DEMOCRATIC ALLIA CE OF BURMA

jrefrmjynf'Drdku&ufwpfr[mrdwftzGJ@csKyf (r'rc)
(r'rc
ကချင်ပြည်နယ်အတွင်း ဦးသိန်းစိန်အစိုးရမှ ပြင်းထန်စွာ ထိုးစစ်ဆင်နေမှုအပေါ်
မဒမခ မှ သဘောထားထုတ်ပြန်ချက်

၁။ ကချင်ပြည်နယ်အတွင်း ဦးသိန်းစိန်အစိုးရမှ ကြည်းတပ်၊ လေတပ်တို့ကို အင်အားအလုံးအရင်းဖြင့် အသုံးပြုကာ ပြင်းထန်စွာ ထိုးစစ်
ဆင်နေမှုအပေါ် မိမိတို့ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွ့ခ
ျဲုပ်မှ ကန့်ကက
ွ်ရှုတ်ချလိုက်သည်။
၂။ တိုင်းပြည်တွင်း နှစ်ပေါင်းများစွာတည်ရှိနေသော ပြည်တွင်းစစ်မီးကို အမှန်တကယ်ရပ်စလ
ဲိုပါက နိုင်ငံရေးပြဿနာများကို နိုင်ငံရေး
နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းကြရမည်ဖြစ်သည်။ တွေ့ဆုံ ဆွေးနွေးရေးကို အကြိမ်ကြိမ်ပြုလုပ်ခြဲ့ ကသော်လည်း နိုင်ငံရေး ပြသ
နာများကို ဖြေရှင်းနိုင်သည်အထိ သဘောတူညီမှုများ မရရှိခြဲ့ ကသဖြင့် စစ်ရေးပဋိပက္ခများ ယနေ့အထိ ဆက်လက် ဖြစ်ပေါ်နေရသည်။
၃။ ထို့ကြောင့် လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံး ရပ်စဲသွားဖို့အတွက် ဦးသိန်းစိန်အစိုးရအနေဖြင့် ထိုးစစ်ဆင်
နေမှုများကို ချက်ချင်း ရပ်ဆိုင်းပြီး တတိုင်းပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့်
ဆောင်ရွက်သွားရန်နှင့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေး ရရှိသည်အထိ နိုင်ငံရေး ပြသနာများကို နိုင်ငံရေးနည်းဖြင့် ဆက်လက် အဖြေ
ရှာသွားရန် လိုအပ်သည်။
၎။ ကချင်ပြည်နယ်အတွင်း ထိုးစစ်များကြောင့် လက်ရှိ ဆောင်ရက
ွ်လျှက်ရှိသော တွေ့ဆုံဆွေးနွေးနေမှုများနှင့် အပစ်အခတ်ရပ်စဲရေး ဖြစ်
စဉ်များအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာပါသည်။ မယုံကြည်မှုများ ပိုမို တိုးပွားလာစေသည်။
၅။ စစ်ရေးဖိအားများဖြင့် နိုင်ငံရေးပြသနာများကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပါ။ ထို့အပြင် ၂၀၀၈ ဖွ့စ
ဲ ည်းပုံ အခြေခံဥပေဒ ဘောင်အတွင်း
၌ လက်ရှိ နိုင်ငံရေးပြသနာများနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ဖေါ်ဆောင်နိုင်မည် မဟုတ်သည့်အပြင် အမျိုးသားတန်းတူ
ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကိုလည်း အာမခံနိုင်မည် မဟုတ်ပါ။ အပြန်အလှန် တန်ဖိုးထားမှု၊ အသိအမှတ်ပြုမှုများဖြင့် အင်အားစု
အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုကို ဆောင်ရက
ွ်ခြင်းဖြင့် ပြဿနာအရပ်ရပ်ကို ကျော်လွှားသွားကြရမည်ဖြစ်ကြောင်း မိမိတို့၏
သဘောထားကို ထုတ်ပြန်လိုက်သည်။

ဗဟိုကော်မတီ
မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွ့ခ
ျဲုပ် (မဒမခ)
ရက်စွဲ - ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်

ဆက်သွယ်ရန် - ၆၆၈၁-၀၃၅၃၄၅၈
(ရဲဘော်မျိုးဝင်း - အထွေထွေ အတွင်းရေးမှူး - DAB)

Democratic Alliance of Burma is an Alliance of 25 member organizations working for democratization of Burma
and struggling against the Military regime in Burma.
Contact Address: Cellular 081-0353458/ Email: dab-hq@daballiance.org

Sign up to vote on this title
UsefulNot useful