည်။ အကျယ်အပြန့် ဇိမ်ခံခန်းမကြီးတွင် ယခုကုလားထိုင်များက
သက်တောင့်သက်သာ ပက်လက် ကုလားထိုင်များသဖွယ် ချခင်းထားခြင်း ဖြစ်သည်။ ကုလားထိုင်လက်တန်းများကို ရွှေရောင်ပွတ်လုံးကြီးများဖြင့် ချယ်သထားပြီး၊
အီတလီမှ ဝယ်ယူလာသည်ဟုလည်း သိရသည်။

အံ့သြစရာကောင်းလောက်အောင် လန်းဆန်းတက်ကြွနေသည့် သူ့ကိုမြင်ရသည်။ အနက်ရောင် ဘောင်းဘီနှင့် နေကာမျက်မှန်ကို တပ်ထားသည့် ဦးတေဇက


သူ့အနေဖြင့် ယခင်စစ်ခေါင်းဆောင်များ အပါအဝင် ယခု ရွေးချယ်ခံ အရပ်သားအစိုးရနှင့်ပါ “ ဆက်ဆံရေး အထူးကောင်းမွန်” သည်ဟု ချက်ချင်း
ဝန်ခံပြောဆိုသည်။

“ ဒါပေမယ့် ကျနော်က ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲ ကိုယ်လုပ်ပါတယ်” ဟု သူက တွေ့ဆုံမေးမြန်းခန်း မစတင်မီဆိုသည်။ “ ကျနော်က နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ပါဘူး
ကျနော်က မိသားစုစဉ်လာရိုးရာအရ စီးပွားရေးပဲ လုပ်ပါတယ်။ ကျနော်အခု ခင်ဗျားကို လက်ခံစကားပြောတယ် ဆိုတာကလည်း ပထမဦးဆုံးအကြိမ် နိုင်ငံခြားသား
သတင်းထောက် တဦးနဲ့ ပြောဆိုတာပါပဲ။တခါတည်း သိသွားစေချင်တာက ကျနော်ဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး လူတဦး ဖြစ်တယ်ဆိုတာ
သိသွားစေချင်တာလည်း ပါတယ်။ တရုတ် အများစုက (မြန်မာပြည်မှာ) နိုင်ငံသားယူပြီး သူတို့က အချမ်းသာဆုံးလို့ ကြွားနေကြတယ်။ ဒါပေမယ့် သူတို့က
မြန်မာလူမျိုး မဟုတ်ပါဘူး” ဟု ပြောသည်။

သည်လိုနှင့် တွေ့ဆုံမေးမြန်းမှု စဖြစ်သည်။

နိုင်ငံရပ်ခြားနဲ့ စီးပွားဆက်ဆံကုန်သွယ်ဖို့ လုံးဝတားမြစ်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်နဲ့ စစ်သား ,၃ဝဝဝ ကျော်စာရင်းမှာ ထိပ်ဆုံးက ရှိနေပါတယ်။ ဒီလိုနဲ့များ
တနှစ်ကို ဒေါ်လာသန်း ၅ဝဝ ကျော်လောက် ဝင်ငွေရအောင်၊ ကုမ္ပဏီ တဒါဇင်လောက် ပိုင်ဆိုင်အောင်၊ ရဟတ်ယာဉ်တွေကနေ ပတ္တမြားအထိ လုပ်ငန်းပေါင်းစုံကို
ဘယ်လိုများ စီမံခန့်ခွဲပါသလဲ။

“ ကျနော့် အခုပိုင်ဆိုင်မှုတွေက အနောက်တိုင်း ဒဏ်ခတ်မှုတွေကြောင့် ကျနော့်မှာ ဘာပြဿနာမှ မဖြစ်ဘူးဆိုတာ ပြနေတာပဲ။ တကယ်တော့ ကျနော်က
အနေသာချည်းပဲ။ အခုနာမည်ပျက်စာရင်းမှာပဲတဲ့ စစ်ဗိုလ်ချုပ်တွေတောင်၊ ဘယ်သူမှ ဘာမှမဖြစ်ကြပါဘူး။ ဒါပေမယ့် ကျနော့်နိုင်ငံ စီးပွားရေးက တရုတ်နဲ့
ကုန်သွယ်ရေးတခုတည်းကိုပဲ မှီနေရတာတော့ မဖြစ်စေချင်ဘူး။ သူတို့မှာ ပိုက်ဆံရှိတယ်။ ဘာဖြစ်ဖြစ် လိုချင်တာ လုပ်နိုင်ကြတယ်။ ကျနော့်မိုင်းက
ကျောက်စိမ်းတွေ၊ အဖိုးတန်ကျောက်တွေက အစပေါ့။ တရုတ်က ဒီမှာ အကြီးအကျယ် မျက်စေ့ကျနေတာ လူတိုင်းသိပါတယ်။ တရုတ်က
သူတို့ထွက်ကုန်ပစ္စည်းတွေကို မလက္ကာ ရေလက်ကြားကို မဖြတ်ဘဲ အရှေ့အလယ်ပိုင်း၊ အာဖရိကကိုပို့ဖို့ လုံခြုံတဲ့ ကုန်သွယ်လမ်းကြောင်း လိုချင်နေတယ်။
မလက္ကာရေလက်ကြားက အမေရိကန် ချုပ်ကိုင်ထားတာ။ ဒါကြောင့် သူတို့က (မြန်မာနိုင်င)ံ အနောက်ဖက်ကမ်းခြေမှာ ဆိပ်ကမ်းအကြီးအကျယ်
ဆောက်နေကြတာ၊ မြန်မာနိုင်ငံကိုဖြတ်ပြီး ရထားလမ်းကိုလည်း နယ်စပ်ကတဆင့် ကူမင်းအထိ ဖောက်ဦးမှာ။ ကျနော်တို့ ဓာတ်ငွေ့တွေလည်း အဲဒီကို မိုင်ရာချီတဲ့
ပိုက်လိုင်းတွေကတဆင့် သွားကြမှာပဲ”
ဗိုလ်ချုပ်တွေကရော တရုတ်တွေ ချယ်လှယ် လွှမ်းမိုးလာမှာကို မစိုးရိမ်ကြဘူးလား။

“ ဒါကတော့ သေချာပါတယ်။ ဒါပေမယ့် ပြည်ပကသူတွေ မသိတာက အခုလို ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် မြန်မာပြည်ကို နောက်ဆုံးတရုတ်


လက်ထဲတွန်းပို့သလို ဖြစ်နေတာမသိကြဘူး။ ပြီးခဲ့တဲ့ရက်တွေကပဲ တရုတ်ကဒေါ်လာ ၃ဝ ဘီလီယံချေးဖို့ ကမ်းလှမ်းလာတယ်။ အစိုးရက အခုလက်မခံသေးပေမယ့်၊
သိပ်ကြာမယ်တော့ မထင်ပါဘူး။ လက်ခံမှာပါ။ အပြန်အလှန်အနေနဲ့ သူတို့က လုပ်ပိုင်ခွင့်တွေ ပိုရလာမှာပါ။ အခုလိုဖြစ်နေရတာက အီရတ်နိုင်ငံမှာ လုပ်ခဲ့တာနဲ့
နောက်ဆက်တွဲ ပြဿနာတွေကြောင့် အမေရိကန်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး သမ္မတလို့ နာမည်တင် ကျန်ရစ်မယ့် (သမ္မတဟောင်း) ဂျော့ဘုရှ်ရဲ့ “
ကိုယ်ကျင့်တရားအပေါ်အခြေခံတဲ့မူ ” (Moral Principles) ကို လိုက်နာနေကြလို့ပဲ။ ဒါပေမယ့် ခင်ဗျားတို့ ကျနော်တို့အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်တွေကို
တကယ်နစ်နာ ခံစားရသူတွေကတော့ ဆင်းရဲတဲ့သူတွေပဲ။ တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေပဲ ”

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို စီးပွားရေးစနစ်ကို တလွဲတချော် စီမံခန့်ခွဲခဲ့မှုတွေအတွက် စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်IMF



(အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့) ကလည်း အလားတူပဲ ပြောပါတယ်။ ဒါတွေအပြင် ပိတ်ဆို့ ဒဏ်ခတ်မှုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်
အပြစ်ဒဏ်ခတ်တာက သိသာထင်ရှားပါတယ်။

“တရုတ်နိုင်ငံဟာလည်း လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ အမြဲစွပ်စွဲနေတာပဲ။ ဒါပေမယ့် သူတို့ကိုကျတော့ ဘာဖြစ်လို့ ပြစ်ဒဏ်ခတ် ပိတ်ဆို့တာ မရှိသလဲ။
အခုဦးဆောင်ပြီး ဒဏ်ခတ် အပြစ်ပေးရေး လုပ်နေတဲ့ အမေရိကန်၊ ပြင်သစ်တို့လို နိုင်ငံတွေဆီက ရှယ်ဗရွန်တို့၊ တိုတယ်တို့လို ကုမ္ပဏီတွေကျတော့ ဘယ်လို
အတားအဆီးမှ မရှိဘဲနဲ့ ဒီမှာ အလုပ်လုပ် နေကြတယ်။ ဒီလူတွေက အပြောနဲ့အလုပ် မညီတဲ့သူတွေပဲ။ ကျင့်ဝတ်အတိုင်းပြောတယ်။ ဒါပေမယ့်အစိုးရရဲ့
အိတ်ထဲကိုတော့ ပိုက်ဆံတွေ ထည့်ပေးနေကြတယ်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ ကိုရီးယားတို့တော့ ဒီလိုမဟုတ်ဘူး”

ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် အမှန်တကယ် သက်ရောက်မှုတွေ ဘယ်လိုဖြစ်နေတယ်လို့ ထင်ပါသလဲ။

“ ဥပမာတခုဆိုပါစို့။ နိုင်ငံခြား ခရီးသွားတွေ မလာရင် ဟိုတယ်အလုပ်သမားတွေ၊ စားသောက်ဆိုင်တွေ၊ သားငါးနဲ့ ဟင်းသီးဟင်းရွက် ရောင်းသူတွေ


လုပ်ကိုင်စားကြမှာလဲ။ အိန္ဒိယနဲ့ တရုတ်ကိုချည်း ကျနော်တို့က ရောင်းမယ်ဆိုရင် အဲဒါက ပြိုင်ဆိုင်မှု မရှိတဲ့ ဈေးကွက်ပဲ။ ကျနော်တို့ပစ္စည်းတွေ ဈေးကောင်းရမှာ
မဟုတ်ဘူး။ ဆိုလိုတာက လူဦးရေရဲ့ ၇၅% ရှိတဲ့ ကျနော်တို့ လယ်သမားတွေ ငတ်ကုန်ကြလိမ့်မယ်။ ကြည့် ... ကျနော်က ကုန်သည်မိသားစုက ကြီးပြင်းလာတာ၊
ဦးနေဝင်း ဆိုရှယ်လစ်ခေတ်က ပြည်သူပိုင်သိမ်းတော့ ကျနော်တို့ အကုန်ကုန်တာပဲ။ ကျနော့် ယောက္ခမကြီး (စစ်တပ်နှင့် အဆက်အသွယ် ကောင်းသူ ဖြစ်သည်)
ကတဆင့်၊ သစ်တောမြေတွေ ဝယ်ခွင့်ရပြီး ငွေအများအပြား ရလာတာ။ ကျွန်းသစ်တွေ ထုတ်ရောင်းရင်းနဲ့ ဆယ်ဒေါ်လာကနေ ထောင်ဂဏန်း ဖြစ်လာတာ။
ကျနော်လိုက်နာရဖို့ရှိတာက ကျနော့်ကို ချမ်းသာလာအောင် လုပ်ပေးခဲ့တဲ့၊ ဒီနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ပဲ။ သူတို့တွေကောင်းတယ်၊ ဆိုးတယ်ဆိုတာ
ကျနော်ဆုံးဖြတ်နေဖို့ မဟုတ်ဘူး။ ကျနော့်အတွက်တော့ သူတို့တွေက ကောင်းတယ် ”

ခုလို ဆင်းရဲမွဲတေမှုတွေ၊ အတိုက်အခံတွေကို ဖမ်းဆီးနေတာတွေ၊ သဘာဝရင်းမြစ်တွေကို ထင်တိုင်း ရောင်းစားနေတာတွေကြောင့် ခင်ဗျား စိတ်အနှောက်အယှက်


မဖြစ်ရဘူးလား။

“ သေချာတာပေါ့။ ပြဿနာ ရှိတာပေါ့။ ကျနော်တို့က လူသားတွေပဲ၊ ကျနော်တို့လည်း အမှားတွေ လုပ်မိတာပေါ့။ ခင်ဗျားတို့ ဝန်ကြီးချုပ်လည်း (အီတလီဝန်ကြီးချုပ်
ဆီလ်ဗီယို ဘာလူစ်ကိုန)ီ အမြဲတမ်း မိန်းမကိစ္စပြဿနာ ရှိနေတာပဲ၊ ဆိုပါစို့။ အခု ကျနော်တို့တိုင်းပြည် လည်ပတ် လုပ်ကိုင်နေတာ ၈ဝ% လောက်တော့
သဘောတူပါတယ်။ အတိုက်အခံတွေက ဥပဒေ ချိုးဖောက်တဲ့အတွက် ပေးဆပ်နေရတာ၊ မူအရ ပြောမယ်ဆိုရင်တော့ စင်္ကာပူလည်း ဒီမိုကရေစီမဟုတ်ပါဘူး။
သူတို့မှာလည်း တပါတီပဲရှိတာပဲ။ ကျနော်ထင်တာက မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးပိုင်းနဲ့ တပ်မတော်ကလူ ရာခိုင်နှုန်းအများစုက တိုင်းပြည်ကို ချစ်ကြပါတယ်။
ကြီးပွားတာ မြင်စေချင်ပါတယ်။ အခု အတိတ်ကထက်စာရင်တော့ ကျနော်တို့ ပိုပြီး အင်အားကောင်းလာပါပြီ။ ဒါ့အပြင် စစ်တပ်ကလည်း အရပ်သားတွေကို
တဖြည်းဖြည်း ပိုပြီးလမ်းဖွင့် ပေးလာတယ်။ တိုင်းဒေသတွေမှာ ထိပ်ပိုင်းမှာ စစ်သားတွေ ရှိနေသေးပေမယ့် အရပ်သားတွေ ဦးဆောင်နေကြပါပြီ”

လူအများစုကတော့ အခုအပြောင်းအလဲဟာ အပေါ်ယံပဲလို့ ပြောနေကြပါတယ်။

“အခုကိစ္စမှာ အကန့်အသတ်တွေ ဘယ်လောက်များများ ရှိနေသေးတယ်လို့ ခင်ဗျားထင်ထင်၊ အရာကိစ္စအားလုံးကို နိုင်ငံတော်ပိုင် လုပ်ထားတဲ့ ဆိုရှယ်လစ်၊


ကွန်မြူနစ်စနစ်တွေထက်တော့ ပိုပြီး ဒီမိုကရေစီကျပါသေးတယ်။ သူတို့က ဒဏ်ခတ် ပိတ်ဆို့ထားသည်ဖြစ်စေ၊ ပိတ်ဆို့မှု မရှိဘူးပဲဖြစ်စေ လုပ်ငန်းရှင်တွေလာပြီး
စီးပွားလုပ်နိုင်ကြတယ်။ သူတို့က စင်္ကာပူမှာရှိတော့ ကျနော့်ဘဏ်အကောင့်ကို ပိတ်လိုက်တာတောင် ကျနော်ဆက်ပြီး ရှင်သန်နေတုန်းပဲ။ ဒီလိုနဲ့ကျနော်က
တရုတ်နဲ့ အရှေ့အလယ်ပိုင်းက ဘဏ်တွေဆီကို ရွှေ့ရတယ်။ ဒါပေမယ့် ကျနော်ကဒီမှာနေပြီး၊ ဒီမှာပဲ အခွန်ပေးရတယ်။ ကျနော့်အဖေက
ဒီလိုသင်ကြားထားတာကိုး။ ပြီးခဲ့တဲ့နှစ်တွေက ကျနော်က စိတ်ပေါက်ပေါက်နဲ့ နိုင်ငံခြားသားအဖြစ် ခံယူချင်တဲ့စိတ်ရှိနေတော့ သူက ကျနော့်ကိုစိတ်ဆိုးတယ်။
'မင်းနိုင်ငံခြားသွားချင်ရင် မင်းအခုချမ်းသာကြွယ်ဝမှုတွေကြောင့် တခြားနိုင်ငံတွေက ပိုပြီးချမ်းသာလာလိမ့်မယ်။ ကိုယ့်နိုင်ငံက ချမ်းသာလာမှာ မဟုတ်ဘူး' လို့
ပြောတယ်”

ကိုယ့်ဘဝတက်လမ်းရှာဖို့ စခဲ့တုန်းက အသက်ငယ်ငယ်ရွယ်ရွယ်မှာ ဘယ်လို အကြောင်းအချက်တွေကြောင့် စစ်အစိုးရနဲ့ သိပ်ပြီး နီးစပ်ခဲ့ရပါသလဲ။

“ကျနော်စတုန်းက လက်ဗလာနဲ့စခဲ့ရတာ၊ ၁၉၈၈ တုန်းက တစ်နေ့ကို ၁၄ နာရီလောက် အလုပ်လုပ်ခဲ့ရတယ်။ အဲဒီအချိန်ပဲ ကျောင်းသားအုံကြွမှုတွေ ဖြစ်ခဲ့တာ။
သူတို့အောင်မြင်တာက ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ ဆိုရှယ်လစ်စနစ်တော့ ကျဆုံးခဲ့ရတယ်။ ကျနော်က ပွင့်လင်းလာတဲ့ အခြေအနေအပေါ် အခွင့်အလမ်းတွေ
ရှာတယ်။ စစ်အစိုးရ အုပ်ချုပ်ရေးအပေါ် ဝေဖန်နေဖို့က ကျနော့်အလုပ် မဟုတ်ဘူး။ ဒီလိုစစ်အာဏာနဲ့ အုပ်ချုပ်ရေးက ဟိုအရင် ဘုရင်စနစ်တွေကတည်းက ရှိခဲ့တာ။
၁၉၉ဝ ခုနှစ်တွေမှာ လူတိုင်းကို လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တယ်။ စီးပွားရေးက ပိုပွင့်လင်းလာတော့ ရှယ်ဗရွန်တို့ တိုတယ်တို့ ရောက်လာကြတယ်။ ဒီကိစ္စပဲ
ကျနော် ဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် ဒေါသ ထွက်နေတာ။ ကျနော့်ကို ဘာလို့ အပြစ် ပြောနေကြတာလဲ။ သန်းကြွယ်သူဌေး ဖြစ်လာလို့လား။ ဒါပေမယ့် ၁၉၉၆
ခုနှစ် တုန်းက ကျနော့်ပထမဦးဆုံး လုပ်ငန်းလုပ်ခွင့်ရဖို့ ကျနော့်အိမ်တွေ၊ ကားတွေရောင်းပြီး ရင်းခဲ့ရတယ်။ ကျနော့်မှာရှိတဲ့ ငွေတပြားမကျန် ထည့်ပြီး
စွန့်စားခဲ့ရတယ်။ ကျနော်အခု အနားယူလို့ရပြီ။ နားရင်လည်း နားမယ်။ ဒါကြောင့် ကျနော့် အပေါ်ဘယ်လိုပဲဖြစ်ဖြစ်၊ ကျန်တာတွေ မစဉ်းစားဘဲ အခုလို
ပြောပြနေတာ။ ကျနော်က အမေရိကန်တွေကို ပြောတယ်။ မြန်မာနိုင်ငံကို လာကြည့်၊ ဖွင့်ပေးလိုက်တဲ့အပေါ် (ဖြစ်လာမှာကိ)ု ယုံကြည်စမ်းပါ။ စီအိုင်အေက
တီထွင်ဖန်တီးနေတဲ့ အဓိပ္ပါယ်မရှိတာတွေ ယုံမနေနဲ့။ အခုက အပြိုင်အဆိုင်ဖြစ်နေကြပြီ။ ကျနော့်စကား မယုံမရှိနဲ့။ မြန်မာပြည်မှာက ကျန်ကမ္ဘာနဲ့ မတူတဲ့
သဘာဝရင်းမြစ်တွေရှိတယ်။ ကျနော်တို့မှာ ချို့တဲ့နေတာတခုက ပညာရေးပဲ။ တချိန်တုန်းက ကျနော်တို့ဆီက အတော်ဆုံးတွေက အမေရိက၊ အင်္ဂလန်မှာသာ
စာသွားသင်နိုင်ခဲ့တယ်။ အခုတော့ ကျနော်တို့ဆီမှာ ရုရှား ကျောင်းထွက်တွေပဲ ရှိတယ်”

Raimondo Bultrini ရေးသားသည့် Tay Za talks sanctions, business and Burma ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။ ယခုတွေ့ဆုံမေးမြန်းမှု၏
အကျဉ်းကို အီတလီသတင်းစာ La Repubblica တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

ဂန္တဝင်ကို အသက်သွင်းတဲ့ ဆူးငှက်

ဖနိဒါ | အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၀၅ မိနစ်


(စာရေးဆရာ ဆူးငှက်နှင့် အင်တာဗျူး)

ချင်းမိုင(် မဇ္စျိမ) ။ ။ အစိုးရသစ် လက်ထက်တွင် စာရေးဆရာ ဆူးငှက်စီစဉ်သည့် “ ဗုံလေးလုံး သံစဉ် ဂန္တဝင် အကပဒေသာ” ဗီစီဒီ ထုတ်ဝေဖြန့်ချိမှုကို
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ရုပ်ရှင်ဆင်ဆာ ဘုတ်အဖွဲ့မှ ဖြတ်တောက်မှုများ ရှိခဲ့သည်ဟု ဆရာဆူးငှက်က ပြောသည်။

၂ဝ၁ဝ နှစ်ဆန်းပိုင်းအတွင်း ပြန်ကြားရေး လက်အောက်ရှိ မြန်မာ့ယဉ်ကျေးမှု ဆင်ဆာဘုတ်အဖွဲ့ထံ တင်ပြခဲ့ရာ ဆင်ဆာဘုတ်အဖွဲ့မှ ကိုယ်စားလှယ်များက


ကန့်ကွက်ခဲ့မှုကို စာရေးဆရာ ဆူးငှက် ကိုယ်တိုင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ဆင်ဆာအဖွဲ့အား ၃ ကြိမ် ပြန်လည် ရှင်းပြခဲ့ပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလ ၂ဝ
ရက်နေ့တွင် ခွင့်ပြုခဲ့ရာ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် စတင် ဖြန့်ချိခဲ့သည်။

ဆူးငှက်သည် ၂ဝဝ၇ ခုနှစ် အတွက် “တိမ်ယံ အိပ်မက် မိုးထက်နရီ” ဝတ္ထုဖြင့် အမျိုးသား စာပေဆု ဝတ္ထုရှည်ဆုကို ရရှိခဲ့သူ ဖြစ်သည်။

ဝဏ္ဏကျော်ထင်ဘွဲ့ရသူ အငြိမ့်မင်းသမီး သြဘာသောင်း တရားဝင် သုံးစွဲခဲ့သည့် အကအဆင့် ၅ ဆင့်ရှိ၊ ကကွက် ၁၂၅ ကွက်မှ အကွက်တိုင်းတွင် “ကဗျာလွတ်”
ဆိုသည့် စာသားကို ဆင်ဆာဘုတ် အဖွဲ့က ဖြတ်တောက်ခဲ့မှုများကို သိရှိရန်နှင့် ဗွီစီဒီ တွင်ပါရှိသည့် အကြောင်းအရာများ ထိုဗွီစီဒီ ထုတ်ဝေရခြင်း၏
ရည်ရွယ်ချက်များကို သိရှိနိုင်ရန် စီစဉ်သူ စာရေးဆရာ ဆူးငှက်အား မဇ္စျိမက ဆက်သွယ် မေးမြန်းခဲ့သည်။

ဆင်ဆာဘုတ်အဖွဲ့က ယဉ်ကျေးမှု အငြိမ့်သဘင် ဗီစီဒီခွေကို စိစစ်ခဲ့တဲ့အချိန် ဘယ်လို ခက်ခဲမှုတွေ ကြုံခဲ့ရလဲ။

“ဒီလို လျှောလျှောရှုရှု ဖြန့်ချိနိုင်ဖို့ တနှစ်ကျော်အတွင်းမှာ ပြောရဆိုရင် တင်ပြရင်းညှိနှိုင်းရတဲ့ ကိစ္စတွေ အတွက်တော့ ပင်ပန်းတာပေါ့။ ဖြစ်စေချင်တာက
တကယ်တမ်းလုပ်ပိုင်ခွင့် ရှိတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်တွေဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်ကြရင် ပိုကောင်းမယ်၊ ဆင်ဆာရဖို့အတွက် ခက်ခက်ခဲခဲ
ကြိုးပမ်းလိုက်ရတာပေါ့နော်”

“၁၉၂၅ ခုနှစ်ကတည်းက ထောင်ခဲ့တဲ့ အသင်းက တီးလာခဲ့တဲ့ တီးလုံးတွေကို ၁၉၆၁ ခုနှစ်လောက်ကတည်းက တီးခဲ့တဲ့ သီးလုံးတွေကို မှတ်သားထားတဲ့
International Note တွေကို လက်မှတ်ထိုးထားတာတွေ၊ ရက်စွဲတွေကို ကော်ပီယူပြီး ရွာစားကြီး စိန်ဗေဒါ တီးခဲ့တဲ့ Note တွေကို ပြန်တီးတာပါလို့ ပြောတော့မှ
လက်ခံတာပေါ့လေ။ အစက မကြားဘူတော့ ထောက်တာပေါ့”
ဒီခွေထဲက ရုပ်၊ သံတွေနဲ့ စာသားတွေကို ဘယ်လိုဖြတ်တောက်ခဲ့လဲ။

“ကကွက်တွေ ၅ ဆင့် တဆင့်ကို ၂၅ကွက်ဆိုတော့၊ ၁၂၅ ကွက် ကပြီးရင် အဲဒီကကွက်နဲ့ ပတ်သက်တဲ့ ယိမ်းတွေ၊ တပင်တိုင်အကတွေပါ၊ ၅ ကွက်ကို နောက်ထပ်
ပြန်သရုပ်ဖော်တာနဲ့ဆိုရင် ၁ဝ ကြိမ်ပေါ့။ အဲဒီအခန်း ၁ဝ ခန်းကို ထိုးတဲ့ ခေါင်းစဉ်မှာတော့ အရင်က ဒေါ်သြဘာသောင်း ကဗျာလွတ် ပထမဆင့်၊ ဒုတိယဆင့်၊
တတိယဆင့် စာတန်းထိုးတယ်။ အဆင့်တိုင်း အခန်း ၁ဝ ခုက ခေါင်းစဉ်မှာ “ကဗျာလွတ်” ဆိုတဲ့ စာသားကို ဆင်ဆာဘုတ်အဖွဲ့က ဖြုတ်ခိုင်းတယ်။ ၁ဝ
နေရာလောက်တော့ ပါမှာပေါ့။ ဒေါ်သြဘာသောင်းရဲ့ အခြေခံအမျိုးသမီးအက ပထမဆင့် ဒီကဗျာလွတ်ဆိုတဲ့ စာသားမှာ ဆရာမကြီး ဒေါ်သြဘာသောင်းက
တရားဝင် သုံးစွဲခဲ့တဲ့ စာသားပါ၊ အဲဒီ ကဗျာလွတ်ဆိုတဲ့ နေရာမှာ “ဒေါ်သြဘာသောင်း၏ အခြေခံ အမျိုးသမီးအက”လို့ ပြောင်းသုံးခိုင်းတယ်”

ဘာကြောင့် ဖြုတ်ခိုင်းတယ်လို့ ယူဆလဲ။

"ဆင်ဆာဘုတ်မှာ ၁၇ ယောက်ကနေ ၁ ယောက်က ကန့်ကွက်တာ၊ နောက်တော့ သူတို့အဲဒီလို ထောက်တော့ ညွှန်ချုပ်တွေက သဘောပေါက်တယ်။ ဒါက
တိုင်းပြည်အတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ထောက်နေတဲ့အတွက် ပညာရှင်တွေကို ပင့်ဖိတ်ပြီးတော့ အဆုံးအဖြတ် ခံယူတဲ့အခါမှာ
လက်ရှိရှိနေတဲ့ ပညာရှင် တချို့ကန့်ကွက်တယ်။ ပုဂ္ဂိုလ်ရေးဆိုတော့ တလျှောက်လုံးက သူတို့ကို ပညာရှင်လို့ အသိအမှတ်ပြုထားတဲ့အတွက် ဒီအခွေ ထွက်လာရင်
တော်တဲ့ပညာရှင်တွေ ပေါ်လာကောင်းရဲ့ဆိုပြီး ကန့်ကွက်တာပေါ့"

“ရုပ်ရှင်ဆင်ဆာအဖွဲ့မှာ နားလည်မှု လွဲသွားလို့ပါ။ တီးလုံးတွေ၊ မြန်မာ့ရိုးရာ ရှေးရိုးတပင်တိုင်အက တီးလုံးတွေကို မန္တလေးမှာ မြို့မတူရိယအသင်း ၁၉၂၅
ခုနှစ်ကနေ ထူထောင်ခဲ့တာ အခုဆိုရင် ၈၆ နှစ်ရှိပြီ။ အဲဒီထူထောင်ခဲ့တာက ဆရာကြီး မြို့မငြိမ်း တို့ ခေတ်ကတည်းက တီးခဲ့တဲ့ တီးလုံးတွေပေါ့။
ဘုရင်ခေတ်ကတည်းက ဆိုင်းဆရာကြီးတွေ ရွာစားကြီး စိန်ဗေဒါတို့တီးခဲ့တဲ့ တီးလုံးတွေကို မြို့မငြိမ်းတို့ တလျှောက်လုံး တီးခဲ့တဲ့ တီးလုံးနဲ့ ကတဲ့အကပါတယ်။
အဲဒီတီးလုံးကိုလည်း မကြားဘူးတော့ တချို့တီးလုံးတွေ ထောက်တာပေါ့လေ၊ ဒါရှေ့ရိုး မဟုတ်ဘူး။ ဒီဘက်ခေတ်က ထွင်ထားတာ ဖြစ်တယ်ဆိုပြီး
ထောက်ပြတာပေါ့”
ဗီစီဒီခွေကို ဘယ်လို တင်ဆက်ထားတာလဲရှင့်။

“ကဗျာလွတ်ကကွက် ၅ ဆင့် ၁၂၅ ကွက်ကို အခြေခံပြီးတော့ ဗမာဂန္တဝင်ကကွက်တွေ ကလို့ ရတယ်ဆိုတဲ့ဟာကို ယိမ်းတွေ၊ အငြိမ့်ခန်းတွေတို့ ရိုက်ပြတာပါ”

ဘယ်လို ရည်ရွယ်ချက်ကြောင့် ဒီအငြိမ့်အက ဖြန်ချိဖို့ ရိုက်ကူးဖြစ်တာလဲ။

"သမိုင်းတလျှောက် ဖျောက်ဖျက်ခံထားရပြီးတော့ အခုခေတ် လူငယ်တွေအနေနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ပတ်သက်လာရင် စိတ်ဝင်စားမှု များလာစေချင်တယ်။


အဓိက ကပြတဲ့ ဒေါ်ခင်ဝင်းနွယ်က စာရေးဆရာ ဆူးငှက်ရဲ့ အစ်မအရင်းဖြစ်ပါတယ်။ သူရဲ့ အမျိုးသားကလည်း စာရေးဆရာ ဇော်ပုလဲပါ။ သူကလည်း
ဒီအငြိမ်အကကွက်တွေကို ပန်းချီတွေနဲ့ မှတ်တမ်းတင်ထားတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုအက စာအုပ်ထုတ်ဖို့ အခွင့်အရေးမရခဲ့ဘူး။ အဲတော့ ၁၉၈ဝ ခုနှစ်မှာ မန္တလေး
ဟံသာဝတီ သတင်းစာတိုက်ရဲ့ စာပေဝိုင်းမှာ စာတမ်းဖတ်ခဲ့တယ်။ သူက ၁၉၈၄ ဆရာဇော်ပုလဲ ကွယ်လွန်ခဲ့တယ်။ ၂ဝဝ၃ ခုနှစ်တွင် ရှေးရိုးသဘင်တိုင်း
အကအကြောင်း ကျနော်က စာတမ်းဖတ်ခဲ့တယ်"

အခု ဖြန့်ချိတာ ၁ဝ ရက် ကျော်ပြီဆိုတော့ ဘယ်လောက် အတိုင်းအတာထိ ဒီခွေအပေါ် စိတ်ဝင်စားမှု ရှိကြလဲ။

"စိတ်ဝင်စားမှု နည်းပါတယ်။ ဒါပွင့်ပွင့်လင်းလင်းပြောတာပါ။ မြန်မာ့ရိုးရာ မြန်မာသံ၊ မြန်မာမူတို့ကို စိတ်ဝင်စားမှု နည်းတယ်။ ဘာကြောင့်လည်းဆိုတော့ နောက်ပိုင်း
လူငယ်တွေမှာ ရုပ် ဝတ္ထုနောက်ကို တအားလိုက်တယ်။ ခေတ်ပေါ် နည်းပညာဘက်ကို လိုက်တယ်။ သူတို့အဖို့က ရိုးရာယဉ်ကျေးမှုကို အဟောင်းလို့ဘဲ
သတ်မှတ်ပြီးတော့ အဟောင်းတွေက သူတို့နဲ့ မဆိုင်သလိုဖြစ်သွားတယ်။ အဲဒါကို ချစ်မြတ်နိုးရမှန်း မသိတော့ဘူး။ လူငယ်တွေ ပိုစိတ်ဝင်စားလာအောင်
မြန်မာ့ယဉ်ကျေးမှုကို အခုလို ဖော်ထုတ်မှတ်တမ်းတင်တဲ့အခါမှာ အဆင့်မြင့်မြင့် ဖော်ထုတ်ပြင်ဆင်ဖို့လိုတယ်။ နောက်တခုက သက်ဆိုင်ရာ စာပေစိစစ်ရေးတို့
ဆင်ဆာအဖွဲ့ကလည်း ဒီအပေါ် နားလည် သဘောပေါက်ပြီးတော့ မြန်မြန်ဆန်ဆန် ထွက်လို့ရအောင် ကူညီပေးဖို့လိုတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊
ဒီလိုလုပ်ငန်းလုပ်ကိုင်သူတွေကို အားပေးချီးမြောက်ဖို့ လိုတယ်။ နိုင်ငံခြားမှာနေတဲ့ အနုပညာရှင် မိသားစုတွေက ပိုစိတ်ဝင်စားမယ်လို့ထင်ပါတယ်။
အင်္ဂလိပ်လိုလည်း ထည့်သွင်းထားပါတယ်"

ကဗျာလွတ် ကကွက်ဆိုတာ ဘယ်လို ဘယ်လိုကကွက်မျိုး ပါလဲ။ ဘာလို့ ကဗျာလွတ် ကကွက်လို့ နာမည်ပေးခဲ့တာလဲ။

“ဗမာအမျိုးသမီးတွေ အခြေခံ ကကွက်တွေကို ဗုံနဲ့ပဲကတယ်။ ဗမာလိုတော့ ဒိုးစစ်နဲ့ ကတယ်။ ဗုံ ၄ လုံးနဲ့ပဲ ကတယ်။ ဘာ မေလိုဒီ၊ စာသားမှ မပါဘူး။ အဲဒီကနေမှ
တီးလုံး၊ တီးကွက်တွေ ပြောင်းလာတယ်။ ၁၉၅၃ မှာ ပန်တျာကျောင်း စဖွင့်တယ်။ သူက အကသင်တန်း နည်းပြဆရာမလုပ်တော့ သင်တန်းသာဖွင့်တယ်။
ဘာသင်လို့ သင်ရမှန်းမသိလို့ သူကနေ စိတ်ကူးပေါက်သွားပြီးတော့ ဗုံ ၄ လုံးနဲ့ ဒိုးစစ်တွေ တီးခိုင်းပြီးတော့ ကကြိုးတွေ ထွင်တာ၊ ၃ နှစ်သင်တန်းဆိုတော့ ပထမနှစ်
ပထမဆင့်၊ ဒုတိယနှစ်အတွက် ဒုတိယအဆင့်၊ တတိယနှစ်မှာ ၃ အဆင့်ဆိုပြီး ထွင်တာ။ နာမည် မပေးထားသေးဘူး။ ဦးနုအစိုးရ လက်ထက် ၁၉၆ဝ
ခုနှစ်ဝန်းကျင်မှာ ရန်ကုန်ရွှေတိဂုံ အနောက်မုတ်မှာ စက်မှုလက်မှု အနုပညာပြပွဲလုပ်ပြီး မန္တလေးသား ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောလေးက ဗုံ ၄ လုံးနဲ့ ကပြခဲ့တဲ့
အကအမည်ကို သီချင်း၊ ကဗျာ၊ စာသားများ မပါဝင်တဲ့အတွက် ကဗျာလွတ် ဆိုပြီး နာမည်ပေးခဲ့တာပါ”

ကနေဒါ မြို့လေးက ဒေါ်စုကို ဂုဏ်ပြု

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်


ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့် အပ်နှင်းသည့် ဂုဏ်ပြုမော်ကွန်းအား ကနေဒါနိုင်ငံ မြို့တမြို့၌ ထားရှိမည့် အခမ်းအနားကို လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင်
ထိုမြို့လေး၌ ကျင်းပသွားမည် ဖြစ်သည်။

ဂုဏ်ပြုမော်ကွန်းအား Côte Saint-Luc လူ့အခွင့်အရေးစင်္ကြံ၌ ထားရှိမည် ဖြစ်ရာ၊ ထိုစင်္ကြံသည် လူသားများ ကောင်းကျိုးအတွက် စွမ်းစွမ်းတမံ
ကြိုးပမ်းအားထုတ်ခဲ့ပြီး၊ လူ့အခွင့်အရေး မီးရှူးတန်ဆောင်အဖြစ် လောကအလင်း ဆောင်ကြဉ်းခဲ့သည့် ပုဂ္ဂိုလ်များကို ရည်ညွှန်းသည်။ ကနေဒါနေ့ အထိမ်းအမှတ်၏
တစိတ်တဒေသအဖြစ်လည်း အခမ်းအနားကို ကျင်းပခြင်း ဖြစ်သည်။

“ကျနော်တို့ ဂုဏ်ပြုပြီးပြီ ဖြစ်တဲ့ တခြားသူတွေလိုပါပဲ၊ အောင်ဆန်းစုကြည်ဟာ ဒီမိုကရက်တစ် အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့အတွက် အန္တရာယ်တွေကို


ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ကြိုးစားခဲ့ပါတယ်” ဟု မြို့တော်ဝန် Anthony Housefather က မြို့တော်စာစောင်တွင် ပြောကြားခဲ့သည်။

“သူ အကျဉ်းချထားခံရစဉ် ကာလတွေမှာလည်း စစ်အစိုးရက သူ့ကို မြန်မာနိုင်ငံထဲကနေ ထွက်ခွါနိုင်တဲ့ အခွင့်အရေးတွေကို အကြိမ်များစွာ ကမ်းလှမ်းခဲ့ပေမယ့်
သူကတော့ သူ့တိုင်းပြည်ကနေ ထွက်ခွါဖို့
ငြင်းဆန်ခဲ့ပြီး၊ ပြည်သူလူထုနဲ့အတူ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုကို ဆက်လက်
ပြုလုပ်ခဲ့ပါတယ်” ဟုလည်း သူက ဆိုသည်။

မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် နှစ်ပေါင်း ၂ဝ ကျော် စွမ်းစွမ်းတမံ လုပ်ကိုင်ခဲ့သည်ဟု မြို့တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်အပေါ်


မှတ်ချက်ပေးကြသည်။

၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါက ၂ဝဝ၇ ခုနှစ်ထဲတွင် ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ်
ဂုဏ်ပြုခဲ့သေးသည်။ ကနေဒါသည် မြန်မာအစိုးရကို ဖိအားပေးသည့် အနေဖြင့်
မြန်မာနိုင်ငံအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့ အရေးယူခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်တွင် ၁၅ နှစ်ဝန်းကျင် နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့ကာ၊ မြန်မာနိုင်ငံမှ ထွက်ခွါပေးလျှင်
လွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း သူက ပယ်ချခဲ့ပြီး၊ အရပ်သား အစိုးရ ပေါ်ပေါက်ရေးနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးကို တစိုက်မတ်မတ်
တောင်းဆိုလာခဲ့သည်။

လူ့အခွင့်အရေးစင်္ကြံ စတင်ဖွင့်လှစ်ခဲ့သည် ၂ဝဝဝ ခု စက်တင်ဘာမှစ၍ Quebec ပြည်နယ်ရှိ မြို့လေးတွင်


နိုဘယ်ဆုရှင် Rene Cassin ၊ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်တိုက်ဖျက်သူ Helen Suzman နှင့် ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတို့၏ မျိုးဖြုတ်သတ်ဖြတ်နေမှု
အန္တရာယ်မှ ဂျူးလူမျိုး တသိန်းခန့်ကို ကယ်တင်ခဲ့သည့် ဆွီဒင်သံတမန် Raoul Wallenberg အပါအဝင် စုစုပေါင်း ပုဂ္ဂိုလ် တဒါဇင်ခန့်ကို ဂုဏ်ပြုခဲ့ပြီး ဖြစ်သည်။

http://www.mizzimaburmese.com/home.html

လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့် ရှိဖို့ ဒေါ်စု ပြော

By မနန္ဒာချမ်း အင်္ဂါ, 07 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်လာဖို့ ဆိုရင် လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့်ရှိဖို့ လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျာမန် လူ့အခွင့်အရေး မူဝါဒနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ
ကော်မရှင်နာ မင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်မှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက
တင်ပြပေးထားပါတယ်။

ဂျာမန် လူ့အခွင့်အရေး မူဝါဒနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး မာကပ်စ် လွန်းနင်း (Markus Loning) ဦးဆောင်တဲ့
ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်တို့နဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာပဲ ဒီမနက် တွေ့ဆုံခဲ့ကြတာပါ။

အဲဒီလို တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ


ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း ဂျာမန် လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မားကပ်စ်က ပြောပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း မြန်မာနိုင်ငံမှာ
လက်ရှိ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာ
ဖြစ်ပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတော်သစ်ဆီကို ဦးတည် လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှာ ဒီလို လူ့အခွင့်အရေး
အခြေအနေတွေ တိုးတက် ကောင်းမွန်လာစေဖို့ ဆိုရင် လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့် ရှိဖို့ လိုအပ်တဲ့အကြောင်း၊ ဒီကိစ္စကိုလည်း သမ္မတ ဦးသိန်းစိန်ဆီကို
စာပေးပို့ခဲ့ကြောင်း ရှင်းပြခဲ့တယ်လို့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ရှင်းပြခဲ့တယ်။ ရှင်းပြခဲ့တာ ဘာလဲဆိုတော့ လူ့အခွင့်အရေးဆိုတဲ့ နေရာမှာ အရေးအကြီးဆုံးက၊ အားလုံးကို အချုပ်အကိုင် ဖြစ်နေတာက
လွတ်လပ်တဲ့ တရားစီရင်မှုပဲ။ အဲဒီလို လွတ်လပ်တဲ့ တရားစီရင်မှုတွေ ရနိုင်ဖို့နဲ့ ပတ်သက်ပြီးတော့ အဖွဲ့ချုပ်ကလည်း နိုင်ငံတော် သမ္မတဆီကို လိုအပ်တဲ့
အရေးကြီးတဲ့ အချက်ကို တင်ပြခဲ့ဖူးတယ်။ အဲဒီလို တင်ပြခဲ့ပေမဲ့ ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူးဆိုတဲ့ ကိစ္စ သူ့ကိုလည်း ပြောပြခဲ့ပါတယ်။”

အခုလဆန်းပိုင်းကပဲ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ် (Angela Merkel) ကလည်း International Forum နိုင်ငံတကာ တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာအစိုးရ
အနေနဲ့ အာဆီယံ ဥက္ကဋ္ဌတာဝန် ယူခွင့်မရခင်မှာ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာတွေကို တိုးတက်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူလိုတဲ့ကိစ္စ သူ့အနေနဲ့ အတော်လေး စိုးရိမ်မိကြောင်းနဲ့ မြန်မာအစိုးရသစ် အနေနဲ့
လူ့အခွင့်အရေး တိုးတက်ဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့ဆက် လုပ်ဆောင်ဖို့ကို အပြောရော အလုပ်နဲ့ပါ အလေးအနက်ထား သက်သေပြဖို့
လိုတယ်လို့ ဂျာမန်ဝန်ကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။

တခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့လည်း ဂျာမန်
လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးကို အခုလို ပြောခဲ့ပါသေးတယ်။

“Sanction တွေ မရုပ်သိမ်းသင့်သေးဘူးလို့ အဲဒီလို တည့်တည့်ကြီး အဖြေပေးတာမျိုး မရှိဘူး။ Sanction ဟာ ဘာဖြစ်လို့ ဖြစ်တယ်၊ ဘာတွေ ပြောင်းလဲမှု၊ ဘယ်လို
ဆောင်ရွက်သင့်တယ်၊ ဘယ်လို စဉ်းစားသင့်တယ် ဆိုတာကိုပဲ ဆွေးနွေးတာ။ ဒါက တချက်ပေါ့။ နောက်တခုက EU အဖွဲ့ထဲမှာ တချို့နိုင်ငံတွေက ပျော့တယ်တို့
ဘာတို့၊ ဒီလို ပြောကြတယ်ပေါ့။ သို့သော် ဒါ ဝေဖန်တာက အရေးမကြီးဘူး။ တကယ်တမ်း ထိရောက်တဲ့ Sanction ဖြစ်ဖို့ လိုတယ်လို့ ကျနော်တို့ အဲဒီလို
ပြောခဲ့ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်အုပ်ချုပ်မှု အောက်ကနေ အရပ်သား အစိုးရ အုပ်ချုပ်မှုကို ပြောင်းလဲတာဟာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်ပြီး
ဒါပေမဲ့ အမှန်တကယ် အပြောင်းအလဲဖြစ်ဖို့ လိုအပ်ကြောင်းကိုလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျာမန် လူ့အခွင့်အရေး
ကော်မရှင်နာ မင်းကြီးကို ရှင်းပြခဲ့ကြောင်း အခုလို ဆက်ပြောခဲ့ပါတယ်။

“အစိုးရ အပြောင်းအလဲ ဆိုတာက တကယ့် အပြောင်းအလဲ ဖြစ်သလားဆိုတာ သတိကြီးစွာနဲ့ စောင့်ကြည့်နေရတယ်။ အဲတော့ အပြောင်းအလဲ ဆိုတာကိုလည်း၊
ကြီးမားတဲ့ အပြောင်းအလဲဆိုတာ ဒီနေ့ မနက်ဖြန် မဖြစ်နိုင်ဘူး ဆိုတာကိုလည်း ကျနော်တို့ သဘောပေါက်တယ်။ သို့သော် အမှန်တကယ် အပြောင်းအလဲ
ဖြစ်ဖို့တော့ လိုတယ်။ အမှန်တကယ် အပြောင်းအလဲ ဖြစ်မှသာ ရှေ့ မြန်မာနိုင်ငံရဲ့ အရေးတွေက တိုးတက်မှုရှိမယ်။ ဒါကို ဆွေးနွေးပါတယ်။”

ဒီကနေ့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR အဆင့်တခု ဖြစ်နိုင်

By ဦးသားညွန့်ဦး အင်္ဂါ, 07 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ UPR ပုံမှန်သုံးသပ်မှု အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အကြံပြုချက်တွေကို အစိုးရက ဘယ်လောက်အထိ
လိုက်နာဆောင်ရွက်သလဲ ဆိုတဲ့ သုံးသပ်မှုကို မနက်ဖြန် ဂျီနီဗာ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊
ကျွမ်းကျင်သူတွေကတော့ မြန်မာအစိုးရ အနေနဲ့ လူ့အခွင့်အရေးကောင်စီ အပါအ၀င် ကုလသမဂ္ဂရဲ့ မြန်မာ့အရေး အကြံပြုချက်တွေကို အကောင်အထည်ဖော်
လိုက်နာဖို့ ပျက်ကွက်နေဆဲ ဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒါကြောင့်လည်း အခုသုံးသပ်မှုက တဆင့် မြန်မာအာဏာပိုင်တွေကို လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်လို့
နိုင်ငံတကာက လက်တွေ့ အရေးယူနိုင်မယ့် အခြေအနေ ဖြစ်လာဖို့ အဆင့်တဆင့် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။

လေးနှစ်တကြိမ် ကျင်းပတဲ့ UPR လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်မှုဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ခေါင်းစဉ်အောက်မှာ ပြုလုပ်တာဖြစ်ပြီး
အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကိုပါ ပါဝင်ဆွေးနွေး အစီရင်ခံစာ တင်ခွင့်ပြုထားပါတယ်။
အခုတကြိမ် ကျင်းပမယ့် မြန်မာနိုင်ငံ ကိစ္စကတော့ ပြီးခဲ့တဲ့ UPR အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က ဘယ်လောက် လိုက်နာသလဲ ဆိုတာကို အနှစ်ချုပ်
သုံးသပ်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ကနေ အစိုးရကို မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုး ပေးနိုင်တာတော့ မဟုတ်ပါဘူး။ သုံးသပ်ချက် ဆိုတာနဲ့ မှတ်တမ်းထုတ်မှာပါ။
ဒါပေမဲ့လည်း ဒီလုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကို နိုင်ငံတကာ အာရုံစိုက်လာဖို့ အခြေအနေတရပ် ဖြစ်စေတယ်လို့ အခု အစည်းအဝေးကို
တက်ရောက်ဖို့ ဂျီနီဗာမြို့ကို ရောက်ရှိနေတဲ့ ဒေါက်တာသောင်းထွန်းက ယူဆပါတယ်။ ဒီကနေပြီးတော့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ နိုင်ငံတကာက
စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကြိုးပမ်းနေမှု အပေါ်မှာ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ သူက ယူဆပါတယ်။

“လာမယ့် စက်တင်ဘာ လူ့အခွင့်အရေးကောင်စီ ရှိတယ်။ အထွေထွေ ညီလာခံရှိတယ်။ အစည်းအဝေးတွေမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ရေးကိစ္စဟာ
တဖြည်းဖြည်းနဲ့တော့ အရှိန်မြင့်လာတယ်။ ဒီ UPR Process ကလည်း အဲဒီ အရှိန်မြှင့်တဲ့ နေရာမှာ အဆင့်တခု ဖြစ်တယ်လို့ မြင်ပါတယ်။”

မြန်မာနိုင်ငံတွင်းက အခြေအနေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေသတွေကို ချိုးဖောက်မှု ရှိမရှိ စစ်ဆေးရေး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ဖို့
အဆိုကိုတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ကုလသမဂ္ဂနဲ့
နိုင်ငံတကာကို အဆိုပြုထားတာပါ။ အခု UPR လုပ်ငန်းစဉ်ကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့မတူ သီးခြား မြန်မာ့အရေးကိစ္စ ကိုင်တွယ်မှု ဖြစ်တယ်လို့ မစ္စတာ
ကင်တားနားက ပြောပါတယ်။

ဒါပေမဲ့ UPR လုပ်ငန်းစဉ်နဲ့ သူ့လုပ်ငန်းအကြားမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တူညီတဲ့ အကြံပြုချက်တွေ ရှိတယ်လို့ ပြောပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေး
အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရေး ကိစ္စကို ထောက်ပြပါတယ်။ ဒါပေမဲ့လည်း UPR လုပ်ငန်းစဉ်ဟာ အသစ်ဖြစ်လေတော့ အကောင်အထည်
ဖော်ရေးပိုင်းမှာ အားနည်းမှုတွေတော့ ရှိနိုင်တယ်လို့ မစ္စတာ ကင်တားနားက ယူဆပါတယ်။

“UPR လုပ်ငန်းစဉ် ဆိုတာဟာ လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ငန်းဖော်ဆောင်မှုအသစ် ဖြစ်ပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်
ကောင်းမွန်လာဖို့ ဒီလုပ်ငန်းဟာ တစုံတရာ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ UPR မှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံအလိုက်
နိုင်ငံတွင်း ဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ အားလုံးကို ကိုင်တွယ်စစ်ဆေးခွင့် ရလို့ပါပဲ။

“ဒါပေမဲ့ ဒီလုပ်ငန်းစဉ် တွေ့ရှိချက်တွေကို အကောင်အထည်ဖော်ရေး အပိုင်းမှာတော့ မေးခွန်းထုတ်စရာတွေ ရှိပါတယ်။ ဒါကြောင့် UPR လုပ်ငန်းစဉ်က တွေ့ရှိ
အကြံပြုချက်တွေကို မြန်မာအစိုးရပိုင်းက ဘယ်လောက် အကောင်အထည်ဖော် လိုက်နာမလဲ ဆိုတာကို အနီးကပ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”

မနက်ဖြန်လုပ်မယ့် UPR အစည်းအဝေးမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ UPR ရဲ့ အကြံပြုချက်တွေကို ဘယ်လောက် အကောင်အထည်ဖော်
လိုက်နာသလဲ ဆိုတာကိုတော့ မြန်မာအစိုးရ ကိုယ်စားလှယ်က တုံ့ပြန်သွားဖို့ ရှိပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာအစိုးရဟာ ကုလသမဂ္ဂရဲ့
အကြံပြုချက်၊ တိုက်တွန်းချက်တွေကို လျစ်လျူပြုခဲ့တယ်လို့ ပြောပါတယ်။ မစ္စတာ ကင်တားနားကတော့ မြန်မာအစိုးရ အနေနဲ့ တကယ်တမ်း အသေးစိတ်
လုပ်ဆောင်စရာတွေ အများကြီး ရှိနေတယ်လို့ မြင်ပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး တိုးတက်လာဖို့၊ လူ့အခွင့်အရေး ခံစားခွင့်တွေ ရလာစေဖို့ မြန်မာအစိုးရ အနေနဲ့ အသေးစိတ် အခိုင်အမာ လုပ်ဆောင်စရာတွေ
ရှိနေပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေကို ရည်ညွှန်း ပြောဆိုသွားတဲ့ သမ္မတသစ်ရဲ့ ပထမဆုံး မိန့်ခွန်းပြောပြီး
နောက်ပိုင်းမှာတော့ အစိုးရ အာဏာပိုင်တွေ အနေနဲ့ ဒီအပြောအတိုင်း လိုက်ပါ ဆောင်ရွက်လာမယ်လို့တော့ မျှော်လင့်ထားပါတယ်။”

မြန်မာနိုင်ငံမှာ အစိုးရသစ် ဖွဲ့ပြီးတဲ့နောက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရေး အပါအ၀င် လူ့အခွင့်အရေး အခြေအနေတွေ ပိုပြီး တိုးတက်
ကောင်းမွန်လာလိမ့်မယ်လို့ နိုင်ငံတကာရော၊ ကျွမ်းကျင်သူတွေကပါ မျှော်လင့်ထားကြတာပါ။ ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာအစိုးရကို
လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းတယ်လို့ ပြောပါတယ်။ အထူးသဖြင့်တော့ အခု လူ့အခွင့်အရေး
ကိုယ်စားလှယ် မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံကို လာခွင့်မပေးတဲ့ ကိစ္စကို ထောက်ပြပါတယ်။

အခု UPR အစည်းအဝေး အတွင်းကို မစ္စတာ ကင်တားနား အနေနဲ့ ကိုယ်တိုင်တက်ရောက်မှာ မဟုတ်ပေမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို သူတင်ပြခဲ့တဲ့
အစီရင်ခံစာ အကြံပြုချက်ကို UPR ဆွေးနွေးပွဲမှာ ထည့်သွင်းသုံးသပ်ဖို့ ရှိမယ်လို့ သိရပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်
မြန်မာနိုင်ငံကို သွားရောက် စစ်ဆေးနိုင်ရေး ကိစ္စကိုလည်း UPR ရဲ့ သုံးသပ် အကြံပြုချက်မှာ ထည့်သွင်းလိမ့်မယ်လို့ မစ္စတာ ကင်တားနားကတော့
မျှော်လင့်ထားပါတယ်။

ဆိုမာလီ ပင်လယ်ဓားပြ ပြန်ပေးဆွဲခံ မြန်မာသင်္ဘောသားများ ပြန်ရွေးနိုင်ရေး အခက်ကြုံ

By ဦးကျော်ထင် အင်္ဂါ, 07 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us

ဆိုမာလီ ပင်လယ်ဓားပြတွေ ၆ လနီးပါး ပြန်ပေးဆွဲထားတဲ့ မြန်မာသင်္ဘောသား ၂၃ ယောက် လွတ်မြောက်ရေးအတွက် နိုင်ငံတကာ NGO တွေ အကူအညီရမှ
ဖြစ်မယ်လို့ သူတို့ လွတ်မြောက်ရေးအတွက် ကူညီနေတဲ့ မြန်မာပြည်တွင်းက ဌာနေကိုယ်စားလှယ် တယောက်က ပြောပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့
ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့ မြန်မာသင်္ဘောသား ၂၃ ယောက် လွတ်မြောက်ဖို့ နိုင်ငံတကာ NGO တွေ အကူအညီရမှ ဖြစ်မယ်လို့ သူတို့ လွတ်မြောက်ရေးအတွက်
ကူညီနေတဲ့ Leader Marine ကုမ္ပဏီ တာဝန်ရှိသူ ဦးဌေးအောင်ကို ကိုးကားပြီး ဒီအပတ်ထုတ် Flower news ဂျာနယ်မှာ ဖော်ပြထားပါတယ်။

လိုက်ဘေးရီးယား မှတ်ပုံတင် MV. MSC Panama ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တန်ဇန်နီးယားနဲ့ မိုဇမ်ဘစ် ရေပိုင်နက်အကြား ပြန်ပေးဆွဲ ခံခဲ့ရတာ
ဖြစ်ပါတယ်။ သင်္ဘောရဲ့ စီမံခန့်ခွဲမှုကို စင်ကာပူ အခြေစိုက် St. Johns Ship Management က တာဝန်ယူပြီး ပိုင်ရှင်က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ အခြေစိုက်
Ship Management Services ကုမ္ပဏီ ဖြစ်ပါတယ်။ ပိုင်ရှင်က ဒီသင်္ဘောကို ဒေ၀ါလီ ခံလိုက်ပြီလို့ သတင်းထွက်ပေါ်နေတာကြောင့် ဖမ်းဆီးခံ သင်္ဘောသားတွေရဲ့
မိသားစုက စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ ဒါပေမဲ့ လက်ရှိအထိတော့ ရန်ကုန်အခြေစိုက် St. Johns Ship Management က တာဝန်ရှိသူ တယောက်က
သင်္ဘောသား လစာတွေကို အခုချိန်ထိ ပုံမှန်ထုတ်ပေးဆဲလို့ ဗွီအိုအေကို ပြောပါတယ်။

သင်္ဘောသားတွေကို သင်္ဘောပိုင်ရှင်နဲ့ ကုမ္ပဏီက ဂရုမစိုက်တာကြောင့် စိုးရိမ်ရတယ်လို့ ပြည်ပအခြေစိုက် မြန်မာ့ ပင်လယ်ပျော်များ သမဂ္ဂ တာဝန်ရှိသူ
ဦးအောင်သူရက ပြောပါတယ်။

“သူတို့တွေ အနေအထားကတော့ ရှင်းရှင်းပြောရရင် အခရာ အကျဆုံးဖြစ်တဲ့ ကုမ္ပဏီပိုင်ရှင်ကတောင်မှ လွှဲပြီး ထွက်ပြေးတယ်ဆိုရင် အင်မတန်မှ စိုးရိမ်ရတဲ့
အနေအထား ဖြစ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်ဓားပြတွေ လက်ထဲမှာ ဆိုတာက နေ့စဉ်နဲ့အမျှ လွယ်တာမှ မဟုတ်တာ။ အခု ရှင်းရှင်းပြောရင် ကုမ္ပဏီက
ပိုက်ဆံ ထပ်ပြီး မတတ်နိုင်တဲ့အတွက် ဒါ ကိုယ်လွတ်ရုန်းတဲ့ သဘော ဖြစ်နေတယ်။ အဲဒီတော့ သူတို့ခန့်ထားတဲ့ သင်္ဘောသားတွေကိုလည်း ပစ်ပယ်လိုက်တဲ့
သဘောမျိုး ဖြစ်နေတာပေါ့။ ဓားပြတွေ လက်ထဲမှာ ဖြစ်ချင်ရာဖြစ် ဆိုတဲ့ဟာ ဖြစ်သွားတယ်။ သူတို့သင်္ဘောကြီးကိုတောင်မှ ဂရုမစိုက်ဘဲ။”
မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂကလည်း လန်ဒန်အခြေစိုက် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လုပ်သားများ ဖက်ဒရေးရှင်း ITF နဲ့ ဆက်စပ်ပြီး
သင်္ဘောသားတွေ လွတ်မြောက်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတာ ကြာပြီဖြစ်လို့ ရေနဲ့ အစားအသောက်လည်း ပြတ်လပ်နေမယ်လို့ ကူညီနေသူတွေက ခန့်မှန်းကြပါတယ်။ လက်ရှိအချိန်ထိ ဒီနှစ်


ဧပြီလကုန်ပိုင်းက ပြန်ပေးဆွဲခံရတဲ့ MV Gemini သင်္ဘောက မြန်မာသင်္ဘောသား ၃ ယောက် အပါအ၀င် ၂၆ ယောက်ဟာ ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲမှာ
ရှိနေဆဲပါ။

ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ပြန်ပေးဆွဲခံရတဲ့ နော်ဝေနိုင်ငံသားပိုင် UTB Ocean သင်္ဘောက မြန်မာ ၂၁ ယောက်ဟာ ပြန်ပေးငွေ ဒေါ်လာ ၃.၅ သန်းပေးပြီး ၎
လနီးပါး အကြာမှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

ဘန်ကီမွန်း ကုလ ဒုတိယသက်တမ်း အမေရိကန် ထောက်ခံ

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 07 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) ရဲ့ နောက်တကြိမ် ၅ နှစ်သက်တမ်း ဆက်ပြီး ကုလသမဂ္ဂမှာ တာဝန်ယူရေးကို အမေရိကန်
သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြိုဆိုလိုက်ပါတယ်။

ဟေတီ၊ အိုင်ဗရီကို့စ်၊ လစ်ဗျားနဲ့ ဆူဒန်တောင်ပိုင်း ကိစ္စတွေ အပါအ၀င် ကမ္ဘာတ၀န်းက အခက်အခဲ အကျပ်အတည်းတွေမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍက
အရေးတကြီး နေရာက ဦးဆောင် ပါဝင်ခဲ့ပြီး မစ္စတာ ဘန်ကီမွန်းကလည်း အရေးကြီးတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့သူ ဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့
အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဟာ ပြီးပြည့်စုံတဲ့ အဖွဲ့အစည်းတခု မဟုတ်ဘူး ဆိုပေမဲ့လည်း ဖယ်ရှားလို့ မဖြစ်နိုင်တဲ့ အဖွဲ့အစည်း တခုပါလို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ
ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ အသုံးစရိတ်တွေကို အခုထက်ပိုပြီး လျှော့ချရေး၊ ဗျူရိုကရေစီစနစ်နဲ့ ထိန်းချုပ်ထားတာတွေကို ပိုပြီး လျှော့ချရေးနဲ့ ထိရောက်တဲ့ တိုးတက်မှုတွေနဲ့
ပိုပြီးတော့ ဆောင်ရွက် လှုပ်ရှားလာရေး စသဖြင့် ပြုပြင် ပြောင်းလဲမှုတွေကို ဆက်ပြီးတော့ အားထုတ် လုပ်ဆောင်သွားဖို့လည်း အိမ်ဖြူတော်က
တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ နောက်တကြိမ် သက်တမ်းအတွက် ဆက်ပြီးတော့ တာဝန်ယူဖို့ အဆိုတင်သွင်းမှုကို မနေ့တုန်းကပဲ
ကြေညာခဲ့တာပါ။

မစ္စတာ ဘန်ကီမွန်းဟာ အသက် ၆၆ နှစ် ရှိပါပြီ။ အရင်က တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

နောက်တကြိမ် ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်အဖြစ် သူ တာဝန်ကျေအောင် ထမ်းဆောင်ပ့ါမယ် ဆိုပြီးတော့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၂ နိုင်ငံကို မစ္စတာ
ဘန်ကီမွန်း စာတွေ ပေးပို့ထားပါတယ်။

သူ့ကို ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့တုန်းက ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ် တာဝန်ကို စပြီး ခန့်အပ်ခဲ့ပါတယ်။ ဒီနှစ်ကုန် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သူ့ရဲ့
ပထမသက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရ နှိပ်ကွပ်မှုဘေး မြို့ခံတွေ စိုးရိမ်

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 07 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us

ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့ဝင် ၁၂၀ သေဆုံးခဲ့ရတာကို အင်အားအပြည့်နဲ့ တုံ့ပြန်မယ်လို့ အစိုးရက သတိပေးလိုက်ပြီးနောက် တူရကီနယ်စပ် အနီးမှာရှိတဲ့ ဂျီအာ
အယ်လ် ရှူဂါ (Jir al-Shughour) မြို့က မြို့ခံတွေ အကြမ်းဖက် ဖိနှိပ်မှုနဲ့ ရင်ဆိုင်ရဖို့ အလားအလာ ရှိနေပါတယ်။

ဂျီအာ အယ်လ် ရှူဂါမြို့မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပြီး လက်နက်ကိုင် ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ တရားဥပဒေ စိုးမိုးရေး
အရာရှိ ၁၂၀ သေဆုံးခဲ့ရတယ်လို့ အစိုးရက မနေ့က ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ နိုင်ငံခြား သတင်းထောက်တွေ သတင်းရယူခွင့် မရှိတာကြောင့် ဒီဖြစ်ရပ် မှန်မမှန် အတည်ပြုလို့တော့ မရပါဘူး။

ဆီးရီးယား အတိုက်အခံတွေကတော့ သေဆုံးသူဦးရေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ရှိတဲ့အကြောင်း၊ ဒီလို သတင်းဝါဒဖြန့်ပြီး အစိုးရက ဆန္ဒပြသူတွေကို ပိုပြီး
နှိပ်ကွပ်ဖို့ အကြောင်းပြချက်ရှိအောင် လုပ်နေတာလို့ ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်မှုမျိုးကိုမဆို တရားဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဆီးရီးယား ပြည်ထဲရေးဝန်ကြီး အီဘရာဟင်မ်


အယ်လ်ရှား (Ibrahim al-Shaar) က ပြောဆိုထားပါတယ်။
အလုပ်ကြမ်း အဓမ္မခိုင်းစေမှု တိုင်ကြားချက် ပိုများလာ

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 06 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us

မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေတာနဲ့ ဆိုင်တဲ့ ဥပဒေတွေကို လူတွေ ပိုသိလာကြတဲ့အတွက် ရန်ကုန်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO)
ရုံးမှာ လာရောက် တိုင်ကြားမှုတွေ များလာတယ်လို့ ILO က ပြောလိုက်ပါတယ်။

ILO ရုံးကို တိုင်ကြားမှုတွေ များလာတာဟာ အဓမ္မ အခိုင်းခံရတာတွေ များလို့ထက် လူတွေဟာ အဓမ္မ အလုပ်ခိုင်းခံရရင် တိုင်ကြားရမယ်ဆိုတဲ့ အသိ
ပိုရှိလာတာကြောင့် ဖြစ်တယ်လို့ ILO က ပြောပါတယ်။

အလုပ်သမားဆိုင်ရာ ဥပဒေတွေ၊ တိုင်ကြားနိုင်မယ့် နည်းလမ်းတွေကို မြန်မာလို လက်ကမ်းစာစောင်တွေ ထုတ်ဝေခွင့် မြန်မာအစိုးရက ခွင့်ပြုထားတာကိုလည်း


မြန်မာနိုင်ငံထဲမှာ ပြီးခဲ့တဲ့နှစ်က အခြေအနေတွေကို သုံးသပ်တဲ့ ILO အဖွဲ့က ပြောပါတယ်။

ဒီလိုလုပ်တာတွေ ရှိပေမဲ့လည်း စစ်ဘက်နဲ့ အရပ်ဘက်က အာဏာပိုင်တွေဟာ ပြည်သူတွေကို သူတို့လုပ်ငန်းတွေအတွက် အတင်းအကျပ် လုပ်အားခ မပေးဘဲ
ခိုင်းနေတာတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ပြန်လည်သုံးသပ်ရေး အဖွဲ့က တင်ပြပါတယ်။

အတင်းအကျပ် အလုပ်ခိုင်းတဲ့ သူတွေကို အရေးယူရမယ်ဆိုတဲ့ ဥပဒေကို အစိုးရက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှု မရှိဘူး ဆိုတာကိုလည်း သူတို့က
ထောက်ပြပါတယ်။

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဓမ္မ အလုပ်ခိုင်းတာ တားမြစ်ရေး၊ အဓမ္မ အလုပ်ခိုင်းတာတွေ မဖြစ်အောင် ကာကွယ်ရေးနဲ့ ခိုင်းတဲ့သူတွေကို အရေးယူရေးကို
မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဥပဒေဘောင်ထဲကနေ ဖြစ်အောင်လုပ်ကြဖို့ မြန်မာနိုင်ငံက အခြေအနေကို သုံးသပ်တဲ့ ILO အဖွဲ့က တောင်းဆိုပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်အရေး အမေရိကန် အရာရှိ ဆွေးနွေးမည်

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 06 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook
• StumbleUpon
• Yahoo! Buzz
• del.icio.us

အမေရိကန် ပြည်ထောင်စုက လူဦးရေ၊ ဒုက္ခသည်နဲ့ အခြေချနေထိုင်ရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ရွှာ့ဇ် (Eric Schwartz) ဟာ
ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းက ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကို ဆွေးနွေးဖို့ ဒါကာမြို့တော်ကို သွားလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက
ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ ရှိနေတဲ့ စာရင်းရှိရော စာရင်းမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကာကွယ် စောင့်ရှောက်ရေး၊
အကူအညီ ပေးရေးတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်း NGO အဖွဲ့တွေနဲ့ မစ္စတာရွှာ့ဇ် တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ပြဿနာအပေါ် အမေရိကန်က အထူးစိုးရိမ်ပြီး ပြဿနာအတွက် အားလုံးပြည့်စုံတဲ့ အဖြေရနိုင်ဖို့ ဒေသတွင်းက အစိုးရတွေနဲ့ ဆွေးနွေးနေပါတယ်လို့
နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့က်စ် ဘဇား (Cox Bazar) မှာရှိတဲ့ အစိုးရ ဖွင့်ထားပေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ မှတ်ပုံတင်ထားတဲ့
ဒုက္ခသည် ၂၉,၀၀၀ ကျော် ရှိပါတယ်။

အနားမှာရှိတဲ့ တရားမဝင် စခန်းတွေမှာလည်း လက်မှတ်မရှိဘဲ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်က သောင်းပေါင်းများစွာ ရှိပါတယ်။

စခန်းတွေရဲ့ အပြင်က မြို့တွေ၊ ရွာတွေမှာ တရားမဝင် နေထိုင်နေကြတဲ့ ရိုဟင်ဂျာပေါင်း ၂၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ ကြား ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်
တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

http://www.voanews.com/burmese/news/

တရုတ် စစ်ရေး ၀ှက်ဖဲ ရှန်ဂရီလာ တွင် အာရှ နိုင်ငံ များ ကို စိတ်မသက် သာ ရာဖြစ်စေ

by FNG on June 7, 2011


0
1

မဲပေးပါ

DK . စင်္ကာပူနိုင်ငံတွင် လန်ဒန်မြို့အခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအဖွဲ့ကြီး


(IISS, International Institute of Strategic Studies) မှ ဇွန်လ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ
သုံးရက်ကြာစီစဉ်ကျင်းပခဲ့သည့် လုံခြုံရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ (Shangri-La Dialogue)
တွင် တရုတ်ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်ကြီးလျန်ကွမ်းလီ (General Liang Guanlie) ၏
ဒေသတွင်းတရုတ်မှပါဝင်ပတ်သက်နေသည့် အဓိကပြဿနာရပ်များနှင့်စပ်လျဉ်း၍ လှီး
လွှဲဖြေကြားခဲ့သည့်စကားများမှ အာရှနိုင်ငံများအကြား မကျေနပ်မှုများနှင့်သံသယများကို
ပို၍ပင်တိုးပွားစေခဲ့သည်။ ၄င်းမှ အရှေ့တောင်အာရှတွင်း သည်းခံစောင့်စည်းမှုနှင့်အတူြ
ငိမ်းချမ်းစွာယှဉ်တွဲရပ်တည်ရန်ရှေးရှူသည်ဆိုသော တရုတ်နိုင်ငံ၏မူဝါဒသဘောထားများ
ကို ဤလုံခြုံရေးဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ယုံကြည်လာရန်
ကြိုးစားခဲ့သည်။

စင်္ကာပူနိုင်ငံ၊ ရှန်ဂရီလာဟိုတယ်၌ ယခုနှစ်အပါအ၀င် (၁၀) နှစ်မြောက် ကျင်းပခဲ့သည့်


လုံခြုံရေးဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ နိုင်ငံပေါင်း (၃၅) နိုင်ငံမှ ၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီး
ချုပ်များ၊ ကာကွယ်ရေးဝန်ကြီးများအပါအ၀င် အဆင့်မြင့်အစိုးရအရာရှိများ၊ သံတမန်များ၊
စစ်ဘက်ထိပ်တန်းအရာရှိများ၊ လုံခြုံရေးနှင့်မဟာဗျူဟာရေးရာကျွမ်းကျင်သူပညာရှင်များ၊
နိုင်ငံတကာသတင်းထောက်များနှင့်အတူ အခြားဖိတ်ကြားခံရသူများတက်ရောက်ခဲ့ကြ
သည်။

ဗိုလ်ချုပ်ကြီးလျန်ကွမ်းလီ၏ ရင်းနှီးပွင့်လင်းစွာဆွေးနွေးမှု

ဗိုလ်ချုပ်ကြီးလျန်ကွမ်းလီသည် လုံခြုံရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ (Shangri-La Dialogue)


သို့ တရုတ်နိုင်ငံမှ ဆွေးနွေးပွဲတက်ရောက်လာခဲ့သည့်အဖွဲ့များတွင်ဦးဆောင်သည့် ပထမဆုံးသော
တရုတ်ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟုအမည်ရသည့်
(PLA, People Liberation Army) ၏ ဒေသဆိုင်ရာအရေးကိစ္စရပ်များ၊ တရုတ်ပြည်မှ တောင်
တရုတ်ပင်လယ်တွင်းထိန်းချုပ်လွှမ်းမိုးမှု၊ တရုတ်စစ်တပ်အားခေတ်မှီပြောင်းလဲမှု နှင့် ဒေသတွင်း
လုံခြုံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတို့နှင့်အတူ Foreign Policy မဂ္ဂဇင်းကြီး၏ The
Cable အင်တာနက်သတင်းကဏ္ဍ၊ လုံခြုံရေးနှင့်နိုင်ငံခြားရေးဆိုင်ရာသတင်းထောက် ဂျို့ရှ်ရိုဂင်၏
မေးခွန်းများကိုပါဖြေကြားခဲ့ခြင်းအပါအ၀င် စုစုပေါင်း ၄၅ မိနစ်ခန့် ပြောကြားသွားခဲ့သည်။

၎င်းမှတရုတ်နိုင်ငံအနေနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအားအခြားသူများထက်ကိုပိုမိုလို


လားကြောင်း၊ ဒေသတွင်းတဦးနှင့်တဦးမယုံကြည်မှုများ၊ ထိပ်တိုက်ရင် ဆိုင်မှုများမရှိပဲ အိမ်နီးချင်းနိုင်ငံ
များနှင့် ခိုင်မြဲသောချစ်ကြည်ရင်းနှီးမှုနှင့် အတူတကွလက်တွဲလုပ်ဆောင်မှုမူဝါဒကို အစဉ်လိုက်နာကျင့်
သုံးကြောင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တရုတ်နိုင်ငံမှ အခြားအာရှနိုင်ငံများနှင့်အတူ ငြိမ်းချမ်း၍
တည်ငြိမ်မှုရှိပြီး သာတူညီမျှဖြစ်၍ အားလုံးအတူတကွပူးပေါင်းပါဝင်ကြပြီး နှစ်ဦးနှစ်ဘက်အပြန်အလှန်
ယုံကြည်စိတ်ချမှုရှိကြသည့် အရပ်ဒေသကြီးတခုအဖြစ်သို့ရောက်ရှိစေရန် နိုင်ငံရေးအရယုံကြည်စိတ်ချမှု၊ အားလုံးနှင့်သက်ဆိုင်သောဖွံ့ဖြိုးတိုးတက်မှုနှင့်
ပြည်သူများအချင်းချင်း အပြန်အလှန်ဖေးမကူညီမှုတို့အား
မြှင့်တင်ရန်အတွက်အသင့်ရှိနေသည် ဟုပြောကြားခဲ့သည်။
ဆွေးနွေးပွဲ သို့ တက်ရောက် လာသည့် ဗြိတိသျှ ကာကွယ်ရေး ၀န်ကြီး လီယမ် ဖောက်(စ)

အပြောနှင့်အလုပ်နှင့်မညီညွတ်မှု

တရုတ်ဗိုလ်ချုပ်ကြီးသည် အရှေ့တောင်အာရှဒေသတွင်း လောလောလတ်လတ်ဖြစ်ပွားခဲ့သည့် တရုတ်


ဘက်မှရန်လိုမှုများနှင့်ပတ်သက်ပြီး အသိအမှတ်ပြုဝန်ခံခြင်းမရှိပဲ ဆင်ဝှေ့ရန်ရှောင်လုပ်နေခဲ့ခြင်းမှ
ဆွေးနွေးပွဲ တက်ရောက်လာသည့် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ အစိုးရအရာရှိများ၊ စစ်ဘက်အရာရှိများနှင့်
ကျွမ်းကျင်သူပညာရှင်များအနေဖြင့် လူကြားကောင်းအောင်ဆိုသော်လည်း လက်တွေ့နှင့်ဖြောင့်ဖြောင့်
ကြီးဆန့်ကျင်နေသည့်တရုတ်နိုင်ငံ၏ အပြောနှင့်အလုပ်နှင့်မညီညွတ်မှုကို မျက်ဝါးထင်ထင်သိမြင်ခဲ့ကြပြီး
၎င်းတို့အားအတော်ပင်စိတ်ပျက်စေခဲ့သည်။ တရုတ်ဗိုလ်ချုပ်ကြီးပြီးနောက် ဆက်လက်ဆွေးနွေးသည့်
ဗီယက်နမ်နှင့်ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးများမှ တရုတ်နိုင်ငံအား ပြင်းထန်စူးရှသည့် ပြစ်တင်ဝေဖန်မှု
များသို့ဦးတည်စေခဲ့ပြီး ကာကွယ်ရေး ၀န်ကြီး ရောဘတ် ဂိတ် ဦးဆောင်သည့် အမေရိကန်ကိုယ်စားလှယ်
အဖွဲ့လည်း ထိုနေ့ကစိတ် ပျက်လက်ပျက်ဖြင့် ပြန်သွားခဲ့ကြရသည်။

အပြုံးများနှင့်အလိုက်သင့်ဗိုလ်ချုပ်ကြီး

ဗိုလ်ချုပ်ကြီးလျန်ကွမ်းလီမှ စနေ၊တနင်္ဂနွေ ၂ ရက်၌ ပစိဖိတ်ဒေသတွင်း အဓိကစစ်အင်အားကြီး ၂ နိုင်ငံဖြစ်သည့်


အမေရိကန်တရုတ်ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့ခြင်းကို အသားပေးကာအငြင်းပွားမှုဖြစ်နိုင်သည့်အကြောင်း
အရာများကိုရှောင်ကြဉ်၍အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရောဘတ်ဂိတ်စ် မှ ပါးပါးနပ်နပ်ပြောကြားသွားခဲ့သည့်
အတိုင်း လိုက်နင်းကာ အလိုက်သင့်ပြောကြားသွားခဲ့သည်။ ဆွေးနွေးပွဲ၌ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးလျန်ကွမ်းလီမှ ငြိမ်းချမ်းမှုကိုရှေးရှူသည့်
တရုတ်နိုင်ငံ၏မူဝါဒသဘောထားများကို နှစ်လိုဖွယ်ကောင်းသောအမူအရာဖြင့် ပြုံးရွှင်တက်ကြွစွာဖြင့် မိန့်ခွန်းပြော
ကြားခဲ့သည်။ထိုအချိန်ထိအဆင်ပြေသေးသော်လည်းအဓိကကျသည့်ကိစ္စရပ်များအား ဆွေးနွေးပွဲတက်ရောက်
လာသူများမှ မေးမြန်းမှုများစတင်ခဲ့အပြီး တရုတ်နိုင်ငံ၏မူဝါဒအားယုံကြည်ရန် လျန်ကွမ်းလီ၏ဆွဲဆောင်အား
ထုတ်မှုမှာ အချည်းနှီးဖြစ်သွားခဲ့ရပြီး တရုတ်နိုင်ငံအပေါ် မကျေနပ်မှုများနှင့်သံသယများကို ထပ်မံတိုးပွားစေခဲ့
သည့်ပြင် အရှေ့တောင်အာရှနိုင်ငံအချို့မှ ဒေသတွင်းအမေရိကန်၏စစ်ရေးတည်ရှိမှုအား ထပ်မံတိုးမြှင့်ပေး
ရန်တောင်းဆိုခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး၏လှပသောတိုက်ကွက်

လျန်ကွမ်းလီမှ ဒေသတွင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာသို့ အသိပေးပြောကြားလိုသည့်အချက်တွင် လက်ရှိအားဖြင့်


တိုးတက်လာသည့် တရုတ-် အမေရိကန်စစ်ဘက်ဆက်ဆံရေးအား အသားပေးပြောကြားခဲ့သွားပြီး အမေရိကန်နိုင်ငံအားဝေဖန်မှုပြုခြင်းရှောင်ကြဉ်ခဲ့ပြီး၊
ယမန်နှစ်၌အကြီးအကျယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြရသည့်
ထိုင်ဝမ်အရေးကိစ္စအား လုံးဝထည့်သွင်းပြောကြားခြင်းမရှိခဲ့ကြောင်း၊ တရုတ်ပင်မအကျိုးစီးပွားဟုဆိုကာ တောင်
တရုတ်ပင်လယ်တွင်းရှိ စပရက်တ်လီကျွန်းများနှင့်ပါရာဆဲလ်ကျွန်းများအား တရုတ်နိုင်ငံမှသာအားလုံးပိုင်ဆိုင်ကြောင်း
၂၀၁၀တွင်တဖက်သတ်ကြေငြာခဲ့၍၊ထိုကျွန်းများအားအစိတ်အပိုင်းလိုက် ၄င်းတို့ပိုင်ဆိုင်ကြောင်းကြေငြာထားသော ဒေသ
တွင်းနိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများကို အမျက်ထွက်စေခဲ့မှုကို ပြန်လည်ဖာထေးကုစားကာ
တရုတ်နိုင်ငံ၏ဒေသတွင်းပုံရိပ်အားပျော့ပျောင်းစေရန် ကြိုးပမ်းခဲ့
မှုအား သိသာစေရန်အားထုတ်ခဲ့သည်ဟု ဆွေးနွေးပွဲတွင်ပါဝင်တက်ရောက်ခဲ့သူ ၀ါရှင်တန်-ဒီစီအခြေစိုက်၊ မဟာဗျူဟာနှင့်နိုင်ငံတကာရေးရာလေ့လာရေးဋ္ဌာန
(CSIS, Center for Strategic and International Studies) မှ အထက်တန်းအဖွဲ့ဝင်တဦးဖြစ်သည့် ဘော်နီဂလေဇာ မှပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီးလျန်ကွမ်းလီ၏ တိုက်ကွက်မှာအတော်ပင်လှပသည်ဟု ဆိုနိုင်သော်ငြားလည်း ထိရောက်မှုမရှိလောက်ဖြစ်


သွားရခြင်းမှာ သူ၏အဓိကရည်ရွယ်ချက်ဖြစ်သည့် တရုတ်နိုင်ငံမှ မည်သူ့ကိုမှခြိမ်းခြောက်ခြင်းမရှိကြောင်း ပေါ်လွင်စေ
ရန်ကြိုးပမ်းမှုနှင့် လွန်ခဲ့သည့် ၂ နှစ်အတွင်း တရုတ်နိုင်ငံမှ အတင်းအဓမ္မဆောင်ရွက်ခဲ့သည့် အမည်းကွက်များအားဖယ်
ရှားရန်အားထုတ်မှုတို့မှာ ၄င်း၏မရိုးသားမှုကြောင့်အချည်းနှီးဖြစ်ခဲ့ရသည်ဟု အမေရိကန်ကိုယ်စားပြုအဖွဲ့၏ အဖွဲ့ဝင်
တဦးမှ The Cable သတင်းကဏ္ဍသို့ ပြောကြားခဲ့သည်။

ဗီယက်နမ်နှင့်ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးများမှ ဝေဖန်ပြစ်တင်မှုများ

လျန်ကွမ်းလီ၏ ပြောကြားမှုများသည် တက်ရောက်လာသူများအား ရေရေရာရာမရှိစေပဲ ၀ါးတားတားဖြစ်စေခဲ့ပြီး၊ တရုတ်နိုင်ငံ၏အိမ်နီးချင်းနိုင်ငံများမှ


သိလိုသည့်အဓိကမေးခွန်းများ ချန်လှပ်ထားခံခဲ့ရကြောင်း ထိုပုဂ္ဂိုလ်မှဆက်
လက်ပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီး၏ ပေါ့ရွှတ်ရွှတ်နိုင်သော ဆွေးနွေးပြောကြားချက်များအပြီးတွင် အလှည့်ကျ
သူများဖြစ်သည့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများမှ တရုတ်နိုင်ငံအားသွယ်ဝိုက်မနေပဲ
တဲ့တိုးဝေဖန်ခဲ့ကြပြီး ၂ နိုင်ငံလုံးမှ ပစိဖိတ်ဒေသတွင်း အမေရိကန်စစ်ရေးတည်ရှိမှုကို ထပ်မံတိုးမြှင့်ပေးရန် ပြတ်သား
စွာတောင်းဆိုခဲ့ကြရသည်။

ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး၏ဝေဖန်ပြစ်တင်မှု
တရုတ်နိုင်ငံသည် ကမ္ဘာသို့ကြေငြာသည့် ၄င်း၏မူဝါဒများအားလိုက်နာကျင့်သုံးရန် အစဉ်အမြဲမျှော်လင့်မိကြောင်းနှင့်
ဤကြေငြာချက်များအား အမှန်တကယ်ကျင့်သုံးရန်လိုအပ်ကြောင်း ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖွန်ကွမ်သန်းမှ ပြောကြားခဲ့သည်။
မေလတွင်းကပင် အငြင်းပွားနေသည့် ကျွန်းများတ၀ိုက်
သို့ဝင်ရောက်ခြင်းမှ ဟန့်တားသည့်သဘောဖြင့် ဗီယက်နမ်တိုင်းတာရေးသင်္ဘောများမှ ကေဘယ်ကြိုးများအား
တရုတ်စစ်သင်္ဘောများမှ အင်အားသုံး၍ဖြတ်တောက်ပစ်ခဲ့ကြောင်း ကန့်ကွက်ပြစ်တင်ခဲ့သည်။ တရုတ်နိုင်ငံနှင့်
နယ်နမိတ်ထိစပ်လျက်ရှိသည့် ဗီယက်နမ်သည် တရုတ်နိုင်ငံ၏ရန်လိုမှုအား အထူးခံစားခဲ့ရသည့်နိုင်ငံတနိုင်ငံဖြစ်ပြီး
လက်ရှိအချိန်တွင်ပင် ဗီယက်နမ်တပ်မတော်တခုလုံး၏ထက်ဝက်၊ တိုက်စွမ်းရည်အမြင့်ဆုံးတပ်အင်အား ၅၀% ခန့်အား
တရုတ-် ဗီယက်နမ် နယ်စပ်တလျှောက်ချထားရသည်။ ယခုလည်း ရုရှားလုပ်တိုက်ခိုက်ရေးရေငုပ်သင်္ဘောများကို
ဝယ်ယူ၍ တရုတ်၏ရန်လိုမှုအားခုခံနိုင်ရန်ကြိုးပမ်းနေရ၏။ မြန်မာနိုင်ငံသည်လည်း ဗီယက်နမ်ကဲ့သို့ပင် တရုတ်
ရန်လိုမှုအား အတိတ်ကခံစားခဲ့ကြရပြီးဖြစ်၏။ လက်ရှိတွင်လည်း တရုတ်လက်အောက်ခံပြည်နယ်တခုအနေအထားသို့ တစတစနှင့်နိမ့်ကျလာသည်ကို
အားလုံးအသိပဲဖြစ်၏။

ပိုမိုပြင်းထန်လာသည့်ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး၏ဝေဖန်ပြစ်တင်မှု

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဗော်လတိုင်းယားတူဗဲရားဂက်ဇ်မင် ပြောကြားမှုမှာမူပို ၍ပင်ပြင်းထန်လှ၏။ ဖိလစ်ပိုင်မှပိုင်ဆိုင်သည်ဟု ကြေငြာထားသည့်


စပရက်တ်လီကျွန်းစုများတ၀ိုက်တွင် တရုတ်ရေတပ်မှ လက်နက်မဲ့
ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောများအား အကြိမ်ပေါင်းများစွာခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း အတိအလင်းပြောဆိုခဲ့၏။ ဤအပြုအမူများသည်
ဒေသတွင်းလုံခြုံမှုကင်းမဲ့ခြင်းကို ဖြစ်ပေါ်စေပြီး ဒေသတွင်းနိုင်ငံများ၏အစိုးရများကိုသာမကပဲ ပင်လယ်ပြင်ကိုအမှီပြု၍၀မ်းစာရှာရသည့် သာမန်ပြည်သူများ၏
ဘ၀များကိုပါ အတော့်ကိုဆိုးရွားစွာထိခိုက်စေခဲ့ကြောင်း ဖိလစ်ပိုင်ရေပိုင်နက်တွင်းတွင် ဖြစ်ပွားခဲ့သည့် တရုတ်ရေတပ်၏
အင်အားသုံးအကြမ်းဖက်ခြိမ်းခြောက်မှုများကို အတိအကျထောက်ပြပြောဆိုသွားခဲ့သည်။

တရုတ်အန္တရယ်နှင့်ဒေသတွင်းလက်နက်တပ်ဆင်မှု

မလေးရှားနိုင်ငံမှ ပြင်သစ်နိုင်ငံလုပ် စကော့ပီးန်အမျိုးအစားရေငုပ်သင်္ဘော (Scorpene Class Submarine) များဝယ်


ယူရခဲ့ရခြင်းမှာလည်း အလားတူပြဿနာကြောင့်ပင်။ ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ နှစ်စဉ်လက်ခံကျင်းပသည့်
Cobra Gold စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီး
ရှားနိုင်ငံများမှ ပူးပေါင်းပါဝင်ကြခြင်း၊ တချိန်ကရန်သူများဖြစ်ခဲ့ကြသည့် အမေရိကန်နှင့်ဗီယက်နမ်ရေတပ်များ ပူးတွဲစစ်ရေးလေကျင့်မှုများပြုလုပ်လာသည်ထိ
နှစ်နိုင်ငံကြားစစ်ဘက်ဆက်ဆံရေးတိုးတက်လာခဲ့ခြင်း၊ ဒေသတွင်းနိုင်ငံ
များနှင့်အတူ အိန္ဒိယနိုင်ငံမှလည်း ရေငုပ်သင်္ဘောများကိုပိုင်ဆိုင်နိုင်ရန် အလားတူကြိုးပမ်းနေ၍ သြစတြေးလျနိုင်ငံမှလည်း
အလားတူ ၄င်း၏စစ်အင်အားကိုတိုးချဲ့ရန်စီစဉ်လာနေခြင်းတို့မှာ အကြောင်းမဲ့တော့မဟုတ်ပါ။ တရုတ်၏အန္တရာယ်ကို ရှေးမဆွကပင်ကြိုမြင်ထားသူတဦးဖြစ်သည့်
တရုတ်လူမျိုးတဦးဖြစ်သူ စင်္ကာပူဝန်ကြီးချုပ်ဟောင်း
လီကွမ်ယူမှ မကြာသေးမီကပင် အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်၏စစ်ရေးတည်ရှိမှုသည် မရှိမဖြစ်လိုအပ်ကြောင်းပြော
ကြားခဲ့သည်။ ၄င်းမှတ်ချက်နှင့်ပတ်သက်ပြီး တရုတ်တို့မကျေနပ်ခဲ့ကြပေ။ စင်္ကာပူစစ်တပ်မှာ ဒေသတွင်းတွင်ခေတ်အမှီဆုံးသော စစ်တပ်တခုဖြစ်သည်။
ယခင်ကလည်း လီကွမ်ယူမှ အာရှ-ပစိဖိတ်ဒေသတွင်း စီးပွားရေးတည်ငြိမ်မှု ယခုအနေအထားထိ
ရှိနေခဲ့ခြင်းမှာ ဟာဝါယီတွင်အခြေစိုက်သည့် အမေရိကန်ပစိဖိတ်ဒေသစစ်ဋ္ဌာနချုပ် (USPACOM, US PACIFIC COMMAND)
၏လက်အောက်ခံ အမေရိကန်ပစိဖိတ်ရေတပ် (USPACFLT, US PACIFIC FLEET) ၏အစိတ်အပိုင်းတခုဖြစ်သည့်၊ အာရှ-ပစိဖိတ်ဒေသတွင်လှုပ်ရှားသော
th
ဂျပန်နိုင်ငံ၊ ယိုကိုဆူကာမြို့အခြေစိုက် အမေရိကန်အမှတ် (၇) ရေတပ်စု (US 7 Fleet)
ကြောင့်ဖြစ်သည်ဟု ဆိုခဲ့သည်။

(အရှေ့အလယ်ပိုင်းဒေသတွင် လှုပ်ရှားသည့် အမေရိကန်အမှတ် (၅) ရေတပ်မှာ ဘာရိန်းနိုင်ငံ၊ မနာမာမြို့တွင်အခြေစိုက်ပြီး၊


ဥရောပနှင့်မြေထဲပင်လယ်တွင်းလှုပ်ရှားသည့် အမှတ် (၆) ရေတပ်မှာမူ အီတလီနိုင်ငံ၊ ဂါယက်တာမြို့တွင်အခြေစိုက်သည်။
အမှတ် (၂)၊ အမှတ် (၃) ၊ အမှတ် (၄) နှင့် အမေရိကန်ပြည်ထောင်စုအားကာကွယ်ရေး (Continental Defense) အတွက်ဖြစ်ပြီး
နော်ဖော့လ်ခ်၊ ဆန်ဒီယေးဂိုး၊ မေပို့တ် စသည့်အမေရိကန်မြို့ကြီးများရှိ ဋ္ဌာနချုပ်များတွင်အခြေစိုက်သည်။ ရေတပ်ဆိုင်ဘာ
စစ်ဋ္ဌာနချုပ်ဖြစ်သည့် အမှတ် (၁၀) ရေတပ်မှာမူ မေရီလင်းပြည်နယ်တွင်းရှိ ခံတပ်မြို့တခုဖြစ်သည့် ဖို့ဒ်မိဒ် တွင်အခြေစိုက်သည်။)

ဗိုလ်ချုပ်ကြီးနှာစေးနေခြင်း

ဗိုလ်ချုပ်ကြီးလျန်ကွမ်းလီ၏ မိန့်ခွန်းသည် ဒေသတွင်းကိစ္စရပ်အချို့နှင့်ပတ်သက်၍ အများမျှော်လင့်ထားသည့်အတိုင်း သေချာမှုအချို့ရှိစေခဲ့သော်ငြားလည်း


အားလုံးသိလိုကြသော တောင်တရုတ်ပင်လယ်အရေး၊
တရုတ်နိုင်ငံမှ မိမိဆန္ဒအလျောက်သတ်မှတ်သည့် တရုတ်ပင်မအကျိုးစီးပွားကိစ္စရပ်များ (So-called China’s Core Interest)
အရေးနှင့် ထင်သာမြင်သာမရှိသော တရုတ်စစ်အင်အားတိုးချဲ့တည်ဆောက်နေမှုများ(Military Build-up Discretion)
အပါအ၀င် တရုတ်နိုင်ငံ၏ အများအထင်အမြင်ကောင်းအောင်ကြေငြာမှုများနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည့် လုပ်ရပ်
များနှင့်လှုပ်ရှားမှုများ အစရှိသည့်အကြောင်းအရာကိစ္စရပ်များနှင့်ပတ်သက်နေသည့် ဗိုလ်ချုပ်ကြီးမသိဟန်ဆောင်၍ ဝှေ့ရှောင်
သွားခဲ့သော၊ အရေးပါအဓိကကျသည့်မေးခွန်းတလှေကြီးနှင့်အတူ စိုးရိမ်ကြောင့်ကြမှုများစွာတို့ ဒေသတွင်းနိုင်ငံများ၌ ကျန်နေရစ်
ခဲ့သည်ဟု အမေရိကန်နိုင်ငံကိုယ်စားပြုအဖွဲ့မှ ဆွေးနွေးပွဲတက်ရောက်သူအဖွဲ့ဝင်တဦးက ထပ်မံပြောကြားခဲ့သည်။

သိုင်းစွမ်းပြသည့်ဗိုလ်ချုပ်ကြီးနှင့်မရိုးသားသည့်ဆွေမျိုးပေါက်ဖော်မူဝါဒများ

အဆင့်မြင့်သိုင်းသမားတဦးလည်း ဖြစ်ကောင်းဖြစ်နိုင်သည့် ဤတရုတ်ဗိုလ်ချုပ်ကြီးသည် အမေးအဖြေများပြုလုပ်သည့် အချိန်အပိုင်းအခြားကာလ (Q&A Period)


အတွင်း တိုက်ရိုက်သဘောဆောင်သည့် အလေးအနက် မေးခွန်းမေးလာလျှင် ဖြေဆိုမည့်အစား သိသိကြီးနှင့်ဝေ့၀ိုက်ကွေ့ပတ်ကာ
ခုန်ပျံကျော်လွှား၍ရှောင်ရှားနေခဲ့ပြီး အခြားနိုင်ငံများအားလက်ခံစေလိုသော ၄င်းပြောလိုသည့်အကြောင်းအရာများကို ဇောင်းပေးပြောနေခဲ့သည်။
ဥပမာအားဖြင့်ဆိုရလျှင် ပါကစ္စတန်ဆိပ်ကမ်းတခုဖြစ်သည့် ဂွာဒါဆိပ်ကမ်း အား တရုတ်မှထိန်းချုပ်စီမံလုပ်ဆောင်နေခြင်းကဲ့သည့်ကိစ္စရပ်အား ”
ဘာဘာဘာမှမသိပါ ” ဟု ဗြောင်ငြင်းခြင်းမျိုးဖြစ်သည်။ ဗိုလ်ချုပ်ကြီး အရာခပ်သိမ်းအတိတ်မေ့သည်လား၊ သူမေ့ချင်ရာကွက်မေ့သည်လား ဆိုသည်ကား
သူသာအသိဆုံးဖြစ်မည်ပင်။ အမှန်မှာ ထိုဆိပ်ကမ်းကိစ္စသည်မှန်ကန်ပါကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးအာမက်မွတ်တားမှ
တရားဝင်လူသိရှင်ကြားကြေငြာခဲ့ပြီးဖြစ်သည်။ ဗိုလ်ချုပ်ကြီး၏ တချက်တချက်မူမမှန်သည့်အမူအရာများက တရုတ်၏ဆွေမျိုးပေါက်ဖော်မူဝါဒများ သည်
ရိုးသား၍ပွင့်လင်းမြင်သာမှုမရှိသည်ကို သိသာထင်ရှားစေခဲ့သည်။ အတော်သတိထားရမည့်အချက်ဖြစ်ပါသည်။

Cable Guy နှင့်ဗိုလ်ချုပ်ကြီး

The Cable သတင်းထောက် ဂျို့ရှ်ရိုဂင် မှ တရုတ်နိုင်ငံ၏ တဖက်သတ်ပိုင်နက်သတ်မှတ်မှုများနှင့်အတူ တောင်တရုတ်ပင်လယ်တွင်း


အပြင်းအထန်အငြင်းပွားမှုများဖြစ်နေသည့်နေရာများတွင် တရုတ်နိုင်ငံ၏ရန်လိုမှုများကြောင့် လတ်တလောဖြစ်ပွားခဲ့သည့်ပြဿနာများမှအစပြု၍
ဒေသတွင်းအမေရိကန်စစ်တပ်အား ပို၍လိုအပ်လာခဲ့ခြင်းကြောင့် ယမန်နေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ အရှေ့တောင်အာရှဒေသတွင်း
အမေရိကန်စစ်ရေးတည်ရှိမှုနှင့်ပါဝင်ပတ်သက်နေမှုအား ထပ်မံတိုးချဲ့မည်ဆိုသည့်ကြေငြာချက်နှင့်ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီး
ဗိုလ်ချုပ်ကြီးလျန်ကွမ်းလီမှ မည်ကဲ့သို့တုံ့ပြန်မည်လဲဟု တဲ့တိုးမေးမြန်းခဲ့သည်။

Foreign Policy မဂ္ဂဇင်းကြီး၏သတင်းထောက် ဂျို့ရှ်ရိုဂင် မှ ထပ်မံပြီး တရုတ်နိုင်ငံ၏ အငြင်းပွားနေသည့်နေရာများသို့ အခြားနိုင်ငံများဝင်ရောက်မှုအား


ဆန့်ကျင်ခြင်းနှင့်လက်နက်အင်အားသုံး၍ဟန့်တားခြင်းများနှင့် ပတ်သက်ပြီးမေးမြန်းခဲ့ရာ တည့်တိုးကျသည့်မေးခွန်းများကို ဘူးခံငြင်းလေ့ရှိသူ
တရုတ်ဗိုလ်ချုပ်ကြီးခမျာ ရိုးဂုဏ်အားနည်းခြင်းသဖြင့် အတော့်ကို ဘေးကျပ်နံကျပ်ဖြစ်ခဲ့ရ၏။

အစည်းအဝေးခန်းမနှင့်ကပ်လျက် တဖက်ခန်းတွင် ဆွေးနွေးပွဲအခြေမလှမှုကြောင့် အပြန်အခြေအနေမကောင်း၍ သိသိ


သာသာပင်ညစ်နေကြသော တရုတ်ကိုယ်စားလှယ်အဖွဲ့မှာလည်း စိတ်ဆိုးမာန် ဆိုး ဖြင့်ပင် ဆွးနွေးပွဲရပ်နားချိန်တွင် အခြားတက်ရောက်လာသူများအား
၎င်းတို့ဗိုလ်ချုပ်ကြီးအားချောင်ပိတ်မေးသော အမေရိကန်သတင်းထောက် မည်သူ
မည်ဝါဖြစ်ကြောင်း အသည်းအသန်လိုက်လံစုံစမ်းနေခဲ့ကြသည်။ ဆွေးနွေးပွဲကျင်းပသည့်မြို့သာ ဘေဂျင်း (သို့) ရှန်ဟိုင်း
ဖြစ်ခဲ့လျှင် သတင်းထောက်ကလေး ဂျို့ရှ်ရိုဂင်တယောက်တော့ အတော် အန္တရာယ် ရှိ နိုင်သည်။

ဗိုလ်ချုပ်ကြီး၏မအောင်မြင်မှု

ဗိုလ်ချုပ်ကြီးခမျာ သူ၏အဓိကရည်ရွယ်ချက်ဖြစ်သည့် တရုတ်နိုင်ငံမှ မည်သူ့ကိုမှခြိမ်းခြောက်ခြင်းမရှိကြောင်း ပေါ်လွင်စေရန်ကြိုးပမ်းမှုနှင့် လွန်ခဲ့သည့် ၂ နှစ်အတွင်း


တရုတ်နိုင်ငံမှ အတင်းအဓမ္မဆောင်ရွက်ခဲ့သည့် အမည်းကွက်များအားဖယ်ရှားရန်အားထုတ်မှုတို့မှာ အချည်းနှီးဖြစ်ခဲ့ရသည့်ပြင်၊ ဆွေးနွေးပွဲတက်ရောက်လာသူတို့၏
အဓိကမေးခွန်းများအား ပွင့်လင်းရိုးသားစွာမဖြေဆိုပဲ သိုင်းသမားဆန်ဆန် ခုန်ပျံကျော်လွှားကာ ရှောင်တိမ်းနေခဲ့မှုကြောင့် ဒေသတွင်းနိုင်ငံများ၏
သံသယများပိုမိုခိုင်မာလာစေခဲ့ပြီး နောက်ဆုံးတရုတ်တို့မလိုလားဆုံးဖြစ်သည့် အာရှနိုင်ငံများမှ အမေရိကန်နိုင်ငံကို လုံခြုံရေးအရမှီခိုအားထားမှုမှာ
ပို၍ပင်တိုးလာခဲ့ပြီး ဆွေးနွေးပွဲကျင်းပစဉ်ကာလတွင်း၌ပင် အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ အရှေ့တောင်အာရှဒေသတွင်း အမေရိကန်စစ်ရေးတည်ရှိမှုနှင့်
ပါဝင်ပတ်သက်နေမှုအား ထပ်မံတိုးချဲ့မည့် ကြေငြာချက်နှင့်အတူ ပစိဖိတ်ဒေသတွင် အမေရိကန်စစ်အင်အားပိုမိုကြီးမားလာတော့မည်ဖြစ်သဖြင့် ဖွတ်မရဓါးမဆုံး
အတော်ပင်အထိနာသည်ဟု ဆိုရမည်ဖြစ်သည်။

နဖူးတင်မက၊ မျက်နှာပါအတော်ပြောင်သည့် တရုတ်ဗိုလ်ချုပ်ကြီးသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံမှ မျက်နှာ ပြောင်တိုက်


လှသည့် နဖူးအတော်ပြောင်သည့် သမ္မတ နှင့် နင်လားငါလားဟုဆိုရပေမည်။ မရဲပဲကျွဲပြဲစီးသည့် တရုတ်ဗိုလ်ချုပ်ကြီးအား ကံမကောင်းစေသည့်အကြောင်းတခုမှာ
ဤလုံခြုံရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ (Shangri-La Dialogue) တွင် တက်ရောက်
လာသူများတွင် သာမန်လူပြိန်းတဦးမှ မပါဝင်ခဲ့ခြင်းပင်။

ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့ ဝင် ၁၂၀ ကျော် အသတ် ခံရ

by FNG on June 7, 2011

6
0

မဲပေးပါ

ဆီးရီးယား သမ္မတ ဘာရှား အယ်(လ) အာဆတ် ကို သစ္စာခံ တဲ့ လုံခြုံရေး တပ်ဖွဲ့ ဝင် တွေဟာ
ဟာ တနင်္လာ နေ့ က နိုင်ငံမြောက် ပိုင်း ဂျစ်ဆာ အယ်(လ) ရှစ်ဂေါ ဆို တဲ့ မြို့ ကလေး မှာ ခြုံခိုက်
တိုက် ခိုက် ခြင်း ခံရ ပြီး ၁၂၀ ကျော်လောက် သေဆုံး ခဲ့ရတယ် လို့  အယ်(လ)ဂျာဇီယား သတင်း
ဌာန က ထုတ်လွှင့် သွား ခဲ့ပါတယ်။

အမဲပစ် သေနတ်၊ လက်ပစ်ဗုံး နဲ့  ကလက်ရှ်နီကောဗ် အမျိုး အစား ရိုင် ဖယ်တွေ ကို ကိုင် ဆောင်
ထား တဲ့ လက်နက် ကိုင် အဖွဲ့  တစ်ခု ရဲ့  တိုက် ခိုက် မှု ကို ခံရတာ ကြောက့် လုံခြုံရေး တပ်ဖွဲ့ ဝင်
တွေ ဟာ စာတိုက် နဲ့  နယ်ခြား စောင့် တပ် ရုံး လို နေရာ မျိုး မှာ သေဆုံး ခဲ့ရတယ် လို့  ဘေရွတ်
ကလာ တဲ့ သတင်း တွေ မှာ ဖော်ပြထား ပါတယ်။

ဆီးရီးယား ပြန်ကြားရေး ၀န်ကြီး ရီမ် ဟာဒက် ကတော့ လူပေါင်း ၈၀ လောက် က ပြီးခဲ့တဲ့ သီတင်း
ပတ်ကတည်း က အသတ် ခံရတာ ဖြစ်ပြီး ၄၀ ကတော့  ဒီနေ့ မှာ ထပ် ပြီး အသတ် ခံရတာ လို့ 
အယ်(လ)ဂျာဇီးယား သတင်း ဌာန ကို ပြော ပါတယ်။

ဆီးရီးယား နိုင်ငံ ရဲ့  သုံး လ ကျော်ကြာ လူထု အုံကြွှ မှု အတွင်း ဆန္ဒပြသူ ၁၀၀၀ ကျော်လောက် သတ်
ဖြတ် ခံခဲ့ရပြီး ပြီး ခဲ့တဲ့ သီတင်း ပတ် က အစ္စရေး နိုင်ငံ ဂိုလန် ကုန်း မြင့် ထဲ ဖြတ် ကျော် ၀င်ရောက် ခဲ့
တဲ့ ဆီးရီးယား ဒုက္ခသည် တစ်ရာ ကျော်လောက် ကို အစ္စရေး စစ်တပ် က ပစ်ခတ် မှု တွေ ကြောင့်
သေဆုံး ဒဏ်ရာ ရ မှု တွေ ရှိ နေပါတယ်။

အာဆတ် အစိုးရ က ကို ဆန့် ကျင် တဲ့ ဆန္ဒပြ သူတွေ က အချို


့ မြို့ တွေ မှာ လက်နက်စွဲ ကိုင် ဆန့် ကျင် မှုတွေ ရှိနေ ကြောင့်
ဆီရီးယား နိုင်ငံ ဟာ လစ်ဗျား နဲ့  အိုင်ဗရီကိုစ် လို ပြည်တွင်း
စစ်ထဲ တိုး ၀င် နိုင်တယ် လို့  နိုင်ငံတကာ မဟာဗျူဟာ လေ့လာ
ရေး အဖွဲ့ ရဲ့  အစီရင် ခံစာ မှာ ဖော်ပြထား ပါတယ်။

ဆန္ဒပြသူ တွေ ကို ဆီးရီးယား အစိုးရက နိုင်ငံ တ၀ှမ်းမှာ ဖမ်းဆီးထား


တာ ၁၀၀၀၀ ကျော်လောက် ရှိပြီး အချို့ က ဖမ်းဆီး ထား စဉ် အတွင်း
မှာ လူမဆန် စွာ ညှင်းပန်း နှိပ် စက် ခံရတယ် လို ဆ
ီ့းရီးယား ဖေ့ဘွတ်
တော်လှန်ရေး စာမျက် နှာ မှာ ဖော်ပြထား ပါတယ်။

ဆီးရီးယား ပြည် ထဲ ရေး ၀န်ကြီး ကတော့ လက်နက် စွဲ ကိုင် တိုက် ခိုက်
သူတွေ ကို ပြင်းပြင်း ထန် ထန် အရေးယူ မယ် လို့  သတိပေး ခဲ့ ပေမယ့်
ဆီးရီးယား မြေအောက် နိုင်ငံရေး လှုပ်ရှား တဲ့ အဖွဲ့ တွေ က တော့
လာမယ့် သောကြာ နေ့ မှာ တစ် နိုင်ငံ လုံ တစ်ပြိုင် နက် လူ ထု အုံကြွမှု
စတင် ဖို့  ဆော်သြထား ပါတယ်။

လက်နက် ကိုင် ချုံ ခို တိုက် ခိုက် မှု တွေ လုပ် နေ တဲ့ ဆီးရီးယား မျိုး ချစ်
အဖွဲ့  ဟာ နိုင်ငံ ငံ တွင်း က ရေကာတာ တည်ဆောက် မှု တွေ ၊ သစ်တော
ခေါင်း တွေ ဆီကနေ ဒိုင်း န မိုက် နဲ့  လက်နက် တွေ ကို ၀င်ရောက်
စီး နင်း ရယူ နိုင်ခဲ့ တာ ဖြစ်ပါတယ်။

လက်ဘနွန် နိုင်ငံ ဘေရွတ် မြို့ က လက်နက် မှောင် ခို ဈေးကွက် ကလည်း ဆီးရီးယား ပြည်သူတွေ ကို လက်
နက် ရောင်း ချမှု တွေ ရှိ နေပြီ အချို့ တိုက် ခိုက် ရေး ရိုင် ဖယ် တွေ ကိ အကြွေး နဲ့ ရောင်း ချပေး တယ် လို့ 
အယ်(လ) အာရေး ဗီးယား သတင်း ဌာန က ဖော်ပြ ခဲ့ ပါတယ်။

ဆီးရီးယား မြောက် ပိုင်း မြို့  အချို့ မှာ တော့ ဆန္ဒပြ သူတွေ ဟာ အစိုးရ အဆောက် အဦ အချို့ ကို သိမ်း ပိုက်
ထား ပြီး ဘာရှား အယ်(လ) အာဆတ် ရဲ့  ဓာတ် ပုံ တွေ ကို ဖြု တ် ချ ခဲ့ ကြ ပါ တယ်။

တနင်္လာနေ့  က တိုက် ခိုက် ခံရမှု ကြောင့် သေဆုံး သူတွေ ထဲ မှာ ဆီးရီးယား ရဲ အရာ ရှိ နှစ် ဆယ် ကျော် ပါ
ဝင် ပါတယ်။

Armed Smuggler Syria and border countries.


http://freedomnewsgroup.com

အောင်ဆန်းစုကြည် မြန်မာပြည်တွင်နေသည်
မောင်လွမ်းဏီ
ဇွန် ၈၊ ၂၀၁၁
၈၈
၂၆ နှစ်ကျော်
မိုးပေါ်ထောင် မပစ်တဲ့
အာဏာသိမ်းးစစ်တပ်ရဲ့ လူမဆန်မှု၊
အဖိနှိပ်ခံလူထုအတွက်
လက်ပိုက်ရပ်မကြည့်
အရေးကြီးတော့ သွေးနီးခဲ့သူ။

ရွှေတိဂုံ အနောက်မုခ်
လူထုလှုပ်ရှားမှု
ဒုတိယလွတ်လပ်ရေး
လွတ်မြောက်ရေးတိုက်ပွဲ
ယုံကြည်၊ရဲတင်း ၊ ခုန်ဆင်း၊
နေအိမ်အကျဉ်း
ရေးထွင်းခဲ့ ဒီပဲယင်းကျောက်စာ
သေတွင်းနက်နက်
မက်မက်စက်စက်၊ ပက်ပက်စက်စက်
တက်တက်ကြွကြွ သက်ဆင်းခဲ့သူ။

တရားရုံးနဲ့ ထောင်နှုတ်ခမ်း
အကြိမ်ကြိမ်လျှောက်လှမ်းရင်း
၆၆ နှစ်တွင်း ၀င်ခဲ့သူ။

လက်ရည်တပြင်စီး
နှီးဒေါင်းလန်းတွေနဲ့ 
ဝိုင်းဖွဲ့ ကာ စားကြသည်တွင်
ဟေ့ သူငယ်ချင်းရေ၊ တို့ နယ်ပယ်တွင်
မိုးသက်ကယ်ဆင်၊ ရှစ်ခွင်ကမည်း
မိုး ရွာမလိုလိုနဲ့ ပဲ၊ ညီညွတ်ရေး နဲ့ 
အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရေတပြင်စီး၊ ရှေးကထက် ပိုချစ်မဲ့သူ။

၃ - ၆ - ၂၀၁၁
- မြန်မာပြည်တွင် (နေသည်) ။ မိုးမိုး (အင်းလျား)
- ဒီပဲရင်းကျောက်စာ။ (ထိုက်သူနိုင)်
- လက်ရည်တပြင်စီး (နန်းတော်ရှေ့ ဆရာတင်)

အန်ဒီအက်ဖ် ခွဲထွက်အဖွဲ့ဝင် ကိုယ်စားလှယ်များ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့


မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန်လ ၇ ရက်၊ ၂၀၁၁
သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်အပါအ၀င် အန်ဒီအက်ဖ် ပါတီမှ ခွဲထွက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်စု က ရန်ကုန်တိုင်း
အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်သူ ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ကြကြောင်း ၄င်းတို့၏ ထုတ်ပြန်ချက် အရသိရှိရသည်။

တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ရာတွင် ဦးသိန်းညွှန့်၊ ဦးဖုန်းမြင့်အောင် အပါအ၀င် အန်ဒီအက်ဖ် ပါတီမှ ခွဲထွက်ခဲ့သည့် ကိုယ်စားလှယ်များပါဝင် ခဲ့သည်ဟု
သိရှိရပြီး အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များက ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်ထားရေးကိစ္စ၊ ရန်ကုန်မြို့ ရေမြောင်းများ ရေလျှံသည့် ကိစ္စ၊ ရန်ကုန်မြို့
စာသင်ကျောင်းများမှ စာမေးပွဲ မေးခွန်းကိစ္စ၊ ကျောင်းဝင်ခွင့် အတွက် လာဘ်ငွေပေးရသည့် ကိစ္စနှင့်အမှိုက်သိမ်းစနစ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို
တင်ပြခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်မြို့တော်ဝန် အသစ်ဖြစ်သူ ဦးလှမြင့်လည်း ပါဝင်ပြီး ရန်ကုန်မြို့ အမှိုက်သိမ်းစနစ် အကြောင်းနှင့်
ပတ်သက်ပြီးပြောဆိုရာတွင် နှစ်အတန်ကြာ ရပ်ဆိုင်းထားသည့် အမှိုက်ကားဖြင့် တလမ်းဝင်တလမ်းထွက် အမှိုက်သိမ်းစနစ်ကို ပြန်လည်စတင်နေသည်ဟု
မြို့တော်ဝန် အသစ်က ပြောဆိုခဲ့သည်။ ထို့ပြင် မြို့တော်ဝန်က မိမိတို့ စေတနာရှိသလောက် လုပ်ပေးလျင် တစ်နှစ်စာ အသုံးစရိတ်မှာ လပိုင်းအတွင်း
ကုန်သွားဖို့သာရှိသည်ဟု ပြောဆိုခဲ့ပြီး ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မီတီအနေဖြင့် တိုးမြှင့်ကောက်ခံရန် အထက်သို့ တင်ပြသော်လည်း
နှစ်အတန်ကြာကပင် ခွင့်မပြုခဲ့ဟု လည်းပြောဆိုသည်ဟု သိရှိရသည်။
သင်္ဃန်းကျွန်း လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် (ကော့ကရိတ)် အနေဖြင့် သူရွေးချယ်ခံရသည့် သင်္ဃန်းကျွန်းမြို့နယ်တွင် ရေ၊ မီး မရသည့် ကိစ္စ၊
အုပ်ချုပ်ရေး နှင့် ရုံးကိစ္စရပ်များတွင် အခက်အခဲရှိပါက သူ့အား လာရောက် ပြောဆိုနိုင်ကြောင်းနှင့် သူ့အနေဖြင့် လိုက်လံဖြေရှင်းပေးမည်ဟု လွန်ခဲ့သည့်
လအနည်းငယ်က မဲဆန္ဒရှင်များနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။
ရပ်ကွက် အုပ်ချုပ်ရေးရုံးများမှ ဗိုလ်ချုပ်မှူးကြီး၏ ဓါတ်ပုံများ ဖြုတ်မချသေး

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇွန် ၇၊ ၂၀၁၁

ဧပြီ လ ၃၀ ရက်နေ့တွင် နအဖ အစိုးရအဖွဲ့ကို တရားဝင်ဖျက်သိမ်းပြီး ကြံ့ဖွံ့ကြီးစိုးသည့် အစိုးရအဖွဲ့သစ်သို့ အာဏာလွှဲအပ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး


သန်းရွှေ၏ ဓါတ်ပုံများအား ရုံးများတွင် ချိတ်ဆွဲထားခြင်းကို ဖြုတ်ချဖို့ ညွှန်ကြားသည့်စာထွက်ရှိခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်ထိ
ဓါတ်ပုံများ ချိတ်ဆွဲထားဆဲ ဖြစ်သည်ကို တွေ့ရှိရသည်။
နအဖ အစိုးရအဖွဲ့ဖျက်သိမ်းပြီးနောက်တွင် ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရယူထားသည့် ရာထူး၅ ခုစလုံးမှ အနားယူခဲ့သော်လည်း စစ်တပ်မှ အငြိမ်းစား
မယူသေးပဲ ဗိုလ်ချုပ်မှူးကြီး အခေါ်အဝေါ်ဖြင့် ရှိနေဆဲဖြစ်သည်ဟု နေပြည်တော် တပ်အသိုင်းအ၀ိုင်းမှ လာသည့် သတင်းများအရ သိရှိရသည်။

ပြီးခဲ့သည့် လလယ်က သတင်းမီဒီယာများနှင့် ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးတို့တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးအားလုံးမှ


အမှန်တကယ် အနားယူသွားပြီဖြစ်သည်ဟု ပြောကြားခဲ့သည်။ ကြံ့ဖွံ့ပါတီ၏ နာယက အဖြစ်မှပါ အနားယူသွားခဲ့ပြီး ပါတီရုံးကိုလည်း လာရောက်ခြင်း မရှိကြောင်း
၎င်းကပြောဆိုခဲ့သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးများ၊ ပြည်ထဲရေး ၀န်ကြီးဌာနလက်အောက်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးများတွင် ဗိုလ်ချုပ်မှူးကြီး၏
ဓါတ်ပုံကို ချိတ်ဆွဲထားဆဲဖြစ်သည်ကို တွေ့နေရသည်ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးမှ အနားယူသွားသော်လည်း တပ်မတော် အဆောင်အယောင်ကို မချွတ်သေးခြင်းမှာ
မည်သည့်ရည်ရွယ်ချက်ကြောင့် ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း တပ်ကို သြဇာလွှမ်းမိုးနိုင်သေးသည်ကို ပြသလိုသည့် သဘောရှိသည်ဟု ရန်ကုန်
အခြေစိုက် သတင်းအယ်ဒီတာ တဦးက ပြောသည်။
ကာတွန်းစောငို - ငါ့လက်ကလွတ် ဗြွတ် …

ဇွန် ၇၊ ၂၀၁၁

ဘီဂိတ်ကို စာစီစာရိုက်ငှားမလို့
မိုးနတ်သား
ဇွန် ၇၊ ၂၀၁၁

အုံး ... ဘုံး .... ဗလုံး ..... ဒုံး ..... ၀ုံး .... ဂုံး ....
ဒေါင် .... ဂေါင် ....
ဒင် .... ထင် ....
ဂွမ်း .... ထွမ်း .... ဒွမ်း .....
ရွှမ်း .... ဖျမ်း .....
ဝူး .... ဗူး .... ဟူး ..... ရှူး ....
အွတ် .... ဟွတ် .... ဇွတ် ....
ဝေါ .... ဘျော .... ဟော .... ခေါ .... ဂလော .... ဂျော ....
ဂိန် ... ဒိန် .... ထိန် ... ဗိန် .... ဂျိန် ....
ဟေးဟေး ... ဟားဟား .... ဟိုးဟိုး ..... ဟီးဟီး .... ဟူးဟူး ... ဟောင်းဟောင်း .... ဟဲဟဲ .... ဟဟ .... ဟိဟိ ... ဟုဟု ....

“ဘာသံတွေတုန်းဟ ဒီလောက်ဆူနေတာ”
“ဆင်းရဲတာတွေ လျော့နေကြတာတဲ့လေ”

“ဘာဆိုင်တုန်း ဒီအသံတွေနဲ့ ဆင်းရဲတာလျော့တာနဲ့”


“ဆိုင်ပါသော်ကောဗျာ .... ခင်များမိန်းမကြီးဒေါ်လုံးတင်နဲ့ ခင်များနဲ့ဆိုင်သလိုကို ဆိုင်တာ”

“ဟေ့ကောင် မင်းစကားမင်း ရှင်းအောင်ပြော .... လုံးတင်ကို ဆွဲမထဲ့နဲ့”


“အုံး ... ဘုံး ... ပလုံး ... ဒုံး ... ၀ုံး ဂုံး .... ဆိုတာ သစ်တောတွေလှဲနေတာ ... ခုတ်နေတာ ဖြောင်နေတာ ၂၀၁၅ ခုအတွင်း သစ်ပင်တပင်မှ မကျန်စေရဆိုတဲ့
မူကြီးချမှတ်ပြီး အကောင်အထည်ဖော်နေပြီတဲ့ဗျ”

“ဘာတဲ့ စီမံချက်နာမည်က သစ်တောကုန်စင် တစပြင်စီမံချက်ဆိုလားဘဲ”


“အော် ... ဂလိုကိုး ....”

“ဂလိုဘယ်ကိုးလို့ပြောဗျ။ ခေတ်ကြီးရှေ့ဆောင် နေ၀င်းကြောင်တို့၊ အစ်ဇင်တွေ ၀ါဒတွေကန်ထရိုက်ရ ထား တဲ့ ခေတ်ကိုမောင်းသွင်း ကိုကျော်ဝင်း တို့ကစပြီး
ဂလိုဘယ်မှုပြုလိုက်တာ ခု ကျုပ်တို့ဒွန္နယာမှာ ဘယ် သူမဆို ဂလိုကိုးလို့ သိပ်မပြောတော့ဘူးတဲ့ဗျ၊ ဂလိုဘယ်ကိုးလို့ဘဲ ပြောကြတော့ တယ်တဲ့။”
“အေးပါကွာ၊ ဆက်ပြောမှာ ပြောစမ်းပါ”

“ ဂလိုဗျ အဲ ... အဲ ... ဂလိုဘယ်ဗျ ဒေါင် .... ဗလောင် ... ဗောင် .... ဂေါင် ... ထောင် ... ဒင် ... ထင် ....ဂွမ်း ထွမ်း ဒွမ်း ... ဆိုတာတွေက ကျောက်စိမ်းတွေ ...
ပတ္တမြားတွေ ... ရွှေတွေ ... ကြေးတွေ ... သတ္ထုတွေ တူးနေကြတာဗျ”
“ဘယ်တုန်းက ဘယ်သူတွေ ဘယ်လိုတိုက်ချွတ်လိုက်မှန်းမသိတဲ့ မြန်မာနိုင်ငံတော်သစ်ကြီးကို ကိုလွင်မိုးတို့လို အနုပညာရှင်တွေတောင် တက်တက်ကြွကြွ
ပါကုန်ကြပြီ”

“လွင်မိုး ရွှေတူးနေသည် ဆိုတဲ့ဇာတ်ကားတောင် ထွက်တော့မယ်ဆိုဘဲ”


“ဟေ ... ဟုတ်လားကွ ... လုံးတင်တို့ ပြောလိုက်ရအုံးမယ်”
“ဒါလဲ ရတနာကင်းစင် တလင်းပြင် စီမံချက်တဲ့”

“၀ူး ဗူး ဟူး ရှူး ဆိုတာတွေကကောကွာ”


“အော် ... အဲဒါလား ဓာတ်ငွေ့သိုက် နှိုက်တဲ့အသံတွေလေ”
“ဓာတ်ငွေ့ရောင်းရင်း ဖယောင်းသွင်း စီမံချက်တဲ့ဗျ”
“အော် ... အဲလိုလား”

“ဝေါ ... ဘျော ... ဟော ... ခေါ ... ဂလော ... ဂျော ဆိုတဲ့အသံတွေကတော့ တာတမံတွေ၊ ဆည်တွေေ ဆာက်ပြီး ရေအားလျှပ်စစ်တွေထုတ်တဲ့ အသံတွေဗျ”
“ဒါကတော့ “မြစ်ရေခမ်းခြောက် တိုင်းပြည်ပျောက်စီမံချက်” တဲ့ဗျ”
“ဟေ ဟုတ်ရဲ့လားကွာ၊ မင်းဟာက ပြောလိုက်ရင် အလွန်အကျွံချည်းဘဲ”

“ရွှမ်း ဖျမ်း ....


အွတ် ... ဟွတ် .... ဇွတ်
ဒေါင် ... ဂေါင်
ဂိန် ... ဒိန် ... ထိန် ... ဗိန် ... ဂျိန် ဆိုတာတွေကတော့ ပြည်သူရဲ့အသံတွေဗျ။ မြေသိမ်းခံရတာတို့၊ ဖမ်းခံရတာ တို့၊ ချောဆွဲခံရတာတို့၊ ဟိုကြေး
ဒီကြေးပေးရတာတို့၊ ခိုင်းတာလုပ်ရတာတို့ နည်းမျိုးစုံနဲ့ နှိပ်စက်ခံနေရလို့ ထွက်လာတာ”
အဲဒါကတော့ “နလံမထူ ဒို့ပြည်သူစီမံချက်တဲ့”

“ဟေးဟေး ... ဟားဟား .. ဟိုးဟိုး ... ဟီးဟီး ... ဟူးဟူး ... ဟောင်းဟောင်း .. ဟဲဟဲ ... ဟဟ ... ဟိဟိ ...ဟုဟု ဆိုတာကတော့ တိုင်းပြည် ဥစ္စာ
ကိုယ့်ဟာလုပ်ကြီးပွားနေတဲ့ ဗိုလ်တွေ အပေါင်းပါတွေရဲ့ ဘီလူးသွားဖြဲ သရေရွှဲမြည်သံတွေတဲ့ဗျ”

“ဟေ့ရောင်ရ မင်းဟာက ဆင်းရဲတာလျော့တာမှ မဟုတ်ဘဲ၊ ပိုဆင်းရဲအောင်လုပ်တာဘဲကွ”

“ခင်ဗျားက ပြောရတာ သိပ်အပေါက်ကပ်တာဘဲ။ နိုင်ငံတော်ကပြောရင် ယုံမှပေါ့ဗျ။ ဆင်းရဲတာကို နေ့မနား ညမနားေ လျာ့နေတာ။ မြန်မာပြည် ဆင်းရဲတာကို
ပြောနေတာမဟုတ်ဘူး။ ကိုယ့်နိုင်ငံကောင်းကျိုးေ လာက်ကြည့်နေတဲ့ ခေါင်းဆောင်တွေများမှတ်နေလား၊ ဂလိုဘယ်ခေတ်ဗျ၊ တကမ္ဘာလုံးရဲ့ဆင်းရဲကို
မလျော့နိုင်သေးေ တာင် သုံးလေးနိုင်ငံရဲ့ဆင်းရဲကို လျော့ပေးနေတာဗျ”

“မှတ်ထား၊ တရုပ်ပြည်ရဲ့ဆင်းရဲကို လျော့ပေးနေတာ၊ ထိုင်းရဲ့ဆင်းရဲကို လျော့ပေးနေတာ၊ အိန္ဒိယရဲ့ဆင်းရဲ ကို လျော့ပေးနေတာ


“သိပါဘူးကွာ၊ ဒို့တိုင်းပြည်အတွက်လားလို့၊ ဒို့ပြည်ဆင်းရဲတာလျှော့တာတော့ လွယ်လွယ်လေးပါကွ၊ အဲဒီ ဘီလူးတွေ အဲ အဲ ဗိုလ်တွေ အပေါင်းပါ


တွေပိုင်တာတွေက နဲမှ မနဲတာကွာ၊ သူတို့ဟာတွေကို ဒို့ပြည်သူတွေကို မုန့်ဖိုးသဘော ၅ ရာခိုင်နှုံးလောက်ထဲ့ကြရင်ကို ဟေ့ကောင် မင်းမိတ္တူ ဆိုင်မှာ ဘီဂိတ်ကို
စာစီစာရိုက်ငှားလို့ ရတယ်ကွ၊ သိလား”

Glasbergen ၏ ကာတွန်းအား ဖြတ်ညှပ်ကပ်ပါသည်။


http://www.moemaka.com/

News Date:6/7/2011

ပြည်နယ် ၀န်ကြီးချုပ် မောင်တော ခရီးစဉ်တွင် မွတ်ဆလင်များက အချက် ၅ ချက် တောင်းဆို

Font size:
-------------
မောင်အေး
-------------
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၏ မောင်တောမြို့ ခရီးစဉ်တွင် ဒေသခံ မူဆလင် ၅၃ ဦးက အချက် (၅) ချက်ပါ တောင်းဆိုချက် တစ်ခုကို
တောင်းဆိုလိုက်ကြောင်း အမည်မဖေါ်လိုသူ တာဝန်ရှိသူ အရာရှိ တစ်ဦးက ပြောသည်။
အဆိုပါ တောင်းဆိုချက် (၅) ချက်ကို ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးရုံးတွင် မွတ်ဆလင် လူကြီး ၁၀၀ ကျော်နှင့် ပြည်နယ် ၀န်ကြီးချုပ် တွေ့ဆုံစဉ် စာရေးသားပြီး
တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

" တောင်းဆိုတဲ့ အချက်တွေကတော့ တိုင်းရင်းသားအဖြစ် အသိမှတ်ပြုရေး၊ အမျိုးသားမှတ် ပုံတင်ထုတ်ပေးရေး၊ မူဆလင်အမျိုးသားတွေ လွတ်လပ်စွာ


ခရီးသွားလာခွင့်၊ အမျိုးသမီးတွေ အိမ်ထောင်ပြုတဲ့နေရာမှာ အကန့်အသတ်မထားဖို့နဲ့ ဗလီတွေကို ပြန်ဆောက်ခွင့် ပြုပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်"ဟု
သူက ပြောသည်။

အဆိုပါ တောင်းဆိုချက်များ အပေါ် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ယခုကဲ့သို့ တုန့်ပြန် ပြောဆိုခဲ့ကြောင်း သူက ဆက်ပြောသည်။

" ၀န်ကြီးချုပ်က လ၀က ခရိုင်းမှူးကိုပြောတယ်။ သူတို့ခရီးသွားချင်ရင် ထောက်ခံစာတွေ ထုတ်ပေး လိုက်ဖို့ ပြောပါတယ် ။ မှတ်ပုံတင်တော့
အခုထုတ်မပေးနိုင်သေးဘူး အထက်ကိုတင်ပြရဦးမယ် ဆိုပီး ပြောတယ်လို့ သိရပါတယ်။ ပီးရင် ပလီ ပြန်ပြင်ခွင့်ကိုတော့ ၀န်ကြီးက ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်"
ဟု သူက ပြောသည်။

သို့သော်လည်း တခြား ဆွေးနွေးခဲ့သည့် အသေးစိတ် အကြောင်းအရာများကို မသိရှိရသေးကြောင်း သူက ပြောသည်။

ယခင်ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦး မောင်တောကို လာတုန်းကလည်း ယခုကဲ့သို့ နုတ်ဖြင့် ခွင့်ပြုထားချက် တစ်ချို့ ရှိခဲ့သော်လည်း လက်တွေ လုပ်ရာတွင်
အခက်အခဲရှိသဖြင့် ယခု ခွင့်ပြုချက်များမှာလည်း အသက်ဝင် မ၀င်ဘဲ ဖြစ်မည်ကို မွတ်ဆလင်များက စိုးရိမ်နေကြသည်ဟု သိရသည်။

ယခု တောင်းဆိုမူမှာ ၂၀၁၀ ခုနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ မွတ်ဆလင် များကို ပေးထားခဲ့သော ကတိ အကောင်အတည်ဖေါ်ရန်
ပျက်ကွက်နေသဖြင့် ထပ်မံ တောင်းဆို ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သော မွတ်ဆလင်များကို အစိုးရမှ ဘင်္ဂလီ လူမျိုး အဖြစ် အသိအမှတ် ပြုထားပြီး ယခုတောင်းဆိုမူတွင် ဘင်္ဂလီ လူမျိုးအဖြစ်
အသုံးပြုထားခြင်းကို ပယ်ဖျက်ရန် တောင်းဆိုမူ မပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်လှမောင်တင်သည် နစက ကွပ်ကဲရေးမှူး၊ ဘူးသီးတောင် အခြေစိုက် ဗျူဟာမှဗျူမှူးတို့ လိုက်ပါလျှက် မောင်တောမြို့နယ်ကို လှည့်လည်
စစ်ဆေးနေပြီ ယနေ့တွင်လည်း မောင်တောမြို့တွင် အစည်းအဝေး တခု ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

လျှပ်စစ်မီး တိုးပေးသော်လည်း မီတာခ ကြီးမြင့်နေမူက အများပြည်သူကို ထိခိုက်နေ

Font size:
-------------
မောင်ရမ္မာ
-------------
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် လျှပ်စစ်မီးကို တနေ့လျှင် သုံးနာရီပေးနေရာမှ ယခုအခါ ၆ နာရီထိ တိုးပေးသော်လည်း မီတာခ ဈေးနုန်းမှာ ဆက်လက်
ကြီးမြှင့်နေတုန်း ဖြစ်သဖြင့် စစ်တွေ လူထုကို အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယခုကဲ့သို့ စစ်တွေမှာ လျှပ်စစ်မီးကို ညနေ ၆ နာရီမှ ၁၂ နာရီထိ တိုးပေးလိုက်သဖြင့် လျှပ်စစ်မီးဖြင့် လုပ်ကိုင် နေသူများမှာ အနည်းငယ် အဆင်ပြေသော်လည်း
လျှပ်စစ် မီတာခကို ယခင်အတိုင်း ကောက်ခံနေသဖြင့် မြို့လူထုမှာ ဆက်လက် အခက်ကြုံနေရသည်ဟု လုပ်ငန်းရှင်တဦးက ပြောသည်။

" တနေ့ ၆ နာရီပေးတော့ အလုပ်လုပ်ရတာ အဆင်ပြေပေမယ့် အိမ်မှာသုံးဖို့ ယူထားတဲ့ သူတွေ ကျတော့ ဘာ ၀င်ငွေမှ မရှိဘဲ မီတာဖိုး ပိုပြီးပေးရတာပေါ့။
အမှန်မှာတော့ မီးပေးချိန်ကို တိုးပေး ပြီးတော့ မီတာခကို လျော့ကောက်သင့်ပါတယ်။ ဒါမှသာ သုံးစွဲရသူတွေအတွက် ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။"

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည်စိုးကလည်း စစ်တွေတွင် လျှပ်စစ်မီး သုံးနာရီ တိုးပေးထားခြင်းကို အတည်ပြု


ပြောကြားသည်။

" ဇွန်လ ၁ ရက်နေ့ကစလို့ စစ်တွေမှာ ညနေ ၆ နာရီကနေ ၁၂ နာရီထိ လျှပ်စစ်မီးပေးပါတယ်။ အခုပေးနေတာကတော့ စမ်းသပ်ကာလ အနေနဲ့ စစ်တွေမှာ
တိုးပေးနေတာဖြစ်တယ်လို့ သိရတယ်။ ဘယ်သူတွေက ဦးဆောင်လုပ်ကိုင်နေတာတော့ ကျွန်တော်လည်း အတိအကျ မသိရသေးဘူး" ဟု ပြောသည်။

စစ်တွေမြို့တွင် လျှပ်စစ်မီးကို ယခုအခါ ဒီဇယ်သုံး မီးစက် ၂လုံး၊ ဖွဲခွံသုံး မီးစက်သုံးလုံးဖြင့် စုစုပေါင်း မီးစက် ၅ လုံးဖြင့် စစ်တွေ တမြို့လုံးကို မီးပေးဝေနေသည်ဟု
သိရသည်။

စစ်တွေမြီု့တွင် လျှပ်စစ်မီးပေးဝေမှုကို အချိန်တိုးပေးသော်လည်း တခြားမြို့များတွင် အချိန်တိုးပေးခြင်း မရှိ ဟု ကျောက်ဖြူမှ လူငယ်တဦးက ပြောသည်။

"ကျွန်တော်တို့ ကျောက်ဖြူ၊ ရမ်းဗြဲ နဲ့မာန်အောင်မြို့နယ်တွေမှာ မီးပေးတဲ့ အချိန် တိုးမပေးပါဘူး။ ကျောက်ဖြူမှာဆိုရင် ညနေ ၆ နာရီခွဲကနေ ၁၀ နာရီခွဲထိ
မီးပေးပါတယ်။ သူတို့ တိုးပေးတာကတော့ မီတာဖိုးဘဲ။ ကျောက်ဖြူမှာ ဆိုရင် အစိုးရက မီတာခကို တယူနစ် ၅၅၀ ယူပါတယ်။ ပုဂ္ဂလိက မီးပေးဝေတဲ့
သူတွေကတော့ တယူနစ်ကို ၇၅၀ ကျပ်တိယူပါတယ်။ မီးယူထားတဲ့ လူတွေမှာ သုံးသည် ဖြစ်စေ၊ မသုံးသည်ဖြစ်စေ တလ ပျမ်းမျှ ၅၀၀၀ ကျပ်ကတော့
ကုန်တာပါဘဲ" ဟု ပြောသည်။

ဗမာပြည်မ ဘက်တွင် လျှပ်စစ်မီတာခ တယူနစ်ကို ၂၈ ကျပ်သာ ပေးရသော်လည်း ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး တယူနစ်ကို ၄၀၀ ကျပ် မှ ၅၅၀ ကျပ်ထိ
ပြည်သူများ ပေးနေရသည်ဟု သိရသည်။

ပယ်မဲဖြင့် အနိုင်ရရန်ကြိုးပမ်းရာတွင်လည်း ကြံ့ခိုင်ရေးက ရှုံး

Font size:
နေပြည်တော် တရားရုံးတွင် မနေ့က ကျောက်ဖြူမြို့နယ်မှ ပယ်မဲများကို ရေတွက်ရာ တရားစွဲ ခံထားရသူ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ ပြည်နယ် အမတ်
ဦးကျော်လွှင်က အနိုင်ရ သွားကြောင်း သိရသည်။

" ပယ်မဲတွေကို ရေတွက်တော့ ကျွန်တော်က ၁၄၇ မဲ ပိုရပါတယ်။ ပယ်မဲတွေကို ရေတွက်တာမှာလည်း ကျွန်တော်က အနိုင်ရတဲ့ သဘော ဖြစ်ပါတယ်" ဟု
ကျောက်ဖြူ မြို့နယ် အမှတ(် ၁) မဲဆန္ဒနယ်မြေ အနိုင်ရ အမတ် ဦးကျော်လွှင်က ပြောသည်။
ကျောက်ဖြူမြို့နယ်မှ ပြည်နယ် လွှတ်တော် အမတ် ဦးကျော်လွှင်နှင့် ဦးအုံးတင်ကို ကြံ့ခိုင်ရေးပါတီမှ ပြိုင်ဘက် မဲရှုံး ကိုယ်စားလောင်းများက ရွှေးကောက်ပွဲတွင်
မသမာမူများ ပြုလုပ်သည် ဆိုကာ ရွှေးကောက်ပွဲ ကော်မရှင်တွင် တရားစွဲဆိုထားသည်။ ထိုအထဲတွင် အချက် တစ်ချက် အနေဖြင့် ပယ်မဲများသွား သဖြင့်
ကြံ့ခိုင်ရေး အမတ်များ ရှုံးနိမ့်ရခြင်း ဖြစ်ကြောင်း တိုင်တန်းထားချက် ပါဝင် သည်ဟု သိရသည်။

" နေပြည်တော် တရားရုံးကို ကျောက်ဖြူ ကော်မရှင်က ပယ်မဲတွေကို ပို့ပေးထားတာ ဖြစ်ပါတယ်။ ပယ်မဲ များတဲ့ အတွက် ရှုံးရတယ်ဆိုတော့ ပယ်မဲတွေကိုပါ
စစ်ဆေးဖို့ ဖြစ်လာရတာ ဖြစ်ပါတယ်။ ကျောက်ဖြူ အမှတ် (၁) နယ်မြေက မဲရုံ ၂၄ ရုံက ရရှိတဲ့ ပယ်မဲတွေကို စစ်ဆေးလိုက်တဲ့ အခါ အဲဒီပယ်မဲတွေထဲမှာ
ကျွန်တော်ကို ထောက်ခံထားတဲ့ မဲက ကြံ့ခိုင်ရေး ကိုယ်စားလှယ်ထက် ၁၄၇ မဲ ပိုများနေပါတယ်။ အဲဒီတော့ တရားသူကြီးက နောက်ထပ် ပယ်မဲတွေကို
စစ်ဆေးစရာ မလိုတော့ဘူး ဆိုပြီး ပြောပါတယ်။ ပီးရင် ကျွန်တော်နဲ့ ကိုအုံးတင် အမူကို ဇွန်လ ၁၅ ရက်နေ့မှာ ဆုံးဖြတ်ချက် ပေးမယ်ဆိုပြီး
ရက်ချိန်းပေးလိုက်ပါတယ်" ဟု သူက ဆက်ပြောသည်။

ကျောက်ဖြူမြို့နယ်မှ ပြည်နယ် အမတ် ၂ ဦး အမူကို လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် ဆုံးဖြတ် ပေးမည် ဖြစ်သော်လည်း ကျန် ရတပ ပါတီအမတ် ၇ ဦး အမူကိုမူ
ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ရတပ ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က တရားရုံးမှ တရားမျှတစွာ စီရင်ဆုံးဖြတ်ပေးမည်ဆိုပါက မိမိတို့ ပါတီ ကိုယ်စားလှယ်များသာ အနိုင်ရရှိမည်
ဖြစ်ကြောင်းနှင့် ခုံသမာပတိများလည်း သမာသမတ်ကျစွာ ဆုံးဖြတ်ကြမည်ဟု သူယူဆကြောင်း ပြောဆိုသွားသည်။

၂၀၁၀ ခုနှစ် နိုဝင်္ဘာလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရွှေးကောက်ပွဲတွင် ရတပ ရခိုင်ပါတီမှ ရခိုင်ပြည်နယ်တွင် ၃၄ နေရာနှင့် ရန်ကုန်တွင် တစ်နေရာ
အနိုင်ရရှိခဲ့သည်။ အနိုင်ရရှိပြီး နောက်ပိုင်းတွင် ကြံ့ခိုင်ရေး ပါတီမှ ရခိုင်ပါတီမှ အနိုင်ရ အမတ် (၉) ဦးကို ရွှေးကောက်ပွဲ မသမာမူဖြင့် တရားစွဲဆိုခဲ့ပြီး အမူအတွက်
ကုန်ကျ စရိတ်ကို ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး ပါတီမှ ကျခံသည်ဟု သိရသည်။
http://www.narinjara.com/burmese.asp

ဂျာမဏီနိုင်ငံ လူအခွင့်အရေးအဖွဲ့ ဥက္ကဌ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေး

2011-06-07

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ တားဆီး ပိတ်ဆို့မှု အပေါ် NLD ပါတီရဲ့ သဘောထားကို ဂျာမဏီနိုင်ငံက လူ့အခွင့်အရေး၊
မူဝါဒနဲ့လူသားခြင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကော်မရှင်နာ ကို ဆွေးနွေး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Federal Foreign Office

ဂျာမဏီနိုင်ငံ လူအခွင့်အရေးအဖွဲ့ ဥက္ကဌ Markus Loning

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမဏီ နိုင်ငံ လူ့ အခွင့်အရေး ကော်မရှင်နာ Mr. Markus Loning ဟာ ဒီကနေ့ မနက် ၁၀ နာရီက ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့တာပါ။

လူ့အခွင့်အရေး ကော်မရှင်နာနဲ့ အတူ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျာမဏီ သံအမတ်ကြီး နဲ့ အဖွဲ့ ၀င် လေးဦး ပါဝင်ပါတယ်။

NLD ပါတီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းနဲ့ ပါတီ ဗဟိုကော်မတီဝင် ဦးဟံသာမြင့်တို့ က လက်ခံတွေ့ဆုံခဲ့တယ်လို့
သိရပါတယ်။ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက-

"သူကတော့ သူရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေရယ်၊ နေပြည်တော်မှာ သူ့အတွေ့အကြုံတွေရယ်၊ အဲဒါတွေကို ပြောပါတယ်။ ဒေါ်စုဘက်ကလည်း သူ့ကို
ပြန်ရှင်းပြတာတွေ ရှိတာပေါ့။ ဥပမာ sanction နဲ့ ပတ်သက်ပြီးတော့ ကျတော်တို့ ထုတ်ပြန်ခဲ့တဲ့ဟာရယ်၊ tourism ကိစ္စ ဒါတွေကို ဆွေးနွေး ပြောပြပါတယ်။"

ဂျာမဏီနိုင်ငံ အနေနဲ့ မြန်မာ နိုင်ငံအပေါ် ဥရောပ သမဂ္ဂက ကထားရှိတဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားတာတွေနဲ့ ပတ်သက်ပြီး ဖယ်ရှားပစ်ရေး စိတ်ဝင်စားမှု
ရှိတယ်ဆိုတဲ့ ထင်မြင်ချက်တွေ ထွက်ပေါ်နေချိန်မှာ ခုလို ဂျာမဏီ လူ့ အခွင့်အရေး ကော်မရှင်နာက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။

ဂျာမန်လူ့အခွင့်အရေး ကော်မရှင်နာဟာ မနေ့ကလည်း နေပြည်တော်မှာ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့
လွှတ်တော် ကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

အစိုးရ မှတ်ပုံတင်မရှိသူများအား ကေအိုင်အိုက အသိအမှတ် ကဒ်ပြားထုတ်ပေး

2011-06-07

ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့ချုပ်က သူတို့ ထိမ်းချုပ်ရာ လိုင်ဇာ ၊ မိုင်ဂျာယန်နဲ့ အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာ မြန်မာအစိုးရ ထုတ်ပေးတဲ့
မှတ်ပုံတင်ကဒ် မရှိသူတွေကို ကေအိုင်အို အသိအမှတ်ပြု မှတ်ပုံတင် သဘောမျိုး သက်သေခံ အီးကဒ်ပြားတွေ အခု နှစ်ဆန်းပိုင်းက စတင်ပြီး ထုတ်ပေးနေတယ်လို့
သိရပါတယ်။
(Photo: Kachin News Group

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို
တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: Kachin News Group)

ဒီကိစ္စနဲ့ ပတ်သက်လို့ ကေအိုင်အို အထွေထွေ အတွင်းရေးမှုး-၂ ဗိုလ်မှူး လနန်ကို ဆက်သွယ်မေးမြန်းတော့ သူက -

"မှတ်ပုံတင်ဆိုရင်တော့ အဓိပ္ပါယ် တမျိုးထင်သွားလိမ့်မယ်။ သက်သေခံ ကဒ်ပြားပေါ့ လုပ်ပေးနေပါတယ် ။ အဓိက ဦးတည်တာကတော့ ကျနော်တို့ ကေအိုင်အို
အုပ်ချုပ်ရေး နယ်မြေမှာ ရှိတဲ့ လူထုတွေကို အဓိကထားပြီးတော့ လုပ်ပေးတာ ဒါလုပ်ဖို့ အစီအစဉ်ရှိတာတော့ ကြာပါပြီ။ ဒါလက်တွေ့ အကောင်အထည် ဖေါ်တာက
နှစ်စပိုင်းမှာပေါ့။ နယ်စပ် ဒေသမှာ ရှိတဲ့ ရွာတွေကို ဦးစားပေး လုပ်နေတာ အဲဒါပြီးတဲ့အခါမှာ ရွာတွေကို ပြန်ပြီးတော့ ဆင်းဖို့ရှိတယ်။"

ကဒ်ထဲမှာ မွေးသက္ကရာဇ် အမည်၊ မိဘနံမည် နဲ့ ဓါတ်ပုံပါတဲ့ အီးကဒ် ပုံစံလုပ်ထားတာလို့ သိရပါတယ်။ အဲဒီ ကဒ်လုပ်ရင် မွေးဖွားရာဒေသ၊ လက်ရှိအလုပ်အကိုင်နဲ့
မိဘ ဘိုးဘွားစဉ်ဆက် မှတ်တမ်းတွေရှိဖို့ လိုပြီး မြန်မာ အစိုးရ မှတ်ပုံတင်လုပ်ပေးတဲ့ ပုံစံနဲ့ အတူတူပဲလို့ သူကပြောပါတယ်။

အသက် ၁၂ နှစ်အရွယ်ကနေ စလုပ်ပေးပြီး အသက် ၁၈ နှစ်ပြည့်ရင် အသစ်ပြန်လဲဖို့ လုပ်ထားတယ်လို့လည်း သိရပြီး အီးကဒ်တစ်ခု လုပ်ဖို့အတွက် တရုတ်ငွေ ယွမ်
၃၀ မြန်မာငွေနဲ့ဆို ၄၀၀၀ ၀န်းကျင်လောက် ကုန်ကျမှာ ဖြစ်ပါတယ်။ ဘာ့ကြောင့် ပြည်သူလူထုကို အခုလိုမျိုးကဒ်တွေ ထုတ်ပေးရတာလဲလို့ မေးမြန်းတဲ့အခါ-

"ကျနော်တို့ နယ်စပ်ဒေသက လူထုတွေက သက်သေခံ ကဒ်ပြားမရတဲ့သူတွေ အများကြီးရှိတယ်။ နိုင်ငံတော် အစိုးရရဲ့ မှတ်ပုံတင် ကဒ်ပြားရဖို့ကလည်း
မလွယ်ဖူးလေ။ အိမ်ထောင်စုစာရင်း မရှိတာတို့ နောက်ပြီးတော့ မှောင်ခိုနဲ့ လုပ်မယ်ဆိုရင်တော့ ပိုက်ဆံ သောင်းဂဏန်း ပေးရတယ် အဲဒါ မလုပ်နိုင်တဲ့ သူတွေက
အများကြီး ရှိတော့ လိုအပ်တဲ့ သက်သေခံအ ထောက်အထားဆိုတဲ့ စာရွက်စာတမ်း ဘာမှ မရှိတဲ့လူတွေ အများကြီး ဖြစ်နေတယ် အဲဒါကြောင့် ကျနော်တို့
ကေအိုင်အိုက အဲဒါ သူတို့အတွက် သက်သေခံကဒ်ပြား တစ်ခု ရှိပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတာပဲရှိတယ်။ "

ကဒ်လုပ်ပေးရမဲ့ လူဦးရေနဲ့ အိမ်ထောင်စု စာရင်းတွေကိုတော့ ကေအိုင်အို အုပ်ချုပ်ရေးဌာနက အရင်ကတည်းက အသေအချာ မှတ်တမ်း လုပ်ထားတယ်လို့လည်း
သိရပါတယ်။ အဲဒီကဒ်ပြားဟာ တရုတ်နိုင်ငံ ကူမင်းမြို့အထိ သယ်ယူ အသုံးပြုလို့ရတယ်လို့လည်း သတင်းထွက်တွေ ထွက်နေပါတယ်။

ဒါနဲ့ပတ်သက်လို့ မဟုတ်ပါဘူးလို့ ကေအိုင်အို အရာရှိက ငြင်းဆိုပြီး နိုင်ငံကြီး တခုအနေနဲ့ အဖွဲ့အစည်းက ပေးတဲ့ သက်သေခံကဒ်ပြား တစ်ခုကို
အသိအမှတ်ပြုဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံက ခွင့်ပြုရင်တော့ ပိုကောင်းတာပေါ့လို့လဲ သူက ပြောပါတယ်။ ကေအိုင်အိုက သူတို့ထိမ်းချုပ်ရာ ဒေသခံ လူထုတွေကို သက်သေခံ ကဒ်ပြား
သတ်သတ် မှတ်မှတ် လုပ်နေတဲ့အတွက် မြန်မာအစိုးရနဲ့ ပြဿနာ တက်မလာနိုင်ဘူးလားလို့ ဆက်လက်မေးမြန်းတဲ့အခါ သူက-

"ဒါတော့ ပြောလို့မရဘူး အာမခံချက်တော့ ပေးလို့ မရဘူး။ အခု ဒီလိုမျိုး ကာလမျိုးမှာ ဆိုရင် သူတို့ဘက်က အနှောက်အယှက် ပေးလာနိုင်တဲ့ အပိုင်းတော့ ရှိမယ်
ထင်တယ်။ ဒါပေမဲ့ ကျနော်တို့ လူထုတွေကလဲ အဲဒီလောက်တော့ သိတဲ့အတွက်ကြောင့်မို့ အဲဒီကဒ်ကို ဟိုပြဒီပြ လုပ်မယ်တော့ မထင်ဘူး လုပ်ဖို့လဲမသင့်ဖူးလေ။
ကဒ်ပြားကို လိုက်ပြပြီးတော့ ကျနော်က လိုင်စာက ဖြစ်တယ်။ မိုင်ဂျာယန်က ဖြစ်တယ် လိုက်ပြောရင်တော့ သူတို့ဖက်ကလဲ အပြစ်ရှာပြီးတော့ ဖမ်းလား ဆီးလားလဲ
ဖြစ်နိုင်ပါတယ်။ "

အခုလို ကဒ်ပြားတွေကို ဗန်းမော် မြစ်ကြီးနား အပါအ၀င် ကချင်ပြည်နယ် အတွင်းက လူထု လိုချင်တယ်ဆိုရင် ကေအိုင်အို အနေနဲ့ လိုအပ်တဲ့ အချက်အလက်
ဖြည့်စွက်ပြီး အချိန် တိုတို အတွင်း လုပ်ပေးဖို့ အစီအစဉ် ရှိတယ်လို့ သူကပြောပါတယ်။

ကျောင်းနှင့် ဆေးခန်းအတွက် ဆိုပြီး အာဏာပိုင်များက မတရား ငွေကောက်

2011-06-07

ဧရာဝတီတိုင်း ကျုံပျော်မြို့ရဲ့ ၅ မိုင်လောက် အကွာမှာရှိတဲ့ ဇရစ်ရိုး ကျေးရွာ အုပ်စုမှာ ဆေးပေးခန်း တခု ဆောက်လုပ်ဖို့နဲ့ အလယ်တန်း ကျောင်းရံပုံငွေ
အတွက်ဆိုပြီး ကျေးရွာ အုပ်စု အုပ်ချူပ်ရေးမှုးကနေ ပြီးခဲ့တဲ့နှစ် မိုးရာသီ စပါးစိုက်ပျိုးချိန် ကာလမှာ တောင်သူ လယ်သမားတွေကို ထုတ်ချေးပေးတဲ့ စိုက်ပျိုး
စားရိတ် ချေးငွေတွေထဲကနေ အသီးသီး ဖြတ်ယူခဲ့တယ်လို့ ဇရစ်ရိုး ကျေးရွာမှာ နေထိုင်တဲ့ တောင်သူ တစ်ဦးက အာအက်ဖ်အေ ကို ပြောပါတယ်။
AFP

စိုက်ပျိုးရေးအတွက် နွားနှင့်ဖက်၍ ထွန်ယက် လုပ်ကိုင်နေသော မြန်မာ တောင်သူလယ်သမား သားအဖ ဖြစ်ပါသည်။ (Photo: AFP)

"တစ်ဧကကို နှစ်သောင်းနှုန်းနဲ့ လယ်သမားက ချေးတာကို ကျေးရွာ အုပ်ချူပ်ရေးမှူးက တစ်ဧက တစ်ထောင်နှုန်း ကောက်ခံတယ်။


ဆေးခန်းဆောက်ဖို့ဆိုပြီးတော့ အကြောင်းပြတယ်။

လယ်သမားတွေက ဧက ၅၀၀ အတွက်ကို တစ်ဧက တစ်ထောင်နှုန်းနဲ့ ပေးလိုက်ကြရတယ်။ နောက်ပြီး ဆေးခန်းဆောက်ဖို့ ဆိုပြီးတော့ပဲ ကံစမ်းမဲ လက်မှတ်
စောင်ရေ ငါးထောင်ကို တစ်စောင် ငါးရာနှုန်းနဲ့ မော်တော်ဆိုင်ကယ် ကံစမ်းမဲ ဖောက်မယ် ဆိုပြီးတော့ လုပ်တာ အခုအချိန်အထိကို ကံစမ်းမဲလည်း မဖွင့်ဖူး။

အဲ့ဒီ ပိုက်ဆံတွေ ရတဲ့ဟာတွေလည်း မသိရဘူး။ နောက်တခုကလည်း မူလွန်ကျောင်းက ရံပုံငွေ ဆိုပြီးတော့ လယ်မြေ ဧကတွေပေါ်မှာ ကျူးကျော်ပြီးတော့
စိုက်ပျိုးထားတဲ့ လယ်သမား အယောက် ၃၀၀ ဆီကနေပြီးတော့ တစ်ယောက်ကို နှစ်ထောင်နှုန်းနဲ့ တခါ ထပ်ပြီးတော့ ကောက်ခံတယ်။"

ဆေးခန်း ဆောက်လုပ်ဖို့နဲ့ စာသင်ကျောင်းမှာ အသုံးပြုဖို့ဆိုပြီး ငွေကောက်ခံခဲ့တာကတော့ ဇရစ်ရိုး ကျေးရွာအုပ်စု အတွင်းက လေဆွဲကျေးရွာ၊ ဒေါင့်အိုင်ကျေးရွာ၊
ဇရစ်ရိုးလေး ကျေးရွာ၊ ဇရစ်ရိုးကြီး ကျေးရွာနဲ့ ကမ်းနား ဇရစ်ရိုး ကျေးရွာ ငါးရွာမှာ လယ်ယာ လုပ်ကိုင် စားသောက်နေကြတဲ့ ဒေသခံ တောင်သူ
လယ်သမားတွေထံကနေ ကောက်ခံခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသတွင်း လယ်ယာ လုပ်ကိုင်နေကြတဲ့ တောင်သူ လယ်သမား အများစုဟာ ၂၀၀၈ ခုနှစ် မေလက တိုက်ခိုက်ခဲ့တဲ့ နာဂစ် လေမုန်တိုင်းဒဏ် ခံခဲ့ရပြီး နောက်ပိုင်း
အပြည့်အ၀ ထွန်ယက် စိုက်ပျိုးနိုင်ခဲ့ခြင်း မရှိသလို လယ်ယာမြေတွေထဲ ကြွက်တွေဝင်ရောက် ဖျက်ဆီးခံခဲ့ရမှုတွေကြောင့် စိုက်ပျိုးထားတဲ့စပါးပင်တွေ
အတော်များများ ပျက်စီး ဆုံးရှုံးခဲ့ရမှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံ တောင်သူတွေက ပြောပါတယ်။

လယ်တစ်ဧက စိုက်ပျိုး ကုန်ကျ စာရိတ်ဟာလည်း မျိုးစပါး ၀ယ်ယူရတာ မြေသြဇာ၊ ထွန်ယက်ခတွေနဲ့ ရိတ်သိမ်းခတွေ အပါအ၀င် ကျပ်တစ်သိန်းလောက်
အနည်းဆုံးရှိပြီး စိုက်ပျိုးဘဏ်က ချေးငွေနဲ့ မလုံလောက်ကြတဲ့ထဲက ဆေးခန်းနဲ့စာသင်ကျောင်း အတွက် ကောက်ခံတဲ့ငွေတွေ ပေးလိုက်ရပြီး အခုအချိန်ထိ
တစ်စုံတစ်ရာ ထူးခြားမှု မရှိပဲ ဖြစ်နေတာကြောင့် မကျေမနပ် ဖြစ်နေကြတယ်လို့ နောက် ရွာသားတစ်ဦးက ပြောပြပါတယ်။

အလုပ်သမားလက်မှတ် အစီအစဉ် ထိုင်းအာဏာပိုင်များ ရှင်းလင်း

2011-06-07

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့် ဇွန်လ ၁၅ ရက်နေ့က စတင် အသစ် ဖွင့်လှစ်ပေးမယ့် အလုပ်သမား လက်မှတ် အစီအစဉ်နဲ့ ပတ်သက်လို့ ထိုင်းအလုပ်သမား
ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ILO အရာရှိများ NGOs များ၊ ရွှေ့ပြောင်း အလုပ်သမား အရေး လုပ်ဆောင်နေကြတဲ့ လူထု အခြေပြု အဖွဲ့အစည်းများ ပါဝင်တဲ့
လုပ်ငန်းစဉ် ရှင်းလင်းပွဲ တခုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

(Photo: AFP)

ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင်
စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)

အစည်းအဝေးကို ဘန်ကောက်မြို့ ဆူကွန်ဗစ် ဒေသရှိ ရမ်းဘရင့် ဟော်တယ်မှာ ပြုလုပ်ခဲ့တဲ့ ဒီအစည်းအဝေးကို တက်ရောက်ခဲ့သူ ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအသင်းက ဒေါ်သက်သက်ဦးက - အခုတခေါက် ပြုလုပ်ပေးမယ့် အလုပ်သမား မှတ်ပုံတင်တဲ့အခါမှာ one stop service လို့ခေါ်တဲ့ လုပ်ငန်းစဉ်
အကုန်လုံးကို တကြိမ်ထဲ တနေရာထဲမှာ ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် အလုပ်သမားတွေဟာ အရင်ကလို ဟိုရုံးဒီရုံး ကူးပြောင်းစရာ မလိုတဲ့အပြင် ဘတ်လို့ခေါ်တဲ့
ပန်းရောင် ကဒ်ပြားပါ တခါတည်း လက်ခံရရှိတော့မှာ ဖြစ်ပါတယ်။

ဒီအတွက် ယခင်ကလို လုပ်ငန်းရှင်က မိမိတို့ရဲ့ အလုပ်လုပ်ခွင့် ဘတ်လက်မှတ်ကို သိမ်းဆည်းထားမှုတွေကနေ ရှောင်ရှားနိုင်တဲ့ အခွင့်အလမ်းကောင်းတခု


ဖြစ်လာတယ် လို့ ပြောပါတယ်။

ပန်းရောင်ကဒ်ပြား တခါတည်း ထုတ်ပေးလိုက်ခြင်းအားဖြင့် အလုပ်သမားတွေဟာ ဒီလက်မှတ် မပြနိုင်လို့ ဒေသဆိုင်ရာ အာဏာပိုင်ရဲတွေက ဖမ်းဆီး


ငွေညှစ်တောင်းခံမှုတွေ ရှိခဲ့ပါတယ်၊ ဒါကြောင့် အခုလို ဘတ်ကဒ်ပြားကို လက်ဝယ် တပါတည်း ကိုင်ဆောင်ခွင့်ရတော့မှာဟာ သတင်းကောင်းတခုပဲ ဖြစ်ပါတယ်၊

ဒီဘတ်လက်မှတ် လုပ်ဖို့အတွက် ငွေကုန်ကြေးကျ ဘယ်လောက်ကုန်ကျမယ် ဆိုတာကိုတော့ သူက “ကုန်ကျစရိတ်ကတော့ အရင်နှစ်လိုပဲပေါ့နော်။ အလုပ်သမား


လက်မှတ် တင်သွင်းခွင့်က ၉၀၀ သို့မဟုတ် ၁၈၀၀ ကျနိုင်တယ် ဆေးရုံ ဘတ်လက်မှတ်က ကျန်းမာရေး ဆေးစစ်ခ ၆၀၀ ကျန်းမာရေး အာမခံ အတွက်က ၁၃၀၀
ပေါ့။ နှစ်ရပ်ပေါင်းရင် ၁၉၀၀ ကုန်မယ်လို့ သူတို့ ပြောသွားတယ်” ။

ဘန်ကောက်မြို့ပေါ်မှာရှိတဲ့ အလုပ်သမားတွေဟာ ဒေသ ၁၀ ခုမှာ ဖွင့်လှစ်ပေးထားမှာဖြစ်တဲ့ အလုပ်သမားရုံးတွေမှာ သွားရောက် မှတ်ပုံတင်ရမှာ ဖြစ်ပြီး


အခြားခရိုင် အသီးသီးမှာရှိတဲ့ အလုပ်သမားတွေ ကတော့ ဒေသဆိုင်ရာ ခရိုင် အလုပ်သမားရုံးတွေမှာ တင်ကြရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်ခွင့် ကာလကို အလုပ်သမား အားလုံး အတွက် ဇွန် ၁၅ ကနေ ဇူလိုင် ၁၄ ရက်နေ့ အထိ ခွင့်ပြုတယ် ဆိုပေမဲ့ ငါးဖမ်း လုပ်ငန်းတွေမှာ ရှိနေတဲ့
အလုပ်သမားတွေ အတွက်ကတော့ အချိန်ပို ပေးထားပါတယ်။

ဒီအကြောင်းကိုတော့ ပင်လယ်ပျော်များ သမဂ္ဂ ဥက္ကဌ ဦးသူရက - “ရေလုပ်သားတွေ အတွက် ကျတော့ ဇွန်လကနေ ၁၃ ရက်နေ့ သြဂုတ်အထိပေါ့နော်။ အဲဒီအထိ
အချိန် အတိုင်းအတာ ပေးထားတယ်။ မှတ်ပုံတင် စာရင်းသွင်းရမယ်ပေါ့နော်။ ပြီးလို့ရှိရင် တပြိုင်နက်ထဲပေါ့နော်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတဲ့ အခါကြတော့ ဒီ
ဇွန်လ ၁၅ ရက်နေ့ကနေ စပြီးတော့ အောက်တိုဘာ ၁၂ ရက်နေ့အထိ သူတို့ ခွင့်ပြုထားတယ်။

work permit ကိစ္စ ဒီအလုပ်လုပ်ကိုင်ခွင့်ကြတော့ ဇွန်လ ၁၅ ရက်နေ့ကနေ စပြီးတော့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ပေးထားတယ် ဆိုတဲ့ အကြောင်း ဒီ သူတို့ရဲ့
လုပ်ငန်းစဉ်ထဲမှာ အလုပ်သမား ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဥ်အထဲမှာ ပါပါတယ်ဆိုတာ ရှင်းပြတယ်”။

ကမ္ဘာ့အခြေအနေကို အစိုးရသစ် နားလည်ပေမဲ့ ပြောင်းလဲမှု မမြန်ဆန်နိုင်

2011-06-07

သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံ တချို့က ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု လှုပ်ရှား အုံကြွမှု အခြေအနေတွေကို နားလည်
သိရှိပြီး ကဏ္ဍ အလိုက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ
ဒေါက်တာနေဇင်လတ်က ပြောပါတယ်။

(Photo: AFP / MRTV)

နေပြည်တော်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန်
(အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV)

ကမ္ဘာ့နိုင်ငံ ၂ ရာကျော်ထဲက တနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်မို့ လိုက်ပါ ပြောင်းလဲရမယ်ဆိုတာ ကောင်းကောင်း နားလည်တဲ့အကြောင်း၊


ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေကို ခေါ်ယူဖို့ လုပ်ဆောင်နေကြောင်း၊ ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲသွားဖို့ လုပ်ဆောင်နေကြောင်း
ဒေါက်တာနေဇင်လတ်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို (၃) ရက်ကြာ လာရောက်ခဲ့တဲ့ အမေရိကန် ဆီးနိတ် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒီမိုကရေစီ ပြုပြင်
ပြောင်းလဲရေးတွေ အချိန်မီ မလုပ်ဆောင်ဘူး ဆိုရင် အာရပ် ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ လူထု အုံကြွမှုမျိုး မြန်မာနိုင်ငံမှာလည်း ပေါ်ပေါက် လာနိုင်တယ်လို့ မြန်မာ
အစိုးရ ခေါင်းဆောင်တွေကို သတိပေး ပြောကြားခဲ့ပါတယ်။

သမ္မတရဲ့ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင်လတ် ကတော့ မြန်မာ အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရာမှာ အချိန်ယူ ဆောင်ရွက်ရမှာ ဖြစ်တဲ့
အတွက် နှေးကွေးမှု ရှိနိုင်တယ်လို့ ပြောပါတယ်။

ဒါ့ပြင် မြန်မာ့ နိုင်ငံရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ ဖော်ဆောင်မယ်ဆိုတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားရှိတဲ့ သဘောထားနဲ့ အမျိုးသား
ပြန်လည် သင့်မြတ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝင်နိုင်မှု အခန်းကဏ္ဍ၊ အမေရိကန် ဆီးနိတ် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်
အတွင်း ပြောကြားခဲ့တဲ့ သဘောထား မှတ်ချက် စတဲ့ မြန်မာ့ နိုင်ငံရေး နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်
ဒေါက်တာ နေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကနေဒါ လူ့အခွင့်အရေးဆု ရရှိပြန်

2011-06-07

ကနေဒါနိုင်ငံ Quebec ပြည်နယ်က The City of Saint-Luc လူ့ အခွင့်အရေး ဆုကို ဒီနှစ် အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
ချီးမြှင့်ပေးအပ် လိုက်ပါတယ်။
RFA

ကနေဒါနိုင်ငံ Quebec ပြည်နယ်က The City of Saint-Luc လူ့ အခွင့်အရေးဆုကို ၂၀၁၁ ခုနှစ် အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ပေးအပ်ကြောင်း City of Saint-Luc မြို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပုံ။

ကမ္ဘာနဲ့ အ၀ှမ်းက လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို ရွေးချယ် ပေးအပ်တဲ့ ဒီဆုကို မြန်မာ ပြည်သူတွေ အရေး အတွက် ကြိုးပမ်း
ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ကြောင်း Saint Luc မြို့ တော်ကောင်စီမှာ ဒီကနေ့  ကြေညာခဲ့တယ်လို့  ကနေဒါနိုင်ငံ မြန်မာ
မိတ်ဆွေများ အဖွဲ့ CFOB ရဲ့ အမှုဆောင် ညွန်ကြားရေးမှုး ဦးတင်မောင်ထူးက ပြောပါတယ်။

ဒီဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ဖို့  တရားရေး ၀န်ကြီးဟောင်း လက်ရှိ လစ်ဘရယ် ပါတီရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ ပြည်နယ် လွှတ်တော်
ကိုယ်စားလှယ် Irwin Cotler က အဆိုပြု တင်သွင်းခဲ့ကြောင်း သိရပါတယ်။

Saint Luc မြို့ တော်ဝန်က မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့ အခွင့်အရေးတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်း ၂၀ ကျော်မက ကြိုးစား ရုန်းကန်မှုတွေ ၊
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်မှာ နေအိမ် အကျယ်ချုပ် ချထားခဲ့တာတွေ ၊ တိုင်းပြည်က ထွက်ခွာသွားမယ် ဆိုရင် အကျယ်ချုပ်က
လွှတ်ပေးမယ်လို့  ကမ်းလှမ်းခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ပြီး မြန်မာ ပြည်သူတွေ အရေး အတွက် ကြံ့ကြံ့ခံ ရပ်တည် ရင်ဆိုင် ခဲ့တာတွေ ကြောင့်
အခုလို ချီးမြှင့် ပေးအပ်တာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အခုလို လူ့ အခွင့်အရေး ကိစ္စကို နှစ်ပေါင်း များစွာ အားပေးတဲ့ မြို့ တမြို့ ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ချီးမြင့်တဲ့အတွက် ကနေဒါ နိုင်ငံရောက်
မြန်မာနိုင်ငံသားများ အနေနဲ့ အားတက် ဂုဏ်ယူရပါကြောင်းလည်း ဦးတင်မောင်ထူးက ပြောပါတယ်။

ဒီဆုကို ၂၀၀၀ ခုနှစ်က စတင်ချီးမြှင့် ပေးအပ်ခဲ့တာ ဖြစ်ပြီး ဆုအတွက် ဂုဏ်ပြုပွဲကို ကနေဒါနိုင်ငံ ထူထောင်တဲ့နေ့ ဖြစ်တဲ့ ဇူလိုင်လ ၁ ရက်နေ့ မှာ ပေးအပ် ချီးမြင့်မှာ
ဖြစ်ကြောင်း သိရပါတယ်။

အရင်က ဆုချီးမြင့်ခံခဲ့ရသူ အတော်များများဟာ အမျိုးသမီးရေးတွေနဲ့  ကနေဒါ နိုင်ငံတွင်းက လူ့ အခွင့်အရေး ကိစ္စတွေ အတွက် ကြိုးပမ်းခဲ့သူတွေ ဖြစ်ကြပြီး
ဒုတိယ ကမ္ဘာစစ် အတွင်း ဂျာမဏီနိုင်ငံမှာ ဂျူးလူမျိုးတွေ အသတ်ခံရစဉ်က လူ ၁ သိန်းခန့် ကို ကယ်ထုတ်ခဲ့တဲ့ ဆွီဒင်သံတမန် တစ်ဦး လည်း ဒီဆုချီးမြင့်
ခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အစိုးရကို ကြိုတင်အသိပေးမည်

2011-06-07

မကြာမီ စတင်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေး အစီအစဉ်အတွက် အာဏာပိုင်တွေကို ကြိုတင် အသိပေးဖို့  ရည်ရွယ်ထားကြောင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးက RFA ကို ပြောပါတယ်။

(Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာလ စည်းရုံးရေးခရီးစဉ်တခုအတွင်း မိန့်ခွန်းပြောကြားစဉ် တက်ရောက်လာသော လူထု တစိတ်တဒေသကို


တွေ့မြင်ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

"လုံခြုံရေး အစီအစဉ်တို့ ဘာတို့ကို တတ်နိုင်သမျှ ကြိုးစား ညှိနှိုင်းပြီးတော့ သွားမယ်လို့ ကျတော်တို့ စိတ်ကူးထားပါတယ်။ အခုအချိန်အထိတော့ ဘယ်ကိုသွားမယ်
ဆိုတာ ပြောတာဆိုတာ မရှိသေးပါဘူး။'

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် တိတိကျကျ မသတ်မှတ်ရသေးပေမဲ့ ဘယ်ဒေသ ဘယ်အချိန် ဘယ်နေ့ ဘယ်ရက်တွေမှာ သွားလာမယ်ဆိုတာ ကြိုတင်
အကြောင်းကြားမှာ ဖြစ်ကြောင်း အာဏာပိုင်တွေအနေနဲ့လည်း အလေးထား ဆောင်ရွက်လိမ့်မယ်လို့  မျှော်လင့်ကြောင်း ဦးတင်ဦးက ပြောပါတယ်။

ခရီးစဉ်ကို အခု ဇွန်လ 19 ရက်နေ့ မှာ ကျရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အပြီး စတင်နိုင်ဖွယ်ရှိတယ်လို့  သတင်းတွေ ထွက်ပေါ်ခဲ့သလို ခရီးစဉ်
လုံခြုံရေးအတွက် လူငယ် ကွန်ယက်အဖွဲ့ ဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေက စီစဉ် ဆောင်ရွက် နေကြောင်းလည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် လုံခြုံရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးကို ဒေါ်ခင်ခင်အိ က
ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

http://www.rfa.org/burmese

ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုး

Posted by admin on June 7, 2011 0 Comment

Metteur_Dreamstime.com

ဘောဂဗေဒပညာရှင်တွေက ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့် (Dimensions) များစွာကို ခွဲခြားသတ်မှတ်ပြီး၊ ဒီရှု ထောင့်တွေနဲ့ ကျားမကွဲပြားမှု (gender)၊
သဘာဝပတ်ဝန်းကျင် (environment) တို့အကြားက ဆက်နွယ်မှုတွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်မျိုးစုံကို စီးပွားရေးစွမ်းရည်
(economic capabilities)၊ လူသားစွမ်းရည် (human capabilities)၊ နိုင်ငံရေးစွမ်းရည် (political capabilities)၊ လူမ-ှု ယဉ်ကျေးမှုစွမ်းရည် (socio-cultural
capabilities) နဲ့ ကာကွယ် စောင့်ရှောက်ရေးစွမ်းရည် (protective capabilities) ဆိုပြီး ငါးမျိုး ခွဲခြား သတ်မှတ်ကြပါတယ်။

စီးပွားရေးစွမ်းရည် ဆိုတာ ၀င်ငွေရရှိမှု၊ စားသုံးမှုနဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု စတာတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်နဲ့ သက် ဆိုင်ပါတယ်။ လူသားတွေဆီမှာ
စီးပွားရေးစွမ်းရည်တွေရှိခြင်းဟာ အစားအစာ ဖူလုံရေး၊ ရုပ်ဝတ္ထုပစ္စည်း တိုးပွားရေးနဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေး တို့အတွက် အဓိကကျပါတယ်။
ဆင်းရဲနွမ်းပါးသူတွေဟာ ဘဏ္ဍာရေးအရင်းအမြစ် (ချေးငွေရရှိသုံးစွဲနိုင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း စသည်များ) နဲ့ သဘာဝသယံဇာတ အရင်းအမြစ်
(မြေယာ၊ သစ်တော၊ ရေချိုရေငန် ငါးဖမ်းမှု စသည်များ) ကို အသုံးပြုနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာမှသာ ဆင်းရဲတွင်းကနေ လွတ်မြောက် လာနိုင်မှာ ဖြစ်ပါတယ်။

လူသားစွမ်းရည် ဆိုတာကတော့ ကျန်းမာရေး၊ ပညာရေး၊ အာဟာရပြည့်ဝရေး၊ သန့်ရှင်းသော ရေနဲ့ အမိုးအကာ ရရှိရေး စတာတွေနဲ့ သက်ဆိုင်ပါတယ်။
ဒီအရာတွေဟာ လူသားတွေရဲ့ ဘ၀ တိုးတက်မြင့်မားရေးအတွက် အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ရောဂါဘယနဲ့ စာတတ်မြောက်မှု မရှိခြင်းဟာ ထုတ်လုပ်မှု
လုပ်အားကို ကျဆင်းစေနိုင်ပြီး၊ စီး ပွားရေးစွမ်းရည်နဲ့ အခြားစွမ်းရည်များကို ထိခိုက်စေနိုင်ပါတယ်။ လူသားတွေဆီမှာ စာအရေးအဖတ်စွမ်းရည်တွေရှိခြင်း အားဖြင့်
အများနဲ့ ဆက်ဆံရေးကို တိုးတက်စေပြီး၊ လူမှုရေးပါဝင်ပတ်သက်မှုနဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍ ကို မြှင့်တင်ပေးနိုင်ပါတယ်။ ပညာရေး (အထူးသဖြင့်
အမျိုးသမီးများရဲ့ ပညာရေး) အဆင့်အတန်း မြင့်မားလာမှုဟာ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပြန့်ပွားမှု တိုက်ဖျက်ရေး၊ သားဆက်ခြားရေး စတဲ့ ဖွံ့ဖြိုးတိုးတက်ရေး
စီမံချက်တွေ ထိရောက်ရေးကို အထောက်အကူပြုတဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် အသုံးဝင်လှပါတယ်။

နိုင်ငံရေးစွမ်းရည် ဆိုတာမှာတော့ လူ့အခွင့်အရေး၊ နိုင်ငံရေးလွတ်လပ်ခွင့် စတာတွေနဲ့ ပတ်သက်ပါတယ်။ အခြေခံ နိုင်ငံရေးလွတ်လပ်ခွင့်များကို


နိုင်ငံတော်အစိုးရက ချိုးဖောက်ခြင်းဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်ရခြင်းရဲ့ အဓိကအကြောင်း ရင်း တခုပဲ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့
အုပ်ချုပ်ရေးတာဝန်ရှိသူတွေက မတရားမှုတွေ၊ လူအခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်ခြင်းဟာ အများပြည်သူတွေရဲ့ အကြောက်တရားကို တိုးမြင့်စေပြီး၊
လူ့ဂုဏ်သိက္ခာနဲ့ မိမိကိုယ် ကို ယုံကြည်ချက်ကို ထိခိုက်ကျဆင်းစေပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်မှုဟာ အခြားလူမှုရေး စွမ်းရည်၊ ကာကွယ် စောင့်
ရှောက်ရေးစွမ်းရည်တွေ အပေါ်မှာပါ ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

လူမ-ှု ယဉ်ကျေးမှုစွမ်းရည်တွေကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ တန်ဖိုးရှိတဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ပတ်သက်နိုင်တဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။ ဒီစွမ်းရည်တွေမှာ


လူမှုအဆင့်အတန်း၊ လူ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအ လိုက် တန်ဖိုးထားတဲ့ စံချိန်စံညွှန်းတွေ ပါဝင်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ဆိုင်ရာ
လေ့လာဆန်းစစ်ချက်များအရ ပထ၀ီဝင် အနေအထား အားနည်းချက်တွေနဲ့ လူမှုအသိုင်းအ၀ိုင်းမှ ဖယ်ရှားခံထားရခြင်းဟာ ဆင်းရဲနွမ်းပါးမှု ဖြစ်စေနိုင်တဲ့ အ
ကြောင်းတရားတွေ ဖြစ်ပါတယ်။

ကာကွယ်စောင့်ရှောက်ရေး စွမ်းရည်တွေကတော့ စီးပွားရေးနဲ့ အခြား external shocks များကို လူသားတွေက ခံနိုင် ရည်ရှိရှိ တောင့်ခံနိုင်တဲ့ စွမ်းရည်တွေ
ဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်ရေး စွမ်းရည်တွေဟာ ဆင်းရဲနွမ်းပါးမှုကို ကာကွယ်ရေးအတွက် အရေးကြီးပါတယ်။ လုံခြုံမှုမရှိခြင်းဟာ ဆင်းရဲနွမ်းပါးမှု
လျှော့ချနိုင်ရေးကို အတားအဆီး ဖြစ်စေ ပါတယ်။ ဆင်းရဲနွမ်းပါးသူတွေအတွက် ငတ်မွတ်ခေါင်းပါးမှု၊ စားဝတ်နေရေးမပြေလည်မှု၊ မှုခင်းထူပြောမှု၊ စစ်မက်ဖြစ် ပွားမှု
စတာတွေဟာ စိုးရိမ်ပူပန်စရာ အခြေအနေတွေပဲ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ၊ စီးပွားပျက်ကပ်တွေ နဲ့ ပဋိပက္ခတွေကြောင့် လူအများက
ဆင်းရဲတွင်းထဲကို ကျသွားလိုက်၊ ပြန်တက်ရန် ကြိုးစားလိုက်နဲ့ သံသရာလည်ရင်း ရုန်းကန်လှုပ်ရှားနေကြရပါတယ်။

ကွဲပြားခြားနားတဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်တွေဟာ တခုနဲ့တခု အပြန်အလှန် ဆက်စပ်နေ ကြသလို ကျားမ ကွဲပြားမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
စသည်တို့နဲ့လဲ ဆက်နွယ်နေပါတယ်။ ကျားမတန်းတူညီမျှရေးဟာ ဆင်းရဲနွမ်းပါးမှုကို လျော့နည်းစေနိုင်ပြီး၊ သဘောဝပတ်ဝန်းကျင်ရေးရာ အချက်တွေကလဲ
ကျားမဆက်ဆံရေးအပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။ ကျားမတန်းတူညီမျှရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဟာ
ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီး ရည်မှန်းချက်ပန်းတိုင်တွေလဲ ဖြစ်ပါတယ်။
ကျားမ တန်းတူညီမျှခြင်းမရှိမှု (Gender inequality) ဟာ ဆင်းရဲနွမ်းပါးမှု ရှုထောင့်မျိုးစုံနဲ့ သက်ဆိုင်ပါတယ်။ အချို့ သော လူ့အဖွဲ့အစည်းတွေရဲ့ အစဉ်အလာ
ဓလေ့ထုံးစံတွေမှာ အမျိုးသားတွေကို ပိုပြီး ဦးစားပေးမှုနဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေ အမြစ်တွယ်နေ တတ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော
အကြောင်းတရားတွေဟာ အမျိုး သားတွေနဲ့ အမျိုးသမီးတွေကို ကွဲပြားစွာ သက်ရောက်မှု ရှိစေပြီး၊ အမျိုးသမီးတွေ အပေါ်မှာ ပိုမို ထိခိုက်စေပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေရဲ့ စားသောက်ကုန်၊ လူသုံးကုန်သုံးစွဲနိုင်မှု အချိုးအစားဟာ အမျိုးသမီးတွေ အတွက် ပိုမိုလျော့နည်းပါတယ်။ ဓလေ့ထုံးစံအရ
စားသောက်ဖွယ်ရာတွေကို အမျိုးသားကို ပိုမိုဦးစားပေးတာ၊ သမီးမိန်းကလေး ကို ကျောင်းနှုတ်ပြီး သားယောက်ျားလေးကို ကျောင်းဆက်ထားတာတွေလဲ
ရှိတတ်ပါတယ်။

အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်အမျိုးသားတွေ၊ ဖခင်တွေ၊ အစ်က-ို မောင်တွေရဲ့ ဆင်းရဲနွမ်းပါးမှု နောက်ဆက်တွဲ အိမ်တွင်းအကြမ်းဖက်မှု


သားကောင်ဘ၀ကိုလဲ အလွယ်တကူ ကျရောက်တတ် ပါသေးတယ်။ အချို့လူ့အဖွဲ့အစည်း တွေမှာဆိုရင် အမျိုးသမီးတွေရဲ့ စာတတ်မြောက်မှု ရာခိုင်နှုန်းက
အမျိုးသားတွေထက် ပိုမိုနည်းပါးပြီး၊ နိုင်ငံရေးအရ၊ လူမှုရေးအရ နှိမ့်ချဆက်ဆံ ခံရတာတွေလဲ ရှိပါတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို
ကျော် လွှားနိုင်သော စွမ်းရည်တွေဟာ အမျိုးသားတွေထက် ပိုမိုနည်းပါးလေ့ရှိတာကြောင့် ဆင်းရဲနွမ်းပါးမှုရဲ့ ဆိုးကျိုးတွေကို အမျိုးသမီးတွေက
ပိုမိုခံရလေ့ရှိပါတယ်။

တကယ်တော့ အမျိုးသမီးတွေဟာ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေရဲ့ အသက်ရှင်ရပ်တည် နေထိုင်ရေးနဲ့ အခြေခံ လူသားစွမ်းရည် တိုးမြင့်လာရေးတို့အတွက်


အရေးပါသူများ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ၀င်ငွေရရှိနိုင်မှု အခွင့်အ လမ်းတွေ နည်းပါးခြင်းဟာ မိသားစုဝင်ငွေကို နည်းပါးစေသလို၊ တိုင်းပြည်ရဲ့
စီးပွားရေးတိုးတက်မှုကိုလဲ ထိခိုက်စေနိုင် ပါတယ်။ တိုင်းပြည်ရဲ့ လူ့စွမ်းအားတွေကို အပြည့်အ၀ အသုံးချနိုင်မှု လျော့ကျစေပါတယ်။ ဒါကြောင့် ကျားမ တန်းတူ
ညီမျှခြင်း မရှိမှုဟာ အမျိုးသမီးတွေရဲ့ ဆင်းရဲနွမ်းပါးမှုအပြင်၊ တိုင်းပြည်တခုလုံးရဲ့ ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေတဲ့ အ ကြောင်းတရားတခုပဲ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာတွေကလဲ ဆင်းရဲနွမ်းပါးမှုနဲ့ ဆက်နွယ်နေပါတယ်။ သဘာဝသယံဇာတ အရင်းအမြစ်များ ကို ထိထိရောက်ရောက်သုံးစွဲနိုင်ရေးဟာ


ဆင်းရဲနွမ်းပါးတဲ့ မိသားစုများရဲ့ အသက်ရှင် ရပ်တည်ရေးကို သက်ရောက်မှု ရှိစေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ
အန္တရာယ်တွေကလဲ လူသားတွေအပေါ် ကျ ရောက်စေတတ်ပါတယ်။ ကျေးလက်ဒေသတွေမှာ မြေဆီလွှာ ခြောက်ခန်းမှု၊ သစ်တောပြုန်းတီးမှုနဲ့ သားငါးရှားပါးမှု
တွေဟာ လူသားတွေရဲ့ အသက်ရှင် ရပ်တည်ရေးကို တစထက်တစ ခြိမ်းချောက်လာပါတယ်။

သန့်ရှင်းသောရေ မရရှိမှုကြောင့်လဲ ၀မ်းပျက်ဝမ်းလျှောရောဂါဆိုးတွေ ကျရောက်စေနိုင်ပါတယ်။ စိုက်ပျိုးထွန်ယက်ရေး အတွက် ကောင်းမွန်တဲ့ လယ်ယာမြေနဲ့


သန့်ရှင်းသောရေ ရရှိရေးဟာ လူမှုရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ဒေသ တွင်း ပဋိပက္ခတွေကိုပါ ဖြစ်ပွားစေတတ်တဲ့အတွက် သဘာဝ အရင်းအမြစ်တွေကို
ရေရှည်ခံအောင် စနစ်တကျ အသုံး ပြုနိုင်မယ့် နည်းလမ်းတွေကို အမျိုးသားရေး လုပ်ငန်းဆောင်တာတွေအနေနဲ့ ပညာပေးဖြန့်ဖြူးဖို့ လိုအပ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုးတွေဖြစ်တဲ့ ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်ခြင်း စတာတွေကလဲ ဆင်းရဲနွမ်းပါးမှုကို


ဖြစ်ပွားစေတတ်တဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံ တွေမှာ ဒီလိုသဘာဝ ဘေးအန္တရာယ်ဆိုးတွေ ဖြစ်ပွားလာခဲ့ ပိုပြီး ဆုံးရှုံးမှု
များတတ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းဆောင်တာများကို မကျွမ်းကျင်မှု၊ ကယ်ဆယ်ရေး ထောက်ကူကိရိယာများနဲ့ လူ့စွမ်းအား မလုံလောက်မှု၊ နိုင်
ငံရေးမတည်ငြိမ်မှု၊ လာဘ်စားမှု၊ အလွဲသုံးစားပြုမှု စတာတွေဟာ လူအများကို ဆင်းရဲတွင်းထဲကို နက်သထက်နက် အောင် တွန်းပို့ပေးတတ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ဆင်းရဲနွမ်းပါးမှုဆိုတာ စီမံကိန်းတွေကို သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက ချမှတ် အကောင်အထည် ဖော်ဆောင်ရုံနဲ့တင် တိုက်ဖျက်နိုင်တဲ့


အရာမဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးမှုကို အန်တုနိုင်ဖို့အတွက် စီးပွားရေးစွမ်းရည်၊ နိုင်ငံရေးစွမ်းရည်၊ လူမှု-ယဉ်ကျေးမှုစွမ်းရည်၊ လူသားစွမ်းရည်နဲ့
ကာကွယ်စောင့်ရှောက်ရေး စွမ်းရည် စတဲ့ ရှုထောင့်စုံ စွမ်းရည်တွေ လူ့အဖွဲ့အစည်းမှာ ရှင်သန်ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ဒါတင်မကပဲ ကျားမ တန်းတူညီမျှမှုနဲ့
သဘာ ၀ပတ်ဝန်းကျင်ကို စည်းကမ်းနည်းလမ်းတကျ အသုံးပြုနိုင်မှုဟာလဲ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် အရေးကြီး လှပါကြောင်း
ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၆၊ ၆၊ ၂၀၁၁)

ရွေးကောက်ပွဲ တရားမ၀င်ကြောင်းကြေညာတဲ့ အမှုကို ဗဟိုတရားရုံးချုပ်က ပယ်ချ

Posted by admin on June 7, 2011 0 Comment

ဇူလိုင်လ ၃ရက်နေ့ မဲပေးပွဲကို စည်းရုံးလုပ်ပိုင်ခွင့် ရှိမရှိ မေးမြန်းတဲ့ အမှုကို ဖယ်ရှားဖို့အတွက် ဗဟိုတရားရုံးချုပ်က သူ့ရဲ့ တရားစီရင်ပိုင်ခွင့်မရှိတာကို
အကြောင်းပြချက်အနေနဲ့ ကိုးကားပြောဆိုလိုက်ပါတယ်။

အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဘုရင့်အမိန့်ဒီကရီကို ရွေးကောက်ပွဲကော်မရှင်နဲ့ဝန်ကြီးချုပ်က မတရား အတည်ပြုပြဋ္ဌာန်ခဲ့တာဖြစ်တယ်။ လို့


စစ်တပ်အရာရှိ ဗိုလ်ချုပ်နာဖိုးလ်ခေါ့ခယော့နဲ့တက်ကြွလှုပ်ရှားသူဆုမ်ခစ်ဟုမ်နေး တို့က ပူးတွဲတရားလို အနေနဲ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ၀န်ကြီးချုပ်က
ရွေးကောက်ပွဲအစီအစဉ်တွေကို ၀င်စွက် ဖက်တယ်။ ရွေကောက်ပွဲကော်မရှင်က ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထ် အပါအ၀င် တားမြစ်ထားတဲ့ပါတီ အမှု
ဆောင်တွေကို မဲဆွယ်စည်းရုံးရေးတွေမှာ မပါရေး တားမြစ်ဖို့ ပျက်ကွက်တယ်။ ဆိုပြီး ပူးတွဲ တရားလို ၂ဦးက ပြောဆို ပါတယ်။

လာမယ့်မဲပေးပွဲမှာ တရားမ၀င်ကြောင်းကြေညာဖို့ တရားစီရင်ရေးဆိုင်ရာ စီရင်ချက်ချဖို့ ဇွန်လ ၁ရက်နေ့က ဒီအမှုကို စွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ
ဌာနအနေနဲ့ ဒီအမိန့်ဒီကရီပြဋ္ဌာန်းချက်အပေါ် စီရင်ပိုင်ခွင့်မရှိပါဘူး။ လို့ ဗဟို တရားရုံးချုပ်က စီရင်ချက်ချခဲ့ပါတယ်။

ဇွန် ၇၊ ၂၀၁၁ (The Nation)

အီးဂရက် (သို့မဟုတ)် အသားကို ဖေါက်တဲ့ လောက်

Posted by admin on June 7, 2011 2 Comments

အီဂရက် နေ၀င်းမောင်ရဲ့ ဆရာ ဟောင်ကောင်တက္ကသိုလ်က ပါမောက္ခ ကျော်ရင်လှိုင် ဆိုသူဟာ ဒီချုပ်ရုံးမှာ လူငယ် တွေကို P S နဲ့ ပါတ်သက်ပြီး
သင်တန်းပြုလုပ်ရန် စီစဉ်နေပါပြီ။ သူသင်တန်းပြုလုပ်နိုင်ရန် နေ၀င်းမောင်က ဒေါ်အောင် ဆန်းစုကြည် ကို အကြိမ်ကြိမ် မေတ္တာရပ်ခံထားပါတယ်လို့ သိရပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုလိုက် ပါတယ်။ ဇွန်လ ၂၀/၂၁ ရက်တွေမှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်လို့ သိရပါတယ်။

ပြဿနာက ကျော်ရင်လှိုင်ဟာ စစ်အုပ်စုလူ နေ၀င်းမောင် ရဲ့ ဆရာဖြစ်နေပြီး အီဂရက်ဟာ ၂၀၀၈ နဲ့ ၂၀၁၀ တွေမှာ လော်ဘီ လုပ်ခဲ့တာတွေကြောင့်
အတိုက်ခံအင်အားစုတွေနဲ့ တက်ကြွလှုပ်ရှားဆောင်ရွက်နေတဲ့ ကျောင်းသား လူငယ် တွေက သူတို့ကို လတ်မခံပါ။ ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြုချက်နဲ့
လုပ်တာဆိုပြီး သူတို့က အသံလွှင့်နေပါတယ်။ အဲဒီအပေါ် လူငယ် အင်အားစုတွေက မကျေမနပ် ဖြစ်နေကြပြီး ဒီချုပ်လူကြီးတွေကတော့
ရေငုံနှုတ်ပိတ်ထားပါတယ်။ ပြဿနာဟာ ပိုမိုကြီးမားလာနိုင်ပြီး အကွဲအပြဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ နေ၀င်းမောင် အီဂရစ်နဲ့ အစိုးရရဲ့ မဟာ ဗျူဟာ
ဆိုတာကတော့ မြေကြီးလက်ခတ် မလွဲပါ။ ဒီပြသနာကို အချိန်မီတာနိုင်ရန်အတွက် အရေးတကြီးလိုအပ်နေပါ တယ်။

အရင်းမြစ်ကို မသိသူ လူငယ်၊ လူကြီးများ ပါဝင်ပတ်သက်နေပါတယ်။ နေ၀င်းမောင်၊ ဖုန်းဝင်း၊ တင်မောင်သန်း၊ ဟန် ညောင်ရွှေ တို့ဟာ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်လာပြီးနောက်ပိုင်း ဟန်ချက်ညီညီ လှုပ်ရှားလာနေပါတယ်။ သူတို့ဟာ ဒီချုပ်ကို ထိုးဖေါက်ဝင်ရောက် ဖြိုခွဲမယ့်သူများဖြစ်ပြီး လက်ရှိအစိုးရရဲ့
ကျောထောင်နောက်ခံပြုမှုကို အခိုင် အမာ ရရှိထားသူတွေဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။ အတိုက်ခံအင်အားစုများအနေနဲ့ လက်ရှိလုပ်ရပ်နဲ့ ပတ် သက်ပြီး
NLD အပေါ် နားမလည်နိုင်သလို ထောက်ခံယုံကြည်မှု အားနည်းလာနေကြပါတယ်။
မကြာမီကမှ ပြန်လွတ်လာသော ဗကသ အဖွဲ့ချုပ်ဝင် ကျောင်းသားလူငယ်တဦးအနေဖြင့် ပြောကြားရာတွင် (ကျနော် ထောင်ထဲမှာ ဒီလောက်နှစ်အကြာကြီး
နေလာတာ စိတ်ဓါတ်မကျဘူးဗျာ အခုလိုမျိုးတွေ ကြားရသိရတော့ စိတ်ဓါတ် ကျတယ်။ နောက် အမေ လုပ်နေတာတွေကို ကျနော်တို့ နားမလည်နိုင်တော့ဘူး။
အီဂရစ်က လူတွေကိုမှ သင်တန်း ပို့ချခိုင်းရလားဗျာ။ ဒီလောက်တောင် သင်တန်းဆရာ ရှားနေလား၊ ကျနော်တို့မှာက အစိုးရ ဒလန်တွေကိုတိုက်ရ၊ အာ
ဏာရှင်ကိုလည်း တိုက်ရ၊ ဒီကြားထဲ ဒီလူတွေကို အမေက သုံးတယ်ဆိုတော့ ခတ်တယ်၊ မဟာမိတ်လုပ်ချင်နေမှတော့ လက်ရှိ စစ်အုပ်စုနဲ့ပဲ လုပ်လိုက်တာကမှ
ပိုကောင်းမယ်ထင်တယ် စိတ်တော်တော်ပျက်နေပြီဗျာ) ဟု ပြောပါတယ်။ အ ထက်ပါကိစ္စနဲ့ ပါတ်သက်ပြီး ပြည်တွင်းအတိုက်ခံ လူငယ်များအကြား
သဘောထားတင်းမာမှုများ ပေါ်ပေါက်နေ ကြောင်း တင်ပြလိုက်ရပါတယ်။

သင့် ပါးစပ်ထဲသို့ဝင်သော အဆိပ်သည် သင့်ကိုသာ သေစေနိုင်ပြီး၊ နားထဲသို့ ၀င်သော အဆိပ်သည် လူပေါင်းများ စွာကို သေစေနိုင်သည်။

ရန်ကုန်တိုင်း ကျောင်းသားလူငယ်တဦး

ဇွန် (၆) မြင်ကွင်း ရင်တွင်းမှတ်တမ်း

Posted by admin on June 6, 2011 0 Comment

photo by ... ရှင်ငြိမ်းမယ်

ဗမာပြည် အလုပ်သမား လူတန်းစားဟာ၊ ခေတ်မီ အလုပ်သမားလူတန်းစားအဖြစ် စတင်ဖြစ်တည်လာစဉ်ကတည်းက၊ အလုပ် သမားလူတန်းစားရဲ့ သူရသတ္တိကို


ပြသခဲ့တယ်။ နိုင်ငံရေးနိုးကြားမှုကို ပြသခဲ့ပါတယ်။

နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်မှာ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ နဲ့ ပြသခဲ့တယ်။ စက္ကူဖြူ စီမံကိန်းနဲ့ ကက်စဘီ အုပ် ချုပ်ရေးခေတ် တလျောက်မှာလဲ၊
ဘီအိုစီအလုပ်သမားသပိတ်၊ ဒလသင်္ဘောကျင်းသပိတ်၊ အလုံသစ်စက်သပိတ် စတဲ့ သပိတ် တိုက်ပွဲတွေနဲ့ အင်္ဂလိပ်ကိုလိုနီ အစိုးရကို ဆန့်ကျင်ရင်း၊ ‘၁၉၄၆ ခုနှစ်
အထွေထွေသပိတ်ကြီး’ဆီအထိ ဦးတည်ခေါင်းဆောင် လှုပ်ရှားနိုင်ခဲ့ပါတယ်။

မဆလ ခေတ်ကို ရောက်တော့လဲ၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ မဆလတပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဆင် ခဲ့ပါတယ်။


ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ၊ ဘယ်တော့မှ ဖျောက်ကွယ်ချန်လှပ်ထားလို့မရနိုင်တဲ့ အလုပ်သမား တိုက် ပွဲတခုကတော့၊ ၁၉၇၄ ခုနှစ် ဇွန် (၆) ရက်
အလုပ်သမားသပိတ်ကြီးပဲ ဖြစ်ပါတယ်။

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’ လို့ မော်ကွန်းထိုးထားရမယ့် အလုပ်သမားသပိတ် တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။

ဒီ သပိတ်ကြီးကို မဆလစစ်အာဏာရှင်တွေဟာ ထုံးစံအတိုင်း အကြမ်းဖက်ဖြိုခွဲပြီး၊ နှိပ်ကွပ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် သွေးမြေ ကျရမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဇွန် (၆)
ရက်နေ့မှာပဲ ပထမဆုံးသွေးမြေ ကျခဲ့ရတဲ့နေရာကတော့၊ ရန်ကုန် သမိုင်းချည်စက်ရှေ့ မှာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အဖြစ်အပျက်ကို ကိုယ်တွေ့
တွေ့ကြုံခဲ့ဖူးသူတယောက်အနေနဲ့ မြင်ရာ ဒေါင့်ကနေ လေးလေး နက်နက် မှတ်တမ်းတင် ဖေါ်ပြပါရစေ …

၁၉၇၄ ခုနှစ် ဇွန်လ (၆)ရက် …

မနက်မိုးလင်းလို့ စက်ရုံအလုပ်သမားကြီးတွေ အလုပ်ဆိုင်းအလိုက် အလုပ်ဝင်ကြချိန်သာသာလောက်မှာပဲ၊ ရန်ကုန် အင်းစိန် လမ်းမကြီးတလျောက်


ကြွေးကြော်သံတွေ ပျံ့နှံ့ဝေစည် လာပါတယ်။

ဒို့အရေး – ဒို့အရေး …

ဆိုတဲ့ကြွေးကြော်သံတွေဟာ ပထမတော့ ခပ်ပါးပါး ခပ်သဲ့သဲ့လေးပါ ။ နောက်တော့ တစထက်တစ …

‘ ဆန်လုံလောက်စွာ ရရှိရေး – ဒို့အရေး ဒို့အရေး …’

‘ လုပ်ခွင်သက်သာချောင်ချိရေး – ဒို့အရေး ဒို့အရေး …’

‘ ကုန်ဈေးနှုန်း ကျဆင်းရေး – ဒို့အရေး ဒို့အရေး…’

‘ အလုပ်သမားကောင်စီ – ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’

ကြွေးကြော်သံတွေဟာ မုတ်သုန်အကြို မိုးသက်လေနဲ့အတူ လမ်းမကြီးတွေပေါ် ရပ်ကွက်တွေပေါ် ဝဲပျံလွင့်စင်နေပါ တယ်။

ကျနော်ဟာ အင်းစိန်မီးရထားစက်ခေါင်းရုံဖက်ဆီ ပြေးကြည့်မိပါတယ်။ အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေဟာ မိုးလုံးညံ အောင် ထွက်ပေါ်လာနေပါတယ်။


အဲဒီကနေ အင်းစိန်လမ်းမကြီးပေါ် ပြန်တက်လာ၊ အင်းစိန်လမ်းမကြီးတလျောက်အတိုင်း ကုန်ကြောင်းလျှောက်ပြီး ပြန်လာတော့၊ ခဝဲခြံမှတ်တိုင်ရှေ့တည့်တည့်က ၅
သုံးလုံး ရာဘာဖိနပ် စက်ရုံကြီးအတွင်းမှာလဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဒီစက်ရုံထဲမှာ ကျနော့် မိတ်ဆွေရင်းချာ အလုပ်သမားတချို့ ရှိနေတဲ့အတွက်
ခဏရပ်ကြည့် လိုက်မိပါတယ်။ မကြာခင် ကြွေးကြော်သံတွေ ထွက်လာပါတယ်။ ဆက်ပြီးထွက်လာတော သမိုင်းလမ်းဆုံက ဓါတု (၄) ၊ ဓါတု (၆) စက်ရုံတွေက
ကြွေးကြော်သံတွေဟာလဲ ရှေ့ဆင့်နောက်ဆင့်ထွက်လာတာ ကြားရ ပြန်ပါတယ်။ ရှေ့ဆက်တက်လာ တော့ ‘သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ ’။

‘ ဆန်လုံလောက်စွာ ရရှိရေး – ဒို့အရေး ဒို့အရေး ’


‘ လုပ်ခွင်သက်သာချောင်ချိရေး – ဒို့အရေး ဒို့အရေး ’

‘ ကုန်ဈေးနှုန်းကျဆင်းရေး – ဒို့အရေး ဒို့အရေး ’

‘ အလုပ်သမားကောင်စီ – ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’

ကြွေးကြော်သံတွေဟာ စက်ရုံတွေအတွင်းကနေ ညီညီညာညာထွက်ပေါ်လာနေပါတယ်။ ပထမတော့ အတွင်းပိုင်း စက်ရုံတွေ အတွင်းကနေပဲ


ထွက်ပေါ်လာနေတာပါ။

သမိုင်းချည်မျှင်နှင့်အထည်စက်ရုံကြီးရဲ့ တည်ဆောက်ထားပုံက၊ လမ်းမကြီးဖက် (ဆိုင်းဘုတ်ကြီးထူထားတဲ့ဖက်) မြေကွက် လပ်ကျယ်ကြီးပေါ်မှာ၊ ဂိတ်ပေါက်


သံတံခါးကြီးနဲ့အနီးမှာ တထပ်တိုက်အဆောက်အဦရှည်ကြီးတခု ရှိပါတယ်။ အဲဒီအ ဆောက်အဦမှာ ရုံးခန်းနဲ့ ငွေစာရင်းဌာနတို့ ဆိုတာတွေ ရှိပါတယ်။
တဆက်တည်းမှာ အလုပ်သမားကောင်စီ လို့ ဆိုင်းဘုတ် တပ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ အလုပ်သမားမင်းသားများရဲ့
အခန်းရှိပါတယ်။ အဲဒါတွေ ပြီးတဲ့နောက်၊ သံတံခါးနဲ့ ထပ်ပြီးခြားထားတဲ့ ဝန်းပြင်ကျယ်ကြီးပေါ်မှာ ချည်မျှင်နဲ့အထည်စက်ရုံတွေ သူ့ရုံနဲ့သူ အစီအရီ တန်း စီ
တည်ရှိနေပါတယ်။ ပထမဆုံး ကြွေးကြော်သံတွေ တိုင်နေ ထွက်နေတဲ့နေရာက အဲဒီအတွင်းစက်ရုံတွေအတွင်းကပါ။ နောက် မကြာမီမှာပဲ အထဲက
သပိတ်ခေါင်းဆောင်တချို့ ထွက်လာပြီး၊ လမ်းမကြီးဘေးက ဂိတ်ပေါက်ဝကြီးဆီ ရောက်လာ တာ တွေ့ရပါတယ်။

ဂိတ်ဝသံတံခါးဘေးမှာ စားပွဲခုံတလုံးကို ချလိုက်ပြီး၊ စားပွဲပေါ်တက်ပြီး မတ်တပ်ရပ်ကာ သပိတ်တရားကို ဟောကြပါတယ်။

အလုပ်သမားထုတရပ်လုံး အလုပ်လုပ်နေကြရင်းက ထမင်းငတ်နေရတဲ့အကြောင်း၊ ဒါကြောင့် ဆန်လုံလောက်စွာ ရရှိဖို့ တောင်းဆိုနေရတာဖြစ်ကြောင်း၊


အလုပ်ခွင်ထဲမှာလဲ အာမခံချက်မဲ့လှတဲ့အခြေအနေကြောင့် လုပ်ခွင်သက်သာချောင်ချိရေး ကို ဖန်တီးပေးဖို့ တောင်းဆိုနေရတာဖြစ်သလို၊ လမ်းစဉ်ပါတီရဲ့
ဦးဆောင်မှု ဆိုတာနဲ့အတူ စက်ရုံအလုပ်ရုံတွေထဲမှာလဲ အလုပ်သမားကောင်စီဆိုတာတွေ ပေါ်လာပြီး၊ ဒီအလုပ်သမားကောင်စီတွေဟာ အလုပ်သမားတွေအတွက်
ဘာမှလုပ်မပေး တဲ့အပြင် ဖိနှိပ်ဒုက္ခပေး ဗိုလ်ကျနေတဲ့အဖွဲ့အစည်းတရပ်အဖြစ်ပဲ လက်တွေ့ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့်
ဒီအလုပ်သမားကောင်စီဆိုတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြရတာဖြစ်ကြောင်း ဟောကြ ပြောကြ ရှင်းပြကြပါ တယ်။

လက်တွေ့ ဘဝထဲကလာတဲ့၊ လက်တွေ့ခံစားနေရတဲ့ အကျပ်အတည်းတွေကြောင့်၊ လက်တွေ့လိုအပ်ချက်အစစ်အမှန်ကို ရရှိ ရေးအတွက်


တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကြွေးကြော်သံတွေဟာ အင်မတန်မှ တရား မျှတပြီး အင်မတန်မှ ကြောင်းကျိုးကျတဲ့
တောင်းဆိုချက်တွေလဲ ဖြစ်နေပါတယ်။

ကျနော်အပါအဝင်၊ ရပ်ကွက်တွေထဲက လာရောက်နားထောင်ကြသူ၊ ကြည့်ကြရှု့ကြ အားပေးကြသူတွေလဲ တဖြည်းဖြည်း များလာပါတယ်။ တချို့ကလဲ


သပိတ်မှောက်နေတဲ့ ဒီစက်ရုံထဲမှာ ကိုယ့်မိ ကိုယ့်ဖ ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတွေပါ ပါနေလို့ အခြေအနေလာကြည့်ကြသူမျိုးတွေလဲ ပါနေပါတယ်။

ဂိတ်ဝအတွင်းဖက် သံတံခါးကြီးဘေးမှာ တောင်းကြီးတလုံးကို ကပ်ချထားပြီး၊ သပိတ်ကို သပိတ်မှောက်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားကြီးတွေကို


အစာရေစာအဖြစ် လှူဒါန်းကူညီနိုင်ဖို့ မေတ္တာရပ်ခံစီစဉ်ထားတဲ့အတွက်၊ ဆေးလိပ်၊ ထမင်းထုပ်၊ မုန့်ပဲသရေစာတွေ လာရောက်ကူညီလှူဒါန်းကြတာလဲ
တွေ့ရပါတယ်။ ကျနော်လဲ အိပ်ကပ်ထဲ ပါလာခဲ့တဲ့ ပိုက်ဆံလေးနဲ့ ဆေးပေါ့လိပ်တစီး၊ ငှက်ပျော နှစ်ဖီးဝယ်ပြီး သံတိုင်ကြားကနေ လက်လျှို
ထည့်ဝင်လှူဒါန်းလိုက်ရပါတယ်။ အလှူခံတောင်း ကြီးဟာ တခဏတွင်းမှာပဲ အပြည့်အမောက်ဖြစ်ဖြစ်သွားတာ တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ သမိုင်းချည်စက်နဲ့ သိပ်မဝေးလှတဲ့ အုတ်ကျင်းဂုံနီစက်ရုံကြီးအတွင်းမှာလဲ အလုပ်သမားထုဟာ အလုပ်သမား သပိတ်တိုက်ပွဲကြီးကို


ဆင်နွဲနေကြပါပြီ။ ကြွေးကြော်သံတွေဟာ စက်ရုံတခုနဲ့ စက်ရုံတခု ဆက်နေပြီး၊ စည်စည်ညံအောင် လွှင့်ပျံ ဝေ့ဝဲနေပါတော့တယ်။ ဆင်မလိုက်သင်္ဘောကျင်းကလဲ
သပိတ်မှောက်နေသတဲ့၊ ဆပ်ပြာစက်ရုံကလဲ သပိတ်မှောက် နေသတဲ့၊ သံမဏိစက်ရုံကလဲ သပိတ်မှောက်နေသတဲ့… ဆိုတဲ့အသံတွေဟာလဲ နေရာပေါင်းစုံကနေ
ပျံ့နှံ့ဝင်လာပါတယ်။

အဲဒီအချိန်မှာပဲ ရန်ကုန်မိုးလေး တဖြိုက်နှစ်ဖြိုက်ရွာကျလာပါတယ်။ ဇွန်လရဲ့မိုးရေစက်တွေဟာ ခပ်ဖွဲဖွဲလေးပါပဲ။ သမိုင်းချည် စက်ရှေ့က လူအုပ်ကြီးဟာ လူစုကွဲ


မသွားခဲ့ပါဘူး။ အင်းစိန်လမ်းမကြီးရဲ့ ဘေးတဖက်တချက်က ပလက်ဖေါင်းတွေပေါ်မှာ လူတွေတောင် တဖြည်းဖြည်း ပိုပိုများလာပါတယ်။

နေ့လည်လောက်မှာ စစ်ကားတွေ တန်းစီပြီး မြို့ထဲဖက်ကနေ ဝင်လာပါတယ်။ ဆယ်စီးလောက် ရှိပါတယ်။ နောက်ဆုံး ကား တွေပေါ်မှာ သံပေပါကြီးတွေရော
သံဆူးကြိုးလိပ်တွေပါ ပါလာခဲ့ပါတယ်။ ကားတိုင်းပေါ်မှာ မျက်နှာထားတင်းတင်းနဲ့ လက် နက်အပြည့်အစုံ၊ အီကွေးမင့်အပြည့်အစုံနဲ့စစ်သားတွေ အပြည့်။
သေနတ်တွေမှာလဲ ဘက်နက်တွေ အဆင်သင့်တပ်ထားလို့။ တချို့က ခါးမှာ မျက်ရည်ယိုဗုံးတွေ အပြည့်ပတ်ထားလို့။ ရှေ့တန်းစစ်မျက်နှာမှာ
ကတုတ်ကျင်းတခုခုကို အတင်းဝင်ရောက် သိမ်းဖို့ အသင့်ပြင်ဆင်လာခဲ့တဲ့ ပုံစံမျိုး။ စစ်သားတချို့က နောက်ဆုံးကားတွေပေါ်က ပေပါခွံကြီးတွေကို ကားအောက်ချ
လိုက်ပြီး ပေတရာလမ်းမကြီးပေါ်မှာ စစ်ကားတန်းကြီးရဲ့နောက် တန်းစီပြီး ထောင်ထားလိုက်ကြတယ်။ ရှေ့ကားပေါ်က စစ်သားတချို့လဲ ဆင်းလာပြီး
စက်ရုံဂိတ်ဝအပေါက်နဲ့ ဝါးတရိုက်လောက် အကွာမှာပဲ ပေတရာလမ်းမကြီးပေါ် ကန့်လန့်ဖြတ် ပြီး မျဉ်းဖြူသုံးကြောင်းကို စည်းသားရေးဆွဲလိုက်ကြတယ်။ အဲဒီ
မျဉ်းဖြူသုံးကြောင်းရဲ့ တလံကွာလောက်မှာ ဘက်နက်တပ် သေနတ်ကိုင်စစ်သားလေးယောက်ဟာ ရင်ဘောင်တန်းပြီး အသင့်အနေအထားနဲ့
မတ်တပ်ရပ်နေကြတယ်။ အဲဒီနောက်မှာ၊ တလံကွာလောက်ဆီမှာ၊ နောက်တတန်း နောက်တတန်း ထပ်ပြီး ထပ်ပြီး မတ်တပ်ရပ်နေကြတယ်။ ဗိုလ်လုပ်တဲ့သူက
ကား ရှေ့ ဘေးမှာမတ်တပ်ရပ်နေပြီး လက်ထဲမှာ စကားပြောစက်ကိုကိုင်ထားရင်း အဆက်မပြတ်မေးးလိုက် ဖြေလိုက် သတင်းအပို့ အယူတွေ လုပ်နေတယ်။
ကားပေါ်မှာလဲ လက်နက်ကိုင်စစ်သားတွေက အပြည့်။

စက်ရုံ အလုပ်သမားကြီးတွေက အတွင်းစက်ရုံတွေထဲကနေ ကြွေးကြော်သံတွေ တိုင်နေကြသလို၊ ဂိတ်ဝကြီးအနီး အပြင် ဝင်းထဲကနေလဲ ကြွေးကြော်သံတွေ


အတိုင်အဖေါက်ညီညီ အော်နေကြတယ်။ ဒီမြင်ကွင်းကို မြင်နေရတဲ့ ပြည်သူလူထုဟာ ရင်ထဲမှာ လှုပ်ရှားမှုမျိုးစုံနဲ့နိုးကြွနေပြီး သပိတ်မှောက်အလုပ်သမားကြီးတွေရဲ့
တိုက်ပွဲကို စိတ်ရောလူပါ အားပေးရင်း ရပ် ကြည့် နေမိကြတယ်။ စစ်တပ်ကတော့၊ မျဉ်းသားထားတဲ့ လမ်းမအတွင်း ဆင်းမလာနဲ့၊ လာတဲ့သူ ပစ်သတ်မယ်
ထိုးသတ်မယ် ဆိုတဲ့အသွင်မျိုးနဲ့ ခပ်ထန်ထန်မျက်နှာကြောကို နှစ်ဆတိုးပြီး တင်းထားတယ်။ အဲဒီအချိန်မှာ ကျနော်လဲပဲ သပိတ်ကြီးကို
ထောက်ခံသူတယောက်အဖြစ်၊ အားပေးသူတယောက်အဖြစ်၊ ပြည်သူပရိသတ်ကြီးကြားမှာ ပါဝင်တည်ရှိ ရပ်ကြည့်ငေးမော နေမိတယ်။

ဂိတ်ဝတံခါးကြီးရှေ့ က ခုံပေါ်မှာ မတ်တပ်ရပ်ပြီး တရားဟောနေတဲ့ အလုပ်သမားခေါင်းဆောင်တဦးက ‘ကျနော်တို့ဟာ ငြိမ်း ချမ်းစွာ ဆန္ဒပြ သပိတ်မှောက်နေတာ
ဖြစ်တယ်၊ ကျနော်တို့အလုပ်သမားတွေရဲ့ လိုလားချက်တွေကို တရားမျှတစွာ တောင်း ဆိုနေတာဖြစ်တယ်…’ ဆိုတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို တခုချင်း
ထပ်ပြီး ရှင်းပြနေတယ်။

အဲဒီအချိန်မှာ ဘတ်စ်ကားလိုင်းတွေလဲ ရပ်သွားလို့ ကုန်းကြောင်းလျှောက်ပြီး ပလက်ဖေါင်းအတိုင်း ပြန်လာကြရတဲ့၊ အင်းစိန် ဖက်ကနေ မြို့ထဲဖက်ဆီ ပြန်ကြရမယ့်
ဝန်ထမ်းတွေ လက်လုပ်လက်စားတွေရော၊ တိမွေးကုတက္ကသိုလ် စက်မှုတက္ကသိုလ် တို့ကနေ သမိုင်းအဆောင်တွေဆီ ပြန်ကြရမယ့်
ကျောင်းသားကျောင်းသူတွေရော၊ ကမာရွတ်ဖက်ကနေ အင်းစိန်ဖက် သမိုင်း ဖက်ပြန်ကြရမယ့် ဝန်ထမ်းတွေ ဈေးသည်တွေပါ ဒီနေရာရှေ့ရောက်လာကြတော့ ဒီလို
မြင်ကွင်းကြီးမျိုးကို မြင်လိုက်ကြရ တော့ …

မတိုင်ပင်ရပဲနဲ့ ရပ်ကြည့်ပါဝင်လာကြသူတွေလဲ တဖြေးဖြေးများလာတယ်။ လူအုပ်ကြီးက ပိုပို များလာတယ်။ တချို့လဲ ဖြတ် သွားဖြတ်လာသဘော၊ တခဏ။
တချို့လဲ ဘာများ ဆက်ဖြစ်ကြဦးမလဲ စောင့်ကြည့်ချင်ကြတဲ့သဘော သိချင်ကြတဲ့သဘော ခပ်ကြာကြာ။ တချို့ကတော့ အလုပ်သမားထုရဲ့ တိုက်ပွဲကြီးကို
အားဖြည့်ပေးချင် အားရှိစေချင်တဲ့ စိတ်ပိုင်းဖြတ်မှုမျိုးနဲ့။ တချို့ကတော့ စစ်တပ်ကနေ ဒီသပိတ်မှောက်အလုပ်သမားတွေကို အတင့်ရဲရဲ ဝင်ပြီး
အကြမ်းမဖက်ဝံ့အောင် အကြမ်းမဖက် နိုင်အောင် အကာအကွယ်ပေးတဲ့သဘော စောင့်ကြည့်နေတဲ့သဘော သဘောထားအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရပ်ကြည့်နေကြ
ပါတယ်။ လူထုပရိသတ်ကြီးဟာ တဖြေးဖြေးများများလာနေတယ်။ သွားတဲ့သူသွား၊ လာတဲ့သူလာနဲ့ လမ်းဟာ ပလက်ဖေါင်း ဘေး နှစ်ဖက်နှစ်ချက်မှာတော့
ပွင့်နေသေးတယ်။ အလျဉ်မပျက် စီးမျော လှုပ်ရှားနေပါတယ်။ အဲဒါကို စစ်တပ်က ဘယ်လို မြင်မိပြီး ဘယ်လိုသဘောပေါက်လိုက်တယ် မသိပါဘူး။ ဘာဒါဖက်က
အပေါက်ကို သွားလို့ လာလို့ ဖြတ်သန်းလို့မရအောင် ပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ အတွင်းပိုင်းက လူအုပ်ကြီးဟာ ရှိပြီးသားအတိုင်း၊ ကျောက်ချထားသလို
အသေဖြစ်သွားရ ပါတော့တယ်။

ဘာဒါ မှတ်တိုင်အနားက တန်းစီးရပ်ထားတဲ့ စစ်ကားတန်းကြီးရဲ့အဆုံး၊ ဝါးနှစ်ရိုက်သာသာလောက်မှာ လှိုင်ရဲစခန်း ရှိပါ တယ်။ လမ်းမကြီးရဲ့ တဖက်ခြမ်းမှာတော့
စက်မှုရိပ်သာ နှစ်ထပ်တိုက်အဆောက်အဦးတွေ တန်းစီပြီး တည်ရှိနေပါတယ်။ အချိန်က တဖြေးဖြေးနဲ့ ညနေ သုံးနာရီကျော်လောက် ရှိလာပြီ။
ကြွေးကြော်သံတွေက ညံနေဆဲ။

အဲဒီအချိန်မှာ စကားပြောစက်ကို လက်ကမချတမ်းကိုင်ပြီး စကားပြောနေတဲ့ စစ်ဗိုလ်က ဘယ်ကနေ ဘာအမိန့်ရ လိုက်သလဲ မသိပါဘူး။ တစုံတရာ
လှမ်းပြောလိုက်တယ်။ မျက်ရည်ယိုဗုံးကိုင် စစ်သားတွေက မျက်ရည်ယိုဗုံးဝါဝါတွေကို ခါးကဖြုတ်ပြီး လက်ထဲကိုင်လိုက်ကြတာ သတိပြုလိုက်မိတယ်။ လူထုထဲမှာလဲ
လှုပ်ကနဲ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ လှိုင်ရဲစခန်းထဲက အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်တွေဟာ လက်တဖက်မှာ ဒိုင်းခြင်းကြား၊ လက်တဖက်မှာတုတ်တွေကို
ကိုယ်စီကိုင်ပြီး ထွက် လာတာ ခပ်ပျပျ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီဖက်ခြမ်းက နီးရာလူတွေကို လူအုပ်ကြီးထဲကနေ ဖြတ်သန်းရင်း ဘယ်ညာ
ရိုက်ပါတော့တယ်။ အဲဒီတော့ လူတွေဟာလဲ ရှောင်ကြတိမ်းကြ ပြန်ခုခံကာကွယ်ကြနဲ့ ဝုန်းကနဲ ရုန်းရင်းဆန်ခတ် ဖြစ်သွား ပါတယ်။

ရှေ့ဆုံးစစ်သားတွေဖက်က မျက်ရည်ယိုဗုံး နှစ်လုံး၊ လူအုပ်ကြီးဘက် ပြေးဝင်လာပါတယ်။ တရှူးရှူး မီးခိုးတွေနဲ့ မျက်ရည် ယိုဗုံးငွေ့ကြားမှာ လူထုပရိသတ်ကြီးဟာ
ပလက်ဖေါင်းပေါ်ကနေ ပေတရာလမ်းမပေါ် ပြိုကျလာပါတယ်။ အဲဒီအချိန်မှာ သေ နတ်သံ နှစ်ချက် ထွက်လာတယ်။

‘ ပစ် ပြီ ဟေ့ ’ ဆိုတဲ့အသံ -

‘ ကျည် မပါဘူး ’ ဆိုတဲ့ အသံ -

နောက်တော့ တဒိုင်းဒိုင်းအသံတွေကြားမှာ …

‘ ဟ…ကျည် ပါတယ် ဟ… ရှေ့မှာ ထိသွားပြီ …သွေးတွေနဲ့ မတွေ့ဘူးလား…’ ဆိုတဲ့အသံ

တွေနဲ့အတူ၊ စစ်တပ်ရဲ့ လူထုကြီးဆီကို ပေတရာလမ်းမတလျောက် တည့်တည့်ပစ်ခတ်နေသံတွေကြားမှာ ကျနော်လဲ ပလက် ဖေါင်းဘေး


ခုန်ချဝပ်မှောက်လိုက်ရပါတယ်။ ဝပ်ရင်း မော့်ကြည့်လိုက်မိတော့ သွေးတွေနဲ့ ထိမှန်ထားတဲ့ လူတယောက်ကို လူ သုံးလေးယောက်က အတင်းဝင်ဆွဲနေတာ
မြင်လိုက်ရတယ်။ မကြာခင်မှာပဲ မျက်ရည်ယိုဗုံးက မီးခိုးငွေ့တွေ ဟပ်မိပြီး၊ မျက် ရည်တွေ တွေတွေ တွေတွေ ထွက်ကျလာလို့ ခပ်ဝါးဝါးဖြစ်လာရာကနေ၊
စက်မှုရိပ်သာတွေဖက်ဆီ ဆုတ်ပြေးသွားရတဲ့ လူ အုပ် ကြီးကြားထဲ ကျနော်လဲ ပါသွားရတော့တယ်။

အုတ်ကျင်းဖက်ခြမ်း ပလက်ဖေါင်းပေါ်က လူအုပ်ကြီးကလဲ၊ လမ်းဘေးရှိ ဆောက်လက်စတိုက်တခုက ပုံထားတဲ့ အုတ်နီခဲ တွေနဲ့ စစ်သားတွေဆီ ပြန်ပစ်ရင်း
တရုန်းရုန်းဖြစ်သွားတယ်။ ချက်ချင်းဆိုသလိုပဲ၊ စစ်တပ်ရဲ့ လမ်းမတည့်တည့်တလျောက် ပစ်နေတဲ့ ကျည်ဆံတွေဟာလဲ လေးဘက်လေးတန်ဆီကို အဆက်မပြတ်
လှမ်းပစ်တော့တာပါပဲ။ ရက်ရက်စက်စက်ကို လူ အုပ်ကြီးတွေဆီ လှမ်းပစ်တော့တာပါပဲ။ ဒါကြောင့် လမ်းဘေးက အိမ်ပေါ်က ကြည့်နေကြသူတွေဆီကိုပါ
ဝင်မှန်ပါတယ်။ စက်မှုရိပ်သာ တိုက်တန်းတွေဖက်ဆီ အပြေးဆုတ်လာရတဲ့ ကျနော်တို့လူအုပ်ကြီးရဲ့ ခေါင်းတွေပေါ်မှာလဲ ကျည်ဆံတွေ တဝီ ဝီ ဖြတ်လာပါတယ်။

မျက်ရည်ယိုဗုံးဒဏ်ကြောင့် မျက်လုံးတွေ နီ၊ မျက်ရည်တွေ ကျ ၊ စပ်ပူ စပ်လောင်ခံစားကြရရင်း၊ စက်မှုရိပ်သာက တိုက်ခန်း တွေထဲ ပြေးဝင်လာရပါတယ်။ ‘ရေပေးပါ
… ရေလေး ပေးကြပါ ခင်ဗျာ…’ လို့ တောင်းသံတွေနဲ့အတူ၊ စေတနာကြီးလှတဲ့ အိမ်ခန်းရှင်တွေက ရေအိုးတွေ ချပေးလို့၊ ကိုယ့်ပုဆိုး ကိုယ်ဆုတ်ဖြဲပြီး၊ အဝတ်စကို
ရေထဲနှစ်၊ မျက်နှာ အုပ်သူ အုပ်ကြရ ၊ အိမ်ရှင်တွေက ချပေးတဲ့ မျက်နှာသုတ်ပုဝါ လက်ကိုင်ပုဝါအစတွေ ရေဆွတ်ပြီး မျက်နှာသုတ်ကြ မျက်နှာသစ်ကြနဲ့ တရုန်းရုန်း
ဖြစ်သွားရပါတယ်။ ကျနော်လဲ ပုဆိုးစုတ်စ ရေနှစ်ပြီး မျက်နှာကို ခဏခဏသုတ်ပေးနေရတယ်။

ဒီနားမှာဆက်နေရင် ဒီဘက်တွေအထိ ဆက်တက်လာပြီးရှင်းရင်၊ အဖမ်းခံကြရနိုင်တာကြောင့် ခပ်သုတ်သုတ်ဆက်ထွက် လာခဲ့ကြတော့၊ ဒဏ်ရာရသူ နှစ်ဦးကို


မနိုင့်တနိုင် ပွေ့ယူလာကြတဲ့လူအုပ်တအုပ်နဲ့ ကင်ပွန်းခြံ ကင်ပွန်းခြုံတွေ ကြား သွား တိုးပါတယ်။ ကျနော်တို့ပါ ဝိုင်းကူပြီးသယ်ပေးခဲ့ရပါတယ်။ တယောက်က ဒူးကို
ထိမှန်ထားပြီး ခြေထောက်ကြီးဟာ လည် ထွက်နေပါတယ်။ သွေးတွေကလဲ ဒလဟော ထွက်လို့။ တယောက်က ပေါင်ရင်းမှာ မှန်ထားတာပါ။

သမိုင်းကောလိပ်ဖက်ဆီ ဆက်ထွက်လာခဲ့ကြပြီး ဒဏ်ရာရထားသူ နှစ်ဦးကို လမ်းဘေးမှာ ခဏချထားရင်း၊ အဲဒီတုန်းက ဘယ်ကထွက်လာမှန်းမသိရတဲ့


ပလကအလုပ်သမားကားကြီးတစီးကို လူအုပ်နဲ့ လက်ပြတားလိုက်ကြပြီး နီးရာ ဆေးရုံ ဆေးခန်းတခုခုကို ပို့ပေးပါလို့ အကူအညီတောင်းကာ
ဝိုင်းပြီးတင်ပေးလိုက်ကြပါတယ်။ တဦးကတော့ ဒဏ်ရာရသူရဲ့ ညီ တော်လို့၊ သူလိုက်သွားမယ်ဆိုပြီး ဒဏ်ရာရထားသူနဲ့အတူလိုက်သွားမှ ကျနော်တို့လဲ ရပ်ကွက်ထဲ
ဟိုကွေ့ သည်ရှောင် ဝင်ရင်း လူစုခွဲပြီး ပြန်လာခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ …

‘ ပုံ – သိန်းအောင်၊ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ’ ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ အမိန့်ကျေညာချက် အသံဟာလဲ နေရာအနှံ့ကနေ
ထွက်ပေါ်လာနေပါတယ်။ မြန်မာ့အသံကနေ တဆင့်၊ ကားတွေပေါ်ကနေ တဆင့် လှည့်လည် အော်ဟစ်ကျေညာနေသံဟာ သပိတ်မှောက်အလုပ်သမားထုရဲ့
ကြွေးကြော်သံတွေအကြားမှာ ပျာလောင်ခတ်မျှ ထွက်ပေါ် လာနေခဲ့ပါတယ်။

မရှေးမနှောင်းမှာပဲ …

‘ပုံ – အေးကို ၊ တိုင်းမှူး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ’ဆိုတဲ့ ကျေညာသံလဲ ထွက်ပေါ်လာပြန်ပါတယ်။ စစ်မာန် စစ်သံ တင်းတင်းနဲ့ ကျေညာလိုက်တဲ့
ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အသံဟာ စစ်ကားတွေပေါ်က တဆင့်၊ ပြည်သူလူထုကြီးကို အပေါ် စီးကနေ ချိမ်းခြောက်နေသလို ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ နိုင်ငံတော်မှာ ဆန်အလုံအလောက်ရှိတဲ့အကြောင်း၊ ဆန်ပြဿနာ တစုံ တရာမရှိနိုင်တဲ့အကြောင်း


ရှင်းလင်းပြေဆိုသံဟာ မြန်မာ့အသံကနေ ဆက်တိုက်လိုလို ထွက်ပေါ်လာနေခဲ့ပါတယ်။

ညဖက်ရောက်တော့ သမိုင်းချည်စက်ရှေ့ဒီပစ်ခတ်မှုကြီးကြောင့် သွေးမြေကျရတာမှာ သေကြေထိခိုက် ဒဏ်ရာရကြရသူ တွေ မနည်းလှကြောင်း၊ ဟိုက သည်က


ထပ်ပြီး ကြားရပါတယ်။ ကျနော့်ရှေ့မှာတင် မြင်လိုက်ရတာက လေးယောက်တိတိ။ ကျနော်ကိုယ်တိုင် မမြင်လိုက်ရတဲ့ဘက်မှာက ဘယ်နှစ်ယောက် ရှိလေမလဲ
မသိပါ။ ဒါ..ဇွန်လ(၆)ရက် သမိုင်းချည်စက်ရှေ့က ကျနော့်ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တကွက်ပါ ။ ဒီ သမိုင်းချည်စက်ရှေ့က သွေးမြေကျခဲ့ရမှု
အဖြစ်အပျက်ကြီးဟာ ‘၇၄ – ဇွန(် ၆)အလုပ်သမားအရေးတော်ပုံကြီး’ ရဲ့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့မရနိုင်မယ့် ကနဦးအဖွင့်နိဒါန်းသဖွယ်လဲ ဖြစ် ခဲ့ပါတယ်။

ဇွန်လ (၆) ရက်အကျော် (ရ) ရက်နေ့အကူးမှာလဲ သမိုင်းချည်စက်ရှေ့က ပထမဆုံးသွေးမြေကျခဲ့ရရာ နေရာအနီးမှာပဲ နောက်ထပ် ရက်ရက်စက်စက်
ပစ်ခတ်သတ်ဖြတ်နှိပ်ကွပ်တာ ခံခဲ့ကြရပြန်ပြီး၊ ဆင်မလိုက်သင်္ဘောကျင်းသပိတ်ကိုလဲ အတင်း ဝင်ရောက်ပစ်ခတ်ဖြိုခွဲပစ်လို့ သေဆုံးရတဲ့ အလုပ်သမားတွေ
ရှိခဲ့ရပါတယ်။ စစ်တပ်နဲ့ဝင်ပြီး အတင်းဖမ်းဆီးခံ ကြရတာတွေ ကတော့၊ ဆန္ဒပြတဲ့ စက်ရုံအလုပ်ရုံတိုင်းလိုလိုပဲ ဖြစ်ပါတယ်။ အထူးသဖြင့်
အင်းစိန်မီးရထားစက်ခေါင်းရုံ၊ အုတ်ကျင်းဂုံနီ စက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်း၊ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံနဲ့ သမိုင်းချည်စက်တို့က အလုပ်သမားတွေ
အများ ဆုံးဖြစ်ခဲ့ပါတယ်။ အုတ်ကျင်းဂုံနီစက်ရုံက အဖမ်းအဆီးခံကြရသူတွေထဲမှာ ကျနော့်မိတ်ဆွေ စာရေးဆရာ ဖိုးကျော့ တို့လဲ ပါခဲ့ ပါတယ်။

ပြည်သူလူထုကြီးရဲ့ (၉ဝ ဒဿမ ၁၉)ရာခိုင်နှုန်းကျော်က တခဲနက်ထောက်ခံဆန္ဒပြုထားကြတဲ့ ‘၁၉၇၄- ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ’ ဆိုတာကြီးကို


လူထုကြီးတရပ်လုံးရဲ့ အကျိုးပွားအတွက် အောင်မြင်စွာအကောင်အထည်ဖေါ် အတည်ပြု ပြဌာန်း နိုင်ပြီးပြီလို့
မိုးတလုံးလေတလုံးလိမ်ညာကြွေးကြော်ဟစ်အော်ပြသနေဆဲ ကာလမှာပဲ၊ အသံတောင် မစဲသေးမီမှာပဲ၊ မဆလစစ်အစိုးရဟာ ဆန်တောင်းတဲ့အလုပ်သမားတွေကို
ကျည်ဆံတွေပဲပေးပြီး၊ သူတို့ရဲ့ စစ်အာဏာရှင် ဘီလူးသရုပ်ကို အစွယ် တပြူးပြူးနဲ့ ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာမှ ကာလတခု ခြားပြီး၊ စက်ရုံ အလုပ်ရုံ
ဝန်ထမ်းတိုင်းကို တလလျှင် လူတကိုယ် ဆန်(၅)ပြီ နှုန်း ထုတ်ပေးခဲ့ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကြီးရဲ့ အကျိုးဆက်တခုလို့ပဲ ပြောရမှာပါ။
နောက်ပိုင်းတော့ ‘အလုပ်သမားကောင်စီ’ ဆိုတဲ့ နာမည်အစား၊ ‘အလုပ်သမားအစည်းအရုံး’ လို့ နာမည်အသစ်ပြောင်းပြီး သဏ္ဍာန်အရ
ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့ရပါတယ်။

ဂုဏ်ရောင်ပြောင်တဲ့၊ သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားရမယ့် ဒီ ‘ ဇွန် ၆၊ အလုပ်သမားအရေးတော်ပုံကြီး’ ဟာ ဗမာပြည်အလုပ်သမားလှုပ်ရှားမှု


သမိုင်းမှာသာမက၊ ဗမာပြည်စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာရော၊ ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာပါ ထာဝရ မော်ကွန်းထူထားခဲ့ရပါပြီ။

အလုပ်သမားထုရဲ့ ၈ုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲဝင်စိတ်ဓါတ် – ထာဝရ ဂုဏ်ရောင် ပြောင်ပါစေ …

ဇွန(် ၆)စိတ်ဓါတ် အဓွန့်ရှည်ပါစေ …

( ဝင်းတင့်ထွန်း )
ဇွန်လ၊ ၁၉၉၉

မှတ်ချက်။ ။ ဇွန် (၆) အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်၊ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အခု ပြန်လည်ရှာဖွေကူးယူရိုက်နှိပ်ပေးလိုက်ရတာ
ဖြစ်ပါတယ်။

၇၄-အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နှင့် ၇၄-၅-၆ နိုင်ငံရေးအကျဉ်းသားဟောင်းများနေ့ အထိမ်းအမှတ်ကျင်းပ

Posted by admin on June 6, 2011 0 Comment

photo by .. ရှင်ငြိမ်းမယ်

၂၀၁၁ ဇွန်လ ၆ ရက်နေ့တွင် ၃၇နှစ်မြောက် အလုပ်သမားအရေးအခင်း နှစပ် တ်လညေ် န့နှင့်  ၇၄-၇၅-၇၆ အကျဉ်း သားဟောင်းများနေ့ အထိမ်းအမှတ်
အခမ်းအနားတခုအား ရန်ကုန်မြို့ရှိ ၇၄-၇၅-၇၆ နိုင်ငံရေး အကျဉ်းသားဟောင်း တဦး၏ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားသို့ ၁၉၇၄ အလုပ်သမားအရေးအခင်းနှင့် အဆိုပါအလုပ်သမားအရေးအခင်း နောက်ဆက်တွဲ အ ဖြစ်ပေါ်ပေါက်ခဲ့သည့် ၁၉၇၄ ဒီဇင်ဘာ


ဦးသန့်အရေးအခင်း၊ ၁၉၇၅-ဇွန်လ အလုပ်သမားနှစ်ပတ်လည် အရေးအခင်း

(ခေါ်) ရွှေတိဂုံအရေးအခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းတို့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အလုပ်သမား၊

ကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အဆိုပါနှစ်ကာလများအတွင်း မဆလ စစ်အစိုးရ၏ နည်းမျိုးစုံ ပုဒ်မ

မျိုးစုံဖြင့် ဖမ်းဆီထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ စုစုပေါင်း

နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ နီးပါးတက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိ အ ကျဉ်းထောင်အသီးသီးတွင်


ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေး ရေးကို ပထမဆုံးနှင့် အမြန်ဆုံးဆောင်ရွက်ပေးရန်
အလေးအနက်ထပ်မံတောင်းဆိုသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသူများ၏ တောင်းဆိုလွှာတွင် ပါဝင်စုပေါင်းလက်မှတ်ရေးထိုးကြကြောင်း
သတင်းရရှိသည်။

ထို့ပြင် နှစ်စဉ် ဇွန်လ ၆ရက်နေ့ကို ၇၄-၇၅-၇၆ အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများနေ့ သတ်မှတ်ကျင်းပသကဲ့သို့ ခေတ်ဟောင်းခေတ်သစ်


နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ နေ့ ကို သင့်လျော်သည့် နေ့တနေ့ သတ်မှတ်ကျင်းပသင့်ကြောင်း
အဆိုပြုတင်ပြခဲ့သည်ဟု သိရှိရသည်။

အဆိုပါအခမ်းအနားတွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အလုပ်သမား နိုင်ငံရေးအကျဉ်းသားဟောင်းကြီးများ နှင့် အခြားနိုင်ငံရေး


အကျဉ်းသားဟောင်းကြီးများအား ထောက်ပံ့ငွေများ ပေးအပ်ကြသည့်အပြင် လက်ရှိအကျဉ်း ထောင်များတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ၇၄-
၇၅-၇၆ နိုင်ငံရေးအကျဉ်းဟောင်း ၅ ဦး၏ မိသား စုများ အတွက်လည်း ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

http://www.naytthit.net/

လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုများကို မကျေနပ်၍ အလုပ်သမားများဆန္ဒပြ

ပဲခူးမြို့၊ ကမာနတ်ရွာအနီးရှိ ကပ်ဝမ်း (CAP 1) ဦးထုတ်စက်ရုံမှ အလုပ်သမားများက လုပ်အားခ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုများကို
မကျေနပ်ကြသည့်အတွက် ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။
စက်ရုံအလုပ်သမား (၅၀) ကျော်က ၎င်းတို့၏ မကျေနပ်ချက်များကို အလုပ်မဆင်းဘဲနေ၍ ဆန္ဒပြတောငာ်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများ
အရေးဆောင်ရွက်ပေးနေသူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ပဲခူးတိုင်း ဥက္ကဌ ဦးအောင်မျိုးဝင်းက ပြောသည်။

“ဆန္ဒပြတာက သူတို့ အလုပ်မဆင်းပဲနဲ့ထွက်လာတာပေါ့လေ။ ဒီနေ့အလုပ်ဆင်းရမှာကို သူတို့အားလုံး အဲဒီ (၅၅) ယောက်လုံးက လမ်းပေါ်ထွက်ပြီးတော့


ဆန္ဒပြတာမျိုးတော့ မဟုတ်ဘူး။ ဒီစက်ရုံထဲမှာတော့ သူတို့က ဒီအလုပ်မဆင်းဘူးဆိုတဲ့ ဘွိုင်ကောက်နဲ့ ဆန္ဒပြခဲ့တာ။ ပြီးတော့ သူတို့အားလုံးကို
ကျနော်လေဘာရုံးကို ခေါ်သွားတာ အခုသူတို့လေဘာရုံးကနေ စက်ရုံထဲမှာ ပြန်ပြီးတော့မှ ညှိနှိုင်းမှုလုပ်နေတယ် အဲဒါအဖြေမသိသေးဘူး” ဟုပြောသည်။

စက်ရုံအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း၌ အလုပ်ကြီးကြပ်သူ (Supervise) များ၏ ဖိနှိပ်လွန်းသည့် စည်းကမ်းများ၊ ကျန်းမာရေးနှင့်


ပတ်သက်သည့်ကိစ္စများ၊ သတ်မှတ်အလုပ်ချိန်ထက် ပိုပြီးခိုင်းစေမှုများကြောင့် ၎င်းတို့၏ မကျေနပ်ချက်များကို ပြီးခဲ့သည့် သောကြာနေ့က ပဲခူးမြို့ရှိ
အလုပ်သမားရုံးသို့ သွားရောက်တိုင်းကြားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“လုပ်ငန်းခွင်ထဲမှာ အလုပ်ကြီးကြပ်သူတွေက မတရားတဲ့ စည်းကမ်းတွေထုတ်ပြီး အလုပ်သမားအချင်းချင်း အလုပ်ကိစ္စစကား ပြောရင်လည်း စကားပြောလို့ဆိုပြီး


(၅၀၀) ဖြတ်တယ်၊ အပေါ့အလေးသွားတဲ့ကိစ္စကိုလည်း မနက် (၈) နာရီ ကနေ(၁၀) နာရီ အတွင်းဘဲသွားလို့ရတယ်၊ ကျန်အချိန်အပေါ့အလေး သွားလို့ရှိရင်လည်း
ငွေ (၅၀၀)ဖြတ်တာ၊ အဲဒါတွေကို မကျေနပ်လို့ တိုင်ကြတာ” ဟု ဦးအောင်မျိုးဝင်းက ဆက်ပြောသည်။

အလုပ်သမားများရုံးကို တိုင်ကြားမှုပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းအလုပ်သမားများအား စက်ရုံမန်နေဂျာနှင့် အလုပ်ကြီးကြပ်သူများက ခြိမ်းခြောက်ပြောဆိုမှုများ


ပြုလုပ်ခဲ့သည့်အတွက် အလုပ်သမားများက အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အလုပ်ကြီးကြပ် ဇာနီနိုင်နဲ့ မဝတ်မှုံတို့နှစ်ယောက်ကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုတဲ့အခါကြတော့ လေဘာက ဒုတိုင်းဦးစီးက သူက စက်ရုံမန်နေဂျာနဲ့


ညှိပြီးတော့မှ ရာထူးလျော့ဖို့ သဘောတူလိုက်တယ်၊ ဒါပေမဲ့သူတို့က ဆက်ပြီးတော့ စက်ရုံမှာ အလုပ်လုပ်နေတယ်လို့ သူတို့က သိတယ်။ နောက်ပြီးတော့မှ
ကလေးတွေကို မဟုတ်တာတွေပြောပြီး ခြိမ်းခြောက်တာတွေရှိတယ်။ မန်နေဂျာ ကျော်မိုးအောင်က နင်တို့ ရဲနဲ့အဖမ်းခိုင်းမယ်တို့ ဘာတို့ အဲလိုမျိုးလေးတွေ
ခြိမ်းခြောက်တာရှိတယ်” ဟု ပြောသည်။

ယင်းဆန္ဒပြမှုနှင့်ပတ်၍ စက်ရုံမန်နေဂျာဖြစ်သူက မဟုတ်ကြောင်းနှင့် သောကြာနေ့က အလုပ်သမားများတိုင်ကြားမှုကို လူကြီးများနှင့်


ဖြေရှင်းပေးနေခြင်းသာဖြစ်ကြောင်း ပြောသည်။

“သူတို့ ဆန္ဒပြတာ မဟုတ်ပါဘူး၊ သောကြာနေ့က တိုင်ကြားတဲ့ကိစ္စကို အခုညနေ ၅ နာရီကျော်အထိ ထပ်ရှင်းပေးနေတာ၊ သူကို စွပ်စွဲချက်နဲပဲ နေရာချပေးပါလို့
တောင်းဆိုလာတဲ့အခါမှာ သောကြာနေ့က ကျနော်တို့ နေရာချပေးခဲ့ပါတယ်။အဆင့်ချပြီး ရာထူးနှိပ့်ပေးတယ်ပေါ့နော် ဒီနေရာမှာ သူတို့အထက်
ခေါင်းဆောင်အဖြစ်နဲ့တော့ အမြဲရှိနေမှာပဲလေ အများကြီးအဆင့်က ကွာတာကို အဲဒါကိုကလေးတွေက ဒီနေ့မကျေနပ်လို့ ထပ်ပြီးတော့ အလုပ်သမားရုံးကို
သွားတိုင်တဲ့အခါမှာ အလုပ်သမားရုံးက ပြန်ပြီးတော့ ကလေးတွေဘက်ကို နားလည်အောင် ပြန်ပီးတော့ ရှင်းပေးနေတာပါ” ဟု ပြောသည်။

အဆိုပါ စက်ရုံတွင် အလုပ်သမား (၃၀၀)ခန့်ရှိပြီး အလုပ်သမားများအနေဖြင့် အလုပ်ကြီးကြပ်သူများကို အလုပ်ထုတ်ပေးရန်၊ ဖယ်ရီကားစီစဉ်ပေးရန်၊


အပေါ့အပါးသွားခွင့် ကန့်သတ်ချက်မထားရှိရန်နှင့် အခြေခံလစာ၊ အချိန်ပိုကြေးတိုးပေးရန်၊ အလုပ်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းခွင်အတွင်း
စကားပြောခွင့်ပြုရန်အပါအဝင် အချက် (၁၀)ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယခုအထိ တောင်းဆိုချက်များ ရရှိခြင်းမရှိသေးကြောင်း ဦးအောင်မျိုးဝင်းက
ဆက်ပြောသည်။

http://www.yoma3.org/

ခေါင်းခြုံ အီရန် အမျိုးသမီး ဘောလုံးအသင်း အိုလံပစ် ပြိုင်ပွဲမှ ထုတ်ပယ်ခံရ

Tuesday, 07 June 2011 07:55 မောက္ခ အားကစား သတင်း

အီရန် အမျိုးသမီး ဘောလုံးအသင်းကို ခေါင်းစည်း ခြုံဝတ်ပြီး ကစားသည့်အတွက် လန်ဒန်တွင် ကျင်းပမည့် ၂၀၁၂ အိုလံပစ် ပြိုင်ပွဲ ပါဝင်ခွင့်မှ ဖီဖာ
ဘောလုံးအဖွဲ့ချုပ်က

မနှစ်က ပိတ်ပင်ထားခဲ့သည်။ ပြီးခဲ့တဲ့ အပတ် အီရန် အမျိုးသမီး ဘောလုံးအဖွဲ့ချုပ်က ဂျော်ဒန် အမျိုးသမီး အသင်းနှင့် အိုလံပစ် ခြေစစ်ပွဲ မကစားမီ၊ အိုလံပစ်ပွဲ
ဝင်ခွင့် အသနားခံ တောင်းဆိုမှုကို ဖီဖာက ထပ်မံပယ်ချခဲ့သည်။

ဖီဖာရဲ့ စည်းမျည်း အပိုဒ်လေးတွင် “အားကစားသမားများနှင့် ဘောလုံးအရာရှိများသည် နိုင်ငံရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ သင်္ကေတများ၊


ကြွေးကြော်သံများကို မည်သည့်ဘာသာစကား (သို့မဟုတ)် မည်သည့် ပုံစံနှင့်မျှ မိမိအသင်း ကစားနေစဉ် ဖော်ထုတ်ပြသမှု မပြုရ” ဟု ပါရှိသည်။

အီရန် အမျိုးသမီးအသင်းမှာ ဆံပင်များ ဖော်ထားမှုမရှိဘဲ၊ မျက်နှာမှလွဲပြီး


ကိုယ်လုံးအပြည့် ယူနီဖောင်း ခြုံလွှမ်းထားသောကြောင့် ဖီဖာမှ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အီရန် အမျိုးသမီး အသင်းအနေဖြင့်လည်း ခြေစစ်ပွဲအောင်နိုင်သည့်
အသင်းဖြစ်နေသည့်အတွက် အီရန် မီဒီယာများက နေ့စဉ် ဖီဖာကို ဖိအားပေး
တောင်းဆိုလျက်ရှိသည်။

အီရန် ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ အလီ ကာဖာရှီရန် က “ဒီအသင်းအတွက်


ငွေကြေးတွေ အချိန်တွေ အများကြီး မြှုပ်နှံထားရတာပါ။ ကျနော်တို့ ကလေးတွေဟာ
နိုင်ငံရေး၊ ဘာသာရေး ရည်ရွယ်ချက်လည်း မရှိသလို၊ အခြား ကစားသမားတစ်ဦးဦးကို
နစ်နာစေဖို့လဲ မရှိပါဘူး။ ကိုယ့်နိုင်ငံ ပုံစံနဲ့ကိုယ် ယူနီဖောင်း ၀တ်ထားတာပါ။ သူတို့ရဲ့
အိုလံပစ်ဝင်နိုင်တဲ့ အရည်အချင်း ပြည့်မီမှုကို ဖီဖာက စဉ်းစားပေးသင့်ပါတယ်” ဟု
ပြောခဲ့သည်။

မောက္ခ အားကစားသတင်း

Source: AP & Aljazeera

http://www.maukkha.org/
Monday, June 6, 2011

သန်လျင်မြို့ နယ် ပြည်ခိုင်ဖြိုး (ကြံ့ ဖွတ)် ပါတီမှ လွှတ်တော်ကိုယ်စားလှယ် စစ်ဆေးခံနေရ။

ရန်ကုန်တိုင်း သန်လျင်မြို့ နယ် ပြည်ခိုင်ဖြိုး (ကြံ့ ဖွတ)် ပါတီမှ


လွှတ်တော်ကိုယ်စားလှယ် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးအား မြေယာအလွဲသုံးစားလုပ်မှုဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ သို့ 
အရေးယူ ဆောင်ရွက်ပေးပါရန် တိုင်ကြားမှု ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အထက်ဖေါ်ပြပါ အကြောင်းအရာနှင့် ပတ်သက်၍ ပြည်တောင်စုကြံ့ခိုင်ဖွင့်ဖြိုးရေး (ကြံ့ ဖွတ)် ပါတီမှ သန်လျင်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးသည် သန်လျင်မြို့ နယ် ဘုရားကုန်းကျေးရွာအုပ်စု၊ သီလ၀ါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့  သွားရာ လမ်းမကြီးဘေးရှိ
မြေလွတ်မြေရိုင်းများကို ခရက ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ပေါင်းကာ ရယူခဲ့ကြောင်း၊ ၄င်းမြေတစ်ဧကအတွက် ခရကဥက္ကဋ္ဌ ဦးဇော်ဝင်းအား ငွေကျပ် (၁၅) သိန်းပေးခဲ့ပြီး၊
နောက်ထပ်ငွေ ကျပ်သိန်း (၅၀၀) ကိုလည်း ထပ်မံပေးခဲ့ကြောင်း သတင်ရရှိပါသည်။

ဦးအောင်သန်းဦး ရယူခဲ့သော မြေလွတ်မြေရိုင်းများမှာ ယခင်က မြန်မာအသံဌာနပိုင်မြေ နေရာ မကျုးကျော်ရဟု ဆိုင်းပုဒ်ကပ်ထားကြောင်းလဲ သိရှိရသည်။


၎င်းမြေနေရာသည် ဧကပေါင်း (၅၀) ကျော်ခန့် ကျယ်ဝန်းကြောင်း သိရသည်။

၎င်းမြေနေရာအား ဦးအောင်သန်းဦးမှ မြေညှိခြင်း အကွက်ရိုက်ခြင်း ကွန်ကရစ်လမ်းများခင်းခြင်း ဓါတ်မီးတိုင်များ ဆိုက်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခ.ပြီ


ဲး၊
သန်လျင်မြို့ မှ အစိုးရအသိုင်းအ၀ိုင်းနှင့် နီးစပ်သော လုပ်ငန်းရှင် ဦးစိန်လွင်ဆိုသူအား သိန်းပေါင်း (၂) သောင်းဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။
ဦးစိန်လွင်ဆိုသူမှ ၄င်မြေနေရာကို ထပ်မံ၍ တရုတ်လူမျိုးများအား ရောင်းချခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပါတ်သက်ပြီး ကြံ့ ဖွတ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးအား အရေးယူဆောင်ရွက်ပေးပါရန် သန်လျင်မြို့ နေ ရဲဝန်တမ်းဟောင်း
ဦးမြင့်ဝင်းမှ ရန်ကုန်တိုင်းအစိုးရအဖွ.ဲ သို့  စာရွက်စာတမ်း အထောက်ထားများဖြင့် တိုင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်းတိုင်ကြားချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးနျင့် ပါဝင်ပတ်သက်သူအချို့ အား ရန်ကုန်တိုင်းလွှတ်တော်တွင်


ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဦးအောင်သန်းဦးသည် သန်လျင်မြို့ နယ် သူဌေးကွင်းကျေးရွာဇာတိဖြစ်ပြီး လက်ရှိ အမှတ် (၁၈) ၊ ဖိ.ု မြေလမ်း၊ မြို့ မတောင်ရပ်ကွက်တွင် နေထိုင်ပြီး မိဘများမှာ
ဦးသန်းအေး၊ ဒေါ်ဝင်းကြည်တို့ ဖြစ်ကြောင်း သိရှိရပါသည်။

သိန်းစိန်တို့ အနေဖြင့် မတရားမှုများကို တရားဝင်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသဖြင့်၊ အောက်ခြေ အများပြည်သူများနှင့် သက်ဆိုင်သောကိစ္စရပ်များအား


အာဏာအလွဲသုံးစားပြုကာ မတရားဆောင်ရွက်ချက်များအား ပြည်သူများအနေဖြင့် တရားဝင် တိုင်ကြားမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိပြီး အကျင့်ပျက် ခြစား
ကိုယ်ကျိုးရှာနေသော ၀န်ထမ်းများ၊ ကြံ့ ဖွတ်ပါတီဝင်များအား မည်မျှထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ကိုတော့ စောင့်ကြည့်ရအုံးမည်ဟု
ဒေသခံများက ပြောကြားလျှက်ရှိကြောင်း သတင်းရရှိပါသည်။

အပြည့်ဖတ်မည်...

at 8:21 PM

စိုင်းမောက်ခမ်း (ခ) မောင်အုန်း တို့  မိသားစုရေ အာဏာရပြီဆိုတာနဲ့ မောက်မာကြပြီလား။


လွန်ခဲ့သော
မေလကုန်ခန့် က Coffee Cycle နှင့် Savyo Hotel ကြားတွင်ရှိသော အိမ်ကြီးအိမ်ကောင်း (Mansion) တစ်လုံး (ဒုတိယသမ္မတနေရာရထားတဲ့ စိုင်းမောက်ခမ်းရဲ့ 
အိမ်) သို့ ၀င်ရောက်ရာလမ်းဝတွင် ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦး မောင်းနှင့်လာတော့ ပါရမီ အငှားကား တစ်စီးသည် ထိုအိမ်ရှေ့အ၀တွင် ခေတ္တ မှေးရပ်ပြီး
ဖုန်းပြောနေစဉ်တွင် တစ်ဖက်မှ ကွေ့ဝင်လာမည့် ကားတစ်စီးမှ မီးထိုးခြင်း ဟွန်းတီးခြင်းများ ပြုလုပ်ပြီး လမ်းတောင်းပါသည်။

ထို့ကြောင့် ထို အငြိမ်းစား ဒုတိယဗိုလ်မှူကြီးသည် လက်ပြပြီး ကားကို ရွှေ့ပေးလိုက်ပါသည်။ ထိုမီးထိုးပြီး လမ်းတောင်းသောကားမှာ ထို ဒုတိယ သမ္မတကြီး၏
သားဖြစ်သူ မောင်းနှင်လာသော ကားဖြစ်ပြီး ထိုသူငယ်သည် အိမ်ထဲသို့ရောက်သည်နှင့် လုံခြုံရေးများအား ရှေ့တွင် ရပ်နေသော ကားကို ဖျက်ဆီးခိုင်းပြီး
မောင်းနှင်လာသူအားလည်း အသေသတ်လိုက်ဟု ပြောကြားလိုက်ပါသည်။

ထိုအိမ်ရှိ လုံခြုံရေးများသည် ခြံဝ သို့ထွက်လာပြီး ထိုကားကို အုတ်နီခဲ ဖြင့် မှန်များကို ပစ်ခွဲပြီး ကားမောင်းသူကို ထိုးကြိတ်ခဲ့ပါသည်။ ထိုအချိန်တွင် ကားမောင်းသူမှ
သူသည် ဒုတိယ ဗိုလ်မှူကြီး (ငြိမ်း) ဖြစ်ကြောင်းပြောသောအခါမှ ရပ်တန့်လိုက်ကြပါသည်။

ထို ဒုတိယ ဗိုလ်မှူးကြီးမှာ ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီး ရဲမှူး ဖြစ်သူနှင့် ခင်မင်ရင်းနှီးသူဖြစ်သဖြင့် ရဲမှူးထံ ဖုန်းဖြင့်ဆက်သွယ်ပြီး အမှုဖွင့်ခြင်း ကိစ္စများကို
ဆောင်ရွက်ခဲ့ပါသည်။

ထိုဖြစ်စဉ်ကို အထူးလျှို့ဝှက်ထားခဲပြီး များမကြာမီက ထိုဒုတိယ သမ္မတကြီး ရန်ကုန်မြို့ရှိ ကျောင်းများ၊ ဆေးရုံများကို လာရောက်စစ်ဆေးသည့်အချိန်တွင်


သက်ဆိုင်သူများနှင့် ဆွေးနွေး ကြေအေးခဲ့ပါသတဲ့။ (MMCP မှ icoe ဖေါ်ပြချက်အား လက်ဆင့်ကမ်းဖေါ်ပြခြင်း ဖြစ်ပါတယ်)။

သန့် ရှင်းသောအစိုးရဖြစ်ဖို့ ဆိုပြီး လူကြားကောင်းအောင် ပြောနေသော သိန်းစိန်အနေနဲ့  အခု စိုင်းမောက်ခမ်းတို့ မိသားစုရဲ့  လုပ်ရပ်ကို ဘာပြောမှာလည်း ဒီလို
မင်းမဲ့စရိုက်ဆန်စွာနဲ့  လုပ်ရပ်ကို ဘယ်လို တရားဥပဒေအရ အရေးယူမှာလည်းဆိုတာ သိချင်ပါတယ်။

အပြည့်ဖတ်မည်...
at 7:48 PM

မြန်မာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီး၊ တရုတ်ပြည်မှာ တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီး။ မြန်မာပြည်မှာ သန်းရွှေ သိန်းစိန်၊ တရုတ်ပြည်မှာ


ဟူကျင်တောင်။

မြန်မာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့  ရှေ့ ဆင့်နောက်ဆင့် တရုတ်ပြည်မှာ တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီး။ မြန်မာပြည်မှာ သန်းရွှေ


သိန်းစိန်အာဏာရူးအုပ်စု၊ တရုတ်ပြည်မှာ ဟူကျင်တောင်။

၁၉၈၈ ခုနှစ် အချိန်ကာလတုန်းက မြန်မာပြည်မှာ မဆလ တစ်ပါတီအာဏာရှင် မတရားအုပ်ချူပ်မှုကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်


မြန်မာနိုင်ငံရောက်ရှိခဲ့ရသလို အာဏာရှင်အုပ်ချူပ်နေစဉ်အတွင်း နှစ်ပေါင်းမြောက်မြားစွာအတွင်း ရဟန်းရှင်လူပြည်သူအပေါင်းအား
အထွေထွေအကြပ်အတည်းပေါင်းနဲ့  ရင်ဆိုင်ကြုံတွေ့ ရတဲ့အပြင် လူနေမှုအဆင့်အတန်းနိမ့်ကျလွန်းပြီး လူသားတစ်ဦးရှိသင့်ရှိထိုက်တဲ့
အခွင့်အရေးတွေဆုံးရှုံးရရုံမက ကျောင်းသားပြည်သူတွေကို ရက်စက်စွာပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် တတိုင်းပြည်လုံး မခံမရပ်နိုင်ဖြစ်ကာ လူထုအုံကြွမှုဖြစ်တဲ့
သမိုင်းဝင် ရှစ်လေးလုံးတော်လှန်ရေးအရေးတော်ပုံကြီး ဖြစ်ခဲ့ပါတယ်။ အာဏာရူးတို့ ရဲ့  ထပ်မံရက်စက်ယုတ်မာရမ်းကားမှုနဲ့  လူသတ်လက်နက်ကို အဓိကထား
ဖြေရှင်းတတ်တဲ့ ညဉ်ဆိုးအတိုင်း ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးကို ကောက်ကျစ်ယုတ်မာသော ဖန်တီလှည့်ဖြားမှုများနဲ့  အကြမ်းဘက် ဖြိုခွဲခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအစ ပြည်သူလူထုအတွက် တော်လှန်သောကျောင်းသားစိတ်ဓါတ်နဲ့  သမိုင်းအစဉ်အဆက်ဆက်


မားမားမတ်မတ် ရှေ့ ဆုံးက ရပ်တည်တိုက်ပွဲဝင်ရဲတဲ့ ကျောင်းသားတော်လှန်ရေးကဲ့သို့ အလားတူ တရုတ်နိုင်ငံမှာလည်း ကွန်ုမြူနစ် တစ်ပါတီအာဏာရှင်ကို ရဲရဲဝန်
့ဝန့် စတင်ဦးဆောင်တော်လှန်ခဲ့တဲ့ သမိုင်းဝင်လှုပ်ရှားမှုကြီးတစ်ရပ်လည်း မြန်မာနိုင်ငံ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်တဲ့ ၁၉၈၈ ခုနှစ်နဲ့ ရှေ
့ဆင့်နောက်ဆင့်ဆိုသလို ၁၉၈၉ ခုနှစ်မှာ တရုတ်နိုင်ငံမှာ “Tiananmen Square Massacre - တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီး” လည်း
သမိုင်းဝင်ပေါ်ပေါက်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ အစဉ်အလာကြီးမားတဲ့ ကျောင်းသားလှုပ်ရှားမှုကဲ့သို့  တရုတ်နိုင်ငံမှာလည်း ကျောင်းသူကျောင်းသားများမှ
စတင်ဦးဆောင်ပြီး ဒီ တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီးကို ဆင်နွဲခဲ့ကြတာပါ။ အာဏာရုးအုပ်ချူပ်သူတို့ ပီပီ မြန်မာနိုင်ငံတွင် ရှစ်လေးလုံးပြည်သူ
့အရေးတော်ပုံကြီးကို ရက်စက်ရိုင်းစိုင်းစွာ ဖြိုခွဲသလို တရုတ်အာဏာရှင်တွေဟာလည်း တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီးကို ယုတ်မာပက်စက်စွာနဲ့ 
ဖြိုခွငးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့  သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း သွေးမြေကျခဲ့ကြရတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေ ရာပေါင်းများစွာ
အသက်ဆုံးရှူံးခဲ့ကြရသလို တရုတ်ကျောင်းသားကျောင်းသူများနဲ့  ပြည်သူတွေလည်း အသက်သွေး မြေကျခဲ့ကြရပါတယ်။

အာဏာရှင်အုပ်ချူပ်သူတွေကို ရဲဝန့် စွာဆန့် ကျင်တိုက်ပွဲဝင်ခဲ့ရင်း ယနေ့  ဇွန်လ နေ့ ရက်များမှာ သွေးစွန်းခဲ့ကြရတဲ့ တရုတ်ကျောင်းသားကျောင်းသူ


ပြည်သူပြည်သားအပေါင်းကို လေးစားဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သား ကျောင်းသားရှင်လူများနဲ့ အတူ အာဏာရှင်ကို ဆန့် ကျင်တဲ့
စိတ်ဓါတ်များကို ထပ်တူထပ်မျှရှိကြတဲ့ တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီးဦးဆောင်တိုက်ပွဲဝင်သူများကို နောင်ရင်းညီအကိုများကဲ့သို့  သွေးစည်းမှုကို
ပြသတဲ့အနေနဲ့  မြန်မာကျောင်းသားကျောင်းသားများကလည်း ၁၉၈၉ ခုနှစ်မှာ တရုတ်အာဏာရှင်များကို ကန့် ကွက်ရှုတ်ချခဲ့ကြပါတယ်။

ဒီ တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီးအကြောင်းနဲ့  တရုတ်ကျောင်းသားပြည်သူတွေကို တရုတ်အာဏာရှင်တွေက ရက်စက်စွာနှိမ်နင်းမှုကို ယနေ


့ဒီအချိန်အခါမှာ ဖေါ်ပြလိုပါတယ်။

http://www.niknayman-niknayman.co.cc/
တရုတ်အငျင်နီယာ ပျျာက်ဆုံးမှ တရုတ-် မြန်မာ ဆက်ဆံပေး ထိခိုက်မှ မေှိနိုင်
Tuesday, 07 June 2011 18:37 ပမေပခါဝ်

တာ့ဆန်းပေကာတာ ပဆာက်လုျ်ပေး စီမံကိန်းမှ တရုတ်အငျင်နီယာ ၃ ဦးနှင့် ဘာသာျြန်တစ်ဦး ပျျာက်ဆုံး ပနမှသည် တရုတ-် မြန်မာ ဆက်ဆံပေးကို
ထိခိုက်နိုင်မည် မဟုတ်ပကောင်း မြန်မာ့ စစ်ပေးနိုင်ငံ ပေး အကဲခတ် ဦးပအာင်ပကျာ်ပောကပျြာျါသည်။

ပျျာက်ဆုံးသေားသည့် တရုတ်အငျင်နီယာ ဓာတ်ျုံ taifreedom

“တရုတ်က မြန်မာျြည်ကပန လိုချင်တာ များတယ်။ မြန်မာကပန သေယ်ယူမဲ့ ငက်စ်ျိုက်လိုင်း၊ ပေနံျိုက်လိုင်း တို့က တရုတ်ျြည်အတေက် အင်မတန်
အပေးကြီးတယ်။ အဲဒီ တရုတ် ၄ ပယာက် ကိစ္နဲ့ တရုတ-် မြန်မာ ဆက်ဆံပေး ျျက်ျြားနိုင်တဲ့ အလားအလာ မေှိဘူး” ဟု သျမ်းသံပတာ်ဆင့်သို့
ပျြာျါသည်။

ထို့အျြင် တရုတ်က မြန်မာျြည် အပနာက်ဘက်ခြမ်း တရုတ်ပေတျ် လှျ်ေှားနိုင်ေန်၊ ပေနံတင်သပဘာ လုံခြုံပေးအ တေက် မြန်မာျိုင်
ဘငလားျင်လယ်ပအာ်၌ blue water navy တည်ပဆာက်နိုင်ပအာင် အိန္ိယသမုဒ္ော၌ အပခြချနိုင် ေန် ကြိုးျမ်းပနသည့်အတေက် မြန်မာျြည်နှင့်
ဆက်ဆံပေးကိုဖြတ်ပတာက် မည် မဟုတ်ပကောင်း ၎င်းကဆက်ပျြာျါ သည်။

တရုတ် ၄ ဦး ပျျာက်ဆုံးပနမှသည် အင်မတန် ျြဿနာများျြီး ရှျ်ပထေးပကောင်း ဦးပအာင်ပကျာ်ပော က ဤကဲ့သို့ ဆက်ပျြာျါသည်။

“ပဒသေဲ့ အပခြအပနက အလေန်ရှျ်ပထေးတယ်။ လက်နက်ကိုင်အဖေဲ့လဲ များတယ်။ တာ့ဆန်းပေကာတာ ပဆာက်လုျ် တာ လိုလားတဲ့သူများတဲ့


project မဟုတ်ဘူး။ ေန်သူများတဲ့ project ဖြစ်တယ်။ ပဒသခံလူထု အများကြီး ကန့်ကေက် တယ်။ ပဒသခံ ျြည်သူ့စစ်၊ သကဆဖပတေဘဲ လုျ်သလား
ခန့်မှန်းလို့ပတာ့ မေဘူး”

တာ့ဆန်းပေကာတာ ပဆာက်လုျ်သည့် သံလေင်မြစ်တဝိုက်တေင် အစိုးေလက်ပအာက်ခံ ျြည်သူ့စစ် ၃-၄ ဖေဲ့၊ ျြည်သူ့ စစ် အသေင်ပျြာင်း SSA ပမြာက်ျိုင်း
(တျ်မဟာ ၇) နှင့် SSA ပတာင်ျိုင်း၏ တျ်မဟာ ၇၂၇ လက်ပအာက်ခံတျ် တို့ လည်း လှျ်ေှားသည်ဟု ဦးပအာင်ပကျာ်ပော က ပျြာျါသည်။
“စဝ်ျန်ဖှေဲ့ SSA ပမြာက်ျိုင်းပကာ ဗိုလ်ချုျ်ယေက်စစ်ေဲ့ SSA ပတာင်ျိုင်းပကာ ျါဝင်ျတ်သက်မှ မေှိဘူးလို့ ပမးမြန်းသိေှိ လို့ ေတာပျါ့ဗျာ။
တရုတ်ပတေက သူတို့ပဖြေှင်းလို့ မေပတာ့မှ ပဘငျင်းကို လှမ်းပျြာ၊ ပဘငျင်းက ပနျြည်ပတာ်ကို ပျြာမှ ပအာက်ပခြတိုင်းမှး၊ ဗျူဟာမှးတို့
သိတောဆိုပတာ့ အစိုးလေဲ မျါဘူးလို့ ယူဆနိုင်တယ်။ ဘယ်သူ့ေဲ့ လက်ချက် ဆိုတာ ခန့်မှန်းလို့ မေဘူး” ဟု ဦးပအာင်ပကျာ်ပော က ပျြာျါသည်။

ထိုတရုတ်အငျင်နီယာ ပျျာက်ဆုံးမှနှင့် ျတ်သက်၍ စဝ်ယေတ်စစ် ဦးပဆာင်ပသာ သျမ်းျြည်ျြန်လည် ထူပထာင်ပေး ပကာင်စ(ီ RCSS)ထံသို့


တရုတ်ကုမ္ဏီက ပျျာက်ဆုံးပနသူများအား ကူညီေှာပဖေပျးေန် ဆက်သေယ်လာပကောင်း၊ SSA က ကူညီေှာပဖေစဉ် မြန်မာစစ်တျ်နှင့် ထိတိုက်ပတေ့ျြီး
တိုက်ျေဲဖြစ်လျင် ထို အငျင်နီယာများအား အန္ောယ်ဖြစ်မည် စိုးပသာပကောင့် မြန်မာစစ်တျ်အား စစ်ပကောင်းလှည့်ခြင်း မျြုဖို့ အပကောင်းကေားထားေန်
RCSS/SSA က တရုတ် ကုမ္ဏီထံ ပျြာဆိုထားပကောင်း သိေျါသည်။

ဘာသာျြန်တစ်ဦး အျါအဝင် တရုတ်အငျင်နီယာ ၃ ဦးသည် ပမလ ၉ ေက်ပန့ စက်ပလှတစီးနှင့် သံလေင် မြစ်ညာသို့ ဆန်တက်သေားစဉ် ယပန့အထိ
ပျျာက်ဆုံးပနခြင်းဖြစ်သည်။
အပေှ့ပတာင်အာေှ၌ အကြီးဆုံး တာ့ဆန်းပေကာတာ ပဆာက်လုျ်ပေး စီမံကိန်းကို သျမ်းျြည်ပတာင်ျိုင်း မိုင်းတုံမြို့ နယ် တာ့ဆာလားေောအထက်
တန့်ျါပလာင်း၌ တရုတ်မှ Three Gorges Group Corporation နှင့် ထိုင်းမှ (EGAT) Electricity Generation Authority of Thailand
ကုမ္ဏီတို့ျူးပျါင်းပဆာက် လုျ်ေန် ျြင်ဆင်လျက်ေှိသည်။
သျမ်းျြည် (ပမြာက်ျိုင်း) တေင် လျျ်စစ်မီတာခ ပစျးပလျာ့ပကာက်
Tuesday, 07 June 2011 17:17 သျမ်းသံပတာ်ဆင့်

သျမ်းျြည် (ပမြာက်ျိုင်း) မူစယ်ခရိုင်အတေင်း လျျ်စစ် မီတာခ တစ်ယူနစ် ၂၅ ကျျ်နှန်း ပလျာ့ချ ပကာက်ခံ လိုက်ပကောင်း မူစယ်လျျ်စစ်ဋာနသတင်း
ေျ်ကေက် အဆိုအေ သိေသည်။
ယခုလ ၅ ေက်ပန့က မူစယ်နှင့်နမ့်ခမ်းမြို့များသို့ လျျ်စစ်နှင့်စေမ်းအင်ဝန်ကြီး ပောက်ေှိလာျြီးပနာက် ယခုလ ၁ ေက်ပန့မှ စ၍ မီတာခပစျးနှန်းများ
ပလျာ့ချလိုက်ခြင်း ဖြစ်ပကောင်း သိေသည်။
ပေှလီပေအားလျျ်စစ်စီမံကိန်း (ဓါတ်ျုံ - SHAN)
မြန်မာနိုင်ငံတစ်ဝန်း လျျ်စစ်မီတာခ တစ်ယူနစ် ၂၅ ကျျ်နှန်းသတ်မှတ်ထားပသာ်လည်း မူစယ်ခရိုင်၌ ၁၂၅ ကျျ် မှ ကျျ် ၂၀၀ အထိ
ပကာက်ခံပနခြင်းဖြစ်သည်။

“မူစယ်မြို့ပျါမှာ ျုံမှန်ကပတာ့ တစ်ယူနစ် ၁၂၅ ကျျ်နှန်းပကာက်တယ် ပငေဆင်အိမ်ယာနဲ့ ဆင်ဖြူပစျးကြီးမှာ တစ်ယူနစ် ကျျ် ၂၀၀ ပကာက်တယ်” ဟု
မူစယ်ပဒသခံတစ်ဦးက ပျြာသည်။

ထိုသို့လျျ်စစ်မီတာခပစျးများ ၂၅ ကျျ်အထိ ပလျာ့ချလိုက်သည်ဟု ဆိုပသာ်လည်း ယခုလအတေက် မီတာခေှင်းောတေင် ပစျးပလျာ့ချမှ


အနည်းငယ်သာေှိပကောင်း ပနာက်ထျ်ပဒသခံတစ်ဦးက ပျြာသည်။

“၂၅ ကျျ်အထိပလျာ့မယ်လို့ ပျြာပနတာျဲ ဒါပျမဲ့ဒီလဆန်းက မီတာခသေင်းပတာ့ အေင် ၁၂၅ ကျျ်ကပန အခု ၁၀၀ ပျး ေတယ်
ဘီလ်မထေက်ပသးဘူး ပနာက်လပလာက်မှ သိေမယ်ထင်တယ်” ဟု ပျြာသည်။

နမ့်ခမ်းမြို့နယ် မန်တျ်ပကျးေောအနီး ပေေလီမြစ်ပျါ တည်ပဆာက်ထားပသာ ပေေလီပေအားလျျ်စစ်စီမံကိန်းမှ ထေက်ေှိ သည့် လျျ်စစ်ဓါတ်အားကို


သျမ်းျြည်( ပမြာက်ျိုင်း) မူစယ် ၊ နမ့်ခမ်းပဒသများအတေင်း ၂၀၀၉ ခုနှစ်မှစတင် ဖြန့်ပဝခဲ့ခြင်း ဖြစ်သည်။

ပဒသခံများက ပဒသထေက်လျျ်စစ်ဓါတ်အားကို နိုင်ငံတစ်ဝန်းသတ်မှတ်ပစျးထက် ၄ ဆ ခန့်ျိုပျး သုံးစေဲပနေခြင်း ဖြစ်သည်။


ေမခစစ်တိုင်း စစ်ဦးစီးမှး ပနောပျြာင်းပေေ့
Monday, 06 June 2011 19:04 သျမ်းသံပတာ်ဆင့်

လားေိူးမြို့ အပခြစိုက် အပေှ့ပမြာက်ျိုင်းစစ်ဋာနချုျ် (ေမခ) ၏ စစ်ဦးစီးမှး ျထမတန်း ဖြစ်သူ ဗိုလ်မှး ကြီး မျိုးချစ်အား လေန်ခဲ့သည့် အျတ်
ပသာကောပန့က တျ်မ ၃၃ နည်းဗျူဟာမှး အဖြစ်တာဝန်ပျြာင်း ပေေ့ ခန့်အျ်လိုက်ပကောင်း စစ်ဘက် အသိုင်းအဝိုင်းမှ တဆင့် သိေသည်။
၂၀၀၉ခုနှစ် သေငုတ်လျိုင်းက သျမ်းျြည် (ပမြာက်ျိုင်း) ပလာက်ကိုင်မြို့ေှိ ကိုးကန့်တိုင်းေင်းသား လက်နက်ကိုင် တျ်ဖေဲ့ အ ပျါ မြန်မာစစ်တျ်မှ
ထိုးစစ်ဆင်ောတေင် စစ်ကိုင်းမြို့ အပခြစိုက် တျ်မ ၃၃ ျါဝင်ခဲ့ျြီး ယပန့အထိ ပလာက်ကိုင်မြို့တေင် အပခြျြု လှျ်ေှားလျက်ေှိသည် ။

ဗိုလ်မှးကြီးမျိုးချစ်သည် လက်ေှိ ဗိုလ်မှးကြီးအဆင့်ဖြင့်သာ အဆိုျါ တျ်မသို့ ပျြာင်းပေေ့ေသဖြင့်လုျ်ျိုင်ခေင့် အားဖြင့် ကျဆင်းသေားဖေယ်ေှိပကောင်း


စစ်ဘက်နှင့်နီးစျ်သူတစ်ဦးက သုံးသျ်ပျြာဆိုသည်။

“ငျီဝမ်း ကာနယ်ဗိုလ်မှးကြီး ကပန ဗျူဟာမှး ဖြစ်သေားပတာ့ လုျ်ျိုင်ခေင့် ကျသေားတယ်လို့ ပျြာလို့ေ တာပျါ့၊ ငျီဝမ်းတုန်းကဆိုေင် ဒီ ၁၀၅ မိုင်ကပန
ထေက်တဲ့ ပမှာင်ခိုျစ္ည်းပတေက သူ့နံမယ်နဲ့ထေက်တာ ဗျူဟာမှးဆိုပတာ့ သူ့တျ်နဲ့ဆိုင်တဲ့ ဟာပလာက်ျဲလုျ်ခေင့်ေှိပတာ့မယ် ” ဟု နီးစျ်သူက ဆိုသည်။

ယခု စစ်ောထူး ပျြာင်းပေေ့မှတေင် တန့်ယန်းမြို့ အပခြစိုက် စစ်ဗျူဟာမှး ဗိုလ်မှးကြီးခိုင်ပော် ျါဝင် သည်ဟု သိေပသာ်လည်း သျမ်းသံပတာ်ဆင့်မှ
သီးခြားအတည်ျြုချက် မေပျ။

ဗိုလ်မှးကြီး မျိုးချစ်သည် ေမခစစ်တိုင်း၌ တိုင်းမှး ဗိုလ်ချုျ်မြင့်လှင်၊ ဗိုလ်ချုျ် ပအာင်သန်းထေဋ်နှင့်ဗိုလ်မှးချုျ် ပအာင်ပကျာ်ပော စသည့် စစ်တိုင်းမှး ၃
ဆက်လက်ပအာက်တေင် စစ်ဦးစီးမှးျထမတန်း တာဝန် ထမ်းပဆာင် လာသူ ဖြစ်ပကောင်း သိေသည်။
SNLD လဲချားျြည်သူ့လှတ်ပတာ် အမတ် ကေယ်လေန်
Tuesday, 07 June 2011 17:15 သျမ်းသံပတာ်ဆင့်

၁၉၉၀ ပေေပကာက်ျေဲအနိုင်ေ သျမ်းတိုင်းေင်းသားများ ဒီမိုကပေစီအဖေဲ့ချုျ် လဲချားလှတ်ပတာ် အမတ် သက်ကြီး ပောငါ ဖြင့် ကေယ်လေန်သေားပကောင်းသိေ
သည်။

အသက် ၇၃ နှစ်ေှိ (၁၉၉၀ ပေေးပကာက်ျေဲ ) လဲချား ျြည်သူ့လှတ်ပတာ်အမတ် ဦးသာထေန်းမြ သက် ကြီးပောငါ ဖြင့် ထိုင်းနိုင်ငံချင်းမိုင်မြို့၌
ကေယ်လေန်သေားခဲ့ခြင်းဖြစ်ပကောင်း သား ၄ ပယာက်အနက် ဒုတိယ သားဖြစ်သူ စိုင်းခမ်းတင်း (အသက် ၄၂ နှစ)် က ပျြာျါသည်။

“ အစက ျါးစျ်မှာအနာပျါက်တယ်။ ပနာက်ပတာ့အစာမစားနိုင်လို့အားျြတ်တယ်။ ချင်းမိုင်ပဆးရုံပောက်ပတာ့ ဆောဝန်ကပဆးစစ်ပျးျြီး အသည်းနဲ့


ပကျာက်ကျ်ပောငါပျါ့။ သက်ကြီးပောငါလို့ဆိုနိုင်ျါတယ်။ အခု ျါပျါက် ဘုန်းကြီးပကျာင်းမှာ အပလာင်းကိုထားထားတယ်။ မနက်ဖြန်
ဆန်တိထမ်းသုဿာန်မှာ မီးသငြိုဟ်မယ်” ဟု ပျြာသည်။

ငျန် ၆ ေက်ပန့ ညဦးျိုင်းတေင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နခေန်းဖင်းပဆးရုံ၌ ကေယ်လေန်ခဲ့ျြီး Shan Health Care အဖေဲ့က ကမကထျြုျြီး ၈ ေက်ပန့၌
အသုဘ မီးသငြိုဟ်မည်ဖြစ်ပကောင်း သိေသည်။ ဦးသာထေန်းမြတေင် သား ၄ ပယာက်ေှိော သားကြီးမှာ ကေယ်လေန်ခဲ့ျြီးဖြစ်သည်။
“ ၁၉၉၀ တုန်းက လဲချားမှာ ျြည်သူ့လှတ်ပတာ်ကိုယ်စားလှယ်နိုင်တယ်ပလ။ အဲ့တုန်းက ဆန္မဲ ၁၂ ၄၈၀ အနက် ၈၆၁၅ မဲေျြီး ၈၀
ောခိုင်းနှန်းပကျာ်နဲ့နိုင်သေားတာပလ။ ဒါပျမယ့် စစ်တျ်က အာဏာျိုင်သိမ်းလိုက်ျြန်ပတာ့ ဘာမှ မလုျ်နိုင်ပတာ့ဘူး။ အဲ့ပနာက်ျိုင်း အပဖလဲ
စိတ်ဓါတ်ကျျြီး ျေပဆးလုျ်ငန်းထဲမှာဘဲ စိတ်နှစ်ထားလိုက်ပတာ့တာ” ဟု ၎င်းက ဆက်ပျြာသည်။

ဦးသာထေန်းမြသည် ၁၉၆၆ မှ ၁၉၈၁ အထိမြန်မာ့ဆိုေှယ်လစ်လမ်းစဉ်ျါတီ၏ မိုင်းရှးမြို့ ျါတီ ဥက္ဌ ဖြစ်ခဲ့ဖူး သည်။ ၁၉၈၁ ပတာင်ကြီးမြို့ အထက ၁
ပကျာင်းတေင် ပကျာင်းဆော အဖြစ် တာဝန်ထမ်းပဆာင်ခဲ့သည်။ ၁၉၈၆ ျင်စင်ယူကာ ၁၉၈၈ သျမ်းတိုင်းေင်းသားများ ဒီမိုကပေစီျါတီ ၌
ဝင်ပောက်ျူးပျါင်းကာ ၁၉၉၀ ပေေးပကာက်ျေဲ တေင် လဲချားမြို့ ျြည်သူ့လှတ်ပတာ် အဖြစ် ဝင်ပောက်ယှဉ်ျြိုင်ခဲ့သည်။

၁၉၃၈ စက်တင်ဘာ ၃၀ ေက်တေင် သျမ်းျြည်အလယ်ျိုင်း မိုင်းေယ်မြို့၌ ပမေးဖေားခဲ့သည့် ဦးသာထေန်းမြ၏ ျညာပေး ခေီးမှာ ပကျာက်မဲမြို့ မိုင်းပငါ့
အမက ပကျာင်း၊ ပကျာက်မဲမြို့အထကပကျာင်း၊ ပတာင်ကြီးပကာလိျ်နှင့် ေန်ကုန် တက္သိုလ် မြန်မာစာ ျထမနှစ် တို့ဖြစ်သည်။
http://www.mongloi.org/burmese/
http://burmese.dvb.no/

You might also like