1

မျက်ရည်စက်လက် စက်တင်ဘာ

မျက်စိရှေ့မှာ ကြုံတွေ့လိုက်တဲ့ စက်တင်ဘာ
ရှစ်လေးလုံးကို အိပ်မက်အဖြစ်သာ သိခဲ့သူ ငါတို့အတွက်တော့
အိပ်မက်တွေအသက်ဝင်ခဲ့တယ်။
စစ်အာဏာရှင်တွေရဲ့ရက်စက်မူကို
မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတဲ့အချိန်……
ငါ့ရင်ထဲက သွေးတွေ ဗလောင်ဆူပွက်
သံဃာထုကြီးနဲ့အတူ ပါဝင်ခဲ့တယ်။
အကြောက်တရားတွေ ကြီးစိုးနေတဲ့ ပြည်သူတွေ
ငါတို့ အမျိုး၊ ဘာသာ၊ သာသနာကို စော်ကားခံလိုက်ရလေပြီဆိုတဲ့အသိက
အကြောက်တရား မြေကိုလှန်
အမှန်တရားကိုဖော်ထုတ်
လူထုနဲ့အတူပါဝင်လူပ်ရှား
တို့တွေရဲ့တော်လှန်ရေးကြီး အရှိန်မြှင့်ခဲ့တယ်။
ငါတို့ရဲ့လိုအပ်ချက်တွေ ၊ တောင့်တမှုတွေ
တပ်ဦးကနေချီတက် တောင်းဆိုပေးနေတဲ့
ငါတို့တွေရဲ့ အထွတ်အမြတ်ထားရာ သံဃာတွေဟာ
မေတ္တာသုတ်ကို ရွတ်ဆိုရင်း အသတ်ခံခဲ့ကြရလေပြီ၊
ငါတို့ကျောင်းသားတွေက
ကြွေးကြော်သံကို အော်ဟစ်ရင်း စတေးခံခဲ့ရလေပြီ၊

2

ငါတို့ပြည်သူတွေအားလုံးအတွက်
အသက်တွေ ပေးဆပ်ရပြန်ပြီ။
မိုးရေတွေကြား ….မျက်ရည်တွေကြား….
ပေးဆပ်သူတွေအတွက် ရင်ကွဲလျက်ချီ
ငါတို့ အသက်တွေလည်း ပေးဝံ့ခဲ့ပြီ။
စက်တင်ဘာရဲ့သမိုင်းပြရုပ်
အို…….အာဇာနည် ရဲဘော်အပေါင်းတို့
မျက်ရည်စက်လက် ငါတို့ ဂုဏ်ယူလျက်ပါ ………။

ငယ်ငယ်မော်

(၂၀၀၇ ဗကသများအဖွဲ့ချူပ်ပြန်လည်တည်ထောင်ခြင်း၎နှစ်ပြည့် အမှတ်တရကဗျာ)

အမှတ်တရတက္ကသိုလ်……

မင်းလူရဲ့ ၀တ္ထုထဲက
တက္ကသိုလ်ကျောင်းသားဘ၀လိုလည်း
ပျော်စရာမကောင်းခဲ့ပါဘူး..။
ထူးအိမ်သင်ရဲ့ သီချင်းထဲက
အဓိပတိလမ်းခြေရာများလိုလည်း
အဓိပတိလမ်းမကြီးအစား
ပူလောင်နေတဲ့ကွင်းပြင်ကြီးက

3

တို့ကျောင်းသာတွေကို ဆီးကြိုလို့….
စိန်ပန်းနဲ့သစ်ပုပ်ပင်အစား
ပိန်းမြက်ပင်တွေကတော့
အပြိုင်းပြိုင်းနဲ့
ခွန်အားကြီးကြီး
ပေါက်နေခဲ့တာပါ..။
ကန်ဘောင်ဖြူရှိဖို့ဝေး…
ကန်သင်းဘောင်မြောင်းညစ်ညစ်တွေနဲ့……….
ငါတို့တက်ခဲ့ရတဲ့ တက္ကသိုလ်…..
တက်နေရဆဲကျောင်းသားများရဲ့ တက္ကသိုလ်…
အဓိပတိလမ်းရှိတဲ့ တက္ကသိုလ်
စိန်ပန်းနဲ့သစ်ပုပ်ပင်ရှိတဲ့ တက္ကသိုလ်
ကန်ဘောင်ဖြူဘေးကတက္ကသိုလ်
ဗိုလ်ချုပ်တတ်ခဲ့တဲ့ တက္ကသိုလ်
ခွပ်ဒေါင်း/ကဒေါင်းတို့ရဲ့ တက္ကသိုလ်
တက္ကသိုလ်အကြောင်း
ခွပ်ဒေါင်းတွေအကြောင်း
ပြန်လှန်အမှတ်ရဖို့
၂၀၀၇ သြဂုတ်လမှာတို့တတွေ စုစည်းကြလို့
ပြန်လည်ဖွဲ့စည်းခဲ့တယ်။
ကျောင်းသားဘ၀ရှိစုမဲ့စုနဲ့
လုပ်ဆောင်ခဲ့တာတွေ
တချို့တွေများ…
သမဂ္ဂကျောင်းသား
နိုင်ငံရေးမှိုင်းမိ
စပွန်ဆာနဲ့ သုံးသတဲ့လား…
သြော်………..။
ပြေးလွှားရင်းလည်း
ရယ်မောခဲ့တယ်..။
ငတ်နေရင်းနဲ့လည်း ရယ်မောခဲ့တယ်..။
သေနတ်သံတွေကြားမှာကြွေးကြော်သံတွေ အော်ဟစ်ရင်း…
ဒူးတုန်နေပေမယ့်လည်း
ရယ်မောခဲ့ကြတယ်…။
သွေးသံတရဲရဲကြား အားတင်းနေခဲ့ကြတယ်..။

4

၎နှစ်ကြာခဲ့ပြီ……
ကျောင်းသားဘ၀ကို မြတ်နိုးတဲ့
သမဂ္ဂကိုချစ်တဲ့
သူငယ်ချင်းတို့ရေ...
ငါတို့ပြန်လည်တွေ့ဆုံမယ့်နေ့ကို
ငါ အားတင်းပြီး …………………………………။

မေလေး

(၂၀၀၇ သြဂုတ် ၂၈ ရက်နေ့မှာပြန်လည်ဖွဲ့စည်းခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ
အဖွဲ့ချုပ် အမှတ်တရနဲ့ နေရာအသီးသီးတွင် ဝေးကွာနေသော သူငယ်ချင်းများသို့)

ပန်းတိုင်ဆီသို့ ……… မျှော်လင့်ခြင်းဖယောင်းတိုင်
သူငယ်ချင်းတို့ရေ ……..
ငါတို့ဟာ
သူငယ်ချင်းထက်ပိုတဲ့
ရဲဘော်ရဲဘက်ကောင်းတွေဖြစ်ခဲ့တယ်။
ငါတို့တွေဟာ
ယုံကြည်ချက် ၊ ခံယူချက်တွေ
တူညီစွာနဲ့
တို့တိုင်းပြည်အတွက်
ခွပ်ဒေါင်းအလံကိုင်စွဲ

5

တပ်ဦးကနေချီတက်ခဲ့တယ်။
သူငယ်ချင်းတို့ရေ……
စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ
စတေးလိုက်ရတဲ့မင်းတို့အသတ်တွေ
အကျဉ်းကျခံလိုက်ရတဲ့
မင်းတို့အားလုံးရဲ့
ပေးဆပ်ခဲ့ရခြင်းတွေဟာ
ဗမာသမိုင်းဝင်ခဲ့ပြီ။
စိတ်ဓါတ်မကျလေနဲ့…
အားတင်းထားကြ
သူငယ်ချင်းတို့။
ကျန်ရှိနေသေးတဲ့
ငါတို့တွေဟာ
မင်းတို့အားလုံးရဲ့
ယုံကြည်ချက်တွေ
အကောင်အထည်ဖော်ဖို့
အားလုံးရဲ့..
မျှော်လင့်ခြင်းဖယောင်းတိုင်အဖြစ်
ဆက်လက်ထွန်းလင်းနေပါ့မယ်။ ။
(ဗကသအဖွဲ့ဝင် ကိုစည်သူမောင်ပြောနေကျ ဖယောင်းတိုင် ၅ တိုင်ထဲက
နောက်ဆုံးဖယောင်းတိုင်လေး အကြောင်းကိုခံစားရေးဖွဲ့ထားတာပါ။)

ခင်မျိုဆက်
(ဗကသများအဖွဲ့ချုပ်)
(၈.၈.၂၀၀၈ နေ့ထုတ် အိုးဝေဂျာနယ် အမှတ်(၂) မှ ပြန်လည်ဖေါ်ပြပါသည်။)

6

ပြန်လည်ဖွဲ့စည်းခဲ့သော ဗကသများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကျော်ကိုကိုရဲ့
ကဗျာအား လက်ရေးမူဖြင့် အမှတ်တရ ဖေါ်ပြလိုက်ပါသည်။

“တပ်ဦးခေါ်သံ”
ရေလိုကျဲရင်
သွေးဆိုတာ
ဘာများအဓိပ္ပါယ်ရှိမလဲ။
လမ်းမများထက်
လဲပြိုခဲ့ရာ
နံရံများထက်
စွန်းထင်းခဲ့ရာ
ဒီပုရဝုဏ်ထက်
ပေးဆပ်စတေးခဲ့ရာ
ဒို့နောင်တော်များသွေး
ရဲရဲနီစွေး ထင်ကျန်လေပြီ။
အို ... ညီနောင်ကျောင်းသားအပေါင်းတို့
ဒို့နောင်တော်များလျှေက်ခဲ့ရာလမ်း
ငါတို့ လမ်းဆက်ချီတက်
သူတို့ယုံကြည်ရာမျှော်လင့်ချက်
အခုငါတို့
ဦးဆွေးဆံမြည့် ထမ်းရွက်ကြစို့။

7

(၂)
ငါတို့ သမိုင်းမှာ သတ္တိလျော့ညံ့သူမရှိ
ဒူးထောက်အညံ့ခံသူဆိုတာ
ငါတို့ ရာဇဝင်မှာမရှိ
တပ်ဦးအလံ ခွပ်ဒေါင်းမာန်နဲ့
ဦးညွတ်နောက်မဆုတ်တမ်း
ခရောင်းလမ်းကိုဖြတ်ခဲ့ကြရဲ့။
အို........ ညီနောင်တို့
နိုးထကြလော့
ငါတို့ကျောင်းနံရံတဝိုက်
ငါတို့ ဒေါင်းအလံ ပြန်စိုက်နိုင်ဖို့
နိုးထကြလော့
ငါတို့ကျောင်းသား
တပ်ဦးအလံ ခွပ်ဒေါင်းမာန်သွေး
စေးပျစ်နီစွေးကြောင်း
ပြကြလော့
ငါတို့ခေတ်မှာ မင်းဆိုးမင်းညစ်
စစ်အာဏာရှင်စနစ်
ကျူငုတ်မကျန်ရစ်အောင်

8

တော်လှန်ကြလော့။
(၃)
နောင်မျိုးဆက်အတွက်
လွတ်လပ် တရားမျှတခြင်းဟာ
ငါတို့ ကဗ္ဗည်းတင်ခဲ့ရာ
မော်ကွန်းစာ
ငါတို့ ပန္နတ် စိုက်ခဲ့ရာ
ကျောက်စာတိုင်အဖြစ်
တွင်ရစ်ရမယ် ။

ဗကသများအဖွဲ့ချုပ်

9

သြဇာခံနှင့်အမွေခံ
ခွဲခြားအမြင် မှန်ကြစေ

တဖက်နိုင်ငံအခြေစိုက်

ဗကသအကြောင်း
တဲ့နောက်

ဧရာဝတီမဂ္ဂဇင်းမှာ

ဘကောင်းအမည်နဲ့

ကျမတို့ရဲ့

ခြေရာလက်ရာလေးတွေကို

အင်မတန်

ဗကသခေါင်းဆောင်

ရေးထားတဲ့

ဆောင်းပါးတစ်ပုဒ်ကိုဖတ်လိုက်ရပြီး

တိုးတောင်းလှသေးတဲ့

ကောက်ကြောင်းကောက်

ကိုကျော်ကိုကိုနဲ့

၅နှစ်တာကာလလှမ်းခဲ့ကြတဲ့

ရေးခြစ်လိုစိတ်

ပြင်းပြင်းပြပြပေါ်မိတယ်။

ကို------(သို့မဟုတ်) ဦးဘကောင်းရဲ့ ဆောင်းပါးမှာပါတဲ့ အာဘော် တချို့ဟာ ကိုကျော်ကိုကိုနဲ့
ဗကသကို

တင်ပေးသလိုလိုနဲ့

ခေါင်းဆောင်နဲ့

ဗကသကို

အနုတ်လက္ခဏာဆောင်တဲ့

ရိုက်ချထားသလားလို့
တမင်ရည်ရွယ်

ခံစားမိပါတယ်။

နှိမ့်ချစော်ကားတာမျိုး

အနှောင့်အသွားမလွတ်တဲ့

ရှေ့မျိုးဆက်နဲ့

အငွေအသက်တွေ ဝဲနေတာကတော့ မဟုတ်မှလွဲရောဆိုရမလားဘဲ။

စာရေးသူကကျမတို့

ဟုတ်ချင်မှဟုတ်ပေမယ့်
ကျမတို့ကြားသွေးထိုးတဲ့

နအဖသတင်းစာရှင်းလင်းပွဲ

မှာတော့ ကျမတို့ ဗကသကို ၈၈ က ကိုဂျင်မီတို့ ကိုထွန်းမြင့်အောင်တို့ သိမ်းသွင်းပြီးမွေးမြူ

10

လေ့ကျင့်ပေးခဲ့တယ်လို့ စွပ်စွဲသမုတ်ဖူးပါတယ်။ ကျမတို့မတုန့်ပြန်ခဲ့ပါဘူး။ မလိုအပ်လို့ပါ။ အခုဟာက
ဧရာဝတီမဂ္ဂဇင်းမှာ

ဖြစ်နေတယ်လေ။

သိထားတာကြောင့်

အမှန်တရားအတွက်

ချော်နေတာလေးတော်တည့်

ရပ်တည်နေတဲ့

မီဒီယာတစ်ခုလို့

သွားစေချင်တဲ့စေတနာလည်းပါပါတယ်။

www.irrawaddy .org /ဘကောင်း Thursday ,May 27, 2010 မှာဖော်ပြထားတာတွေထဲက
လွဲမှားနေတဲ့
ပါတယ်။
cal

အချက်အလက်တစ်ချို့နဲ့

ဖတ်ကြည့်စေချင်ပါတယ်။

prisoners

to

engage

in

နိုင်ငံရေးအကျဉ်းသားဟောင်းများ

အမြင်အာဘော်တစ်ချို့ကို

(When

he

political

activities

ကသူတို့

was

ထုပ်နုတ်

recruited

by

ဖော်ပြလိုက်

former

politi-

.________”--------၂၀၀၆ခုနှစ်တွင်

နိုင်ငံရေးလုပ်ငန်းများတွင်

ပါဝင်လာစေရန်စည်းရုံးခဲ့

သည်။------ သူ့မှာ တခြားသူတွေရဲ့ လွမ်းမိုးမူ ရှိပေမယ့်လည်း သူကိုယ်တိုင် စာဖတ်အားကောင်း၊
တည်တည်ငြိမ်ငြိမ်နဲ့ စည်ကမ်းသေသပ်တဲ့ လူငယ်တစ်ဦး ပါ”ဟု သူငယ်ချင်းများနှင့် စကားပြော
နေစဉ်

ရန်ကုန်

Junction

8

ကုန်တိုက်အတွင်းရှိ

မုန့်ဆိုင်တစ်ခု၌

သူ့အား

ဝင်ဖမ်းခဲ့သည်။

ထို့နောက် ကိုကျော်ကိုပဲခူးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။) Junction 8 မှာသူငယ်ချင်း များနှင့်
စကားပြောနေတုန်း ဝင်းဖမ်းတယ်ဆိုတာ အချက်အလက်အရမှားနေပါတယ်။ ၂၀၀၆ မှာနိုင်ငံရေး
အကျဉ်းသားဟောင်းတွေက စည်းရုံးလိုက်လို့ ကိုကျော်ကိုကိုကို နိုင်ငံရေးထဲပါလာတယ်ဆိုတာလည်း
သိပ်ကို လွဲပါတယ်။ နအဖသတင်းစာရှင်းလင်းပွဲ လေသံပေါက်နေပါတယ်။ တကယ်ဆို ကိုကျော်ကိုကို
ကျမတို့ စာဖတ်ဝိုင်းကို ရောက်လာတာ ၂၀၀၇ သင်္ကြန်နောက်ပိုင်းမှပါ။ ၂၀၀၇ သင်္ကြန်တုန်းက
ကျမတို့တတွေ

ကန်တော်ကြီးစောင်း

နတ်မောက်လမ်းကမဟန်နီဦးတို့

အိမ်မှာလူစုပြီးမုန့်လုံးရေ

ပေါ်လုပ်စားကြ၊ ရေပတ်ခံထွက် ကြရင်းမဟန်နီဦးနဲ့ပတ်သတ်ပြီးကိုကျော်ကိုကိုရင်းနှီးသွားကြတာပါ။
နောက်ပိုင်းမှာတော့ကျမတို့နဲ့ မဆုံခင်ကတည်းက ကိုကျော်ကိုကိုဟာ သူတို့စီးပွားရေးတက္ကသိုလ်မှာ
ပညာရေးနဲ့

ကျောင်းသားအခွင့်အရေးဆိုင်ရာတွေမှာ

ရှေ့တန်းကနေ
ပတ်သက်ပြီး

တက်တက်

ကြွကြွပါဝင်နေပုံတွေ၊

သူ့ရဲ့ဝေဖန်သုံးသပ်ချက်တွေကို

ကိုစည်သူမောင်တို့
စစ်အစိုးရဲ့

ကိုရဲမင်းဦးတို့လိုဘဲ

မတရားသဖြင့်

သိလာရပြီးတဲ့နောက်။

လုပ်ရပ်တွေနဲ့

နောက်သူကကဗျာတွေ

စာတွေလဲဝါသနာပါတော့ ကျမတို့ စာဖတ်ဝိုင်းထဲ မကြာဘူး ရောက်လာခဲ့တယ်။ ပြောချင်တာက
ကိုကျော်ကိုကိုအပါအဝင်

ကျမတို့သူငယ်ချင်းတွေဟာ ခုချိန်ထိ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ

စည်းရုံးသိမ်းသွင်းလို့ တိုက်တွန်းလို့ နိုင်ငံရေးဝဲဂယက်ကြီးထဲမှာ ပါဝင်နေကြတာ မဟုတ်ပါဘူး။
ကိုယ့်အခြေခံ

အသိအမြင်အပေါ်မှာ

အကိုအမများရဲ့

အသိအမြင်

အတွေ့အကြုံတွေကို

ဆင့်ပွားပြီး ကိုယ်ပိုင်ခံယူချက် ယုံကြည်ချက်တွေနဲ့။ အဓိကကတော့ သမဂ္ဂကိုချစ်မြတ်နိုးတဲ့စိတ်
၊ မဟုတ်တရားမူကို အာခံတက်တဲ့ ဥာဉ်တွေကြောင့်သာ အခုလို ဒုက္ခမျိုးစုံကြားမှာ ယုံကြည်ချက်
ခိုင်ခိုင်မာမာနဲ့ ပျော်ပျော်ကြီး တိုက်ပွဲဝင်နေကြတာပါ။ ဘယ်သူ့ အသိမ်းသွင်းမှ သိမ်းသွင်းခံမှာ
မဟုတ်သလို

တစ်ဦးတစ်ဖွဲ့ရဲ့

သြဇာလွှမ်းမိုးမူကြောင့်

အသိမဲ့လုပ်နေကြသူတွေလဲမဟုတ်ပါ။

(စကားချပ်။ ။ ဘကောင်းဆိုတဲ့ နာမည်ဟာ အများလေးစားကြတဲ့ လက်ဝဲနွယ် ၆၂ ကျောင်းသားေ
ခါင်းဆောင်ကြီးနာမည်ဖြစ်နေလေတော့ ဆောင်းပါးရှင် ဘကောင်းသည်ပင် တစ်စုံတစ်ယောက်၏
တစ်စုံ

တရာလွမ်းမိုးမူကို

ကြိုဆိုပါတယ်။
လောကမှာ

ကိုယ်စံထားတဲ့လူတွေ

ယူမှည့်လေ့

တိုင်းပြည်တပြည်စနစ်
လက်ဆင့်

11

ခံနေရသလားဆိုတာ
ရှိကြပါတယ်။

စဉ်းစားစရာပါ။

ဇတ်ကောင်နည်မည်တွေကို
နာမည်တော့

သမိုင်းပေးတာဝန်ပါ။

တော်လှန်ရေးမှာ

မဖျက်နဲ့ပေါ့လေ။)

တစ်ခုကိုပြောင်းလဲတည်ဆောက်ဖို့ဆိုတာဟာ

ကမ်းထမ်းဆောင်ရတဲ့

ကောင်းသောလွမ်းမိုးမူပါ။

ကျမတို့

စာပေ

တစ်ခုတော့ရှိတယ်

မျိုးဆက်အလိုက်

အမွေခံ

ရှေ့ရှေ့သောနောင်တော်

အစ်မတော် မျိုးဆက်များရဲ့ အတွေ့အကြုံတွေ လမ်းညွန်မူတွေ အားပေးကူညီမူတွေဟာ ကျမတို့ရဲ့
ပစ္စပ္ပုန်ခရီးကို အကျအဆုံးနည်းနည်းနဲ့ ခရီးပေါက်စေမှာ အသေအချာပါဘဲ။ ရှေ့မျိုးဆက်တွေရဲ့
မပြီးပျက်သေးတဲ့ ခေတ်ရဲ့ဝန်ကို ကျမတို့ ပုခုံးပေါ် လွဲပြောင်းယူတာဟာ သြဇာခံတာမဟုတ်ပါဘူး။
အမွေခံတာပါ။ သမိုင်းကအလျဉ်မပြက်စီးနေမှာပါ။ တချိန်ကျရင် ကနေ့ကျမတို့ ပခုံးပေါ်ကတာဝန်ေ
တွကိုလည်းမောင်ငယ်ညီမငယ်တို့ရဲ့ ပုခုံးပေါ် ကျမတို့ လွဲပြောင်းပေးရဦး မှာပါဘဲ။ တပြိုင်ထဲမှာကျ
မတို့အတွေ့အကြုံတွေ အသိအမြင်တွေကိုသူတို့ကိုဖောက်သည်ပြန်ချရအုံးမှာပါ။ အဲ့ဒီအခါကျရင်လဲ
သူတို့လေးတွေဟာ ကျမတို့လိုဘဲ အစည်းရုံးခံလိုက်ရတယ် သြဇာလွမ်းမိုးမူခံလိုက်ရတယ် ဆိုတဲ့
တန်းဘိုးချ တလွဲကောက်ချက်တွေကြားမှာ သူတို့ တိုင်းပြည်ကောင်းရာကောင်းကြောင်းအတွက်
သူတို့တစ်ကိုယ်ရေ အေးရာအေးကြောင်း ငြိမ့်မနေနိုင်ဘဲ ချိုသောအရူံးများကို ချိုချဉ်လိုအရသာခံ
၊ဒဏ်ရာတွေ ကိုရောင်စုံပတ်တီးလှလှလေးစီးပြီး ခေတ်ကာလကချပေးလိုက်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို
ခါးကျိုးကျသွားတဲ့အထိ ထမ်းရွက်နေကြလိမ့်ဦးမယ်ဆိုတာ ကျမယုံကြည် မျှော်တွေးရင်း သြဇာခံနဲ့
အမွေခံခွဲခြား အမြင်မှန်ကြပါစေလို့ အထပ်ထပ်ရေရွတ် မကြာသေးတဲ့ အတိတ်မှန်သားပြင်ကို ဖွဖွ
လေးပြန်ပွတ်ကြည့်မိတဲ့အခါမှာတော့ …

အတွေ့အကြုံ
ကျမ အခုရေးပြောမယ့်ဟာတွေဟာ ၂၀၀၇--မျိုးဆက် ဗကသရဲ့ သမိုင်းရယ်လို့တော့ မဟုတ်ပါဘူး။
ကျမ ကိုယ် သော်၎င်း၊ နောက်မှ ကျမတဆင့် ပြန်သိလိုက်ရတာတွေကိုမှတ်မိသမျှ မှတ်မိသလိုတူးဆွ
ကောက်ယူရေးခြစ်ချလိုက်တဲ့ စပ်ထည်ကောက်ကြောင်းမျှသာ ဖြစ်တယ်ဆိုတာကိုတော့ ကြိုတင်
ဝန်ခံပါရစေ။

မှားရင်

ပြင်လိုရင်

ဖြည့်စေချင်ပါတယ်။

တိမ်ကင်းစင်တော့မျက်လုံးများဖြင့်ပေါ့။

၂၀၀၇-သမဂ္ဂအကြို
ကျမ မှတ်မိသလောက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ ဦးဆောင်တဲ့ ၈၈-မျိုးဆက်
ကျောင်းသားများရဲ့ သတင်းမီဒီယာတွေကနေတဆင့် ပြောနေတဲ့ ရဲရဲတောက် တွေ့ဆုံမေးမြန်းခန်း
တွေ၊

အမျိုးသားရင်ကြားစေ့ရေးအတွက်

ငြိမ်းချမ်းရေးစကားတွေနဲ့

လူထုထဲတသားတည်း

သွားလာလူပ်ရှားနေမူတွေက ကျမတို့ မျိုးဆက်သစ်တွေရဲ့ ဥဏ်အလင်းကို ထွန်းညှိနိုးကြားစေတာ
အမှန်ဘဲ။ နဂိုကတည်းကမှ အမှန်တရားကို မြတ်နိုး ၊ အမှန်းတရားဘက်က ဝင်ရပ်တက်တဲ့၊
လေ့လာစူးစမ်းလိုစိတ်ရှိတဲ့၊

အများအကျိုးကို

လှေကားတစ်ထစ်၊

လက်တစ်ဆစ်ဘဲဖြစ်ဖြစ်

ဝင်ထမ်းချင်တဲ့ စိတ်ဝမ်းတူရာကျမတို့ သူငယ်ချင်းတွေဟာ အမေရိကန်စင်တာက စာအုပ်တွေကြားမှာ
လက်ခြင်းချိတ်မိကြတော့တယ်။ ၂၀၀၅ -----၂၀၀၆ ရွတ်စုတ်ပြက္ခဒိန် စာရွက်လေးတွေ တရွက်
ပြီးတရွက်လွင့်ပျံသွားတာနဲ့အမျှ

ကျမတို့တွေရဲ့

ရင်ခုန်သံတွေ

တစ်ယောက်ကိုတစ်ယောက်

ယုံကြည်မူတွေ

ထပ်တူနီးပါး

ဖြစ်လာကြတယ်။

တည်ဆောက်နိုင်ခဲ့သလို

လျှောက်ရမယ့်

လမ်းကိုလည်း ပီပီသသ မြင်တွေ့လာကြတယ်ပေါ့။ များမကြာမီမှာဘဲ နောင်တော် အစ်မတော်
မျိုးဆက် ကျောင်းသားတွေနဲ့လည်း သိကျွမ်းရင်းနှီးမူ့ရလာခဲ့တယ်။ ၈၈ - က မမာလာ၊ မစုစုဝင်း
တို့၊
ရတဲ့

NLD

က

မမြမြခိုင်၊

အစ်မကြီးတွေလဲဟုတ်

ကိုယ်တာတွေကအစ

12

စာရေးဆရာမမခက်မာတို့ဟာ
အန်တီတွေလဲဟုတ်ရုံမက

အရိပ်တကြည့်ကြည့်

ကျမတို့တတွေ
မိခင်တွေလိုပါ

စောင့်ရှောက်

သွန်သင်

လေးစားပြီးအားကို

ကျမတို့ရဲ့

ကိုယ်ရေး

ပေးတက်ကြသူတွေပါ။

အမေရိကန်စင်တာ

(AC)

မှာလုပ်တဲ့

(

Civil

Society

)

အလုပ်ရုံဆွေးနွေးပွဲဟာ

ကျမတို့

အများစုတတွေ ပွဲဦးထွက်ပါဝင် ပတ်သက်ခွင့်ရတဲ့ ပွဲပါဘဲ။ အဲ့ဒီနောက် ကျမတို့ အရင်ကထက်ပိုပြီး
လန်းလာကြတယ်။ ယုံကြည်ရဲရင့် လာကြတယ်။ ဒီလိုနဲ့ ရက်တွေ ကြာလာတာနဲ့အမျှ ကျမတို့
မျိုးဆက်သစ် အသိုင်းအဝန်းကလေးဟာ ၈၈-မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုသွင်လင်းအောင်
တို့ ကိုကျော်မောင်တို့ ကိုထွန်းမြင့်အောင်တို့နဲ့ AC မှာမျက်မှန်းတန်းမိရာကနေ ယုံကြည်ရာဝါသနာ
တူရာ ငွေရည်ဖွဲ့ဖြစ်ခဲ့ကြတယ်။ အစပိုင်းမှာတုန်းကတော့ ကိုရဲထွန်းကျော်ကြီးလဲ ပါတယ်။ နောက်ပိုင်း
မှာ သူမအားတော့လို့ ကိုမြင့်မြတ်က ဝင်ကူတယ်။ အစပိုင်းမှာတုန်းကတော့ စာအုတ်တွေဖတ်၊
ပြန်ဆွေးနွေး၊ ငြင်းခုံကြပေါ့။ နောက်တော့ ပရဟိတအလုပ်တွေဖြစ်တဲ့ သွေးလှူတာတို့ ၊ဆင်းရဲချို့တဲ့
တဲ့ ကလေးတွေကို စာသင်ပေးတာတို့ကိုပါ လေ့လာဆည်းပူးရေးနဲ့ အတူတွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး
ကျမတို့ အစုအစည်းကလေး ကို WE
နောက်တစ်ခါ

စကားစစ်ထိုးပွဲတွေ

FOR

ALL

လုပ်ဖြစ်တော့

လို့ ရိုးရိုးရှင်းရှင်း အမည်ပေးလိုက်ကြတယ်။
Debaters

For

Our

Society

(DOS)

ဆိုတဲ့အမည်တစ်ခုထပ်ပေးကြပြန်တယ်။ AC ကလုပ်တဲ့ MDS ဆိုတဲ့ Debate အဖွဲ့ဆိုတာလည်း
ရှိသေးတယ်။ သူတက
ို့ တော့ အင်္ဂလပ
ိ လ
ို ပြောကြဆြို ကပေါ့။ ကျမတို့ ကတော့ မိခင်ဘာသာစကားနဲ့ပေါ့။
လုပ်ဖြစ်တဲ့

စကားစစ်ထိုးပွဲတွေက

ထိုင်းစစ်တပ်က

အာဏာသိမ်း

တာမှန်တယ်၊

မှားတယ်

နောက်တစ်ခုက ဂလိုဘယ်လိုက်ဇေးရှင်းဟာ ဆင်းရဲမွဲတေမူကို လျှော့ချနိုင်တယ်၊ မနိုင်ဘူး။ ၂ပွဲဘဲ
လုပ်ဖြစ်လိုက်တယ်။

Seminar/Work shop ကဆရာဦးကျော်ဇောဟန် ဦးဆောင်ဆွေးနွေးတဲ့

ဂလိုဘယ်လိုက်ဇေးရှင်းပွဲရယ် လူရွှင်တော် ကိုဇာဂနာကြီး ဦးဆောင်ဆွေးနွေးတဲ့ အခက်ခဲကြားမှ
ရှင်သန်ကျော်ဖြတ်ခြင်းပွဲရယ်။ ကျမတို့ စာဖတ်ဝိုင်းလေးကို စာရေးဆရာကိုရှင်းသန့်ကလည်း တွေးတက်
ရေးတက်အောင် လမ်းညွှန်လေ့ကျင့်မူတွေ လုပ်ပေးသလို ဆရာမနှင်းပန်းအိမ်ကလည်း သူ့ဘဝ
အတွေ့အကြုံတွေကို လာရောက်ဖောက်သည်ချခဲ့တာဟာ ကျမတို့တတွေ တထိုင်တည်းနဲ့ စာအုပ်
တွေ

အများကြီးဖတ်

လိုက်ရသလိုပါဘဲ။

အင်္ဂလိပ်ဘာသာစကားမှာလည်း

မကျန်ခဲ့ရအောင်

AC က အန်တီစန်းက သူကိုယ်တိုင် သင်ကြားမျှဝေပေးပါတယ်။ မဂ္ဂဇင်းကြီး ၂ စောင်မှာလည်း
ကျမတို့တတွေ လူငယ်စကားဝိုင်းတွေ လုပ်ဖြစ်ခဲ့ ကြတယ်။ အဲ့ဒီ ကာလတွေဟာ ကျမတို့အဖို့
အတက်ကြွဆုံးအချိန်နဲ့ အနာဂတ်ကိုရဲရဲမျှော်ကြည့်ရဲတဲ့ အခွင့်အလမ်းတွေ လက်ထဲရှိနေတဲ့ကာလ
ပါဘဲ။

Capacity

Building

ဆိုတာဟာအကိုကြီး၊

အစ်မကြီးတွေ၊

တက်သိပညာရှင်ကြီးတွေရဲ့

ပံ့ပိုးကူညီမူမပါဘဲ ကျမတို့ဆယ်ကျော်သက် ကျောင်းသားလူငယ်တွေချည်း စမ်းတဝါးဝါး သွားနေလို့
ကတော့ အခုလောက်ခရီးမတွင်မှာ အသေအချာပါဘဲ။

AC ထဲမှာတင် မိန်းမောမနေ
ကျမတို့တတွေ AC ထဲမှာတင် ကိုယ့်ကိုကိုယ်သင်တန်းတွေ တစ်ခုပြီးတစ်ခုတက်။ စာတီဖီကိတ်
တွေယူ။

အတ္တကိုယ်ကျိုးဥခွံထဲမှာချည်း

သာယာမနေခဲ့ကြပါဘူး။

နောင်တော်

မျိုးဆက်ကျောင်း

သားကြီးတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုပြုံးချိုတို့ ၅ ယောက်ကို စစ်အစိုးကဖမ်းဆီးလိုက်တဲ့ အခါမှာတော့
ကိုမြအေး၊

ကိုဂျင်မီ၊

ကိုအံ့ဘွယ်ကျော်တို့

ဦးဆောင်လူပ်ရှားတဲ့

လက်မှတ်ရေးထိုးကမ်ပိန်းနဲ့

လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲတွေမှာလဲ တစ်တပ်တအား ပါဝင်ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်
တို့ ပြန်လွတ်မြောက်လာပြီးနောက် တနင်္ဂနွေအဖြူရောင်လူပ်ရှားမူတွေမှာ ကျမတို့တတွေ စိတ်လို
လက်ရသွေးစည်းခဲ့ကြပါတယ်။

13

ထောက်လှမ်းရေး နှောက်ပြီ
နအဖသတင်းစာတွေထဲမှာ

စာအုပ်စာပေ

လူ့မိတ်ဆွေတို့၊

စာကြည့်တိုက်များ

ထွန်းကားရေးတို့

ဆိုတာလူကြား ကောင်းအောင် ဝါဒဖြန့်ဘို့နဲ့ စစ်အစိုးရအာဏာမြဲရေးကို အထောက်အပံ့ ဖြစ်စေမယ့်
ဖော်လံဖားမျိုးတွေနဲ့ မိုင်းသွင်းဘို့လောက်သာ ရည်ရွယ်တာပါ။ တစ်ကယ်တန်းမှာတော့ကျောင်းသား
လူငယ်တွေ မူးယစ်သောက်စား လောင်းကစားလုပ်ချင်လုပ်ပါစေ စာအုပ်ကောင်းတွေဖတ် တွေးရဲ
ဆိုရဲဖြစ်လာမှာကို နအဖက အသေကြောက်ပါတယ်။

ဒါကြောင့်လည်းကျမတို့ စာဖတ်ဝိုင်းလေးကို

အစည်းပြေသွားအောင် ခြိမ်းခြောက်မူတွေ ပြုလုပ် ပါတော့တယ်။ ကိုသွင်လင်းအောင် မခက်မာ
တို့ကို ဖမ်းစီးစစ်ဆေးသလို ကျမတို့သူငယ်ချင်းတွေထဲက တချို့ကို ကျောင်းမှာခေါ်စစ်၊ မိဘတွေကို
အကြပ်ကိုင်၊ ကိုဒီငြိမ်းလင်း အပါအဝင်တချို့ကိုတော့ ခြောက်ထပ်ရုံးမှာ စစ်ဆေး၊ ဝန်ခံကတိတွေ
ဖိအားပေးလက်မှတ်ထိုးခိုင်း။ ကျမတို့နောက်မဆုတ်ခဲ့ကြပါဘူး။ ကျမတို့ အလုပ်ကို ကျမတို့ လိပ်ပြာ
သန့်တာကြောင့် သတ္တိသွေးတွေ ရဲခဲ့ကြပါတယ်။

ကိုထွန်းမြင့်အောင်ကတော့ ကျမတို့ လူငယ်တွေ

အတွက်ရရှိထားတဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး အခွင့်အလမ်းနဲ့ ပရဟိတကူညီရေး အစီအစဉ်လေး
ပျက်ပြားသွားမှာဆိုးတာကြောင့်
သူများအနေနဲ့

Social

စာဖတ်ဝိုင်းကနေထွက်ပြီး

Work

ထက်ပိုပြီးနိုင်ငံရေး

စိတ်ထက်သန်လူပ်ရှားလို

AC

ပြင်ပမှာသီးခြားရပ်တည်

လူပ်ရှားစေလိုကြောင်း

အဆိုပြုခဲ့ပါတယ်။ သူတို့ ဆိုလိုတာကတော့ နိုင်ငံရေးလုပ်ချင်ရင် စာဖတ်ဝိုင်းကထွက်ဆိုတဲ့ သဘောပါ။
အဲ့ဒီတုန်းကတော့ ကျမတို့ တတွေ သူ့ကို မကြေမနပ်ဖြစ်ခဲ့ကြပါသေးတယ်။

ကျမတို့က စာလည်း

ဖတ်ချင်၊ လူမူရေးလဲ လုပ်ချင်သလို နိင်ငံရေးအသိတွေ နိုးကြားတက်ကြွနေချိန်ဆိုတော့ စာဖတ်ဝိုင်းဟာ
နိုင်ငံရေးနဲ့ ကင်းကင်းနေဆိုတာမျိုးကို သိပ်သဘောမကျချင်ဘူး။ မှတ်မိသေးတယ် နောက် ၁ရက်
၂ရက်မှာ ၈၈ကျောင်းသားတွေက ရှစ်လေးလုံး နှစ်ပတ်လည်ပွဲကို ခြောက်ထပ်ကြီး ဘုန်းကြီးကျောင်း
မှာ ကျင်းပတော့မယ်လေ။ အဲ့ဒီပွဲကို ကျမတို့တတွေ အားလုံးရောက်လာလို့ကတော့ ထောက်လှမ်းရေး
က အခုထက်ပိုပြီး စာဖတ်ဝိုင်းကို ဒုက္ခပေးတော့မယ်ဆိုတာ သူသိနေသလို ကျမတို့လဲသဘောပေါက်
ပေမယ့် လူငယ်တွေမဟုတ်လား၊ အဲ့ဒီလိုပွဲမျိုးကို အတော်ရင်ခုန် ကြုံချင်ကြတာပေါ့။ မကြုံလိုက်ရ
ပါဘူး ။ ကိုကျော်ကိုကိုနဲ့အတူ ကိုစည်သူမောင် ကိုဒီငြိမ်းလင်းတို့ ကတော့ ပြတ်ပြတ်သားသား အဲ့ဒီပွဲ
ကို သွားတက်ခဲ့ရုံမက ၈၈-ကျောင်းသားကြီးတွေနဲ့ ရင်ပေါင်တန်းပြီး

မကြောက်တရားတွေတောင်

ဟောလိုက်သေး။

သမဂ္ဂသန္ဓေတည်ပြီ
Social Work နဲ့ နိုင်ငံရေးတာဝန်တွေ စည်းခြားခွဲဝေလိုက်ပြီးတဲ့ နောက်မှာတော့ စည်းပွားရေး
တက္ကသိုလ်က ကျောင်းသားအများစုပါဝင်တဲ့ AC ပြင်ပစကားဝိုင်းတွေမှာ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး
ဆိုတဲ့အသံတွေ
ကို

ဆုံးဖြတ်ချက်

အရင်ကထက် ပိုကျယ်လောင်လာတယ်။ သမဂ္ဂကိုဖွဲ့စည်းမယ် မဖွဲ့ဘူးဆိုတာ
မကျသေးခင်မှာ

ကိုဘဲစိတ်ကူးနဲ့

အမည်ပေးထားတဲ့အထဲမှာ

အီကိုက

တစ်ယောက်က တည်ဆဲသမဂ္ဂလို့ ပေးရင်းမကောင်းဘူး လားတဲ့။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရက
သူ့ကိုသူ တည်ဆဲအစိုးရလို့ ပြောပြောနေတာ နားကလော့ သတဲ့။ ဒီလိုနဲ့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ရဲ့မွေးနေ့မှာ စည်းပွားရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေက
ရွာသာကြီး စိတ်ကျမ်းမာရေးဆေးရုံမှာ ပိုက်ဆံစုပြီးအလှူဒါနလုပ်ဘို့ စီစဉ်ကြတယ်။ အထလဲမြောက်ခဲ့
တယ်။

14

ကျောင်းသားတွေဘက်က

လုပ်ပုံကိုင်ပုံ

သေသပ်လွန်းလို့သာ

ထောက်လှမ်းရေးက

မသိခင် လှူခွင့်ရလိုက်တာပါ။ ပြောရရင် အဲ့ဒီအလှူပွဲမတိုင်ခင် ၁ရက် ၂ရက်လောက်က ပြည်သူ့
ဥယျာဉ်ထဲမှာ ကိုကျော်ကိုကို၊ လင်းထက်နိုင်၊ ကိုစည်သူမောင် တို့တွေအပါအဝင် ၇ ယောက်
၈ယောက်လောက် စုဝေးတိုင်ပင်ဖြစ်ကြတဲ့အထဲမှာ မွေးနေ့အလှူကိစ္စပါသလို သမဂ္ဂဖွဲ့စည်းရေးလဲ
ပါလာပြန်တယ်။ ဖွဲ့တော့ မဖွဲ့ဖြစ်သေးဘူး။ ထုံးစံအတိုင်း နာမည်စဉ်းစားတော့ ရှေ့မျိုးဆက်တွေရဲ့
ဗထက်ချိုင့်တို့ မတို့ဆိုတဲ့ ပြသာနာတွေကို ကျမတို့ မျိုးဆက်မှာအမွေမခံချင်ဘူး ။နောက်တစ်ခုက
ဗမာနိုင်ငံဆိုရင်

တိုင်းရင်းသားတွေကို

ကိုယ်စားမပြုတဲ့

သဘောသက်ရောက်မှာကို

စိုးရိမ်။

မြန်မာဆိုပြန်ရင်လည်း နဝတရဲ့ မရောင်လာဆီလူး နာမည်ပြောင်းပုံတွေကို အားပေးထောက်ခံရာ
ရောက်မှာဆိုးပြန် နာမည်ရွေးနေရတာနဲ့ အချိန်ကုန်လှပြီဆိုပြီး ၊ (တစ်ခါတစ်ခါ အခုလို လူစုဆွေးနွေး
ဘို့ကမလွယ်ဘူးလေ)၊ နောက်ဆုံးတော့ ဖွဲ့ဖြစ်ရင် ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာလို့ဘဲ သုံးကြဖို့
သဘောတူရွေးချယ်လိုက်ကြတယ်။

နယ်ချဲ့ဆန့်ကျင်ရေး

အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ

အဆက်ဆက်နဲ့ အာဏာရှင် ဆန့်ကျင့်ရေးတွေမှာ တပ်ဦးကနေရပ်တည် ကိုင်စွဲခဲ့တဲ့ ကိုအောင်ဆန်း
တို့ကိုဗဟိန်းတို့ အမွေကိုဆက်ခံမယ်ဆိုတဲ့အတွေးနဲ့ ဗကသဆိုတာကို ရွေးခဲ့ကြတယ်။ လွတ်လပ်
တဲ့ တစ်ချိန်ကြရင် ညီလာခံမှာအများ သဘောတူရွေးကြတာပေါ့ဆိုပြီး။ အခုတို့ ဖွဲ့မယ့်သမဂ္ဂဟာ
ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ကိုကျမတို့ရဲ့ေ နာင်တော်ခေါင်းဆောင်ကြီးတွေအဖြစ် အသိမှတ်ပြု
သလို ကိုမင်းဇေယျတို့ ကိုဌေးကြွယ်တို့ဟာလည်း ငါတို့ လေးစားအားထားတဲ့ တို့သမဂ္ဂခေါင်းဆောင်
တွေဘဲလို့ ခံယူကြောင်း ပြောဖြစ်ကြတယ်။ နောက်တစ်ကြိမ် ပြည်သူ့ဥယျာဉ်ထဲ အစည်းဝေးလုပ်ပြန်
တော့ ရဲက မသင်္ကာဖြစ်ပြီးရဲ ၁၀ ယောက် ကျော်မယ်ထင်တယ်၊ ကျောင်းသားအုပ်စုကို မနီးမဝေးက
နေ ဝိုင်းပတ်ခံလိုက်ရတဲ့ အချိန်မှာ ခပ်တည်တည်နဲ့ ကိုယ်ရှိမ်သတ် ပေါက်တက်ကရအကြောင်းတွေကို
လှီးလွှဲပြောပြီး ၂ယောက်တစ်တွဲ တဖြည်းဖြည်းချင်း လူစုခွဲလိုက်ရတယ်။ အီကိုက ကျောင်းသား
တစ်ယောက်ကတော့ သစ်ပင်ခွကြားကအဆင်းမှာ ကိုင်းတစ်ခုက ရင်ဘတ်ကိုထိုးမိလို့ အတော်ကြီးကို
အောင့်သွားလို့ ဆေးခန်းသွားဘို့ လုပ်ရသေးတယ်။ ရွှေတိဂုံဘုရားဘက် အပေါက်ကနေခွဲထွက်ပြီး
မြို့ထဲကို အနောက်ဘက်မုဒ်ကနေ တက္ကစီနဲ့ ဈေးတောင်မဆစ်နိုင်တော့ဘဲ ရှောင်တိမ်းခဲ့ကြရတယ်။
နအဖပြောသလို AC

မှာ သမဂ္ဂဖွဲ့တယ်ဆိုတာ လုံးဝအလွဲဆိုတာ ရှင်းရောပေါ့။

ကျမတို့ ၂၀၀၇

ဗကသရဲ့ ဇာတိအောင်မြေဟာ ရန်ကုန်ပြည်လမ်းမကြီးပေက ပြည်သူ့ဥယျာဉ် ( တစ်နည်း )
ပြည်သူ့ရင်ပြင်လို့ဘဲပြောရမှာပေါ့။

(ဒုတိယပိုင်း/နိဂုံး)
ပြီးခဲ့တဲ့ အိုးဝေအမှတ် (၇) မှာကျမတို့ ၂၀၀၇ မျိုးဆက်ဗကသများအဖွဲ့ချုပ်ရဲ့ အမြုတေဖြစ်တည်လာပုံ
ကို တင်ပြခဲ့ပြီးပါပြီ။ ၂၀၁၀ မတရားရွေးကောက်ပွဲသပိတ်မှောက် ဆန့်ကျင့်ရေးလုပ်ငန်းစဉ်တွေကြောင့်
ရယ်၊ အခြားအခြားသောအခက်အခဲတွေရယ်ကြောင့် အမှတ်(၈) ကိုအခုမှဘဲ ပြန်ထုတ်နိုင်တာမို့
ဒီတစ်ပတ်မှာတော့ ကျန်သေးတဲ့ အပိုင်းတွေကိုဆက်လက်ဖော်ပြပါ့မယ်။

ကျောင်းသားသမဂ္ဂပြန်လည်ဖွားမြင်ခြင်း
၂၀၀၇ သြဂုတ်လဟာ ၁၉၈၈ သြဂုတ်လရဲ့တော်လှန်ရေးခရာမူတ်သံကို တဖန်ပြန်အသက်သွင်း
လိုက်သလိုပါဘဲ။ ၈၈-မျိုးဆက်တွေက ရှစ်လေးလုံးနှစ်ပတ်လည် ဆုတောင်းအမျှဝေ ရင်ဖွင့်ပွဲ ပြီးသွား
ပြီးနောက် များမကြာမှီမှာဘဲ တိုင်းပြည်မှာလောင်စာဆီဈေးနူန်းတွေ အဆမတန်ကြီးမားပြီး ကုန်ဈေးနူန်း

15

တွေ ဘတ်(စ်) ကားခတွေ ဈေးတက်ကုန်တဲ့အဖြစ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ မိမိဆွေမျိုးကောင်းစားရေး
တစ်ခုတည်းကိုသာ ကြည့်လေ့ရှိပြီး ပြည်သူအတွက် ဘယ်တော့မှ တာဝန်မယူတက်တဲ့ စစ်အစိုးရဟာ
ထုံးစံအတိုင်း မှန်ကန်တဲ့ စီးပွားရေးမူဝါဒတွေကို ပြောင်းလဲချမှတ်ကျင့်သုံးတာတွေ မလုပ်ဘဲတိုင်းပြည်ရဲ့
ဝန်ထုပ်ဝန်ပိုးကို ပြည်သူတွေ ရဲ့ကျောပေါ် ပြစ်တင်တော့တာပါဘဲ။ ဒီတော့ ရှစ်လေးလုံးမျိုးဆက်တွေရဲ့
ပခုံးပေါ် သမိုင်းပေးတာဝန်က ရောက်လာပြန်တယ်။ ပြည်သူတွေကိုယ်စား အထွေထွေ ကုန်ဈေးနူန်း
ကျဆင်းရေး စီတန်းလမ်းလျှောက် ဆန္ဒပြပွဲကို ၈၈ - မျိုးဆက်ကျောင်းသားကြီးတွေက ဦးဆောင်ပြီး
ငြိမ်းချမ်းစွာဖော်ထုပ်ခဲ့တယ်။ စစ်အစိုးရပေးလိုက်တဲ့ ရလဒ်ကတော့ တက်နေတဲ့ ကုန်ဈေးနူန်းက
ယနေ့ထိ ကျမသွားဘဲ နိုင်ငံရေးအကျဉ်းသားဦးရေက သာကုန်ဈေးနူန်းနဲ့အတူ လိုက်တက်လို့လာခဲ့ပါ
တယ်။ သြဂုတ်လ ၂၁ ရက်နေ့မှာ ၈၈-မျိုးဆက် ကျောင်းသားတွေကို စစ်အာဏာပိုင်တွေက စတင်ဖမ်းစီး
ပါတော့တယ်။

ကျောင်းသားသွေးမို့ ရဲသကိုး၊ အရေးကြီးပြီ သွေးစည်းကြစို့၊ ဒို့ခေတ်ရောက်မှ

ညံကြတော့မှာလားဆိုတဲ့ တိုက်ပွဲခေါ်သံတွေဟာ ကျမတို့ ၂၀၀၇ မျိုးဆက်တွေရဲ့ အသွေးအသားထဲ
သာမက ရိုးတွင်းချဉ်ဆီအထိပါ စိုက်ဝင်ဆူးနစ်ခဲ့တယ်။ အဲ့ဒီရက်ပိုင်းတွေက ကျမတို့ သူငယ်ချင်းတွေဆုံ
လိုက်တာနဲ့ အဖမ်းအဆီး၊ ကုန်ဈေးနူန်း၊ ငါတို့ ဘာလုပ်ကြမလဲစတဲ့ မေးခွန်းမဟုတ်သော အမေးတွေ
၊အဖြေမထွက်သော အဖြေစကားတွေက အကြည့်တွေထဲ၊ အကြားတွေ ထဲ ရင်ခုန်တိုးဝှေ့လျှက်။
၈၈-တွေကို စဖြိုတဲ့ ၂၁ ရက်နေ့က သူ့အိမ်ကိုဝင်ဖမ်းပေမယ့် ကိုထွန်းမြင့်အောင်က အိမ်မှာရှိမနေလို့
လွတ်သွားတယ်။ သူနဲ့ကျမတို့ဆီက ကိုကျော်ကိုကိုတို့တွေ လျို့ဝှက်ချိန်းတွေကြ ချိတ်ဆက်ကြ။
အဲ့ဒီ ရက်ပိုင်းတွေအတွင်း ၈၈-က မနီလာသိန်း၊ မမီးမီး၊ ကိုအောင်နိုင်တို့ ဦးဆောင်တဲ့ ကုန်ဈေးနူန်း
ကျဆင်းရေး ဖမ်းဆီးကျောင်းသားလွှတ်ပေးရေး တောင်ဆိုဆန္ဒပြပွဲတွေမှာ ကျမတို့ ၂၀၀၇ မျိုးဆက်
တွေလည်း တက်တက် ကြွကြွပါဝင်ခဲ့တယ်။ သြဂုတ်လ ၂၈ရက်နေ့မှာ တိုင်းပြည်မှာ လတ်တစ်လော
ဖြစ်ပေါ်နေတဲ့

ဖိနှိပ်မှု

တည်ဆောက်ဘို့

ခုခံအုံကြွမှု

လိုနေပြီဖြစ်လို့

အခြေအနေတွေကြောင့်
ရန်ကုန်မြို့ရှိ

စုစည်းမူအင်အားတရပ်

တက္ကသိုလ်ကျောင်းပေါင်းစုံက

မဖြစ်မနေ

ကျောင်းသား

ကိုယ်စားလှယ်တစ်ချို့နဲ့ လျို့ဝှက်တိုင်ပင်စုစည်းပြီး ဗကသများအဖွဲ့ချုပ်ကို တရားဝင်ပြန်လည်ဖွဲ့စည်း
လိုက်ကြတယ်။ ရန်ကုန်မြို့ ကန်တော်ကြီးစောင်း နတ်မောက်လမ်းက အိမ်တစ်အိမ်မှာပါ။ ကျောင်းသား
တော်တော်များများက ကုန်ဈေးနူန်းတက်လို့ ဒေါသထွက်နေတာရယ်။ ၈၈-မျိုးဆက်ကျောင်းသားတွေ
ကိုဖမ်းလိုက်လို့ ဒို့ကျောင်းသားကို ထိရမလားဆိုတဲ့ မခံချင်စိတ်တွေကြောင့် နိင်ငံရေးအသိ တက်ကြွ
နိုးကြားနေချိန်ဆိုတော့ ညှိုရ နိုင်းရတာ အခက်ခဲမရှိလှဘူး။ အလုပ်ဖြစ်ရေးကို ဘဲအာရုံထား လုပ်
ကြတယ်။

တိုက်ဆိုင်တာက

၁၉၈၈ခုနှစ်တုန်းက

ဗကသများအဖွဲ့ချုပ်ကို

ပြန်လည်ဖွဲ့စည်းခဲ့တဲ့

ကျောင်းသား ညီလာခံကို သမဂ္ဂမြက်ခင်းပြင်မှာ ကျင်းပနိုင်ခဲ့တဲ့ရက်က သြဂုတ်လ၂၈ရက် ။၁၉နှစ်
ကြာပြီးနောက် အခု၂၀၀၇ ခုနှစ်မှာ ဗကသများအဖွဲ့ချုပ်ကို ပြန်လည်အသစ်စုစည်းတဲ့ရက်ကလည်း
သြဂုတလ
် ၂၈ရက်ဖြစ်နေတာဟာ တစ်ကယ်က
ို့ ထူးခြားတုက
ိ ဆ
် င
ို ဂုဏယ
် စ
ူ ရာပါဘဲ။ ဗမာနုင
ိ င
် လ
ုံးဆိင
ု ရ
်ာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်း ကြောင်းကြေညာချက်ကို ကိုကျော်ကိုကိုက ရေးပါ
တယ်။ ကိုလင်းထက်နိုင် ၊ ကိုစည်သူမောင်တို့ တတွေနဲ့ အတည်ပြုချက်ရယူပြီး သတင်းမီဒီယာ
တွေက နေထုပ်ပြန်ကြေညာ အင်တာဗျူးတွေ ပေးကြပါတယ်။ ဗကသများအဖွဲ့ချုပ်ရဲ့ ခွပ်ဒေါင်းအလံ
ဟာ ပြည်သူတွေကြားထဲ ပြန်လည်ဝဲပျံနိုင်ခဲ့ပါပြီ။ ခွပ်ဒေါင်းအသံနဲ့ အတူခွပ်ဒေါင်းအလံလွှင့်ထူနိုင်ရေး
အတွက် ကျမတို့တတွေ လျို့ဝှက်ပြင်ဆင်မှုတွေလုပ်ကြပါတယ်။

16

ရွှေဝါရောင်တော်လှန်ရေးနဲ့ခွပ်ဒေါင်းအလံ
နအဖစစ်အစိုးရအနေနဲ့ ၈၈-မျိုးဆက်ကျောင်းသားတွေကို မတရားဖမ်းဆီးမှုတွေ လုပ်လိုက်တာဟာ
၂၀၀၇ မျိုးဆက်ကို စုစည်းပုံဖော်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒါဟာဖိရင်ကြွမယ်၊ ထိရင်ချမယ်ဆိုတဲ့
ကျောင်းသားအဘိဓမ္မာကြောင့်လို့ ပြောလို့ရမယ်ထင်ပါတယ်။ ကျမတို့ကျောင်းသားတွေ အသီးသီးက
အာဏာရှင်ဆန့်ကျင့်ရေး လူထုလူပ်ရှားမှုကို လမ်းမတွေပေါ်ဆွဲတင်ဘို့ ကြိုးပမ်းအားထုပ်နေချိန်မှာဘဲ
ဗုဒ္ဓဘာသာ

ရဟန်းသံဃာတော်များရဲ့

ငြိမ်းချမ်းရေး

ဆုတောင်းမေတ္တာပို့

လူပ်ရှားမှုတွေဟာ

ဘုန်းကြီးကျောင်းတွေထဲကနေ မြို့ထဲ အရပ်ထဲ ရောက်လာခဲ့ကြတယ်။ ထုံစံအတိုင်း စစ်ဝါဒီတွေက
သူတို့ရဲ့ ရိုင်းစိုင်းတဲ့ ဗီဇကို ထုပ်ပြတယ်။ ပခုက္ကူမှာလမ်းလျှောက် ဆုတောင်းသံဃာတော်တွေကိုဓါတ်
တိုင်မှာကြိုးတုတ်ကြံဖွံ့တွေကပါ ဝိုင်းရိုက်ကြတယ်။ ဗုဒ္ဒဘာသာထွန်းကားပါတယ်ဆိုတဲ့ တိုင်းပြည်မှာ
အစိုးရရဲ့ဒီလိုလူမဆန်တဲ့ လုပ်ရပ်ကြောင့် လူထုက ဘယ်လိုမှကို သည်းမခံနိုင်တော့ဘူးဖြစ်လာတယ်။
အဲ့ဒီမှာ ဘုရားသားနဲ့ ကျောင်းသား သားနှစ်သားပေါင်းစည်းမိပြီး ရွှေဝါရောင်တော်လှန်ရေးရယ်လို့
ကမ္ဘာကျော်တော့တာပါဘဲ။

သဃာ့တပ်ပေါင်းစုရဲ့

ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့

ဦးသြဘာသ

အကူအညီကို ၈၈-က ကိုထွန်းမြင့်အောင်ဆီကတဆင့် ရယူပြီး ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ
သမိုင်းဝင် ခွပ်ဒေါင်းအလံကို ရဲရဲဝံ့ဝံ့ မြင့်မြင့်မားမား လွှင့်ထူနိုင်ခဲ့တယ်။ စက်တင်ဘာလ ၂၅ ရက်နေ့
ထင်ပါရဲ့။ ခွပ်ဒေါင်းအလံကို လွှင့်ထူလိုက်တယ်ဆိုရင်ဘဲ ဘာပြောကောင်းမလဲ ကျောင်းသားလူငယ်
တွေဟာ လက်ခုပ်သံတွေပေးပြီး ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိ တင်စား ပြောနေတာမဟုတ်
တကယ့် ကိုခွပ်ဒေါင်းအလံအောက်မှာ လက်ချင်းတွဲ့ချိတ် စုစည်းရပ်တည်လိုက်ကြတာ နည်းနည်း
နောနောကျောင်းသားတွေမှ မဟုတ်တာ (အဲ့ဒီအကြောင်းတွေကို RFA က ဦးခင်မောင်စိုးလားမသိ၊
ကိုလင်းထက်နိုင်ကိုမေးပြီး ပြန်လည်ထုပ်လွှင့်ခဲ့တာ နားထောင်ရတာကိုက အဲ့ဒီနေ့ကို ပြန်ရောက်
သွားသလိုဘဲ။ ငုပ်လျှိုးနေရတာ ကြာပြီဖြစ်တဲ့ နီစွေးသောဒေါင်းအလံကို မိုးထက်ယံမှာ တလူလူလွင့်
နေတာ မြင်လိုက်ရတယ် ဆိုရင်ဘဲခံစားမူဟာ အခုပြန်ပြောပြနေရင်းနဲ့ကို ကြက်သီးမွှေးညှင်းတွေ
ထလာရပါတယ်။

ရဲစိတ်ရဲမာန်

တက်ကြွမိပါတယ်။

ခွပ်ဒေါင်းသွေးဘဲထင်ပါရဲ့။

အဲ့ဒီတိုက်ပွဲဝင်

အလံ ၃ လက်ထဲက အလံတစ်ခုပေါ်မှာ ကျမတို့ ကျောင်းသားရဲဘော်တွေ အမှတ်တရလက်မှတ်တွေ
ရေးထိုးလိုက်ကြတယ်။ တစ်ကယ်တော့ ဒါဟာ နောင်တော်ကျောင်းသားတွေရဲ့ သမိုင်းမော်ကွန်းတိုက်
မှာစာမျက်နှာ အသစ်တစ်ရွက်ကို ထပ်မံရေးထိုးလိုက်တာပါဘဲ။ ခွပ်ဒေါင်းအလံကို သက်ဝင်မာန်ပါ
အောင် ရေးဆွဲပေးခဲ့တဲ့ ၈၈ က ကျမတို့အခေါ် ကိုစိမ်း ( အခုတော့ တစ်ဘက်နိုင်ငံရောက်သွားတဲ့
ကိုအောင်လတ်ကို

ကျေးဇူးမှတ်တမ်းတင်စရာပါ

။၂၀၀၇မှာ

ဒေါင်းအလံလွှင့်တင်နိုင်ရေးအတွက်

ဝိုင်းရံအားဖြည့်ပေးခဲ့ကြတဲ့ အကိုအစ်မတွေဖြစ်တဲ့ အခုထောင်ထဲ ရောက် နေရတဲ့ ကိုမင်းစံ၊ မရီမို၊
ကိုတိုးဥာဏ်တို့

အုပ်စုတွေကိုလည်းမမေ့နိုင်ပါ။

စစ်ကြောင်းကြီးဟာ

ရဟန်းသံဃာတွေ

စကားဆက်ရရင်

မိဘပြည်သူတွေနဲ့အတူ

ကျမတို့

ကျောင်းသား

ရွှေတိဂုံဘုရားကနေ

ဆူလေ

ဘုရားဆီ ချီတက်လာကြပြီး မြို့တော်ခန်းမရှေ့ရောက်တော့ ခဏနားပြီး လူထုအစည်းဝေးပွဲကြီးကို
လုပ်ပါတယ်။

၁၉၉၀

ရွေးကောက်ပွဲအနိုင်ရ

ကဗျာဆရာတစ်ယောက်နဲ့
မကြောက်တရားတွေ

အတူကျမတို့

ဟောပါတယ်။

ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရယ်

ဗကသများအဖွဲ့ချုပ်က

နောက်ပိုင်းရက်တွေမှာလဲ

ကိုကျော်ကိုကိုက

ပြည်သူကို

ဆန္ဒပြပွဲတွေကို

ဆက်လက်

သယ်ဆောင် ခဲ့ပေမယ့် ပစ်ခက်ဖြိုခွင်းမူတွေ၊ ဘုန်းကြီးကျောင်းတွေကို သူပုန်စခန်းဝင်သိမ်းသလို
ရက်ရက်စက်စက်

17

နှိပ်ကွပ်လာတဲ့အခါမှာတော့

ကျမတို့

ရဲဘော်တွေလဲ

မြေအောက်ငုပ်လျှိုးပြီး

လူပ်ရှားမှုကို

နည်းနာအသွင်ပြောင်းရပါတော့တယ်။

လုပ်နေရင်း

ကျမတို့ဆီက

ကိုကျော်ကိုကိုနဲ့
နိုင်ခဲ့ပြီး

ကိုစည်သူမောင်နဲ့

ကိုလင်းထက်နိုင်ကတော့

အရပ်ထဲက

ပြည်ပသတင်းဌာန
မဟန်နီဦးတို့စတင်

ရုပ်ရှင်တွေထဲကလို

ပြည်သူတွေရဲ့အကူအညီနဲ့

တစ်ခုနဲ့

အင်တာဗျူး

ဖမ်းဆီးခံလိုက်ရတယ်။
အိမ်ပေါ်ကခုန်ချထွက်ပြေး

လွှတ်မြောက်ခဲ့ပါတယ်။

နောက်တော့လည်း

တစ်ယောက်ပြီးတစ်ယောက် တဖြုတ်ဖြုတ်နဲ့ဖမ်းခံရတယ်။ စစ်ထောက်လှမ်းရေးတွေနဲ့ ကျမတို့ဟာ
စိမ်ပြေးတမ်းကစာုးလိက်၊ တူတူပုန်တမ်း ကစားလိုက်နဲ့ ကျမတို့ဟာ စိတ်လဲညစ်ရ ပျော်ဖို့လည်း
ကောင်းပါတယ်။ ရယ်လဲရယ်ရ မောလဲမောရပေါ့။
ရွှေဝါရောင်အလွန် ဗကသများအဖွဲ့ချုပ်
အရင်က အခြေနေအချိန်အခါနဲ့အညီ လူထုလူပ်ရှားမူကြီးကြပ်ရေးကော်မတီ (SCMM) မှာ ကျမတို့
အားလုံးစုစည်း ရပ်တည်လူပ်ရှားခဲ့ကြပေမယ့် နောက်ပိုင်းမှာ Generation Wave က ဟစ်ဟော့
အဆိုတော် ကိုဇေယျာသော်တို့ အပါအဝင် SCMM ထဲက အတော်များများရော ကျမတို့အဖွဲ့
ထဲက ရဲဘော်အများအပြားပါ ဖမ်းခံလိုက်ရတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သံဃာ့တပ်ပေါင်းစုရယ်
၈၈ - မျိုးဆက်ကျောင်းသားများရယ် ပေါင်းပြီး အလျဉ်းသင့်သလို ပူးတွဲလူပ်ရှားကြတော့တယ်။
လုပ်သာလုပ်ရတယ် ကျမတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် လူချင်း (အထူးသဖြင့် အုပ်စုချင်း)
မတွေ့ကြတော့ဘဲ အလုပ်ချင်းသာတွေ့ကြသိကြတဲ့ နည်းကို ခေတ်မီဆက်သွယ်ရေးနည်း ပညာတွေက
တဆင့် ရယူအသုံးချနိုင်ခဲ့တယ်။ ဒါတောင် ပိတ်ဆို့ထားတဲ့ ကြားကလုပ်နေရတာပါ။ လူချင်းမတွေ့
မသိကြတာဟာလည်း

လုံခြုံရေးအတွက်

တစ်မျိုးကောင်းသလို

အလုပ်ချင်းထိတွေ့ဆပ်စပ်မူက

အလုပ်ညီညွတ်ရေးကို ပိုမိုဖြစ်ပေါ်စေပြီး အလုပ်လဲပိုဖြစ်တာကို တွေ့ရပါတယ်။ ကိုကျော်ကိုကိုနဲ့
ကိုဥာဏ်လင်းအောင်တို့ အဖမ်းခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ နအဖ စစ်ဖွဲ့စည်းပုံအတွက် ဟန်ပြ
ဆန္ဒခံယူပွဲကို ဆန့်ကျင်ကန့်ကွက်ရေးလူပ်ရှားမူတွေကို အရှိမ်မြှင့်လုပ်ခဲ့တယ်။ ကျမတို့ သမဂ္ဂရဲဘော်
တွေဟာ

အဖမ်းခံရမယ့်ဘေးက

တိမ်းရှောင်လူပ်ရှားရင်း

တမျိုးသားလုံးဆိုင်ရာပူဆွေးသောက

ရောက်ရတဲ့ နာဂစ်မုန်တိုင်းနဲ့ ပက်ပင်းတိုးပါတယ်။ မတက်နိုင်ပါဘူး။ ကိုယ့်အပူကို ခဏထား
အများအပူကို

ငြိမ်းရာ

ငြိမ်းစေကြောင်းတစ်ယောက်တစ်လက်

ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ
ဒါတင်မက ပိုင်ရှင်မဲ့

ငွေအားမတက်နိုင်ပေမယ့်

ကျောင်းသားလက်နဲ့

လုပ်အားစိုက်ပံ့ပိုး

မုန်းတိုင်း

ကူညီခဲ့ပါတယ်။

လူသေအလောင်းတွေကို မြုပ်နှံသဂြိုလ်တဲ့ကိစ္စတွေမှာလည်း လုပ်အားပေး

လိုက်ခဲ့ပါသေးတယ်။အဲဒီ ခရီးစဉ်ကနေ ရန်ကုန်အပြန် ဘိုကလေးကားဂိတ်မှာ ကျမတို့ သမဂ္ဂရဲဘော်တွေ
ဖြစ်တဲ့ မဖြိုးဖြိုးအောင် (ခေါ်) မနှင်းပွင့်ဝေ၊ မခင်ငြိမ်းချမ်းစိုး၊ ကိုဘုန်းပြည့်ကြွယ်၊ ကိုလင်းထက်နိင်၊
ကိုရှိန်းရာဇာထွန်းတို့ အဖမ်းခံလိုက်ရပါတယ်။ စစ်အစိုးရဟာ အင်မတန် တရားလက်လွတ်နိုင်ပါ
တယ်။ နိုင်ငံရေးလုပ်လဲဖမ်း၊ လူမူရေးလုပ်လဲဖမ်း၊ အင်းလေ ဘုန်းကြီးတွေ မေတ္တာသုတ်ရွတ်ဆုတောင်း
လမ်းလျှောက်တာတောင်

တုတ်နဲ့ရိုက်၊

သေနတ်နဲ့ပစ်ဘုန်းကြီးကျောင်းတွေ

ချိတ်ပိတ်သေးတာ

ဆိုတော့…။ မနှင်းပွင့်ဝေတို့၊ ကိုလင်းထက်နိုင်တို့ ၊ အဖမ်းခံလိုက်ရပြီးတဲ့နောက် ကျမတို့ အရှိန်
ခဏတုန့်နှေးသွား

တာကတော့

အမှန်ပါဘဲ

မြွေပူရာကင်းမှောက်ဆိုသလို

စစ်အာဏာရှင်ဒဏ်

သာမက နာဂစ်မုန်တိုင်းဒဏ်ပါ ခံလိုက်ရတော့ ဒဏ်နှစ် ဒဏ်အောက်မှာကျမတို့ ဗျာများရပါတယ်။
ဒါပေမယ့်ခွပ်ဒေါင်းဘဲ ဘယ်မူလိမ့်မလဲ ။ လဲတယ် ပြန်ထတယ်။ ရဲဘော်ရဲဘက်ချင်း ဖေးမကြတယ်။
တခါတရံမှာ ကိုယ်စိတ်ကိုယ်ဆွဲထူရတာတွေ လည်းရှိတယ်။ အခုကျမတို့ဗကသများအဖွဲ့ချုပ်ဟာ

18

အရင်လို
အင်အားစု

ဖွဲ့သာမကတော့
၁၁

အဖွဲ့ချုပ်မှာ

လူထုခေါင်းဆောင်

ဖွဲ့နဲ့တောင်ချိတ်ဆက်

အမေစု

လွတ်ပြီးတဲ့နောက်

ပူးတွဲလူပ်ရှားလာနိုင်ပြီ။

ကျမတို့

ဒီမိုကရေစီ

၂၀၀၇ဗကသများ

ဥက္ကဌ ၊ အတွင်းရေးမှူးရယ်လို့ တာဝန်ပေးမထား တစ်ယောက်သော တာဝန်ခံရယ်လို့

လဲမရှိ၊စုပေါင်းဦးဆောင် ၊ အားလုံးတာဝန်ယူ၊ အားလုံးတာဝန်ခံ၊ အုပ်စုအသီးသီးက တာဝန်ရှိသူများ
ဟာလည်း

ဗကသအသံနဲ့

သမဂ္ဂစိတ်ဓါတ်ပါ။

မူဝါဒကိုသာ

ရွေးကောက်ပွဲသပိတ်မှောက်လုပ်ငန်းစဉ်ကိုလည်း

မြင်မြင်ဆောင်ရွက်နိုင်ခဲ့တယ်။
ဖမ်းပြီးနောက်မှ

ထင်ဟပ်ပြောဆိုခွင့်ရှိပါတယ်။

ဒါဟာ

သမဂ္ဂသစ္စာ

တပ်ဦးကနေအောင်အောင်

သမဂ္ဂအာဘော်အိုးဝေဂျာနယ်ဆိုရင် ကိုလင်းထက်နိုင်တို့တတွေ

စထုတ်ဖြစ်တာ

အခုဆိုရင်

စောင်တောင်ရှိသွားပြီ။

အခုဆို

နိုင်ငံရေး

လုပ်ငန်းစဉ်တွေသာမက လူမူကူညီရေး Social Work တွေကိုပါ ပုံစံအမျိုးမျိုးနဲ့ လူထုကြားမှာ
လူထုအတွက်

လူထုနဲ့

အတူရပ်တည်လူပ်ရှား

နေပါတယ်။

ဒါဟာ

တစ်ကယ်တော့

ကျမတို့

စွမ်းလို့ရယ်မဟုတ်ပါဘူး။ သမိုင်းကစွမ်းလို့ပါ။ သမိုင်းက စွမ်းတယ်ဆိုတာကလည်း သမိုင်းတစ်ခုက
သမိုင်းတစ်ခုကို

ဆက်ခံပြီး

ရေအလျဉ်လို

အဆင်မပြတ်

စီးဆင်းတာကြောင့်

ရေစီးသံပြီး

ရေသန်စွမ်းရတာပါ။ ကျမတို့ မျိုးဆက်က လည်းရှေ့က ကျောင်းသားကြီးများရဲ့ သမိုင်းအစဉ်အလာ
ကောင်းကို

ဆက်ခံထိန်းသိမ်းပြီး

နောက်မျိုးဆက်ကို

သမိုင်းကိုအမွေဆက်ခံတာဟာ

သမိုင်းလက်ဆင့်ကမ်းတာဟာလည်း

သြဇာခံတာမဟုတ်သလို၊

သြဇာပေးတာမဟုတ်ဘူး

ဆိုတာကို

သမိုင်းအမြင်နဲ့ကြည့်ဖို့ အရေးကြီးပါတယ်။သမိုင်းအမြင် ကန်းနေသူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ်
သာကြည့်တက် မြင်တက်တာမို့ တိုင်းပြည်နဲ့ လူမျိုးအပေါ် အချိန်မရွေး ကျေးဇူးကမ်း သစ္စာဖောက်သူ
တစ်ယောက် ဖြစ်သွားတက်ပါတယ်။ ဒါကြောင့် ကျမတို့ရဲ့ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ
ပြန်လည်ဖွဲ့စည်းခဲ့တဲ့
အစဉ်လာ

ဗမာနိုင်ငံလုံးဆိုင်ရာ

ကောင်းတွေကို

ဆက်ခံပြီး

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဆိုတာဟာ

ကျောင်းသားမျိုးဆက်

တာဝန်တွေကို

သမိုင်း

လက်ဆင့်ကမ်း

ထမ်းဆောင်နေဆဲ ၊ ဒီနေ့အထိ ဒေါင်းအလံကို မြင့်မြင့်မားမားလွှင့်ထူနေဆဲ ကျောင်းသားအဖွဲ့အစည်း
ဖြစ်ကြောင်း တင်ပြရင် ဒီဆောင်းပါးနိဂုံးချုပ်လိုက်ပါရစေ။
(ထောင်တွင်းနှင့် ပြည့်ရောက် သူငယ်ချင်းရဲဘော်များသို့ တည်ကြည်သောသစ္စာဖြင့်)

ယမင်းရွှေစင်
(ဗကသများအဖွဲ့ချုပ်)
( ၀၇.၀၇.၂၀၁၀ နေ့ထုတ် အိုးဝေဂျာနယ် အမှတ် ၇ နှင့် ၃၁.၀၃.၂၀၁၁ နေ့ထုတ် အိုးဝေဂျာနယ် အမှတ်
၈ တွင် ပါရှိခဲ့သော ယမင်းရွှေစင်၏ အခန်းဆက်ဆောင်းပါးကို ပြန်လည်ဖေါ်ပြပါသည်။)

19

လှပသောနေ့တနေ့
(သို့မဟုတ်)
၂၈ ရက် ၈ လ ၂၀၀၇ ခုနှစ်
တို့ကျောင်းသားတွေ ညီ …
လှပသောနေ့ရက်၏

အစကား တက်ကြွမှု လန်းဆန်းမှုအပြည့်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းများ

ပေါင်းစုံ မိခဲ့ကြတယ်။ သူငယ်ချင်းများထဲမှာ ကိုကျော်ကိုကိုက အသက်အကြီးဆုံးနဲ့
တည်ငြိမ်မှု

အပြည့်ရှိပြီး

ကျမတို့

အားလုံးကိုဦးဆောင်မှု

အေးဆေး

အပေးနိုင်ဆုံးဖြစ်ပါတယ်။ကျမမှတ်မိပါ

သေးသည်။ ကျမတို့ စတင်သိကျွမ်းခဲ့သောနေ့ကား သြဂုတ်လ ၂၄ရက် လောင်စာဆီဈေးနှုန်းကျဆင်း
ရေးလမ်းလျှောက်ဆန္ဒပြဘို့ ကျန်ရှိနေခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားများနှင့် ကျမတို့ ကျောင်းသူ၊
ကျောင်းသားတွေ စုပေါင်းပြီး မိဘပြည်သူတွေရဲ့ ဆန္ဒကိုဖော်ထုတ်ကြဘို့ ကြိုးစာခဲ့ကြချိန်တွင်ဖြစ်တယ်။
တာမွေက စပြီးဆန္ဒပြဘို့ ကြိုးစားခဲ့ကြပေမယ့် ကြံဖွံစွမ်းအားရှင်တွေကြောင့် ပျက်ခဲ့ရတယ်။ အဲ့ဒီနေ့က
ကျမက ပွဲပျက်တယ် သတင်းကြားလို့ပြန်တော့ စံပယ့်ကို လှမ်းတွေ့လိုက်ရတယ်။ အဲဒီ့အချိန်ကျမက
အပြန်ကားပေါ်ရောက်နေပါပြီ။ ပွဲမဖြစ်ကြောင်းပြောမယ်ဆိုပြီး ကားပေါ်ကပြန်ဆင်းပြီး ကားမှတ်တိုင်
မှာ ရပ်နေကြတဲ့ စံပယ်တို့အဖွဲ့ကို ဆင်းပြောပါတယ်။ သူတို့က အားလုံး လူစုံတက်စုံနဲ့ ဗိုလ်တစ်ထောင်
ဘုရားသွားပြီး စကားပြောကြမလို့တဲ့လေ။ ကျမကို မေလေးက အားလုံးစုံကြမှာ လိုက်ခဲ့တော့ဆို ပြီး
ခေါ်တာနဲ့ ပါသွားခဲ့တယ်။ အဲ့မှာ အားလုံးနဲ့ ခင်ခဲ့တယ်။ ၂၁ရက်နေ့ညမှာ

၈၈ က ကိုမင်းကိုနိုင်

အပါအဝင် ၈၈ခေါင်းဆောင်များကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး နောက်တနေ့မှာဘဲ ၈၈အမျိုးသမီးအဖွဲ့ဝင်
တွေဖြစ်တဲ့ မနီလာသိန်း၊ မမီးမီးတို့ ဦးဆောင်လမ်လျှောက်ဆန္ဒပြပွဲမှာလည်း ကျမတို့ကျောင်းသားတွေ
ပါဝင်အားဖြည့်ခဲ့ပါသေးတယ်။ မေလေး၊ စံပယ် ၊ ( ယခု မအူပင်ထောင်မှာ အကျဉ်းကျနေတဲ့ မနိုးနိုး တို့ရယ်
နဲ့ စည်သူမောင်တအ
ို့ ဖွဲ့ စတင်ဆခ
ုံြဲ့ ကပါသေးတယ်။ ၂၄ရက် ဒီကနေ့မှာ ထပ်မံ ဆန္ဒပြဘို့ ကျောင်းသားတွေ
အနေနဲ့ အားဖြည့်ပါဝင်ဘို့ တက်ညီညီချီတက်လာခဲ့တာပါ။ စွမ်းအားရှင်တွေရဲ့ ပိတ်ဆို့တားမြစ်မူ
ကြောင့် ဒီကနေ့ပွဲမဖြစ်ခဲ့ပေမယ့် ကျမတို့ ကျောင်းသားတွေ အားလုံးပေါင်းမိ ခဲ့ကြတာပါ။ ကျမတို့
သူငယ်ချင်းတွေအားလုံး

တွေ့တွေ့ချင်းကိုဘဲ

စိတ်တူကိုယ်တူ

ပေါင်းမိခဲ့ကြတာလေ။

ကျမတို့

အားလုံးဆုံမိတာ နည်းနည်းတော့ ထူးဆန်းတယ်။ ကိုရာဟု(ကိုကျော်ကိုကို)နဲ့စည်သူမောင်တို့က
စီးပွားရေးတက္ကသိုလ်က၊

ဟန်နီဦး၊

စံပယ်နဲ့ဖိုးစိုးတို့အဖွဲ့က

ဒဂုံတက္ကသိုလ်က၊

ဖြိုးဖြိုးအောင်တို့

အဖွဲ့က နည်းပညာကောလိပ် (GTC) က၊ နိုးနိုး၊ လင်းထက်နိုင်၊ ကျမနဲ့ မေလေးတို့က ရန်ကုန်
အရှေ့ပိုင်း

20

တက္ကသိုလ်(တာဝ)က၊

ဒီငြိမ်းလင်းနဲ့

ရဲမြတ်ဟိန်းတို့အဖွဲ့က

အနောက်ပိုင်း

တက္ကသိုလ်ကလေ..။

နအဖစစ်အစိုးရက

အစိတ်စိတ်အမွာမွာခွဲပြီး

ကျောင်းသားတွေကို ကြောက်လို့

တောကြိုအုံကြားပို့ထားခဲ့တာတောင်

ကျမတို့

တက္ကသိုလ်တွေကို

အဖိနှိပ်ခံ

ကျောင်းသူ၊

ကျောင်းသားတွေက ဖိနှပ်မူ့တွေကြား၊ ခွဲခြားထားမူတွေကြားက ပေါင်းမိခဲ့ကြပြီလေ။ အားလုံးရဲ့
ရင်ခုန်သံတွေဟာ

ငါတို့အခွင့်အရေး

ငါတို့ရအောင်

တိုက်ယူကြမယ်၊

ကျောင်းသားသမဂ္ဂရှိရမယ်ဆိုတဲ့ ရည်းမှန်းချက်တွေဘဲပေါ့။

ကျောင်းသားရှိရင်

ကျမတို့ အကြိမ်ကြိမ်ဘဲ ကျမတို့ရဲ့

အစ်ကိုတော်၊ အစ်မတော်တွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တွေ့ခဲ့ကြတယ်၊ ကျမတို့
လုပ်မယ့်အစီအစဉ်တွေကို
ပြန်လည်ဖွဲ့စည်းဘို့

တိုင်ပင်ကြ

အကြံဥာဏ်ယူကြနဲ့ဘဲ

သမိုင်းအစဉ်လာကြီးမားတဲ့

သမဂ္ဂရဲ့

လက်ဆင့်ကမ်းသယ်ဆောင်ဘို့

ဆုံးဖြတ်ခဲ့ကြတယ်။

ပြောလို့ရပါတယ်။

ကျမတို့ဟာ

ဒါပေမယ့်

ကျမတို့

ဗကသများအဖွဲ့ချုပ်ကို

ခွပ်ဒေါင်းအလံတော်ကို

ကျမတို့ပေါင်းမိတဲ့

မပေါင်းမိခင်အချိန်ကတည်းက

ကျောင်းအသီးသီးမှာ စည်းရုံးလူပ်ရှားမူ့တွေ လုပ်နေခဲ့တာပါ။

ဆက်လက်

အချိန်တိုတယ်လို့တော့
ကိုယ်တက်နေတဲ့

ကျမတို့ရဲ့ အစ်ကို၊ အစ်မတွေကို

နအဖစစ်အစိုးရက မတရားဖမ်းဆီးလိုက်တာက ကျမတို့ အားလုံးစုံမိကြဘို့ အချိန်ခါကောင်းဖြစ်လာ
တာပေါ့။
လှပသောနေ့ တနေ့
ဒီလိုနဲ့ကျမတို့ဟာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့မှာ ကိုမင်းကိုနိုင်တို့ ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်
ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)ကို ၂၀၀၇ ခုနှစ် သြဂုတ်လ (၂၈)
ရက်နေ့မှာဘဲ

ကျောင်းအသီးသီးကို ကိုယ်စားပြုတဲ့ ကျောင်းသားတွေက ဆုံးဖြတ်လို့ ပြန်လည်

ဖွဲ့စည်းခဲ့ကြပါတယ်။

ကျမတို့

ဗကသများအဖွဲ့ချုပ်ဖွဲ့တယ်ဆိုတာကိုလည်း

ကြားရော

ကျောင်း

အသီးသီးက ကျောင်းသားတွေကလည်း ငါတို့ ပြောချင်တာကို ငါတို့ဖြစ်ချင်တာတွေကို ငါတို့ကိုယ်စား
ပြောပေးမယ့် ငါတို့အားလုံးနဲ့သက်ဆိုင်တဲ့ ကျောင်းသားအဖွဲ့အစည်းရှိပြီဆိုပြီး ကြိုဆိုခဲ့ကြပါတယ်။
အဲ့ဒီအချိန်ကာလက ကျောင်းသားတွေ ကျောင်းသားကဒ်မပါရင် ကျောင်းထဲမဝင်ရအပြင်

ကျောင်း

ဆောင်တိုင်းရဲ့ တံခါးပေါက်တွေကို တပေါက်ဘဲဖွင့်ပေးပြီး အကျဉ်းကျခံ ကျောင်းသားဘဝလို တက်နေ
ရတဲ့ ကျောင်းသားဘဝတွေ ဖြစ် နေပြီလေ။ ကျောင်းသားဘဝရဲ့ လွတ်လပ်မူ၊ ပျော်ရွင်မူဆိုတာ
စတိတ်ကျောင်းသားဘဝသာသာအဖြစ်ဘဲ ရှိတော့တာကိုး။ ကျမတို့ ကြားခဲ့ဖူးတဲ့ ကျောင်းသားဘဝ
ဆိုတာ

သစ်ပုတ်ပင်ကြီးရယ်

ကြီးရယ်ဆိုတာတွေက

စိန်ပန်းပြာတွေရယ်

ဒဏ္ဍာရီလား၊

အဓိပတိလမ်းမကြီးရယ်

အိပ်မက်တွေလား

ဖြစ်နေပြီလေ။

အင်ယားကန်ဘောင်

ကျမတို့

ရောက်နေတဲ့

တက္ကသိုလ်ဆိုတာကြီးက ဘာတစ်ခုမှကို နိုင်းလို့မရခဲ့ပါလား။ ဗကသများအဖွဲ့ချုပ် ကျောင်းသားတွေ
ဟာ ငြိမ်းချမ်းစွာနဲ့ဘဲ နအဖစစ်အစိုးရဆီကို ဖိနှပ်ခံကျောင်းသားတွေရဲ့ ခံစားချက်တွေ၊ လိုအပ်ချက်
တွေကို ရင်ဖွင့်တောင်းဆိုခဲ့ကြတယ်။
ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုထဲက ဗကသများအဖွဲ့ချုပ်
အဲ့ဒီလိုနဲ့ဘဲ ပခုက္ကူသံင်္ဃာတော်တွေကို နအဖ လက်ကိုင်တုတ်တွေက ဓါတ်တိုင်မှာ ကြိုးတုတ်ပြီး
ရိုက်နှက်

စော်ကားတယ်လည်းကြားရော

မိဘပြည်သူတွေအားလုံးဟာ

ကိုယ့်အမျိုး၊

ဘာသာ၊

သာသနာ စော်ကားခံရပြီဆိုပြီး မခံမခံမရပ်နိုင် ဖြစ်လာကြပါတယ်။ သံဃာတော်တွေပေါ်မှာ စော်ကားခဲ့
သမျှကို တောင်းပန်ပေးပါလို့ နအဖစစ်အစိုးရကို အကြိမ်ကြိမ် ပြောဆိုနေတာကို အရေးမလုပ်ခဲ့တာ
ကြောင့် သံဃာတော်တွေဟာ ပတ္တနိကုဇနကံ ကိုင်ဆောင်သပိတ် မှောက်ဖို့ တတိုင်းတပြည်လုံးမှာရှိတဲ့
ရဟန်းသံဃာတိုင်းကို မိန့်မှာကြပါတယ်။ ပခုက္ကူကနေ ရန်ကုန်ထိ ဒီမီးဟာ ကူးဆက် လာခဲ့ပြီ။

21

ရန်ကုန်မှာ ဘုန်းကြီးတွေက ပတ္တနိကုဇနကံ ကိုင်ဆောင်သပိတ်မှောက်ဘို့ လမ်းမတွေပေါ် ထွက်လာ
တော့မယ်ဆိုရင် ဗကသများအဖွဲ့ချုပ် ကျောင်းသားတွေကလည်း ဘုရားသားတော် ရဟန်းသံဃာတွေ
အပေါ် ပခုက္ကူမှာ လိုဘဲ သံဃာ တော်တွေကို ရိုက်နှက်စော်ကားရင် ငါတို့ကျောင်းသားတွေ
ကာကွယ်ကြရမယ်ဆိုပြီး သပိတ်မှောက် သံဃာတွေကိုချိတ်ဆက်ပြီး လိုက်ပါဘို့ ကြိုးစားခဲ့ကြတယ်
လေ။ သံဃာတွေဟာ Call ခေါ်ထားတဲ့ (၁၈)ရက်နေ့မှာဘဲ လမ်းမတွေပေါ် စတင်ထွက်လာခဲ့ကြပါပြီ။
ဗကသများအဖွဲ့ချုပ် ကျောင်းသားတွေကလည်း သပိတ်မှောက် သံဃာတော်တွေကို လမ်းကြောင်း
ကြည့်ပေးကြရင်း နောက်ရက်တွေအတွက် တိုင်ပင်ဖြစ်ခဲ့ကြပါတယ်။ အစဦးဆုံးရက်ဖြစ်တာကြောင့်
သံဃာတွေ သိပ်ပြီးမစုမိကြသေးပါဘူး။ မြို့ထဲမှာ သံဃာတွေ ဟိုတစ်စု ၊ ဒီတစုနဲ့ ထွက်လာခဲ့
ကြပါတယ်။ နောက်ရက် တွေကြတော့ ဗကသများအဖွဲ့ချုပ် ကျောင်းသားတွေဟာ သံဃာတော်တွေ
စုမိဖို့ ကြိုးစားချိတ်ဆက်ပေးခဲ့ကြပါတယ်။ တရက်ထက် တရက် သံဃာတော်တွေများလာခဲ့ကြပါပြီ။
နအဖကလည်း

လုံးဝပြန်လည်တောင်းပန်ခြင်းမပြုဘဲ

တယ်။ဗကသများအဖွဲ့ချုပ်

ကျောင်းသားတွေကလည်း

သံဃာတော်တွေကို

စောင့်ကြည့်နေကြပါ

ဘုန်းကြီးတွေဘေးက

လက်ခြင်းချိတ်လို့

ကာကွယ်လိုက်ပါရင်း မိဘပြည်သူတွေ ပူးပေါင်းပါဝင်လာအောင်ပါ လမ်းတစ်လျှောက် စည်းရုံးလူံ့ဆော်
ခြဲ့ ကပါတယ်။ သံဃာ့အရေးခင်းဖြစ်နေချိနမ
ှ်ာ ကျောင်းအသီးသီးရဲ့ စာမေးပွဲဖြေချိနလ
် ည်း ဖြစ်နေပါတယ်။
ဗကသကျောင်းသားတွေဟာ

သက်ဆိုင်ရာ

ကျောင်းအသီးသီးမှာလည်း

သံဃာအရေးအခင်းမှာ

ကျောင်းသား၊ ကျောင်းသူတွေ ပူးပေါင်း ပါဝင် လာနိုင်အောင် စည်းရုံးလူပ်ရှားမူ့တွေ ပြုလုပ်ကြ၊ စာရွက်
တွေကြဲကြ၊ ကပ်ကြနဲ့ အရေးတော်ပုံမှာ ပါဝင်လာဘို့ စည်းရူံး လူပ်ရှားခဲ့ကြပါတယ်။
သမိုင်းဝင်ခွပ်ဒေါင်းအလံ
အဲ့ဒီလိုနဲ့ စက်တင်ဘာ (၂၅) ရက်နေ့ အရောက်မှာတော့ ရွှေတိဂုံဘုရားပေါ်မှာ သံဃာတော်တွေ
ပတ္တနိက္ကူဇနကံ ကိုင်ဆောင်သပိတ်မှောက်လို့အပြီး ရွှေတိဂုံဘုရားအရှေ့ဘတ်မုဒ်ကနေ ပြန်ဆင်းလာ
ချိန်မှာတော့ ဗကသများ အဖွဲ့ချုပ် ကျောင်းသားတွေဟာ သမိုင်းဝင်ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး
လွှင့်ထူနိုင်ခဲ့ကြပါတယ်။ ကျောင်းသူ ကျောင်းသားတွေ အားလုံးဟာ ခွပ်ဒေါင်းအလံတော် အောက်ကို
ဝင်လာခဲ့ကြပါတယ်။ ဗကသကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကိုရဲ့ ဦးဆောင်မူ့ကိုခံယူခဲ့ကြ
ပါတယ်

ဗကသများအဖွဲ့ချုပ်

ကျောင်းသားတွေဟာ

ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး…ဒို့အရေး

ဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူ ခွပ်ဒေါင်းအလံတော် လွှင့်ထူရင်းလမ်းမတလျှောက် ချီတက်ခဲ့ကြပါ
တယ်။

ကိုကျော်ကိုကိုဟာ

ပြတ်သားတဲ့ဦးဆောင်မူ

ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့

ပေးနိုင်သူပါ။

အချိန်တိုင်းမှာ

ကျမတို့အငယ်တွေရဲ့

အပေါ်မှာလည်း

ကျမတို့ကို

တိကျ

စာနာငဲ့ညှာတတ်

သူပါ။ အားလုံးထက် ပိုလုပ်နိုင်၊ ပိုအနှစ်နာခံနိုင်လို့လည်း ခေါင်းဆောင်ဖြစ်နေတာကို ကျမတို့လေးစား
ခဲ့ကြရပါတယ်။ သံဃာတော်တွေရဲ့ မေတ္တာသုတ်ရွတ်ဆိုသံဟာ

တတိုင်းတစ်ပြည်လုံးကိုလွှမ်းခြုံနို

င်ခဲ့ပါတယ်။ နအဖရဲ့ ရက်စက်ကောက်ကျစ်မူ့ကလည်း ပိုပြီးရုပ်လုံးကြွလာခဲ့ပါပြီ။ ဘုန်းကြီးတွေကို
ရိုက်နှက်ခဲ့တယ်ဆိုတာ ကြားဘဲကြားခဲ့တာပါ အခုတော့ မျက်မြင်တွေ့ကြရပြီလေ။ သေနတ်နဲ့ပစ်
မျက်ရည်ယို ဗုံးတွေခွဲ အိုးးးးး…ရက်စက်လိုက်တာ။ သံဃာတွေ၊ ကျောင်းသားပြည်သူတွေကိုပစ်သတ်၊
လမ်းမမှာတွေ့သမျှကို ဒိုင်နာကားအပြည့်နဲ့ဖမ်းပြီး ဖိသိပ်ထည့်၊ သူတို့ စိတ်ရှိတိုင်း ရိုက်နှက်ရင်း လဲကျ
သေဆုံးသမျှကို လိမ်ညာဖုံးကွယ်ဘို့အတွက် အမိုက်သိမ်းသလို ကားနဲ့လိုက်သိမ်း၊ ညအချိန်မတော်မှ
ဘုန်းကြီးကျောင်းတွေကို

ဝင်စီး၊

သတ်ဖြတ်ခဲ့ကြပါတယ်။

နအဖဟာ

ဦးဆောင်သံဃာတွေနဲ့

ဦးဆောင်ကျောင်းသားတွေကို အညှိုးရှိရှိ ချိန်ရွယ်ပစ်သတ်ခဲ့ကြတာလည်း အားလုံးမြင်ခဲ့ကြရမှာပါ။

22

ကျမတို့အရှေ့မှာ

သံဃာတွေ

အသက်စွန့်

သွားကြရတယ်၊

ကျောင်းသားတွေရဲ့အသက်တွေ

ပေးခဲ့ကြရတယ်။ ပြည်သူတွေရဲ့အသတ်တွေ ပေးခဲ့ကြရပါတယ်။ အသက်ရှင်လျက်ကျန်ရှိနေခဲ့တဲ့
သံဃာတွေ ကျောင်းသားတွေဟာလည်း နှစ်ရှည်ထောင်ဒဏ်တွေ ကျခံပြီး ပေးဆပ်နေကြပါတယ်။
တတိုင်းတပြည်လုံးရဲ့ လိုအပ်ချက်တွေ တောင့်တမှုတွေအတွက် သံဃာတော်တွေ၊ ကျောင်းသားတွေ
ပေးဆပ်ပေးခဲ့ကြတာပါ။ ကျမတို့အစ်ကိုတော်တွေဟာလည်း ပေးဆပ်ခဲ့ကြတာပါ။ ဗကသများအဖွဲ့ချုပ်
ကျောင်းသားတွေဟာ သံဃာတော်တွေ လမ်းပေါ်စထွက်လာကတည်းက အကြမ်းဖက်ဖြိုခွဲခံရတဲ့
နောက်ဆုံးအချိန်ထိ ပြည်သူတွေနဲ့အတူ တသားထဲရှိနေခဲ့ကြတာပါ။ ဒီကနေ့ ဒီအချိန်မှာ ဗကသများ
အဖွဲ့ချုပ်
အတွက်

ကျောင်းသားတွေဟာ

မြေအောက်အသွင်သဏ္ဍန်နဲ့လူပ်ရှားရင်း

သမိုင်းအစဉ်လာကြီးမားတဲ့

ခွပ်ဒေါင်းအလံကို

ဗမာ့ဒီမိုကရေစီတိုက်ပွဲ

လက်ဆင့်ကမ်းသယ်ဆောင်လျက်ပါ။

မတရားဖမ်ဆီးခံထားရတဲ့ ဗကသများအဖွဲ့ချုပ် ကျောင်းသားတွေဟာလည်း ထောင်ထဲမှာ အများကြီး
ရှိနေပေမယ့်
အတွက်

ဒါတွေဟာ ဘယ်တော့မှ အချည်းနှီး မဖြစ်ပါဘူး။

ဘဝတခုဘဲဖြစ်ဖြစ်

ဗမာပြည် ဒီမိုကရေစီရေးတိုက်ပွဲ

ဘဝတခုရဲ့အစိတ်ပိုင်းလေးဘဲဖြစ်ဖြစ်

ပေးဆပ်လိုက်ရတာဟာ

တန်ဘိုးတစ်ခုပါ။ ဗကသများအဖွဲ့ချုပ်ကျောင်းသားတွေရဲ့ ကြိုးစားလုပ်ဆောင်နေမူတွေဟာ ဒီကနေ့
ဒီအချိန်ထိ ရပ်တန့် သွားခြင်းမရှိခဲ့ပါဘူး။ ကျောင်းသား လူငယ်တွေဟာ လွတ်လပ်မူနဲ့ တရားမျှတမူ
ကိုမြတ်နိုးတယ်။

ဗမာနိုင်ငံမှာ လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိသမျှ ကာလပတ်လုံး ကျောင်းသား

လူငယ်တွေဟာ သမိုင်းဝင်ခွပ်ဒေါင်းအလံကို ကိုင်စွဲပြီးတိုက်ပွဲဝင် သွားကြဦးမယ်ဆိုတာ မျှော်လင့်တာ
ထက် ယုံကြည်နေမိပါတယ်။ ရင်ခုန်သံတူညီတဲ့ ကျောင်းသားတွေ ဆက်လက်ဆင့်ကမ်း လူပ်ရှား
နေမူဟာလည်း ဒီကနေ့ဆိုရင် (၄) နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။
အမြင့်မားဆုံး လွှင့်ထူနေဆဲ …
ဗမာပြည်ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးတွေအတွက် ဗကသများအဖွဲ့ချုပ် ကျောင်းသား၊
ကျောင်းသူတွေရဲ့ ပေးဆပ်ရင်းနှီး ဖော်ဆောင်နေမူ့တွေဟာ ဗမာပြည်သမိုင်းတလျောက် ဘယ်တော့မှ
ဖျောက်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။ ရင်ခုန်သံတူညီစွာ ပေါင်းမိခဲ့ကြတဲ့ ၂၀၀၇ ဗကသများအဖွဲ့ချုပ်
ကျောင်းသားတွေနဲ့ ရင်ခုန်သံ တူညီစွာ ဗကသများအဖွဲ့ချုပ် အလံတော်ကို ဆက်ပြီး လက်ဆင့်ကမ်း
သယ်ဆောင်ရင်း ကျောင်းသားတွေ အားလုံး အမြန်ဆုံး ပြန်ဆုံကြပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး
ရဲ့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ လူသားတိုင်းရဲ့ အခြေခံရပိုင်ခွင့်များကို ထိန်းသိမ်း စောင့်ရှောက်နိုင်ပါ
စေလို့…ဆန္ဒပြု

ဆုတောင်းလိုက်ပါတယ်။

ကျောင်းသူတွေဟာလည်း
များကိုဂုဏ်ယူ

ကျန်ရှိနေသေးတဲ့

ဗကသများအဖွဲ့ချုပ်

ကျောင်းသား

ထောင်အသီးသီးမှာရောက်ရှိနေတဲ့ ကျောင်းသားတွေရဲ့ ပေးဆပ်နေမှု

လေးစားအတုယူရင်း

ငါတို့လည်း

ကိုယ်ရောက်ရာနေရာကနေ

ကျရာတာဝန်

ထမ်းဆောင်ရင်းဖြင့် ဆက်လက်ပေးဆပ် နေဦးမှာဖြစ်ကြောင်း ကတိပြုလိုက်ပါတယ်။ အကျဉ်းထောင်
အသီးသီးမှာ ရောက်ရှိနေတဲ့ ဗကသများအဖွဲ့ချုပ် ရဲဘော်များ အားလုံး မတရားဖမ်းဆီးခံထားရ
ခြင်းမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ။ ။
( ၂၀၀၇ ဗကသများအဖွဲ့ချုပ် ပြည်လည်ဖွဲ့စည်းခြင်း (၄) နှစ်ပြည့် အမှတ်တရနဲ့ အကျဉ်းထောင်
အသီးသီးမှာ ရောက်ရှိ နေတဲ့ ကျမတို့ရဲ့ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် သူငယ်ချင်း ရဲဘော်များအား
လေးစားဂုဏ်ပြုရင်း………….)

23

မိဇာလေး

ကျောင်းသားရှိရင်
ကျောင်းသားသမဂ္ဂရှိရမည်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - သတင်းနှင့်ပြန်ကြားရေးကော်မတီ မှ
စီစဉ်ဖြန့်ဝေသည်။