You are on page 1of 2

န၀ရူပ 'ဗျာလ'

ကမ္ဘာUီးကတည်းက လူမျိုးတိုင်း ဘာသာတိုင်း၌ ၄င်းတို့၏ ဒဏ္ဍာရီ ဆန်သော Aထိမ်းAမှတ် သင်္ကေတ


ရုပ်ထုများ ရှိခဲ့ကြသည်။ Aလာတူပင် ရခိုင် လူမျိုး၌လည်း ဒဏ္ဍာရီဆန်သော Aထိမ်းAမှတ် သင်္ကေတ ရုပ်ထု
တစ်ခုရှိသည်။ သို့ရာတွင် ယင်းရုပ်ထုကို ကမ္ဘာကပင် မဆိုထားနှင့် မြန်မာနိုင်ငံ၌ပင် လူAတော်များများ မသိရှိ
ကြသေးပေ။ ၄င်းတို့ကို ရှေးဟောင်း စေတီပုထိုးများ၏ ကျောက်ဆစ်လက်ရာများတွင် ပုံသဏ္ဍာန် Aမျိုးမျိုးရှိသော
ရှေးဟောင်းလက်ရာ AမွေAနှစ်Aဖြစ် တွေ့ရှိနိုင်ပါသည်။ ယင်း သတ္တ၀ါကို ရခိုင် လူမျိုးတို့က “ဗျာလ” ဟုခေါ်ဆို
ခဲ့ကြသည်။ Aဆိုပါ သတ္တ၀ါ မှာရခိုင် လူမျိုးတို့၏ ရှေးရိုး စU်ဆက် တစ်လျှောက် ရှိခဲ့သော ဒဏ္ဍာရီဆန်သော
သတ္တ၀ါဖြစ်သည်။

ယင်း ‘ဗျာလ’ ကို သတ္တ၀ါ ကိုးမျိုး၏ ကောင်းမြတ်သော ခွန်Aား စွမ်းAင် ရှိသော သတ္တ၀ါတို့၏ Aစိတ်
Aပိုင်းများနှင့် ပေါင်းစပ် ထားသည်။ယင်းသို့ သတ္တ၀ါ ကိုးမျိုး၏ Aစိတ် Aပိုင်းများနှင့် ပေါင်းစပ် ထားခြင်းကြောင့် ‘နဝ
ရူပ ဗျာလ’ ဟုလည်းခေါ်သည်။ Aဆိုပါ ‘န၀ ရူပ ဗျာလ’ ရုပ်တွင် ပါရှိသည့် သတ္တ၀ါ ကိုးမျိုး၏ Aစိတ်Aပိုင်း များမှာ -

• ၁. ဆင်နှာမောင်း

• ၂. သမင်မျက်လုံး

• ၃. ကြံ့ချို

• ၄. ကြက်တူရွေးလျှာ

• ၅. ငါးကြင်းကွက်

• ၆. ဒေါင်းAမြီး

• ၇. မြင်းနားရွက်

• ၈. ကျားAစွယ်

• ၉. ခြင်္သေ့လက်ဝါး တို့ဖြစ်သည်။
ထိုကဲ့သို့ ထူးခြားသော စွမ်းAင်ရှိသည့် Aစိတ်Aပိုင်းများကို တစ်ကောင်တည်း ဖြစ်ေAာင် ပေါင်းစပ်
ထားခြင်းမှာလည်း ဗျာလ သတ္တ၀ါ ၏ ထူးခြားမှုကို ရည်ညွှန်းထားသည့် Aဓိပ္ပါယ် ဖြစ်သည်။ ဗျာလတွင် ပါရှိသည့်
Aစိတ်Aပိုင်းများ Aနက် ကြက်တူရွေးလျှာသည် စကား ပရိယာယ် ကြွယ်ဝခြင်းကို လည်းကောင်း ၊ ဒေါင်းAမြီးသည်
လှပ တင့်တယ် ခြင်းကို လည်းကောင်း ၊ မြင်း နားရွက်သည် Aကြား Aာရုံ ထက်မြက်ခြင်း ကိုလည်းကောင်း ၊
သမင်မျက်လုံး သည် Aမြင်Aာရုံ စူးရှခြင်းကို လည်းကောင်း ၊ငါး၏ ကိုယ်ထည်သည် လျင်မြန် ဖျတ်လတ်ခြင်းကို
လည်းကောင်း ၊ ကြံ့ချို ၊ ကျားစွယ် ၊ခြင်္သေ့ လက်ဝါး ၊ ဆင်နှာမောင်း သည် စွမ်းAင် ကြီးမားခြင်းတို့ကို လည်းကောင်း
Aသီးသီး ကိုယ်စားပြုပါသည်။

Aဆိုပါ သတ္တ၀ါ ကိုးမျိုး တို့၏ Aစိတ်Aပိုင်းဖြင့် တန်ဆာ ဆင်Aပ်သော သတ္တ၀ါAား ထားရှိ ခြင်းဖြင့်
“Aဗျာလော- ဘေးUပါဒ်ကို မဖြစ်စေတတ်ဘဲ ၊ လာဘော - လာဘ်လာဘကိုသာ ဖြစ်စေတတ်၏“ ဟု ရခိုင်လူမျိုးတို့
ယုံကြည်ထားကြသည်။

ဗျာလကို ရခိုင် ဝေသာလီခေတ် သာသနိက Aဆောက်AAုံ များတွင် စတင်တွေ့ ရှိရသည်။ ယင်းထက်


ရှေးကျသော ရုပ်ထုများလည်း ရှိကောင်း ရှိနိုင်ပါသေးသည်။ မင်္ဂလာ Aခမ်းAနားများ ၌ သုံးစွဲသော Aသုံး Aဆောင်
ပစ္စည်းများတွင် Aနည်းငယ် တွေ့ရှိရပါသည်။ ရခိုင်လူမျိုး တို့၏ ရှေးဟောင်း Aထိမ်းAမှတ် တခုဖြစ်သော ‘န၀ ရူပ
ဗျာလ’ ကို ကျောင်းကန် ၊စေတီ ပုထိုးများတွင် လည်းကောင်း ၊ ထင်ရှားသော Aဆောက် AUီး များတွင် လည်ကောင်း
စွမ်းAင် ကိုးမျိုး ပေါင်းစု ထားသော Aစောင့် Aရှောက် သတ္တ၀ါ Aဖြစ် ထားလေ့ရှိပါသည်။

You might also like