You are on page 1of 1

ပင်လယ်ရဲ့ နောက်အသံထွက်တမျိုးနှင့် နောက်အဓိပ္ပါယ်တမျိုး

“………………………… ရမလားဆိုပြီးမေးသေးတယ်” “ဘယ်….မဟုတ်တာ” စကားစပြတ်သွား၊ ငြိမ်သွား၊ လေငြိမ်နေတယ်၊ မတော်တဆမှုတခု ငြိမ်နေတယ် မတော်တဆမှုဟာ သူ့နောက်ကွယ်က တမင်တကာကို ထန်းလက်နဲ့ကာပေးထားတယ် လေငြိမ်နေတယ်၊ စကားစပြတ်သွား၊ ငြိမ်သွား၊ နောက်ဖေးအဖီက မသေသေးတဲ့မီးဖိုမှာ မီခိုးငွေ့ငွေ့ အရသာတခုကိုသိပြီး ခဏအကြာမှာ နောက်အရသာတခုကိုတွေ့တယ် ငြီးငွေ့လွယ်တဲ့ သက်တံ့တွေ ပလုံစီထနေကြ နှိုက်ထုတ်လိုက်တဲ့ ကတ္တီပါစအောက်က သူ့လက်ဟာ ဗလာ..ဒီနေ့စောစောပြန်ရမယ်၊ ညနေကိုခိုစီးရင်း သူ့ကျီးမျက်လုံးတွေက ဒရွတ်တွဲ ခုန်ပေါက်လိုက်လာတယ် အာရုံဟာ အရုဏ်ကျမှ အရိုးကိုအရွက်မဖုံးရေး အစီရင်ခံစာကို အသံမစဲရွတ်ဖတ်လိမ့် တွင်းထဲကိုငုံ့ပြီး…နှင်းရေ..လို့……အော်..ခဲ..တယ်…..့  ဗလာဒီမာ ဂိုဗာနော့ဖ် ထရီမီဒရီ ရက်ရှင်ကို မဏ္ဍပ်ထဲကိုအမြနှ်င်ခဲ့ပါ။ ယုဇနပန်းတွေနဲ့ မခင်ပျို အခု အပျိုမဟုတ်တော့ဘူး အေဘီစီဒီလဲ အေဘီစီဒီ အလျောက် ကကြီးခခွေးလဲ ကကြီးခခွေးအလျောက် နားစည်မှေးမှာ ဘာသာပြန် ချစ်ပ်စ် တွေမြှုပ်ထားတယ် ဥဏှောက်က ဒါမစားချင်ဘူးတဲ့ ပေါင်မုန့်ကြက်ဥကျော်မဟုတ်ဘူးတဲ့ ဥဏှောက်က ဥဏှောက်ကိုပဲစား ချင်သတဲ့ ၊ ဇာတ်တော်ကို ဇာတ်ဆရာ ဇာတ်ရုပ်ချပေးထားတဲ့အတိုင်း ဇာတှ်င်သီချင်း စတီးတာနဲ့ ဇာတ်စင် နောက်ကထွက်လာပေတော့၊ ပေါင်းကူး အနုပညာ၊ ဂန္တှင်တေးသွားကြီး ဟိန်းထွက်လာ မင်းသားကြီး က၊ သူ့နှုတ်ခမ်းမွှေးတွေကိုလန်သ နေတယ၊် အချိန်က ညီအကို မသိတသိ အမှန်အမှတ်အသားလေးက လမ်းလျှောက်ဖိနပ်တခုရဲ့တံဆိပ်၊ အမှားကိုတော့ ကြိုချက်ပြီးမှသောက်ပါ သရုပ်မှန်အောင်ပြထားတဲ့သရုပ်က သရုပ်မပေါ်ဘူးဖြစ်နေတယ်၊ အစားထိုး မျဉ်းဖြောင့်တကြောင်း ဘယ်အရပ်မျက်နှာက စဆွဲလိုက်ရမလဲ၊ ပန်းချီကားတွေ နေ့မအိပ်ညမအိပ် ဆွဲနေတယ်ဆိုပဲ ပြုတ်သွားတဲ့မောင်းတန်ကို ပြန်ပြင်ရအုန်းမယ် မောင်းတန်တွေဟာ လောကကိုမောင်းတင်တယ် ဖယောင်းတိုင်ကလေးတတိုင်နဲ့ အဲဒီအထိရောက်ပါ့မလားဆိုတဲ့မေးခွန်းကို လေတိုက်လို့ မီးညွန့်လေး ယိမ်းနွဲ့်သွားတယ်၊ အနာကျက်သွားပါပြီ၊ ပတ်တီးဖြည်လို့ ရပါပြီ အဆုံးသတ်မရတဲ့ အိပ်မက် စီးဆင်းမှုတွှေိညာဉ်နဲ့ဆိုင်တဲ့ နိမိတ်ပုံတွေ ကျနော်မရေးချင်ဘူး အရေးထဲမှာါကျဟာ လိုရာကိုမရောက်ပဲ ပလုံးပထွေးနဲ့ ရပ်သွားတယှ်ါကျကပြောပြမှသိရမယ့်သူ့အဖြစ်ကို သူဟာရင်ထုမနာဖြစ်မိတယ် ကျောက်ဆောင်ကျောက်ကမ်းပါးတွေနဲ့ တှုနှ်းုန်းလှိုင်းလုံးတွေနဲ့ ရာသီမရွေးမိုးကြိုးမုန်တိုင်းတွေနဲ့ နက်ရှိုင်းတဲ့ အဲဒီရေပြာထုကြီးထဲ သဲသောင်မပါတဲ့ တီးလုံးနဲ့ဧည့်ခံဖျော်ဖြေပါမယ်၊ (ဖိတ်စာပါဖို့မလိ)။ ။ု

ခင်အောင်အေး
ဿ၀၊ ေအာက္တိုဘာ၊ ၀ှှ၉