You are on page 1of 1

ကံနယ်က ထွက်နိုင်မှ ကံအကျိုးပေးတွေက လွတ်မြောက်ပါလိမ့်မယ်။ တရားအားထုတ်တယ်ဆိုတာက ကံနယ်က ထွက်ခွာတာပဲ။ ကံနယ်ဆိုတာက ပြုလုပ်ထားတာတွေ။ ကံနယ်ပါပဲ။ လမ်းလေးတစ်လမ်းဖေါက်ပြီး တည်ပြီး တော့မှ နာမည်တစ်ခုသတ်မှတ်ပေးထားတာ ရပ်ကွက်လေးတစ်ခု

နာမည်လေးတစ်ခုပေးထားတာ ကံနယ်ပါပဲ။ ကံနယ်ထဲမှာတော့ ဘယ်သူမှမအားဘူး.. လူ့လောကထဲမှာတော့ ဘယ်လူသားမှ အားလပ်တယ်ဆိုတာ မရှိပါဘူး။ ဗုဒ္ဓဂါယာဆိုတာ ကံနယ်ပါပဲ.. ဗုဒ္ဓဘာသာဝင်တွေရဲ့ ကာယကံ၊ မနောကံ၊ ဝစီကံတွေနဲ့ ဝိုင်းဝန်းပြီးတော့မှ တည်ထောင်ထားတာပါ။ ကံနယ်မှာနေရင်တော့.. အိမ်မှာနေရင် အိမ်စောင့်.. ရုံးမှာနေရင် ရုံးစောင့် ဖြစ်မယ်။ လမ်းပေါ်မှာနေရင် လမ်းစောင့် ရပ်ကွက်ထဲမှာနေရင် ရပ်ကွက်စောင့် နိုင်ငံထဲမှာနေရင် နိုင်ငံစောင့်။ ဘာဖြစ်လို့လဲဆိုတော့ ကံဆိုတာကို ပြုလုပ်ရပါတယ်။ ကံနယ်မှာ နေပြီးတော့မှ မပြုလုပ်ချင်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထုံးတမ်းစဉ်လာကိုက ပြုလုပ်ရမယ်ဆိုပြီးတော့ အစဉ်လာရှိလို့။ ဘေးပေါင်းစုံက ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်။ စောင့်ရှောက်နိုင်မှ ပြုပြင်နိုင်မှ အစားထိုးနိုင်မှ။ ကံဆိုတာကိုက အလယ်လဲမှား အစကတည်းက အဆုံးလဲ မှားယုံပဲရှိပါမယ်။ ပြုလုပ်ခြင်းနဲ့ ဒီ တည်ထောင်ထားတော့ အမှားထုံးတမ်းစဉ်လာကြီး အစကတည်းက ဘယ်လိုမှပြင်လို့မရတဲ့ မှားနေတော့ အိမ်လေးတစ်လုံး ရှိတယ်ဆိုရင် ဒီအိမ်လေးကို တံမြက်စည်း လှဲရမယ်၊ မီးဘေး၊ လေဘေး၊ ရေဘေး၊ ခြဘေးတွေ

ထုံးတမ်းစဉ်လာပါ။ ကိုယ် ငါ ငါ့ဥစ္စာလုပ်ထားတဲ့ဟာတွေကို စောင့်ရှောက်ရမယ့်တာဝန် ကံနယ်က သတ္တဝါတိုင်းမှာ ဒီတာဝန်ဝတ္တရားတွေ ရှိပါတယ်။ ကြက်ဖြစ်တော့လဲ ယက်ပြီးတော့မှ စားရမယ်.. ခွေးဖြစ်တော့လဲ ဟောင်ရမယ်.. ဘိုးစဉ်ဘောင်ဆက်ဟောင်လာတော့ ဘယ်ခွေးမှ ဟောင်ရမယ်ဆိုတဲ့ တာဝန်ကိုမဖီဆန်ရဲပါဘူး။ ခွေးဖြစ်မှတော့ ဟောင်လိုက်ရုံပေါ့.. လူဖြစ်မှတော့လဲ ကျောင်းတက်လိုက်ရုံပေါ့။ ဘယ်သူမှ ဒီထုံးတမ်းစဉ်လာကို မဖီဆန်ရဲပါဘူး။ ကံနယ်မှာ ကိုယ့်ဟာကိုဖန်ဆင်းထားတဲ့ လူ့လောကကြီးကို မျိုးပြုတ်မသွားဖို့အတွက် လူတွေမှာပဲ

တာဝန်ယူပြီးတော့မှ အစဉ်အဆက်လူ့ဒုက္ခတွေကိုခံလာခဲ့ရပါတယ်။အဲဒါ ကံနယ်ကထွက်ပြီးတော့မှ ဗလာနယ်ကို မသွားတတ်လို့။ စိတ်၊ စေတသိတ်၊ ရုပ် ဆိုတာကျတော့ ဗလာနယ်ပါပဲ။ ဘာတာဝန်မှ မရှိဘူး၊ ဘာလူမျိုးရေး ပြဿနာမှ မရှိဘူး။ ပညာတတ်တာတွေ မတတ်တာတွေမရှိဘူး။ သူ့ပင်ကိုယ်သဘာဝအတိုင်းရှိနေတဲ့ ဗလာနယ်ဆိုတော့ ဘယ်သူမှ တာဝန်ထမ်းစရာ မလိုဘူး။ ဗလာနယ်မှာရှိတဲ့ စိတ်၊ စေတသိတ်၊ ရုပ် တွေကတော့ လူတွေလိုမျိုး စီးပွားရှာရတဲ့ ဒုက၊္ခ အိမ်ထောင်ပြုရတဲ့ ဒုက္ခ၊ တစ်အိမ်လုံးကို လုပ်ကျွေးရတဲ့ဒုက္ခတွေ မရှိဘူး။ ဒီဗလာနယ်ကို ဘုရားက

အောင်အောင်မြင်မြင် ရှာဖွေတွေ့ရှိသွားတာပါ။ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်ဆိုတာ ဘုရားရဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဝီရိယအစွမ်းနဲ့ ရှာဖွေတွေ့ရှိချက်ပါပဲ။ ကံနယ်ကတော့ ပြုလုပ်တာမှန်သမျှပျက်စီးရမှာပဲဆိုတဲ့ သေပွဲဝင်ရတယ်။ နိယာမသဘောကို မကျော်လွန်နိုင်တဲ့အတွက်

လေယာဉ်ထွင်တဲ့အခါကျတော့ လေယာဉ်ပျံ သင်္ချိုင်းဆိုတာ ပေါ်လာတယ်။ ဒီလေယာဉ်နဲ့ပဲ လေယာဉ်စီးတဲ့သူတွေ လေယာဉ်သင်္ချိုင်းထဲမှာ ထွင်တာနဲ့အတူ သင်္ချိုင်းဆိုတာ တစ်ခါထဲပါလာတယ်။ သင်္ဘောထွင်လိုက်တော့ ကားထွင်တော့ သင်္ဘောသင်္ချိုင်းဆိုတာပါလာတယ်။ ဒီကားပေါ်မှာပဲသေပွဲဝင်ရတယ်။

ရထားပေါ်လာတော့ ရထားသင်္ချိုင်း။ လူတွေကတော့ သင်္ချိုင်းပဲထွင်တတ်ပါတယ်။ သင်္ချိုင်းမပါတဲ့ ဗလာနယ်ကို ဘယ်လိုမှ နားမလည်ပါဘူး။ မြို့သစ်တည်မယ်ဆို သင်္ချိုင်းကပါပြီးသား။ ဆေးရုံဆိုတာပါပြီးသား။ နာရမယ်ဆိုတဲ့ နိယာမ၊ သေရမယ်ဆိုတဲ့နိယာမ။ ဒီကံနယ်ကို ကံသမားတွေ ဘိုးစဉ်ဘောင်ဆက် လိုက်နာရမယ်ဆိုတဲ့ အစဉ်အလာကို ဆက်ခံလာခဲ့တာဖြစ်လို့ ၊ သေခြင်းတရားဆိုတဲ့ အမွေကိုဆက်ခံလာခဲ့တာဖြစ်လို့ ဘယ်လိုမှ ဒီ ထုံးတမ်းစဉ်လာကြီးကို မချိုးတတ်ပါဘူး။ ဘုရားကတော့ ဒီထုံးတမ်းစဉ်လာကြီးကို ချိုးပြီးတော့မှ ဗလာနယ်ကို ရှာဖွေတွေ့ရှိသွားပါတယ်။

You might also like