You are on page 1of 1

နေ့စွဲ။ ။အောက်တိုဘာလ ၁၆ရက် ၂၀၀၈

သတင်းထုတ်ပြန်ကြေငြာချက်

မြန်မာနိုင်ငံတ၀ှမ်းလုံးရှိတိုင်းရင်းသားပြည်သူများနှင့်အနယ်နယ်အရပ်ရပ်ရှိတော်လှန်ရေးမောင်နှမများခင်ဗျား

ကျွန်ုပ်တို့Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှအဖွဲ့ဝင်တဦးဖြစ်သော ကိုကျော်သူမျိုးမြင့်(ခ)အာကာ အား


နအဖ အာဏာပိုင်များမှအောက်တိုဘာလ ၁၃ရက်၂၀၀၈ နေ့တွင်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းအသိပေးအပ်ပါသည်။

ယခုလအတွင်းကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) နှင့်ဆက်နွှယ်၍ဖမ်းဆီးခံရသည့်လူငယ်များမှာ


စုစုပေါင်း ၉ ဦးရှိသွားပြီဖြစ်ပြီး၊ ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက အဖွဲ့ဝင်နှစ်ဦးနှင့် မတ်လအတွင်းက ၁၀ဦးခန့်ဖမ်းဆီးခံခ့ရ
ဲ ပါသည်။

အာဏာပိုင်များအနေဖြင့် ခေတ်မီဖံွ့ ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်နေပါသည်ဟု နိုင်ငံတကာနှင့်


ပြည်သူလူထုအား အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားနေခဲ့ပါသော်လည်း၊အခြေခံလူ့အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသင်းဖွဲ့စုစည်းခွင့်၊ စသည့်အချက်များကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေသည်မှာယခုက့သ
ဲို့ဖမ်းဆီးမှု
များကသက်သေခံလျက်ရှိပါသည်။

ထို့ကြောင့် လက်ရှိအာဏာပိုင်များအနေဖြင့် တိုင်းပြည်ကိုငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်စေတနာ အမှန်တကယ်ရှိပါက


ယခုက့သ
ဲို့ မတရားဖမ်းဆီးမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း အမြန်ဆုံးလွှတ်ပေး၍
တာဝန်ရှိသော ခေါင်းဆောင်များနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးအဖြေရှာရန် ကျွန်ုပ်တို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)
အနေဖြင့် အလေးအနက်တိုက်တွန်းလိုက်သည်။

မျိုးဆက်သစ်လူငယ်များ၏ အကြမ်းမဖက်တက်ကြွလှုပ်ရှားမှုများအား အာဏာပိုင်များဘက်မှ မည်သို့ပင် မတရားဖိနှိပ်နေစေကာမူ


ကျွန်ုပ်တို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အနေဖြင့် အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့်ဒီမိုကရေစီရေးလှုပ်ရှားမှုများ
ကို လုံးဝရပ်တန့်သွားမည်မဟုတ်ပဲ ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမည်မှာ သေချာကြောင်းလည်း ထပ်လောင်းအသိပေးလိုက်သည်။

For more information, please kindly contact to following addresses,


e-mail; generationwave@gmail.com , web url; http://www.generationwave.co.cc/

You might also like