www.yeyintnge.

com

မတ်လ(၂၅) ရက်၊ ၂၀၀၉
ခေတ်မီနိုင်ငံရေး အဘိဓာန်တစောင်တဖွဲ့ ထွက်ပေါ်လာရေးသို့
ရှေးရှုလျက် ဆောင်းပါးများ တင်ပြခဲ့သည်မှာ ဂျာနယ်သုံးပတ်ပင်
ရှိပေပြီ။ သို့နှင့်လည်း ရေးစရာများမှာ မကုန်တတ်သေးပေ။
ယခုအပတ်တင
ွ်ကား ထိုပြီးခဲ့သော ဆောင်းပါး (၂) စောင်တို့၏
နောက်ဆက်တအ
ွဲ နေဖြင့် ၁၉၄၆-၄၇ ခုနှစ်အတွင်းက အမြို့မြို့
တွင် ပြောဟောခဲ့သော ကွယ်လွန်သူ ဗိုလ်ချုပ်ဆောင်ဆန်း၏
မိန့်ခွန်းများမှ ကောက်နုတ်၍ နိုင်ငံရေး အဓိပ္ပာယ် ဖွင့်ဆိုချက်များ
ကို တင်ပြလိုပေသည်။ ယင်းတင်ပြချက်များသည် ပေါ်ပေါက်လာ
လတံ္တသော ဗမာ့နိုင်ငံရေး အဘိဓာန် ကျမ်းကြီးအား
ကျေးဇူးပြုနိုင် လိမ့်မည်ဟု ယုံကြည်မိပါသည်။
ဗိုလ်ချုပ်၏ဆန္ဒ
၁၉၄၇ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့က ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံတင
ွ် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ နှစ်သစ်ကူး မိန့်ခွန်း မြွက်ကြားရာတွင် “တော်လှန်ရေးဆိုတာ
ဘာကိုဆိုသလဲ၊ လူထုဆိုတာ ဘာလဲ၊ ခေါင်းဆောင်မှု ဆိုတာ ဘာလဲ၊ ဒီမိုကရေစီဆိုတာ ဘာလဲ အစရှိတဲ့ တိုင်းပြည်မှာ သတင်းစာတွေကော၊ နိုင်ငံရေးသမားတွေရော
စမ်းတဝါးဝါး ရေးသားပြောဆိုနေတာကို တွေ့ရလို့ ဖြေရှင်းလိုသေးတယ်” ဟူ၍ သူ့ဆန္ဒကို ထုတ်ဖော်ခဲ့လေသည်။
၎င်းနောက် တဖန် ထိုနှစ်အတွင်းမှာပင် ဇူလိုင်လ (၁၃) ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှနေ၍ ဗိုလ်ချုပ်အောင် ဆန်း၏ နောက်ဆုံးမိန့်ခန
ွ်းခေါ်ရမည့် နိုင်ငံရေး
ရှင်းတမ်းကြီး ထုတ်ခဲ့ရာတွင်လည်း “နိုင်ငံရေး အကြောင်းကို ဖွင့်သင့်သောအခါ အပတ်စဉ် နေ့စဉ် ရှင်းပြသွားချင်ပါတယ်။ ရှင်းပြချင်တာတွေ ဗိုက်ထမ
ှဲာ
အများကြီးရှိတယ်။ ဒါပေမယ့် ကျုပ်ကလည်း မအားဘူး။ နိုင်ငံရေးဟာ ဘာလဲ၊ လွတ်လပ်ရေးဟာ ဘာလဲ၊ ခေါင်းဆောင်မှုဟာ ဘာလဲ၊ အချောင်သမားဆိုတာ ဘာလဲ၊
ဒါတွေကို ရှင်းပြချင်ပါတယ်။ သတင်းစာထဲမှာ ရေးချင်တာတွေ ရေးတာကို ခင်ဗျားတို့ ထင်ချင်တာ ထင်နေရတယ်။ ကျနော်လည်း မအားလို့ ကြည့်နေရတာပဲ” ဟူသော
စကားများ ပါခဲ့ ပေသည်။
သို့သော် ဗိုလ်ချုပ်ခမျာမှာ ထိုမိန့်ခွန်းကို မြွက်ကြားပြီးနောက် ရက်သတ္တတပတ်ခန့် မျှသာ လူ့ဘဝတွင် အသက်ရှင် နေသွားရရှာသဖြင့် သူရှင်းလင်းပြချင်သော
အချက်တို့မှာ သူ့ဆန္ဒအတိုင်း အကောင်အထည်ဖော်မသွားနိုင်တော့ ပေ။ သို့သော် ဗိုလ်ချုပ် အမြို့မြို့တွင် ပြောဟောခဲ့သော မိန့်ခွန်းများထဲမှ ဗိုလ်ချုပ်ရှင်းပြချင်ခ့ေ
ဲ သာ
နိုင်ငံရေး စကားလုံးအချို့အဝက်ကိုကား တွေ့နိုင်ပါသေး၏။ ဆောင်းပါးတွင်ကား ထိုရှာဖွေတွေ့ရှိချက်များကို တင်ပြထား ခြင်းဖြစ်၍ နိုင်ငံရေး
အဘိဓာန်အတွက်သာမဟုတ်၊ ဗိုလ်ချုပ်၏ နိုင်ငံရေးယူဆချက်များကိုပါ အကဲခတ်နိုင်မည် ဖြစ်ပေသတည်း။

တရားရာကျအောင် လွတ်လပ်ရေး ပေးပါဟု တောင်းခြင်း။ ယူအန်အို (UNO) တို့ ဘာတို့ကို ကြေးနန်းရိုက်၊
စာပို့လူလွှတ် တောင်းနေလို့ ဘယ်တော့မှမရနိုင်။ သတင်းစာတွေထုတ်။ ဟိန်းဟောက်နေရုံန့လ
ဲ ည်း မရနိုင်။
အင်အားနဲ့ ကျကျနနရှိမှ လွတ်လပ်ရေးကို ရနိုင်မည်။ အားရှိမှ လူလေးစားသည်။ ဒါကြောင့် အားရှိကြောင်း
ပြနိုင်အောင် ကြိုးစားကြရမည်။ (၁၇-၁၁-၄၆ နေ့က သာစည်တင
ွ် ဟောပြောချက်မှ)
အစိုးရ။

။ အစိုးရဆိုတဲ့ သဘောတရားနှင့် ပတ်သက်ပြီး ရှေးတရုတ်၊ အိန္ဒိယ၊ ခေါမ၊ ရောမခေတ်ကစပြီး

ယနေ့အထိ။ သဘောအမျိုးမျိုးပဲ ပေါ်ခဲ့တယ်။ ယခုခေတ်မှာတော့ ကာလ်မတ်ဆိုတဲ့ ပုဂ္ဂိုလ်ကစတဲ့ မာက်စ်ဝါဒ
သဘောတရားဟာ တဖြည်းဖြည်းခေတ်စားလာတယ်။ အဲဒီဝါဒဟာလည်း အဆုံးစွန်ဆုံး တရားမဟုတ်သေးဘူး။
ရှာတုန်း၊ ဖွေတုန်း၊ တိုးတက်တုန်းပဲ။ အဲဒီလိုသဘောအမျိုးမျိုးဆိုပေမယ့် နိုင်ငံရေးဟာ စီးပွားရေးအုတ်မြစ်ပေါ်မှာ
တည်တယ်ဆိုတာကတော့ ဘယ်သူမှမငြင်းတော့ပါဘူး။
လူရယ်လို့ဖြစ်လာရင် လူဟာ စားရမယ်၊ ဝတ်ရမယ်၊ နေရမယ်။ အဲဒီအစားအဝတ်၊ အနေအထိုင်နဲ့ ပတ်သက်ပြီး လူရဲ့ ဝတ္ထုပစ္စည်း အသုံးအဆောင်တွေကို
ရှာကြံတဲ့အခါကျတော့ လူ့ပစ္စည်းလုပ်ငန်း စနစ်တွေ ပေါ်လာတယ်။ အဲဒီပစ္စည်းလုပ်ငန်း စနစ်တွေပေါ်လာ တဲ့အခါ လူအချင်းချင်း ဆက်ဆံပေါင်းသင်းမှု စနစ်ဟာ
ပေါ်လာ တယ်။ လူတန်းစား ခြားနားလာကြတယ်။ အဲဒီလို ခြားနားလာ ကြရာက အကျိုးချင်းကွဲပြားပြီး ပဋိပက္ခ ဖြစ်လာကြတယ်။ ဒီပဋိပက္ခဖြစ်တာတွေကို
ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။ တင်မြှောက်တုန်းကတော့ လူတွေပ။ဲ ဒါပေမယ့်
နောက်ကျတော့ လူ့အထက် ရောက်သထက် ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘဝသို့ရောက်သွားတယ်။ အဲဒီကစပြီး အစိုးရဆိုတာ
လူတွေကအာဏာအပ်လို့ ဖြစ်လာတာပါက လား ဆိုတဲ့သဘောဟာ လုံးလုံးပျောက်သွားတာပဲ။
အဲရှင်ဘုရင်စနစ်လို သားစဉ်မြေးဆက်ခံတဲ့ အစိုးရမျိုးကျတော့ ဘာပြောစရာရှိတော့မလဲ။ တခါလဲ အစိုးရဆိုတာ ဘုန်းကံကြောင့်ဆိုပြီးတောင် တခါတုန်းက
မယူမဖြစ်တဲ့အထိ အစိုးရရဲ့ မူလသဘာဝဟာ ပျောက်ခဲ့တာပဲ။
အစိုးရဆိုတဲ့အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။ အဲဒီအာဏာကိုလည်း ပစ္စည်းအင်အား ကောင်းတဲ့ လူတွေ အချင်းချင်းလုကြတယ်။ ရရင်လည်း လက်က
မလွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေဆိုတာကတော့ အဲဒီအထဲမှာ တုတ်လုပ်အရိုက်ခံရမယ့် အခါကျမှ ပါရတာပဲ။ ဒီလိုအာဏာလုကြတဲ့အခါမှာ ဒီမိုကရေစီဆိုပြီး
ပြည်သူ့ ဆန္ဒ၊ ပြည်သူ့အာဏာလို့ ကြွေးကြော်ဟစ်အော်ပြီး ညာတဲ့စနစ်တွေလည်း ရှိတယ်။ (၂ဝ-၅-၄၇ နေ့က ကျင်းပခဲ့သည့် ပဏာမညီလာခံတင
ွ် မိန့်မြွက်ခ့သ
ဲ ည့်
ညီလာခံမိန့်ခွန်းမှ)
သမ္မတစနစ်။

။သမ္မတစနစ်သာ တိုင်းသူပြည်သားတွေသာလျှင် အရင်းခံမူလဘူတ ဖြစ်တယ်ဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။

လူလူချင်းအတူတူပဆ
ဲိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ (ပဏာမညီလာခံ မိန့်ခွန်းမှ ၂ဝ-၅-၄၇)
ပြည်သူ့အာဏာ။

။ အချုပ်ပြောရရင် ရှေးတုန်းက ဘုရင်တဦးရဲ့လက်ထဲမှာ အာဏာရှိတယ်။ ကျနော် တို့က အဲဒီလိုမဖြစ်စေချင်ဘန
ဲ့ဲ

တိုင်းသူပြည်သားတွေရဲ့ အာဏာပိုင်ဖြစ်စေချင်တယ်။ တိုင်းသူပြည်သားတွေ လုပ်တဲ့ လွတ်လပ်ရေးကို လိုချင်တယ်။ (၂၄-၁၁-၄၆ နေ့တင
ွ် မန္တလေးလူထုသို့
ဟောပြောချက်)
လွတ်လပ်ရေး။

။ လွတ်လပ်ရေးအဓိပ္ပာယ်ဟာ အေးအေးချမ်းချမ်းနှင့် ကောင်းကောင်းစားသောက်ဖို့ လုပ်တဲ့အခါမှာ အခြားလူတွေရဲ့

အကျိုးကိုမထိခိုက်ဘဲ တိုးတက်မှုလုပ်တာဟာ လွတ်လပ်ရေးပဲ။ (၁၃-၇-၄၇ နေ့က ဟောပြောခဲ့သည့် နိုင်ငံရေးရှင်းတမ်းမှ)
တော်လှန်ရေး။

။ တော်လှန်ရေးဆိုတာ အဖျက်လုပ်ငန်းတိုင်းလုပ်မှ တော်လှန်ရေးမဟုတ်ဘူး။ တော်လှန်ရေးဆိုတာ လူထုကံကြမ္မာကို ဖန်တီးရာမှာ

လူထုကိုယ်တိုင်ပါဝင်ပြီး ဘယ်လိုဖြစ်ဖြစ် ဆောင်ရွက်တာကို ဆိုလိုတယ်။ တော်လှန်ရေးရဲ့ အခြေခံအချက်က လွတ်လပ်မှုကို လူထုကြီးက ပါဝင်ဆောင်ရက
ွ်မှု၊
နိုးကြားမှုများနှင့် ပြောင်းလဲမှု များကို ဖြစ်စေတာကို တော်လှန်ရေးလို့ခေါ်တယ်။
ခေါင်းဆောင်။

။ ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက် ဟုတ်တာ မှန်တာဆိုရင် ပြောရဲ ရမယ်။ ညွှန်ပြရဲရမယ်။ ခေါင်းဆောင်ဟာ

ခေါင်းရှောင်မဖြစ်စေရဘူး။ ကျနော်ကတော့ လူတိုင်းကြိုက်ကို လိုက်ပြောမှာ မဟုတ်ဘူး။ တိုင်းပြည်နှင့် လူထုအကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ။ (၂၁-၃-၄၇
နေ့က စစ်ကိုင်းတွင် ဟောပြောချက်မှ)
ပြည်သူ့ရေ
ဲ ဘာ်။

။ ရဲဘော်တို့ဟာ ပြည်သူ့ရေ
ဲ ဘ်ာတပ်ဖွဲ့ ၏ အကျင့်သိက္ခာနှင့် မလျော်ညီစေဘဲ တိုင်းသူ ပြည်သားများအပေါ် မောက်မောက်မာမာနှင့်

ပြုမူခြင်း၊ ဟိတ်ဟန်ပြခြင်း၊ တိုင်းသူပြည်သားများအား ခြိမ်းခြောက် ခြင်းတို့ကို ပြုမူပါက ရဲဘော်တို့၏ ပြည်သူ့ရေ
ဲ ဘ်ာဆိုသော နာမည်နှင့်အဘယ်သို့မျှ ဆက်ဝင်၍မရဘဲ
တိုင်းပြည်၏ ရန်သူသာလျှင်ဖြစ်မည်။ (၂၄-၁၁-၄၆ နေ့က မန္တလေး ပြည်သူ့ရေ
ဲ ဘ်ာဗိုလ်ရှုညီလာခံမှ)
ဒီမိုကရေစီအဟောင်း။

။ဒီမိုကရေစီဆိုတာ လူတွေရဲ့ အကျိုးကို လုပ်ရအောင် လူတွေက တင်မြှောက် တဲ့ လူတွေရဲ့ အစိုးရသာလျှင်

ဒီမိုကရေစီဖြစ်နိုင်တယ်။ တခြားဟာတွေ ဒီမိုကရေစီအစစ်မဖြစ်နိုင်ဘူး အတုတွေသာ ဖြစ်မယ်။ ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီမဟုတ်ဘူး။ ဒီမိုကရေစီ
ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး သံတမ်း ပြောကြ တာတွေလည်း အများကြီးပဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း၊ လူတန်းစားအချင်းချင်း အစရှိသည်
အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်တင်းပြည့် မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး။ အခု ဒီမိုကရေစီ ခေါ်နေတဲ့ တိုင်းပြည်တွေ
အများဟာ တကယ့်ဒီမိုကရေစီ မဟုတ်သေးဘူး။ ငါးမူး၊ သုံးမူး၊ တပဲလောက်ပ။ဲ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုကေ
် တာ့ အရင်းရှင်ခေါ်တဲ့ ပစ္စည်း အရင်းရှင်တွေ
စီးပွားရေး ခြယ်လှယ်တဲ့စနစ် အခြေခံတဲ့ ဒီမိုကရေစီဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင်စနစ် အုပ်ချုပ်ရေးကို ဒီမိုကရေစီဆိုတဲ့
ဗန်းပြပြီးထားတဲ့အုပ်ချုပ်ရေးပဲ။ (၂ဝ-၅-၄၇ ပဏာမညီလာခံ မိန့်ခွန်းမှ)
ဒီမိုကရေစီအသစ်။

။ ယခု အချို့နိုင်ငံတွေမှာ ကျုပ်တို့ကြားသိတွေ့မြင်ရတဲ့ ဒီမိုကရေစီဆိုတာတွေဟာ အမှန်ကတော့ (Oligarchy) ခေါ်တဲ့

အရင်းရှင်ဖြစ်ဖြစ်၊ အရင်းရှင်လို လူတန်းစာတွေဖြစ်ဖြစ် လူတစုလောက်သာ ကြိုးကိုင်ထားတဲ့ အရင်းရှင်လုပ်နေတဲ့ စနစ်တွေသာဖြစ်တယ်။ ကျုပ်တို့လုပ်ချင်တာကတော့
Greatest Happiness of the Greatest Number လူအများဆုံး အကောင်းဆုံး ချမ်းသာသုခရအောင် အဲဒီလူအများက ကြိုးကိုင်တဲ့ အာဏာရှင်လုပ်တဲ့
ဒီမိုကရေစီမျိုးကိုသာ လိုချင်တာပဲ။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)

ဆိုရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒ။

။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ စင်စစ်တော့ ဒီမိုကရေစီဝါဒက ဖြာထွက်သွားတာတွေပ။ဲ

ဘယ်ဟာက ဒီမိုကရေစီ မဝင်သေးဘူး။ နိုင်ငံရေးတွင်သာမက စီးပွားရေးပါမှ ဒီမိုကရေစီ ဖြစ်နိုင်မယ်လို့ ဒီမိုကရေစီသဘောတရားတွေကို လိုက်ရှာပြီး
လုပ်နေကြခြင်းသာ ဖြစ်တယ်။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
ဖက်ဆစ်ဝါဒ။

။ ဖက်ဆစ်စနစ်ဆိုတာဘာလဲ။ ကြမ်းသင့်လို့ကြမ်းတာကို ဖက်ဆစ်စနစ်လို့ခေါ်တာ မဟုတ်ဘူး။ ကိုယ်နှင့်စိတ် မသင့်တာလုပ်သမျှကို
ဖက်ဆစ်စနစ်လို့ခေါ်တာ မဟုတ်ဘူး။ ငွေပင်ငွေရင်းရှင် (Finance Capital ) ကြီးတွေက လက်ကိုင်လုပ်ထားတဲ့
တပည့်တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းအတမ်း ဖိနှိပ်ပြီး အင်မတန်ကျဉ်းမြောင်းမှားယွင်းတဲ့
လူမျိုးရေးတရား လက်ကိုင်ထားတဲ့ ဝါဒဟာ ဖက်ဆစ်ဝါဒပါပဲ။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံ မိန့်ခန
ွ်းမှ)
ဖဆပလ။

။ ဖဆပလရဲ့ အဓိပ္ပာယ်ကတော့ ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လတ
ွ်လပ်ရေး

အဖွဲ့ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဂျပန်တွေကို တော်လှန်ပြီး လွတ်လပ်ရေးရဖို့ လွတ်လပ်တဲ့ အစိုးရအဖွ့က
ဲို
တည်ထောင်ဖို့ ဖြစ်တယ်။ ဂျပန်တွေရှိစဉ်ကတတည်းက ဖဆပလအဖွဲ့ကို လျှို့ဝှက်စွာ တည်ထောင်ခ့ပ
ဲါတယ်။
တိုင်းပြည်ကို သစ္စာမဖောက်ဘဲ တည်ထောင်ခဲ့ပါတယ်။ ဥပမာပြရလျှင် လွန်ခဲ့တဲ့ တနှစ်လောက်တုန်းက (၁၉၄၅
နှစ်က) ဖဆပလအဖွဲ့ချုပ်ကြီး တခုသာရှိခဲ့တယ်။ အင်္ဂလိပ်တွေဟာ ဖဆပလအဖွ့ခ
ျဲုပ်ကြီး ပြိုကွေ
ဲ အာင် အမျိုးမျိုးကြိုး
စားခဲ့ကြတယ်။ အိန္ဒိယပြည်မှာကတည်းက ပြိုကွေ
ဲ အာင် စီမံကိန်းတွေထုတ်တယ်။ ဒါပေမယ့် ဖဆပလအဖြွဲ့ ကီးဟာ
ဗမာပြည်မှာ အင်အားကြီးမှန်း သိလာတော့ ဖဆပလအဖွဲ့ကြီးနဲ့ စကားကမ်းလှမ်းခဲ့ရတယ်။ ဖဆပလဟာ နေသူရိန်
ဆုံးဖြတ်ချက်အတိုင်း တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အမျိုးသားအစိုးရဖွဲ့ပြီး အာဏာကုန်ပေးရန်
တောင်းဆိုခဲ့တယ်။ (၂၃-၁၁-၄၆ နေ့က မန္တလေးနှင့် မေမြို့လူထုသို့ ဟောပြောချက်မှ)
လူများစု။

။ ဒီနေရာမှာ လူများစုလို့ဆိုတာဟာ ပစ္စည်းအခြေအနေ ရာထူးအခြေအနေကို အကြောင်းပြုပြီး လူများစု လူနည်းစုဖြစ်ကြတဲ့ လူတွေကိုသာ

ဆိုလိုတယ်။ လူမျိုးရေးအရ ကွဲပြားတဲ့လူများစု လူနည်းစု ကိစ္စတွေမှာ တော့ လူများစုလူမျိုးက လူနည်းစုလူမျိုးတွေအပေါ် လွှမ်းမိုးမှုမရှိစေမှ ဒီမိုကရေစီမှန်မယ်။ (၂ဝ၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
လူနည်းစု။

။ လူမျိုးရေး လူနည်းစုဆိုတာ လူဦးရေဘယ်လောက်ရှိမှ လူမျိုးရေးလူနည်းစု ခေါ်မလဲဆိုတာကို သိဖို့လိုတယ်။ အရင်စစ်မဖြစ်ခင်တုန်းက ရှိခ့တ
ဲ့ဲ

နိုင်ငံပေါင်းချုပ် အသင်းကြီးက သရုပ်ပြဋ္ဌာန်းထားကတော့ လူမျိုးရေး လူနည်းစုဆိုတာ လူမျိုးရေးလူများစုရဲ့ ငါးပုံတပုံလောက်ရှိမှ လူမျိုးရေးလုနည်းစုလို့
ခေါ်နိုင်မယ်ဆိုထား တယ်။ ဘာပြုလို့လဆ
ဲိုရင် ရှမ်းပြည်မှာ လူမျိုးပေါင်း (၂ဝ-၃ဝ) လောက်ရှိတယ်။ အဲသလိုသာ လူမျိုးကွဲတိုင်း လျှောက်ပြီး ခေါ်နေရရင်
ဆုံးမှာမဟုတ်ဘူး။ ဒါကြောင့် လူဦးရေ သတ်မှတ်တာပဲ။ သို့ပေမယ့် ဗမာပြည်အဖို့မှာတော့ လူမျိုးရေး လူများစုရဲ့ ဆယ်ပုံတပုံလောက်ရှိရင်ပဲ လူမျိုးရေးလူနည်းစုလို့
ခေါ်သင့်တယ်လို့ ကျနော်ယူဆတယ်။ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံရှိမှ လူမျိုးရေးလူနည်းစု ဆိုရင်တော့ ဗမာပြည်မှာ လူမျိုးရေးလူနည်းစုကို မရှိနိုင်တော့ဘူး။ (၂ဝ၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
လူမျိုးကြီး။

။ အင်္ဂလိပ်လိုမှာ (Nation or Nationality) အစရှိသည်အားဖြင့် လူမျိုးတွေကို အသီးသီး ခေါ်ထားတာရှိတယ်။ (Nation or Nationality)

ဆိုတာမျိုးကတော့ ဗမာလိုတိတိကျကျ ဘယ်လိုပြန်ရမယ်ဆိုတာ ဗမာ အဘိဓာန်ကျကျနန ထွက်မှပဲ ဖြစ်နိုင်မှာပဲ။ အဓိပ္ပာယ်ကတော့ ဥပမာဗြိတိသျှလူမျိုးဆိုရင်
အင်္ဂလိပ-် စကော့၊ ဝေလ-အိုင်းရစ်လူမျိုးတွေ စုပေါင်းထားတာကို ခေါ်တာပဲ။ အမေရိကန်လူမျိုးဆိုရင်လည်း ဥရောပက လူမျိုးစုံ အမေရိကမှာ လာနေပြီး
အမေရိကန်လို့ ခေါ်နေတဲ့ လူအားကိုခေါ်တာပဲ။ ဒီတော့(Nation or Nationality) ခေါ်တဲ့ လူမျိုးကြီး ဆိုကြပါစို့။ အဲဒီလူမျိုးကြီး ဆိုတာဟာ
ဘယ်လိုအချင်းအရာတွေနှင့် ပြည်စုံမှ လူမျိုးကြီးလို့ခေါ်မလဲ၊ အဲဒီလူမျိုးပြဿနာနှင့် ပတ်သက်ပြီး အခုကမ္ဘာကျော် ဆိုဗီယက်ယူနီယံ ခေါင်းဆောင်ကြီးဖြစ်တဲ့ စတာလင်
ဘယ်လို သရုပ်ဖော်ထားသလဲ ဆိုရင် “A Nation is historicaly evolved, stable community of language, Territory, Economic life, and psychological
make-up manifested in a community culture.” ---လူမျိုးကြီးဆိုတာ ရာဇဝင်အရ ဖြစ်ပွားလာပြီး တည်တည်တံ့တံ့နေလာတဲ့ သူ့ဘာသာစကားနှင့်
သူ့နယ်သူ့မြေနှင့် သူ့စီးပွားရေးနှင့် သူ့ယဉ်ကျေးမှုပညာ ထုံးစံဓလေ့တွေနှင့် ညီညတ
ွ်စည်းရုံးထားတဲ့ လူပေါင်းစုံပဲလို့ စတာလင်က သရုပ်ဖော်ပြခဲ့တယ်။ ဒီအချက်တွေကို
အခြေပြုပြီး စဉ်းစားရင် ကျနော်တို့ဗမာပြည်မှ (Nation or Nationality) လူမျိုးကြီးအဖြစ်နှင့် ဘယ်နှမျိုး ရှိသလဲဆိုရင် စင်စစ်ပြောရရင်တော့ အားလုံးတမျိုးတည်းပဲ
ရှိနိုင်မည်။ (၂ဝ-၅-၄၇ နေ့ ညီလာခံမိန့်ခွန်းမှ)
ပြည်ထောင်စု။

။ကျနော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘော တည်ထောင် မလား၊ လူမျိုးကြီးတမျိုးတည်းဆိုတဲ့ တိုင်းပြည်မျိုး

(Unitary State) တည်ထောင်မလားဆိုတဲ့ မေးခွန်းကို ဖြေဆိရ
ု မည်ဟူက ကျနော့်အမြင်အရဆိုလျှင် အထက်က လူမျိုးရေးအရ ရသင့်ရထိုက်တဲ့
အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်ပြီး ပေးပြီးတော့ (Unitary State) လူမျိုးကြီး တမျိုးတည်းဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့ မဖြစ်ဘူး၊ ပြည်ထောင်စုသဘောမျိုး
ဖြစ်ရမှာပဲ။
ဒါပေမယ့် ပေါင်းကာမှ ဆေးအတွက်လေးတဲ့ ပြည်ထောင်စုမျိုး။ လီနင်ပြောသလို တစိတ်တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ (The part contradicting the whole)
ပြည်ထောင်စုမျိုး ဆိုရင်တော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျစီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုး ဖြစ်ရလိမ့်မယ်။
ဒါမှ လူမျိုးအားလုံး၊ တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်းကောင်း ကျိုးရှိအောင် ပေါင်းတာမျိုးဖြစ်ပြီး ဆိုးကျိုးရှိအောင်
ပေါင်းတာမျိုး ဘယ်နည်းမှ မဖြစ်နိုင်ဘူး။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
ဤသည်တို့ကား ဗိုလ်ချုပ်အောင်ဆန်း အသက်ရှင်စဉ်က ထိုထိုမြို့ရွာများတွင် ဟောပြောခဲ့သော မိန့်ခွန်းများမှ ကောက်နုတ်ဖော်ပြအပ်သည့် နိုင်ငံရေးစကားလုံး
အချို့အချို့၏ အဓိပ္ပာယ်ဖင
ွ့်ပြချက်များ ဖြစ်ကြပေရာ ဤနိုင်ငံရေး စကားလုံးများအပြင် ဖော်လံဖား၊ စားဖား၊ ခွတုပ်စီးဝါဒနှင့် ဆိတ်လစေ့ စသော
နိုင်ငံရေးဗန်းစကားများကိုလည်း အကြောင်းအားလျော်စွာ ထည့်သင
ွ်းသုံးစွခ
ဲ့ပေသေး၏။ ယင်းစကားအားလုံးတို့ကို ဤဆောင်းပါးတွင် အပြည့်အစုံ ဖော်ပြရန်
နေရာမရှိတော့သဖြင့် ချန်လှပ်ထားခဲ့ ရပေတော့မည်။ စင်စစ်သော်ကား ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း များတွင်သာမဟုတ်။ အခြားခေါင်းဆောင်ကြီးများ၏
မိန့်ခွန်းများတွင်လည်း နိုင်ငံရေးစကားလုံးများ၏ ဋီကာဖွင့်ချက် များကို တွေ့နိုင်ပေသေးရာ ယင်းစကားအားလုံးတို့ကို စုဆောင်းကောက်နုတ်၍ မှတ်တမ်းတင်ထား
သင့်လှပေသတည်း။
(လူထုဂျာနယ် အောက်တိုဘာ၊ ၁၉၅၃၊ အမှတ-် ၄၂ မှ ကူးယူဖော်ပြသည်)

Sign up to vote on this title
UsefulNot useful