TNLA Bt 478 and 367 Clash With Burmese Army Troops in Narawrgyi Manton (May 2013)

မန်တုံနှင့်နမ့်ခမ်းမြို့နယ်အစပ်တွင် T.N.L.

A တအာင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေ
၃၀ ရက်၊ မေလ၊ ၂၀၁၃။

နမ့်ခမ်းမြို့နယ် အခြေစိုက် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) တပ်ရင်း ၄၇၈ နှင့်
မန်တုံမြို့နယ် အခြေစိုက် တပ်ရင်း ၃၆၇ အဖွဲ့တို့နှင့် မြန်မာတပ်ဖွဲ့တို့ ယနေ့ ၃၀ ရက်မေလ ညနေ ၁၈း၄၅ မှ ယခု
သတင်းရေးနေသည့်အချိန်ထိ နမ့်ခမ်း-မန်တုံ မြို့နယ်အစပ် နားအော်ကြီးနှင့် ထာတ်ကျဲတ် ဘုရားတောင် အကြား
တောင်တန်းစခန်းများတွင် တိုက်ပွဲပြင်းထန်နေလျှက်ရှိသည်။
T.N.L.A တပ်ရင်း ၃၆၇ နှင့် တပ်ရင်း ၄၇၈ တို့၏ ပြောက်ကျားတပ်စခန်းငယ်များရှိရာ တောင်တန်းများဆီသို့ မြန်မာတပ်ဖွဲ့ ၃၀၀
ခန့် တက်လာသဖြင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
ယမန်နေ့က နမ့်ခမ်းမြို့နယ်မှ ထွက်လာသော ရှမ်းတောင်တပ်ဖွဲ့ယူနီဖောင်းဝတ် မြန်မာတပ် အင်အား ၂၀၀ ကျော်သည်
နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာထိ ကားစီးလာပြီး ထိုရွာမှ ချေလျှင်တောလမ်းဖြင့် ၂၉ ရက်နေ့ညတွင် တအာင်းတပ်ဖွဲ့ရှိရာ
တောင်တန်းသို့ တက်လာခြင်းဖြစ်သည်။
နားအော်ကြီးဘက်မှဝင်လာသော တပ်ဖွဲ့မှာ ခိုမုန်းတွင် တိုးချဲ့နေရာယူထားသော မြန်မာတပ် ခလရ ၁၃၀နှင့် ၅၀၃ တပ်ဖွဲ့ဝင်များ
ဖြစ်ပြီး၊ အရှေ့ဘက် ဂစ်ပိုက်လိုင်းလုံခြုံရေးယူထားသည့် အွယ်လောရွာတွင်လည်း မြန်မာတပ်ဖွဲ့အင်အား ၁၀၀ ကျော်ရှိကာ
တအာင်းတပ်ရင်းတပ်ဖွဲ့ကို ညှပ်ပိတ်တိုက်စစ်ဆင်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်သည်ဟု တအာင်းတပ်မှူးတဦးက ဆိုပါသည်။
ယခု သတင်းရေးနေသည့်အချိန်တွင် ထိုဒေသတွင် လက်နက်ကြီးသံ လက်နက်ငယ်သံများ ဆူညံနေပြီး
တိုက်ပွဲဆက်လက်ဖြစ်ပွားလျှက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

Sign up to vote on this title
UsefulNot useful