You are on page 1of 3

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

နေ့စွဲ - ၂၂ရက်၊နိုဝင်ဘာလ၊၂၀၀၈ ခုနှစ်

တိက
ုတွန်းနှိုးဆော်စာ (၁/၂၀၀၈)

(၈၈ နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အမျိုးသားနေ့အမျိုးသားရေးနှိုးဆော်လွှာ)

ပြည်တွင်းပြည်ပ မြန်မာအမျိုးသားအပေါင်းတို့။

အကြောင်းအရာ။ ။ မြန်မာနိုငင
် တ
ွံင်၊ ယုံကြည်ချက်ကြောင့်မတရား၊ ထိန်းသိမ်း ခံထားရသူ

များအပေါ်၊ စစ်အစိုး ရ မှ ၄င်းတို့ အာဏာတည်မြဲရေးအတွက၊် ဥပဒေ နှင့်

တရားစီရင်ရေးကို အလွသ
ဲုးံ စားပြု၊ လုပ်ဆောင်နေမှုများကို ၀ိင
ုး ၀န်း

ကန့်ကွက်၊ ရှုတ်ချ ကြပါရန်၊ တိုကတ


် န
ွ်း နှိုးဆော်ခြင်း

(၁)

မြန်မာနိုင်ငံတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှငဒ့်ီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ပြည်သူလူထုကိုယ်စားငြိမ်း

ချမ်းစွာကိုယ်ကျိုးစွန့်ဆောင်ရွက်နေကြသည့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်၂၀၀၇ခုနှစ်စက်တင်ဘာပြည်

သူ့အရေးတော်ပုံတွင်ပါဝင်ဦးဆောင်ခဲ့ကြသောရဟန်းရှင်လူပြည်သူများစွာတို့အားစစ်အာဏာရှင်လက်ပါးစေများမှမတရား

သဖြင့်ဖမ်းဆီးအရေးယူမှုများပြုလုပ်ကာတရားစီရင်ရေးမဏ္ဍိုင်ကိုအာဏာတည်မြဲရေးလက်ကိုင်ဒုတ်အဖြစ်အသုံးချလျှက်

ဥပဒေမဲ့ တရားစီရင်မှုများဖြင့် အဓမ္မ ပြစ်ဒဏ်ချမှတ်လျှက်ရှိသည်။

ထို့အပြင်ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသောနိုင်ငံရေးအကျဉ်းသားများအားမိသားစုနှင့်ဆုံတွေ့ရန်ဝေးကွာသော

နေရာဒေသအသီးသီးရှိအကျဉ်းထောင်များသို့ပြောင်းရွှေခြင်းကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသူများအားလျှစ်လျူရှု့
ထားခြင်းအစရှိသဖြင့်၊ရုပ်ပိုင်းဆိုင်ရာညှင်းပမ်းမှုသာမက၊စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုများကိုအငြိုးကြီးစွာရည်ရွယ်ချက်ရှိရှိဆောင်

ရွက်လျှက် ရှိသည်။

(၂)

မြန်မာနိုင်ငံ၏နိုင်ငေ
ံ ရးပြဿနာရပ်များကိုနိုင်ငံရေးနည်းလမ်းအရသိက္ခာရှိရှိဖြေရှင်းနိုင်ရန်နိုင်ငံတကာမိသားစုများဒီမိုကရေစီ

အင်အားစုများမှ တစိုက်မတ်မတ်တောင်းဆိုခဲ့သော်လည်း၊ နအဖစစ်ကောင်စီအနေဖြင့်

• သိက္ခာမဲ့စွာဖြင့်တိုင်းရင်းသားလူမျိုးစုများဆိုင်ရာအခွင့်အရေးများနှင့်ပြည်သူလူထုတရပ်လုံး၏အခြေခံအခွင့်အ

ရေးများကို၊ ဆက်တိုက်ချိုးဖောက် ကျူးလွန် နေခြင်း၊

• ၁၉၉၀ခု၊ လူထုဆန္ဒအမှန်ရွေးကောက်ပွဲရလာဒ်ကိုအကောင်အထည်ဖေါ်ဆောင်ရန်ပျက်ကွက်ရုံမျှမကတဘက်

သတ် ရေးဆွဲပြဌာန်း အတည်ပြုထားသော၊စစ်အခြေပြုဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်အာဏာရှင်စနစ်ဖြင့်ထာဝရ၊

တရားဝင်၊ စစ်ကျွန်ပြုနိုင်ရေးအတွက်၊ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို၊ အဓမ္မကျင်းပရန် စီစဉ်နေခြင်း

• စစ်မှန်သည့်အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော၊တွေ့ဆုံဆွေးနွေးအဖြေရှာရန်တောင်းဆိုမှုများကို၊

နိုင်ငံရေး လှည့်စားမှု အဖြစ်သာ၊ ကာလရှည်စွာ အသုံးချနေခြင်း၊

• ပြည်သူလူထု၏၊ နေ့စဉ်ဘ၀ လုံခြုံရေးနှင့်စားဝတ်နေရေးအထွေထွေကျပ်တည်းမှုပြဿနာများကိုပြေလည်အောင်

ဖြေရှင်း တာဝန်ယူမှု၊ မရှိခြင်း၊

• အာဏာတည်မြဲရေးအတွက်ပြည်သူလူထုအားဖိနှိပ်ခြိမ်းခြောက်ရန်တရားစီရင်ရေးမဏ္ဍိုင်ကိုအာဏာအလွဲသုံးစား

ပြုလုပ်နေခြင်း၊

အစရှိသဖြင့် စစ်အစိုးရမှ ဒီမိုကရေစီ နိင


ုငံတော်တည်ဆောက်ရေးလမ်းကြောင်းပေါ်မှ သွေဖည်လျက် ပဋိပက္ခများ၊
အကျပ်အတည်း၊ ဆိုးကျိုးများ၊ ပိုမိုဖြစ်လာစေရေးကိုသာ၊ ဦးတည်လျှက်ရှိသည်။

(၃)

ထိုသို့စီးပွားရေးလူမှုရေးပညာရေးတရားစီရင်ရေးအခြေခံလူ့အခွင့်ရေးတိုင်းရင်းသားအခွင့်အရေးများဘက်စုံချွတ်ချုံကျ
လာအောင်မတရားဖိနပ
ှိအုပ်စိုးထားသည့်စစ်အာဏာရှင်စနစ်ဆိုးကြီးအားအမိမြန်မာပြည်တွင်အမြစ်မကျန်တွန်းလှန်ဖယ်ရှား
ပြီး၊ စစ်မန
ှ်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး၊ ဘံရ
ု ည်မန
ှ်း ချက်သို့ ပြည်တွင်းပြည်ပရှိနင
ိုငံရေးခေါင်းဆောင်များနှင့်၊
နိုင်ငံရေးဦးဆောင် အဖွဲ့အစည်းများ၊ အင်အားစုများ၊ စစ်မှန်သောမြန်မာ့ဒီမိုကရေစီရေးလိုလားသူနိုင်ငံတကာအသိုင်းအဝိုင်း
အားလုံးတို့သည်၊ ပြည်သူလူထုအကျိုးကိုရှေ့ရှုလျှက်တသားတည်းတသံတည်းစုစည်းညီညွတ်စွာဖြင့်အဆုံးသတ်တိုက်ပွဲကို၊
အစွမ်းကုန် စွန့်လွှတ်၊ တိုက်ပွဲဝင်သွားနိုင်ရန်မှာ၊ အရေးအကြီးဆုံးပင်ဖြစ်သည်။

ထိအ
ု ရေးကြီးဆံုး တိက
ု ပ
်ဲ၏
ွ ပထမဆံုး လှုပရ
ှ်ားမှုကြီးအဖြစ် -

န-အ-ဖ ၏ လမ်းပြမြေပံ(ု ၇)ချက်အရ၊ ၂၀၁၀ ခုနှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေး၏


အဟန့်အတားဖြစ်သည့်အပြင်၎င်းရွေးကောက်ပွဲအားအသိအမှတ်ပြုခြင်းသည်အနာဂတ်ကမ္ဘာ့သမိုင်းတွင်လည်းစစ်အာဏာ
ရှင်အကြမ်းဖက်အစိုးရတရပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများရက်စက်ကြမ်းကြုတ်မှုများလှည့်ဖျားမှုများကိုကမ္ဘာကြီးမှမသိ
ကျိုးနွံပြုအသိအမှတ်ပြုရာရောက်သည့်အစဉ်လာအမဲစက်တရပ်ဖြစ်နေနိုင်ကြောင်းနိုင်ငံတကာမိသားစုအနေဖြင့်တာဝန်ရှိ
ကြောင်းသတိပြုမိစေရန် ရည်ရွယ်၍ု၊ ဖိနပ
ှိခံနေရသောမြန်မာပြည်သူလူထုကိုယ်စား လှုပ်ရှားမှုများဆောင်ရွက်သွားနိုင်ရန်
အတွက်

(က) ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့မှစ၍၊ နိင


ုငံတကာရှိ မြန့်မာဒီမိုကရေစီရေးလိုလားသူ အင်အားစုများ အနေဖြင့်၊
ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသောဒေါ်အောင်ဆန်းစုကြည်အပါအ၀င်တိုင်းရင်းသားခေါင်းဆောင်များ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင်များသံဃာတော်များအပါအဝင်နိုင်ငေ
ံ ရးအရမတရားထိမ်းသိမ်းခံထားရသူများအား လုံး၊
ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုပွဲများ၊ ဆုတောင်းပွဲများ၊ ကို နိုင်ငအ
ံ လိုက် တပြိုင်နက်
ဆက်တိုက်၊ လှုပ်ရှားဆောင်ရွက်သွားပေးရန်၊

(ခ) သက်ဆိုင်ရာနိုင်ငံအလိုက်၊ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂရုံးများသို့စစ်အစိုးရ၏ လုပ် ရပ်အား၊


ပြတ်သားစွာရှုံ့ချပြီးထိရောက်စွာအရေးယူပေးပါရန်တရားဝင်အသိပေးတောင်းဆိုခြင်းများပြုလုပ်ကြပါရန်ကျွန်ုပ်တို့မြန်မာ
ပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်( FBF )မှ အလေးအနက်၊ တိုက်တွန်း နှိုးဆော်အပ် ပါသည်။

ဗဟိုနင
ို င
်ေ
ံ ရးဦးဆောင်ကော်မတီ

မြန်မာပြည်လတ
ြ ေ
် မြာက်ရေးအဖွဲ့ချုပ်

ဆက်သွယ်ရန်။

ကိုမိုးသီးဇွန် (Email: wefightwewin@gmail.com)

ကိုရွှေစင် (Email: shwesinhtun@yahoo.com)

မခင်မမမျိုး (Email: khinmamamyo2007@yahoo.co.uk)

You might also like