Polaris Burmese Library Collections

The Fight For Freedom in Burma

ppftmPm&Sifpepfwdkufzsufa&;
jidrf;csrf;a&;'dDrdkua&pDa&;vlYtcGifhta&;

“၇ ဇူလိုင် (သို့) အာဏာရှင်ရဲ့
သတ်ဖြတ်မှု နိဒါန်း”
Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

1

Polaris Burmese Library Collections
The Fight For Freedom in Burma

Friday, July 12, 2013

အာဏာရှင်တွေ ဒေါသူပုန်ထလို့

ဇူလိုင်ရက်လ ရောက်ခဲ့ရတိုင်း
စိတ်ကျရောဂါဝင်လာတယ်..

ဇူလိုင်မိုးဖွဲ သည်းချေပျက်အောင်
ရက်စက်မှုများကြုံခဲ့တယ်…

ဇူလိုင်မှာ ဖွားရက်များစွာဟာ
အင်အားချိနဲ့သွားခဲ့တယ်…

ဇူလိုင်မှာမွေးရက်လေးတွေလည်း
သွေးနံ့ညှီတုန်းရှိသေးတယ်။
(ဇူလိုင်ဝေဒနာကဗျာမှ)

လွန်ခဲ့တဲ့ ၂၂ နှစ်လောက်က အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာကျောင်းသားတွေထုတ်ခဲ့တဲ့
ဇူလိုင်လက်ကမ်းစာ ဆောင်လေး တခုမှာ ရေးခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးတခုကို ကောက်နှုတ်
ဖော်ပြလိုက်တာပါ။ အဲဒီတုန်းက ဇူလိုင်ဟာ မြန်မာပြည်အတွက် အိပ်မက်ဆိုး တွေရှိခဲ့ဖူးတဲ့

ခံစားချက်နဲ့ တွေးခဲ့ရေးခဲ့ဖူးတယ်။ တိုင်းပြည်ရဲ့ အတိတ်ဖြစ်ရပ် အကျိုး ဆက်တွေ ပြန်ကြည့်တော့

ဇူလိုင်မှာ လွတ်လပ်ရေးရပြီးခေတ် မြန်မာ့အနာဂတ်အတွက် ဧရာမဆုံးရှုံးမှု ၂ ခု ပေါ်ထွက်ခဲ့
ဖူးတယ်။ ပထမဆုံး ဆုံးရှုံးမှုက ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇) နဲ့ တိုင်းရင်းသားခေါင်းဆောင်၊
နိုင်ငံတော်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ ၁၉၄၇ ဇူလိုင် ၁၉ (အာဇာနည်နေ့) ဖြစ်တယ်။
ဗိုလ်ချုပ်တို့

ကျဆုံးခဲ့တဲ့အကျိုးဆက်က

သွေးစည်းညီညွတ်ရေးနဲ့

အမျိုးသား

ပြည်ထောင်စုစိတ်ဓာတ်ပါ

ညီညွတ်ရေး၊

လုံးပါးပါးခဲ့ရတဲ့အထိ

တိုင်းရင်းသား

နောက်ပိုင်းမှာ

ဖြစ်ခဲ့တယ်။ ဒုတိယဆုံးရှုံးမှုက ၁၉၆၂ မတ်လ ၂ ရက် စစ်အာဏာသိမ်းပြီးနောက် ဇူလိုင် ၇ ရက်
ရန်ကုန်တက္ကသိုလ် သွေးချောင်းစီး မှုရယ် ကျောင်းသားသမဂအဖွဲ့အစည်းနဲ့ အဆောက်အအုံကိုပါ
ဖြိုခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်။ အဲဒီအကျိုးဆက်က တက္ကသိုလ်ရဲ့အစဉ်အလာအရ မွေးထုတ်ပေးတဲ့
ပညာတတ်နိုင်ငံရေးမျိုးဆက်

ပြတ်တောက်မှုနဲ့

တရားဝင်ကျောင်းသား

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

နိုင်ငံရေးယဉ်ကျေးမှု
2

Polaris Burmese Library Collections
The Fight For Freedom in Burma

ချိနဲ့သွားသလို၊

ပညာရေးမဏ္ဍိုင်တခုလုံး

လဲပြိုသွားခဲ့တယ်။အဲဒီဇူလိုင်လ

သွေးစွန်းမှုတွေဟာ

ခေတ်သစ်မြန်မာ့သမိုင်းရဲ့ အကြီးကျယ်ဆုံး၊ အရက်စက်ဆုံး၊ ဆုံးရှုံးမှုအကြီးမားဆုံး၊ အနာဂတ်
အကျိုးဆက် အဆိုးရွား ဆုံးတွေ ဖြစ်ခဲ့တယ်။ ဖြစ်ရပ်နှစ်ခုစလုံးဟာ လူပုဂ္ဂိုလ်တဦး ဒါမှမဟုတ်
အဖွဲ့အစည်းတခုရဲ့ နိုင်ငံရေးအာဏာရလိုမှုနဲ့ အာဏာခိုင်မြဲလိုမှုတို့ တဆက်တစပ်တည်း ရှိခဲ့တယ်။

အဲလို အာဏာရယူလိုမှု အာဏာမြဲမြံလိုမှုဆိုတဲ့ မဆင်မခြင်လုပ် ဆောင်မှုကွက်ကွက်လေးကြောင့်
နောင်လာမယ့်

မြန်မာပြည်သူ

ရေးပျက်ပြားခဲ့မှုနဲ့

တိုင်းရင်းသားမျိုးဆက်တွေကြားမှာ

ပညာတတ်တွေ၊

အမျိုးသားညီညွတ်

နိုင်ငံရေးအသိပညာရှင်တွေ

မျိုးကန်းသွားခဲ့တဲ့

အနေအထားတွေကိုကျနော်တွေးမြင်မိသလိုဖော်ပြချင်ပါတယ်။
အကြောင်းမသိတော့..
လွတ်လပ်ရေးတိုက်ပွဲကာလကနေ

၁၉၄၇

ဇူလိုင်

၁၉

လုပ်ကြံမခံရခင်အထိ

ဗိုလ်ချုပ်အောင်ဆန်း(ဖဆပလ ခေါင်းဆောင် ဦးအောင်ဆန်း) ဟာ မြန်မာ့နိုင်ငံရေးလောကမှာ
ဘုန်းမီးနေလတောက်နေသူ

ဖြစ်တယ်။

သူ့ရဲ့

ရိုးသားမှုနဲ့

ကိုယ်ကျင့်

တရား၊

တိုင်းပြည်

အပေါ်စေတနာမှန်မှု၊ ဉာဏ်အမြော်အမြင်ကြီးမားမှုကို ပြည်သူတွေက လေးစားမြတ်နိုးခဲ့တယ်။
ဒီအ

တွက်လည်း

လုပ်ကြံသူခေါင်းဆောင်

အာဏာကို

ဖြတ်လမ်းကရလိုသူရဲ့

လင်္ကျာနိုင်ငံရေး

သမား

မလိုမုန်းထားမှုကို

ဂဠုန်ဦးစော

ခံရတယ်။

(၁၉၀၀-၁၉၄၈)

ဟာ

ဦးအောင်ဆန်းရဲ့ အဓိက အားပြိုင်ဖက်ဖြစ်တယ်။ ပညာတတ်တယောက် လည်းဖြစ်တဲ့ ဦးစောဟာ
သူရိယသတင်းစာကို

ထူထောင်သူလည်းဖြစ်ပြီး

မျိုးချစ်ပါတီခေါင်းဆောင်လည်း

ဖြစ်တယ်။

ဗိုလ်ချုပ်ထက် ၁၅ နှစ်ကြီးပြီး နိုင်ငံရေး သဘာရှိတဲ့ ဦးစောဟာ ၁၉၄၀ ကနေ ၁၉၄၂ ထိ
နန်းရင်းဝန်ရာထူးရခဲ့ဖူးပေမဲ့
လူငယ်နိုင်ငံရေးသမား

ဒုတိယကမ္ဘာစစ်တလျောက်လုံးနဲ့

တော်လှန်ရေးသမားတွေ

အင်္ဂလိပ်နဲ့

လွတ်လပ်ရေးအကြိုကာလ

ဂျပန်

နယ်ချဲ့ကျွန်ဘ၀ကနေ

ကျားကုပ်ကျားခဲ ရုန်းကန်လှုပ်ရှားနေတဲ့အချိန် (၁၉၄၂-၁၉၄၆) မှာ ဦးစောဟာ ယူဂန်နာ နိုင်ငံမှာ
ထိမ်းသိမ်းခံနေရတယ်။

မြန်မာ့နိုင်ငံရေးရေစီးကြောင်းနဲ့

အဆက်ပြတ်နေတော့

အဲဒီတုန်းက

နိုင်ငံတကာ

နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲနဲ့အညီ မြန်မာ့လွတ်လပ်ရေးအတွက် ဟန်ချက်ညီ လှုပ်ရှားနေတဲ့
မြန်မာ့မျိုးချစ်

ပညာတတ်

သခင်အောင်ဆန်းအပေါ်

နိုင်ငံရေးသမားတွေ
ပြည်သူတွေ

ဦးမော့လာ

တာကို

မျက်ခြေပြတ်နေတယ်။

ဘယ်အထိထောက်ခံအားပေးနေတယ်ဆိုတာကို

သတိမထားမိတဲ့ ဦးစောဟာ အတက်အကျ နိုင်ငံရေးရဲ့ တရားသဘောကို မဆင်ခြင်နိုင်ခဲ့ဘူး။
တိုင်းတပါးနယ်ချဲ့
ကွာဟနေပြီး

ရာထူးလက်ခံခဲ့သူတယောက်အဖို့

လူငယ်ခေါင်းဆောင်တွေရဲ့

အပြောင်းအလဲကို
ဒါကြောင့်လည်း

အောက်မှာပဲ

နားမလည်နိုင်ခဲ့ဘူး။

ရာဇ၀င်ရိုင်းတဲ့

ကိုယ့်ကြမ္မာ

ကိုယ်ဖန်တီးမှု

သူ့ခေတ်ရှိနေတယ်လို့ပဲ

လုပ်ကြံမှုကြီးကို

သူနဲ့

မှတ်

အတွေးအခေါ်ချင်း

ခေတ်သစ်နိုင်ငံရေး
ထင်ယူဆပုံရတယ်။

အကောင်အထည်ဖော်ခဲ့တာ

ဖြစ်တယ်။

မတူညီတဲ့နိုင်ငံရေးအမြင်နဲ့ပန်းတိုင်
Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

3

Polaris Burmese Library Collections
The Fight For Freedom in Burma

၁၉၃၆ ဖေဖော်ဝါရီလ ဒုတိယအကြိမ်ကျောင်းသားသပိတ်ကနေ နိုင်ငံရေးတက်ကြွတဲ့ တက္ကသိုလ်
ကျောင်း သား ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ်တို့ကို ခေါင်းဆောင်
တွေအဖြစ်

မွေးထုတ်ပေးလိုက်တယ်။

(သမဂ္ဂ

မဂ္ဂဇင်းအယ်ဒီတာ

ကိုအောင်ဆန်းရဲ့

အယ်ဒီတာကျင့်ဝတ်ခိုင်မာမှုကြောင့် ဖြစ်တယ်။ အိုးဝေညိုမြ က တက္ကသိုလ်အာဏာပိုင်တွေကို
ပြက်ရယ်ပြုထားတဲ့

Hellhound

at

Large

(ငရဲခွေးကြီးလွတ်နေသည်)

ဆောင်းပါးရှင်

နာမည်မဖော်လို့ အယ်ဒီတာကို ကျောင်းထုတ်ရာက သပိတ်စတင်တယ်) အဲဒီနောက် All Burma
Students’ Union (ဗကသ) ကို ဖွဲ့စည်းခဲ့ပြီး ကျောင်းသားနိုင်ငံရေးကနေ တက္ကသိုလ်ပြင်ပ
အသင်းအဖွဲ့

တချို့နဲ့

ချိတ်ဆက်ပြီး

အမျိုးသား

နိုင်ငံရေး

(လုံးဝလွတ်လပ်ရေး)

အထိ

ခြေဆန့်သွားတယ်။ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ဖိနှိပ်မှု မတရားခေါင်းပုံဖြတ်မှုကို အံတု ဆန့်ကျင်ကြတဲ့
အလုပ်သမားနဲ့ လယ်သမားသပိတ်၊ ကျောင်းသားသပိတ်တွေကို ဦးဆောင် လာတယ်။ အသက်
ငယ်ပေမဲ့နိုင်ငံရေးလှုပ်ရှားမှုနယ်ပယ်ကနေရင့်ကျက်မှုတွေရခဲ့တယ်။
စစ်ကြိုခေတ်ကာလလူငယ်နိုင်ငံရေးသမားတွေက ဒို့ဗမာအစည်းအရုံးကိုဖွဲ့စည်းပြီး လွတ်လပ်ရေး
အတွေးအခေါ်တွေ ဖြန့်ကျက်နေချိန်မှာ ဦးစော တို့လို လူကြီးနိုင်ငံရေးသမားတွေက ကိုလိုနီ
အုပ်ချုပ်ရေးယန္တရားအောက်က

အာဏာခွဲဝေ

မှုနဲ့

အာဏာချိန်ခွင်လျှာညှိမှု

နိုင်ငံရေး

ပဋိပက္ခတွေကြားနစ်မြုပ်နေကြတယ်။ ဦးစော ကိုယ်တိုင် နန်းရင်းဝန်ဖြစ်နေစဉ် ကာလမှာ ဗြိတသျှ
အာဏာပိုင်တွေကသူ့ရဲ့

ကိုလိုနီရုပ်သေးအစိုးရတွေကို

အထူးအာဏာကုန်လွှဲအပ်ထားတဲ့

Defence of BurmaRules (မြန်မာ့စည်းမျဉ်းဥပဒေသများကို ကာကွယ်သည့် ဥပဒေ) ကို
အခွင့်ကောင်းယူပြီး

ဒို့ဗမာအစည်းအရုံး

လှုပ်ရှားမှုတွေကို

တရားမ၀င်ကြောင်းကြေငြာပြီး

သခင်နိုင်ငံရေးသမားတွေ၊ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို ဖမ်းဆီးပြီး တိုင်းပြည်ဆူပူလှို့ဆော်မှုနဲ့
တရားစွဲ ထောင်ချတယ်။ အဲဒီတုန်းက အာဏာရှင်အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ ဦးစောဟာ သူ့နဲ့
နီးစပ်ပြီး

သူ့ကိုထောက်ခံခဲ့တဲ့

စီးပွားရေးသမား၊

နိုင်ငံရေးသမားတွေကိုဘွဲ့ထူး၊

ရာထူးနဲ့

အခွင့်အရေးတွေပေးပြီး ဆုချ စည်းရုံးခဲ့တယ်။ ဗြိတိသျှ ဘုရင်ခံ ဆာရယ်လ်ဂျီနယ်လ်ဒေါ်မန်စမစ်
(Sir

Reginal

Dorman-

Smith)

ထက်အသက်

တနှစ်ထဲငယ်တဲ့

ဦးစောတို့

မိတ်ဆွေရင်းတွေလိုဆက်ဆံခဲ့ပြီး ဦးစောရဲ့ ဘုရင်ခံသက်တမ်း ၅ နှစ်တိုးပေးခဲ့တယ်။ လန်ဒန်ကို
ဖိတ်ပြီး ဆာဝင်စတန်ချာချီ (Sir Winston Churchill) နဲ့ ခေါင်းဆောင်ကြီးတွေကို တွေ့ပေး
ဖို့ဖိတ်ခဲ့တယ်။ ဗြိတိသျှတွေစစ်နိုင်ရင် မြန်မာပြည်ကို လွတ်လပ်ရေးကြေညာပေးဖို့ တောင်းဆ
ိုမယ်လို့

ကြံရွယ်ထားတဲ့

ဥရောပမဟာမိတ်တပ်တွေ

ဦးစော

ဟာ

လက်တွေ့မှာတော့

အောင်ပွဲရရေးအတွက်

ဝန်ကြီးချုပ်ချာချီရဲ့

အလုပ်ရှုတ်နေ

သလို

အနောက်နဲ့

ချာချီရဲ့

ကိုလိုနီ

နိုင်ငံများအပေါ်ထားရှိတဲ့ တင်းမာတဲ့ရပ်တည်ချက်တွေကို မြင်လိုက်ရတော့ မူလစိတ်ကူးထားတဲ့
လွတ်လပ်ရေးပေးဖို့ ပြည်သူ့ဆန္ဒတွေပြောဖို့ နှုတ်ဆွံ့ပြီးပြန်လာခဲ့ရတယ်။

ဦးစောက ဗြိတိသျှ

ဓနသဟာရနိုင်ငံအတွင်းက ဒိုမီနီယံအဆင့်လောက်သာရှိတဲ့ အုပ်ချုပ်ရေးကိုတောင်းဖို့ ပြင်နေတဲ့
အချိန် သခင်အောင်ဆန်းတို့ မျိုးချစ်လူငယ်တွေက လုံးဝလွတ်လပ်ရေးအတွက် လက်နက်ကိုင်

တိုက်ဖို့ ပြင်ဆင်နေပါ တယ်။ အတွေ့အကြုံရင့်ကျက်တဲ့ ဒေါက်တာဗမော်တို့လို လူကြီးနိုင်ငံရေး
သမားတွေနဲ့ ပူးပေါင်းပြီး ဗမာ့ထွက်ရပ်ဂိုဏ်း (Freedom Bloc) လို ကျယ်ပြန့်တဲ့မဟာမိတ်
Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

4

Polaris Burmese Library Collections
တပ်ပေါင်းစုကြီးကိုဖွဲ့စည်းပြီး
သခင်သန်းထွန်း၊

The Fight For Freedom in Burma
လုံးဝလွတ်လပ်ရေးကို

သခင်ဗဟိန်းနဲ့

ဦးဆောင်နေတယ်။

လူငယ်ခေါင်းဆောင်များဟာ

သခင်အောင်ဆန်း၊

အိန္ဒိယက

မဟတ္တမဂန္ဒီနဲ့

တွေ့ဆုံခဲ့သ လို ကွန်ဂရက်ခေါင်းဆောင် ပဏ္ဍစ်နေရူး၊ ဆူဘတ်စ်ချန်ဒရာဘို့စ် တို့နဲ့ လွတ်လပ်ရေး

အတွက် ပူးပေါင်းအားထုတ်နေ တယ်။ ဦးစောနဲ့ သခင်အောင်ဆန်းတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်

မတူညီမှုသလို ပြည်သူတွေရဲ့ထောက်ခံမှုလည်း ကွာဟ ခဲ့ပါတယ်။ ပြည်သူတရပ်လုံးရဲ့ဆန္ဒနဲ့
တထပ်တည်းကျအောင်

အကောင်အထည်ဖော်ပေးနိုင်တဲ့

ဗိုလ်ချုပ်အောင်ဆန်းရဲ့

နိုင်ငံရေး

လှုပ်ရှားမှုဟာ ပြည်သူရဲ့တခဲနက် ထောက်ခံမှုကိုရခဲ့တယ်။ ဗိုလ်ချုပ်နဲ့အာဇာနည်တွေ လုပ်ကြံမှုကို

အတော်များများက ရေးသားဖော်ပြပြီးဖြစ်လို့ ဒီ ဆောင်းပါးမှာ မဖော်ပြလိုပါ။ ဗိုလ်ချုပ်အောင်ဆန်း
အလွန်ကာလတစိတ်တပိုင်းကိုသာဆွေးနွေးလိုပါတယ်။
ဆုံးရှုံးမှု

ဗိုလ်ချုပ်တို့ဆုံးရှုံးမှုဟာ

လွတ်လပ်ရေးအတွက်

လှေလှော်ကောင်းတုန်း

တက်ကျိုးသလိုပဲလို့

ဥပမာပေးကြတယ်။ တိုင်း ပြည်ရဲ့အုပ်ချုပ်ရေး မဏ္ဍိုင်တခုလုံး ယိမ်းခါခဲ့တယ်။ ဗိုလ်ချုပ်ဟာ
လွတ်လပ်ရေးရဖို့

တိုင်းရင်းသားပေါင်းစုံ
ပြောရရင်

ဦးဆောင်ခဲ့သူသာမက
ညီညွတ်ရေးကို

နှလုံးရည်နဲ့

ပဒေသရာဇ်ခေတ်
အင်အားပြပြီး

နှစ်ပေါင်းများ

စွာ

ကစဥ့်ကလျားဖြစ်နေတဲ့

အကောင်အထည်ဖော်ခဲ့သူလည်း

အမျိုးသားညီညွတ်ရေးကို

အနော်ရထာ၊

တည်ဆောက်သွားခဲ့သူ

ဘုရင့်နောင်နဲ့

လက်နက်နဲ့စည်းရုံးခဲ့တာ

ဖြစ်တယ်။

ဖြစ်တယ်။

တနည်း

ဖြစ်တယ်။

အလောင်းဘုရားတို့ဟာနိုင်ငံတော်ကို

တိုင်းရင်းသား

တွေဘက်ကကြည့်ရင်

အားမတန်လို့ မာန်လျှော့ရတာ ဖြစ်တယ်။ ဒီကနေ့ ပြင်ဦးလွင်စစ်တက္ကသိုလ်နဲ့ နေပြည်တော်က

မင်းကြီး ၃ ပါး ရုပ်ထုဟာ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့သူ၊ မဟာဗမာ အတွေး အခေါ်ရှိသူ
တွေအတွက် ၀င့်ကြွား ဂုဏ် ယူစရာ ဖြစ်နေပေမဲ့ တိုင်းရင်းသား လူမျိုးစုတွေအတွက်တော့
လက်နက်အားကိုးနဲ့ မိမိတို့ အချုပ်အခြာအာဏာကို သိမ်း ပိုက်ခဲ့တဲ့ ပဒေသရာဇ်ခေါင်းဆောင်
တွေလို့

မြင်နေတုန်းပါ။

ဒါပေမဲ့

၁၉၄၇

ဖေဖ၀ါရီတုန်းက

ဗိုလ်ချုပ်အောင်ဆန်းကိုယ်

တိုင်

ရှမ်းတောင်တန်းပေါ်တက်ပြီး တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့အတူ သဘောတူစိုက်ထူလိုက်တဲ့
ပင်လုံကျောက်

စာတိုင်ကိုတော့

သူတို့ရဲ့

ခန္တာအစိတ်

အပိုင်းတခုလို

မြင်နေတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ စတုတ္ထနိုင်ငံတော်ကို ထူထောင်ရာမှာ လက်ရုံးရည်သက်သက်နဲ့မဟုတ်၊

နှလုံးရည်နဲ့ပါ ထူထောင်ခဲ့သူဖြစ်တယ်။ တိုင်းပြည်လွတ်လပ်ရေး နဲ့ တိုင်းရင်းသား စည်းလုံး
ညီညွတ်ရေးဆိုတဲ့ အရေးပါတဲ့ အဆင့်တိုင်းကို ဆွေးနွေးညှိနှိုင်းမှု (Dialogue) တွေနဲ့ အရယူခဲ့ တာ
ဖြစ်တယ်။

အောင်ဆန်းတန်ဘိုး
ဒီကနေ့ ဦးသိန်းစိန် အစိုးရခေတ်မှာတောင် ဗိုလ်ချုပ်အောင်ဆန်းလို အောင်မြင်တဲ့ ရလဒ်ကို
မတွေ့ရသေးဘူး။

ယုံကြည်မှုရှိတာဟာ

တိုင်းရင်း
သူ့ရဲ့

သားခေါင်းဆောင်တွေ

နိုင်ငံရေးပရိယာယ်မပါတဲ့

ဗိုလ်ချုပ်ကိုချစ်ကြည်လေးစားမှုနဲ့

လုပ်ရပ်နဲ့

သွေးရင်းညီနောင်လို

သဘောထားတဲ့စိတ်စေတနာနဲ့လည်း သက်ဆိုင်တယ်။ ဒီတကြိမ်မညီရင် ဗြိတိသျှ ကျွန်ဘ၀ကို
Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

5

Polaris Burmese Library Collections
The Fight For Freedom in Burma

နောက်တခါပြန်ရောက်မယ်ဆိုတဲ့
ဖြစ်ခဲ့တယ်။

နယ်ချဲ့ရဲ့

တန်းတူညီတူအခွင့်အရေးဆိုတဲ့
ပြည်ထောင်စုစိတ်ဓာတ်၊
တန်ဘိုး

စိုးရိမ်မှုက

သွေးခွဲမှုနဲ့

ပြည်ထောင်စုစိတ်ဓာတ်ပေါ်လာဖို့
ခြိမ်းခြောက်မှုကိုကာကွယ်ဖို့

အကျိုးစီးပွားပေါ်

ပင်လုံစိတ်ဓာတ်ဆိုတာ

အမြင့်မားဆုံးအဖြစ်

ပြည်နယ်ပြည်မ

အတူတူ

လွတ်လပ်ရေးအကြို

တွန်းအားတွေ
ရပ်ခဲ့ကြတယ်။

မြန်မာပြည်နိုင်ငံရေးမှာ

တည်ရှိခဲ့တယ်။ဗိုလ်ချုပ်အောင်ဆန်း

လုပ်ကြံခံခဲ့ရတာဟာ

မြန်မာပြည်အတွက် အစားထိုးမရနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်ကို ဆုံးရှုံးခဲ့ရုံမကဘူး
တိုင်းရင်းသားသွေးစည်းညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ပါ ဆုံးရှုံးဖို့အခြေအနေတွေ ဖြစ်သွား
ခဲ့တယ်။ကျနော်

အလယ်တန်းကျောင်းသားဘ၀က

ရှမ်းအဆိုတော်

စိုင်းဆိုင်မောဝ်

ရှမ်းသူပုန်ဘ၀က သီဆိုခဲ့တဲ့ ရှမ်းပြည် လွတ်မြောက်ရေးအတွက် စည်းရုံးတဲ့ ရှမ်းသီချင်းတပုဒ်
ကြားဖူးတယ်။

အဲဒီသီချင်းစာသားမှာ

“ဗိုလ်ချုပ်ပေးခဲ့တဲ့

ကတိ

တွေကို..ဗိုလ်ချုပ်နဲ့အတူ

သင်္ဂြိလ်လိုက်ပြီလား” လို့ပါတယ်။ ဒီသီချင်းကို ရှမ်းပြည်က ကျနော်တို့မြို့မှာ ကျင်းပတဲ့ ရှမ်း
အမျိုးသားဆိုင်ရာပွဲလမ်းသဘင်တွေမှာ မကြာခဏ ကြားရလေ့ရှိတယ်။ ရှမ်းပြည်သူတွေစိတ်မှာ

ဗမာတွေ ကတိက၀တ် ပျက်တယ်ဆိုတဲ့ ခံစားမှုတွေ ရှိခဲ့ကြတယ်။ “လွတ်လပ်ရေးရလို့မှ ၁၀
နှစ်အတွင်း

အတူတူနေလို့မရရင်

ပင်လုံစာချုပ်ပါကတိကို

ခွဲထွက်လိုက

သူတို့မမေ့ဘူး။

ခွဲထွက်ပိုင်ခွင့်

ရှိတယ်”

ဖယ်ဒရယ်ပြည်ထောင်စုအပေါ်

ဆိုတဲ့

ကိုယ်လိုရာ

ကောက်ချက်တွေဆွဲ၊ အဓိပ္ပါယ်တွေ ဖော်ပြီး စစ်အာဏာသိမ်းခဲ့တာကိုလည်း သူတို့မမေ့ဘူး။
အရှုံးနှစ်ခါပေါ်

လွတ်လပ်ရေးရခဲ့ပေမယ့် ပြည်တွင်းစစ်နဲ့အတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း တစတစ
အက်ကွဲလာတယ်။
တိုင်းရင်းသား

ဖယ်ဒရယ်မူကို

များနဲ့

ခွဲထွက်ရေးမူဖြစ်တယ်လို့

ညီညွတ်ရေးတည်ဆောက်ရာမှာ

မမှန်ကန်တဲ့ဝါဒဖြန့်မှုဟာ

အထိနာစေတယ်။

ဦးနေ၀င်းစစ်အာဏာသိမ်းပြီးနောက်ပိုင်း

ဗိုလ်ချုပ်ထူထောင်ခဲ့တဲ့

ပျက်ဆီးသွားသလို

အနှစ်သာရလည်းပြိုကျသွားခဲ့တယ်။

ပြည်ထောင်စုရဲ့

၁၉၆၂

ပင်လုံအနှစ်သာရ

ခုနှစ်

လည်း

လက်နက်နိုင်ငံ

ထူထောင်အုပ်ချုပ်မှု ကြောင့် အမျိုးသားညီညွတ်ရေးဟာ ရှေ့ဆက်မတိုးနိုင်သလို ပဒေသရာဇ်
ခေတ်ထက် အနည်းငယ်သာတဲ့ ခေတ် နောက်ပြန်ဆွဲ အာဏာရှင်စံနစ်အောက်မှာ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးဆိုတာ ဟန်ဆောင်ပြုံးဖြီးပြတဲ့ ပြည်ထောင်စုနေ့ ညစာ စားပွဲမှာပဲ ရှိခဲ့တယ်။
ဖယ်ဒရယ်မှုကြောင့်

ပြည်ထောင်စုကြီးပြိုကွဲနိုင်တယ်လို့ ၀ါဒဖြန့်နေတဲ့ မဆလခေတ်ထဲမှာတင်

ပြည်ထောင်စုစိတ်ဓာတ်တွေ ပျက်ပြယ်သွားခဲ့တယ်။ ပင်လုံသဘော တူညီချက်ကို အသိအမှတ်
မပြုချင်တာကြောင့်

တိုင်းရင်းသား

ညီညွတ်ရေးပြိုကွဲတာဟာ

ပထမအရှုံးဖြစ်တယ်။

ဒုတိယအရှုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းနဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ခဲ့တာပဲ
ဖြစ်တယ်။

ဦးနေ၀င်း

ဒုတိယဖခင်သဖွယ်
နောက်ပိုင်းမှာတော့
လာပါတယ်။

ရဲ့

တပါတီ

ဝါဒဖြန့်ရေးသား

အာဏာရှင်စနစ်ထဲမှာတင်
ပြောဆိုလာတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့

ဗိုလ်ချုပ်ရဲ့သမီး

အခန်းကဏ္ဍကို

ဒေါ်အောင်ဆန်းစုကြည်ကို

သူဟာ

၁၉၈၈

တပ်မတော်ရဲ့

စစ်အာဏာသိမ်းပြီး

ပေါ်ပေါ်ထင်ထင်

ဖျောက်ဖျက်

မလိုလားမှုကလည်း

ဗိုလ်ချုပ်

အောင်ဆန်း ဓာတ်ပုံကို ရုံးခန်း တွေကနေ ဖြုတ်ချလိုက်တဲ့အထိ ဖြစ်သွားစေတယ်။ တကယ်တော့
Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

6

Polaris Burmese Library Collections
The Fight For Freedom in Burma

ဗိုလ်ချုပ်ရဲ့သမိုင်းကို ဖျောက်နေတာဟာ ပင်လုံ သမိုင်း၊ ပြည်ထောင်စုသမိုင်းကို ဖျောက်ဖျက်တာနဲ့
အတူတူပဲလို့ တိုင်းရင်းသားခေါင်းဆောင်တွေက ယူဆနေကြတယ်။ မြန်မာ့တပ်မတော် သိပ္ပံနဲ့

နည်းပညာ သုသေသနဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း က
ဗိုလ်ချုပ်အောင်ဆန်းရဲ့ တန်ဘိုးဟာ ပြည်ထောင်စုတိုင်းရင်းသားများရဲ့တန်ဘိုးနဲ့ ထပ်တူထပ်မျှ

ကျနေတယ်လို့ သုံးသပ်ပြောဆိုခဲ့တယ်။ “ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားရေး၊ ပြည်ထောင်စု
အရေး၊

တိုင်းရင်းသားစုံ

ညီညွတ်ရေး

အတွက်အရေးပါတဲ့

သင်္ကေတတခုလို

ဖြစ်နေတယ်၊

မြန်မာနိုင်ငံမှာ ပြည်ထောင်စုစနစ်နဲ့ တိုင်းရင်းသားချစ်ကြည်မှုကို တည်ဆောက်နိုင်တာ ဗိုလ်ချုပ်
အောင်ဆန်းသာ ဖြစ်တယ်၊ ဗိုလ်ချုပ်သမိုင်းပျောက်နေတာဟာ ပင်လုံပျောက်တာ၊ ပြည် ထောင်စု
စံနစ်

ပျောက်တာ၊

တိုင်းရင်းသားတွေနဲ့

ပျောက်သွားတာဖြစ်တယ်”

ပူးပေါင်းတည်ဆောက်

ထားတဲ့

ညီညွတ်ရေး

“ဗိုလ်ချုပ်လမ်းစဉ်ကိုအကောင်အထည်ဖော်ပါ”
နအဖခေတ်ထဲမှာ

ဗိုလ်ချုပ်အကြောင်းရေးထားတဲ့

စာအုပ်တွေတောင်

ရှားပါးလာတယ်။

တပ်မတော် စာကြည့်တိုက်မှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပေါင်းချုပ်စာအုပ်အပါအ၀င် ဗိုလ်ချုပ်

အကြောင်း ရေးထားတဲ့စာအုပ်တွေ မတွေ့ရဖူးလို့လည်း ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကဆိုတယ်။

“ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အဆက်ပြတ်ခဲ့တယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့
ဝေးရင် ပြည်ထောင်စုနဲ့ ဝေးမယ်၊ပြည်ထောင်စုနဲ့ ဝေးရင် အမျိုးသားညီညွတ်ရေးရဲ့ အုတ်မြစ်ဖြစ်
တဲ့

ပင်လုံစိတ်ဓာတ်နဲ့

ဝေးသွားတာ

ငြိမ်းချမ်းရေးပျောက်ခဲ့ရတယ်”

လို့

ဖြစ်တယ်။

ပင်လုံနဲ့ဝေးလို့

ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း

အခုသမတဦးသိန်းစိန်အစိုးရအုပ်ချုပ်ရာမှာ

ဗိုလ်ချုပ်အောင်ဆန်း

က

ပြည်တွင်းစစ်တွေနဲ့

ကောက်ချက်ချခဲ့တယ်။

ဓာတ်ပုံရဲ့တန်ဘိုးကို

သိနား

လည်ဟန် ပြလာတယ်။ ဗိုလ်ချုပ်ဓာတ်ပုံကိုလူမြင်ကွင်းမှာ ချိတ်ဆွဲပြီးရင်ကြားစေ့ရေးနဲ့ တွေ့ဆုံ
ဆွေးနွေးပွဲတွေပြန်လုပ်လာပါတယ်။
ဓာတ်ပုံသက်သက်မဟုတ်ဘူး၊

မြန်မာပြည်

အနာဂတ်အတွက်

ဗိုလ်ချုပ်အောင်ဆန်းရဲ့

တကယ်လိုအပ်တာက

ရည်မှန်းချက်ကို

အကောင်အထည်

ဖော်ပေးဘို့ ဖြစ်တယ်။ အနှစ် ၅၀ ကျော် ဆုံးရှုံးလက်လွှတ်ခဲ့ရတဲ့ တိုင်းရင်းသား စည်းလုံး
ညီညွတ်ရေး၊ အမျိုးသားညီညွတ်ရေးနဲ့ ပင်လုံစိတ်ဓာတ်ကို ဗိုလ်ချုပ်လမ်းစဉ်နဲ့အညီ ပြန်လည်
အသက်သွင်းပေးဖို့သာဖြစ်တယ်။
ကိုညို
ယခုလ (ဇူလိုင်) နွယ်နီမဂ္ဂဇင်းသို့ ပေးပို့ထားသောဆောင်းပါး

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

7

Polaris Burmese Library Collections

Tuesday, July 16, 2013

The Fight For Freedom in Burma

အာဏာရှင်တွေ ဒေါသူပုန်ထလို့ (နိဂုံးပိုင်း)

“၇ ဇူလိုင် (သို့) အာဏာရှင်ရဲ့ သတ်ဖြတ်မှု နိဒါန်း”
“ညနေ ၅ နာရီကျော်လောက်မှာ ဗိုလ်နေ၀င်းရဲ့ ကိုယ်ရံတော် သနက (၄) စစ်တပ်က

ဝင်လာတယ်။ တက္ကသိုလ် တလျှောက် စစ်သားတွေ ဖြန့်ကျက် နေရာယူ ထားတယ်။ ကျောင်းသား
တွေကလည်း အစောပိုင်းကပဲ ဆန္ဒပြခဲ့ ခဲနဲ့ပေါက် ခဲ့လို့ မောပြီး တချို့က မြက်ခင်းမှာ

တချို့ကလည်း ရပ်ပြီး နားနေတဲ့အချိန်၊ သေနတ်နဲ့ တန်းစီချိန်ထားတဲ့ စစ်သားတွေကို တချို့ကငေး
မောကြည့် နေတာပေါ့၊ မန္တလေး၊ ရာမည၊ အမရပူရ၊ တောင်ူ က စာသင်ဆောင်တွေမဟုတ်ဘူး၊
ကျောင်းသား အဆောင်တွေ၊ ကျောင်းသားတော်တော်များများက အဆောင်တွေပေါ်က လှမ်းအကဲ
ခတ်ကြည့်နေတယ်။ စာတိုက်ဖက် က ပုဂံတို့တကောင်းတို့က ကျောင်းသားတွေကလည်း
ငေးကြည့်နေတယ်။
အဲ.. အဲဒီအချိန်မှာ အေးအေးဆေးဆေးပဲ၊ ပစ်မယ်ခတ်မယ်လို့ ဘယ်သူမှမထင်ဘူး”

ရှင်းပြနေတဲ့ သူ့အသံက တယ်လီ ဖုံးစကားပြောခွက်ထဲမှာ နည်းနည်းမာပြီးကျယ်သွားလို့
သူ့ဘေးက တယောက်ယောက်က သတိပေးလိုက်ဟန်တူတယ်၊ သူ့အသံ နည်းနည်းတိုး
သွားတယ်။ “ခန့်မှန်း ၆ နာရီ ၁၅-၂၀ မိနစ်လောက်ရှိမယ်၊ ကားတစီးရောက်လာပြီး စစ်ဗိုလ်တ
ယောက်က ကျောင်းရှေ့မှာ ကွပ်ကဲ နေတဲ့ ဒုဗိုလ်မှူးကြီး စိန်လွင် (၁၉၈၈ သမတ၊
သားသတ်သမား လို့ နာမည်ကြီး) ဒုဗိုလ်မှူးကြီး လှမြင့် (သနက ၄ တပ်မှူး၊

သံချပ်ကာယန္တယားတပ်ညွှန်မှူး) ကို စာရွက်တရွက်ပေးလိုက်တယ်၊ သိပ်မကြာ ဘူး၊
စစ်ဗိုလ်တယောက်ရှေ့ထွက်လာပြီး လက်ကို ၃ ကြိမ် ၀ိုက်ပြီးရမ်းပြတယ်။ ကျနော်တို့ကတော့
ဘာအချက်ပေးမှန်း သိမှ မသိဘဲဗျ၊ ဒါနဲ့ သူတို့လက်ထဲက ဂျီသရီးတွေနဲ့ ဒလစပ်ပစ်တော့
Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

8

Polaris Burmese Library Collections
The Fight For Freedom in Burma

တာပဲဗျာ…” တယ်လီဖုံးထဲက အသံကို အသံဖမ်း စက်နဲ့ ဖမ်းယူနေတဲ့ ကျနော်ကိုယ်တိုင်
အသက်ရှူဖို့ မေ့နေတယ်၊ ဖုံးလိုင်းထဲက သူ့အသံ ပြတ်ကျမသွားဖို့ စိတ်ထဲမှာ တချိန်လုံး

ဆုတောင်းနေမိတယ်။ ဗမာပြည်ဆက်တဲ့ ဖုံးလိုင်းတွေက အနှောက်အယှက်ပယောဂရှိတတ်တယ်။
“ဂျာမဏီထုတ် ဂျီသရီးကို ဗမာပြည်က ရန်ကုန်တက္ကသိုလ်ဝန်းမှာ စမ်းသပ်ပစ်ခတ်တာပေါ့ဗျာ..
ကျည်တကပ်ပစ်ပြီး အသစ်လဲရင် ကျနော်တို့က ထပြေးလိုက်၊ နောက်တကပ်နဲ့ ထပ်ပစ်ရင်
မြေပေါ်ဝပ်ချလိုက်၊ ကျည်ကပ်လဲတုန်း ထပြေး လိုက်ပေါ့.. သေလားရှင်လားတွေလည်း မသိဘူး၊
လဲပြိုကျတဲ့လူ အတုန်းအရုန်းလည်း ဘယ်ကြည့်နိုင်မှာလဲ.. ကိုယ် တောင် အသက်လုပြေးရ

တာပဲဗျာ” သူ့အသံနားထောင်ပြီး ကျနော်ပါမောနေတယ်။ အဲဒီနေ့က ၂၀၀၂ ခုနှစ် ဇူလိုင်လ ၇

ရက်ဖြစ်တယ်။ အာအက်ဖ်အေ ရေဒီယိုကနေ ဆဲဗင်းဇူလိုင် ကျောင်းသားအရေးအခင်း နှစ် (၄၀)
အထူးအစီအစဉ် ဆောင်းပါး အသံလွှင့်ဖို့သတင်းထောက်ဖြစ်တဲ့ ကျနော်ဟာ နယူးဒေလီကနေ
ရန်ကုန်က အသိမိတ်ဆွေတချို့နဲ့ ချိန်းဆို ပြီး တယ်လီဖုန်းအင်တာဗျူးလုပ်နေတာ ဖြစ်တယ်။

၁၉၆၂ ခုနှစ် ဇူလိုင် (၇) ရက်မှာ ကိုယ်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက် တွေကို ဟိုတုန်းက ကျောင်းသား
ကျောင်းသူတွေက ကျနော့ကို ပြန်ပြောပြခဲ့တာ ဖြစ်တယ်။
သူတို့နာမည်တွေကို မပြောပြဘူး။ ကျောင်းသူဟောင်းတယောက်ကိုတော့ ဒေါ်ခင်မာအေး

(ကွယ်လွန်) ဆိုတာ ကျနော် မှတ်မိနေတယ်။ ကျောင်းသားသမဂ္ဂ္ဂ အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်
အိုးဝေမဂ္ဂဇင်းတာဝန်ခံလည်းဖြစ်တဲ့ ကျောင်းသား ခေါင်းဆောင်ကိုလှရွှေ (နိုင်ငံရေးအကျဉ်းသား
ဟောင်း) ရဲ့ ဇနီးဖြစ်တယ်။ ကျောင်းသားသမဂ္ဂ္ဂ လှုပ်ရှားမှုအတွင်းမှာ ဖူးစာဆုံခဲ့ကြတဲ့

ငယ်ရွယ်နုပျိုတဲ့ ချစ်သူနှစ်ဦးဟာ ဇူလိုင် ၇ မတိုင်ခင် ၂ ရက်အလို ဇူလိုင်လ ၅ ရက်နေ့မှာ
လက်ထပ်ခဲ့ပြီး လက်ဖွဲ့ပစ္စည်းလေးတွေကို သမဂ္ဂ္ဂအဆောက်အဦထဲ သိမ်းဆည်းထားရာက ဇူလိုင်
(၈) ရက် မနက်သမဂ္ဂ္ဂကြီး ဗုံးနဲ့ဖြိုဖျက် ခံရမှုနဲ့အတူ ပါသွားခဲ့တယ်လို့ ပြောပြဖူးခဲ့တယ်။
“ကျောင်းသားတွေကိုဘာ့ကြောင့်မုန်း”
၇ ဇူလိုင် အရေးအခင်းဟာ ၁၉၆၂ မတ်လ ၂ ရက် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေး
ကောင်စီ စစ်အာဏာသိမ်း ပြီး ဗွေဆော်ဦးအနေနဲ့ ကျောင်းသားတွေကို ဦးချိုးတဲ့သတ်ဖြတ်မှု
ဖြစ်တယ်။
အမှန်တော့ စစ်အာဏာသိမ်းပြီး ၂ ရက်အကြာမှာပဲ လူထုတရားဝင်ရွေးကောက်ထားတဲ့

ဒီမိုကရေစီကရေစီအစိုးရကို လက်နက်အားကိုးဖြုတ်ချလို့ တကသ၊ ရကသ၊ ဗကသ တို့က
ကန့်ကွက်ခဲ့တယ်။ တော်လှန်ရေးကောင်စီကို ထောက်ခံ ကြောင်းလက်မှတ်ထိုးထုတ်ပြန်တဲ့
ဗကသဥက္ကဋ္ဌ ကိုခင်မောင်အုန်းကိုလည်း ဗကသအမှုဆောင် အစည်းအဝေးက ဖြုတ်ချပြီး ဒုဥက္ကဋ္ဌ
ကိုသက်ကို (၇ ဇူလိုင် မတိုင်ခင် ဖမ်းခံရ) ဥက္ကဋ္ဌ တင်လိုက်တယ်။ အာဏာသိမ်းအစိုးရက ၀ါဒဖြန့်
ကောင်းပေမဲ့ ကျောင်းသားအများစုက မထောက်ခံဘူး။ အာဏာသိမ်းတုန်းကလည်း
Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

9

Polaris Burmese Library Collections
The Fight For Freedom in Burma

ကျောင်းသားတွေရဲ့ စာမေးပွဲရာ သီကြီး။ စာမေးပွဲအပြီး ကျောင်းပိတ်လိုက်တာဆိုတော့
ကန့်ကွက်မှုတွေ မကျယ်ပြန့်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အာဏာသိမ်း စစ်အစိုးရအဖို့ တက္ကသိုလ်
ကျောင်းသားဆိုတာ လည်ချောင်းထဲစူးဝင်နေတဲ့ ဆူးတချောင်း။
တက္ကသိုလ်သြဇာ
အဲဒီကာလက တက္ကသိုလ်ဆိုတာကလည်း ဒီခေတ် နိုင်ငံတကာက တက္ကသိုလ်တွေလိုပါပဲ
နိုင်ငံရေးဂိုဏ်းပေါင်းစုံတယ်။ ဆိုရှယ်နီတွေ၊ ကွန်မြူနစ်ထောက်ခံသူတွေ၊ ဖဆပလ

ထောက်ခံသူတွေ၊ နိုင်ငံရေးရောင်စုံပဲ။ ဒါကို တော်လှန်ရေး ကောင် စီကဖြိုချင်တယ်။ ပညာတတ်
နိုင်ငံရေး ခေါင်းဆောင်တိုင်း တက္ကသိုလ်ကထွက်တဲ့ အစဉ်အလာရှိတယ်။ တက္ကသိုလ်မှာ ၁၉၂၀
ကတည်းကပြဋ္ဌာန်းထားတဲ့ တက္ကသိုလ် အက်ဥပဒေဆိုတာရှိတယ်။ ဒီဥပဒေအရ
တက္ကသိုလ်အုပ်ချုပ်မှုဟာ သီး သန့်လွတ်လပ်မှုရှိတယ်။ တက္ကသိုလ်ကောင်စီနဲ့

တက္ကသိုလ်ဆီးနိတ်ဆိုပြီး ဦးဆောင်အဖွဲ့ ၂ ခုကပဲ ထိမ်းထားတယ်။ အုပ် ချုပ်ရေးရော
ဘဏ္ဍာရေးရော သီးခြားလွတ်လပ်မှုရှိတယ်။ တက္ကသိုလ်ဆီးနိတ်ကတော့ ပါမောက္ခတွေ၊

ဆရာတွေရဲ့ ကိုယ်စားလှယ်တွေပါပြီး စာသင်ကြားရေး၊ စာမေးပွဲ၊ စာအုပ်စာတမ်းထုတ်ရေး
စတဲ့ပညာရေးကိစ္စတွေ လုပ်တယ်။ တက္ကသိုလ်ကောင်စီကတော့ နိုင်ငံရေးပါတယ်။

ကိုယ်စားလှယ်လည်း အလွှာစုံတယ်။ ပြင်ပစီးပွားရေးနယ်ပယ်နဲ့ ကုန်သည်တွေလည်း
ကိုယ်စားလှယ်ပါတယ်။ တက္ကသိုလ် ဌာနအသီးသီးက ပါမောက္ခတွေနဲ့ ကျောင်းသားသမဂ္ဂ္ဂက
ကိုယ်စားလှယ် ၂ယောက်လည်းပါတယ်။ တက္ကသိုလ်ကောင်စီဟာ တက္ကသိုလ်လောကနဲ့
နိုင်ငံရေးအတွက်ပါ အရေးပါ တဲ့ အဆင့်မှာရှိတယ်။
ဖိနှိပ်တဲ့ဥပဒေ
တော်လှန်ရေးကောင်စီတက်တော့ သူ့လည်ချောင်မှာ စူးနေတဲ့ဆူးကို အရင်ဆုံးထုတ်ဖို့
ကျိုးစားတယ်။ ဘာမှမစဉ်းစား ဘူး၊ တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းလိုက်တယ်။
အာဏာသိမ်းပြီး နောက်တလမှာပဲ (မေလ ၁၁ ရက်) တက္ကသိုလ်ကောင်စီဝင်တွေကို

ဒဂုံရိပ်သာထဲဖိတ်ခေါ်ပြီး ဆရာတွေက အကျင့်ပျက်တယ်၊ ကျောင်းသားတွေအကြား နိုင်ငံရေး
ပယောဂ၀င်တယ်ဆိုပြီး တက္ကသိုလ်ကောင်စီကို ဖျက်လိုက်တာပဲ။ တကယ်တော့ အိမ်နီးချင်း
အိန္ဒိယနဲ့ တကမ္ဘာလုံးက တက္ကသိုလ်ကျောင်းသားတွေ မိမိယုံကြည်တဲ့ အယူအဆနဲ့

နိုင်ငံရေးလှုပ်ရှားကြတာပါပဲ။ တက္ကသိုလ် ကောင်စီကို အဓိပတိအဖြစ် ဗိုလ်မှူးချုပ်သန်းဖေ၊ အဖွဲ့ဝင်
ဗိုလ်မှူးချုပ်စန်းယု၊ ဗိုလ်မှူးကြီးတင်စိုး၊ ဗိုလ်မှူးကြီးသိန်းစိန် တို့ကိုဆွဲထည့်ပြီး

ဖိနှိပ်ရေးမူဝါဒအသစ်တွေ ရေးဆွဲတယ်။ အာဏာရှင်တွေထုံးစံအတိုင်း ဖိလက်စနဲ့ ခေါင်းမထောင်
အောင် ဆက်တိုက်ပဲ ဖိနှိပ်ခဲ့တယ်။ ဇွန်လ၁၈ ရက် ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ထွက်လာ
တယ်။ တက္ကသိုလ် ကျောင်းသားတွေကို အကျယ်ချုပ်ချလိုက်တဲ့ စည်းကမ်းတွေအဖြစ်

ဒေါသသူပုန်ထကြတယ်။ တက္ကသိုလ်ဆန္ဒပြမှုဟာ အဲဒီ ကျောင်းဆောင်စည်းကမ်းက အစပြုတာ
Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

10

Polaris Burmese Library Collections
The Fight For Freedom in Burma

ဖြစ်တယ်။ အာဏာသိမ်းစစ်ကောင်စီက တက္ကသိုလ်အုပ်ချုပ်ရေးကိုပါ အာဏာသိမ်းလိုက်ပြီး
ပညာရေးလောကထဲဝင်ရှုတ်တာ အဲဒီကနေ အစဉ်အလာလိုဖြစ်သွားတာပဲ။ တက္ကသိုလ် ပညာရေး
ကဏ္ဍဟာ အဲဒီကစလို့ နိဂုံးရဲ့ အစဖြစ်ခဲ့တယ်။ အာဏာရှင်တွေထုံးစံအတိုင်း ဖိလက်စနဲ့
ဆက်တိုက်ပဲ ဖိနှိပ်လာခဲ့တယ်။
တချို့ကောက်နှုတ်ပြောရရင် ကျောင်းဝင်ခွင့်၊ အဆောင်နေခွင့်ကို လုံခြုံရေးနဲ့ အုပ်ချုပ်မှု
ကော်မတီခွင့်ပြုမှရမယ်၊ မိဘ အုပ်ထိန်းသူရဲ့ ၀န်ခံကတိနဲ့ ကျောင်းအပ်ရမယ်၊ ည ၈ နာရီဆို
အဆောင်မှာရှိရမယ်၊ ၃ ကြိမ်ပျက်ရင် အဆောင်က ထုတ်မယ်၊ သက်သတ်လွတ်စားရင်
တနှစ်လုံးစားရမယ် စတဲ့ကျောင်းသားတွေရဲ့သီးခြားလွတ်လပ်ခွင့်ပါ ပိတ်လာတော့

ပြဿနာမီးမွှေးတာနဲ့ တူနေတယ်။ ဒီဥပဒေတွေထုတ်ပြန်ဖို့ အရင်ဆုံး ရန်ကုန်တက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာသာလှ ကို နှုတ်ထွက်ခိုင်းတယ်၊ စစ်တပ်နဲ့ပိုနီးစပ်တဲ့ ဦးကာ

(သချာင်္ကထိက) ကို ပါမောက္ခချုပ် အစားထိုးတယ်။ “တင်းကြပ်တဲ့ စည်းကမ်းတွေကြောင့်
ထောင်မှာနေရသလို ဖြစ်နေတယ်၊ ညပိုင်းအပြင်ထွက်တာလည်း မရတော့ဘူး၊ တကသ ကလည်း
ကျောင်းသားတွေကိုယ်စားတင်ပြဖို့ ကိုယ်စားလှယ်ကမရှိတော့ဘူး” သပိတ်မှောက်ကျောင်းသား
ဟောင်းက ရှင်းပြတယ်။ တကသ ကျောင်းသူဟောင်း ဒေါ်ခင်မာအေးကလည်း “ကျမတို့

အမျိုးသမီးဆောင်တွေဆိုရင် ညနေ ၆ နာရီ ထိုးပြီး နာမည်စာရင်းခေါ်ပြီးရင် ၇ နာရီနောက်ပိုင်း

တခန်းနဲ့တခန်းမကူးရဘူး၊ စာကျက်ရမယ်၊ ည ၉ နာရီ နောက် ပိုင်းအခန်းတံခါးမီးမှိတ် အိပ်ရတယ်၊
အဲဒီကြားထဲ ကျောင်းဆောင်ရရှိရေး အခက်အခဲကလည်း ရှိနေတယ်၊ အဆောင် တိုးချဲ့ရေး
ကိုလည်း ဘာမှမလုပ်ပေးဘူး၊ အဆောင်မလုံလောက်၊ ဆရာမလုံလောက်ဖြစ်နေတယ်” ။
အာဏာဖီဆန်ပြီ။
နောက်တော့ ရန်ကုန်ခရို င်ကျောင်းသားသမဂ္ဂ္ဂ (ရကသ) က သမဂ္ဂ္ဂခန်းမမှာ ကမောက်ကမ

ပညာရေးစနစ်ဖျက်သိမ်းရေး၊ မတရားအဆောင်စည်းကမ်းရုတ်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲကို
ဇူလိုင် ၃ ရက်နေ့မှာ လုပ်တယ်။ ဇူလိုင် ၆ ရက်နေ့မှာ တော့ ရွှေဘိုဆောင်မှာ ညပိုင်း သဟာရနဲ့
စာဖတ် အသင်းဖွဲ့တယ်၊ အဖွဲ့ကကွဲတော့ မကြေနပ်တဲ့ ကျောင်းသားတွေက ခံစားချက်တွေ

ထအော်တယ်၊ မတရား အဆောင်စည်းကမ်းအပေါ် တအုံနွေးနွေးဖြစ်နေတော့ တခြားအဆောင်က
ကျောင်းသားတွေလည်း အဆောင်စည်းကမ်းမကြေနပ်လို့ ဆန္ဒပြကုန်ပြီ လို့ထင်ပြီး

ဝန်းဝိုင်းကြတယ်၊ အဆောင်စည်း ကမ်းဖျက်သိမ်းရေး ကြွေးကြော်သံအော် ဆန္ဒပြတယ်။
တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဦးယုခင်နဲ့ ပါမောက္ခ ဦးကာအိမ်ကို ၀ိုင်းဆန္ဒပြတယ်။ အဲဒီ ဇူလိုင် ၆
ရက်ည ဆန္ဒပြပွဲဟာ နောက်တနေ့ ဇူလိုင် ရ ရက် နေ့လည် တနာရီသမဂ္ဂ္ဂခန်းမမှာ ကျင်းပမဲ့

ကျောင်းသားထုအစည်းအဝေးကို တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်။ ဇူလိုင် (၇) ရက် သမဂ္ဂ္ဂ
အစည်းအ ဝေးမှာ အာဏာသိမ်းအစိုးရရဲ့တက္ကသိုလ် အက်ဥပဒေဖျက်သိမ်းရေး၊
မတရားအဆောင်စည်းကမ်း ရုတ်သိမ်းရေး ဆုံး ဖြတ်ချက်ချပြီး

ကျောင်းဝန်းထဲလှည့်ပတ်ဆန္ဒပြတယ်။ နေ့လည် ၂ နာရီခွဲလောက် ကျောင်းဝန်းထဲ
Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

11

Polaris Burmese Library Collections
The Fight For Freedom in Burma

ရဲတွေရောက်လာပြီး ဗကသ ဥက္ကဋ္ဌ ကိုသက်၊ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ရကသ
အတွင်းရေးမှူး ကိုဉာဏ်ဝင်းနဲ့ ကျောင်းသားခေါင်း ဆောင်တချို့ကို ဖမ်းခေါ်သွားတယ်။ အဲဒီမှာ
ကျောင်းသားတွေ ဟစ်အော်ဆန္ဒပြပြီး အဓိကရုဏ်း နှိမ်နင်းရေးရဲတွေနဲ့ ထိတ်တိုက်တွေ့တယ်။

ပစ်ခတ်မှုဖြစ်ပေမဲ့ ထိခိုက်ဒါဏ်ရာရတာကလွဲလို့ အသေအပျောက်မရှိဘူး။ နောက်ပိုင်း ကျောင်း
သားထုကပိုတက်ကြွလာတယ်။

ညနေ ၄ နာရီနောက်ပိုင်း ကျောင်းဝန်းတလျှောက် လက်နက်ကိုင်စစ်သားတွေ
ရောက်လာတော့တာပဲ။ အဲဒီနောက်ပိုင်း စောစောက ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့

ကျောင်းသားဟောင်းကြီး ပြောပြသလို ပစ်ခတ်မှုတွေ ဖြစ်ကုန်တယ်။ ကျဆုံးသေ ကြေသူတွေ
(၄၀) လောက်ရှိပြီး တချို့ဒါဏ်ရာအပြင်းအထန်တွေရကုန်တယ်လို့ သိရတယ်။

အာဏာပိုင်တွေကတော့ ကျောင်းသား (၁၇) ယောက်သာသေဆုံးတယ်လို့ ဆိုတယ်။ အဲဒီတုန်းက
မန္တလေးဆောင်တခုထဲတင် စာရင်းအရ (၁၇) ဦး သေဆုံးတယ်လို့ သိရတယ်။

မန္တလေးဆောင်နံရံမှာ မြောင်းမြက ကျောင်းသားကိုကျော်ဝင်း သူ့ခန္ဒာကသွေးနဲ့ ရေး သွားတဲ့ “ ၇၇-၆၂ မမေ့ကြနဲ့” ဆိုတဲ့ စာသားဟာ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘ၀ထိ မရိုးနိုင်တဲ့
သူရဲကောင်း ပုံပြင်တပုဒ်လို ကြားခဲ့ဖူးတယ်။
“သမိုင်းဝင် သမဂ္ဂ္ဂအဆောက်အဦ ဖြိုခွဲမှု”
“ဇူလိုင် (၈) ရက်နေ့ မနက် အိပ်ကောင်းတုန်း အုံးကနဲ ပေါက်ကွဲသံကြီးနဲ့ ကျမအဆောင်တခုလုံးနဲ့
မြေကြီးဟာ တုန် လှုပ်သွားတယ်၊ ကျမ ချက်ချင်းသိလိုက်တယ်။ ဟာ..ဒီကောင်တွေ
သမဂ္ဂအဆောက်အအုံကို ဖြိုခွဲလိုက်တာပဲ၊ မိုက်ရိုင်း လိုက်ကြတာလို့တွေးပြီး နှမြောတတစိတ်နဲ့
မျက်ရည်တွေတောင် တောက်တောက်ကျခဲ့တယ်” တယ်လီ ဖုန်းထဲမှာ ကြားနေရတဲ့

ဒေါ်ခင်မာအေးရဲ့ အသံဟာ ခံစားချက်နဲ့ပြောနေမှန်း သိသာတယ်၊ မာဆတ်ပြီးတုန်ခါနေတယ်။
၁၉၉၈ ခု ဇူလိုင်လ ၈ ရက် VOA နဲ့ အင်တာဗျူးတခုမှာ ဗိုလ်ချုပ်အောင်ကြီးက “သမဂ္ဂမှာ
ကျောင်းသားတွေက လက် နက်ကိုင်တဲ့လူတွေ ရှိတယ်၊ လူနာတွေဆွဲပြီး တံခါးတွေပိတ်သွားတယ်
ဘာညာဆိုတော့ ညနေစောင်းမှာ ဥက္ကဋ္ဌကြီး (ဗိုလ်ချုပ်နေ၀င်း) က ပြည်ထဲရေးဝန်ကြီးကို

တကယ်လို့ ညမိုးချုပ်သွားရင် အဲဒီအပေါ်ပစ်လားခတ်လားလုပ်ရင် ဒို့လူ တွေသေမယ်၊ အဲဒီတော့
အသေမခံနဲ့၊ ရကွိုင်းလက်စ် ဂန်းနဲ့ သမဂ္ဂကို ပစ်ခိုင်းလိုက်တာ” လို့ပြောခဲ့တယ်။ ဦးနေ၀င်း
ကလည်း ၁၉၈၈ ဇူလိုင်လ သူရာထူးက အနားမယူခင် မဆလ အရေးပေါ်ညီလာခံမှာ

သမဂ္ဂဖြိုခွဲမှုဟာ သူနဲ့မပတ်သက် ဘူးလို့ ပြောသွားတယ်။ ဘယ်လိုပဲဖြစ်စေ ကျွဲကူးရေပါဆိုသလို
အဲဒီတုန်းက ကျောင်းသားအရေးကို အရေးယူဆောင် ရွက်နေတဲ့ စစ်ခေါင်းဆောင်တွေအားလုံးမှာ
တာဝန်ရှိပါတယ်။ ဒီလိုသမိုင်းဝင် အဆောက်အဦတခုကို မစဉ်းစားမဆင်ခြင် ဖြိုဖျက်လိုက်တာဟာ
နိုင်ငံရဲ့ သမိုင်းဝင်အဆောက်အဦတခုထဲ ပြိုကျသွားတာမဟုတ်ဘဲ တိုင်းပြည်အနာဂတ်တခုလုံး
လဲပြိုသွားတာ ဖြစ်တယ်။ ကျောင်းသားသမဂ္ဂပြိုကွဲပြီးနောက် ဒီနေ့အထိ နိုင်ငံရဲ့ ခေါင်းဆောင်
Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

12

Polaris Burmese Library Collections
The Fight For Freedom in Burma

ပညာတတ် မျိုးဆက်ပြတ် သွားတယ်။ နိုင်ငံရေးမျိုးဆက်ပြတ်သလို ပညာရေးလည်း
ပျက်ဆီးသွားတယ်။
“ကျနော်တို့ဟာ ဒီအဆောက်အဦကြီးကို သိပ်ပြီးသံယောစဉ်ကြီးခဲ့တယ်၊ မြန်မာ့လွတ်လပ်ရေး
သမိုင်းလည်း ဒီအဆောက် အဦက စခဲ့တာကိုး၊ ကျောင်းသားခေါင်းဆောင်တွေ၊

ကျနော်တို့ခေတ်က ဒီအထဲမှာ ကျောင်းသားအရေးသာမဟုတ် ပြည်တွင်းငြိမ်းချမ်းရေးပါ
လုပ်ခဲ့ကြတာပေါ့။ သမဂ္ဂကြီးပြိုသွားလို့ သိပ်နှမြောတာ၊ အဲဒီတုန်းက ကျနော်တို့ ကျောင်းသား တွေ
မျက်ရေတောင်ကျခဲ့ကြတယ်” နောင်တော် ကျောင်းသားဟောင်းကြီး ခံစားချက်နဲ့ ပြောသွားတဲ့
အသံတွေ ဒီဂျစ် တယ်တိပ်နဲ့ အသံသွင်းထားလို့ အခုအထိ မပျောက်မပျက်ရှိနေသေးတယ်။

သူပြောပြလို့ အဲဒီ သမဂ္ဂအဆောက်အဦ ထဲမှာ အဖိုးတန်စာအုပ်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊
သမိုင်းဝင်ကျောင်းသားလှုပ်ရှားမှု ဓာတ်ပုံတွေ စာရွက်စာတမ်းနဲ့ ဖိုင်တွေအပြင် ပန်းချီဆရာကြီး
ဦးနန်းဝေ ရဲ့ လက်ရာမြောက်တဲ့ ပန်းချီကားကြီးတွေလည်း ပျက်ဆီးဆုံးရှုံးရပါတယ်။
နိုင်ငံရေးမျိုးဆက်ပြတ်၊ ပညာရေး မျိုးဆက်ပြတ်
ဒီလို သမိုင်းဝင် အဆောက်အဦတခုကို မစဉ်းစားမဆင်ခြင် ဖြိုဖျက်လိုက်တာဟာနိုင်ငံရဲ့ သမိုင်းဝင်
အဆောက်အဦတခု ထဲ ပြိုကျသွားတာမဟုတ်ဖဲ တိုင်းပြည်အနာဂတ်တခု လုံးလဲပြိုသွား

တာဖြစ်တယ်။ ကျောင်းသားသမဂ္ဂပြိုကွဲပြီးနောက် ဒီနေ့အထိ နိုင်ငံရဲ့ ခေါင်းဆောင်ပညာတတ်
မျိုးဆက်ပြတ်သွားတယ်။ နိုင်ငံရေးမျိုးဆက်ပြတ်သလို ပညာရေးလည်း ပျက်ဆီးသွားတယ်။

အာဏာရှင် အဆက်ဆက်က ခေတ်မီတက္ကသိုလ်ပရ၀ုဏ်ထဲကသာ ပညာပြည့်ဝတဲ့ နိုင်ငံရေးသမား
တွေ ထွက်လေ့ရှိတာကို ရိပ်စားမိလို့ တက္ကသိုလ်ပညာရေးကို ချိုးနှိမ်ခဲ့တယ်။ မိမိတို့အာဏာ

ခိုင်မြဲရေးနဲ့ တိုင်းပြည် အနာ ဂတ်တိုးတက်ရေးကို သတ္တိကြောင်စွာ အလဲအလှယ်လုပ်ခဲ့တယ်။
တပ်မတော်မျိုးဆက်တွေကိုတော့ စနစ်တကျပျိုး ထောင်ပြီး နိုင်ငံခြားပညာသင်တွေ

စေလွှတ်ခဲ့တယ်။ အရပ်ဘက်ပညာတတ် နိုင်ငံရေးသမားတွေကို မျိုးဆက်တိမ်ကော အောင်လုပ်ပြီး
တပ်မတော် မျိုးဆက်သစ်ကိုကြီးပွားအောင် မြှင့်တင်ခဲ့တယ်။ ဒါပေမဲ့ တက္ကသိုလ်က
နိုင်ငံရေးမျိုးဆက်က မပျောက်သွားသလို နလံထပြီး ပိုပြီးခိုင်မာနေတာကို ဒီခေတ်ထဲအထိ
တွေ့နေရတယ်။

မီးမလောင်တဲ့ အိုးဝေ
ဒီနေရာမှာ အနာဂတ်ရဲ့နမိတ်ပုံလို့ပဲ ပြောရမလား ၁၉၆၂ တကသ ကျောင်းသူ ဒေါ်ခင်မာအေး
ပြောခဲ့တဲ့ သမဂ္ဂ အဆောက်အဦ ပြာပုံကြားက အိုးဝေမဂ္ဂဇင်းလေးအကြောင်း
သူပြန်ပြောပြတာလေးနဲ့ပဲ ဖောက်သည်ချခဲ့ပရစေ။
“အင်မတန် အံ့သြစရာကောင်းတာက သူတို့တတွေ (စစ်အာဏာပိုင်များ) သမဂ္ဂမီးလောင်ပြင်ကို
Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

13

Polaris Burmese Library Collections
The Fight For Freedom in Burma

သတင်းစာ၊ စာနယ်ဇင်း သမားတွေကိုခေါ်ပြတဲ့အချိန် ပြာပုံတွေ အပျက်အဆီးတွေကြားကနေပြီး
မီးမကျွမ်းဘဲ အကောင်းပကတိနဲ့ စာအုပ်လေး တအုပ်ကို တွေ့ရတယ်၊ အဲဒီစာအုပ်လေးက

အိုးဝေမဂ္ဂဇင်းပါ ကျောင်းသားသမဂ္ဂရဲ့ နောက်ဆုံးထုတ် အိုးဝေမဂ္ဂဇင်း လေးပါ၊ ကျမကတော့
အဲဒီအိုးဝေမဂ္ဂဇင်းကို အံ့ဘွယ် အိုးဝေလိုသာ နာမည်ပေးလိုက်ချင်ပါတယ်။ သူတို့ဘယ်လိုပဲ

ဖျက်ဆီးပလေ့စေ မပျက်ဆီးပါဘူး၊ သမဂ္ဂစိတ်ဓာတ်ဟာ အမြဲရှင်သန်နေအုံးမယ့် နိမိတ်ပုံလေးပါ”
ကိုညို(အော်စလို)
မှီငြမ်းကိုးကား..

၁။ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းအကျဉ်း (အောင်စောဦး)
၂။ ၇ ဇူလိုင်မှတ်တမ်း (အလင်းအိမ်စာစောင်-ဂျပန်)

၃။ အင်တာဗျူး ဒေါ်ခင်မာအေး၊ ၇ ဇူလိုင်မျက်မြင်ကျောင်းသားဟောင်းတဦး
(အာအက်ဖ်အေ- စိတ်ယဉ်ကျေးမှုမှတ်စုများ အစီအစဉ်)
၎။ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ (ဦးခင်အောင်)

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

14

Polaris Burmese Library Collections
The Fight For Freedom in Burma

COMPREHENSIVE TEXT AND REFERENCE
FOR DEMOCRACY LEADERS IN MYANMAR
THIS BOOK IS DEDICATED TO
စစ်အာဏာရှင်တွေကို အန်တုတော်လှန်နေကြတဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်
အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေ ထောင်ကလွတ်လာရင် ဖတ်ဖို့နဲ့

စစ်အာဏာရှင်တွေကို နည်းမျိုးစုံနဲ့ အန်တုတော်လှန်နေကြတဲ့ မြန်မာပြည်တွင်းက
ရဟန်းရှင်လူများ၊ ကျောင်းသားကျောင်းသူများ၊ အလုပ်သမား လယ်သမားများ၊
ဒီမိုကရေစီရေးကို ထောက်ခံတဲ့ စစ်ဗိုလ်စစ်သားများ ဖတ်ဖို့။

WE WILL BRING DICTATORS TO JUSTICE
စစ်အာဏာရှင်တွေက ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို အလွဲသုံးထားတာ၊
ကိုယ်လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်ထားတာ တွေ့နေရတယ်။ သူတို့ပြောတဲ့
ဒီမိုကရေစီရဲ့

အဓိပ္ပါယ်ကို

နိုင်ငံတကာကလက်ခံထားတဲ့

ဒီိမိုကရေစီရဲ့

အခြေခံစံနှုန်းများနဲ့ နှိုင်းယှဉ် ကြည့်ရမှာ ဖြစ်ပါတယ်။ နိုင်ငံ တကာက
လက်ခံထားတဲ့
တွေပြောတဲ့

ဒီိမိုကရေစီရဲ့
ဒီမိုကရေစီဟာ

အခြေခံစံနှုန်းကို

မမှီရင်

စစ်အာဏာရှင်

ဒီမိုကရေစီမဟုတ်ပါဘူး၊

စစ်အာဏာရှင်

စနစ်ဘဲ ဖြစ်နေမှာပါပဲ။

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

15

Polaris Burmese Library Collections
The Fight For Freedom in Burma

သမ္မတ ဦးသိန်းစိန် အစိုးရ လုပ်ရမည့် လက်ငင်းတာဝန်ကြီး
ဗိုလ်သိန်းစိန်အစိုးရ

အဖွဲ့ဟာ

တကယ်စေတနာထားမယ်ဆိုရင်

မြန်မာနိုင်ငံ

နှင့်

မြန်မာလူမျိုးအပေါ်

အမျိုးသားပြန်လည်သင့်မြတ်ရေး

နှင့်

ရင်ကြားစေ့ရေးအတွက် ချက်ချင်းလုပ်ရမှာ ဖြစ်တယ်။ အမျိုးသား ပြန်လည်
သင့်မြတ်ရေး နှင့် ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့
နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို အသိအမှတ်ပြု လက်ခံရမှာ ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်
စုတွေနဲ့ချက်ချင်း

ခေါင်းဆောင်တဲ့

တွေ့ဆုံဆွေးနွေး

ပြီး

နိုင်ငံရေး

ပြဿနာမှန်သမျှ

အင်အား
ကိုဖြေရှင်း

ကြရပါမယ်။ စစ်အာဏာရှင်တွေရဲ့ အကျိုး အတွက် မလုပ်ပဲ အလုပ်သမား၊
လယ်သမား၊ ကျောင်းသား ကျောင်းသူ၊ ရဟန်းရှင်လူတွေ အကျိုးအတွက်ပဲ
လုပ်ဖို့လိုပါတယ်။

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

16

Polaris Burmese Library Collections
The Fight For Freedom in Burma

ပြည်သူ့တပ်မတော်သားများ ထာဝစဉ်
ထမ်းဆောင်ရမည့် တာဝန်ကြီးလေးရပ်
၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် နိုင်ငံသား တို့အပေါ် သစ္စာစောင့်
သိရန်။
၂။ နိုင်ငံသူ နိုင်ငံသားများ ဖြစ်ကြသည့် ရဟန်းရှင်လူများ၊ အလုပ်သမား
လယ်သမားများ၊ ကျောင်းသားကျောင်းသူများကိုကာကွယ်စောင့်ရှောက်ရန်။
၃။ တပ်မတော် အတွင်း စစ်အာဏာရှင်နှင့် စစ်အာဏာရှင်စနစ် ပေါ်ပေါက်
လာပါက မည်သည့်နည်းဖြင့် မဆို အလျှင်အမြန် ချက်ချင်း ဖယ်ရှားပြစ်ရန်။
၎။ လူတိုင်းသာတူ ညီမျှမှု ရှိသော ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေးနှင့်
ဒီမိုကရေစီ အရှည် တည်တံ့ရေးတို့ အတွက် မိမိနှင့် သက်ဆိုင်သော ကဏ္ဍမှ
ပါဝင်ဆောင်ရွက်ရန်။

အဓိပ္ပါယ် ဖွင့်ဆိုချက် အကျဉ်း

ပြည်သူ့တပ်မတော်သား ဆိုသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကိုသာ
ထာဝစဉ်

ဆောင်ရွက်သည်။စစ်အာဏာရှင်တို့မှာမူ

ကိုယ်ကျိုးကိုသာ

ထာဝစဉ်

ဆောင်ရွက်သည်။ စစ်အာဏာရှင်တို့သည် အာဏာကို မတရား ရယူထား ကြသူများ

ဖြစ်သည့်အတွက် တရားမဝင်သောအစိုးရဖြစ်သည်။ပြည်သူ့တပ်မတော်သားတို့သည်

ဒီမိုကရေစီအစိုးရအောက်ရှိ စစ်ဦးစီးချုပ်၏ အမိန့်ကိုသာ နာခံကြရမည် ဖြစ် ပြီး
စစ်အာဏာရှင်တို့၏ အမိန့်ကို နာခံရန် မလို။ ပြည်သူ့တပ်မတော်သားတို့သည်
စစ်အာဏာရှင်တို့၏ အမိန့်အတိုင်း လိုက်နာဆောင်ရွက်ပါကပြည်သူ့တပ်မတော်သား

မဟုတ်တော့ပဲ စစ်အာရှင်တို့၏ လက်ပါးစေ လက်ကိုင်တုတ်ဖြစ်သွားပေလိမ့်မည်။
စစ်အာဏာရှင်တို့၏
လည်းကောင်း၊

လက်ပါးစေ

နိုင်ငံတော်နှင့်

ပြည်သူ့တပ်မတော်သားတို့သည်

လက်ကိုင်တုတ်

နိုင်ငံသားတို့

အကျိုး

စစ်အာဏာရှင်

အလျှင်အမြန် ဖယ်ရှားပြစ်ရန် တာဝန်ရှိပေသည်။

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

မဖြစ်စေရေး

အတွက်

အတွက်လည်းကောင်း

တို့ကို

နည်းလမ်းစုံသုံး၍

17

Polaris Burmese Library Collections
The Fight For Freedom in Burma

BURMA: BATTLE FOR DEMOCRACY

မြန်မာနိုင်ငံ ဒီမိုကရေစီ တိုက်ပွဲ
စစ်အာဏာရှင် နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဟာ
တိုင်းရင်းသားအားလုံး၊ ရဟန်းရှင်လူအားလုံးတို့ရဲ့ တာဝန်

သာမကဘဲ တပ်မတော်သားအားလုံးတို့ရဲ့ တာဝန်လဲဖြစ်တဲ့
အတွက်

တပ်မတော်သားအားလုံးဟာ

အလုပ်သမား၊

လယ်သမား၊ ကျောင်းသားကျောင်းသူ၊ ရဟန်းရှင်လူ အား
လုံးနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ကြ
ရပါမယ်။တပ်မတော်သားအပေါင်းဟာ စစ်အာဏာရှင် တွေ

ကိုသစ္စာစောင့်သိစရာမလိုဘဲပြည်သူလူထု ကိုသာ သစ္စာ
စောင့်သိရပါမယ်။ပြည်သူလူထုကို

သစ္စာစောင့်သိမှ

သာ

ပြည်သူ့တပ်မတော် ဖြစ်နိုင်ပါတယ်။ အလုပ်သမား၊ လယ်
သမား၊

ကျောင်းသား

ကျောင်းသူ၊

ရဟန်းရှင်လူတွေကို

သတ်ဖြတ်ညှင်းဆဲဖို့ စစ်အာဏာရှင်တွေ ပေးတဲ့ အမိန့်ကို
နာခံစရာမလိုဘဲ စစ်အာဏာရှင်တွေကို ပြန်လည်တွန်ုးလှန်
ရမှာဖြစ်ပါတယ်။

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

18

Polaris Burmese Library Collections
The Fight For Freedom in Burma

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ တကယ့် အနှစ်သာရဟာ
စစ်အာဏာရှင် စနစ်ပဲ ဖြစ်တယ်

ဗိုလ်သိန်းစိန် အစိုးရအဖွဲ့ကို ကြိုးကိုင်နေသူမှာ စစ်အာဏာရှင်များ ဖြစ်ပြီး
စစ်အာဏာရှင်တို့ အလိုကျ အတိုင်းသာ လုပ်ကိုင်ကြရပါသည်။ တိုင်းပြည်
အာဏာကို တကယ်တမ်း ထိန်းချုပ်ထားသူ များမှာ စစ်အာဏာရှင်တို့သာ
ဖြစ်ပေသည်။ ဗိုလ်သိန်းစိန် အစိုးရသည် စစ်အာဏာရှင်တို့၏ ရုပ်သေး
အစိုးရ သာဖြစ်ပြီး ကမ္ဘာကို လှည့်စားရန် အတွက် ဟန်ပြဖွဲ့စည်းထားသော
အရပ်သား
ဗိုလ်သိန်းစိန်

အစိုးရ

သာဖြစ်ပေသည်။

အစိုးရသည်

တနည်းအားဖြင့်

သိုးရေခြုံထား

သော

ဆိုရသော်

ဝံပုလွေ

အစိုးရ

သာဖြစ်ပေသည်။ နောက်တနည်း ဆိုရသော် ပါလီမန် လွှတ်တော် အရေခြုံ
ထားသော စစ်အစိုးရ သာဖြစ်ပေသည်။
ထိုထိုအကြောင်းများကြောင့်

ဗိုလ်သိန်းစိန်

အစိုးရသည်

တိုင်းရင်းသား ပြည်သူတရပ်လုံး၏ အကျိုးစီးပွါးကို ဆောင်ရွက်ဖို့ထက်
စစ်အာဏာရှင် တို့၏ အကျိုးစီးပွါးကိုသာ ဆောင်ရွက်မည့် အစိုးရ ဖြစ်ပြီး
တိုင်းရင်းသား ပြည်သူ တရပ်လုံး ဖြစ်သော အလုပ်သမား၊ လယ်သမား၊
ကျောင်းသား ကျောင်းသူ၊ ရဟန်းရှင်လူ တရပ်လုံးကို ဆက်လက်ဖိစီး နှိပ်
စက် သတ်ဖြတ် မည့် အစိုးရ အဖွဲ့သာ ဖြစ်ပေသည်။

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

19

Polaris Burmese Library Collections

ပုံနှိပ်မှတ်တမ်း

The Fight For Freedom in Burma

လမ်းပြကြယ်မြန်မာစာကြည့်တိုက် အတွက် အထူးထုတ်ဝေသည်။
၂၀၁၃ ခုနှစ်

အယ်ဒီတာ သခင်ဝါစက ( ရန်ကုန်စက်မှုတက္ကသိုလ် )
EDITOR THAKHIN VACAKA ( RIT )

POLARIS BURMESE LIBRARY
2013

ဤစာအုပ်ကို A5 SIZE စက္ကူအရွယ်ဖြင့် ပုံနှိပ်ရန်သင့်တော်ပါသည်။
Index: Polaris Burmese Library, LPK Library, Daw Aung San Suu Kyi, Bo Than
Shwe, Myanmar Current History, Myanmar Politics, Myanmar Junta, Myanmar
People, Myanmar Students, Insein Prison, Prison in Myanmar, Political Prisoner in
Myanmar, Torture in Myanmar, Myanmar Army, Myanmar Affairs, Burma Affairs,
Democracy and Human Rights in Burma, Burmese Refugees, Anti-Dictatorship,
Dictator Than Shwe, Anti-Dictator, Burma dictator Than Shwe, Myanmar dictator
Than Shwe, Democracy and Human Rights Without Borders, puppet
president Bo Thein Sein, GENERAL KHIN NYUNT.

Public Enemies ပြည်သူ့ရန်သူ
စစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင်စနစ်ဟာ ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူ
တရပ်လုံးရဲ့

ပြည်သူ့ရန်သူတွေ

ဏာရှင်စနစ်ကို

လုပ်ငန်းဖြစ်ပါတယ်။

ဖြစ်တဲ့အတွက်

ချေမှုန်းတိုက်ဖျက်ပြစ်ရေးဟာ

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း

စစ်အာဏာရှင်တွေနဲ့
ပထမဦးဆုံး

နေထိုင်ကြသူအပေါင်းဟာ

စစ်အာ

လုပ်ရမယ့်

လူမျိုးခွဲခြားမှုမရှိ၊

အသားအရောင်ခွဲခြားမှုမရှိ။ ကိုးကွယ်ရာဘာသာအယူ ခွဲခြားမှုမရှိဘဲ တန်းတူရည်တူ၊
အတူတကွ

ပူးပေါင်းနေထိုင်ကြပြီး

ပြည်ထောင်စုမြန်မာနိုင်ငံ

ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။လူမျိုးအရခွဲခြားမှု၊

အကျိုးအတွက်

အသားအရောင်အရခွဲခြားမှု၊

ဘာသာရေးအရခွဲခြားမှု တွေကို ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ဖျက်သွားကြရမှာ
ဖြစ်ပါတယ်။

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

20

Polaris Burmese Library Collections
The Fight For Freedom in Burma

သမ္မတ ဦးသိန်းစိန် အစိုးရ လုပ်ဆောင်ရမည့် တာဝန်ကြီး ၃ ရပ်
ဗိုလ်သိန်းစိန်

အစိုးရ

သည်

အောက်ဖေါ်ပြပါ

တာဝန်တို့ကို

ကျေပွန်မှသာ

ဒီမိုကရေစီ

အစိုရဖြစ်ကြောင်း သက်သေပြနိုင်ပေလိမ့်မည်။
၁။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ပြန်လည် တည်ဆောက်ရန်။
YANGON UNIVERSITY STUDENTS’ UNION BUILDING ဟုခေါ်တွင်စေရန်။

ထိုဆောက်အအုံသည် အနည်းဆုံး ငါးထပ်မြင့်ပြီး ဧရိယာ စတုရန်းမီတာ ၁၅၀၀၀ ကျယ်ဝန်း
ရမည်။ ထိုအဆောက်အအုံတွင် စာကြည့်တိုက် ( စတုရန်းမီတာ ၅၀၀၀ )၊ ပြတိုက် ( စတုရန်းမီတာ

၅၀၀၀ )။ ပရတ်သတ် ၃၀၀၀ ဆံ့ ခန်းမ၊ အစည်းဝေးခန်း၊ အပန်းဖြေ နားနေခန်း၊ အစားအစာ
ရောင်းချသော

ဆိုင်ခန်းများ၊

စားပွဲ၊ကုလားထိုင်နေရာ၊

စသည်တို့

တည်ဆောက်ရမည်။ အစိုးရသည်

လူအယောက်
ပါဝင်ရမည်။

၁၀၀၀

ထိုင်ပြီးစားသောက်နိုင်သည့်

အဆောက်အအုံကို

အစိုးရမှ

တာဝန်ယူ

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံ ကို

ဥပဒေ၊ နည်းဥပဒေ များဖြင့် ကာကွယ် ရမည်။ အဆောက်အအုံ ပုံစံထုတ်ရာတွင် တက္ကသိုလ်
ကျောင်းသားတို့၏ အကြံဥာဏ်ကို ရယူပြီး ဗိသုကာပညာရှင် တို့က ပုံစံ ထုတ်ရန်။ အဆိုပြုပုံစံ
အနည်းဆုံး သုံးခု တင်ပြရန်။ ထိုအထဲမှ တခုကို ရွေးချယ်ရန်။
၂။ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင် နှင့် အဆောက်အအုံ ကို ရန်ကုန်မြို့လယ်တွင်
တည်ဆောက်ရန်။

MYANMAR DEMOCRACY MONUMENT ဟုခေါ်တွင်စေရန်။

ထိုဆောက်အအုံသည် အနည်းဆုံး ဧရိယာ စတုရန်းမီတာ ၁၅၀၀ ကျယ်ဝန်းရမည်။ ဒီမိုကရေစီရေး
တိုက်ပွဲတွင် ကျဆုံးခဲ့ သူများ၏ အမည်နှင့် ရာဇဝင် ကို ရေးထိုးထားရန်။ အဆောက်အအုံကို
အစိုးရမှ တာဝန်ယူ တည်ဆောက်ရမည်။အစိုးရသည်

ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်

နှင့် အဆောက်အအုံ ကို ဥပဒေ၊ နည်းဥပဒေ များဖြင့် ကာကွယ် ရမည်။ အဆောက်အအုံ
ပုံစံထုတ်ရာတွင် တက္ကသိုလ် ကျောင်းသားတို့၏ အကြံဥာဏ်ကို ရယူပြီး ဗိသုကာပညာရှင် တို့က
ပုံစံ ထုတ်ရန်။ အဆိုပြုပုံစံ အနည်းဆုံး သုံးခု တင်ပြရန်။ ထိုအထဲမှ တခုကို ရွေးချယ်ရန်။

၃။ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ခိုင်မာသော
ပြည်ထောင်စု

ဖြစ်ရေးတို့

အတွက်

ဒေါ်အောင်ဆန်းစုကြည်

ခေါင်းဆောင်သော

အမျိုးသားခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ က
စုပေါင်းဆွေးနွေး တိုင်ပင် အဖြေရှာပြီး ပင်လုံညီလာခံ ကဲ့သို့သော ညီလာခံဖြင့် သဘောတူ လက်ခံ
အတည်ပြုကြရန်။

NATIONAL RECONCILIATION AND PEACE TREATY ဟုခေါ်တွင်စေရန်။

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

21

Polaris Burmese Library Collections
The Fight For Freedom in Burma

ပြည်သူ့ရန်သူများ
PUBLIC ENEMIES OF MYANMAR
၁။ စစ်အာဏာရှင်စနစ် နှင့် စစ်အာဏာရှင်များ
၂။ စစ်အာဏာရှင်စနစ် နှင့် စစ်အာဏာရှင်တို့ကို ထောက်ပံ့
အားပေးသူများ

၃။ ဖက်ဒရယ် ပြည်ထောင်စု မှ ခွဲထွက်ရန် လုပ်ကိုင်နေ ကြ
သူများ နှင့် အဖွဲ့အစည်းများ

၎။ လူမျိုးရေး၊ ဘာသာရေး တည်ငြိမ်မှုကို ပျက်ပြားအောင်
လုပ်သူများ နှင့် အဖွဲ့အစည်းများ

ကချင်ပြည်နယ်နှင့် KIO/KIA
KACHIN STATE AND KIO/KIA
ကချင်ပြည်နယ်

အတွင်း

ကျောက်စိမ်းသယံဇာတများ

သစ်တောသယံဇာတများ
လျင်မြန်စွာ

နှင့်

ကွယ်ပျောက်

ဆုံးရှုံး ရခြင်း အတွက် စစ်အာဏာရှင်များ၊ စစ်ဗိုလ်ချုပ်ကြီး
များ တွင် သာမက KIO/KIA ခေါင်းဆောင်များမှာပါ တာဝန်
ရှိ ပေသည်။

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

22

Polaris Burmese Library Collections
The Fight For Freedom in Burma

နိုင်ငံတခုတွင် ဒီမိုကရေစီ ရှိ မရှိ
တိုင်းတာရမည့် အလွယ်ကူဆုံး မှတ်ကျောက်

DEMOCRACY CHECKLIST
နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရှိ မရှိ တိုင်း
တာ နိုင်မည့် အလွယ်ကူဆုံး မှတ်ကျောက်မှာ
(က) ပုဂ္ဂလိက သတင်းစာ လွတ်လပ်စွာ ထုတ်ဝေ ခွင့် ရှိ မရှိ
(ခ) ပုဂ္ဂလိက ရေဒီယို လွတ်လပ်စွာ အသံလွှင့်ခွင့် ရှိ မရှိ

(ဂ) ပုဂ္ဂလိက ရုပ်မြင်သံကြား လွတ်လပ်စွာ ထုတ်လွှင့်ခွင့် ရှိ မရှိ

အချက် သုံးချက်ဖြင့် တိုင်းတာရပါမည်။ အထက်ပါ အချက်
သူံးချက် နှင့် ပြည့်စုံခြင်း မရှိလျင် ထိုနိုင်ငံသည် ဒီမိုကရေစီ
မရှိ၊ လူ့အခွင့်အရေး မရှိသော တိုင်းပြည်သာ ဖြစ် ပေတော့
သည်။

Democracy and Human Rights Without Borders
လမ်းပြကြယ်မြန်မာစာကြည့်တိုက် လက်ရွေးစင်ဆောင်းပါး

23

Sign up to vote on this title
UsefulNot useful