ဝ ရက်နေ့ည နောက်ဆုံးရ သတင်းများ။....


ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေခွင့်ရ။....။

ယနေ့နေလည် ဿနာရီမှ ၁နာရီထိ ၀နာရီကြာ ဒေါ်အောင်ဆန်းစုကြည် နှင့်
တွေဆုံခွင့်ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး
ဦးဥာဏ်ဝင်းက ပြောပါတယ်။" အန်ကယ်တို့ ဒီကနေ့ နေ့လည် ဿနာရီမှ ၁နာရီထိ ၀နာရီကြာ
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရရှိခဲ့ပါတယ် အဓိက အမှုကိစ္စ အပြင် ကုလသမဂ္ဂ
အထွေထွေအတွင်းရးမှုးချုပ်မစ္စတာဘန်ကီမွန်း လာရောက်မည့် ကိစ္စနဲ့တခြား
အကြောင်းအရာ တွေကို ဆွေးနွေး ဖြစ်ခဲ့ကြပါတယ်"ဟုဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ
အကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားများ။.....။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်မစ္စတာဘန်ကီမွန်း ပြောဆိုတဲ့ အချက်
သုံးချက်ဖြစ်တဲ့ ......

ဿ။...ဒေါ်အောင်ဆန်းစုကြည်အပါအှင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေး။ ၀။...
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရနဲ့ အတိုက်အခံတွေကြား

တွေ့ဆုံဆွေးနွေးရေး ။ ၁။...၀ှဿှမှာကျင်းပမယ့် ရွေးကောက်ပွဲကို လူအများလက်ခံ
ယုံကြည်ပြီး နည်းမှန်လမ်းမှန် အနေအထားမှာ ကျင်းပနိုင်အောင် ဆောင်ရွက် ရေး။"ဆိုတဲ့
အချက် ၁ချက် အပေါ်ဒေါ်အောင်ဆန်းစုကြည်မှ ဆွေးနွေးသင့် ဆွေးနွေးထိုက်တဲ့ အချက်တွေ
ဖြစ်ကြောင်း ထောက်ခံပြောဆိုလိုက်ပါတယ်။....။

ရဲချုပ်ခင်ရီရဲ့ သတင်းစာ ရှင်းလင်းပွဲ အပေါ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ချေပပြောဆိုချက်
။....။

ဒေါ်အောင်ဆန်းစုကြည် သတင်းစာဖတ်ခွင့် ရပြီဖြစ်ပါတယ်။ ရဲချုပ်ခင်ရီရဲ့
သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သတ်ပြီး ဒေါ်စုမှ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သတ်ပြီး
အချက်အလက်တွေ မမှန်ကန်ကြောင်း ပြောဆိုလိုက်ပါတယ်။
ရဲချုပ်ခင်ရီရဲ့ပြောဆိုချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အဖွဲ့တွေနဲ့ ပူးပေါင်း
ဆောင်ရွက်မှု မရှိဘူးဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သတ်ပြီး ချေပပြောဆိုရာမှာ ပထမတကြိမ်
မစ္စတာယက်တော ခြံထဲ ဝင်ရောက် လာတာနဲ့ ပတ်သတ်ပြီး ဒေါက်တာတင်မျိုးဝင်းမှတဆင့်
လုံခြုံရေး တာဝန်ရှိတဲ့ ရဲသတင်း တပ်ဖွဲ့ကို အကြောင်း ကြားခဲ့ကြောင်း ထိုကိစ္စနဲ့ ပတ်သတ်ပြီး
သက်ဆိုင်ရာမှ ဒေါ်စုအား တခါမှ စုံစမ်းခြင်း၊ မေးမြန်းခြင်း ၊မရှိခဲ့သလို အတူနေ ဒေါ်ခင်ခင်ဝင်း ၊
ဒေါ်ဝင်းမမ တို့အားလည်း မေးမြန်း၊ စုံစမ်းခြင်း၊ မရှိကြောင်း ပြောဆိုလိုက်ပါတယ် ။

အချက်အလက်တွေ ဟာမမှန်ကန်ကြောင်း ပြောဆိုတယ် လို့ကြားသိရပါတယ်။...။

မစ္စတာဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမရ မသေချာသေး ။....။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်မှမစ္စတာဘန်ကီမွန်းနှင့် တွေ့ဆုံခွင့် ပေးမပေး
မသိရသေးကြောင်း ၊လာရောက်ဆက်သွယ် ပြောကြားတာ မရှိသေးကြောင်း ပြောဆိုတယ်လို့
သိရှိရပါတယ်။...။

ဂျပန်လွှတ်တော်များ သမဂ္ဂမှ ပေးအပ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆု
ပေးအပ်ချီးမြှင့်တဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြောဆို ။...။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်လွှတ်တော်များ သမဂ္ဂက ပေးအပ်တဲ့ ဒီမိုကရေစီနဲ့
ငြိမ်ချမ်းရေးဆု ပေးအပ်တဲ့ အပေါ် ဝမ်းသာ ကျေးဇူးတင် ပါကြောင်းနဲ့
ဂျပန်နိုင်ငံရဲ့ဒေါ်စုအတွကပထမဦ

းဆုံး ဆုတံဆိပ် လို့ထင်ပါကြောင်း ပြောဆိုတယ်လို့
ရှေ့နေကြီး ဦးဥာဏ်ဝင်းမှဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် CEC လေးဦး ယနေ့ နေပြည်တော်သို့ သွားရောက်။...။

မနက်ဖြန်မှာ ရောက်ရှိမယ့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး မစ္စတာဘန်ကီမွန်းနဲ့
တွေ့ဆုံဖို့ သက်ဆိုင်ရာက ဖိတ်ကြားတဲ့ အတွက်ကြောင့် ယနေ့နေ့လည်က နေပြည်တော်သို့
သွားရောက်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ် ။ NLD CEC လေးဦး ကတော့ ဦးသန်းထွန်း၊
ဦးလှဖေ၊ ဦးညွန့်ဝေ နဲ့ ဦးစိုးမြင့့််  တို့ဖြစ်တယ်လို့ သိရပါတယ်။တခြားနိုင်ငံရေးပါတီ ၉ခုကိုလည်း
ဖိတ်ကြား ထားတယ်လို့ ကြားသိရပါတယ်။...။

သတင်း။....။ဒီမိုဝေယံ ၊မေးမြန်းဆက်သွယ်ချက် ။...။

Sign up to vote on this title
UsefulNot useful