You are on page 1of 14

ပငစ

် ငေ
် ရာဂါ

ကျွန်တော့်ဆေးခန်းက ရန်ကုန်မြန်မာရပ်ကွက် တစ်ခုမှာပါ။ ဆေးရုံက ဂျူတီအားတဲ့ အချိန်မှာ ဆေးခန်းထိုင်ရင်

ကောင်းမှာပဲဆိုပြီး ကျွန်တော်ဆေးခန်းလေးတစ်ခန်း ဖွင့်ထားတယ်။ အစတုန်းကတော့ ကိုယ်ပိုင်ဆေးခန်းရယ်လို့

မဖွင့်နိုင်သေးပါဘူး။ သူများတွေ ဖွင့်ထားတဲ့ ဆေးခန်းမှာ အချိန်ပိုင်းနဲ့ထိုင်တာ။ ဆေးခန်းပိုင်ရှင်က

ကော်မရှင်ပေါ့။ ဒါတော့ အားလုံးသိကြပါတယ်လေ။

ကျွန်တော် အထူးမပြောတော့ပါဘူး။ ဆရာဝန်တိုင်းလိုလို ဒီလိုပဲ လုပ်နေကြရတာ မဟုတ်လား။ ဒါပေမယ့်

ခက်တာက သူများဆေးခန်းထိုင်ရတာက မျက်နှာငယ်တယ်။ ဟုတ်တယ်လေ။ ကိုယ်က အထူးကု မဟုတ်ဘူး။

ရိုးရိုးဂျီပီ။ ဒီတော့ ဆေးခန်းပိုင်ရှင်တွေက အထူးကုဆရာဝန်တွေကို ပိုလိုချင်ကြတယ်။ ဆေးခန်းရှေ့မှာ

ဆိုင်းဘုတ်ချိတ်ရင်လည်း ဒေါက်တာဘယ်သူ ၊ ဘာအထူးကု ၊ ဘာအထူးကုဆိုတဲ့ ဆိုင်းဘုတ်မျိုးကို

တပ်ချင်ကြတယ်။ ကျွန်တော်တို့လို သာမန်ဂျီပီက အမြီးတိုတော့ ဆိုင်းဘုတ်တပ်ရတာ သိပ်ပြီးမလှဘူးပေါ့။

သိပ်ပြီးဂုဏ်မရှိဘူးပေါ့။ ရပါတယ်။ ဘယ်တတ်နိုင်မလဲ။


ဒီတော့ သူတို့ဆိုင်းဘုတ်ကြီးတွေ ကြားထဲမှာ ကျွန်တော့်ဆိုင်းဘုတ်သေးသေးကလေး ညှပ်နေတော့တာပေါ့။

ဒါပေမယ့် တစ်ခုကောင်းတာက ကျွန်တော်တို့ ဆေးခန်းဖွင့်ထားတဲ့ ရပ်ကွက်ကလေးနားမှာ ဆင်းရဲသား

ရပ်ကွက်ကလေးတစ်ခုရှိတယ်။ အဲဒီက လူနာတွေက ကျွန်တော့်ဆီကိုပဲ စုပြုံဝင်လာကြတာပဲ။ သူတို့က

အထူးကုတွေ ဘာတွေကိုလည်း ကောင်းကောင်းနားမလည်ကြဘူးလေ။ ပြီးတော့ ငွေကြေးလည်း

မတတ်နိုင်ကြဘူး မဟုတ်လား။

ဒီတော့ သူတို့ဆီ မသွားကြဘူးပေါ့။ ကျွန်တော့်ဆီကိုပဲ လာကြတာပေါ့။ လာသမျှလည်း

ပျောက်ကင်းသွားကြတော့ ကျွန်တော်ဟာ ဆေးစွမ်းတယ်ဆိုပြီး သူတို့အထဲမှာ နာမည်ကြီးနေတာပေါ့။

ဆေးမစွမ်းစရာလည်း မရှိဘူးလေ။ သူတို့ဖြစ်တဲ့ ရောဂါက အပရိကရောဂါကလေးတွေ။

ခေါင်းကိုက်တာတို့ ၊ ဖျားတာတို့ ၊ နှာစေးချောင်းဆိုးဖြစ်တာတို့ ၊ ဗိုက်နာတာတို့ ၊ ခိုက်မိတာတို့ ၊

ခေါင်းမူးတာတို့ ၊ အားနည်းလို့ တစ်ခုခုဖြစ်တာတို့ဆိုတော့ အားလိုရင် အားနည်းရင် အားပေးထိုးပေးလိုက် ၊

ဖျားရင် ပင်နီစလင်တို့လို အနာဂျက်ဆင်တို့လို ထိုးပေးလိုက် ၊ ခိုက်မိတာတို့ဆိုရင်လည်း အနာကိုဆေးကြောပြီး

ပတ်တီးစည်းပေးလိုက် ၊ နည်းနည်းဒဏ်ရာကြီးရင် အေတီတီတို့ ဘာတို့ထိုးပေးလိုက်။ ဒီတော့ ကျွန်တော်

ကုသမျှ ၇၅ ရာခိုင်နှုန်းဟာ ပျောက်နေတာပေါ့။

နည်းနည်းကြီးမယ်ထင်တဲ့ ရောဂါမျိုးကျတော့ ကျွန်တော် မကုဘူး။ ဆေးရုံကို လမ်းညွှန်လိုက်တယ်။

အထူးကုတွေလည်း တကယ်ဖြစ်လာရင် ဘာတတ်နိုင်တာမှတ်လို့။ အရပ်ထဲက ဆေးခန်းမှာ ကုကြတာမှ

မဟုတ်ဘ။ဲ ဆေး၇ုံကိုပို့ရတာ မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ ဆေးခန်းတစ်ဝိုက်မှာ အထူးကုနဲ့ ရိုးရိုးဂျီပီဟာ

ဘာမှမထူးဘူး။ ကျွန်တော်ကတောင် ပိုပြီးကုရသေးတယ်။

နောက်တော့ ကျွန်တော့်မိန်းမက အမွေကလေးရလို့ အဲဒီနားမှာပဲ ကိုယ်ပိုင်ဆေးခန်းကလေး တစ်ခန်းဖွင့်တယ်။

စောစောက ကျွန်တော်လုပ်ခဲ့တဲ့ ဆေးခန်းကလည်း အထူးကုတွေ တခြားပြောင်းတာနဲ့ ၊ သူတို့ အိမ်ရှင် အိမ်ငှား

ပြဿနာဖြစ်တာနဲ့ ပိတ်လိုက်ရတော့ ကျွန်တော်ဆေးခန်းဖွင့်တာ အတော်ဖြစ်သွားတာပေါ့။ အတော်ပ။ဲ

ကျွန်တော် ကိုယ်ပိုင်ဆေးခန်းကလေးဖွင့်လိုက်တော့ အရင်တုန်းက လူနာဟောင်းတွေလည်း


ကျွန်တော့်ဆေးခန်းကိုပဲ ရောက်လာကြတယ်။ နောက်မှာ ကျွနေ
် တ်ာကလည်း ဆေးခန်းပိုင်ရှင်တို့ ထုံးစံအတိုင်း

အထူးကုတွေ ဘာတွေငှားထားတယ်။ မဆိုးပါဘူး။

ကိုယ်တိုင်လည်း ဆေးခန်းကလေးရှေ့မှာ ဆေးအရောင်းဆိုင်လည်း ဖွင့်ထားတယ်။ ဆေးခန်းက ဖွင့်တဲ့

ဆေးဆိုင်ဆိုတော့ အတုတို့ ဘာတို့ဖြစ်မှာ မစိုးရိမ်ရတော့ဘူးပေါ့။ အိမ်သုံးဆေးဆိုရင် ကျွန်တော့်ဆေးခန်းမှာပဲ

လာဝယ်ကြတာများတယ်။

ဆေးဆိုင်ကိုတော့ ကျွန်တော့်မိန်းမက ရောင်းတယ်။ ကျွန်တော်ကတော့ အခန်းကလေးတစ်ခန်းဖွင့်ပြီး

အထွေထွေရောဂါကုတယ်။ သူများ ဆေးခန်းထိုင်တုန်းကလိုပါပဲ။ အဲဒီရပ်ကွက်က လူနာတော်တော်များများ

ကျွန်တော့်ဆီကို ပေါက်လာကြတယ်။

ကျွန်တော့်အလုပ်ချိန်က မနက် ၇ နာရီကနေပြီး ၉ နာရီ။ ညနေပိုင်းဆိုရင် ညနေ ၄နာရီကနေ ၈နာရီ။

တစ်ညနေမှာ ကျွန်တော်ဆေးခန်းကို ရောက်သွားပြီး အင်္ကျီလုံချည်လဲ ၊ ဆရာဝန်ဝတ်ရုံကိုဝတ်ပြီးကာစ

ရှိသေးတယ်။ လူနာတစ်ယောက် ပေါက်လာတယ်။

ဒီနေ့ညအဖို့ ပထမဦးဆုံးရောက်လာတဲ့ လူနာပဲ။ လူနာက အမျိုးသမီး ၊ အသက်သုံးဆယ်ကျော်

လေးဆယ်တင
ွ်းလောက်မှာပဲ ရှိဦးမယ်ထင်တယ်။ အသားဖြူဖြူ ခပ်၀၀ရယ် ၊ သိပ်အ၀ကြီးတော့

မဟုတ်ဘူးပေါ့လေ။ ခပ်ဖိုင့်ဖိုင့်လို့ ပြောရမှာပေါ့။ အရပ်ကလည်း မနိမ့်မမြင့် ၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့။

အဲ .. နှာယောင်ကတော့ နည်းနည်းပြားတယ်လို့ ခေါ်ရမယ်ထင်တယ်။ နှာတံပေါ်တယ်လို့ မပြောနိုင်ဘူး။

သူ့လက်ထဲမှာ ဆွဲခြင်းကလေးတစ်ခု ဆွဲလာတယ်။ ခေါက်ထီးကလေးတစ်လက်လည်း ပါလာတယ်။

ပြီးတော့ လက်သုတ်ပ၀ါနဲ့ ပတ်ထားတဲ့ ထမင်းဘူးရယ်။ ဓာတ်ဗူးသေးသေးသလေး တစ်လုံးရယ်ပေါ့။ ကော်ဖီတို့

ဘာတို့ ထည့်မှာပေါ့။ ဒါကိုကြည့်ပြီး အမျိုးသမီးဟာ စနစ်တကျ ချွေချွေတာတာ ၊ စည်းကမ်းရှိရှိနဲ့

နေတတ်စားတတ်တဲ့ အမျိုးသမီးတစ်ယောက်လို့ ကျွန်တော်တွက်လိုက်တယ်။ အ၀တ်အစားကလည်း

သန့်သန့်ပြန့်ပြန့်ပါပဲ။ ဆံပင်ကို နောက်တွဲကလေးရိုးရိုးထုံးထားပြီး အင်္ကျီလက်ရှည်အဖြူနဲ့


အကောင်းစားပါတိတ်တစ်ထည်ကို ၀တ်ထားတယ်။ သူ့ကိုကြည့်ရတာ လူနာတစ်ယောက်နဲ့ မတူဘူး။

ပကတိကျန်းမာနေတဲ့ ရုပ်မျိုးပဲ။ နှုတ်ခမ်းတွေက ရဲလို့။ အသားအရေကလည်း ကြည်လို့။

`ဆို ဘာဖြစ်တာလဲ´

ကျွန်တော်က ဆရာဝန်တွေ ဆေးခန်းဝမှာ နှုတ်ဆက်လေ့ရှိတဲ့ စကားနဲ့နှုတ်ဆက်လိုက်တယ်။

`ဘာမှတော့ မဖြစ်ပါဘူး ဆရာ။ အင်ဗေလစ်ပင်စင် တင်ချင်လို့ ဆရာ့ဆီက ထောက်ခံချက်ကလေး

လာတောင်းတာပါ´

ကျွန်တော် မျက်ခုံးကို ပင့်လိုက်မိတယ်။ သူ့အရွယ်က အရွယ်ကောင်းတုန်း။ အလွန်ဆုံးရှိမှ အသက် ၄၀ပေါ့။

ဒီအရွယ်မှာ ဘာဖြစ်လို့ ဆေးပင်စင်ယူချင်ရတာလဲ။ ကျွန်တော့်ဆီကိုလာပြီး ဆေးပင်စင်အတွက်

ဆေးလက်မှတ်လာတောင်းတဲ့ သူတွေ အများကြီးရှိပါတယ်။ တချို့က တကယ်အသက်ကြီးလာလို့ ကျန်တဲ့

တစ်နှစ် နှစ်နှစ်ကလေးကို ပင်စင်နဲ့ သွားချင်တယ်။

တချို့က အသက်ငယ်ပေမယ့် တကယ့်ကိုနေထိုင်မကောင်းဖြစ်လို့ ပင်စင်ယူချင်တာ။ ဥပမာ

တချို့အမျိုးသမီးတွေဆိုရင် အသက်သိပ်မကြီးသော်လည်း မီးယပ်စတဲ့ အမျိုးသမီးရောဂါတို့ ၊ သားအိမ်တို့ ၊

ရင်သားကင်ဆာတို့ဘာတို့ ဖြစ်လို့ ကောင်းကောင်းမကျန်းမာတော့တာနဲ့ပဲ ပင်စင်ယူချင်ကြတာ။

တချို့ကျတော့လည်း ၀န်ထမ်းအလုပ်ထက်ပိုပြီး ၀င်ငွေကောင်းတဲ့ အရောင်းအ၀ယ်လုပ်ငန်းတို့ ဘာတို့ကို

လုပ်ချင်လို့ ဆေးပင်စင်လျှောက်ကြတာ။ နည်းနည်းပါးပါးလည်း ရောဂါလေး ဘာလေးတော့ ရှိတာပေါ့လေ။

ရောဂါမရှိဘဲနဲ့ ဆရာဝန်က ဘယ့်နှယ်လုပ်ပြီး ဆေးထောက်ခံချက်ပေးနိုင်ပါ့မလဲ။

အဲ လူတစ်ယောက်မှာ ရောဂါရှာရတာလည်း သိပ်မခက်လှပါဘူး။ တစ်ခုမဟုတ် တစ်ခုတော့

ရှိတတ်ကြတာပဲလေ။ ရောဂါကြီးကြီးကျယ်ကျယ် မဟုတ်တောင်မှ အသေးအဖွေ


ဲ ရာဂါကလေးတွေတော့

ရှောင်လို့မလွတ်ပါဘူး။ ရောဂါကိုကုနေတဲ့ ဆရာဝန်တွေကို စစ်ကြည့်လိုက်ရင်တောင် သွေးတိုးရှိတဲ့လူနဲ့ ၊

နှလုံးရောဂါရှိတဲ့လူနဲ့ ၊ ဆီးချိုရောဂါရှိတဲ့လူနဲ့ အနည်းဆုံး ဘာရောဂါမှ မရှိဘူးဆိုရင်တောင်


သွေးတိုးကလေးဘာလေးတော့ နည်းနည်းပါးပါး ရှိတတ်ကြတာပဲ။ ဒီတော့ ဆေးပင်စင်လိုချင်သူ တစ်ယောက်ကို

ရောဂါရှာရတာ သိပ်မခက်လှပါဘူး။

ဒီတော့ ကျွန်တော်တို့ကလည်း အလွယ်တကူပဲ ရှာပေးလိုက်။ ရောဂါရှာပေးလိုက်ပြီး

ဆေးလက်မှတ်ရေးပေးလိုက်တာချည်းပဲ။ ဆေးလက်မှတ်ရေးမပေးတဲ့ သူဆိုလို့ တော်တော်လေးကို

နည်းပါတယ်။

ဆရာဝန်လုပ်နေပြီး ရောဂါမရှိဘဲနဲ့ ဆေးလက်မှတ်ရေးပေးရမယ်ဆိုတော့လည်း တော်တော်ခွကျသားပဲ။ ဒီတော့

ရောဂါကို မတွေ့တွေ့အောင် ရှာရတာပေါ့။

ခုလည်း ဆေးလက်မှတ်လာတောင်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့နေပြန်ပြီ။

`အင်ဗေလစ်ဆေးလက်မှတ်ကို ကျွန်တော်ဒီအတိုင်းဘယ့်နှယ်လုပ် ကောက်ရေးပေးနိုင်ပါ့မလဲ အစ်မကြီး။

အစ်မကြီးမှာ ရောဂါတကယ်ရှိမှ ရေးပေးလို့ဖြစ်မှာပေါ့။ အစ်မကြီးကိုယ်မှာ ကျွန်တော်ဘာမှ မစမ်းသပ်ရသေးတာ။

ဘယ့်နှယ့်လုပ်ပြီး ဆေးလက်မှတ်ရေးပေးရမှာလဲ´

`ဟုတ်ပါတယ်ဆရာ။ ဒါကြောင့်မို့ ဆရာ့ဆီမှာ စမ်းသပ်ပြီးမှ ကျွန်မက ဆေးလက်မှတ်တောင်းမှာပေါ့။

ဆရာ့ဆီမှာ စမ်းသပ်ကြည့်ချင်လို့ပါ´

ဒါကတော့ သူပြောတာမှန်တယ်။ ကျွန်တော့်ဆီမှာ သူ့ကျန်းမာရေးနဲ့ ပတ်သတ်လို့ စမ်းသပ်ကြည့်မယ်တဲ့။

ဒါကတော့ စမ်းသပ်ကြည့်ရမှာပေါ့။ စမ်းသပ်ကြည့်ပြီးလို့ ရောဂါတွေ့ရင်လည်း တွေ့သလို ရေးပေးရမှာပေါ့။

မတွေ့ရင်လည်း မတွေ့သလို ရေးပေးရမှာပေါ့။ ဒါက ကျွန်တော်တို့အလုပ်။

ကျွန်တော်က ထုံးစံအတိုင်း သူ့အသက်တို့ ၊ အမည်တို့ကို မေးရတယ်။

`ကျွန်မနာမည်က အေးအေးမြင့်ပါ။ (…..)ကျောင်းမှာ ပီအေတီပါ။ အသက်ကတော့ ၄၂နှစ်ရှိပါပြီ´


ကျွန်တော်က သူ့နေရပ်လိပ်စာတို့ ဘာတို့ကိုရေးပြီး လူနာစမ်းသပ်တဲ့ ကုတင်ပေါ်ကို တက်ခိုင်းလိုက်တယ်။

`ဆရာ ကျွန်မက ဆေးလက်မှတ်လိုချင်တာပါ။ လူက ဘာမှမဖြစ်ပါဘူး။ ပကတိနေကောင်းပါတယ်´

သူမက ခုတင်ပေါ်ကို မတက်သေးဘဲ ကျွန်တော့်ကို အားနာတဲ့လေသံနဲ့ မရဲတရဲပြောတယ်။

`ဟုတ်ပြီလေ။ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အစ်မကြီးကို ကျွန်တော်စစ်ဆေးတော့ ကြည့်ဦးမှာပေါ့။

ဆေးလက်မှတ်ပေးတယ်ဆိုတာ ကောက်ရေးပေးလိုက်ရုံနဲ့ ဘယ်ဖြစ်မလဲ။ နည်းနည်းပါးပါးတော့

စစ်ဆေးကြည့်ရဦးမှာပေါ့´

သူက ကျွန်တော့်ကိုပိုပြီး အားနာတဲ့ဟန်နဲ့ လှမ်းကြည့်လိုက်ပြီး

`စစ်စရာ မလိုပါဘူး ဆရာရယ်။ ကျွန်မ အမျိုးသားက ကျန်းမာရေးမှူးပါ။ နယ်မှာ တာဝန်ကျနေပါတယ်။ သူ့ခွင့်နဲ့

လာတုန်းကလဲ ဆရာဝန်ကြီးတွေကို လိုက်ပြပြီး ဆေးတွေဘာတွေ စစ်ခဲ့ပါသေးတယ်။ အဆုပ်ကလည်း ကောင်း ၊

နှလုံးကလည်းကောင်း ၊ ဆီးတို့ဝမ်းတို့လည်း အားလုံးကောင်းပါတယ်။ ဘာရောဂါမှ မရှိပါဘူး။ ခုတော့

ပင်စင်ကလေး လျှောက်ချင်တာနဲ့ ကျွန်မတို့ ရပ်ကွက်ထဲမှာရှိတဲ့ ဆရာ့ဆီလာပြီး ဆေးလက်မှတ်

ထောက်ခံစာတောင်းတာပါ´

`ဒီမှာ အစ်မကြီး ၊ အစ်မကြီးကိုယ်တိုင်က နေထိုင်ကောင်းတယ်လို့လဲ ပြောတယ်။ ဆေးစစ်ခံစရာ မလိုဘူးလို့လဲ

ပြောတယ်။ ဒီတော့ ကျွန်တော်က ဘယ်နှယ့်လုပ်ပြီး ဆေးလက်မှတ်ထောက်ခံစာ ရေးပေးလို့ ဖြစ်ပါ့မလဲ။

အစ်မကြီးပဲ စဉ်းစားကြည့်ပါဦး´

`ဒါကတော့ ဆရာရယ်။ ဆရာဝန်တွေ ဒီလိုပဲ ထောက်ခံစာရေးပေးနေကြပါ။ ဒီတော့ ကျွန်မကလဲ

ဆရာအပန်းမကြီးဘူးထင်လို့ လာမိတာပါ´
သူ့အသံက တောင်းပန်လျှိုးသံပါနေတယ်။ ဟုတ်တော့ဟုတ်သားပဲ။ ဆေးလက်မှတ်က ဒီလိုပဲ

ကောက်ရေးပေးလိုက်ကြတာပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီလိုမလုပ်ချင်တော့ဘူးလေ။

နည်းနည်းပါးပါးတော့ စမ်းသပ်ကြည့်လိုက်ချင်သေးတယ်။ ရောဂါကလေး ဘာလေးတော့

ရှာပေးလိုက်ချင်သေးတယ်။ ဒါမှ ကိုယ့်အသက်မွေးမှုကို ကိုယ်ရိုသေရာ ရောက်မှာပေါ့။ ပိုက်ဆံရတိုင်း

ရေးပေးနေလို့ ဘယ်ကောင်းပါ့မလဲ။ အနည်းဆုံးကိုယ့်လိပ်ပြာတော့ ကိုယ်ပြန်ရှက်ရမှာပေါ့´

`ဟုတ်ပါတယ်။ အစ်မကြီးပြောသလိုပဲ ဒီလိုပဲ ဆေးလက်မှတ်ရေးပေးနေကြတာပါပဲ။ အစ်မကြီးလဲ

ဆရာဝန်ရဲ့ ဇနီးပဲ။ ကျွန်တော်ကတော့ ဒီလိုမလုပ်ချင်ဘူး အစ်မကြီး။ နည်းနည်းပါးပါးတော့ စမ်းသပ်ကြည့်ပြီးမှ

ကျွန်တော်ထောက်ခံချက် ရေးပေးနိုင်မယ်။ ဒီတော့ ဒါကို ခက်ခဲတယ်ထင်ရင် အစ်မကြီး လွယ်တဲ့ဆီကိုပဲ

သွားပါတော့´

ကျွန်တော်နည်းနည်းစိတ်တိုလာတယ်။ ဒါကြောင့် သူ့ကို ခပ်ပြတ်ပြတ်ပြောလိုက်တယ်။

`ဟုတ်ပါတယ်ဆရာရယ်။ ဒီလိုဆိုရင် ဆရာထုံးစံအတိုင်း လုပ်ပေးပါ။ ကျွန်မကတော့ ဆေးလက်မှတ်ရရင်

တော်ပါပြီ။ လူကြီးတွေကိုလဲ တက်ပြောပြီးလို့ ဆေးလက်မှတ်သာရအောင်ယူခဲ့ လုပ်ပေးမယ်လို့ ပြောလိုက်လို့

လာတာပါ။ ကျွန်မနည်းနည်းလောကြီးသွားပြီထင်ပါတယ်။ ခွင့်လွှတ်ပါ´

သူ့အပြောအဆို ဆက်ဆံပြုမူပုံက မွန်ရည်ယဉ်ကျေးပါတယ်။ ဒါနဲ့ကျွန်တော်လည်း သူ့ကို လူနာစမ်းသပ်တဲ့

ကုတင်ကလေးပေါ် တက်ခိုင်းပြီး စမ်းသပ်ကြည့်တယ်။ ဆေးခန်းမှာ စမ်းသပ်ကြည့်သလောက်တော့

အားလုံးကောင်းတယ်။ နှလုံးလည်းကောင်းတယ်။ အဆုပ်လည်း ကောင်းတယ်။ သွေးချိန်လည်း ကောင်းတယ်။

အနီးမီးယားတို့ ဘာတို့လည်း မရှိဘူး။

ဒါပေမယ့် ကျွန်တော်ဘက်က ကုန်အောင် လုပ်ပေးလိုက်ချင်တယ်လေ။ ဒါကြောင့်မို့ ထောက်ခံစာတစ်ခု

ရေးပေးလိုက်ပြီး သမ၀ါယမဆေးခန်းတစ်ခုကို အသွားခိုင်းလိုက်တယ်။ အဲဒီမှာ ဓာတ်မှန်ရိုက်မယ် ၊ အီးစီဂျီယူမယ်

၊ ဆီးစစ်မယ် ၊ ၀မ်းစစ်မယ်ပေါ့။
`ကျွန်တော်စမ်းသပ်ရသလောက်တော့ ဘာရောဂါမှ မရှိဘူး။ ဒေါင်ဒေါင်မြည်ပ။ဲ ဘာဖြစ်လို့

ဆေးပင်စင်ယခ
ျူင်တာလဲ။ အသက်ငယ်ငယ်ပရ
ှဲိသေးတာ။ အများကြီးအလုပ်လုပ်နိုင်သေးတာပဲ´

အမျိုးသမီးက အသက်ငယ်ငယ်ပဲ ရှိသေးတယ်ဆိုတဲ့စကားကို တော်တော်ကျေနပ်သွားပုံရတယ်။ ဒါကြောင့်မို့

ထင်ရဲ့ သူ့မျက်နှာဟာ ၀င်းထိန်ကြည်လင်သွားတယ်။

`လုပ်မယ်ဆိုရင်တော့ နောက်အနှစ်နှစ်ဆယ်လောက် လုပ်နိုင်ပါသေးတယ် ဆရာ။ ဒါပေမယ့် ကျွန်မအမျိုးသားက

နယ်တွေကိုပဲ လျှောက်ပြောင်းနေရပြီး ကျွန်မနဲ့ကလေးတွေက ရန်ကုန်မှာလိုလိုပဲ နေခဲ့ရတော့ မိသားစု

အတူတူနေရတယ်လို့ကို မရှိဘူး။ အမြဲတမ်းလိုလို မယ်တစ်ရွာ မောင်တစ်မြို့ ဖြစ်နေကြတာ။ ပိုဆိုးတာက

နှစ်အိမ်ထောင်ခေ
ွဲ နရတော့ စရိတ်ကသိပ်ကြီးပြီး ရတဲ့ဝင်ငွေနဲ့ မမျှအောင်ဖြစ်နေတယ်။ သူရတဲ့ လခကလဲ

ကျွန်မတို့ဆီကို ရောက်တယ်မရှိပါဘူး။ သူ့စရိတ်နဲ့ သူ့ဘာသာ ကုန်နေတာပါပဲ။ ဟိုမှုဆိုတော့ အိမ်လခ ၊

ထမင်းစရိတ် ၊ လက်ဖက်ရည်ဖိုး ၊ အသေးသုံးစသည်ဖြင့်တွေ ထည့်လိုက်တော့ ရတဲ့လခကလေး

ဘာကျန်တော့မှာလဲ။ ရန်ကုန်ကျတော့ ကျွန်မက ကလေးသုံးယောက် ကျောင်းစရိတ်နဲ့ ကျွန်မကျောင်းတက်တဲ့

စရိတ်စကနဲ့ ၊ အိမ်လခနဲ့ စားစရိတ်နဲ့ ဆိုတော့ လောက်တယ်လို့ကို မရှိဘူး။ အမြဲတမ်းလိုလို မိဘဆီက

လက်ဖြန့်တောင်းနေရတယ်။ ကြာတော့လဲ မိဘကို အားနာလာတယ်။ ကိုယ့်အိမ်ထောင်နဲ့ ကိုယ်နေပြီးမှ

မိဘဆီကို လက်ဖြန့်ခံတောင်းနေရတော့ ဘယ်ကောင်းတော့မလဲ။ ဒီပြင် မွေးချင်းတွေကလဲ

နည်းနည်းပြောချင်ဆိုချင် ဖြစ်လာတာပေါ့။ ဒီတော့ ကျွန်မတို့နှစ်အိမ်ထောင်ခေ


ွဲ နတာကို

တစ်အိမ်တည်းဖြစ်အောင် ပေါင်းနေမှ ဖြစ်တော့မယ်လို့ ကျွန်မတို့ ဆုံးဖြတ်ပါတယ်။ ပထမတော့

သူရန်ကုန်ပြောင်းရအောင် ကြိုးစားပါသေးတယ်။ ဒါပေမယ့် သိပ်မလွယ်လှပါဘူး။ သူ ရန်ကုန်ပြောင်းဖို့

ကြိုးစားတာကိုက နှစ်နှစ်လောက်ရှိပါပြီ။ ခုတော့ ကျွန်မတို့လည်း မစောင့်နိုင်တော့ဘူးလေ။ လခနည်းတဲ့

ကျွန်မကပဲ အလုပ်ပင်စင်ယူပြီး သူ့နောက်လိုက်ဖို့ ဆုံးဖြတ်ရတာပါ။ ဒါကြောင့်မို့ ဆေးပင်စင်ကို လျှောက်တာပါ´

ကျွန်တော် သူ့ကို ကိုယ်ချင်းစာနာပါတယ်။ ဟုတ်သားပဲ။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ မောင်တစ်ရွာ

မယ်တစ်မြို့ နေရတယ်ဆိုတော့ လွမ်းရေးပေါ့။ လွမ်းရေးခက်တာပေါ့။ ကြည့်စမ်းပါဦး။ အိမ်ထောင်သက်

အနှစ်နှစ်ဆယ်လောက် အတွင်းမှာ တစ်နှစ်သာသာလောက်ပဲ အတူနေလိုက်ရတယ်ဆိုတော့

အိမ်ထောင်ရေးသုခဆိုတာ ဘယ်မှာရှိနိုင်ပါတော့မလဲ။ ထားဦး။ ဒီအသက် ဒီအရွယ် အသက်လေးဆယ်


တစ်ဝိုက်ရောက်မှ လွမ်းရေးခက်တယ်ဆိုရင် လူပြောစရာဖြစ်မယ်။ ဒီတော့ လွမ်းရေးခက်တာတွေ

ဘာတွေမရှိဘူးထားဦး။ ၀မ်းရေးခက်တာပေါ့။ နှစ်အိမ်ထောင်ခေ


ွဲ နရတော့ စရိတ်စက ပိုကုန်တယ်။

ဟုတ်တယ်လေ။ လွမ်းရေးက ကိစ္စမရှိဘူး။ ၀မ်းရေးကပိုပြီးခက်တယ်။ ဥမ္မာဒန္ဒီပျို့လား ၊ ဘာလား မသိဘူးဗျာ။

ကျွန်တော်က ဆရာဝန်ဆိုတော့ စာပေတွေ ဘာတွေကိုတော့ သိပ်မသိဘူး။ ကျောင်းတုန်းက သင်ခဲ့ဖူးတာကိုပဲ

မှတ်မိတော့တယ်။ အဲ. .. အဲဒီပျို့ထဲမှာတော့ ကိုယ့်ချစ်သူနဲ့ အတူမပေါင်းသင်းရဘဲ လွှမ်းတပူဆွေး ၊

သူနှင့်ဝေးသော် ၊ ပြည်ထေ
ဲ ရးနှင့် ၀မ်းရေးတို့ထက် လွမ်းရေးခက်စွ ဆိုတာလား ဘာလား ကြားဖူး မှတ်ဖူးတာပဲ။

ခု သူတို့အရွယ်က လွမ်းရေးခက်နေချိန် မဟုတ်ဘူး။ နှစ်အိမ်ထောင်တခြားစီနေရတော့ လွမ်းရေးထက်

ဝမ်းရေးဟာ ခက်နေတယ် ထင်တယ်။ ဒါတော့ ကျွန်တော်လည်း သဘောတူတယ်။ ကျွန်တော်ကိုယ်တိုင်

ဆရာဝန်ပေါက်စဘ၀တုန်းက ဟိုမြို့ဒီမြို့ပြောင်းတော့ ကျွန်တော့်မိန်းမ အထက်တန်းပြဆရာမကို တစ်နေရာမှာ

ထားပစ်ခဲ့ရတယ်။ ကိုယ့်အတွက်လည်း စရိတ်ကုန် ၊ သူ့အတွက်လည်း စရိတ်ကုန်ဆိုတော့

စုမိဆောင်းမိတယ်ရယ်လို့ကို မရှိဘူး။ သူတို့လင်မယားလည်း ဒီအတိုင်းပဲဖြစ်မှာပေါ့။ ကျွန်တော်

ကိုယ်ချင်းစာမိပါတယ်။

နောက်တစ်ရက်ခြားကျတော့ သူ ပေါက်လာတယ်။ အထူးကုဓာတ်မှန်တို့ ၊ အီးစီဂျီတို့ ၊ ဆီးတို့ ၀မ်းတို့မှာ ဘာမှ

ပြောစရာမရှိဘူး။ သွေးဖြူဥတို့ သွေးနီဥတို့လည်း ပုံမှန်ပ။ဲ

ကျွန်တော်က အဲဒီဓာတ်မှန်ပါရဂူတို့ အီးစီဂျီပါရဂူတို့ ရေးထားတာတွေ ဖတ်ပြလိုက်တော့ သူကပြုံးရင်း ..

`ဒုက္ခပါပဲ ဆရာရယ်။ ရောဂါကလေး ဘာလေးဖြစ်ချင်တာ မဖြစ်ပြန်ဘူး။ တကယ်ဆို ရောဂါသေးသေးလေး

တစ်ခုလောက်တော့ ရှိဖို့ကောင်းတာပေါ့။ ကျွန်မက မကြာခဏ ဇက်ကြောတက်တတ်တော့ အနည်းဆုံး

သွေးတိုးရောဂါလေး ဘာလေးတော့ ရှိမယ်ထင်တာ။ ခု ဘာမှ မရှိဘူးဆိုတော့ ခက်တာပေါ့။ ဒါပေမယ့် ဆရာ ၊

ကျွန်မကို ကူညီပါ။ ကျွန်မ ဆေးပင်စင်ကလေးရအောင် ဆေးလက်မှတ်ကလေးတော့ ထောက်ခံချက် ရေးပေးပါ´

ကျွန်တော် တော်တော်စိတ်ညစ်သွားတယ် ဘာရောဂါမှမရှိဘဲ လူတစ်ယောက်ကို ဆေးလက်မှတ် ထောက်ခံချက်

ရေးပေးဖို့ဆိုတာ တော်တော်ခက်တယ်။ တယ်ပြီး လိပ်ပြာမသန့်ချင်ဘူး။ ထုံးစံကတော့

လွယ်လွယ်ရေးပေးလိုက်ကြတာပါပဲ။ ဆေးလက်မှတ်ရသွားသူတွေကလည်း အထိုက်အလျောက်


ကန်တော့သွားကြတာပဲ။ ဒါပေမယ့် ဒါမျိုးကို ကျွန်တော် မလုပ်ချင်ဘူးလေ။ ကျွန်တော် ဆရာဝန်လုပ်လာတာ

ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်ရှိပြီ။ ဒါမျိုးတစ်ခါမှ မလုပ်ခဲ့ဖူးသေးဘူး။ တကယ်ပြောတာပါ။ ယုံပါ။

`ရေးမပေးလို့ မရဘူးလား အစ်မကြီး´

သူက ဆေးလက်မှတ်ရေးပေးဖို့ ကျွန်တော့်ကို အတင်းတောင်းပန်တယ်။ ကျွန်တော်ကလည်း အတန်တန်

ငြင်းပါသေးတယ်။ အတန်တန်ငြင်းလို့မရတဲ့ အဆုံးကျတော့ သူ့ကို ကျွန်တော်သနားတာနဲ့ ရေးပေးလိုက်တယ်။

မတတ်နိုင်ဘူးလေ။

ရောဂါအမည်တပ်ရတာတော့ သိပ်မခက်လှပါဘူး။ အနီးမီးယားပဲပေါ့။ မြန်မာအမျိုးသမီး တော်တော်များများဟာ

အနီးမီးယားအနည်းနဲ့အများတော့ ရှိတတ်ကြတာပဲ။ ဒီတော့ အနီးမီးယားရေးလိုက်ရင် မမှားနိုင်ဘူးပေါ့။

တကယ်ကတော့လည်း ကျွန်တော့်ထောက်ခံစာဟာ ရုံးထုံးစံအတိုင်း ရေးပေးလိုက်ရတာပါ။ သက်ဆိုင်ရာဌာနက

လူကြီးတွေ ပင်စင်ဘုတ်မှာရှိတဲ့ ဆရာဝန်ကြီးတွေက သဘောတူရင် ပြီးတာပါပဲ။

အမျိုးသမီးက ပြန်ခါနီးတော့ ကျွန်တော့်ကို အခကြေးငွေပေးတယ်။ ကျွန်တော် လက်မခံလိုက်ဘူး။

အမျိုးသမီးလည်း ကျွန်တော့်ကို လှိုက်လှဲစွာ ကျေးဇူးတင်စကားပြောပြီး ပြန်သွားတယ်။ အံ့သြကျေးဇူးတင်တဲ့

မျက်လုံးတွေနဲ့ ကျွန်တော့်ကိုကြည့်သွားတယ်။ နောက်နေ့ကျတော့ တစ်ရာကျော်တန် မလေးရှားလုံချည်

တစ်ထည်နဲ့ လာကန်တော့တယ်။ အဲ … ကန်တော့တယ်ဆိုတာထက် လက်ဆောင်ပေးတယ်လို့

ပြောရင်ရပါတယ်။ တကယ်တော့ ကျွန်တော့်ထက် ကြီးတာပဲ။ ကန်တော့စရာ မလိုပါဘူး။

ဒီလိုနဲ့ ငါးနှစ်လောက် ကြာသွားတယ်။ ကျွန်တော်လည်း သူ့ကို မေ့နေတယ်။ တစ်နေ့တော့

ကျွန်တော်ဆေးခန်းမှာ ထိုင်နေတုန်း သူရောက်လာတယ်။ ချက်ချင်းတော့ ကျွန်တော် သူ့ကိုမမှတ်မိဘူး။

`ဆို .. ဘာဖြစ်သလဲ´
ကျွန်တော်က ဆေးခန်းအ၀င် လူနာကို ဆရာဝန်တွေ နှုတ်ဆက်စကားနဲ့ နှုတ်ဆက်ဆီးကြိုတယ်။ သူက

ကျွန်တော်မေးတာကို မဖြေသေးဘဲ နွမ်းလျစွာ ပြုံးကြည့်ရင်း ..

`ဆရာ ကျွန်မကို မမှတ်မိဘူးထင်တယ်´

`ဟုတ်ကဲ့ သိတော့သိသလိုပ´

ကျွန်တော် ၀ါးဖြေလိုက်တယ်။ ဟုတ်တယ်လေ။ ငါးနှစ်လောက်အတွင်းမှာ ကျွန်တော်ဆေးခန်းကို

လူနာရာထောင်ချီပြီး လာနေတာ ၊ ကျွန်တော်ဘယ်မှာ မှတ်မိနိုင်ပါတော့မလဲ။

`လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ဆရာ့ဆီကို လာပြီး ဆေးပင်စင်အတွက် လက်မှတ်ထောက်ခံစာ

လာတောင်းဖူးတယ်လေ။ မူလတန်းပြ ဆရာမ အေးအေးမြင့်ပါ´

ဒီတော့မှ ကျွန်တော် သူ့ကို သေသေချာချာကြည့်လိုက်တယ်။ အလျင်တစ်ခေါက်နဲ့ လုံးလုံးမတူတော့ဘူး။

တော်တော်လေး ပိန်ချုံးကျသွားတယ်။ အလျင်တုန်းက သူ့အသားအရေဟာ စိုပြည်ကြည်လင်လို့ ၊ ခုတော့

သူ့အသားအရေက မွေ
ဲ ခြာက်လို့ နားထင် နားရင်းတွေ ချိုင့်ဝင်လို့ ၊ အလျင်က သူ့နှုတ်ခမ်းတွေက နီရဲလို့ ၊

သူ့ပါးပြင်က နှင်းဆီရောင်သမ်းလို့ ၊ ပကတိကျန်းမာတဲ့ မိန်းမတစ်ယောက်။

ခု သူ့ကိုကြည့်လိုက်တော့ တော်တော်လေး ကျန်းမာရေး ချို့တဲ့နေပုံပ။ဲ သူ့ရင်ဖိုလှိုက်လှိုက်လှဲလှဲ ဖြစ်နေတာကို

ကြည့်ရင် သူ့အသက်ရှုနှုန်းဟာ မြန်နေတယ်ဆိုတာကို သိနိုင်တယ်။ သူ့အသားအရေဟာ ခြောက်ခန်းနေတယ်။

ပိန်ချုံးသွားတာကိုကြည့်ပြီး အစာအဟာရ ချို့တဲ့နေတယ်ဆိုတာကို သိနိုင်တယ်။

`ဟုတ်ပြီ .. ကျွန်တော်မှတ်မိနေပြီ။ ဟို . ဟိုပင်စင်လျှောက်ဖို့ ကျွန်တော့်ဆီ ဆေးလက်မှတ် တောင်းခဲ့တယ်လေ။

အဲဒီတုန်းက အစ်မကြီးကို ကြည့်ရတာ ကျန်းကျန်းမာမာ ရှိနေလို့တောင် ကျွန်တော်က ရုတ်တရက်

ဆေးလက်မှတ် ရေးမပေးခဲ့ဘူး။ ဆို ခုကော ဘာဖြစ်လို့လဲ´


ဒေါ်အေးအေးမြင့်ဟာ ကျွန်တော့်ကို အားနာတဲ့ဟန်နဲ့ ကြည့်နေတယ်။ ပြီးတော့မှ ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း ..

`ခု .. ဆရာ့ဆီက ဆေးလက်မှတ်ကလေး တစ်ခု တောင်းချင်လို့ပါ´

`ဘာဆေးလက်မှတ်လိုချင်ပြန်ပြီလ။ဲ အရင်တစ်ခါ ကျွန်တော် ဆေးထောက်ခံစာ ရေးပေးလိုက်လို့

ပင်စင်ရပြီမဟုတ်လား´

`ဟုတ်ကဲ့။ ပင်စင်တော့ ရပါတယ်။ ပင်စင်ရလို့လဲ ကျွန်မယောက်ျားနေတဲ့ဆီကို လိုက်သွားခဲ့ပြီးပါပြီ။ ဒါပေမယ့် ခု

ကျွန်မလိုချင်တဲ့ ဆေးလက်မှတ်က တစ်မျိုးပါဆရာ´

`ဘယ်လိုဆေးလက်မှတ်လ´

`ကျွန်မ ပင်စင်မယူတော့ဘဲ အလုပ်ပြန်ဝင်တော့မလို့ ကျန်းမာကြောင်း ထောက်ခံချက်ကလေး လိုချင်လို့ပါ´

ကျွန်တော် တော်တော့်ကို အံ့သြသွားတယ်။ အရင်တစ်ခါလာတုန်းက ကျန်းကျန်းမာမာ ၀၀ဖြိုးဖြိုး။

အဲဒီတုန်းကတော့ မကျန်းမာလို့ ဆေးပင်စင်ယူချင်တယ်ဆိုပြီး ဆေးလက်မှတ်ထောက်ခံချက် တောင်းခဲ့တယ်။

အဲဒီတုန်းက သူက ကျန်းကျန်းမာမာနဲ့ ဆေးပင်စင်လာလျှောက်တယ်။ ခုတော့ သူတို့ကြည့်ရတာ

ကောင်းကောင်းမကျန်းမာဘူး။ ဒီတစ်ခါကျတော့လည်း အလုပ်ပြန်လုပ်နိုင်အောင် ကျန်းမာရေးထောက်ခံချက်

လာတောင်းတယ်။

`ဘယ်လိုဖြစ်တာလဲ အစ်မကြီးရယ်။ အစ်မကြီးကြည့်ရတာ သိပ်နေကောင်းပုံမရဘူး။ ဒီအချိန်ကျမှ ဘာဖြစ်လို့

ပြန်ပြီးအလုပ်လုပ်ချင်သေးတာလဲ´

`နည်းနည်းတော့ ထူးဆန်းနေမလား မသိဘူးဆရာ။ ကျန်းမာရေးကတော့ အသက်နည်းနည်း ထောက်လာလို့

မီးယပ်ရောဂါတို့ ဘာတို့ နည်းနည်းရှိတာပေါ့ ဆရာရယ်။ မူးတာ မော်တာ အားနည်းတာတို့ပေါ့။ ဒါပေမယ့်

ဒီလောက်တော့ ကိစ္စမရှိပါဘူး။ ကျွန်မ အလုပ်လုပ်နိုင်ပါတယ်။ ကလေးတွေကို စာပြနိုင်ပါသေးတယ်´


`ဘာဖြစ်လို့ ပြန်လုပ်ချင်တာလဲ´

ကျွန်တော်ကထပ်မေးတယ်။

`ပြောရရင်တော့ အရှည်ကြီးပဲ ဆရာ။ ဒါပေမယ့် ဆရာ့အချိန်ကို အားနာသောအားဖြင့် တိုတိုပေ


ဲ ပြာပါတော့မယ်

ဆရာ။ ကျွန်မဆေးပင်စင်ရပြီးတော့ သူ့နောက်ကို လိုက်သွားပါတယ်။ ကျွန်မစိတ်ကူးထဲမှာတော့

မိသားစုတစ်တွေ သိုက်သိုက်ဝန်းဝန်းနေကြမယ်ပေါ့။ စရိတ်စကလဲ အကုန်အကျနည်းမယ်ပေါ့။ ဒီစိတ်ကူးနဲ့

သူ့နောက်ကို ကျွန်မ လိုက်သွားပါတယ်။ သုံးလေးနှစ်လောက်အထိတော့ ကျွန်မတို့ နေရေးထိုင်ရေး

အဆင်ပြေပါတယ်ဆရာ။ သုံးလေးနှစ်ကျော်တော့သာ သူနည်းနည်းဖောက်လာတာပါပဲ`

`အင်း ပြောပါဦး။ ဘယ်လိုဖောက်လာတာလဲ´

`ကျန်းမာရေးမှူးဆိုတော့ ငွေကလေး ဘာလေး နည်းနည်းရွှင်တာပေါ့ ဆရာရယ်။ ကျွန်မရောက်တော့

အရင်တုန်းကဆို အနံ့တောင် မခံနိုင်တဲ့ ကျွန်မယောက်ျားဟာ အရက်တောင် သောက်တတ်နေပြီလေ။

သူတို့တောမှာ အပျင်းဖြေစရာရယ်လို့ သိပ်မရှိကြတော့ အရက်သောက်တတ်သွားတာတဲ့။

အရက်သောက်တာကို ခံနိုင်ပါသေးတယ် ဆရာ။ နောက်ကျတော့ သူက နောက်မိန်းမပါ ယူလာတယ်။

နောက်မိန်းမက သူ့ထက် အများကြီးငယ်တယ်။ ပြီးတော့ ကောင်မလေးကလဲ ခပ်ရှုပ်ရှုပ်လို့ အရပ်က

ပြောကြတာပါပဲ။ ကျွန်မတို့ကိုလဲ မှန်မှန်မထောက်တော့ပါဘူး။ နောက်ဆုံးတော့ ကျွန်မကို မူးမူးပြီး

အမြဲတမ်းလိုလို ရန်လုပ်လာတော့တာပဲ။ လင့်တစ်မျက်နှာကို တစ်ရွာထင်ပြီး လိုက်သွားတာ ဒုက္ခလှလှကြီး

တွေ့တော့တာပဲ ဆရာရယ်။ ဒါကြောင့်မို့ ကျွန်မနဲ့သူ ပြတ်ပြတ်စဲစဲဖြစ်ပြီး မိဘဆီ ပြန်လာခဲ့ပြီ။ ကျွန်မ

အလုပ်မလုပ်လို့ မဖြစ်တော့ဘူး။ အလုပ်ပြန်လုပ်မှ ဖြစ်မယ်။ ဌာနဆိုင်ရာ လူကြီးတွေကိုလဲ ကျွန်မအဖြစ်ကို

ဖွင့်ပြောပြီး ကျွန်မကို အလုပ်ပြန်ဝင်ခင


ွ့်ပေးဖို့ ပြောခဲ့ပြီးပြီ။ သူတို့က ထုံးစံအတိုင်း ကျန်းမာရေး ထောက်ခံချက်

ယူခဲ့ပါဆိုလို့ ဆရာ့ဆီ ကျွန်မလာခဲ့တာပါ။ ဒီတစ်ခါလဲ ကျွန်မကို ကူညီပါ ဆရာရယ်။ ကျွန်မ

အလုပ်လုပ်နိုင်ပါသေးတယ်။ နောက်ဆယ့်ငါးနှစ်လောက် ကောင်းကောင်းအလုပ်လုပ်နိုင်ပါသေးတယ်။ ကျွန်မ


သားသမီးတွေကိုလဲ ကျွန်မဘာသာ ရှာဖွေကျွေးမွေးပြီး ကြီးပြင်းအောင် မွေးမြူမယ်။ ကျွန်မကို ကူညီတဲ့အတွက်

ဆရာ့မှာ ကုသိုလ်အများကြီးရနိုင်ပါတယ်´

ကျွန်တော် ဘာမှမပြောတော့ဘူး။ သူ့ကို လူနာကုတင်ပေါ်အတက်ခိုင်းလိုက်ပြီး စမ်းသပ်ကြည့်တယ်။ အနီမီးယား

ရှိတယ်။ နှလုံးအားနည်းတယ်။ အာရုံကြောအားနည်းတယ်။ အဆုပ်အားနည်းတယ်။

ဒါပေမယ့် သူ့ကို ကျန်းမာရေးကောင်းကြောင်း ထောက်ခံချက်ကို သွက်သွက်လက်လက်ကြီး ရေးပေးလိုက်တယ်။

မြသန်း တင့်

(၁၉၈၉ခန
ု စ
ှ် နဝ
ို ငဘ
်ာလ ၊ အမတ
ှ် ၃၇ ရငခ
် န
ု ပ
် င
ွ့် )

Type By Lin Let Kyal Sin


http://linletkyalsin.blogspot.com

You might also like