အင်တာနက် ပုံမှန်ပြန်ဖြစ်ရန် ရက်အကန့်အသတ်မရှိ ကြာမည်

Friday, 03 April 2009 16:55 သန်းထိုက်ဦး Irrawaddy
မြန်မာပြည်တွင်းရှိ အင်တာနက် အသုံးပြုနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီးဌာနက ရက်အကန့်
အသတ်မရှိ ကြာနိုင်မည် ဖြစ်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် ထပ်မံကြေညာ ထားသည်။
ရန်ကုန်မှ အင်တာနက်ဆိုင်တခု မြင်ကွင်း (ဓာတ်ပုံ - Paula Bronstein)
ယခု ကြေညာချက်သည် ( ၄ ) ကြိမ်မြောက်ဖြစ်ပြီး ပထမဆုံး ကြေညာချက်ကို မတ်လ ၂၁ ရက်နေ့က စတင် ထုတ်ပြန်ခဲ့သည်။
ဒုတိယအကြိမ်ထုတ်ပြန်သည့် စာထဲတွင်မှု ၂၅ ရက်နေ့တွင် ပြန်လည် ကောင်းမွန်နိုင်မှု မရှိတော့ဘဲ ဧပြီ ၁ ရက်နေ့မှ
ကောင်းမွန်နိုင်တော့မည်ဟု ရေးသားထားသည်။
တတိယအကြိမ် ထုတ်ပြန်သော စာတွင်မူ ပြန်ကောင်းနိုင်မည့် ရက်ကို ၃ ရက်နေ့ဟု ဆိုသော်လည်း နောက်ဆုံး ထုတ်ပြန်ချက်တွင်
ရက်အကန့်အသတ် မရှိ ထုတ်ပြန်လက
ိုခြင်း ဖြစ်သည်။
“အကန့်အသတ်မရှိ ပြင်တာ အင်တာနက်ဆိုင်တွေကိုစာပို့လာတာ မဟုတ်ဘဲ နဲ့ ၀က်ဘ်ဆိုက် တွေကို ဖွင့်လိုက် ရင် ဆက်သွယ်ရေးက
ထုတ်ပြန်ထားတဲ့ စာတန်းကြီး ကျလာတာ” ဟု အမည် မဖော်လိုသူ ရန်ကုန်မြို့ရှိ ဘလော့ဂါ တဦးကပြောသည်။
ယခုကဲသို့ အဆင်မပြေ ဖြစ်ရခြင်းအတွက် တောင်းပန်အပ်ပါသည်ဟု ဖော်ပြထားကြောင်းလည်း သူက ဆိုသည်။
ရန်ကုန် အင်တာနက် အသုံးပြုသူ တဦးကလည်း“ကွန်နက်ရှင်က တက်လိုက်ကျလိုက်ပဲ စိတ်ညစ်စရာကောင်း တယ်၊ စာတစောင်ပို့ဖို့တောင်
တော်တော်စောင့်ရတယ်” ဟု ပြောပြသည်။
ထိုသို့ SEA–ME-WE–3 လိုင်း ပြင်ဆင်နေချိန်တွင် မြန်မာ့ဆက်သွယ်ရေးက အင်တာနက် ယာယီ လိုင်းတခု ပေးထားပြီး
အင်တာနက်ကဖေးများ၊ ရုံးများနှင့် ကိုယ်ပိုင်အင်တာနက် လိုင်းများကို အသုံးပြုစေသည် ဟု ရန်ကုန်မြို့ရှိ အင်တာနက် ဆိုင်ရှင်များ၏
ပြောပြချက်အရ သိရသည်။
အင်တာနက် အသုံးပြုနိုင်မှု အခြေအနေ နှင့် ပတ်သက်ပြီး ရန်ကုန် ဆက်သွယ်ရေး ၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနသို့ တယ်လီဖုန်းဖြင့်
စုံစမ်းမေးမြန်းခဲ့ရာ ဗဟိုကြေးနန်းရုံးကြီးကို ဆက်သွယ်ပါဟု ပြောပြ၍ ဖုန်းချ သွားသည်။
မြန်မာပြည်တွင်း အင်တာနက် အသုံးပြုမှု စနစ်များကို ၂၀၀၄ ခုနှစ်တွင် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန်ရာထူးမှ
ဖယ်ရှားခံရပြီးနောက်ပိုင်း စစ်တပ်က လက်နက်သဖွယ် ထိန်းချုပ် အသုံးချလာခဲ့ကြောင်း အင်တာနက် စောင့်ကြည့်လေ့လာရေးအဖွဲ့
တဖွဲ့ဖြစ်သည့် Open Net Initiative ၏ ပြောဆိုမှုအရသိရသည်။
ယခု စစ်အစိုးရ ထိန်းချုပ်လုပ်ဆောင်နေသော မြန်မာ တယ်လီပို့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းသည် ယခင် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ သား
ဒေါက်တာ ရဲနိုငဝ
် င်း တည်ထောင်သည့် ပုဂံ ဆိုက်ဘာ တက်ခ် ကို အမည်ပြောင်း လဲထားခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင် ၂၀၀၆ ခုနှစ်ခန့်မှ စတင်၍ အင်တာနက် ဆိုင်များ ခေတ်စားလာပြီး ၂၀၀၇ စက်တင်ဘာ သံဃာတော်များ
အရေးတော်ပုံနောက်ပိုင်းတွင် လူငယ်လူရွယ်အများစုမှာ အင်တာနက်ကို ပိုမို အသုံးပြု လာခဲ့သည်။
ယခု အခါ မြန်မာ တပြည်လုံးတွင် ၃၀၀၀ နီးပါးခန့်ရှိသည်။ အင်တာနက်ကို များသောအားဖြင့် လူငယ်လူရွယ် များနှင့် ဂိမ်းကစားသူများ အများ
ဆုံး အသုံးပြုကြသည်။

မလေးရှားက မြန်မာလက်ဖက်ကို စစ်ဆေးနေပြီ
Friday, 03 April 2009 19:10 ဧရာဝတီ
မလေးရှားနိုင်ငံက မြန်မာပြည်မှ တင်သွင်းသည့် လက်ဖက် ပါဝင်သည့် စားသောက် ကုန်များတွင် တားမြစ်ထားသည့် ဆိုးဆေးများ ပါဝင်ခြင်း
ရှိမရှိ စစ်ဆေးနေသည်ဟု ဘာနားမား သတင်းဌာန အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။
စင်္ကာပူနိုင်ငံ စားသောက်ကုန် စိစစ်ရေး ဌာနက မြန်မာပြည်ထုတ် အသင့်စား လက်ဖက်သုတ် နှင့် အကြော်စုံ အမျိုး အစား ၂ဝ တွင်
အဝါရောင် ဆိုးဆေးများ ပါဝင် သည်ကိုတွေ့ရှိသည်ဟု ကြေညာခဲ့ပြီးနောက် မလေးရှားနိုင်ငံကလည်း အလားတူ စစ်ဆေးရန် စီစဉ်ခဲ့ခြင်း
ဖြစ်ကြောင်း မလေးရှား ကျန်းမာရေး ဝန်ကြီး ဌာနက ပြောသည်။
မလေးရှား ဥပဒေအရ တားမြစ်ထားသည့် ဆိုးဆေးများကို စားသောက်ကုန် လုပ်ငန်းတွင် အသုံးပြုပါက ပြင်းပြင်းထန်ထန်
အရေးယူနိုင်သည်ဟု ဆိုသည်။
“ဥပဒေ ချိုးဖောက်တဲ့သူကို ငွေဒဏ် မလေးရင်းဂစ် နှစ်သောင်း (ဒေါ်လာ ၅၅ဝဝ) အထိ ဒါမှမဟုတ် ထောင်ဒဏ် ၅ နှစ် အထိ ပြစ်ဒဏ်
ချနိုင်တယ်။ ငွေဒဏ်ရော ထောင်ဒဏ်ပါ ချတာလည်း ဖြစ်နိုင်တယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာန၊ စားသောက်ကုန် အရည်အသွေး နှင့်
အန္တရာယ် ကင်းရှင်းရေး ဌာန ညွှန်ကြားရေးမှူး Nooraini Mohd Othman က ပြောသည်။
မြန်မာနိုင်ငံ ကျန်းမာရေး ဦးစီးဌာနက မြန်မာပြည်တွင်းဖြစ် အသင့်စား လက်ဖက်သုတ် နှင့် အကြော်စုံများတွင် Auramine O အမျိုးအစား
အဝါရောင် ဆိုးဆေး ပါဝင်နေသည် ဟု မတ်လ ၁၂ ရက်နေ့ထုတ် သတင်းစာများတွင် ကြေညာခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ သတင်းဌာနများက ရေးသား ဖော်ပြကြပြီး နောက်တွင် မလေးရှား၊ စင်္ကာပူ အစိုးရတို့ကလည်း လက်ဖက်
ပါဝင်သည့် မြန်မာပြည်ထုတ် စားသောက်ကုန်များကို စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
Auramine O ဆိုးဆေးသည် အဝတ်အထည်၊ စက္ကူ၊ သားရေလုပ်ငန်းများတွင် အသုံးပြုတတ်ပြီး အစား အသောက်လုပ်ငန်းတွင် သုံးရန်
သင့်လျော်ခြင်း မရှိ ဟု ဆိုသည်။ အဆိုပါ ဆိုးဆေး ပါဝင်သော အစား အသောက် များကြောင့် ရေရှည်တင
ွ် အသည်းနှင့် ကျောက်ကပ် ရောဂါ၊
ကင်ဆာ ရောဂါတို့ ဖြစ်ပွားနိုင်သည် ဟု ဆိုသည်။
လွန်ခဲ့သည့် ၃ ရက်မှစ၍ မလေးရှားရှိ မြန်မာ စားသောက်ကုန် အရောင်းဆိုင်များတွင် အသင့်စား လက်ဖက်သုတ်များကို ရောင်းချခြင်း
မပြုတော့ကြောင်း မလေးရှားနိုင်ငံ၊ ပါရက် ပြည်နယ်မှ မြန်မာပြည်သား ကုန်စုံဆိုင် ပိုင်ရှင် တဦး ဖြစ်သူ ကိုဆန်နီက ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း မြန်မာပြည်သား ၄ သန်း ဝန်းကျင် ရောက်ရှိနေသော ထိုင်းနိုင်ငံရှိ မြန်မာ စားသောက်ကုန် အရောင်းဆိုင် များတွင်မူ
အသင့်စား လက်ဖက်သုတ် များကို ရောင်းချနေဆဲ ဖြစ်သည်ဟု သိရသည်။
“ယုဇန လက်ဖက်ကိုတော့ ဝယ်ပြီး ရောင်းနေတုန်းပဲ”ဟု ထိုင်းမြန်မာ နယ်စပ်မြို့တခုဖြစ်သည့် ရနောင်း မှ စားသောက်ကုန် လုပ်ငန်းရှင်
တဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်သူ လူထု အများစုမှာ စားသောက်ကုန် အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး တို့နှင့် ပတ်သက်သည့် ဗဟုသုတများ
အနည်းငယ်သာ ရှိကြသည်။
“မြန်မာပြည်မှာတော့ ရောင်းချဖို့ မသင့်လျော်တဲ့ အစားအစာတွေ အများကြီး ရှိတယ်။ ကလေးတွေ စားတဲ့ မုန့်တွေမှာဆိုရင်
အန္တရာယ်ကြီးတဲ့ ဆိုးဆေးတွေ သုံးထားတာကို တွေ့ရမယ်” ဟု စားသောက်ကုန် လုပ်ငန်းနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူတဦးက
ပြောသည်။

“စားသောက်ကုန်တွေမှာ ဘာပစ္စည်းတွေ သုံးထားတယ် ဆိုတာကို စားသုံးသူတွေ သိရမယ်။ လုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့
ထုတ်ကုန်တွေမှာ ဘာတွေ ပါဝင်တယ် ဆိုတာကို ဖော်ပြဖို့ လိုပါတယ်” ဟု နိုင်ငံတကာ အဖွဲ့အစည်း တခုမှ အမည်မဖော်လိုသူ
ဝန်ထမ်းတဦးက ဆိုသည်။
လက်ဖက်သုတ်များတွင် အန္တရာယ်ကြီးသည့် ဆိုးဆေးများ ပါဝင်သည်ကို ယခင်က မသိရှိခဲ့ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ
အိမ်ရှင်မတဦးက ပြောပြသည်။
“နောက်ဆိုရင်တော့ အစားအသောက်နဲ့ ပတ်သက်ရင်တော့ ပိုပြီး ဂရုစိုက်ရတော့မယ်” ဟု သူက ဆိုသည်။

ဗိုလ်တထောင် ရဲစခန်းအနီး လင်မယား ၂ ဦး အသတ်ခံရ
Friday, 03 April 2009 19:08 အောင်သက်ဝိုင်း
ရန်ကုန်တိုင်း၊ ဗိုလ်တထောင် မြို့နယ် ရဲစခန်းအနီးတွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ရာ အပုပ်နံ့ ထွက်လာသည့် ဧပြီလ ၂
ရက်နေ့တွင်မှ သိရှိခဲ့ရသည်။
အသတ်ခံရသူများမှာ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည် လမ်းမကြီး ဘေးရှိ လမ်းသွယ် ၄ လမ်း၊ တိုက်နံပါတ် ၆ လေးထပ်ရှိ ဝဲဘက်
တိုက်ခန်းတွင် နေထိုင်သည့် လင်မယားနှစ်ဦးဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် ရဲစခန်းမှ အမည်မဖော်လိုသူ ရဲတပ်ကြပ်တဦးက ပြောသည်။
အသတ်ခံရသူများမှာ အသက် ၄ဝ ကျော် အရွယ် သင်္ဘောသားတဦး ဖြစ်သူ ဦးခင်မောင်လင်း နှင့် ဇနီးသည် ဒေါ်အေး ဆိုသတ
ို့ ဖြစ်သည် ဟု
သိရှိရသည်။
“ယောင်္ကျားရော၊ မိန်းမရော အသတ်ခံရတာ။ အပုပ်နံ့ ထွက်မှ သွားကြည့်ကြတဲ့ အခါမှ လူသတ်မှု ဖြစ်မှန်း သိကြတယ်။ သတ်သွားတဲ့ပုံစံက
ရက်ရက်စက်စက် သတ်သွားတဲ့ ပုံစံပ”

ဟု အခင်းဖြစ်ပွားသည့် နေရာကို သွားရောက် ကြည့်ရှုခဲ့သည့် လမ်းသွယ် ၂ လမ်းမှ
အမျိုးသားတဦးက ပြောသည်။
ဦးခင်မောင်လင်းသည် ဧည့်ခန်းတံခါးအနီးတွင် မှောက်လျက်အနေအထားဖြင့် တွေ့ရပြီး ဇနီးသည်ကို ရေချိုးခန်းအနီးတွင် တွေ့ရသည်ဟု
အိမ်နီးချင်းများက ပြောဆိုသည်။
အဆိုပါ လူသတ်မှုကို ရန်ကုန်မြို့ထုတ် ဂျာနယ်များတွင် ဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးဌာနက တားမြစ်ထားသည်ဟုလည်း သိရသည်။
လူသတ်မှုဖြစ်စဉ်ကိုရန်ကုန်တိုင်းရဲတပ်ဖွဲ့ထိပ်တန်းအရာရှိကြီးများကိုယ်တိုင်လာရောက်စစ်ဆေးနေပြီး အမှုဖြစ်စဉ် ကို
အမြန်ဆုံးဖော်ထုတ်ရန်ညွှန်ကြားထားသည်ဟု ဗိုလ်တထောင်ရဲစခန်းမှ တာဝန်ကျ ရဲကဆိုသည်။
လူသတ်မှုဖြစ်စဉ်ကြောင့် အထိတ်တလန့် ဖြစ်နေပြီး လုံခြုံမှု မရှိဟု ခံစားနေကြရကြောင်း၊ မိမိ၏ နေအိမ်တိုက်တာ ခြံဝင်းတံခါးများကို
လုံလုံခြုံခြုံ ပိတ်ပြီး သတိဖြင့် နေထိုင်နေကြရကြောင်း အိမ်နီးချင်းများက ပြောသည်။
“ကိုယ့်လုံခြုံရေးအတွက် ကိုယ်ကိုယ်တိုင် လုပ်မှ ရမယ် ဆိုတာ ဒီ လူသတ်မှုက သက်သေပြနေတယ်။ အသတ်ခံရတာက မြို့နယ်
ရဲစခန်းနောက်ကျောမှာ။ ရဲစခန်းနဲ့ အနီးဆုံးနေရာတောင် လုံခြုံမှုမရှိဘူး” ဟု ဗိုလ်တထောင်မြို့နယ် ၆၁ လမ်းနေထိုင်သူ တဦးက ပြောသည်။

သူပုန်များသာ မြေမြှုပ်မိုင်းသုံးဟု အစိုးရစွပ်စွဲ
Friday, 03 April 2009 19:48 ဧရာဝတီ

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ပြည်သူအများ ထိခိုက်ပျက်စီးရခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြောင့် ဖြစ်သည်ဟု
နိုင်ငံတကာ ဆွေးနွေးပွဲတခုတွင် မြန်မာ စစ်အစိုးရက စွပ်စွဲလိုက်သည်ဟု သိရသည်။
မြေမြှုပ်မိုင်း နင်းမိခဲ့သည့် ကရင်ပြည်နယ်မှ အမျိုးသမီးတဦး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်နေသော အာရှဒေသအတွင်း မြေမြှုပ်မိုင်း တားဆီးရေး ဆွေးနွေးပွဲတခုတွင် ထိုသို့
ပြောကြားလိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲကို စီစဉ်သည့် အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်ရေး လှုပ်ရှားမှုအဖွဲ့
(ICBL)မှ တာဝန်ရှိသူတဦးဖြစ်သည့် မစ္စတာ ဖရက်လူဘန် က ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲ တက်ရောက်သူ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးဖြစ်သည့် ဦးကျော်တင့်ဆွေက ကရင်အမျိုးသားအစည်းအရုံး
(KNU)သည် မြေမြှုပ်မိုင်း အများဆုံး အသုံးပြုသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ကြောင်း ဖော်ပြသွားသည်ဟု သိရသည်။
သို့သော်လည်း စစ်အစိုးရအနေဖြင့် KNU နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို များမကြာမီ ပြုလုပ်သွားမည်၊ သို့မှသာ အစိုးရက မြေမြှုပ်မိုင်း
တားဆီးရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဟုလည်း အဆိုပါ မြန်မာအရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။
ဒေသတွင်း မြေမြှုပ်မိုင်း တားဆီးရေး ဆွေးနွေးပွဲများကို မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခြင်းမှာ ဤတကြိမ်သည်
ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုသည်။ ၃ ရက်ကြာ ဆွေးနွေးပွဲကို ယနေ့ညနေတွင် အဆုံးသတ်မည် ဖြစ်သည်။
အရှေ့တောင်အာရှတွင် မြန်မာပြည်သည် မြေမြှုပ်မိုင်းကြောင့် သေကြေ၊ ထိခိုက်ဒဏ်ရာရမှု အများဆုံးနိုင်ငံများတွင် ပါဝင်ပြီး၊ မြေမြှုပ်မိုင်း
ယခုအချိန်ထိ အများဆုံး အသုံးပြုနေသည့် နိုင်ငံလည်း ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံနောက်တွင် အများဆုံး သုံးသည့် နိုင်ငံများမှာ
ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ ဖြစ်သည်။
ICBL ၏ ၂ဝဝ၆ ခုနစ
ှ် စာရင်းများအရ မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ် ၂၄၆ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။ ၂ဝဝ၇ တွင် ပေါက်ကွဲမှု ၄၃၈ ကြိမ်
ရှိခဲ့သည်။ သတင်းမရရှိခဲ့သော ပေါက်ကွဲမှုများလည်း ရှိသေးသည်ဟု ICBL က ဆိုသည်။
ICBL အဖွဲ့က မြေမြှုပ်မိုင်း အသုံးပြုသည့် မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကန့်ကွက်ထားသည်။
လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ပြည်သူလူထုအကျိုးကို ဆောင်ရမည်ဖြစ်ပြီး မြေမြှုပ်မိုင်း သုံးပြီး သတ်ဖြတ်ခြင်း မပြုသင့်ဟု ဆိုသည်။
KNU လက်နက်ကိုင်အဖွဲ့နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA) အဖွဲ့တို့ကလည်း မြေမြှုပ်မိုင်း အသုံးပြုခြင်း မရှိကြောင်း
ငြင်းချက်ထုတ်ထားကြသည်။
“စစ်အစိုးရကတော့ ကျနော်တို့ကို စကားလုံးတွေနဲ့ အမြဲ တိုက်ခိုက်နေတာပဲ၊ သူတို့ကတော့ ကျနော်တို့ကို တိုက်ဖို့ မြေမြှုပ်မိုင်း သုံးနေတာ
ကြာလှပြီ” ဟု KNU မှ ဗိုလ်မှူးကြီးစိုးစိုးက ပြောသည်။
ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း၏ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ စိုင်းဆိုင်မိဏ်းကလည်း အလားတူ ငြင်းဆိုထားသည်။
“စစ်အစိုးရက နိုင်ငံတကာအမြင်မှာ ကျနော်တို့က အကြမ်းဖက်အဖွဲ့ဖြစ်တယ်လို့ မြင်လာအောင် အမြဲ ပြောနေတယ်။ တကယ်တမ်းတော့
မြေမြှုပ်မိုင်းကို သုံးပြီး လူထုကို သတ်နေတာ သူတို့ပ”
ဲ ဟု စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောပြသည်။
မြန်မာပြည်သည် ပြည်တွင်းစစ်မီး နှစ်ပေါင်းများစွာ တောက်လောင်နေသော နိုင်ငံ ဖြစ်သည်။ အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များက ကာကွယ်ရေး၊ တိုက်ခိုက်ရေးတို့ အတွက် မိုင်းမျိုးစုံ အသုံးပြုလျက်ရှိသည်ဟု သိရသည်။
ဘန်ကောက်တွင် ပြုလုပ်နေသော မြေမြှုပ်မိုင်း တားဆီးရေး ဒေသတွင်း ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ
တက်ရောက်နေကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို အရှေ့တောင်အာရှဒေသ မိုင်းကင်းစင်ရေး ဟု အမည်ပေးထားသည်။

အမှန်တရား၊ သတင်းစာပညာနှင့် ဒီမိုကရေစီ
Friday, 03 April 2009 19:58 ကျော်စွာမိုး
မကြာသေးခင် ကာလက ပြည်ပအခြေစိုက် မြန်မာသတင်းစာ ဆရာများ၊ စာရေးဆရာများ၊ ဘလော့ဂါများနှင့် တခြားသော မီဒီယာသမားများ
စုဝေးကျင်းပသည့် နှီးနှောဖလှယ်ပွဲ တခုတွင် ကျနော့်ကို စကားပြောရန် ဖိတ်ကြားခံခဲ့ရသည်။
ထိုသို့ ဖိတ်ကြားခံခဲ့ရစဉ် ကျနော့်အတွေးများက လွန်ခဲ့သည့် အနှစ် ၂၀ ကာလကို ပြန်လည် ရောက်ရှိသွားခဲ့ပါသည်။
မျက်စိထဲတွင် ရန်ကုန်မြို့၏ အတိတ် မြင်ကွင်းများမှာ ဓာတ်ပုံ ဆလိုက်ရှိုးတခုပမာ အစီအရီပေါ်လာခဲ့၏။ အာဏာရှင် ဦးနေ၀င်း၏
ဆိုရှယ်လစ်အစိုးရ အုပ်စိုးစဉ်က အတိတ်ပုံရိပ်များပင် ဖြစ်ပါသည်။
ထိုစဉ်က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝန်းအနီး စက်မှုတက္ကသိုလ်ကျောင်းသားတစုနှင့် ရပ်ကွက်လူငယ်တချို့ ခိုက်ရန် ဖြစ်ရာမှ
အဓိကရုဏ်းနှိမ်နှင်းရေးရဲများ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျောင်းသား ကိုဘုန်းမော် ၁၉၈၈ ခုနှစ် မတ်လ ၁၃ နေ့ တွင် သေဆုံးမှု
ဖြစ်ပွားခဲ့သည်ကို အမှတ်ရနေမိပါသည်။
ကိုဘုန်းမော်သေဆုံးရခြင်းသည် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အစိုးရက ကြေညာ ခဲ့သော်လည်း
အဖြစ်မှန်ကိုသိထားသော ပြည်သူများနှင့်ကျောင်းသားများက ခံပြင်းခဲ့ကြသည်။ ထိုသတင်းသည် တဆင့် စကား တဆင့် နား ဖြင့်
တမုဟုတ်ချင်း ရန်ကုန်တမြို့လုံးသို့ ပြန့်နှံ့သွားတော့သည်။
နောက်ထပ် ရက်အနည်းငယ်အကြာတွင် ကျောင်းသားများ လမ်းမပေါ်ထွက်၍ ဆန္ဒပြကြတော့သည်။ ထိုဆန္ဒပြမှု၏ တခု တည်းသော
တောင်းဆိုချက်မှာ ကိုဘုန်းမော်သေဆုံးရခြင်း၏ အဖြစ်မှန်ကို ဖော်ထုတ်ပေးရန်ဖြစ်ပါသည်။ အစိုးရက မမှန် သတင်းကို ဆက်လက်
ဖြန့်သည်။ ကျောင်းသားများကလည်း အမှန်တရားကို ဆက်လက်တောင်းဆိုနေကြသည်။
အထက်တန်း ကျောင်းသားတဦးဖြစ်သော ကျနော်သည်လည်း အစိုးရ၏ လက်နက်ကိုင်တပ်များကို ထိပ်တိုက် ရင်ဆိုင် တွေ့ခဲ့သည့် ထို
ဆန္ဒပြကျောင်းသားများထဲတွင် ပါဝင်ခဲ့ပါသည်။
ထိုအချိန်က ကျနော်တို့အားလုံး ဤမျှလောက် အန္တရာယ်ကြီးမားသော လုပ်ရပ်ကို လုပ်ဆောင်ခဲ့ကြခြင်းမှာ အမှန်တရား တခုတည်း အတွက်
ဖြစ်ပါသည်။
ကျောင်းသားများ၏ အမှန်တရားအတွက် တောင်းဆိုချက်များသည် ရက်သတ္တပတ်များစွာ ကြာခဲ့ပြီးနောက် နိုင်ငံရေး ဘက်သို့
ဦးတည်လာခဲ့သည်။ ထိုတောင်းဆိုမှုကတော့ ဒီမိုကရေစီရေးပဲ ဖြစ်သည်။
ကျောင်းသား တဦး သေဆုံးရမှုအတွက် အမှန်တရားဖော်ထုတ်ပေးရန် ဆန္ဒပြကြရာမှ တနိုင်ငံလုံးပါဝင်သည့် ရှစ်လေးလုံး အရေးတော်ပုံ
လူထုအုံကြွမှုကြီး ဖြစ်လာကာ နောက်ဆုံးတွင် တပါတီ အာဏာရှင် ဦးနေ၀င်းအစိုးရကို ပြိုလဲစေခဲ့သည်။
နှစ်များစွာကြာပြီးနောက် ကျနော်သည် ထိုအချိန်က ဆန္ဒပြပွဲအတွင်း သေနတ်ပြောင်းဝရှေ့တွင် အဘယ့်ကြောင့် သွားရပ် ချင်စိတ်
ဖြစ်ပေါ်ခဲ့ရသနည်း ဆိုသည့် မေးခွန်းကို ကျနော့်ကိုယ်ကျနော် ပြန်မေးကြည့်မိရာ အဖြေက အမှန်တရားအတွက် ဟု ရရှိသည်။
ယခုအချိန်တွင် ဆယ်စုနစ
ှ် တခုနီးပါး စာနယ်ဇင်းသမားတဦးဖြစ်နေသော ကျနော်သည် အမှန်တရားဆိုသည်မှာ သတင်း သမားများ
အထူးစောင့်ထိန်းရမည့် တာဝန်ဝတ္တရား တရပ်ဆိုသည်ကို ထိုစဉ်က မသိရှိခဲ့ပါ။
ပြန်လည် ဆန်းစစ်ကြည့်သည့်အခါ လူအများစု အသက်ဆုံးရှုံးခဲ့ရသည့် အမှန်တရားအတွက် ကျနော်တို့၏ ဆန္ဒပြမှုကြီး သည် နဂို ရှိပြီးသား
ဒီမိုကရေစီအခွင့်အရေးများပင် ဆုံးရှုံးခဲ့ရသည်။ သို့သော် ဤလှုပ်ရှားမှုကြီးက ဆယ်ကျော်သက်အရွယ် ကျောင်းသားတဦးဖြစ်သော

ကျနော့်အား မြန်မာပြည်လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပဝ
ွဲ င်ရန် ခိုင်မာသည့် စိတ်ဓာတ်ကို ဖြစ်ပေါ်စေခဲ့ပါသည်။ စစ်အစိုးရကို
ဆန့်ကျင်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို ကျနော် ဆက်လုပ်သည်။
စစ်အစိုးရက ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အပြစ်မဲ့ပြည်သူများနှင့် ကျောင်းသား ၃ ထောင်ကျော်ကို ပစ်ခတ်၊ ဖမ်းဆီး ခဲ့သည်။
စစ်အစိုးရကို ဆန့်ကျင်သည့်နိုင်ငံရေးလှုပ်ရှားမှုများ ဖော်ဆောင်ရန် ကျောင်းသားသမဂ္ဂတခုကို လျှို့ဝှက်ဖွဲ့ စည်းခဲ့ရာတွင်
တခြားကျောင်းသားများနှင့်အတူ ကျနော်လည်းပါဝင်ခဲ့သည်။ ကျနော်၏ လုပ်ဖော်ကိုင်ဖက်ကျောင်းသားများ တယောက်ပြီး တယောက်
အဖမ်းခံခဲ့ကြရသည်။
သို့ရာတွင် ကျနော်ကတော့ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလအထိ ကံကောင်းစွာ လွတ်မြောက်နေခဲ့သည်။ ထိုလတွင် အထိန်း သိမ်းခံထားရသည့်
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဗဲလ်ဆုချီးမြှင့်ခဲ့သည်။
ရာပေါင်းများစွာသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများစုဝေးပြီး နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် လွတ်မြောက်ရေး၊ နိုင်ငံရေး
အကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွဲပြောင်းရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။
ထိုလှုပ်ရှားမှုတွင် ဆန္ဒပြကျောင်းသား ၆၀၀ ခန့် အဖမ်းခံခဲ့ကြရသည်။ ကျနော်ကိုယ်တိုင်လည်း စစ်ထောက်လှမ်းရေး အမှတ် (၆) နှင့်
(၇)တို့တင
ွ် စစ်ဆေးမေးမြန်း၍ ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံခဲ့ရပါသည်။ ကျနော့်ကို စစ်ဆေးမေးမြန်းခဲ့သည် မှာ ၁၀ ရက်တိတိ
ကြာခဲ့သော်လည်း ဆယ်နှစ်တာကြာသည်ဟု ထင်ခဲ့ရသည်။
ထိုနောက် ကျနော့်ကို အင်းစိန်ထောင်ကိုပို့ကာ `အိုးဝေ´ သမဂ္ဂစာစောင် ထုတ်ဝေမှု အပါအ၀င် တခြားသော နိုင်ငံရေး လှုပ်ရှာမှုများအတွက်
ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခြင်း ခံခဲ့ရပါသည်။
ထောင်ထဲတွင် နေထိုင်ခဲ့ရသော ရှည်လျားလှသည့် ကာလအတွင်း စဉ်းစားသုံးသပ်ချိန် များစွာရခဲ့သည်။ ၁၉၈၈ ခုနှစ် ကတည်းက စခဲ့သည့်
ကျနော့် လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်ဘာလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးခွန်း ပြန်ထုတ်ခဲ့သည်။
ဘာကြောင့် အဲဒီအလုပ်တွေကို လုပ်ခဲ့တာလဲ၊ နိုင်ငံရေး ရည်မှန်းချက်ကြောင့်လား၊ ဘာကြောင့် အဲဒီလို အန္ကရာယ်များတဲ့ အလုပ်ကို လုပ်ခဲ့ပြီး
ဘ၀တခုလုံးပေးဆပ် ခဲ့ရတာလဲ၊ အခြေခံအကြောင်းရင်းက ဘာလဲ .. စသည် .. စသည်ဖြင့် .. ။
ဤတကြိမ်တွင် ရရှိသည့်အဖြေကလည်း အသစ်မဟုတ်ပြန်ပါ။ အမှန်တရားကို ရှာဖွေခြင်းဆိုသည့် အဖြေပင်ဖြစ်သည်။ သို့သော်
ယခုတကြိမ်တွင်တော့ ကျနော့်အတွက် အဓိပ္ပာယ်ပိုရှိပြီး ပိုမိုနက်နဲ ကျယ်ပြန့်လာပြီ ဖြစ်သည်။ ယခုတကြိမ် ကျနော့်အတွက် `အမှန်တရား´
ဆိုသည်မှာ တရားမျှတခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ယုံကြည်ခွင့်၊ တရားဥပဒေရှေ့တွင်တန်းတူညီမျှခံစားခွင့် စသည့်
ဒီမိုကရေစီ၏ အခြေခံအချက်များ ဖြစ်လာသည်။
သို့ပေမယ့် အခြေခံကျကျပြောရလျင် ထိုအချက်များသည်လည်း အမှန်တရားနှင့် ဆက်နွယ်လျက်ပင် ရှိနေပါသေးသည်။
ထောင်ထဲမှာ ၈ နှစ် နေခဲ့ရပြီးနောက် ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကျနော် ထောင်က လွတ်မြောက်လာခဲ့ပါသည်။ တနှစ်ကြာပြီးနောက်
မြန်မာနိုင်ငံက ထွက်ခွာလာခဲ့ကာ ဧရာဝတီမဂ္ဂဇင်းတွင် သတင်းထောက်တဦးအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ပါသည်။ ကျနော့်အတွက်တော့
သတင်းလောကဆိုသည်မှာ နယ်ပယ်သစ် တခုသာ ဖြစ်သည်။
ထိုအချိန်တွင် သတင်းထောက်တဦး၏ ပထမဦးဆုံးတာဝန်မှာ အမှန်တရားကို ထုတ်ဖော်ရန်ဖြစ်သည် ဟု သိလိုက်ရ သည်။ ဤအချက်သည်
လမ်းမပေါ်တွင် ဆန္ဒပြခဲ့သည့် ကျောင်းသားဘ၀နှင့် နိုင်ငံရေး အကျဉ်း သားဘ၀ကတည်းက ကျနော် ကိုင်စွဲသည့်တရားပင် ဖြစ်ပါသည်။

ဂျာနယ်လစ် တဦး လိုက်နာသင့်သော တခြားစည်းကမ်းများဖြစ်သည့် ပြည်သူများကို သတင်းမှန် ပေးနိုင်ရေး၊ နိုင်ငံသားများ အပေါ်
သစ္စာရှိရေး၊ သတင်းမှန်ကန်မှုအတွက် အကဲဖြတ်နိုင်သည့် အခြေအနေရှိမှု၊ အာဏာရှိသူ .. သို့မဟုတ် နိုင်ငံရေး သမား၊ စီးပွားရေးလုပ်ငန်းရှင်
စသူတို့၏ သြဇာမခံရေး၊ လွတ်လပ်သည့် သတင်းသမားဖြစ်ရေး၊ လွတ်လပ်ပြီး တရားမျှတ ဘက်မလိုက်သည့် သတင်းမီဒီယာအနေနှင့်
လူ့အဖွဲ့အစည်းတခုလုံး၏ ချွတ်ယွင်းမှုများကို စောင့်ကြည့် ဖော်ထုတ်ပေးရေး စသည်တို့ကို လိုက်လျှောက်နိုင်ရန်လည်း အမှန်တရားက
တွန်းအားတရပ်အဖြစ် ထိပ်ဆုံးတွင် ရှိနေသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကြီး နောက်ပိုင်းတွင် ထိုင်း၊ အိန္ဒိယ အပါအဝင် ပြည်ပနိုင်ငံများတွင် မြန်မာ သတင်း မီဒီယာများ
ပေါ်ပေါက်ခဲ့သည်။ မြန်မာ သတင်းသမားများလည်း များပြားစွာ ပေါ်ထွက်ခဲ့ကြသည်။ ယခုအချိန်တွင် မြန်မာ မီဒီယာအဖွဲ့အစည်း ၂၀
ကျော်နှင့် အသံလွှင့်မီဒီယာ ၄ ခု၊ ရုပ်သံလွှင့်မီဒီယာ ၂ ခု ရှိနေပေပြီ။ ထိုအချက်က အားရစရာပင်ဖြစ်၏။
သို့သော် အရေးကြီးသည့် မေးခွန်းက ထိုသူတို့သည် သတင်းစာပညာ၏အခြေခံ ကျင့်ဝတ်များကို အမှန်တကယ် လိုက်နာကျင့်သုံးကြရဲ့လား၊
အမှန်တကယ် လေ့လာကြရဲ့လား၊ နားကောလည်ကြရဲ့လား ဆိုသည်ပင်ဖြစ်ပါသည်။
ထိုမေးခွန်းများကို မီဒီယာကွန်ဖရင့်သို့ တက်ရောက်နေသည့် သတင်းသမား ၁၀၀ ကျော်ကို မေးခွန်းထုတ်ဖြစ်ခဲ့သည်။
ယခုမေးခွန်းများက တက်ရောက်လာကြသည့် သတင်းသမားများသည် ၎င်းတို့၏ နယ်ပယ်အတွင်း မည်သည့် ပုံသဏ္ဍန်ဖြင့်
ရပ်တည်နေကြသည်ကို ပြန်လည်ဆန်းစစ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
ဇန်န၀ါရီလက အသတ်ခံလိုက်ရသော သီရိလင်္ကာနိုင်ငံသား၊ ဆန်းဒေးလီဒါ(Sunday Leader)သတင်းစာ အယ်ဒီတာ လဆန်သာ ၀က်ခ်ရ
မတ်တွန်ဂါ အကြောင်းကိုလည်း ကျနော် ထည့်သွင်း ပြောပြခဲ့သေးသည်။ ၀က်ခ်ရမတ်တွန်ဂါသည် သူအသတ် ခံရနိုင် သည်ကို
သိခဲ့သော်လည်း ကြောက်ရွံ့ပြီး ပုန်းအောင်းမနေဘဲ သူအသတ်ခံရပါက ထုတ်ဝေရန် အက်ဆေး တပုဒ်ပင် ရေးထားခဲ့သည်။
သတင်းစာသမားတဦးအဖြစ် သူ၏ ယုံကြည်ချက်၊ တန်ဖိုးများနှင့် ခိုင်မာသည့် စိတ်ဓာတ်တို့ ပေါင်းစပ်ရာမှ ထိုသတ္တိကို ရရှိခဲ့သည်ဟု ကျနော်
ယုံကြည်ပါသည်။
ကျနော်တို့ မြန်မာ သတင်းသမားများ ပြောလေ့ရှိသည်က မီဒီယာနှင့် သတင်းလွတ်လပ်ခွင့်၏ အဓိက ရန်သူမှာ စစ်အစိုးရဖြစ်သည်ဟူ၏။
သိ့ေ
ု သာ် အမှန်က သတင်းစာသမားများကိုယ်တိုင်ပင် ရန်သူ ဖြစ်သွားနိုင်ပေသည်။
ဤသည်မှာ ကျနော်တို့ အလုပ်၏ အထူး အရေးကြီးသော အချက် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ယုံကြည်အားထုတ်မှုမရှိ၊ လေ့လာမှုမရှိ၊
ကျင့်ဝတ်များကို လိုက်နာခြင်း မရှိသည့် သတင်းသမားတဦးမှာ သူ့အလုပ်၏ ရန်သူပင် ဖြစ်သည်။ မိမိ နယ်ပယ် အတွက် မိမိကိုယ်တိုင်ကပဲ
အတားအဆီးတရပ် ဖြစ်သွားနိုင်ပါသည်။
အသံလွှင့်ဌာနများ အပါအ၀င် ပြည်ပတွင် အခြေစိုက်နေသည့် မြန်မာသတင်းမီဒီယာဌာနပေါင်း ၂၀ ကျော်မှ သတင်းသမား များမှာ
အများအားဖြင့် နိုင်ငံရေးနယ်ပယ်မှ လာကြသူများ ဖြစ်ကြသည်။ နိုင်ငံရေးအဖွဲ့အစည်းမှ ထွက်ကာ သတင်းသမား ဘဝသို့
အသွင်ကူးပြောင်းလာကြသူများဖြစ်သည်။ သို့အတွက်ကြောင့် အတိုက်အခံနိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှား သူများကို ဝေဖန်သည့်အခါ
မိမိကိုယ်တိုင် ကျင့်သုံးကြသော်လည်း စစ်အစိုးရကို ဝေဖန် သည့် အခါတွင် ဘယ်သောအခါမှ ဒုတိယအကြိမ် ပြန်လည်တည်းဖြတ်ခြင်း၊
ပြန်စဉ်းစားခြင်းများ ပြုလုပ်လေ့ မရှိပါ။
ထိုအချက်က သတင်းသမားများအနေနှင့် အခြေခံအကျဆုံးသော စည်းကမ်းချက်ကို လိုက်နာခြင်းမရှိကြောင်း ပြသ နေသလိုပင်။
အခြေခံစည်းမျဉ်းကို ချိုးဖောက်ပြီးသား ဖြစ်နေသည်။
အမှန်ဆိုရလျှင် ကျနော်တို့ သတင်းသမားများတွင်လည်း နိုင်ငံရေးသမားများကဲ့သို့ပင် တူညီသော ရည်မှန်းချက်ရှိ ကြပါ သည်။ ယင်းမှာ
ဒီမိုကရေစီပင်ဖြစ်ပါသည်။ ထိုထက်ပို၍ပြောရလျင် ကျနော်တို့၏ ယုံကြည်ချက်မှာ တရားဥပဒေစိုးမိုး ရေး၊ တန်းတူညီမျှရေးနှင့်
လွတ်လပ်ပွင့်လင်းမှုရှိသော မြန်မာ့လူ့ဘောင်သစ်တခုကို ဖန်တီးတည်ဆောက်ရန်ဖြစ်ပါသည်။

ထိုယုံကြည်ချက်အတွက် ပေးဆပ်ရမှုကလည်း နိုင်ငံရေးသမားများထက် လျော့ကျခြင်း မရှိပါ။ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူများသည်
စစ်အစိုးရကိုဆန့်ကျင် ဆန္ဒပြခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ထဲဝင်ကြရသကဲ့သို့ သတင်းစာ သမားများသည်လည်း
ပြည်သူများခံစားနေရသောဒုက္ခများကို မီးမောင်းထိုးပြပေးခြင်း၊ သတင်းမှန်များ ရေးသားခြင်းတို့ကြောင့် နိုင်ငံရေးသမားများနည်းတူ
ထောင်နန်းစံကြရပါသည်။
ထို့ကြောင့် သတင်းစာ ဆရာများသည်လည်း မြန်မာနိုင်ငံ၏ အနာဂါတ်ကိုပုံဖော်ရာတွင် ပါဝင်နေသူများ၊ တိုင်းပြည်အတွင်း တွင်
အပြောင်းအလဲဖြစ်စေရန် ဖန်တီးသော သူများပင်ဖြစ်သည်ကို သူတို့ ကိုယ်တိုင်နားလည်သင့်သည်။
သို့သော်လည်း ထိုပန်းတိုင်သို့ အမှန်တကယ် ရောက်ရှိစေရေးအတွက် ကျနော်အပါအ၀င် သတင်းစာသမားတိုင်းက မိမိနယ်ပယ် တွင် ပိုမို၍
ကျွမ်းကျင်မှုရှိရန် စဉ်ဆက်မပြတ် လေ့လာသင်ယူ နေရမည်ဖြစ်သည်။
ဧရာဝတီမဂ္ဂဇင်း၏ ရည်ရွယ်ချက်သည်လည်း တနေ့နေ့တချိန်ချိန်တွင် မြန်မာပြည်တွင်းသို့ပြန်ကာ ကျနော်တို့၏ ယုံကြည် ချက်များကို
သယ်ဆောင် အကောင်အထည်ဖော်ရေးပင် ဖြစ်သည်။ ဧရာဝတီနှင့်အတူ ကျွမ်းကျင်မှုများနှင့် ပြည့်စုံနေသော၊ အတွေ့အကြုံ ဗဟုသုတ
ကြွယ်ဝသော လုပ်ဖော် ကိုင်ဖက်များလည်း အတူတွဲလျှက်ရှိနေမည်ကို မြင်ယောင်မိသည်။
ရှေ့လာမည့်ခရီးလမ်းတွင် အန္တရာယ် ကြီးမားသည့် အခက်အခဲများ၊ အတားအဆီးများ မလွဲမသွေ ရှိနိုင်သော်ငြားလည်း ကျနော်တို့၏
ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်မည့် နေ့ကို မြင်တွေ့လိုလှပါသည်။
ခေတ်ပြိုင်သတင်းများ
ရန်ကုန်မြို့လယ် မှ နှစ်လောင်းပြိုင်လူသတ်မှု

NEJ /ဧပြီလ(၃) ရက်၊ ၂၀၀၉

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်လမ်းသွယ် (၄) လမ်းတွင် ယမန်နေ့က နှစ်လောင်းပြိုင် လူသတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။

ဗိုလ်တထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈) (၄) လွှာ (ယာဘက်ခြမ်း) အခန်းတွင် နေထိုင်သည့် သင်္ဘောသားဇနီးမောင်နှံနှစ်ဦး
အသတ်ခံခဲ့ရဖြစ်သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မျက်နှာချင်းဆိုင် အိမ်တန်းတွင် နေထိုင်သူတဦးက “အခန်းအနီးနားက တိုက်ခန်းနေသူတွေ အပုပ်နံ့တွေ
ထွက်လာမှ သတိထားမိကြတာ။ အခြား အခန်းတွေအားလုံးက ထူးခြားမှု မရှိ၊ အဲဒီ အခန်းတခန်းပဲ အပြင်က သော့ခတ်ထားတော့ ရဲကို
အကြောင်းကြားပြီးဖွင့်မှ လင်မယားနှစ်ယောက်လုံး သေနေတာ။ အသတ်ခံရတာ အနည်းဆုံး (၃-၄) ရက် လောက်တော့ ရှိပြီလို့
မှန်းဆရတယ်” ဟု ပြောသည်။

အနီးနား ပတ်ဝန်းကျင်တွင် နေထိုင်သူများက သေဆုံးသူသည် အသက် (၄ဝ) ကျော်အရွယ် ကိုခင်မောင်လေးနှင့် သူ့ဇနီး မအေးအေးဝင်းတို့
ဖြစ်ပြီး ကိုခင်မောင်လေးသည် သင်္ဘောသား ဖြစ်ကြောင်း ပြောသည်။

၎င်းတို့၏ ပြောပြချက်အရ မှုခင်း မဖြစ်ပွားခင် (၃) ရက်အလို ည (၁၁) နာရီလောက်တွင် ၎င်းတို့အခန်းကို လူတယောက် လာသည်ဟု
ယူဆရကြောင်း၊ နောက် ကိုခင်မောင်လေး၏ဇနီး မအေးအေးဝင်း အော်သံကိုလည်း ကြားကြကြောင်း၊ သို့သော် လင်မယားချင်း
စကားများသည်ထင်ပြီး မည်သူမှ စိတ်မဝင်စားကြောင်း၊ ဧပြီလ (၂) ရက်နေ့ ရဲကို အကြောင်းကြားမှသာ အခန်းထဲတွင် ဓားဒဏ်ရာဟု
ယူဆရသည့် ပြတ်ရှဒဏ်ရာများ နှစ်ဦးလုံး သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ပစ္စည်းယူ လူသတ်မှုလား၊ သို့မဟုတ် အခြားကိစ္စလား
ဆိုသည်ကိုမူ ရဲက စစ်ဆေးနေဆဲဖြစ်၍ မသိနိုင်သေးကြောင်း သိရသည်။

အဆိုပါနေ့က ရဲများ နေ့လယ် (၁) နာရီခွဲခန့်တွင် ရောက်လာကြပြီး ညနေ (၄) နာရီ ခန့်မှ အလောင်းကို သယ်ထုတ်သွားကြောင်း၊
အခင်းဖြစ်ပွားရာ တိုက်ခန်း မြေညီထပ် ကပ်လျက်တွင် လူစည်ကားသည့် လက်ဖက်ရည်ဆိုင် တဆိုင်ရှိကာ ဗိုလ်တထောင်ရဲစခန်းနှင့်
အနည်းငယ်သာ ကွာဝေးကြောင်း သိရသည်။

ယခု နှစ်လောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း၊ ယခုနောက်ပိုင်း ရန်ကုန်မြို့တွင်
လူသတ်မှုအပါအဝင် ရာဇဝတ်မှု ပိုမိုထူပြောလာကာ မြို့စွန်ဧရိယာများသာမက မြို့လယ်ဧရိယာတို့တွင်လည်း အဖြစ်များလာကြောင်း
သိရသည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပွားသည့် အင်းလျားလမ်း (၅) လောင်းပြိုင်လူသတ်မှုအပါအဝင် လူသတ်မှုအများအပြား တရားခံမပေါ်သေးသည့်အတွက်
စစ်အစိုးရက ရာဇဝတ်မှုခင်းများ ပတ်သက်၍ သတင်းဖော်ပြခွင့်တို့ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုငထ
်ားကြောင်း၊
ရန်ကုန်တိုင်းအတွင်းဖြစ်ပွားသည့် မှုခင်းသတင်းများကို ရန်ကုန်တိုင်း မှုခင်းသတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်မပေးပါက
ပုဂ္ဂလိကဂျာနယ်များအနေဖြင့် ရေးသားခွင့် မရှိကြောင်း သိရသည်။

ယခုမှုခင်းများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က တိက
ုခန်းနေသူများအနေဖြင့် တံခါးသော့ တဆင့်မက ခတ်ပြီးနေရန်၊
လူစိမ်းများလာပါက အလွယ်တကူ သော့ဖွင့်မပေးရန်နှင့် မိမိ သိကျွမ်းသူများကိုပင် သတိထား၍ နေအိမ်တံခါးဖွင့်ပေးရန် ညွှန်ကြားချက်
ထုတ်ထားကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ အပြီး လက်နက်မဖြုတ်ပဲ နယ်ခြားစောင့်တပ်ဖွဲ့ပေးမည်
NEJ /ဧပြီလ(၃) ရက်၊ ၂၀၀၉
နအဖနှင့် ငြိမ်းချမ်းရေးရယူထားသည့် ကရင်ခွဲထွက်အဖွဲ့များအပါအ၀င် ငြိမ်းချမ်းရေးအဖွဲ့များအားလုံး နအဖ ကျင်းပမည့် ၂၀၁၀
ရွေးကောက်ပွဲအပြီးတွင် လက်နက်များ ဖြုတ်သိမ်းမည်မဟုတ်ဘဲ နယ်ခြားစောင့်တပ်များအဖြစ် ပြန်လည်ဖွဲ့စည်းပေးမည်ဟု နအဖ
စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလခ
်ျုပ်ကြီးရဲမြင့်က ပြောသည်။
စောဌေးမောင်ဦးဆောင်သည့် ကေအန်ယ/ူ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ လွန်ခဲ့သည့်
ဖေဖော်ဝါရီလ (၁၈) ရက်က နေပြည်တော်၌ တွေ့ဆုံရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က စောဌေးမောင်နှင့် အဖွဲ့ဝင်များကို ယခုကဲ့သို့
ပြောခြင်းဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က “ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီးပြောရရင် တပ်မတော်ကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးရင်
ငြိမ်းချမ်းရေးတပ်တွေ ဘာပြဿနာမှ မရှိဘူး။ နယ်ခြားစောင့်တပ်အဖြစ်နဲ့ ငါတို့ အကုန်ပြန်ဖွဲ့ပေးမယ်” ဟု ပြောသည်။
ဆွေးနွေးပွဲတွင် စောဌေးမောင်အဖွဲ့အပါအ၀င် နအဖနှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့အစည်းများကိုလည်း စရဖ အရာရှိချုပ်က
သွယဝ
ိုက်သောနည်းဖြင့် ခြိမ်းခြောက်ပြောဆိုခဲ့ရာတွင် “နောက်တခုကွာ မင်းတို့ကို ငါဖွင့်ပြောလိုက် မယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့
ပတ်သက်ပြီး မင်းတို့သေနတ်တွေကို အတင်းမသိမ်းဘူး၊ အဓမ္မမခိုင်းဘူး၊ မင်းတို့ သေနတ်ထက်ကောင်းတဲ့ သေနတ်တွေ ငါတို့မှာ အများကြီးပဲ
သိတယ်မဟုတ်လား။ ဖထီးတို့ သေနတ်ကလေး ဘာရှိလို့လဲ ငါတို့မှာ အများကြီးပေးလို့ရတယ်” ဟု ပြောသည်။
ကေအန်ယူမှ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သို့ ပထမဆုံးအကြိမ်သွားရောက်ခသ
ဲ့ ည့် ဗိုလ်ချုပ်ကြီးမြ၏သားငယ် စောနေစိုးမြလည်း
၎င်းဆွေးနွေးတွင်ပါဝင်ခဲ့ရာ ဗိုလ်ချုပ်ကြီးရဲမြင့်က “မင်းဒီကနေပြန်ရင် ဒီကအခြေအနေတွေကို ပြောပြပါ။ ကျန်တဲ့အဖွဲ့တွေ
လာမယ်ဆိုရင်လည်း အခုချိန်ထိ လမ်းဖွင့်ထားတယ်။ မင်းတို့အားလုံး လာနေကြည့်ပါ၊ မကြိုက်ရင်ပြန်သွား၊ ငါလည်း ပြောစရာ စကားလုံးက
မရှိတော့ဘူး” ဟု ပြောသည်။
ထိုတွေ့ဆုံပွဲအပြီးတွင် စောနေစိုးမြသည် ကေအန်ယူနယ်မြေသို့ ပြန်လာပြီး ကေအန်ယူအဖွဲ့မှ နုတ်ထွက်စာတင်ကာ
ကေအန်ယ/ူ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အခြေစိုက်ရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာ သို့ သွားရောက်ပြီး
၎င်းအဖွဲ့၏ အဖွဲ့ဝင်တဦးအဖြစ် ကူးပြောင်းသွားခဲ့သည်။ ၎င်းနှင့်အတူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်သဲခီးနှင့်
ဗိုလ်မဟာဆွေတို့လည်း လိုက်ပါသွားခဲ့ကြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် ပြောကြားသည့် ငြိမ်းချမ်းရေးအဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် နယ်ခြားစောင့် တပ်အဖြစ်
ပြောင်းလဲဖွဲ့စည်းပေးမည်ကို တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က ပထမဆုံး
ထောက်ခံအားပေးကြောင်းကို လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။
ကျန်ရှိသည့် အဖွဲ့များ၏ အခြေအနေနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးအဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို
အားလုံးသဘောတူ လက်ခံမည့်ကိစ္စမှာ မဖြစ်နိုင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် အဖြူအမည်း ကွဲပြားမည်ဖြစ်၍
ငြိမ်းချမ်းရေးအဖွဲ့အားလုံး နအဖ၏အစီအမံကို လိုက်နာမှုရှိမရှိဆိုသည်ကို စောင့်ကြည့်ရမည်ဟု ကရင်အမျိုးသားအစည်းအရုံးအဖွဲ့၏
အဆင့်မြင့်ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
လေဘေးသင့် ဒေသများ မိုးကျခါနီး၍ နေစရာအိမ်အတွက် စိုးရိမ်
NEJ /ဧပြီလ(၃) ရက်၊ ၂၀၀၉

မိုးရာသီ ဝင်ရောက်ချိန် နီးလာပြီ ဖြစ်သည့်အတွက် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း မြို့နယ်အချို့ရှိ လေဘေးသင့်ပြည်သူအများစု ၎င်းတို့
လက်ရှိနေထိုင်သည့် တဲသာသာ အိမ်များ၏ ခိုငခ
် န့်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံပြည်သူများက ပြောသည်။

ဧရာဝတီတိုင်း လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ ဗိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု ဗိုင်းဒေါင့်ချောင်းကျေးရွာမှ ရွာသားတဦးက “လေဘေးတုန်းက
ကျနော်တို့ ရွာလုံးကျွတ် အိမ်တွေ ပျက်စီးတယ်။ လူတွေ အများကြီးသေတယ်။ နောက်ပိုင်း အန်ဂျီအိုတွေ အလှူရှင်တွေရောက်လာပြီး
စားသောက်ရေး ကူညီတယ်။ နေဖို့ အိမ်တွေဆောက်ပေး တယ်။ ဒါပေမယ့် ခင်ဗျားမြင်တဲ့အတိုင်း ဒီအိမ်တွေဟာ နာဂစ်လို လေဘေးမပြောနဲ့
လာမယ့် မိုးရာသီ ရိုးရိုးမိုးဥတုကိုတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။

၎င်းတို့ ရွာအုပ်စုလေးအတွက် ဆောက်ထားပေးသည့် အိမ်များမှာလည်း (၉) ပေပတ်လည်သာသာ ထရံကာ ပလတ်စတစ် မိုးကာစ
မိုးထားသည့် အိမ်များဖြစ်ပြီး မိသားစုဝင်များ ညအိပ် နေထိုင်ရုံသက်သက် နေနိုင်သည့် အိမ်များဖြစ်ပြီး ထမင်းချက်ပါက တဲအောက်သို့
ဆင်းချက်ကြရကြောင်း သိရသည်။

လေဘေးသင့်ဒေသအနှံ့ သွားရောက်ခဲ့သူ ဂျာနယ်သတင်းထောက်တဦးက လေဘေးသင့်ပြည်သူများအား နိုင်ငံတကာ အန်ဂျီအို
အဖွဲ့အစည်းများ၊ အစိုးရက တာဝန်ပေးသည့် ပုဂ္ဂလိက ကုမ္ပဏီများ၊ တသီးပုဂ္ဂလ အလှူရှင်များက အသီးသီး
နေအိမ်ဆောက်လုပ်လှူဒါန်းသည့်အတွက် ဆောက်ပေးသည့်နေအိမ်များမှာ ပုံစံအမျိုးမျိုး ဖြစ်ကာ အများစုမှာ တန်ဖိုးနည်း အိမ်ရာများသာ
ဖြစ်ခြင်းကြောင့် အိမ်လက်ခံရရှိသည့် ရွာသားများက ဆက်လက်ပြုပြင်ခြင်း မလုပ်နိုင်ပါက လာမည့် မိုးရာသီထိ ခံနိုင်မည်မဟုတ်ကြောင်း
ပြောသည်။

နိုင်ငံတကာက လာရောက်လေ့လာသူများကို အနည်းငယ် ကောင်းကောင်းဆောက်ထားသည့် အိမ်အုပစ
်ုကိုသာ စစ်အစိုးရက အမြဲတစေ
ပြသလေ့ရှိကြောင်း၊ အမှန်တကယ် လေဘေးသင့်ဒေသအတွင်း၌ စံချိန်စံညွှန်းမမီသည့် ယာယီတဲလေးများသာ အများစုဖြစ်ကြောင်း၊
ယခုအခါ ပလတ်စတစ်စအမိုးများမှာလည်း နေဒဏ်၊ လေဒဏ်ကြောင့် စတင်ပေါက်ပြဲလာပြီဖြစ်ကြောင်း အဆိုပါ ဂျာနယ်သတင်းထောက်က
ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့်နှစ် မေလ (၂-၃) ရက်တို့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်လေမုန်တိုင်းကြောင့် နေအိမ်စုစုပေါင်း (၈) သိန်းနီးပါး ပျက်စီးခဲ့ကြောင်း၊
စစ်အစိုးရက ပြန်လည်တည်ဆောက်ပေးသည်မှာ အိမ်ပေါင်း (၂) သောင်းကျော်သာ ရှိပြီး ကျန်နေအိမ် ပျက်စီးခဲ့သူများကိုမူ နိုင်ငံတကာ
အန်ဂျီအိုများ၊ တသီးပုဂ္ဂလ အလှူရှင်များက ပုံစံအမျိုးမျိုးဖြင့် ကူညီဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူထုနှင့် အန်အယ်လ်ဒီ အခြေအနေ နှင့်ပတ်သက်၍ ဦးဝင်းတင်နှင့် အင်တာဗျူး
မင်းနိုင်သူ / ဧပြီလ(၃) ရက်၊ ၂၀၀၉
(ပြီးခဲ့သည့် လွတ်လပ်ရေးနေ့တွင် အန်အယ်လ်ဒီမှ ကြေညာချက်အမှတ် (၁/၀၁/၀၉) ကို ထုတ်ပြန်ကာ ၁၉၉၀ ပြည့်နှစ်
ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်သူ့လွှတ်တော် အမြန်ဆုံးခေါ်ယူ ဖွဲ့စည်းပေးရန်၊ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ
ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ၈၈
မျိုးဆက်ကျောင်းသားများပြန်လွှတ်ပေးရန် စသည့်တောင်းဆိုချက်များပါသည့် တောင်းဆိုချက် (၇) ရပ်ကို ထုတ်ပြန်ခဲ့ပြီး လူထုကိုလည်း
ပူးပေါင်းပါဝင်ကြရန် ပန်ကြားခဲ့သည်။
ယင်းသို့ထုတ်ပြန်ပြီး နှစ်လတာအတွင်း မည်သည့်အတိုင်းအတာအထိ သက်ရောက်မှုရှိနေပြီဆိုသည်ကို ခေတ်ပြိုင်သတင်းထောက်
မင်းနိုင်သူက အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။)
မေး။ ။ ဇန်န၀ါရီ (၄) ရက်က အန်အယ်လ်ဒီပါတီဘက်ကနေ ကြေညာချက်အမှတ် ၁/၂၀၀၉ ကိုထုတ်ပြန်ပြီး အချက် (၇) ချက်
တောင်းဆိုခဲ့ပါတယ်ခင်ဗျ။ ဒီတောင်းဆိုမှုတွေကိုလည်း လူထုကို ထောက်ခံဖို့ မေတ္တာရပ်ခံထားတာလည်း ရှိပါတယ်။
လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေလည်း စခဲ့ပါတယ်။ အခု ဒီတောင်းဆိုမှုဟာ နှစ်လရှိခဲ့ပြီဆိုတော့ လူထုရဲ့ ထောက်ခံမှုက
ဘယ်လိုရှိပါသလဲခင်ဗျ။
ဖြေ။ ။ ကျနော်တို့ အဲဒါလုပ်တုန်းပဲဗျ။ မမှန်သေးဘူးဗျ။ တချို့ဟာတွေက မပို့နိုင်သေးဘူး။ ကျနော်တို့် CEC ကို တက်မလာသေးဘူး။
လူငယ်တွေက လုပ်နေတာဗျ။ နယ်တွေမှာတော့ တော်တော်များများတော့လုပ်ကြတယ်။ တချို့နယ်တွေမှာဆိုရင်
ငါးထောင်လောက်စုမယ်ဆိုပြီး လုပ်တဲ့ဟာတွေရှိတယ်။ ဆိုတော့ အဲဒါတော့ အသေးစိတ်တော့ ပြောလို့မရသေးဘူး။
ကျနော်တို့ကောင်းကောင်းတော့မသိဘူးဗျ။ ဒါကို လူငယ်ကို လုံးဝလွှဲထားလိုက်တာကိုး။ လူငယ်ရဲ့ movement လိုဖြစ်နေတာပေါ့။
သူတို့ဆီမှာပဲ စာရင်းအင်းတွေရှိတယ်။
မေး။ ။ ကျနော်တို့ကြားသိရသလောက်ပေါ့လေ။ တချို့နယ်တွေမှာတော့လည်း ဒီလက်မှတ်ရေးထိုးလှုပ်ရှားမှုတွေကို မသိကြဘူး။
မြို့နယ်ထဲမှာလည်း မကြားမိပါဘူးဆိုပြီး ပြောနေကြတာတွေရှိပါတယ်။ ဆိုတော့ လုပ်နိုင်မှုအတိုင်း အတာ ဘယ်လောက်ထိရှိပါသလဲခင်ဗျ။
ဖြေ။ ။ အဲဒါ လုပ်တော့လုပ်နေကြပါတယ်။ အဖွဲ့အစည်းထဲမှာ တချို့လူတွေက သိပ်ပြီးမလုပ်ချင်တဲ့ဟာတွေလည်း ရှိတယ်ဗျ။
ကျနော်တို့ထပ်ပြီးတော့ မေးတော့ မေးပါမယ်ဦးဗျာ။ အခုဟာက လူငယ် movement အနေနဲ့ လူငယ်တွေကို လွှဲပေးထားတာကိုး။ CEC ကို
သူတို့က မတင်သေးဘူးလေ။ ကျနော်တော်ထင်တယ်ဗျာ။ အခုကိစ္စကတော့ တချို့နယ်တွေမှာလည်း စိုးရိမ်စိတ်တွေ ရှိနေကြတယ်ဗျ။
ဒါကြောင့် ခင်များတို့မေးလိုက်တဲ့ လူတချို့က လှီးလွဲပြီး ပြောလိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူငယ်ကတော့

လုပ်တော့လုပ်နေတယ် ဗျ။ တချို့နေရာတွေမှာတော့ တော်တော်ထက်ထက်သန်သန်လုပ်တယ်ပေါ့ဗျာ။ တချို့နေရာတွေမှာတော့
လျော့တယ်ပေါ့။ ဒီလိုလည်း ရှိမှာပေါ့။
မေး။ ။ ဟုတ်ကဲ့ ။ ဒီလိုလက်မှတ်ကောက်ယူမှုတွေ လုပ်ပြီးတဲ့အခါမှာ ဒီဟာတွေကို အန်အယ်လ်ဒီဘက်က ဘယ်လိုစီမံသွားမှာပါလဲ ခင်ဗျ။
ဖြေ။ ။ နောက်ဆုံးမှာ ကုလသမဂ္ဂကို ပို့မယ်လို့ ရည်ရွယ်ထားတယ်ခင်ဗျ။ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ဆိုတာ
ခဏခဏတောင်းဆိုခဲ့တဲ့ဟာ။ နိုင်ငံအတော်များများကလည်း တောင်းဆိုနေတဲ့ဟာ။ ဆိုတော့ ဒီကိစ္စကတော့ရှိနေမှာပဲဗျ။ ဒီကိစ္စဟာ
အခုမှစတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ဘူး။ လူငယ်တွေလည်း လုပ်ငန်းရှိအောင်၊ လူငယ်လှုပ်ရှားမှုတွေလည်း လုပ်ပါစေဆိုပြီး ကျနော်တို့က
တိုက်တွန်းလိုက်တာ။ တကယ်တော့ ကျနော်ထင်တယ်။ ပြည်တွင်းမှာလည်း ဒီကိစ္စလုပ်ရတာ အခက်အခဲရှိတယ်။ နယ်တွေမှာလည်းဗျာ
လူထုကို ခြိမ်းခြောက်မှုတွေ၊ ကန့်သတ်မှုတွေ၊ အကျပ်ကိုင်မှုတွေက တော်တော်များတယ်ဗျာ။ တော်တော်ကို ပြင်းထန်တယ်ဗျာ။ အခုလို
ရွေးကောက်ပွဲနီးလာချိန်မှာ သူတို့ဟာသူတို့လုပ်ပါစေ။ အစိုးရက ကြားနေမယ်ဆိုတာမျိုး ဆိုရင်တော့ တမျိုးဗျ။ အခုဟာ
သူတို့ကိုယ်တိုင်ကနေပြီးတော့ (၂၅) ရာခိုင်နှုန်း ယူထားရုံတင်မကသေးဘူး ပြိုင်ဘက်ပုံစံမျိုးလုပ်နေတော့။ ပြည်တွင်းမှာ
အကျပ်အတည်းတွေက ပိုများလာတယ်ဗျ။ ဗိုလ်သန်းရွှေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ခြိမ်းခြောက်တာ။ နိုင်ငံရေးသမားတွေကို
ခြိမ်းခြောက်တာ။ အပြတ်ပြောတဲ့ပုံစံမျိုးတွေ ပြောလာတဲ့အခါကျတော့ လူထုကြားထဲမှာ တော်တော်ကို ခက်တဲ့ အနေထားမျိုးတွေ ဖြစ်တယ်။
ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆတ
ိုဲ့ နောက်ပိုင်း သူတို့ကပါဝင်ပတ်သက်ရတော့မယ့် လူတွေမဟုတ်ဘူးဗျ။ မပါဝင်မပတ်သက်ရင် တမျိုးပေါ့။
အခုဟာ သူတို့က (၂၅) ရာခိုင်နှုန်းယူထားတဲ့အပြင် ပါဝင်ပတ်သက်တဲ့လူ။ အခု သူတို့ပါတီတွေ ထောင်ကြမယ်ဗျာ။ နောက်တခါသူတို့ရဲ့
တသီးပုဂ္ဂလအင်အားတွေကို စုနေတယ်ဗျာ။ ဆိုတဲ့အခါကျတော့ နုင
ိငံရေးကို ဘက်ပေါင်းစုံကနေ ထိုးနေတာဗျ။ အဲဒါတွေအတွက်လည်း
လှုပ်ရှားမှုတွေအတော်များများ သူတို့က လုပ်တယ်ဗျ။ ကျနော့်အထင်တော့ တပြည်လုံးအတိုင်းအတာနဲ့ အကြီးအကျယ်လုပ်ဖို့ဆိုတာထက်
တိုင်းနဲ့ ပြည်နယ်တွေမှာ group လိုက် group လိုက် ပါတီတွေထောင်ဖို့ လုပ်မယ်။ အဲဒီပါတီလေးတွေက တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ
စည်းရုံးနိုင်အောင် လုပ်မယ်။ နောက်တခုကတော့ တသီးပုဂ္ဂလတွေကို စည်းရုံးပြီးတော့ တသီးပုဂ္ဂလတွေကို ပါတီဝင်ခိုင်းတာတွေလုပ်မယ်။
ဟိုတနေ့ကကြားလိုက်ပါတယ် UMFCCI က လုပ်ငန်းရှင်တွေကို နိုင်ငံရေးနဲ့ ပါဝင်ပတ်သက်ခြင်းမပြုရဆိုတဲ့ စည်းမျဉ်းတွေ၊ constitution
တွေကိုလည်း သူတို့ ပြင်လိုက်ပြီဗျ။ အဲဒီလို တသီးပုဂ္ဂလတွေကို လုပ်ခြင်းအားဖြင့်ပေါ့ဗျာ။ စီးပွားရေးသမားတွေ၊ ရပ်မိရပ်ဖတွေကို
အတိုက်အခံအင်အားစုဘက် ယိုင်မသွားအောင် သူတို့က သိမ်းကျုံးသွင်းနေတာဗျ။ ဆိုတော့ ကျနော်ပြောချင်တာက ပြည်တွင်းမှာ
တော်တော်ကို ကျပ်တည်းတယ်ဗျ။ စောစောက လက်မှတ်ထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် နယ်တွေမှာလည်း ခြိမ်းခြောက်မှု တွေရှိတယ်။
ဒါတွေကိုသူတို့မကြိုက်ဘူး။ ဒီလက်မှတ်ထိုးတဲ့ campaign မျိုးကို သူတို့က တော်တော်ကို မကြိုက်တာပါ။ နယ်တွေမှာလည်း
အကျပ်အတည်းကြားက လုပ်နေကြပါတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ အာဏာပိုင်တွေဘက်က ဒီလိုဖိနှိပ်မှုတွေကလည်း ရှိနေတယ်ပေါ့လေ။ တဘက်မှာကလည်း ကျနော်တို့
ကြားသိရသလောက်က လူထုစီးပွားကျဆင်းလာနေပါတယ်။ လူထုကြားထဲမှာ အစိုးရအပေါ် မကျေနပ်ချက်တွေကလည်း များနေပါတယ်။
ဒီလိုအချိန်မှာ အန်အယ်လ်ဒီဘက်က လူထုအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ဦးဆောင်မှုတွေ ပေးနိုင်မလဲခင်ဗျ။
ဖြေ။ ။ ဒီလိုရှိတယ်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သာမန်အားဖြင့် ပြောမယ်ဆိုရင် ဒီလိုအချိန်မျိုး လူထုအတွင်းမှာ မကျေနပ်မှုတွေ များနေချိန်မျိုးမှာ
နိုင်ငံရေးအဖွဲ့အစည်းတခုဟာ လှုံ့ဆော်၊ လှုပ်ရှားတဲ့ ပုံစံမျိုးနဲ့ သွားဖို့ ကောင်းတယ် ပေါ့ဗျာ။ သို့သော် ဖြစ်နေတာက အန်အယ်လ်ဒီအနေနဲ့က
အဲလိုလုပ်လို့က ရနိုင်တဲ့ အနေအထားမှာ မရှိဘူးဗျ။ လူထုမှာ ပိုပြီးတော့ ဒုက္ခရောက်မယ်။ အဖွဲ့အနေနဲ့ တော်တော်လှုပ်ရှားရတာခက်ပါတယ်။
အန်အယ်လ်ဒီမှာရှိတဲ့ ခေါင်းဆောင်ပိုင်းကလည်း policy-making approach လို့ ခေါ်တာပေါ့ဗျာ။ ဒီပုံစံနဲ့ ကုလသမဂ္ဂကိုပြောမယ်။
အခါအားလျော်စွာပေါ်ပေါက်လာတဲ့ နေ့တွေမှာ တောင်းဆိုချက်တွေထုတ်တာ။ ဒီလိုဟာတွေပဲများနေတယ်။ တကယ့်ကို activity ဖြစ်တဲ့
လူထုကြားထဲ တိုးဝင်ပြီးတော့ လူထုကို လှုံ့ဆော်လှုပ်ရှားတဲ့ approach မျိုးက တော်တော်ကို အားနည်းတယ်ဗျာ။ ကျနော့်သဘောကတော့
အဲလိုလှုပ်ရှားရတာ ၀ါသနာပါလည်းပါတယ်။ လုပ်လည်းလုပ်ချင်တယ်ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ နောက်ထပ်အချိန်သိပ်မရှိဘူး။
ကျနော်တို့မှာ policy-making ပုံစံနဲ့ ဆက်သွားဖို့ဆိုတာလည်း ကုန်နေပြီဗျ။ လက်ကုန်နှိုက် ပြီးပြီ။ ဘာမှ သိပ်မထူးခြားဘူး။ ဥပမာဆုပ
ိါတော့
အခါအားလျော်စွာပေါ်လာတဲ့ အမေရိကန်ရဲ့ change လိုဟာမျိုး အဲလိုဟာမျိုးလောက်ပဲကြည့်ပြီး တော့ ကျနော်တို့က တိုက်တွန်းဖို့ လှုံ့ဆော်ဖို့

ဒီလောက်ပဲရှိတယ်။ ဒီလို တိုက်တွန်းနေရုံနဲ့ အခါအားလျော်စွာ တောင်းဆိုချက်တွေထုတ်နေရုံနဲ့တော့ သိပ်မထူးဘူးလို့
ကျနော့်သဘောအရတော့ မြင်တယ်ပေါ့ဗျာ။ သို့သော် ခက်တာက အဖွဲ့အစည်းရဲ့ ပုံသဏ္ဌာန်ဆိုတာက အဖွဲ့အစည်းမှာ အများရဲ့ဆန္ဒကို
လွန်ဆန်လို့မရဘူးလေ။ အများနဲ့ ညှိနှိုင်းပြီးလုပ်ကြရတာလေ။ ကျနော်တို့ကတော့ တိုက်တွန်းနေတယ်။ နည်းနည်းတော့ ကျနော်တို့ရဲ့
လုပ်ငန်းတွေ က dynamic ဖြစ်ဖို့ကောင်းတယ်။ dynamic ဖြစ်ဖို့ တိုက်တွန်းနေပေမယ့်လို့ ကျနော်ကိုယ်တိုင်ကလည်း အသက် (၈၀)
ဖြစ်နေတဲ့အခါကျတော့ ကျနော်ကိုယ်တိုင်ကလည်းပဲ သိပ်ထက်ထက်သန်သန်ကြီး ဦးဆောင်နိုင်တဲ့ အနေအ ထားမှာမရှိတာတော့ အမှန်ပဲဗျ။
သို့သော် ကျနော်လူကြီးတွေကိုလည်း တိုက်တွန်းနေတဲ့အခါမှာ သူတို့ကလည်း သူတို့ဘက်ကနေ ကျနော်တို့မသိတဲ့
နှစ်ပေါင်းနှစ်ဆယ်လောက် ကာလ အတွေ့အကြုံတွေ ဘာတွေပြောပြတယ်ပေါ့ ဗျာ။ ဆိုတော့ကာ သူတို့ကလည်း ဒီသူတို့တွေ့ကြုံထားရတဲ့
အတွေ့အကြုံခွင်ထဲက မထွက်ချင်ဘူး။ ကျနော်တို့က လည်း ဘယ်လိုဖြစ်လဲဆိုတော့ တိုက်ပွဲခွင်ထဲ ၀င်ချင်တယ်ပေါ့ဗျာ။ အဲလို
အနေအထားမှာရှိတယ်ဗျ။ အဲဒါကို အစိုးရကနေ အမှန်အတိုင်းပြောရရင် ကျနော်တို့ကို လွှတ်လိုက်တာဟာ ကျနော်ထင်တယ်
အန်အယ်လ်ဒီဘက်မှာ အကွဲအပြဲဖြစ်အောင် လုပ်ချင်တဲ့ သဘောရှိပုံပေါ်တယ်ဗျ။ စေတနာလေးရှိပုံပေါ်တယ်။ ဒါမို့ ကျနော်တို့က
စိတ်ထိန်းရတယ်။ တတ်နိုင်သမျှ စိတ်ထိန်းပြီးတော့ ဒီလူကြီးတွေပေါ့ဗျာ။ သူတို့မှာလည်း အတွေ့အကြုံရှိပါတယ်။
သူတို့အတွေ့အကြုံတွေကလည်း အဖိုးတန်တယ်လို့လည်း ပြောနိုင်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်လောက် အခက်အခဲ တွေကြားက
ရပ်ခဲ့ကြရတာကိုး။ သူတို့တွေ စဉ်းစားနိုင်သလို ကျနော်တို့လည်း စဉ်းစားနိုင်ပါတယ်။ ကျနော်တို့လည်း စစ်ဗိုလ်မှ မဟုတ်ဘဲကိုး။
ကျနော်တို့လည်း သတင်းစာမှာလုပ်လာခဲ့တဲ့အတွက် နိုင်ငံရေးအနုစိတ်ကိစ္စများမှာ စဉ်းစားနိုင်တဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ
ရှိပါတယ်။ သို့သော် တဘက်မှာလည်း တိုင်းပြည်မှာ ဒီလိုငြိမ်ခံနေလို့တော့ မဖြစ်ဘူးဆိုပြီးတော့လည်း ကျနော်တို့က ယူဆတယ်ပေါ့ဗျာ။
အခုလက်ရှိ အန်အယ်လ်ဒီရဲ့ အနေအထားက လုပ်ဖို့ကောင်းတာက အခုခင်များတို့ မေးသလိုပေါ့ဗျာ။ လူထုကို ဦးဆောင်နိုင်ဖို့လိုတယ်။
လှုံ့ဆော်နိုင်ဖို့လိုတယ် ဆိုတာမျိုးတွေ လုပ်ဖို့ကောင်းတယ်။ အန်အယ်လ်ဒီဟာ တစုံတရာဦးဆောင်မှုပေးနိုင်ရမယ်။ ဒါကတပိုင်း။
တပိုင်းကလည်း နိုင်ငံရေးအနုစတ
ိကလေးတွေပေါ့ဗျာ။ အမေရိကန်ရဲ့ ပုံသဏ္ဌာန်။ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အရွေ့အလျား၊ အီးယူရဲ့
အယူအဆ ဒီလိုဟာတွေနဲ့ ဆက်စပ်ပြီး သံခင်းတမန်ခင်း ပုံသဏ္ဌာန်မျိုးနဲ့ ဦးဆောင်ဖို့ ဆိုတဲ့ဟာလည်းရှိတယ်။ အဲဒီနှစ်ခုကြားထဲမှာ ကျနော်တို့
ဘာလုပ်မလဲဆိုတဲ့အနေအထား ဖြစ်နေတာ ပေါ့ဗျာ။ ကောင်းပြီ ကျနော်တို့ ဦးဆောင်ပြီဟေ့ တခုခုလုပ်ကြပြီဟေ့ဆိုလည်း ကျနော်တို့
အောက်ခြေအဖွဲ့အစည်းက အားနည်းနေတယ်ဗျ။ တပြည်လုံးအခြေအနေ ခြုံကြည့်တဲ့အခါကျတော့ ကျနော်တို့က အောက်ခြေတွေမရှိဘူးဗျ။
အခုဟာ ခေါင်းပိုင်းတင် ရှိပြီးတော့ ခေါင်းပိုင်းမှတကယ့်ခေါင်းပိုင်း၊ တနေ့မှ ရုံးထဲမှာ လူငါးဆယ်လောက် ၀င်ထွက်သွားလာနေကြတာပေါ့ဗျာ။
ဆိုတဲ့အခါကျတော့ လူထုကို ဦးဆောင်မှုပေးတယ်ဆိုတာ ရှင်းရှင်းပြောရရင် အောက်ခြေအဖွဲ့တွေရှိမှသာ စည်းရုံးပြီးသားဖြစ်မှသာ လုပ်နိုင်တဲ့
အနေအထားကိုးဗျ။ ရန်ကုန်မြို့ တခုတည်းတင် CEC တချို့လေးတင် ထအော်နေလို့ မရဘူးလေ။ ကျနော်တို့မှာလည်း အဲလိုမျိုး
ချိန်ရတာမျိုးလေးတွေ ရှိတယ်ဗျ။ သို့သော် တခုရှိတာက ကျနော်တို့ကလည်း တိုက်တွန်းထားတာပဲဗျာ။ လူထုကိုယ်တိုင်က အလုပ်လုပ်ကြပါ။
ကျနော်တို့ကလည်း လူထုကို အားကိုးတယ်ဆိုပြီး ထုတ်ပြောတဲ့ဟာတွေ ရှိပါတယ်။ ဆိုတော့ ဒီအခြေအနေဟာ တကယ့်ကို ဆိုးတာလည်း
အမှန်ပဲဗျာ။ စီးပွားရေးဟာ တကယ့်ကို ဆိုးတဲ့ အခြေအနေမှာ ရောက်နေတာလည်း အမှန်ပဲဗျ။ အခုဟာက center point
ကိုရောက်နေတယ်။ အခြားဘက်များကူးလာရင်တော့ အုံကြွဖို့ဆိုတာ ဖြစ်နိုင်တယ်။ သို့သော် အုံကြွဖို့ဆိုတာ ဦးဆောင်မှုကဏ္ဍပါရမယ်ဗျ။
မဇ္ဈိမ သတင်းများ

မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်း မြန်မာပြည် အလယ်ပိုင်းကို ဖြတ်သန်းမည်
မေကျော်
သောကြာနေ့၊ ဧပြီလ 03 2009 18:42 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။

။ ကီလိုမီတာ ၂ဝဝဝ ကျော် ရှည်လျားမည့် မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှ စတင်ကာ

မြန်မာပြည်တွင်းသို့ ဖြတ်သန်းပြီး တရုတန
ိုင်ငံ ယူနန်ပြည်နယ်တွင် အဆုံးသတ်မည်။

ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ စတင်မည့် ပိုက်လိုင်းမှာ အထက်မြန်မာပြည် မြို့တော် မန္တလေး၊ ရှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့်
မူဆယ်မှတဆင့် တရုတ်နယ်စပ်မြို့ ရွှေလီကို ဖြတ်ကာ နိုင်ငံ့အရှေ့တောင်ဘက် ယူနန်ပြည်နယ် ကူမင်းတွင် အဆုံးသတ်မည်ဟု ယနေ့ထုတ်
Asia Times အွန်လိုင်းသတင်းစာတွင် ဖော်ပြပါရှိခြင်း ဖြစ်သည်။
ဤသည်မှာ တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ လောင်စာဆီ အကြမ်းထည်ကို မလက္ကာ ရေလက်ကြားမှ သယ်ယူနေရာက၊
ယခုအခါ ဘင်္ဂလားပင်လယ်အော်မှ ဖြတ်သန်းကာ သယ်ယူရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ လောင်စာဆီ အကြမ်းထည်ကို ကျောက်ဖြူအနီး ကျွန်းတခုရှိ ဆီသိုလှောင်ကန်တွင် ထားရှိပြီးနောက် မြန်မာပြည်တွင်းသို့
သွယ်တန်းဖောက်လုပ်မည့် ပိုက်လိုင်းမှ အဆင့်ဆင့် သယ်ယူသွားမည်။
လုပ်ငန်း အကောင်အထည် ပေါ်လာပါက တရုတ်၏ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသမှ လောင်စာဆီကြမ်းကို မလက္ကာရေလက်ကြားမှ
ရေလမ်းဖြင့် သယ်ယူရခြင်းထက် လမ်းခရီးတွင် ကြန့်ကြာချိန် တပတ်ခန့် လျှော့ချနိုင်မည်။
ပိုက်လိုင်းစီမံကိန်းကို တရုတ်စွမ်းအင်ကုမ္ပဏီ CNPC (China National Petroleum Corporation) က ၅ဝ ဒဿမ ၉ ရာခိုင်နှုန်းနှင့်
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ၄၉ ဒဿမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်မည်။
ပိုက်လိုင်း တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်အတွင်း အပြီးသတ်ရန်
လျာထားသည်။
တရုတ်သည် အာဖရိက နိုင်ငံအားလုံး၏ ရေနံထုတ်လုပ်မှု ၈၅ ရာခိုင်နန
ှုးကို တင်သွင်းနေရပြီး အင်ဂိုလာ တနိုင်ငံတည်း ကပင် တရက်
ရေနံစည် ၄၆၅,ဝဝဝ တင်ပို့နေသည်။
အရှေ့အလယ်ပိုင်း ရေနံနိုင်ငံများဖြစ်သော ဆော်ဒီအာရေးဗျ၊ အာရပ်ဆော်ဘွားများ ပြည်ထောင်စု၊ အိုမန်၊ ဘာရိန်း၊ ကာတာနှင့်
ကူဝိတ်နိုင်ငံက တင်သွင်းနေပြီး၊ ဆော်ဒီအာရေးဗျ ရေနံထုတ်လုပ်မှု၏ ၄၅ ရာခိုင်နှုန်းခန့်ပင် ယူနေသည်။
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံသည် ၂ဝ၁၅ ခုနှစ်တွင် ရေနံစည် သန်းပေါင်း ၇ ဒဿမ ၁ သန်း လိုအပ်မည်ဟု
ခန့်မှန်းထားသည်။
ယင်းကြောင့် ယခုပိုက်လိုင်းမှာ တရက်လျှင် ရေနံစည် သိန်း ဆယ်ဂဏန်းအထိ ဖြတ်သန်းသယ်ဆောင်ဖွယ် ရှိနေသည်။

သင်္ကြန်တွင် အဆိုတော်များ ဝတ်စားဆင်ယင်မှု ကန့်သတ်ခံရ
နန်းဒေဝီ
သောကြာနေ့၊ ဧပြီလ 03 2009 18:22 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္စျိမ)။

။ ရိုးရာသင်္ကြန်ပွဲအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင်မှု အပါအဝင် တားမြစ်ချက်အချို့ကို

ဂီတအစည်းအရုံးက အဆိုတော်များအတွက် စည်းကမ်းသတ်မှတ်လိုက်သည်။
သင်္ကြန်မဏ္ဍပ် စင်မြင့်ပေါ်တွင် သရုပ်ပျက်နှင့် နိုင်ငံရေးသင်္ကေတပါ ဝတ်စားဆင်ယဉ်မှုများ ဝတ်ဆင်ခြင်း၊ တဦးနှင့်တဦး မခံချိမခံသာ
ဆဲဆိုစောင်းမြောင်းသည့် တေးသီချင်း သီဆိုခြင်းအပြင် နိုငင
်ံတကာအလံများ ဝတ်ဆင်ခြင်းကို ဂီတအစည်းအရုံးက ခွင့်မပြုခြင်းဖြစ်သည်။

“အဝတ်အစားကို သိပ်ပြီး သရုပ်ပျက်တဲ့ ဝတ်ဆင်တာတွေ၊ အရမ်းကို မြင်လို့ရှုလို့ မကောင်းအောင် ဝတ်ဆင်တာတွေ မလုပ်ဖို့ပေါ့ဗျာ။
ဆိုတဲ့သီချင်းတွေမှာ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ တယောက်ကို တယောက် မခံချိမခံသာအောင် ဆဲဆိုစောင်းမြောင်း ပြောဆိုတဲ့ သီချင်းမျိုးတွေ
မဆိုဖို့ပါ” ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး (၂) တေးရေးဆရာ မောင်သစ်မင်းက မဇ္စျိမကို ပြောသည်။
သင်္ကြန်မဏ္ဍပ် တည်ဆောက်ခွင့် ခွင့်ပြုချက် တောင်းခံစဉ်ကတည်းက ယခုစည်းကမ်းများ လိုက်နာမည့်အကြောင်း သက်ဆိုင်ရာ
အာဏာပိုင်များထံ မဏ္ဍပ်တာဝန်ခံများက သဘောတူ လက်မှတ် ရေးထိုးပေးရသည်။
စည်းကမ်းချက်များကို မဏ္ဍပ်တွင် သီဆိုမည့် အဆိုတော်များကို ပြောပြရန်လည်း ညွှန်ကြားထားသည်။
နိုင်ငံရေးသင်္ကေတ အမှတ်အသားပါ အဝတ်အစားဆိုရာတွင် တိကျသည့် အဓိပ္ပာယ်ဖွငဆ
့ိုချက် မရှိကြောင်း ဆရာ မောင်သစ်မင်းက ယခုလို
ပြောဆိုသည်။
“နိုင်ငံရေးသင်္ကေတ အဝတ်အစားဆိုတာက အတိအကျတော့ မရှိဘူးပေါ့ဗျာ။ ဥပမာ - နိုင်ငံတကာက သူများအလံတွေ ဘာတွေကို
အင်္ကျီမှာ ဝတ်စားတာတို့။ အဲဒါတို့က မတင့်တယ်ဘူးဆိုပြီးတော့ တားမြစ်တာတို့တော့ ရှိတယ်” ဟု သူက ပြောသည်။
ပြီးခဲ့သည့်နှစ် သင်္ကြန်တွင် စင်မြင့်သီဆိုသည့် အဆိုတော်များက နိုင်ငံရေးသင်္ကေတ အမှတ်အသားပါ အဝတ်အစားများ ဝတ်ဆင်ခြင်း
မတွေ့ခဲ့ရသော်လည်း ရေပက်ကစားသည့် လူငယ်တချို့က NO တံဆိပ် ရှပ်အင်္ကျီများ၊ ကြက်ခြေခတ်ပါ စက်ဝိုင်းသဏ္ဍာန် ရှပ်အင်္ကျများ
ဝတ်ဆင်ခဲ့သည်များကို တွေခ
ဲ့ရကြောင်း မြန်မာ စာနယ်ဇင်းသမားများက ဆိုသည်။
ထိုအမှတ်သင်္ကေတများသည် စစ်အစိုးရ ပြုလုပ်ခဲ့သည့် ၂ဝဝ၈ ခုနှစ် မေလ ဆန္ဒခံယူပွဲကို ဆန့်ကျင်သည့် အမှတ်လက္ခဏာများအဖြစ်
လူငယ်အများစုက မှတ်ယူဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။
ဂီတအစည်းအရုံး၏ စည်းကမ်းများကို မလိုက်နာသည့် အဆိုတော်များကို ကျူးလွန်သည့် အပြစ်ပေါ်မူတည်၍ တေးသီချင်း သီဆိုခွင့်၊
ထုတ်ဝေခွင့် ကိစ္စရပ်များတွင် အပြစ်ပေးသွားမည်ဟု သိရသည်။
ဆရာ မောင်သစ်မင်းက “ထူးခြားအပြစ်တော့ မရှိပေမဲ့၊ ကျူးလွန်တဲ့အပြစ်ရဲ့ အလေး၊ အပေါ့ပေါ် ကြည့်ပြီးတော့ ဘယ်နှလ သီချင်း မဆိုရဘူး၊
ဆိုခွင့် ပိတ်ပင်တာတို့၊ စတိတ်ရှိုးမှာ သူ ပါရင် သူ့ကို ဆိုခွင့်မပေးတာမျိုးတို့ကို သက်ဆိုင်ရာ တိုင်းကောင်စီတွေကနေ ပိတ်ပါတယ်” ဟု
ပြောသည်။
ယခုလို အဆိုတော်များကို လိုက်နာရန် စည်းကမ်းများ ကန့်သတ် သတိပေး တားမြစ်မှုများ ပြုလုပ်သည့်အပေါ် ထိုင်းနိုင်ငံ
ဘန်ကောက်နေထိုင်သူ ကိုနဒီလင်းက ယခုလို ဝေဖန်ပြောဆိုသည်။
''ဒါက သိမ်းကျုံးပြီး ပြောထားတာ။ မြန်မာ့ရိုးရာ အဝတ်အစားနဲ့သာ သင်္ကြန်ကဲရရင် ပင်နီတိုက်ပုံနဲ့ တောင်ရှည်ပုဆိုးနဲ့မှ ရမယ်။ ဒါတောင်
ရိုးရာအစစ် မဟုတ်ဘူး။ တိုက်ပုံက တရုတ်က လာတာ။ အခုဆို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ဆိုင်တဲ့ သင်္ကေတ ပါတာတွေ
ဝတ်မှာစိုးလို့ ထင်တယ်'' ဟု ကိုနဒီလင်းက ပြောသည်။
ရန်ကုန် လူငယ်တဦးကလည်း “ကျနော်တော့ မကြိုက်ဘူး။ အဲဒါ သင်္ကြန်ပွဲကို ကန့်သတ်တာပဲ။ ဒါမဝတ်နဲ့၊ ဟိုဟာ မဝတ်နဲ့ ဆိုတာမျိုး
လုပ်တာ။ သင်္ကြန်ဆိုတာ ကျနော်တို့အတွက် နှစ်သစ်ကူး အထိမ်းအမှတ်ဗျ။ လူတိုင်း လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်တယ်” ဟု ပြောသည်။

နေရပ်ပြန်ခွင့်ရရေး မလေးရှားရောက် မြန်မာများ ဆန္ဒပြ
မြင့်မောင်
သောကြာနေ့၊ ဧပြီလ 03 2009 17:22 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။

။ မလေးရှား လူဝင်မှုကြီးကြပ်ရေးက စမှုံညင်း ထိန်းသိမ်းရေးစခန်း၌ ဖမ်းထားသည့် မြန်မာလုပ်သား ၁၈ဝ ကျော်သည်

နေရပ်နိုင်ငံ ပြန်ပို့ရေးအတွက် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ ဆန္ဒပြနေသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအထိ အဖမ်းခံထားရသူများကို ထိုင်းနယ်စပ်မှတဆင့် ပြန်လည်လွှတ်ပေးခြင်းမပြုဘဲ လဝက စခန်းတွင်
ဖမ်းထားသည်ကို မကျေနပ်သဖြင့် ဆန္ဒပြခြင်းဖြစ်သည်။
''ထိုင်းနယ်စပ်ကို စွန့်ပစ်ပေးဖို့ ပြောတယ်။ ထွက်ရဖို့ ဘာမှ မျှော်လင့်လို့ မရဘူးလေ။ အဲဒါကြောင့်မို့ ဆန္ဒပြတာပါ'' ဟု စခန်းတွင်းရှိ
မြန်မာလုပ်သား ကိုညီညီက မဇ္ဈိမကို ပြောသည်။
စခန်းထဲတွင် ဘားတိုက် အဆောက်အဦ ၅ ခု ရှိရာ ယခုအခါ အဆောင်နှစ်ခုရှိ မြန်မာများ ဆန္ဒပြနေခြင်းဖြစ်သည်။
အဆိုပါ စခန်းအတွင်း ထိန်းသိမ်းခံခဲ့ရဖူးသူ မြန်မာလုပ်သားတဦးက “Camp (စခန်း) ထဲမှာ နေရတဲ့ ဘဝကလည်း မစားသာဘူး။ နေ့လယ်ဆို
အရမ်းပူတယ်။ ညဆိုလည်း အရမ်း အေးတယ်။ အဆောင်တွေက သံဇကာတွေနဲ့ အဆောင်ဆိုတော့ သိတဲ့အတိုင်းပဲ။
အစားအသောက်ဆိုလည်း ငါးခြောက်နဲ့ပဲ စားရတယ်။ UNHCR ရဲ့ အကူအညီ မရဘူး။ ခေါင်းချစရာ နေရာတောင် ကောင်းကောင်းမရှိဘူး။
ကျပ်သိပ်နေတာ” ဟု မဇ္ဈိမကို ပြောသည်။
တဆောင်လျှင် အလျား ပေ ၈ဝ ၊ အနံ ပေ ၂ဝဝ နီးပါး အကျယ်အဝန်းရှိပြီး၊ တဆောင်စီတွင် လူဦးရေ ၃ဝဝ မှ ၅ဝဝ အကြား ထားရှိသည်။
အမျိုးသားများအတွက် အဆောင် ၄ ဆောင်နှင့် အမျိုးသမီးများအတွက် တဆောင် သတ်မှတ်ထားသည်။
အဖမ်းခံရသူများမှာ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့် မြန်မာများ ဖြစ်ပြီး၊ အများစုမှာ အင်ဒိုနီးရှား နိုင်ငံသားများဖြစ်သည်။
အားလုံးကို ရောထားကာ၊ စခန်းတခုလုံး၌ မြန်မာလုပ်သားက ၄ဝဝ ကျော် ရှိနေသည်။ အဖမ်းခံရသူများထဲတွင် ယူအန် ဒုက္ခကဒ်ရှိသူများ၊
အလုပ်သမားကဒ် ကိုင်ဆောင်ထားသူများ၊ တရားမဝင် အလုပ်လုပ်ကိုင်နေသူများ ရောနှောပါဝင်နေသည်။
အခြားနိုင်ငံသားအချို့ကို သံရုံးများက လာခေါ်ထုတ်သလို၊ နိုင်ငံချင်း ထိစပ်သော အင်ဒိုနီးရှား နယ်စပ်သို့ သူ့နိုင်ငံသားများ ပို့ရာတွင်လည်း
သက်ဆိုင်ရာ အာဏာပိုင်များက အသာတကြည် လက်ခံလေ့ရှိသည်။
မြန်မာများအဖို့မူ ပတ်စ်ပို့ မရှိသလို၊ လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်ဖြစ်နေကာ၊ ကွာလာလန်ပူရှိ မြန်မာသံရုံးကလည်း
လက်ခံဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။
မြန်မာလုပ်သားက ''မြန်မာတွေက ဒုက္ခရောက်ရောက်၊ သေတာပဲဖြစ်ဖြစ်၊ ရိုက်လို့ကျိုးလို့ဖြစ်ဖြစ် သံရုံးက တာဝန်မယူဘူး။ အဲဒီတော့
ထိုင်းနယ်စပ်ကတဆင့် လွှတ်ရတာ။ ဒါပေမဲ့ ဒီအတိုင်း လွှတ်လိုက်လို့ရှိရင် ထိုင်းနယ်စပ်မြို့တွေမှာ ဗရုသုက္ခတွေ ဖြစ်တယ်။ ဆိုတော့
ပွဲစားလက်ထဲ လက်သိပ်ထိုး အပ်လိုက်တော့ ဒီလူတွေက ပြန့်မသွားဘူး။ မသိသာဘူး။ ဒီနိုင်ငံအစိုးရကိုလည်း သွားပြီး၊ အပြစ်တင်လို့ မရဘူး။
တကယ်က ကျနော်တို့အစိုးရရဲ့ တာဝန်ပျက်ကွက် လစ်ဟာမှုတွေ၊ လူမဆန်တဲ့ စိတ်ဓာတ်တွေကြောင့် အဲလိုဖြစ်နေတာ'' ဟု ဆိုသည်။
ကိုညီညီက ''ဒီကနေ့ လဝက ပြောတာက ထိုင်းကိုလည်း ပို့မပေးနိုင်ဘူးတဲ့။ မင်းတို့ သံရုံးကိုလည်း အကြောင်းကြားတယ်တဲ့။ မင်းတို့ သံရုံးက
လုံးဝကို လှည့်မကြည့်ဘူး၊ တခေါက်မှ မလာဘူးလို့ ပြောတယ်။ အဓိက အားကိုးစရာ ယူအန် (UNHCR) ပဲ ရှိတယ်။ ဘယ်လို
အတိုင်းအတာအထိ ကူညီမလဲတော့ မသိဘူးပေါ့ကွာ။ ထုတ်ချင်သူရှိရင်တော့ သူတို့က အမြန်ထုတ်ပေးတာပဲလေ။ တချို့ကျတော့လည်း
နှစ်ချီပြီး ကြာတဲ့သူလည်း ရှိတယ်'' ဟု ဆိုသည်။
ယမန်နေ့က ဆန္ဒပြနေစဉ် UNHCR က အထိန်းသိမ်းခံများနှင့် တွေ့ဆုံခွင့် ရရှိရေး တောင်းဆိုသော်လည်း စခန်းအာဏာပိုင်များက ခွင့်မပြုခဲ့ပါ။

ထိုင်းနယ်စပ်သို့ အမြန်ဆုံး စွန့်ပစ်ပေးခြင်း မရှိပါက ဆက်လက်၍ ဆန္ဒပြသွားမည်ဖြစ်ကာ၊ လာမည့် တနင်္လာနေ့တွင် အဆောင် B နှင့် D ရှိ
မြန်မာများလည်း ဝင်ရောက်ဆန္ဒပြသွားမည်ဟု သိရသည်။
လွန်ခဲ့သည့် ကာလများတလျှောက် မလေးရှားရောက် နိုင်ငံခြားသား လုပ်သားများကို အစိုးရက လုပ်ပိုင်ခွင့် ပေးထားသည့် အဖွဲ့သားများက
နေအိမ်များအထိပါ အဖမ်းအဆီးများ ရှိခဲ့ရာ စမှုံညင်းနှင့် အခြား လဝက ထိန်းသိမ်းရေး စခန်းများတွင် အများအပြား အဖမ်းခံထားရသည်။
၂ဝဝ၇ ခုနှစ်တွင် တရားဝင် ထုတ်ပြန်သည့် မလေးရှား လဝက သန်းခေါင်စာရင်းအရ မလေးနိုင်ငံတွင် တရားဝင်နှင့် တရားမဝင်
မြန်မာလုပ်သားပေါင်း ၅ သိန်းခန့်ရှိကြောင်း သိရသည်။

Sign up to vote on this title
UsefulNot useful