www.nguyinpyin.net
Page1
ရေးသူ- ဗန်းမော် တင်အောင်
၁၉၅၈ ခုနှ စ် လယ်လောက် က ဤတိုင်းပြည်၌ ကြီးမားပြင်းထန်သော နိုင်ငံရေးပေါက်ကွဲ မှု ကြီးတခုဖြစ် ပွားခဲ့ လေသည်။ ထိုနိုင်ငံရေး အ
ဖြစ်အပျက် ကြီးကိုလူ တိုင်းလို လိုသိရှိ ကြပြီးဖြစ်၍ အထူးရေးသားဖော် ပြရန်လိုအပ်တော့ မည်မထင်ပေ။ ဤ နိုင်ငံရေး ပေါက် ကွဲ မှု ကြီး
သည်ဤတိုင်းပြည်၏ နိုင်ငံရေးဘဝနှင့် အခြေအနေတို့  ကိုအဘယ် မျှပြောင်းလွဲဖန် တီးခဲ့ သည်ဆိုသော အချက်အလက် များကို လည်း အ
ကျယ် တဝင့် ရေးသားဖော် ပြရန်လိုအပ်တော့ မည် မထင်ပေ။ အဘယ့် ကြောင့်ဆိုသော်နိုင်ငံရေးအဖြစ်အပျက် ကြီး၏ ဒဏ်ရာ ဒဏ်ချက်
ကိုတတိုင်းပြည် လုံး ကုန်းခံခဲ့  ကြရသောကြောင့် ဖြစ်သည်။ ခံနေဆဲ လည်း ဖြစ်သောကြောင့်ဖြစ်သည်။
နိုင်ငံရေး တန်ခိုးအာဏာ သိ မ်းပို က် ထားသော နိုင်ငံရေး ပါတီ ကြီးတခု၏ ပေါက် ကွဲ မှုဖြစ် ခြင်းကြောင့် ထို ပါတီ ကြီး၏ နိုင်ငံရေး ဦးဆောင် မှု
ကိုခံ ယူ လျက်ရှိ ကြသော လူ ထု လူ တန်းစား အဖွဲ့ အစည်းအမျိုးမျိုးနှင့်ပြည်နယ် လူ မျိုးစုအဖွဲ့ အစည်းများ အတွင်း၌လည်း ကြီးမားသော ဂ
ယက်ရို က်ခတ် မှုနှင့်လှု ပ်ရှားမှု များ တနွ ယ်ငင်၊ တစင် ပါ ဖြစ် ပွားလာခဲ့ သည်။ အရေးအကြောင်း ရှိ လာလျှင်ထဘီနှင့်အင်္ကျီဆင် တူဝတ်၍
တသံ တည်း အာတတ်သော အမျိုးသမီးများ ကွဲပြားသွားခဲ့ ရသည့် နည်းတူကျောင်းသားလူငယ်၊ ကုန်သည် ပွဲ စား၊ အမှု ထမ်းအရာထမ်း
နှင့် အလု ပ်သမားစသော လူ တန်းစား အဖွဲ့ အစည်းများသည်လည်း ကွဲ ပြားခဲ့  ကြသည်။ ပြည်နယ် မှလူ မျိုးစု များသည် လည်း သူ့  လူငါ့ လူ
ဟူ၍ ဖြစ်သွားခဲ့ရသည်။ အလွန် တရာ ကြေကွဲ ဖွ ယ်ရာကောင်းသော နိုင်ငံရေး အဖြစ်အပျက် ကြီး တခုအနေနှင့်မှ တ် တမ်းတင် ထား
ရလိ မ့် မည် ဟုမြင် မိပေသည်။
ဤ နိုင်ငံရေးပေါက် ကွဲ မှု ကြီးနှင့် ဆက် စပ် ဖြစ် ပွားခဲ့သော တပြည်ထောင် လုံး၏ ကွဲ ပြားမှု များကြောင့်  လည်းကောင်း၊ ထိုသို့ ကွဲ ပြားခဲ့  ကြပြီး
နောက်ထပ် မံပေါ်ပေါက် လာခဲ့သော ပဋိ ပက္ခ များကြောင့် လည်းကောင်း၊ ဤ တိုင်းပြည်သည်အဘယ် မျှဆုံးရှုံး နစ်နာခြင်း ဖြစ်ခဲ့ ရသည်ဆို
သော အချက်အလက် များနှင့်နည်းလမ်းများကို ကား နောင်သောအခါကာလ၌ မြန် မာနိုင်ငံတော်၏ နိုင်ငံရေး၊ ရာဇဝင်ရေးအား ပြုစုရန်
ကြိုးပမ်းအားထု တ် ကြမည့် သုတေသီ များ ရှာဖွေစူးစမ်းရန်ချန် လှ ပ် ထားခဲ့  လိုသည်။ သို့ ရာတွင်ဤ နိုင်ငံရေး ပေါက် ကွဲ မှု ကြီး၏ ဒဏ်ရာ
ဒဏ်ချက်သည် ကား ကြီးမား ပြင်းထန် လှသည်ဆိုသော ယေဘု ယျ အချက် တချက် ကို ကား လူ တိုင်းလူ တိုင်း တစိ တ် တဝမ်းတည်းသာ
ရှိ ကြလိ မ့် မည် ထင်သည်။
ဤ နိုင်ငံရေးပေါက် ကွဲ မှု ကြီးနှင့်ပဋိ ပက္ခ များကြောင့်လူ ထု လူ တန်းစားနှင့်ပြည်နယ်လူ မျိုးစု များ အသီးသီးတို့ အတွင်း၌ အလွန်ကြေကွဲ
ဖွ ယ်ရာ၊ ရင်နာဖွ ယ်ရာ အဖြစ်အပျက် များ ဖြစ် ပွားခဲ့ ရပေရာ ပြည်ထောင် စုသားတဦး တယောက်အနေနှင့်ရင်နာခဲ့ ရသော မိ မိအတွေ့ အ
Add a Comment